Pages

Sunday, June 2, 2013

မုံရွာမြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာရှိ ကျောက္ကာကျေးရွာတွင် လေပြင် မုန် တိုင်းတစ်ခု ၀င်ရောက်တိုက်ခိုက် ( ကြားဖြတ်သတင်း)

မုံရွာ၊ ဇွန် ၂
ယနေ့ညနေ ၅ နာရီခွဲအချိန်ခန့်က မုံရွာမြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာရှိ ကျောက္ကာကျေးရွာတွင် လေပြင် မုန် တိုင်းတစ်ခု ၀င်ရောက်တိုက်ခိုက်သွားရာ အပျက်အစီးအလွန်းအလွန်များကြောင်းသိရသည်။“ စာသင်
ကျောင်းလည်းပျက်စီးတယ်၊ အိမ်အချို့လည်းရောမျှောပြီးပါသွားတယ် ။

ပါကစ္စတာန် နိုင်ငံမှ အစ္စလာမ့်အကျိုးပြုလုပ်ငန်းများစွာပြုလုပ်ခဲ့သော ဆရာသခင်ကြီးတစ်ပါး အလ္လာအသျှင်မြတ်မိန့်တော်ခံယူသွားပြီ

ဒီခေတ်၇ဲ့၊ ၀လီ  သူတော်စဉ်ကြီး  ၊အာ၇ီဖ်ဘိလ္လာ. မောင်လာနာ၊ ဟာကီမ်း အခ်သ၇် ဆဗ်၊ (ဒေယိုဗန်)   သခင်ကြီး ၊ အသျှင်မြတ် အမိန့်ခံယူတော်မူခြင်း
   ဆ၇ာသခင်ကြီး ၊( ၂-၆-၂၀၁၃ )  အသျှင်မြတ် အမိန့်တော် ခံယူသွားပြီးဖြစ်ကြောင်း  ည (၉း၄၅)တွင် သိ၇ှိ၇သည်။။

ပါကစ္စတာန် နိုင်ငံ ၏ ဆရာ သခင် ကြီး အစ္စလာမ့် အကြိုးပြု စာအုပ် မြောက်များစွာ ကို ရေးသား ထုတ်ဝေ ခဲ့ သော ဟဇရသ် မောင်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် ဆွာဟိဗ် ( ရဟ်မသွလ္လာဟ် အလိုင် ) အခုပဲအလ္လာဟ် အမိန့် ခံ သွာ ပြီး ဖြစ်ကြောင်း သိရပါသည် ။

နေပြည်တော်တွင် ဘာသာရေးအကြမ်းဖက်မှု ဖြစ်ပွားရန် သီသီလေးသာလို

ယမန်နေ့ ဇွန် (၁)ရက်နေ့ ညနေ (၅)နာရီအချိန်ခန့်က နေပြည်တော် ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်
တွင် ဘာသာရေး အကြမ်းဖက်မှုများပေါ်ပေါက်ရန် လှုံ့ဆော်မှုများကြောင့် အခြေအနေမှာ ရုတ်တရက် ရှုတ်
ထွေးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။

ကျောင်းကြိုပို့ ဘတ်စ်များ ပြေးဆွဲလိုလျှင် မထသသို့ ဆက်သွယ်နိုင်ပြီ

Photo: ကျောင်းကြိုပို့ ဘတ်စ်များ ပြေးဆွဲလိုလျှင် မထသသို့ ဆက်သွယ်နိုင်ပြီ
Sunday, June 02, 2013

ကျောင်းဖွင့်ရာသီတွင် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန်အတွက် ကျောင်းကြိုပို့ ဘတ်စ်များ ပြေးဆွဲလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ – ဗဟို) ဥက္ကဋ္ဌက ပြောသည်။

“School Bus တွေက လိုအပ်တာအမှန်ပဲ။ အဲဒီစနစ်ကို တကယ် ကျင့်သုံးသင့်တယ်။ အခုဆွဲနေတဲ့ လိုက်ထရပ် တွေက ကလေးတွေအတွက် လုံခြုံမှုလည်းမရှိဘူး။ ဘတ်စ်ကား ဆွဲချင်သူတွေ ဆက်သွယ်ပေးပါ။ ပြေးဆွဲခွင့် ရနိုင်အောင် ကျနော်တို့ သေသေချာချာ ဆွေးနွေးပြီး တိုင်းဒေသကြီး အစိုးရဆီကို တင်ပေးပါ့မယ်” ဟု မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

ရန်ကုန်မြို့တွင် မော်တော်ယာဉ်ဟောင်း အပ်နှံကာ ယာဉ်သစ်များ ၀ယ်ယူခွင့် ပြုလိုက်ပြီးနောက်ပိုင်း နေရာအနှံ့ ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်တိုက်ကြုံတွေ့နေရာ၊ ကျောင်းဖွင့် ရာသီ ပြန်လည်ရောက်ရှိလာပါက ယခုထက် ပိုမို ဆိုးလာမည်ကို စိုးရိမ်ကြောင်း ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်မောင်းများက ပြောကြသည်။

