Pages

Wednesday, May 1, 2013

ချစ်သူမိန်းကလေးကို ဓားဖြင့်ထိုးပြီး နေရာ၌ပင် ပိုးသတ်ဆေးသောက်သေ

Wednesday,May01,2013

ရန်ကုန်- မြောက်ဥက္ကလာပမြို့နယ် ရွှေပေါကံ္ကမြို့သစ်ရှိ အအေးဆိုင်တစ်ခုတွင် ဧပြီ ၂၉ ရက်ညနေက ချစ်သူစုံတွဲချင်းစကား များရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း
ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဥက္ကံ အကြမ်းဖက်မှု အုပ်ချုပ်ရေးမှူး ဦးဆောင်ခဲ့၊ အပြင်က လူတွေနဲ့ ဒေသခံတွေ စနစ်တကျ တိုက်ခိုက်

1.5.2013

ဥက္ကံမြို့မှာ ဘာသာရေး လူမျိုးရေး အကြမ်းဖက် သမားတွေရဲ့ လုပ်ဆောင် ပုံနဲ့ ဖြစ်စဉ် တွေဟာ မိတ္ထီလာမှာ အကြမ်းဖက် မှုစတင် ခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့က ဖြစ်စဉ် တွေနဲ့ တူညီနေပြီး ဥက္ကံ အနီးတဝိုက်က ကျေးရွာ

တွေကိုမီးတင်ရှို့မှုမှာ ခြောက်တဲရွာအုပ်ချုပ် ရေးမှူးကိုယ်တိုင် ဦးဆောင် ပါဝင်တာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်း
ဆီး မှုတွေ ပြုလုပ် နေပြီလို့ ကမာရွတ် သတင်းထောက်က ဒေသခံတွေ၊ တာဝန်ရှိ သူတွေကို မေးမြန်း ထား
ချက်ကို အခြေခံပြီး ပြောဆိုခဲ့ ပါတယ်။

ရခိုင် အစီရင်ခံစာဟာ ပြည့်စုံမှု မရှိကြောင်း AI အဖွဲ့ကြီးက ဝေဖန်

Wednesday,May 01,2013

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ မြန်မာ၊ အီဂျစ်၊ အီရန်၊ ဆော်ဒီအာရေဗျနဲ့ တခြားနိုင်ငံတွေမှာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ပြဿနာတွေရှိနေကြောင်း ဖေါ်ပြထားပါတယ်။

ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ၊ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျူးလွန်သူဟု ယူဆထားသူ ၁၅ ဦးအား ရဲတပ်ဖွဲ့ဝင် ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းဆီး

ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ၊ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျူးလွန်သူဟု ယူဆထားသူ ၁၅ ဦးအား ရဲတပ်ဖွဲ့ဝင် ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းဆီးခဲ့

မေ- ၁
ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ်မှာ မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက် ရှိနေကြောင်း ဥကံ္ကမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမြင့်မောင်က မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ တွင် ဖြေကြားခဲ့သည်။

ဥကံ္ကမြို့တွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက မူစလင် အမျိုးသမီး တစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ၀င်ရောက် တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အား အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁ ရက်နေ့နံနက် ၃ နာရီခွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား ပါဝင်ကျူးလွန်သူများဟု သံသယရှိသူ ၁၅ ဦးကို မေလ ၁ ရက် နံနက် ၁ နာရီ ခွဲတွင် ရဲတပ်ဖွဲ့အင်အား ၁၀၀ ၀န်းကျင်ဖြင့် ဥကံ္ကမြို့၊ ပနီပင်ကျေးရွာအတွင်း ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးခဲ့ရာတွင် ဂျင်ကလိ ၁၃ ခု၊ ဓားမတစ်ချောင်းနှင့် လေးခွ ၂ ခုတို့ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က''ဒီဖြစ်စဉ်က ဒီလောက် ဖြစ်သွားစရာ အကြောင်းမရှိဘူး။ အဓိကတော့ ပြည်သူအချို့က အသိဥာဏ် မရှိလို့ဘဲ။ အခုလို ပဋိပက္ခ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင်တော့ နိုင်ငံတကာ ထိုးနှက်မှုတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ဆက်လက်မဖြစ်ပွားဖို့ ပါဝင်ကျူးလွန်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ထိရောက်စွာ အရေးယူသွားပါမယ်။ ကျူးလွန်ခဲ့တယ်လို့ ယူဆထားပြီး ဖမ်းဆီး စစ်ဆေးနေတဲ့ ၁၅ ဦးလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်း အရဆိုရင် ကျူးလွန်သူတွေ အများကြီး ကျန်ရှိနေသေးတယ်။ ဒါကြောင့် ဆက်လက် ဖမ်းဆီးသွား ပါမယ်။'' ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ၁၅ ဦးအနက်မှ ၉ ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ကျန် ၆ ဦးကို အင်းစိန်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက် ရှိကြောင်း ဥက္ကံရဲ စခန်း တွင် ဖြစ်စဉ်အား လာရောက် ထိန်းသိမ်းနေသည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က မေ ၁ ရက်နေ့ နံနက် ၄ နာရီက ပြောကြားခဲ့သည်။

''အခုဥကံ္ကမြို့ပေါ် ရပ်ကွက်တွေရော ကျေးရွာတွေ အားလုံးမှာ တင်းမာမှုတွေ၊ ပဋိပက္ခ ဖြစ်စဉ်တွေ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ လှုံခြုံရေး အရတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတုန်းပါဘဲ'' ဟု မေလ ၁ ရက် နံနက် ၁၀ နာရီ ၅၀ တွင် ဥကံ္က မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

ဥက္ကံပဋိပက္ခ ဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး အနက်မှ ဇော်ဇော်နိုင် ဆိုသူမှာ မေ ၁ ရက်နေ့ နံနက် တစ်နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပဋိပက္ခ ဖြစ်စဉ်အတွင်း မီးလောင်မှုကြောင့် နေအိမ် ၈၁ လုံး ဗလီတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များနှင့် ဆိုင်ခန်း ၅၀ ၀န်းကျင် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဥကံ္ကမြို့အတွင်း ပဋိပက္ခဆက်လက်ဖြစ်ပွားခဲ့ပါက အမြန်ဆုံးထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင် အင်အား တိုးချဲ့ထားသည့်အပြင် တပ်မတော်သားများကိုလည်း လုံခြုံရေး ဆောင်ရွက်ရန် ရောက် ရှိနေကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

Eleven Media Group

မ- ၁
ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ်မှာ မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်

လျက် ရှိနေကြောင်း ဥကံ္ကမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမြင့်မောင်က မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ တွင် ဖြေကြားခဲ့သည်။

MM ရောင်နက်ဗလီမှ အကြမ်းဖက်တိုက်ခိုက်ခြင်းခံရ၍ ဒုက္ခရောက်နေသော ဥက္ကံမြို့မှ မွတ်စ်လင်မ်ညီနောင်များထံသို အကူအညီများ ပေးပို့မည် ”

အစွန်းရောက် အကြမ်းဖက် ဗုဒ္ဓဘာသာ ၉၆၉ ဂိုဏ်းဝင်များ၏အကြမ်းဖက်တိုက်ခိုက်ခြင်းခံရ၍ဒုက္ခရောက်နေ
သော ဥက္ကံမြို့မှ မွတ်စ်လင်မ်ညီနောင်များထံသို့ အဝတ်အထည်၊ ဆန်နှင့် အစားအစာ၊ သောက်ရေသန့်များ သွားရောက်ပေးပို့လှူဒါန်းနိုင်ရန်အတွက် အမ် အမ် ရောင်နက်ဗလီ ဂျမာအသ်သားများက စီစဉ်ဆောင်ရွက်
လျက်ရှိပါသည်။

ဥက္ကံက ဒုက္ခသည်တွေ အမိုးအကာမဲ့စွာ နေထိုင်နေရ၊ ရဲတပ်ဖွဲ့က အကြမ်းဖက်သမားများကို ထပ်မံဖမ်းဆီးရန် ပြင်ဆင်နေ

ဥက္ကံမြို့ပေါ်ကဗလီတစ်လုံး၊ဆိုင်ခန်း၁၅ခန်းနဲ့အိမ်ခြေ ၅၃လုံး၊ ကျေးရွာ ၃ရွာက အိမ်ခြေ ၁၁ဝတို့ဟာ အကြမ်း
ဖက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်ခဲ့တဲ့ မိသားစုဝင်တွေဟာ ချောင်းကမ်းပါးတွေနံဘေးမှာ အမိုး
အကာမဲ့ ယာယီနေထိုင်နေရဆဲဖြစ်ပြီး ဒုက္ခသည်စခန်းဆောက်လုပ်ပြီး ကူညီကယ်ဆယ်တာလည်း မရှိသလို ကူညီထောက်ပံ့ရေးတွေလည်း ကင်းမဲ့နေဆဲဖြစ်ပါတယ်။

