Pages

Tuesday, April 30, 2013

မြန်မာနိုင်ငံ၏ ပထမဆုံး တရားဝင် Huawei Showroom အား ဖွင့်လှစ်တော့မည့်

မြန်မာနိုင်ငံ၏ ပထမဆုံး တရားဝင် Huawei Showroom အား ဖွင့်လှစ်တော့မည့်

တရုတ်အခြေစိုက် ဖုန်းကုမ္ပဏီဖြစ်သည့် Huawei အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော တရားဝင် Huawei Showroom အား လာမည့် မေလ ၅ ရက် (တနင်္ဂနွေနေ့) တွင် ဖွင့်လှစ်မည်ဖြစ်သည်။ 

ဖွင့်ပွဲ အခမ်းအနားအား မေလ ၅ ရက် နံနက် ၁၀ နာရီမှ ၁၁း၃၀ နာရီအထိ showroom တည်ရှိရာ အခန်းအမှတ် G-501 ၊ အမှတ် ၁၂၉၊ ရွှေပြည်အေးကွန်ဒို၊ ဗားဂရာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သည်။

တရုတ်အခြေစိုက် ဖုန်းကုမ္ပဏီဖြစ်သည့် Huawei အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော တရားဝင် Huawei Showroom အား လာမည့် မေလ ၅ ရက် (တနင်္ဂနွေနေ့) တွင် ဖွင့်လှစ်မည်ဖြစ်သည်။

ဥက္ကံမြို့ အနီးမွတ်စလင်မ်ရွာများပါ မီးရှို့ခံနေရပာု နီးစပ်သူများပြော မြို့လုံးကျွတ် အဖျက်ခံရပြီးနောက် လုံခြုံရေးများဖြင့် စည်ကားနေ

ဥက္ကံ ၊ဧပြီ ၃၀

ဥက္ကံမြို့အနီး အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ပနီပင်ရွာ၊စိန်ချောင်းရွာ ၊ခြောက်တဲရွာ ၊ကျွဲဘုတ်ရွာ တို့မီးရှို့ခံနေရပြီဖြစ်ကြောင်း၊လောင်ကျွမ်းနေသည့် မီးတောက် မှာကောင်းကင်တစ်ခွင်လုံး ရဲရဲနီနေသဖြင့် ဥက္ကံမြို့မှပင်မြင်နေရကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ ည ၈း၃၀ အချိန်တွင်ပြော

သည်။

မုံရွာမြို့သည် ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့်သို့ ရောက်ရှိနေ

မုံရွာမြို့သည် ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့်သို့ ရောက်ရှိနေ

၂၀၁၃ ဧပြီလ ၃၀ရက်နေ့တွင် မုံရွာမြို့၏ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှုသည် အဆင့် 12.2 ထိ ရောက်ရှိခဲ့ကြောင်း UV Awareness ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယနေ့နေ့လည် ၁၂နာရီတိတိတွင် ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့် ၁၂.၂ ထိ ရောက်ရှိခဲ့ကာ နေ့လည်(၁)နာရီတွင် ၁၀.၇၊ နေ့လည်(၂)နာရီတွင် ၇.၈ နှင့် ညနေ(၃)နာရီ နောက်ပိုင်းတွင် ၄.၆ သို့ ရောက်ရှိသွားခဲ့သည်။ မနက်ဖြန်တွင်လည်း နေ့လည် ၁၂နာရီတွင် ခရမ်းလွန်ရောင်ခြည် အဆင့် ၁၂.၆ သို့ ရောက်ရှိဦးမည်ဖြစ်သည်။

ခရမ်းလွန်ရောင်ခြည်သတ်မှတ်အဆင့် ၃ မှ ၅.၉ အတွင်းသည် သာမန်အဆင့်ဖြစ်ပြီး ၆ နှင့် ၇.၉ ကြားကိုမူ မြင့်မားအဆင့်၊ ၈ နှင့် ၁၀.၉ကြားကိုမူ ပိုမိုမြင့်မားအဆင့်နှင့် ၁၁ အထက်ရှိပါက လွန်ကဲအဆင့်ဟူ၍ သတ်မှတ်ထားသည်။ လူ့ခန္ဓာကိုယ်၏ အများဆုံး ခံနိုင်ရည်မှာ ခရမ်းလွန်ရောင်ခြည်အဆင့် (၈) အထိသာရှိသောကြောင့် ယခုမုံရွာမြို့တွင် ဖြစ်ပေါ်နေသော ခရမ်းလွန်ရောင်ခြည်သည် လူ၏ခံနိုင်ရည်ထက် များစွာကျော်လွန်နေပြီ ဖြစ်သည်။

လွန်ကဲသော ခရမ်းလွန်ရောင်ခြည်သည် လူ့အရေပြားနှင့်ထိတွေ့ပါက အရေပြားကင်ဆာဖြစ်နိုင်ပြီး လူ့မျက်လုံးနှင့် တိုက်ရိုက် ထိတွေ့ပါက မျက်လုံးကင်ဆာ ဖြစ်စေနိုင်သည်။ ထို့ကြောင်း တတ်နိုင်သမျှ နေအပူထဲတွင် သွားလာခြင်းမှ ရှောင်ရှားကြရန်နှင့် နေပူထဲတွင် သွားလာရပါက အရေပြားနှင့် နေရောင်ခြည်မထိတွေ့နိုင်အောင် အကျီလက်ရှည်များဝတ်ဆင်ခြင်း၊ ခမောက်ဦးထုပ်ဆောင်းခြင်း၊ မျက်မှန်တပ်ခြင်းတို့ကို မလွဲမသွေ ပြုလုပ်သင့်သည်ဟု ပညာရှင်များက ရေးသားဖော်ပြလျက်ရှိနေသည်။ ပုံတွင် မုံရွာမြို့၏ တစ်ပတ်စာ ခရမ်းလွန်ရောင်ခြည်အဆင့်ကို ဖော်ပြထားပြီး လာမည့် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့များအတွက်ပါ ဖော်ပြထားသည်။

၂၀၁၃ ဧပြီလ ၃၀ရက်နေ့တွင် မုံရွာမြို့၏ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှုသည် အဆင့် 12.2 ထိ ရောက်ရှိခဲ့
ကြောင်းUV Awareness၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ယနေ့နေ့လည်၁၂နာရီတိတိတွင်ခရမ်းလွန်ရောင်
ခြည်လွန်ကဲအဆင့် ၁၂.၂ ထိ ရောက်ရှိခဲ့ကာ နေ့လည်(၁)နာရီတွင် ၁၀.၇၊ နေ့လည်(၂)နာရီတွင် ၇.၈ နှင့် 
ညနေ(၃)နာရီ နောက်ပိုင်းတွင် ၄.၆ သို့ ရောက်ရှိသွားခဲ့သည်။

