Pages

Sunday, May 5, 2013

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဘိန်းဖြူ ၈ ဒသမ ၂ ဂရမ် ဖမ်းဆီးရမိ

ထိုင်းလေကြောင်းခရီးဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လိုက်ပါမည့် ခရီးသည်ညီညီမြင့်သိန်း (ခ) ညီညီလွင် ထံမှ ဘိန်းဖြူ ၈ ဒသမ ၂ ဂရမ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဘယ်သူတွေ လာကမ်းလှမ်း ကမ်းလှမ်း သီချင်းမဆိုဘူး ဆိုတဲ့သင်ဇာဝင့်ကျော်


ဘယ်သူတွေလာကမ်းလှမ်းကမ်းလှမ်းသီချင်းမဆိုဘူးဆိုတဲ့သင်ဇာဝင့်ကျော်သရုပ်ဆောင်တဲ့အပိုင်းမှာ အောင်
မြင် မှုတွေ ရထားတဲ့ သရုပ် ဆောင်သင် ဇာဝင့်ကျော်ကို သီချင်းဆိုဖို့ အစီအစဉ် ရှိလားလို့ မေးတဲ့အခါ "သီချင်း ဆိုဖို့ အစီအစဉ် မရှိပါဘူး။

ရေးဆိုးစွန့်မြောင်းထဲထိုးကျခဲ့ရတဲ့ မင်္ဂလာဆောင်သို့လာသောကား

မန္တလေးက ရေဆင်းသောက်တဲ့ကား သူ့အမေလာခေါ်

မေလ ၅ ရက် ၂၀၁၃

ယနေ့ ညနေလေးနာရီခန့် မန္တလေးမြို့ ၆၄လမ်း၊ ၂၆-၂၇လမ်းကြား
အိုရီရမ်တယ်ဟောက်စ်ခန်းမအနီးတွင် မင်္ဂလာဆောင်သို့လာသော
မိသားစုခြောက်ဦးပါကားတစ်စီး ရေးဆိုးစွန့်မြောင်းထဲထိုးကျထဲသို့ ထိုးကျခဲ့သည်။

အဆိုပါကားမှာ မင်္ဂလာဆောင်သို့လာရောက်ခြင်းဖြစ်ပြီး ကားအား
မြောင်းဘက်သို့ ခေါင်းတည်ပြီးရပ်ထားရာ အပြန်တွင် နောက်သို့ဆုတ်ရာ
ရှေ့ဂီရာနှင့်နောက်ဂီရာမှားရ်ျ လီဗာပုတ်လိုက်ရာ ရှေ့မြောင်းထဲသို့ ထိုး ကျသွား ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ချို့က ပြောသည်။

ထို သို့ထိုးကျသွားခြင်းကြောင်း ကားပေါ်တွင် ပါဝင်သူ မိသားစုခြောက်ဦး လုံးအား ကြီးကြီးမားမားထိခိုက်ဒဏ် ရာရရှိတာမျိုးမဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

တော်တော်ကံကောင်းပါတယ်။ ကားပေါ်မှာ ကလေးတွေလည်းပါတယ်။
ကလေးနှစ်ယောက်နဲ့ အပျို ပေါက်အရွယ်ကောင်မလေးနှစ်ယောက်ပါတယ်။

အဖေရယ်အမေရယ် ထင်တယ်။ ကြီးကြီးမားမားထိခိုက် ဒဏ်ရာရတာတော့မတွေ့ဘူး ဟု အဆိုပါ အမျိုးသမီးက ပြော သည်။

Thit Htoo Lwin blog

မေလ ၅ ရက် ၂၀၁၃

ယနေ့ ညနေလေးနာရီခန့် မန္တလေးမြို့ ၆၄လမ်း၊ ၂၆-၂၇လမ်းကြား အိုရီရမ်တယ်ဟောက်စ်ခန်းမအနီးတွင
မင်္ဂလာဆောင်သို့လာသောမိသားစုခြောက်ဦးပါကားတစ်စီး ရေးဆိုးစွန့်မြောင်းထဲထိုးကျထဲသို့ထိုးကျခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ MMရောင်နက်ဗလီ အား အကြမ်းဖက်သမားများမှ ဖျက်ဆီးရန် ကြိုးပမ်းနေ