“ကလေး အယောက် ၁၀၀ မှာ ၇၀ လောက်က ကိုယ်ပိုင်ကားနဲ့ ကျောင်းလာတာ ဆိုတော့ ယာဉ်ကြောတွေ ပိတ်တယ်။ ကျောင်းတွေ ပိတ်ချိန်တောင် ဒီလောက်ပိတ်နေတာ၊ ကျောင်းဖွင့်ချိန် ဆိုရင်တော့ မလွယ်ဘူး” ဟု ရန်ကုန် အနောက်ပိုင်း လိုင်စင်ဖြင့် ပြေးဆွဲနေသည့် မြို့တော် တက္ကစီယာဉ်မောင်း တဦးက ဆိုသည်။

ကျောင်းကြို/ ပို့ ဘတ်စ်ကားများ ပြေးဆွဲခြင်းကို အကောင်အထည် ဖော်သင့်သော်လည်း နံနက် ကျောင်းတက်ချိန်နှင့် ညနေကျောင်းဆင်းချိန် ၂ ချိန်သာ ပြေးဆွဲရမည်ဖြစ်ရာ ရင်းနှီးမြှုတ်နှံမှုနှင့် ငွေကြေးပြန်လည် ရရှိနိုင်မှု မမျှတ ခြင်းကြောင့် ယာဉ်ပိုင်ရှင်များ အနေဖြင့် အခက်အခဲရှိနိုင်ကြောင်း ဦးလှအောင်က ပြောသည်။

ဆက်လက်၍ ၎င်းက “တက္ကသိုလ် ကြို/ ပို့ ယာဉ်တွေဆိုရင် ပိုင်ရှင်နဲ့ ကျောင်းသားတွေကို အရင် ဆွေးနွေးပြီးညှိရတယ်။ School Bus တွေ လုပ်ဖို့အတွက် ဂျာနယ်တစောင်မှာ တွေ့ရတဲ့ ကားကုမ္ပဏီကို ကျနော်တို့ လိုက် စုံစမ်းသေးတယ်။ သူ့ကို စံနမူနာ ဆွဲပြခွင့်ပြုပြီး ကျန်တဲ့ လိုင်းတွေလည်း ဆွဲခိုင်းလို့ ရအောင်၊ သူတို့ကို ဆက်သွယ်လို့ မရလို့။ အခု ဆွဲချင်တဲ့ သူရှိရင် လိုအပ်တာတွေ ဆွေးနွေးပြီး ကျနော်တို့ ကူညီပေးပါ့မယ်” ဟု ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ကမာရွတ် မြို့နယ်များတွင် ငွေကြေး တတ်နိုင်သည့် မိသားစုမှ ကလေးများ အများဆုံး တက်ရောက်သည့် ကျောင်းများ တည်ရှိကြပြီး ကားရပ်နားကွင်း လုံလောက်စွာ မရှိသည့် အစိုးရ စာသင်ကျောင်း များကြောင့် နှစ်စဉ် ကျောင်းဖွင့်ရာသီတိုင်း ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပေါ်လျှက် ရှိသည်။

ရန်ကုန်မြို့တွင် ကျောင်းသား ကလေးငယ်များအတွက် ပုဂ္ဂလိက ၀န်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ကျောင်းကြိုပို့ ယာဉ်များ ရှိသော်လည်း အများစုမှာ လုံခြုံရေး အားနည်းသည့် လိုက်ထရပ် ကားများဖြစ်ကာ၊ တချို့က လိုက်အေ့စ်ကားများကို အသုံး ပြုကြသည်။

ယခုနှစ်မှ စတင်၍ စာသင်ကျောင်းများ တည်ရှိရာ လမ်းများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စင်္ကြံလှီး ကားပါကင် များကို လုပ်ဆောင်လျှက် ရှိကြောင်း တွေ့ရသည်။

ဧရာဝတီ

Sunday, June 02, 2013

ကျောင်းဖွင့်ရာသီတွင် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန်အတွက် ကျောင်းကြိုပို့ ဘတ်
စ်များ ပြေးဆွဲလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း ရန်ကုန်
တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(မထသ – ဗဟို) ဥက္ကဋ္ဌက ပြောသည်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် INVEST 97B စတင်ဖြစ်ပေါ်

Photo: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် INVEST 97B စတင်ဖြစ်ပေါ်
Sunday, June 02, 2013

http://blog.mmweather.com/2013/06/02/invest-97b-andaman-sea/

ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၄း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 97B စတင်ဖြစ်ပေါ်လျှက်ရှိပါသည်။

ကနဦးရရှိသည့် 97B ၏ တည်နေရာမှာ 13°11’60.00″N နှင့် 93°30’0.00″E ဖြစ်ပြီး၊ မြန်မာနိုင်ငံ ထားဝယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၃၂ဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ တောင်ဘက် ၆၅ မိုင်ခန့်၊ လပွတ္တာမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၂၂ဝ ခန့် ကပ္ပလီပင်လယ်ပြင်တွင် တည်ရှိနေပြီး၊ ရွေ့လျားမှု အခြေအနေနှင့် အင်အား ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေတို့ကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမည်။

လေဖိအားနည်းဆဲလ် INVEST 97B
02 Jun 2013 0600Z
Location: 13.2 93.5
Winds: 15 knots
Central Pressure: 1010 hPa

