Pages

Sunday, May 26, 2013

နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီးတွင် ထူးခြားတဲ့ ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ နောက်သို့ပြန်တတ်နေ


နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။

ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်တစ်ခုရလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန် အစီအစဉ် ရှိ

ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်တစ်ခုရလျှင်
ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန် အစီအစဉ် ရှိ


ရန်ကုန်-မေ၂၆
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ (ဆီးဂိမ်း)အားကစားပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရွှေတံဆိပ်ရရှိပါက ရွှေတစ်ခုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန်အစီအစဉ် ရှိကြောင်းသိရသည်။
၎င်းအရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆုတံဆိပ်ပေါင်း ၁၅၅၇ ခုချီးမြှင့်မည်ဖြစ်ပြီးအားကစားနည်း ၃၃ နည်းအတွက် ရွှေတံဆိပ်၄၆၀၊ ငွေတံဆိပ် ၄၆၀၊ ကြေးတံဆိပ်၆၃၇ စုစုပေါင်း ၁၅၅၇ခုချီးမြှင့်မည်ဖြစ်ကြောင်းSeagames2013မှသိရသည်။

ရန်ကုန်-မေ၂၆
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ (ဆီးဂိမ်း)အားကစားပြိုင်
ပွဲဝင် မြန်မာအားကစားသမားများ ရွှေတံဆိပ်ရရှိပါက ရွှေတစ်ခုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန်အစီအစဉ် ရှိ
ကြောင်းသိရသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် မုန်တိုင်း ဖြစ်နိုင်ခြေရှိနေပြီ

27MAY1830
 မေလ ၂၇ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီ တွင် မုန်တိုင်းငယ် စတင် ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကွန်ပျူတာ မော်ဒယ်မှ ကြိုတင်ခန့်မှန်းပုံဖေါ်ထားသည့် ပုံ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်မှ အားကောင်းသည့်မုန်တိုင်းအဆင့်အထိ ရောက်ရှိနိုင်မည့်အခြေအနေများ ဖြစ်ပေါ်နိုင်ခြေကို ကြိုတင်ခန့်မှန်း
ပေးနိုင်ရန် ကြိုးစားလျှက်ရှိရာ အောက်ပါ ခန့်မှန်းချက်များကို ထပ်မံ၍ ရရှိပါသည်။

ရွှေသံလွင်ကုမ္ပဏီ၏ လျှပ်စစ်ဓါတ်တိုင်သွယ်တန်းမှုကြောင့် ရာဘာနှင့် နှစ်ရှည်ခံပင် ရာချီပျက်စီး

ရွှေသံလွင်ကုမ္ပဏီ၏ လျှပ်စစ်ဓါတ်တိုင်သွယ်တန်းမှုကြောင့် ရာဘာနှင့် နှစ်ရှည်ခံပင် ရာချီပျက်စီး
Sunday, May 26, 2013

ကရင်ပြည်နယ်၊ဘားအံမြို့တွင် ရွှေသံလွင်ကုမ္ပဏီသည် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်း ရာ လမ်းတစ်လျှောက်တွင် ဒေသခံများ၏ ရော်ဘာပင်များနှင့် နှစ်ရှည်ပင်များ မြောက်များစွာ ပျက်စီးပြီး သက်ဆိုင်ရာ ဒေသခံ များ လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ဒေသခံများကို ညှိနှိုင်းဖြေရှင်းမှုများ မလုပ်ဆောင်ဘဲ လျှပ်စစ်သွယ်တန်းရာလမ်းတစ် လျှောက် ပျက်စီးဆုံးရှုံးကြသည့် ဒေသခံများ၏ ရာဘာပင်များနှင့် အခြားနှစ်ရှည်ပင်များကိုလည်း လျော်ကြေးငွေ မရရှိကြောင်း ရာဘာနှင့် နှစ်ရှည်ပင် ပျက်စီးဆုံးရှုံးခံရသူ ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ရေကျော်၊ မဟော်ဂနီလမ်းမှ နန်းမြင့်မြင့်ဇင်က ပြော သည်။