လက်လီ- လက်ကား- ပင်ရင်း
အရေးကြီးသတင်း အမြန် share ပေးကြပါ။
သတင်းအကျဉ်း
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ MMရောင်နက်ဗလီ အား ၉၆၉ အဖွဲ့မှ လာရောက် ဖျက်စီး ရန် အစီစဉ်ရေးဆွဲလျှက်ရှိတယ်။ ရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာဝင်တွေက စည်းလုံးမှုရှိတယ် ညတိုင်း လိုလို အပင်ပန်းခံ ကင်းစောင့်ကြတယ် ဒါကြောင့် ၀င်ရောက်ဖို့ခက်နေတယ်လို့ သတင်းပေးသူက ပြောပါတယ်။
လုံခြုံရေးအင်အားကောင်းတော့သူတို့ အခက်တွေ့နေတယ်တဲ့ ဒါကြောင့် အစီစဉ်ပြောင်းထားကြတယ် အစီစဉ်က ဗလီကို လာဖျက်မယ့်သူတွေကို ရပ်ကွက်အတွင်းက လူတွေ ပြန်မခုခံနိုင်အောင် မြရာကုန်းလမ်းက ကားအရောင်းခန်းမတွေမှာ ရပ်ထားတဲ့ ကားတွေကို မီးရှို့ဖို့အစီအစဉ်ပါ ကားတွေမီးလောင်းရင် ရပ်ကွက်က လူတွေ ပျာယာခက်ပြီးအလစ်ငိုက်တဲ့ အချိန် ဗလီကို ၀င်စီးပြီး တိုက်ခိုက်မယ်ဖို့ စီစဉ်ထားတယ်လို့ သူသတင်း ရရှိထား တာကိုပြောပြပါတယ် ကားတွေကိုမီးရှို့ဖို့ လောင်စာဆီကို ၁၂၆လမ်းထိပ်က ယခင်ဆီမှောင်ခို ဟိန္ဒူကုလား မနှိုး ခေါ် ဦးမောင်မောင်နဲ့ သူသား အေးထွန်း ခေါ် ကနေးစား တို့က ၁၂၆လမ်းထိပ်က သူတို့ပိုင် အခန်းရှေ့မှာ ဆီပေပါ ၁၅လုံး ခန့် ယနေ့လာချထားတယ်လို့ သိရပါတယ် မနှိုး ခေါ် မောင်မောင်က အရင် ဆီရောင်းတာပါ အခုဆီအလုပ်မလုပ်တော့တာ အတော်ကြာပြီလို့လည်း သိရပါတယ် သူဆီတွေ လာချထားတာကို လမ်းမှာနေသူတွေလည်းအံ့သြနေကျတယ် သူကတော့ အော်ဒါတခုရှိလို့ ဆိုပြီးပြောတာပဲဟု ရပ်ကွက်နေ သူတစ်ဦးက စာရေးသူကိုပြောပြပါတယ် စာရေးသူမှ မနှိုး ခေါ် မောင်မောင် ပိုင် အဆောက်အအုံနဲ့ မြေညီတိုက်ခန်း က ၁၂၆လမ်း မြရာကုန်းထိပ်မှာ ရှိတာပဲ သူအဲ့လို့လုပ်ရင် သူ့အိမ် မီးထဲပါရင် ဘယ်လို လုပ်မလည်းလို့ မေးတဲ့အခါ တာဝန်သိသတင်းပေးသူက သူက သူ့အဆောက်အအုံကို မီးအာမခံ တင်ထား တယ်တဲ့ သူဂရုမစိုက်ဘူးလို့ပြောပြပါတယ် အတော့်ကိုယုတ်မာပက်စက်တဲ့ အကြံပါ။ မနှိုး ခေါ် မောင်မောင် အကြောင်းကိုစုံးစမ်းကြည့်သည့်အခါ မောင်မောင်သည် မိန်းမနှစ်ယောက်ရှိကြောင်း ပထမမိန်းမမှာ ဟိန္ဒူ-ဗုဒ္ဓ ဘာသာဖြစ်ပြီး ဒုတိယ မိန်းမမှာ အစ္စလာမ်ဘာသာဖြစ်ကြောင်း အစ္စလာမ်ဘာသာမိန်းမကို အတင်းအကျပ် ဗုဒ္ဓဘာသာအတွင်းသွတ်သွင်းထားကြောင်း အစ္စလာမ်ဘာသာအားပုတ်ခတ်နေသူတစ်ဦး ဖြစ်ကြောင်း သိရှိရပါတယ်။ အခုလည်း မောင်မောင်တို့ မိသားစု ၁၂၆လမ်းမှာ ညအိပ်မနေကြောင်း ညဆိုရင် ကားနဲ့ မိသားစုလိုက် အပြင်သို့ထွက်သွားကြောင်း သိရှိရပါတယ် မောင်မောင်သည် လွန်ခဲ့သောလများကတည်းက တရားစခန်း ခဏခဏ၀င်ကြောင်း ၉၆၉အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတာကိုလည်းစုံးစမ်းသိရှိရသည်။ အခုတလောလည်း သူ့ဆီကို မျက်နှာစိမ်းတွေ လာနေတာတွေ့ကြောင်း ၁၂၆လမ်းနေသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာတွင်လည်း မနှိုး ခေါ် မောင်မောင်မှာ မူပျက်နေကြောင်း ယခုပေးပို့တဲ့ သတင်းမှန်ကန်နိုင်ကြောင်း သုံးသပ်ပြောကြားသွားသည် ၁၂၆လမ်းမှာ နေထိုင်သူတွေကလည်း ဆီပေပါတွေ ရုတ်တရက်လာချထားတာကို ရပ်ကွက်အုပ်ချုပ်ရေးမှုး နဲ့ ရဲစခန်းကို ဆက်သွယ်တိုင်ကြားထားသော်လည်း လာရောက်စိစစ်အရးယူခြင်းမရှိကြောင်း သိရှိရပါတယ် မနေ့ကလည်း မောင်မောင်သား ကနေစား စီးတဲ့ကားထဲမှာ ၉၆၉ စတေကာတွေ တွေ့ကြောင်း သတင်းရရှိပါတယ် ဒါကြောင့် အားလုံးသတိထားပြီးနေနိုင်အောင် အထူးသဖြင့် မင်္ဂလာတောင်ညွန့်တွင်နေထိုင်သော ညီနောင်အားလုံးသိရှိရန်အမြန်ဆုံးဆက်သွယ် သတင်းပေးဖို့လိုပါတယ် အဖြစ်အမှန်ကို ဖော်ထုတ်ပြီး ဥပဒေအရ အပြစ်ပေးနိုင်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ MMရောင်နက်ဗလီ အား ၉၆၉ အဖွဲ့မှ လာရောက် ဖျက်စီး ရန် အစီစဉ်ရေးဆွဲလျှက်ရှိတယ်။ ရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာဝင်တွေက စည်းလုံးမှုရှိတယ် ညတိုင်းလိုလိုအပင်ပန်းခံကင်းစောင့်ကြတယ်ဒါကြောင့်ဝင်ရောက်ဖို့ခက်နေတယ်လို့သတင်းပေးသူက ပြော
ပါတယ်။

