Pages

Friday, April 26, 2013

လူမျိုးစာရင်းကောက်ခံတဲ့နေရာမှာ ဘင်္ဂါလီလူမျိုး အဖြစ်လက်မှတ် ထိုးပေးရမယ်လို့ခြိမ်းခြောက်

လူမျိုးစာရင်းကောက်ခံတဲ့နေရာမှာ ဘင်္ဂါလီလူမျိုး အဖြစ်လက်မှတ် ထိုးပေးရမယ်လို့ခြိမ်းခြောက်

ရန်ကုန်၊ ဧပြီ ၂၆
မိုးကြယ်စင်

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်မှာ လူမျိုးစာရင်းကောက်ခံမှုတဲ့အခါမှာ ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် လက်မှတ်ထိုးပေးရမယ် လို့ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ဒေသခံတွေပြောစကားအရသိရပါတယ်။

“ ဒီနေ့စစ်ဆေးရေးဝင်မယ်လို့ပြောတယ်။ဝင်တဲ့အခါမှာလဲ ကိုယ့်ကိုကို ဘဂါင်္လီလို့လက်မှတ်ထိုးရမယ်တဲ့ လက်မှတ်မထိုးလဲရတယ်တဲ့၊ အသံနဲ့ပြောတော့ သူတို့မှတ်တမ်းတင်ထားမယ်လို့ပြောတယ်။

ပြီးတော့ ရွာတိုင်းက ဗလီဂေါပကတွေ၊ ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေကိုခေါ်ပြီး ဘင်္ဂါလီခံယူဖို့ပြောတယ်။ မခံယူရင် မင်းတို့ကိုဖမ်းမယ် ဆိုပြီးလ.၀.က ကလူတွေကခြိမ်းခြောက်တယ်”လို့စစ်တွေဒေသခံတစ်ဦးကဆိုပါတယ်။

လူမျိုးစာရင်းကောက်ခံမှုမှာ ပါဝင်သူတွေကတော့ စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် လ.၀.က ၊စစ်တပ်မှတာဝန်ရှိသူ တွေပါဝင်တယ်လို့ သိရပါတယ်။  ရိုဟင်ဂျာရွာတွေမှာ လူမျိုးစာရင်းကောက်ခံဖို့အတွက် လ.၀.က၀န်ထမ်းပေါင်း သုံးထောင်ကျော်ချထားပေး တယ်လို့လည်း သိရပါတယ်။ စစ်တွေဒေသခံတွေအနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ်ခံယူဖို့အစီစဉ်မရှိဘူးလို့လည်းသိရပါတယ်။

“ ကျွန်တော်တို့ကို ဘင်္ဂါလီအဖြစ် အတင်းအကြပ်လက်ခံခိုင်းမယ်ဆိုရင် ကျွန်တော်တို့ငြင်းမှာပါ၊ ကျွန်တော်တို့ ဘင်္ဂလားဒေရှ့်ကလာတာမဟုတ်ပါဘူး၊ ခင်ဗျာတို့မြန်မာနိုင်ငံသားဖြစ်သလို၊ကျွန်တော်တို့တွေလဲ မြန်မာနိုင်ငံသားပါလို့စစ်တွေဒေသခံ တစ်ဦးကဆိုပါတယ်။

ရိုဟင်ဂျာရွာတွေမှာလဲစစ်တပ်ကလုံခြုံရေးတွေချထားတယ်လို့သိရပါတယ်။ ရွာတိုင်းမှာ လုံခြုံရေးချထားတာဖြစ်ပါတယ်။ ရွာတိုင်းမှာစစ်တပ်အင်အား ၇၀ ၀န်းကျင် ကနေ ၂၀၀ ၀န်းကျင်အထိ လူဦးရေအနည်းအများလိုက် ချထားပေးတယ်လို့သိရပါတယ်။

“ ကျွန်တော်တို့ရဲ့ထွက်ပေါက်တွေကိုပိတ်ထားတယ်။ ပြီးတော့ မင်းတို့ဘယ်မှမထွက်နဲ့စစ်စရာရှိသေး တယ်ဆိုပြှီးပြောတယ်။ လူမျိုးသက်မှတ်ရက်နီးလာပြီလေ၊လပိုင်းပဲလိုတော့တယ်။အဲဒီအတွက် ကျွန်တော်တို့ကို ဘင်္ဂါလီ အဖြစ် အတင်းအကြပ်ခံယူ ခိုင်းနေတာဖြစ်တယ်လို့ ထင်တယ်။” လို့ ဒေသခံတစ်ဦးကသူ့ထင်မြင်ချက်ကိုပြောပြပါတယ်။

ရန်ကုန်၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်မှာ လူမျိုးစာရင်းကောက်ခံမှုတဲ့အခါမှာ ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် လက်မှတ်ထိုးပေးရမယ် လို့ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ဒေသခံတွေပြောစကားအရသိရပါတယ်။“ ဒီနေ့စစ်ဆေးရေးဝင်မယ်လို့ပြောတယ်။ဝင်တဲ့အခါမှာလဲ ကိုယ့်ကိုကို ဘဂါင်္လီလို့လက်မှတ်ထိုးရမယ်တဲ့ လက်မှတ်မထိုးလဲရတယ်တဲ့၊ အသံနဲ့ပြောတော့ သူတို့မှတ်တမ်းတင်ထားမယ်လို့ပြောတယ်။

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း


၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။

မြို့တော် စစ်တွေထက် အမ်းမြို့ကို တန်ဖိုးနည်း SIM Card ဆယ်ဆခန့် ရောင်းချ

Photo: မြို့တော် စစ်တွေထက် အမ်းမြို့ကို တန်ဖိုးနည်း SIM Card ဆယ်ဆခန့် ရောင်းချ
FRIDAY, APRIL 26, 2013

စစ်တွေ(မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်တွင် တန်ဖိုးနည်း ၁၅,၀၀ ကျပ်တန် CDMA ဆင်းကတ်များကို ဧပြီလ ၂၃ ရက်နေ့မှ စတင်၍ မဲချပေးလျက်ရှိရာ အမ်းနှင့်စစ်တွေ နှစ်မြို့နယ်သာ ရရှိကြပြီး ကျန် ၁၅ မြို့နယ်မှာ မရသေးကြောင်း သိရသည်။

“ကျနော်တို့ ဖုန်းကတ်တွေကို အမ်းနဲ့ စစ်တွေမှာ စတင်ရောင်းပေးနေပါပြီ။ လက်ရှိ အမ်းမှာ ဖုန်းကတ် ၁,၀၂၀နဲ့ စစ်တွေမှာ ၂၈၀ ရောင်းပြီးပါပြီ။ ကျန်တဲ့ မြို့နယ်တွေကိုလည်း တိုးချဲ့ရောင်းချသွားမှာပါ။ ပြည်နယ်တွင်း ဆက်သွယ်ရေး ပိုအဆင်ပြေအောင် ကြိုးစား နေပါတယ်” ဟု ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာ ဦးမျိုးသန့် က ပြောသည်။

မကြာမီကာလအတွင်း အမ်းမြို့နယ်တွင် ဖုန်းကတ် ၂,၀၀၀ ပြည့်သည်အထိ ရောင်းချပေးသွားမည် ဖြစ်၍ ပြည်နယ်မြို့တော် စစ်တွေထက် ၁၀ ဆခန့် ပိုများနေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆက်သွယ်ရေးကဏ္ဍ လိုအပ်ချက် စက်ပစ္စည်းများ မပြည့်စုံသေး၍ ဖြစ်သည်ဟု ဦးမျိုးသန့်က ဆိုသည်။

သို့သော် မရသေးသည့် ကျန်မြို့နယ်များမှ ပြည်သူများကြား ကျေမနပ်မှုများလည်း ရှိနေကြောင်း သိရသည်။

တာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဖုန်းကဒ် မည်မျှရသည်၊ မြို့နယ် များကို မည်သည့်စနစ်ဖြင့် ခွဲဝေချပေးနေသည်ကို ရှင်းလင်းစွာ ပြောဆိုခြင်း မရှိသလို ခရိုင်အလိုက် ပေးပါက အမ်းမြို့နယ် အများဆုံးရစရာ အကြောင်းမရှိသဖြင့် အမ်းကို အဓိကထား ပေးနေခြင်းမှာ ယင်းမြို့တွင် စစ်တပ်အများ စုရှိ၍ ဖြစ်နိုင်ကြောင်း ကျောက်ဖြူဒေသခံ ကျောင်းဆရာတဦးက သုံးသပ်သည်။

“လက်ရှိ ရခိုင်မှာ မြို့တိုင်းလိုလိုမှာ တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးစနစ်တွေ အထိုက်အလျောက် ကောင်းနေပါပြီ။ တန်ဖိုးနည်း ဆင်းကဒ်တွေကို မြို့နယ်အလိုက် အနည်းအများဆိုသလို ချပေးသင့်တာပေါ့။ အခုဟာက ရခိုင် တပြည်နယ်လုံး ရရှိရမယ့် ဆင်းကဒ်တွေကို အမ်း တမြို့တည်းကိုပဲ ပေးနေသလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ဖုန်းကတ် ထုတ်ရာတွင် လိုင်စင်ဓါတ်ပုံ နှစ်ပုံ ပေးရပြီး မိုဘိုင်းတယ်လီဖုန်း သုံးစွဲသူများ လိုက်နာရမည့် စည်းကမ်းချက်များကို လက်မှတ် ထိုးရသည်။ တရားဥပဒေနှင့် မညီညွတ်သော ကိစ္စရပ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မပြောရန် တားမြစ်ချက်လည်း ပါဝင်ကြောင်း သိရသည်။

“ံဆက်သွယ်ရေးက သူတို့သတ်မှတ်ပေးတဲ့ ဖုန်းဆိုင်မှာပဲ Hand Set (ဖုန်းအလုံး) နဲ့ ငွေဖြည့်ကတ်ကို ဝယ်ခိုင်းတယ်။ ကိုယ့်မှာ သုံးလို့ရတဲ့ CDMA ဖုန်းခွံ ရှိပြီးသားဖြစ်ပေမယ့် သုံးလို့မရဘူး။ လူတွေက ဒါကိုတော့ သိပ်ဘဝင်မကျကြဘူးဗျ” ဟု ဖုန်းမဲ ပေါက်သူ စစ်တွေသားတဦးက ပြောသည်။

စစ်တွေမြို့တွင် ရပ်ကွက် လူဦးရေနှင့် လျှောက်ထားသူ ပမာဏကို လိုက်၍ ဖုန်းကတ် ခွဲဝေချပေးလျက်ရှိပြီး ကိုယ်တိုင် မဲနှိုက်ခွင့်မရခဲ့သော်လည်း သမာသမတ် ရှိသည်ဟု စစ်တွေဖုန်းကတ် လျှောက်ထားသူတို့က မှတ်ချက်ပေးသည်။

“ကျနော်တို့ အုန်းတပင် ရပ်ကွက်က သေးတယ်။ လျှောက်ထားသူက ၆၀ လောက်ပဲ ရှိတယ်။ ဖုန်းကဒ် ၅ ကတ်ပဲ ရတယ်။ ဆင်ကူးလမ်း ရပ်ကွက်က ကြီးတဲ့အပြင် လျှောက်ထားသူက ၂၀၀ လောက် ရှိတော့ ကတ် ၅၀ လောက် ပေးတယ်။ ကျနော်တို့ကိုယ်တိုင် မဲမနှိုက်ရပေမယ့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖ အပါအဝင် အရပ်လူကြီးများတွေ အားလုံး ရှေ့မှာ မဲနှိုက်တော့ ဘယ်သူမှ စောဒက မတက်ကြပါဘူး” ဟု စစ်တွေ အုန်းတပင်စုမှ ကိုအောင်ကျော်စိုး က ပြောသည်။

ယခု ချပေးသော တန်ဖိုးနည်း ဖုန်းကတ်များမှာ ယခင် ချပေးထားသည့် ဖုန်းများနည်းတူ ဆက်သွယ်မှု ကောင်းမွန်ကြောင်းလည်း သိရသည်။ 

Mizzima News
စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် တန်ဖိုးနည်း ၁၅,၀၀ ကျပ်တန် CDMA ဆင်းကတ်များကို ဧပြီလ ၂၃ ရက်နေ့မှ စတင်၍ မဲချပေးလျက်ရှိရာ အမ်းနှင့်စစ်တွေ နှစ်မြို့နယ်သာ ရရှိကြပြီး ကျန် ၁၅ မြို့နယ်မှာ မရသေးကြောင်း သိရသည်။

မန်ချက်စတာ ယူနိုက်တက် အသင်း ရာသီသိမ်းရန် (၄)ပွဲ အလို ပရီးမီးယားလိဂ်ဖလားစောစီးစွာရရှိ

“မန်ချက်စတာမြို့တွင် မန်ယူ လှည့်လည်အောင်ပွဲခံမည်”


Photo: “မန်ချက်စတာမြို့တွင် မန်ယူ လှည့်လည်အောင်ပွဲခံမည်”

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့်အတူ မန်ချက်စတာမြို့အတွင်း လှည့်လည် အောင်ပွဲခံမည့် အခမ်းအနားအား မေလ (၁၃)ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။ 

ပရီးမီးယားလိဂ်ဟူသော အမည်ဖြင့် စတင်ကျင်းပခဲ့သည့် ပြိုင်ပွဲ ကာလတစ်လျှောက် (၁၃)ကြိမ်မြောက်၊ အင်္ဂလန်၏ အမှတ်ပေး ချန်ပီယံဆု အနေဖြင့် အကြိမ်(၂၀)မြောက် ဆုဖလားကို မန်ယူအသင်းအနေဖြင့် ရာသီသိမ်းရန် (၄)ပွဲ အလိုတွင် စောစီးစွာ ဗိုလ်စွဲ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21414


မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့်အတူ မန်ချက်စတာမြို့အတွင်း လှည့်လည် အောင်ပွဲခံမည့် အခမ်းအနားအား မေလ (၁၃)ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

မြန်မာ ဘုန်းတော်ကြီးကျောင်းရှိရာ မလေးရှား နိုင်ငံပီနန်းမြို့ရှိ ကုန်တိုက်များတွင် ၉၆၉ များ အခြေစိုက် လှုပ်ရှားနေ

မြန်မာ ဘုန်းတော်ကြီးကျောင်းရှိရာ ပီနန်းမြို့ရှိ ကုန်တိုက်များတွင် ၆၉၆ များ အခြေစိုက် လှုပ်ရှားနေ


အထူးသတင်းအာဘော်/ဆောင်းပါး 

26 April 2013
သတင်း – ဇိုက်အောင်မြင်

မလေးရှား နိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား အရေအတွက် မှ စုစုပေါင်း ၇ သိန်းမှ ၁ သန်းခန့် ရှိပါသည်။

 မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လာရောက် အလုပ်လုပ် ကိုင်နေကြရာတွင် မိမိတို့ သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးဖြင့် သာရေး နာရေး လူမှုရေးများကို လူမျိုးမရွေး ဘာသာမရွေး ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

ရခိုင်နိုင်ငံတော် ထူထောင်ရေး ရည်ရွယ်ချက်ဖြင့် လာရောက် အခြေစိုက်ခဲ့သော အစွန်းရောက် ရခိုင်များမှ အပ ကျန် မြန်မာနိုင်ငံသား အားလုံးတို့မှာ အမိမြေနှင့် ဝေးကွာရာ အရပ်သို့ ရောက်ရှိနေချိန် တွင် တစ်ဦးနှင့် တစ်ဦး ချစ်ကြည်စွာ တစ်ဦး၏ သာရေး နာရေးများကို တစ်ဦးက ပါဝင်ဆောင်ရွက်ခြင်း စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် စာပေဟောပြောပွဲများ စုပေါင်းကျင်းပခဲ့ခြင်း စသည့် အစဉ်အလာကောင်းများ ရှိရာ အဝေးရောက် မြန်မာနိုင်ငံ သားများ၏ နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

သို့သော် ၂၀၁၂ ခုနှစ် အစပိုင်း ရခိုင်ပဋိပက္ခ မဖြစ်ပွားမှီ FB ပေါ်မှ စတင်ပြီး အစွန်းရောက် အတွေးခေါ်များဖြင့် သွေးထိုးလှုံဆော် ခဲ့ကြသည့် သျှင်မင်းရ (Qing Minya) အပါအ၀င် အချို့သူများမှ မလေးရှား အခြေစိုက် လှုပ်ရှားခဲ့ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများ အခြင်းခြင်း တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုများကို သပ်လျှိုသွေးခွဲခဲ့ပါသည်။

မူလက ရခိုင်နိုင်ငံတော် ထူထောင်ရေးအတွက် တရားပွဲများ ကျင်းပခြင်း အလှုငွေများ ရှာဖွေခြင်း နှင့် လူသူစုဆောင်းခြင်းများအား မလေးရှား အခြေစိုက် ရခိုင်လွတ်မြောက်ရေး တပ်မတော် (ALP) နှင့် ရခိုင်အသင်းတို့မှ အစဉ်တစိုက် ဆောင်ရွက်ခဲ့ပါသည်။

 များမကြာမှီက ဖြစ်ပွားခဲ့သော ရခိုင်အရေး အခင်းကာလ အတွင်း အဆိုပါ အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် ရခိုင်လူငယ် ၃၀၀ ကျော် ရခိုင်ပြည်နယ်သို့ ပြန်ပို့ခဲ့ပါသည်။

၎င်းတို့၏ လုံခြုံရေးကြောင့်ဟု အကြောင်းပြ ကာ ပြန်လွတ်ခဲ့သော်လည်း အဆိုပါလူငယ်များမှ ပဋိပက္ခများတွင် ပါဝင် လှုပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။

ထို့အပြင် မကြာသေးမှီကာလမှ စတင်ပြီး မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်လာသော အစွန်းရောက် လှုပ်ရှားမှုများဖြစ်သော ပြည်မရှိ ဗုဒ္ဓဘာသာ အစွန်းရောက် ၉၆၉ လှုပ်ရှားမှုများ သည် မလေးရှားရောက် မြန်မာနိုင်ငံသားများ အပေါ် သက်ရောက်မှုများရှိခဲ့ပါသည်။

အဆိုပါ လှုပ်ရှားမှုများကို အစွန်းရောက်တစ်ချို့မှ မလေးရှား နိုင်ငံတွင်း အခြေစိုက်လှုပ်ရှား ခဲ့ကြပါသည်။ အဆိုပါ အစွန်းရောက်များက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူတကွ နေထိုင်သော မလေးရှားနိုင်ငံ အတွင်း ရှိ မလေးဆန့်ကျင်ရေး နိုင်ငံရေး သမားများ၏ အကူအညီကို ရယူပြီး လှုပ်ရှား ခဲ့ကြပါသည်။ မြန်မာသံရုံး ၀န်ထမ်းအချို့ကလည်း အဆိုပါ အစွန်းရောက် လှုပ်ရှားသူများကို အားပေး ကူညီခဲ့ကြပါသည်။

''ပီနန်းကုန်တိုက် မှာ ၉၆၉ အခြေစိုက် လှုပ်ရှားနေတဲ့ စားသောက်ဆိုင်နှင့် စတိုးဆိုင်ပိုင်ရှင် ကို မြန်မာနိုင်ငံက တရားမ၀င် လာအလုပ်လုပ်တဲ့ သူတွေကို ဖမ်းမိယင်ထားတဲ့ CAMP ထဲ့က ပြန်ထုတ်ဖို့ သံရုံးက ပီနန်းကိုယ်စားလှယ် ဆိုပြီးခန့်ထားတယ်လေ၊ သံရုံးက ကိုယ်တိုင်က ဒီလို အစွန်းရောက်တွေ ကို ထောက်ပံပေးနေတာ''

ဟု ပီနန်းရောက် မြန်မာနိုင်ငံသား တစ်ဦးက ပြောကြားခဲ့ပါသည်။

''ဒီ ပီနန်းက ၉၆၉ လုပ်တဲ့သူက လူပွဲစား ဂိုဏ်းတွေနဲ့ အဆက်အသွယ် ရှိတယ်လေ၊ ငွေပေးငွေယူလဲ မမှန်ဘူးကြားတယ်၊ သူ့ မိန်းမ ကိုယ်တိုင်က သူ့ အပေးအယူ ကိစ္စတွေ ဖြေရှင်းရပါများလွန်းတော့ စိတ်ကုန်နေတယ်။ ဒီမှာက ဂိုဏ်းစတားတွေက အများသား မဟုတ်လား အခုလဲ သေနတ်နဲ့ ပစ်ခံရတယ်ကြားတယ် '' ဟု ပြောကြားခဲ့ပါသည်။

မလေးရှားရောက် ၉၆၉ ဂိုဏ်းဝင် များသည် မြန်မာနိုင်ငံ နှင့် ဆက်သွယ်ရေး ကွန်ယက်ကောင်းမွန်ပြီး ၀င်ထွက်ရ လွယ်ကူသော မလေးရှား နိုင်ငံကို အခြေပြု ကာ နိုင်ငံတကာရှိ အခြား အစွန်းရောက် ဂိုဏ်းများဖြင့် ဆက်သွယ်ခြင်း၊ လူကုန်ကူးခြင်း၊ တရားမ၀င် အရက်ချက်ခြင်း စသည့် တရားမ၀င် လုပ်ငန်းများစွာအား လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြပြီး ထိုင်း၊ မြန်မာ နှင့် မလေးရှား နိုင်ငံ အတွင်း ၎င်းတို့ အချင်းချင်း အကြား ဂိုဏ်းဂဏ တိုက်ပွဲများ မကြာခဏ ဖြစ်လေ့ဖြစ်ထ ရှိကြောင်း မလေးရှားရောက် မြန်မာများက ပြောကြားခဲ့ပါသည်။

26 April 2013

မလေးရှား နိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား အရေအတွက် မှ စုစုပေါင်း ၇ သိန်းမှ ၁ သန်းခန့် ရှိပါသည်။မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လာရောက် အလုပ်လုပ် ကိုင်နေကြရာတွင် မိမိတို့ သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးဖြင့် သာရေး နာရေး လူမှုရေးများကို လူမျိုးမရွေး ဘာသာမရွေး ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

မော်လမြိုင် ကြက်တန်းမန္တလေးရပ်တွင် ၉၆၉ အကြမ်းဖက်လှုပ်ရှားသူများဆူပှုမှုဖြစ်စေရန် လှုံဆော်မှုများပြုလုပ်နေ့ 

25-4-2013 ည ၁၁ နာရီပတ်ဝန်းကျင်မှာ မော်လမြိုင် ကြက်တန်းမန္တလေးရပ်တွင် ၉၆၉ အကြမ်းဖက်လှုပ်ရှားသူများက မော်တော်ဆိုင်ကယ် အစင်းရေ ၃၀ ခန့်နဲ့ လက်နက်များကိုင်ဆောင်ပြီး လှည့်ပတ်သွားလာနေကြာင်းသိရပါတယ် ။ ၁၁ နာရီ ၃၀ ခန့်မှာတော့ ရဲနှင့် စစ်တပ်များရောက်လာလို့ အကြမ်းဖက် ဗုဒ္ဓဘာသာ ၉၆၉ လှုပ်ရှားမှုအဖွဲ့တွေဟာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်နယ်မြေ ဒေသခံအချို့၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုအပေါ် ထိရောက်စွာ အရေးယူမည်ဆိုသော ပြည်ထဲရေး၏ ထုတ်ပြန်မှုကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ဝေဖန်

လက်ပံတောင်းတောင်နယ်မြေ ဒေသခံအချို့၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုအပေါ် ထိရောက်စွာ အရေးယူမည်ဆိုသော ပြည်ထဲရေး၏ ထုတ်ပြန်မှုကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ဝေဖန်ခဲ့ကြ

    Created on Friday, 26 April 2013 20:17 

ဧပြီ ၂၄ ရက် နံနက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဒေသခံအချို့နှင့် ဒေသအာဏာပိုင်တို့ အကြား ပဋိပက္ခတွင် ဖမ်းဆီးရမိသူများကို ထိရောက်စွာ အရေးယူသွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် အရေးယူသွားမည်ဟု ပြည်ထဲရေး၏ ထုတ်ပြန်ကြေညာမှု အပေါ် နယ်ပယ်အသီးသီးမှ ထင်ရှားသူတို့က ဝေဖန်သုံးသပ် နေကြသည်။

အထူးသဖြင့် ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် နံနက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော လက်ပံတောင်းတောင် သံဃာတော်များကို ပြည်ထဲရေး၏ ညွှန်ကြားမှုဖြင့် အင်အားသုံး ဖြိုခွဲမှု၊ မီးလောင် ဖော့စ်ဖရပ်စ်ဗုံး အသုံးပြုမှုတို့ကို အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ မျက်ကွယ်ပြုခဲ့ပြီး ယခုဖြစ်စဉ် ဖြစ်ပွားလာကာမှ အရေးယူမည် ဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေကြသည်။

ထိုစဉ်က လက်ပံတောင်းတောင်အရေး အကြမ်းဖက် နှိမ်နင်းခဲ့သူများကို အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) က'' ပြီးခဲ့တဲ့ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်သူတွေကို အရေးယူဖို့ ပြောဖို့ရာ တာဝန်သည် သူတို့ ကော်မတီမှာ မရှိဘူး၊ ကော်မတီ တာဝန်မဟုတ်ဘူးလို့ ပြောတယ်။ ပြည်သူတွေ အနေနဲ့ ဘယ်လိုလုပ် အရေးယူပေးဖို့ ပြောမလဲ။ အမှန်တော့ ဒါက အစိုးရရဲ့ အလုပ်ပဲ။ အုပ်ချုပ်တဲ့ အဖွဲ့အစည်း အနေနဲ့ မလုပ်ရင် မလုပ်တဲ့သူမှာ အပြစ်ရှိတယ်လို့ ယူဆတယ်'' ဟု သုံးသပ်သည်။

အလားတူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင် ကလည်း ထိုစဉ်က ဖြစ်ပွားခဲ့သော သမိုင်းတွင်မည့် ဖြစ်စဉ်ကြီးအပေါ် ''လက်ပံတောင်းတောင် ကိစ္စဟာ အရင်အစိုးရ လက်ထက်ကတည်းက လုပ်ခဲ့တဲ့ ကိစ္စပဲ။ အဲဒီကတည်းက တရားမျတမှု မရှိဘူး။ ပွင့်လင်း မြင်သာမှုလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ဘာမှ မပြောရဲခဲ့ကြဘူး။ အခု အတော်အသင့် လွတ်လပ်လာတော့ သဘောထားတွေ ဖော်ထုတ်လာကြတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြေရှင်းမှုကိုလည်း တချို့က မကျေနပ်တာတွေ ရှိတယ်။ လက်ပံတောင်းတောင်ကြီး ပျောက်သွားမှာကို စိုးရိမ် ကြတာတွေ ရှိတယ်။ အဲဒါကြောင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲတာကို ဖြေရှင်းပုံ ဖြေရှင်းနည်းမှာ အကြမ်းဖက်တာ မဖြစ်သင့်ဘူးလို့ ထင်တယ်။ သံဃာတော်တွေ အကြမ်းဖက် ခံရတုန်းကတော့ အရေးယူမှု ဘာမှမရှိခဲ့ဘဲ အခုကျမှ အရေးယူမယ် ဆိုတာတွေက တရားဥပဒေအရ မမျှတဘူးလို့ မြင်တယ်။ တကယ်ဆို အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်တယ်'' ဟု ပြောသည်။