ဥက္ကံမြို့သတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်


Tuesday, April 30, 2013

၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်
နေ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင်(၆၂)နှစ်သည် တိုက်ကြီးရဲစခန်းသို့
ရောက်ရှိလာပြီး အလံတိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ကိုရင်အရှင်ပုည (၁၁)နှစ်သည် ဥက္ကံ
ဈေးတောင်ဘက်၊ဘုရားကြီးလမ်းအတိုင်းဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မဝင်းဝင်းစိန်မှဝင်ရောက်တိုက်
မိ၍ သပိတ်လွတ်ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့်မဝင်းဝင်းစိန်ကို အရေးယူပေးရန် တိုင်တန်း၍ 
ဥက္ကံရဲစခန်း(ပ)၁၁၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ကို ယနေ့ညနေ ၅နာရီမှစတင်ပြီး ပုဒ်မ (၁၈၈) အမိန့်ထုတ်ပြန်


ဒီကနေ့ဧပြီလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့
တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅ဝ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။

A Muslim Woman Beaten By a Monk in Pa-an

M-Media learns that a Muslim woman was beaten by a monk in the town of Pa-an, Karen state, on April 28 morning. In the morning at 8 AM, Daw Ma Khin (aka) Daw Shakira, age 50, stood aside on the street as she saw the scores of monks walking down for the morning elms. A monk accused her of crossing the street while the monks were marching for elms. Beaten with the bowl carried by the monk, the woman fell to the ground and her head bleed.

လုံခြုံရေးများ စတင်ရောက်ရှိလာသဖြင့် ဥက္ကံ မွတ်စလင်များအား အကြမ်းဖက်မှု ရပ်တန့်စပြုပာုဆို အကြမ်းဖက်နေစဉ် အတွင်း ဗုဒ္ဓဘာသာ ဆရာတော်များကသာ မေတ္တာရပ်ခံကာ အကြမ်းဖက်များကို ထိန်းသိမ်းနိင်ရန်ကြိုးပမ်း

ဥက္ကံ ဧပြီ ၃၀
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ အစ္စလာမ်ဘာသာဝင်များအား ၉၆၉ ဂိုဏ်းဝင်များနှင့် အကြမ်းဖက်သမားများ က
အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်စတင်ပြုလုပ်ခဲ့ကြပြီး အဆိုပါ အဖျက်
လုပ်ငန်းကျုးလွန်သူများကိုရဲတပ်ဖွဲ့ဝင်များကတားဆီးခြင်းမရှိဘဲရွေည၀ါ ဆရာတော် နှင့် အခြားဆရာတော်
 အချို့ကသာလျှင် ကားဖြင့် မြို့အနှံ့လည့်လည်မေတ္တာရပ်ခံတားဆီးပေးနေကြောင်းသိရသည်။

ဥက္ကံနဲ့ပတ်သတ်ပြီး စုဆောင်းရရှိသောသတင်းများ

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့တွင် ပဋိပက္ခများ စတင်ဖြစ်ပွား ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့တွင် လူမျိုး
ရေးနှင့်ဘာသာရေးပုံစံ ပဋိပက္ခများ စတင်ဖြစ်ပွားနေပြီး ဘာသာရေး အဆောက်အအုံ၊ ဈေးဆိုင်များ၊ နေ
အိမ်များ ဖျက်ဆီးမှုများ ရှိကြောင်း ဧရာဝတီက သတင်းရရှိထားသည်။ ဥက္ကံမြို့ရှိ အောင်ရတနာရပ်ကွက်တွင် ယခု မီးလောင်ကျွမ်းမှုများဖြစ်ပွားနေပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နေသည်ဟု ဒေသခံများက ဆိုသည်။(ဥက္ကံမြို့သို့ ဧရာဝတီသတင်းဌာနမှသတင်းအဖွဲသွားရောက်လျက်ရှိပြီး အသေးစိတ်သတင်းအချက်
အလက်များကို တိုက်ရိုက် ဆက်လက် သတင်းပေးပို့ပါမည်။

Muslim shops attacked by a mob in Okkan

Muslim shops attacked by a mob in Okkan 
========
April-30-2013
M-Meida
KK

 It has been reported that the shops of local Muslims, located at Okkan bazaar and surround a mosque, were severely damaged by a mob.

Okkan is a small town in Yangon region. Some sources say a total of 5 shops were attacked and by the time the mob started attacking, police were also present and could not control the situation.

The attack put local Muslims into fear. Once the situation becomes worse, no contact can be reached to Okkan via telephone.

M-Media will keep on updating in regard to this.

April-30-2013

It has been reported that the shops of local Muslims, located at Okkan bazaar and surround a mosque, were severely damaged by a mob. Okkan is a small town in Yangon region. Some sources say a total of 5 shops were attacked and by the time the mob started attacking, police were also present and could not control the situation.

ဥက္ကံ မြို့နောက်ဆုံးရသတင်း

ဥက္ကံ မြို့တွင် အစ္စလာမ်ဘာသာဝင်များရဲ့ ပိုင်ဆိုင်မှုများကို အကြမ်းဖက်အဖွဲ့များကအိမ်တွေဆိုင်တွေဖျက်
လိုက်တာ သတင်းအတည်ပြုလိုက်ပါသည်။ အရေအတွက် မသိရသေးပါ။အခု ကျောင်းဖက် ဆက်လက်ဦး
တည်နေကြောင်းသိရပါတယ်။ ကျောင်းမှာ မြို့ အစွန်ဖက်တွင် တည်ရှိပြီး ဘေးဖက်တွင် လယ်ကွင်းများသာရှိ
ကြောင်းသိရသည်။ ကျောင်းသို့ ရောက်သွားပါက...ဖျက်ဆီးခံရမှာ ကြိမ်းသေကြောင်း သတင်းရရှိပါတယ်။

အာကာသခရီးသွားလုပ်ငန်းအတွက် Galatic လွန်းပျံယာဉ် စမ်းသပ်ပျံသန်း

အာကာသခရီးသွားလုပ်ငန်းအတွက် Galatic လွန်းပျံယာဉ် စမ်းသပ်ပျံသန်း

ဧပြီလ ၃၀ ရက် ၂၀၁၃

အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ် လူစီး လွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2 အမြန်နှုန်းထိ အသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။

