Pages

Saturday, June 1, 2013

ဖခင်မောင်းနှင်သည့်ဆိုင်ကယ်ပေါ်မှ ၄နှစ်သားကလေးငယ်ပြုတ်ကျ ကားနင်းမိသေဆုံး

၁.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးကားလမ်းတွင် လှည်းကူးမြို့နယ်၊
ညောင်ကုန်းကျေးရွာတွင် ဖခင်မောင်းနှင်သည့်ဆိုင်ကယ်ပေါ်မှ ၄နှစ်သားကလေးငယ်ပြုတ်ကျ ကားနင်းမိ

သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ မြန်မာဘုန်းတော်ကြီး ကျောင်း အနီးရိုက်ပွဲဖြစ်ပွားမှုသတင်းမမှန်ဟု ဦးရဲထွဠ်ပြောကြား

မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိမြန်မာဘုန်းတော်ကြီးကျောင်း အနီးမှာ ရိုက်ပွဲဖြစ် တယ်၊ ဆလာရန်း
မှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေသေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်းများကို အတန်းတင်စာမေးပွဲ စနစ်ပြောင်းမည်

Saturday, June 01, 2013

အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများတွင် ကျောင်းတွင်း စစ်ဆေးမှု စာမေးပွဲစနစ် ကျင့်သုံး

ရာမှ ကျောင်းမိသားစုနှင့် မြို့နယ်ခရိုင်အလိုက် အတန်းတင်စာမေးပွဲ များအဖြစ် ပြောင်းလဲရန် စီစဉ်လျက်
ရှိကြောင်း ပညာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောကြားသည်။

လူ့အခွင့်အရေးကို OIC နိုင်ငံတွေဆီမှာသွားတောင်းပါလို့ ရခိုင်လူငယ်တစ်ဦး ဒေါ်စုအိမ်ရှေ့မှာပြော

Photo: လူ့အခွင့်အရေးကို OIC နိုင်ငံတွေဆီမှာသွားတောင်းပါလို့ ရခိုင်လူငယ်တစ်ဦး ဒေါ်စုအိမ်ရှေ့မှာပြော
Saturday, June 01, 2013

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မွတ်ဆလင်တွေဘက်လိုက်ပြီးလူ့အခွင့်အရေးအ ကြောင်းပြောနေမယ့်အစား OIC နိုင်ငံတွေမှာ လူ့အခွင့်အရေးသွားတောင်းပါလို့ ဇွန်လ ၁ ရက်နေ့မှာ ရခိုင်လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုစစ်ငြိမ်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။ 

“ ဒီနေ့တော့ ကျွန်တော်တို့လုပ်တာမဟုတ်ဘူး။ ဒါပေမယ့်
 ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားကို ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ သူ မွတ်ဆလင်ဘက်ကရပ်တည်နေတယ်။ ဘာကြောင့် ရပ်တည်နေတယ်။ ဘာကြောင့် ရပ်တည်နေတာလဲ.. ဟိုတစ်ခါတုန်း ကလည်း.. မှားပြီးပြီ.. စကား.. ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုဘာကြောင့်ရပ် တည်တာလဲ.. မူစလင်တွေရဲ့လုပ်ရပ်တွေကိုလေ့လာပါ.. လူ့အခွင့်အရေးကိုတောင်းချင်တယ်.. ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ တောင်းချင်တယ်ဆိုရင်.. ဆော်ဒီနိုင်ငံမှာသွားတောင်းကြည့်လိုက်.. 
 ဒေါ်အောင်ဆန်းစုကြည်ကိုအကြံ ပေးချင်တယ်..ဆော်ဒီမှာခေါင်းဖြတ် သတ်တဲ့နေရာမျိုးမှာသွားတောင်းကြည့်လိုက်..လူ့အခွင့်အရေးဆိုတာ ရမလား.. OIC နိုင်ငံတိုင်းမှာ လူ့အခွင့်အရေးဆိုတာကို
 ဒေါ်အောင်ဆန်းစုကြည် အနေနဲ့သွားတောင်းကြည့်.. OIC ကပြောလိုက် တဲ့လူ့အခွင့်အရေး..တောင်းနေတဲ့ OIC နိုင်ငံတိုင်းမှာ လူ့အခွင့်အရေး ဆိုတာရှိလား..ဒါကို ကျွန်တော်တို့ရခိုင်ပြည်ထဲ မှာလာပြီးမပြောနဲ့. . မြန်မာပြည်ထဲမှာလည်းမပြောနဲ့.. ကျွန်တော်တို့နိုင်ငံက ရှိပြီးသား.. လူ့အခွင့်အရေးဆိုတာ.....  သီတာထွေး၊ အခုပြီးတော့ လားရှိုးမှာ မီးရှို့သတ်ခံရတဲ့ကောင်မလေး၊ ပြီးတော့ မိတ္ထီလာမှာ မီးရှို့သတ်ခံရတဲ့ ဘုန်းကြီးတွေကို ဓာတ်ပုံတွေ.. အဖြစ်အပျက်တွေကို ခဏလေ့လာကြည့်ပါ.. ပြီးမှ လူ့အခွင့်အရေးဆိုတာကြီးကို ပြောပါ..”ဟု ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် တားဆီးနိုင်ဖို့အတွက် ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကိုယ်တိုင် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။ ရခိုင်အမျိုးသားတွေဘက်က ဒေါ်အောင်ဆန်း စုကြည်ကို ဆန္ဒပြမယ်ဆိုတာ မဟုတ်တဲ့အကြောင်း ပြောဆို ထွက်ခွာသွားပြီနောက်မှာ ကိုစစ်ငြိမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက် အပေါ် ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Kamayut Media

