Pages

Saturday, May 11, 2013

ဆိုက်ကလုန်းမုန်တိုင်း 01B13 နှင့်ပတ်သတ်ပြီး (၁၁-၅-၂၀၁၃)ရက် ည(၈း၀၀)နာရီအချိန် သတင်းထုတ်ပြန်ချက်

01B13 ဟာ အမည်တပ် မုန်တိုင်း MAHASEN (Name origin: Sri Lanka) ဖြစ်လာခဲ့ပါပြီ။အာလုံး…အားလုံးဟာ အခုအချိန်အထိ ကြိုတင် မျှောင်လင့်ထားခဲ့တဲ့အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ပါဘဲ။ (၁၁-၅-၂၀၁၃)ရက်နေ့ (၁၂)နာရီခွဲအချိန်တိုင်းတာချက်မှာ
(၁) TC 01B ဟာ Mahasen လို့အမည်တပ်မုန်တိုင်းဖြစ်လာခဲ့ပါတယ်။

ဧက၂၀ ကျော်ရှိ အစိုးရပိုင်မြေ နှစ်၇၀BOTစနစ်ဖြင့်ထူးနှင့် ထိုင်းကုမ္ပဏီလုပ်ကိုင်ခွင့်ရရှိ

ဧက၂၀ ကျော်ရှိ အစိုးရပိုင်မြေ နှစ်၇၀BOTစနစ်ဖြင့်ထူးနှင့် ထိုင်းကုမ္ပဏီလုပ်ကိုင်ခွင့်ရရှိ

ပြည်ထောင်စုရိပ်သာ စီမံကိန်း ဖော်ဆောင်ရန် ပြည်လမ်း နှင့် ပြည်ထောင်စုရိပ် သာလမ်းထောင့်ရှိ ဧက ၂၀ ကျော် ကျယ်ဝန်းသော အစိုးရ ပိုင် မြေနေရာ အား နှစ် ၇၀ BOT စနစ်ဖြင့် ထူး ကုမ္ပဏီ အုပ်စု နှင့် ထိုင်း ကုမ္ပဏီ ဖြစ်သော SIAM STEEL GROUP တို့အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

BOT စနစ်ဖြင့် လုပ်ကိုင်မည့် ၄င်းစီမံကိန်း တွင် ကြယ်လေးပွင့်အဆင့်ရှိ ၇ ထပ် ဟိုတယ် ၊ Office Tower ( ၈ ) ထပ် အဆောက်အဦး ၂ လုံး ၊ Shopping Mall ( ၅ )ထပ် အဆောက်အဦး ၊ Service Apartment ( ၈ ) ထပ် နှင့် Shop House ( ၈ )ထပ်ပါ အဆောက်အဦးတို့ ပါဝင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို ၂ နှစ်အတွင်း အပြီးဆောက်လုပ်ရန် လျာထားပြီး ဟိုတယ်ကို တစ်နှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံကို လာရောက်မည့် ခရီးသွားဧည့်များပြားလာခြင်း ကြောင့် လိုအပ်နေသော ဟိုတယ်အခန်း များကို ဖြည့်တင်း နိုင်ရန် ဟိုတယ်ကို ဦးစားပေးအဖြစ် အရင် ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

ပြည်ထောင်စုရိပ်သာ စီမံကိန်း ဖော်ဆောင်မည့် ၂၁ ဒဿမ ကိုး ဧကရှိ အဆိုပါနေရာသည် ယခင်က စစ်တပ်ပိုင် မြေနေရာဖြစ်ပြီး ထူးဆောက်လုပ်ရေး ကုမ္ပဏီ သည် MIC ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်ကြောင်း ယင်းနေရာ ရှိ အဆောက်အဦးဟောင်း များကို ဖျက်ပြီး အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ဦးတေဇနှင့်သားများကိုတွေ့ရစဉ်
ပြည်ထောင်စုရိပ်သာ စီမံကိန်း ဖော်ဆောင်ရန် ပြည်လမ်း နှင့် ပြည်ထောင်စုရိပ် သာလမ်းထောင့်ရှိ ဧက ၂၀
ကျော်ကျယ်ဝန်းသောအစိုးရပိုင် မြေနေရာ အား နှစ် ၇၀ BOT စနစ်ဖြင့် ထူး ကုမ္ပဏီ အုပ်စု နှင့် ထိုင်း ကုမ္ပဏီ
 ဖြစ်သော SIAM STEEL GROUP တို့အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအား ဟိုပန်မြို့ခံများမှ ထပ်မံ ဆန္ဒပြရန်အတွက်တရားဝင်ခွင့်ပြု မိန့်တင်

မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအား ဟိုပန်မြို့ခံများမှ ထပ်မံ ဆန္ဒပြရန်အတွက်တရားဝင်ခွင့်ပြု မိန့်တင်
========================================
ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်နေသော မင်းကိုနိုင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့ အား ယခုလ ၁၄ ရက်နေ့တွင် ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြရန်အတွက် ဟိုပန်မြို့နယ်ဒေ သခံများမှ သက်ဆိုင်ရာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ခွင့်ပြုမိန့် တင်ပြထားကြောင်းသိရသည်။ 

၎င်းတင်ပြသည့်စာတွင် ဟိုပန်မြို့သို့ ၈၈ မျိုးဆက်သစ်ကျောင်းသား များနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းခေါ်သည့် အဖွဲ့ဝင်များလာ ရောက်ရန် ကန့် ကွက်ကြောင်း အား (၇-၅-၂၀၁၃)ရက်နေ့တွင် ဒေသခံတိုင်း ရင်းသားပြည်သူ လူ ထုများမှ ဖောင်ဆိပ် တွင်ငြိမ်းချမ်းစွာ ဆန္ဒပြ ၍ တားမြစ်ရန်စောင့် ဆိုင်းခဲ့ပါသည်။ မိမိတို့ ဟိုပန်ဒေသအတွင်းရှိ ဒေသခံတိုင်းရင်း သားပြည် သူလူထုများ စည်းလုံးမှု အင်အားကိုသိရှိသွားသဖြင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများ နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းခေါ်သည့်အဖွဲ့ဝင်များသိရှိသွား၍ ခရီးစဉ်အားပယ်ဖျက်ပြီးနောက်ေ ကြာင်းပြန် လှည့်သွား ခဲ့ကြပါသည်။ ကိုမင်းကိုနိုင်ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသား များနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လာ ရောက်ရန်ဖိတ်ခေါ်ခဲ့သည့် ဒေသခံမဟုတ်သည့် ဦးဝင် တင်၊ အောင်အောင်(ခ)အောင်ကိုဦးတို့သည် မိမိတို့ဒေသခံ ပြည်သူလူထုမှ ၎င်းတို့အား လက်မ ခံကြ သည်ကိုသိပါလျက်နှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများထင်ယောင်ထင်မှား ဖြစ်အောင် မဟုတ်မမှန်သည့် သတင်းများ အား ဖန်တီးလုပ်ကြံပြီး ပြည်တွင်းပြည်ပရှိ အသံလွှင့်ဌာနများ၊ သတင်းမီဒီ ယာနှင့် ဆက်သွယ်၍ ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်လျက် ရှိကြပါသည်။

သို့ဖြစ်ပါ၍ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် လျက်ရှိကြ သော ပြည်သူများအားလုံးမှ မိမိတို့ “၀”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဒေသအတွင်းတွင် အေးချမ်း စွာနေထိုင်လျက်ရှိ သည့် ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ သွေးစည်းညီညွတ်မှု၊ စည်းလုံးမှု အင်အားကိုပြသရန်နှင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် “၈၈”မျိုးဆက် သစ်ကျောင်း သား များ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအား လာရောက်ရန် ဖိတ်ခေါ်ခဲ့ သည့် ဒေသခံမဟုတ်သည့် ဦးဝင်းတင်၊ အောင်အောင် (ခ)အောင် ကို ၀င်းတို့၏ဖန်တီးလုပ်ကြံသည့်မဟုတ်မမှန်သည့် သတင်းများ အား ပြန်လည်တုန့်ပြန်ခြင်း၊ ၎င်းတို့၏လုပ်ဆောင်ချက် ဒေသခံပြည် သူလူထုမှ လက်မ ခံခြင်း၊ ကန့်ကွက် ခြင်းအားငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲအား ဟိုပန်မြို့၊ မြို့သစ်ရပ်ကွက်လမ်းဆုံ၌ (၁၄-၅-၂၀၁၃) ရက်နေ့တွင် ဥပဒေ ဘောင်အတွင်းမှပြုလုပ်လိုပါသဖြင့် ခွင့်ပြုနိုင်ပါရန်နှင့် လိုအပ် သည်များ ဆက်လက်ညွှန်ကြားပေးနိုင်ပါရန် ရပ်ဖိရပ်ဖ နှင့် ဒေသခံပြည်သူလူထုမှ တင်ပြအပ်ပါ သည်ဟု ပါရှိပါသည်။

