Pages

Tuesday, May 7, 2013

မင်းကိုနိုင် ဦးဆောင်သောအဖွဲ့ ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဟိုပန်ခရီးစဉ်ဖျက်သိမ်းခဲ့ရ

မင်းကိုနိုင် ဦးဆောင်သောအဖွဲ့ ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဟိုပန်ခရီးစဉ်ဖျက်သိမ်းခဲ့
Tuesday, May 7, 2013
%%%%%%%%%%%%%%%%%%%

မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ခရီးစဉ်အဖြစ် လားရှိုးမြို့မှ ဟိုပန်မြို့သို့ သွားရောက်ရန် စီစဉ်ထားရာ ဟိုပန်မြို့တွင် ၎င်းတို့အား ကန့်ကွက်ဆန္ဒပြမည့် လူဦးရေ ၈၀၀ ခန့် ဆောင့်ဆိုင်းနေသဖြင့် ယနေ့ ၁၂ နာရီအချိန်ခန့်တွင် သိန်းနီမြို့မှ လားရှိုးမြို့သို့ ပြန်လည်လှည့်ပြန်သွားကြောင်း သတင်းရရှိသည်။
ဟိုပန်မြို့တွင် မင်းကိုနိုင်နှင့်အဖွဲ့အား ဆန္ဒပြသည့်အဖွဲ့အား ဦးဆောင်သူမှာ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုအောင်စိုးမင်း ဦးစီးဒေသခံ ၈၀၀ နီးခန့်ရှိကြောင်း သိရှိရသည်။ 

ကျွန်တော်တို့ မင်းကိုနိုင်ကို ဆန္ဒပြမဲ့အဖွဲ့တွေ ရပ်ရွာလူထု ၈၀၀ လောက် မနက် ၁၀ နာရီကတည်းက ဟိုပန်မြို့အ၀င် ဖောင်ဆိပ်တံတားမှာ စောင့်နေပါတယ်။ ၈၈ အဖွဲ့လာခဲ့ရင်လဲ ဟိုပန်မြို့ကို ဆက်သွားခွင့်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့စောင့်ပြီး ဆန္ဒပြနေတာကြားလို့ မင်းကိုနိုင် သိန်းနီမြို့ကနေ လှည့်ပြန်သွားပါတယ်ဟု ဆန္ဒပြအဖွဲ့အား ခေါင်းဆောင်သူ ကိုအောင်စိုးမင်းမှ ပြောကြားသည်။

ဟိုပန်ဒေသခံများ မင်းကိုနိုင် ဦးစီးလာသည့် ၈၈ ကျောင်းသားအဖွဲ့အား ဆန္ဒပြရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ကိုအောင်စိုးမင်းက ကျွန်တော်လဲ ၈၈ ကျောင်းသားတစ်ယောက်ပါ။ ၈၈ မတ် ၁၂/၁၃ တုံးက စက်မှုကျောင်းသားတွေ ဆန္ဒပြခဲ့တဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အင်းစိန်မှာ ကိုဌေးကြွယ်နဲ့အတူ ချုပ်နှောင်ခံခဲ့ရပါတယ်။ ဒါပေမယ့် မင်းကိုယ်နိုင်တို့အဖွဲ့ဟာ ပြည်သူအတွက် အဓိကမထားဘဲ သူတို့ နာမည်ရရှိရေး၊ ပြည်ပအထောက်အပံ့ရရှိရေးကိုဘဲ ဦးစားပေးလုပ်နေတယ်။ အခု ဟိုပန်သို့လာတယ်ဆိုတာလဲ ဒေသအတွက် လာတာမဟုတ်ဘဲ ၎င်းတို့ နာမည်ရဖို့ ဟိုပန်ကို အသုံးချဖို့ လာတာဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်ဆန္ဒပြရတာပါဟု ပြောဆိုသွားပါသည်။

ရှမ်းလေး
ဟိုပန်
________________________________
Inlay Media ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

Tuesday, May 7, 2013
မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ခရီးစဉ်အဖြစ်လားရှိုးမြို့မှဟိုပန်
မြို့သို့သွားရောက်ရန်စီစဉ်ထားရာဟိုပန်မြို့တွငf၎င်းတို့အားကန့်ကွက်ဆန္ဒပြမည့် လူဦးရေ ၈၀၀ ခန့်ဆောင့်
ဆိုင်းနေသဖြင့် ယနေ့ ၁၂ နာရီအချိန်ခန့်တွင် သိန်းနီမြို့မှ လားရှိုးမြို့သို့ ပြန်လည်လှည့်ပြန်သွားကြောင်း သ
တင်းရရှိသည်။

ထန်းတစ်ပင်တွင်လေပြင်းများ တိုက်ခတ်သစ်ပင်များလဲ အိမ်များပျက်

ရန်ကုန်မြို့၊ ထန်းတစ်ပင်မြို့တွင် လေပြင်းများ တိုက်ခတ်သောကြောင့် ရွှေပြည်သာ - ထန်းတစ်ပင် လမ်းတစ်လျောက်ရှိ သစ်ပင်များလဲ၍ လမ်းပိတ်ဆို့မှုများ ဖြစ်သွားပြီး ထန်းတစ် ပင်မြို့ရှိ နေအိမ်များလည်း ပျက်စီးမှုများရှိကြောင်း သိရသည်။

မိတ္ထီလာ သံဃာသတ်ဖြတ်မှု သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေး

မိတ္ထီလာ သံဃာသတ်ဖြတ်မှု သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေး

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့တွင်းမှာ ပဋိပက္ခဖြစ်ပွားနေချိန် သံဃာတော်တစ်ပါး အသတ်ခံရမှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၇ ဦးကို မနေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး စွဲချက်တင်ခဲ့ပါတယ်။

တရားခံ ၇ ဦးထဲက ၁ ဦးဟာ အသက် ၁၆ နှစ် မပြည့်သေးတဲ့အတွက် သူ့ကိုကလေးသူငယ်တရားရုံးကို လွှဲပြောင်းလိုက်ပြီး ကျန်တဲ့သူတွေကိုတော့ တရားရုံးမှာ စွဲချက်တင်လိုက်တယ်လို့ အဲဒီအမှုမှာ စွဲချက်တင်ခံထားရသူတချို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။