ကမ္ဘာ့ ပထမဆုံး ပုဂ္ဂလိက အာကာသခရီးသွား လုပ်ငန်းအတွက် ပြင်ဆင်နေသော Galatic လွန်းပျံယာဉ် စီမံကိန်း၏ စွမ်းအင်ပြည့် စမ်းသပ် ပျံသန်းမှုသည် ချောမောစွာ အောင်မြင်မှု ရရှိခဲ့သည်။ အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ် လူစီး လွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2 အမြန်နှုန်းထိ အသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။ Virgin Galacticက ပိုင်ဆိုင်သည့် လွန်းပျံယာဉ် ပျံသန်းမှု အပြည့်အဝ အောင်မြင်ခဲ့သည့်နောက် ဆာရစ်ချတ် ဘရန်ဆန် ပိုင်ဆိုင်သည့် အဆိုပါ စီမံကိန်းကို ယခုနှစ် မကုန်မီ အမှန်တကယ် စတင်ကာ ပထမဆုံးအကြိမ် အာကာသထဲ အလည်အပတ် ခရီးစဉ် သွားရောက်နိုင်ရန် တာဝန်ရှိသူများက မျှော်လင့်လာခဲ့သည်။

စမ်းသပ်ပျံသန်းမှုတွင် SpaceShipTwoသည် ကမ္ဘာ့လေထုကို ဖောက်ထွက်ခဲ့ခြင်း မရှိသေးသော်လည်း Virgin Galacticက ယခု လုပ်ဆောင်ချက်သည်ပင် ကုမ္ပဏီအတွက် ထင်ရှားသော အောင်မြင်မှု တစ်ခုဟု ယူဆကြောင်း ဆိုသည်။ SpaceShipTwoကို ဂျက်လေယာဉ် တစ်စင်းတွင် တွဲဆက်ကာ လော့စ်အန်ဂျလိစ်ရှိ မိုဂျာဗီ လေဆိပ်မှ ပျံတက်လာကာ လေထဲတွင် ထပ်ဆင့် လွှင့်တင်ခဲ့သည်။ ဂျက်လေယာဉ်က SpaceShipTwoကို ဖြုတ်ချ ပစ်လွှတ်လိုက်စဉ် ၎င်းသည် အင်ဂျင်စတင် တောက်လောက်အောင် (၁၆)စက္ကန့် တွန်းကန် အရှိန်ယူခဲ့ပြီးနောက် စွမ်းအင်မြင့်မြင့် ပျံသန်းကာ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။

ယခင်က SpaceShipTwoသည် စွမ်းအင် အပြည့်မသုံးဘဲ စမ်းသပ် ပျံသန်းမှုများကိုသာ ပြုလုပ်ထားသေးသည်။ ယခုနွေရာသီအတွင်း နောက်ထပ်လည်း စွမ်းအားမြင့်မားသည့် ပျံသန်း စမ်းသပ်မှုများကို ပြုလုပ်ရန် စီစဉ်ထားပြီး အပြီးတိုင် စိတ်ကျေနပ်မှု ရရှိချိန်တွင် ပုဂ္ဂလိက အာကာသ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ Virgin Galacticကို တည်ထောင်သည့် ဆာရစ်ချတ်က "ပထမဆုံး စွမ်းအင်မြင့် အစမ်းပျံသန်းမှုမှာ ဘာသံသယ ဖြစ်လောက်စရာ နှောင့်နှေးမှုမှ မရှိပါဘူး။ အရေးပါတဲ့ အချက်အလက် အားလုံးကလည်း ကောင်းမွန်ပါတယ်"ဟု ဆိုသည်။

"ဒီနေ့ အသံလွန် မြန်နှုန်းနဲ့ ပျံသန်းမှုဟာ အာကာသ ခရီးစဉ်ရဲ့ စွမ်းအင်မြင့် ပျံသန်းနိုင်စွမ်း တိုးတက်မှုမှာ ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ဖြစ်လာပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ လက်တွေ့ကျတဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်လေ။ နှစ်ကုန်ပိုင်းလောက်မှာ ခရီးစဉ် စတင်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"ဟုလည်း လေယာဉ်ကွင်းတွင် စမ်းသပ်မှုကို ကိုယ်တိုင်ကြည့်ရှုခဲ့သည့် ဆာရစ်ချတ်က ဆက်လက် ပြောကြားသွားသည်။ 

Source: DailyMail
Planet

ဧပြီလ ၃၀ ရက် ၂၀၁၃

အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ် လူစီး လွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2အမြန်နှုန်းထိအသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။ကမ္ဘာ့ပထမဆုံး
ပုဂ္ဂလိက အာကာသခရီးသွား လုပ်ငန်းအတွက် ပြင်ဆင်နေသော Galatic လွန်းပျံယာဉ် စီမံကိန်း၏ စွမ်းအင်
ပြည့် စမ်းသပ် ပျံသန်းမှုသည် ချောမောစွာ အောင်မြင်မှု ရရှိခဲ့သည်။

HTC Oneနဲ့ Microphone နည်းပညာပိုင်း ဆိုင်ရာ တရားရင်ဆိုင်မှုတွင် Nokia အနိုင်ရ

HTC Oneနဲ့ Microphone နည်းပညာပိုင်း ဆိုင်ရာ တရားရင်ဆိုင်မှုတွင် Nokia အနိုင်ရ
Tuesday, April 30, 2013

STMicroelectronicမှ ထုတ်လုပ်ပြီး HTC Oneဖုန်းများတွင် အသုံးပြုထားသော Microphoneများနှင့် ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုအတွက် တရားရင်ဆိုင်ရာတွင် Nokiaမှ အနိုင်ရသွားပါတယ်။ Amsterdam တရားရုံးက ဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး တရားရုံး ဆုံးဖြတ်ချက်များအရ Nokiaဟာ အဆိုပါ Microphone နည်းပညာများကို သူကိုယ်ပိုင် သုံးစွဲဖို့ ထုတ်လုပ် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ 

Nokiaရဲ့ ပြောရေးဆိုခွင့် ရှိသူရဲ့ ပြောကြားချက်အရ “HTCဟာ အခု Microphoneနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မူပိုင် နည်းပညာ အဖြစ်ကြေညာပြီး ဈေးကွက်တင်ခဲ့တာကြောင့် အခုလို တရားရုံးကနေ နည်းပညာ မူပိုင်ခွင့်အတွက် အမှုရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုလို အနိုင်ရခဲ့တာပါ”ဟု ပြောပါတယ်။ အခုလို ဆုံးဖြတ်ချက်ကြောင့် STMicroဟာ ဒီနှစ်ကုန်ပိုင်းအထိသာ HTCကို Microphoneများ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ 

