Pages

Sunday, May 19, 2013

White House Down သို့မဟုတ် အမေရိကန်အိမ်ဖြူတော် ကျဆုံးခြင်းရုပ်ရှင်ဇာတ်ကား

အမေရိကန်အိမ်ဖြူတော် ကျဆုံးခြင်း သို့မဟုတ် White House Down ရုပ်ရှင်

အမေရိကန် အိမ်ဖြူတော် အပြင်မှာ တကယ် ကျဆုံးမဆုံးတော့ မသိဘူး။ White House Down  ရုပ်ရှင်ထဲမှာတော့ ဖွတ်ဖွတ်ကြေသွားတဲ့ အမေရိကန် အိမ်ဖြူတော် ကို မြင်တွေ့ရမှာပါ။

အမေရိကန်ဒေါ်လာ သန်း ၁၅၀ အကုန်ကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်လေ။ Paramilitary လို့ခေါ်တဲ့ အစိုးရလက်အောက်က မဟုတ်သော အမေရိကန် စစ်တပ်တစ်ခုရဲ့  ပုန်ကန်မှုအကြောင်းလေးပါ။ အာဏာသိမ်းဖို့ အတွက် အိမ်ဖြူတောကို ထိုးစစ်ဆင်တယ်။ သမ္မတရဲ့  Air Force One လေယာဉ်ကို ပစ်ချတယ်။ သမ္မတကို သတ်ဖို့ ကြိုးစားပါတယ်။

Secret Agent မှ အပယ်ခံတဲ့ အမေရိကန် သာမန် ရဲ တစ်ယောက် ဖြစ်တဲ့ John Cale မှ သူရဲကောင်း လုပ်မယ့် ရပ်ရှင်လေးပါ။ သူ့နေရာမှာ ယခု နောက်ပိုင်း ဇာတ်ကား အထွက်များလာတဲ့  Channing Tatum အမည်ရ မင်းသားက ပါဝင်ပါမယ်။ G.I.Joe ထဲကလို Battle အက်ရှင်ကောင်းကောင်းနဲ့ Channing က သရုပ်ဆောင်ထားပါတယ်။ 

တမူထူးခြားတဲ့ အမေရိကန် နိုင်ငံရေး အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင် ကြည့်ရှု လို သူများအတွက် Columbia Pictures မှ ဇွန်၂၈ ရက်နေ့မှာ ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်း သိရပါတယ်။

-
ရုပ်ရှင် အမြည်းကြည့်ရှုရန် -  

http://youtu.be/4AXbiCdmXgw

International news for myanmar

http://www.innewsmyanmar.com/2013/05/white-house-down.html

--

အမေရိကန် အိမ်ဖြူတော် အပြင်မှာ တကယ် ကျဆုံးမဆုံးတော့ မသိဘူး။ White House Down ရုပ္ရွင္ထဲမွာေ
တာ့ ဖွတ်ဖွတ်ကြေသွားတဲ့ အမေရိကန် အိမ်ဖြူတော် ကို မြင်တွေ့ရမှာပါ။အမေရိကန်ဒေါ်လာသန်း ၁၅၀အ
ကုန်ကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်လေ။ Paramilitary လို့ခေါ်တဲ့ အစိုးရလက်အောက်ကမဟုတ်သောအမေရိ
ကန် စစ်တပ်တစ်ခုရဲ့  ပုန်ကန်မှုအကြောင်းလေးပါ။

မိတ္ထိလာမွတ်စလင်မ် င်္သချိုင်းကို မတရား ထပ်ကျော့သိမ်းရန်ရာဇသံပေး

မိတ္ထိလာမွတ်စလင်မ် င်္သချိုင်းကို မတရား ထပ်ကျော့သိမ်းရန်ရာဇသံပေး

အရင်တုန်းကတော့ အခြေအနေ အရခွင့်လွတ်လိုက်တယ်။အခုတော့ ပုဒ်မ ၁၄၄ ထုတ်ထားတာ၊လုပ်ထုံးလုပ်နည်းတွေ အကုန်လုပ်တတ်တယ် ပာု ဗိုလ်မှုးကြီးအောင်ကျော်မိုး ခြိမ်းခြောက်

မေ ၁၉ ။၂၀၁၃
မိုးချစ်သူ

 မိတ္ထိလာမြို့မှာရှိတဲ့ မွတ်စလင်မ်င်္သချိုင်းကို အခု အခါမှာ စည်ပင်ကသိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ တစ်ပတ်အတွင်း ပြောင်းရွေ့စရာရှိတာပြောင်းရွေ့ဖို့နဲ့ အဲသလိုမှ မပာုတ်ရင်တော့ နှုတ်နဲ့ပြောမရရင် လုပ်ထုံးလုပ်နည်းတွေ အကုန်လုပ်တတ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီး ဗိုလ်မှုးကြီး အောင်ကျော်မိုး က မြို့ခံ မွတ်စလင်မ်တွေ ကို ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

ယနေ့နေ့လည် ၁၂ နာရီက ခရိုင်ထွေအုပ်ရုံးမှာ ဘာသာပေါင်းစုံ ကိုယ်စားပြုပုဂ္ဂိုလ်တွေအပြင် မြို့မိမြို့ဖတွေကို နယ်စပ်ရေးရာ နှင့်လုံခြုံရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်မှုးကြီးအောင်ကျော်မိုး က အထက်ပါအတိုင်းအစ္စလာမ်ကိုစားပြုတက်ရောက်သူတွေကိုခြိမ်းခြောက်ပြော
ကြားလိုက်တာဖြစ်တယ်လို့ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာ
ကိုပြောပါတယ်။

ဖျက်သိမ်းပြီး ဦးပိုင်ကိုရောင်းစားတော့မှာ ဖြစ်တဲ့ မိတ္ထိလာမွတ်စလင်မ်င်္သချိုင်းကို ၂၀၁၀  ခုနှစ်တုန်းကလည်း ဦးပိုင်က ဘူဒိုဇာနဲ့ညပိုင်းသူခိုးထွက်ချိန်မှာ ဖျက်ဆီးခဲ့ပေမယ့် အပြီးရောက်တဲ့အထိ အထ မမြောက်ခဲ့ဘဲ နံနက်ဝေလီဝေလင်း အချိန်မှာ မွတ်စလင်မ် အင်အား ၁၀၀ လောက်က သွားရောက်ကန့်ကွက်ခဲ့တဲ့ အတွက် အဖျက်လုပ်ငန်းစဉ်ကို ရပ်နားထားရဖူးပါတယ်။

