Pages

Tuesday, May 14, 2013

လယ်သမားသမဂ္ဂမှ ပြန်လာသူ လယ်သူမတဦး ဆိုင်ကယ် ကယ်ရီသမား၏ အဓမ္မပြုကျင့်ခံရ

တောင်သူလယ်သမားသမဂ္ဂရုံးမှ ပြန်လာသောလယ်သူမတဦးအားဆိုင်ကယ်ကယ်ရီသမားက လမ်းခုလတ်
အရောက်အဓမ္မပြုကျင့်မှုတခုအား ကျောက်တန်းရဲစခန်းက မေလ၁၁ရက်နေ့တွင်အမှုဖွင့်ပေးထားရကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်းသတင်း မှတ်တမ်းအရ သိရသည်။

" MAHASEN ဆိုက်ကလုန်းမုန်း သတိပေးကြေငြာချက် အဝါရောင်အဆင့်မှ လိမ္မော်ရောင်အဆင့်သို့ တိုးမြင့်သတ်မှတ်ပြီ "


မဟာစင်မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ စတင်ရွှေ့လျား လာသောကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလား
ဒေ့ရှ်နယ်စပ်ကိုဦးတည်တိုက်ခတ်ရန် ဟန်ပြင်လာပြီးမုန်တိုင်းသတိပေးမှုကို အဝါရောင်အဆင့်မှ လိမ္မော်
ရောင်အဆင့်သို့ သတ်မှတ်လိုက်ပြီဖြစ်ကြောင်းမိုးဇလက ယနေ့ည ၈ နာရီတွင် နိုင်ငံပိုင်မီဒီယာများမှတစ်
ဆင့် သတင်းထုတ်ပြန်သည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN) နဲ့ပတ်သတ်ပြီး ( မြန်မာစံတော်ချိန် (၁၉း၀၀)နာရီ အချိန်သတင်းထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန်(၁၈း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်မြန်မာနိုင်ငံ(စစ်တွေမြို့)၏အနောက်တောင် ဘက်မိုင်(၅၁၀)ခန့်၊ပုသိမ်မြို့၏အနောက်တောင်ဘက်မိုင်(၅၂၀)ခန့်၊ကျောက်ဖြူမြို့၏အနောက်တောင်ဘက်မိုင် (၅၂၀)ခန့်၊အိန္ဒိယနိုင်ငံ(ဗီဇာကာပတ္တနမ်မြို့)၏အရှေ့တောင်ဘက်မိုင်(၂၄၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေ ပါသည်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြာက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။

ပြည်မြို့တွင် ယနေ့ဖြစ်ပွားခဲ့သော ဆရာတော်ဦးသောဘိ အား ဓါးဖြင့်ထိုးသွားသော တရားခံမှာ ရဲဝင်း( ဗမာလူမျိုး ၊ ဗုဒ္ဒဘာသာ)ဖြစ်ကြောင်း ခွဲစိတ်ခန်းမ၀င်ခင် ဆရာတော်မှ မိန့်ကြား

မေလ ၁၄ရက်၊ ၂၀၁၃ခုနှစ်

ပြည်မြို့ပွင့်လှသိမ်ကုန်း ရက်ကွက် ပုညစေတီတော် ပုညဓမ္မာရုံမှာ ဆရာတော် ဦးသောဘိတ သက်တော်

(၈၂))၀ါတော်(၆၂) ရှိ ကျောင်းထိုင်ဆရာတော်ဘုရားကြီးအား(ဓါးဖြင့်)လှီးဖြတ်ပြီးဝမ်းဗိုက်အား ဓါးဖြင့်ထိုးတဲ့ခဲ့
တဲ့ အမှု့တစ်ခုဖြစ်ခဲ့ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် နဲ့ပတ်သတ်ပြီး (မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ နောက်ဆုံး သတင်းထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ဟာ စစ်တွေမြို့
ရဲ့ အနောက်တောင်ဘက် မိုင် ၅၁၀ခန့်၊ ပုသိမ်မြို့ရဲ့ အနောက် တောင်ဘက် မိုင် ၅၂၀ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၅၂၀ခန့်နဲ့ အိန္ဒိ ယနိုင်ငံ ဗီဇာကာပတ်တနန်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၄၀ အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေတယ်လို့ မိုးလေ၀သဌာနက မေလ ၁၄ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ နောက်ဆုံး သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ရိုဟင်ဂျာများကို အာဏာပိုင်များက မုန်တိုင်းလွတ်ရာသို့ရွေ့ပြောင်းပေးရမယ့်အစား ပင်လယ်ကမ်းခြေအနီးသို့ရွေပြောင်းခိုင်နေ