“ကျမ ရာဘာခြံကို လျှပ်စစ်ဓါတ်တိုင်ဖြတ်တော့ ရာဘာပင်တွေ၊ နှစ်ရှည်ပင်တွေ ရာထောင်ချီပြီး ပျက်စီးသွားတယ်။ ဖြတ်တဲ့လမ်း ကြောင်းမှာ ဧက(၂၀)လောက် ရှိတာကိုး။ လျှပ်စစ်ဓါတ်တိုင် သွယ်တန်းတဲ့ ကန်ထရိုက် ဇော်မျိုးအောင်က ကျမကို ပြောတယ်။ ရွှေသံလွင် ကုမ္ပဏီသူဌေး လာရှင်းမယ်တဲ့။ အခုထိ ဘယ်သူမှ မလာဘူး။ ဘာလျော်ကြေးငွေမှ မပေးဘူး”ဟု ပြောသည်။

ယင်းသို့ ပျက်စီးသွားခဲ့သည့် ဒေသခံများ၏ နှစ်ရှည်ခံအပင်များကို ရွှေသံလွင်ကုမ္ပဏီက ဖြေရှင်းပေးရန်နှင့် ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာကို ဒေသခံများက သွားရောက် အကူအညီတောင်းမည်ဖြစ်ကြောင်း နန်းမြင့်မြင့် ဇင်က ပြောသည်။

ကရင်ပြည်နယ်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး စောကြည်လင်းက လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်းရာ၌ မလွဲမရှောင်သာ၍ ဒေသခံများ၏ အကျိုးစီးပွားများ ထိခိုက်မှုများရှိခဲ့သော် ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်ပြီး လုပ်ထုံးလုပ်နည်းအရ ပျက်စီးသွား သည့် ဒေသခံများ၏ ရာဘာပင်များ၊ နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေများ အဆင့်ဆင့် ပေးဆောင်ရမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ လုပ်ထုံးလုပ်နည်းအရဆိုရင် လျှပ်စစ်ဓါတ်တိုင်တွေ သွယ်တန်းရာမှာ အတတ်နိုင်ဆုံး ဒေသခံတွေရဲ့ အကျိုးစီးပွား မထိခိုက်အောင် လုပ်ရပါတယ်။ မရှောင်ကွင်းနိုင်လို့သာ ဒေသခံများရဲ့ အကျိုးစီးပွားများကို ထိခိုက်မှုများရှိခဲ့ရင် ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပျက်စီးသွားတဲ့ အရာတွေ၊ အပင်တွေကို လျော်ကြေးငွေများ ပေးဆောင်ရပါတယ်”ဟု စောကြည်လင်းက ပြောဆိုသည်။

ရွှေသံလွင်ကုမ္ပဏီမှ လုပ်ကိုင်နေသည့် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ သွယ်တန်းထားသော လျှပ်စစ်ဓါတ်တိုင်လမ်းတစ် လျှောက်ရှိ ဒေသခံများ၏ ရာဘာခြံများ၊ ဥယျာဉ်ခြံများအပြင် ဘားအံမြို့အဝေးပြေးကားဂိတ် အရှေ့ဘက် ကြာအင်းတောင်ခြေ ရင်းရှိ ဒေသခံများ၏ ရာဘာနှင့် နှစ်ရှည်ပင်များလည်း ပျက်စီးဆုံးရှုံးခဲ့သေးသည်။

ထိုပျက်စီးမှုများကို ရွှေသံလွင်ကုမ္ပဏီက ယခုအချိန်ထိ ဒေသခံများနှင့် လာရောက်ဆွေးနွေးမှုများ၊ လျော်ကြေးငွေများ ပေး ဆောင်ခြင်းများ မရှိသေးကြောင်း သိရှိရသည်။

KIC (Karen Information Center)