“ငါတို့ ဦးပိုင်ကို တော်တော်ရှင်းလိုက်ရဖူးတယ်။အရင်တုန်းကတော့ အခြေအနေ အရခွင့်လွတ်လိုက်တယ်။အခုတော့ ပုဒ်မ ၁၄၄ ထုတ်ထားတာ၊လုပ်ထုံးလုပ်နည်းတွေ အကုန်လုပ်တတ်တယ်လို့ ဗိုလ်မှုးကြီးအောင်ကျော်မိုး ကဒီနေ့ ခြိမ်းခြောက်လိုက်ပါတယ်”လို့လည်း မိတ္ထှိလာမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ယခင်တုန်းကတော့ မွတ်စလင်မ်င်္သချိုင်းကို ဖျက်ဆီးပြီး ဗန္ဓုလုမ္ပဏီပိုင် တော်ဝင်ယဉ်လိုင်းကားဂိတ်လုပ်ဖို့ကြံရွယ်ခဲ့ဖူးတယ်လို့လဲသိရပါတယ်။

မွတ်စလင်မ်င်္သချိုင်းက၁၉၃၁ ခုနှစ်ကတည်းက ဂရန် အမည်ပေါက်ထားတာပါ။သာသနာ့မြေလို့သတ်မှတ်ထားတာပါ။မြေပုံမြေရာဇ၀င်မှာ မပာာမေဒင် င်္သချိုင်းလို့ပဲပါတယ်။ စည်ပင်လို့လည်း မပါဘူး၊ဦးပိုင်လို့လည်း မပါဘူး  လို့ မိတ္ထိလာမြို့က ဥပဒေပညာရှင်တစ်ဦးကပြောပါတယ်။

ခရိုနီအုပ်စုတွေ သားရေကျတဲ့ မိတ္ထိလာ မွတ်စလင်မ်င်္သချိုင်းပာာ မိတ္ထိလာ-မန္တလေး ကားလမ်းပေါ်ရှိ အောင်ဇေယျာ ရပ်ကွက် မှာတည်ရှိပါတယ်။ယခုအခါ မြုပ်နှံ့ခွင့်မရတဲ့ အတွက် မြို့အင်္ဂါရပ်နဲ့ ညီအောင် ဥယျာဉ်တည်ဆောက်ခွင့် အတွက် အစ္စလာမ်ဘာသာဝင်တွေရဲ့တောင်းခံချက်ကို ပယ်ချခဲ့ပြီး ခရီုနီလက်ထဲရောင်းစားခဲ့တာဖြစ်ပါတယ်။

“မြေလိုချင်လို့လုပ်တာရှင်းပါတယ်။ပြသနာတွေဖန်တီးပြီးရင် အာဏာပိုင်တွေက ခရိုနီတွေနဲ့ပေါင်းပြီး အရောင်းအ၀ယ်တွေလုပ်ကြတယ်။ဈေးတွေတုန်းကလည်း မီးရှို့ပြီးရင် ရောင်းစားတာပါပဲ”လို့ လည်းအာဏာပိုင်တွေနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်က သုံးသပ်ပါတယ်။

အစည်းအဝေးတက်ရောက်တဲ့ မိတ္ထိလာမြို့နယ် အိုလမာသာသနာ့ ပညာရှင်များအဖွဲ့  ဥက္ကဌ ဦးဇော်နိင်(ခ)မောင်လာနာ ယူုစွဖ် ကတော့ င်္ဒီ ကိစ္စနဲ့ပတ်သက်လို့ ဒေသခံ မွတ်စလင်မ်ခေါင်းဆောင်တွေ အနေနဲ့ဆုံးဖြစ်ခွင့်မရှိကြောင်းနဲ့ မိတ္ထိလာမွတ်စလင်မ်င်္သချိုင်းအတွက်လုပ် ပိုင်ခွင့် အလုံးစုံကို အစ္စလမ့်ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့ထံလွဲပြောင်းပေးထားပြီးဖြစ်ကြောင်း အစည်းအဝေးမှာ တြုံ့ပန်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

မေ ၁၉ ။၂၀၁၃

မိတ္ထိလာမြို့မှာရှိတဲ့ မွတ်စလင်မ်င်္သချိုင်းကို အခု အခါမှာ စည်ပင်ကသိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ တစ်ပတ်အ
တွင်း ပြောင်းရွေ့စရာရှိတာပြောင်းရွေ့ဖို့နဲ့ အဲသလိုမှ မပာုတ်ရင်တော့ နှုတ်နဲ့ပြောမရရင် လုပ်ထုံးလုပ်နည်း
တွေ အကုန်လုပ်တတ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီး ဗိုလ်မှုးကြီး အောင်ကျော်မိုး က မြို့ခံ မွတ်စလင်မ်တွေ ကို ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်

၈၈မျိုးဆက်ကျောင်းသားများရဲ့ Facebook အမည်ကို ယနေ့စတင်ပြောင်းလဲ

Sunday, May 19, 2013

၁၉၈၈ ခုနှစ်က ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ ရှေ့တန်းက ပါဝင်ဦးဆောင်ခဲ့ကြသူတွေပါဝင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ဖေ့စ်ဘုတ်အမည်ကို ယနေ့စတင် ပြောင်းလဲလိုက်တယ် လို့ သိရပါတယ်။ "၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ Facebook အမည်အား

Android ဖုန်းပိုင်ရှင်တွေအတွက် VZO Chat For Android

Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာ
ပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။

မောက်စံရွာ NLD ပါတီဝင်တွေကို PNA အဖွဲ့က ပါတီဝင် အဖြစ်ကနေ နှုတ်ထွက်စေခိုင်း

မောက်စံရွာ NLD ပါတီဝင်တွေကို PNA အဖွဲ့က ပါတီဝင် အဖြစ်ကနေ နှုတ်ထွက်စေခိုင်း

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော် PNA  အဖွဲ့က  တောင်ကြီးမြို့နယ်၊ မောက်စံကျေးရွာက ဒေသခံ NLD ပါတီဝင်တွေကို ပါတီဝင်အဖြစ်က နှုတ်ထွက်ခိုင်းတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို NLD ပါတီက ဒီကနေ့ တိုင်ကြားစာတစ်စောင်  ပေးပို့လိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းကကျင်းပတဲ့ တောင်ကြီးခရိုင် NLD ပါတီ အရေးပေါ်အစည်းအဝေးမှာ  ဆုံးဖြတ်ချက်ချပြီး အခုလိုတိုင်ကြားခဲ့တာဖြစ်တယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ PNO က လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တစ်ခြားသော နိုင်ငံရေးပါတီတစ်ခုက ပါတီဝင်တွေကို နှုတ်ထွက်ခိုင်းတယ်ဆိုတာက ရွေးကောက်ပွဲကော်မတီရဲ့ ဥပဒေနဲ့ ငြိစွန်းနေပါတယ်၊ အဲဒီအတွက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော သတိပေးတားမြစ်တာမျိုးတွေ လုပ်စေချင်ပါတယ်၊ အဲဒါကိုလည်း ကျနော်တို့ဆွေးနွေးပါတယ်”

