Pages
Monday, May 6, 2013
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ယနေ့ထုတ်ပြန်သော ကြေငြာချက် ၃/၂၀၁၃
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ယနေ့ထုတ်ပြန်သော ကြေငြာချက်
၃/၂၀၁၃
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ယနေ့ထုတ်ပြန်သော ကြေငြာချက် ၃/၂၀၁၃ကို
ယနေ့ထုတ်ပြန်ကြောငြာလိုက်ကြောင်းသတင်းရရှိပါသည်။
နေပြည်တော် ပျဉ်းမနားတွင် မိုးသီးများကြွေ၍ လေပြင်းများ တိုက်ခတ်
နေပြည်တော် ပျဉ်းမနားတွင် မိုးသီးများကြွေ၍ လေပြင်းများ တိုက်ခတ်ခဲ့
၂၀၁၃ ခုနှစ်၊ မေလ (၆) ရက် | TEOL
နေပြည်တော်အနီးရှိ ပျဉ်းမနားမြို့တွင် ယနေ့ (၃း၃၀)
အချိန်ခန့်က ဇီးသီးအရွယ် မိုးသီးများ ကြွေကျခဲ့ပြီး
လမ်းများပေါ်တွင် ဖွေးနေခဲ့ကြောင်း စီဂျေများမှ
သတင်းပေးပို့ပါတယ်။
ယခင်က ဤကဲ့သို့ မိုးသီးများကြွေကျခြင်းမရှိခဲ့ကြောင်း၊
ယခုနှစ်တွင် အပူချိန်မှာလည်း လွန်ကဲနေပြီး
ဒေသတ၀ိုက်တွင် သဘာဝဘေးအန္တရာယ်များ
မကြာခဏ ပေါ်ပေါက်နေကြောင်း သတင်းရရှိပါတယ်။
မကြာသေးမီရက်ပိုင်းများအတွင်း နေရာကွက်၍
လေပြင်းမုန်းတိုင်းတိုက်ခတ်မှုများ ပေါ်ပေါက်ခဲ့သလို၊
လေဆင်နှာမောင်းကြောင့် ကျေးရွာအချို့ ပျက်ဆီး
ဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်များလည်း အဆက်မပြတ် လှုပ်ခတ်နေခြင်းများပေါ်ပေါက်နေသော်လည်း စိုးရိမ်မှုမရှိရကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ယခုနှစ်တွင် နေပြည်တော်ဒေသ၌ မိုးခေါင်မှုများ ပိုမို ဖြစ်ပေါ်နိုင်ပြီး အချို့သောနေရာများ၌ ရေတွင်းများ ရေခမ်းခြောက်မှုများ
ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
မိုးသီးကြွေ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတချို့ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com
ပုံများကို အောက်ပါလင့်ခ် တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်
http://www.teol-mm.info/2013/05/blog-post_7323.html
၂၀၁၃ ခုနှစ်၊ မေလ (၆) ရက်
နေပြည်တော်အနီးရှိ ပျဉ်းမနားမြို့တွင် ယနေ့ (၃း၃၀) အချိန်ခန့်က ဇီးသီးအရွယ် မိုးသီးများ ကြွေကျခဲ့ပြီး
လမ်းများပေါ်တွင် ဖွေးနေခဲ့ကြောင်းသတင်းရရှိသည်။
တာချီလိတ်မြို့တွင် ဆံပင်ညပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေ
ဆံပင်ညပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေ 
ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟုလည်းခေါ်သည်)ဆန်ဆိုင်းလမ်းဆုံ ညာဖက်အခြမ်း ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံသပေးနေသူအား သေနတ်ဖြင့်(၃)ချက်ပစ်သွားရာ ဆံသနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။
( သတင်းအပြည့်အစုံ ဖော်ပြပါမည်။)
ဆိုင်အားဖွင့်ထားတာ မကြာသေးသောကြောင့် ဆိုင်နာမည်မရှိသေးပါ — 
အေးချမ်းမွန် Credit & Copy From >Tachileik<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။
ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟု
လည်းခေါ်သည်)ဆန်ဆိုင်းလမ်းဆုံ ညာဖက်အခြမ်း ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် 
အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံသပေးနေသူအား သေနတ်ဖြင့်(၃)
ချက်ပစ်သွားရာ ဆံသနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။
လေးလအတွင်း မီးလောင်မှု ၉၂၉ ကြိမ်၊ ကျပ်သန်း ၂,၈၀၀ ကျော် ဆုံးရှုံး
မြန်မာနိုင်ငံတဝှန်း ဇန်နဝါရီမှ ဧပြီလအထိ မီးလောင်မှု ၉၂၉ ကြိမ် ဖြစ်ပွားခဲ့သဖြင့် ကျပ်သန်းပေါင်း ၂,၈၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှတဆင့် သိရသည်။
ကိုယ် သရုပ်ဆောင်တာကို ကြည့်ပြီး စိတ်တိုင်းမကျတဲ့ ဝါဆိုမိုဦး
ကိုယ် သရုပ်ဆောင်တာကို ကြည့်ပြီး စိတ်တိုင်းမကျတဲ့ ဝါဆိုမိုဦး
Monday, May 6, 2013
ဝါဆိုက ဇာတ်ကား စရိုက် ကတည်းက ဇာတ်လမ်း ရွေးတယ်။ First မင်းသမီးတို့ Second မင်း သမီးတို့ ဆိုတာကို မကြည့်ဘူး။ ဝါ ဆိုအတွက် လုပ်ကွက်ရမယ့် ဇာတ် ကားမျိုး ဆိုရိုက်တယ်။ ဒါပေမဲ့ ဗီလိန်ခန်းတော့ တစ်ခါမှ မရိုက်ဖူး ဘူး။ တကယ်လို့ ဗီလိန်ဇာတ်ရုပ်ကို ရိုက်ဖို့ လာအပ်ရင်တောင် အဖြည် ပါရင်တော့ ရိုက်ဖြစ်မှာပါ။ ပရိသတ် မုန်းသွားမှာ ကိုတော့ မဖြစ်စေချင် ဘူး။ ရှေ့ခန်းမှာ ဗီလိန်၊ နောက်ပိုင်း မှာတော့ အဖြည်ပါရင် ရိုက်မှာပါ။ ဝါဆိုက ပရိသတ်ဆီက စကားသံ တွေလည်း နားထောင် ဖြစ်တယ်။ မင်းသား အသစ်တွေနဲ့ တွဲပြီးသရုပ် ဆောင်ရတာ အခက်အခဲ ရှိလားဆို တော့ မင်းသား အသစ်တွေနဲ့ တွဲ သရုပ်ဆောင်ရတာ အခက်အခဲ မရှိ ပါဘူး။ အဆင်ပြေ ပါတယ်။ ဝါရင့် သရုပ်ဆောင် တွေနဲ့ သရုပ်ဆောင်ရ တာလည်း အဆင်ပြေ ပါတယ်။ ဗီဒီ ယိုဈေးကွက် မကောင်းဘူး ဆိုတဲ့ သတင်းလည်း ကြားပါတယ်။