ရလဒ်အနေနဲ့ HTCဟာ ကမ္ဘာတစ်ဝှမ်းကို ဖြန့်ချိထားတဲ့ HTC Oneတွေနဲ့ ပတ်သက်ပြီး Microphoneဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အခုလို ဖြစ်ရပ်နှင့် နောက်ဆက်တွဲအဖြစ် HTCအတွက် Microphoneများ ထုတ်လုပ် ပေးခဲ့တဲ့ STMicroဟာ Nokiaကို ယူရို ၅၀၀၀၀ (စတာလင်ပေါင် ၄၃၀၀၀) ပေးချေရတော့မှာ ဖြစ်ပါတယ်။

Ref: www.guardian.com 
Myanmar ICT Journal

Tuesday, April 30, 2013

STMicroelectronicမှ ထုတ်လုပ်ပြီး HTC Oneဖုန်းများတွင် အသုံးပြုထားသော Microphoneများနှင့် ပတ်သက်
သောနည်းပညာပိုင်းဆိုင်ရာပိုင်ဆိုင်မှုအတွက်တရားရင်ဆိုင်ရာတွင်Nokiaမှအနိုင်ရသွားပါတယ်။Amsterdam
တရားရုံးက ဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး တရားရုံး ဆုံးဖြတ်ချက်များအရ Nokiaဟာ အဆိုပါ Microphone နည်း
ပညာများကို သူကိုယ်ပိုင် သုံးစွဲဖို့ ထုတ်လုပ် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

ဘုရားနောက်ခံ ဓာတ်ပုံရိုက်ကူးစဉ် ဓာတ်ပုံအတွင်း ဝိညာဉ်ပုံပေါ်လာဟုဆို"

"ဘုရားနောက်ခံ ဓာတ်ပုံရိုက်ကူးစဉ် ဓာတ်ပုံအတွင်း ဝိညာဉ်ပုံပေါ်လာဟုဆို"

အပေါ်ကပုံက ဒီတပတ်ထုတ် ပြည်မြန်မာဂျာနယ်မှာပါတဲ့ သတင်းပါ 
သတင်းထဲမှာကတော့ မှော်ဘီမြို့ ရွှေမှော်တင် ဘုရားဝင်းအတွင်းမှာ မိန်းကလေးတစ်ယောက်ဓာတ်ပုံရိုက်ကူးနေစဉ်မှာ အမျိုးသမီးဝိညာဉ်ပုံပေါ်လာတယ်လို့ ဆိုထားပါတယ် ပြီးတော့ အဲ့ ဒီဝိညာဉ်က အမျိုးသမီးတစ်ယောက်ကိုဝင်ရောက်ပူးကပ်ခဲ့ တယ်လို့ လည်း ပြည်မြန်မာဂျာနယ်ကဖော်ပြထားပါတယ်

(ရယ်စရာတစ်ခုက အဲ့ ဒီဝိညာဉ်ဆိုတာက camera 360 မှာပါတဲ့  Ghost effect ထဲက ဝိညာဉ်ပုံစံနဲ့  တစ်ထာရာတည်းတူညီနေမှုပါပဲ
ဒါကို camera 360 သုံးသူတိုင်းသိကြမှာပါ 
ယှဉ်ကြည့် လို့ ရအောင် ပြည်မြန်မာမှာပါတဲ့  သတင်းထဲကပုံနဲ့  camera 360 ghost effect နဲ့  ရိုက်ထားတဲ့ ပုံနှစ်ခုလုံးကို တင်ပေးထားပါတယ်ဲ

Su Mon Kyi

အပေါ်ကပုံက ဒီတပတ်ထုတ် ပြည်မြန်မာဂျာနယ်မှာပါတဲ့ သတင်းပါ သတင်းထဲမှာကတော့ မှော်ဘီမြို့ ရွှေ
မှော်တင်ဘုရားဝင်းအတွင်းမှာမိန်းကလေးတစ်ယောက်ဓာတ်ပုံရိုက်ကူးနေစဉ်မှာ အမျိုးသမီးဝိညာဉ်ပုံပေါ်
လာတယ်လို့ ဆိုထားပါတယ် ပြီးတော့ အဲ့ ဒီဝိညာဉ်က အမျိုးသမီးတစ်ယောက်ကိုဝင်ရောက်ပူးကပ်ခဲ့ တယ်
လို့ လည်း ပြည်မြန်မာဂျာနယ်ကဖော်ပြထားပါတယ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ရေအားလျှပ်စစ်ဓါတ်ကြိုးမှ ဓါတ်လိုက်၍ လူ ၃ ဦးသေဆုံး

နေပြည်တော်၊ ဧပြီ ၃၀
၂၉-၄-၂၀၁၃ ရက်နေ့ ၁၅၄၅ အချိန် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး ကျေးရွာအုပ်စု တိုက်နယ်ဆေးရုံသို့ ဓါတ်လိုက်ဒဏ်ရာရရှိသူ(၃)ဦး ရောက်ရှိနေကြောင်းသတင်းအရ လွိုင်လင်လေးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ လွိုင်လင်လေးကျေးရွာအုပ်စု၊ ကွန်နားအောက်ရွာနေသူများဖြစ်သည့် စိုင်းလောင်လင်း(၁၂)နှစ်တွင် ယာလက်ကောက်ဝတ်မီးလောင် ဒဏ်ရာ၊ လည်ပင်းယာဘက်မီးလောင်ဒဏ်ရာ၊ မောင်တူး(ခ)အောင်ကိုလတ်(၁၂)နှစ်တွင် ၀ဲဘက် လက်ညှိုးနှင့်ယာဘက်လက်သူကြွယ်မီးလောင်ဒဏ်ရာ၊ ဦးလုံးပိ(၇၂)နှစ်တွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

အရက်မူးနေသူအစ်ကိုမှ ညီဖြစ်သူအားဆဲဆိုကြိမ်းမောင်းစဉ် လုံးထွေးသတ်ပုတ်ရာမှလူသတ်မှုဖြစ်

နေပြည်တော်၊ ဧပြီ ၃၀
၂၈-၄-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေအုပ်စု၊ အိုင်ရှည်ကျေးရွာနေ ဦးမြအေး(၆၈)နှစ်၏နေအိမ်တွင် သားအကြီးဖြစ်သူ ၀င်းလှဦး(၃၀)နှစ်မှ အရက်မူးပြီး ညီအရင်းဖြစ်သူ သန်းထွဋ်ဝင်း(ခ)ဘထွဋ်(၂၈)နှစ်အား ဆဲဆိုကြိမ်းမောင်းနေသဖြင့် ညီအစ်ကို(၂)ဦးလုံးထွေးသတ်ပုတ်ကြစဉ်

ဥက္ကံမြို့ရှိ အစ္စလာမ်ဘာသာဝင်များပိုင် ဗလီ၊ ကျောင်း၊ နေအိမ်ဆိုင်ခန်းများကို အကြမ်းဖက်သမားများက ဖျက်ဆီးမီးရှို့နေ