ပီရူးတွင် မိုးပျံလေဘောလုံး ပျက်ကျမှုအတွင်း လူ ၂ ဦး ပျောက်ဆုံး

ပီရူးတွင် မိုးပျံလေဘောလုံး ပျက်ကျမှုအတွင်း လူ ၂ ဦး ပျောက်ဆုံး

ပီရူးနိုင်ငံတွင် မိုးပျံ လေဘောလုံးတစ်ခု ပျက်ကျမှုကြောင့် လူ(၂)ဦး ပျောက်ဆုံးလျှက် ရှိနေကြောင်း သတင်း
များက ဖော်ပြခဲ့သည်။ လေဘောလုံးသည် ပစိဖိတ် သမုဒ္ဒရာအတွင်း ပျက်ကျသွားခြင်း ဖြစ်ပြီး ယင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီး (၅)ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပီရူး အာဏာပိုင်များက ပြောကြား
ခဲ့သည်။

ဥက္ကံမြို့အကြမ်းဖက်သက်ဖြတ်ခံရမှုတွင် သေဆုံးခဲ့ရသူ အစ္စလာမ်ဘာဝာ၀င်တစ်ဦးရဲ့ ဂျနဇာဟ် ရေဝေးတွင်ပြုလုပ်

သာသနာ့အာဇာနည် ရှဟီဒီများအား မနှေးယခုအလေးပြုပါသည်။
အို - မုအ်မင်န် စစ်မှန်သောယုံကြည်သူအပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သတ်ဖြတ်ခြင်းခံရသောသူတို့အား သူသေများဟူ၍ မပြောဆိုကြကုန်နှင့်။ (ယင်းသူတို့သည် သူသေများ) အလျှင်းမဟုတ်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ အသက်ရှင်လျက်ပင် ရှိကြလေသည်။ အသင်တို့သည် (ထိုအကြောင်းကို) တွေးဆ ဆင်ခြင် မသိမမြင်နိုင်ကြချေ။ ကုရ်အာန်ကျမ်းမြတ် (၂း၁၅၄)
By: Haji Zaw Tun

ဥက္ကံမြို့အကြမ်းဖက်သက်ဖြတ်ခံရမှုတွင် သေဆုံးခဲ့ရသူ အစ္စလာမ်ဘာဝာ၀င်တစ်ဦးရဲ့ ဂျနဇာဟ် ရေဝေး
တွင်ယနေ့ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်။

တောင်ကိုရီးယားနိုင်ငံ နှင့် အစ္စလာမ်ဘာသာရောက်ရှိလာပုံ


Mmedia၁၉၅၀-ခုနှစ် ဇွန်လ ကိုရီးယားစစ်ပွဲအပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပါဝင်
ရောက်ရှိ လာတဲ့ တူရကီတပ်မတော်မှ ညီနောင်များမှ စတင် သာသနာပြုခဲ့တာပါ။ ၁၉၅၅-ခုနှစ် စက်တင်
ဘာလမှာ တပ်သားနှစ်ဦးဖြစ်တဲ့ ‘ဇူဘာကောခ်ျ’ (Zubercoch) နဲ့ ‘အဗ္ဗဒူ ရာမန်’ (Abdul Rahman) တို့က ယာယီတဲတစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်အဖြစ်အသုံးပြုကာ အစ္စလာမ်သာသနာ ကိုသင်ကြားပြသခဲ့ပါတယ်။

"ဥက္ကံပဋိပက္ခအတွင်း သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီး"

"ဥက္ကံပဋိပက္ခအတွင်း သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီး"

ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို လှုံဆော်သူလို့ သံသယရှိတဲ့ ဒေသခံ ၁၈ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း RFA က စုံစမ်းသိရပါတယ်။

သံသယရှိသူ ၁၈ ဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နဲ့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ စစ်ကြောရေးစခန်းတွေမှာ နှစ်နေရာခွဲပြီး စစ်ဆေးမေးမြန်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဧပြီ  ၃၀ ရက်ညနေပိုင်းမှာ ဥက္ကံမြို့ သကြားစက်ပတ်ဝန်းကျင်က  အစ္စလာမ်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ ရတနာကုန်း၊ပနီပင်၊ ခြောက်သဲနဲ့ သဲကုန်းကျေးရွာတွေက အိမ်ခြေ ၁၀၀ ကျော်ကို လူအုပ်စုလိုက် ဝင်ရောက် ဖျက်စီး၊မီးရှို့တာတွေ ပြုလုပ်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားတယ်လို့ ဥက္ကံမြို့က ရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့မဈေးကို သုံးရက်ကြာ ပိတ်ထားလိုက်ပြီး၊ဥက္ကံမြို့နဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေကို ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန် ကြေညထားပါတယ်။

ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ရန်ကုန်ဆေးရံကြီး ကို တင်ပို့ဆေးကုသမှု ခံယူစေတဲ့ ကိုတင်ဝင်း၊ကိုဇော်နိုင်နဲ့ကိုအီစမန်တို့ထဲက အစ္စလာမ်ဘာသာဝင် ကိုဇော်နိုင်က ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ဥက္ကံမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသူ ၁၀ ဦး ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို လှုံဆော်သူလို့ သံသယရှိ
တဲ့ ဒေသခံ ၁၈ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း RFA က စုံစမ်းသိရပါတယ်။

ဝံကိုက်ရွာအား ယနေ နေ့လည် ၂-နာရီခွဲခန့် ကအကြမ်းဖက်သမားများမှ မီးရှို့ရန် ကြံစည်

မေလ ၁၊ ၂၀၁၃

ဝံကိုက်ရွာ ။ ။ ဥက္ကံရွာအလွန်မှ မွတ်စလင်မ်များနေထိုင်သည့် ရွာတစ်ရွာဖြစ်သည့် ၀ံကိုက်ရွာအား အကြမ်း

ဖက်သမားများမှ ယနေ နေ့လည် ၂-နာရီခွဲခန့်က ၀င်ရောက်ပြီး မီးရှို့ရန် ပြုလုပ်ခဲ့သည်။ ဥကံ္ကမြို့အလွန်တွင်
ရှိသည့် မွတ်စလင်မ်များနေထိုင်သည့်ဝံကိုက်ရွာကိုဝန်းကျင်ရွာမှ အကြမ်းဖက်သမား ၆၀-ခန့်က တက်လာပြီး
ဝံကိုက်ရွာထဲဝင်ရောက်လာခဲ့သည်။

သံလွင်အရှေ့ခြမ်းသို့ တိုက်ပွဲပျံ့လာမည်ကို UWSA မလိုလား - စစ်ရေးအသင့်ပြင်နေ

သံလွင်အရှေ့ခြမ်းသို့ တိုက်ပွဲပျံ့လာမည်ကို UWSA မလိုလား - စစ်ရေးအသင့်ပြင်နေ
Tuesday, April 30, 2013 Posted by သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်နှင့်မြန်မာအစိုးရစစ်တပ်တို့အင်အားအပြိုင်တိုးချမှုကြောင့် တိုက်ပွဲများ သံလွင်အရှေ့ခြမ်းသို့ပျံ့နှံ့ လာမည့်အရေး ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ စိုးရိမ်သဖြင့် ၎င်းတို့ဘက်မှလည်း အင်အားဖြည့်တင်း အသင့်ပြင် ဆင်ထားကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။


“အစိုးရက ပစ်မှတ်ထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ လွယ်ခေါက်၊ လွယ်စေး၊ လွယ်ချို၊ လွယ်လန်းဘက်ကို အင်အားတွေ တိုး ချလာတယ်။ သျှမ်းပြည်တပ်မတော်ဘက်ကလဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အင်အားတွေတိုးဖြည့်ထားတယ်။ နှစ်ဘက်တင်း မာနေတဲ့အခြေအနေမှာ UWSA ဘက်ကလဲ သူတို့ဘက်ကို တိုက်ပွဲပျံ့သွားမှာစိုးလို့ထင်တယ်။ အသင့်ပြင်နေတယ် ” ဟု သျှမ်းပြည်တပ်မတော် အရာရှိတဦးကပြောသည်။

ဗိုလ်ချုပ်ပန်ဖှဦးဆောင်သော SSPP/SSA က အဆိုပါတောင်ကုန်းများအားလက်လွတ်ရပါက ဝ တပ်ဖွဲ့ အနေဖြင့်လည်း လွယ်စေးတောင်အား မြန်မာ့တပ်မတော်လက်ထဲသို့မကျရောက်စေလိုခြင်းဖြစ်ကြောင်း၊ မြောက်ပိုင်း၌ တပ်အင်အား အသင့်ချထားသကဲ့သို့ တောင်ပိုင်း၌လည်း အားမလျော့စေဘဲ စစ်အင်အားအသင့်ပြင်ထားကြောင်း နီးစပ်သည့် သျှမ်းပြည်တပ်မတော် အရာရှိကဆက်လက် ပြောပြသည်။