ဒါပေမဲ့ ဝါဆိုက ကိုယ်ဝါသနာပါတဲ့ အလုပ် ကို လုပ်ရတဲ့ အတွက် ပျော်တယ်။ ကြိုးစား ရတယ်။ အခု နောက်ပိုင်း သရဲကားတွေ တော်တော် များများ အရိုက်များ ပါတယ်။ ထုတ်လုပ်သူ တွေလည်း ကြားမှာပေါ့။ သရဲကား တွေ ပရိသတ ကြိုက်နေတယ်ဆို တာ။ သရဲကား၊ ဒရာမာကား၊ ဟာသ အကုန်လုံး ကတော့ သူ့ဟာနဲ့သူ ခက်တာပါပဲ။ တစ်ခါတလေ အခွေထွက်လာမှကိုယ်သရုပ်ဆောင်  လိုက် တာကို ကြည်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်း မကျတဲ့ အခါတွေလည်း ဖြစ်ဖူးတယ်။ ဝါဆိုက ဒီထက်ပရိ သတ်ချစ်တဲ့ အနုပညာရှင် တစ် ယောက်ဖြစ်ချင် သေးတယ်။ ပရိသတ်ချစ်အောင် လည်းကြိုးစားသွား မှာပါ။ ဝါဆိုအားတဲ့အချိန်တွေမှာ လည်း ဂျာနယ် Cover မဂ္ဂဇင်း Cover တွေရိုက်ဖြစ်တယ်။ ပရိ သတ်တွေနဲ့ အဆက် မပြတ်အောင် ပါ။
By 8Days A Week 
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
Monday, May 6, 2013
ဝါဆိုက ဇာတ်ကား စရိုက် ကတည်းက ဇာတ်လမ်း ရွေးတယ်။ First မင်းသမီးတို့ Second မင်း သမီးတို့ ဆိုတာ
ကို မကြည့်ဘူး။ ဝါ ဆိုအတွက် လုပ်ကွက်ရမယ့် ဇာတ် ကားမျိုး ဆိုရိုက်တယ်။ ဒါပေမဲ့ ဗီလိန်ခန်းတော့ တစ်ခါ
မှ မရိုက်ဖူး ဘူး။ တကယ်လို့ ဗီလိန်ဇာတ်ရုပ်ကို ရိုက်ဖို့ လာအပ်ရင်တောင် အဖြည် ပါရင်တော့ ရိုက်ဖြစ်မှာပါ။ ပရိသတ် မုန်းသွားမှာ ကိုတော့ မဖြစ်စေချင် ဘူး။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြောကြားသည့် မိန့်ခွန်း
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြောကြားသည့် မိန့်ခွန်း
Mon, 05/06/2013 - 17:40
နေပြည်တော် မေ ၆
ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ် များဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သော စီးပွားရေး စနစ်မှ ဈေးကွက်စီးပွားရေး ရှင်သန်သော ခေတ်မီအမျိုးသားစီးပွား ပုံစံချတည်ဆောက်မှု ဖြစ်စဉ်တွေကို ဖော်ဆောင်လျက်ရှိတဲ့ သုံးပွင့်ဆိုင် အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အခုလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြမယ် ဆိုရင်ဖြင့် နိုင်ငံသား တစ်ဦးချင်း စီရဲ့ မျှော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းများ ရရှိထားပေမယ့် တချိန်တည်းမှာပဲ အမှားမခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့ အတွက် စိတ်ခံစားမှုများကို ရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ တာဝန်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။
၂၀၁၂ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေရဲ့ အကြောင်းအရင်း များကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ် ခဲ့ပါတယ်။ ယင်းကော်မရှင်ရဲ့ အစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီအစီရင်ခံစာကို အသေအချာ လေ့လာ ဖတ်ရှုကြည့်တဲ့အခါမှာ ဘက်ပေါင်းစုံကနေစနစ်တကျ အသေးစိတ် လေ့လာ သုံးသပ်ပြထား တာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး ပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ် ဆိုတာကို တွေ့ရှိရမှာဖြစ်သလို နိုင်ငံတော်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် များရဲ့ စေတနာထား ကြိုးပမ်း ဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ သမိုင်းသင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ်ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထခွဲထွက်ဖို့ လိုအပ်မှာဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေရှာဖွေမှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သမိုင်းကြောင်းနဲ့ချီပြီး ဒီမိုကရေစီ ရေချိန်နိမ့်ပါးခဲ့ခြင်းနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မတည်ဆောက်နိုင်ခဲ့ခြင်းဆိုတာ တွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ အချင်းချင်း