Saturday, June 01, 2013

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မွတ်ဆလင်တွေဘက်လိုက်ပြီးလူ့အခွင့်အ
ရေးအ ကြောင်းပြောနေမယ့်အစား OIC နိုင်ငံတွေမှာ လူ့အခွင့်အရေးသွားတောင်းပါလို့ ဇွန်လ ၁ ရက်နေ့မှာ ရခိုင်လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုစစ်ငြိမ်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းအား သမ္မတရပ်ဆိုင်းမှု နှစ်နှစ်မပြည့်ခင် ဆက်လက် လုပ်ဆောင်ရန် ဒေသခံများအား CPI ကုမ္ပဏီ လိုက်လံစည်းရုံး

Photo: မြစ်ဆုံစီမံကိန်းအား သမ္မတရပ်ဆိုင်းမှု နှစ်နှစ်မပြည့်ခင် ဆက်လက် လုပ်ဆောင်ရန် ဒေသခံများအား CPI ကုမ္ပဏီ လိုက်လံစည်းရုံး
Saturday, June 01, 2013

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရပ်ဆိုင်းထားသော်လည်း အဆိုပါ စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နောက် ဆက်လက်ဆက်ခံမည့် သမ္မတအသစ် လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် အဆိုပါ စီမံကိန်းအား ဦးဆောင်လုပ်ကိုင်သည့် တရုတ် CPI ကုမ္ပဏီမှ ဒေသခံများအား စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ဒေသခံများ ဖွဲ့စည်းထားသည့် Mungchying Rawt Jat (MRJ) အဖွဲ့မှ သိရှိရသည်။

”ဒေသခံတွေကို CPI ကုမ္ပဏီက လူတွေက ကွင်းဆင်းပြီး ဒီစီမံကိန်း ဆက်လုပ်ဖို့ ထောက်ခံပေးပါ ဆိုတာမျိုးတွေနဲ့ စည်းရုံးနေ သလို ဒေသခံတွေရဲ့ လူမှုရေး၊ စီးပွားရေးတွေကိုပါ ကူညီမယ်ဆိုတာမျိုးနဲ့ လိုက်စည်းရုံးနေပါတယ်။ ကျွန်မတို့က ဒီစီမံကိန်း ရပ်နေပြီ။ ဘာလို့စည်းရုံးနေတာလဲမေးတော့ CPI ကလူတွေက ဒီစီမံကိန်းက ဦးသိန်းစိန် လက်ထက်မှာပဲရပ်တာ နောက်တက်လာမယ့် သမ္မတလက်ထက်မှာ ပြန်လုပ်မယ်လို့ ပြောပါတယ်” ဟု MRJ အဖွဲ့မှ ဒေါ်ဂျာခေါန်က ပြောကြားသည်။ နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံစီမံကိန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ ရပ်ဆိုင်းစေခဲ့သော် လည်း ဒေသခံများမှာ စီမံကိန်းများကြောင့် သိမ်းယူခံခဲ့ရသည့် ကျေးရွာနှင့် လယ်မြေများအား လက်ရှိကာလအထိ ပိုင်ဆိုင်မှု မရသေးသည့်အပြင်
 ရွှေတူးဖော်ခြင်းနှင့် စီမံကိန်းများကြောင့် ဒေသခံများ၏ ဥယျာဉ်ခြံမြေများမှာ ပျက်စီးနေပြီး ဖြစ်ကြောင်းလည်း သိရသည်။