"တရားခံ ၇ ယောက်မှာ တစ်ယောက်က အသက် ၁၆ နှစ်မပြည့်ဘူးဆိုတော့ စွဲချက်မတင်ခင်မှာ အမှုကိုပြန်လည်ရုပ်သိမ်းပြီးတော့ ကလေးသူငယ်တရားရုံးကို လွဲပြောင်းပေးခဲ့တယ်၊ ကျန်တဲ့ ၆ ယောက်ထဲမှာ ၁ ဦးကို ပုဒ်မ ၁၄၄ လူစုလူဝေးမှာပါဝင်မှု၊ ၂၉၅ (က) သာသနာညိုးနွမ်းစေမှုစတဲ့ ပြစ်မှု ၃ ခုနဲ့ တရားစွဲထားပြီးတော့ ကျန်တဲ့ ၅ ယောက်ကိုတော့ ခုနကလို ၁၄၄၊ ၂၉၅ (က)တွေနဲ့ စွဲချက်တင်လိုက်တယ်၊ ကျွန်တော်တို့က သက်သေထွက်ချက်အရပေါ့နော်၊ သက်သေတစ်ယောက်ပဲ အဲ့မှာရှိနေတယ်၊ အဲ့ဒီထွက်ချက်အရ တရားရုံးက စွဲမှာပဲ၊ ကိုယ်ကအခိုင်အမာရှင်းပြနိုင်ရင် လွတ်မှာပဲလေ"

အဲဒီအမှုမှာ အပြစ်မရှိပဲ အရေးယူခံထားရသူတွေလည်းပါတယ်လို့ ဆွေမျိုးသားချင်းတွေက ပြောပေမယ့် ရှေ့နေ ဦးသိန်းသန်းဦးကတော့ မိတ္ထီလာခရိုင် တရားရုံးရဲ့ စစ်ဆေးချက်တွေဟာ တရားမျှတမှုရှိပြီး တရားခံအခွင့်အရေးတွေ အပြည့်အဝရရှိနေတယ်လို့ ပြောပါတယ်။

အခုစွဲချက်တင်ခံထားရသူ ၆ ဦးစလုံးဟာ ပြစ်မှုထင်ရှားရင် သေဒဏ်အထိကျခံရနိုင်ပြီး၊ အသက်မပြည့်သေးတဲ့ မောင်ညီညီနိုင်ကတော့ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ကျခံရနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့တွင်းမှာ ပဋိပက္ခဖြစ်ပွားနေချိန် သံဃာတော်တစ်ပါး အသတ်ခံရမှုမှာ ပါဝင်
သူတွေလို့ သံသယရှိသူ ၇ ဦးကို မနေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး စွဲချက်တင်ခဲ့ပါတယ်။

ဒေါက်တာဆိတ်ဖွား မိမိမဟုတ်ကြောင်း ဦးရဲထွဋ် ရှင်းလင်း

ဒေါက်တာဆိတ်ဖွား မိမိမဟုတ်ကြောင်း ဦးရဲထွဋ် ရှင်းလင်း

အင်တာနက်ပေါ်ကနေ ဥပဒေအထက်မှာ လွှတ်တော်ရှိသလားခေါင်းစဉ်နဲ့ လွှတ်တော်ကို ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာဆိတ်ဖွားဟာ မိမိမဟုတ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း ဒေါက်တာဆိတ်ဖွား အမည်ခံပြီး ရေးသားခိုင်းထားတာမရှိကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို ဒီကနေ့ ဖြေရှင်းပြောဆိုလိုက်ပါတယ်။

ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်က ဦးရဲထွဋ်ကို ခေါ်ယူမေးမြန်းခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ သူမဟုတ်ကြောင်း ဦးရဲထွဋ်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

“ကျနော့်ကို လွှတ်တော်ကခေါ်ပြီးတော့ မေးတဲ့အချိန်မှာ လွှတ်တော်ကောင်မရှင် ဥက္ကဌက ရှင်းပြတယ်၊ လွှတ်တော်ရဲ့အခန်းကဏ္ဍကို အထင်မှားစေတဲ့အတွက်ကြောင့်မို့ ဘယ်သူရေးတယ်ဆိုတာကို ရှာဖွေဖို့လုပ်ရခြင်းဖြစ်တယ်တဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့သော်၎င်း၊ ကျနော့်အနေနဲ့သော်၎င်း အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးဖို့ပြောတယ်၊ ကျနော်ကစစခြင်း ဘာပြောသလဲဆိုတော့ နံပါတ် (၁) ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်သူ့ကိုမှ ဒေါက်တာဆိတ်ဖွားအဖြစ်နဲ့ရေးဖို့ တာဝန်ပေးထားတာမရှိဘူးလို့၊ နံပါတ် (၂) က ကျနော်ကလည်း ဒေါက်တာဆိတ်ဖွားမဟုတ်ဘူး၊ နံပါတ် (၃) က ကျနော်က ဒေါက်တာဆိတ်ဖွားဆိုလို့ရှိရင်လည်း ကော်မရှင်ဥက္ကဌကြီးအနေနဲ့ အဲ့ဒီလောက်အထိ အလုပ်ရှုပ်စရာမရှိဘူး၊ ကော်မရှင်ဖွဲ့ပြီးတော့ နောက်တစ်နေ့မှာ ကျနော်ကိုယ်တိုင် ကျနော်ယုံကြည်လို့ ကျနော်ရေးတယ်၊ ဥက္ကဌကြီး အပြစ်ရှိတယ်ထင်လို့ရှိရင် ကျနော့်ကိုတရားရုံးမှာ ခေါ်စစ်ပါဆိုပြီးတော့ ကျနော်ပြောမှာပဲ”

အင်တာနက် ဖေ့စ်ဘွတ်လူမှုရေးကွန်ရက် စာမျက်နှာတွေပေါ်မှာ ဒေါက်တာဆိတ်ဖွား ကလောင်ပိုင်ရှင်ဟာ ဦးရဲထွဋ်ဖြစ်တယ်ဆိုပြီး ရေးသားပြောဆိုမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ 

ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာကို ထုတ်ဖော်ဖို့အတွက် အမျိုးသားလွတ်တော် ဒုတိယဥက္ကဌ ဦးမြငြိမ်းခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်က ပြည်တွင်းသတင်းမီဒီယာသမားတစ်ချို့ကိုပါ နေပြည်တော်ကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။

နောက်ပိုင်းမှာ အဲဒီကော်မရှင်က ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီဖြစ်တယ် လို့ ပြောကြားခဲ့ပေမယ့် နာမည်အမှန်ကို ထုတ်ပြောဖို့ကိုတော့ ကာယကံရှင်ကို ထိခိုက်မှာစိုးရိမ်ရတယ်ဆိုတဲ့  အကြောင်းပြချက်နဲ့ ငြင်းဆန်ခဲ့ပါတယ်။ 