မယုံကြည်မှုတွေ၊ စီးပွားရေးနိမ့်ကျမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့မှုဆိုတဲ့ ခါးသီးတဲ့ဒဏ်တွေကို ခံစားခဲ့ကြရပါတယ်။ ဒီဒဏ်ရာတွေကို ကုစားနိုင်ဖို့ အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေရခြင်းဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံသားတိုင်းမိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေဖို့ဆိုတဲ့ အချက်တွေကိုလည်း မဖြစ် မနေ တစ်ပါတည်း ကြိုးပမ်းဖော်ဆောင်နေရခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံအနှစ်သာရဟာ ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားမှုပဲ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လေးစားမှုရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်းဖြစ်ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ် ပေးသွားမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ပြောကြားလိုပါတယ်။ ဒီအခွင့်အရေးကိုအလွဲသုံးပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ၊ လှုံ့ဆော်မှုများဟာ ပဋိပက္ခများကိုပိုမို ကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေးတစ်ခုကို လွဲမှားစွာ အသုံးချခြင်းဟာ အခြားအခွင့်အရေးများကို ဆုံးရှုံးစေတယ် ဆိုတာကိုသတိပြုရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန်ဘာသာဝင်များရဲ့ ဘုရားရှိခိုးကျောင်းများ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင်များရဲ့ ဘုရားကျောင်းများအတူ ယှဉ်တွဲတည်ရှိနေပြီး နိုင်ငံသားများအကြားမှာလည်း သမိုင်းနဲ့ချီတဲ့လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာစ်မြစ်များဖြစ်တဲ့ လူဦးရေပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများစတဲ့ အချက်တွေကို လျစ်လျူရှုပြီး ရခိုင်နဲ့အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာများနဲ့ မွတ်စလင်များ ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားစွာပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မိတ္ထီလာနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေး ပြဿနာများအဖြစ် မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင်နိုင်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းရာမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်များ အနက်အဓိကအချက်များကို ကြည့်ရင် ပထမ ဆုံးဆောင်ရွက်ရမယ့် အချက်ဟာ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် တရားဥပဒေစိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။
တာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များမှာအပြည့်အဝ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး အတွက် ကျွန်တော့်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့အစည်းများဟာ ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရတိတိကျကျ လိုက်နာဆောင်ရွက် စေဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက်လည်း ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးများ ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီရောက်ရှိရေး၊ ကလေးသူငယ်များအာဟာရ ပြည့်ဝစေရေး၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် မလုံခြုံမှုများကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါ များကို ဟန့်တားရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် ဒေသစီးပွားရေး ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးတို့ကို အလျင်အမြန် အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံတကာ အကူအညီများကိုလည်း ရယူသွားမှာ ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစိုးရအနေနဲ့ လိုအပ်တဲ့ အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ယခင်ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ လုပ်နည်း ကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေးနက်ရှိုင်းခဲ့တာဟာလည်း ငြင်းဆို၍ မရသည့်အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ်မှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းများ အနေနဲ့လည်း အသိုက်အဝန်းနှစ်ခု အကြား ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စရပ်များ မဖြစ်ပေါ်ဖို့အတွက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက်များကို နားလည်လိုက်နာကြဖို့နဲ့ နှစ်ဖက် လူ့အသိုက်အဝန်း နှစ်ခုလုံးရဲ့ ယုံကြည်ထောက်ခံမှုကို ရယူရန် ကြိုးစားကြဖို့လည်း တိုက်တွန်းလိုပါတယ်။
ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အညီ ပဋိပက္ခများပိုမို ဆိုးဝါးမလာရေးအတွက် တရားမဝင် ဆက်လက်ဝင်ရောက် လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မယ့် လုံခြုံရေးဆိုင်ရာ အစီအမံများ ကိုလည်း ချမှတ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များ ကိုလည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူမှုရေးသဟဇာတဖြစ်မှု တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရေရှည်အစီအမံ များနဲ့ ဟန်ချက်ညီညီ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ အစီအမံများ ချမှတ်ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့ အကြံပြုချက်များကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်သော်လည်း အခြားမတူညီသည့်အမြင်များနဲ့ အကြံပြုချက်များ ကိုလည်း အလေးထား ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များကို အလျင်အမြန် အရေးယူ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟိုကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လေ့လာ အကြံပြု တင်ပြချက်များနဲ့ အခြားဆောင်ရွက်ရန် သင့်လျော်မယ့် လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး၊ ဒေသတွင်း ယာယီနေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘက်စုံမဟာဗျူဟာ ရေးဆွဲရေးဆိုတဲ့ လုပ်ငန်းကော်မတီ(၇) ခုကိုလည်း မတ်လ (၂၉)ရက် နေ့မှာ ထပ်မံဖွဲ့စည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးစတဲ့ ရှုထောင်းပေါင်းစုံကနေ အစိုးရတစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိချက် များကို ခြုံငုံသုံးသပ်ရာမှ ရရှိလာတဲ့ သင်ခန်းစာ တစ်ရပ်ကတော့ ယခင် ကျင့်သုံးခဲ့တဲ့ မူဝါဒများကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လက်ရှိကြုံတွေ့နေသော ပြဿနာများကို ဖြေရှင်းရာမှာ တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်ခြင်းများ ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ကြောင်းဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အရေးကိစ္စကိုကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ် သူများအား လူသားချင်းစာနာထောက်ထားသည့် အနေဖြင့်သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များ ကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
နေပြည်တော် မေ ၆
ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေ
တဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ် များဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်၊စစ်အုပ်ချုပ်ရေးစနစ်မှဒီမိုကရေစီစနစ်
အခြေပြု အုပ်ချုပ်ရေး စနစ်သို့ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သောစီးပွားရေး စနစ်မှ ဈေးကွက်စီးပွားရေး
ရှင်သန်သော ခေတ်မီအမျိုးသားစီးပွား ပုံစံချတည်ဆောက်မှု ဖြစ်စဉ်တွေကို ဖော်ဆောင်လျက်ရှိတဲ့ သုံးပွင့်
ဆိုင် အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ယနေ့ည မိန့်ခွန်းပြောမည်
ရန်ကုန်-မေ၆
ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့် ပတ်သက်သည့် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ည ၈ နာရီသတင်းမှာ တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်းU Ye Htut ၏ဖေ့စ်ဘွတ်စာမျက်နှာတွင်ဖော်ပြထားသည်။
မြန်မာသံရုံးဗုံးဖောက်ခွဲရန်ကြံစည်သူ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ခြေရာခံနိုင်ခဲ့
မေ ၂ ရက်က အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူဟု မသင်္ကာသူတစ်ဦးသည် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကိုအသုံးပြု၍ ၎င်းနှင့်အတူဗုံးခွဲမည့်သူများကို စုဆောင်းခဲ့ကြောင်း သိရသည်။ “ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့ရဲ့ လှုပ်ရှားမှုတွေကြောင့် ကျွန်တော်တို့ နာမည်အချို့ကို ခြေရာခံနိုင်ခဲ့တာပါ”ဟု Densus 88 ဟု ခေါ်ဆိုသောအမျိုးသားရဲတပ်ဖွဲ့အကြမ်းဖက် ဆန့်ကျင်ရေးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက ဂျကာတာဂလိုဘ် သတင်းစာအား ပြောကြားသည်။
