Pages

Friday, May 17, 2013

သမ္မတရုံး တိုက်ရိုက်အမိန့်ဖြင့် ထောင်ကြွေးကျ ဦးနေမျိုးဇင် ပြန်လည်လွတ်မြောက်လာ

ဒီနေ့ မအူပင် ပန်းဝတီစားသောက်ဆိုင်မှာတွေ့ ခဲ့တဲ့ ထောင်ကလွတ်ခါစ ကိုနေမျိုးဇင်နဲ့ အမှတ်တရ

Friday, May 17, 2013

ပုသိမ် (မဇ္ဈိမ)။ ။ မအူပင် အကျဉ်းထောင်တွင်း ကြွေးကျန် ပြစ်ဒဏ်ကျခံနေရသော ဦးနေမျိုးဇင် အား နိုင်ငံ
တော်သမ္မတရုံးတိုက်ရိုက်ထုတ်ပြန်သော ၄၀၁ (၁) အရ သောကြာနေ့မွန်းလွဲ ၂ နာရီခန့်တွင် ပြန်လည်လွှတ်
ပေးလိုက် သည်။

ကမ္ဘာ့အကျဉ်းဆုံးပလက်ဖောင်းနှင့် ပြည် သူ လူ ထု ၏ ရ ပိုင်ခွင်. သရ၀ဏ်(ပြည် )


ရန်ကုန်မြို.ဆူးလေဘုရားလမ်း ပေါ်ရှိ ကုန်သည်ကြီးများဟိုတယ်ရှေ.မှဖြတ်လျှောက်မိတိုင်းရင်ထဲမှာတနုံ
ုံ.ဖြစ်ရသည် ။ မကြေနပ်ချက်များကို ကျွန်တော် တစ်ယောက်တည်းမြည်တွန်တောက်တီးနေတတ်သဖြင်. ဇနီးမယားကပင်လျင်ရှင်ဘာတွေပြောနေတာလဲ၊စိတ်လျှောလိုက်တော.ဟုမေးယူရသည် ။ အမှန်ကတော
 ပြည်သူလူထုဘက်ကရပိုင်ခွင်.အပြည်.ရှိသင်.သည် ။ သို.သော် အမှားကြာအမှန်ဖြစ်ဆိုသကဲ.သို.သူတို.ကပဲ
အမှန်ဖြစ်နေသယောင် ဖြစ်နေခဲ.သည်ကတော.ကြာပါပြီ ။ ကြာဆို ၁၉၉၀ လောက်ကစတင်ခဲ.သည် ထင်
သည် ။

ကေတီဟုမ်းလ်နှင့် လုခ်ကာဘီတို့ကြား ရင်းနှီးမှုပိုလာကြောင်း သတင်းထွက်

ကေတီဟုမ်းလ်နှင့် လုခ်ကာဘီတို့ကြား ရင်းနှီးမှုပိုလာကြောင်း သတင်းထွက်
Friday, May 17, 2013

တွမ်ခရုစ်နှင့် ကွာရှင်း ပြတ်စဲခဲ့ပြီးနောက် လွတ်လပ်သူအဖြစ် ရှိနေသော ကေတီသည် လတ်တလောတွင် Mania Days ဇာတ်ကားကို ရိုက်ကူးနေရင်း မင်းသား လုခ်ကာဘီနှင့် ပိုမို ရင်းနှီးလာနေကြောင်း ရိုက်ကွင်းနှင့် နီးစပ်သူများက ဆိုသည် 