“လွယ်စေးတောင်ကနေကြည့်ရင် ပန်ဆန်းမြို့ထဲကိုကောင်းကောင်းတွေ့ရတယ်လေ။ ဒီတောင်ဟာ ပန်ဆန်းမြို့ကိုဝင်ဖို့ အဓိက တံခါးတချပ်လို့တောင်ပြောလို့ရတယ်။ ဒါကြောင့်ဒီတောင်ကို မြန်မာစစ်တပ်က အခြေကုပ်ရယူနိုင်ရင် ဝ တပ်ဖွဲ့ အတွက် အခွင့်မသာတော့ဘူးလေ။ အရင်အပတ်ကလဲ မြန်မာစစ်တပ်ဘက်က တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေ ပို့ဆောင်ထားလို့ ၀ အနေနဲ့လဲ စိတ်မချနိုင်တော့ဘူးလေ” ဟု ဆိုပါသည်။

“သင်္ကြန်တုန်းကလဲ ဘယ်တပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းလဲ မသိဘူး၊ ကျမတို့ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲက ဝ တပ် ဘက်အသွားလမ်းမှာဘဲ။ လားဟူအမျိုးသား နှစ်ဦးစီးလာတဲ့ဆိုင်က တက်နင်းမိလို့ ပေါက်ကွဲတာ။ နှစ်ယောက်စလုံးပွဲ ချင်းပြီးဘဲ။ ကိုယ်ခန္ဓာတွေ အပိုင်းပိုင်းဖြစ်သွားတယ်။ ဆိုင်ကယ်လဲ မီးလောင်လွှင့်စင်သွားတယ်” - ဟု ပုံပါကျင် ဒေသခံ ဝန်ထမ်း တဦးက ပြောသည်။

သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့လည်း မြောက်ပိုင်းစစ်ရေးတင်းမာမှု ကြောင့် ၎င်းတို့တပ်ဖွဲ့အား မြန်မာစစ်တပ်မှ အကြပ်ကိုင်ဖိအားပေးမှုမပြုလုပ်နိုင်ရန် စစ်ရေးအပြင် လုံခြုံရေးပါတိုးမြှင့် ထားကြောင်း၊ ယခင်လူထုဖြတ်သန်းသွားလာသည့် ဝ တပ်ဖွဲ့ ထိန်းချုပ်(ဒေသခံများအားသွားလာခွင့်ပြုထားသည့် တရားမဝင်နယ်ခြားဂိတ်) နယ်ခြားဂိတ်တွင်လည်း ပိတ်ပင်ထားကြောင်း၊ ထိုင်းဘက်ခြမ်းစားသုံးကုန်အားကိုးနေရသည့် မိုင်းတုံမြို့နယ် ဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်း- ပုံပါကျင် ဒေသခံ အိုက်ဆွယ့်က ပြောပါသည်။

လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်ကြားဒေသအတွင်း အစိုးရ တပ်နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့ အင်အား ၅၀၀၀ ထပ်မနည်း အပြိုင်တိုးချကာ စစ်ရေးတင်းမာနေသဖြင့် ဝပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ထိုသို့စိုးရိမ်နေ ခြင်းဖြစ်ပါသည်။


သျှမ်းသံတော်ဆင့်
 ရိက္ခာပို့မြန်မာစစ်ယာဉ်တန်း (ဓါတ်ပုံ- FBR)


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ။
ရိက္ခာပို့မြန်မာစစ်ယာဉ်တန်း (ဓါတ်ပုံ- FBR)
Tuesday, April 30, 2013
သျှမ်းပြည်တပ်မတော်နှင့်မြန်မာအ
စိုးရစစ်တပ်တို့အင်အားအပြိုင်တိုးချမှုကြောင့်တိုက်ပွဲများသံလွင်အရှေ့
ခြမ်းသို့ပျံ့နှံ့ လာမည့်အရေး ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ စိုးရိမ်သဖြင့် ၎င်းတို့ဘက်မှလည်း အင်အားဖြည့်တင်း အသင့်ပြင် ဆင်ထားကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

ဘင်္ဂလာဒေခ်ျ့တွင် ဧပြီတစ်လတည်း အတွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၄၁၄ ဦးရှိ

ဘင်္ဂလာဒေခ်ျ့တွင် ဧပြီတစ်လတည်း အတွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၄၁၄ ဦးရှိ

မေလ ၁ ရက် ၂၀၁၃

မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လွန်ခဲ့တဲ့ ဧပြီ တစ်လ တည်းအတွင်းမှာ အကြမ်းဖက် ခံရသူ အမျိုးသမီး အရေ အတွက်ဟာ ၄၁၄ ဦးထိ ရှိခဲ့တယ်လို့  ဘင်္ဂလာဒေခ်ျ့ အမျိုးသမီး အဖွဲ့ချုပ် Bangladesh Mahila Parishad ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အဲဒီ ၄၁၄ ဦးထဲမှာ ၁၀၂ ဦးကတော့ မုဒိမ်းကျင့်ခံခဲ့ရပြီး အဲဒီအထဲက ၁၇ ဦးကတော့ အုပ်စု လိုက် ကျင့်ခံခဲ့ရတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ၇ ဦးကတော့ မုဒိမ်းကျင့်ပြီးနောက် အသတ်ခံခဲ့ရ တယ်လို့ ပြောပါတယ်။

အမျိုးသမီး ၁၆ ဦးကတော့ မုဒိမ်းကျင့်ဖို့ ကြိုးစားတာကို ခံခဲ့ရပြီး ၁၃ ဦးကတော့ မဖွယ်မရာ ဆက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ အက်ဆစ်နဲ့ ပက်ခံရတဲ့ အမျိုးသမီးက  ၃ ဦးရှိပြီး ၄ ဦးကတော့ မီးရှို့ တိုက်ခိုက် ခံခဲ့ရပြီး အဲဒီအထဲက သုံးဦးကတော့ သေဆုံးကုန်တယ်လို့ ပြောပါတယ်။ အမျိုးသမီး ၅ ဦးကတော့ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဖေါ်ပြပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ် ၆၄ ဦး ဟာ ဧပြီ တစ်လတည်း အတွင်းမှာ အသတ်ခံခဲ့ရပြီး လူကုန်ကူးမူ ၄ မူ ရှိခဲ့တယ်လို့ ပြောပါတယ်။ အမျိုးသမီး ၄၆ ဦးကတော့ အမျိုးသားဖြစ်သူကို လက်ထပ်စဉ်က ပေးဆောင်ရမယ့် ခန်းဝင် ပစ္စည်းတွေ ( ရွှေ၊ငွေ၊ ရေခဲသေတ္တာ၊ တီဗီ၊ ဆိုဖာ၊ အဲယားကောင့်စတဲ့ ပစ္စည်းများ) မပေးဆောင်နိုင်တဲ့ အတွက် ညှဉ်းပမ်း နှိပ်စက်ခံခဲ့ရပြီး အဲဒီအထဲက ၂၅ ဦးကတော့ အသတ်ခံခဲ့ရပါတယ်။

အမျိုးသမီးနှစ်ဦးကတော့ အိမ်တွင်း နှိပ်စက်မူကို ခံခဲ့ရတယ်လို့ ပြောပါတယ်။ အမျိုးသားတွေရဲ့ နှောင့်ယှက် စော်ကား တာကို ခံခဲ့ရတဲ့ အမျိုးသမီးက ၄၅ ဦးရှိပြီး အဲဒီအထဲက တစ်ဦးကတော့ မိမိကိုယ်ကို သတ်သေသွားခဲ့တယ်လို့ ပြောပါတယ်။

အရေအတွက် ၃၀ ထက်များတဲ့ အမျိုးသမီးတွေဟာ အမျိုးမျိုးသော အကြမ်းဖက်မူတွေကြောင့်  မိမိကိုယ်ကို သတ်သေ ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အသက်မပြည့်တဲ့ ကလေးမလေး တစ်ဦးကတော့ အရွယ်မတိုင်မီ အတင်း အိမ်ထောင်ပြု ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အခု စုဆောင်းထားတဲ့ အရေအတွက်ဟာ ဘင်္ဂလာဒေခ်ျ့က ထုတ်ဝေတဲ့ သတင်းစာတွေပါ ကိန်းဂဏန်းတွေကို စုဆောင်း ကောက်ယူဖေါ်ပြတာ ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့က ဆိုပါတယ်။

Narinjara

မေလ ၁ ရက် ၂၀၁၃

မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လွန်ခဲ့တဲ့ ဧပြီ တစ်လ တည်းအတွင်းမှာ အကြမ်းဖက် ခံရသူ အ
မျိုးသမီး အရေ အတွက်ဟာ ၄၁၄ ဦးထိရှိခဲ့တယ်လို့ဘင်္ဂလာဒေခ်ျ့ အမျိုးသမီး အဖွဲ့ချုပ် Bangladesh Mahila
Parishad ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အဲဒီ ၄၁၄ ဦးထဲမှာ ၁၀၂ ဦးကတော့ မုဒိမ်းကျင့်ခံခဲ့ရပြီး အဲဒီအထဲ
က ၁၇ ဦးကတော့ အုပ်စု လိုက် ကျင့်ခံခဲ့ရတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ၇ ဦးကတော့ မုဒိမ်းကျင့်ပြီးနောက် အသတ်ခံခဲ့ရ တယ်လို့ ပြောပါတယ်။