MMweather Page

Sunday, June 02, 2013

ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၄း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ကပ္ပလီပင်
လယ်ပြင် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 97B စတင်ဖြစ်ပေါ်လျှက်ရှိပါသည်။

Microsoft ထိပ်တန်းခေါင်းဆောင်များ ဇွန် ၅ ရက် မြန်မာနိုင်ငံရောက်မည်

Photo: Microsoft ထိပ်တန်းခေါင်းဆောင်များ ဇွန် ၅ ရက် မြန်မာနိုင်ငံရောက်မည်
Sunday, June 02, 2013

ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ငွေကြေးနှင့် နည်း ပညာအကူအညီများ ထောက်ပံ့လျက် ရှိသည့် ကမ္ဘာထိပ်တန်း Software ကုမ္ပဏီ Microsoft မှ Corporate Vice President ဖြစ်သူ Mr.Dan`I Lewin နှင့် အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့လာရောက်
မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) အမှုဆောင် ဦးထင်အောင်ခိုင်က The Voice သို့ ပြောကြားသည်။

Mr.Lewin နှင့် အခြားခေါင်းဆောင်နှစ်ဦး ပါဝင်မည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်တွင် ကျင်းပ မည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့အထိ သုံးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

Microsoft ထိပ်တန်းခေါင်းဆောင်များ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူသားအကျိုးအတွက် တာဝန် ယူမှု ရှိပြီး လူမှုအကျိုးစီးပွားကို အဓိကဦးစားပေးသည့် CRS (Corporate Social Responsibility) လုပ်ငန်း များ
ဆောင်ရွက်ရန် အစိုးရတာဝန်ရှိသူများ၊ MCF အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း MCF ထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာပါက စီးပွားရေးရှုထောင့် တစ်ခု တည်းသာမ ကြည့်ဘဲ CRS ကို အလေးအနက် ထားကာ ဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုဘဝ လုံခြုံရေး၊ လူမှုဘဝမြင့်မားလာရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှုရှိ မရှိ စောင့်ကြည့်ရန်လိုအပ်မည်ဖြစ်ကြောင်း
စီးပွားရေးပညာရှင် များက အကြံပြုပြောကြားသည်။

CRS နှင့်ပတ်သက်သည့် အကြံပြု အဖွဲ့အစည်းများတည်ထောင်ခြင်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်
ခြင်းတို့တွင် Microsoft သည်အတွေ့အကြုံများစွာ ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၄င်းတို့ထံမှ နည်းပညာ
နှင့် လေ့ကျင့်ရေးအကူအညီများ ရရှိအောင် ကြိုးပမ်းသင့်ကြောင်း အိုင်တီပညာရှင် တစ်ဦးက ထောက်ပြ သည်။

မြန်မာနိုင်ငံသို့ အမေရိကန်နည်းပညာ ကုမ္ပဏီများမှ ကိုယ်စားလှယ် အဖွဲ့မတ်လအတွင်း လာရောက် ခဲ့၏
ပြီးနောက် Google နှင့် Intel ခေါင်းဆောင်များ ဆက်တိုက်လာရောက်ခဲ့ကာ Microsoft ၏ ယခု ခရီးစဉ်မှာ အမေရိကန် ထိပ်တန်းနည်းပညာကုမ္ပဏီ ခေါင်းဆောင်များ၏ တတိယမြောက် ခရီးစဉ် ဖြစ်သည်။

The Voice Weekly

Sunday, June 02, 2013

ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများ၏ပညာရေး၊ကျန်းမာရေးကဏ္ဍများတွင် ငွေကြေးနှင့် နည်း ပညာ
အကူအညီများ ထောက်ပံ့လျက် ရှိသည့် ကမ္ဘာထိပ်တန်း Software ကုမ္ပဏီ Microsoft မှ Corporate Vice President ဖြစ်သူ Mr.Dan`I Lewin နှင့် အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်
ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) အမှုဆောင် ဦးထင်အောင်ခိုင်က The Voice သို့ ပြော
ကြားသည်။

Fam-Frenz Asean Championship 2013 ပြိုင်ပွဲတွင် မြန်မာက ဖိလစ်ပိုင်ကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိ

Photo: မြန်မာက ဖိလစ်ပိုင်ကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိ
Sunday, June 02, 2013

မလေးရှား ဘောလုံး အဖွဲ့ချုပ်နှင့် Fam-Frenz ဘောလုံး အကယ်ဒမီတို့မှ ပူးပေါင်း ကျင်းပသည့် Fam-Frenz Asean Championship 2013 ပြိုင်ပွဲ ဒုတိယမြောက် ပွဲစဉ်ဖြစ်သည့် မြန်မာ မန္တလေး ဘောလုံး အကယ်ဒမီ အသင်းနှင့် ဖိလစ်ပိုင် လူငယ် ယူ-၁၆ လက်ရွေးစင် အသင်းတို့ ပွဲစဉ်ကို ယနေ့ညနေ ၄း၀၀ နာရီက အောင်ဆန်း အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြန်မာ မန္တလေး အကယ်ဒမီ အသင်းက (၄-၁)ဂိုးဖြင့် အပြတ် အနိုင်ရရှိခဲ့သည်။