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်စခန်းများမှာ ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်မ်များကို မုန်တိုင်းလွတ်ရာ ရွှေ့ ပြောင်းရန် အစိုးရတာဝန်ရှိသူများ၏ ဆောင်ရွက်ချက်ကို ရိုဟင်ဂျာများက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်ထို့ အတွက်ကြောင့် အစိုးရအဖွဲ့ က အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးမျာ့း ကို ခေါ်ယူတွေ့ ဆုံကာ ဒုက္ခသည်များကို ဘေးလွတ်ရာသို့ ရွေ့ ပြောင်းစေ မေတ္တာရပ်ခံခိုင်းစေကြောင်းသိရပါတယ်။
ရိုဟင်ဂျာများကမူ အစိုးရ၏ ဆောင်ရွက်မှုများကို ယုံကြည်ချင်းမရှိပဲ ယခုနေရာမှ နောက်တစ်နေရာသို့ ရွှေ့ ပြောင်းရပါက ယခုနေနေရသည့် နေရာပါ ပျောက်ဆုံးသွားဖွယ်ရှိကြောင်း စိုးရိမ်လျှက်ရှိပါတယ်။

ရွှေတောင်ကြားတွင် နေထိုင်သော ကုမ္ပဏီမှ ဒါရိုက်တာတဦးအား မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းမိ

အင်္ဂါနေ့၊ မေလ ၁၄ ရက် ၂၀၁၃ ခုနှစ် ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်တွင် နေထိုင်သော ကုမ္ပဏီ ဒါရိုက်တာတစ်ဦး အား မှုးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိမှုတစ်ခု မေလ ၁၁ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်း သတင်းအရ သိရသည်။

စစ်တွေက ဒုက္ခသည်တွေ မုန်တိုင်းသတင်း ရရှိထားကြ

စစ်တွေမြို့က သဲချောင်း၊ ဘန်စီကုန်းနဲ့ ဘုမေ ဒုက္ခသည်စခန်းအတွင်းက ဒုက္ခသည်တွေဟာ မဟာဆန် ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်တဲ့ သတိပေးမှုတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေဆီကတစ်ဆင့် ရရှိထားတယ်လို့ စစ်တွေကို မုန်တိုင်းသတင်းရယူဖို့ ရောက်ရှိနေတဲ့ ကမာရွတ်မီဒီယာက သတင်းထောက်က မေလ ၁၃ရက်နေ့ နှောင်းပိုင်းမှာ သတင်းပေးပို့ခဲ့ပါတယ်။

ဆိုက်ကလုန်းမုန်တိုင်း မဟာစင်နဲ့ပတ်သတ်ပြီး (မြန်မာစံတော်ချိန် ညနေ ၄း၀၀ အချိန်သတင်းထုတ်ပြန်ချက်)

မဟာစင်မုန်တိုင်း နောက်ဆုံးရ သတင်း

ဒေါက်တာ ထွန်းလွင် ခန့်မှန်းချက် (မေ- ၁၄၊ ညနေ ၄း၀၀ နာရီ)

''မဟာစင်မုန်တိုင်းသည် ကွေ့ဖို့အကြိုပြင်ဆင်မှုအနေနဲ့ အနောက်မြောက်ဦးတည်ရွေ့နေရာမှ မြောက်ဘက်သို့ ဦးတည်ရာကိုပြောင်းပြီ။

မေ ၁၄ ရက်၊ နံနက် (၉)နာရီခွဲအချိန် တိုင်းတာချက်အရ ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ဦးတည်ရွေ့လျှားရာ လားရာ အနောက်မြောက် မှ မြောက်ဘက်ကို စတင်ရွေ့ပါပြီ။ အဲဒီနောက်မှာတော့ အရှေ့မြောက်ဖက်(NE)ကို ဦးတည်ရွေ့လျှားလာပြီး မေ ၁၇ ရက် နေ့ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကမ်းခြေကို ဖြတ်ကျော်မည်ဟု ခန့်မှန်းရပါတယ်။

ခန့်မှန်းချက်အရ (၁၄-၅-၂၀၁၃) ရက်ညပိုင်းမှာ မြောက်၊ အရှေ့မြောက်ကိုစပြောင်းမယ်။

အတည်ပြုနိုင်ခဲ့ရင်တော့ မေလ ၁၅၊ ၁၆ နဲ့ ၁၇ ရက်တွေဟာ အရေးပါတဲ့ ရက်တွေဖြစ်လာပါလိမ့်မယ်။
အတည်ပြုချက်ကို ဆက်လက်ဖော်ပြပေးပါ့မယ်"