ဒေါက်တာဆိတ်ဖွားဆိုသူကို ဖော်ထုတ်ပေးဖို့ ကမာရွတ်မဲဆန္ဒနယ်က ဒေါက်တာစိုးရင်က ဇန်န၀ါရီလ ၁၄ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပြီး၊ များမကြာမီမှာ အဖွဲ့ဝင် ၁၇ ဦးပါ ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။

အင်တာနက်ပေါ်ကနေ ဥပဒေအထက်မှာ လွှတ်တော်ရှိသလားခေါင်းစဉ်နဲ့ လွှတ်တော်ကို ဝေဖန်ရေးသားခဲ့
တဲ့ ဒေါက်တာဆိတ်ဖွားဟာ မိမိမဟုတ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း ဒေါက်တာဆိတ်ဖွား အမည်ခံပြီး ရေးသားခိုင်းထားတာမရှိကြောင်းသမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒုတိယ၀န်ကြီးဦးရဲထွဋ်
က သတင်းထောက်တွေကို ဒီကနေ့ ဖြေရှင်းပြောဆိုလိုက်ပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရင်အမှုဟောင်းအတိုင်း ပြန်လည်ကျခံဖို့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ အခုရက်ပိုင်းအတွင်း ပန်းတနော်တရားရုံးက ဒဏ်ငွေကျပ် ၂ သောင်း ပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေတာ ဖြစ်ပါတယ်။

ဒီနေ့ညနေ ၄ နာရီမှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အကျဉ်းထောင်အတွင်း ရောက်ရှိလာပြီး အရင်ပြစ်မှုဟောင်းကို ပြန်လည်ကျခံဖို့ အမိန့်စာလာရောက်ဖတ်ကြားခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ညီဖြစ်သူ ဦးခင်မောင်ထွေးက ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့အမိန့်နဲ့ပေါ့ဗျာ၊ ပထမကျခံခဲ့ရတဲ့ ပြစ်ဒဏ်ထဲကနေပြီးတော့ ၆ နှစ် ကျခံစေဆိုပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အမိန့်စာလာဖတ်သွားတယ်လို့ ပြောပါတယ်၊ မအူပင်ထောင်ထဲကို လာဖတ်သွားတာပါ၊ ထောင်ရဲ့အရာရှိတစ်ဦးကနေလာပြီးတော့ ရှေ့နေရှိပါသလားလို့မေးတယ်၊ ရှေ့နေကလည်း ဒီနေ့ကျနော်တို့ပါမလာတဲ့အတွက်ကြောင့်မို့ မိသားစုဝင်တွေပဲ နောက်ဆုံးသွားတွေ့လာခဲ့ပါတယ်”

ဦးနေမျိုးဇင်ဟာ ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေးရင်း အဖမ်းခံခဲ့ရတာဖြစ်တဲ့အတွက် အမှုကနေ ပြန်လည်လွတ်မြောက်ဖို့ တောင်သူ ၁၀၀ ကျော်က ဒီကနေ့ပန်းတနော်တရားရုံးမှာ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး၊ သူ့ကိုလွှတ်ပေးမယ် ပြောလိုက်တဲ့အတွက် အကျဉ်းထောင်ရှေ့မှာ ၄ နာရီကြာ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရားဥပဒေအရ အယူခံဝင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်၊ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

အေးချမ်းမွန် Credit & Copy From >  RFA Burmese<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရအမှု
ဟောင်းအတိုင်း ပြန်လည်ကျခံဖို့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

Update: မေလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ဘောလုံးပွဲစဉ်များ တိုက်ရိုက်ကြည့်ရှုရန်

မေလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ဘောလုံးပွဲစဉ်များ တိုက်ရိုက်ကြည့်ရှုရန်

အင်္ဂလန်ပရီးမီးယားလိဂ်
...........................
မန်ချက်စတာစီးတီး vs ဝက်စ်ဘရွန်း (နံနက် ၁း၁၅)

ိကမ္ဘာ့စာအုပ်များနေ့  အထိမ်းအမှတ်အစီအစဉ်များ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျင်းပမည်

ကမ္ဘာ့စာအုပ်များနေ့  အထိမ်းအမှတ်အစီအစဉ်များ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် 14.5.2013 ရက်
နေ့ ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်တွင် ကလေးများအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ပုံပြင်ပြောပြခြင်းနှင့် စာပေဟောပြောပွဲတို့ ပါဝင်မည် ဖြစ်ပြီး စာပေကို နှစ်သက်မြတ်နိုးသူများ အားလုံး တက်
ရောက်သင့်တဲ့ အစီအစဉ်တစ်ရပ်ဖြစ်ပါသည်။

မင်းရဲကျော်ယာဉ်ရောင်းဝယ်ရေးစခန်းထပ်မံပြောင်းရွှေ့ပေးရမည်

မင်းရဲကျော်ယာဉ်ရောင်းဝယ်ရေးစခန်းထပ်မံပြောင်းရွှေ့ပေးရမည်
7.5.2013

ဟံသာဝတီယာဉ်ရောင်းဝယ် ရေးစခန်းမှမင်းရဲကျော်စွာယာဉ် ရောင်းဝယ်ရေးစခန်းသို့ပြောင်းရွှေ့ ပေးလိုက်၍ယာဉ်ရောင်းဝယ်ရေး သမားများသည်ယခုတစ်ခါထပ်မံ ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ရောင်းဝယ်ရေး သမားများသည်မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းသို့ပြောင်း ရွှေ့ခဲ့သည်မှာ(၁)လကျော်သာရှိ သေးပြီးယခုတစ်ခါမှာလည်းထပ်မံ ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း ယခင်ဟံသာဝတီယာဉ်ရောင်းဝယ် ရေးစခန်းမှမင်းရဲကျော်စွာယာဉ် ရောင်းဝယ်ရေးစခန်းသို့ပြောင်းရွှေ့ ပေးရစဉ်ကဆန္ဒပြမှုဖြစ်စဉ်များဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ်ရောင်းဝယ် ရေးအသင်းမှဥက္ကဌဦးသန်းအောင် ကပြောကြားရာတွင်““အရင်ဟံသာ ၀တီယာဉ်ရောင်းဝယ်ရေးစခန်းက နေပြောင်းရွှေ့ပေးခဲ့ရတုန်းကတော့ ဆန္ဒပြခဲ့တယ်။အခုတော့ဆန္ဒပြ တော့မှာမဟုတ်ပါဘူး ဘာလို့ဆို ရင်တော့အခုကျွန်တော်တို့ဒီမင်းရဲ ကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်း ၀င်းကိုနိုင်ငံခြားကအကူအညီနဲ့ ဆေးရုံဆောက်မယ်ဆိုတော့တစ် ယောက်ကောင်းကျိုးထက်အများ ကောင်းမှာမို့ကိုဆန်္ဒပြတော့မှာ မဟုတ်ပါဘူး””ဟုပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်ဃမှေေူန ရှနမလငခန ဃနညအနမ များပေါများ လာသည်နှင့် အမျှယာဉ်ရောင်း ၀ယ်ရေုးသမား များ၏ဈေးကွက် လည်းအဆင်ပြေ မှုများရှိလာ ကြောင်းသိရသည်။