Sai Lay
Hopan
Inle Media

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်နေသော မင်းကိုနိုင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်း သားများ
အဖွဲ့အားယခုလ၁၄ ရက်နေ့တွင် ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြရန်အတွက်ဟိုပန်မြို့နယ်ဒေသခံများမှ သက်
ဆိုင်ရာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ခွင့်ပြုမိန့် တင်ပြထားကြောင်းသိရသည်။

တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand)

တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand)
Saturday, May 11, 2013

ယမန်နှစ်က စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချိခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်း -သရေကွင်း- Nike+ FuelBand ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

အရောင်းသွက်လို့ နောက်ထပ်အရောင်နှစ်မျိုးတောင် လာမယ့် အောက် တိုဘာ ၃၀ ကနေ စတင်ဖြန့်ချိပေးအုံးမှာ ဖြစ်ပါ တယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၄၉ ဒေါ်လာဝန်းကျင် ရှိပါတယ်။

သားရေကွင်းရယ်လို့မဟုတ်ပဲ နာရီလို့လည်း သတ်မှတ်နိုင်ပါတယ်။ LED မျက်နှာပြင်ကို အကွင်း အပြားသေးသေးလေးမှာ ထည့်သွင်းပေးထားပါ တယ်။ နာရီကြည့်လို့ရပါမယ်။ တစ်နေ့တာ လှုပ်ရှားမှုများကို ဒီဂျစ်တယ် ဂဏန်းတွေနဲ့ ပြပါမယ်။ မျက်နှာပြင်သေးတဲ့ အတွက် အားလုံးတော့ မမြင်ရပါ ဘူး။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတို့နဲ့ ကြည့်မှ အားလုံး မြင်ရတာ ဖြစ်ပါတယ်။

ကယ်လိုရီလောင်ကျွမ်းမှုနှုန်း၊ လမ်းလျှောက်မှု ပမာဏ၊ အချိန်၊ ကုန်ခမ်းသွားသော ကိုယ်ခန္ဓာ စွမ်းအင် ပမာဏ စတဲ့ လေးမျိုးကို အဓိကထား ဖော်ပြပါတယ်။ ယင်းနောက် ပမာဏအားလုံးကို တွက်ချက်ပြီ လမ်းဘယ်လောက်လျှောက်သင့်တယ်။ ဘယ်လို အစားအစာများကို ပိုမို စားသုံးသင့်တယ်။ ကယ်လိုရီ ဘယ်လောက်လိုတယ် စတာတွေကို တွက်ချက် အကြံပေးမှာ ဖြစ်ပါတယ်။ Nike ရဲ့  Fuel Band official ဝဘ်ဆိုဒ်မှာလည်း Share ပေးပါတယ်။ Fuel Band မှာ ဘလူးတော့ ပါဝင်ပါတယ်။

ဒါကြောင့် လမ်းလျှောက်နေစဉ်လည်း မိုဘိုင်းဖုန်းဖွင့်ပြီး App ကတစ်ဆင့် ဝင်ရောက် ကြည့်ရှု မှတ်သားနိုင်ပါတယ်။ Android, iOS, Windows Phone OS စတာတွေအတွက် Fuel Band App ပါရှိပါတယ်။ PC ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ကြည့်ရှုဖို့လည်း USB ပေါက် နဲ့ ကြိုးလည်း ပါဝင်ပါသေးတယ်။

အမှန်တော့ ဒီလို ပစ္စည်းက ဇိမ်ခံပစ္စည်းဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုရန် ပစ္စည်းအနေနဲ့ အားကစား ပစ္စည်းထုတ် Nike မှ နည်းပညာ အကူအညီနဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုကို မှတ်သားပြီးအမြဲ Fit ဖြစ်နေ ရန် စောင့်ကြည့် လမ်းညွန်ပေးမယ့် ပစ္စည်းတစ်ခုလို့ ဆိုပါတယ်။

Nike+ FuelBand ဟာ ဧပြီလက စတင်လို့ယနေ့တိုင် အဝယ်လိုက်နေတဲ့ ပစ္စည်း တစ်ခုဖြစ်ပြီး Nike ရဲ့  Official ဝဘ်ဆိုဒ်မှာ ဝင်ရောက် လေ့လာနိုင် ပါတယ်။

http://store.nike.com/us/en_us/?l=shop,fuelband

ရိုးရာလေး နည်းပညာ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

Saturday, May 11, 2013

ယမန်နှစ်က စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချိခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်း -သရေကွင်း- Nike+ FuelBand ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်
တဲ့ ပစ္စည်း ဖြစ်ပါတယ်။

မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်သည့်များ

မုန်တိုင်းမတိုင်မီ သင်၏အိမ်တွင် ကြိုတင်စုဆောင်းထားသင့်သည့် ပစ္စည်းကိရိယာများ

(1) သောက်သုံးရေ လူတစ်ဦးလျှင် အနိမ့်ဆုံး တစ်ရက် တစ်ဂါလန် နှုန်းဖြင့် သုံးရက်စာ

(2) သုံးရက်စာ မပုတ်သိုးနိုင် သည့် အစားအသောက်များ

(3) ဓာတ်ခဲရေဒီယို နှင့် ဓာတ်ခဲ အပိုများ

(4) ဓာက်မီး နှင့် ဓာတ်ခဲ အပိုများ

ဆိုင်ကလုန်းမုန်တိုင်း 01B23 မြန်မာနိုင်ငံသို့ရောက်ရှိမည့်ခန့်မှန်းချိန်

MAHASEN မုန်တိုင်းမြန်မာနိုင်ငံသို့ ထိတွေ့မှုဖြစ်မည့်အချိန်

(၁) မြန်မာစံတော်ချိန် မေလ ၁၂ရက်၊ ညနေ (၆)နာရီတွင်

ပထမအဆင့် ထိတွေ့မှု ( ၁နာရီ ၇၄မိုင်မှ ၉၅ မိုင်နှုန်း)

(၂) မြန်မာစံတော်ချိန် မေလ ၁၃ရက်၊ နံနက် (၆)နာရီမှ ညနေ

(၆)နာရီအတွင်း (၁နာရီ ၉၅မိုင်မှ ၁၀၅ မိုင်နှုန်း)
ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့်

မနက်ဖြန် (တနင်္ဂနွေနေ့၊ မေလ ၁၂ ရက် ၂၀၁၃ ခုနှစ်) မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ပထမတန်းအဆင့် (တစ်နာရီ ၇၄ မိုင်နှုန်း မှ ၉၅ မိုင်နှုန်းထိ) ပြင်းအားရှိတဲ့ မုန်တိုင်းတစ်လုံး အဖြစ် ပြောင်းလဲသွားပြီး အထက်ဖော်ပြပါ နေရာများသို့ လာမယ့် တနင်္လာနေ့ (မေလ ၁၃ ရက် ၂၀၁၃ ခုနှစ်) နံနက် ၆ နာရီ မှ ညနေ ၆ နာရီအတွင်း ဖြတ်သန်းနိုင်ပါတယ်။

ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်နှင့် အချိန်မရွေး ပြောင်းလဲလာနိုင်မှု အပေါ်ါ် မပေါ့ဆကြရန် ဒေသခံများအရောက် အတတ်နိုင်ဆုံး သတင်းပေးပို့ကြပါ။

Arakanese Meeting Point

Posted From Share Arakan News

01B23 ဆိုင်ကလုန်းမုန်တိုင်း Upcate News by Dr Tun Lwin

01B23 ဆိုင်ကလုန်းမုန်တိုင်းဟာ ဆက်လက်အားကောင်းနေပါတယ်။ ပထမပိုင်းမှာ မြန်မာနိုင်ငံ ရှိရာ အရှေ့မြောက်ဖက်ကို ဦးတည်ရွေ့လာနေတဲ့ အတွက် မြန်မာ့ကမ်းရိုးတန်းအတွက် urgency and emergency လုပ်ငန်းတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ရပါတယ်။

အခုတော့ မြန်မာနိုင်ငံနဲ့ဝေးရာ အနောက်မြောက်-မြောက်အနောက် ယွန်းယွန်းကို ဦးတည်ရွေ့နေ ပါပြီ။