PNA ပအိုဝ်းစစ်သားတွေဖက်က လယ်မြေတွေ သိမ်းဆည်းထားတာကို ပြီးခဲ့တဲ့ရက်ပိုင်းက မောက်စံကျေးရွာက NLD ပါတီဝင်တောင်သူတွေက  ပြန်လည်ထွန်ယက်ခဲ့တဲ့အတွက်  ပအိုဝ်းစစ်သားတွေက အဲ့ဒီကျေးရွာတွေက ပါတီဝင်တောင်သူတွေအားလုံးကို နှုတ်ထွက်ဖို့ စေခိုင်းခဲ့တာလို့ သိရပါတယ်။

ဆတ်သေကျေးရွာက ပါတီဝင်တစ်ချို့ ဒီကနေ့ရောက်ရှိလာပြီး ဆတ်သေနဲ့ မြေမဲကျေးရွာတွေက ဒေသခံ NLD ပါတီဝင် ၅၇ ဦးရဲ့ နှုတ်ထွက်စာတွေ လာတင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို ဖြစ်လာတဲ့အတွက် လက်ရှိဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးအရေးယူပေးဖို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တို့ကို  တောင်ကြီးခရိုင် NLD ပါတီက တိုင်ကြားစာပေးပို့ခဲ့ကြတာဖြစ်ပါတယ်

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO လက်အောက်ခံ ပအိုဝ်းအမျိုးသား
တပ်မတော် PNA အဖွဲ့က တောင်ကြီးမြို့နယ်၊ မောက်စံကျေးရွာက ဒေသခံ NLD ပါတီဝင်တွေကို ပါတီဝင်
အဖြစ်က နှုတ်ထွက်ခိုင်းတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို NLD ပါတီက ဒီကနေ့ တိုင်ကြားစာ
တစ်စောင် ပေးပို့လိုက်ပါတယ်။

မီတာတစ်လုံး တပ်ဆင်ရန် ၁၀ သိန်းပေးရခြင်းကြောင့် ပေါင်မြို့နယ်တွင်ဆန္ဒပြ

မီတာတစ်လုံး တပ်ဆင်ရန် ၁၀ သိန်းပေးရခြင်းကြောင့် ပေါင်တွင်ဆန္ဒပြ

မော်လမြိုင်၊ မေ ၁၈

ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာရှိ မီးလင်းရေးကော်မတီအဖွဲ့များ၏ လျှပ်စစ်မီတာတစ်လုံးကို ၁၀ သိန်းဖြင့် ၎င်းကော်မတီမှ ရောင်းချခြင်းကြောင့် မေလ ၁၈ရက်နေ့ မနက် ၁၀နာရီတွင် ဒေသခံပြည်သူများက လူအင်အား ၁၀၀ကျော်ဖြင့် ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်မှ၊ ကဒုံစီရပ်ကွက် ဘီအိုစီလမ်းထောင့်ထိ င်ြမ်းချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ပေါင်မြို့နယ်ရှိ ကျေးရွာများမှဒေသခံများသည် ၎င်းတို့ကျေးရွာလျှပ်စစ်မီရရှိစေရန် မီးလင်းရေးကိစ္စများမှ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော ငွေကြေးများ ပြည့်ပြီးသော်လည်း မီတာဈေးနုန်းများ မလျှော့ကျသည့်အပြင် ဈေးနုန်းများ ထပ်မံတိုးကောက်ခံခြင်းကြောင့် ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ကြောင် ဆန္ဒပြသူများက ပြောသည်။

ဆန္ဒပြသူများမှ ပါတီထောင်တာ မြေသိမ်းပြီး ငွေတောင်းဖို့မဟုတ်ဘူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဖွဲ့ပေးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ တင်ပြချက်များ မှန်လည်းမှန် ပွင့်လင်းမှုလည်းရှိပါစေ၊ ကျာဘိုကျေးရွာရှိ အလက ကျောင်းမြေနေရာပြန်ပေးပါ၊ ဗီနိုင်းပိုစတာများ ကိုင်ဆောင်ပြီးဆန္ဒပြခဲ့ကြသည်။

မော်လမြိုင်၊ မေ ၁၈
ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာရှိ မီးလင်းရေးကော်မတီအဖွဲ့များ၏ လျှပ်စစ်မီတာတစ်လုံးကို ၁၀ သိန်းဖြင့် ၎င်းကော်မတီမှ ရောင်းချခြင်းကြောင့် မေလ ၁၈ရက်နေ့ မနက် ၁၀နာရီတွင် ဒေသခံပြည်သူများက လူအင်အား ၁၀၀ကျော်ဖြင့် ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်မှ၊ ကဒုံစီရပ်ကွက် ဘီအိုစီလမ်းထောင့်ထိ င်ြမ်းချမ်း
စွာလမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

မေလ (၁၈) ရက်နေ့က ရန်ကုန်၊ မဟာစည် သာသနာ့ရိပ်သာမှာ တေးသံရှင် ရဲလေး နှင့် အေးမြအောင် တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကျင်းပပြုလုပ်


မေလ (၁၈) ရက်နေ့က ရန်ကုန်၊ မဟာစည် သာသနာ့ရိပ်သာမှာ တေးသံရှင် ရဲလေး နှင့် အေးမြအောင် တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

ဘင်္ဂလာဒေ့ခ်ျ နယ်စပ်တစ်လျှောက်က ခိုးဝင်လာပြီး ရခိုင်လူမျိုး ဟန်ဆောင်ကာ ရခိုင်ဒေသခံ အစ္စလာမ်ဘာသာဝင်များကိုလိုက်လံသတ်ဖြတ်နေတဲ့ ALP အကြမ်းဖက်ဂိုဏ်း

ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား ဘင်္ဂလာရခိုင်များ မြန်မာနိုင်ငံထဲ စိမ့်ဝင်လာနေခြင်းအား တားဆီး ကန့်ကွက်ရန် သင့်မှာလည်း တာဝန်ရှိသည်။

ဘင်္ဂလာဒေ့ခ်ျ နယ်စပ်တစ်လျှောက်က ခိုးဝင်လာပြီး သူတို့ကို သူတို့ ရခိုင်လူမျိုး ဟန်ဆောင်နေသော
ဘင်္ဂါလာခေါတော ရခိုင်အတုများကို ဖေါ်ထုတ်အရေးယူဖို့ သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် မဖြစ်မနေထည့်သွင်း စဉ်စားဖို့ အချိန်အခါက တောင်းဆိုနေပါပြီး။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်တစ်လျှောက်မှာ နေထိုင်နေတဲ့ဘင်္ဂလာဒေ့ခ်ျနိုင်ငံသားဘင်္ဂါလာဗုဒ္ဓဘာသာ
ဝင်များ နှစ်စဉ်း (၂၀၀၀) နှစ်ထောင် ကနေ (၃၀၀၀)သုံးထောင်ကျော် တို့သည် ၎င်းတို့၏ အိုးအိမ်များကိုဆွေမျိုးများအား ပေးအပ်ကာ မြန်မာနိုင်ငံဘက်သို့ ကူးဝင်လာနေကြောင်း ဘင်္ဂလာအစိုးရမှ တရားဝင်သတင်းထုတ်ပြန်ချက်အရသိရသည်။ အလားတူ သတင်းမျိုးကို ဘင်္ဂလာဒေ့ခ်ျအစိုးရမှ တစ်နှစ်လျှင်တစ်ကြိမ်းပုံမှန် ထုတ်ပြန်လေ့ရှိပါတယ်။

ဘင်္ဂလာ-မြန်မာနယ်စပ် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ရွာတော်ခရိုင် ရုန်မော်မြို့နယ် ရုန်မော်မြို့ နယ် ဆိုတာ ဘင်ဒရိုဘင်ခရိုင်က ဘင်္ဂါလာ ရခိုင် ဗုဒ္ဓဘာသာ သက်သက်သာ နေထိုင်ရာ
ရွာများဖြစ်သည်။ အဆိုပါ မြို့နယ်တဝိုက်၌ ရှေ့ ယခင်ကတည်းက နေထိုင်လာသော ဘင်္ဂါလာရခိုင်
ဗုဒ္ဓဘာသာ များသည် ရွာလုံးကျွတ် ရခိုင်ပြည်နယ်သို့ ခိုးဝင်လာပြီးလျှင် ထိုမှတဆင့် ပြည်မဘက်သို့
ရွေ့ ပြောင်းနေထိုင်လာသူများ သိန်းပေါင်းများစွာရှိနေပါပြီး ၎င်းတို့ထဲမှ ပညာတတ်အချိုဆိုလျှင်
လွှတ်တော်အပါဝင် လုပ်ပိုင်ခွင့်ရှိသော အာဏာရှိနေရာ အတောများများမှာ နေရာယူထားပြီး၍ ယခု အခါ ရခိုင်ပြည်နယ်ကို ခွဲထွက်ပြီး ဘင်္ဂါလာရခိုင်အတု သမ္မတနိုင်ငံ ထူထောင်ရန် အပြင်းအထန်ကြိုးစား အားထုတ် လာသဖြင့် ရခိုင်ပြည်နယ်အတွက် ရင်လေးမိပါတယ်။ 

ဘင်္ဂလာဒေ့ခ်ျက ခိုးဝင်လာတဲ့ ဘင်္ဂါလီမူစလင်များကို စစ်ဆေးဖေါ်ထုတ်ရတာ လွယ်ကူသလောက်
ဗုဒ္ဓဘာသာဝင် ဖြစ်နေသော ဘင်္ဂါလီရခိုင်များကိုမူ စစ်ဆေးဖေါ်ထုတ်ရန် အလွန် ခတ်ခဲ နိုင်ပါသည်။
အဘယ့်ကြောင်းဆိုသော ၎င်းတို့သည် ရခိုင်တိုင်းရင်းသားများနှင့် ဘာသာတူ ရုပ်ရည်တူ လူမျိုးတူတွေ
ဖြစ်နေလို့ပါဘဲ။

သမ္မကြီးကိုယ်တိုင် ဘင်္ဂလာဒေ့ခ်ျဘက်က ဘင်္ဂါလီမူစလင်တွေ ခိုးဝင်လာတာ မရှိသလောက်ဘဲလို့
တရားဝင် ထုတ်ဖေါ်ပြောကြားခဲ့သလို့ ဘင်္ဂလာဒေ့ခ်ျဘက်က ခိုးဝင်လာနေတဲ့ ဘင်္ဂါလီ ဗုဒ္ဓဘာသာ
ရခိုင်အနွယ်များကိုလည်း အချိန်မှီ စစ်ဆေးဖေါ်ထုတ်ပြီး တရားဝင် ထုတ်ပြန် ကြေညာစေချင်ပါတယ်။
ကျနော် တောင်းဆို သကဲ့သို့ မြန်မာလူထု တစ်ရပ်လုံးကလည်း လိုလား တောင်းဆိုမိမယ်လို ယုံကြည်
မိပါတယ်။
ဤကိစ္စကို အခုကတည်းက နိုင်ငံတော်အစိုးရအနေနဲ့ ထည့်သွင်း မစဉ်စားခဲ့ရင် ရခိုင်ပြည်နယ်ကြီး
တစ်ခုလုံး ရခိုင်ဟန်ဆောင် နေသူ ဘင်္ဂါလီရခိုင် ဗုဒ္ဓဘာသာတို့လက်ထဲကျရောက်သွားမှတော့
ဘာမှတတ်နိုင်လိမ့်မည်မဟုတ်။

ရခိုင်ပြည်နယ်မှာ လုပ်ပိုင်ခွင့် အာဏာအားလုံးကို အစိုးရဘက်က လွှဲပြောင်း မပေးခင် ထိုပြည်နယ်ရဲ့ 
အနာဂတ်ကို မြင်နိုင်အောင်ကြည့်စေချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ မိမိကိုယ်ကို ရခိုင်ပါဟု ကြွေးကြော်
နေသူ ထက်ဝက်ကျော်တို့သည် မိမိတို့ နိုင်ငံသားမဟုတ် တဘက်နိုင်ငံက ခိုးဝင်လာပြီး မိမိတို့ရဲ့  ပိုင်နက်
ကို လုယူရန် ရောက်ရှိနေသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ဘင်္ဂါလီ ဗုဒ္ဓဘာသာ ရခိုင်အနွယ်ဝင်များဆိုတာ
ကိုပါ တပါးတည်း ထည့်သွင်းစဉ်စားဖို့လိုပါ လိမ်မယ်။



