Pages

Friday, May 31, 2013

တောင်ကုတ်မှာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော မြန်မာပြည်သား အစ္စလာမ်ဘာသာဝင် ရှဟ်ဒီ (၁၀) ဦး နှင့် အဖိနှိပ်ခံ ဗမာပြည် မွတ်စလင်များရဲ့ ဘဝ



2012 ဂျွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် အုပ်စုဖွဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကြီး မြန်မာနိုင်ငံ ရခိုင်ပြည်
နယ် တောင်ကုတ်မြို့မှာ ဖြစ်ပွားခဲ့တာဆိုရင် ၄  လကျော်နေပြီဖြစ်ပါတယ်။

Vodafone နှင့် China Mobile ကုမ္ပဏီ မြန်မာပြည်တွင် မိုဘိုင်းအော်ပရေတာ အဖြစ် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ရန် ဆုံးဖြတ်

ဗိုဒါဖုန်း(Vodafone) နှင့်  ချိုင်းနားမိုဘိုင်း(China Mobile)  ကုမ္ပဏီ မြန်မာပြည်တွင် မိုဘိုင်းအော်ပရေတာ အဖြစ် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ရန် ဆုံးဖြတ်
============
မေ-၃၁၊၂၀၁၃
M-Media

ဗြိတိန်အခြေစိုက် ဗိုဒါဖုန်း(Vodafone) မိုဘိုင်းဖုန်း ကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် ချိုင်းနားမိုဘိုင်း(China Mobile) မိုဘိုင်းဖုန်းကုမ္ပဏီနှစ်ခုတို့သည် မြန်မာအစိုးရမှ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများမှာ ၎င်းတို့နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့် လိုင်စင်ရရန် လျှောက်ထားမှုမှ နှုတ်ထွက်တော့မည်ဟု ကြေညာလိုက်သည်။

မြန်မာအစိုးရမှ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများကို နှစ်ခုမှ လေးခုအထိတိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်တွင် ပထမနှင့် ဒုတိယအကြီးဆုံး မိုဘိုင်ဖုန်းဝန်ဆောင်မှုပေးသည့် အဆိုပါ ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့်လိုင်စင်ရရန်အတွက် အစိုးရအား လျှောက်ထားခဲ့သည်ဟု ဧပြီလက ထုတ်ဖော်ပြောကြားခဲ့သည်။

“မေလ ၂၀ ရက်နေ့က ကြေညာတဲ့ လိုင်စင်နဲ့ပက်သက်တဲ့ နောက်ဆုံး ထုတ်ပြန်ချက်ပြီးတဲ့နောက် ဗိုဒါဖုန်းနဲ့ ချိုင်းနားမိုဘိုင်းတို့က သတ်မှတ်ကျင့်သုံးတဲ့ ရင်းနှီးမြှုပ်နှံမှု စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဒီရင်းနှီးမြှုပ်နှံမှုကို မလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။” ဟု ဗိုဒါဖုန်း ကုမ္ပဏီက ဆိုသည်။

Ref: ရိုက်တာ

မေ-၃၁၊၂၀၁၃

ဗြိတိန်အခြေစိုက် ဗိုဒါဖုန်း(Vodafone) မိုဘိုင်းဖုန်း ကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် ချိုင်းနားမိုဘိုင်း(China Mobile) မိုဘိုင်းဖုန်းကုမ္ပဏီနှစ်ခုတို့သည် မြန်မာအစိုးရမှ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများမှာ ၎င်း
တို့နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် မြန်မာနိုင်ငံတွင်လုပ်ပိုင်ခွင့်လိုင်စင်ရရန် လျှောက်ထားမှုမှ နှုတ်ထွက်တော့
မည်ဟု ကြေညာလိုက်သည်။

ညစာစားပွဲ လက်မှတ်တစ်စောင် ကန်ဒေါ်လာ(၁၅၀)

Photo: ညစာစားပွဲ လက်မှတ်တစ်စောင် ကန်ဒေါ်လာ(၁၅၀)

မေလ ၃၁ ရက် ၊ ၂၀၁၃ခုနှစ်။

မန်ယူကစားသမားဟောင်း(၄)ဦးနှင့်အတူ ParkRoyal Hotel တွင် ညစာစား သုံးလိုသူများသည် လူတစ်ဦးလျင် အမေရိကန်ဒေါ်လာ(၁၅၀) ကုန်ကျ မည်ဖြစ်ကြောင်း ParkRoyal မှသိရသည်။

“လူတစ်ဦးကို ဒေါ်လာ ၁၅၀ သတ်မှတ်ထားပါတယ်။ ၁၀ ယောက်လာလဲ ဒီဈေးနှုန်းပါပဲ။ လက်မှတ်ကိုတော့ ကျွန်တော်တို့ ဟော်တယ်မှာပဲ လာဝယ်လို့ရပါတယ်”ဟု ParkRoyal Hotel  မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မန်ယူကစားသမားဟောင်းလေးဦးမှာ ဒင်းနစ်အာဝင်၊ အန်ဒီကိုးလ်၊ လီရှပ်နှင့် ကလေတန်ဘလက်မိုးတို့ဖြစ်ပြီး ၎င်းတို့နှင့်အတူညစာစားခွင့်လက်မှတ်ကို ဇွန်လ(၁)ရက်နေ့တွင်စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ညစာစားပွဲကို ဇွန်လ(၉)ရက် ည(၇)နာရီတွင် ParkRoyal Hotel ၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ပြီး ညစာ စားပွဲသို့ တက်ရောက်သူများမှာ မန်ယူကစားသ မားဟောင်းများနှင့် အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခွင့် ရရှိမည်ဖြစ်သည်။

“ကျွန်တော်လည်းမန်ယူပရိသတ်ပါ။ ဒါပေမယ့် ကျွန်တော်တို့အနေ နဲ့ဆို ရင်တော့ ဒီဈေးနှုန်းကများလွန်းပါတယ်၊ မသွားနိုင်ပါဘူး။ ဒါပေမယ့် ဘော လုံးပွဲကိုတော့ သွားအားပေးမှာပါ”ဟု မန်ယူပရိတ်သတ်တစ်ဦးဖြစ်သည့် ကိုသီဟဇော်ကပြောသည်။

မန်ယူကစားသမားဟောင်း(၄)ဦးမှာ မြန်မာ့လက်ရွေးစဉ်အသင်း၊ MNL All Star အသင်းတို့နှင့်အတူ ရန်ပုံငွေ ခြေစမ်းပွဲ လာရောက် ကစားခြင်းဖြစ်သည်။ 
ရန်ပုံငွေ ဘောလုံးပွဲကို ဇွန်လ(၉)ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်း၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ပြီး ကွင်းဝင်ကြေးမှာ အထူးတန်း တစ်ထောင်ကျပ်နှင့် ရိုးရိုးတန်း ငါးရာကျပ်သတ်မှတ်ထားကြောင်း မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်က သိရှိရသည်။

“ဘောလုံးပွဲက ရတဲ့ပိုက်ဆံတွေအားလုံးကို ကျွန်တော်တို့သတ်မှတ်တဲ့နေ ရာတွေမှာ လှူဒါန်းသွားမှာပါ။ ဘောလုံးပွဲလက်မှတ်ဈေးနှုန်းတွေကိုလည်း လူတိုင်းကြည့်နိုင်အောင် စီစဉ်ပေးထားပါတယ်”ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကပြောသည်။

ဘောလုံးပွဲမှရရှိသော ကွင်းဝင်ကြေးများအား မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီတဂူမျက်စိ ဆေးရုံနှင့် သုခရိပ်မြုံလူမှုထောက် ပံ့ရေးစီမံချက်တို့ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောဆိုသည်။
ကျော်ဇင်မန်း(မြစ်မခ) /မြန်မာခရိုနီကယ်