ဟောလီးဝုဒ် မင်းသမီး ကေတီဟုမ်းလ် အနေဖြင့် သူမနှင့် တွဲဖက် သရုပ်ဆောင်နေသော မင်းသား တစ်လက်နှင့် အလွန် နီးနီးစပ်စပ် ဖြစ်နေကြာင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ တွမ်ခရုစ်နှင့် ကွာရှင်း ပြတ်စဲခဲ့ပြီးနောက် လွတ်လပ်သူအဖြစ် ရှိနေသော ကေတီသည် လတ်တလောတွင် Mania Days ဇာတ်ကားကို ရိုက်ကူးနေရင်း မင်းသား လုခ်ကာဘီနှင့် ပိုမို ရင်းနှီးလာနေကြောင်း ရိုက်ကွင်းနှင့် နီးစပ်သူများက ဆိုသည်။ သူမသည် အဆိုပါ ဇာတ်ကားတွင် အလွန်အမင်း စိတ်ဓာတ်ကျလွယ်သည့် ကဗျာဆရာမ တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။ ထို့နောက်တွင်မူ စိတ်ဓာတ်ကျလွယ်သည့် Rapဂီတ အဆိုတော် တစ်ဦးနှင့်အတူ ကိုယ်ဝန်ရလာသည့် ဇာတ်ကြောင်းကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

ကေတီနှင့် လုခ်တို့သည် ရိုက်ကွင်းနားချိန်တွင် လက်ချင်း ဆုပ်ကိုင်ထားသည်ကိုလည်း အချို့က တွေ့မြင်ခဲ့သည်။ ယင်းတို့ နှစ်ဦးသည် နယူးယော့ခ်ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခု၏ အပြင်ဘက်တွင် ရုပ်ရှင်ရိုက်ခဲ့ပြီး ရိုက်ကွင်းနားချိန်တွင် ကေတီသည် လုခ်နှင့် ပျော်ရွှင်စွာ ရယ်မော စကားပြောနေခဲ့ကြသည်။ ယင်းဇာတ်ကားကို (၂၀၁၄)ခုနှစ်တွင် ရုံတင်ရန် စီစဉ်ထားသည်။ Mania Daysသည် တွမ်နှင့် အပြီးသတ် ကွာရှင်းပြီးနောက် ကေတီ ပါဝင်သရုပ်ဆောင်သည့် ဒုတိယမြောက် ဇာတ်ကားလည်း ဖြစ်သည်။ ယခုရိုက်ကွင်း တည်ရှိခဲ့သော နေရာသည် ကေတီနှင့် တွမ်တို့ အိမ်ထောင်ရေး ဘဝတွင် နေထိုင်ခဲ့သော နေရာနှင့် အတန်ငယ်မျှသာ ကွာဝေးခဲ့ကြောင်းလည်း သိရှိရသည်။ 

Planet.com.mm

Friday, May 17, 2013

တွမ်ခရုစ်နှင့် ကွာရှင်း ပြတ်စဲခဲ့ပြီးနောက် လွတ်လပ်သူအဖြစ် ရှိနေသော ကေတီသည် လတ်တလောတွင် Mania Days ဇာတ်ကားကို ရိုက်ကူးနေရင်း မင်းသား လုခ်ကာဘီနှင့် ပိုမို ရင်းနှီးလာနေကြောင်း ရိုက်ကွင်းနှင့် နီးစပ်သူများက ဆိုသည် ။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်း လေပြင်းတိုက် အိမ် ၂၀ ကျော် ပျက်စီး

၂၀၁၃ မေလ ၁၇ ရက် ( သောကြာနေ့ )
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် လူသောမြို့နယ်မှာ မေလ ၁၆ ရက် ( ယမန်နေ့ ) ညနေ ၃ နာရီကျော်က လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် စာသင်ကျောင်းအပါအ၀င် လူနေအိမ်ခြေ စုစုပေါင်း ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ကမ္ဘာ.အကျဉ်းဆုံးပလက်ဖောင်း

ရန်ကုန်မြို့လယ် ဆူးလေလမ်းမပေါ်တွင် အများပြည်သူ လမ်းလျောက်ဖို့ Traders Hotel ကပြုလုပ်ပေးထားသော ကမ္ဘာ.အကျဉ်းဆုံးပလက်ဖောင်း။
**************************************

ကမ္ဘာ.အကျဉ်းဆုံးပလက်ဖောင်း


အေးချမ်းမွန် Credit & Copy From >Ko Nyi <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

