Pages

Friday, May 3, 2013

မန္တလေးတွင် ဆူပူမှု ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် တရားစွဲခံရသူများတွင် မွတ်စလင်တစ်ဦး ပါဝင်နေခြင်း အပေါ် ဆက်သွယ်မေးမြန်းချက်

မေလ ၃၊ ၂၀၁၃

မန္တလေး ။       ။       မန္တလေးမြို့တွင် ယမန်နေ့ညက ဆူပူမှုဖြစ်စေရန် ကြံစည်လှုံ့ဆော်မှုဖြင့် ဗုဒ္ဓဘာသာဝင် ၃-ဦးနှင့်မွတ်စလင်မ်၁-ဦးကို တရားစွဲဆိုလိုက်ကြောင်းသိရသည့်အတွက်တရားစွဲဆွဲခြင်းခံနေရသည် ဦးမြင့်
ဦး၏ ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။“မန္တလေးမှာ မနေ့ညနေ ၆နာရီခွဲလောက်က စကြနွယ်စဉ်ရပ်ကွက်၊ ၃၅-လမ်း၊ ၇၆-လမ်းအနီးမှာ ကား၂-စီးနဲ့ ရပ်ကွက်ထဲမှာ လာပြီး ဆဲဆိုတာလာလုပ်
တယ်။ဆဲဆိုသံကြားတော့ရပ်ကွက်လူထုက ထွက်ကြည့်ကြတယ်။ ထွက်ကြည့်တော့ ရပ်ကွက် လူထုကို ကား
-၂စီးက ဆဲတာ။ ဆဲတော့ ရပ်ကွက်ထဲက လူတွေက ခဲတွေ၊ တုတ်တွေနဲ့လိုက်တော့ ထွက်ပြေးကြတယ်။

သန်လျင်တွင် မေ ၁ မှ ၆ ရက်ထိ ၉၆၉ တရားပွဲပြုလုပ်မည်၊ အကြမ်းဖက်မည့် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေ

မေလ ၃၊ ၂၀၁၃

သန်လျှင်မြို့။` ။ ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် အကြမ်းဖက်ဖျက်ဆီးမှုများ စတင်ဖြစ်ပေါ်နေပြီဟူသော သ

တင်းများ ယနေ့တစ်နေကုန် အင်တာနက်စာမျက်နှာများနှင့် ရန်ကုန်မြို့တွင်းတစ်ဝိုက်တွင် ထွက်ပေါ်နေပါ
သည်။ထိုသတင်းအားသန်လျင်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ သန်လျင်မှာ ယခုအချိန်ထိ အကြမ်းဖက်မှု တစ်စုံ
တစ်ရာ ဖြစ်ပွားခြင်းမရှိသေးသော်လည်း လူစုလူဝေးပြုလုပ်နေမှုများရှိနေသည်။

Protesters from a hardline Muslim group demand to revoke the Nobel Peace Prize award from Aung San Suu Kyi (pictured on placard) during an anti-Myanmar protest in Solo

Hkg8540975

Protesters from a hardline Muslim group demand to revoke the Nobel Peace Prize award from Aung San Suu Kyi (pictured on placard) during an anti-Myanmar protest in Solo, Central Java, on May 3, 2013. The protest highlighted the growing anger in Muslim-majority Indonesia over a string of religious clashes in largely-Buddhist Myanmar, that have left many minority Muslims dead and tens of thousands displaced.  Meanwhile, two Indonesians were detained over a plot to bomb the Myanmar embassy in Jakarta, officials said.    AFP PHOTO / ANWAR MUSTAFA        (Photo credit should read ANWAR MUSTAFA/AFP/Getty Images) 2013 AFP

Central Java, on May 3, 2013. The protest highlighted the growing anger in Muslim-majority Indonesia over a string of religious clashes in largely-Buddhist Myanmar, that have left many minority Muslims dead and tens of thousands displaced.

ရန်ကုန်မြို့တော်အတွက် လျှပ်စစ်ဓာတ်အားထုတ်ရန် ရေပမာဏ ၁၃ ရက်စာသာ ကျန်ရှိ

Friday, May 03, 2013

လျှပ်စစ်မီး ပြတ်တောက်မှု များ ပိုမိုကြုံတွေ့လာရသော ရန်ကုန် မြို့တော်တွင် မေလအတွင်း လျှပ်စစ်မီး ပေးရန် ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသော စက်ရုံများတွင် သိုလှောင်ထားသော ရေပမာဏသည် ၁၃ ရက်စာသာ ရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က ပြောကြားသည်။

အိန္ဒိယစပိုင် ပါကစ္စတန်ထောင်ထဲမှာသေဆုံး

အိန္ဒိယစပိုင် ပါကစ္စတန်ထောင်ထဲမှာသေဆုံး
Friday, 03 May 2013

ပါကစ္စတန်အကျဉ်းထောင်ထဲမှာ သေဒဏ်ကျခံနေရတဲ့ အိန္ဒိယသူလျှို Sarabjit Singh ဟာ အတူအကျဉ်းကျနေသူ ၂ ဦးရဲ့ အုတ်ခဲနဲ့ထုနှက် တိုက်ခိုက်မှုကြောင့် ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့သောကြာနေ့က Lahore က Kot Lakhpat အကျဉ်းထောင်မှာ အတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ဆေးရုံမှာ ကုသမှုခံယူနေခဲ့ရတာပါ။

သူ့ကို ပါကစ္စတန်နိုင်ငံတွင်း လူ ၁၄ ဦးသေဆုံးခဲ့ရတဲ့ ဗုံး အများအပြား
ဖောက်ခွဲမှု၊ သူလျှိုလုပ်မှုတွေနဲ့ ၁၉၉၀ ခုနှစ်တုန်းကဖမ်းဆီးထားခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေဟာ ရက်စက်ကြမ်းကြုပ်တဲ့ လုပ်ရပ်တွေဖြစ်တာမို့ တာဝန်ရှိသူကို အပြစ်ပေးအရေးယူဖို့ အိန္ဒိယ၀န်ကြီးချုပ် မန်း မိုဟန်ဆင်း
က ပြောကြားခဲ့ပါတယ်။

Singh သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့နဲ့ သေဆုံးသူအတွက် အသုဘကျင်းပပေးဖို့ သူ့ရဲ့ရုပ်အလောင်းကို ပြန်ပေးဖို့ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပန်ကြားခဲ့ပါတယ်။

အခုလို ထောင်ထဲမှာ အတိုက်ခိုက်ခံရတာအတွက် အံ့သြတုန်လှုပ်
ရကြောင်းနဲ့ ပါကစ္စတန် အကျဉ်းထောင်တွေထဲက အိန္ဒိယ နိုင်ငံ
သားတွေရဲ့ လုံခြုံရေးကို သေသေချာချာ လုပ်ဆောင်ပေးဖို့လည်း
ပြောကြားခဲ့ပါတယ်။

Singh အတွက် အသနားခံစာတင်သွင်းခဲ့တာကို ၂၀၀၈ ခုနှစ်တုန်းက အဲဒီအချိန်က သမ္မတဖြစ်တဲ့ Pervez Musharraf က ငြင်းပယ်ခဲ့ပါတယ်။