ဖြိုးအောင်


အေးချမ်းမွန် Credit & Copy From > HotNewsWeekly<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။

7.5.2013

ဟံသာဝတီယာဉ်ရောင်းဝယ် ရေးစခန်းမှမင်းရဲကျော်စွာယာဉ် ရောင်းဝယ်ရေးစခန်းသို့ပြောင်းရေ
ွှ့ ပေးလိုက်
၍ယာဉ်ရောင်းဝယ်ရေး သမားများသည်ယခုတစ်ခါထပ်မံ ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ လူငယ်များကို အတုယူမှားစေတော့မည့် လူမိုက်ကျောင်းသား (သို့မဟုတ်) ရဲမင်းဦး

ယနေ့ လူငယ်များကို အတုယူမှားစေတော့မည့် လူမိုက်ကျောင်းသား (သို့မဟုတ်) ရဲမင်းဦး
===================================================
ယခင်တုန်းက တော့ ကျေးရွာတစ်ရွာက လူငယ်လေး၊ စာသင်ဖို့အတွက် ရန်ကုန် ဘုန်းကြီးကျောင်းကို ရောက်သည်။ အသက် (၂၆) နှစ်မှာ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်း သား ဟု ဆိုသည်။ အောင် မည့် အနေအထား မသေချာချိန် နောက်ဆုံးနှစ် ပီသစွာဖြင့် နောက်ဆုံးနှစ်များကို ဆက်တိုက် ဖြတ်သန်းသည်။ မအေမိဘက ပညာတတ်စေချင်မည်။ သူများလို ၁၆ နှစ်တွင် ဆယ်တန်း အောင်ပါက ၂၀၊၂၁ တွင် ဘွဲ့ရပြီ။ သူက တော့ အသက် ၂၆ ကျော်လာသော်လည်း ဘွဲ့မရ ကျောင်းသားခေါင်းဆောင် လမ်းကို ရွေးခဲ့သည်။

အသက် ၂၆ နှစ် အရွယ် လူငယ်တစ်ယောက်၏ အလုပ်အကိုင်က ၂၀၀၇ ကျောင်းသား၊ ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး သာ ဖြစ်သည်။ ထိုရာထူးသည် လုပ်စားစရာ ရာထူး၊ စာမသင် စာမလုပ်ချင်ဘဲ ဆူပူသူများ အသုံးချသည့် ရာထူးဖြစ်သည်။ သို့သော် ယခုတွင်တော့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အစိုးရမှ တရားစွဲဆိုထားကာ ပြစ်မှု ထင်ရှားပါက ထောင်(၂)နှစ် (သို့မဟုတ်) ငွေ ၁ သောင်းကျခံရမည် ဖြစ် သည်။ စာသင်သည့် အချိန်တွင် စာမသင်၊ ဘွဲ့ရသင့်သည့် အချိန်တွင်လည်း ဘွဲ့မရ၊ မိမိကိုယ်တိုင်လည်း အသုံး မကျ၊ သူတစ် ပါးအတွက်လည်း အကျိုးမရှိသည့် ကျောင်းသားများ မြန်မာနိုင်ငံတွင် ဘယ်လောက် များနေပြီလဲ။

ဆူပူမှု ဖြစ်အောင် ဖန်တီးသည်။ ဘာသာရေးကို အကြောင်းပြ ဆူပူသည်။ မဟုတ်ပါ၊ မကျူး လွန်ပါဟု ပြောနေ သော်လည်း နောက်မှ လိုက်ပါနေသည့် လူအုပ်နှင့် ဆက်လက်ဆူပူနေကြသည့် လူအုပ်များကို ကြည့်လိုက်ပါက အပြစ်ကျူးလွန်မှု ရှိမရှိကို အဖြေရှာရန် ပင် မလိုတော့။ အိမ်ထဲတွင် ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်စာကိုယ် ကြိုးစားသည့် ဘယ်ကျောင်းသားမှ နိုင်ငံတော် အကြည်ညိုပျက်စေသည့် ပုဒ်မ မထိ။ မဆူပူ၊ အပြစ် မကျူးလွန် သည့် ကျောင်းသားမှန်သမျှ ဘာအမှုနှင့်မှ တရားမစွဲ။ လိမ္မာရေးခြား ရှိသည့် ကျောင်းသား မတော်တဆ ပြစ်မှု ကျူးလွန်မိ၊ မှားယွင်းစွပ်စွဲမိလျှင်ပင် ဆန္ဒပြ ဆူပူမှု မရှိ၊ ဥပဒေဘောင်အတွင်းက ဖြေရှင်းရင်း မည်သူမှ သိလိုက် မည်ပင် မဟုတ်ပါ။

ယခုတော့ ကျောင်းမပြီးနိုင်သည့် ကျောင်းသားများက ကျောင်းသားငယ်များကို စည်းရုံးသည်။ တကသ၊ ဗကသ အဖွဲ့များဖွဲ့ကာ ခွပ်ဒေါင်းအလံ တကားကားဖြင့် သွေးဆူအောင် လုပ်ကြသည်။ မိဘ ဆိုဆုံးမ မနိုင်သည့် သားသမီးများ လမ်းပေါ်ရောက်ကြသည်။ ကျောင်းသား ဘ၀ ကျောင်းသားတာဝန် မကျေကြ။ နိုင်ငံအတွက် လည်း နစ်နာသည်။ မိသားစု အတွက်လည်း နစ်နာသည်။