ဒါပေမယ့်လည်း ဒါဟာ မေလ(၁၂)ရက်(တနင်္ဂနွေနေ့) နေ့လည်ပိုင်းလောက်အထိသာ သွားမှာ ဖြစ်ပါတယ် အဲဒီနောက်မှာတော့ အရှေ့မြောက်ဖက်ကိုြုပန် လည်ကွေ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကမ်းခြေကို ဦးတည်ရွေ့ ပါလိမ့်မယ်။

မေလ(၁၅)ရက်နေ့ ညနေပိုင်းမှာ မောင်တော(မြန်မာနိုင်ငံ) နဲ့ စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံ) မြို့များကြားက ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဖြတ်ကျော်စဉ်မှာ အင်အား ဆိုင်ကလုန်းမုန်တိုင်းအဆင့် နဲ့ ၀င်ရောက်မှာ ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ (၉၅-၁၀၅) မိုင် နှုန်းလောက်ရှိတဲ့ လေများတိုက်နိုင် ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့် တက်နိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

(၁) မြန်မာစံတော်ချိန် မေလ ၁၂ရက်၊ ညနေ (၆)နာရီတွင် ပထမအဆင့် ထိတွေ့မှု ( ၁နာရီ ၇၄မိုင်မှ ၉၅မိုင်
နှုန်း)(၂) မြန်မာစံတော်ချိန် မေလ ၁၃ရက်၊ နံနက် (၆)နာရီမှ ညနေ (၆)နာရီအတွင်း (၁နာရီ ၉၅မိုင်မှ ၁၀၅ မိုင်နှုန်း)ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့် မနက်ဖြန် (တနင်္ဂနွေနေ့၊ မေလ ၁၂ ရက် ၂၀၁၃ ခုနှစ်) မြန်မာစံတော်ချိန်ညနေ ၆ နာရီမှာပထမတန်းအဆင့်(တစ်နာရီ ၇၄ မိုင်နှုန်းမှ၉၅ မိုင်နှုန်းထိ) ပြင်းအား
ရှိတဲ့ မုန်တိုင်းတစ်လုံး အဖြစ် ပြောင်းလဲသွားပြီး အထက်ဖော်ပြပါ နေရာများသို့ လာမယ့် တနင်္လာနေ့ (မေလ
 ၁၃ ရက် ၂၀၁၃ ခုနှစ်) နံနက် ၆ နာရီ မှ ညနေ ၆ နာရီအတွင်း ဖြတ်သန်းနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ခြေအနေ (၂၀၁၃ခုနှစ်၊ မေလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်ခြေအနေ

မေလ ၁၁ ရက် ၂၀၁၃

၂၀၁၃ခုနှစ်၊ မေလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်

ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်ပိုမိုအားကောင်းလာကာဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)အဖြစ်သို့

ရောက်ရှိခဲ့ပြီးမြန်မာနိုင်ငံ(ကော့သောင်းမြို့)၏အနောက်တောင်ဘက်မိုင်(၅၁၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြု

နေပါသည်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊မုန်တိုင်းဗဟိုချက်

အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၅၀)မှမိုင်(၆၀)အထိရှိနိုင်ပါသည်။မဟာစင်(MAHASEN)ဆိုင်ကလုန်မုန်တိုင်း

သည်နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းလာနိုင်ပြီး၊အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိ

နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တကွေ့၊မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်

ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်

လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအ၀ါရောင်အဆင့်သာရှိသော်လည်းမေလ(၁၃)ရက်နေ့မွန်လွဲပိုင်းမှ

စတင်ပြီးအရှေ့မြောက်ဘက်သို့ကွေ့လျက်မေလ(၁၆)ရက်နေ့နံနက်ပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)

ကမ်းခြေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများ

အနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

ှိကိုးကား ၊ မိုးဇလ http://www.dmh.gov.mm/index.php?option=com_content&view=article&id=29%3Acyclone-news-&catid=37%3Acyclone-news&Itemid=30&lang=my

မေလ ၁၁ ရက် ၂၀၁၃
ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း
ွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်ပိုမိုအားကောင်းလာကာဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHA
SEN)အဖြစ်သို့ရောက်ရှိခဲ့ပြီးမြန်မာနိုင်ငံ(ကော့သောင်းမြို့)၏အနောက်တောင်ဘက်မိုင်(၅၁၀)ခန့်အကွာ
ပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။

မုန်တိုင်းငယ် 01B လမ်းကြောင်း မြောက်ဘက်သို့ ရွေ့ လျား

မေလ ၁၁ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင်ရရှိသည့် JTWC နှင့် TSR မှမုန်တိုင်း လမ်းကြောင်း
ခန့် မှန်းချက်များတွင် မုန်တိုင်း 01B(ONE) သည် အနောက်မြောက်ဘက်သို့ တစ်နာရီ ၁၄ မိုင်နှုန်းဖြင့် ရွေ့
လျားခဲ့ပြီး မေလ ၁၁ ရက် ဝဝ၃ဝ နာရီမှ နောက် နာရီပေါင်း ၁၂ဝ မတိုင်မီ (မေလ ၁၆ ရက် – မြန်မာစံတော်
ချိန် နံနက် ဝဝ၃ဝ နာရီတွင်) မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်၍ကုန်းတွင်းသို ဝင်ရောက်နိုင်မည်
 ဖြစ်ကြောင်း ခန့် မှန်း ထားပါသည်။

အစ္စရေး သမ္မတရာထူး လက်ခံရန် အိုင်းစတိုင်း ငြင်းဆန်ခဲ့ဖူး

အစ္စရေး သမ္မတရာထူး လက်ခံရန် အိုင်းစတိုင်း ငြင်းဆန်ခဲ့ဖူး

တော်တော်လူသိနည်းသော အိုင်းစတိုင်းနဲ့ ပက်သက်တဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ 

၁၉၅၂ ခုနှစ်က အစ္စရေးရဲ့  ပထမဆုံး သမ္မတ Chaim Weizmann ကွယ်လွန် ပါတယ်။ ယင်းနောက် အစ္စရေး ဝန်ကြီးချုပ်က ဂျာမန်ဖွား အမေရိကန်ရောက် ရူပဗေဒ ပညာရှင် Albert Einstein ကို သမ္မတရာထူးဖြင့် လာရောက် လုပ်ကိုင်ရန် တောင်းဆိုခဲ့ပါတယ်။ 

သို့ပေမယ့် အိုင်းစတိုင်းမှာ တွေဝေမနေပဲ တစ်ခါတည်းငြင်းဆန်ခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ကတော့ အိုင်းစတိုင်းဟာ ပါရမီထူးပါသူလို့ ယုံကြည်ပြီး ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အောင်မြင်မယ်လို့ ထင်မြင်ထားလို့ ဖြစ်ပါတယ်။ သို့ပေမယ့် အိုင်းစတိုင်းကတော့ သူပါရမီပါတဲ့အရာဟာ ရူပဗေဒနှင့် ဆက်စပ် ပညာရပ်များ ဖြစ်ပြီး နိုင်ငံရေးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

ယင်းတောင်းဆိုချက်ကို တရားဝင်ကြေညာ ခဲ့တာ မဟုတ်ပါဘူး။ အစ္စရေး ဝန်ကြီးက နဲ့ နှစ်ကိုယ်ကြား ပြောဆိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်း ဟာ သမ္မတဖြစ်ရန် အတောင်းဆိုခံခဲ့ရတယ်ဆိုတာကို တော်ရုံလူ တို့ မသိ ရှိကြတော့ကြောင်း သိရပါတယ်။ 
--
Ref: littlefacts
International news for myanmar
-
http://www.innewsmyanmar.com/2013/05/blog-post_2259.html

-


တော်တော်လူသိနည်းသော အိုင်းစတိုင်းနဲ့ ပက်သက်တဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်
က အစ္စရေးရဲ့  ပထမဆုံး သမ္မတ Chaim Weizmann ကွယ်လွန် ပါတယ်။ ယင်းနောက် အစ္စရေး ဝန်ကြီးချုပ်က ဂျာမန်ဖွား အမေရိကန်ရောက် ရူပဗေဒ ပညာရှင် Albert Einstein ကိုသမ္မတရာထူးဖြင့်လာရောက် လုပ်ကိုင်
ရန် တောင်းဆိုခဲ့ပါတယ်။

ချောင်းသာ ဟိုတယ် အများစု မုန်တိုင်း အသိပေးကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