မေလ ၃ ရက်နေ့တွင် တကျော့ပြန် အကြမ်းဖက် ဖျက်ဆီးမှုများပြုလုပ်ရန် ဇီးကုန်းမြို့တွင် လှုံ့ဆော်မှုများပြုလုပ်နေ

မေလ ၃ ရက်နေ့တွင် တကျော့ပြန် အကြမ်းဖက် ဖျက်ဆီးမှုများပြုလုပ်ရန် ဇီးကုန်းမြို့တွင် လှုံ့ဆော်မှုများပြုလုပ်နေ
================
မေလ ၁၊ ၂၀၁၃
M-Medai
သတင်း - ဆုံမှတ် 

ဇီးကုန်း။ ။ “ ဒို့ဗမာအစည်းအရုံး သီချင်းအား ရက်(စ်)ပါ သီချင်းဖြင့် လိုက်လံနှိုးဆော်နေပါတယ်။ အခု မေလ ၂ရက်နေ့မှာ ဘုန်းတော်ကြီးများ စာမေးပွဲ ရှိတာကို အခွင့်ကောင်း ယူပြီး လှုံဆော်နေတာပါ၊ သရက်တပင် အုပ်စု အုတ်ဖိုစု ကျောင်းမှ ဦးဥတ္တမ ရဲ့တပည့်ဖြစ်သူ သံဝရ ဆိုသူ ကိုယ်တော်မှ မေလ (၃)ရက်နေ့တွင် အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ကြရန် အခြား ဘုန်းကြီးကျောင်းများကို နှိုးဆော်နေပါတယ်၊ ဇီးကုန်းမြို့နေ မွတ်စလင်များမှာ အိမ်ပိတ်၊ ဆိုင်ပိတ်၊ ပစ္စည်းများ သိမ်းပြီး ရွှေ့ပြောင်းနေရပါတယ်၊ ဘုန်းကြီးတွေ ပါလာသည်ကို ပို၍ စိုးရိမ်နေကြပါတယ်၊ လက်ရှိ တာဝန်ကျနေသူ ဗိုလ်မှူးကြီး ရဲသွေးအောင်မှ မြို့မှ ယုံကြည်ရသူများနှင့် အကောင်းဆုံး ဖြေရှင်းသွားမည်ဟု ကတိပေးထားသော်လည်း ပြီးခဲ့သည့် မတ်လက အကြမ်းဖက်ခံရသည့် အချိန်ကလဲ ယခုလို ကတိပေးရင်း အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသဖြင့်  ဒေသခံများမှာ မယုံကြည်ကြတော့ပါ ” ဟု M-Media သို့ပြောသည်။

 မတ်လ အတွင်း အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည့် ဇီးကုန်းမြို့၏ မြို့နယ် အုပ်ချုပ်ရေးမှူး မှာ ရခိုင်လူမျိုး ဦးကျော်မြင့်လှိုင် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် အရေးအခင်း ကာလက ၎င်းဦးကျော်မြင့်လှိုင်၏ လှုပ်ရှားမူနှင့် ပတ်သက်၍ - “ ၂၆ရက်နေ့နဲ့ ၂၇ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု့မှာ သူက အစ္စလာမ်ဘာသာဝင်တွေ အိမ်ကို ဖျက်နေတဲ့ အကြမ်းဖက်သူတွေကို “မင်းတို့ ဖြေးဖြေးတာ ဖျက်ကြ ၊ စိတ်အေးလက်အေး သာဖျက်ကြ၊ လူမသတ်နဲ့၊ မီးမရှိ့နဲ့”လို့ သူကိုယ်တိုင် အော်ပြောတာကို ကျွန်တော်ကိုယ်တိုင် နားနဲ့ ဆက်ဆက်ကြားပြီး မြင်ပါတယ်” ဟု  ဒေသခံ ဗုဒ္ဓဘာသာဝင် တစ်ဦးမှ M-Media သို့ပြောသည်။

 အဆိုပါ ဇီးကုန်းမြို့မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်မှာ တစ်ဖက်က ရခိုင်ပဋိပက္ခနှင့် စပ်ဆက်သည့်  စာရွက် စာတမ်းများအား ဝေခြင်း၊ ၉၆၉ အဖွဲ့နှင့် ပေါင်းခြင်း ဖြင့် လှုပ်ရှားနေသူ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

 ပဲခူးတိုင်း၊ ဇီးကုန်းမြို့သည် ၀န်ကြီး ဦးဥာဏ်ဝင်း၊ ဒုတိယ သမ္နတ ဦးဥာဏ်ထွန်း တို့နေထိုင်ရာ မြို့ဖြစ်ကြောင်း သိရသည်။ 

ဓါတ်ပုံအညွှန်း- မတ်လ ၂၆ နှင့် ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများ ဖျက်ဆီးမှုကြောင့် ဇီးကုန်းဂျာမေဗလီနှင့် ဆိုင်ခန်းများရဲ့ အပျက်အဆီးများပုံဖြစ်ပါတယ်။

မတ်လတွင်း အကြမ်းဖက်သမားများကြောင့် ဇီးကုန်းမြို့နယ် ဖျက်ဆီးခံရမှု့ မှတ်တမ်းနှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်းအချို့ 
http://www.m-mediagroup.com/news/12814
ဓါတ်ပုံအညွှန်း- မတ်လ ၂၆ နှင့် ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများ ဖျက်ဆီးမှုကြောင့် ဇီးကုန်းဂျာမေဗလီနှင့် ဆိုင်ခန်းများရဲ့ အပျက်အဆီးများ
မေလ ၁၊ ၂၀၁၃

ဇီးကုန်း။ ။ “ ဒို့ဗမာအစည်းအရုံး သီချင်းအား ရက်(စ်)ပါ သီချင်းဖြင့် လိုက်လံနှိုးဆော်နေပါတယ်။ အခု မေလ ၂ရက်နေ့မှာ ဘုန်းတော်ကြီးများ စာမေးပွဲ ရှိတာကို အခွင့်ကောင်း ယူပြီး လှုံဆော်နေတာပါ၊ သရက်တပင် အုပ်စု အုတ်ဖိုစု ကျောင်းမှဦးဥတ္တမ ရဲ့တပည့်ဖြစ်သူသံဝရဆိုသူကိုယ်တော်မှ မေလ (၃)ရက်နေ့တွင် အကြမ်း

ဖက် ဖျက်ဆီးမှုများ ပြုလုပ်ကြရန် အခြား ဘုန်းကြီးကျောင်းများကို နှိုးဆော်နေပါတယ်၊

ဗျူဟာအခင်းအကျင်းများနဲ့ ဖုန်းဈေးကွက်လုပွဲ

ရန်ကုန်၊ ဧပြီ- ၂၉

မြန်မာနိုင်ငံတွင် လာမည့် ဇွန်လ၂၇ ရက်၌ ဆန်ခါတင်ရွေးချယ်ထားသော မိုဘိုင်းဖုန်းကုမ္ပဏီ ၁၂ခုထဲမှ နှစ်ခု

ကို လုပ်ပိုင်ခွင့်အတွက် ရွေးချယ်တော့မည်ဖြစ်ပါသည်။ ထူးခြားမှုတစ်ခုမှာ မကြီးမားလှသော ဆဲလ်ဖုန်းကုမ္ပ
ဏီတစ်ခုဖြစ်သည့် Digicel Group Ltd သည်လည်း ကုမ္ပဏီကြီးများနှင့် အပြိုင်လေလံဆွဲနိုင်မည့် ဆန်ခါတင်
စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

ပြန်လည်နိုးထလာမည့် မြန်မာပြည်က သေမင်းတမန်ရထားလမ်း

ပြန်လည်နိုးထလာမည့် မြန်မာပြည်က သေမင်းတမန်ရထားလမ်း

ရေးသားသူ- ထားထားမြင့်

ဒုတိယ ကမ္ဘာစစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တို့ကို ဆက်သွယ်ထားသော သေမင်းတမန်ရထားလမ်းကို မြန်မာနိုင်ငံက ပြန်လည်ပြုပြင် ဖွင့်လှစ်ရန် လေ့လာတိုင်းတာမှုများ ပြုလုပ်နေပြီဖြစ်သည်။

နှစ်ပေါင်း ၇၀ နီးပါး အသုံးပြုခြင်း မရှိသော ရထားလမ်းကို ပြန်လည်ပြုပြင်လိုသည့် ရည်ရွယ်ချက်မှာ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်ရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်သည်။