''မဟာစင်မုန်တိုင်းသည် ကွေ့ဖို့အကြိုပြင်ဆင်မှုအနေနဲ့ အနောက်မြောက်ဦးတည်ရွေ့နေရာမှ မြောက်ဘက်
သို့ဦးတည်ရာကိုပြောင်းပြီ။ မေ ၁၄ ရက်၊နံနက်(၉)နာရီခွဲအချိန်တိုင်းတာချက်အရဆိုင်ကလုန်း မုန်တိုင်းမဟာ
စင် ဦးတည်ရွေ့လျှားရာ လားရာ အနောက်မြောက် မှ မြောက်ဘက်ကို စတင်ရွေ့ပါပြီ။

ရန်ကုန်-တောင်ငူ သွား ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်မှတောင်ငူသို့ပြေးဆွဲနေသောဂန္တဝင်ယဉ်သည်အမြန်လမ်း၁၀၄မိုင်၎ဖာလုံတွင်ယနေ့ နေ့ လည်၃း၃၀ခန့်တွင်တိမ်း   မှောက်။

ရန်ကုန်မှတောင်ငူသို့ပြေးဆွဲနေသောဂန္တဝင်ခရီးသည်တင်ယာဉ်သည်အမြန်လမ်း၁၀၄မိုင်၎ဖာလုံတွင်
ယနေ့ နေ့ လည်၃း၃၀ခန့်တွင်တိမ်း မှောက်သွားခဲ့ကြောင်းသတင်းရရှိပါသည်။

မုန်တိုင်းရှောင်သည့် ရိုဟင်ဂျာစက်လှေ တစ်စီး နစ်မြှပ်

မုန်တိုင်းရှောင်သည့် ရိုဟင်ဂျာစက်လှေ တစ်စီး နစ်မြှပ်

RB News
14.5.2013

ရခိုင် ပြည်နယ်ရှိ နိုင်ငံ တကာ အန်ဂျီအို များရဲ့ ပြောကြားချက် အရ ရိုဟင်ဂျာ မွတ်စလင် များကို သယ်ဆောင် လာသည့် စက်လှေ တစ်စီး မှောက်သွား ခဲ့သည်ဟု သိရသည်။ စက်လှေ ပေါ်တွင် ခရီးသည် ၂၀၀ ခန့် ပါရှိပြီး၊ ၎င်းတို့သည် ယခု ရက်သတ္တပတ် အတွင်း တိုက်ခိုက်မည့် မဟာဆင် ဆိုင်ကလုန်း မုန်တိုင်းကို ရှောင်တိမ်း နိုင်ရန် အတွက် ထွက်ခွာ လာသူ များဖြစ်သည်။ 

အဆိုပါ စက်လှေသည် တနင်္လာနေ့ (မေလ ၁၃ ရက်) နှောင်းပိုင်းတွင် ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ် အနီး နစ်မြှပ် ခဲ့ခြင်း ဖြစ်ပြီး၊ ယခု အချိန်ထိ ပျောက်ဆုံး နေသည့် လူဦးရေ အရေ အတွက်ကို မသိရှိ ရသေးကြောင်း သိရသည်။

ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ မွတ်စလင် များသည် လွန်ခဲ့သည့် နှစ်တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများ ပြီးနောက် ယာယီ ဒုက္ခသည် စခန်း များတွင် နေထိုင် နေရသည်။ ကုလ သမဂ္ဂမှ ဒုက္ခသည် များကို မုန်တိုင်း ဘေးကင်းရာ သို့ပြောင်းရွှေ့ ရန် သတိပေး နှိုးဆော် ခဲ့ပြီး၊ ယခု ဒုက္ခသည် များရှိရာ နေရာသည် ပင်လယ်ပြင် နှင့်နီးကပ်၍ ရေကြီးမှု အန္တာရယ်နှင့် ရင်ဆိုင် ရဖွယ် ရှိသည်။ 

ကုလ သမဂ္ဂ လူသားချင်း စာနာရေး ဌာနမှ အကြီးအကဲ ဖြစ်သူ ဘာဘရာ မန်ဇီမှ စစ်တွေမြို့တွင် ကယ်ဆယ်ရေး အတွက် ပြင်ဆင် ထားပြီ ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာန သို့ပြောကြား ခဲ့သည်။ ၎င်းက စက်လှေ ပေါ်တွင် ပါဝင် သူများသည် အစိုးရ၏ အစီအစဉ် ဖြင့်မုန်တိုင်း အန္တာရယ် ကိုရှောင်ရှားရန် ထွက်ခွာ လာသူများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ စက်လှေ ပေါ်တွင် လူဦးရေ ၁၀၀ မှ ၂၀၀ အတွင်း ပါဝင်နိုင်ပြီး အသက်ရှင် သူများလည်း ရှိကြောင်း ပြောခဲ့သည် ဟု ယနေ့ ဘီဘီစီ သတင်း တစ်ရပ်တွင် ရေးသား ဖော်ပြ ထားသည်။ 