ရန်ကုန် မေ ၁၁ ရက်

မုန်တိုင်းသတင်းကြောင့် ချောင်းသာရှိဟိုတယ်အများစုတွင် သတိပေးမှုများ နှင့် ကြိုတင်ပြင်ဆင်မှုများ ရှိနေ
သည်။ ချောင်းသာကမ်းခြေ ၊ ACE ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက "မုန်တိုင်းသတင်ူးကြောင့် လာတဲ့ ဧည့်
တွေနည်းပါတယ် ။ သူတို့ကို အချိန်နဲ့ တပြေးညီ မုန်းတိုင်းသအတင်း နဲ့ ပတ်သတ်ပြီးသတိပေးပြောပါတယ်
။ ကျွန်တော် တို့ အဆောင်ရဲ့ အနောက်ဘက်မှာ တောင်တွေရှိတဲ့အတွက် မုန်တိုင်းကျလာရင်လည်း ဘေး
ကင်းနိုင်အောင် ဆောင်ရွက်သွားမှာပါ" ဟုပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ၁၅၀၀ ကို သတိပေး အချက်ပြလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်

ဘာလဲဟဲ့ လွတ်ငြိမ်းသက်သာ (Naing Kyaw)

ဘာလဲဟဲ့ လွတ်ငြိမ်းသက်သာ

နိုင်ကျော်၊ မေ ၁၁၊ ၂၀၁၃

လွတ်ငြိမ်းသက်သာ၊ လွတ်ငြိမ်းချမ်းသာဆိုတဲ့ အမိန့်တွေနဲ့ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ န၀တ၊ နအဖ၊ ဒီဖက်ခေတ် သမ္မတ ဦးသိန်းစိန်ခေတ်မှာ အလီလီစိတ်ပြီး လွှတ်ပေးခဲ့တာကိုတွေ့ရတယ်။ န၀တ၊ နအဖ ခေတ်မှာ ၁၄ ကြိမ်၊ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ၉ ကြိမ်ခွဲပြီး လွှတ်ပေးခဲ့တယ်။ အကျဉ်းသားပေါင်း ၁၂၉ ၉၅၃ လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။ ဒီလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးဟာ နှောင်ကြိုးနဲ့ လွတ်မြောက်ခဲ့ရတာပါ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပါပဲ။ ပထမတော့ လွတ်ရက်မစေ့တဲ့လူတွေကို ဒီလို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပိုဒ် ၁ နဲ့သာ လွှတ်လို့ရနိုင်မယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ပါတယ်။ အခုတော့ ၄၀၁ အပိုဒ် ၃ နဲ့ ကြွင်းကျန် ပြစ်ဒဏ်ကို ပေးလိုက်ပါပြီ။ ဆိုတော့ ဒီလွတ်ငြိမ်းသက်သာခွင့်များဟာ အိမ်ပြန်ခွင့် ပြုလိုက်တာပါ။ အချိန်မရွေးပြန်လာခေါ်မယ်ဆိုတာကို ဒီ ပုဒ်မ ၄၀၁ နဲ့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒီလွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ ၁၅၀၀ လောက်မှာ အများစုဟာ လက်ရှိ နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ လွတ်တော်တွေထဲမှာ၊ ပါတီတွေထဲမှာ၊ ပညာရှင်တွေထဲမှာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေထဲမှာ သူတို့တတွေ ဖိဖိစီးစီး လုပ်ဆောင်နေကြတာပါ။ သူတို့ဟာ တိုင်းကျိုး၊ ပြည်ကျိုးအတွက် ဘ၀တွေကို ပေးဆပ်ပြီး တစိုက်မတ်မတ်လုပ်ဆောင်နေသူတွေပါ။ အဲဒီထဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း တဦးအပါအ၀င်ပါ။ လောလောဆယ် နောက်ကြောင်းပြန်သက်ရောက်စေတဲ့ ပုဒ်မ ၄၀၁ နဲ့ ကြွင်းကျန် ထောင်ဒဏ် ၆ နှစ် ချမှတ်ခြင်းခံလိုက်ရပါပြီ။ ဒါဟာ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၅၀၀ ကို သတိပေး အချက်ပြလိုက်တဲ့ သဘောပါ။ အရပ်စကားနဲ့ပြောရရင်တော့ နားရွက်တံတွေးဆွတ် လိုက်တာပါပဲ။

သာမန်ရာဇ၀တ်သားတွေ၊ သူခိုး၊ ဓမြ၊ လူသတ်၊ မုဒိန်း၊ မူးယစ်ရာဇာတွေကိုတော့ ဒီ ၄၀၁ ဆိုတဲ့ ပုဒ်မနဲ့ ပြန်ပြီး ထောင်ချတာ မကြားမိပါဘူး။ ဒီ တသိန်း နှစ်သောင်းကျော်တဲ့ ရာဇ၀တ်သားတွေကပဲ တကယ့် နိုင်ငံတော်ရဲ့ မေတ္တာ၊ စေတနာတွေကို နားလည်ပြီး နိုင်ငံတော်တည်ဆောက်ရေးမှာ တဖက်တလမ်းက အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတာလား။ မေးခွန်းထုတ်စရာပါပဲ။ ကျနော်သိရသလောက် ဒီရာဇ၀တ်သား တသိန်းနှစ်သောင်းကျော်မှာ သုံးပုံ တပုံလောက်ဟာ ရာဇ၀တ်မှု အမျိုးမျိုးနဲ့ အကျဉ်းထောင်ထဲကို ပြန်ဝင်ခဲ့ကြတာပါ။ ဒါပေမယ့် ယခင်ကျခံခဲ့တဲ့ ပြစ်ဒဏ်ကို သူတို့မခံစားရပါဘူး။

ဒီတော့ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံတော်၏ မေတ္တာ၊ စေတနာ နဲ့ လွှတ်ပေးတယ်ဆိုတာကို ယုံရခက်ကြီး လို့ပဲ ပြောရတော့မှာပါ။

တဖက်မှာ ဒီလို နှောင်ကြိုးတွေ၊ ကြွေးကျန်တွေ ပြောနေချိန်မှာ ဖွဲ့စည်းပုံအခြေခံမူကြမ်းမှာတော့ ၄၄၅ ဆိုတဲ့ ပုဒ်မကို အတည်ပြုထားတာကို တွေ့ရပါတယ်။ ဒါက န၀တ၊ နအဖ တို့ရဲ့ လုပ်ဆောင်ချက်များအပေါ် တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုတာပါ။

____

အောက်က နှိုင်းယှဉ်ဇယားကိုကြည့်ပါ။

ပြစ်ဒဏ်များကို ဆိုင်းငံ့ထားခြင်း၊ လွတ်ငြိမ်းသက်သာခွင့် ပေးခြင်း နှင့် လျှော့ပေါ့ပြောင်းလဲခြင်း။

ပုဒ်မ ၄၀၁ အပိုဒ်ခွဲ ၃


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

ပုဒ်မ ၄၄၅

ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးရန် ထားရှိသည့် စည်းကမ်းချက် တစ်စုံတစ်ရာနှင့် ပြည့်စုံခြင်းမရှိဟု နိုင်ငံတော် သမ္မတက သဘောရရှိလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ့ထားသည့် အမိန့်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးသည့် အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်း လိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းခံရသူသည် လွတ်နေပါက မည်သည့်ရဲအရာရှိကမဆို ၀ရမ်းမပါဘဲ ဖမ်းဆီးပြီး၊ ပြစ်ဒဏ် မစေ့မကုန်သေးသည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့်ရှိသည်။
______

ပြည်ထောင်စု မြန်မာနိုင်ငံ တော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေငြာချက်များ ကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များ နှင့် ရပိုင်ခွင့် များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေး ယူခြင်း မရှိစေရ။

ဒီလိုတဖက်စောင်းနင်း ဖြစ်စေတဲ့ ဥပဒေတွေကို ပြဌာန်းထားတာဟာ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်စေဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။ တဖက်မှာတော့ သင်ပုန်းချေရမယ်ဆိုတဲ့ ဥပဒေ၊ တခြားတဖက်မှာ စိတ်အခန့်မသင့်ရင် အချိန်မရွေးပြန်ဖမ်းပြီး ထောင်ပြန်ချမယ်ဆိုတဲ ဥပဒေ၊ ဒီ ဥပဒေ နှစ်ခုကြားမှာ တိုင်းကျိုး ပြည်ကျိုးထမ်းရွက်နေတဲ့ လူတွေအတွက် ချင့်ချိန်ရမယ့် အနေအထားဖြစ်မှာပါ။