Huawei Showroom ဖွင့်ပွဲ ယနေ့ကျင်းပပြုလုပ်

Huawei Showroom ဖွင့်ပွဲကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားဂရာလမ်းမပေါ်ရှိ ရွှေပြည်အေးကွန်ဒို တွင် မေလ ၅ရက်နေ့ နံနက် ၉နာရီက စတင် ကျင်းပခဲ့ပြီး Huawei Handset ၃လုံးကို မဲနှိုက်ရွေးချယ် ပေးခဲ့သည်။

Huawei Showroom ဖွင့်ပွဲကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားဂရာလမ်းမပေါ်ရှိ ရွှေပြည်အေးကွန်ဒိုတွင်
 မေလ ၅ရက်နေ့ နံနက် ၉နာရီက စတင် ကျင်းပခဲ့ပြီး Huawei Handset ၃လုံးကို မဲနှိုက်ရွေးချယ် ပေးခဲ့သည်။

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့

ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြမယ်နော်။

Good Hygiene

ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။ ဂျိုင်းလဲ အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ဂျိုင်းတွေကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။

Exfoliation

ဂျိုင်းတွေ မည်းညစ်နေတယ်ဆိုတာ ဆဲလ်အသေတွေ အထပ်ထပ်ဖြစ်နေလို့ပါ။ အဲဒီတော့ တစ်ပတ်ကို ၂ ကြိမ်လောက် ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဂျိုင်းအောက်တွေကို သပွတ်အူတို့ ရေမြုပ်တို့နဲ့ သေချာပွတ်တိုက်ပေးရင် ရပြီနော်။ ဆဲလပ်အသေတွေအစား ဖြစ်ပေါ်လာတဲ့ ဆဲလ်အသစ်လေးတွေကြောင့် ဂျိုင်းသားမည်းတာတွေ တဖြည်းဖြည်းသက်သာသွားမှာပါ။

Removing Hair

ဂျိုင်းမွှေးတွေကို သေချာမရိတ်မိရင်လည်း ကျန်နေတဲ့ အမွှေးလေးတွေက ချွေးပေါက်တွေကို ပိတ်စေပြီး အရေပြားကို မည်းညစ်စေပါတယ်။ အဲဒီတော့ အမွှေးတွေကို ရိတ်မယ်ဆိုရင်လည်း ရိတ်ဓားကောင်းကောင်းသုံးပါ။ အကောင်းဆုံးနည်းကတော့ နူတ်ပစ်တာပါပဲ။ အဲဒီအတွက် အမွှေးအမျှင်တွေကို သဘာဝနည်းနဲ့ ဖယ်ရှားမယ် ဆိုတဲ့ ပို့စ်ကိုလည်း ဖတ်ကြည့်ပါအုံးနော်။

Chossing a Deodorant

ချိုင်းမွှေးနံ့ ပျောက်အောင် Roll on တွေ သုံးတာကိုလည်း သတိထားသင့်ပါတယ်။ တချို့ Roll on တွေမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အရေပြားနဲ့ ဓာတ်မတည့်တော့ ချိုင်းမည်းတာမျိုးလည်းဖြစ်တတ်တယ်လေ။ အဲဒီတော့ Roll on သုံးပြီးမှ ဖြစ်လာတာဆိုရင်တော့ အဲ့ Roll on ကိုဆက်မသုံးပါနဲ့တော့။ ချွေးနံ့တွေပျောက်အောင် ရေချိုးပြီးချိန်မှာ ကျောက်ချဉ်ရေလိမ်းပေးနိုင်ပါတယ်။
ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး ဆိုတဲ့ ပို့စ်မှာ ချွေးနံနံရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြထားတယ်နော်။