ရခိုင်ပြည်နယ်မှာ အခုတလော အကြမ်းဖက် သောင်းကျန်နေသော ALP ခေါ် ဘင်္ဂါလီ ခေါတော ရခိုင်
အနွယ်ဝင်အများဆုံးဖြင့် ဖွဲ့စည်းထားသော အကြမ်းဖက်သမားအုပ်စုတို့၏ အကြမ်းဖက် မီးရှို့ 
မုဒိမ်း၊ လုယက်မှုများတွင် အရပ်သား ဟန်ဆောင်၍ နောက်ကွယ်က အကြမ်းဖက်းသောင်းကျန်နေသော
ALP အားသမ္မတကိုယ်တိုင် အကြမ်းဖက်သမားဟုသက်မှတ်ခဲ့သည်ကို အောက်မှာ မူရင်း အတိုင်းဖတ်ပါ။

ရခိုင်ပြည်နယ်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက် ၂⁄ ၂၀၁၂ တွင် အပိုဒ်(၄) တွင်

 ” ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထား များကို တွေ့ရှိရပါသည်။” ဟုထည့်သွင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။

နိုဝင်္ဘာ ၁၀ ရက်နေ့က ထိုင်နိုင်ငံချင်းမိုင်ကို ရောက်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ  ဦးအောင်မင်းကလည် သမ္မတကြီး ပြောခဲ့တဲ့အတိုင်း 
ALP အကြမ်းဖက်သမားအုပ်စုကို အတိအလင်း ပြောဆိုသတိပေးခဲ့ပါသေးတယ်။
 ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းဆိုတာ ALP အကြမ်းဖက် သောင်းကျန်သူ အုပ်စုကို
ဆိုလိုတာပါ။

သမ္မတကြီး ဦးသိန်းစိန်ရဲ့  ကြေညာချက် ထွက်လာအပြီးမှာ ALP ဘင်္ဂါလီရခိုင် အကြမ်းဖက်သမား
အုပ်စုတို့ဘက်က လက်စားချေ တုံ့ပြန်တဲ့အနေနဲ့ မဆီမဆိုင် ဘင်္ဂလာ-မြန်မာနယ်စပ်တွင် အလုပ်
လုပ်နေသော မြန်မာတပ်မတော်သားများအား ရှောင်တခင် ဝင်ရောက် ပစ်ခတ်၍ GE တပ်သား
တစ်ဦးကို အသေပစ်သတ်ပြီး ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ALP အကြမ်းဖက်သမားများမှ
ဖမ်းဆီးခေါ်ဆောင်သွားသော GE တပ်ဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလာ-မြန်မာနယ်စပ်ရှိ ALP ဘင်္ဂါလီရခိုင်
အကြမ်းဖက်သမားတို့ ခိုအောင်ရာ အကြမ်းဖက် သင်တန်းစခန်းများတွင် ချုပ်နှောင်းထားပြီး ညှင်းပန်း
နှိပ်စက်မှုများလုပ်နေကြောင်းသိရသည်။

မြန်မာ- ဘင်္ဂလာနယ်စပ်တွင် မြန်မာတပ်မတော်မှ GE တပ်သား (၁) ဦး အသတ်ခံရပြီး (၃) ဦးဖမ်းဆီးသွားမှုမှာ ရခိုင်တော်လှန်ရေး ပါတီ ALP ရဲ့ လက်ချက်ဆိုပြီး ကုလားတန် သတင်းဌာနရဲ့ သတင်းတပုဒ်မှာဖော်ပြခဲ့ပါတယ်။

ဘင်္ဂါလီ ခေါတော ရခိုင်အနွယ်ဝင် အများစုဖြင့် ဖွဲ့စည်းစားသော ALP အကြမ်းဖက်သမားတို့က 
အစိုးရကို ဤသို့စွပ်စွဲထားပြန်။


“ စစ်တပ်ဖက်က ပါဝင်ပတ်သက်မှုရှိတဲ့ အထောက်အထားတွေ အများကြီးရထားတာရှိတယ်။ အဲဒါ ကိုလည်း ဦးအောင်မင်းကို တရားဝင် ပြောလိုက်တယ်။ အခုဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေမှာ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီဖက်က လုံးဝ ပတ်သက်မှုမရှိဘူးဆိုတာကို ရှင်းပြလိုက်ပါတယ်” လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် ချမ်းမိုင်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ ကြောင်း ခိုင်သုခ၏ ပြောကြားချက်ကို နိရဉ္စရာ ဖော်ပြထားပါတယ်။

ရိုက်တာရဲ့ သတင်းတပုဒ်မှာတော့ RNDP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး “ဦးလှစော”ကတော့ ဇွန်လနဲ့ အောက်တိုဘာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင် သုတ်သင်ရေး အကြမ်းဖက်မှု တွေမှာသူတို့ပါတီက လုပ်တာမဟုတ်ဘူး၊ ကြိုးကိုင်တာမဟုတ်ဘူးရယ်လို့ ငြင်းဆိုပေမယ် နောက်ဆုံးတစ်ခေါက် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတဲ့အခါ အောက်ခြေကပါတီဝင်တွေ ပါဝင်နိုင်ပါတယ်လို့ ဝန်ခံဖြေဆိုသွားကြောင်းကို ဖော်ပြပါတယ်။