ရန်ကုန်မြို့လယ် ဆူးလေလမ်းမပေါ်တွင် အများပြည်သူ လမ်းလျောက်ဖို့ Traders Hotel ကပြုလုပ်ပေးထား
သော ကမ္ဘာ.အကျဉ်းဆုံးပလက်ဖောင်းကိုဖော်ပြပေးလိုက်ပါတယ် ။ နိုင်ငံတစ်ဝှမ်း ဖွံဖြိုးတိုးတတ်လာတာနဲ့
အညီ မြို့လယ်ကောင်မှ ပလက်ဖောင်းများ အဆင့်မြင့်တင်ဖို့လိုအပ်နေတာကို ယခုလိုတွေ့မြင်ရတာဖြစ်
ပါတယ်။ ကမ္ဘာလှည့်ခ၇ီးသွားတွေနဲ့ ရုံးသွားရုံးပြန် ခရီးသည်တွေနေ့စဉ်နဲ့အမျှ ဖြတ်သန်းသွားလာနေတဲ့
နေရာဖြစ်လို့ သက်ဆိုင်ရာမှ ပြုပြင်ပေးဖို့ အကြံပြုလိုက်ပါတယ်။

မေ ၁၆ရက် ည ၉နာရီ ၄၅ မိနစ်အချိန်ခန့် က မူဆယ် ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မူဆယ် ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Friday, May 17, 2013

၂၀၁၃ခုနှစ်၊ မေ ၁၆ရက် ည ၉နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူဆယ် ရဲစခန်းမြောက်ဘက် ၆ ဖာလုံခန့်အကွာ ဟိုမွန် ရပ်ကွက်၊ သစ်တောရုံးလမ်းရှိ မြို့နယ်သစ်တော ၀န်ထမ်း အိမ်ယာ ခြံဝင်း၏ အနောက်တောင်ဘက် ခြံစည်းရိုးနှင့် ကပ်လျက် အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ နယ်မြေခံ တပ်မတော်သား များနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ ဆံပင်ရှည် အမျိုးသား အလောင်း(၁)လောင်း (အမည်/ နေရပ် လိပ်စာ စိစစ်ဆဲ) ၀မ်းဗိုက် ပွင့်ထွက်ကာ ၀ဲခြေထောက်နှင့် ၀ဲဘက်လက် ကြေမွ ပြတ်တောက် ဒဏ်ရာများဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ရှိခဲ့ရသည်။

စစ်ဆေး တွေ့ရှိချက်များ အရ သေဆုံးသူမှာ အဆိုပါ ဗုံးထောင်သူဟု ယူဆရကြောင်းနှင့် ၎င်းဖြစ်စဉ်အား တာဝန်ရှိသူများမှ ဆက်လက် စုံစမ်း ဖော်ထုတ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ

Friday, May 17, 2013

၂၀၁၃ခုနှစ်၊ မေ ၁၆ရက် ည ၉နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူဆယ် ရဲစခန်းမြောက်ဘက် ၆ ဖာလုံခန့်အကွာ ဟိုမွန် ရပ်ကွက်၊ သစ်တောရုံးလမ်းရှိ မြို့နယ်သစ်တော ၀န်ထမ်း အိမ်ယာ ခြံဝင်း၏ အနောက်တောင်ဘက် ခြံစည်းရိုးနှင့် ကပ်လျက် အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ယနေ့ နိုင်ငံရေးအကျဉ်းသားတချို့လွတ်မြောက်လာ

၁၇ မေလ ၂၀၁၃
အစိုးရက ဒီနေ့မှာ နိုင်ငံရေးအကျဉ်းသား တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လိုက်ပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားတွေလည်း ပါ ၀င်ပါတယ်။ဒီလို နိုင်ငံရေးအကျဉ်းသားတွေရဲ့လွတ်မြောက်လာမှုဟာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ့် သမိုင်းဝင်ခရီးစဉ်မတိုင်ခင် ၂ ရက်အလိုမှာ စီစဉ်လိုက်တာ ဖြစ်ပါတယ်။

ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား

ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား
Friday, May 17, 2013

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွှေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်စုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် စုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက စုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆင်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွှေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။

သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။

ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။

အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။

ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။

ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
----
Ref:Daily Mail
www.work.com.mm

Friday, May 17, 2013

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွှေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

သရက်မြို့၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွား

သရက်မြို့၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွား

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ မင်းတုန်းလမ်း၌ ယမန်နေ့ ည ၈ နာရီခွဲက ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သရက်- မင်းတုန်း ကားလမ်း ဆင်ဖြူတော် လမ်းဆုံ အနီး၌ အနောက်မှ အရှေ့သို့ မြင့်ထွန်းနိုင် ၃၇ နှစ် (ဘ)ဦးထွန်းရွှေ သိမ်ကြီးလမ်း တောင်မင်းတည်း ရပ်ကွက် သရက်မြို့ မောင်းနှင်ပြီး ယာဉ်နောက်မှ ပြည့်ဖြိုးမောင် ၁၆ နှစ် (ဘ) ဦးမြင့်ထွန်းနိုင် လိုက်ပါ လာသည့် ကမ်ဘို ၁၁ဝ အနက်ရောင် ဆိုင်ကယ် (စိစစ်ဆဲ)နှင့် အရှေ့မှ အနောက်သို့ ဝင်းနိုင် ၄ဝ နှစ် (ဘ)ဦးစံကွန်း ဇီးတောကျေးရွာ အလတ်လယ် ကျေးရွာအုပ်စု သရက် မြို့နယ် မောင်း နှင်သည့် ၂၂ယ/----- နယူးအမ်ဘို ၁၂၅ အမျိုးအစား အပြာရောင်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ မြင့်ထွန်းနိုင်က ဘယ်မျက်ခုံး သုံးလက်မ ခွဲခန့် ပေါက်ပြဲ ဒဏ်ရာနှင့် နှာခေါင်း သွေးထွက် ဒဏ်ရာ၊ ပြည့်ဖြိုးမောင်၌ ဘယ်ပေါင်ပွန်းပဲ့ ဒဏ်ရာ၊ ဝင်းနိုင်၌ ဘယ်မျက်ခုံး အထက် သုံးလက်မ ခွဲခန့် ပေါက်ပြဲဒဏ်ရာနှင့် နှာခေါင်း သွေးထွက် ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သရက်ရဲ စခန်းမှ ယာဉ်(ပ) ၈/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

http://bit.ly/16o7LWg

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ မင်းတုန်းလမ်း၌ ယမန်နေ့ ည ၈ နာရီခွဲက ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ရေချိုးခုံ ကျိုးသည့်ကိစ္စမှ လူသတ်မှု ဖြစ်ပွား

မေလ ၁၇ ရက် ၂၀၁၃

မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက် အတွင်း ယမန်နေ့က မိသားစု အတွင်း မိသားစုပိုင် ရေချိုး သစ်သားခုံ ကျိုးရာမှ တစ်ယောက်တစ်ခွန်း စကားများကာ ခယ်မက ခဲအို ဖြစ်သူအား ဓားဖြင့်ထိုး၍ လူသတ်မှု ဖြစ်ပွားခဲ့သည်။

မြန်မာက အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ

မြန်မာက အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ

(နိရဉ္စရာ- ၁၇ မေ ၂၀၁၃)

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ပင်လယ်ကမ်းခြေ တလျှောက် ရေထဲ မျောပါလာတဲ့ သေဆုံးသူ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး  မြန်ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။