ဥက္ကံမြို့ရှိ မွတ်စလင်မ်များ အကြမ်းဖက်ခံရ၊ ထွက်ပြေးတိမ်းရှောင်နေသူများနှင့် ဆက်သွယ်မေးမြန်းချက်
==========
ဧပြီ ၃၀၊ ၂၀၁၃
M-Media
K K

ဥက္ကံ ။ ။ ဥက္ကံမြို့ရှိ ဗလီ၊ စာသင်ကျောင်းနှင့် မွတ်စလင်မ်အိမ်များ၊ ဆိုင်ခန်းများကို ယနေ့ နေ့လည် ၁- နာရီခန့်ကစတင် အကြမ်းဖက် ဖျက်ဆီးနေမှုနှင့်ပတ်သက်၍ အကြမ်းဖက်ခံရသည့်နေရာမှ ထွက်ပြေးတိမ်းရှောင်နေသူများနှင့် ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

"ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ပိုင် အိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးတယ်။ မီးရှို့တယ်။ မီးရှို့တာက ဟာဖိဇ်(အာရဗီစာသင်)ကျောင်းဘေးက တဲကို မီးရှိုတယ်။ ကျန်တဲ့ အိမ်တွေ ဆိုင်တွေကိုတော့ မီးမရှို့ပါဘူး။ စာသင်ကျောင်းကတော့ ပျက်တာ သေချာပါတယ်။ ကျွန်တော်လည်း အဲ့ဒီဘက်ကို အခု သွားကြည့်လို့ မရတော့ဘူး။ ရှောင်နေရတယ်။ ဟာဂျီဦးမောင်ရွှေတိုက်လည်းဖျက်တယ်။ ဟာဂျီတင်ဦးဆိုင်လည်းဖျက်တယ်။ ရပ်ကွက်ထဲမှာ မွတ်စလင်မ်ပိုင်နေရာတွေ တော်တော်များများဖျက်တယ်။ အခုလည်း ဖျက်နေတာ အုန်းအုန်း အုန်းအုန်းနဲ့ အသံတွေ ကြားနေရတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာလည်း အခု လက်ရှိဖျက်နေတယ်။ ကျွန်တော့်အိမ်ရှေ့ကအိမ်လည်း ဖျက်ခံလိုက်ရတယ်။ ဒါဆို ကျွန်တော့်အိမ်လည်း ဖျက်ခံရတဲ့အထဲ ပါသွားလောက်ပြီ။ အခုပဲ အခု။ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်၊ အောင်ရတနာ(၂)လမ်းထဲမှာပါ။ ကျွန်တော် ကွင်းထဲမှာ အခုရောက်နေတယ်။"

"ရဲတွေ စစ်တပ်တွေတော့ရှိနေတယ်။ သူတို့လည်း ဘာမှ လုပ်လို့မရဘူးဗျ။ တောကနေ လူတွေအများကြီးတက်လာတယ်။ လူဦးရေက ကျွန်တော်ပြောလို့မရဘူး။ သူတို့တက်လာက ဘယ်ရောညာရော လေးဘက်လေးတန် ဘေးပတ်ပတ်လည်ကနေ အကုန်တက်လာကြတာ။ ကျွန်တော်တို့က ကြားထဲမှာဖြစ်နေတယ်။ ဟုတ်ကဲ့ ဘယ်ကနေစဖြစ်တာလဲဆိုတာ သိတယ်ခင်ဗျ။ စဖြစ်တာက မနက်ပိုင်း (၁၀)နာရီလောက်မှာဖြစ်တာ။ ဥက္ကံအနီးရွာတစ်ရွာက မွတ်စလင်မ်အမျိုးသမီးတစ်ဦးက ဈေးသွားရင်း ကိုရင်လေးနဲ့ ၀င်တိုက်မိတယ်။ ကိုရင်လေးရဲ့ သပိတ်က မှောက်သွားတယ်။ သပိတ်ထဲက ထမင်းတွေလည်း မှောက်ကုန်တယ်။ အဲဒါကို တမင်တကာလုပ်တယ်ဆိုပြီးပြောတယ်။ အဲဒါ ရဲစခန်းမှာ သွားပြီးရှင်းကြတယ်။ သပိတ်နဲ့ ဆွမ်းကို ပြန်ပြီး ဝယ်ပေးတယ်လို့ပြောတယ်။ အဲလို ရှင်းနေတုံးပဲ လူတွေစုပြီး ရောက်လာကြတာ။ စဖြစ်တာက မနက်ပိုင်းကစဖြစ်ပြီး တခဏချင်းမှာပဲ လူစုကြီးဖြစ်သွားတာ။"

"ကျွန်တော် အခု အိမ်ကနေ ထွက်ပြေးနေကြတယ်။ အသိ ဗုဒ္ဓဘာသာမိတ်ဆွေ အိမ်တစ်အိမ်မှာ အခု ပုန်းနေပါတယ်။ မိတ်ဆွေ ဗုဒ္ဓဘာသာအိမ်ကပြောတယ်။ ဒါက တမင်သက်သက် အဖျက်သမားတွေက လုပ်ကြတာ။ ခင်ဗျားအပြင်မထွက်ပါနဲ့။ လုံးဝ မထွက်ပါနဲ့ဆိုပြီး ကျွန်တော့်ကို အိမ်ထဲမှာပဲ ပုန်းခိုင်းထားတယ်။ သူတို့ပြောတာတော့ ဗလီ(၂)လုံးကို ဖျက်လိုက်ပြီ။ ဗလီတွေက ဈေးဗလီနဲ့ လမ်းချိုးဗလီပါ။ ဥက္ကံမှာက ဒီဗလီ ၂-လုံးပဲ ရှိတာပါ။ မွတ်စလင်မ်ဆိုင်တွေ အိမ်တွေတော်တော်များများကိုဖျက်လိုက်ပြီ။"လို့ ဥက္ကံမြို့ရဲ့ လတ်တလောအခြေအနေများအား M-Media ကို ပြောပြလာပါတယ်။