ဆူပူပြီးနောက် ပြဿနာ တက်လာသည့် အခါ လူမျိုးရေးကို အသုံးချလာကြသည်။ ဘယ်တိုင်းရင်းသား ဖြစ်သည်၊ ဘယ်တိုင်းရင်းသား ကျောင်းသား ဖြစ်သည် ဆိုကာ တိုင်းရင်းသား၊ ကျောင်းသား ခေါင်းစဉ်တပ် ပေးကြသည်။ ခွေးထက်မိုက်၍ ခွပ်ဒေါင်းအလံခြုံအိပ်ကာ ဆူပူမှုကို ဖန်တီးသည့် ရဲမင်းဦး ကဲ့သို့သော ကျောင်းမပြီးနိုင် တော့သည့် ကျောင်းသားကို အရေးမယူနိုင်ပါက မြန်မာ့ ကျောင်းသားတို့ စာကောင်းကောင်း သင်ရမည် မဟုတ်ပေ။

Oppositeyes

ယခင်တုန်းက တော့ ကျေးရွာတစ်ရွာကလူငယ်လေး၊စာသင်ဖို့အတွက်ရန်ကုန်ဘုန်းကြီးကျောင်းကို ရောက်
သည်။ အသက် (၂၆) နှစ်မှာ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်း သား ဟု ဆိုသည်။ အောင် မည့် အနေအထား မသေချာချိန် နောက်ဆုံးနှစ် ပီသစွာဖြင့် နောက်ဆုံးနှစ်များကို ဆက်တိုက် ဖြတ်သန်းသည်။ မအေမိဘက ပညာတတ်စေချင်မည်။ သူများလို ၁၆ နှစ်တွင် ဆယ်တန်း အောင်ပါက ၂၀၊၂၁ တွင် ဘွဲ့ရပြီ။ သူက တော့ အသက် ၂၆ ကျော်လာသော်လည်း ဘွဲ့မရ ကျောင်းသားခေါင်းဆောင် လမ်းကို ရွေးခဲ့သည်။

ဆည်ရေမရ၍ သောက်သုံးရေပြတ်လပ်နေသည့် ၀က်လက်မြို့နယ်မှကျေးရွာများ

မေ(၆)ရက်၊၂၀၁၃ခုနှစ်။
ရွှေဘိုခရိုင် ၀က်လက်မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအား အဓိကလုပ်ကိုင်သော ကျေးရွာများ၌ နွေစပါးစီမံကိန်းမရှိသောကြောင့် သဖန်းဆိပ်ဆည်မှ ရေလွှတ်မပေးနိုင်သည့်အချိန်များ၌ ၀က်လက်မြို့နယ် ဒေသခံကျေးရွာ အများစုမှာ သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အဝေးသင်ကျောင်းသား၊ ကျောင်းသူများ အချိန်ပြည့်လေ့လာနိုင်ရန် ရေဒီယိုစတေရှင်တစ်ခု တည်ဆောက်မည်

အဝေးသင်ကျောင်းသား၊ ကျောင်းသူများ အချိန်ပြည့်လေ့လာနိုင်ရန်
ရေဒီယိုစတေရှင်တစ်ခု တည်ဆောက်မည်
Tuesday, May 07 ,2013

အဝေးသင်ပညာရေးအား အဆင့်မြှင့်တင်ရန်အတွက် ငွေကျပ်သန်းပေါင်း တစ်သောင်းကျပ် အကုန်အကျခံ၍ ရေဒီယို စတေရှင်တစ်ခု တည်ဆောက်ကာ တစ်နိုင်ငံလုံးမှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ အချိန်ပြည့် သင်ယူလေ့လာနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောကြားလိုက်သည်။ 

ယင်းအသံလွှင့်ဌာနအား တည်ဆောက်ရန်အတွက် ခရိုအေးရှားနိုင်ငံမှ ကမ္ဘာ့နံပါတ်(၁) အသံလွှင့်ဌာန တည်ဆောက်ရေး ကုမ္ပဏီနှင့် ဆက်သွယ်ထားကြောင်း၊ အဆိုပါ အသံလွှင့်ဌာန တည်ဆောက်ရန်အတွက် စုစုပေါင်းကုန်ကျငွေမှာ ယူရို ၁ ဒသမ ၇ သန်းခန့်၊ မြန်မာငွေကျပ် သန်းပေါင်း တစ်သောင်းကျော် ကုန်ကျမည်ဖြစ်ကြောင်း ယင်းက ပြောသည်။ “အခုက မြန်မာ့အသံက လွှင့်နေတဲ့ သင်ခန်းစာတွေကိုပဲ ကျောင်းသားတွေ အားထားနေရတဲ့အတွက် အချိန်ပြည့် သင်ယူနိုင်ဖို့အတွက် ဌာနပိုင် အသံလွှင့်စက်တစ်ခု တည်ဆောက်ဖို့ စီစဉ်တာပါ” ဟု ယင်းက ပြောသည်။ ယင်းကဲ့သို့ ရေဒီယိုစင်တာ တစ်ခုအတွက် မြေနေရာ အကျယ်အဝန်း ၅ ဧက လိုအပ်မည်ဖြစ်ပြီး ရန်ကုန် အဝေးသင်ဌာနတွင် မြေနေရာ အ...ကျယ်အဝန်း လုံလောက်မှု မရှိသည့်အတွက် ဒဂုံတက္ကသိုလ်တွင် ပြုလုပ်ရန် စဉ်းစားထားကြောင်း ဒေါက်တာလှတင့်က ပြောသည်။ ယင်းနှင့် စပ်လျဉ်း၍ လက်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် မြန်မာစာ ဒုတိယနှစ် တက်ရောက်လျက်ရှိသည့် မယုနန္ဒာအောင်က “ရုပ်သံအစီအစဉ်တွေကို မကြည့်ဖြစ်ဘူး။ အလုပ်တစ်ဖက်နဲ့မို့လို့။ ဘယ်အချိန်လွှင့်မှန်းလည်း မသိဘူး။ 

အခုကတော့ ရေဒီယိုကနေ အချိန်ပြည့် လွှင့်ပေးမယ်ဆိုတော့ အဆင်ပြေတယ်။ အားတဲ့အချိန်မှာ နားထောင်ဖြစ်မှာပါ” ဟု ဆိုသည်။ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများတွင် ယင်းကဲ့သို့သော အသံလှိုင်းဖြင့် သင်ကြားသည့် စနစ်ကို ဦးစွာ အသုံးပြုခဲ့ပြီးမှ ရုပ်သံ၊ အွန်လိုင်း စသည်တို့ဖြင့် သင်ကြားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် အဝေးသင် တက္ကသိုလ်ပေါင်း ၄၆ ခု ဖွင့်လှစ်ထားကြောင်း ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အဝေးသင်ပညာရေးအား အဆင့်မြှင့်တင်ရန်အတွက် ငွေကျပ်သန်းပေါင်း တစ်သောင်းကျပ် အကုန်အကျခံ
၍ ရေဒီယို စတေရှင်တစ်ခု တည်ဆောက်ကာ တစ်နိုင်ငံလုံးမှအဝေးသင်ကျောင်းသား၊ ကျောင်းသူများအချိန်
ပြည့်သင်ယူလေ့လာနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာလှတင့်က ပြောကြားလိုက်သည်။

ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်

ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်

Tuesday,May 07,2013

ကလောမြို့နယ် ရွှေတွင်းရေကြီးမှုကြောင့် သေဆုံးသူ ဦးရေဟာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အနည်းဆုံး ၁၈ ဦးထိ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ တကယ်တမ်း သေဆုံးသူဟာ ဒီထက်မက များနိုင်ကြောင်း ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေ ကို ရွှေတူးဖော်ရာ လုပ်ကွက်အတွင်းကို ၀င်ခွင့်မပေးတာကြောင့် အတိအကျ သတင်းရရှိဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းေ ထာက် ကိုမိုးဇော်က စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။

မေလ ၁ ရက်နေ့ သန်းခေါင်ချိန်လောက်မှာ မိုးများပြီး ရေကြီးခဲ့တာကြောင့် ကလောမြို့နယ် ရွှေတောင်ကြား ရွှေတူးဖော်ရေး လုပ်ကွက်မှာ ရွှေတူးဖော်ရေး လုပ်သားအနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

“၁၆ ဦးက ကျနော်တို့ ကလောမြို့နယ်တွင်းမှာ သေဆုံးသူပေါ့ ၁၆ ဦး။ အဲ့ဒါပဲ ကျနော်တို့ ရထားတယ်ခင်ဗျ။ ဒါပေမဲ့ ကြားထဲမှာ ၂ ဦးကျန်သေးတယ် ဆိုတော့ ၂ ဦးက ဒီဘက်ကို မသယ်လာတော့ဘူး။ ၂ ဦးကို ဟိုမှာပဲ သင်္ဂြိုဟ်မယ်ဆိုတဲ့ အနေအထားမျိုး။ ဘာလို့လဲဆိုတော့ ရက်က အတော်ကြာသွားပြီလေ။ ၁ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ ဒီဘက်သယ်လာဖို့က အခက်အခဲ ဖြစ်နေတယ် အဲ့ဒါကြောင့်။”

ဒါကတော့ ကလောမြို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဦးသိန်းဇော် ပြောသွား တာဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ကလောဆေးရုံမှာ ၃ ယောက်နဲ့ တောင်ကြီးဆေးရုံမှာ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်သာ စာရင်းရရှိပေမဲ့ အမှန်တကယ် သေဆုံးသူဟာ ၄၀၊ ၅၀ လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြောင်း ဦးသိန်းဇော် က အခုလို ဆက်ပြောပါတယ်။

“ဒီက လုပ်ကွက်မှာ လုပ်သားအားလုံး ၄ သောင်းကျော်လောက်ရှိပါတယ်။ အဲ့တော့ ရေကြီးမှုဖြစ်သွားတဲ့အချိန်မှာ ရွာသားတွေ ပြောတာက တကျင်း တကျင်းကို ဆင်းနေတဲ့ လုပ်သားတွေက ၁၀ ဦးရှိတယ်။ ၁၅ ဦးရှိတယ်။ ညဘက် ဆင်းနေတဲ့ဟာတွေလည်း ရှိတယ်။ ကျင်းတော်တော်များများက ထိသွားတာကိုး။ ရွာသားတွေ အပြောအရက အနည်းဆုံး ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့က အခုက စုံစမ်းလို့လည်း မရဘူးဗျာ။”

သေဆုံးသူစာရင်းဟာ ကလောမြို့နယ်အတွင်း သယ်ယူလာတဲ့ စာရင်းပဲဖြစ်ပြီး သာစည်မြို့နယ်ဘက်က ရွှေတူးဖော်ရေး လုပ်ကွက်က သေဆုံးမှုစာရင်းကိုတော့ မသိရသေးကြောင်းနဲ့ ရေနစ်မြုပ်ခဲ့တဲ့ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်းကို ပြင်ပက ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေနဲ့ သတင်းမီဒီယာအဖွဲ့တွေကို ကုမ္ပဏီ အာဏာပိုင်တွေက ၀င်ရောက်ခွင့် မပေးကြောင်း ဦးသိန်းဇော် က ပြောပါတယ်။

အခြားဒေသခံ ကူညီရေးဆောင်ရွက်သူတယောက်လည်း သေဆုံးသူဦးရေကို အခုလို ခန့်မှန်းပါတယ်။

“အာရှကမ္ဘာမြေကုမ္ပဏီ လက်အောက်က ရွှေတောင်ကြားလုပ်ကွက်ထဲမှာ အင်းပေါင်း ၂၃ အင်းရှိတယ်။ အဲ့ဒီနေ့က အင်းပေါင်း ၂၃ အင်းမှာ မတော်တဆ ထိခိုက်မှုဖြစ်သွားပြီးတော့ ၄ အင်းကတော့ ကယ်ဆယ်တော့ လုံးဝ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့်သွားတယ်ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံးကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။ ဖြစ်တာက သူတို့ ည ၁ နာရီခွဲနဲ့ ၂ နာရီကြားထဲမှာ ဖြစ်တာဆိုတော့ အဲ့ဒီအချိန်က အလုပ်လုပ်နေတဲ့ အချိန်ကြီးဗျ။ အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ ၂၃ အင်းရှိတဲ့အထဲမှာ ၄ အင်း လွတ်တယ်ဆိုတော့ ၁၉ အင်းပေါ့ဗျာ။ ၁၉ အင်း၊ တကျင်းကို ၁၀ ယောက်နှုန်းနဲ့ပဲ တွက်ပါဦး။ အနည်းဆုံးတော့ ၁၀၀ ကျော်မှာပေါ့ အဲ့လိုမျိုး။”

သူပြောတဲ့ အင်း ဆိုတာကတော့ ရွှေတွင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကလောမြို့နယ်အတွင်းက ရွှေတွင်းတွေဟာ အနည်းဆုံး ပေ ၃၀၀ ကျော်လောက် နက်ပြီး မြေအောက်မှာ လှိုင်ခေါင်းတွေနဲ့ ရွှေတူးဖော်နေတာ ဖြစ်ပါတယ်။ ဒီတွင်းထဲကို ဆင်းပြီး ရွှေတူးမယ်ဆိုရင် မြေပြင်ပေါ်က အောက်ဆီဂျင် ရယူပြီးမှသာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။