ကိုးကား ။ ။ BBC News

http://bit.ly/169E9vv

ရခိုင် ပြည်နယ်ရှိ နိုင်ငံ တကာ အန်ဂျီအို များရဲ့ ပြောကြားချက်အရ ရိုဟင်ဂျာ မွတ်စလင် များကို သယ်ဆောင်
 လာသည့် စက်လှေ တစ်စီး မှောက်သွား ခဲ့သည်ဟု သိရသည်။ စက်လှေ ပေါ်တွင် ခရီးသည် ၂၀၀ ခန့်ပါရှိပြီး
၊ ၎င်းတို့သည် ယခု ရက်သတ္တပတ် အတွင်း တိုက်ခိုက်မည့် မဟာဆင် ဆိုင်ကလုန်း မုန်တိုင်းကို ရှောင်တိမ်း
 နိုင်ရန် အတွက် ထွက်ခွာ လာသူ များဖြစ်သည်။

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

၂၀၁၅ ခုနှစ်သို့ အရောက်တွင် ပြည် တွင်း၌ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရှိလာရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ လာမည့် ဇွန်လအတွင်း၌ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခု ရွေးချယ်မည်ဖြစ်ပြီး ယင်းအော်ပရေတာ ကုမ္ပဏီများအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံရဖွယ်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့သည်။

''၂၀၁၅ အရောက်မှာ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရောက်စေချင်တယ်။ မိုဘိုင်းဖုန်းရော ကြိုးဖုန်းပါ။ နိုင်ငံတကာကို ကြည့်တော့ ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ ဖြစ်လာဖို့ ငါးနှစ်ကနေ ခုနစ်နှစ်အထိ အချိန်ယူကြရတာ တွေ့ရတယ်။ ဗီယက်နမ် နိုင်ငံကတော့ သုံးနှစ်အတွင်းမှာ ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာအောင် လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မပေးချင်ပါဘူး။ ၂၀၁၅ မှာ ရာခိုင်နှုန်း ၅၀ ဖြစ်လာဖို့အတွက် နှစ်နှစ်ခွဲပဲ အချိန်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံး၊ အတွေ့အကြုံ အများဆုံး အော်ပရေတာ ကုမ္ပဏီကို ရွေးချယ်မယ်ဆိုရင်တော့ နှစ်နှစ်ခွဲအတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ ဖုန်းသိပ်သည်းဆ မြင့်တက်လာဖို့ကို ဦးစားပေးသွားမှာဖြစ်ပြီး အဲဒီမှာမှ မိုဘိုင်းဖုန်းတွေကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ရွေးချယ်ခံရသော ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီအနေဖြင့် အချိန်ကာလ နှစ်နှစ်ခွဲအတွင်း ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရောက်လာရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ဒေါ်လာနှစ်ဘီလျံ ရင်းနှီးမြှုပ်နှံရဖွယ် ရှိကြောင်းလည်း ခန့်မှန်းသုံးသပ်ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မိုဘိုင် ဖုန်း သိပ်သည်းဆမှာ ခုနှစ်ရာခိုင်နှုန်းခန့်ရှိပြီး အော်တိုကြိုးဖုန်း သိပ်သည်းဆမှာ တစ်ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သိရသည်။

ဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ အတွင်း၌ မိုဘိုင်းဖုန်းအလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း ယခင်က ထုတ်ပြန်ခဲ့ဖူးသည်။

ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအတွက် အရည်အသွေး သတ်မှတ်ချက်များလည်း ထားရှိမည်ဖြစ်ပြီး ချို့ယွင်းချက်များရှိပါက ဒဏ်တပ်သွားမည်ဟု သိရသည်။

''ဖုန်းခေါ်ဆိုမှုအကြိမ် ၁၀၀ မှာ ၉၉ ကြိမ် လိုင်းမိရမယ် စသဖြင့် သတ်မှတ်ချက်တွေ ရှိပါတယ်။ ခေါ်ဆိုလို့ မရဘူး၊ လိုင်းမမိတာတွေ များမယ်ဆိုရင် ဒဏ်တပ်မှာဖြစ်ပါတယ်'' ဟု ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။   

၂၀၁၁-၂၀၁၂ အတွင်း နိုင်ငံအချို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆများ

ထိုင်း                 ၁၂၃ ရာခိုင်နှုန်း

မလေးရှား           ၁၂၂ ရာခိုင်နှုန်း

တောင်ကိုရီးယား   ၁၀၈ ရာခိုင်နှုန်း

ဖိလစ်ပိုင်            ၁၀၃ ရာခိုင်နှုန်း

အင်ဒိုနီးရှား         ၉၆ ရာခိုင်နှုန်း

တရုတ်             ၇၈ ရာခိုင်နှုန်း

အိန္ဒိယ               ၇၈ ရာခိုင်နှုန်း

ပါကစ္စတန်          ၆၆ ရာခိုင်နှုန်း

ဘင်္ဂလားဒေ့ရှ်      ၅၀ ရာခိုင်နှုန်း

မြန်မာ               ၇ ရာခိုင်နှုန်း

မေ ၁၃ ရက်က ကျင်းပသော အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ဆက်/နည်းပညာ ဒုဝန်ကြီးဦးသောင်းတင်မှ ရှင်းလင်းစဉ်
မေ ၁၃ ရက်က ကျင်းပသော အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ဆက်/နည်းပညာ ဒုဝန်ကြီးဦးသောင်းတင်မှ ရှင်းလင်းစဉ်
၂၀၁၅ ခုနှစ်သို့ အရောက်တွင် ပြည် တွင်း၌ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရှိလာရန် အကောင်
အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ လာမည့် ဇွန်လအတွင်း၌ ဆက်သွယ်ရေး အော်ပရေ
တာ ကုမ္ပဏီနှစ်ခု ရွေးချယ်မည်ဖြစ်ပြီး ယင်းအော်ပရေတာ ကုမ္ပဏီများအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီး
မြှုပ်နှံရဖွယ်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများ
က သုံးသပ်ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသည့် ISM ကျောင်း၏ ကျောင်းလခ တိုးမြှင့်မှုအပေါ် စစ်ဆေးပေးရန် ကျောင်းသားမိဘ အများစုက လွှတ်တော်နှင့်သမ္မတထံ တိုင်ကြားမည်

ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသည့် ISM ကျောင်း၏ ကျောင်းလခ တိုးမြှင့်မှုအပေါ် စစ်ဆေးပေးရန် ကျောင်းသားမိဘ အများစုက လွှတ်တော်နှင့်သမ္မတထံ တိုင်ကြားမည်

ပညာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသော ကျောင်းသူ၊ ကျောင်းသား ၁၂၀၀ ခန့်ရှိသည့် International School of Myanmar (ISM) နိုင်ငံခြားကျောင်းတွင် လာမည့်ပညာသင်နှစ်၌ ကျောင်းလခအား ၃၅ ရာခိုင်နှုန်းခန့်ထိ တိုးမြှင့်ကောက်ခံခဲ့မှုအား စစ်ဆေးပေးရန် ကျောင်းသားမိဘ ၃၀၀ ခန့်မှ နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ထံ စာပို့တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

မေ ၁၂ ရက် International School of Myanmar (ISM) မိဘ ၃၀၀ ခန့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသို့ စာပေးပို့ အရေးယူ ဆောင်ရွက်သွားရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားမိဘများက သမ္မတ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များ ထံသို့ ပေးပို့သွားမည့် အိတ်ဖွင့်ပေးစာတွင် International School of Myanmar (ISM) ကျောင်းက ကျောင်းလခများ အဆမတန် တိုးမြှင့်ကောက်ခံခြင်း ကိစ္စကို စစ်ဆေးပေးပါရန်၊ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော International School များနှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း စုံစမ်းပေးပါရန်နှင့် အဆိုပါ နိုင်ငံခြားကျောင်းများနှင့် ပတ်သတ်သော ဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေး ဆောင်ရွက်ပေးပါရန်တို့ ပါရှိသည်။

International School of Myanmar (ISM) ကျောင်းမှ ကလေးနှစ်ယောက်၏ ဖခင်ဖြစ်သူ ကိုဇော်မင်းက ''ကျောင်းလခကို အဆမတန် တိုးမြှင့်တာကို အဓိကထားပြီး ပြောတာ မဟုတ်ပါဘူး။ တိုးမြှင့်မယ့် ကျောင်းလခနဲ့အညီ ဘယ်လိုဝန်ဆောင်မှုမျိုးမှ ပေးနိုင်မှာ မဟုတ်တာကို သိနေပါတယ်။ ပြီးတော့ကျွန်တော်တို့က ရေပေါ်ဆီမိဘတွေ မဟုတ်ဘူး။ လက်ရှိတောင် တစ်နှစ်ကို မူလတန်း ကျောင်းသားတစ်ယောက်ကို သိန်း ၅၀ နဲ့ ၆၀ ၀န်းကျင်ကုန်တယ်။ နောက်ပြီး အထက်တန်းကျောင်းသား အတွက်ဆိုရင် သိန်း ၉၀ ကျော်လောက်မှာ ရှိနေတာ။ ထပ်တက်မယ့် ရာခိုင်နှုန်းနဲ့ ဆိုရင်တော့ တော်တော်တွေးပူစရာတွေ ဖြစ်နေပါပြီ'' ဟု ပြောသည်။