Lossen up

အရမ်းကျပ်တဲ့ အင်္ကျီတွေကို မ၀တ်ပါနဲ့။ ဂျိုင်းနေရာအရမ်းကျပ်နေရင် အရေပြားနဲ့ ပွတ်တိုက်မိပြီး ဂျိုင်းသားတွေ မည်းသွားနိုင်လို့ပါ။


Reduce weight

အရမ်းဝလို့ လက်မောင်းသားတွေ ကြီးပြီး တွဲကျနေတဲ့ အခါမှာလည်း အရေပြားအချင်းချင်း ပွတ်တိုက်ရာကနေ ဂျိုင်းတွေမည်းလာနိုင်ပါတယ်။ ဒါကြောင့် မမ၀၀တွေ ကိုကို၀၀တွေ ၀ိတ်လျှော့သင့်တယ်နော်။


Natural Ways

- သံပရာသီးကို တခြမ်းခြမ်းလိုက်ပြီး မည်းနေတဲ့ ဂျိုင်းသားတွေကို ပွတ်ပေးပါ။ မိနစ် ၂၀ လောက်နေရင် ရေနွေးမှာစိမ်ထားတဲ့ အ၀တ်လေးနဲ့ ပွတ်ပေးပါ။

- Vit E ကို နေ့တိုင်းမှန်မှန်လိမ်းပေးရင်လည်း ဂျိုင်းတွေ ဖြူဖွေးလာနိုင်တယ်နော်။

- သံပရာရည်နဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို သမအောင်ရောမွှေပြီး ဂျိုင်းအောက်မှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။

အပေါ်က နည်းလေးတွေအတိုင်း သေချာလုပ်ပေးသွားရင် ဂျိုင်းသားဖြူဖြူလေးတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိနိုင်ပြီပေါ့။


Myanmar Sky Link

ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှု
မရှိတော့ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူ
အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြမယ်နော်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မိုးကြိုးပစ်မှုကြောင့် ၃ ဦးသေဆုံး

၃-၅-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောင်းတောင်ကျေးရွာအရှေ့ဘက်
လယ်ကွင်းတွင် ၎င်းကျေးရွာနေ အာဇီဇူဟောက်(၃၀)နှစ်နှင့် နေရူလာမိန်(၁၅) နှစ်တို့(၂)ဦး နွားကျောင်းနေ
စဉ် မိုးရွာပြီး လျှပ်စီးလက်၊ မိုးကြိုးပစ်ခြင်းကြောင့် ၎င်းတို့(၂)ဦးစလုံး သေဆုံးသွားခဲ့သည်

ရေရှည်စွဲမသောက်သင့်တဲ့ Enervon C အားဆေး

Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး
Friday, May 03, 2013

မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။
ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။
အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။
ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။
ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်။
သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။
Enervon-Cထဲမှာ vitamin C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။
စာထဲတင်မက လက်တွေ့ဆေးခန်းလာသူတွေထဲမှာပါ ဒီလိုလူနာတယောက်မက၊နှစ်ယောက်မက တွေ့နေရပါတယ်။
တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။

Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး ၃၀ပါဗူးနဲ့၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေးတွေဟာ လေဝင်ရင် အမဲပြောက်လေးတွေ ထင်ကျန်တတ်တယ်။
Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။
အတွေ့အကြုံအရ တခြားဆင်တူဆေးတွေမှာ လေဝင်တဲ့အခါ အမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုးဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။

အရပ်အခေါ် ECထဲမှာ ဘာတွေပါလဲ။
Vitamin C 500mg
Vitamin B1. 50mg
Vitamin B2. 20mg
Vitamin B3(niacinamide). 50mg
Vitamin B5(calcium pantothenate). 20mg
Vitamin B6. 5mg
Vitamin B12. 5mcg

Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေတယ်။ ခုခံအားတက်စေတယ်။ စိတ်ဖိစီးမှု ကင်းဝေးစေတယ်။
ကျန်တဲ့ vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်လုံကောင်းစေတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏ RDAထက် ပိုမိုထည့်သွင်းထားတယ်။ရောဂါကုသဖို့သုံးစွဲတဲ့ ပမာဏမျိုးဖြစ်တယ်။anti-stress formula အရ စိတ်ဖိစီးမှုအတွက် သီးသန့်ထုတ်လုပ်ထားတယ်လို့ ဆိုတယ်။