အလောင်းတွေဟာ မနေ့က တက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေ ဘာဟာချရ ( Bahachara) နဲ့ ဆားပြင် ( Sabrang) အကြား မျောပါနေတာကို တွေ့တဲ့ အတွက် ရွာသားတွေက ဘင်္ဂလာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တက်ကနက်ရဲအဖွဲ့က သွားရောက် ဆယ်ယူရာမှာ မနေ့က အလောင်း ၂၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ရှာဖွေရာမှာ အခုအချိန်ထိတော့ စုစုပေါင်း အလောင်း ၂၄ လောင်းကို ရှာဖွေ ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူတွေက သတင်းဌာနတွေကို ထုတ်ဖေါ် ပြောဆို ပါတယ်။

ရှာဖွေရရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကျန်တာတွေကတော့ အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခု ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေဟာ မေလ ၁၃ ရက်နေ့က ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းကနေ ဖရုံကာကျွန်းမှာရှိတဲ့ အနောက်ရဲ မူဆလင်ရွာကို မဟာစင် မုန်တိုင်း အန္တရာယ်ကို ရှောင်ကွင်းဖို့ သွားရာကနေ စက်လှေနစ်ရာမှာ ပါဝင်သွားခဲ့တဲ့ သူတွေလို့ ခန့်မှန်း ရပါတယ်။

နစ်သွားတဲ့ စက်လှေမှာ မူဆလင် ဒုက္ခသည် ၁၃၈ ယောက်ပါဝင်ပြီး ၄၃ သာ အသက်ရှင် ကျန်ရစ်ကာ ၉၅ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒီအလောင်းတွေကို မြန်မာဘက်ကို လွှဲမှာလား၊ ဘင်္ဂလာဒေခ်ျ့မှာ သဂြိုလ်မှာလားဆိုတာကိုတော့ ခုလောလောဆယ်မှာ သဲကွဲစွာ မသိရသေးဘူးလို့ တက်ကနက် ဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။

အလောင်းတွေကို ကြည့်နေကြတဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်ပုံ- The Daily Ittefaq)


အေးချမ်းမွန် Credit & Copy From >Narinjara<Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
အလောင်းတွေကို ကြည့်နေကြတဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်ပုံ- The Daily Ittefaq)

၁၇ မေ ၂၀၁၃
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ပင်လယ်ကမ်းခြေ တလျှောက် ရေထဲ မျောပါလာတဲ့ သေဆုံးသူ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။သူတို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး မြန်ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။

ဖိလစ်ပိုင် မြို့တော်ဝန် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနှစ်ဦးကို ခေါင်းပန်းလှန်ပြီးတော့ အဆုံးအဖြတ် ပေး

Friday, 17 May 2013
ဖိလစ်ပိုင်နိုင်ငံ San Teadoro မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲအတွင်း ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး မဲအရေအတွက် အတူတူရခဲ့ကြတဲ့အတွက် ခေါင်းပန်းလှန်ပြီးတော့ အဆုံးအဖြတ် ပေးလိုက်ကြပါတယ်။Mindoro Oriental ပြည်နယ်အတွင်းက San Teodoro ဆိုတဲ့ လယ်ယာ
လုပ်ကိုင်စားကြတဲ့ အဲ့ဒီ့မြို့ကလေးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ရလာဒ်ကို
ခေါင်းပန်း ၅ကြိမ်စီလှန်ပြီး ခေါင်း အများဆုံးရတဲ့သူကို အနိုင်ပေးလိုက်
တာဖြစ်ပါတယ်။

မြန်မာ့ရိုးရာ ဗေဒင်ပညာရပ်ကိုဝါသနာပါကြတဲ့သူငယ်ချင်းတွေအတွက် Android ဗေဒင်ဆော့ဝဲစုစည်းမှု