ရွှေတွင်းလုပ်ငန်းမှာ လုပ်ကိုင်သူအများစုဟာ ဒေသခံ ကလောနယ်သားတွေထက် မြန်မာပြည်အလယ်ပိုင်းဒေသက လာရောက် လုပ်ကိုင်သူတွေက အများစုဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ဆုံးသူစာရင်း ရယူဖို့ အခက်အခဲရှိတာ ဖြစ်တယ်လို့ ဒေသခံကူညီသူတွေက ပြောပါတယ်။

ကလောမြို့နယ်အတွင်းက ရွှေတောင်ကြား ရွှေတူးဖော်ရေးလုပ်ကွက်ဟာ ရှေးယခင်ခေတ်ကတည်းက တပိုင်တနိုင် တူးဖော်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုလို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက အင်နဲ့အားနဲ့ လုပ်ကိုင်လာတာတော့ တနှစ်ကျော်ကျော်သာ ရှိသေးတာ ဖြစ်ပါတယ်။

ရွှေတွင်း (ဓာတ်ပုံ - thevelvetrocket.com)
VOA
ရွှေတွင်း (ဓာတ်ပုံ - thevelvetrocket.com)
Tuesday,May 07,2013

ကလောမြို့နယ် ရွှေတွင်းရေကြီးမှုကြောင့် သေဆုံးသူ ဦးရေဟာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အနည်း
ဆုံး ၁၈ ဦးထိ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ တကယ်တမ်း သေဆုံးသူဟာ ဒီထက်မက များနိုင်
ကြောင်း ဒေသခံတွေက ပြောပါ တယ်။

မန္တလေး ၃၄လမ်း×၈၅လမ်း ထောင့် (အရွှေတောင်ထောင့်) မှာ အမျိုးသမီးတစ်ဦး ရေတွင်းထဲ ရုတ်တရက် ခုန်ချလို့ လူအများဝိုင်းကယ်လိုက်ရ

အမျိုးသမီးတစ်ဦး ရေတွင်းထဲ ရုတ်တရက် ခုန်ချ ၊ လူအများ ဝိုင်းကယ်လိုက်ရ ။

မန္တလေး ၊ မေ ၆ ။

မေလ ၆ ရက်နေ့ ည(၉း၁၅)နာရီ ခန့်က မန္တလေး ၃၄လမ်း×၈၅လမ်း ထောင့် (အရွှေတောင်ထောင့်) မှာ ရှိတဲ့ ပေ ၄၀ ခန့် အနက်ရှိ  ရေတွင်းဟောင်း(ရေမရှိ)ထဲကို အသက်(၃၅)နှစ် ဝန်းကျင် အမျိုးသမီးတစ်ဦး ၊ ရုတ်တရက်ခုန်ချခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အနီးနေ ပြည်သူများက မြင်တွေ့လိုက်တာ ကြောင့် ဝိုင်းဝန်းကယ်ဆယ်လိုက်ရပါတယ်။ 

အဆိုပါ ခုန်ချသူ အမျိုးသမီး (အမည် နေရပ် မသိရသေး) ကို မဏိစလ လူမှုကူညီရေးအသင်း မှ လုနာတင်ယာဉ် နဲ့ ဆေးရုံ ကို ပို့ဆောင်လိုက်ကြောင်း သိရပါတယ် ။

မြန်မာဓိက သတင်းအဖွဲ့ ။
ဇော်ဇော် ၊ ခင်ဘုန်း

မန္တလေး ၊ မေ ၆ ။

မေလ ၆ ရက်နေ့ ည(၉း၁၅)နာရီ ခန့်က မန္တလေး ၃၄လမ်း×၈၅လမ်း ထောင့် (အရွှေတောင်ထောင့်) မှာ ရှိ
တဲ့ ပေ ၄၀ ခန့် အနက်ရှိ ရေတွင်းဟောင်း(ရေမရှိ)ထဲကို အသက်(၃၅)နှစ် ဝန်းကျင် အမျိုးသမီးတစ်ဦး ၊ ရုတ်
တရက်ခုန်ချခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အနီးနေ ပြည်သူများက မြင်တွေ့လိုက်တာ ကြောင့် ဝိုင်းဝန်း
ကယ်ဆယ်လိုက်ရပါတယ်။

ဆံပင်ညှပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေဆုံး (နောက်ဆက်တွဲသတင်း)

ဆံပင်ညှပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေဆုံး

Monday, May 06, 2013  မှုခင်း, သတင်း  

ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟုလည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံပင်ညှပ်ပေးနေသူအား သေနတ်ဖြင့်(၃)ချက် ပစ်သွားရာ  ဆံပင်ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၃၂)အရွယ်ရှိ စိုင်းလုံးရှဲန်သည် ၎င်း၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်လိုသူအား ညှပ်ပေးနေစဉ်အတွင်း အမည်မသိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အနားကပ်၍ (၃)ချက်ပစ်ခတ်ကာ ဆိုင်ကယ်ဖြင့်ပင် မောင်းပြေးသွားခဲ့ပြီးနောက် စိုင်းလုံးရှဲန်သည် ဦးခေါင်းအနောက်ဖက်နှင့် နားထင်အထက် အပြင် ကျောဘက်တို့တွင်လည်း သေနတ်မှန်၍ ညှပ်လက်စ ကတ်ကြေးကိုင်လျှက်ဖြင့် မှောက်လျှက်သား ပွဲချင်းပြီးသေဆုံးနေသည်ကို တွေ့ရှိရသည်။

သေဆုံးသူ၏ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ အနီးအနားဝန်းကျင်၏ ပြောဆိုချက်အရ "ဆိုင်ဖွင့်တာ နှစ်လလောက်ပဲ ကြာသေးတယ်၊ ဒါတောင် သင်္ကြန်အတွင်း ဆိုင်ပိတ်ပြီး ကျိုင်းတုံဘက်ကို ဘုန်းကြီးသွားဝတ်နေတာ၊ သူသွားဝတ်တဲ့ နေရာကလည်း ကျိုင်းတုံမြို့ထဲမှာမဟုတ်ဘူး၊ တောထဲမှာလို့လည်းပြောတယ်၊ ဘုန်းကြီးထွက်ပြီး ဒီကို ပြန်ရောက်တာ မကြာသေးဘူး၊ ရက်ပိုင်းပဲ ရှိသေးတာ၊ ဆိုင်ကိုတော့ မနေ့ကမှ ဖွင့်တယ်၊ ဒီနေ့ လုပ်ကြံခံရတယ်ဆိုတော့ စဉ်းစားစရာပဲ"ဟု သိရသည်။