အေးချမ်းမွန် Credit & Copy From >VOA<Thank
https://www.facebook.com/excellencemedia


Friday, 03 May 2013

ပါကစ္စတန်အကျဉ်းထောင်ထဲမှာ သေဒဏ်ကျခံနေရတဲ့ အိန္ဒိယသူလျှို Sarabjit Singh ဟာ အတူအကျဉ်းကျ
နေသူ ၂ ဦးရဲ့ အုတ်ခဲနဲ့ထုနှက် တိုက်ခိုက်မှုကြောင့် ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့
သောကြာနေ့က Lahore က Kot Lakhpat အကျဉ်းထောင်မှာ အတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ဆေးရုံမှာ ကု
သမှုခံယူနေခဲ့ရတာပါ။

အကြမ်းဖက်မှု ရဲကိုင်တွယ်မှု ညံဖျင်းဟု ဝေဖန်နေကြ

အကြမ်းဖက်မှု ရဲကိုင်တွယ်မှု ညံဖျင်းဟု ဝေဖန်နေကြ

လက်ရှိဖြစ်ပေါ်လျက်သော ဥက္ကံမြို့ အပါအဝင် ပဋိပက္ခဖြစ်စဉ် အကြမ်းဖက်မှုများကို ရဲ၏ ကိုင်တွယ်ဖြေရှင်းပုံမှာ ညံဖျင်းသည် ဟု လေ့လာစောင့်ကြည့်နေ သူများက ပြောဆိုနေကြသည်။

ဥက္ကံမြို့နယ် ပနီပြင်ကျေးရွာသား ၁၅ ဦးကို အကြမ်းဖက်မှုများဖြစ်ပြီး နောက်တရက် ရဲတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားခဲ့ရာ ကျေးရွာလုံခြုံရေး ဆောင်ရွက်နေကြသူများဖြစ်ပြီး မီးရှို့မှုနှင့် မပတ်သက်ဟု သိရှိရကြောင်း တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီမှ တိုက်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဧရာဝတီသို့ ပြောသည်။

“အခုလည်း ရွာတွေဘက်မှာ လိုက်ဖမ်းနေတယ်။ ၀က်ကုန်းဘက်မှာလဲ နှစ်ယောက်ဖမ်းသွားတယ်လို့ ကြားတယ်။ တကယ်လုပ်တဲ့သူတွေက မြို့ပေါ်မှာ ဒူးနန့်ပြီး နေနေတယ်။ အခုလို လိုက်ဖမ်းနေတော့ နေရတာမလုံခြုံသလို ခံစားနေကြရတယ်”ဟု ဦးမြင့်သိန်းက ပြောသည်။

အကြမ်းဖက်မှု ကျူးလွန်ရာတွင် ပါဝင်သူအချို့မှာ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နီးကပ်လျက်ရှိသောကြောင့် ဖမ်းဆီးစစ်ဆေးခြင်း မခံရသည့်အပြင် ကောလဟလများ ဖန်တီးနေသည်ဟု တစညပါတီဝင် သတင်းစုဆောင်းသူများက တင်ပြလာကြောင်း ဦးမြင့်သိန်းက ပြောသည်။

အကြမ်းဖက်မှု ကျူးလွန်ရာတွင် ပါဝင်သည်ဟု သံသယရှိသည်ဆိုကာ ရန်ကုန်မြို့ အင်းစိန်ရဲစခန်း ရွာမအချုပ်တွင် နှစ်ရက်တိတိ ခေါ်ယူစစ်မေးခြင်းခံခဲ့ရကြောင်း၊ ၄င်းအပါအ၀င် ၅ ဦး ပြန်လည်လွှတ်မြောက်လာကြောင်း ပနီပြင်ကျေးရွာမှ ဦးခင်မြင့်က ပြောသည်။ ”ဘာသိလဲ၊ ဘာမြင်လဲ၊ ဘာလုပ်ခဲ့သလဲ မေးပါတယ်။ ကိုယ်သိတာ မြင်တာတွေ အားလုံးကို အကုန်ရင်ဖွင့်ခဲ့တယ်။ မနေ့က ကျနော်ကို ဥက္ကံရဲစခန်း ပြန်ပို့ပြီး လွှတ်ပေးလိုက်တာ”ဟု ပြောသည်။

ပနီပြင်ရွာမှ ဖမ်းဆီစစ်ဆေးခံရသူ ၁၅ ဦးမှာ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း၊ ညဖက် အိမ်ချိန်တွင် ရဲများက ၀င်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ စာရွက်တရွက် ကိုင်လာပြီး နာမည်မေးကာ လိုက်လံခေါ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးခင်မြင့်က ရှင်းပြသည်။

အကြမ်းဖက်မှု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ ဦးခင်မြင့်က ”လူအုပ်စုလိုက်ကြီး ၀င်လာတော့ ကုလားအိမ်မှန်းမသိ။ ဗမာအိမ်မှန်း မသိဖြစ်နေတယ်။ ဒါ ကုလားအိမ်၊ဒါ ဗမာအိမ် ဆိုတာကိုတော့ ကျနော်တို့ လူငယ်တွေထဲက ပြလိုက်မိတယ်။ ၀င်ဖျက်နေတာတော့ တွေ့ပါတယ်။ ကုလားတွေကလည်း သူတို့ရှိတဲ့ဟာနဲ့ ပြန်ပစ်ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတော့ ကိုယ့်ကိုကိုယ်ပဲ ကာကွယ်ရတာပါ”ဟု ဆိုသည်။

အကြမ်းဖက်မှုများဖြစ်ပွားနေစဉ် အစ္စလမ်မိသားစုဝင်နှစ်ဦးကို နေအိမ်တွင် ခေါ်ယူစောင်ရှောက်ခဲ့သော်လည်း မေလ ၁ ရက်နေ့တွင် ဒုစရိုက် နှိမ်နှင်းရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း၊ အကြမ်းဖက် ဖျက်ဆီးမှုများကို သွားရောက်ကြည့်ရှု့မိခဲ့ကြောင်း ဥက္ကံမြို့နယ် ဗန္ဓုလရပ်ကွက် ၄ လမ်းတွင် နေထိုင်သူ ကိုရာဇာမင်းထွန်းကလည်း ပြောသည်။

”ရန်ကုန်က ရွာမ စခန်းမှာ အစစ်ခံရတယ်။ တနာရီလောက် ဒူးထောက်ခိုင်းတယ်။ မနာပေမယ့် ခပ်စပ်စပ်လေး အရိုက်ခံရတယ်။ ကျနော် လွတ်လာပေမယ့် ကျနော့်အကိုကိုတော့ ဆက်ဖမ်းထားတယ်”ဟု သူက ဆိုသည်။