တဖက်နဲ့တဖက် ယုံကြည်မှုတွေတည်ဆောက်နေချိန်၊ ငြိမ်းချမ်းရေးတွေ တည်ဆောက်နေချိန်မှာ သံသယဖြစ်စရာ ဥပဒေတွေကို ပြန်လည်သုံးသပ်ကြဖို့ လိုနေပါပြီ။ သက်ဆိုင်သူတွေအားလုံး သတိထားရမယ့် အရာတွေပါ။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်၊ လူ့အခွင့်အရေးတွေ လေးစားလိုက်နာမယ်၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးတွေလုပ်မယ်၊ ငြိမ်းချမ်းရေးတည်ကြဆောက်မယ်၊ အမျိုးသားရင်ကြားစေ့ရေးတွေ အားသွန်ခွန်စိုက်ကြိုးစားနေပါတယ်ဆိုတဲ့ ကြွေးကြော်သံတွေကို အကောင်အထည်ဖေါ်ဖို့ဆိုရင်တော့ ဒီနှောင်ကြိုးနဲ့ ချည်နှောင်ထားတဲ့ ဥပဒေတွေကို မဖြစ်မနေ ပယ်ဖျက်ပစ်လို့ လိုအပ်ကြောင်းပါ။

နိုင်ကျော်

မေလ ၁၀ ရက်၊ ၂၀၁၃ ခုနှစ်

မေ ၁၁၊ ၂၀၁၃

လွတ်ငြိမ်းသက်သာ၊ လွတ်ငြိမ်းချမ်းသာဆိုတဲ့ အမိန့်တွေနဲ့ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ န၀တ၊ နအဖ၊ ဒီဖက်ခေတ် သမ္မတ ဦးသိန်းစိန်ခေတ်မှာအလီလီစိတ်ပြီးလွှတ်ပေးခဲ့တာကိုတွေ့ရတယ်။ န၀တ၊ နအဖ ခေတ်

မှာ ၁၄ ကြိမ်၊ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ၉ ကြိမ်ခွဲပြီး လွှတ်ပေးခဲ့တယ်။ အကျဉ်းသားပေါင်း ၁၂၉ ၉၅၃ လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။ ဒီလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်း
သားအားလုံးဟာ နှောင်ကြိုးနဲ့ လွတ်မြောက်ခဲ့ရတာပါ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပါပဲ။

အစိုးရ တပ်များ နယ်မြေခံ လူထု ကိုပါ ပစ်ခတ် တိုက်ခိုက် ခဲ့မှုကြောင့် စခန်း (၅) ခု စလုံးမှ RCSS တပ်များ ဆုတ်ခွာပေးခဲ့ရ

စခန်း (၅) ခု စလုံးမှ RCSS တပ်များ ဆုတ်ခွာပေးခဲ့
Saturday, May 11, 2013

ရွှေဟင်္သာသတင်းဌာန . ၁၀ရက်နေ့ မေလ ၂၀၁၃  —  အစိုးရ တပ်များသည် နယ်မြေခံ လူထုများ ကိုပါ ပစ်ခတ် တိုက်ခိုက် ခဲ့မှုကြောင့်  ရှမ်းပြည် မြောက်ပိုင်း နမ်းခမ်းမြို့နယ် နောင်မ ကျေးရွာအုပ်စုရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး
 ကောင်စီ (RCSS) တပ်ဖွဲ့ များသည် ၄င်းတို့ စခန်းများမှ ဆုတ်ခွာ ပေးခဲ့သည်ဟု
 ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

“ မနေ့ ညနေပိုင်း (၃) နာရီ ကတည်းက ဆုတ်ခွာ ပေးလိုက်တယ်။ စခန်း(၅)ခု စလုံးပါ။ သူတို့က ကျေးရွာတွေ ထဲကိုပါ လက်နက်ကြီးနဲ့ ပစ်သွင်းတယ်လေ၊ ကျနော်တို့ စခန်း ကလည်း ကျေးရွာ အနီးအနားမှာဘဲ ဆိုတော့ လူထုကို ငဲ့ညှာ ရတာပေါ့။ အဲဒါနဲ့ဘဲ ဆုတ်လိုက်ရတာပါ။ အင်အား မမျှတာလည်း ပါတာပေါ့။ လက်နက်ကြီး သံတွေ ကတော့ ညနေ (၅) နာရီ အထိပါဘဲ ကြားနေရတယ်။” ဟုဆို ပါသည်။

ရှမ်းပြည် မြောက်ပိုင်းရှိ RCSS စခန်းသည်၊ မူဆယ်ခရိုင် နောင်မ ကျေးရွာ အုပ်စုတွင် အခြေချ ခဲ့ပြီး ယင်းကျေးရွာ အုပ်စု၌ကျေးရွာပေါင်း (၁၉) ရွာခန့် ရှိပါသည်။

RCSS သည်  ၄င်းတို့ စခန်းများ ဤနေရာတွင် ရှိနေကြောင်း ပြီးခဲ့သည့် 
၂၀၁၂ ခုနှစ်ကတည်းက ရှမ်းပြည်နယ် နယ်စပ် ရေးရာလုံ ခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူအား အသိပေး ခဲ့သည့် အပြင် စခန်းသို့လည်း ၄င်းတို့ လာရောက်လေ့ လာခဲ့ပြီး ဖြစ်ပါသည်။

အစိုးရ တပ်ဖွဲ့ များကမူ ဤစခန်းများသည် သတ်မှတ် နယ်မြေထက် (၁၀) မိုင်ကျော် လွန်လာသဖြင့် တိုက်ခိုက် ရခြင်းဖြစ်ကြောင်း အကြောင်းပြ ခဲ့ပါသည်။ သို့သော် ကျော်လွန် လာခြင်း မဟုတ်ဘဲ နဂို ကတည်းက ဆုတ်ပေးရန် အစိုးရက တောင်းဆို ထားသည့် နေရာဖြစ်သည်ဟု ပြောခွင့်ရသူက ဆိုပါသည်။

ဤသို့ကြောင့် တိုက်ပွဲ ကိစ္စနှင့် ပါတ်သက်ပြီး ငြိမ်းချမ်းရေး အဖွဲ့ကို တိုင်ကြားတော့မည် မဟုတ်ကြောင်း၊ ဤစီမံချက်သည် အစကတည်းက တည်ရှိနေသည့် စီမံချက် ဖြစ်သောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ဆုတ်ခွာပေး ခဲ့ရသော်လည်း RCSS သည် ရှမ်းပြည် တောင်ပိုင်း ဒေသသို့ ပြန်မည် မဟုတ်ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များသည် တိုက်ပွဲ အတွင်း မဆီမဆိုင်သော ကျေးရွာ များထဲသို့ လက်နက်ကြီးများ ပစ်သွင်း ခဲ့သဖြင့် ထောင်နှင့် ချီသော လူထုများ နမ့်ခမ်းနှင့် မူဆယ်မြို့ပေါ်သို့ ထောင်နှင့်ချီပြီး ထွက်ပြေးခဲ့ကြရပါသည်။

အစိုးရ တပ်များသည် တိုက်ပွဲ ဖြစ်ပွား ခဲ့သော နေရာမှ မလှမ်းမကမ်းရှိ ကျေးရွာ များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်ပွဲချိန်၌ တွေ့ရှိသော အရပ်သားများကို ပစ်ခတ်ခြင်း၊ အကယ်၍ တိုက်ပွဲတွင် ထိခိုက် ကျဆုံးမှု များပါက ကျေးရွာကို မီးရှို့ခြင်း၊ မုဒိန်းမှု နှင့် လူသတ်မှုများပါ လုပ်လေ့ ရှိခဲ့ကြောင်း စစ်ရေး လေ့လာ သူများက ဆိုပါသည်။

 ရွှေဟင်္သာသတင်းဌာန

Saturday, May 11, 2013

ရွှေဟင်္သာသတင်းဌာန . ၁၀ရက်နေ့ မေလ ၂၀၁၃ — အစိုးရ တပ်များသည် နယ်မြေခံ လူထုများ ကိုပါ ပစ်
ခတ် တိုက်ခိုက် ခဲ့မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း နမ်းခမ်းမြို့နယ် နောင်မ ကျေးရွာအုပ်စုရှိ ရှမ်းပြည် ပြန်
လည်ထူထောင်ရေးကောင်စီ (RCSS)တပ်ဖွဲ့ များသည်၎င်းတို့ စခန်းများမှဆုတ်ခွာ ပေးခဲ့သည်ဟုပြောရေး 
ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန် တရုတ်နိုင်ငံသား ကလေးငယ် နှစ်ဦး ဒဏ်ရာရ

မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန် တရုတ်နိုင်ငံသား ကလေးငယ် နှစ်ဦး ဒဏ်ရာရ

May 10, 2013 Posted by သျှမ်းသံတော်ဆင့်

ယမန်နေ့နံနက်ပိုင်းက RCSS/SSA နှင့် မြန်မာအစိုးရစစ်တပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာအစိုးရ စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နယ်စပ် ဒေသခံ ကလေးငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရပ်ကွက် အဆိုအရ သိရသည် ။