ထို့ပြင် အစစ်အမှန် တရားမျှတမှု လိုအပ်ကြောင်းကိုလည်း ''ကျွန်တော်တို့က တရားဥပဒေ စိုးမိုးရေး ဆိုတာကို သဘောတူတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဥပဒေစိုးမိုးရေး လိုအပ်တယ်။ ပြဿနာကို ဖြေရှင်းရာမှာလည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ဖို့လိုတယ်။ တရားဥပဒေအောက်က ဖြေရှင်းမယ်ဆိုရင် အစစ်အမှန် တရားမျှတမှု လိုအပ်တယ်။ ဒါကြောင့် အစစ်အမှန် တရားမျတမှုကို လုပ်ပါ။ အားလုံး အပေါ်မှာ တန်းတူပဲ ရှိစေချင်တယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာကတည်းက သံဃာတော်တွေ အကြမ်းဖက် ဖြိုခွင်းမှုမှာ တာဝန်ရှိတဲ့ သူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ပြောပြီးသားပါ'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောသည်။

ဒေါက်တာ ခင်မောင်ညို (ဓာတု) ကပင် ''လက်ပံတောင်းတောင် အစီအရင်ခံစာမှာတော့ ဗုံးတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ရေးထားပါတယ်။ အတော်ပြည့်စုံတယ်။ အတိအကျ မရေးထားတာဘဲ ရှိတယ်။ ဗုံးမှာ ဖော့စ်ဖရပ်ပါတယ်။ မီးလောင်ဗုံးလို ဖြစ်နေတယ်။ မီးခိုးဗုံး ဆိုပေမယ့် အသုံးမပြုသင့်တဲ့ ဗုံးဖြစ်တယ်။ ပြည်သူတွေကို မသုံးရဘူး။ စစ်တပ်မှာလည်း Personal တွေကိုလည်း သုံးခွင့်မရှိဘူး။ သုံးရင် ဒါက Criminal ဖြစ်တယ်။ သုံးခဲ့တဲ့ပုဂ္ဂိုလ်၊ ထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရှာဖွေသုံးသပ်ရမယ်။ ဒါကို သူတို့က ဘာမှ မဟုတ်သလိုလိုနဲ့ ခပ်တည်တည် နေနေကြတယ်'' ဟု ထပ်မံထောက်ပြ သွားသည်။

ထိုစဉ်က သံဃာတော် အများအပြား မီးလောင်ဒဏ်ရာ အကြီးအကျယ် ရရှိသည်အထိ အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကို ရန်ကုန်၊ ပခုက္ကူ၊ မန္တလေး စသည့် ဒေသများမှ သံဃာတော်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ရှေ့နေများ ကွန်ရက်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်၊ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့မှ တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

ယင်းနောက် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပေးရန်နှင့် သပိတ်စခန်းများကို အင်အား အလွန်အကျွံ သုံး၍ ယခု အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူနှင့် အမိန့်ပေးသူတို့အား နိုင်ငံတော်ဘက်မှ ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် နိုင်ငံတော် အနေနှင့်မူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက် ဆောင်ရွက်ခွင့်ပြုရန် သင့်-မသင့် စိစစ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွဲ့ဝင် ၃၀ ဦးပါ စုံစမ်းရေး ကော်မရှင်ကို ဒီဇင်ဘာ ၁ ရက် နေ့စွဲဖြင့် စတင်ဖွဲ့စည်း လိုက်သည်။

ယင်းနောက်မှ အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော်မရှင် ဥက္ကဋ္ဌအဖြစ်နှင့် အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းရေး ကော်မရှင်ကို ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ စုံစမ်းရေး ကော်မရှင် အနေနှင့် ဒီဇင်ဘာ ၅ ရက်တွင် ဒေသခံများနှင့် စတင်တွေ့ဆုံခဲ့သည့် အပေါ် စုံစမ်းရေး ကော်မရှင်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ''ကော်မရှင်ရဲ့ လှုပ်ရှားမှု ပထမဆုံးနေ့မှာ လက်ပံတောင်းတောင်ဒေသ၊ ၀က်မှေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်'' ဟု ပြောသည်။

သို့သော် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာကြေးနီ စီမံကိန်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးကမူ စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းနေ့မှာပင် ကတိပြု ပြောကြားခဲ့သည်။

ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွဲခဲ့မှုအပေါ် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ စစ်တွေ၊ ပြည်၊ ပုသိမ်၊ ကလေး စသည့် မြို့ကြီးများတွင် သံဃာတော်များနှင့် ပြည်သူတို့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၎င်းတို့မှ အချက် ငါးချက်ပါ တောင်းဆိုချက်များ ထုတ်ပြန်ခဲ့ကြပြီး ယင်းတို့အနက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်းရှင်လူ ပြည်သူတို့အား အကြမ်းဖက်နှိမ်နင်း ဖြိုခွဲသော တာဝန်ရှိသူ အားလုံးကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး ဆိုသည့် အချက် ပါဝင်ခဲ့သည်။

၎င်းအခြေအနေတွင် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) ကပင် ''ပြည်သူ့ရဲတွေ အနေနဲ့ အရင်က တည်းက အမိန့်ကို နာခံတာပဲသိတယ်။ ဥပဒေကို နားမလည်ဘူး။ ဥပဒေကို နားမလည်တော့ အမိန့်ပေးတာကိုပဲ သိတယ်။ အခုဖြစ်နေတာတွေက ဘယ်ဟာတွေမှ မကောင်းဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းခြင်း မရှိရင်၊ နားမလည်ရင် ဘာမှ အလုပ်လုပ်လို့ မရဘူး။ အလုပ် လုပ်လို့ရအောင် တစ်ခုခု ဆုံးဖြတ်ရမယ်။ ဒီလိုဖြစ်တဲ့ ကိစ္စတွေမှာ အစိုးရအနေနဲ့ အများကြီး တာဝန်ရှိပါတယ်။ ဖြစ်လာတာတွေကို အစိုးရ အနေနဲ့ နူးညံ့စွာ ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ ထင်ပါတယ်'' ဟု ဝေဖန်ခဲ့သည်။

လက်ရှိတွင် ဧပြီ ၂၅ ရက်က ယာထွန်ခြင်း၊ ယာတဲဆောက်ခြင်းများ ပြုလုပ်ရာမှ ဒေသခံရွာသားတို့နှင့် လက်ပံတောင်းတောင် တာဝန်ကျ လုံခြုံရေးများအကြား ပဋိပက္ခများ ဖြစ်ပွားကာ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ထို့အတွက် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ဖမ်းဆီးထားသူ သုံးဦးကို ပြန်လွှတ်ပေးရန် ဒေသခံ ရွာသားတချို့ ဆန္ဒပြတောင်းဆိုခဲ့ရာ လုံခြုံရေး တာဝန်ရှိသူတို့ကလည်း ညောင်ပင်ကြီး - ဆားလင်းကြီး လမ်းမပေါ်တွင် လုံခြုံရေး အထပ်ထပ်ချကာ တားဆီးခဲ့ရကြောင်း သတင်းရရှိသည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် လက်ပံတောင်းတောင် ဒေသခံတို့မှာ နေရပ်အသီးသီးသို့ လှည့်ပြန် သွားကြကြောင်း သိရသည်။


လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်


Re-Post By ACM 26-4-2013
အေးချမ်းမွန် Credit & Copy From >Eleven Media Group <Thank
လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်
Friday, 26 April 2013

ဧပြီ ၂၄ ရက် နံနက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဒေသခံအချို့နှင့် ဒေသအာဏာပိုင်တို့ အကြား ပဋိပက္ခတွင်ဖမ်းဆီးရမိသူများကိုထိရောက်စွာအရေးယူသွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်
အရေးယူသွားမည်ဟု ပြည်ထဲရေး၏ ထုတ်ပြန်ကြေညာမှု အပေါ် နယ်ပယ်အသီးသီးမှ ထင်ရှားသူတို့က ဝေ
ဖန်သုံးသပ် နေကြသည်။

Apple ၏ အမှုဆောင်အရာရှိချုပ် Tim Cook နဲ့ ကော်ဖီအတူ သောက်ခွင့်ရရှိရေး လေလံပွဲတွင် ဈေးပြိုင်ပေးလျက်ရှိနေ

Apple ၏ အမှုဆောင်အရာရှိချုပ် Tim Cook နဲ့ ကော်ဖီအတူ သောက်ရအောင်

ဝါရှင်တန်ဒီစီ အခြေစိုက် Robert F. Kennedy Center for Justice and Human Rights ၏ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Apple ၏ အမှုအောင် အရာရှိချုပ်ဖြစ်သူ Tim Cook နှင့် ၁ နာရီခန့်ကြာ ကော်ဖီအတူ သောက်ခွင့်ရရှိရေး လေလံပွဲတွင် ဈေးပြိုင်ပေးလျက်ရှိရာ ယခုအခါတွင် ဒေါ်လာ ၂၃၀၀၀၀ အထိ ဈေးပေါက်နေပြီဟု သိရှိရသည်။ 

၁၉ ရက်တာ အချိန်ကျန်ရှိသေးသည့် အဆိုပါ ရန်ပုံငွေ လေလံပွဲတွင် Tim Cook အပါအဝင် Robert DeNiro ၊ Robin Williams နှင့် Alec Baldwin စသည့် အထင်ကရ ပုဂ္ဂိုလ်များက ယင်းတို့နှင့် တွေ့ဆုံနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 

Apple အနေဖြင့် ယင်းတို့၏ CEO Tim Cook နှင့် ကော်ဖီသောက်ခွင့် လေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နေသူများအား ဖော်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့ရာ Other World Computing အဖွဲ့၏ CEO ဖြစ်သူ Larry O’Connor နှင့် Blackberry ၏ ဒုဥက္ကဌတစ်ဦးဖြစ်သူ Rory O’Neil တို့ပင် ပါဝင်နေသည်ကို အံအားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။ 

အဆိုပါ ရန်ပုံငွေ လေလံပွဲ၌ ဈေးအများဆုံး ပေးကာ အောင်မြင်သူအနေဖြင့် Tim Cook နှင့် Cupertino ရှိ Apple ရုံးချုပ်၌ ၁ နာရီခန့်ကြာ တွေ့ဆုံခွင့် ရရှိမည်ဖြစ်သည်။ သို့သော်လည်း ရုံးထဲမဝင်မီ လုံခြုံရေး စစ်ဆေးမှုနှင့် နောက်ကြောင်းစစ်ဆေးမှုတို့ ပြုလုပ်ခြင်းအား လက်ခံရမည်ဟု သိရှိရသည်။ 

RFK Center for Justice and Human Rights သည် ကမ္ဘာတစ်ဝန်းတွင် လူ့အခွင့်အရေးနှင့် တရားခွင် တရားမျှတမှု ရှိစေရေးတို့ကို ကြိုးပမ်းဆောင်ရွက် ပေးနေသည့် အဖွဲ့ကြီးဖြစ်သည်။

ဝါရှင်တန်ဒီစီ အခြေစိုက် Robert F. Kennedy Center for Justice and Human Rights ၏ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Apple ၏အမှုအောင် အရာရှိချုပ်ဖြစ်သူTim Cook နှင့် ၁ နာရီခန့်ကြာ
 ကော်ဖီအတူ သောက်ခွင့်ရရှိရေး လေလံပွဲတွင် ဈေးပြိုင်ပေးလျက်ရှိရာ ယခုအခါတွင် ဒေါ်လာ ၂၃၀၀၀၀ အထိ ဈေးပေါက်နေပြီဟု သိရှိရသည်။

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်


ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ် က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။

... ယာဉ်တိုက်မှုကြောင့် တံတား ခဏပိတ်သွားတဲ့ အတွက် ကားတွေ ရပ်ပြီး စောင့်ဆိုင်းလိုက်ရပါတယ်။ဆိုင်ကယ်နောက်မှာ ထိုင်စီးလာတဲ့ ရဲ ဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတား ပလက်ဖောင်း မှာ ငုတ်တုတ်ထိုင်ပြီး “မူးတယ် မူးတယ်” နဲ့ အော်နေတာ တွေ့ရပါတယ်။
ဆိုင်ကယ်မောင်းလာသူ ရဲကတော့ တိုက်ပြီးပြီးချင်း ထွက်ပြေးသွားပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး ခဏအကြာမှာ သန်လျင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူ ဆိုင်ကယ်နဲ့ ရောက်လာလို့ မေးမြန်းချိန်မှာ ဒဏ်ရာရသွားတဲ့ ရဲဝန်ထမ်းက “ကျနော်တိုက်တာ မဟုတ်ဘူး။ မောင်းလာတဲ့ ကျနော့်ဗိုလ်ကြီး ဝင်တိုက်တာ” လို့ သွေးထွက်နေတဲ့ သူ့ခေါင်းက ဒဏ်ရာကို လက်နဲ့ဖိထား ရင်း ပြောနေ တာ တွေ့ရပါတယ်။