Vitamin Cဆိုတာ......
-သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။
-ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။
-သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ဖြည့်တင်းပေးရတယ်။
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်တော်များများမှာ ဗီတာမင်စီပါဝင်ကြတယ်။အထူးသဖြင့် အချဉ်ဓာတ်များတဲ့အစာတွေထဲမှာ ပိုမိုပါဝင်တယ်။
-အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။
-သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။
-water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။
-ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။
- ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီးကျောက်တည်တာမျိုးဖြစ်လာတယ်။
-တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။

Vitamin Cရဲ့ကောင်းကျိုးတွေလဲ မနည်းလှဘူး။
-စိတ်ဖိစီးမှု လျှော့နည်းစေတယ်။
-သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။
-ကိုလက်စတောကျစေတယ်။
-လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။
-နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။
-သွားဖုံးရောင်တာ၊သွေးထွက်တာတွေ အသုံးဝင်တယ်။
-အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။
-ခုခံအားတက်စေတယ်။
-အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။
-antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။
-ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။
-ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။
-collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။
-အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။

တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲ။
အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စတာတွေပေါ်မူတည်ပြီး မတူညီကြဘူး။
-ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။
-နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။
-ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။
-ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။
-လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။
-ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။

ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum doseအများဆုံးသောက်သုံးနိုင်တဲ့ ပမာဏကို 2000mg လို့သတ်မှတ်ထားတယ်။ဒါကလည်း ရောဂါကုသဖို့သတ်မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်းပွားကြတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ Normal dose သောက်သုံးသူတွေမှာ side effectမရှိပဲ higher dose ပမာဏများများကို ကြာရှည်စွဲသောက်သူတွေမှာ ဒုက္ခပေးတတ်တယ်။

ဘေးထွက်ဆိုးကျိုး
Nauseaပျို့တာ၊
Diarrheaဝမ်းလျှောတာ
Gastritisအစာအိမ်ရောင်တာ
Fatigueအားအင်ကုန်ခန်းတာ
Heart burnရင်ပူတာ
Intestinal Crampsဗိုက်နာတာ
Flushingအသားရည် ရဲတာ
Insomniaအိပ်မပျော်တာ

ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုး
Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊
Teeth erosionသွားပျက်ဆီးတာ၊
Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊

သတိထားသုံးစွဲသင့်တဲ့ရောဂါတွေ
-goutဂေါက်ရောဂါ
-sickle-cell anaemia သွေးအားနည်းရောဂါ
-cirrhosisအသည်းခြောက်ရောဂါ

Vitamin C ကို အသုံးချခြင်း
အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သဘောင်္သားတွေ၊ရေကြောင်းလုပ်သား၊ပင်လယ်ဓားပြတွေမှာ အတွေ့များတယ်။အခုခေတ်မှာတော့ ရှားပါးသွားပြီ။အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်။ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။ လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လား။အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။ဆေးတခုသောက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏကလည်း အရေးကြီးတာ သတိပြုပါ။မသိရင်၊မသေချာရင် ဆရာဝန်နဲ့ သေချာမေးပြီးမှ သောက်သင့်တယ်။

အကြံပေးချက်
-ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက်ပါ။
-အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။
-အစာစားပြီးမှ သောက်သင့်တယ်။
-ရေများများနဲ့သောက်ပါ။
-ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။
-တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။
-နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။
-တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။
-တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်တယ်။

Credit to Dr. Aye Min Htoo

မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။ ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်း
ဆန်းစေတယ်အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှ
လန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။ဒါ့ကြောင့် တခါ
ဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့
မှန်ကောင်းမှန်ပါလိမ့်မယ်။

မသေသော်လည်း တကယ်သေသွားရသော အမျိုးသမီး

မသေသော်လည်း တကယ်သေသွားရသော အမျိုးသမီး

ရုရှားနိုင်ငံ၊ ပြည်နယ်တစ်ခုက အသက် ၄၉ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ဖြစ်ပါတယ်။ ဆရာဝန်က သေတယ်ပြောလို့ သဂြိုလ်ခါနီးမှ ပြန်နိုးတော့ တကယ်သေသွား ရပါတယ်။ နာမည်ကတော့ Fagilyu Mukhametzyanov ပါ။

၂၀၁၁ ခုနှစ် ဇူလိုင်လကဖြစ်ပါတယ်။ ဆရာဝန်က ယင်းအမျိုးသမီးကို ကွယ်လွန်ပြီလို့ စာရင်းသွင်းလိုက်ပြီး တကယ်ပဲ သဂြိုလ်ဖို့ စီစဉ် ပါတယ်။ ဒီတော့ ဂူသွင်းခါနီးမှ အလောင်းကနေ ပြန်ထလာပါတယ်။ ထလာပြီး ပတ်ဝန်းကျုင် တစ်ခုလုံးက ကြောက်ရွှံ့ အံ့သြမင်သက်စွာ ကြည့်ရှုခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် ချက်ခြင်း သွေးလန့်ခြောက်ခြားစွာ အော်ဟစ်ပြီး Heart shock နဲ့ အသက်သေဆုံး သွားရ ပါတယ်။