”စီမံကိန်းရပ်လိုက်တယ် ဆိုပေမယ့် ကျွန်မတို့လို ပြောင်းရွှေ့ခံရတဲ့ သူတွေက အခုအချိန်ထိ ကိုယ့်နေရပ်ကိုယ် ပြန်ခွင့်မရပါဘူး။ ဒီစီမံကိန်းကိုလည်း ဆက်လုပ်ဖို့ လုံးဝသဘောမတူပါဘူး။
 နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နောက် ဆက်ခံမယ့် သူတွေကိုလည်း ဒီစီမံကိန်း အပြီးသတ်ရပ်ပေးပါလို့ ပြောချင်သလို၊ သမ္မတကြီး ကိုလည်း နောက်တက်မယ့် သမ္မတကို ဒီစီမံကိန်း မလုပ်ဆောင်ဖို့ အမှာစကား ပြောပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ဒေါ်ဂျာခေါန်က ဆက်လက်ပြောဆိုသည်။

မြစ်ဆုံ စီမံကိန်းအား ရပ်ဆိုင်းသည် ဆိုသော်လည်း တရုတ်ကုမ္ပဏီ CPI က မြစ်ဆုံဒေသမှ ထွက်ခွာမှုမရှိခြင်း၊ ဒေသခံများအား စီမံကိန်း ဧရိယာအတွင်း သွားလာခွင့် ကန့်သတ်ခြင်း စသည့်ဖြစ်ရပ်များ ကြုံတွေ့နေရသဖြင့် ဒေသခံများမှာ အဆိုပါ ရပ်ဆိုင်းခြင်းအား သံသယ ဖြစ်ပေါ်နေကြောင်းလည်း MRJ အဖွဲ့မှ သိရှိရသည်။

တရုတ်ကုမ္ပဏီ CPI အနေဖြင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား မြန်မာတစ်နိုင်ငံလုံး၏ သဘောဆန္ဒအရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရပ်ဆိုင်းခဲ့ရသော်လည်း လက်လျှော့မှုမရှိဘဲ လက်ရှိ အာဏာရပါတီ၏ အဓိကပြိုင်ဘက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား စီမံကိန်း ဆက်လက်လုပ်ရန် ချဉ်းကပ်မှုများ ပြုလုပ်ခဲ့သည်။

Eleven Media Group

Saturday, June 01, 2013

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရပ်ဆိုင်းထားသော်လည်း အဆိုပါ စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နောက် ဆက်လက်ဆက်ခံမည့် သမ္မတအသစ် လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် အဆိုပါ စီမံကိန်းအား ဦးဆောင်လုပ်ကိုင်သည့် တရုတ် CPI ကုမ္ပဏီမှ ဒေသခံ
များအား စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ဒေသခံများ ဖွဲ့စည်း
ထားသည့် Mungchying Rawt Jat (MRJ) အဖွဲ့မှ သိရှိရသည်။

" တေးရေးဆရာ ကေအေတီ ကွယ်လွန် ပြီ"

" တေးရေးဆရာ ကေအေတီ ကွယ်လွန်" 

နာမည်ကျော်တေးသီချင်းများ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် လွန်ခဲ့သော ၁ နာရီက သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသောကြောင့် ပေါ်ပြူလာဂျာနယ်မှ မိသားစုနှင့်ဝမ်းနည်းရပါသည်။

နာမည်ကျော်တေးသီချင်းများ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် လွန်ခဲ့သော ၁ နာရီက သျှင်ပါ
ကူအထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့်ကွယ်လွန်သွားသောကြောင့်Rangon News Dailyမှမိသားစုနှင့်ထပ်တူ
ထပ်မျှ ဝမ်းနည်းရပါသည်။