အကြမ်းဖက်မှု ကျူးလွန်ရာတွင် ပါဝင်သည်ဟု သံသယရှိသည့် ဥက္ကံမြို့နယ် ပနီပင်ကျေးရွာမှ ၁၅ ဦးနှင့် ဥက္ကံမြို့ပေါ်မှ ၃ ဦးအား  မေလ ၁ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ယခုအခါ သံသယရှိသူ ၅ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ဥက္ကံဖြစ်စဉ်မှာ ဘာသာရေးနှင့် မသက်ဆိုင်ဘဲ အကြမ်းဖက်လိုသူတစ်စုက စနစ်တကျ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ရင်းရင်းနှီးနှီး အတူယှဉ်တွဲ နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြဿနာကြီးထွားလာရခြင်းမှာ အုပ်ချုပ်ရေး အာဏာပိုင်များ၏ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက် အားနည်းသောကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ ဦးကိုနီက ပြောသည်။

”မဖြစ်အောင် ကာကွယ်ပေးရမယ်။ ဖြစ်လာရင် အစွမ်းကုန်ကာကွယ်ပေးရမယ်။ ဖြစ်ပြီးတဲ့နောက် ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးအရေးယူရမယ်။ ဒီလိုလုပ်မယ်ဆိုရင် ဒီကိစ္စဟာ ရပ်သွားတာကြာပြီ။ မိထ္တီလာ ကိစ္စဖြစ်တာ ရက် ၄၀ ကျော်လာပြီ။ အခု မရပ်တဲ့အပြင် ရန်ကုန်နားကိုပါ ရောက်လာပြီ။ အရေးယူတဲ့ အပိုင်းမှာ အတော်လေးအားနည်းနေတာကို တွေ့ရတယ်”ဟု ရှေ့နေ ဦးကိုနီက ဆိုသည်။

တောင်ကုတ် အစ္စလာမ်ဘာသာဝင်များ အသတ်ခံရခြင်းကိစ္စ မပေါ်ပေါက်သေးကြောင်း၊ မိတ္ထီလာ ရွှေဆိုင်ပိုင်ရှင် မိသားစု ကို ထောင် ၁၄နှစ် ချလိုက်ပြီ ဖြစ်ပြီး ဘုန်းတော်ကြီးတပါးကို သတ်ဖြတ်သည်ဟု သင်္ကာမကင်းသူများကို ခုံရုံးတင်နိုင်သော်လည်း ရွှေဆိုင်ကို ၀င်ရောက်ဖျက်ဆီးသူများနှင့် မွတ်စလင်များအား သတ်ဖြတ်သူများအား အရေးမယူနိုင်သေးကြောင်း၊ ထို့ကြောင့် အကြမ်းဖက်သူများက ပိုမိုရဲတင်းလာကာ နေရာအနှံ ကျူးလွန်နေကြခြင်း ဖြစ်ကြောင်း  ဦးကိုနီက သုံးသပ်သည်။

ဧရာဝတီ

လက်ရှိဖြစ်ပေါ်လျက်သော ဥက္ကံမြို့ အပါအဝင် ပဋိပက္ခဖြစ်စဉ် အကြမ်းဖက်မှုများကို ရဲ၏ ကိုင်တွယ်ဖြေရှင်း
ပုံမှာ ညံဖျင်းသည် ဟု လေ့လာစောင့်ကြည့်နေ သူများက ပြောဆိုနေကြသည်။ ဥက္ကံမြို့နယ် ပနီပြင်ကျေးရွာ
သား ၁၅ ဦးကို အကြမ်းဖက်မှုများဖြစ်ပြီး နောက်တရက် ရဲတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားခဲ့ရာ ကျေးရွာ
လုံခြုံရေး ဆောင်ရွက်နေကြသူများဖြစ်ပြီး မီးရှို့မှုနှင့် မပတ်သက်ဟု သိရှိရကြောင်း တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီမှ တိုက်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံက ATM စက်တွေ မြန်မာဘာသာဖြင့် အသုံးပြုနိုင်

ထိုင်းနိုင်ငံက ATM စက်တွေ မြန်မာဘာသာဖြင့် အသုံးပြုနိုင်
Friday, May 03, 2013

ထိုင်းနိုင်ငံက လူသုံးအများဆုံးဘဏ်တစ်ခုဖြစ်တဲ့ SCB (Siam Commercial Bank)ဘဏ်တွေက ATM ငွေထုတ်စက်တွေမှာ မြန်မာဘာသာကိုပါ ထည့်သွင်းအသုံးပြုလာကြောင်း တွေ့ရပါတယ်။ 

မြန်မာနိုင်ငံသို့ ငွေလွှဲခြင်းအပါအ၀င် ငွေထုတ်ခြင်း၊ ငွေစစ်ခြင်းစတဲ့ လုပ်ဆောင်ချက်တွေကို ATM ငွေထုတ်စက်ကနေ ပြုလုပ်လို့ရတာ ဖြစ်ပါတယ်။

SCB ATM ငွေထုတ်စက်တွေမှာ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ တရုတ် ဘာသာ(၄)မျိုးနဲ့ ရွေးချယ်သုံးစွဲလို့ရနေပါတယ်။

DVB TV News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကိုLike လုပ်ထားပါ

Friday, May 03, 2013

ထိုင်းနိုင်ငံက လူသုံးအများဆုံးဘဏ်တစ်ခုဖြစ်တဲ့SCB (Siam Commercial Bank)ဘဏ်တွေကATM ငွေထုတ်
စက်တွေမှာ မြန်မာဘာသာကိုပါ ထည့်သွင်းအသုံးပြုလာကြောင်း တွေ့ရပါတယ်။

“အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ လေဆိပ်တွင် သေနတ်ဖြင့် ရမ်းကား ပစ်ခတ်မှုဖြစ်”

“အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ လေဆိပ်တွင် သေနတ်ဖြင့် ရမ်းကား
ပစ်ခတ်မှုဖြစ်”
Friday, May 03, 2013

အမေရိကန်နိုင်ငံ၊ ဟူစတန်ရှိ လေဆိပ်တစ်ခုတွင် လူတစ်ဦးသည်
သေနတ်ဖြင့် ရမ်းကား ပစ်ခတ်ပြီးနောက် လုံခြုံရေး အေးဂျင့်တစ်ဦးရှေ့
တွင်ပင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရှိရသည်။

လက်မှတ်ဝယ်ယူသည့် ဧရိယာ အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်သည့် လူတစ်ဦးသည် ဥပဒေ ဘက်တော်သား အရာရှိ တစ်ဦးနှင့် စကားပြောနေ
ရင်း မိမိကိုယ်ကိုယ် သတ်သေသွားခြင်း ဖြစ်သည်။

ယင်းရုတ်ရုတ်သည်းသည်း အခြေအနေကြောင့် လူပေါင်းများစွာတို့သည်
လေဆိပ်ဥမင်မှ ကြောက်လန့်တကြား အော်ဟစ် ထွက်ပြေးခဲ့ကြသည်။ ကြာသပတေးနေ့က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲများက စုံစမ်းနေဆဲဖြစ်ကာ
သေဆုံးသွားသော အကြမ်းဖက်မှု သံသယ တရားခံသည် အသက်(၃၀)
အရွယ် ကာနဲလ်မောရ်ဆိုသူ ဖြစ်ကြောင်း CBS သတင်းဌာနက အတည်ပြု
ဖော်ပြခဲ့သည်။