အခင်းစတင်ဖြစ်ပွားသည့်အခြေအနေမှာ သာမန်မတော်တဆ ထိခိုက်မှုဖြစ်သော်လည်း ယင်းဖြစ်ရပ်ကိုအခြေခံပြီး အကြမ်းဖက်မှုဖြစ်ပွားအောင် စတင်ခဲ့ခြင်းဖြစ်ပြီး တရားဥပဒေအရ အရေးယူရန် ရဲစခန်းတွင် အမှုဖွင့်သော်လည်း တရားဥပဒေအရ ထိန်းသိမ်းနိုင်စွမ်းမရှိပဲ အကြမ်းဖက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရရှိသော သတင်းများ အရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်ပြီး အကြမ်းဖက်သမားများကို ဟန့်တားခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဧပြီ ၃၀၊ ၂၀၁၃
ဥက္ကံ ။ ။ ဥက္ကံမြို့ရှိ ဗလီ၊စာသင်ကျောင်းနှင့်မွတ်စလင်မ်အိမ်များ၊ ဆိုင်ခန်းများကိုယနေ့ နေ့လည်၁နာရီခန့်က
စတင် အကြမ်းဖက် ဖျက်ဆီးနေမှုနှင့်ပတ်သက်၍ အကြမ်းဖက်ခံရသည့်နေရာမှ ထွက်ပြေးတိမ်းရှောင်နေသူ
များနှင့် ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ "ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ပိုင် အိမ်နဲ့ ဆိုင်
ခန်းတွေကို ဖျက်ဆီးတယ်။ မီးရှို့တယ်။မီးရှို့တာကဟာဖိဇ်(အာရဗီစာသင်)ကျောင်းဘေးကတဲကို မီးရှိုတယ်

ဥက္ကံမြို့ တွင် သပိတ် အဖုံးကျကွဲရာမှ အဓိကရုန်း ဖြစ်ပွားနေ

ဥက္ကံမြို့ တွင် သပိတ် အဖုံးကျကွဲရာမှ အဓိကရုန်း ဖြစ်ပွားနေ
Re-post By ACM

ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည် ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်းတွင် ဈေးဝယ်လာသူ မ၀င်းဝင်းစိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/အစ္စလာမ်မှ ၀င်တိုက် မိသဖြင့် လွယ်ထားသည့် သပိတ် လွတ်ကျကာ အဖုံးကွဲသွားသဖြင့် ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

သပိတ်အဖုံး ကျကွဲရ်ျ ဆွမ်း နှင့် ဆွမ်းဟင်းများ မှောက်သွားခဲ့သဖြင့် မ၀င်းဝင်းစိန်မှာ သပိတ် အသစ် ပြန်လည်ဝယ်ပေးခဲ့ပြီး စခန်းမှူး မှ ဆွမ်း နှင့် ဆွမ်းဟင်းများအား လှူဒါန်းပေးခဲ့စဉ် ဈေး အနီး ရပ်ကွက်နေ ကျား/မ (၅၀)ဦးခန့်မှ မကျေနပ်သဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ပေးစဉ် ဈေးပတ်လည်ရှိ ဆိုင်ခန်းအချို့အား ဖျက်ဆီးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းဆောင် ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

သစ်ထူးလွင်

အေးချမ်းမွန် Credit & Copy From >၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်<Thank
https://www.facebook.com/excellencemedia

ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည် ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်းတွင် ဈေးဝယ်လာသူ မ၀င်းဝင်းစိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/အစ္စလာမ်မှ ၀င်တိုက် မိသဖြင့် လွယ်ထားသည့် သပိတ် လွတ်ကျကာ အဖုံးကွဲသွားသဖြင့် ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမေရိကန် စစ်သည်များအား ဆိုက်ဘာ လုံခြုံရေး အတွက် လေ့ကျင့် သင်ကြား ပေးလျက်ရှိ

အမေရိကန် စစ်သည်များအား ဆိုက်ဘာ လုံခြုံရေး အတွက် လေ့ကျင့် သင်ကြား ပေးလျက်ရှိ
Re-post By ACM

ဆိုက်ဘာ တိုက်ခိုက်ရေး စစ်သည်များသည် အမေရိကန် စစ်တပ်တွင် အရေးပါသော အခန်း ကဏ္ဍတစ်ခု ဖြစ်လာခဲ့ကြောင်း Associated Press သတင်း ဌာနက ပြောကြားခဲ့သည်။

ဆိုက်ဘာ လုံခြုံရေး ချိုးဖောက်မှုကို ဆန့်ကျင်နိုင်ရန် အတွက် အမေရိကန် စစ်တပ်မှ ကျွမ်းကျင် ပညာရှင်များသည် ကွန်ပျူတာ လေ့ကျင့်မှုများကို ပိုမို ပြုလုပ်လျက် ရှိသည်။

အမေရိကန် ကုမ္ပဏီများ၏ ဆိုက်ဘာ တိုက်ခိုက် ခံရမှုတွင် တရုတ်နိုင်ငံ ပါဝင်ကြောင်း အမေရိကန် အစိုးရက သံသယ ရှိနေသည်။ ၄င်းတိုက်ခိုက်မှုသည် တရုတ်နိုင်ငံမှ ဆိုက်ဘာ စစ်သည်များ၏ လက်ချက်ဟု ယူဆရကြောင်း အမေရိကန် သတင်း စာများက ဖော်ပြခဲ့သည်။

အမေရိကန် သမ္မတ ရုံးသည် ဆိုက်ဘာ တိုက်ခိုက်မှု ခံရကြောင်း Associated Press သတင်း ဌာနက ၄င်းတို့၏ တွစ်တာ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

ထို့ပြင် Burger King, Ebay နှင့် NBC သတင်းဌာနများ သည်လည်း မကြာ သေးမီက ဆိုက်ဘာ တိုက်ခိုက် ခံခဲ့ရသည်။
ယခုကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှုများ များပြားလာခြင်းက တပ်သား သစ်များအား ဆိုက်ဘာ တိုက်ခိုက်ရေး စစ်သည် တာဝန်ကို ပိုမို စိတ်ဝင်စား လာနိုင်စေ ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့မှ တာဝန်ရှိ သူများသည် ဆိုက်ဘာ လုံခြုံရေး ခြိမ်းခြောက်မှုနှင့် စပ်လျဉ်း၍ ယခု သီတင်းပတ် အတွင်းက အဆင့်မြင့် တွေ့ဆုံပွဲကို ပြုလုပ် ခဲ့ကြသည်။
သက်သေ အထောက်အထား များစွာ ရှိနေသော်လည်း အမေရိကန် အစိုးရ၏ ဝက်ဘ်ဆိုက် များနှင့် အမေရိကန် ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက် ခံရမှုတွင် ၄င်းတို့ ပါဝင်ခြင်း မရှိဟု တရုတ်က ငြင်းဆို ထားသည်။



အေးချမ်းမွန် Credit & Copy From >မြ၀တီ<Thank
https://www.facebook.com/excellencemedia