မေလ ၃၁ ရက် ၊ ၂၀၁၃ခုနှစ်။

မန်ယူကစားသမားဟောင်း(၄)ဦးနှင့်အတူ ParkRoyal Hotelတွင်ညစာစားသုံးလိုသူများသည်လူတစ်ဦးလျင်
အမေရိကန်ဒေါ်လာ(၁၅၀) ကုန်ကျ မည်ဖြစ်ကြောင်း ParkRoyal မှသိရသည်။

ထိုင်းဘီးထက် တရုတ်ဘီးများအ၀ယ်လိုက်နေသည့် နေပြည်တော် ဆိုင်ကယ်ဈေးကွက်

Photo: ထိုင်းဘီးထက် တရုတ်ဘီးများအ၀ယ်လိုက်နေသည့် နေပြည်တော် ဆိုင်ကယ်ဈေးကွက်
	
မေလ (၃၀)ရက်၊ ၂၀၁၃ ခုနှစ်။

နေပြည်တော် ဆိုင်ကယ်ဈေးကွက်အတွင်းသို့ ယိုးဒယားဆိုင်ကယ် များဝင်ရောက်မှု များပြားလာသော်လည်း တရုတ်ဆိုင်ကယ်များသာ အ၀ယ် များနေကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံက သိရှိရသည်။

"အခုနောက်ပိုင်း ယိုးဒယားဘီးတွေလည်းအ၀င်များလာတယ်။ ယိုးဒယားဘီး ကို အကြိုက်နည်းတယ်။ အ၀ယ် လိုက်ကြတာလဲ တရုတ်ဘီးတွေပဲ။ ဈေး ကတော့ ပုံမှန်ပါပဲ"ဟု ပျဉ်းမနားမြို့တွင် ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင် သူ ကိုအာကာက ပြောသည်။

နေပြည်တော် ဆိုင်ကယ်ဈေးကွက်အတွင်းရှိ ယိုးဒယား ဆိုင်ကယ်များမှာ အမျိုးအစားပေါ်မူတည်၍ လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၇သောင်းမှ ၈သိန်း ၀န်းကျင်အထက်အထိ ဈေးနှုန်းများရှိကြောင်း သိရှိရသည်။

"ကြိုက်တဲ့သူကတော့ ဈေးကောင်းပေးပြီးဝယ်ကြပါတယ်။ ဒါပေမယ့် အများစု ကတော့ ယိုးဒယားဘီးတစ်စီး အစား တရုတ်ဘီးနှစ်စီးဝယ်စီး မယ်ဆိုတာများ ပါတယ်။ ကြံ့ခိုင်မှုအပိုင်းရော အရည်အသွေးပိုင်းမှာရော တော်တော် ကွာပါ တယ်"ဟု ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုမင်းဝေက ပြောသည်။

တရုတ်နိုင်ငံထုတ် ဆိုင်ကယ် Kenbo အမျိုးအစားနှင့် luojia အမျိုးအစားမှာ ပုံမှန် အရောင်းအ၀ယ်ဖြစ်ပေါ်လျက်ရှိပြီး Kenbo (110)အမျိုးအစား တစ်စီး (လိုင်စင်ပါ)လျင် ကျပ် (၃)သိန်း (၅) သောင်း ၀န်းကျင်မှ မော်ဒယ် အနိမ့် အမြင့်ပေါ်မှုတည်၍ ကျပ် (၇)သိန်း ၀န်းကျင်အထိဈေးကွက်ရှိကြောင်း သိရှိရသည်။

အလားတူ Luojia အမျိုးအစားမှာ တစ်စီး(လိုင်စင်ပါ)လျင် ကျပ် (၅)သိန်း (၅)သောင်းဝန်းကျင်ရှိပြီး ၃၄ယ/…. လိုင်စင်ဖြစ်ပြီး နံပတ် (၃၄ယ/၄…., ၃၄ယ/၅…., ၃၄ယ/၆….)ပေါ်မူတည်၍ဈေးနှုန်း ကျပ် (၅)ထောင်မှ ကျပ်(၁)သောင်းကြား ဈေးနှုန်းကွာဟမှုရှိကြောင်း ရောင်းဝယ်ရေးလုပ်ကိုင်သူများထံက သိရှိရသည်။

"ကျွန်တော်တို့ကတော့ သင့်တင့်တဲ့ဈေးလောက်ပဲတတ်နိုင်တော့ နှစ်သိန်းခွဲ သုံးသိန်းတန်လောက်ပဲဝယ်နိုင် တယ်။ သွားလာလို့ရရင် ကုန်ပစ္စည်း သယ်လို့ရရင်တော်ပြီ ဆိုပြီးတော့ပေါ့။ သူများတွေလို အသန့်မစီးနိုင်ပါဘူး"ဟု ပျဉ်းမနားမြို့ ကင်ပွန်းတန်းကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ကိုထွန်းမင်းက ပြောသည်။

အဆိုပါ ဆိုင်ကယ်ဈေးကွက်အတွင်းတွင် Trabo၊ Kokobo အမျိုးအစား များမှာ လိုင်စင်ဖြင့် ကျပ်(၃)သိန်း (၅)သောင်း ၀န်းကျင်မှ ကျပ် (၄)သိန်းဝန်း ကျင်ဈေးနှုန်းဖြစ်ပေါ်ပြီး လိုင်စင်မပါရှိပါက ကျပ် (၂)သိန်း (၅)သောင်းဝန်း ကျင်မှ ကျပ် (၃)သိန်း ၀န်းကျင် ဈေးနှုန်းရှိကြောင်း သိရှိရသည်။

ထို့ပြင် (၃)နှစ်အာမခံဖြင့် ရောင်းချသည့် Zin Star အမျိုးအစားမှာ ကျပ် (၆)သိန်း (၅)သောင်း ၀န်းကျင် ဈေးနှုန်း ရှိကြောင်း ဈေးကွက်တွင်းမှ စုံစမ်းသိရှိရသည်။   
ယမင်း (မြစ်မခ) /မြန်မာခရိုနီကယ်


နေပြည်တော် ဆိုင်ကယ်ဈေးကွက်အတွင်းသို့ ယိုးဒယားဆိုင်ကယ် များဝင်ရောက်မှု များပြားလာသော်လည်း တရုတ်ဆိုင်ကယ်များသာ အ၀ယ် များနေကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံက သိရှိရသည်။

နယ်ဒေသခံများကြောင့် ရန်ကုန်အိမ်အငှားဈေးကွက်ပိုများလာ

အထက်ဗမာပြည်မှ ရန်ကုန်မြို့သို့ လာရောက်ကာ စီးပွားရေးလုပ်ကိုင်လာသူ များပြားလာခြင်းကြောင့် အိမ်အငှားဈေးကွက်သည် ယမန်နှစ်ထက် ပိုများလာကြောင်း အိမ်ခြံမြေ ပွဲစားများထံက သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး ၊ နေပြည်တော် ၊ မကွေးတိုင်း ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အစရှိသည့် မြို့များမှ ဒေသခံများသည် ရန်ကုန်မြို့၌ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည်ဟုဆိုကာ နယ်မြို့များမှ လာရောက်၍ အခန်းစုငှားခြင်းမှာ ပိုများလာခြင်းဖြစ်သည်ဟု သိရှိရသည်။

လာရှိုး မိဘမဲ့ဂေဟာမှ ကလေးများ ပျောက်ဆုံးနေ

လားရှိုးမြို့တွင်မကြာမီက ဖြစ်ပွားခဲ့သော အရေးအခင်းအတွင်းမီးရှို့ဖျက်ဆီးခံခဲ့ရသည့်မိဘမဲ့ဂေဟာကျောင်း
မှ ကလေး သူငယ် ၁၀၀ ဦးကျော် ပျောက်ဆုံးနေလျှက်ရှိသည်။ အဆိုပါ ဂေဟာတွင် အရေးအခင်းမဖြစ်ပွားမီ မှတ်ပုံတင်စာရင်းအရ မွတ်စ်လင်မ်ကျောင်းသား ကလေးသူငယ် ၂၁၇ ဦးရှိသည့်အနက် ယာယီဒုက္ခသည်စ
ခန်းများသို့ ရောက်ရှိလာသော ကလေးသူငယ် ၅၁ ဦးသာရှိပြီး ကျန် ၅၀ ဦးမှာ ဆွေမျိုးသား ချင်းများထံ ပြန်
လည်ရောက် ရှိသွားကြသည်။