ဗေဒင် Android အတွက် software လေးတွေပါ။ I phone အတွက်ကျတောကျွန်တော်လဲမသိလို.ပါ။ အချို.တွေကအရင်ကတင်ပေးပြီးသားပါ ဒါပေမယ်. မတွေ.လိုက်ရတဲ.သူငယ်ချင်းတွေအတွက်ပေါ့။
မြန်မာလက်ထောက် ဗေဒင်သူပေးထားတဲ့မေးခွန်းတွေထဲကမှ ကိုကြိုက်တဲ့မေးခွန်းကိုထောက် ၊ ပြီးတော့မှလည်နေတဲ့စက်ဝိုင်းလေးကို တစ်ချက်ထောက် နောက်ဆုံးရပ်သွားတဲ့ ၁၂ရာသီဖွားကိုထောက်လိုက်တာနဲ့ သင်မေးထားတဲ့ အဖြေကိုတွေ့မြင်ရမယ့် ဗေဒင်လေးပါ ။

သယံဇာတ စီမံခန့်ခွဲမှု စာရင်းဇယားတွင် မြန်မာနိုင်ငံနောက်ဆုံးအဆင့်မှာရပ်တည်နေ

မြန်မာနိုင်ငံရဲ့ သယံဇာတ စီမံမှုကို အမှန် ပေးရင် အမှတ် ၁၀၀ မှာ ၄ မှတ် ဘဲ ရတယ် တဲ့။

နိုင်ငံပေါင်း ၅၈ နိုင်ငံကို နှိုင်းယှဉ်လိုက်ရင် နံပတ် ၅၈ (ဘိတ်ချီး) လိုက်ပါသတဲ့။ ဆောင့်ကြွားကြွား မြန်မာနိုင်ငံသားများရေ... မျက်စိဖွင့်ကြည့်ပါအုံး။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များရေ.. အသက်နဲ့ လဲယူထားတဲ့ တိုင်းပြည်ကို ထကြည့်ကြပါအုံး.။။။။

Myanmar’s Performance on the RGI
Myanmar received a “failing” score of 4, ranking last out of 58 countries. It performed extremely poorly on all components.

မြန်မာနိုင်ငံရဲ့ သယံဇာတ စီမံမှုကို အမှန် ပေးစာရင်း အမှတ် ၁၀၀ မှာ ၄ မှတ် သာရရှိတယ်လို့သိရပါတယ်။
နိုင်ငံပေါင်း၅၈ နိုင်ငံကို နှိုင်းယှဉ်လိုက်ရင်နံပတ်၅၈ နောက်ဆုံးမှလိုက်နေတာပါ။ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ 
အာဇာနည်ခေါင်းဆောင်များရေ.. အသက်နဲ့ လဲယူထားတဲ့ တိုင်းပြည်ရဲ့ သယံဇာတသုံး စီးမံခန့်ခွဲမှုမှာ
မည်သည့်အတွက်ကြောင့်နောက်ဆုံးရပါသနည်း?

မီဇိုရမ်မှ မြန်မာနိုင်ငံသား အိမ်ခြေ ၁၂၀ ကျော် မောင်းထုတ်

မီဇိုရမ်မှ မြန်မာနိုင်ငံသား အိမ်ခြေ ၁၂၀ ကျော် မောင်းထုတ်

မေလ ၁၇ ရက် ၂၀၁၃

မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသား အများစုနေ ထိုင်သည့် ရပ်ကွက်ဖြစ်
ကြသော Rangvamualနှင့် Phunchawng ရပ်ကွက်ရှိ မိသားစု
အိမ်ခြေ ၁၂၀ ကျော်ကို Central Young Mizo Association (CYMA) မှ မောင်းထုတ်ခဲ့သည်။

ဧပြီလကုန်ပိုင်းကတည်းက မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး NGO ဖြစ်သော CYMA တာဝန်ရှိသူများနှင့် အိမ်ရှင်များဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးချက်
အရ တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများအပါအဝင် အရက်ချက်လုပ်ငန်း
များတွင် လုပ်ကိုင်နေသော မိသားစုများကို မေလ ၁၅ ရက်နေ့ မတိုင်ခင် ရပ်ကွက်မှ ထွက်သွားရန် အသိပေးထားပြီဖြစ်ကြောင်း ယနေ့ ထုတ် The Aizawl post သတင်းစာတွင် ဖေါ်ပြထားသည်။