ပညာဒါနကျောင်းတွင် ဖြစ်ပွားခဲ့သော အဓမ္မကျူးလွန်မှု အပြီးသတ်လျှောက်လဲ

ရန်ကုန်၊ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ NLD ပညာဒါနကျောင်းတွင် ဇန်နဝါရီလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓမ္မကျူးလွန်မှုတွင် စွပ်စွဲခံရသူ ကိုခင်မောင်ထူး ကို အမှုမှ လုံးဝလွတ်မြောက်ခွင့် ပြုရန် ၄င်း၏ရှေ့နေက မေလ ၃၁ ရက်နေ့ရုံးချိန်းတွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ အပြီးသတ် လျှောက်လဲချက်တင်သည်။

ကျပ်သိန်း ၂၆၀ ဖောက်ထွင်းမှု ခြောက်နာရီအတွင်းမိ

Saturday, June 01, 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်း လမ်းရှိ နေလ ဆောက်လုပ်ရေးပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က
ဖောက်ထွင်းခိုးယူခံရသည့် ကျပ်သိန်း ၂၆၀ ကို စတင်တိုင်ကြားချိန်မှ
ခြောက်နာရီအကြာတွင် ပြန်လည်ဖမ်းဆီး ရမိကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ရောက်ရှိနေသော ကေအိုင်အို ကိုယ်စားလှယ်အဖွဲယနေ့ မနက် ပိုင်းက လိုင်ဇာဌာနချုပ် သို့ ပြန်လည်ထွက်ခွာ

မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ရောက်ရှိနေသော  ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ ယနေ့ မနက်ပိုင်းက လိုင်ဇာဌာနချုပ် သို့ ပြန်လည်ထွက်ခွာကြရာ လမ်းခရီးတစ်လျှောက် ဒေသခံ ကချင်လူငယ်များ ၊ ဘာသာရေး အသင်းအဖွဲ့ ဝင်များ ၊ ဒေသခံ ပြည်သူလူထုများ အင်အားထောင်ချီ တစ်စုတစ်ဝေးတည်း  လိုက်ပါပို့ ဆောင် နှုတ်ဆက်ခဲ့ကြသည်။

မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ရောက်ရှိနေသော ကေအိုင်အို ကိုယ်စားလှယ်အဖွဲယနေ့ မနက်
ပိုင်းက လိုင်ဇာဌာနချုပ် သို့ ပြန်လည်ထွက်ခွာကြရာ လမ်းခရီးတစ်လျှောက် ဒေသခံ ကချင်လူငယ်များ ၊ ဘာ
သာရေး အသင်းအဖွဲ့ ဝင်များ ၊ ဒေသခံ ပြည်သူလူထုများ အင်အားထောင်ချီ တစ်စုတစ်ဝေးတည်း လိုက်ပါ
ပို့ ဆောင် နှုတ်ဆက်ခဲ့ကြသည်။

ရဲတိုက်တောင်းပန်၍ စိန့်မေရီ ဘုရားကျောင်းကအမှု ကျေအေးပေး

ရဲတိုက်ရဲ့ ဝန်ခံကတိစာချုပ်
ရဲတိုက်ရဲ့ ဝန်ခံကတိစာချုပ်
ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်ကာ ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ- ၂၉၅ (က)ဖြင့် အရေးယူခံထားရသူ သရုပ်ဆောင်ရဲတိုက်က တောင်းပန်သောကြောင့် ၎င်းအား စွဲဆိုထားသောအမှုကို ကျေအေးပေးခဲ့ကြောင်း အဆိုပါအမှုကို တရားလို ပြုလုပ်၍ တိုင်ကြားခဲ့သူ စိန့်မေရီကာသီဒြယ် ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဌ ဦးခင်မောင်ဦးက ပြောကြားသည်။

ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာသင်တန်းသစ်များကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်

ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာသင်တန်းသစ်များကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့တွင်စတင်ဖွင့်လှစ်
မည်ဖြစ်ပါသည်။ ဝင်ခွင့် စာမေးပွဲများကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ကျင်းပသွားမည်ဖြစ်သဖြင့် (အသက် ၇
 နှစ်နှင့် အထက် မည်သူမဆို) တက်ရောက်လိုသူများ လာရောက်ဖြေဆိုနိုင်ပါသည်။