ကိုးန၀င်း ပုတီးစိတ်လို့ရတဲ့ Android ဆော့ဝဲ


ဒီနေ့ ရှာဖွေရေးလုပ်တော့ ထူးထူးခြားခြား မြန်မာ app လေးတစ်ခု သွားတွေ့တယ်။ ကိုးန၀င်း ဆိုတဲ့ app ကတော့ ကိုးန၀င်း ပုတီးစိတ်နည်းကို လေ့လာနိုင်တဲ့အပြင် ဘယ်နေ့မှာဘယ်လိုပုတီးစိတ်ရမယ် ဆိုတာကို
ညွှန်ကြားပေးပါတယ်။

လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦးအား ဖမ်းဆီးထား၊ ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရသူ အမျိုးသမီး သေဆုံးသည်ဆိုသည့် သတင်း မမှန်ကန်

Photo: လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦးအား ဖမ်းဆီးထား၊ ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရသူ အမျိုးသမီး သေဆုံးသည်ဆိုသည့် သတင်း မမှန်ကန်
Friday, May 31, 2013

မေ ၃၀ ရက်အထိ လားရှိုးမြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူ ၃၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လားရှိုးမြို့နယ်အတွင်း အကြမ်းဖက် ဖျက်ဆီးမှုများနှင့် ပတ်သက်၍ ပါဝင်သူဟု ယူဆရသူများကို မေ ၂၉ ရက်မှ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မေ ၃၀ ရက် ညနေပိုင်းအထိ ဖမ်းဆီးထားသူ ဦးရေမှာ ၃၈ ဦး ရှိကြောင်း သိရသည်။

လမ်းပေါ်သို့ လူအုပ်စုဖြင့် ထွက်ကာ တုတ်ဓားလက်နက်များ ကိုင်ဆောင်ကာ အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်သည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းခံရသူများကို လားရှိုးထောင်တွင် စစ်ဆေးလျက်ရှိကြောင်း၊ ဖမ်းဆီးခံရသူ အများစုမှာ မြန်မာလူမျိုးများ ဖြစ်ပြီး အခြားတိုင်းရင်းသား အနည်းငယ် ပါဝင်ကြောင်း သိရသည်။

''ထိန်းသိမ်းထားတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်မှု အခြေအနေတွေ တည်ငြိမ်သွားအောင် ခေတ္တ ထိန်းသိမ်းရတာ ဖြစ်ပါတယ်။ ဒေသတည်ငြိမ် အေးချမ်းရေးကို မပျက်စေဖို့ လိုက်လံထိန်းသိမ်း နေရတာ ဖြစ်ပါတယ်။ ဒီနေ့လည်း သာသနာရေး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ပြီး ဒုတိုင်းမှူးတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ အပါအ၀င် စစ်ကြောင်း ငါးကြောင်းနဲ့ တုတ်၊ ဓား လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့အစည်းတွေကို လူစုခွဲတာတွေ၊ လိုက်လံရှင်းလင်းမှုတွေ ဆောင်ရွက်နေပါတယ်။ မေလ ၃၀ ရက်နေ့ အထိ လားရှိုးမြို့နယ် အခြေအနေက ထိန်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဖျက်ဆီးတဲ့ အဖွဲ့တွေကို ထိန်းနိုင်ပြီဖြစ်ပြီ ဖြစ်ပေမယ့် ပြဿနာကို ဖန်တီးဖို့စောင့်နေတဲ့ အဖွဲ့လေးတွေက ရှိနေပါသေးတယ်။ အင်နဲ့အားနဲ့တော့ မရှိတော့ပါဘူး'' ဟု သာသနာရေး ၀န်ကြီးဌာန၊ သာသနာထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မေလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့အပြင် ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရကာ ဆေးရုံတက် ကုသခံနေရသူ မအေးအေးဝင်း သေဆုံးသည် ဆိုသော သတင်းထွက်ပေါ် ခဲ့သော်လည်း မှန်ကန်မှု မရှိကြောင်း သိရသည်။

မေ ၃၀ ရက် နံနက် ၈ နာရီခန့်တွင် နယ်မြေ ၁၇၊ ရပ်ကွက်(၇)၌ ၂၀ ဦးခန့်ရှိသော လူတစ်စုက မွတ်စလင်တစ်ဦး ပိုင်ဆိုင်သော အိမ်တစ်လုံးကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သော လူ ၁၃ ဦးခန့်ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ မေ ၂၈ ရက်မှ စတင်သည့် သုံးရက်တာ ပဋိပက္ခ ဖြစ်စဉ်အတွင်း ဆူပူလှုံ့ဆော်သူဟု သံသယရှိသူ စုစုပေါင်း ၃၈ ဦးအား ဖမ်းဆီးထားကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ် လားရှိုးမြို့နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့အင်အား ၄၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

'လက်ရှိအချိန်မှာတော့ ဆူပူမှုတွေ အများစုကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်။ ဒီထက် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်'' ဟု လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူက ဆက်လက်ပြောကြားသည်။
လားရှိုးမြို့နယ်အတွင်း လုံခြုံရေး အင်အားကို မေလ ၃၀ ရက်နေ့တွင် ထပ်မံတိုးမြှင့်ခဲ့ပြီး ခမရ ၅၀၄ ကို လားရှိုးမြို့ လုံခြုံရေးအတွက် အင်အားပူးပေါင်းထားကြောင်း သိရှိရသည်။

မေ ၂၈ ရက်မှစ၍ နှစ်ရက်တာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် လူနေအိမ်ငါးလုံး၊ ဘာသာရေး အဆောက်အအုံသုံးလုံး၊ ဂိုဒေါင်လေးလုံး၊ ရုပ်ရှင်ရုံတစ်ရုံ၊ ဆိုင်ခန်း ၃၄ ခန်း၊ မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

မေ ၃၀ ရက် နံနက်ပိုင်း၌ လားရှိုးမြို့တွင် အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ လားရှိုးမြို့မ ဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီပိတ်ထားခဲ့သည်။
နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရသော မွတ်စလင် ၁၀၀၀ ခန့်ကိုလည်း ရပ်ကွက် (၁၂) ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ စောင့်ရှောက်ထားကြောင်း သိရသည်။


ယင်းဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံသူ မွတ်စလင်တစ်ဦးက ''ကျွန်တော်တို့ မိသားစုလေးယောက်စလုံး ရောက်နေပါတယ်။ စစ်တပ်၊ ရဲနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပြင်မှာနေရင် လုံခြုံရေး စိတ်မချရလို့ ဘုန်းတော်ကြီး ကျောင်းမှာပဲ နေထိုင်ဖို့ ပြောကြားထားပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ အဆက်အသွယ်မရပါဘူး'' ဟု ဆိုသည်။
မြို့တွင်း၌လည်း သက်ဆိုင်ရာက''ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ ည ၇ နာရီ နောက်ပိုင်း အပြင်မထွက်ရန်လည်းကောင်း၊ လူစုလူဝေး မပြုလုပ်ရန်၊ တုတ်ဓားလက်နက် ကိုင်ဆောင်ခြင်းမပြုရန်''ကားဖြင့်လှည့်လည် အသိပေးလျက်ရှိသည်။