Planet Myanmar Network
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @Myanmar Online News ကိုLike လုပ်ထားပါ

Friday, May 03, 2013

အမေရိကန်နိုင်ငံ၊ ဟူစတန်ရှိ လေဆိပ်တစ်ခုတွင် လူတစ်ဦးသည်သေနတ်ဖြင့် ရမ်းကား ပစ်ခတ်ပြီးနောက်
လုံခြုံရေး အေးဂျင့်တစ်ဦးရှေ့တွင်ပင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရှိရသည်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား (၅)ကြိမ်မြောက် ရုံးထုတ်

မေလ(၂)ရက် ၂၀၁၃ ခုနှစ်။
ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခြင်းခံထားရသူ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား (၅)ကြိမ်မြောက် ရုံးထုတ်မှုအဖြစ် မေလ(၂)ရက်နေ့ နံနက်(၁၁)နာရီက အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ယနေ့ရုံးထုတ်ရာတွင် တရားလိုပြ သက်သေခေါ်စစ်မည်ဟု ဆိုသော်လည်း သက်သေမှာ ရောက်ရှိလာခြင်း မရှိသောကြောင့် ရုံးထုတ်ကာ မေလ(၁၆)ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်ဟု သိရှိရသည်။

အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ ပြစ်တင်ဝေဖန် ဆန္ဒပြ

အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ ပြစ်တင်ဝေဖန် ဆန္ဒပြ
================
ဧပြီလ ၂၉ရက် ၂၀၁၃
M-Media

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် တနင်္ဂနွေက လူသုံးရာကျော် စုစည်းကာ ယခုလများအတွင်းဖြစ်ပွားခဲ့သည့် မွတ်စလင်များနှင့် အခြားလူနည်းစု ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်မှုလှိုင်းများကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများတွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လူမှုရေးလှုပ်ရှားသူများပါဝင်ကာ `သီရိလင်္ကာတွင် အမုန်းတရား အတွက် နေရာမရှိ´ ဆိုသည့် ပိုစတာများကိုင်ဆွဲခဲ့ကြပြီး ဘာသာရေး အမှန်းပွားမှုနှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ပါဝင်ပတ်သက်နေသူများနှင့် အစိုးရကို တိုက်တွန်းလိုက်သည်။

“အစွန်းရောက် အုပ်စုတွေက လူမျိုးရေးခွဲခြားမှုနဲ့ ဘာသာရေး မုန်းတီးမှုတွေကို လှုံ့ဆော်နေကြတယ်။ အခု သူတို့တွေက လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြပြီး ဒီအဖွဲ့အစည်းတွေကို ပြောမယ့် တားမယ့်သူ ဘယ်သူမှ မရှိကြဘူး။”ဟု ဗုဒ္ဓရဟန်းတော် ဘဒ္ဒေဂမ သမိထ ထိရောမှ မိန့်တော်မူခဲ့သည်။

“သူတို့ရဲ့ လှုပ်ရှားမှုတွေက ဘာသာတရားတွေအကြား ညီညွတ်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်”ဟု ဘုန်းဘုန်းက ဆက်မိန့်သည်။

လူမှုရေးလှုပ်ရှားသူများက နိုင်ငံတွင်းမှ ဗုဒ္ဓဘာသာ အဖွဲ့နှစ်ခုဖြစ်ကြသော ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ကို ဗုဒ္ဓဘာသာပွဲတော် နောက်ဆုံးလအတွင်း ဟလလ်အသားများကို ထိန်းချုပ်မှုနှင့် မကြာသေးမီက မွတ်စလင်မ်တို့၏ ၀တ်စားဆင်ယင်မှုကို အစိုးရမှ ကန့်သတ် ချုပ်ချယ်ရန် ဆော်သြ အားထုတ်ဆောင်ရွက်မှုများအတွက် အမည်တပ်ပြောကြားလိုက်ကြသည်။

ထိုအဖွဲ့များသည် မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင်တို့၏ ကိုးကွယ်ဝတ်ပြုရာ အဆောက်အဦးများကို တိုက်ခိုက်ခဲ့သော ဖြစ်စဉ်များ အတွက်လည်း အပြစ်တင်ဝေဖန်ခံခဲ့ကြရသည်။ ဧ၀ံဂေလိ ခရစ်ယာန်သင်းအုပ်ဆရာ Rohan de S. Ekanayake နှင့် မွတ်စလင် လူ့အခွင့်အရေး လှုပ်ရှားသူ Arshad Nizamdeeတို့၏အဆိုအရ ယခုနှစ် ဇန်န၀ါရီလမှ စတင်က အကြိမ်ပေါင်း ၆၀ ကျော် တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ နှစ်ဖွဲ့စလုံးမှ ဘာသာရေးအမုန်းပွားမှုများနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုကို ငြင်းဆိုလိုက်ပြီး ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်နေသည့် ခရစ်ယာန်နှင့် မွတ်စလင်မ် အခြေခံဝါဒီ အဖွဲ့များကို ထောက်ပံ့ပေးနေသာ အမည်မဖော် နိုင်ငံခြား တိုင်းပြည်များကို ထိုတိုက်ခိုက်မှုများဖြစ်ပေါ်ရခြင်း အတွက် ပြန်အပြစ်တင်ကြသည်။

သို့သော်လည်း ယခုလအစောပိုင်းတွင် ပြည်တွင်း မီဒီယာများက ဗောဓု ဗလ သေနအဖွဲ့ဝင်များမှ တောင်ပိုင်းပြည်နုယ် Mataraခရိုင်၌ မွတ်စလင်မ် ဆန့်ကျင်ရေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း ဖော်ပြခဲ့သည်။

မကြသေးမီက တိုင်းပြည်သို့ ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် သမ္မတ Mahinda Rajapaksaက သူ၏ အစိုးရအနေဖြင့် တိုင်းပြည်အတွင်း လူမျိုးရေးခွဲခြားမှုနှင့် ဘာသာရေးအစွန်းရောက်မှုများကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဗုဒ္ဓဘာသာဝင် လူများစုကြီးကို အခြားသူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် မေတ္တာရပ်ခံလိုက်သည်။

“သီရိလင်္ကာဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက် သာတူညီမျှ အခွင့်အရေးနဲ့ လွတ်လပ်မှုများရှိပါတယ်”ဟု သမ္မတမှ ဆက်လက်ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာဝင် ဆင်ဟာလီလူမျိုးများသည် သီရိလင်္ကာ၏ သန်း ၂၀ လူဦးရေတွင် လေးပုံသုံးပုံခန့်ရှိပြီး မွတ်စင်လင်များမှာ ၁၀ရာခိုင်နှုန်းခန့်သာလျှင် ပါဝင်သည်။

Ref: www.ucanews.com

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် တနင်္ဂနွေက လူသုံးရာကျော် စုစည်းကာ ယခုလများအတွင်းဖြစ်ပွား
ခဲ့သည့် မွတ်စလင်များနှင့် အခြားလူနည်းစု ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်မှုလှိုင်း
များကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

ဘာလီမှာဗုံးခွဲခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်က မြန်မာနိုင်ငံကို ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ဆို

ဘာလီမှာဗုံးခွဲခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်က မြန်မာနိုင်ငံကို ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ဆို
Friday, May 03, 2013


မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ အင်ဒိုနီးရှား အစ္စလာမ်မစ် စစ်သွေးကြွ တွေရဲ့ ခေါင်းကိုင်ဖခင်ကြီး အဘူဘာကာ ဘရှား ကခြိမ်းခြောက်ခဲ့ပြီးတဲ့နောက်မှာ အင်ဒိုနီးရှား က အစ္စလာမ် စစ် သွေးကြွတွေဟာ မြန်မာနိုင်ငံကို ပစ်မှတ်ထားလာပါတယ်။
အဲဒီလိုခြိမ်းခြောက်ထားတာကို အစွန်းရောက်ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Voice of al-Islam မှာ ကြာ သပ တေးနေ့ ကဖော်ပြခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ဂျာကာတာမြို့လယ်က မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ ပိုက်ဗုံး တွေ သယ်လာတဲ့လူနှစ်ယောက်ကို လမ်းမှာအင်ဒိုရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။

၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲသမားတွေကို လှုံ့ဆော်ပေးခဲ့တဲ့ အဘူဘာကာက မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ် က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုဆောင်ရွက်နေပြီး ဘာသာရေးစစ်ပွဲဆင်နွှဲခြင်းဟာ တစ်ခု တည်းသော အဖြေဖြစ်တယ်လို့ ဆိုပါတယ်။
“ဘာသာရေးစစ်ပွဲမဆင်နွှဲချင်တဲ့ ငါတို့အမှားကြောင့် ဒီလိုဖြစ်ရတာ၊ ဘာသာရေးစစ်ပွဲဆင်နွှဲချင်တဲ့ အတွက် ဖိလစ်ပိုင်မူဆလင်တွေဟာ အင်အားကောင်းကြတယ်” လို့ အဘူဘာကာက ပြောကြားခဲ့တယ်။
၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှုအတွက် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ အဘူကာက အာဖဂန်နစ္စတန်မှာ ကွန်မြူ နစ် ဆိုဗီယက်တွေကို ချေမှုန်းခဲ့သလို မြန်မာနိုင်ငံကို ချေမှုန်းဖို့ အင်ဒိုနီးရှားက မူဂျာဟစ် ဒစ်တွေ ကို တောင်းဆို လိုက်ပါတယ်။

“အလ္လာရဲ့ခွင့်ပြုချက်အရ ငါတို့ဟာ မြန်မာတွေကို ကွန်မြူနစ်ရုရှားတွေ၊ ဒါမှမဟုတ် အမေရိကန်တွေလို အစိတ်စိတ်ပြိုကွဲပျက်စီးသွားအောင် (ဂေါ့ဒ်ရဲ့အလိုအရ) ချေမှုန်းကြရမယ်။ မေတ္တာထားကြပါလို့ ဗုဒ္ဓဘာ သာရဲ့ ဆုံးမချက်တွေဟာ အဓိပ္ပါယ်မရှိတာတွေ၊ လက်တွေ့မှာ ဗုဒ္ဓဘာသာဝင်တွေဟာ မူဆလင် ရိုဟင်ဂျာ တွေ ကို သတ်နေကြတယ်” လို့ အဘူဘာကာက ပြောခဲ့ပါတယ်။

ကြာသပတေးညက အင်ဒိုပုလိပ်တွေဟာ အိမ်လုပ်ဗုံးငါးလုံးကို သယ်လာတဲ့ လူနှစ်ယောက်ကို မြန်မာသံရုံး ကိုလာတဲ့လမ်းမှာ ဖမ်းဆီးခဲ့ပါတယ်။

http://www.smh.com.au/world/bali-terror-leader-calls-for-jihad-against-myanmar-20130503-2ixp2.html

လင်္ကာ


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News]ကိုLike လုပ်ထားပါ

Friday, May 03, 2013

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ အင်ဒိုနီးရှား အစ္စလာမ်မစ် စစ်သွေးကြွ
တွေရဲ့ ခေါင်းကိုင်ဖခင်ကြီး အဘူဘာကာ ဘရှား ကခြိမ်းခြောက်ခဲ့ပြီးတဲ့နောက်မှာ အင်ဒိုနီးရှား က အစ္စလာမ် စစ် သွေးကြွတွေဟာ မြန်မာနိုင်ငံကို ပစ်မှတ်ထားလာပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား ၏ အမေရိကန်ခရီးအတွက် Father Land ကုမ္ပဏီမှ ငွေကျပ် သိန်း (၅၀) ထောက်ပံ့ပေးအပ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား ၏ အမေရိကန်ခရီးအတွက် Father Land ကုမ္ပဏီမှ ငွေကျပ် သိန်း (၅၀) ထောက်ပံ့ပေးအပ်ခဲ့
Friday, May 03, 2013

မေလအတွင်း ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ခေါင်းဆောင်များ၏ အမေရိကန်ခရီးစဉ်အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀) ထောက်ပံ့ပေးခဲ့ကြောင်း Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ နှစ်ဦး အပါအ၀င် ၈၈ အဖွဲ့ဝင်များ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy ၏ဖိတ်ကြားချက်အရ ယခုလ (၁၉) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ်သွားရောက်မှာဖြစ်ပါသည်။ ကိုမင်းကိုနိုင်ဟာ NED အဖွဲ့ကြီးကချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း ခရီးစဉ်အတွင်း ကိုယ်တိုင်လက်ခံသွားမည်ဖြစ်သည်။

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးဟာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယား နိုင်ငံကို အရင်ဆုံးသွားရောက်မှာဖြစ်ပြီး မင်းကိုနိုင်ဟာ NED က ၂၀၁၂ ခုနှစ်အတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း လက်ခံယူဖို့အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံကူး လက်မှတ်လျောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို မြန်မာ အစိုးရက အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာကို လက်မခံဘဲ ပြည်ပခရီးစဉ်တွေကို ဖျက်သိမ်းခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အား ထောက်ပံ့ပေးသည့် Father Land ကုမ္ပဏီသည် နိုင်ငံအနှံ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များမှာ မြန်မာနိုင်ငံ မူဆလင်အဖွဲ့အစည်းများတွင် ရာထူးကြီးနေရာများ ရယူထားသူများဖြစ်ကြောင်းသိရသည်။

ကိုချိုလေး
ပုဂံအွန်လိုင်းမီဒီယာ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကိုLike လုပ်ထားပါ

Friday, May 03, 2013

မေလအတွင်း ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ခေါင်းဆောင်များ၏ အမေရိကန်ခရီးစဉ်အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀)
ထောက်ပံ့ပေးခဲ့ကြောင်း Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဒီကေဘီအေကို နယ်မြေပြောင်းရွှေ့ရန် အစိုးရတပ် အမိန့်ပေး

ဒီကေဘီအေကို နယ်မြေပြောင်းရွှေ့ရန် အစိုးရတပ် အမိန့်ပေး

3-5-2013

ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်)နဲ့ အစိုးရနယ်ခြားစောင့်တပ်အကြား တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဒီကေဘီအေတပ်ဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်း နယ်မြေကနေ ဒီလ ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ အစိုးရနယ်မြေခံတပ်က အမိန့်ပေးခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။

ဒီကေဘီအေဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ဖြစ်ပြီး ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေရဲဘော် ၁ ဦးရဲ့ကျည်သင့်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရတဲ့အတွက် ဒီကေဘီအေကို ၂၇ ရက်နေ့ကနေ တိုက်ခိုက်ရာက တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဒီကေဘီအေက နယ်ခြားစောင့်တပ်က ဗိုလ်ချစ်သူနဲ့ ညှိပြီး မြိုင်ကြီးငူကနေ ခွာပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကေဘီအေထံက သိမ်းထားတဲ့ သေနတ်တွေကိုတော့ ပြန်တောင်းရာမှာ မပေးဘဲ နယ်ကနေဖယ်ခိုင်းတာလို့ ဆိုပါတယ်။

လက်နက်ပြန်ရဖို့ စောင့်ဆိုင်းနေတုန်း ဒီနေ့ သူတို့ကို နယ်ထဲကနေ ထွက်ခွာပေးရမယ်လို့ ရာဇသံပေးလာတာဟာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားထိခိုက်နိုင်တယ်လို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်၊

“တိုက်ပွဲအကြောင်းကိစ္စက ဟတ်ကြီး ရေကာတာကို သူတို့က ရေအားလျှပ်စစ်ထုတ်မယ်။ ဒါကြောင့် အဲဒေသကခွာပေးဖို့၊ ဗိုလ်မှူးထွန်းထွန်းဝင်းပေးတဲ့ ရက်ကတော့ မေလ ၂ ရက်နေ့ ကနေ ၄ ရက်နေ့ ၁၂ နာရီမှာ ဆုတ်ခွာပေးဖို့။ ဆုတ်ခွာခိုင်းတဲ့ဒေသက မယ်ပ၊ မယ်ကစောဘက်ကို။ ဒီလိုရာဇသံပေးတာဟာ အတင်းအဓမ္မခွာခိုင်းရင် အပစ်အခတ်ရပ်စဲထားတာကို ထိခိုက်နိုင်တယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အသိပေးချင်တယ်။”

သူတို့အနေနဲ့ကတော့ ရာဇသံပေးတဲ့အတိုင်း ဖယ်ပေးနိုင်မှာ မဟုတ်တာကြောင့် အပစ်အခတ်ရပ်စဲရေး ထိခိုက်နိုင်တဲ့အကြောင်း ဒီကေဘီအေက ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ယောပုထရွာနဲ့ ကမမောင်းရွာကြား  သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ  ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့ပါတယ်။ နယ်ခြားစောင့်တပ်က ရပ်မပေးတဲ့အတွက် အဲဒီတပ်သားက သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီကစပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ နယ်ခြားစောင့်တပ်ဘက်က တပ်ရင်း ၄ ရင်း  လူအင်အား ၁၀၀  ကျော်က  မြိုင်ကြီးငူဒေသ ကျီးဘုရား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ ဒီကေဘီအေ အင်အား ၃၀ ကျော်ကို ၀ိုင်းထားပြီး  အဲဒီည  တညလုံးနဲ့ ၂၈ ရက်နေ့ မနက်ပိုင်းမှာရော၊ ဧပြီ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတဦး ပြောကြားချက်အရ နှစ်ဘက်တပ် ပစ်ခတ်မှုမှာ အရပ်သား ၂ ယောက်ကို လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အခုဆိုရင် မြိုင်ကြီးငူမှာ ရွာသားတွေ မနေရဲကြတော့ဘဲ ကမမောင်းနဲ့ အုန်းတောရွာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ မြိုင်ကြီးငူတ၀ိုက် ကုန်းကြောင်းရော ရေကြောင်းပါ အသွားအလာတွေလည်း ရပ်ထားတယ်လို့ ဆိုပါတယ်။

DVB

3-5-2013

ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်)နဲ့ အစိုးရနယ်ခြားစောင့်တပ်အကြားတိုက်ပွဲဖြစ်ပွားပြီး 
တဲ့နောက် ဒီကေဘီအေတပ်ဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်းနယ်မြေကနေဒီလ၄ ရက်မွန်းတည့် နောက်
ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ အစိုးရနယ်မြေခံတပ်က အမိန့်ပေးခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစန်း
အောင်က ပြောပါတယ်။

Study at University of West of England Bristol ဟောပြောပွဲကျင်းပမည်

University of West of England Bristol မှ ပံ့ပိုး၍ ဗြိတိသျှကောင်စီ မြန်မာမှ စီစဉ်တင်ဆက်သော UWE Bristol ၏ ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

ချယ်ရီသီး ၏ အာနိသင်

ချယ်ရီသီး ၏ အာနိသင်
==============

May 3, 2013
ချယ်ရီသီးများ (Cherries)
ချယ်ရီသီးမှာ ရောဂါ အများအပြားကို ပျောက်စေနိုင်တဲ့ စူပါအာနိသင်ရှိပါတယ်။ ရောင်ရမ်းနာနဲ့ ကင်ဆာကိုနှိမ်နင်းနိုင်တဲ့အစွမ်းရှိတယ်။ ချယ်ရီသီးမှာပါတဲ့ကွာဆဲတင်(Quercetin) နှင့် ဓာတ်မတည့်အက်စစ် (Ellagic Acid) အဖုအကျိတ်ကို ထိန်းချုပ်နိုင်တဲ့အပြင် ကင်ဆာဆဲလ်တွေ သူ့ဘာသူ သတ်သေအောင် ဖန်တီးပေးတယ်။ အဲဒီလို ဖန်တီးရာမှာလည်း
ကျန်းမာနေတဲ့ ဆဲလ်တွေကို မဖျက်ဆီးဘူး။ အဲဒီအသီးမှာ ဗိုင်းရပ်နဲ့ ဘက်တီးရီးယားနှိမ်နင်းနိုင်တဲ့အစွမ်း ရှိတယ်။
ချယ်ရီသီးမှာပါတဲ့ အန်သိုစီယာနင်ဓာတ်ရော (Anthocianin) ဟာ သွေးထဲရှိယူရစ်အက်စစ်ကို လျှော့ချနိုင်တဲ့အတွက်ဂေါက်ရောဂါ(Gout) ကို ကာကွယ်ကုသနိုင်တယ်။ အဲဒီ ဓာတ်ရောကြောင့် အူမကြီးကင်ဆာကိုလည်း ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ယုံကြည်တယ်။
ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့အပြင် ပုံမှန်မှီဝဲရင် နှလုံးတိုက်ခိုက်မှု (HeartAttack) နဲ့ လေသင်တုန်း(Stroke) ဖြစ်မှု
ကို လျှော့ချနိုင်တယ်။တရုတ်ဆေးပညာမှာတော့ ဂေါက်ရောဂါ၊အဆစ်ရောင်ရမ်းနာ၊အရိုးရောဂါများနဲ့ သွေးအားနည်းရောဂါများအတွက်
ကုထုံးအဖြစ် အသုံးပြုတယ်။ ချယ်ရီသီးဟာ ရောဂါကြီးတွေ ကာကွယ်ကုသနိုင်တဲ့အပြင် အရသာရှိတဲ့ ဓာတ်စာလည်း
ဖြစ်တယ်။
မှီဝဲရမယ့် ပမာဏ-ဒေသရာသီအလိုက် ချယ်ရီသီးပေါ်ချိန်မှာ နေ့စဉ်မှီဝဲပါ။ကျန်တဲ့ရာသီချိန်တွေမှာ စားသုံးဖို့ ချယ်ရီ
သီးအိတ်တစ်လုံးကို ရေခဲသေတ္တာထဲမှာထည့်ထားပါ။ ရာနှုန်းပြည့် အာဟာရတန်ဖိုး မပျက်တဲ့အပြင် ဖျော်ရည်၊ ဒိန်ချဉ်နဲ့
အုတ်ဂျုံဘီစကွတ်နဲ့ဆိုရင် အလွန်လိုက်ဖက်ပါတယ်။
• မှတ်သားစရာအချက်ကလေးများ
ပိုးသတ်ဆေးလွတ် ချယ်ရီသီးဝယ်နိုင်ရင် ပိုကောင်းတယ်။ များသောအားဖြင့် ချယ်ရီသီးတွေဟာ ပိုးသတ်ဆေးအ
များကြီးသုံးထားတဲ့အတွက် စင်အောင်ဆေးဖို့ မမေ့ပါနဲ့။