ဆိုက်ဘာ တိုက်ခိုက်ရေး စစ်သည်များသည် အမေရိကန် စစ်တပ်တွင် အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်
လာခဲ့ကြောင်း Associated Press သတင်း ဌာနက ပြောကြားခဲ့သည်။ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှုကို ဆန်
့ကျင်နိုင်ရန် အတွက် အမေရိကန် စစ်တပ်မှ ကျွမ်းကျင် ပညာရှင်များသည် ကွန်ပျူတာ လေ့ကျင့်မှုများကို ပိုမို
ပြုလုပ်လျက် ရှိသည်။

နှလုံးခုန်မမှန်ခြင်းကို သိရှိနိုင်မည့် စွပ်ကျယ်အင်္ကျီ

နှလုံးခုန်မမှန်ခြင်းကို သိရှိနိုင်မည့် စွပ်ကျယ်အင်္ကျီ
Tuesday, April 30, 2013

နှလုံးခုန်နှုန်းမူမမှန်သည့်ပြဿနာများကို သိရှိထောက်လှမ်းနိုင်မည့် စွပ်ကျယ်အင်္ကျီတစ်မျိုးတီထွင်ထား ကြောင်း ဗြိတိန်ဆရာဝန်များကဆိုသည်။ BBC သတင်းဌာန၏ ဖော်ပြချက်တွင်ဗြိတိန်ဆရာဝန်များ တီထွင်ထားသော
စွပ်ကျယ်အင်္ကျီက ရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းစသည့် ပြဿနာများကို
 ထောက်လှမ်းဖော်ပြ ပေးမည်ဟုသိရသည်။

စွပ်ကျယ်ကို လူနာ (၄၀) ဦး အား တစ်ယောက်တစ်ထည်စီပေး၍ စမ်းသပ်
ထားပြီး နှလုံးခုန်နှုန်းပြဿ နာများကို တစ်ယောက်တစ်မျိုးစီခန့်မှန်းပေး
နိုင်သည်ဟုဆိုသည်။ 

စွပ်ကျယ်တစ်ထည်တွင် လျှပ်ငုတ် (electrode) အချောင်း (၂၅၀) စီပါ ၀င်ပြီး နှလုံးတစ်ခုလုံးကို လျှပ်စစ် ပတ်လမ်းမြေပုံတစ်ခုအဖြစ်ဖော်ပြ ပေးကာ ပုံမမှန်လျှပ်စစ်ဓါတ်ထုတ် လွှတ်နေသည့် နှလုံးတစ်ရှူးနေရာကိုဖော်ပြပေး
မည်ဖြစ်သည်။

ခြေထောက်သွေးပြန်ကြောမှတစ်ဆင့် နှလုံး ထိရောက်အောင် ကိရိယာထည့် သွင်း၍ စွပ်ကျယ်ကဖော်ပြပေးသည့် ပုံမမှန်လျှပ်စစ်ဓါတ်ထုတ်လွှတ်ရာ နှလုံး
တစ်ရှူးအား လျှပ်စစ်ဓါတ်ချေ ဖျက်ပေး နိုင်မည်ဖြစ်သည်။

နှလုံးခုန်နှုန်းပြဿနာရှိသူများ အားနှလုံးခုန်နှုန်းထိန်းစက်ကို နှလုံး တွင်းထည့်သွင်းပေးရလေ့ရှိရာ ပေါင် ၁၀၀၀ တန်ယခုစွပ်ကျယ်အင်္ကျီသာ လက်တွေ့အသုံးပြုနိုင်ပါက ခွဲစိတ် ရန်မလိုဘဲ သက်သက်သာသာကုသ
 ပေးနိုင်မည်ဖြစ်သည်။

သီဟ
Source: ANI
Health Updates Journal

Tuesday, April 30, 2013

နှလုံးခုန်နှုန်းမူမမှန်သည့်ပြဿနာများကိုသိရှိထောက်လှမ်းနိုင်မည့် စွပ်ကျယ်အင်္ကျီတစ်မျိုးတီထွင်ထား
ကြောင်းဗြိတိန်ဆရာဝန်များကဆိုသည်။BBCသတင်းဌာန၏ဖော်ပြချက်တွင်ဗြိတိန်ဆရာဝန်များတီထွင်ထား
သောစွပ်ကျယ်အင်္ကျီကရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းစသည့် ပြဿနာများကို ထောက်လှမ်းဖော်ပြ ပေး
မည်ဟုသိရသည်။

iPhone သည် ဈေးကွက်အတွင်းရှိ အကောင်းဆုံး Android ဖုန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်

iPhone သည် ဈေးကွက်အတွင်းရှိ အကောင်းဆုံး Android ဖုန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်

ခေါင်းစဉ်ကိုဖတ်ပြီး အံသြသွားပါသလား စားသုံးသူတို့။ တစ်ခုတော့ ကြိုတင်ပြီး မှာပါရစေ။ စားသုံးသူတို့ အနေနဲ့ Android OS ရဲ့ လုပ်ဆောင်ချက်တွေကို အလုံးစုံ အသုံးချချင်တယ်၊ အကောင်းဆုံး hardware ကိုလည်း ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ Nexus 4 (သို့) Galaxy S4 (သို့) HTC One တို့ကို ဝယ်ယူလိုက်ပါ။ 

ဒါပေမယ့် အထက်ပါ Android စမတ်ဖုန်း ၃ မျိုး အပါအဝင် လက်ချိုးရေတွက်နိုင်သည့် ထိပ်တန်း Android စမတ်ဖုန်းများမှ အပ ကျန် Android စမတ်ဖုန်းများထက် ကောင်းမွန်တဲ့ Android ဖုန်းကတော့ iPhone ပဲ ဖြစ်ပါတယ်။ ရှုပ်ရှက်ကို ခတ်နေတာပဲ။ ကဲ ရှင်းရှင်းလင်းလင်းပဲ ပြောပါတော့မယ်။ 

လက်ရှိဈေးကွက်အတွင်းက Android စမတ်ဖုန်းတွေမှာ Android 4.2.2 Jelly Bean အသုံးပြုတဲ့ ပမာဏက ၂၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါ့ကြောင့်လည်း အထက်ပါ ၂၅ ရာခိုင်နှုန်းသော ထိပ်တန်းဖုန်းများသည်သာ Jelly Bean နဲ့ အတူပါဝင်လာတဲ့ Google Now ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခု Android OS ဟာ အဆင့်မြင့်လာတဲ့အခါ စွမ်းရည်နိမ့် စမတ်ဖုန်းတွေကို အထောက်အပံ မပေးတော့သလို version မြှင့်တင်ရာမှာလည်း အချိန်အတန်ကြာတတ်လေ့ ရှိပါတယ်။ 