Sunday, May 26, 2013

ကရင်ပြည်နယ်၊ဘားအံမြို့တွင် ရွှေသံလွင်ကုမ္ပဏီသည် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်း ရာ လမ်းတစ်လျှောက်တွင် ဒေသခံများ၏ ရော်ဘာပင်များနှင့် နှစ်ရှည်ပင်များ မြောက်များစွာ ပျက်စီးပြီး သက်ဆိုင်ရာ ဒေသခံ များ လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုတော်ရဲလေး နှင့် သမ္မတရုံးဝန်ကြီးဋ္ဌာန(၄)ပြည်ထောင်စုဝန်ြ့ကီး ဦးအောင်မင်း၏ သမီး မအေးမြအောင်တို့ ၏ မင်္ဂလာ ဧည့်ခံပွဲ ယနေ့မနက်ပိုင်းကကျင်းပပြုလုပ်


Sunday, May 26, 2013
အဆိုတော်ရဲလေး နှင့် မအေးမြအောင်တို့ ၏ မင်္ဂလာ ဧည့်ခံပွဲ ကို မေလ ၂၆ ရက် နံနက် ၁၀ နာ၇ီ အချိန် က Stand Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်ကုတ် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဆန်းလွှင် ဓာတ်လိုက်သေဆုံး

26-5-2013
တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟာင်း တစ်ဦး ဖြစ်သူ ကိုဆန်းလွှင်သည် သူမောင်းနှင်နေသည့် အမြန်ရေယာဉ် တစ်ခုပေါ်တွင် ရုတ်တရက် ဓာတ်လိုက် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။ ကိုဆန်းလွှင်သည် တောင်ကုတ်နှင့် စစ်တွေ အကြား ပြေးဆွဲနေသော ရွှေပြည်တန် အမြန်ယာဉ်တွင် မာလိန်မှူး အဖြစ် တာဝန်ယူမောင်းနှင်နေစဉ် ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်း သူ၏ လုပ်ဖေါ် ကိုင်ဘက် တစ်ဦး ဖြစ်သူ ကိုမိုးနိုင်စိုးက ပြောသည်။

လုပ်ချင်သလိုလုပ်ခွင့်မရလို့ ဖြစ်ချင်သလိုဖြစ် ဆိုပြီး ဖိနပ်ချွတ်ကြမ်းပြင်ပေါ် ပစ်ချထားခံလိုက်ရတဲ့ လပွတ္တာမြို့မှ ၁၅၀၀ ဖုန်းကဒ်လျှောက်လွှာများ


မြို့နယ်အာဏာပိုင်ဦးဆောင်သောကော်မတီ အစီအစဉ်ဖြင့် ၂၄.၅.၂၀၁၃ နောက်ဆုံးသတ်မှတ် တင်ထား
သောလျှောက်လွှာများကို ရပ်ကွက်ကျေးရွာရုံးများသို့ပြောင်းလဲလျှောက်ထားရန် ညဖက်မှာမိုက်နဲ့ကြေငြာပြီး ၂၅ မနက် ဆက်သွယ်ရေးရုံးရှေ့ကြမ်းပြင် နှင့် မြက်ခင်းပေါ်တွင်စက္ကူစုတ်များလိုပစ်ချထားရာမြို့သူမြို့သား
များ လေးဘက်ထောက်၍မိမိတို့လျှောက်လွာများကို ရှာဖွေယူနေကြရကြောင်းသတင်းရရှိသည်။

တာချီလိတ်-တာလေ အဝေးပြေးလမ်းပေါ်တွင် ကားတစ်စီးတိမ်းမှောက်


26-5-2013

မေလ(၂၆)ရက်နေ့ မွန်းလွဲ(၁း၃၇)နာရီခန့်က တာချီလိတ်-တာလေသွား အဝေးပြေးလမ်းမပေါ်မှာ ကားတစ်စီး တိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။