''လားရှိုးမြို့က ခြောက်ကပ်သွားပြီ။ အထူးသဖြင့် ရပ်ကွက် (၇) ဆိုရင် သုသာန်ပြင်လို ဆိတ်ငြိမ်လို့။ အကြမ်းဖက်လိုတဲ့ လူတွေကလည်း ဟိုနားစုစု၊ ဒီနားစုစုနဲ့။ စစ်တပ်၊ ရဲနဲ့ တာဝန်ရှိသူတွေက အကြောင်းကြားရင် ချက်ချင်းရောက်လာပေမယ့် သူတို့ လုံခြုံရေးမရှိတဲ့ဘက်ကို ရွှေ့ကြတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့တွင် မွတ်စလင်အများအပြား ၀င်ရောက်လာခြင်း၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း၊ လူစုလူဝေးများ ပြုလုပ်နေခြင်း စသည့် ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ညနေ ၅ နာရီ ၃၀ မိနစ်ထိ အခြေအနေ တည်ငြိမ်မှုရှိခဲ့သည်။

ညနေ ၄ နာရီခန့်တွင် မီးရှို့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းမှာ လယ်ကွင်းအတွင်း၌ အမှိုက်ပုံမီးရှို့ခြင်းသာ ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သို့သော်လည်း ဈေးဆိုင်များ၊ စားသောက်ဆိုင်များမှာ ဖွင့်လှစ်ရောင်းချခြင်း မရှိခဲ့ဘဲ လမ်းမများပေါ်တွင်လည်း လူသွားလူလာမရှိသ လောက်ဖြစ်ခဲ့ပြီး တစ်မြို့လုံး ဆိတ်ငြိမ်ခဲ့သည်။

အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက် ၍ မေ ၃၀ ရက် ညနေပိုင်းအထိ တုတ်၊ ဓား ကိုင်ဆောင် အကြမ်းဖက်ဆူပူသူ ၃၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''အခုအကြမ်းဖက်မှု ဖြစ်စဉ်တွေကို ထိန်းသိမ်းတဲ့နေရာမှာ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်မှုက ပြတ်သားပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။ လားရှိုးမှာ ရှိတဲ့သူတွေကလည်း အေးအေးချမ်းချမ်းနဲ့နေပြီး ကိုယ့်စီးပွားရေးကိုပဲ အာရုံစိုက်ကြတဲ့ သူတွေပဲဆိုတော့ အကြမ်းဖက်လိုသူတွေ ဖမ်းပြလိုက်တော့ မိတ္ထီလာဖြစ်စဉ်လောက် မကြီးထွားခဲ့ပါဘူး။ နောက်ပြီး အဓိကလှုံ့ဆော်သူနဲ့ လွတ်နေတဲ့ သူတွေကိုပါ ဖမ်းဆီးအရေးယူဖို့လိုပါတယ်။ ပါဝင်ဆောင်ရွက်ခဲ့ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်'' ဟု အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

EMG


Friday, May 31, 2013

မေ ၃၀ ရက်အထိ လားရှိုးမြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူ ၃၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပဋိပက္ခအလွန် လားရှိုး အခြေအနေ



တညလုံး မိုးရွာထားလို့ မေလ ၃၀ ရက်နေ့ လားရှိုးမြို့ မြင်ကွင်းဟာ စိမ်းစို လတ်ဆတ်နေပါတယ်။ ကုန်ထမ်း
သူကထမ်း၊ သုံးဘီးမောင်းသူက မောင်း၊ မြို့ထဲမှာလည်း ဥဒဟို သွားလာနေကြတာ ဘာမှ မဖြစ်ခဲ့သလိုပါပဲ။ ဒါပေမယ့် ဈေးဆိုင် အများစုကတော့ ပိတ်ထားကြဆဲ ဖြစ်ပါတယ်။

လက်နက်ဝယ်ယူရေးအတွက် ရုရှားနှင့် သဘောတူညီမှုရပြီဟု အာဆတ် ပြောကြား

Photo: လက်နက်ဝယ်ယူရေးအတွက် ရုရှားနှင့် သဘောတူညီမှုရပြီဟု အာဆတ် ပြောကြား
Friday, May 31, 2013

အယ်လ်မာနာ ရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အာဆက်ဒ်က အစ္စရေးကို တိုက်ခိုက်ရန် အတွက် အာရပ်ကမ္ဘာမှ နိုင်ငံများ ပိုမို စည်းလုံးနေပြီ ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။

ဆီးရီးယား သမ္မတ ဘာရှာ အာဆက်ဒ်က မိမိတို့ အနေဖြင့် ရုရှားနှင့် လက်နက်ဝယ်ယူရေး သဘောတူညီမှု တစ်ခု ရရှိထားသလို လက်ရှိ ပြည်တွင်း၌ သူပုန်တပ်များကို နှိမ်နင်းရာတွင်လည်း အစိုးရတပ်ဖွဲ့များက အထက်စီး အနေအထား ရောက်နေပြီဟု ပြောကြားခဲ့သည်။ ထို့အပြင် အယ်လ်မာနာ ရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အာဆက်ဒ်က အစ္စရေးကို တိုက်ခိုက်ရန် အတွက် အာရပ်ကမ္ဘာမှ နိုင်ငံများ ပိုမို စည်းလုံးနေပြီ ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။ အစ္စရေးပိုင် ဂိုလန်ကုန်းပြင်မြင့် ဆီးရီးယားပိုင် လက်နက်ကြီး ကျည်ဆန်များ ကျရောက်သည့်နောက် အစ္စရေးဘက်က ပြန်လည် ပစ်ခတ်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုများ ရှိနေချိန်တွင် အာဆက်ဒ်က "ဂိုလန်မှာ စစ်မျက်နှာသစ်တစ်ခု စတင်ဖို့ အားလုံးအတွက် ဖိအားတစ်ခုပါပဲ။ ခုဆိုရင် အာရပ်ကမ္ဘာမှာ အစ္စရေးကို တိုက်ခိုက်ရေးအတွက် ပူးပေါင်းကြဖို့ ပိုပြီး ရှင်းရှင်းလင်းလင်း ဆန္ဒပြင်းပြလာပါပြီ"ဟု ပြောဆိုသွားသည်။

အာဆက်ဒ်က လက်ရှိတွင် နှစ်ရှည်လများ ကြာမြင့်နေသော ပြည်တွင်း ပုန်ကန်မှုများကို မိမိတို့က အသာစီးဖြင့် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းနှင့် ရုရှားထံမှ S-300 ဒုံးကျည်များကိုလည်း ဝယ်ယူရန် သဘောတူညီထားကြောင်း စသည်တို့ကိုပါ ကြေညာသွားသည်။ "S-300 လေယာဉ်ပစ် ဒုံးကျည်တွေ ဝယ်ယူတဲ့ထဲက ပထမတစ်သုတ်ကို လက်ခံ ရရှိပြီးပါပြီ"ဟု အာဆက်ဒ်က ဆိုသည်။ "ရုရှားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လက်ရှိ ပြည်တွင်းရေး အခြေအနေတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ရုရှားကလည်း ဒီစာချုပ်ကို ပြီးစီးအောင် အကောင်အထည် ဖော်ဖို့ စိတ်ဝင်စားတယ်လေ"ဟု အာဆက်ဒ်က ရှင်းပြခဲ့သည်။ S-300များသည် ကီလိုမီတာ (၂၀၀) အကွာအဝေးထိ ရှိနေသော ပစ်မှတ်များကို ချေမှုန်းနိုင်ရာ အစ္စရေး မြောက်ပိုင်းတွင် ပျံသန်းနေသည့် တိုက်လေယာဉ်များကိုပါ ခြိမ်းခြောက်နိုင်ခြေ ရှိနေသည်။