RCSS/SSA အမှတ် 701 စစ်ဒေသ အခြေစိုက်ရာ နောင်မရွာနှင့် ကပ်နေသည့် တရုတ်ဘက်ခြမ်း နောင်တောင်းရွာ အ တွင်းသို့ အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၆ လုံးခန့် ကျရောက် ပေါက်ကွဲခဲ့ပြီး ၄င်းရွာသား ၁ နှစ်နှင့် ၅ နှစ် အရွယ် ကလေးငယ်နှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း နောင်တောင်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“တရုတ်ဘက်ခြမ်းက နောင်တောင်းမြို့နယ်ထဲမှာပဲ။ အခုလက်နက်ကြီးကျတဲ့နေရာက နောင်တောင်း ရွာပေါ့။  အဲဒီနောင်မ ရွာရဲ့အနောက်ခြမ်း နည်းနည်းပဲခြားထားတယ်။ ရွာဘုန်းကြီးကျောင်းနားမှာ တစ်လုံးကျတယ်။ ၁နှစ် သားအရွယ် ကလေး တစ်ဦးနဲ့ ၅ နှစ်သားအရွယ် ကလေးတစ်ဦး ဒဏ်ရာရတယ်။ သူတို့ကိုတော့ နောင်ငိမ့်ဆေးရုံမှာ တင်ထားတယ်လို့ သိရတယ် ” ဟု ၄င်းဒေသခံက ဆိုသည် ။

ယမန်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားသည့်တိုက်ပွဲများ ညပိုင်းအထိ ဆက်လက် ဖြစ်ပွားခဲ့ပြီး  အစိုးရတပ်များက RCSS / SSA အမှတ် 701 အခြေစိုက်ရာ နောင်မအား သိမ်းပိုက်ကာ နောင်မနှင့် နောင်ခမ်းရွာများတွင် ယနေ့အထိ တပ်စွဲထားဆဲ ဖြစ်ကြောင်း သိရသည် ။

နှစ်ဘက်တိုက်ပွဲများအတွင်း အစိုးရတပ်ဘက်မှ ကျဆုံးသူ ၁၀ ဦးကျော်နှင့် ဒဏ်ရာရသူ ၂၀ ခန့်ရှိပြီး RCSS /SSA ဘက် မှ တစ်ဦးကျ ၊ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည် ။

အစိုးရတပ်ဘက်မှ ဒဏ်ရာရသူများ အထဲတွင် အရာရှိများလည်းပါဝင်ကြောင်း သူက ပြောရာတွင် -“နမ့်ခမ်းဆေးရုံကို တော့ စောစောပိုင်းက ၁၁ ယောက်ရောက်လာတယ်လို့ ကြားတယ်။ အဲဒီအထဲက အနည်းအကျဉ်းထိတဲ့ လူတွေ ပြန်ဆင်း တာ ရောဆို အခု ၄ ယောက်ကျန်တယ်။ အဲဒီအထဲမှာ ၆၈ က ကပ္ပတိန်ပါတယ်။ မူဆယ်ဆေးရုံမှာက ၇ ယောက်ရောက် လာတာ ၄၅ တပ်က ဗိုလ်မှူးတစ်ဦးပါတယ် ။ ဒီဗိုလ်မှူးကတော့ ဒဏ်ရာအတော်ပြင်းတယ် ” ဟု သူက ဆိုသည် ။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဒေသခံများ စစ်ဘေးလွတ်ကင်းရာသို့ ရွာလုံးကျွတ် တိမ်းရှောင်မှုများ ရှိနေကြောင်း၊ နောက်ထပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည် ။

May 10, 2013 Posted by
ယမန်နေ့နံနက်ပိုင်းက RCSS/SSA နှင့် မြန်မာအစိုးရစစ်တပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာအစိုးရ စစ်
တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နယ်စပ်
ဒေသခံ ကလေးငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရပ်ကွက် အဆိုအရ သိရသည် ။

မြေငလျင်သတင်း (မြန်မာစံတော်ချိန် (၀၅း၃၀)နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၁၃ ခုနှစ်၊ မေလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၄၁)မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်ဘက် မိုင်(၉၀) ခန့်ကွာဝေးသော မြန်မာနိုငံပြည်တွင်း (မုံရွာမြို့၏ အနောက်တောင်ဘက် မိုင်(၃၀)ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည် ဟု မိုး / ဇလ ၏ ကြေငြာချက် တွင် ဖော်ပြထားသည်။

တကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော် ပြန်လွတ်လာပြီ

တကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော် ပြန်လွတ်လာပြီ
Friday, May 10, 2013

တကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော် မနေ့က  နာရီ အနည်းငယ် ထိန်းသိမ်းခံခဲ့ရပါတယ်။

"ကျနော့်ကို ညနေ ၅ နာရီလောက်မှာ ပြန်လွှတ်လိုက်တယ်။ ပုဒ်မ ၁၈ နဲ့ ဖမ်းပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ ကျနော် မထိုးခဲ့ဘူး။  သူတို့လည်း ညှိလို့မရတာနဲ့ ပြန်လွှတ်လိုက်တယ်" လို့ ကိုထင်ကျော်က ဧရာဝတီကို ဒီကနေ့ (သောကြာနေ့) ညနေပိုင်းမှာ ပြောပါတယ်။

စီတန်း လှည့်လည်မှု ဆိုင်ရာ ပုဒ်မနဲ့ ဖမ်းတာပါ တဲ့။

"ဖမ်းရင်လည်း ဖမ်း။ အ၀တ်အစားတစ်ခါတည်း ထည့်သွားတယ်။ 
ကျနော်ကတော့ တရားရုံးက ၀ရမ်းထုတ်ဖမ်းလည်း လိုက်သွားမယ်။ တရားရုံးရောက်ရင် ဆန္ဒဆက်ပြမယ်၊ အော်မယ်" လို့ ကိုထင်ကျော်က ဆက်ပြောပါတယ်။

သူ့ကို ရန်ကုန် ပန်းဘဲတန်း နဲ့ ကျောက်တံတား မြို့နယ်ရဲစခန်းနှစ်ခုက  ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြတာလို့ ဆိုပါတယ်။

ကိုထင်ကျော်က သူလမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဒီမြို့နယ်နှစ်ခု အာဏာပိုင်
တို့ကို ဆန္ဒမပြမီတစ်ရက်အလိုမှာ အကြောင်းကြားစာပို့ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

Irrawaddy

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

Friday, May 10, 2013

တကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော် မနေ့က နာရီ အနည်းငယ် ထိန်းသိမ်းခံခဲ့ရပါတယ်။ "ကျနော့်ကို ညနေ 
၅ နာရီလောက်မှာ ပြန်လွှတ်လိုက်တယ်။ ပုဒ်မ ၁၈ နဲ့ ဖမ်းပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ ကျနော် မထိုးခဲ့
ဘူး။ သူတို့လည်း ညှိလို့မရတာနဲ့ ပြန်လွှတ်လိုက်တယ်" လို့ ကိုထင်ကျော်က ဧရာဝတီကို ဒီကနေ့ (သောကြာ
နေ့) ညနေပိုင်းမှာ ပြောပါတယ်။

ဗုဒ္ဓဘာသာ အမည်ကို အကြောင်းပြ ကျူးလွန်သော အကြမ်းဖက်လုပ်ရပ်များ အကြောင်း ထိုင်းနိုင်ငံတွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဗုဒ္ဓဘာသာ အမည်ကို အကြောင်းပြ ကျူးလွန်သောအကြမ်းဖက်လုပ်ရပ်များအကြောင်းဟူသော ခေါင်းစဉ်
ဖြင့်ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း က ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲ ကို မေလ ၉ ရက်နေ့က ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့ကြောင်းသတင်ရရှိသည်။

ဆိုက်ကလုန်း မုန်တိုင်း “၀မ်း”မုန်တိုင်းလမ်းကြောင်း မြောက်ဘက်သို့ အနည်းငယ်ပြောင်း

မုန်တိုင်းလမ်းကြောင်း မြောက်ဘက်သို့ အနည်းငယ်ပြောင်း

Cyclone Forecast on 11-May-2013 by Joint Typhoon Warning Center (JTWC)
Data from http://www.usno.navy.mil/JTWC/

http://www.thithtoolwin.com/2013/05/tropical-cyclone-01b-alert-h.html#.UYz-8aLHRUY

Magenta - Storm Track
Red - Error Swath
40knots - 46.03 mph
45knots - 51.78 mph
55knots - 63.29 mph
65knots - 74.80 mph
80knots - 92.06 mph
90knots - 103.57 mph