Bugatti Grand Sport Vitesse လည်း Transformer 4 တွင်ပါမည်

Photo: Bugatti Grand Sport Vitesse လည်း Transformer 4 တွင်ပါမည်

လာမယ့် Transformer 4 ရုပ်ရှင်မှာလည်း ဂျာမနီ Bugatti ရဲ့  နောက်ဆုံးပေါ် ကမ္ဘာ့အမြန်ဆုံး အမိုးပွင့်ပြိုင်ကား Grand Sport Vitesse လည်း ပါဝင်စေမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒီအတွက် ရုပ်ရှင်ရိုက်ကူးသူတို့က ပိုက်ဆံအကုန်ကျ ခံစရာမလိုပါဘူ။ ကုမ္မဏီက အလကားထုတ်ပေးခြင်း ဖြစ်ပါတယ်။ ဒါ commercial advertisement တစ်မျိုးပါပဲ။ အသုံးပြုပြီးရင်တော့ ကုမ္မဏီက ပြန်ယူမယ် ထင်ပါတယ်။ ရုပ်ရှင်မှာ ပါဝင်တဲ့အတွက် နာမည်ကြီး လာမယ် လို့ သိထားကြပါတယ်။ ဘယ်လို ဇာတ်ဝင်ခန်းအတွက် အသုံးပြု မလဲတော့ မသိပါဘူး။

စက်ရုပ်ပြောင်းသွားမယ့် Bugatti ရဲ့  ပုံစံကို စိတ်ထဲကနေပဲ ခန့်မှန်းနေမိ ပါတယ်။ ဇာတ်လိုက်မင်သား ကားဝါ Camaro ရဲ့  ယှဉ်ရင် Bugatti ပိုတောက် ပြောင်နိုင်ပါ့မလားလို့ မေးခွန်းထုတ်မိပါတယ်။ Bugatti ကတော့ ရုပ်ရှင်အတွက်ပါဆိုပြီး အမေရိကန်ဒေါ်လာ သန်းချီတဲ့ Vitesse တစ်စီးကို ရက်ရက်ရောရော ပေးခဲ့ကြောင်း သိရပါတယ်။
--
Ref: ColayOnline

လာမယ့် Transformer 4 ရုပ်ရှင်မှာလည်း ဂျာမနီ Bugatti ရဲ့  နောက်ဆုံးပေါ် ကမ္ဘာ့အမြန်ဆုံး အမိုးပွင့်ပြိုင်ကား Grand Sport Vitesse လည်း ပါဝင်စေမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒူဘိုင်းရှိ ကြယ် ၇ ပွင့် အဆင့်ရှိ Burj Al Arab ဟိုတယ် ရွှေ အိုင်ပတ်များကို မီးနူးစာအုပ်လုပ်

Photo: ဒူဘိုင်း ဟိုတယ်တစ်ခုတွင် ရွှေ အိုင်ပတ်များကို မီးနူးစာအုပ်လုပ်

တကယ်ပါ။ ဒူဘိုင်းက ကမ္ဘာ့ဈေးအကြီးဆုံး ကမ္ဘာတစ်ခုတည်းသော ကြယ် ၇ ပွင့် အဆင့်ရှိ ဟိုတယ် Burj Al Arab ဟိုတယ်မှာပါ။ ယူအေအီးက ဆို ပါတော့။

ဟိုတယ်ကိုဝင်လိုက်တာနဲ့ လာသမျှဧည့်သည် မိသားစု တစ်ခုဆီတိုင်း ကို ရွှေအိုင်ပတ်ပေးပါတယ်။ အပြီးပေးတာ မဟုတ်ဘူးထင်တယ်။ သိုပေမယ့် အပိုင်လိုချင်ရင်တော့ တစ်ခုကို အမေရိကန်ဒေါ်လာ ၁၅၁၀၀ ပေးရတယ်လို့ ဆိုပါတယ်။

တတိယ မျိုးဆက် iPad 3 ဖြစ်ပြီး 16GB Memory ပါရှိပါတယ်။ ရည်ရွယ် ချက်က ဟိုတယ်မှာ Virtual Guide အနေနဲ့ လုပ်ပေးဖို့ပါ။ ဘယ်လို ဆားဗစ်တွေ ရှိတယ်ဆိုတာက အစ ဖတ်လို့ရမယ်။ ကြည့်လို့ရမယ်။ ဟိုတယ်တွင်းက စားသောက်ဆိုင် ထိုင်ရင်လည်း မီးနူးစာအုပ်လို အသုံးပြုလို့ ရမယ်။ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ တွေ့ရမှာ ဖြစ်ပါတယ်။