အာဆက်ဒ်က ပုန်ကန်မှုများနှင့် ပတ်သက်ပြီး "အကြမ်းဖက်သမားတွေဘက်က ထင်ထားတာထက် အားကောင်းကောင်း ခြေလှမ်းတွေ ရှိခဲ့တယ် ဆိုရင်တောင် ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေက အသာစီး အခြေအနေကို ရောက်နေပါပြီ"ဟု ဆိုသည်။ အာဆက်ဒ်သည် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် တော်လှန်ရေးသမားများကို အကြမ်းဖက်သမားဟုသာ အစဉ်တစိုက် သုံးနှုန်းလေ့ ရှိသည်။ လတ်တလောတွင်မူ အာဆက်ဒ်၏ အင်တာဗျူး အပြီးနောက် အစ္စရေးသည် ရုရှားနှင့် ဆီးရီးယားကြား လက်နက်တင်ပို့မှု အခြေအနေနှင့် ပတ်သက်၍ ပိုမို ခိုင်မာသော သတင်းအချက်အလက်များ စုဆောင်းနေကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ 

Planet.com.mm

အယ်လ်မာနာရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သောအင်တာဗျူးတွင် အာဆက်ဒ်က အစ္စရေး
ကို တိုက်ခိုက်ရန်အတွက်အာရပ်ကမ္ဘာမှ နိုင်ငံများပိုမိုစည်းလုံးနေပြီ ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။

အခွန်ဆောင်ရန် ခက်ခဲသဖြင့် တရုတ်ကုန်စည် တရားမဝင် တင်သွင်းမှု များပြား

Photo: အခွန်ဆောင်ရန် ခက်ခဲသဖြင့် တရုတ်ကုန်စည် တရားမဝင် တင်သွင်းမှု များပြား
Friday, May 31, 2013

တရုတ်ပြည်မှ တရားမ၀င် တင်သွင်းသည့် ကုန်ပစ္စည်းများ ရှိနေရခြင်းမှာ လိုင်စင်အခွန်ဆောင်ရေး ကြန့်ကြာ ခက်ခဲနေကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် လိုင်စင်ပိုင်း၊ ကုန်ပစ္စည်းပိုင်းများနှင့် ပတ်သက်ပြီး ဖြေလျှော့ပေးထားသော်လည်း လိုင်စင်ရရန် အချိန်ကြန့်ကြာမှုရှိကာ ဈေးကွက် နောက်ကျမည်ကို စိုးရိမ်သဖြင့် လိုင်စင်အခွန် မဆောင်ကြခြင်း ဖြစ်ကြောင်း မူဆယ်မြို့တွင် နေထိုင်သည့် ကုန်သည် ဒေါ်စိုးစိုးက ဧရာဝတီသို့ ပြောသည်။

“အခုက ဘာပဲဖြစ်ဖြစ် အပြိုင်အဆိုင် လုပ်နေရတာ။ ကိုယ့်ပစ္စည်းက ဈေးကွက်ကို နောက်ကျ ရောက်သွားရင် တခြားသူ
ဦးသွားမယ်၊ ဈေးကွက် ပေါက်သွားမယ်။ လိုင်စင်လုပ်ဖို့ကလည်း လူတွေများ၊ ရုံးအလုပ် လုပ်ရတာလည်း ခက်တော့ သွားမလုပ် ဖြစ်တာပါ” ဟု ဒေါ်စိုးစိုးက ဆိုသည်။

လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများသည် ဈေးကွက်အတွင်း အမြန် ရောက်နိုင်မှသာလျှင် တနိုင်တပိုင် လုပ်ကိုင် နေသူများအတွက် အဆင်ပြေနိုင်ကြောင်း၊ Mobile Team များက ဖမ်းဆီးမည်ကို ကြောက်သဖြင့် တောလမ်းမှ ရှောင်ကွင်း သွားနေရကြောင်း သူက ပြောသည်။

“အခွန်ဆောင်နေရင်လည်း ဘာမှ ထူးလာတာ မဟုတ်ဘူးလေ။ အလုပ်ပိုသွားတာပဲ ရှိတယ်။ ဒီလို ကယ်ရီနဲ့ လုပ်စား လာတာလည်း ကြာပါပြီ။ အခွန်ဆောင်ရခက်လို့ အခွန်ရှောင်ပြီး မှောင်ခို သွင်းတာပါ” ဟု တရုတ်ပြည် ထုတ်ပစ္စည်းများကို တင်သွင်းနေသည့် ကုန်သည် အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

ဈေးကွက်ကို အပြိုင်အဆိုင် လုနေရသဖြင့် တရားဝင် လိုင်စင်အခွန် ဆောင်သည့် ကိစ္စကို အများ အဆင်ပြေစေရန်၊ မခက်ခဲစေရန် လျှင်မြန်စွာ အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုအခါ ကုန်သည်များအတွက် လိုင်စင် လုပ်ပေး နေသော်လည်း ကယ်ရီကိုသာ အားကိုးနေရသေးကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ Mobile Team အဖွဲ့ကတော့ အခွန်မဆောင်၊ လိုင်စင်မရှိတဲ့ ပစ္စည်းမှန်သမျှ ဖမ်းဆီးပါတယ်။ အများဆုံး ဖမ်းမိတဲ့ ပစ္စည်းကတော့ စားသောက်ကုန်တွေ၊ ကားအပိုပစ္စည်းတွေ များပါတယ်။ အခွန်ဆောင်ဖို့ ကိစ္စမှာလည်း အကောက်ခွန်က တရက်တည်း အပြီး လုပ်ပေးနေပါတယ်။ ဒါပေမယ့် လူများတော့ ကြားကောင်းကြာနိုင်ပါတယ်” ဟု နယ်စပ် ကုန်သွယ်ရေးဇုန် ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ဧရာဝတီသို့ ပြောသည်။

အခွန်ဆောင်သည့်အခါ ရုံးကိစ္စ အလုပ်လုပ်နေရသဖြင့် ကြန့်ကြာသောကြောင့် ကုန်သည်အများစုက မလုပ်ချင်ကြကြောင်း၊ အခွန်မဆောင်သည့် ကုန်များသည် ဈေးကွက်သို့ အမြန် ရောက်ကာ အကျိုးအမြတ် များများရသောကြောင့် ကုန်သည် အများစုမှာ အခွန်မဆောင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

Mobile Team အဖွဲ့အနေဖြင့် ဖမ်းထားသည့် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းအရ အကောက်ခွန်ဌာနသို့ လွှဲပြောင်းပြီး လေလံတင် ရောင်းချကာ နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်း ဦးဝင်းလွင်က ပြောသည်။

“နိုင်ငံတော်အစိုးရက စားသောက်ကုန်ဆိုရင် အရက်၊ ဘီယာ၊ စီးကရက်က လွဲပြီး ကျန်တာ လျော့ပေး ထားပါတယ်။ စားသောက်ကုန် ဆိုရင်လည်း ကျန်းမာရေးဌာနက သတ်မှတ်ချက်နဲ့ ညီညွတ်လား၊ မညီညွတ်လားဆိုတာ ကျနော်တို့ စစ်ပါတယ်။ အခွန်ဆောင်ဖို့ လိုင်စင်တွေ လုပ်ဖို့လည်း ပညာပေး ကဏ္ဍတွေ လုပ်ပေးနေပါတယ်။ ရုံးကိစ္စ ဖြည့်စွက်ရတာတွေ ခက်ခဲ နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်” ဟု သူက ဆိုသည်။

နယ်စပ်ဒေသသို့ ပြေးဆွဲနေသည့် လိုင်းကားများသည် ကုန်သည်များ အခွန်မဆောင်သည့် ပစ္စည်းများကို သယ်ယူ မပေးတော့ကြောင်း၊ ထိုပစ္စည်းများ သိမ်းဆည်းခံရပါက ကားသမားများ မလျော်ပေးနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ကားသမား အသိုင်းအ၀န်းက ဆိုသည်။