မန္တလေး ဘောလုံးအကယ်ဒမီ အသင်းသည် ပွဲစသည်နှင့် ပြိင်ဘက် ဖိလစ်ပိုင် လူငယ်အသင်းကို တရစပ် ထိုးဖောက် တိုက်စစ်ဆင် ခဲ့သော်လည်း ဖိလစ်ပိုင် လူငယ်အသင်း ခုခံ ကာကွယ်မှုများကြောင့် ဂိုးမရရှိခဲ့ပေ။ ပွဲချိန် ကြာလာသည်နှင့်အမျှ မြန်မာလူငယ်တို့ ပိုမို တိုက်စစ်ဆင် ကစားလာနိုင်ခဲ့ရာ ဖိလစ်ပိုင်အသင်း ခံစစ်ဖြင့် ကစားနေခဲ့ရသည်။ ဖိလစ်ပိုင် လူငယ်အသင်းသည် Global FC အသင်း မှ လူငယ်ကစားသမားများကို စုဖွဲ့ထားသော အသင်းဖြစ်ပြီး အရပ်အမောင်းနှင့် ကြံ့ခိုင်မှုအရ မြန်မာအသင်းထက် အစစ အရာရာ သာလွန်ခဲ့သော်လည်း ဘောလုံးပိုင်ဆိုင်မှုတွင် မြန်မာက အသာရရှိခဲ့သည်။

ပွဲချိန် ၃၀ မိနစ်တွင် ဖိလစ်ပိုင် ဂိုးသမား လက်မှလွတ်ကျသည့် ဘောလုံးကို ရှေ့တန်းလူ ဇွဲသက်ပိုင် လုယူကန်သွင်းသော်လည်း ဂိုးပေါက်နှင့် အံ့ဖွယ်လွဲချော်ခဲ့သဖြင့် ဦးဆောင် ဂိုးရရန် ခက်ခဲသွားခဲ့ရသည်။ သို့သော် တစ်မိနစ်အကြာတွင် အသင်းခေါင်းဆောင် ရဲရင့်အောင် ၂၈ ကိုက်အကွာမှ အပြင်းကန်သွင်းယူပြီး မြန်မာအသင်း အတွက် ဗွေဆော်ဦးဂိုး ကို သွင်းယူပေးနိုင်ခဲ့သည်။ ၃၅ မိနစ် တွင်လည်း နောက်ခံလူ ရဲရင့်ကိုနှင့် ကွင်းလယ်လူ စိုးမိုးထွန်းတို့ ၁၈ ကိုက်စည်းအတွင်း ချိတ်ဆက် ပေးပို့မှုမှ အသင်းခေါင်းဆောင် ရရင့်ပိုင် အပြင်းကန်သွင်းယူနိုင်ခဲ့ပြီး မြန်မာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိစေသည်။

ဒုတိယပိုင်း ၅၂ မိနစ်တွင် အောင်ပြည့်ဦး ကွင်းလယ်မှ အပြင်းကန်သွင်းမှုကို ဖိလစ်ပိုင်ဂိုးသမား ကာကွယ်နိုင်ခြင်းမရှိသဖြင့် မြန်မာ တို့ ၃-၀ ဂိုးဖြင့် အနိုင်ရရှိနေသည်။ ဖိလစ်ပိုင် အသင်းမှာ ကစားအား ကောင်းသော်လည်း မြန်မာ ကွင်းလယ်ကို ကျော်လွန်နိုင်ခြင်းမရှိသဖြင့် ဂိုးရရန် ခက်ခဲနေခဲ့သည်။ ပွဲချိန် ၈၅ မိနစ်တွင် စိုးမိုးထွန်း အဝေးမှ လှလှပပ ထပ်မံ ကန်သွင်းယူခဲ့သဖြင့် မြန်မာအသင်း ၄-၀ ဂိုးအနိုင်ရရှိနေခဲ့ပြီး ဖိလစ်ပိုင်ဘက်မှ တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် ဒိုင်ယာမန်တီက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ Fam-Frenz Asean Championship 2013 ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ၂ ပွဲကစား ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်ရရှိထားပြီး ဇွန်လ ၆ ရက်နေ့တွင် အဝေးကွင်းပွဲစဉ်အဖြစ် ဘရူနိုင်းလူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


http://themff.org/

Sunday, June 02, 2013

မလေးရှား ဘောလုံး အဖွဲ့ချုပ်နှင့် Fam-Frenz ဘောလုံး အကယ်ဒမီတို့မှ ပူးပေါင်း ကျင်းပသည့် Fam-Frenz Asean Championship 2013 ပြိုင်ပွဲ ဒုတိယမြောက် ပွဲစဉ်ဖြစ်သည့် မြန်မာ မန္တလေး ဘောလုံး အကယ်ဒမီ အ
သင်းနှင့် ဖိလစ်ပိုင် လူငယ် ယူ-၁၆ လက်ရွေးစင် အသင်းတို့ ပွဲစဉ်ကို ယနေ့ညနေ ၄း၀၀ နာရီက အောင်ဆန်း အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြန်မာ မန္တလေး အကယ်ဒမီ အသင်းက (၄-၁)ဂိုးဖြင့် အပြတ် အနိုင်ရရှိခဲ့
သည်။

၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိ

Photo: ၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိ 
Sunday, June 02, 2013

၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိဟု တော်ဝင်နှင်းဆီ၌ ယနေ့ကျင်းပပြုလုပ်သော ဖယ်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးကျင့်ရှင်းထန်က ပြောကြားသည်။

“တိုင်းရင်းသားတွေ အမြင်မှာ ဒီပြည်ထောင်စု မြန်မာနိုင်ငံမှာ နေပြီးတော့ တစ်ချိန်လုံး ဒီဖယ်ဒရယ်မူဟာ အခြေခံ ဥပဒေထဲမှာ မပါမချင်း ကျွန်တော်တို့ ပြေလည်မှု ရမှာ မဟုတ်ဘူး”ဟု ယင်းက ဆက်လက် ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေတွင် ပါရှိသည့် အဓိက မူများကို ပြန်ကြည့်လျှင် ပြည်သူလူထုကို အကာအကွယ်ပေးသည့် မူဟူ၍ မရှိကြောင်း၊ ယင်းစာအုပ်တွင် ပြည်ထောင်စု မပြိုကွဲရေးဟု ရေးသားထားသော်လည်း  အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိကြောင်း၊ ထို့အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲရေးဟု ရေးသားထားပြီး မည်သို့ မည်ပုံ ပြုလုပ်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲသည်ဟူ၍ တိတိကျကျ ရေးသားထားခြင်း မရှိကြောင်း ဦးကျင့်ရှင်းထန်က ပြောကြားသည်။

“ဘာလုပ်ရင်တော့ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်တယ်ဆိုတာ ဖြစ်မယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲတာ အကောင်းဆုံးလေ။ အခုက ပြိုကွဲလုမတက် ဖြစ်နေတယ်။ တိုက်ပွဲတွေ ခုထက်ထိ မစဲသေးဘူး။ ဒါတွေက ဘာတွေ ဘယ်လိုဖြစ်ရင် ပြိုကွဲတယ်ဆိုတာမျိုး တစ်ခုမှ မပါဘူး” ဟု ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ၂၀၀၈ အခြေခံ ဥပဒေသည် မပြင်လျှင် မရတော့သည့် အခြေအနေတွင် ရောက်ရှိနေကြောင်း၊ သို့ရာတွင် လိုချင်သည့် နေရာများသာ ပြင်ပြီး မလိုချင်သည့်နေရာများ ချန်ထားခဲ့မည်ကို ကာကွယ်ရန် လိုအပ်ကြောင်း၊ ယင်းဥပဒေကို ပြင်ဆင်ရန် လိုက်လျောလာသည့် အချိန်တွင် မည်မျှအတိုင်းအတာအထိ ပြင်ဆင်ကြမည်မှာ ပြဿနာတစ်ရပ် ဖြစ်လာကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

“ဖယ်ဒရယ်စတိတ်ရဲ့ အခြေခံတွေက တန်းတူညီမျှမှုရှိရမယ်။ ဘယ်သူကမှ ဘယ်တိုင်း ဘယ်ပြည်နယ်အပေါ်မှာ အုပ်စိုးမှု လွှမ်းမိုးမှု မရှိရဘူး။ ဖယ်ဒရေးရှင်း ပြည်ထောင်စု စစ်စစ်မှာ ပြည်နယ်နဲ့ ပြည်မဟာ အစိုးရနဲ့ ထပ်တူရှိတဲ့ အာဏာတွေကို ကျင့်သုံးတယ်”ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ရှိန်က ဖယ်ဒရယ်မူနှင့် ပတ်သတ်၍ သုံးသပ်ဆွေးနွေးသည်။

ယင်းဆွေးနွေးပွဲသည် ဆဌမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပြီး ယင်းပွဲသို့ စာရေးဆရာများ၊ ပါတီဝင်များ၊ ရှေ့နေများ၊ နိုင်ငံရေး အကျဉ်သားဟောင်းများနှင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာ့ခေတ်

Sunday, June 02, 2013

၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိဟု တော်ဝင်နှင်းဆီ၌ ယနေ့ကျင်းပပြုလုပ်သော ဖယ်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးကျင့်ရှင်းထန်က ပြောကြားသည်။

INVEST 97B အားကောင်းလာခြင်းမရှိ – မြောက်ဘက်သို့ ရွေ့လျားလာ

Photo: INVEST 97B အားကောင်းလာခြင်းမရှိ – မြောက်ဘက်သို့ ရွေ့လျားလာ
Sunday, June 02, 2013

 ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 97B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံ ထားဝယ်မြို့၏ အနောက်ဘက် မိုင် ၃ဝဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ အရှေ့ဘက် မိုင် ၂ဝ ခန့်၊ လပွတ္တာမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၁၆ဝ ခန့်အကွာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။

INVEST 97B မှာ ပိုမိုအားကောင်းလာသည့် အခြေအနေမရှိပါ၊ ဆက်လက် စောင့်ကြည့်တင်ပြပေးသွားပါမည်။