ဒါပေမယ့် ယနေ့မှာတော့ Google Now ဟာ iOS App Store မှာ download ရယူနိုင်တော့မှာ ဖြစ်တဲ့အတွက် iPhone အသုံးပြူသူများ အနေနဲ့ Android OS ရဲ့ အကောင်းဆုံးနဲ့ အသုံးအဝင်ဆုံး app တွေကို ရယူသုံးစွဲ နိုင်တော့မှာ ဖြစ်ပါတယ်။ iOS နဲ့ သုံးစွဲနိုင်မယ့် ဖုန်းများကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ iPhone 3GS အထိ ပါဝင်မှာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ App Store ပေါ်၌ Google Now အပြင် Google ရဲ့ Gmail ၊ Maps ၊ Chrome စတဲ့ အကောင်းဆုံးနဲ့ အသုံးအဝင်ဆုံး app စုစုပေါင်း ၂၅ ခုကို download လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ - ခရီးသွား မြေပုံလမ်းညွှန် အသုံးပြုလိုတယ်ဆိုရင် Google Now က Google Maps app ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ iOS ရဲ့ ညံ့ဖျင်းတဲ့ မြေပုံကို သုံးစရာ မလိုတော့ပါဘူး။ ဒါ့အပြင် မိမိရဲ့ Google account နဲ့ ဝင်ရောက်ထားမယ်ဆိုရင် Google Now ကနေပြီး သက်ဆိုင်ရာ app များမှာ လုပ်ဆောင်ချက်များကို မှတ်သားပြီး cloud ထဲ၌ သိမ်းဆည်းပေးထားတာကြောင့် နေရာမရွေး ၊ အချိန်မရွေး ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ iOS နဲ့ Android ကို တိုက်ရိုက်ဆက်သွယ်ဖို့ တံတားထိုးပေး လိုက်သလိုပါပဲ။ 

အခြားတစ်ဖက်မှာတော့ အထက်မှာ ဖော်ပြခဲ့တာတွေအားလုံးကို ခြုံငုံပြီး ကြည့်မယ်ဆိုရင် လွန်စွာမှ ကောင်းမွန်ပြီး iOS သုံးသူများအတွက် အဆင်ပြေမှာ ဖြစ်ပေမယ့် Android ကတော့ Android ပါပဲ။ အထူးသဖြင့် မိမိစိတ်ကြိုက် ပြောင်းလဲမှုတွေ ပြုလုပ်နိုင်တဲ့အချက်ကို iPhone ပေါ်မှာ Google Now သုံးရင်တောင် ရရှိမှာ မဟုတ်ပါဘူး။ iOS ကို Jailbreak လုပ်တာနဲ့ Android ကို root လုပ်တာရဲ့ ကွာခြားချက်နဲ့ ရရှိနိုင်တဲ့ အကျိုးအမြတ်တွေကလည်း ကွားခြားလွန်းလှပါတယ်။ 

အမှန်တကယ်တော့လည်း Google ဟာ အစကတည်းက ယင်းတို့၏ ဖန်တီးမှုများကို လူများများထံ ရောက်ရှိစေရေး အခမဲ့ ပေးဝေခဲ့တာဖြစ်ပါတယ်။ များများသုံးလေ၊ ကြော်ငြာများများရလေ ဆိုတဲ့ သဘောပါပဲ။ iOS ကတော့ ပြောင်းပြန်ပါ။ အားလုံးကို ချုပ်ကိုင်ထားဖို့ဆိုတာ Apple ရဲ့ ရည်ရွယ်ချက်ပါပဲ။ ဒါပေမယ့် Google Now နဲ့အတူ Apple ရဲ့ တင်းကြပ်စွာ ဆုပ်ထားတဲ့ လက်သီးက ပြေလျော့လာနေပါပြီ။ နောက်ထပ် ဘယ်တွေ၊ ဘယ်လို ပြောင်းလဲလာမလဲ ဆိုတာတော့ အချိန်ကပဲ စကားပြောပါလိမ့်မယ်။


Myanmar Consumer Guide

ခေါင်းစဉ်ကိုဖတ်ပြီး အံသြသွားပါသလား စားသုံးသူတို့။ တစ်ခုတော့ ကြိုတင်ပြီး မှာပါရစေ။ စားသုံးသူတို့ အနေနဲ့ Android OS ရဲ့ လုပ်ဆောင်ချက်တွေကို အလုံးစုံ အသုံးချချင်တယ်၊ အကောင်းဆုံး hardware ကိုလည်း ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ Nexus 4 (သို့) Galaxy S4 (သို့) HTC One တို့ကို ဝယ်ယူလိုက်ပါ။

ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့တွေနဲ့ BGF ကရင်နယ်ခြားစောင့်တပ်တို တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး

ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး

ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ပေါ်မှာ မနေ့ညက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့တွေနဲ့ BGF ကရင်နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံ ၄၀၀ လောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး တိုက်ပွဲလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

မနေ့ည ၁၁ နာရီကျော်ကနေ မနက် ၂ နာရီကျော်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ BGF ကရင်နယ်ခြားစောင့်တပ်က မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပစ်တာက ညကတစ်ညလုံးကတော့ ၁၁ နာရီခွဲကနေ ၂ နာရီခွဲအထိ ပစ်တာ၊ တိုက်ပွဲဖြစ်တဲ့ အနီးစပ်ဆုံးရပ်ကွက်တွေကတော့ အကုန်ပြေးရတာပေါ့၊ ဒေသခံ သုံး၊ လေးရာဝန်းကျင်လောက်ပေါ့၊ ကျနော်တို့ မြိုင်ကြီးငူနဲ့ဝေးတဲ့ တချို့လေးငါးခြောက်မိုင် ခုနှစ်မိုင်ဝေးတဲ့ နေရာတွေပေါ့နော်၊ အဲဘက်တွေ တိမ်းရှောင်နေရတာပေါ့၊ ကျနော်တို့လည်းဖြစ်တဲ့နေရာကို ဘယ်သူမှမသွားရဲဘူး၊ ဒီနေ့မနက်ဘာမှ လောလောဆယ် ထူးခြားမှုမရှိသေးဘူး၊ သူတို့ BGF တပ်ကတော့ လုံခြုံရေး တအားတင်းထားတာပေါ့နော်၊ BGF ကတော့ သွားလိုက်လာလိုက်ပဲ”

အဲဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်ပြီး အခုဆိုရင်တိုက်ပွဲကြောင့် ဒေသခံတွေအကြား နေ့ရောညပါ စိုးရိမ်ကြောင့်ကြနေကြရတယ်လို့လည်း သိရပါတယ်။

ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ပေါ်မှာ မနေ့ညက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်
(DKBA)တပ်ဖွဲ့တွေနဲ့ BGF ကရင်နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံ ၄၀၀ လောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး တိုက်ပွဲလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါ
တယ်။