အဓိကရုန်း အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သတ်မှု  အထောက်အထားတွေ့ရှိရင် RNDP ပါတီကို ဖျက်သိမ်းပစ်နိုင်တယ်လို့သမ္မတဦးသိန်းစိန်က သတိပေးထားကြောင်း ဒီသတင်းကို RNDP ဘက်၊ စစ်တပ်ဘက်နှစ်ဘက်စလုံးဆီမှ ရိုက်တာသတင်းဌာနက ရရှိထားတာ ဖြစ်ကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား ဘင်္ဂလာရခိုင်များ မြန်မာနိုင်ငံထဲ စိမ့်ဝင်လာနေခြင်းအား တားဆီး ကန့်ကွက်ရန် သင့်မှာလည်း တာဝန်ရှိသည်။ ဘင်္ဂလာဒေ့ခ်ျ နယ်စပ်တစ်လျှောက်က ခိုးဝင်လာပြီး သူတို့ကို သူတို့ ရခိုင်လူ
မျိုး ဟန်ဆောင်နေသောဘင်္ဂါလာခေါတော ရခိုင်အတုများကို ဖေါ်ထုတ်အရေးယူဖို့ သမ္မတကြီး ဦးသိန်းစိန်
အနေဖြင့် မဖြစ်မနေထည့်သွင်း စဉ်စားဖို့ အချိန်အခါက တောင်းဆိုနေပါပြီး။

အရက်သောက်စားမူးယစ်နေသည့်သားအား ဓါတ်ဆီလောင်း၍ဆုံးမစဉ် မီးလောင်

နေပြည်တော်၊ မေ ၁၉
၁၇-၅-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ တက္ကသိုလ်ဝင်းနေ ဒေါ်စန်း(၆၂)နှစ်သည် သားဖြစ်သူ စိုးမင်းအောင်(၂၃)နှစ်မှာ အရက်သေစာသောက်စား၍ မူးယစ်ရမ်းကားနေသဖြင့် ဆုံးမ,မရသောကြောင့် အနီးရှိ ဓါတ်ဆီ ပုလင်းအားယူ၍ ပါးစပ်အတွင်းလောင်းထည့်စဉ် စိုးမင်းအောင်၏ခန္ဓာကိုယ်ပေါ်သို့ ဖိတ်စင်ကျကာ အိတ်ကပ်တွင်းရှိ ဂက်စ်မီးခြစ်နှင့်ထိတွေ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဆိုင်ကယ်တစ်စီးကို ပွတ်ဆွဲမိရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးပလက် ဖောင်းပေါ်တွင် ကားမှာ တိမ်းမှောက်

ဆိုင်ကယ်တစ်စီးကို ပွတ်ဆွဲမိရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးပလက်
ဖောင်းပေါ်တွင် ကားမှာ တိမ်းမှောက်
Sunday, May 19, 2013

မန္တလေးမြို့ ၃၅လမ်း၊ ၆၃လမ်း နှင့် ၆၄လမ်းကြားတွင် ယနေ့ နေ့လည် ၁၁နာရီဝန်းကျင်ခန့်က ဆိုင်ကယ်တစ်စီးကို ပွတ်ဆွဲမိရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးပလက်ဖောင်းပေါ်တွင် ကားမှာ တိမ်းမှောက်သွားခဲ့ကြောင်းနှင့်
နှစ်ဖက်စလုံးမှ အသေအပျောက်မရှိပဲ ထိခိုက်ဒဏ်ရာမျှသာ ရရှိသွားသည်။

ထိခိုက်ဒဏ်ရာရသွားသူကို ဗြဟ္မစိုရ်လူမှူ့ကူညီရေးအသင်းမှ လူနာတင်
ကားဖြင့်မန္တလေး ဆေးရုံကြီးသို့ခေါ်ဆောင်သွားကြောင်းသတင်းရရှိ
ပါသည်။

ကပ္ပိယ သာ ဂိ
Myanmar International News

Sunday, May 19, 2013

မန္တလေးမြို့ ၃၅လမ်း၊ ၆၃လမ်း နှင့် ၆၄လမ်းကြားတွင် ယနေ့ နေ့လည် ၁၁နာရီဝန်းကျင်ခန့်က ဆိုင်ကယ်
တစ်စီးကို ပွတ်ဆွဲမိရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးပလက်ဖောင်းပေါ်တွင် ကားမှာ တိမ်းမှောက်သွားခဲ
့ကြောင်းနှင့်နှစ်ဖက်စလုံးမှ အသေအပျောက်မရှိပဲ ထိခိုက်ဒဏ်ရာမျှသာ ရရှိသွားသည်။

မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ

မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ
Sunday, May 19, 2013

ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန် အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တ အစားထိုး အဖြစ် ဘတ်ခမ်း ဝင်ရောက် ကစားခဲ့ပြီး ၅ မိနစ်လောက် ကြာတဲ့အခါ သူဟာ မျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။

ဒေးဗစ် ဘက်ခမ်း ဟာ ဘောလုံး လောကထဲက အပြီး ထွက်ခွာ သွားတော့မယ် ဆိုတာကို သူ့အသင်းသားတွေက သိကြတော့ သူ့ကို ဝိုင်းချီမပြီး လေထဲမြောက်ကာ ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။

အဲဒီ အချိန်မှာ ပွဲကြည့် ပရိသတ် တွေကလည်း မတ်တပ် ထရပ်ပြီး သြဘာပေးကြပါတယ်။

ပွဲလာကြည့်သူတွေထဲက တယောက်က နောက်တနှစ် ထပ်ကန်ပေးပါဦး ဆိုတဲ့ ပိုစတာလေး ကိုင်ပြီး မေတ္တာ ရပ်ခံတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေထဲမှာ ဘတ်ခမ်းရဲ့ မိသားစု အပြင် ပြင်သစ် သမ္မတဟောင်း နီကိုလပ် ဆာကိုဇီလည်း ပါဝင်ပါတယ်။

သူတို့ အသင်းဟာ ဘတ်ခမ်း ဝင်ကစားတဲ့ အချိန်မှာ တဖက် အသင်းကို ၃ ဂိုး တဂိုး နဲ့ အနိုင်ရနေပြီး ဖြစ်ပါတယ်။

BBC Burmese

Sunday, May 19, 2013

ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန် အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တအစားထိုးအဖြစ် ဘတ်
ခမ်း ဝင်ရောက် ကစားခဲ့ပြီး ၅ မိနစ်လောက် ကြာတဲ့အခါသူဟာမျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး 
ငိုပါတော့တယ်။