ယင်းအပြင် ကျောင်းလခတိုးမြှင့်သည့် အသိပေးစာများအားလည်း ကျောင်းပိတ်ရာသီနှင့် နီးကပ်သည့် အချိန်နှင့်ကိုက်ကာ ကြိုတင်အသိပေးမှုများ မရှိဘဲ လုပ်ဆောင်ခဲ့သည်ကိုလည်း ကျောင်းသားမိဘများမှ ဝေဖန်ခဲ့သည်။

ISM မူလတန်းကျောင်းသား တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်မာလာက ''သင်္ကြန်မတိုင်ခင် နှစ်ရက်အလိုမှာ ကလေးတွေနဲ့ ကျောင်းလခ တိုးမယ်ဆိုတဲ့ စာရွက်ကို ထည့်ပေးလိုက်တယ်။ ဒါဟာ ရည်ရွယ်ချက်နဲ့ လုပ်တာလား ဘာကြောင့် လုပ်တာလည်းဆိုတာ အခုထိ အတိအကျ မသိသေးပါဘူး။ နောက်ကျောင်းကို ပြောင်းဖို့လည်း အခတ်အခဲတွေ ဖြစ်နေပါတယ်'' ဟု ပြောသည်။

လက်ရှိအချိန်တွင် ကျောင်းသားမိဘများမှ တိုးမြှင့်ခဲ့သော ကျောင်းလခအား လျော့ချနိုင်ရေးအတွက် ကျောင်းတာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးရန် ပြင်ဆင်နေသော်လည်းကျောင်းမှ လာမည့်ပညာသင်နှစ်အတွက် ကျောင်းသားတစ်ဦးလျှင် ၅၀၀၀၀၀ ကျပ်အား မေလ ၁၅ ရက်မတိုင်မီ Deposit တင်သွင်းရမည်ဖြစ်ကြောင်း မသွင်းပါက   လာမည့်စာသင်နှစ်တွင် တက်ရောက်ခွင့်ရရန် သေချာစေမည် မဟုတ်ဟု ကျောင်း၏အုပ်ချုပ်ရေးပိုင်းမှ အကြောင်းကြားထားကြောင်း (ISM) ကျောင်းသားမိဘအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

ISM ကျောင်းသားမိဘ အဖွဲ့ဝင် အမည်မဖော်လိုသူ တစ်ဦးက ''သူတို့က မကျေနပ်ရင် ထွက်ဆိုတဲ့အတိုင်း လုပ်နေတာ။ ပြီးတော့ နိုင်ငံခြားကျောင်းတွေက သင်ရိုးညွှန်တမ်းတွေက တူညီမှုလည်း မရှိတာတွေရယ် ကလေးတစ်ယောက်ရဲ့ ကျောင်းပြောင်းရတဲ့အပေါ် သူတို့နားလည်မှု မရှိပါဘူး'' ဟု ပြောသည်။

ဆရာများ၏ လစာတိုးမြှင့်ပေးရခြင်း၊ ဆရာများနေထိုင်သည့် Apartment ISM အခန်းလစာများ အဆမတန် မြင့်သွားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အာမခံစရိတ်များ ကြီးမြင့်သွားခြင်း၊ ဆရာများ၏ ခံစားခွင့်များ တိုးမြှင့်ပေးရခြင်းတို့ကြောင့် ISM ကျောင်း၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ၃၅ ရာခိုင်နှုန်းခန့် တိုးမြှင့်ရခြင်းဟု သိရှိရကြောင်း ကျောင်းသားမိဘများက ဆိုသည်။

ကျောင်းသားမိဘဖြစ်သူ ဦးသိန်းအောင်က ''အခြေခံစရိတ်တွေကတော့ အားလုံးလိုလို တက်နေတာပါပဲ။ အခုလက်ရှိ တိုးလိုက်တဲ့ ကျောင်းလခ စရိတ်ကတော့ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိပါဘူး၊ တစ်ခြားကျောင်းတွေရဲ့ ပညာသင်မှု အပိုင်းတွေ၊ ကျောင်းသားတွေ အပေါ်ထားတဲ့ Facility အပိုင်းတွေက ဘယ်အချက်မှ သာတာမရှိဘူး။ လျော့နည်းတာတွေပဲရှိတယ်။ နောက်ပြီး ဒီအချိန်မှာ ကလေးကို ကျောင်းပြောင်းမယ်ဆိုရင်လည်း အသားကျနေတဲ့ ပတ်ဝန်းကျင် တစ်ခုကနေ ဆွဲထုတ်ခဲ့တာက ကလေးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ချိုးနှိမ့်ရာ ရောက်သွားမှာဖြစ်တယ်'' ဟု ပြောသည်။