အခုလို သေဆုံးသွားတာနဲ့ပတ်သက်၍"သူ့မှာ နက်နက်ရှိုင်းရှိုင်း အကြောင်းအရာတွေ ရှိမယ်လို့ထင်တယ်ဗျ၊ တာချီလိတ်မှာက တော်ရုံကိစ္စတွေဆိုရင် သေနတ်နဲ့ဖြေရှင်းတယ်ဆိုတာ မကြားဖူးဘူး၊ ခုက လူငယ်ဆိုတော့ လူငယ်ကိစ္စလား အခြားကိစ္စလား ဆိုတာကိုတော့ စဉ်းစားစရာပဲဗျ၊ ဘာပဲဖြစ်ဖြစ် မြို့လယ်ခေါင်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ ကိုယ့်ကိုကိုယ် မလုံခြုံတော့သလိုခံစားလိုက်ရတယ်"ဟု အခင်းဖြစ်ရာနေရာသို့ လာရောက်ကြည့်ရှု့သူ အမျိုးသားတစ်ဦးမှလည်း ပြောကြားသွားသည်။

လာရောက်ပစ်ခတ်သူအား ရုတ်တရက် မြင်တွေ့လိုက်ရသူတစ်ဦးမှလည်း " ဆိုင်ထဲမှာ သေနတ်သံ သုံးချက်ကြားရတော့ ကျွန်တော်တို့ ထင်တာက ကလေးတွေ ဗျောက်ဖောက်နေကြတယ်လို့ ထင်တာ၊ သွားကြည့်လိုက်တော့ ဆံပင်ညှပ်ဆရာ သေနေတာကို တွေ့လိုက်ရတယ်၊ သွားမကြည့်ခင် အသံကြားကြားချင်း ဆိုင်ပြင်ကို ထွက်ကြည့်လိုက်တာ ဆံပင်ညှပ်ဆိုင်ထဲကနေ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် အေးအေးဆေးဆေးထွက်လာပြီး ကျွန်တော်တို့ဘက်ကို တစ်ချက်ကြည့်သွားပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာကိုတွေ့လိုက်ရတယ်၊ အဲ့ဒီလူပုံစံအတိုင်းပဲ ဒီရက်ပိုင်းက ဒီနေရာကို ဝှေ့လည် ဝှေ့လည် လုပ်နေတာကိုတော့ သတိထားမိတယ်"ဟု ပြောကြားလာသည်။

ဆံပင်ညှပ်ခံနေသူမှာ အနီးအနား၏ ပြောဆိုချက်အရ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားခဲ့သည်ဟုလည်း သိရသည်။

အေးချမ်းမွန် Credit & Copy From >http://www.tachileik.net/2013/05/santa.html<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။

ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟု
လည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူ
တစ်ဦးမှ ဆိုင်အတွင်းသို့ဝင်ရောက်လာပြီးဆံပင်ညှပ်ပေးနေသူအား သေနတ်ဖြင့်(၃)ချက် ပစ်သွားရာ ဆံပင်
ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

မီးသတ်စခန်း ဖျက်ဆီးသူတွေ အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြ

မီးသတ်စခန်း ဖျက်ဆီးသူတွေ အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြ

မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့ မြောက်ဘက် ၆  မိုင်အကွာမှာရှိတဲ့ တံငါ(မြောက်)ကျေးရွာအုပ်စု မီးသတ်တပ်ဖွဲ့စခန်း မနေ့ညက ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဒေသခံ ရွာသူ၊ ရွာသား ၁၀၀ ကျော်က အဲဒီစခန်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက သွားရောက်စုဝေးပြီး ဖျက်ဆီးသူတွေကို အရေးယူပေးဖို့  ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီမီးသတ်စခန်းကို ကျေးရွာစိုက်ပျိုးရေးနဲ့ ကုန်ထုတ်သမ၀ါယမအသင်းလီမိတက် ဒါရိုက်တာ အပါအ၀င် ၇ ဦးက မနေ့ည ၁၂ နာရီလောက်က လာရောက်ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ရွာသားတွေက ပြောပါတယ်။
အခုလို ဆန္ဒပြခဲ့ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ တံငါမြောက်ရွာသား ဦးနေ၀င်းက RFA ကို အခုလို ပြောပါတယ်။

"မနေ့ညက ညကြီးအချိန်မတော်မှာ သမအသင်းဒါရိုက်တာတွေက အများပိုင်မီးသတ်ရုံးကို လာရောက်ဖျက်ဆီးပါတယ်ခင်ဗျ၊ ကျေးရွာကို စော်ကားသလိုဖြစ်နေတဲ့အတွက် ကျနော်တို့က ဥပဒေအတိုင်း တရားစွဲပေးဖို့ ဒီမှာတောင်းဆိုတာပါ"

ဒီဆန္ဒပြတောင်းဆိုမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းပေးခဲ့ပြီး၊ သဘောတူညီချက်အရ ကျေးရွာမီးသတ်တပ်ဖွဲ့က တရားလိုပြုလုပ်ကာ အများပြည်သူပိုင် မီးသတ်စခန်း ဖျက်ဆီးသူတွေကို အရေးယူပေးဖို့ မတ္တရာမြို့နယ် ရဲစခန်းမှာ ဒီကနေ့မှာ တပြိုင်တည်း အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမီးသတ်အဆောက်အဦးနေရာဟာ ၁၉၈၆ ခုနှစ်မတိုင်ခင်က ကျေးရွာနွားစားကျက်မြေဖြစ်ခဲ့ပြီး ၁၉၈၆ခုနှစ်မှာ သမ၀ါယမ၀န်ကြီးဌာနက စုပေါင်းဘုံလယ်ယာမြေအဖြစ် တခြားမြေတွေနဲ့အတူ သိမ်းယူခဲ့တာပါ။ နောက်ပိုင်းအဲဒီမြေနေရာမှာ ကျေးရွာမီးသတ်စခန်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာကို ပြန်လည်ရယူဖို့အတွက် သမ၀ါယမအသင်းက လာရောက်ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့ မြောက်ဘက် ၆ မိုင်အကွာမှာရှိတဲ့ တံငါ(မြောက်)ကျေးရွာအုပ်စု မီးသတ်တပ်ဖွဲ့
စခန်း မနေ့ညက ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဒေသခံ ရွာသူ၊ ရွာသား ၁၀၀ ကျော်က အဲဒီစခန်းရှေ့မှာ ဒီ
ကနေ့ မနက်ပိုင်းက သွားရောက်စုဝေးပြီး ဖျက်ဆီးသူတွေကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။