ယင်းကဲ့သို့ ဖြစ်ရပ်များဟာ ကမ္ဘာတစ်လွှားမှာ ဖြစ်လေ့ဖြစ်ထ ရှိပြီး အချို့ ကလည်း Fagilyu ကဲ့သို့ အကြောင်းမဲ့ သေးဆုံးသွားရလေ့ ရှိကြောင်း သိရပါတယ်။
--
Ref: doyouknow
ှုInternational news for myanmar

အေးချမ်းမွန် Credit & Copy From >ှုInternational news for myanmar<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။

ရုရှားနိုင်ငံ၊ ပြည်နယ်တစ်ခုက အသက် ၄၉ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ဖြစ်ပါတယ်။ ဆရာဝန်က သေ
တယ်ပြောလို့ သဂြိုလ်ခါနီးမှ ပြန်နိုးတော့ တကယ်သေသွား ရပါတယ်။ နာမည်ကတော့ Fagilyu Mukhametzyanov ပါ။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်အား ပြန်လည်ရရှိရန် သိမ်းဆည်းခံထားရသူများက ယနေ့မနက်ပိုင်းကဆန္ဒဖော်ထုပ်


ရန်ကုန်၊ မေ ၅ သိမ်းဆည်းခံထားရသော သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်အား
 ပြန်လည်ရရှိရန် သိမ်းဆည်းခံရသူများကယနေ့နံနက်၈နာရီတွင် လေးဒေါင့်ကန်လမ်းမှ ဘောက်ထော်ပြည်
သာယာလမ်းအထိ စီတန်းလှည့် လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ``ကျွန်တော်တို့နေရာတွေကို ဥပဒေမဲ့ သိမ်း
ယူထားတဲ့အတွက် ဆန္ဒထုတ်ဖော်ကြတာပါ။

ဦးသိန်းစိန် နဲ့ အိုဘားမား မေလ ၂ဝ ရက်နေ့မှာ ဝါရှင်တန် ဒီစီမြို့တော်က အိမ်ဖြူတော်မှာ တွေ့မည်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်သမ္မတ ဘာရတ် အိုဘားမား Barack Obama နဲ့ အိမ်ဖြူတော်မှာ လာမယ့် မေလ ၂ဝ ရက်နေ့မှာ ဝါရှင်တန် ဒီစီမြို့တော်က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း နဲ့ တခြားထိပ်တန်း ခေါင်းဆောင်တွေလိုက်ပါမှာ ဖြစ်ပြီး၊ မေလ ၁၈ ရက် သို့မဟုတ် ၁၉ ရက်နေ့ ဝါရှင်တန် ဒီစီမြို့တော်ကို ရောက်ရှိတဲ့အခါ ခရီးရောက်မဆိုက် အဲဒီနေ့မှာပဲ အမေရိကန်ပြည်ထောင်စု မှာနေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲ ကျင်းပမယ်လို့ သံရုံးအသိုင်းအဝန်းက ပြောပါတယ်။

မိုဘိုင်းဖုန်းလိုင်းများ နှင့် အင်တာနက်အမြန်နှုန်း

လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေကြသော မိုဘိုင်းဖုန်းလိုင်းများမှာ လူအများသိရှိကြသည့်အတိုင်း
GSM, WCDMA, CDMA (800 MHz) နှင့် CDMA (450 MHz) ဆိုသည့် ဖုန်းလိုင်းများ ဖြစ်ကြပါသည်။ GSM, WCDMA, CDMA (800 MHz) တွေကတော့ ဖုန်းလိုင်းအပြင် အင်တာနက်ပါ အသုံးပြုနိုင်သည့် ဖုန်းလိုင်းများပဲ ဖြစ်ပါသည်။

အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်မှုအား ရဲတပ်ဖွဲ့ကဖေါ်ထုတ်

၁-၅-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ယာကြီးပြင်ရပ်နေ မြင့်ဇော်အောင်(ခ)ဘိုဝင်း (၂၅) နှစ်သည် တစ်ရပ်ကွက်တည်းနေ မမီမီထွန်း(၂၂)နှစ်နှင့် အမျိုးသမီး(၃)ဦးအား မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်ရမည်ဟုပြောဆိုကာ ရေနံချောင်းမြို့မှ မန္တလေးမြို့သို့ ““ပန်တော်ဦး”” ခရီးသည်တင်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ပြီး မန္တလေးမြို့သို့မရောက်ဘဲ မုံရွာမြို့၊ မုံရွာဈေးလမ်းရှိ ရွှေမန်းဟိုတယ်သို့ ရောက်ရှိတည်းခိုကာ အခန်းတံခါးအား မြင့်ဇော်အောင်(ခ)ဘိုဝင်းမှ သော့ခတ်ပိတ်ထားခဲ့ပြီး ဟုမ္မလင်းမြို့သို့ ဆက်လက်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသောကြောင့် မမီမီထွန်းမှ မိခင်ဖြစ်သူ ဒေါ်ဖြူမြင့်ထံ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