နိုင်ငံတော်က လိုင်စင်အပိုင်း၊ ကုန်ပစ္စည်းအပိုင်း များနှင့် ပတ်သက်၍ ဖြေလျှော့ပေးမှုများ ရှိသော်လည်း ကုမ္ပဏီ လုပ်ငန်းရှင် တချို့သည် အခွန်ရှောင်ရန် တရားမ၀င် လမ်းကြောင်း အမျိုးမျိုးမှ ကွင်းရှောင် သယ်ပို့နေကြောင်း၊ သွင်းကုန်များတွင် စက်သုံးဆီ အများဆုံး ဖြစ်ပြီး အရက်၊ ဘီယာနှင့် ဆေးလိပ်များ ပါဝင်ကြောင်း၊ ယင်း ကုန်ပစ္စည်းများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန (စီးပွား/ ကူးသန်း) က တရားဝင် ခွင့်ပြုသွားရန် ရှိကြောင်း သိရသည်။

Irrawaddy

Friday, May 31, 2013

တရုတ်ပြည်မှ တရားမ၀င် တင်သွင်းသည့် ကုန်ပစ္စည်းများ ရှိနေရခြင်းမှာ လိုင်စင်အခွန်ဆောင်ရေး ကြန့်ကြာ ခက်ခဲနေကြောင်း သိရသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် လိုင်စင်ပိုင်း၊ ကုန်ပစ္စည်းပိုင်းများနှင့် ပတ်သက်ပြီး ဖြေလျှော့ပေးထားသော်လည်း လိုင်စင်ရရန် အချိန်ကြန့်ကြာမှုရှိကာ ဈေးကွက် နောက်ကျမည်ကို စိုးရိမ်သဖြင့် လိုင်စင်အခွန် မဆောင်ကြခြင်း ဖြစ်ကြောင်း မူဆယ်မြို့တွင် နေထိုင်သည့် ကုန်သည် ဒေါ်စိုးစိုးက ဧရာဝတီသို့ ပြောသည်။

ရန်ကုန် စတော့အိပ်ချိန်း လာတော့မည်

Photo: ရန်ကုန် စတော့အိပ်ချိန်း လာတော့မည်
Friday, May 31, 2013 

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မှီ စတော့အိတ်ချိန်းတခု ဖွင့်လှစ်သွားမည်ဟု မြန်မာ
နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးမောင်မောင်ဝင်းမှ ပြောကြားလိုက်သည်။

ယမန်နေ့က ရန်ကုန်မြို့တွင် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများနှင့်
တွေ့ဆုံရာတွင် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ် ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာနေသည့် စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် အတွက် ရန်ကုန်စတော့အိပ်ချိန်း ဖြစ်ပေါ်လာရန် လိုအပ်သည်ဟု သူကဆိုသည်။

လက်ရှိအနေအထားတွင် မြန်မာလုပ်ငန်းရှင်များသည် ငွေကြေးအထောက်အပံ့ အတွက် ဘဏ်ချေးငွေများကိုသာ မှီခိုနေရဆဲဖြစ်သည်။ ထို့အပြင်
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စတော့အိပ်ချိန်း မရှိသေးဘဲ ကျန်နေသည့် တခုတည်းသော နိုင်ငံလည်း ဖြစ်သည်။

“ဒီ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ 
(SEC )က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်” ဟု ဒု ဥက္ကဌက ဆိုသည်။ ဆက်လက်၍ သူက အဆိုပါ
ဥပဒေကို သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ မတ်လအတွင်းတွင် ပေးပို
့ထားခဲ့ပြီးဖြစ်၍ မကြာမီကျင်းပမည့် လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်း
ကြကာ နှစ် မကုန်ခင် ပြီးစီးလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောသည်။

ထို့ပြင် ရန်ကုန်စတော့အိတ်ချိန်း တည်ထောင်မည့် ၂၀၁၅ ခုနှစ် မတိုင်မီ ၂၀၁၄ ခုနှစ် အတွင်း ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်း
ဝယ်ရေးဥပဒေကို အတည်ပြု ပြဌာန်းနိုင်မည်ဖြစ်သည်ဟုဆိုသည်။

စတော့ရှယ်ယာဈေးကွက်တခု တည်ထောင်ခြင်းသည် ပြုပြင်ပြောင်းလဲရေး
ပြုလုပ်နေသည့် ဘဏ္ဍာရေးအဆောက်အဦးကို ကြံ့ခိုင်လာစေမည်ဖြစ်သလို တိုင်းပြည်စီးပွားရေး၏ အလားအလာကောင်းများကို အကောင်အထည်ဖော်
ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယူဆနိုင်စရာများရှိနေသည်။

ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေသည်
လည်း ထွက်ပေါ်လာတော့မည် ဖြစ်သော်လည်း စတော့အိပ်ချိန်းတခု
မြန်မာနိုင်ငံတွင် တည်ထောင်ဖွင့်လှစ် လုပ်ကိုင်နိုင်ရေးအတွက် အခြား
အခက်အခဲများလည်း ရှိနေသေးသည်။

“အရင်းအနှီးဈေးကွက်ကို ထောက်ပံ့ပေးဖို့ လုံခြုံရေးကုမ္ပဏီတွေ၊ စာရင်းကိုင်ကုမ္ပဏီတွေနဲ့ ဥပဒေ အကျိုးဆောင် လုပ်ငန်းတွေ လိုအပ်နေပါသေးတယ်” ဟု ရန်ကုန်စတော့အိပ်ချိန်း ဖွင့်လှစ်နိုင်ရေး
အတွက် မြန်မာအစိုးရကို ကူညီ အကြံပေး နေသည့် Japan Exchange Group မှ အကြီးတန်းအမှုဆောင်အရာရှိ တဦးဖြစ်သည့် Koichiro Miyahara က ပြောသည်။

Japan Exchange Group သည် ကမ္ဘာတွင် တတိယ အကြီးဆုံး စတော့အိပ်ချိန်း ကိုစီမံခန့်ခွဲနေသည့် အဖွဲ့ ဖြစ်သည်။ “ ရန်ကုန်မှာ စာရင်းကိုင်နဲ့ ဥပဒေအကျိုးဆောင် ကုမ္ပဏီကောင်းတွေ ရှိပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေလည်း ရောက်လာနေပါတယ်။ ဒါကြောင့် နောက်နှစ် အနည်းငယ်အတွင်းမှာ သူတို့က လုံလောက်တဲ့ အထောက်အကူ တွေပေး
နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟုလည်း Koichiro Miyahara က ပြောသည်။

လက်ရှိအချိန်တွင် ဘဏ်များသည်သာ ငွေကြေးထောက်ပံ့မှု၏ အဓိက ပင်ရင်းအဖြစ်ရှိနေသည့် မြန်မာနိုင်တွင် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အခက်အခဲများ ရှိနေသည်။ စတော့အိပ်ချိန်း
ဖြစ်ပေါ်လာရေးကို ထောက်ခံသူများက ရန်ကုန်စတော့အိပ်ချိန်းသည် ကုမ္ပဏီများအတွက် ငွေကြေးရရှိရန် ကူညီပေးလိမ့်မည်ဟု ဆိုကြသည်။

စတော့ အိပ်ချိန်းရှိရန်လိုအပ်နေခြင်းအတွက် ဥပမာတခုထုတ်ပြရလျှင် မကြာသေးခင်က ထင်ရှားသော မြန်မာလုပ်ငန်းရှင် တဦးဖြစ်သူ ဦးဇော်ဇော်သည် ၎င်း၏ ကုမ္ပဏီတခုကို စင်္ကာပူ နိုင်ငံမှ စတော့အိပ်ချိန်းတွင် မှတ်ပုံတင်ရန် ကြိုးစားခဲ့သေး သည်။ သို့သော်လည်း ဦးဇော်ဇော်က အမေရိကန်၏ ပိတ်ဆို့ကန့်သတ်မှုခံရသူစာရင်းဝင် ဖြစ်သည့်အတွက် စင်္ကာပူ စတော့ အိပ်ချိန်း၏ ငြင်းပယ်မှုခံခဲ့ရသည်။