International School of Myanmar (ISM) ကျောင်းသည် ကျောင်းလခကို ၂၀၀၉ -၂၀၁၀ ပညာသင်နှစ်တွင် ကျောင်းလခ ၅ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ၇ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ၁၅ ရာခိုင်နှုန်းဖြင့် အသီးသီး ကျောင်းလခများ တိုးမြှင့်ခဲ့သော်လည်း လာမည့်ပညာသင်နှစ်အတွက် ၃၅ ရာခိုင်နှုန်းခန့် ကောက်ခံမည့် သတင်းများ ထွက်ပေါ်လာသည့်အတွက် မေလ ၇ ရက်နေ့က ကျောင်းရှေ့၌ ကျောင်းသားမိဘ ၃၀၀ ခန့်စုဝေးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

''လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ကျောင်းလခက မူတန်းမှာဆိုရင် ဒေါ်လာနှစ်ထောင် မကျော်ခဲ့ပါဘူး။ အထက်တန်းမှာဆိုရင် ဒေါ်လာခုနစ်ထောင် မကျော်တဲ့နှုန်းပဲ ရှိခဲ့တာပါ။အခုနောက်ဆုံး ကောက်ထားတဲ့ ၂၀၁၂ ခုနှစ် ပညာသင်နှစ်မှာဆိုရင် အထက်တန်းကျောင်းသားတစ်ဦးကို ဒေါ်လာတစ်သောင်းကျော် ရှိခဲ့တယ်။ အခုထက်တိုးမယ့်အရာနဲ့ ဆိုရင်တော့ မတွေးရဲစရာ ပမဏတစ်ခုဖြစ်ပါပြီ'' ဟု ဦးဇော်မင်းက ထပ်မံပြောကြားခဲ့သည်။             

ယင်းဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ISM နိုင်ငံခြားကျောင်းသို့ မေ ၁၃ ရက် ညနေပိုင်းတွင် ဆက်သွယ်မေးမြန်းရာတွင် ''တာဝန်ရှိသူ မရှိသဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိကြောင်း'' ISM ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ ISM နိုင်ငံခြားကျောင်းတွင် အမေရိကန်ဒေါ်လာဖြင့် ကျောင်းလခကို ကောက်ခံပြီး Pre -K3 ၃၆၀၀၊ Pre-K4 ၅၆၀၀၊ KG ၆၁၀၀၊ Grade -1 မှ Grade -5 ထိ ၈၄၀၀၊ Grade -6 မှ Grade -8 ထိ ၉၇၀၀၊ Grade -9 မှ Grade -11 အထိ ၁၀၆၀၀၊ Grade -12 ၁၁၅၀၀ ထိ လက်ရှိ ၂၀၁၂-၂၀၁၃ ပညာရေးနှစ်တွင် နောက်ဆုံးကောက်ခံထားသော နှုန်းထားဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်ခွဲကောက်ခံကြောင်း သိရသည်။

အဆိုပါကျောင်းသည် International ကျောင်းဖြစ်သည့် အားလျော်စွာ English 4 skill အပြင် သင်ရိုးညွှန်းတမ်းအတိုင်း အမေရိကန် course ဖြင့် သင်ကြားပေးနေပြီး အသက်သုံးနှစ် အရွယ်မှစ၍ မူလတန်း (Elementary School)၊ အလယ်တန်း(Middle School)၊အထက်တန်း (High School)Grade 12 အထိ သင်ကြားပေးလျက်ရှိပြီး အမေရိကန်နိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များ ကောလိပ်များနှင့် ချိတ်ဆက်ထားပြီး နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်း (Search Associate) မှ ဆရာအများစုမှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ISM နိုင်ငံခြားကျောင်းမှာ ယခင်က ကျူရှင်အနေဖြင့် သင်ကြားခဲ့သော်လည်း ၁၉၉၉ နောက်ပိုင်းတွင် International School of Myanmar(ISM) ကျောင်းအနေဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ဦးစီးဖွင့်လှစ်ခဲ့သူများမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး အစိုးရပိုင်းနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ညာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ဖွင့်လှစ်ထားသော ကျောင်းသူ၊ ကျောင်းသား ၁၂၀၀ ခန့်ရှိသည့် International School of Myanmar (ISM) နိုင်ငံခြားကျောင်းတွင်လာမည့်ပညာသင်နှစ်၌ ကျောင်း
လခအား ၃၅ ရာခိုင်နှုန်းခန့်ထိ တိုးမြှင့်ကောက်ခံခဲ့မှုအား စစ်ဆေးပေးရန် ကျောင်းသားမိဘ ၃၀၀ ခန့်မှ နိုင်
ငံတော် သမ္မတနှင့် လွှတ်တော်ထံ စာပို့တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ဆိုက်ကလုန်းမုန်တိုင်း မဟာဆန် အိန္ဒိယနိုင်ငံ ကိုစတင်အကဲစမ်းပြီ