အတိုက်ခံရတဲ့ ဟိုင်းလပ်စ်ကားပေါ်မှာ ပါလာသူတွေကတော့ ထိခိုက် ဒဏ်ရာ ရတာ မတွေ့ရပါဘူး။ တံတားပေါ်မှာ အရပ်သားဆိုင်ကယ်တွေ စီးနင်းခွင့်မရှိဘဲ တံတားတာဝန်ကျ ရဲတွေသာ ဆိုင်ကယ်စီးနင်းခွင့် ရှိတာပါ။
ဒါပေမယ့် အရပ်သားဆိုင်ကယ်တချို့လည်း နားလည်မှုနဲ့ မကြာခဏ ဆိုင်ကယ်နဲ့ တံတားဖြတ်ကြတာ တွေ့ရလေ့ရှိပါတယ်။

ဘေးက ရပ်ကြည့်နေသူ ကားဒရိုင်ဘာတွေကတော့ အခုလိုဖြစ်ရ တာ နောက်က ဝင်တိုက်သူ မှားတာလို့ ပြောနေပါတယ်။

အမှတ် ၂၁၇ ခရီးသည်တင် ကားကြီးတစီးရဲ့ ဒရိုင်ဘာက ...
“နောက်ကနေ ဝင်တိုက်တဲ့သူပဲ မှားတာ။ ဒီတံတားပေါ် မှာ ဘယ်ကား မှ ကျော်တက်ခွင့်မရှိဘူး။ ရှေ့က မောင်းနေတဲ့ကားကို ဝင်တိုက်တယ်ဆို တာကတော့ တော်တော် ဆိုးတာပဲ” လို့ မှတ်ချက်ပြုပါတယ်။

ဒီတံတားကြီးပေါ်မှာ ကားကြီးတွေပျက်ရင် နောက်ကားတွေ အတွက် .တော်တော် ဒုက္ခရောက်ကြလေ့ရှိပါတယ်။ဒါကြောင့်မို့ လည်း အမှတ် ၂ တံတားတစင်း တည်ဆောက်ပြီး ကွန်တိန်နာ ကားကြီးတွေ၊ သစ်လုံး တင်ကားကြီးတွေ ဖြတ်သန်းကြပါတယ်။

ဒီနေ့မှာတော့ ကားပျက်တာ မဟုတ်ဘဲ ယာဉ်တိုက်မှု ဖြစ်နေလို့ တံတားပေါ်ရောက်နေတဲ့ ခရီးသည်တင် ယာဉ်တွေ၊ တက္ကစီတွေနဲ့ ကိုယ်ပိုင် ကားတွေ နာရီဝက်လောက် နေပူထဲ အလှန်းခံလိုက်ရပါတယ်။ တာဝန် ရှိ တဲ့ ရဲတွေရောက်လာပြီး ဟိုင်းလပ်စ်ကားကို ဘေးရွှေ့ပြီးတဲ့ အချိန်ကျ မှ နောက် ကကားတွေ ဆက်ထွက်ခွင့် ရကြပါတယ်။


ဧရာဝတီ

ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ် က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။ယာဉ်တိုက်မှုကြောင့်တံတားခဏပိတ်သွားတဲ့အတွက်ကားတွေရပ်ပြီး စောင့်ဆိုင်းလိုက်
ရပါတယ်။ဆိုင်ကယ်နောက်မှာ ထိုင်စီးလာတဲ့ ရဲ ဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတား ပလက်ဖောင်း မှာ ငုတ်တုတ်ထိုင်ပြီး “မူးတယ် မူးတယ်” နဲ့ အော်နေတာ တွေ့ရပါတယ်။

စစ်တွေမြို့၌ ဒုက္ခသည်များနှင့် လ၀ကများအကြား တင်းမာမှုကြောင့်ပစ်ခတ်ရာ ကလေးတစ်ဦး ဒဏ်ရာရ


၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၆)ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းတွင် လ၀ကနှင့် အစိုးရ တာဝန်ရှိ
သူများ သွားရောက်၍ ရိုဟင်ဂျာမွတ်စလင်မ်များထံမှ သန်းခေါင်စာရင်းများကို သိမ်းယူရန် တောင်းဆိုကာ၊ အသင့်ယူဆောင်လာသောပုံစံများတွင် အတင်းအဓမ္မ ဘင်္ဂလီဟု ဖြည့်ခိုင်း၍ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရပါသည်။

ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိတဲ့ တပ်မတော်သား ၃ဦးလုံးထိမ်းသိမ်းခံရပြီ

ဧပြီလ ၂၃ ရက်နေ့ညတွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိသူ ၃ ဦးလုံးကို ယခုအခါ ခလရ ၇၅ တပ်ရင်းအချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သေဆုံးသူ ဇော်မင်းဦး ၏ ဈာပန အခမ်းအနားသို့  ခလရ၇၅ မှတပ်မတော်အရာရှိများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 
©ဧရာဝတီ
ဧပြီလ ၂၃ ရက်နေ့ညတွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိသူ ၃ ဦးလုံးကို ယခုအခါ ခလရ ၇၅ တပ်ရင်းအချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သေဆုံးသူ ဇော်မင်းဦး ၏ ဈာပန အခမ်းအနားသို့  ခလရ၇၅ မှတပ်မတော်အရာရှိများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

“ဗြိတိန်တွင် အချမ်းသာဆုံး ဘောလုံးမန်နေဂျာအဖြစ် ဖာဂူဆန် ရပ်တည်”

“ဗြိတိန်တွင် အချမ်းသာဆုံး ဘောလုံးမန်နေဂျာအဖြစ် ဖာဂူဆန် ရပ်တည်”

ဗြိတိန် တစ်နိုင်ငံလုံးရှိ ဘောလုံးမန်နေဂျာများအနက် အကြွယ်ဝ အချမ်းသာဆုံး စာရင်းတွင် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဆာအဲလက်စ် ဖာဂူဆန်က ဦးဆောင်နေဆဲ ဖြစ်သည်။

မန်ယူကို နှစ်ရှည်လများ ဦးဆောင်မှု ပေးခဲ့ပြီး အောင်မြင်မှု အလီလီ ရရှိစေခဲ့သော စကော့သားကြီးသည် Suday Times မဂ္ဂဇင်း၏ Sport Rich Listတွင် ဗြိတိန်၏ အချမ်းသာဆုံး မန်နေဂျာအဖြစ် ဖော်ပြခြင်း ခံခဲ့ရသည်။

ဖာဂူဆန်သည် ပေါင်စတာလင် (၃၄)သန်းမျှ ကြွယ်ဝ ချမ်းသာနေမည်ဟု ယူဆရသည်။ ဖာဂူဆန်သည် မန်ယူအသင်းကို လောလောလတ်လတ် ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိထားစေသူလည်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21424

ဗြိတိန် တစ်နိုင်ငံလုံးရှိ ဘောလုံးမန်နေဂျာများအနက် အကြွယ်ဝ အချမ်းသာဆုံး စာရင်းတွင် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဆာအဲလက်စ် ဖာဂူဆန်က ဦးဆောင်နေဆဲ ဖြစ်သည်။

စစ်တွေမြို့တွင် လ၀က ဦးစီးမှူးက ရိုဟင်ဂျာလူငယ်တဦးအား ပါးရိုက်သဖြင့် ဆူပှုမှုဖြစ်ပွား

ယနေ့ နံနက် ၉ နာရီကျော်ခန့်ကလဝက၊ရဲ၊စစ်တပ်သုံးအဖွဲ့သည်ရိုဟင်ဂျာများနေထိုင်သောသဲချောင်း၊ဘော
ဒူဗ၊ သက်ကေပြင် ကျေးရွာများသို့ လူဦးရေစစ်ဆေးမှုများပြုလုပ်ရန်လာရာ ဒေသခံလူငယ်များက “ရိုဟင် 
ဂျာ” ဟုရေးမှသာလက်မှတ်ထိုးမည်ဟုပြောလာသည်ကို လ၀က ဦးစီး က လူငယ်တယောက်ကိုပါးရိုက်လိုက်
သဖြင့်ဆူဆူပူပူဖြစ်သွားကြောင်း သတင်းရရှိပါသည်။

လက်တလော ဖြစ်ပေါ်နေတယ် မြန်မာမွတ်စလင်တို့ရဲ့ အရေးကိစ္စများနှင့်ပတ်သတ်ပြီး ဗလီရှေ့ဆောင်ဆရာ၊ ဓမ္မသတ်မှူး မွဖ်သီဂျာအ်ဖရ် နှင့် အင်တာဗျူး

ဗလီရှေ့ဆောင်ဆရာ၊ ဓမ္မသတ်မှူး မွဖ်သီဂျာအ်ဖရ် နှင့် အင်တာဗျူး

M-Media
နေသစ်ထွန်း

လက်တလော ဖြစ်ပေါ်နေတယ် မြန်မာမွတ်စလင်တို့ရဲ့ အရေးကိစ္စ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ တိုင်းရင်းသားစည်းလုံးညီရေး၊ အစ္စလာမ်အပေါ် အမြင်မှားစေရန် မုန်းတီးရေးစာပေများ ပြန့်နှံနေမှု၊ မဒ်ရဆာဟ် ခေါ် အစ္စလာမ့်ဘာသာရေး စာသင့်ကျောင်းတွေမှာ ခေတ်ပညာများပါ သင်ကြားအရေး အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ပုံ၊ အစွန်းရောက် အကြမ်းဖက်ဝါဒအပေါ် အမြင်၊ စသည့် တို့ကို M-Media မှ ရန်ကုန်မြို့လယ် ဆူးလေးစေတီနှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ ဘင်္ဂလီ စွန္နီဗလီဝတ်ကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်ဆရာ ဖြစ်တဲ့ မွဖ်သီ ဂျာအ်ဖရ် နှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

M-Media – မကြာခင်က သမ္မတ ဦးသိန်းစိန် နဲ့ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓ ဘာသာမှ ပညာရှင်ဆရာတော်တွေ တွေ့ဆုံ ဆွေးနွေး ခဲ့တာ ရှိပါတယ်။ အဲဒီတွေ့ဆုံပွဲ မှာ သမ္မတဦးသိန်းစိန်ပြောသွားတဲ့ မိန့်ခွန်းအပေါ် ဘယ်လိုမြင်ပါ သလဲ ။

မွဖ်သီဂျာအ်ဖရ် – သမ္မတကြီးပြောသွားတဲ့နောက်ဆုံး စကား ထဲမှာသို့ပါ၍ လူမျိုးစု နှစ်စုအကြားခွဲပြားခြားနားမှု အပေါ် အပြန်အလှန်နားလည်ရေး  ၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကို လေးစားမှု နှင့် ပဋိပက္ခအသွင်မဆောင်ရေး၊ သဟဇတ ဖြစ်သော လူမှု အသိုင်းအ၀ိုင်း ဖြစ်ထွန်းရေးတို့အတွက် အစိုးရနှ့င်အတူ ရဟန်းပြည်သူ တစ်ရပ်လုံးက လူမျိုးဘာသာ မခွဲခြား ပဲ တန်းတူရည်တူ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် ဆိုတာပါတယ်။ ကျွန်တော်မြင်တာက သမ္မတဦးသိန်းစိန်ပြောတဲ့ စကားတကယ်မှန်တယ်။ ခဏခဏကို ပြောသင့်တယ်။ သူ့စကား က တစ်တိုင်းပြည်လုံးကို အကျိုးသက်ရောက်တယ်။ နားထောင်တဲ့သူ နားထောင်ပြီးတော့  အော် လူမျိုး   ဘာသာ မခွဲခြားပဲ တန်းတူညီတူ ငါတို့ဆက်ဆံရမှာပဲ ဆိုပြီးတော့ အတွေးထဲမှာဝင်လာပြီ ဆိုရင် ကျွန်တော်အကြားထဲမှာ ခွဲခြားမှု မရှိတော့ဘူး။

ဒီလိုစကားမျိုးတွေကို ခေတ်တိုင်းခေတ်တိုင်းရဲ့ ခေါင်းဆောင်ကြီးတွေ ခဏခဏ ပြောခဲ့သင့်တယ်။ မပြောဘူး။ ဦးနေ၀င်းပြောသလားကြည့်  ..မပြောဘူး။ ဦးစောမောင်ပြောသလားကြည့်… ဦးသန်းရွှေပြော သလား ကြည့် မပြောဘူး။ ခင်ညွှန့်ပြောသလားကြည့် မပြောဘူး။ ကျွန်တော်သတိထားပြီး အမြဲ နားထောင် ကြည့် တယ်။

အရင်ခေါင်းဆောင်တွေ မပြောခဲ့တဲ့ အတွက်ပြည်သူတွေက ဘာထင်ခဲ့ထင်လဲ ဆိုတော့ မွတ်စလင်တွေက ဒုတိယ လူတန်းစာ ၊ တတိယ လူတန်းစာ လူအများစု က ငါတို့ပဲ အဓိကဆိုပြီး အတွေးတွေ ၀င်နေတာ ။ အစိုးရလုပ် တဲ့သူက ဒါတွေ ကို ခဏခဏ ပြောရမယ်။ ဒါမှ သူတို့ဦးနှောက်ထဲကို ဒီစကားတွေဝင်တဲ့ အခါမှ သူတို့ ကျွန်တော်တို့ကို တန်းတူ ထားပြီး ဆက်ဆံလာမယ် ။