တရုတ် နိုင်ငံတွင် ကြွက်သတ်ဆေးရည် ထည့်ထားသော ဒိန်ချဉ်သောက်သုံး မိသဖြင့် ကလေးငယ် နှစ်ဦးသေဆုံး
တရုတ်နိုင်ငံ မြောက်ပိုင်း ဟေပေး ပြည်နယ်မှ မိန်းကလေးငယ် နှစ်ဦးသည် ၎င်းတို့၏ အဘွားဖြစ်သူ လမ်းပေါ်မှ ကောက်ယူလာသော ကြွက်သတ်ဆေးရည် ထည့်ထားသည့် ဒိန်ချဉ်အား သောက်သုံးပြီးနောက် သေဆုံး ခဲ့သည်ဟု အစိုးရပိုင် သတင်းဌာန တစ်ခုက ထုတ်ပြန် ကြေညာခဲ့သည်။
လွတ်လပ်ပွင့်လင်းပြီး အားလုံးပူးပေါင်း ပါဝင်သည့် မြန်မာနိုင်ငံသစ် ထူထောင်လိုသည်ဟု နိုင်ငံရေးပါတီများနှင့် တတိယအကြိမ် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ပြောကြား
လွတ်လပ်ပွင့်လင်းပြီး အားလုံးပူးပေါင်း ပါဝင်သည့် မြန်မာနိုင်ငံသစ် ထူထောင်လိုသည်ဟု နိုင်ငံရေးပါတီများနှင့် တတိယအကြိမ် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ပြောကြား
======================================
Monday.May 06,2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ ပါတီတို့သည် မေ ၅ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အဓိကထား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စသည့် ပါတီများ ပါဝင်ခဲ့ကာ အင်အားကြီး ပါတီနှစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ မပါဝင်ခဲ့ပေ။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမျိုးသားရေး ရည်မှန်းချက်အနေဖြင့် လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်နှင့် တန်းတူယှဉ်ပြိုင်နိုင်ခွင့်ရှိသည့် စီးပွားရေး ဖြစ်စဉ်များဖြင့် တည်ဆောက်ထားသည့် မြန်မာနိုင်ငံတော်သစ် တည်ထောင်ရန်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်း လုပ်ဆောင်နေခြင်း မဟုတ်ဘဲ လွှတ်တော်အဆင့်ဆင့်၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူများ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး လိုလားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ ပါတီအနေနဲ့ သာသနာရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ဗုဒ္ဓဘာသာ တစ်ခုတည်းအတွက် မသုံးဘဲ ခရစ်ယာန်နဲ့ မွတ်စလင်ဘာသာတွေကိုပါ ခွဲဝေပေးဖို့၊ ဒါမှသာ ဘာသာရေး ခွဲခြားမှု မရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ပြနိုင်မယ် ဆိုတာရယ်၊ အိန္ဒိယနိုင်ငံက ဖလမ်းနဲ့ကပ်နေတဲ့ ပြည်နယ်က ချင်းရွာတစ်ရွာ မီးရှို့ခံရတဲ့ကိစ္စကို ပြည်ထောင်စု အစိုးရအနေနဲ့ တာဝန်ယူပေးဖို့ တိုက်တွန်းတာရယ် ပြောဖြစ်ခဲ့တယ်'' ဟု ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ကိုငယ်ပီးက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ၎င်းအနေဖြင့် လယ်ယာမြေ မှတ်ပုံတင်ခွင့် ကာလကို အချိန်တိုးပေးရန်နှင့် စိုက်ပျိုးစရိတ် ချေးငွေများ လယ်သမားများလက်ထဲသို့ အမှန်တကယ် ရောက်ရှိစေရန်၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် အာဏာခွဲဝေပေးမှုတွင် တိုင်းနှင့်ပြည်နယ်များ၌ အောက်ခြေဘောင်အတွင်း လုပ်သင့်လုပ်ထိုက်သည်များကို ဖြေလျော့ပေးရန် တင်ပြခဲ့ပြီး သမ္မတက ငြိမ်းချမ်းရေးပန်းတိုင် ရောက်ရှိရန်အတွက် ပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ တပ်မတော်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်သည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ပြောသည်။
''သမ္မတကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်မှုတွေဟာ ကျွန်မတို့ပါတီရဲ့ ရည်မှန်းချက်နဲ့ တူတာရယ်၊ သမ္မတကြီးအနေနဲ့ ဘယ်လိုပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေ ချမှတ်နေပေမယ့် အောက်ခြေမှာ ဘာမှ မထူးခြားဘူးလို့။ ပြဿနာတွေ အများကြီး ရှိတယ်လို့ တင်ပြတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ထောက်ခံတယ်။ အဲဒါကို သမ္မတကြီးက အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်မယ်လို့ ပြောတယ်။ လိုအပ်ချက်တွေကို တင်ပြလို့ ၀မ်းသာတယ်လို့ ပြောတယ်'' ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဆိုသည်။
ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ၎င်းအနေဖြင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းခြင်းနှင့် ဘူးသီးတောင်၊ မောင်တော၌ စည်ပင်သာယာ လိုင်စင်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်နေသည့်အတွက် ယင်းပြဿနာမှတစ်ဆင့် ဆူပူမှုများ ပြန်ဖြစ်လာနိုင်သည် ဆိုသည်ကို တင်ပြခဲ့ကြောင်း ပြောသည်။
Credit & Copy From ✍ Eleven Media Group✍ Thanks
May 6,2013, အင်းလေးမီဒီယာ
Monday.May 06,2013
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ၁၈ပါတီတို့သည် မေ ၅ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး
 ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အဓိကထား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မွေးနေ့ရှင်ကိုယ်တိုင်မတက်ရောက် နိုင်ပေမယ့် စည်စည်ကားကားကျင်းပနိုင်ခဲ့တဲ့ ဆရာဒဂုန်တာရာရဲ့ ၉၄ နှစ်မြောက်မွေးနေ့ပွဲ
မွေးနေ့ရှင်ကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့် စည်စည်ကားကားကျင်းပနိုင်ခဲ့တဲ့ 
ဆရာဒဂုန်တာရာရဲ့ ၉၄ နှစ်မြောက်မွေးနေ့ပွဲ
မန္တလေး၊ မေ - ၅
ငြိမ်းချမ်းရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၄) နှစ်မြောက် မွေးနေ့အခမ်းအနား ကို ဒီကနေ့မနက် (၉) နာရီအချိန်က ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှာ အစဉ်အလာမပျက် ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။
	ဆရာ့ရဲ့ (၉၄) နှစ်မြောက်မွေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ရဲ့ မြို့ဟောင်းရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပေမယ့် ဆရာဒဂုန်တာရာကတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေအရ မွေးနေ့ပွဲအခမ်းအနားကျင်းပရာကို ကိုယ်တိုင်မလာရောက်နိုင်ခဲ့ပါဘူး။ နွေရာသီကာလမှာ ရန်ကုန်ကနေ ဆရာ အမြဲလာရောက် အနားယူနေထိုင်လေ့ရှိတဲ့ အောင်ပန်းမြို့၊ မြို့မဈေးနားက ဆရာ့တူမ ဒေါ်သင်းမြစန္ဒီရဲ့နေအိမ် မှာပဲ ရှိနေခဲ့ပါတယ်။
	မနက် ၉ နာရီမှာ စတင်ကျင်းပခဲ့တဲ့ ဒီမွေးနေ့ပွဲကို နှစ်စဉ်အတိုင်း မုံရွာမြို့က ကဗျာဆရာကြီး ဦးအံ့မောင်ကပဲ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး ဆရာ့ရဲ့ တပည့်တွေ၊ ဆွေမျိုးသားချင်းတွေ ကမကထပြု စီစဉ်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ အခမ်းအနားမှာ မဟာဂန္ဓာရုံကျောင်းထိုင်ဆရာတော်က သြ၀ါဒချီးမြှင့်ပေးခဲ့ သလို ဆရာ့မွေးနေ့ပွဲဆို ပေးပို့လာလေ့ရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့သ၀ဏ်လွှာတွေကို ဖတ်ကြားခဲ့ ပါတယ်။ 
	ကဗျာဆရာ မောင်နွေထက်၊ အေမွန်၊ ငြိမ်းသစ်၊ ငြိမ်းဝေ အပါအ၀င် ကဗျာဆရာတွေကလည်း မွေးနေ့ပွဲ မှာ ကဗျာတွေရွတ်ဆိုရင်း ဆရာ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။ ပြည်တွင်း၊ ပြည်ပ အနယ်နယ် အရပ်ရပ်က ဆရာ့ကိုပေးပို့ခဲ့ကြတဲ့ မွေးနေ့လက်ဆောင်တွေကိုတော့ ဆရာ့ကိုယ်စား မဒေ၀ီက လက်ခံယူခဲ့ တယ်လို့ ဆိုပါတယ်။ 
	ဒီပွဲမှာ ကိုခါး(ကွန်းခြံကုန်း)က သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ဆရာဒဂုန်တာရာနဲ့ပတ်သက်တဲ့ Documentary လေးတစ်ခု ပြသခဲ့တာဟာဆိုရင် ဆရာ့မွေးနေ့ပွဲသက်တမ်းတစ်လျှောက် ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆရာငယ်စဉ်ဘ၀ကစပြီး အခုထိ သမိုင်းဖြတ်သန်းမှုတွေအပြင် လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ရန်ကုန်မှာ ဆရာအနားယူနေထိုင်တဲ့ပုံရိပ်တွေကိုလည်း အဲဒီ Documentary မှာ ခြယ်မှုန်းထားပါတယ်။ 
	“ဆရာက အသံတွေ ဆူဆူပူပူဖြစ်တာ၊ ရာသီဥတုအပြောင်းအလဲဖြစ်တာတွေကို သိပ်မခံနိုင်တော့ဘူး၊ ဆရာ့ကျန်းမာရေးကို အောင်ပန်းက ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်က အနီးကပ်စောင့်ရှောက်ပေးနေ တယ်၊ စကားလည်း သိပ်မပြောတော့ဘူး၊ အစာဆိုလည်း နည်းနည်းပျော့တဲ့အစာတွေပဲ စားတာတွေ့ရတယ်၊ ကျန်းမာရေးက သိပ်အစိုးရိမ်ကြီးတော့မဟုတ်ပါဘူး”လို့ အဲဒီပွဲကိုတက်ရောက်ခဲ့တဲ့ ကိုဘိုဘိုဟန်(အောင်ပန်း) က ပြောပါတယ်။ သင်္ကြန်တွင်းကာလက ဆရာ့ရဲ့ သွေးပေါင်ချိန်တွေ ကျဆင်းခဲ့ပေမယ့်  အခုတော့ သွေးပေါင် ချိန် ပြန်တက်လာတယ်လို့ ဆိုပါတယ်။ 