ယာဉ်ကြောပိတ်ဆို့မှုများ ပြေလျော့စေရေး လမ်း (၃၀) မှတ်တိုင်အား ပြောင်းရွှေ့

25/May/2013
ရန်ကုန်မြို့တွင် ယာဉ်မောင်းသူများ အဆင်ပြေစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလျော့စေရေးအတွက် မြို့တွင်းမီးပွိုင့်နှင့် ကပ်လျက်ရှိသော လမ်း(၃၀) မှတ်တိုင်အား ကုန်ဈေးတန်း မှတ်တိုင်သို့ ပြောင်းရွှေ့ထား ကြောင်း ကြော်ငြာ ဆိုင်းဘုတ် ထားရှိသည်ကို ယင်းမှတ်တိုင်အနီးတွင် မေ ၂၁ ရက် နံနက်ပိုင်းက တွေ့မြင်ရသည်။

သံဃာတော်များအား ဆင်းတွန်းခိုင်းပြီး မောင်းပြေးသော Probox TAXI ယာဉ်အား ရဲတပ်ဖွဲ့မှ ၂၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး

၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်တွင် သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒသာရသည် ရေးမြို့မှ အောင်မင်္ဂလာအဝေးပြေးသို့
ရောက်ရှိလာပြီး Probox အဖြူရောင် အဌားယာဉ် (နံပတ်မမှတ်မိ)အား အတူပါဆရာတော် ဦးကောဝိဒ နှင့်အတူဌားရမ်းစီးလာစဉ် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆရာတော်များမှ ဆင်းတွန်းပေးရာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်းသိရသည်။

ရန်ကုန် ယာဉ်ထိန်းရဲ Nissa Fair Lady ပြိုင်ကား သုံးပြီ

ရန်ကုန် ယာဉ်ထိန်းရဲ Nissa Fair Lady ပြိုင်ကား သုံးပြီ



Sunday, May 26, 2013
ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ ပြိုင်ကားတစင်းကို ပထမဆုံး ယာဉ်ထိန်းရဲကားအဖြစ် အသုံးပြုတော့မှာ
ဖြစ်တယ်လို့ ၅၂ လမ်း ယာဉ်ထိန်းရဲ ရုံးက ပြောလိုက်ပါတယ်။ 

နာမည်ကြီး Nissan Fair Lady ပြိုင်ကားတစီးကို အခု မေလ ထဲမှာပဲ ဂျပန်နိုင်ငံက လှူဒါန်းလာတာကြောင့် ဒီကားကို ယာဉ်ထိန်းရဲကားအဖြစ်နဲ့လည်း အသုံးလိုနေတာကြောင့် ဒီပြိုင်ကားဟာ ပထမဆုံး ယာဉ်ထိန်းရဲ ပြိုင်ကား ဖြစ်လာမှာပါ။ 

အခုလို ပြိုင်ကား အကောင်းစားတစီးကို ယာဉ်ထိန်းရဲကားအဖြစ်နဲ့ အသုံးပြုရတာဟာ ညဖက်တွေမှာ အရှိန်ပြင်း မောင်းနှင်တဲ့ ကားတွေနဲ့ စည်းကမ်းဖျက် တိမ်းရှောင်ယာဉ်တွေကို လိုက်လံ ဖမ်းဆီးရာမှာ အသုံးပြုဖို့နဲ့ VIP ရှေ့ပြေး ယာဉ်အဖြစ်လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ နေပြည်တော် ယာဉ်ထိန်းရဲ ဋ္ဌာနက ရဲမှူးကြီး ကျော်ထွေးကို ကိုးကားပြီး ယနေ့ ထုတ်ကြေးမုံသတင်းစာက ဖော်ပြထားပါတယ်။ 

ယာဉ်ထိန်းရဲကားကို အခုလို လူကြိုက်များ ပြိုင်ကားအသုံးပြုလိုက်တာကြောင့် ရန်ကုန်မြို့မှာ ည အချိန်မတော် သောင်းကျန်းနေတဲ့ လူကြီးသားသမီးများဆိုတဲ့ ကားပြိုင်မောင်းတာနဲ့ ရမ်းကားမှုတွေ အတွက် ဘယ်လောက် အထောက်အကူဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ 