ဟိုတယ်တွင်း အသုံးပြုဖို့အတွက် သီးသန့် ဆော့ဖ်ဝဲ တစ်ခု Install လုပ်ပေး ထားခြင်း ဖြစ်ပါတယ်။ အိုင်ပတ်ကို ရွှေကာဗာတပ်ဆင်ထားပေးခြင်းပါ။ ဟိုတယ် လိုဂိုလည်း ပါရှိပါတယ်။ အချို့ ကတော့ ဟိုတယ် အမှတ်တရ အနေနဲ့ ရွှေအိုင်ပတ်ကို တစ်ခါတည်း ဝယ်ပြန်သွားတတ်ကြောင်း သိရပါတယ်။
--
Ref: tech2

Aung Kham (TSJ team)

တကယ်ပါ။ ဒူဘိုင်းက ကမ္ဘာ့ဈေးအကြီးဆုံး ကမ္ဘာတစ်ခုတည်းသော ကြယ် ၇ ပွင့် အဆင့်ရှိ ဟိုတယ် Burj Al Arab ဟိုတယ်မှာပါ။ ယူအေအီးက ဆို ပါတော့။ ဟိုတယ်ကိုဝင်လိုက်တာနဲ့ လာသမျှဧည့်သည် မိသားစု တ 
စ်ခုဆီတိုင်း ကို ရွှေအိုင်ပတ်ပေးပါတယ်။ အပြီးပေးတာ မဟုတ်ဘူးထင်တယ်။ သိုပေမယ့် အပိုင်လိုချင်ရင်
တော့ တစ်ခုကို အမေရိကန်ဒေါ်လာ ၁၅၁၀၀ ပေးရတယ်လို့ ဆိုပါတယ်။

တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာ ၃၈ ဦး ထိုင်းမှ ဖမ်းဆီး၊ ပစ်ခတ်မှု ရှိခဲ့ဟုဆို

ဇွန်လ ၁ ရက် ၂၀၁၃

တနင်္သာရီတိုင်း၊ ကော့သောင်း ခရိုင် လုံးဖောကြီး ကျေးရွာအနီး၌ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစား သည့် မြန်မာနိုင်ငံသား ၃၈ ဦးအား ယနေ့တွင် ထိုင်းအာဏာပိုင်မှ ဖမ်းဆီးရမိထားကြောင်း ရနောင်း ရဲစခန်းမှ ထိုင်းရဲ တဦးက ပြောသည်။

၂၀၁၃ ခုနှစ်အတွက် အနောက်တောင်မုတ်သုံလေ တနိုင်ငံလုံးကို ၀င်ရောက်ပြီ


၁-၆-၂၀၁၃ ရက်

မေလ(၃၀-၃၁)ရက်နေ့မှာ အနောက်တောင်မုတ်သုံလေဟာ ကျန်ရှိနေသေး တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို လုံးဝ ၀င်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယနေ့နံနက် (၈း၀၀) နာရီမှစတင်ပြီး ရန်ကုန်ကုန်မြို့၊ ရွှေတိဂုံဘုရားကြီး မြောက်ဘက်မုဒ်ရှိ အာဇာနည်ဗိမာန်အား အများပြည်သူများ လေ့လာဂါရ၀ပြုနိုင်ရန် စတင်ဖွင့်လှစ်


ရန်ကုန်၊ ဇွန် ၁။
ရန်ကုန်ကုန်မြို့၊ ရွှေတိဂုံဘုရားကြီး မြောက်ဘက်မုဒ်ရှိ အာဇာနည်ဗိမာန်အား ယနေ့နံနက် (၈း၀၀) နာရီတွင် အများပြည်သူများ လေ့လာဂါရ၀ပြုနိုင်ရန် စတင်ဖွင့်လှစ်လိုက်သည်။
တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှ
အပ ကျန်ရက်များအားလုံး ဖွင့်လှစ်ထားမည်ဖြစ်ပြီး နံနက် (၈း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ဖွင့်လှစ်
မည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှား ဆောင်ရွက်သူ မစုစုနွေး မြန်မာပြည် ပြန်ရောက်၊ ကြိုဆိုသူများပြား



Saturday, June 1, 2013

လူ့အခွင့်အရေး တက်ကြွလှုပ်ရှား ဆောင်ရွက်သူ၊ တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းရေးတာဝန်ခံ မစုစုနွေး ဟာ မေလ ၃၁ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်ကို ချောမောစွာ ပြန်လည်ရောက်လာချိန် မှာတော့ ကြိုဆို
သူတွေများစွာ ရှိခဲ့ပါတယ်။