ဝါရှင်တန်ရောက် ဦးသိန်းစိန် မြန်မာမိသားစုတွေနဲ့တွေ့ဆုံ၊ ဆန္ဒပြမှုနဲ့လည်းကြုံ


Sunday, May 19, 2013

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ တရားဝင်ခရီးစဉ် နဲ့ ရောက်ရှိနေတဲ့ ဗိုလ်သိန်းစိန်ဟာ
ဝါရှင်တန်ဒီစီမြို့တော် မြန်မာသံရုံးမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံနေစဉ်မှာ မြန်မာနိုင်ငံမှာစစ်မှန်တဲ့ ပြုပြင်
ပာင်းလဲမှုတွေ တကယ်လုပ်ဖို့၊ နိုင်ငံတကာကို လိမ်ညာနေတာတွေကို ရပ်တန့်ဖို့၊ တိုင်းပြည်ဆင်းရဲနေတာ စစ်အုပ်စုရဲ့ တိုင်းပြည်လူထုဆန္ဒတွေကို ပိတ်ဆို့ထားတာမို့ ဖြစ်နေရတာဖြစ်ကြောင်း အမေရိကားရောက်
 မြန်မာတွေက စုပေါင်း ဆန္ဒပြကြခြင်းဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် ဝါရှင်တန် မြန်မာမိသားစုနဲ့တွေ့

သမ္မတဦးသိန်းစိန် ဝါရှင်တန် မြန်မာမိသားစုနဲ့တွေ့
Sunday, May 19, 2013

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ တရားဝင်ခရီးစဉ် နဲ့ ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ အခု ဗွီအိုအေမနက်ပိုင်းအစီ
အစဉ်တွေ အသံလွှင့်နေတဲ့အချိန်မှာပဲ မြန်မာသံရုံးမှာ မြန်မာမိသားစု
တွေနဲ့ တွေ့ဆုံနေ ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဗွီအိုအေ မြန်မာပိုင်း ဝိုင်းတော်သား ကိုသိန်းထိုက်ဦး ရောက်ရှိနေပါတယ်။ ဒီပွဲအကြောင်း ကိုသိန်းထိုက်ဦးကို မစုမြတ်မွန်က ဆက်သွယ်ပြီးမေးထားပါတယ်။ အရင်ဆုံးတော့ ဒီတွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန် အဓိကဘာတွေပြောသွားသလဲဆိုတာကို ကိုသိန်းထိုက်ဦး
က ခုလိုပြောပြပါတယ်။
 
“အဓိက ကတော့ သူ မြန်မာမိသားစုတွေနဲ့တွေ့တဲ့အချိန်မှာ တိုင်းပြည်ပြန်
လည် ထူထောင်ရေးအတွက် မြန်မာမိသားစုတွေ၊ ပြည်ပမှာရောက်နေ
တဲ့သူတွေ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ဆိုပြီးတော့
 ပြောသွားပါတယ်။ တိုင်းပြည်မှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ ဒီတိုင်းပြည် ဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ ပဋိပက္ခတွေ အများကြီး ကြုံခဲ့ရတဲ့အတွက်ကြောင့် အဘက်ဘက်က နိမ့်ကျနေတဲ့
အခြေအနေတွေကို အဓိက ပြောသွားတာပါခင်ဗျ။”
 
အမေရိကန်ကို တရားဝင်ခရီးစဉ်နဲ့ လာရတာနဲ့ပတ်သက်ပြီးတော့ရော သူ ဒီအကြောင်းကို ဘာပြောပါသေးလဲ။
 
“ဒီအမေရိကန်ပြည်ထောင်စုကို လာတဲ့ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန်
က အမေရိကန်အစိုးရ အရာရှိတွေ၊ အထက်လွှတ်တော်ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေကို သူ တွေ့မယ်ဆိုတဲ့အကြောင်း ပြောပါတယ် ခင်ဗျ။ ပြောတဲ့အကြောင်းရင်းကလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှုတွေဟာ ဥပဒေကြောင်းအရ ကျန်နေသေးတာဖြစ်တဲ့အတွက်ကြောင့် ဥပဒေကြောင်းအရပါ ဖယ်ရှားပေးဖို့ပေါ့နော်။ အခုလို ဆိုင်းငံ့ထားတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ကိစ္စမှာ သူကိုယ်တိုင် လာပြီးတော့၊ တွေ့ဆုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် ပိုပြီးတော့ အမေရိကန်ပြည်ထောင်စုဘက်က လက်ခံနိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့် တယ်ဆိုပြီးတော့လည်း ပြောသွားပါတယ်။ အဲဒီတော့ အဓိက ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုံးဝရုပ်သိမ်းဖို့
အတွက် အဓိက ပြောမယ်ဆိုတာမျိုးကိုတော့ ရည်ညွန်းပြောသွားပါတယ်
ခင်ဗျ။”
 
အဲဒီတော့ မြန်မာမိသားစုတွေနဲ့ တွေ့တဲ့နေရာမှာလည်း ဖိတ်ထားတာက အသိုင်းအ၀ိုင်းမျိုးစုံကလို့ သိရပါတယ်။ ဘယ်လိုလူမျိုးတွေလာတာ တွေ
့ရပါလဲ ရှင့်။
 
“အဓိက ကတော့ မြန်မာသံရုံးနဲ့ အရင်ကတည်းက နီးစပ်မှုရှိတဲ့ သူတွေ၊ နောက်ပြီးတော့ သတင်းဌာနတွေ။ ၀ါရှင်တန်ဒီစီတ၀ိုက်မှာ ရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းတွေလို့ပဲ အဓိက ပြောရမှာပါခင်ဗျ။ တွေ့ဆုံ ပွဲမှာတော့ မြန်မာမိသားစု ၃၀၀ လောက် လာတယ်။ သမ္မတက အားလုံးကို နှုတ်ဆက်ပြီးတဲ့အခါကျတော့ မိန့်ခွန်းပြောသွားတယ်။ ကျန်တဲ့ သတင်းဌာနတွေနဲ့ တွေ့ဆုံမေးမြန်းတာမျိုး၊ ကျန်တဲ့လူတွေနဲ့ တွေ့ဆုံမေးမြန်း
တာ မျိုးတော့ မရှိပါဘူးခင်ဗျ။ သူနဲ့အတူ တခြား ၀န်ကြီး ၄ ယောက်၊ ဒုတိယ ၀န်ကြီးတွေ၊ နောက်ပြီးတော့ တချို့ ပြည်တွင်းက ရုပ်မြင်သံကြားဌာနတွေ၊ သတင်းဌာနတွေလည်း လိုက်လာတာတွေ့ရပါတယ်ခင်ဗျ။ အခု ကျနော်
 ပြောနေတဲ့အချိန်မှာ နောက်မှာကြားနေရတဲ့အတိုင်းပဲ သမ္မတ ဦးသိန်းစိန်ကို ဆန့်ကျင် ဆန္ဒပြတဲ့သူတွေလည်း အများကြီးရှိပါတယ်ခင်ဗျ။ သူတို့ကလည်း
 မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေက တကယ်တမ်း မစစ်မှန်သေးဘူး ဆိုပြီးတော့၊ သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ညာနေတယ်ဆိုပြီးတော့ လာပြီးတော့ ဆန္ဒပြတာပါခင်ဗျ။”

ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာမိသားစုတွေ့ဆုံပွဲ မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးဖြစ်ပါတယ်။

VOA

Sunday, May 19, 2013

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ တရားဝင်ခရီးစဉ် နဲ့ ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်
ဟာ အခု ဗွီအိုအေမနက်ပိုင်းအစီအစဉ်တွေ အသံလွှင့်နေတဲ့အချိန်မှာပဲ မြန်မာသံရုံးမှာ မြန်မာမိသားစုတွေ
နဲ့ တွေ့ဆုံနေ ပါတယ်။ဒီတွေ့ဆုံပွဲမှာဗွီအိုအေ မြန်မာပိုင်းဝိုင်းတော်သား ကိုသိန်းထိုက်ဦး ရောက်ရှိနေပါတယ်။

လုံခြုံရေးအတွက် အာမခံမှု မပေးနိုင်၍ အမျိုးသမီး အလုပ်သမား စေလွှတ်မှု စောင့်ကြည့်မည်

လုံခြုံရေးအတွက် အာမခံမှု မပေးနိုင်၍ အမျိုးသမီး အလုပ်သမား စေလွှတ်မှု စောင့်ကြည့်
မေဦး | စနေနေ့၊ မေလ ၁၈ ရက် ၂၀၁၃ ခုနှစ် 

ရန်ကုန် (မဇ္ဈိမ)။         ။ မြန်မာအမျိုးသမီးများ လုံခြုံရေးအတွက် ကိုးရီးယားဘက်မှ အာမခံမှုမပေးနိုင်၍ အမျိုးသမီး အလုပ်သမားများ စေလွှတ်မှုကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သတင်းရရှိသည်။ အစိုးရ ပြည်ပအလုပ်အကို အေဂျင်စီမှ တာဝန်ရှိသူတဦးက “စက်ရုံတခုမှာ အမျိုးသမီး အလုပ်သမား အချင်းအချင်း အဖော်ရအောင်လို့ တကြိမ်ကို နှစ်ယောက်မခေါ်ရင် မဖြစ်ဘူးလို့ပြောထားတယ်။ ဒီလိုမှ မဟုတ်ရင် အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိနိုင်ဘူး” ဟုဆိုသည်။

မြန်မာအစိုးရသည် အမျိုးသမီး အလုပ်သမားများကို ကိုးရီးယားနိုင်ငံမှ ခေါ်ယူလိုပါက အနည်းဆုံးနှစ်ဦးခန့်ခေါ်ယူမှသာ ခွင့်ပြုမည်ဟု ကိုးရီးယားအစိုးရထံ တောင်းဆိုထား သော်လည်း ၎င်းတို့ဘက်မှ အာမခံမှု မပေးနိုင်၍ စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ ညှိနှိုင်းနေဆဲ ကာလတွင်လည်း မြန်မာအစိုးရ အနေဖြင့် တဖက်နိုင်ငံ၏ လုပ်ငန်းခွင် အခြေအနေများကို စုံစမ်းမှုများ ပြုလုပ်လျှက်ရှိသည်။ စုံစမ်းရာတွင် ကိုးရီးယား အလုပ်ရှင် တချို့သည် အမျိုးသမီးအလုပ်သမား များကို စက်ရုံတွင်သာမက ၎င်း၏ အိမ်တွင်ပါ ခေါ်ယူစေခိုင်းခြင်း၊ အမျိုးသမီး အလုပ်သမားနှင့် အမျိုးသား အလုပ်သမားများကို ရောနှော၍ ထားခြင်းစသည့် အချက်များကို စုံစမ်း တွေ့ရှိရ၍  မြန်မာ အမျိုးသမီးများ
လုံခြုံရေးအတွက် စေလွှတ်ရန် နှောင့်နှေး နေရခြင်း ဖြစ်သည်။

မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး ခေတ္တပြန်လာသူ မမိုးဆွေက “သူများနိုင်ငံမှာ အလုပ်လုပ်တာ ဆိုတော့ အစစအရာရာ သတိထားနေရတယ်။ မိန်းကလေးဆိုတော့ ပိုဆိုးတာပေါ့။ အမျိုးသမီးတွေကို အိမ်ဖော်တို့ဖျော်ဖြေရေးတို့မှာ မလုပ်ရဘူးလို့ ပြောနေပေမဲ့ အိမ်ဖော် အလုပ်နဲ့သွားတာ အများကြီး ရှိပါတယ်။ အိမ်ဖော်အလုပ် ကပဲ ပြဿနာတွေ ဖြစ်တာပိုများတယ်။ ကိုယ့်ကို ကာကွယ်မဲ့သူတွေက ဘယ်သူတွေ ဆိုတာကို သိပြီးတော့မှ ထွက်သွားစေချင်တယ်” ဟု အမျိုးသမီး အလုပ်သမားများ၏ အခြေအနေကို ရှင်းပြသည်။

မြန်မာ အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်ခွင့်ပြုထား
သော်လည်း အိမ်အကူနှင့် ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ပြုမည် မဟုတ်ကြောင်း၊ တကြိမ်လျှင် အနည်းဆုံး အလုပ်သမား နှစ်ဦးခန့် ခေါ်ယူရမည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာအမျိုးသမီးများလုံခြုံရေးအတွက်ကိုးရီးယားဘက်မှ အာမခံမှုမပေးနိုင်၍ အမျိုးသမီး အလုပ်သမားများ
စေလွှတ်မှုကို စောင့်ကြည့်နေဆဲဖြစ်ကြောင်းအစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ သတင်းရရှိသည်။ အစိုး
ရ ပြည်ပအလုပ်အကို အေဂျင်စီမှတာဝန်ရှိသူတဦးက“စက်ရုံတခုမှာ အမျိုးသမီး အလုပ်သမား အချင်းအချင်း
အဖော်ရအောင်လို့တကြိမ်ကို နှစ်ယောက်မခေါ်ရင်မဖြစ်ဘူးလို့ပြောထားတယ်။ ဒီလိုမှ မဟုတ်ရင် အမျိုးသမီး
တွေအတွက် လုံခြုံမှု မရှိနိုင်ဘူး” ဟုဆိုသည်။