သတင်း  ဧရာဝတီ

Sunday, May 26, 2013
ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ ပြိုင်ကားတစင်းကို ပထမဆုံး ယာဉ်ထိန်းရဲကားအဖြစ် အသုံးပြုတော့မှာ
ဖြစ်တယ်လို့ ၅၂ လမ်း ယာဉ်ထိန်းရဲ ရုံးက ပြောလိုက်ပါတယ်။

စင်ကာပူကျောင်းလခ နှုန်းထားဖြင့် သြစတြေးလျတွင် ကျောင်းတက်ရောက်နိုင်မည်

နိုင်ငံတကာ ကျောင်းများတွင် ကျောင်းတက်ရင်း အောင်မြင်မှု အခွင့်အလမ်းများ ရရှိလာရန် ကြိုးစားနေသော မြန်မာကျောင်းသားများအတွက် စီးပွားရေး ကဏ္ဍများကို သင်ယူလေ့လာနိုင်ပြီး စင်ကာပူဒေါ်လာ ၃၇၀၀ မှ ၅၀၀၀ အထိ ပညာသင်ဆုပါ လျှောက်ထားနိုင်သော အခွင့်အလမ်းကောင်းတစ်ခုရှိကြောင်း Crown Education မှ သိရသည်။

အာရှခြေစစ်ပွဲတွင်တွင် “အောင်ပွဲနဲ့အတူ ပြန်လာသော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊၂၈ ရက်နေ့ မနက် ၇ နာရီ ရန်ကုန်လေဆိပ် ပြန်ရောက်မည်”

“အောင်ပွဲနဲ့အတူ ပြန်လာသော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊၂၈ ရက်နေ့ မနက် ၇ နာရီ ရန်ကုန်လေဆိပ် ပြန်ရောက်မည်”

အာရှခြေစစ်ပွဲတွင်တိုင်ပေအသင်းကို ဂိုးမရှိသရေ ကစားပြီး မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း ကခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်၍အောင်ပွဲနဲ့အတူ ပြန်လာသော
 မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ၂၈ ရက်နေ့ မနက် ၇ နာရီ တွင်အမိမြန်မာပြည်ရန်ကုန်လေဆိပ်သို့  ပြန်လည်ရောက်မည်ဖြစ်ကြောင်းသိရသည်။ဓါတ်ပုံ-အိုကိုချာ

အာရှခြေစစ်ပွဲတွင်တိုင်ပေအသင်းကို ဂိုးမရှိသရေ ကစားပြီး မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း ကခြေ
စစ်ပွဲ အောင်မြင်သွားပြီဖြစ်၍အောင်ပွဲနဲ့အတူ ပြန်လာသောမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ၂၈ 
ရက်နေ့ မနက် ၇ နာရီ တွင်အမိမြန်မာပြည်ရန်ကုန်လေဆိပ်သို့  ပြန်လည်ရောက်မည်ဖြစ်ကြောင်းသိရသည်။

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းတွင် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီနှစ်ခုကိုသာ ရွေးချယ်သွားမည်

Sunday, May 26, 2013
အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းတွင် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီနှစ်ခုကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးအောင်မြင့်မော်၏ ပြောကြားချက်အရ သိရသည်။

စမ်းချောင်းမြို့နယ်၌ နှစ်ထပ်တိုက် ဖြိုဖျက်နေစဉ် ဆန်းရှိတ်ပြိုကျရာမှ လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

စမ်းချောင်းမြို့နယ်၌ နှစ်ထပ်တိုက် ဖြိုဖျက်နေစဉ် ဆန်းရှိတ်ပြိုကျရာမှ လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