လေဖိအားနည်းဆဲလ် INVEST 97B
02 Jun 2013 1200Z
Location: 14.1 93.7
Winds: 15 knots
Central Pressure: 1010 hPa

http://blog.mmweather.com/2013/06/02/invest-97b-andaman-sea-2/

MMweather Page

Sunday, June 02, 2013

ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ကပ္ပလီပင်လယ်
ပြင် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 97B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်အရှေ့မြောက်ဘက်သို့တစ်နာရီ ၁၀မိုင်နှုန်းခန့်ဖြင့်ဆက်လက်ရွေ့လျားနေကြောင်း
သတင်းရရှိသည်။

နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်အားထောက်ခံဆန္ဒပြပွဲ ရန်ကုန်မြို့ သုဝဏ္ဏဘော လုံးကွင်း တွင်ပြုလုပ်

သမ္မတကြီးဦးသိန်းစိန်အားထောက်ခံဆန္ဒပြခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း တွင်ပြုလုပ်နေစဉ် 
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်အားထောက်ခံဆန္ဒပြခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘော
လုံးကွင်း တွင်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

ယနေ့နံနက် ၈ နာရီ က ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြား

Photo: ယနေ့နံနက် ၈ နာရီ က ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင်ကျင်းပသောကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှု စီးပွားဘ၀ မြင့်တင်ရေး အခမ်းအနား တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘ၀မြှင့်တင်ရေးအခမ်းအနား
ယနေ့နံနက် ၈ နာရီ က ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင်ကျင်းပသောကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်လူမှု စီးပွားဘ၀ မြင့်တင်ရေး အခမ်းအနား တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြား
ခဲ့ကြောင်းသတင်းရရှိသည်။

ပထမဆုံးသော Data Center ကို တစ်နှစ်အတွင်း အပြီးတည်ဆောက်ရန် စီစဉ်

Sunday, June 02, 2013

ပြည်တွင်းမှ မြန်မာသတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း လီမိတက် (MICTDC) နှင့် ဂျပန်နိုင်ငံမှ Hitachi ကုမ္ပဏီတို့ ပူးပေါင်း၍ MICT Park အတွင်း တည်ဆောက်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော Data Center ကို တစ်နှစ်အတွင်း အပြီးတည်ဆောက်မည်ဟု သတင်းရရှိသည်။

တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဝေဖန်

တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဝေဖန်
Sunday, June 02, 2013

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးမှာ ကသိကအောက်ဖြစ်လာတဲ့ Cyber အင်တာနက် တိုက်ခိုက်မှုကို တရုတ်အစိုးရက ကိုင်တွယ်ရေး အမေရိကန်ကဖိအားတွေဆက်ပြီး တိုးမြှင့်သွားမယ်လို့ Shangri-La လုံခြုံရေးဆွေးနွေးပွဲမှာ ဒီကနေ့ မှတ်ချက်ချလိုက်တာပါ။ အင်တာနက် နယ်ပယ်မှာ တာဝန်သိစွာပြုမူကြဖို့ နိုင်ငံတကာ စံနှုန်းတွေထားရှိရေးအတွက် အမေရိကန်က တရုတ်နဲ့ရော တခြားနိုင်ငံတွေနဲ့ပါ အတူတကွ ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ၀န်ကြီး Hagel ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီညီလာခံတက်ရောက်စဉ်အတွင်း တရုတ် ကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်နေတယ်လို့လည်းဆိုပါတယ်။

တရုတ် ကွန်ပြူတာနည်းပညာနဲ့ တိုက်ခိုက်သူ Hacker တွေက Pentagon စစ်ဌာနချုပ်ရဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက် အစီအစဉ်တွေနဲ့ တခြား ကာကွယ်ရေးနည်းပညာတွေကို ခိုးယူခဲ့တယ်လို့ အမေရိကန်အစိုးရနဲ့ သတင်းမီဒီယာတွေက မကြာသေးခင်ကပြောဆိုထားပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်ကိုငြင်းဆိုပေမဲ့ အခု ၀န်ကြီး Hagel ရဲ့ မှတ်ချက်ကိုတော့ တုံ့ပြန်တာမရှိသေးပါဘူး။

သမ္မတအိုဘားမာနဲ့ တရုတ်သမ္မတရှီကျင်ဖျင်တို့ California မှာ မတွေ့ဆုံခင် ရက်ပိုင်းအလိုမှာ ကာကွယ်ရေးဝန်ကြီး Hagel က တရုတ်ကို ပြောင်ပြောင်တင်းတင်းစွပ်စွဲလိုက်တာပါ။ သမ္မတ ၂ ဦးတွေ့တဲ့အခါမှာလည်း ဒီကိစ္စဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

VOA Burmese

Sunday, June 02, 2013

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိ
ကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေ
ကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။

အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံခြောက်မျိုးအား ကမ္ဘောဇကုမ္ပဏီ စတင်လုပ်ကိုင်

အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံခြောက်မျိုးအား ကမ္ဘောဇကုမ္ပဏီ စတင်လုပ်ကိုင်


အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း ကုမ္ပဏီလီမိတက်အား ဗိုလ်ဆွန်ပက် ကွန်ဒိုတွင် ဖွင့်လှစ်ထားစဉ်

အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း IKBZ Insurance Co., Ltd အနေဖြင့် ငွေကျပ် ၄၆ ဘီလျံ မတည်ရင်းနှီးကာ အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံလုပ်ငန်း (၆)မျိုးကို စတင် လုပ်ကိုင်ခွင့် ရရှိပြီဖြစ်ကြောင်း ဇွန် ၁ ရက်၊ ဆီဒီုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အာမခံ ကိုယ်စားလှယ်များနှင့် တွေ့ ဆုံပွဲ အခမ်းအနားတွင် ကမ္ဘောဇကုမ္ပဏီများ အုပ်စုမှ Managing Director ဦးညိုမြင့်က ပြောကြားခဲ့သည်။

IKBZ Insurance Co.,Ltd အနေဖြင့် အာမခံလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ (IBSB) မှ လိုင်စင်အမှတ် (၀၀၁)ဖြင့် ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့က စတင်လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

"ကျွန်တော်တို့ အနေနဲ့ IKBZ ကို ဆောင်ရွက်ဖို့အတွက် ငွေကျပ် ၄၆ ဘီလျံ မတည်ထားပါတယ်။ အာမခံ ခြောက်မျိုးအတွက် ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပြီးတော့ အသက်အာမခံအ တွက် ခြောက်ဘီလျံ၊ အထွေထွေ အာမခံအတွက် ဘီလျံ ၄၀ လျာထားပါတယ်။ နောက်ထပ် မတည်ရင်းနှီးငွေ ထပ်တိုးသွားဖို့လည်း စီစဉ်ထားပါတယ်။ လက်ရှိမှာ ဗိုလ်ဆွန်ပက်ကွန်ဒိုမှာ ယာယီရုံးခန်း ဖွင့်လှစ်ထားပါတယ်။ ကမ်းနားလမ်းက ခြောက်ထပ်ရုံးကို ရုံးဖွင့်ဖို့အတွက် ကျွန်တော်တို့ နှစ်ရှည်ငှားရမ်း ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ပြင်ဆင်မှုတွေ မပြီးသေးလို့ ဗိုလ်ဆွန်ပက် ကွန်ဒိုမှာ စတင်ဖွင့်လှစ် ထားရတာပါ။ အခုကစပြီး အလုံးစုံ မော်တော်ယာဉ် အပါအ၀င် အာမခံ (၆)မျိုး စလုံးအတွက် အာမခံ စထားလို့ ရပါပြီ" ဟုလည်း ကမ္ဘောဇ ကုမ္ပဏီများအုပ်စုမှ Managing Director ဦးညိုမြင့်က ပြောကြားခဲ့သည်။

အဆိုပါ အာမခံ (၆)မျိုးမှာ အသက်အာမခံ၊ မီးအာမခံ၊ သမာဓိအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံနှင့် အလုံးစုံ မော်တော်ယာဉ် အာမခံတို့ ဖြစ်ကြပြီး အသက်အာမခံ အမျိုးအစားတွင် ပြည်သူပြည်သား အသက်အာမခံ၊ စုပေါင်းအသက် အာမခံ၊ မြွေအန္တရာယ် အသက်အာမခံနှင့် အားကစားသမား အသက်အာမခံတို့ ပါဝင်ကြောင်းလည်း IKBZ Insurance Co., Ltd ၏ Principle Officer ဒေါ်တင်အေးဝင်းက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အာမခံကြေး ပေးသွင်းရမယ့် နှုန်းထားက IBSB က သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်။ အလုံးစုံ မော်တော်ယာဉ်ဆိုတဲ့ နေရာမှာ စက်တပ်ထားတဲ့ မော်တော်ယာဉ်မှန်သမျှ အာမခံ ထားလို့ရတယ်။ ဒီနေရာမှာ ကိုယ်ပိုင်ကားတွေရော ပစ္စည်းသယ်တဲ့ လုပ်ငန်းသုံးကား၊ တက္ကစီယာဉ်တွေပါ အာမခံ ထားလို့ရပါတယ်။ မော်တော်ယာဉ် အာမခံ ထားတဲ့အခါ ပရီမီယံကြေးက အနီနဲ့အနက် ကွာတယ်။ သိန်း ၁၀၀ တန်ကား နံပါတ်အနီဆိုရင် ပရီမီယံကြေးက ကျပ် ၁၆၀၀၀၀၊ နံပါတ် အနက်ဆိုရင် ကျပ် ၈၀၀၀၀ သတ်မှတ် ထားပါတယ်။ အသက်အာမခံ အနေနဲ့ ပြည်သူပြည်သား အသက်အာမခံက ၁၈ နှစ်ကနေ ၅၅ နှစ်အတွင်း ကျန်းမာရေး ကောင်းမွန်တဲ့သူတွေ ထားလို့ရတယ်။

 စုပေါင်းအသက် အာမခံကတော့ ဌာနတစ်ခုမှာ ငါးယောက်နဲ့အထက် လုပ်ငန်းခွင် ၀င်ရောက်နိုင်တဲ့သူ အသက် ၁၈ နှစ်ကနေ ၅၉ နှစ်အတွင်း အာမခံ ထားလို့ရပါတယ်" ဟုလည်း အထွေထွေမန်နေဂျာ ဦးအောင်စိုးဦးက ပြောပြခဲ့သည်။
အာခမံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့အနေဖြင့် ပြည်တွင်းကုမ္ပဏီ ၁၂ ခုမှ ငါးခုကို လုပ်ငန်းလိုင်စင် ချထားပေးခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီငါးခုမှာ IKBZ၊ ဂရန်းဂါးဒီးယန်း အာမခံ အများပိုင် ကုမ္ပဏီလီမိတက်၊ အောင်သစ္စာဦး အာမခံ ကုမ္ပဏီလီမိတက်၊ နိုင်ငံသား စီးပွားရေး အာမခံ အများပိုင် လီမိတက်နှင့် အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီလီမိတက်တို့ ဖြစ်ကြောင်းလည်း သိရှိရသည်။