နိုင်ငံခြားသားတရားခံအား ဖမ်းဆီးလွှဲပြောင်းပေး

၃-၅-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ BLO နယ်စပ်ဆက်ဆံရေးရုံးသို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျောက်ကြိမ်ရိနှင့် အဖွဲ့ရောက်ရှိလာပြီး တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့နယ်၊ ဆိုင်ကြိုင်းရဲစခန်းမှ ဆိုင်ကယ်ခိုးမှုဖြင့် အလိုရှိသော တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့နယ်၊ နန့်လန်ကျေးရွာနေ လောပ(ခ)ကျန်ပ(၁၆)နှစ်သည် လွယ်ဂျယ်မြို့အတွင်းရောက်ရှိနေကြောင်းနှင့် ကူညီစုံစမ်းဖမ်းဆီးပေးရန် အကူအညီတောင်းခံ ခဲ့ပါသည်။

Update: မေလ ၅ ရက် (တနင်္ဂနွေ)နှင့် မေလ ၆ ရက် (တနင်္လာ) တို့တွင် ယှဉ်ပြိုင်ကစားမည့် ဥရောပ လိဂ်ပွဲစဉ်များ တိုက်ရိုက်ကြည့်ရှုရန်

မေလ ၅ ရက် (တနင်္ဂနွေ)နှင့် မေလ ၆ ရက် (တနင်္လာ) တို့တွင် ယှဉ်ပြိုင်ကစားမည့် ဥရောပ လိဂ်ပွဲစဉ်များ တိုက်ရိုက်ကြည့်ရှုရန်

အင်္ဂလန်ပရီးမီးယားလိဂ်
...........................
မေလ ၅ ရက်၊ တနင်္ဂနွေ
လီဗာပူးလ် vs အဲဗာတန် (ည ၇း၀၀)

အွန်လိုင်းအဝေးသင် ဥပဒေသင်တန်း တက်ရောက်သင်ကြားနေသူ ၁၀၀ ထဲတွင် နိုင်ငံတော် ဒုတိယသမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ပါဝင်

Sunday, May 05 ,2013

အွန်လိုင်းအဝေးသင် ဥပဒေသင်တန်းအား တက်ရောက်သူဦးရေ ၁၀၀ ထဲတွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ပါ တက်ရောက်သင်ကြားလျက် ရှိကြောင်း တက္ကသိုလ် ဗဟိုကောင်စီ အစည်းအဝေးမှ သိရသည်။

၎-၅-၁၃ နံနက်ပိုင်းက မဟာအောင်မြေ ကျောက်မျက်ဝိုင်း မီးလန်မှုဖြစ်ပွား

၎-၅-၁၃ နံနက်ပိုင်းက မဟာအောင်မြေ ကျောက်မျက်ဝိုင်း မီးလန့် ။

မန္တလေး ၊ မေ ၄ ။

ယနေ့ နံနက် (၈း၅၀)နာရီ ခန့်တွင် မန္တလေး မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး စခန်း အတွင်းရှိ အဆောင်(၃၆) အခန်း(၁၇) ၏ ခေါင်းမိုးအနီး သွယ်တန်းထားသော လျှပ်စစ်ကြိုးမှ မီးပွားများ ကျရောက်၍ မီးထိပ်လန့်မှု တခု ဖြစ်ပွားကြောင်း သိရပါတယ်။

ထိုသို့ ခေါင်မိုးပေါ်မှ မီးပွားများ ကျရောက်လာသဖြင့် ထိုအခန်းတွင် ရောင်းဝယ်နေကြသော ကျောက်မျက် ကုန်သည်များ ထိပ်လန့်စွာ အခန်းပြင်ထွက်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူ ကိုတင်မောင်ဝင်းက ပြောပါတယ်။ 

ထိုသို့ ဖြစ်ပွားကြောင်း ကိုတင်မောင်ဝင်းမှ ကျောက်မျက် ရတနာဈေး အုပ်ချုပ်ရေးမှူးရုံး နှင့် ကျောက်ဝိုင်း ကော်မတီရုံးများကို သွားရောက် အကြောင်းကြားခဲ့သော်လည်း လာရောက်ကြည့်ရှုခြင်း မရှိသဖြင့် အဆောင်(၃၆) အခန်း(၁၆) ပိုင်ရှင် ဖြစ်သူ ဦးစိုးဝင်းမှ ထပ်မံ အကြောင်းကြားရာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက မီးပျက်နေတာကို … ဟု ပြောကြားရာ ဦးစိုးဝင်း မှ မီးပျက်နေတာမှန်တယ် ၊ အင်္ဂျင်စက်များဖြင့် လည်ပတ်နေတာမို့ စိုးရိမ်ရကြောင်း ထပ်မံပြောကြားရာ အဆိုပါ တာဝန်ရှိသူမှ တစုံတရာ ထပ်မံ ဖြေကြားခြင်း မရှိကြောင်း၊ သွားရောက် အကြောင်းကြားသူ ဦးစိုးဝင်းမှ  မြန်မာဓိက ကိုပြောပါတယ် ။