ဒါမှမဟုတ်ရင် လူမျိုးကြီး ၊ ဘာသာကြီးဝါဒတွေ ခေါင်းထဲမှာ စွဲနေမယ်။ စွဲနေတဲ့ အခါကျတော့ အနိုင်ကျင့်တဲ့ စိတ်ဓာတ် တွေ ၀င်လာမယ်။ နည်းနည်းမှ အလျှော့မပေးချင်တာ ၊ တန်းတူရည်တူ မဆက်ဆံ ချင်တာ။ ဒါဟာ အကြီး အကဲတွေ အပေါ်မှာ တော်တော်လိုအပ်တယ်။ အကြီးအကဲဖြစ်သူက ခဏခဏ ဒီစကားပြောရင် ပြည်သူ တွေက သဘောပေါက်မယ်။ ငါ့တို့တွေဟာ အားလုံးညီအစ်ကိုတွေပဲ ။ ဒီထက်ပိုပြီး တိုင်းသူပြည်သား တွေဟာ ညီအစ်ကိုတွေပဲ ။ ဘာသာ မတူသော်ငြားလည်းပဲ ညီအစ်ကိုတွေပဲ ။ ဒီလို တစ်ယောက်ကို တစ်ယောက် ဖေးမရ မယ်။ ကူညီရမယ်။ ဒီလို ချစ်ခင်နိုင်တဲ့ စကားလုံးတွေ များများ သုံးပေးရင် ပြည်သူတွေထဲမှာ ဒါတွေဟာ တဖြေး ဖြေး စိမ့်ဝင်သွားမယ်။ ဒါကြောင့်သမ္မတကို ချစ်တော့ သူစကားနားထောင်မယ်။

ဒီနေ့ ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်ကို အားလုံး  ချစ် တယ်။ ဘုရားဖွင့်ပွဲလည်းသွားတယ် ။ ဗလီဖွင့်ပွဲ လည်းသွား တယ်။ သူမသွားနိုင်ရင်တောင် သူသမီး၊သူ့သားတွေသွားတယ်။ မွတ်စလင်အရေးတွေမှာလည်း ပါတယ်။ တခြား ဘာသာရေး တွေကိုလုပ်ပေးတယ်။ တိုင်းပြည်တစ်ပြည်လုံးက ကြည့်နေတယ်။ ငါတို့ ခေါင်းဆောင် ဘာလုပ် နေသလဲ ဆိုတာ။ ငါတို့ချစ်တဲ့ သူက ဒါကို လေးစားတာပဲ ၊လိုက်နာတာပဲ ၊ ဆောင်ရွက်ပေးတာပဲ ဆိုရင် သူတို့ လဲ ဒီဟာလေးကို သဘောပေါက်လာ မယ်။ ငါတို့လည်းချစ်ရမယ်။ ဆောင်ရွက်ပေးရမယ်ဆိုတာ သဘောပေါက် မယ်။

M-Media - ဟုတ်ကဲ့ပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှာ နိုင်ငံတော် အစိုးရနဲ့ အစ္စလာမ်ဘာသာ ဆက်ဆံရေး အခြေအနေက ဘယ်လိုရှိပါသလဲ။  ဆရာသိသလောက် ပြောပြပေးပါ။  

မွဖ်သီဂျာအ်ဖရ် ကျွန်တော်ဆီမှာ ကမ္ဘာ့အလင်းစာစောင်တွေရှိတယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက ဖတ်တယ်။ အဲဒီ အထဲမှာ ဘာပါသလဲဆိုတော့။  ဦးနုခေတ်တုန်းကပါ။    ရန်ကုန်မြို့ ရဲ့ ၄၈ ဆွဒကီယဟ် ဟာဖိဇ် ကျောင်းကြီး ရှိ တယ်။ အဲဒီကျောင်းရဲ ဆုပေးအခမ်းအနား ကို ၀န်ကြီးချုပ်ဦးနု ကိုယ်တိုင် တက်တယ်။ ဦးဘဆွေတို့တက်တယ်။ တက်ပြီးတော့ ကုရ်အာန် လက်ဆောင်ပေးတယ်။ နောက်တစ်ခုက

ဝန်ကြီးချုပ်ဦးနုခေတ်မှာ  အိုလမာအဖွဲ့ ချုပ်ညီလာခံ လုပ်တယ်။ အဲဒီညီလာခံ သုံးရက်လုပ်တယ်။ သုံးရက် လုံးလုံး ကို အဲဒီအချိန်က အစိုးရအဖွဲ့ဝင်တွေပါတယ်။  ၀န်ကြီးဦးမောင်လတ် ၊ ၀န်ကြီး ဦးရာရှစ် တို့တက် ရောက် တယ်။ ညီလာခံ ပြီးတော့ ဦးနုကနေ ပြီး သူခြံထဲမှာ ဖိတ်ကြားတယ်။ အားလုံးသွားကြ တယ်။ အဲဒီ အချိန်မှာ မောင်လာနာ အီဗရာဟင် အဟ်မဒ် မဇွာဟိရက ဥက္ကဌ မွဖ်သီဆပ်က မွဖ်သီချုပ်။ သူခြံထဲမှာ ။ ၀န်ကြီးချုပ်ဦးနု က အဲဒီဆရာတွေလာတဲ့ အခါ အတ်ဆလာမ်မုအလိုင်းမ် ကွမ်း ဆိုပြီး ကြိုဆို တယ်

ဒါပဲ တိုင်းသူပြည်သားတွေနဲ့ ခေါင်းဆောင်ဖြစ်တဲံ့သူက ဘာသာမခွဲခြားပဲ လူမျိုးမခွဲခြားပဲ  ၊ ဒီ အတိုင်း ဆက်ဆံ ပေးရမယ်။ သူ့သားသမီးတွေလေဗျာ။  ဒီလိုပုံစံသွားပေးရမယ် ။ ဒီလိုပုံစံ လုပ်ပေးမှ သာလျှင် တိုင်းပြည် မှာ ရှိနေ တဲ့ လူနည်းစု လူများစု အားလုံးရဲ့ချစ်ခင်မှုလဲ ရမယ်။ အားလုံးရဲ့ အချစ်ကို လည်းသူရယူနိုင်မယ်။

ခွဲခြားပြီးဆက်ဆံမယ် ဆိုရင် တခြားဘာသာတွေကို ဒီလို  လုပ်မပေးဘူးဆိုရင် ဘာသာအများစု ရှိတဲ့သူတွေက ငါတို့ခေါင်းဆောင်က သူတို့ဆီမသွားဘူးဆိုပြီးတော့ အဲလိုအမြင်တွေနဲ့ လူနည်းစုကို ခွဲခြားဆက်ဆံ လိမ့်မယ်။ အထင်အမြင်သေးလိမ့်မယ်။

M-Media- အစ္စလာမ်က တခြားဘာသာတွေအပေါ် မှာ ရန်လိုတဲ့ သဘောထားရှိ တယ်။ လို့ မီဒီယာတချို့ က ၀ါဒဖြန့် နေကြ တယ်။ မြန်မာနိုင်ငံ မှာဆိုရင် လူအများစု ဗုဒ္ဓဘာသာဝင်တွေရှိပါတယ်။ နောက်ပြီး တခြား ဘာသာဝင် တွေလည်း ရှိ ပါ တယ်။ သူတို့အပေါ် ကို  ဘယ်လို ဆက်ဆံဖို့ အစ္စလာမ်က သွန်သင် ထားပါသလဲ။

မွဖ်သီဂျာအ်ဖရ် – အစ္စလာမ် သာသနာဟာ လူကိုလူလိုပဲ သဘောထားတာ။ ဘာသာခွဲခြားတဲ့ သာသနာမဟုတ်ဘူး။ တမန် တော်မြတ် ကြီး ကိုယ်တိုင် မက္ကာနဲ့ မဒီနာမှာ သာသနာပြုခဲ့တဲ့ အချိန်မှာ ယဟူဒီနဲ့ ခရစ်ယာန် အများစု ရှိတာပဲ ။ တမန်တော် အဲဒီအကြားထဲမှာ အားလုံးနဲ့ ချစ်ချစ်ခင်ခင် ဆက်ဆံခဲ့တာပဲ။ တမန်တော်ဟာ မဒီနာမြို့မှာ ရှိနေတဲ့ အချိန် အဲဒီအချိန် မဒီနာမြို့ရှိ ခေါင်းဆောင်ဟာ တမန်တော်ဖြစ်သွားပြီး။ နဂျရန် မြို့နေရာကနေ ခရစ်ယာန် ဘုန်းတော် ကြီးတွေ တမန်တော်နဲ့  စကားပြောချင်လို့ ဆိုပြီးရောက်လာတယ်။ အုပ်စုလိုက်။ ရောက်လာတဲ့ အခါကျ တော့ တမန်တော်ကို မေးခွန်းတွေ လာမေးတယ်။ တမန်တော်မြတ်က ဖြေတယ်။ ဖြေပြီးတဲ့ နောက်ပိုင်း မှာ ညနေလိုရောက်သွားတဲ့ အချိန်မှာ ပြန်ဖို့ အချိန်မရှိဘူး။ သူတို့ကပြောတယ် ။ ကျွန်တော် တို့ ဘုရားရှိခိုးချင် တယ်။ ဘယ်မျာ ရျိခိုးရမလဲတဲ့။ တမန်တော်က ကျွန်တော်ဗလီထဲ ၀င်ရှိခိုးတဲ့။ စဉ်းစားကြည့် ပါ။ ဘာသာတစ်ခုနဲ့ တစ်ခု ရန်သူဆိုရင် တမန်တော် ကအဲဒီလက်ခံမလား။ တမန်တော်မြတ်က သူတို့ကို ဗလီထဲဝင်ခိုင်းတယ်။ သူတို့ ဘာသာအရ သူတို့လို ရှိခိုးပါလို့ ခွင့်ပြုခဲ့တယ်။

ကျွန်တော်တို့က ဘာမှ ခွဲခြားမှု မရှိဘူး။ ကျွန်တော်တို့က ဗလီသွားတယ်။ ဗုဒ္ဓဘာသာက ဘုရားသွားတယ်။ ဟိန္ဒူ ဘာသာ မန်ဒီရ်သွား တယ်။ ခရစ်ယာန် ဘာသာက ချာခ်ျသွားတယ်။ ဒါပဲကွာတာ။ ကျန်တာလူတွေပဲ။ စားနေတာ သောက်နေတာ။ သွားနေတာ၊လာနေတာ။ စကားပြေတာ။ ဆက်ဆံတာကျန်းမာရေး လူမှုရေး အကုန် အတူတူပဲ။ ဘာမှ ခွဲခြားစရာအကြောင်းမရှိဘူး။ အစ္စလာမ် သာသနာက ကိုယ့်အိမ်နီးနားချင်းနဲ့ ပတ်သက် ပြီး မွတ်စလင်ပဲ ဖြစ်ဖြစ် ၊ ဘာသာခြားပဲဖြစ်ဖြစ် အိမ်နီးနားချင်းကို မေတ္တာထားရမယ်။ တမန်တော် ဘယ်လောက် ထိ ပြောသွားလဲဆိုရင် အိမ်နီးနားချင်းနဲ့ ပတ်သက်လို့ ဆက်ဆံရေးကို ဘယ်လောက်ထိ ပြော သွားလဲ ဆိုရင် တမန်တော်ရဲ့ သာဝကကြီး အဗူဘကရ် က သူစိတ်ထဲမှာ ဘယ်လိုတောင် မှတ်သွားလဲ ဆိုရင် ကိုယ်သေ ရင်တောင် အိမ်နီးနားချင်းကို အမွေတောင်ပေးရတော့မလား လို့တောင် ထင်သွားတယ်။ အဲဒီ လောက် အလေး ထားတာ။ အဲဒိတော့ အစ္စလာမ် သာသနာက ဘာသာခြားကို ဘယ်လိုမှ အမြင်ဆိုးမရှိဘူ။ အားလုံးကို မှန်မှန် ကန်ကန်ပဲ ဆက်ဆံတယ်။ အစ္စလာမ် သာသနာမှ အနိုင်ကျင့်တာလဲ မရှိဘူး။

M-Media - အစ္စလာမ်ကို အဓမ္မသာသနာပြုတယ်ဆိုပြီး တချို့က အထင်လွဲနေကြတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ။