“ဘဏ်ချေးငွေဆိုတာ ကာလတိုပြီး စွန့်စားရမှု နည်းပါးတဲ့ ရင်းနှီးမြှုပ်နှံ
မှုတွေအတွက် ပိုပြီး သင့်တော်ပါတယ်” ဟု Daiwa Securities Group မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလေ့လာဆန်းစစ်သူ Shinsuke Gote ကပြောသည်။ စတော့အိပ်ချိန်းသည် ကာလရှည်ပြီး စွန့်စားရမှုမြင့်မားသည့် ရင်းနှီးမြှုပ်နှံမှု
များကို အကျိုးအမြတ် များပြားစွာရရှိစေရန် ကူညီနိုင်သည်ဟုလည်း သူကဆိုသည်။

Daiwa သည် အမေရိကန်ဒေါ်လာ ၄၀၀ ဘီယီယံခန့် တန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်ပြီး ၁၉၉၆ ခုနှစ်ကထဲက မြန်မာ့စီးပွားရေး
ဘဏ်နှင့် ပူးပေါင်း၍ Myanmar Securities Exchange Center (MSEC) ကိုလုပ်ကိုင် နေ သည်။ မကြာသေးခင်ကမှ မြန်မာ့စီးပွားရေးဘဏ် သည် အမေရိကန်၏ စီးပွားရေးပိတ်ဆို့ကန့်သတ်မှုများမှ လွတ်မြောက် လာပြီး အမေရိကန်ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့် ရခဲ့သည်။

ဂျပန် အစိုးရသည် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်း
ဝယ်ရေး ဥပဒေ ပေါ်ပေါက်လာရေးအတွက် မြန်မာ နိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို ကူညီပေးနေသည်။ လွန်ခဲ့သော ရက်သတ္တပတ် က ဂျပန်ဝန်ကြီးချုပ် Shinzo Abe မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက်
မြန်မာနိုင်ငံ၏ လမ်းများနှင့် လျှပ်စစ်ဓာတ်အားထောက်ပံ့ မှုများအတွက် အမေ ရိကန်ဒေါ်လာ သန်း၅၀၀ ထုတ်ချေးမည်ဟု ကတိပြုခဲ့သည့်အပြင်
မြန်မာက ဂျပန်ကိုပေးရန်ရှိသည်ကြွေးမြီ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ
ခန့် ကိုလည်းလျှော်ပေးခဲ့သည်။

ရန်ကုန် စတော့အိပ်ချိန်းကို တည်ထောင်ရာတွင်ပါဝင်သူများက အိပ်ချိန်း၏ အလားအလာနှင့်ပတ်သက်၍ များစွာမမျှော် လင့်ရန် ပြောဆိုခြင်းများလည်း ရှိသည်။ “သိပ် အများကြီး မျှော်လင့်မထားကြပါနဲ့။ ဈေးကွက် ကောင်းကောင်း
မွန်မွန် လည်ပတ်ဖို့က အနည်းဆုံး အချိန် ၅ နှစ်လောက်လိုပါတယ်။ ဒီအိပ်ချိန်းကလည်း တော်ရုံသင့်ရုံ အနေအထားပဲ ရှိမှာပါ၊ အကြီးစား မဟုတ်ပါဘူး” ဟု MSEC မှ အမှုဆောင်ညွှန်ကြားရေးမှုး ဦးစိုးသန်း ကပြောသည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်စတော့အိပ်ချိန်း စတင်သည့် အခါ မြန်မာကုမ္ပဏီ အနည်းငယ်သာ စာရင်းသွင်းရန် အသင့်ဖြစ် လိမ့်မည်ဟု မျှော်လင့်ရကြောင်း Daiwa Securities Group မှ Shinsuke Gote ကဆိုသည်။ “စတင် လည်ပတ်တဲ့ ပထမနှစ်မှာ ကုမ္ပဏီ ၅ ခုကနေ ၁၀ ခု အတွင်းလောက်ပဲ ရှိမယ်လို့ ထင်ပါတယ်၊ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်ကျရင်တော့ ၁၀ နဲ့ ၂၀ ကြား စာရင်းသွင်းလာနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု သူကပြောသည်။

ရန်ကုန် စတော့ အိပ်ချိန်းတွင် စာရင်းသွင်းမည့် ကုမ္ပဏီများအတွက် လိုအပ်ချက်များကိုလည်း အချောသတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ ဥပဒေကြမ်းများတွင် ဖေါ်ပြထားချက်အရဆိုလျှင် အနည်းဆုံးရင်းနှီးမြှုပ်နှံမှု ပမာဏသည် မြန်မာကျပ်ငွေ သန်း ၅၀၀ ရှိရန် လိုအပ်ပြီး ၂ နှစ်ကာလအတွင်းမှ အမြတ်အစွန်း အခြေအနေကို တင်ပြနိုင်ရမည်ဖြစ်သည်။ စာရင်းဝင် ကုမ္ပဏီများသည် အစုရှယ်ယာဝင် အနည်းဆုံး ၁၀၀ ဦးရှိရမည် ဖြစ်ကာ လူနည်းစု ရှယ်ယာဝင် များသည် စုစုပေါင်း ရှယ်ယာတန်ဖိုး၏ ဆယ်ရာခိုင်နှုန်း အနည်းဆုံးရှိရမည် ဟုလည်းဆိုသည်။

အကယ်၍ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများက အိပ်ချိန်းတွင် စာရင်းသွင်းရန် ဆုံးဖြတ်လိုက်ပြီဆိုလျှင် အိပ်ချိန်းက ကော်ပိုရေးရှင်း
ကြီးများအပေါ် စီမံထိန်းချုပ်မှုကို အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများသည် ခရိုနီဟု ခေါ်ကြသည့် လုပ်ငန်းရှင်ကြီးများ သို့မဟုတ် ယခင်အာဏာရှင် စစ်အစိုးရနှင့် ထဲထဲဝင်ဝင် ပတ်သက်ခဲ့သည့်အတွက် အမေရိကန်နှင့် အနောက်တိုင်းအစိုးရများက စီးပွားရေး ပိတ်ဆို့ ကန့်သတ်ထားခြင်းခံရသူများ နှင့် နှီးနွယ်ဆက်စပ်မှု
များရှိနေသည်။ ၎င်းတို့သည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု နှင့် သစ်ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲခံရသူများလည်း
ဖြစ်သည်။

“စာရင်းသွင်းထားတဲ့ ကုမ္ပဏီ တခုဟာ သူရဲ့ လုပ်ငန်းဆောင်ရွက်မှု နဲ့ ဘဏ္ဍာရေးရလဒ်တွေကို အများသိ စစ်ဆေးခံ နိုင်ရပါမယ်၊ နှစ်ချုပ်အစီရင်
ခံစာတွေ၊ ကြေညာချက်တွေ ထုတ်ပြန်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံသူတွေကို ဆက်သွယ် အသိပေးနေရပါမယ်” ဟု Shinsuke Gote ကပြောသည်။ စာရင်းဝင် ကုမ္ပဏီများအနေဖြင့် အိတ်ချိန်းသို့ ဘဏ္ဍာရေး ရှင်းတမ်းများ အစီရင်ခံစာများကို တင်ပြရမည်ဟုလည်း သတိပေးလိုက်သည်။

Japan Exchange Group မှ Miyahara က စာရင်းဝင်ကုမ္ပဏီများမှ ရှယ်ယာဝင်များသည် ကုမ္ပဏီ၏ အမြတ်အစွန်းကို သိထားသင့်ကြောင်း
ပြောသည်။ သို့မှသာလျှင် ငွေကြေးများ မှန်ကန်စွာ စီးဆင်းမှု ရှိမရှိ သိနိုင်မည် ဖြစ်သည်။ ၎င်းတို့ သည် ကုမ္ပဏီပိုင်ရှင်၏ မိသားစု သို့မဟုတ် ကုမ္ပဏီနှင့် အထူးဆက်သွယ်ပတ်သက်နေသော အခြားသူများက အပိုင်စီး ရယူခြင်း မျိုး မဖြစ်စေရဟု သူကဆိုသည်။