	“ကျွန်တော် ဆရာ့မွေးနေ့ပွဲကို တစ်ခါမှ မတက်ရောက်ဖူးဘူး၊ ကျွန်တော်ထောင်ထဲရှိနေတဲ့အချိန် ကတည်းက ရောက်ဖူးချင်နေတာ၊ ကျွန်တော်ထောင်ကလွတ်တဲ့နေ့နဲ့ ဆရာအောင်ပန်းမှာရှိနေမယ့်အချိန် တိုက်ဆိုင်ခဲ့ရင် တောင်ကြီးထောင်ကအပြန်မှာ ဆရာ့ဆီဝင်ပြီး ပိတောက်ပန်းဝင်ပေးချင်ခဲ့တယ်၊ အခု ဆရာ့ကို ဂါရ၀ပြုရလို့ ကြည့်နူးမိတယ်၊ ဆရာက ဗကသမှာလည်းပါ၊ အိုးဝေမဂ္ဂဇင်းရဲ့အယ်ဒီတာလည်းဖြစ်တော့ ဆရာ့စာပေအယူအဆတွေဟာ လက်ရှိမျိုးဆက်တွေအပေါ်လွှမ်းမိုးမှုရှိတယ်၊ ကျွန်တော်ဆို ရုပ်ပုံလွှာကို ဖတ်ပြီး တော့ ဗကသအဖွဲ့ဝင်ဖြစ်လာတာလို့ ပြောရင်ရတယ်၊ တစ်လျှောက်လုံး ပြည်သူ့ဘက်က ရပ်တည်လာတဲ့ သူ့ရဲ့ စိတ်ဓာတ်ကိုစံနမူနာယူဖို့လိုတယ်”လို့ လက်ရှိ ဗ.က.သ များအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက မြန်မာဓိကကို ပြောပါတယ်။
	ဆရာ့ရဲ့မွေးနေ့ပွဲကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး စတဲ့ နိုင်ငံအနှံ့အပြားက စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ဆရာ့ကို ကြည်ညိုလေးစားသူတွေ၊ နိုင်ငံရေးပါတီဝင်တွေ စုစုပေါင်း ပရိသတ် နှစ်ရာကျော်လောက် စည်စည်ကားကား တက်ရောက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
                                                                                                         အောင်မှိုင်းဆန်း
မန္တလေး၊ မေ - ၅
ငြိမ်းချမ်းရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၄) နှစ်မြောက် မွေးနေ့အခမ်းအနား ကို ဒီကနေ့မနက် (၉) နာရီအချိန်က ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှာ အစဉ်အလာမပျက် ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။
Huawei Branded Show Room ပေါင်း ၆၀ ဖွင့်လှစ်သွားမည်
Huawei Branded Show Room ပေါင်း ၆၀ ဖွင့်လှစ်သွားမည် 
မေလ ၆ ရက် ၂၀၁၃ 
 Huawei Show Room ပေါင်း ၆၀ ကျော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း Huawei ကုမ္ပဏီ၏ SEA Regional Director မစ္စတာသောမတ်စ်က ပြောသည်။
၎င်းက “ မြန်မာနိုင်ငံမှာ Huawei Show Room လာဖွင့်တာဟာ Huawei ၀ယ်ယူအားပေးတဲ့သူတွေ အတွက် Service ပိုင်း၊ ပစ္စည်းအရည်အသွေးပိုင်းတွေကအစ ၀န်ဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။” ဟု ဆိုသည်။	
Service Counter ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေပြီး Service ပေးသည့်အခါတွင် ကုမ္ပဏီက တင်သွင်းသော ပစ္စည်းများလည်း ရှိကာ အခြားနည်းလမ်းများဖြင့် ၀င်လာသော Huawei ဖုန်းများလည်း ရှိနေကြောင်း၊ သို့ရာတွင် Huawei အမှတ်တံဆိပ် ပစ္စည်းများပင်ဖြစ်သည့်အတွက်  အားလုံး အဆင်ပြေမယ့် နည်းလမ်း ကို စီစဉ်သွားမည်ဟု Huawei ၏ Public Relation ကိုကျော်ဦး က ပြောသည်။	
မြန်မာပြည်သူတွေကြိုက်နှစ်သက်တဲ့ မြန်မာစာသုံးဖုန်းတွေ ထုတ်လုပ်နိုင်အောင် စမ်းသပ်နေပြီး ယခုလက်ရှိ တွင် ဆိုင်ခွဲ ၂၀ ဖွင့်လှစ်သွားရန် ဆောင်ရွက်နေကြောင်း Huaweiမှ သတင်းရရှိသည်။	
Huawei Show Room ဖွင့်ပွဲတွင် လာရောက် ၀ယ်ယူသူ မပြည့်ဖြိုးက “Huawei D2 ကို ၀ယ်ယူအားပေးထား တယ်။ ကံစမ်းမဲဖောက်ပေးမှာကို စောင့်နေတယ်။ အခုလို Huawei Brand ထုတ်တဲ့ ကုမ္ပဏီက ၀ယ်ယူရတဲ့ အတွက် ပိုပြီး စိတ်ချ ယုံကြည်ရတာပေါ့ ” ဟု ဆိုသည်။	
Huawei သည် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် နိုင်ငံပေါင်း ၁၄၀ တွင် ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားသည်။
အဆိုပါ ဆိုင်ဖွင့်ပွဲတွင် Huawei ၏ နောက်ဆုံးထွက် Model ဖြစ်သည့် Huawei D2 နှင့် Huawei Mate တို့ကို အကန့်အသတ်ဖြင့် ရောင်းချ ပေးခဲ့ပြီး Huawei Media Pad၊  Huawei Y 300 နှင့် အခြား ဆုမဲများကို လက်ငင်း မဲဖောက်ပေးခဲ့သည်။
ရွှေပြည်အေးကွန်ဒိုရှိ Huawei Show Room  တွင် မေလ ၅ ရက်မှ ၁၂ ရက်ထိ ၀ယ်ယူ အားပေး သူများကို အထူးလက်ဆောင်များ ပေးသွားမည် ဖြစ်သည်။
Mizzima
မေလ ၆ ရက် ၂၀၁၃
Huawei Show Room ပေါင်း ၆၀ ကျော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း Huawei ကုမ္ပဏီ၏ SEA Regional Director မစ္စတာသောမတ်စ်က ပြောသည်။
မလေးရှား ရွေးကောက်ပွဲ အာဏာရတွေနိုင်
မလေးရှား ရွေးကောက်ပွဲ အာဏာရတွေနိုင်
Monday, May06, 2013