“နောက်ဆုံးသတင်းအရ Phunchawng ရပ်ကွက်မှ အိမ်ခြေ ၉၀ ခန့်
ပြောင်းရွေ့ကြပြီဖြစ် တယ်။ Rangvamual ရပ်ကွက်မှ အိမ်ခြေ ၃၀ ခန့်
လည့်း  ယင်းရပ်ကွက်မှ ပြောင်းရွေ့ခဲ့တယ်” ဟု အဆိုပါ သတင်းစာတွင်
ဖော်ပြသည်။

ဆက်လက်ပြီး အာဏာပိုင်များက သတ်မှတ်ထားသည့် နေ့ရက်တွင် ရပ်ကွက်မှ မပြောင်းရွေ့၊ မထွက်ခွာသေးသည့် အိမ်ထောင်စု အခြေ
အနေကို ဆက်လက်စစ်ဆေးသွား မည်ဖြစ်ပြီး၊ တကယ်လို့ ရှိခဲ့ပါက ဆက်လက် မောင်းထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြောင်းရွေ့ခံရသည့် မိသားစုများမှာ အခြားရပ်ကွက်များတွင် အိမ်ငှားနေခြင်း၊ အချို့ မိသားစုများမှာ ဆွေမျိုး အိမ်များတွင် ကပ်၍ နေ
ကြသည်ဟု သိရပြီး၊ တချို့ အိမ်ထောင်စုများ သည် မြန်မာနိုင်ငံဘက်သို့ 
ပြန်သွားသူများလည်း ရှိသည်ဟုသိရသည်။

“ဒီကိစ္စနှင့် ပတ်သက်လို့  တချို့ အိမ်ထောင်စုတွေ ဆိုရင် မြန်မာပြည်ဘက်ကို လည်း မသွားရဲ ဖြစ်နေကြတော့ စိတ်သောကရောက်နေ တယ်” ဟု ဒေသခံတဦးက ဆိုသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ က နေ မိုင် ၂၀ ကွာဝေးသည့် Phunchawng
နှင့် Rangvamual ရပ်ကွက်တွင် မြန်မာနိုင်ငံ သား တော်တော်များ များနေထိုင် ကြပြီး၊ အများစုမှာ အရက်ချက် လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ကြသည်ဟု သိရသည်။ သို့ သော် မြန်မာနိုင်ငံသား မည်၍မည်မျှ နေထိုင်ကြသည်ကိုမူ အသေးစိတ်မသိရှိနိုင်ပေ။

အိုင်ဇောလ်မြို့ တွင် အခြေစိုက်သော CYMA သည် ၂၀၁၃ခုနှစ် မေလ (၁၅) ရက်နေ့ တွင် ယင်း ဒေသရှိ မြန်မာနိုင်ငံသားများကို ရပ်ကွတ်မှ အပြီးထွက်
သွားကြရန် နှင့် အကယ်၍ မထွက်သွားပါက ၄င်းတို့ အပေါ် လုပ်ဆောင်သည့် အရေးယူမှု အပေါ် CYMA မှ တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးခဲ့သည်။

khonumthung

မေလ ၁၇ ရက် ၂၀၁၃
မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားအများစုနေထိုင်သည့်ရပ်ကွက်ဖြစ်ကြသော Rangvamualနှင့် Phunchawng
ရပ်ကွက်ရှိ မိသားစုအိမ်ခြေ ၁၂၀ ကျော်ကို Central Young Mizo Association (CYMA) မှ မောင်းထုတ်ခဲ့
သည်။

ကမ္ဘောဒီးယားတွင် ဖိနပ်စက်ရုံပြိုကျမှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး


ကမ္ဘောဒီးယား နိုင်ငံတွင်ဖိနပ်စက်ရုံတစ်ခု ပြိုကျရာလူ(၂)ဦးအနည်းဆုံး သေဆုံးပြီး အပျက်အစီးများအောက်
တွင် နောက်ထပ် ပိတ်မိနေသူများ ရှိနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။