မြန်မာစစ်အစိုးရလက်ထက် ကလည်း ၁၉၉၆ ခုနှစ်ကပင် ငွေချေးသက်
သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကိုရေးဆွဲရန်လုပ်ဆောင်
ခဲ့သေးသည်။ ပြင်ဆင်ရေးဆွဲမှု ၁၀ ကြိမ်လုပ်သည့်တိုင်အောင် လက်တွေ့ အကောင် အထည်မဖေါ်နိုင်ခဲ့ပေ။ “ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာက အတွေ့အကြုံမရှိဘူး၊ ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်မရှိဘူးလေ” ဟု ဦးစိုးသန်း က ဆိုသည်။

ရန်ကုန် စတော့အိပ်ချိန်းကို တည်ထောင်ရန်အတွက် နိုင်ငံခြားအကူအညီ လိုအပ်သည်မှန်သော်လည်း တည်ထောင်ပြီး စတင်လည်ပတ်သည့်အခါ
နိုင်ငံခြားမှ ပါဝင်မှုကို မည်သည့်အတိုင်းအတာအထိခွင့်ပြုပေးမည် ဆိုသည့် အချက်ကို ယခု ထက်ထိရှင်းလင်းစွာ မသိရသေးပေ။

“အစပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ဥပဒေ နဲ့ လုပ်ထုံးလုပ်
နည်းတွေအရ နိုင်ငံခြားက ပါဝင်မှုဟာ နည်းကောင်း နည်းနိုင်ပါတယ်၊ မပါနိုင်တာလဲ ရှိပါမယ်၊ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ဈေးကွက်ရဲ့
နေရာအများအပြားမှာ ပါဝင်ဖို့ ခွင့်ပြုပေးတော့ မှာပါ” ဟု ဦးစိုးသန်း ကပြောသည်။

ဧရာဝတီ

Friday, May 31, 2013

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မှီ စတော့
အိတ်ချိန်းတခု ဖွင့်လှစ်သွားမည်ဟု မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးမောင်မောင်ဝင်းမှ ပြောကြား
လိုက်သည်။

ကန်တော်ကြီးလမ်း ကုက္ကိုလ်ရိပ်ယာဉ်တိုက်မှုဖြစ်ပွား မိန်းကလေးတစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ

Photo

ယနေ့ မနက်၉နာရီဝန်းကျင်လောက်က ကန်တော်ကြီးလမ်း ကုက္ကိုလ်ရိပ် ရှေ့ နားလေက်မှာ လိုက်ထရ်တ် ကားတစ်စီးက ရှေ့ ဘီးပေါက်ကာ ဘယ်ဘက်စွဲ သွားကာ ဆိုင်ကယ်နှစ်စီး နင့်စက်ဘီ တစ်စီး တိုက်မူ ဖြစ်ပွား
ခဲ့ သည်။

အိန္ဒိယတောင်ပိုင်း အပူလှိုင်း လူ ၅၀၀ ကျော်သေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်းက Andhra Pradesh ပြည်နယ်မှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကြာသပတေး
နေ့အထိ သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ ဒေသအာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတဝှမ်းမှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကိုယ်ရေခန်းခြောက်မှုဖြစ်ပွါးတဲ့ လူနာတွေနဲ့ ဆေး
ရုံတွေမှာ ပြည့်လျှံနေပါတယ်။ အပူနာနဲ့အတူ အခြား ကူးစက်ရောဂါဖြစ်ပွါးမှုတွေ လည်းရှိနေတယ်လို့ ဒေသ
ဆေးဝန်ထမ်းတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ဆီးဂိမ်းစီစဉ်ပုံကို ဖိလစ်ပိုင်က မကျေနပ်

မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ဆီးဂိမ်းစီစဉ်ပုံကို ဖိလစ်ပိုင်က မကျေနပ်

မြန်မာနိုင်ငံမှာ အခုနှစ်ကုန်ပိုင်း ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော် ဆီးဂိမ်း (SEA Games) မှာ  သမရိုးကျအရေးပါတဲ့ အားကစားနည်းတွေ ချန်လှပ်ထားတာကို ကန့်ကွက်တဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံက အားကစားအဖွဲ့ဝင်နည်းနည်းကိုသာ စတိအဖြစ်စေလွှတ်မှာဖြစ်ကြောင်း  ဖိလစ်ပိုင် အားကစားအဖွဲ့ချုပ် ဥက္ကဌ Mr Garcia က ပြောကြားလိုက်ပါတယ်။

နောက်ဆုံး ပြီးစီးခဲ့တဲ့ Indonesia နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော်တုန်းက ဖိလစ်ပိုင်အနေနဲ့ အားကစားသမား ၅၀၀ ကျော် စေလွှတ်စေခဲ့ပေမယ့် အခု မြန်မာနိုင်ငံက   အားကစားပွဲတော်ကိုတော့  သုံးလေးဆယ်လောက်ပဲ စေလွှတ်မယ်။ သူကိုယ်တိုင်လဲ မတက်ရောက်ဘူးလို့ Mr Garcia က ပြောပါတယ်။

လာမယ့် ဆီးဂိမ်းပွဲတော်မှာ တင်းနစ်နဲ့ ဂျွမ်းဘား အားကစားနည်းတွေလို ခေတ်အဆက်ဆက်ပါဝင်မြဲဖြစ်တဲ့ သမရိုးကျအားကစားတွေ ချန်လှပ်ထားပြီး ခြင်းလုံးခတ်နည်းလို အားကစားတွေထည့်မယ်လို့ မြန်မာနိုင်ငံက ကြေညာလိုက်တာဟာ အိမ်ရှင်နိုင်ငံအနေနဲ့ ကိုယ့်လူတွေ အသာစီးရရှိအောင် စီစဉ်တာဖြစ်တယ်လို့ အိမ်နီးချင်းနိုင်ငံတွေက စွပ်စွဲထားပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်ကုန်ပိုင်း ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော် ဆီးဂိမ်း (SEA Games) မှာ သမရိုးကျအရေးပါတဲ့ အားကစားနည်းတွေ ချန်လှပ်ထားတာကို ကန့်ကွက်တဲ့အနေနဲ့ ဖိလစ်ပိုင်
နိုင်ငံက အားကစားအဖွဲ့ဝင်နည်းနည်းကိုသာ စတိအဖြစ်စေလွှတ်မှာဖြစ်ကြောင်း ဖိလစ်ပိုင် အားကစားအဖွဲ
့ချုပ် ဥက္ကဌ Mr Garcia က ပြောကြားလိုက်ပါတယ်။

မုံရွာမြို့ ကန်သာယာကန်အနီးမှ လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆံများတွေ့ရှိ

ယနေ့နံနက်ပိုင်းက မုံရွာမြို့ကွေ့ကြီးရပ်ရှိ ရေကန်ထဲမှ အထုပ်တစ်ထုပ်ထဲတွင် ပေါက်ကွဲစေနိုင်သည့် လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန်များကို တွေ့ရှိကြောင်း မုံရွာခရိုင်ရဲ သတင်းရပ်ကွက်မှ သိရှိရသည်။ ဖြစ်ပွားပုံမှာ ယနေ့နံနက်၇နာရီခွဲက မုံရွာမြို့နေ ကိုကျော်ဆန်းဦးသည် ကွေ့ကြီးရပ်ကွက် အနောက်ဘက် ရေကန်အစပ်တွင် ကန်စွန်းရွက်ဆင်းခူးစဉ် အထုပ်တစ်ထုပ်ကို ခြေထောက်ဖြင့် နင်းမိသဖြင့် ကုန်းပေါ်သို့ ယူဆောင်ပြီး ဖွင့်ကြည့်ရာတွင် လက်ပစ်ဗုံးနှင့် ကျည်ဆန်များကို တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။