မွဖ်သီဂျာအ်ဖရ် – တစ်ချိုကတွေက အထင် လွဲနေတာ။ အစ္စလာမ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့စာအုပ် ကိုမလေ့လာဘူး။ အစ္စလာမ်ကို အမြင်ဆိုးနဲ့ ရေးထား တဲ့ တစ်ချို့ စာအုပ်တွေကို ဖတ်ပြီးတော့ သူတို့ပါမှားနေတာ ။ မှန်ကန်တဲ့ သမိုင်းတွေကို လေ့လာမယ်ဆိုရင် ဒီနေ့ အာရဗ် အင်ပါယာတစ်ခုလုံး ယဟူဒီနဲ့ ခရစ်ယာန် သာသနာဟာ သန်းနဲ့ ချီပြီးရှိ တယ်။အာရပ်နိုင်ငံ အားလုံးက အစ္စလာမ် နိုင်ငံတွေ၊ အစ္စရေးနိုင်ငံကလွဲလို့။ ယဟူဒီနဲ့ ခရစ်ယာန် အခုထိ သန်းနဲ့ ချီပြီးအခုအထိ ရှိသေးတယ်။ အစ္စလာမ်အဲဒီမှာ ရှိနေတာ နှစ်ပေါင်း တစ်ထောင်ကျော်သွားပြီး။ အကယ်၍ သာ အစ္စလာမ် က လူတွေအားလုံးကို မတရားသဖြင့် သူ့သာသနာထဲကို သွတ်သွင်းတယ်ဆိုရင် တစ်ယောက် တောင် ကျန်ဖို့ရှိ လား။ ဒါတွေက ကျွန်တော်တို့အပေါ်မှာ အမြင်စောင်းပြီး အမှားတွေ ပြောနေတာ။ တစ်ချို့တစ်ချို့တွေက ဘာခေါ်မလဲဆိုတော့ အစ္စလာမ်နဲ့ ပတ်သက်ပြီးတော့ ထုတ်ခဲ့တဲ့ စာအုပ်တွေ ကျွန်တော် ဖတ် ရပါတယ်။ ဒါက လက်သိပ်ထိုးလုပ်ခဲ့တာ။ ကျွန်တော်အမြင်အရ စစ်အစိုးရလက်ထက်မှာ ဒါတွေဖြစ်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ ဦးနေ၀င်းလက်ထက်မှာလဲ ကျွန်တော်လေ့လာတယ်။ စာအုပ်စာပေတွေ ကျွန်တော် ကြည့် တယ်။ အဲဒီအချိန်က ဒီစာအုပ်တွေ ကျွန်တော်မတွေ့ခဲ့ဘူး။ န၀တ ခေတ်မှာ တော်တော်များတယ်။ မျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်က တော်တော်သက်ရောက်တယ်။ ဒီစာအုပ်ကို ကျွန်တော် အလွတ် လောက် ကိုရတယ်။ ကျွန်တော်အကြိမ်ကြိမ် ဖတ်လိုက်တာ။

ဒီစာအုပ်ထဲမှာ ဘာရေးထားလဲ ဆိုတော့ အိန္ဒိယနိုင်ငံ အစ္စလာမ် တွေကြောင့် ဒုက္ခ ရောက်ပါတယ်။ အစ္စလာမ် တွေက မတရားအုပ်ချုပ်တယ်။ တစ်ဖက်စောင်းပြီးမတရား ရေးသွားတာ။ တကယ် ဆိုရင် အိန္ဒိယနိုင်ငံကို အစ္စလာမ် က နှစ်ပေါင်း ၈၀၀လောက်အုပ်ချုပ်ခဲ့တယ်။ နောက်ဆုံး အုပ်ချုပ် သွားတာ ဇဖရ်ရှား ဒီနေ့မြန်မာနိုင်ငံ မှာသူရဲ့ အုတ်ဂူရှိတယ်။ သူအုပ်ချုပ်သွားတဲ့ အထိ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူ အများဆုံးပဲ။ စဉ်းစားကြည်ပါ။ အစ္စလာမ်က အဓ္ဓမနည်းနဲ့ အုပ်ချုပ်တယ် အတင်းအကျပ် လူတွေကို ဘာသာ ထဲသွတ်သွင်း တယ်ဆိုရင် အိန္ဒိယ နိုင်ငံမှာ ဒီနေ့ ဟိန္ဒူတစ်ယောက်မှ ကျန်မှာ မဟုတ်ဘူး။ နှစ်ပေါင်း ၈၀၀ အုပ်ချုပ် တာ တောင်မှ အိန္ဒိယ နိုင်ငံမှာ မွတ်စလင်အများစု မဖြစ်ခဲ့တာ။ ဟိန္ဒိုအများစု ရှိနေခဲ့တယ် နောက်ပြီး အက္ကဘရ် ဘုရင် အုပ်ချုပ် တယ် ဟိန္ဒိုကိုလည်းဦးစားပေးတယ်။ သူရဲ့ ၀န်ကြီးတောင်မှ ဟိန္ဒူကိုထားတာ။ မွတ်စလင် မထား ထားဘူး။ အဲဒီဝန်ကြီးက သိပ်တော်တယ်။ ဘိရ်ဘတ်လို့ခေါ်တယ်။

အစ္စလာမ်က မတရားလုပ်တဲ သာသနာမဟုတ်ဘူး။ ကိုယ့်သာသနာ ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ ကိုယ့် ပတ် ၀န်းကျင်မှာ ရှိတဲ့ ဘယ်ဘာသာနဲ့ မဆို ကောင်းကောင်းမွန်မွန်ဆက်ဆံခိုင်းတဲ့ သာသနာ ဖြစ်တယ်။ မြန်မာ နိုင်ငံ မှာ တစ်ချို့သောပုဂ္ဂိုလ်များဟာ ဟောထားတဲ့ အခွေတွေ နားထောင်တယ်။ ။လုံးဝ ဘာသာရေးနဲ့ မညီတဲ့ ဘာသာ ရေးအရ အဆုံးအမ မရှိတဲ့ဟာတွေကို လုပ်ကြံပြီပြောထားတာတွေရှိတယ်။

M-Media - ဒီလိုမျိုး သတင်းမှားတွေ  မြန်မာပြည်အနှံမှာ လိုက်ဖြန့်နေတာရှိတယ် ၊ မှားယွင်းနေတဲ့ အချက်အလက်တွေကို ကိုးကားပြီး အစ္စလာမ် ဆန့်ကျင်ရေးတရားပါ။ အစ္စလာမ့် အမှန်တရားသိအောင် ဘယ်လို ဆောင်ရွက်သင့်ပါသ လဲ။ 

မွဖ်သီဂျာအ်ဖရ် – ဒီကိစ္စကို ကျွန်တော်မွတ်စလင်တွေက ဖြစ်နိုင်မယ်ဆိုရင် ပြန်ရှင်းပြရမယ်။ မီဒီယာ၊ ကနေ ရှင်းပြတာတို့။ အင်တာနက်တွေ ၊ ဘက်စုံလူထုဆီ ရောက်နိုင်တဲ့ ပုံစံမျိုးတွေနဲ့ ရှင်းပြရမယ်။ ကျွန်တော်ကတော့ အတက်နိုင် ဆုံးရှင်းပြ တယ်။ ဖြစ်စေချင်တာက ဗလီဆရာတွေလဲ ပြောရမယ်။ ပုတ်ခတ်ပြီးပြောဖို့မဟုတ်ဘူး။ မသိလို့ နားမ လည် လို့ ပြောကြ တာ။ ကျွန်တော်တို့ ခွင့်လွတ်တယ်။ အပြစ်မယူဘူး။ ဒါပေမယ့် အမှန်သိဖို့လိုတယ်။ ကျွန်တော် တို့ဘက် က လည်း စာပေနဲ့လည်းသိအောင် ဒါတွေ ရှင်းပြဖို့လိုမယ်။ တစ်ချို့တွေက အစ္စလာမ်နဲ့ ပတ်သတ် လို့ မရှင်းလင်း ဘူးဆိုရင် နားလည်တက်ကျွမ်းတဲ့ ဆရာတွေနဲ့ ထပ်တိုက်တွေ့ပြီးမေးမြန်းသင့်တယ်။ အထူးသဖြင့် ကျွန်တော် တို့နဲ့လာတွေ့ ။ ဖိတ်ခေါ်တယ်။

M-Media - အခု ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ၊စီးပွားရေး ၊ လူမှုရေး ပုံစံတွေက ပြောင်းလဲလာနေပါတယ်။ အဲဒီပြောင်းလဲမှုနဲ့ အတူ စိန်ခေါ်မှုတွေကလည်း ရှိလာပါယတ်။ ဒီစိန်ခေါ်မှုတွေ ကို ကျော်လွှားနိုင်ဖို့ ၊ ခေတ်စနစ်ကို သိရှိနားလည်ဖို့ မော်လဝီ ကျောင်း မဒ်ရဆာဟ်တွေ ဘာတွေ လုပ်သင့်ပါသလဲ။

မွဖ်သီဂျာအ်ဖရ် – ကျွန်တော်တို့ ကျောင်းတွေမှာလဲ အထူးသဖြင့် အမြင်တွေကျယ် ဖို့လိုအပ်ပါပြီ။ အရင်တုန်းကဆိုရင် ကျွန်တော် တို့က ကိုယ့်ဘာသာရေးပဲ သီးသန့်သင်ခဲ့ကြတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ ဖတ်လာခဲ့တာ။ အခုအခါမှာ ကျောင်းအုပ်ချုပ်တဲ့သူတွေကတော့ ပိုပြီးတော့ အမြင်ကျယ်ဖို့လိုအပ်လာပြီ။ ကျွန်တော့်ကလေးတွေကို အင်္ဂလိပ်နဲ့ မြန်မာ သင်ဖို့ပေးလိုတယ်။

ဦးနေ၀င်းတက်လာတဲ့အချိန် မြန်မာစာ ကို မြန်မာကျောင်းကလွဲလို့ ကျန်တဲ့ ကျောင်း တွေ မသင်ရဘူးဆိုပြီး စနစ်ရှိ ခဲ့တယ် ။ဘယ်အာရဗီကျောင်းကမှ မြန်မာစာ မသင်ရဲဘူး။ သင်ရင် ဖမ်းမယ့် အနေ အထားရှိတယ်။ အဲဒါ ကြောင့် ဘက်စုံ ဘာသာရပ်တွေ မသင်ပေးဖြစ်ခဲ့တာလည်းပါတယ်။ နောက်ပြီး အာရဗီကျောင်းက စာတွေ က လည်း များတယ်။ ထပ်တိုးဘာသာ ရပ်တွေ မထည့်နိုင်ဘူးဖြစ်နေတယ်။ အခုတော့ ကျွန်တော်တို့ လုပ်လာပြီ။ ကျွန်တော်အုပ်ချုပ်တဲ့ကျောင်းဆို အင်္ဂလိပ်မြန်မာ ဘာသာရပ်တွေ ထည့်ထားတယ်။ ကျွန်တော်တို့လည်း ကိုယ်တိုင် ခံစားရတယ်။ အင်္ဂလိပ်ရရင် ဘယ်လောက်အကျိုးရှိလဲ ဆိုတာ ။ လေယာဉ်ပေါ် တက်ရင် ဖောင်ဖြည့် တာက စတယ်။ ကျွန်တော်တို့လည်းသဘောပေါက်လာပါပြီး မော်လ၀ီကျောင်းတွေလည်း အင်္ဂလိပ်မြန်မာ ဘာသာရပ် တွေ သင်လာကြပါပြီ။

M-Media - မြန်မာနိုင်ငံမှာ ဆို တိုင်းရင်းသားလူမျိုး၊ လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံပါ။ နိုင်ငံတော်ကလည်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တည်ဆောက်နေပါတယ်။ ဒီတော့ လူမျိုးအချင်းချင်း ညီညွတ်ချစ်ခင်ရေးကို အစ္စလာမ့် အမြင်က ဘယ်လို မြင်ပါသလဲ။

မွဖ်သီဂျာအ်ဖရ် – လူသားအချင်းချင်း ချစ်ခင်ဖို့မေတ္တာရှိဖို့ဆိုတာက တမန်တော်ရဲ့(သြ၀ါဒ) ဟဒီဆ်တွေ မှာ ရှိပြီးသားပါ။ ကုရ်အာန် ကျမ်းမြတ်မှာ လည်းရှိပြီးသားပါ။ ငါအလ္လာဟ်အရှင်မြတ်က ယောကျာင်္တစ်ဦး မိန်းမတစ်ဦးကနေ ဖန်ဆင်းထား တယ်။ အုပ်စုအုပ်စုတွေ ခွဲပေးလိုက် တယ်။ လူမျိုးအချင်းချင်း ဘာကြောင့် ဖြစ်အောင် ဖန်တီးတာလဲ ဆိုရင် တစ်ယောက် နဲ့ တစ်ယောက် မှတ်မိကြဖို့ ။ ရန်ဖြစ်ကြဖို့ မဟုတ်ဘူး ။ အခုရန်ဖြစ်နေတာ။ အလ္လဟ်အရှင်မြတ်က လူသား တွေကို ဖန်ဆင်းတာ မှတ်မိဖို့ ၊ အုပ်စုတွေ ခွဲပေးတာ။ ဒါက တ၇ုတ်လူမျိုး၊ ဒါက အင်္ဂလိပ်လူမျိုး၊ ဒါက အိန္ဒိယ လူမျိုး၊ ဒါက မြန်မာလူမျိုး၊ ဒါက မှတ်မိပြိး ချစ်ခင်ဖို့ ၊ ရန်ဖြစ်ဖို့ မဟုတ်ဘူး။ ဟဒီဆ်မှာလည်း လူသား အချင်း ချင်း ချစ်ခင် ရမယ်။။ လူသား အချင်း ချင်း ကူညီရမယ်။ လူသားအချင်းချင်း လို့ ပြောတယ်။ မွတ်စလင် အချင်းချင်း လို့ မပြောဘူး။ ဘယ်သူဟာ မြေပြင် ပေါ်မှာရှိတဲ့ လူသားကို ကူညီမလဲ။ ထိုသူကို အလ္လာဟ် က ကူညီမယ် လို့ ပြေထားတယ်။ ဘယ်သူဟာ လူသား တစ်ဦး ကို သနားမလဲ ကြင်နာမလဲ၊ ထိုသူကို အလ္လာဟ်က ကြင်နာမယ်။ ဟာဒီဆ်တွေ တမန်တော် စကား တွေရှိ ခဲ့တယ်။ အစ္စလာမ်သာသနာဝင်တွေကို ဘာသာခြား တွေအားလုံးနဲ့ လူမှုရေးရာနေတာ ထိုင်တာ ပတ်ဝန်ကျင်နဲ့ ဘယ်လို နေထိုင်ရမလဲ ဆိုတာ အားလုံး တမန် တော်ပြ ခဲ့တယ်။