    Created on Sunday, 26 May 2013 01:50 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက် ရှင်စောပုလမ်း၊ ခြံအမှတ် (၁) တွင် မေ ၂၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ဖြိုလက်စ နှစ်ထပ်တိုက် ဖြိုဖျက်နေစဉ် ဆန်းရှိတ်ပြိုကျရာမှ လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အိမ်ဟောင်းဖျက်ခွင့် တင်ထားဆဲဖြစ်သည့် ယင်းနှစ်ထပ်တိုက်အား အင်ဂျင်နီယာ ဦးအေးသိန်းက တာဝန်ယူပြီး အလုပ်သမားခေါင်းဆောင် ကိုဝင်းညိုနှင့်အဖွဲ့မှ ဖြိုဖျက်နေစဉ် ဖျက်လက်စတိုက်၏ ဆန်းရှိတ်ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုလက်စ နှစ်ထပ်တိုက်၏ ဆန်းရှိတ်ပြိုကျမှုကြောင့် ထွန်းလွင်ဖြိုး (၂၂) နှစ်၊ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နေသူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အောင်ချမ်းသာရပ်ကွက်ရှိ ရာအိမ်မှူး ဦးမိုးမြင့်အောင်က ဆိုသည်။

ထို့နောက် ဆန်းရှိတ်ပြိုကျရာတွင် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသရာတွင် ရှိန်းကို (၂၂) နှစ်၊ ပုသိမ်မြို့နှင့် မိုးကျော်သူ (၂၇) နှစ်၊ ၀ါးခယ်မမြို့တို့သည် ဦးခေါင်းကွဲကြေ၊ ခါးရိုးကျိုး ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ကြောင်း စမ်းချောင်းရဲစခန်းမှ စခန်းမှူး သိန်းအေးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အအုံရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက "တိုက်ဖြိုဖျက်တဲ့ နေရာမှာ အန္တရာယ်မရှိအောင် လုပ်ရမယ်ဆိုတဲ့ ခံဝန်ရှိတယ်။ ခံဝန်ထိုးပြီးမှလည်း ဖျက်လို့ရတယ်။ အခုလိုမျိုး ကိစ္စတွေ ဖြစ်လာရင် တာဝန်ရှိတဲ့လူကို လုပ်ငန်းလိုင်စင် ပိတ်မယ်" ဟု ပြောသည်။

အဆိုပါ ဖြိုလက်စ နှစ်ထပ်တိုက်၏ သက်တမ်းသည် နှစ်ပေါင်း ၆၀ ကျော်ရှိကြောင်း သိရပြီး ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် တာဝန်ရှိသူကို စမ်းချောင်းမြို့နယ် ရဲစခန်းက ပုဒ်မ ၃၀၄ (က)/၃၃၈ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စခန်းမှူးသိန်းအေးက ပြောကြားသည်။


အခင်းဖြစ်ပွားရာ ဖြိုလက်စ နှစ်ထပ်တိုက်အား တွေ့ရစဉ်


အေးချမ်းမွန် Credit & Copy From >Eleven Media Group< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
အခင်းဖြစ်ပွားရာ ဖြိုလက်စ နှစ်ထပ်တိုက်အား တွေ့ရစဉ်
Sunday, 26 May 2013
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက် ရှင်စောပုလမ်း၊ ခြံအမှတ် (၁) တွင် မေ ၂၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ဖြိုလက်စ နှစ်ထပ်တိုက် ဖြိုဖျက်နေစဉ် ဆန်းရှိတ်ပြိုကျရာမှ လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၂-၁၃ ဘောလုံးရာသီအတွက် ဥရောပချန်ပီယံလိဂ်ဖလား ဘိုင်ယန်မြူးနစ်အသင်းကရရှိသွား



၂၀၁၂-၁၃ ဘောလုံးရာသီအတွက်ဥရောပချန်ပီယံလိဂ်ဖလားအားဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်း
ကို (၂-၁)နဲ့ အနိုင်ရရှိပြီး လက်ခံရယူသွားခဲ့ပါတယ်။