“သေမင်းတမန် ရထားလမ်းကို အမှီပြုပြီး အိမ်နီးချင်းနိုင်ငံတွေက ခရီးစဉ်တွေ ကြော်ငြာနေတာ ကြာပြီ။ မြန်မာနိုင်ငံမှာက အခုမှစပြီး ခရီးစဉ်ရောင်းရမှာ နောက်တောင်ကျနေပြီ။ ဒီရထားလမ်းမှာ သေဆုံးခဲ့တဲ့ သူတွေရဲ့ မိသားစုဝင်တွေကလည်း လာကြည့်ချင်ကြတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌဦးဖြိုးဝေရာဇာက ပြောသည်။ 

အိမ်နီးနားချင်း ထိုင်းနိုင်ငံကမူ အဆိုပါ ရထားလမ်းကို အသုံးချ၍ ခရီးသွားလုပ်ငန်းမှ ၀င်ငွေရရှိနေသည်မှာ ရာစုနှစ်အတော်ကြာ ရှိနေပြီဖြစ်သည်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှ ၁၂၈ ကီလိုမီတာ ဝေးကွာသော အဆိုပါ နေရာကို ခရီးစဉ်အမျိုးမျိုးဖြင့် ကမ္ဘာတစ်ဝန်းမှ ခရီးသည်များ လာရောက်လည်ပတ်လျက်ရှိသည်။

“အဲဒီရထားလမ်းကို သွားချင်ရင် ထိုင်းဘက်က သွားရတာက ပိုအဆင်ပြေတယ်။ ခရီးသွားကုမ္ပဏီတွေက ဘန်ကောက်ကနေ တစ်ညအိပ် နှစ်ရက်ခရီးတွေ စီစဉ်ပေးတယ်။ လမ်းတွေလည်း ကောင်းတယ်။ အဲဒီမှာ အမှတ်တရဆိုင်တွေ ပြတိုက်တွေ ထိုင်းနိုင်ငံက အကုန်လုပ်ထားပေးတယ်။ မြစ်တစ်လျှောက်လှေစီးလို့လည်း ရတယ်။ ရထားလည်း စီးလို့ရတယ်”ဟု မကြာသေးမီက ထိုဒေသသွားရောက်လည်ပတ်ခဲ့သော ဒေါ်တင်စန်းက ပြောသည်။

ခရီးသွားများ စိတ်ဝင်စားသော နေရာဟုဆိုသော်လည်း ထိုနေရာကား ပျော်စရာရွှင်စရာ အလည်အပတ် ခရီးမျိုးမဟုတ်ဘဲ စစ်၏ ဆိုးကျိုးအနိဋ္ဌာရုံနှင့် အသက်ပေးခဲ့ကြသူများအတွက် သံဝေဂရစရာ အမှတ်တရ ပြန်ပြောင်းလေ့လာနိုင်သည့် ခရီးစဉ်မျိုးသာ ဖြစ်သည်။ 

၁၉၄၂ ခုနှစ် မြန်မာနိုင်ငံသို့  ထိုင်းနိုင်ငံမှတစ်ဆင့် ၀င်ရောက်လာသော ဂျပန်တပ်များက အရှေ့တောင်အာရှမှ ၎င်းတို့တပ်များကို စားနပ်ရိက္ခာပို့ရန်အတွက် မလက်ကာ ရေလက်ကြားနှင့် မုတ္တမပင်လယ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် မဟာမိတ်တပ်များက အဆိုပါလမ်းကြောင်းကို တိုက်ခိုက်လာသောအခါ ဂျပန်စစ်တပ်အတွက် လမ်းကြောင်းသစ်တစ်ခုရှာရန် လိုအပ်လာခဲ့သည်။ 

အဆိုပါ လမ်းကြောင်းသစ်က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်အကြား ၂၅၈ မိုင်ရှည်သော ရထားလမ်းဖောက်လုပ်ရန် ဖြစ်လာခဲ့သည်။

အဆိုပါ ရထားလမ်းကို အမြန်ဆုံးဖောက်လုပ်နိုင်ရန်အတွက် မြန်မာနှင့် အရှေ့တောင်အာရှနိုင်ငံများမှ လူတစ်သိန်းရှစ်သောင်းကို ချွေးတပ်ဆွဲခဲ့သကဲ့သို့ မဟာမိတ်စစ်သုံ့ပန်း ခြောက်သောင်းကိုလည်း ရထားလမ်းဖောက်လုပ်ရာတွင် ခိုင်းစေခဲ့သည်။

စစ်သုံ့ပန်းများကို ထိုင်းနှင့်မြန်မာ နှစ်နေရာခွဲကာ အပြိုင်ဖောက်လုပ်စေခဲ့ရာ ၁၉၄၃ ခုနှစ် အောက်တိုဘာလတွင် ရထားလမ်းနှစ်ခုဆုံဆည်းအောင် ဖောက်လုပ်နိုင်ခဲ့သည်။ သို့သော်လည်း ရထားလမ်းဖောက်လုပ်စဉ်က ဂျပန်တပ်များ၏ နှိပ်စက်မှု၊ ရောဂါဘယနှင့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုတို့ကြောင့် အာရှသားကိုးသောင်းကျော်နှင့် မဟာမိတ် စစ်သုံ့ပန်း ၁၆၀၀၀ သေဆုံးခဲ့ရသည်။

ထို့ကြောင့် သေမင်းတမန် ရထားလမ်းဟု နာမည်ဆိုးနှင့် ကမ္ဘာကျော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖြစ်အပျက်ကို ဒါရိုက်တာဒေးဗစ်လန်းက The Bridge on the River Kwai အမည်ဖြင့် ၁၉၅၇ ခုနှစ်က ရုပ်ရှင်ရိုက်ကူးခဲ့ရာ အော်စကာထူးချွန်ဆု ခုနစ်ဆုပင် ဆွတ်ခူးရရှိခဲ့သည်။

ယခု အဆိုပါ ရထားလမ်းပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ်စက်ရုံတစ်ခု ပိတ်ဆို့တည်ဆောက်ထားသဖြင့် မူလကဲ့သို့ ထိုင်း၊ မြန်မာ တောက်လျှောက်တစ်ဆက်တည်း ပြန်ဖြစ်ရန် လွယ်ကူသည့် အခြေအနေ မရှိချေ။

ထို့အပြင် မြန်မာနိုင်ငံက ရထားခင်း ဇလီဖားတုံးများနှင့် တချို့နေရာများက လူနေအိမ်ခြေများ ရော်ဘာစိုက်ခင်းများကြား တိမ်မြုပ်ပျောက်ကွယ်နေပြီ ဖြစ်သည်။

“ဒါပေမဲ့ အဲဒီဒေသမှာ ထိုင်းဘက်ကို ဘုရားသုံးဆူဘက်က အပြန်အလှန် ကုန်တွေအတော်များများ တင်ပို့နေတာတွေ့တယ်။ သေချာစနစ်တကျ လုပ်ပေးမယ်ဆိုရင် သံဖြူဇရပ်က နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးလာဖို့ရှိတယ်” ဟု ဒေါ်တင်စန်းက ဆိုသည်။

သေမင်းတမန် ရထားလမ်းကို ပြန်လည်ဖောက်လုပ်၍ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ဒေသဖွံ့ဖြိုးအောင် လုပ်ဆောင်မည်ဆိုသည့် သတင်းကမူ ဒေသခံများအတွက် သတင်းကောင်းတစ်ခုပင် ဖြစ်သည်။

အဆိုပါ ရထားလမ်းဖြင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်မှု နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်လာစေနိုင်သကဲ့သို့ လာရောက်လည်ပတ်မည့် ခရီးသည်များကြောင့် ဒေသခံများအတွက်
အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေနိုင်သည်။ 

ထို့ကြောင့် ပြန်လည်နိုးထလာမည့် သေမင်းတမန် ရထားလမ်းပေါ်တွင် အတိတ်က မှားယွင်းသော လုပ်ရပ်များကို နားလည်သင်ခန်းစာယူနိုင်သလို ဒေသခံများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း မျှော်လင့်ချက်ရောင်ခြည်များ သမ်းလာပြီဖြစ်သည်။

ဓာတ်ပုံ- AFP

ဒုတိယ ကမ္ဘာစစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တို့ကို ဆက်သွယ်ထားသော သေမင်းတမန်ရထားလမ်းကို မြန်မာနိုင်ငံက ပြန်လည်ပြုပြင် ဖွင့်လှစ်ရန် လေ့လာ
တိုင်းတာမှုများ ပြုလုပ်နေပြီဖြစ်သည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အောင်စိန်ချဉ်မျည် အ ထည်စက်ရုံက အလုပ်သမားများ မေဒေးနေ့မှာအလုပ်ဆင်ခိုင်းတာကြောင့် ဆန္ဒဖော်ထုပ်နေ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်း ရပ်ကွက် ရတနာပုံတက္ကသိုလ်လမ်းရှိ အောင်စိန်ချဉ်မျည်
အထည်စက်ရုံက အလုပ်သမား တစ်ရာကျော်ဟာ မနက် (၇)နာရီက စတင်ပြီး မေဒေးနေ့ ကမ္ဘာ့အလုပ်သမားနေ့မှာ  အလုပ် ဆင်းခိုင်းတာကြောင့်မှစတင်ပြီး တောင်းဆိုချက် (၅)ချက်နဲ့ ဆန္ဒဖော်ထုတ်နေကြပါတယ်။