မုန်တိုင်းအဆင့် သတ်မှတ်ချက် အဆင့် (၂) ရှိပြီး၊ “၀မ်း” လို့ အမည်ရတဲ့ ဆိုက်ကလုန်း မုန်တိုင်းဟာ လေဖိ
အားနည်းရပ်ဝန်း အဖြစ်ကနေ တဖြည်းဖြည်း အားကောင်းလာပြီးတော့ ဗမာပြေ ရခိုင်ကမ်းရိုးတန်း ဒေသ
ဘက်ကို ဦးတည်ပြီး ရွေ့လျားနေပါတယ်။

"တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ များ ဖွဲ့စည်းတော့မည်"

"တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းတော့မည်"
=================================================

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် နှစ်ဦးနှစ်ဘက်ဆုံးရှုံး နစ်နာမှုများကို မရှုမြင် မခံစားနိုင်သော ဆရာတော်ကြီးများက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးတို့အတွက် လူထုအခြေပြု ဟောပြောပွဲများတွင် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရန် ရည်သန်လျက် "မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကြီး" ဖွဲ့စည်းရေး အကြိုအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်၊ ပဓာန နာယက တိုက်အုပ်ဆရာတော်ကြီး၏ စံကျောင်းတော်တွင် ၆-၅-၂၀၁၃ မွန်းလွဲ ၁း၃၀ နာရီ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ 

အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်၊ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၊ မရမ်းကုန်းမြို့နယ်၊ စံပြသာသနာပြုကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ ဖြစ်ကြသော မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊ ဓမ္မဒူတ ဆရာတော် အရှင်ပညာဝရ (မုဒုံ)၊ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနှင့် သံဃာတော်များ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကြီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်ဖွဲ့စည်းနိုင်ရန်….
အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးက စာသင်တိုက်ကြီးများ၏ အဓိပတိဆရာတော်များကိုလည်းကောင်း၊ 
မော်ကျွန်းဆရာတော်နှင့် ရမ္မာဝတီဆရာတော်တို့က သြဇာတိက္ကမ ကြီးမားသော ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများနှင့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များကိုလည်းကောင်း၊ 
အရှင်ပညာဝရနှင့် အရှင်ဝီရသူတို့က နိုင်ငံကျော်ဓမ္မကထိက ဆရာတော်များကိုလည်းကောင်း၊ ပါဝင်ကူညီ ဆောင်ရွက်နိုင်စေရန် ဖိတ်ကြားလျှောက်ထားသွားမည့် တာဝန်အသီးသီးကို သတ်မှတ်ခွဲဝေ ခဲ့ကြပါသည်။

ထိုသို့ ဖွဲ့စည်းဆောင်ရွက်ရာတွင် အမျိုးဘာသာ သာသနာ အစော်ကားမခံရစေရန်နှင့် နှစ်ဦးနှစ်ဘက်လုံး အကြမ်းဖက်နည်းကို မသုံးကြဘဲ တရားဥပဒေဖြင့်သာ ဖြေရှင်းကြရန် အဓိကထား စည်းရုံးဟောပြောကြမည် ဖြစ်ကြောင်း သိရပါသည်။


(သာသနာ့အာဇာနည် ဆရာတော် အရှင်ဝီရသူထံမှ ကူးယူဖော်ပြပါသည်။}
-----------------------------------------------------

ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ရေးအသင်း
https://www.facebook.com/buddhismdefencearmy

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် နှစ်ဦးနှစ်ဘက်ဆုံးရှုံး နစ်နာမှုများကို မရှုမြင် မခံစားနိုင်
သော ဆရာတော်ကြီးများက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်
ရေးတို့အတွက် လူထုအခြေပြု ဟောပြောပွဲများတွင် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်
ရန် ရည်သန်လျက် "မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကြီး" ဖွဲ့စည်းရေး အကြိုအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်မြို့၌ ပီလောပီနံဥစားမိ၍ မိသားစုတချို့ အစာအဆိပ်သင့်

မြိတ်မြို့၌ ပီလောပီနံဥစားမိ၍ အစာအဆိပ်သင့်

၁၁.၅.၂၀၁၃၊ စနေနေ့

၂၀၁၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်၊ သုခ (၃)လမ်းနေ မိသားစုတချို့သည် ပီလောပီနံဥ စားမိ၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

အစာအဆိပ်သင့်ဖြစ်ပွားသူ ကလေး (၁၀)ဦးကို မြိတ်မြို့ ကလေးဆေးရုံ၌ ဆေးကုသမှုခံယူလျှက်ရှိပြီး၊ လူလတ်ပိုင်း (၃)ဦးကို မြိတ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရှိရသည်။ ပီလောပီနံဥကို စားသုံးမိ၍ အစာအဆိပ်သင့်သောသူများလည်း ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ဆေးရုံရှိ တာဝန်ကျ ဆရာဝန်များ၊ သူနာပြုများမှလည်း ပီလောပီနံဥ စားသုံးမိသူများကို အစာအဆိပ်သင့်မှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးရုံသို့တက်ရောက်ပြီး ဆေးစစ်ဆေးမှုခံယူရန် ခေါ်ယူထားကြောင်း သိရှိရသည်။

Tanintharyi Thar

၁၁.၅.၂၀၁၃၊ စနေနေ့

၂၀၁၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်၊ သုခ (၃)လမ်းနေ မိသားစုတချို့သည် ပီလောပီနံဥ စားမိ၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

မိုး/ဇလ၏ မုန်တိုင်းသတင်း ထုတ်ပြန်ချက် နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းချက်များနှင့် လွဲချော်နေ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ် စောင့်ကြည့်ရန်လို

မိုး/ဇလ၏ မုန်တိုင်းသတင်း ထုတ်ပြန်ချက် နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းချက်များနှင့် လွဲချော်နေ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ် စောင့်ကြည့်ရန်လို

အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် အမည်ပေးသည့် အဆင့်သို့ ရောက်ရှိနေသည့် ဂျမာလာမုန်တိုင်းဖြစ်ပြီး သက်ရောက်နိုင်ခြေ အတွက်ကိုမူ သီရိလင်္ကာ ဖြစ်သည်ဟု လတ်တလောတွင် နိုင်ငံတကာမှ ခန့်မှန်းထားကြသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B အပူပိုင်း မုန်တိုင်းနှင့် ပတ်သက်၍လည်း နိုင်ငံတကာမှ မိုးလေ၀သခန့်မှန်းရေးဆိုင်ရာ ၀က်ဘ်ဆိုက်အချို့တွင် ခန့်မှန်းမှုများကို ထုတ်ပြန်ခဲ့ကြသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် သည့် Tropical Cyclone 01B (www.gdacs.com တွင် One-13 ဟု လတ်တလော ဖော်ပြထား) နှင့်ပတ်သက်၍ Tropical Storm Risk(TSR) က ခန့်မှန်းချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ မုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဆင့်ဖြင့် မြန်မာနိုင်ငံ ကမ်းခြေကို မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

TSR ၏ ခန့်မှန်းချက်အရ မေလ ၁၁ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်၊ မေလ ၁၂ ရက်နေ့တွင် category 1 ၊ မေလ ၁၃ ရက်နေ့တွင် category 1 ၊ မေလ ၁၄ ရက် နေ့တွင် category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟုလည်း သိရှိရသည်။

Joint Typhoon Warning Center (JTWC) ၏ ခန့်မှန်းဂရပ် ဖော်ပြမှုတွင်မူ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် နီးကပ်လာမည့်ရက်ကို မေလ ၁၄ ရက်နေ့ဟု ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုများကို ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System က အပူပိုင်း မုန်တိုင်းသည် သက်ရောက်မည့် ဒေသ၏ လူဦးရေ၊ ၎င်းတို့၏ သက်ရောက်လွယ်နိုင်ခြေနှင့် လေတိုက်နှုန်း ပြင်းထန်မှု စသည်တို့ပေါ်တွင် မူတည်ကာ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း ဆိုထားသည်။

ယခုဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သို့ သက်ရောက်နိုင်ခြေရှိကြောင်း accuweather.com တွင် ခန့်မှန်းဖော်ပြထားသည်။

အဆိုပါ အပူပိုင်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက် တည်ရှိပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့သည်။

၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့ မွန်း လွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း ဘန်ဒါအာချေးမြို့၏ အနောက်ဘက် မိုင် ၁၅၀ ခန့်အကွာ မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းငယ်အား အ၀ါရောင်အဆင့်ဟု သတ်မှတ်ထားကာ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ထားကြောင်းလည်း မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုး/ဇလမှ ပြောကြားချက်အရ သိရှိရသည်။

''မုန်တိုင်းကို ဆက်လက်စောင့်ကြည့် နေပါတယ်။ သတင်းထုတ်ပြန်ချက် တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်မှာ ဖြစ်ပါတယ်'' ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁၀ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