M-Media - တစ်ချို့ မီဒီယာတွေက အစ္စလာမ် အစွန်းရောက် အုပ်စုတွေ သတ်ဖြတ်မှု တွေကိုဖေါ်ပြလာကြပါတယ်။ အစ္စလာမ် ကို အကြမ်းဖတ်ဝါဒနဲ့ ချိတ်ဆက်ပြီးဖော်ပြလာကြတယ်။ အပြစ်မဲ့ သူတွေကို အစ္စလာမ်အမည်သုံးပြီး သတ်ဖြတ် ကြတယ်။ အဲဒီအပေါ်ကို ဆရာ့တုန့်ပြန်မှုက ဘာပါလဲ။

မွဖ်သီဂျာအ်ဖရ် – ဒီနေ့ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ အစွန်းရောက်အုပ်စုဆိုတာ ဘယ်သူတွေလဲ ဆိုတာ ကျွန်တော်စဉ်းစားလို့မရဘူး။ မွတ်စလင်အချင်းချင်းကို သတ်နေတယ်။ ဘာမှ အပြစ်မရှိတဲ့သူတွေကိုသတ်နေတာ။ ဒါဟာအစ္စလာမ်သာသနာ နဲ့ ဘာမှ မဆိုင်ဘူး။ အစ္စလာမ် သာသနာက ညွန်ကြားပြသတဲ့ အထဲမှာလုံးဝ မပါဘူး။

M-Media - အစ္စလာမ်မုန်းတီးရေးဖြန့်တဲ့သူတွေက ၇၈၆ ဟာ ၂၁ရာစုမှာ လွှမ်းမိုးမယ့် သင်္ကေတလို့ ၀ါဒဖြန့်နေတာရှိတယ်။ ၇၈၆ ရဲ့ အမှန်အဓိပ္ပာယ်က ဘာလဲ။

၂၁ရာစုမှာ ဘာဖြစ်သွားမယ်။ ကျွန်တော်တို့ကိုစွပ်စွဲနေတာ။ ၇၈၆ အမျိုးပျောက်မှာ ဆိုးကြောက်စရာ မှာ ရေး ထားတယ်လေ။ ၇၈၆ ဆိုတာက ဂဏာန်းတွေ အများကြီးကို တွက်ပြီးရတာ။ ခုနှစ်ရာ ရှစ်ဆယ့်ခြောက် ဆိုပြီးရ တာ။ ခွန်ရှစ်ခြောက် မဟုတ်ဘူး။ အဲဒါနောက်ဆုံးနံပါတ်ပဲ။ အဲဒါကို ထပ်ပေါင်းလိုက်တယ်။ ၂၁ ပို့လိုက် တယ်။ ၂၁ရာစု မှ မြန်မာနိုင်ငံကို သိမ်းမယ်ဆိုပြီး စွပ်စွဲတယ်။ မဟုတ်မမှန်တာတွေ ပြောတာပါ။ ဒီ ခုနှစ်ရာ ရှစ်ဆယ် ခြောက် ဆိုတာကလည်း ဗစ်စမိလ္လဟ်ဟိရဟ်မာန်နရ်ရဟိမ်း ကျွန်တော်တို့ သာသနာမှာ အင်မတန်မှ မင်္ဂလာရှိ တယ်။ တခြားဘာသာတွေမှာလည်း ဒီလို အထိမ်းအမှတ် တွေရှိပါတယ်။ ဒါမျိုးကို နံပါတ်ထုတ်ပြီး ဘာသာပြန် ထားတာ။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ လောက်ပဲ သုံးတာ။ တခြားအစ္စလာမ်နိုင်ငံတွေ မသုံးဘူး။ ဒီဘက်လူတွေ လုပ်ထားတာ။ ဘာလို့လဲ ဆိုတော့ ဒီဘက်လူတွေက အာရဗီစာမတက်ဘူး။ မရေးတက်ဘူး။ အလွယ်တကူ ခုနှစ်ရာ ရှစ်ဆယ့်ခြောက်ကို ရေးတာ အလ္လဟ်အရှင်မြတ် နာမနဲ့ စတယ်လို့ အဓိပ္ပါယ်ရတယ်။ အဲဒါကို ဘယ်သူက ဘယ်အကြောင့်ကြောင့် စွပ်စွဲမလဲ မသိပါဘူး။ သက်သက်မဲ့စွပ်စွဲလိုက်တာ။ မဖြစ်သင့်ပါဘူး။

ဘာသာခြားစာပေတွေ ဖတ်တယ်။ ဗုဒဘာသာအကြောင်းဖတ်တယ်။ ခရစ်ယာန်ဘာသာအကြောင်းဖတ်တယ်။ ဟိန္ဒိုဘာသာအကြောင်း ဖတ်တယ်။ အမှန်အတိုင်းလေ့လာတယ်။ အမှားမလေ့လာဘူး။ သူတို့စာအုပ်ကို ကျွန်တော် တို့ ယူဖတ်တယ်။ အမှားမပြောဘူး။ အမှားပြောတာကလဲ အပြစ်တစ်ခုပဲ။ မတရားစွပ်စွဲပြီးပြောတာ။ ဒီကြောင့် မှားသွားတဲ့ အုပ်စု ဘယ်လောက်ရှိမလဲ ပြောတဲ့သူရဲ့ ခေါင်းပေါ်မှာ ရှိမယ် ။အယောက်၁၀၀ မှားမယ်၊ အယောက် တစ်ထောင် မှားမယ်။ အဲဒီတစ်ထောင်လုံးလုပ်ခဲ့တဲ့ အပြစ် စမှားပြောတဲ့ သူမှာ ရှိတယ်။ ဒီလို အပြစ် မျိုးကတော့ ဘာသာတိုင်းမှာ ရှိမယ်။

ဘယ်ဘာသာ အကြောင်းကို ဘယ်သူပြောပြော။ အမှန်ကိုလေ့လာဖို့လိုမယ်။ ဒီနေ့ ဗုဒသာသာနဲ့ပတ်သက်လို့ တစ်ခွန်းမှ မကောင်းမပြောဘူး။ ကျွန်တော်တို့သာသနာက တားမြစ်လိုက်ပြီ  လကွန်ဒီးနုကွန်၊၀လိယာဒီန်း၊ သူ့ သာသနာ နဲ့ သူ ကိုယ့်သာသနာနဲ့ ကိုယ်။ အလ္လာဟ် ကဆုံးဖြတ်ပြီးပြီ။ မတိုက်ခိုက်ရဘူး။ ဒါကြောင့် အစ္စလာမ် သာသနာက မြန်မာနိုင်ငံမှာ ရှိနေတဲ့ အစ္စလာမ်သာသနာဝင်တွေမှာ သာသနာပြုအဖွဲ့ မရှိဘူး။ ဘာသာခြားကို သာသနာပြုတဲ့ အဖွဲ့ မရှိဘူး။

ဘာသာခြားတွေကို ကျွန်တော်တို့ အစ္စလာမ်လုပ်နေပါတယ်လို့ ဘာကြောင့်စွပ်စွဲနေပါလဲ။ ဘာအထောက် အထားရှိလို့ စွပ်စွဲနေပါသလဲ။ လုံးဝအမှားတွေပါ။ တစ်ဖက်သတ် ကျွန်တော်တို့ကို နှိပ်ကွပ်နေတဲ့ သဘောဖြစ် နေပါတယ်။  တကယ်စဉ်းစားကြည့်ရင် ကျွန်တော်တို့မှာ ဘာမှ မရှိဘူး။ အပြင်လူ ဘယ်သူ့ကိုမှ မစည်းရုံးဘူး။

M-Media - ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် တစ်ချို့တွေကလည်း လှုံဆော်နေကြ ပေမယ့် နိုင်ငံတော်အစိုးရက ဘာ သာတရားအချင်းချင်း ချစ်ခင်မှုရအောင် ကြိုးစားနေတာတွေ ရှိနေပါတယ်။ အစ္စလာမ် ဘာသာနဲ့ ဗုဒ္ဓဘာ သာ ဆရာတော် တွေနဲ့ တွေ့ဆုံတာတို့ လုပ်ခဲ့ပါတယ်။  ဘယ်လို လူမျိုးများအကြား၊ ဘာသာ တရားများ အကြား အပြန်အလှန် သဟဇတဖြစ်ပြီး လေးစားချစ်ခင်မှုရအောင် ပြည်သူတွေဘက် ဘာတွေ ဆောင်ရွက်ဖို့လိုပါသလဲ။

မွဖ်သီဂျာအ်ဖရ် – ကျွန်တော် တို့ လုပ်နေကြတာတွေပေါ့။ ဘာသာပေါင်းစုံနဲ့အားလုံးနဲ့  တွေဆုံတာတို့ ၊ ချစ်ကြည်မှုရအောင် ဘယ်လို ပုံစံနဲ့ ရမလဲ ။ မီဒီယာပဲဖြစ်ဖြစ်၊ တွေ့ဆုံပွဲတွေကပဲဖြစ်ဖြစ်  လူမှုရေးလုပ်ငန်းတွေပဲဖြစ်ဖြစ် လုပ်သွား ရပါမယ်။ အဓိက အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်တဲ့ ရှရိက်မဖြစ်ရဘူး။ ဒုတိယက ဟရမ် မဖြစ်စေရဘူး ။ ဒီနှစ်ခု ရှောင်နိုင်ရင် အားလုံးအလုပ်လို့ရတယ်။

ဒေပါဝါလီ ပွဲ တော် ကျွန်တော်တို့သွားတယ်။ ဗုဒ်ဓဘာသာ ဘုန်းတော်ကြီးတွေ လာတယ်။ ဟိန္ဒိုတွေလာတယ်။ ခရစ်ယာန် ဘုန်းကြီးတွေလည်းလာတယ်။ အားလုံး ချစ်ခင်မှု အတွက် စကားတွေပြောကြတယ်။ ဒီလို အခမ်း အနား မျိုးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရန် ပိုအဆင်ပြေမယ် လို့ ယူဆတယ်။ ကျွန်တော်လည်း ဗုဒ်ဓဘာသာ ဘုန်ကြီးနဲ့ တွဲပြီး ဓါတ်ပုံ ရိုက်ခဲ့သေးတယ်။ ဗုဒ်ဓဘာသာဘုန်းတော်ကြီးတွေ ပြောသွားတာ တွေ ကောင်းပါတယ်။ အင်မတန်မှ ကောင်းပါတယ်။ ၀မ်းသာပါတယ်။ ကျွန်တော်တို့ တွေဆုံပြီး ချစ်ချစ်ခင်ခင်နေထိုင် သွားဖို့ လုပ်မယ်ဆိုရင် အစ္စလာမ်ဘာသာဝင်တွေလည်းငြိမ်းချမ်းမယ်။ တခြားဘာသာဝင်တွေလည်း ငြိမ်းချမ်းမှာပဲ။ အားလုံးအတွက်ကောင်းပါတယ်။

M-Media - ဒီနှစ်ပိုင်းတွင်းမှာ မြန်မာနိုင်ငံသား မွတ်စလင်တွေကို မေးလာကြတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ဆိုတဲ့ အစ္စလာမ် နိုင်ငံ စစ်ဖြစ်ရင် ဘယ်ဘက်က ၀င်တိုက်မလဲတဲ့ ။ ဒီမေးခွန်းအတွက် ဆရာ့ အဖြေက ဘယ်လိုရှိပါ သလဲ။

မွဖ်သီဂျာအ်ဖရ် – အစ္စလာမ် သာသနာက ဓမ္မသတ် ဘယ်လောက်တောင် ရှိလဲ ဆိုရင် ဒီနေ့ ဘင်္ဂလားဒေ့ရှ်က အစ္စလာမ်နိုင်ငံ။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာစစ်ဖြစ်ခဲ့ရင် မြန်မာနိုင်ငံသား မွတ်စလင်တစ်ယောက်ဟာ မြန်မာဘက်ကနေ ခုခံ တိုက် ခိုက်ပေးရမယ် လို့ ပြထားတယ်။ အစ္စလာမ်က အဲဒီလောက်တောင်ပြထားတယ်။ အဲဒီတော့ ကျွန်တော် တို့အတွက်က  ကမ်းကုန် သွားပြီ။ ဒီနိုင်ငံသား ဒီနိုင်ငံမှာ နေပြီ၊ ဒီနိုင်ငံမှာ သစ္စာရှိဖို့၊ ဒီနိုင်ငံကို အကျိုးပြုဖို့ ၊ ဒီနိုင်ငံမှာ သေမှာဖြစ် တယ် ။ကျွန်တော်တို့သာသနာက ဒီနိုင်ငံကို ချစ်ဖို့ ပြထားတယ်။

ကျွန်တော်တို့ဟာ ဒီနိုင်ငံမှာ ပဲ မွေးခဲ့တဲ့လူတွေဖြစ်တယ်။ ဒီနိုင်ငံမှာပဲ သေရမှာပဲ။ ဘယ်နိုင်ငံပဲသွားသွား ဒီဘ၀မှ အဲဒီနိုင်ငံသား မဖြစ်နိုင်တော့ဘူး။ ကျွန်တော်အိန္ဒိယမှာစာသင်တော့  ကျွန်တော်တို့ကို အားလုံးက ဂျအ်ဖရ် ဘရ်မီ ( ဗမာ ဂျာအ်ဖရ်) လို့ခေါ်တယ်။ဗမာလို့ခေါ်တယ်။ ဒါပေမယ့် ကျွန်တော် မြန်မာနိုင်ငံပြန်ရောက်လာတော့ ကုလားဖြစ်သွားတယ်။ ကျွန်တော်ဘယ်နိုင်ငံပဲ သွားသွား ကျွန်တော်ကို့ ဗမာလို့ ခေါ်မှာပဲ။ ဒီနိုင်ငံမှာပဲ မွေး တယ်။ ဒီနိုင်ငံမှာပဲ သေရမှာပဲ၊