“မဟာဆန် အကဲစမ်းပြီ”

မန္တလေး၊မေ ၁၃-၂၀၁၃(၁၁း၁၅ နာရီ)

ဘင်္ဂလားပင်လယ်မှာ အားကောင်းနေတဲ့ ဆိုင်ကလုံးမုန်တိုင်း“မဟာဆန်” စတင်ဝင်ရောက်လာပြီဖြစ်တာကြောင့် အိန္ဒိယနိုင်ငံ အင်ဒါပရာဒက်ရှ်ပြည်နယ် အရှေ့ဖက်ကမ်းရိုးတန်းဒေသ မိုင်းသက်လေပြင်းများ တိုက်ခတ်လျှက်ရှိရာ Guntur, Visakhapatnam နဲ့ Vizianagaram မြို့တွေမှာ မိုးကြိုးထိမှန်သေဆုံးသူ ၈-ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄-ဦးရှိပြီဖြစ်ကြောင်း AP ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးမင်းကြီး တီရာဒါးက ထုတ်ဖေါ်ပြောကြားသွားကြောင်း
“ဒေးလီး ဘာရှ်ကာ” အင်တာနက် သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
မိုးသက်မုန်တိုင်းဒဏ်ကြောင့် ခြံထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဆိုင်ကလုံးမုန်တိုင်း“မဟာဆန်”ဟာ ဒီကနေ့မနက်ပိုင်းက ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဖက် မိုင်၇၀၀ကိုဗဟိုပြုနေပြီး မြန်မာ-ဘင်္ဂလားနိုင်ငံနယ်စပ်ဒေသဆီ ဦးတည်ရွှေ့လျားနေကြောင်း၊ နောက် ၂၄-နာရီအထိ အင်ဒါပရာဒက်ရှ်ပြည်နယ်အတွင်း မိုးသက်လေပြင်းတွေ ဆက်လက်တိုက်ခတ်နိုင်ဖွယ်ရှိပြီး၊ လေပူလှိုင်းတွေ အားကောင်းနေဆဲဖြစ်ပြီး လေထုအပူချိန်မှာလည်း ၄၀ ဒီကရီ စင်တီဂရိတ်ကျော်အထိ ဆက်လက်တည်ရှိနေနိုင်ကြောင်း၊ အင်ဒါပရာဒက်ရှ်ပြည်နယ် အရှေ့ဖက်ကမ်းရိုးတန်းဒေသ Rentachintala မှာ အပူချိန် ၄၆ ဒီကရီ စင်တီဂရိတ်အထိ ရောက်ရှိနေကြောင်း၊ Nellore၊ Prakasam၊ Guntur နဲ့Krishna၊ Chittoor Kurnool ခရိုင်တွေမှာ ၄၄ ဒီကရီ စင်တီဂရိတ်အထိ ရောက်ရှိနေလျှက်ရှိရာ နောက် ၄၈-နာရီအထိ အပူချိန်မြင့်တက်နေဦးမှာဖြစ်ကြောင်း သတင်းမှာဆက်လက်ဖေါ်ပြထားပါတယ်။ ။

s.m.Aunng

ကိုးကား-

PTI
http://www.business-standard.com/article/pti-stories/heat-wave-grips-andhra-pradesh-113051200557_1.html
http://newindianexpress.com/states/andhra_pradesh/Mahasen-weakens-heatwave-to-stay/2013/05/13/article1587703.ece

မေ ၁၃-၂၀၁၃(၁၁း၁၅ နာရီ)
ဘင်္ဂလားပင်လယ်မှာ အားကောင်းနေတဲ့ ဆိုင်ကလုံးမုန်တိုင်း“မဟာဆန်” စတင်ဝင်ရောက်လာပြီဖြစ်တာ
ကြောင့် အိန္ဒိယနိုင်ငံ အင်ဒါပရာဒက်ရှ်ပြည်နယ် အရှေ့ဖက်ကမ်းရိုးတန်းဒေသ မိုင်းသက်လေပြင်းများ တိုက်
ခတ်လျှက်ရှိရာGuntur, Visakhapatnam နဲ့ Vizianagaram မြို့တွေမှာ မိုးကြိုးထိမှန်သေဆုံးသူ ၈-ဦးရှိပြီး ထိခိုက်
ဒဏ်ရာရသူ ၄-ဦးရှိပြီဖြစ်ကြောင်း AP ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးမင်းကြီး တီရာဒါးက ထုတ်
ဖေါ်ပြောကြားသွားကြောင်း“ဒေးလီး ဘာရှ်ကာ” အင်တာနက် သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။