မနေ့က ကျင်းပခဲ့တဲ့ မလေးရှား အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ အမျိုးသား တပ်ဦးပဲ အနိုင်ရခဲ့ပါတယ်။
အမျိုးသား တပ်ဦး မလေးရှားမှာ အာဏာရခဲ့တာ နှစ်ပေါင်း ၅ဝ ကျော် ရှိနေပြီ ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ်ရဲ့ ဖခင်နဲ့ ဦးကြီး ကိုယ်တိုင် ဝန်ကြီးချုပ် ဟောင်းတွေ ဖြစ်ကြ ပါတယ်။
ပါလီမန် မဲဆန္ဒနယ် ၂၂၂ ခု ရဲ့ တဝက်ကျော်ကို အမျိုးသား တပ်ဦးက ရရှိနေပြီး အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဘရာဟင် ကတော့ ဒီရလဒ်ကို လက်မခံဘူးလို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရှုပ်ထွေးမှု အဆင့်ဆင့်ကြောင့် မဲလိမ်မှုတွေ ရှိခဲ့ကြောင်း မစ္စတာ အီဘရာဟင်က စွပ်စွဲပါတယ်။
အပြောင်းအလဲ အင်မတန် လိုလားတဲ့ မလေးရှား လူငယ်တွေကို ဦးတည် စည်းရုံးခဲ့တဲ့ အတိုက်အခံတွေ အတွက် ဒီအရှုံး ရလဒ်က အရှိုက်ထိုး မိသလို ဖြစ်သွားကြောင်း ကွာလာလမ်ပူက ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။
မဲပေးသူ ရာခိုင်နှုန်း ၈ဝ ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။
    မလေးရှား ရွေးကောက်ပွဲ မဲပေးသူ စံချိန်တင်
    အကြိတ်အနယ် ဆင်နွှဲ မလေးရှား ရွေးကောက်ပွဲ
BBC Bumese
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
Monday, May06, 2013
မနေ့က ကျင်းပခဲ့တဲ့ မလေးရှား အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ အမျိုးသား တပ်ဦးပဲ အနိုင်ရခဲ့ပါ
တယ်။
ဂျာမနီအခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်
ဂျာမနီနိုင်ငံ အခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
"တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့မူးယစ်ကိစ္စ ၈၈ မျိုးဆက် ပြောကြား"
"တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့မူးယစ်ကိစ္စ ၈၈ မျိုးဆက် ပြောကြား"
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ လာရှိုးမြို့ကို ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံပြီး လူထု အစည်းအဝေး ကျင်းပတဲ့ အခါမှာ တိုင်းရင်းသားတွေ အခွင့်အရေး တန်းတူညီမျှရရှိရေး နဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းချမှုကိစ္စတွေကို ၈၈ မျိုးဆက် ကျောင်သားခေါင်းဆောင် ကိုမင်းကိုနိုင်က အဓိကထားပြီး ပြောကြားသွားပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ် ပထမနေ့အဖြစ် ဒီကနေ့ ညနေပိုင်းမှာ လာရှိုးမြို့၊ တောရ ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပပြုလုပ်ရာမှာ ဒေသခံပြည်သူ(၃၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီရှမ်းပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFAကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့ဟာ အကျဉ်းထောင်ကတည်းက ပြန်လည် ထွက်လာကတည်းက မြန်မာနိုင်ငံမြို့တွေ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ် ထွက်ခွာပြီးတော့၊ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာရှိတယ်။အမြင်ခြင်း ဖလှယ်တာရှိတယ်။အခြေအနေမှန်ကို သိရှိဖို့အတွက် သူတို့ဒေသမှာ ဖြစ်တဲ့ ပြဿနာတွေနဲ့ ပက်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာတွေ ရှိတယ်"
ဒီဟောပြောပွဲမှာ မြန်မာ့ရှားပါးသစ်ခွတွေကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချတာတွေကို ဟန့်တားနိုင်ဖို့ အတွက်လည်း လိုအပ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဟောပြောခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်တို့အဖွဲ့ဟာ နောက်နေ့တွေမှာလည်း နမ္မတူ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ သီပေါ စတဲ့မြို့တွေက ဒေသခံတွေနဲ့တွေ့ဆုံပြီး လူထုတွေ့ဆုံပွဲတွေ၊ဟောပြောပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။
Ref. RFA
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ လာရှိုးမြို့ကို ရောက်
ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံပြီး လူထု အစည်းအဝေး ကျင်းပတဲ့ အခါမှာ တိုင်းရင်းသားတွေ အခွင့်အရေး တန်း
တူညီမျှရရှိရေး နဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းချမှုကိစ္စတွေကို ၈၈ မျိုးဆက် ကျောင်သားခေါင်းဆောင် ကို
မင်းကိုနိုင်က အဓိကထားပြီး ပြောကြားသွားပါတယ်။