credit: သဘာဝရဲ့အားအင်

ZinYawNews

May 3, 2013
ချယ်ရီသီးများ (Cherries) ချယ်ရီသီးမှာ ရောဂါ အများအပြားကို ပျောက်စေနိုင်တဲ့ စူပါအာနိသင်ရှိပါတယ်။
ရောင်ရမ်းနာနဲ့ ကင်ဆာကိုနှိမ်နင်းနိုင်တဲ့အစွမ်းရှိတယ်။ ချယ်ရီသီးမှာပါတဲ့ကွာဆဲတင်(Quercetin) နှင့် ဓာတ်
မတည့်အက်စစ် (Ellagic Acid)အဖုအကျိတ်ကိုထိန်းချုပ်နိုင်တဲ့အပြင် ကင်ဆာဆဲလ်တွေ သူ့ဘာသူ သတ်သေ
အောင် ဖန်တီးပေးတယ်။

ကမ္ဘာကျော် Angry Birds ဂိမ်းအသစ် ထွက်ပြီ

Angry Birds ဂိမ်းအသစ် ထွက်ပြီ
==================

ဖင်လန်အခြေစိုက် ဂိမ်းကုမ္ပဏီ Rovio သည် ယင်းတို့၏ ငွေတွင်းကြီးဖြစ်သည့် Angry Birds ဂိမ်းအား Angry Birds Friends ဟု အသစ်ထပ်မံ ထုတ်လုပ်လိုက်ပြီဖြစ်ကာ အခမဲ့ ရယူနိုင်မည် ဖြစ်သည်။

Angry Birds Friends ဂိမ်းအား iOS နှင့် Android သုံး ဖုန်းများအတွက် ထုတ်လုပ်ထားပြီး ထူးခြားချက် အနေဖြင့် Facebook နှင့် ချိတ်ဆက်ကာ မိမိ၏ မိတ်ဆွေသူငယ်ချင်းများနှင့် ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်နိုင်မည်ဟု သိရှိရသည်။

ထို့အပြင် တနင်္လာနေ့တိုင်းတွင်လည်း ပြိုင်ပွဲများ ပြုလုပ်ပေးမယ်ဖြစ်ကာ ဂိမ်းတွင်း အဆင့်များလည်း ထပ်မံထည့်သွင်း ပေးသွားမည်ဟု သိရှိရသည်။

Download Link >>>https://dl.dropboxusercontent.com/s/k4ad5qhe1h0lvxr/%5Bfeirox.com%5D%20Angry%20Birds%20Friends.apk?token_hash=AAEMYTZz7T7BuIyB32B2YPK3uv0yeGt5Un1vRp8K7SJAYQ

credit: Myanmar Consumer Guide

ဖင်လန်အခြေစိုက် ဂိမ်းကုမ္ပဏီ Rovio သည် ယင်းတို့၏ ငွေတွင်းကြီးဖြစ်သည့် Angry Birds ဂိမ်းအား Angry Birds Friends ဟု အသစ်ထပ်မံ ထုတ်လုပ်လိုက်ပြီဖြစ်ကာ အခမဲ့ ရယူနိုင်မည် ဖြစ်သည်။

၆၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအတွက် အကြိုလေ့ကျင့်မှုများ ယနေ့ပြုလုပ်

မေလ ၅ ရက်နေ့တွင် ကျင်းပမည့် ၆၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအတွက် အကြိုလေ့ကျင့်မှုများကို မေလ ၃ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၏ စစ်ရေးပြကွင်းတွင် ပြုလုပ်ခဲ့သည်။

မေလ ၅ ရက်နေ့တွင် ကျင်းပမည့် ၆၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအတွက် အကြိုလေ့ကျင့်
မှုများကို မေလ ၃ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၏ စစ်ရေးပြ
ကွင်းတွင် ပြုလုပ်ခဲ့သည်။ 

ဂျကာတာမြို့ရှိ မြန်မာသံရုံးအား ဖောက်ခွဲရန် ကြံစည်သည် ဟု ယူဆရသူ လေးဦး အဖမ်းခံရ

ဂျကာတာမြို့ရှိ မြန်မာသံရုံးအား ဖောက်ခွဲရန် ကြံစည်သည် ဟု ယူဆရသူ လေးဦး အဖမ်းခံရ
=================
မေ ၂- ၂၀၁၃

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ကြသူဟု ယူဆရသူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ကြာသပတေးနေ့က ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်မ်များအား ဆက်ဆံမှုအတွက် တုန့်ပြန် လက်စားခြေသည့်အနေဖြင့် သံသယရှိသူ အမျိုးသားသုံးဦး အမျိုးသမီး တစ်ဦးသည် သံရုံးအဆောက်အဦးအား လက်လုပ် ဗုံးများ ၅လုံးဖြင့် ဖောက်ခွဲရန်ကြိုးစားခဲ့ကြကြောင်း အင်ဒိုနီးရှား နိုင်ငံတော် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ် Boy Rafli ကပြောကြားသွားသည်ဟု ABC News သတင်းဌာနမှ ကြေငြာထားသည်။

ထို့နောက်တွင်လည်း အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့သည် ဂျကာတာတောင်ပိုင်းရှိ ဖောက်ခွဲရေးစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ထပ်မံဖမ်းဆီးရခဲ့ကြောင်း ABC News သတင်းဌာနက တင်ပြထားသည်။

အကြမ်းဖက်သမားတို့သည် အဖွဲ့အစည်း ကွန်ယက်ကြီးတစ်ခုခု၏ တစိတ် တပိုင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ သုံးသပ်ကြောင်း ABC News သတင်းဌာနက ကြေငြာသွားပါသည်။