EMG
အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း ကုမ္ပဏီလီမိတက်အား ဗိုလ်ဆွန်ပက် ကွန်ဒိုတွင် ဖွင့်လှစ်ထားစဉ်
အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း IKBZ Insurance Co., Ltd အနေဖြင့် ငွေကျပ် ၄၆ ဘီလျံ မ
တည်ရင်းနှီးကာ အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံလုပ်ငန်း (၆)မျိုးကို စတင် လုပ်ကိုင်ခွင့် ရရှိပြီဖြစ်ကြောင်း ဇွန် ၁ ရက်၊ ဆီဒီုးနား ဟိုတယ်တွင်ကျင်းပပြုလုပ်သည့်အာမခံကိုယ်စားလှယ်များနှင့် တွေ့ 
ဆုံပွဲ အခမ်းအနားတွင် ကမ္ဘောဇကုမ္ပဏီများ အုပ်စုမှ Managing Director ဦးညိုမြင့်က ပြောကြားခဲ့သည်။

တရုတ်မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းပြီးပြီလို့ CNPCပြော

တရုတ်မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းပြီးပြီလို့ CNPCပြော

2.6.2013

တရုတ်နဲ့ မြန်မာ နိုင်ငံကြား သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှု ပြီးဆုံးသွားပြီး ရေနံ ပိုက်လိုင်းလည်း ပြီးလုနီးပါး ဖြစ်နေပြီလို့ တရုတ် နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ CNPC က ပြောပါတယ်။

တရုတ် နိုင်ငံကနေ မလက္ကာ ရေလက်ကြားကို ဖြတ်ကျော် တည်ဆောက်ထားတဲ့ ဒီပိုက်လိုင်းတွေဟာ မဟာဗျူဟာ အရ အရေးပါပြီး မြန်မာ ကမ်းရိုးတမ်းက မဒေးကျွန်းနဲ့ အိန္ဒိယ သမုဒ္ဒရာ ကတဆင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက က ရေနံတွေကို သယ်ပို့နိုင်တာ ဖြစ်ပါတယ်။

ဂတ်စ် ပိုက်လိုင်းတွေ ဘယ်တော့ စပြီး လည်ပတ်မလဲ ဆိုတာကိုတော့ ဖော်ပြမထားပေမယ့် ၂ဝ၁၃ မေလကုန်မှာ ဂတ်စ်ပိုက်လိုင်း စတင်ပြီး ၂ဝ၁၄မှာ ရေနံ ပိုက်လိုင်း စီမံကိန်းကို လည်ပတ် သုံးစွဲဖို့ အရင်က မှန်းထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနောက်ဖက် ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင် ကမ်းရိုးတမ်း ရွှေသဘာဝ ဓါတ်ငွေ့တွင်းကနေ ဂတ်စ်တွေကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်ကို တင်ပို့မှာ ဖြစ်ပါတယ်။

BBC


တရုတ်နဲ့ မြန်မာ နိုင်ငံကြား သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှု ပြီးဆုံးသွားပြီး ရေနံ ပိုက်လိုင်း
လည်း ပြီးလုနီးပါး ဖြစ်နေပြီလို့ တရုတ် နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ CNPC က ပြောပါ
တယ်။

လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး ဇက်ပေါ်မှ မြစ်ထဲသို့ ပြုတ်ကျ

hilux-june1
ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့သော ဟိုင်းလပ်ယာဉ်ကို ဇွန် ၁ ရက် ည ၁၁ နာရီခန့်က ပြန်လည်ဆယ်ယူနေစဉ် (ဓာတ်ပုံ- ဝေလင်းအောင်)


လမ်းမတော်မြို့နယ် ၀ါးတန်း ဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး RORO III ဇက်ပေါ်မှ မြစ်ထဲသို့ ပြုတ်ကျ
သွားခဲ့ကြောင်း သိရသည်။

ကသာမြို့၊ဗလီတစ်လုံး မီးကွင်း ပစ်မှု့ ဖြစ်ပွား

၁၊၆၊၂၀၁၃ရက်နေ့ည ၁၁နာရီ၁၀မိနစ်အချိန်က ကသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြှိုမဗလီအား မီးကွင်း ပစ်
မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်၊ဖြစ်ပွားပုံမှာ ည၁၁နာရီ၁၀မိနစ်အချိန်တွင် အရှေ့ဘက်မှ အနောက်
ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးပေါ်မှ ဓါတ်ဆီထည့်ထားသော ပလပ်စတစ်ဗူးတွင် အ၀တ်မီးစာ တပ်၍ လမ်းမပေါ်မှ ဗလီအတွင်းသို့ပစ်သွင်း သွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်၊