အလုပ်ရှင် နှင့် အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ညှိနှိုင်းပေးတဲ့အချိန်ထိ ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ၊ ချစ်ကို

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်း ရပ်ကွက် ရတနာပုံတက္ကသိုလ်လမ်းရှိ အောင်စိန်ချဉ်မျည် အ
ထည်စက်ရုံက အလုပ်သမား တစ်ရာကျော်ဟာ မနက် (၇)နာရီက စတင်ပြီး ( မေဒေးနေ့) ကမ္ဘာ့အလုပ်သ
မားနေ့မှာ အလုပ် ဆင်းခိုင်းတာကြောင့်မှစတင်ပြီး တောင်းဆိုချက် (၅)ချက်နဲ့ ဆန္ဒဖော်ထုတ်နေကြပါတယ်။

"ငါ-ဘာကောင်လည်း၊ မင်းသိလား" ဆိုသူများဖတ်ရန် (ဟာသ)

"ငါ-ဘာကောင်လည်း၊ မင်းသိလား" ဆိုသူများဖတ်ရန်။


နယူးယောက်မြို့လေဆိပ်မှာပါ။ ယူနိုက်တက်အဲလိုင်းက လေယာဉ်တစီးမထွက်ဖြစ်ဘူး။ ဒါကြောင့် လေယာဉ်အေးဂျင့်အမျိုးသမီးလေးတယောက်ထဲ အဲဒီလေယာဉ်ပေါ်လိုက်ပါမဲ့ခရီးသည်တွေအတွက် နောက်လေယာဉ်ကိုပြန်ပြီးဘိုကင်လုပ်ပေးနေရတယ်။ သူမတဦးထဲမို့ ကောင်တာနောက်မှာ ရှုပ်ရှက်ခပ်အောင်လုပ်နေရတဲ့အချိန် စိတ်ဆိုးမာန်ဆိုးနဲ့ခရီသည်တယောက် လူတွေကိုတိုးဝှေ့ဖယ်ရှားပြီး ကောင်တာရှေ့ကိုရောက်လာတယ်။ ရောက်တာနဲ့လေယာဉ်လက်မှတ်ကို ကောင်တာပေါ်ခပ်ကြမ်းကြမ်းလေးရိုက်တင်လိုက်ပြီး "ငါ-ဒီလေယာဉ်ကိုစီးမဲ့ ပထမတန်းကခရီးသည်"
အေးဂျင့်-----"ဝမ်းနည်းပါတယ်ရှင်။ ကျမအရမ်းကူညီချင်ပါတယ်။ ဒါပေမဲ့ ဒီရှေ့ကခရီးသည်တွေကိုအရင်ဘိုကင်လုပ်ပေးရအုံးမယ်။ ပြီးရင် အသေအချာပဲရှင့်အလှည့်ရောက်မှာပါ။"
စိတ်ဆိုးမာန်ဆိုးခရီးသည်ကမကြေနပ်စွာနဲ့ သူ့နောက်ကခရီးသည်တွေအကုန်ကြားရလောက်တဲ့လေသံမာနဲ့ 

"ငါ-ဘာကောင်လည်းဆိုတာ မင်းသိလား။"

အေးဂျင့်လည်း လုံးဝတုန့်ဆိုင်းမှုမရှိပဲ ခပ်ပြုံးပြုံးလေးနဲ့သူမရှေ့မှာရှိနေတဲ့ မိုက်ခရိုဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး "ကျေးဇူးပြုပြီးအားလုံးနားထောင်ပေးပါ၊" သူမရဲ့အသံ လေယာဉ်ကွင်းတခုလုံးမှာ ပြတ်သား၊ ကြည်လွင်၊ ကျယ်လောင်စွာထွက်ပေါ်လာတယ်။ "ကျမတို့ရဲ့ဂိတ်အမှတ် ၁၄ မှာ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းမသိပဲ ငါဘယ်သူလဲသိလားလို့မေးနေတဲ့ ခရီးသည်တယောက်ရောက်နေပါတယ်။ သူ့ကိုသိတဲ့သူများရှိခဲ့ရင် လာရောက်နာမည်ပြောပေးပါ။ ကျေးဇူးတင်ပါတယ်။"

ခရီးသည်တွေအားလုံး ရီမောကုန်ကြတယ်။ အေးဂျင့်က ခပ်ပြုံးပြုံးလေးနဲ့ဆက်ပြီး(မိုက်ခရိုဖုန်းမပါ) "ဝမ်းနည်းပါတယ်ရှင်။ နောက်ကတန်းစီပေးပါ။ ရှင့်အလှည့်ရောက်လာပါလိမ္မယ်။"

Life isn't about how to survive the storm, but how to dance in the rain.

နယူးယောက်မြို့လေဆိပ်မှာပါ။ ယူနိုက်တက်အဲလိုင်းက လေယာဉ်တစီးမထွက်ဖြစ်ဘူး။ ဒါကြောင့် လေ
ယာဉ်အေးဂျင့်အမျိုးသမီးလေးတယောက်ထဲ အဲဒီလေယာဉ်ပေါ်လိုက်ပါမဲ့ခရီးသည်တွေအတွက် နောက်
လေယာဉ်ကိုပြန်ပြီးဘိုကင်လုပ်ပေးနေရတယ်။

ဥက္ကံမြို့ က မြေဇာပင်လူငယ်နှစ်ဦး

ကျနော် နဲ့ ဥက္ကံမြို့ က မြေဇာပင်လူငယ်နှစ်ဦး

ဒီပုံမှာပါတဲ့ဆိုင် ကိုသေသေချာချာ ကြည့်ပါ..ပြီးရင်ကျနော် ပြောပြချင်တာလေးကို ဆုံးအောင်ဖတ်ကြည့်ပေးပါ ခင်ဗျာ

ပြီးခဲ့တဲ့ လေးငါးရက်လောက်က ကျနော် ဥက္ကံမြို့ ကနေ ဖုန်းဝင်လာပြီး ဂိမ်းဆိုင်လာဆင်ပေးဖို့ ခေါ်တာနဲ့ ကျနော် ... သွားဆင်ပေးခဲ့တယ်

အဲဒီမှာ အသက် ( ၂၀ ) ကျော် ချာတိတ်လေး ၂ ယောက် ဂိမ်းစက် ( ၇ ) စုံနဲ့  ဥက္ကံဘူတာ နားမှာ စပ်တူဖွင့်ထားတဲ့ ဆိုင်လေးပါ..ပုံမှာ နောက်က မြင်နေ၇တဲ့ အဆောင်အဦးက ဥက္ကံဘူတာ...ပါ

ဒီကလေး ၂ ယောက် မှာ တယောက် က ရန်ကုန်မှာ အလုပ်လုပ်ပြီး စုဆောင်းမိတဲ့ ပိုက်ဆံလေးနဲ့  သူငယ်ချင်း ၂ ယောက် ပေါင်းပြီး ဆိုင်လေး ဖွင့်ထားတာ မကြာသေးဘူး...

မိဘတွေ ရဲ့  ကုန်စုံဆိုင် ဘေးမှာ အဖီလေးချ ပြီး နေရာကတ်သီးကတ်သက်လေး မှာ ဖြစ်သလိုလေးနဲ့  ဂိမ်းဆိုင်လေးဖွင့်ခဲ့ကြတယ်..

လုပ်ငန်းလေး ကောင်းလာတော့  ရလာတဲ့ပိုက်ဆံကို မသုံးပဲ  ဆိုင်လေးထပ်ချဲ့ကြတယ်..
နည်းပညာ လိုအပ်တော့ ကျနော် ကိုလှမ်းခေါ်တာနဲ့  သွားခဲ့တာ...

အဲဒီအချိန်တုန်းက သူတို့ ပျော်နေကြတယ်..ကျနော်တို့  ဆိုင်ကို ထပ်ပြီးချဲ့ ချင်သေးတယ် အကို...ပိုက်ဆံစုပြီး စက်တွေ ၀ယ်ထည့်ဦးမယ်..လို့တောင်ပြောကြသေးတယ်..

ခုံလေးတွေ မှ ၀ယ်ထားတာ မကြာသေးဘူး အသစ်ချပ်ချွတ်လေးတွေ...
အိမ်ဘေးမှာ အဖီလေးချပြီး ဖွင့်တဲ့ဆိုင်ဆိုပေမယ့်..သပ်သပ်ရပ်ရပ်လေး..