နောက် တမန်တော်မြတ် စကားတစ်ခုရှိ ပါတယ်။ ဟုဘွလ်ဝသနီမိနာလ် အီမာန်း ကို့ယ်ရဲ့မွေးရပ်ဇာတိကို ချစ်ခြင်းဟာ အီမာန်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ် တယ်တဲ့။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကျွန်တော်တို့နိုင်ငံ ကို ချစ်ကြဖို့ လိုတယ်။

 

မွဖ်သီဂျာအ်ဖရ် ၏ ကိုယ်ရေးအကျဉ်း

မွဖ်သီ ဂျာအ်ဖရ် သည် ၁၉၆၉ခုနှစ် ဘားဂီးယား ဟာဖိဇ်ကျောင်းတွင် ကုရ်အာန်အာဂုံဆောင် ပြီးမြောက်ခဲ့သည်။
၁၉၇၇- ခုနှစ်တွင် ဒါရွလ်အုလူးမ် တက္ကသိုလ်(တာမွေ) တွင် မော်လ၀ီ ဘွဲ့ရယူခဲ့ပါသည်။
၁၉၉၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ စဟာရန်ပူရှိ မဇွာဟိရိအူလူမ်းတွင် မွဖ်သီနှင့် ကာရီဘွဲ့ရယူခဲ့သည်။
တာမွေမြို့နယ် မစီးဒီခန်း ဗလီ တွင် ရှေ့ဆောင်အီမာမ်အဖြစ် ၁၀နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
လက်ရှိ ပန်းပဲတန်းမြို့နယ်ဘင်္ဂလီ ဗလီ တွင် ရှေ့ဆောင် အီမာမ်အဖြစ် တာဝန်ယူဆောင်ရွက်နေပါသည်။
၁၉၉၇ ခုနှစ်မှ ယနေ့အထိ မြန်မာမွတ်စလင်အဖွဲ့ ချုပ် တွင် ဓမ္မသတ်မှူး တာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။

လက်တလော ဖြစ်ပေါ်နေတယ် မြန်မာမွတ်စလင်တို့ရဲ့ အရေးကိစ္စ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊တိုင်းရင်း
သားစည်းလုံးညီရေး၊ အစ္စလာမ်အပေါ် အမြင်မှားစေရန် မုန်းတီးရေးစာပေများ ပြန့်နှံနေမှု၊ မဒ်ရဆာဟ် ခေါ် အစ္စလာမ့်ဘာသာရေး စာသင့်ကျောင်းတွေမှာ ခေတ်ပညာများပါ သင်ကြားအရေးအတွက် ပြုပြင်ပြောင်းလဲ
မှုများ ပြုလုပ်ရန် လိုအပ်ပုံ၊ အစွန်းရောက် အကြမ်းဖက်ဝါဒအပေါ် အမြင်၊ စသည့် တို့ကို M-Media မှ ရန်ကုန်
မြို့လယ် ဆူးလေးစေတီနှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ ဘင်္ဂလီ စွန္နီဗလီဝတ်ကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်
ဆရာ ဖြစ်တဲ့ မွဖ်သီ ဂျာအ်ဖရ် နှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Samsung Galaxy S4 မေ ၄ တွင် ပြည်တွင်း၌ စတင်ရောင်းချမည်

Photo

ရန်ကုန်၊ ဧပြီ ၂၆ ဆမ်ဆောင်း၏ စွမ်းရည်မြင့် မျိုးဆက်သစ်ဖုန်း Galaxy S4 ကို လာမည့် မေလ ၄ ရက်နေ့
တွင် ပြည်တွင်း၌ စတင်ရောင်းချသွားမည် ဖြစ်သည်။ Galaxy S4 စမတ်ဖုန်းမှာ ၅ လက်မ မြင်ကွင်းရှိမည် ဖြစ်
ပြီး အလုံးရေ (၁၀၀၀)အားအထူးနှုန်းငါးသိန်းခြောက်သောင်းကိုးထောင်(569,000) ကျပ်ဖြင့် မေလ ၄ ရက်နေ့
တွင် ဆီဒိုးနာဟိုတယ် ပထမထပ်၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

မိုက်ကယ်ဂျက်ဆင်၏ဝိညာဉ်က ငယ်ဘဝနေအိမ်တွင် စွဲကပ်ခြောက်လှန့်နေ

မိုက်ကယ်ဂျက်ဆင်၏ဝိညာဉ်က ငယ်ဘဝနေအိမ်တွင် စွဲကပ်ခြောက်လှန့်နေဟုဆို
FRIDAY, APRIL 26, 2013

အသက်(၅၆)နှစ်ရှိ လာတိုယာဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိသည်။

မိုက်ကယ်ဂျက်ဆင်၏ အစ်မဖြစ်သူက သူမမောင်၏ ဝိညာဉ်သည် ငယ်ဘဝက ဖြတ်သန်းခဲ့သော နေအိမ်တွင် စွဲကပ် ခြောက်လှန့်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၅၆)နှစ်ရှိ လာတိုယာဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိသည်။ မိုက်ကယ်၏ ကလေးများဖြစ်သော ပရင့်စ်၊ ပဲရစ်နှင့် ဘလန့်ကက်တို့သည် မိုက်ကယ်၏ မိခင်ဖြစ်သော ကက်သရင်းဂျက်ဆင်နှင့်အတူ အဆိုပါ နေအိမ်တွင် နေထိုင်ကြသည်။ ကယ်လီဖိုးနီးယားရှိ အန်ဆီနိုမှ နေအိမ်တွင် မိုက်ကယ်၏ အရိပ်အယောင်များကို ထိတွေ့ခံစားရကြောင်း လာတိုယာက ဆိုသည်။

Celebrity Big Brother ကြယ်ပွင့်ဟောင်း လာတိုယာက "ဘာမှာတော့ မမြင်ရဘူး။ ဒါပေမဲ့ သူရှိနေတဲ့ အသိကို ရှင်လည်း ခံစားနိုင်လိမ့်မယ်"ဟု ပြောကြားခဲ့သည်။ လာတိုယာက သူမသည် ဝိညာဉ်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး၏ အကူအညီဖြင့် မိုက်ကယ်ကို ဆက်သွယ်ရန် ကြိုးစားဖူးကြောင်းလည်း ဆိုသည်။ "တကယ်လို့ မိုက်ကယ်က ကျွန်မကို တစ်ခုခု ပြောချင်နေတယ် ဆိုရင်တော့ ကျွန်မ အဲဒါကို သိချင်တယ်"ဟု ဖွင့်ဟခဲ့သည်။ မိုက်ကယ်သည် (၂၀၀၉)ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က အသက်(၅၀)အရွယ်တွင် ဆေးဝါး လွန်ကျွံမှုဖြင့် လော့စ်အန်ဂျလိစ်တွင် ကွယ်လွန်ခဲ့သည်။ 

Planet.com.mm

အသက်(၅၆)နှစ်ရှိ လာတိုယာဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိသည်။

ညောင်ပင်သာရဲစခန်းကို ချီတက်ဆန္ဒပြနေတဲ့ တုံရွာဆန္ဒပြအဖွဲ့ ရှေ့ဆက်မသွားဖို့ တားမြစ်ခံရ

ညောင်ပင်သာရဲစခန်းကို ချီတက်ဆန္ဒပြနေတဲ့ တုံရွာထိပ်ကထွက်ခွာလာတဲ့ ဆန္ဒပြအဖွဲ့ကို မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းနဲ့ မုံရွာခရိုင် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ပြီး ရှေ့ဆက်မသွားဖို့ တားဆီးနေတယ်လို့ သိရပါတယ်။

အဲ့ဒီလို တားဆီးတဲ့နေရာမှာ စည်းသုံးခုတားဆီးပြီး ပထမစည်းနဲ့ ဒုတိယစည်းကိုတွေကို မကျော်ရန်တားဆီးပြီး တတိယစည်းကိုကျော်ရင်တော့ ပစ်ခတ်တားဆီးမယ်ဆိုတဲ့ အကြောင်းပြောကြားထားတယ်လို့ RFA သတင်းထောက်က သတင်းပေးပို့ပါတယ်။

ညောင်ပင်သာရဲစခန်းကို ချီတက်ဆန္ဒပြနေတဲ့ တုံရွာထိပ်ကထွက်ခွာလာတဲ့ ဆန္ဒပြအဖွဲ့ကို မုံရွာခရိုင်ရဲတပ်
ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းနဲ့ မုံရွာခရိုင် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ပြီး ရှေ့ဆက်မသွားဖို့ တားဆီးနေ
တယ်လို့ သိရပါတယ်။

အခွန်အများဆုံး ထမ်းဆောင်သူ ကုမ္ပဏီအစုဖွဲ့စာရင်း မေလအတွင်း ထုတ်ပြန်မည်

FRIDAY, APRIL 26, 2013

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်ခဲ့သူ ကုမ္ပဏီအစုဖွဲ့စာရင်းကို မေလအတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။ ယခင် ဘဏ္ဍာနှစ်အတွင်းအခွန်ထမ်းဆောင်ခဲ့သူများစာရင်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ပြုစုနေပြီး မေလအတွင်း ထုတ်ပြန်သွားနိုင်ရန် ကြိုးစားနေကြောင်းနှင့် ဂုဏ်ပြုအစီအစဉ်များ ပြုလုပ်သွားရန် ရှိကြောင်းကို ၎င်းက ဆိုသည်။

တရုတ်ဝန်ထမ်း ၄၀ ကချင်အစိုးရ ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေး

ဧပြီ ၂၆ ရက် ၂၀၁၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်-ဆဒုံး-ကန်ပိုက်တီလမ်း ပြုပြင်နေချိန်အတွင်း မြန်မာနိုင်ငံမှာ နေထိုင်နိုင်ဖို့အတွက် တရုတ်နိုင်ငံ ထိန်ချုံးကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား အယောက် ၄၀ ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုမိန့်နဲ့ သုံးလသက်တမ်း နေထိုင်ခွင့်လက်မှတ် Yellow Card(YC) ကို ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ကြုံတောင့်ကြုံခဲ့ တွေ့ဆုံခဲ့ကြသည့် အမေရိကန် သမ္မတ ၅ ဦး

ကြုံတောင့်ကြုံခဲ့ တွေ့ဆုံခဲ့ကြသည့် အမေရိကန် သမ္မတ ၅ ဦးတို့၏ ဓာတ်ပုံ

အမေရိကန် သမ္မတဟောင်း Gorge W. Bush ၏ သမ္မတ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား၌ လက်ရှိသမ္မတ Barack Obama အပါအဝင် သက်ရှိထင်ရှား အမေရိကန် သမ္မတ ၅ ဦးတို့ ရှားရှားပါးပါး ဆုံတွေ့ခဲ့ကြသည်။

ဝဲ မှ ယာ - Barack Obama ၊ George W. Bush ၊ Bill Clinton ၊ George H.W. Bush နှင့် Jimmy Carter

Posted From Myanmar Consumer Guide
ကြုံတောင့်ကြုံခဲ့ တွေ့ဆုံခဲ့ကြသည့် အမေရိကန် သမ္မတ ၅ ဦးတို့၏ ဓာတ်ပုံ
အမေရိကန် သမ္မတဟောင်း Gorge W. Bush ၏ သမ္မတ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား၌ လက်ရှိသမ္မတ Barack Obama အပါအဝင် သက်ရှိထင်ရှား အမေရိကန် သမ္မတ ၅ ဦးတို့ ရှားရှားပါးပါး ဆုံတွေ့ခဲ့ကြသည်။

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

အေပြီ ၂၆ ရက် ၂၀၁၃

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှုတွေ တားဆီးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဘာသာမတူ လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးဆောင်ရွက်ပေးဖို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ဒီနေ့ ဘရူနိုင်းထိပ်သီးညီလာခံမှာ သမ္မတဦးသိန်းစိန်ဟာ ထိပ်သီးအစည်းအဝေးပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှီနာဝတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ တနင်္သာရီတိုင်း ထားဝယ်ဒေသမှာ ထိုင်းအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို အဓိကထားဆွေးနွေးတာလို့ဆိုပါတယ်။

RFA

ဧပြီ ၂၆ ရက် ၂၀၁၃

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိ
ကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။အာဆီယံထိပ်သီး ညီလာခံကို သမ္မတ
ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီး
ရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်
ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဆိုတော်၊ သရုပ်ဆောင် နှင့် မော်ဒယ် ၀ိုင်းစုခိုင်သိန်း ရဲ့အလှ


အဆိုတော်၊ သရုပ်ဆောင် နှင့် မော်ဒယ် ၀ိုင်းစုခိုင်သိန်း ရဲ့အလှဓာတ်ပုံလေးတွေဖော်ပြပေးလိုက်ပါတယ်။

၁၅၀၀ တန် CDMA 800Mhz SIM CARD အသုံးပြုနည်း

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း
##########################
သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။

ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။

Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.

ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။

ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။

အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။

၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…

Ref & Credit to လင်းယံခ (မြန်မာစာ)

၁၅၀၀ တန် CDMA 800Mhz SIM CARDကို သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိ
စေဖို့အရေးကြီးပါတယ်။ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်
လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။