ထို့ပြင် မေလ ၁၀ ရက်နေ့ ည ၇ နာရီ အချိန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုကြောင်း၊ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားကာ အ၀ါရောင်အဆင့်သာ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ထားကြောင်း နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်မှုသည် ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းနှင့် ပတ်သက်၍ နိုင်ငံတကာ မိုးလေ၀သနှင့် ပတ်သက်သော ၀က်ဘ်ဆိုက်များတွင် ဖော်ပြထားချက်များနှင့် လွဲချော်နေကြောင်း တွေ့ရှိရသည်။

ဘင်္ဂလားပင်လယ်အော် အတွင်းရှိ အမည်မသတ်မှတ်ရသေးသော မုန်တိုင်းနှင့် ပတ်သက်၍ မေလ ၁၀ ရက်နေ့ည ၁၂ နာရီအချိန် ဆက်သွယ်မေးမြန်းချက်အရလည်း အဆိုပါ ထုတ်ပြန်ချက်မှာ အပြောင်းအလဲ မရှိဘဲ နောက်ရက်များတွင် အပြောင်းအလဲရှိပါက ဆက်လက် ထုတ်ပြန်သွားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြေကြားခဲ့သည်။

လက်ရှိကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ်ပါက ပိုမိုသတိပြုရလေ့ရှိသည်။

၁၈၇၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၃၅ နှစ်တာ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁၃၁၂ ကြိမ်ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅ ကြိမ် ၀င်ရောက်ခဲ့ကြောင်း၊ ယင်းအနက် ၅၁ ရာခိုင်နှုန်းသည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ဖြစ်ပေါ်မှုများ ယခုနောက်ပိုင်း နှစ်များတွင် လျော့နည်းလာပြီး ယင်းသို့ လျော့နည်းလာခြင်းသည် မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်း မရှိသော မိုးရာသီတွင်သာ လျော့နည်းလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းကို သတိပြုရသော ကာလများသည် မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလ ဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ဖြစ်ပြီး မုတ်သုံအ၀င် နောက်ကျမှုနှင့် အထွက်စောမှုတို့က မုန်တိုင်းရာသီကို ပိုမိုရှည်လျား လာစေခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်း ငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။

ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် မေလ ၁ ရက်နေ့တွင် category 2 အဆင့်ဖြစ်ပြီး ၀င်ရောက်တိုက်ခတ်ချိန်တွင်မူ အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ် category 4 အဆင့်ဖြင့် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ၀န်းကျင် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၈၄၀၀၀ ၀န်းကျင်၊ ပျောက်ဆုံးသူ ၅၄၀၀၀ ၀န်းကျင်၊ ထိခိုက်သူ ၁၁ သန်းခန့်၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု ၇၄၅၇၆၄ ခု၊ အစိုးရပိုင် ပျက်စီးဆုံးရှုံးမှု ကျပ် ၃ ဒသမ ၃၅၄၇ ထရီလီယံ၊ ပုဂ္ဂလိကပိုင်ဆုံးရှုံးမှု ကျပ် ၈ ဒသမ ၃၈၀၀ ထရီလီယံရှိခဲ့ကာ ကမ္ဘာတွင် ပျက်စီးဆုံးရှုံးမှု၊ သေကြေမှု အမြင့်မားဆုံး နံပါတ်(၈)အဆင့် ဖြစ်ခဲ့သည်။

အဆိုပါ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့သို့ အဓိက သက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ပျက်စီးဆုံးရှုံးမှု ပိုမိုခဲ့သည်။

အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်
နိုင်ခြေအပေါ် အနီးကပ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသောမုန်တိုင်း
သည် အမည်ပေးသည့် အဆင့်သို့ ရောက်ရှိနေသည့် ဂျမာလာမုန်တိုင်းဖြစ်ပြီး သက်ရောက်နိုင်ခြေ အတွက်
ကိုမူ သီရိလင်္ကာ ဖြစ်သည်ဟု လတ်တလောတွင် နိုင်ငံတကာမှ ခန့်မှန်းထားကြသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ

ရွှေစီမံကိန်းများမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များ တင်ပို့ရောင်းချမည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ ပြီဖြစ်ကြောင်း အဆိုပါ ပိုက်လိုင်းစီမံကိန်းကို လုပ်ဆောင်နေသည့် SEAGP နှင့် SEAOP ဒုတိယဥက္ကဋ္ဌ Li Zilin က မေလ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်မှာ ပြင်ဆင်၍ မရအောင် တင်းကျပ်နေသည့် အရာများကို အရင်ဆုံးပြင်သွားရမည်

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်မှာ ပြင်ဆင်၍ မရအောင် တင်းကျပ်နေသည့် အရာများကို အရင်ဆုံးပြင်သွားရမည်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်မှာ ပြင်ဆင်၍ မရနိုင်အောင် တင်းကျပ်နေသည့် အရာများကို အရင်ဆုံး ပြင်သွားရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၁၀ ရက်တွင် ပြောသည်။

ရန်ကုန်မြို့တွင် သုံးရက်ကြာ ကျင်းပခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး အလုပ်ရုံ ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ယင်းသို့ ပြောခြင်းဖြစ်သည်။

ထိုသတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်သူလူထုကလည်း စိတ်ဝင်စားလာခြင်းကြောင့် နိုင်ငံပြုပြင် ပြောင်းလဲရာတွင် ကောင်းသော အလားအလာ ဖြစ်ကြောင်း ပြောသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ဆက်၍ ''အားလုံးသိစေချင်တာက အပြစ်ရှာဖို့ မဟုတ်ပါဘူး။ အဖြေရှာဖို့ပါ။ ပြဿနာတစ်ခုကို ချဉ်းကပ်တဲ့အခါမှာ အဖြေရှာချင်တဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်ဖို့ လိုပါတယ်။ အခုဒီဆွေးနွေးပွဲတွေကလည်း အဖြေရှာချင်တဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ ဒီလောက်ပဲ ပြောချင်ပါတယ်'' ဟု ပြောသည်။

Eleven Media Group ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ရာတွင် ''ဖွဲ့စည်းပုံ လုံးဝ အသစ်ပြန်လည် ရေးဆွဲမလား၊ ဟိုနားပြောင်း၊ ဒီနားပြောင်း လုပ်လို့ရမလား ဆိုတာကို ဒီသုံးရက်အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျဖို့လည်း လိုပါတယ်။ အန်တီတို့ အနေနဲ့ကတော့ ပြောင်းလဲချင်တာပေါ့။ တစ်ခုချင်း၊ တစ်ခုချင်း ပြောင်းလဲဖို့ အလိုအပ်ဆုံး အပိုင်းကနေစပြီး ပြောင်းလဲတာ ဖြစ်နိုင်မလား ဆိုတာကို စဉ်းစားရမယ်။ ဖြစ်စေချင်တာနဲ့ ဖြစ်နိုင်မလားဆိုတာကို ခွဲခြားပြီး စဉ်းစားရမယ်။ ဖြစ်နိုင်တာကနေ စပြီးတော့မှ ဖြစ်စေချင်တာ အားလုံးပါအောင် လုပ်သွားရမယ်လို့ ယုံကြည်တယ်'' ဟု ပြောသည်။

အခြားမေးမြန်းမှုများကို ဆက်လက် ဖြေကြားရာတွင် ''နိုင်ငံခြား ပညာရှင်တစ်ဦးက ပြောခဲ့တယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ပြင်ဆင်ဖို့ အခက်ခဲဆုံး ဥပဒေဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို ပြင်ဆင်လို့ မရအောင် တင်းကျပ်နေတဲ့ အရာတွေကို အရင်ပြင်မှ ဖြစ်မယ်'' ဟု ၎င်းက ပြောခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှ လုပ်ပုံကိုင်ပုံများကို အားတက်မိကြောင်း၊ နိုင်ငံအကျိုးအတွက် မည်သည့်ပါတီဟု ခွဲခြားခြင်း မရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့သည့်အပြင် အမှန်တကယ် ငြိမ်းချမ်းလိုလျှင် အပစ်အခတ်ရပ်စဲရုံနှင့် မပြီးဆုံးကြောင်း၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်သည့် လက်တွေ့ကျသော ကိစ္စများကို ဖြေရှင်းမှသာ ငြိမ်းချမ်းရေး ရနိုင်မည်ဟု ထည့်သွင်းဖြေကြားသွားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်မှာ ပြင်ဆင်၍ မရနိုင်အောင် တင်းကျပ်နေသည့် အရာများကို အရင်ဆုံး ပြင်သွားရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၁၀ ရက်တွင် ပြောသည်။