ခုကြည့်ပါဦးဗျာ....ဖွတ်ဖွတ်ညက်ညက် ကိုကျေနေတဲ့ သူတို့  ရဲ့ ဆိုင်ကလေး...
သူတို့  အိမ်မက်တွေ ပျက်စီးကုန်ပြီ...
သူတို့ ရည်ရွယ်ချက်တွေ ပျောက်ကုန်ပြီ....

ကျနော် ဒီနေ့ ညနေ ပိုင်း Facebook ဖွင့်လိုက်တော့ ဥက္ကံမြို့  ပုံတွေ ကို RFA ကတင်ထားတော့ ကြည့်ရင်းနဲ့  ဒီပုံလေးကို တွေ့တော့  ကျနော် ချက်ချင်း သူတို့ ဆီဖုန်းခေါ်တယ်...
တော်တော် နဲ့  မရဘူး..စိတ်ရှည်ရှည် ခေါ်တော့ ဖုန်း ၀င်သွားပြီး ကိုင်တယ်..

ဖုန်းသံက လေတိုးသံတွေ ဆိုင်ကယ်သံတွေ နဲ့ ရောနေတယ်..သိပ်မကြားရဘူး...
ကျနော်ပြောတယ်...ညီလေး  မင်းဆိုင် တော်တော်ပျက်သွားလား..ငါ အင်တာနက်သတင်း ပုံတွေမှာ မင်းဆိုင် ပျက်ကုန်တာတွေ့ လိုက်တယ်ဆိုတော့...

ဟုတ်တယ် အကို...အကုန်ပျက်စီးကုန်ပြီ..စက်တွေရော..ခုံတွေရော....နောက်မှ ပြန်ဆက်ပါအကို ဆိုပြီးဖုန်း ချ သွားတယ်...
ကျနော် နဲ့ ဖုန်းပြောတဲ့ အသံက......တစုံတခုကို ကြောက်ရွံ့စိုးရိမ်းနေပြီး ၀မ်းနည်းနေတဲ့ အသံပါ.....

ကျနော် ဒီချာတိတ်တွေကို 
ကုလားလို့ လဲ မမြင်ဘူး...ဗမာလို့ လဲ မမြင်ဘူး....
ဗုဒ္ဓဘာသာ လို့ လဲ မမြင်ဘူး...အစ္စလာမ် လို့ လဲ မမြင်ဘူး...
ရည်ရွယ်ချက် ပန်းတိုင် ကို ဖျက်စီးခံလိုက်ရတဲ့...လူငယ်တွေ လို့ ပဲ မြင်တယ်..

သူတို့ လို လူငယ်တွေ ....ခုဖြစ်နေကြတဲ့..ပရိပက္ခ တွေမှာ အများကြီး ရှိနေနိုင်တယ်...
လေလွှင့်မနေပဲ...ရည်ရွယ်ချက်လေးတွေ ကိုယ်စီ နဲ့  အလုပ်ထဲမှာ ကြိုးစားနေတဲ့လူငယ်တွေ...
ဒီလူငယ်တွေ အနည်းနဲ့အများတော့ စိတ် ဒါဏ်ရာ ရသွားမှာပဲ....

ဒီလူငယ်တွေရဲ့  စိတ်ဒါဏ်ရာ ကို ကျနော်တို့  ဘယ်လို ကုစားနိုင်ကြမှာလဲ...
ပရိပက္ခတွေ ဖန်တီးခဲ့သူတွေ ကရော..ကိုယ်လုပ်ရပ်ကို..မှန်ကန်တယ်ထင်နေကြပြီလား..
မြေဇာပင်ဖြစ်ခဲ့ရတဲ့ ခုလို လူငယ်တွေကိုရော..ဘယ်လိုပြန်ပြီး ပျိုးထောင်ပေးနိုင်မလဲ..ဘယ်လိုတာဝန်ယူနိုင်မလဲ..

ဒါကြောင့်ပဲ...မိမိတို့ ရဲ့ လုပ်ရပ်မှန် မမှန် ပြန်လည်ပြီး သုံးသပ်ကြဖို့ လိုပြီလို့  ကျနော် ပြောချင်ပါတယ်ခင်ဗျာ...

 မြတ်သူ 
http://www.facebook.com/MgMyatThu

ဥက္ကံမြို့ မှာ ယခုရက်ပိုင်းအတွင်း ဂိမ်းဆိုင်ဖွင့်ဖို့ကူညီပေးခဲ့တဲ့ အကိုတစ်ယောက်ပြောပြတဲ့လူငယ်တွေ
ရဲ့မျော်လင့်ချင်တွေကိုရိုက်ချိုးဖျက်ဆီးပစ်လိုက်တဲ့ လူသတ်အကြမ်းဖက်တိုက်ခိုက်မှုအကြောင်းလေးပါ။

ဥက္ကံမြို့မှ အကြမ်းဖက်ခံရမှုကြောင့် မွတ်စလင်မ်တချို့ ဒဏ်ရာများနှင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ၊ ၂ ဦးကွယ်လွန်

ဥက္ကံမြို့မှ အကြမ်းဖက်ခံရမှုကြောင့် မွတ်စလင်မ်တချို့ ဒဏ်ရာများနှင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ၊ ၂ ဦးကွယ်လွန်
============
မေလ ၁၊ ၂၀၁၃
M-Media
KK

ရန်ကုန် ။          ။   ယနေ့နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဥက္ကံမြို့ အကြမ်းဖက်ခံရမှုတွင် မွတ်စလင်မ်အချို့သည် ပြင်းထန်သော ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဥက္ကံတွင် အကြမ်းဖက်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော မွတ်စလင်မ် (၄)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ဥက္ကံမှ (၄)ဦး ခေါ်ဆောင်လာရာ တစ်ဦးသည် လမ်းတွင်ပင် ကွယ်လွန်သွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ ၄-ဦးအား ရဲနှင့်စစ်တပ်မှလည်း ပါဝင် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသော ၃-ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများရရှိထားပြီး ၂-ဦးမှာ အလွန်စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။ ခေါင်းတွင် ထိခိုက်ထားပြီး နောက်ကျောတွင်လည်း ဓါးဖြင့် ခုတ်ခံရသည် ဒဏ်ရာများရှိကြောင်းသိရသည်။ ယင်း လူနာများအား ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးနှင့် M-Media မှ ဆက်သွယ်မေးမြန်းနေစဉ်မှာပင် တစ်ဦးထပ်မံ ဆုံးပါးသွားသည်ဟု သိရသည်။

"ဆေးရုံကို ရောက်လာတဲ့ ၃-ယောက်က ကိုဇော်ဇော်နိုင်၊ ကိုတင်ဝင်းနဲ့ ကိုအီစာလို့သိရပါတယ်။ ကိုဇော်ဇော်နိုင်က အသက် ၂၆-နှစ်ဝန်းကျင်၊ ကိုအီစာက ၃၀-ကျော်၊ ကိုတင်ဝင်းက ၂၄-နှစ်လို့ပြောတယ်။ ၃-ယောက်လုံးကတော့ အခြေအနေမကောင်းဘူး။ ၂-ယောက်ကတော့ ပိုဆိုးတယ်ဗျ။ ခေါင်းတွေကို ထိထားတယ်။ နားထဲကလည်း သွေးတွေစိမ့်ထွက်နေတယ်။ နောက်ကျောမှာလည်း ဓါးဒဏ်ရာကြီးရှိတယ်။ သူတို့မိသားစုဝင်တချို့ပါလာတယ်။သူတို့ကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်းလို့။ NLD ကတော့ စကားပြောတယ် သူတို့နဲ့။ မိသားစုဝင်တစ်ယောက်ပဲပါတယ်။ ကျန်တာတော့ သူတို့ဝန်းကျင်က လိုက်ပို့ပေးတာပါတယ်။ ကျွန်တော် သူတို့ကိုတော့ ဘာမှ မမေးဖြစ်ပါဘူး။ ကျွန်တော် ဘယ်အဖွဲ့ကမှလည်းမဟုတ်ပါဘူး။ ဒီအတိုင်း သွားကြည့်ခဲ့တာပါ။ မြင်ရတာ တော်တော်ကို စိတ်မကောင်းဘူးဗျာ။ သူတို့တွေနဲ့တော့ ကျွန်တော် စိတ်မကောင်းလို့ စကားမပြောလိုက်တော့ဘူး။ အခု ကျွန်တော်ပြောနေတုန်းပဲ ကိုဇော်ဇော်ဆိုတဲ့တစ်ယောက် ဆုံးသွားပြီဗျာ။ တကယ်ကို စိတ်မကောင်းဘူး"ဟု ဆေးရုံသို့ ရောက်ရှိခဲ့သူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

 မေလ ၁၊ ၂၀၁၃

ရန်ကုန် ။ ။ ယနေ့နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဥက္ကံမြို့ အကြမ်းဖက်ခံရမှုတွင် မွတ်စလင်မ်အချို့သည်