ဘကြီးအောင်

၎.၅.၂၀၁၃ နံနက် (၈း၅၀)နာရီ ခန့်တွင် မန္တလေး မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး စခန်း အတွင်းရှိ အဆောင်(၃၆) အခန်း(၁၇) ၏ ခေါင်းမိုးအနီး သွယ်တန်းထားသော လျှပ်စစ်ကြိုးမှ မီးပွားများ ကျရောက်၍ မီးထိပ်လန့်မှု တခု ဖြစ်ပွားကြောင်း သိရပါတယ်။

မေ ၅ ရက် နံနက်က ကားနှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

မေ ၅ ရက် နံနက်က ကားနှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ
Sunday, May 05 ,2013 
  
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့် အင်းယားကန်ဘောင် အနီးတွင် မေလ ၅ ရက် နံနက် ၃ နာရီ ၀န်းကျင်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှစ်မိုင်ဘက်မှ ကမ္ဘာအေးဘုရား လမ်းမအတိုင်း ဆီဒိုးနားဟိုတယ်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၂င/၇၄၀၆ မော်တော်ယာဉ်နှင့် အင်းယားကန်ဘောင်ပေါ်မှ ဆင်းလာပြီး ရှစ်မိုင်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ သစ္စာလမ်းမီးပွိုင့် အရောက်တွင် မျက်နှာခြင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။        



"ဆိုင်ကယ်က ကန်ဘောင်ပေါ်က ဆင်းလာတာ။ ကားကလည်း ရှစ်မိုင်ဘက်က မောင်းလာတာ။ မီးပွိုင့် အရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိတာပါ။ တိုက်မိတဲ့အရှိန်က ပြင်းတော့ ဆိုင်ကယ်ရော ဆိုင်ကယ်ပေါ်က လူသုံးယောက်ရော လွင့်စင်သွားတာ။ ကောင်လေးနှစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်က မြောင်းထဲမှာ နောက်တစ်ယောက်ကတော့ ပေ ၁၀၀ လောက် အကွာထိ လွင့်စင်သွားတယ်။ ကောင်မလေးကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံကို ပို့လိုက်တယ်။ အသက်ရှင် မရှင်တော့ မပြောတတ်ဘူး။ ကားမောင်းတဲ့သူကတော့ ဒဏ်ရာပြင်းထန်ပုံ မရဘူး" ဟု ဖြစ်စဉ်အား မျက်မြင် ကြုံတွေ့ခဲ့သည့် တက္ကစီမောင်းနှင်သူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်သို့ လာရောက်တာဝန် ထမ်းဆောင်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် တစ်ဦးက "သတင်းရရခြင်း ဖြစ်စဉ်ကို လာပြီး ဒဏ်ရာရတဲ့သူကို ဆေးရုံပို့ဖို့ စီစဉ်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆေးရုံကို ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်
Eleven Media Group


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

Sunday, May 05 ,2013

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့် အင်းယားကန်
ဘောင် အနီးတွင် မေလ ၅ ရက် နံနက် ၃ နာရီ ၀န်းကျင်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်
နှာချင်းဆိုင် တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေါ်လာသန်း ၈၀ ကျော် ထောက်ပံ့မည့် ဖွံ့ဖြိုးရေးအစီအစဉ် မြို့နယ်သုံးခုတွင် စမည်

နိုင်ငံတစ်ဝန်း ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်ဆုံးမြို့နယ် ၁၅ ခုကို ရွေးချယ်ကာ အမေရိကန် ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့မည့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း ပထမအဆင့်ကို ကန်ပက်လက်၊ နမ့်ဆန်နှင့် ကျွန်းစုမြို့နယ် တို့တွင် စတင်မည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်အောင်သင်္ဘောနှင့် တိုက်မိသည့် Malacca Highway ကားတင်သင်္ဘောမှ Voyage Data Recorder အား စစ်ဆေးရာတွင် သက်သေများ၏ ထွက်ဆိုချက်နှင့် လွှဲချော်မှုများ ရှိနေ

Sunday, May 05 ,2013

ရန်ကုန်မြစ်အတွင်း မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင်မြန်အောင်သင်္ဘောနှင့် တိုက်မိခဲ့သည့် Malacca Highway ကားတင်သင်္ဘောမှ VDR(Voyage Data Recorder) စစ်ဆေးမှု ပြီးစီးခဲ့ပြီး၊ အဆိုပါ ကိရိယာအား စစ်ဆေးတွေ့ရှိမှုများသည် နှစ်ဖက်သင်္ဘော မောင်းနှင်သူများ၊ သင်္ဘောမှ အဓိက ၀န်ထမ်းများ၏ ဖြေကြားထွက်ဆိုချက်များနှင့် အနည်းငယ် လွဲချော်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။