The Washington Times
By Jessica Chasmar
(ငြိမ်းအေး ဘာသာပြန်သည်။)

မေ ၂- ၂၀၁၃

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ကြသူဟု ယူဆရသူ
လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ကြာသပတေးနေ့က ဖမ်းဆီးခဲ့သည်။

တိုင်းပြည်ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော်နေသူအားလုံးကို ကန့်ကွက်ပါသည်

ပြည်သူလူထုအား အထိတ်တလန့် ဖြစ်စေရန်၊ တိုင်းပြည်ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော်ခြင်း၊ မဟုတ်မမှန် လုပ်ကြံသတင်းလွှင့်ခြင်း၊ မြှောက်ထိုးပင့်ကော်လုပ်ခြင်း စသည့် လုပ်ရပ်များအား ဆောင်ရွက်နေသူများ၊ အထူးသဖြင့် အစောပိုင်းက မန္တလေးတွင် ဆူပူအုံကြွရန် လှုံ့ဆော်ခဲ့သူများအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်။
ဓာတ်ပုံ ( Myanmar Consumer Guide)
ပြည်သူလူထုအား အထိတ်တလန့် ဖြစ်စေရန်၊ တိုင်းပြည်ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော်ခြင်း၊ မဟုတ်မ
မှန် လုပ်ကြံသတင်းလွှင့်ခြင်း၊ မြှောက်ထိုးပင့်ကော်လုပ်ခြင်း စသည့် လုပ်ရပ်များအား ဆောင်ရွက်နေသူများ၊ အထူးသဖြင့် အစောပိုင်းက မန္တလေးတွင် ဆူပူအုံကြွရန် လှုံ့ဆော်ခဲ့သူများအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ
လိုက်သည်။

မန္တလေးတွင် ဆူပူလှုံ့ဆော်သူ အချို့အား ထိမ်းသိမ်း

လှုံ့ဆော်အော်ဟစ်သူ တစ်ဦး အား ထိမ်းသိမ်းလိုက်စဉ် ။

မန္တလေးတွင် ဆူပူလှုံ့ဆော်သူ အချို့အား ထိမ်းသိမ်း ။

မန္တလေး ၊ မေ ၂ ။

ယနေ့ညပိုင်း (၁၀း၀၀)နာရီကျော်ခန့်က မန္တလေး ၃၅လမ်း၊ ရ၆လမ်း နားမှ စတင်ပြီး ဆိုင်ကယ်စီး လူအုပ်စု တစ်စုမှ ဆူပူအော်ဟစ်မှုများ ပြုလုပ်လျက်ရှိသည့် အတွက် လုံခြုံရေးများမှ စောင့်ကြည့် ဖြောင့်ဖျ သော်လည်း ၎င်းအုပ်စုမှာ အနည်းငယ်ချင်း ရွေ့လျားလျက် သီချင်း ဆို၍ လည်းကောင်း၊ အော်ဟစ်၍ လည်းကောင်း ဆက်လက်ပြုလုပ်နေသည့် အတွက် ၃၅လမ်းနှင့်၇၈လမ်း ဒေါင့်တွင် ၎င်းတို့ထဲမှ (၃)ဦး အား ဖမ်းဆီး ထိမ်းသိမ်းလိုက်ပြီးနောက် လူစု ကွဲသွားပါတယ်။

ယခု အခါ ၃၅လမ်း၊ ၇၄ ၊ ၇၅ ၊ ၇၆ ၊ လမ်းတစ်လျှောက်တွင် ဖွင့်လှစ်သော ညအလင်းဆိုင်များ ပိတ်ထားလိုက်ပြီး လုံခြုံရေးကားများ တပ်ဖွဲ့ဝင်များ ချထားတာ တွေ့ရပါတယ်။ 

သတင်း နှင့် ဓါတ်ပုံ 
ရဲင့်ကျော်
လှုံ့ဆော်အော်ဟစ်သူ တစ်ဦး အား ထိမ်းသိမ်းလိုက်စဉ်
မန္တလေး ၊ မေ ၂
ယနေ့ညပိုင်း (၁၀း၀၀)နာရီကျော်ခန့်က မန္တလေး ၃၅လမ်း၊ ရ၆လမ်း နားမှ စတင်ပြီး ဆိုင်ကယ်စီး လူအုပ်စု တစ်စုမှဆူပူအော်ဟစ်မှုများ ပြုလုပ်လျက်ရှိသည့်အတွက်လုံခြုံရေးများမှ စောင့်ကြည့် ဖြောင့်ဖျ သော်လည်း

၎င်းအုပ်စုမှာအနည်းငယ်ချင်း ရွေ့လျားလျက်သီချင်း ဆို၍ လည်းကောင်း၊ အော်ဟစ်၍ လည်းကောင်း ဆက်
လက်ပြုလုပ်နေသည့်အတွက်၃၅လမ်းနှင့်၇၈လမ်း ဒေါင့်တွင်၎င်းတို့ထဲမှ (၃)ဦး အားဖမ်းဆီး ထိမ်းသိမ်းလိုက်
ပြီးနောက် လူစု ကွဲသွားပါတယ်။

မန္တလေးမြို့ သစ် သိုးခြံရပ်ကွက်နှင့်မြို့ လည် ၃၅ လမ်း ၇၃ လမ်းနှင့်  ၇၈ လမ်းတလျှောက်တွင် အကြမ်းဖက်သမားများမှ ည ၁၁း၀၀ ကျော်ထိဆူပှုများပြုလုပ်နေ

မန္တလေးမြို့တွင်ဆူပူသောင်းကျန်းမှုတွင်ပါဝင်သည်ဟုယူဆရသုံးဦးကိုဖမ်းဆီးထိန်းသိမ်းနေစဉ်
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
မန္တလေးမြို့တွင်ဆူပူသောင်းကျန်း
မှုတွင်ပါဝင်သည်ဟုယူဆရသုံးဦးကိုဖမ်းဆီးထိန်းသိမ်းနေစဉ်
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
မန္တလေးမြို့ သစ် သိုးခြံရပ်ကွက်နှင့်မြို့ လည် ၃၅ လမ်း ၇၃ လမ်းနှင့်  ၇၈လမ်းတလျှောက် ရပ်ကွက်များတွင် ဆူပူအုံကြွမှုဖြစ်စေရန် လှုံ့ ဆော်မှုတချို့ဖြစ်ပွားခဲ့ သောလည်းရပ်မိရပ်ဖများ လုံခြုံရေးတပ်ဖွဲ့ များနှင်
့အရပ်ဖက်လူမှုအဖွဲ့ အစည်းများမှ အချိန်မှီတားဆီးနိုင်ခဲ့ ပါသည်။ည၇နာရီခန့် အချိန်ကတည်းကပင် လှုံ့ ဆော်မှုတချို့ ပြုလုပ်ခဲ့ ကြကြောင်းရပ်ကွက်တွင်းနေထိုင်သူများမှပြောကြားခဲ့ ပြီး ည ၁၁နာရီခန်
့တွင်ဆိုင်ကယ်များဖြင့် အော်ဟစ်ဆူညံရမ်းကားမှုများပြုလုပ်နေကြောင်းသတင်းရရှိသည်။