ပြင်းထန်သော ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ရောက်ရှိခဲ့ကြောင်း သတင်းရရှိ
သည်။ ဥက္ကံတွင် အကြမ်းဖက်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော မွတ်စလင်မ် (၄)ဦးအား ရန်ကုန်
ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ဥက္ကံမှ (၄)ဦး ခေါ်ဆောင်လာရာ တစ်ဦးသည် လမ်းတွင်ပင် ကွယ်လွန်သွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့သည်။

ဥက္ကံမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် အစ္စလာမ်ဘာဝင်များသေဆုံးဒဏ်ရာရရှိမှုများ

MRTV ကပြောတယ့် ခဲနဲ့ ပေါက်ပြီး မှန်ခြောက်ချပ် ကွဲသွားတယ်တဲ့
MRTV ကပြောတJU ခဲနဲ့ ပေါက်ပြီး မှန်ခြောက်ချပ် ကွဲသွားတယ်ဆိုတဲ့ဗလီရဲ့အဖြစ်
ယနေ့ည ၇နာရီမှာ ဥက္ကံကနေ ဒဏ်ရာရသူ ၄ ယောက်ခေါ်လာရာ တစ်ယောက်လမ်းမှာ ရှဟီးဒ်ဖြစ်ပါတယ်။
ရှဟီးဒ်ဖြစ်သွားသူကို တိုက်ကြီးမှာထားခဲ့ပါတယ်။၃ယောက်ကိုဆက်ခေါ်လာပြီး ဦးနှောက်နှင့်အာရုံကြောမှာတင်ထ
ားပါတယ်။

ဥက္ကံမြို့ အခြေအနေ ည ၁၁း၀၀

ဥက္ကံမြို့နယ်အတွင်း ဧပြီ ၃၀ ရက်နေ့ နေ့လည်ပိုင်းကစတင်ဖြစ်ပွားခဲ့သည့်
ပဋိပက္ခအတွင်း မြို့တွင်းရှိ ဗလီနှင့် ဆိုင်ခန်းတချို့ပျက်စီးခဲ့ပြီး မြို့အစွန်ရှိ၏
မွတ်ဆလင်ကျေးရွာသုံးရွာ မီးလောင်ကျွမ်းခဲ့သည်။ 

ပုံမှာ ပနီပြင်ကျေးရွာတစ်ဖက်ကမ်းရှိ မွတ်ဆင်ကျေးရွာတစ်ရွာအတွင်း
မီးလောင်ကျွမ်းနေဆဲ နေအိမ်များကိုတွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
လက်ရှိဥက္ကံမြို့ပေါ်နှင့် အနီးအနားရွာများတွင် အကြမ်းဖက်သမားများ အဆက်မပျက်မီးတင်ရှို့မှုများ ပြုနေ
ကြောင်းသိရှိရသည်။ဆင်ဖြူရပ်ကွက် ပြာကျလုနီးနီးရှိပြီဖြစ်ကြောင်းနှင့်စစ်တပ်အင်အားမှာအရံတပ်ဖွဲ့ ဟိုင်
လပ်တစ်စီးစာခန့်သာရှိကြောင်းဒေသခံတစ်ဦးမှာပြောပြသည်။

ဥက္ကံမြို့သို့ ယနေ့ညပိုင်းကသတင်းယူဖို့ရောက်သွားခဲ့တဲ့သတင်းသမားတစ်ဦးရဲ့ မှတ်ချက်စကား

ဧပြီ 30 ဥက္ကံ.................
ဥက္ကံမြို့စသို့ ယနေ့ညပိုင်းကသတင်းယူဖို့ရောက်သွားခဲ့တဲ့သတင်းသမားတစ်ဦးရဲ့ မှတ်ချက်စကားလေး
ကိုတင်ပေးလိုက်ပါတယ်။မြို့ထဲစ၀င်တော့ ဗလီတစ်လုံးပျက်ပြီ... ဆက်သွားတော့ ရဲစခန်းကြီးရှေ့က ဈေး
ဆိုင်ခန်းတွေအမှိုက်ပုံဖြစ်နေ။ မီးလောင်နေဆဲ မြို့ပြင် ကုလားသုံးရွာဖက်ဆက်သွားတော့ မီးသတ်ကားဝင်
မယ့်နေရာမတွေ့လို့ တိုင်ပတ်နေကြ။ ၀င်မရတဲ့အဆုံး ကားလမ်းနဲ့နီးစပ်ရာမှာလောင်နေတဲကောက်ရိုးပုံမီး


ကို ငြိမ်းသတ်ခဲ့ကြ။ ရဲတပ်ရင်းရောက်လာ။ ရွာထဲဝင်။ ကပ်လိုက်သွား။အဲ့ဒီရွာတစ်ဖက်ကမ်းက ရွာနှစ်ရွာက မီးအလောင်ဆုံးဖြစ်။ တံတားမရှိ။ လှေမတွေ့။

ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင် ကမ်းနားလမ်းရှိ လင်းစဒေါင်းအနီးယာဉ်တိုက်မှုဖြစ်ကားသမား

လင်းစဒေါင်းအနီးယာဉ်တိုက်မှုဖြစ်ကားသမား
တစ်ဦးထွက်ပြေး

ရန်ကုန်၊ ဧပြီ ၃၀။

ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင် ကမ်းနားလမ်းရှိ လင်းစဒေါင်း မှတ်တိုင်းအနီးတွင် ယနေ့ည ၉နာရီခန့်တွင် ၄ခ/၂၁၄၁ ဆယ်ဘီးကားတစ်စီးနှင့် AA-9977တက္ကဆီကားတို့ မျက်နှာ
ချင်းဆိုင် တိုက်မိရာ တက္ကဆီကားလေး၏ ဘယ်ဖက်ခေါင်း
ကြေမွသွားကာ ကားမောင်းသူ ဘယ်ခြေထောက်နာနေပြီး
ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း၊ ဆယ်ဘီးကား
မောင်းနှင်သူ ထွက်ပြေးသွားကြောင်း ဒဏ်ရာရှိသူ ကိုခင်ဇော်က ပြောကြားသည်။

တက္ကဆီကားသည် ဗိုလ်တစ်ထောင်ဖက်မှ ဘယ်ဖက်
ယာဉ်ကျော အတိုင်းမောင်းနှင်လာခြင်းဖြစ်ပြီး မျက်နှာချင်းဆိုင် မောင်းနှင်လာသော ဆယ်ဘီးကားသည် ဘယ်ဖက်ယာဉ်ကျောသို့ဝင်၍ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။

“မျက်စိနဲ့တော့ မမြင်လိုက်ဘူး။ ဝုန်းဆိုကြားတာနဲ့ ထွက်ကြည့်
ကြတာ။ ခုကြည့်ရတဲ့အမနေအထားအရ ကားကြီးက လမ်းမှားထားတာကို တွေ့ရတယ်လေ။ ပြီးတော့ကားမောင်းတဲ့
သူကချက်ချင်းထွက်ပြေးသွားတာဆိုတော့ ကားကြီးမှားတာ
ဖြစ်နိုင်ပါတယ်”ဟု ဗိုလ်တစ်ထောင် (၁)ရပ်ကွက်ဥက္ကနှင့်အတူ လာရောက်ကြည့်ရူသူက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပြီး ရဲတစ်ဦးရှိနေသော်လည်း တစ်နာရီခန့် အကြာယာဉ်ထိမ်းရဲများ ရောက်ရှိလာပြီး လာရောက် ကြည့်ရှု
သူများနှင့် တက္ကဆီကားသမားအား စစ်ဆေးမှုများ ပြုလုပ်လျက်
ရှိကြာင်း သိရသည်။ ဆက်လက်၍ အမှုဖွင့် အရေးယူ
ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း၎င်းတို့က
ပြောကြားလျက်ရှိသည်ဟု သိရသည်။

AT

အေးချမ်းမွန် Credit & Copy From >The Myanma Age<Thank
https://www.facebook.com/excellencemedia

ရန်ကုန်၊ ဧပြီ ၃၀။
ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင် ကမ်းနားလမ်းရှိ လင်းစဒေါင်း မှတ်တိုင်းအနီးတွင် ယနေ့ည ၉နာရီခန့်တွင် ၄ခ
/၂၁၄၁ ဆယ်ဘီးကားတစ်စီးနှင့် AA-9977တက္ကဆီကားတို့ မျက်နှာချင်းဆိုင် တိုက်မိရာ တက္ကဆီကားလေး
၏ ဘယ်ဖက်ခေါင်းကြေမွသွားကာ ကားမောင်းသူ ဘယ်ခြေထောက်နာနေပြီးပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိ
သွားကြောင်း၊ဆယ်ဘီးကားမောင်းနှင်သူထွက်ပြေးသွားကြောင်းဒဏ်ရာရှိသူကိုခင်ဇော်က ပြောကြားသည်။