Pages

Thursday, April 25, 2013

ပိုမိုရှုပ်ထွေးလာတဲ့ Boston ဗုံးပေါက်ကွဲမှု သတင်း

ပိုမိုရှုပ်ထွေးလာတဲ့ Boston ဗုံးပေါက်ကွဲမှု သတင်းအကျဉ်း
----------------------------------------------------------
၂၅၊ ဧပြီ
Moon & Star 24-7 News Channel

ဘော်စတွန်ဗုံးပေါက်ကွဲမှု သံသယရှိသူ နှစ်ဦး၏ မိခင်ဖြစ်သူက လွန်ခဲတဲ့ ၁၀ နှစ်က အမေရိကန်ကိုပြောင်းရွှေ့ မိသည့်အတွက် နောင်တရမိကြောင်းပြောကြားခဲ့သည်။
Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိခင်ဖြစ်သူ Zubeidat Tsarnaev က အမေရိကန်သည် သူမ၏ကလေးနှစ်ဦးအား သူမထံမှ ယူဆောင်သွားကြောင်းပြောကြားခဲ့သည်။
ထို့ အပြင် သူမ၏ကလေးနှစ်ဦးမှာ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းကို ထပ်လောင်းပြောကြားခဲ့သည်။
သူမက"ကျွန်မ အမေရိကန်မှာနေဖို့ ဆန္ဒမရှိပဲ ဘာလို့ သွားဖြစ်လည်း မသိတော့ပါဘူး၊ အမေရိကန်က ကျွန်မတို့ ကို အကာကွယ်ပေးမယ်လို့ ထင်ခဲ့တာ၊ ကျွန်မကလေးတွေက ဘယ်နည်းနဲ့ မှ ပါဝင်မပတ်သတ်ဘူးဆိုတာ သေချာပါတယ်"ဟု Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ သူမ၏ ၂၆ နှစ်အရွယ်ရှိ သားကြီး Tamerlan Tsarnaev သည် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် ရဲတပ်ဖွဲ့ ၏ပစ်ခတ် သတ်ဖြတ်ချင်းကို ခံခဲ့ရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ သားငယ် Dzhokhar Tsarnaev သည် ဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည်။ 
သံသယရှိသူ နှစ်ဦး၏ ဖခင်ဖြစ်သူ Anzor Tsarnaev က ကြာသာပတေး သို့ မဟုတ် သောကြာတစ်ရက်ရက်တွင် အမေရိကန်သို့ သွားရောက်မည်ဖြစ်ပြီး မိမိတို့ မိသားစု အနေဖြင့် သေဆုံးသွားသူ၏ ရုပ်အလောင်းအား ရုရှားသို့ ပြန်လည်သယ်ယူလိုကြောင်းပြောကြားခဲ့ သည်။
Ref: BBC
(((Moon & Star 24-7 News Channel)))

၂၅၊ ဧပြီ
ဘော်စတွန်ဗုံးပေါက်ကွဲမှု သံသယရှိသူ နှစ်ဦး၏ မိခင်ဖြစ်သူက လွန်ခဲတဲ့ ၁၀ နှစ်က အမေရိကန်ကိုပြောင်းရွှေ့ မိသည့်အတွက် နောင်တရမိကြောင်းပြောကြားခဲ့သည် Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိခင်ဖြစ်သူ Zubeidat Tsarnaev က အမေရိကန်သည် သူမ၏ကလေးနှစ်ဦးအား သူမထံမှ ယူဆောင်သွားကြောင်းပြောကြားခဲ့သည်။

ဗြိတိန်မင်းသား ဟယ်ရီ သြစတြေးလျတပ်၌ ပူးတွဲတာဝန်ထမ်းဆောင်မည်

ဗြိတိန်မင်းသား ဟယ်ရီ သြစတြေးလျတပ်၌ ပူးတွဲတာဝန်ထမ်းဆောင်မည်
Thursday ,April25 ,2013

တော်ဝင်မင်းသားဟယ်ရီ သြစတြေးလျစစ်တပ်၌ ပူးတွဲတာဝန်ထမ်းဆောင်ရန်အတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

အိမ်ရှေ့မင်းသား ချားလ်စ်၏ သားတော် ၂၈-နှစ်အရွယ်ရှိ မင်းသားဟယ်ရီသည် သြစတြေးလျ စစ်တပ်တွင် ၆-လတာခန့် တပ်ဖွဲ့တစ်ခုခု၌ တရားဝင် ဝင်ရောက်လျက်ဖြစ်စေ၊ လေ့လာသူ တစ်ဦးအနေဖြင့်ဖြစ်စေ တာဝန်ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း ကြာသပတေးနေ့ထုတ် နယူးစ်လိမိတက်သတင်းစာတွင် ရေးသား   ဖော်ပြထားသည်။.
 
တော်ဝင်အမှုထမ်းများနှင့် လုံခြုံရေးအရာရှိများက တော်ဝင်မင်းသားတစ်ဦးအား တာဝန်ထမ်းဆောင် ခွင့်ပေးခြင်းမှာ စွန့်စားရာရောက်ကြောင်း၊ တင်ပြချက်အရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မင်းသား တာဝန်ထမ်းဆောင်မည့် ကာလ ၆-လတာကာလအတွက် အသေအချာ စီမံဆောင်ရွက် ရှိကြောင်းကိုလည်း ဖော်ပြပါရှိသည်။
 
မင်းသား၏ လန်ဒန်ကလဲရင့်စ် အိမ်တော်ဝန်ထမ်းများ၊ ဗြိတိသျှတပ်မတော်နှင့် သြစတြေလျ တပ်မတော်တို့မှ သက်ဆိုင်ရာအရာရိများသည် တာဝန်ထမ်းဆောင်မည့် အချိန်ကာလ နှင့် နေရာဌာနများအတွက် အသေးစိတ်စီစဉ်နေကြောင်းကိုလည်း သိရသည်။
 
အေအက်ဖ်ပီ သတင်းဌာန၏ မေးမြန်းချက်ကို သြစတြေလျကာကွယ်ရေးဌာနမှ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုဘဲ ကလဲရင့်စ် အိမ်တော်သို့ ဆက်သွယ်မေးမြန်းရန် လမ်းလွှဲပေးခဲ့ ကြောင်းကိုလည်း သိရသည်။
 
သတင်းစာ၏ ဖော်ပြချက်အရ မင်းသားသည် တော်ဝင်မြင်းတပ်တပ်ရင်းမှ ဗိုလ်ကြီး အဆင့်ရှိ အရာရှိတစ်ဦးဖြစ်ပြီး အာဖဂန်နစ်စတန်တွင် ၂-ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုလည်း သြစတြေးလျစစ်သားများနှင့်အတူပူးတွဲ တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်လျက် ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

မင်းသားဟယ်ရီသည် တာဝန်ထမ်းဆောင်ရာမှ ဇန်နဝါရီလအတွင်းက အိမ်သို့ပြန်ရောက်လာပြီး၊ အာဖဂန်နစ္စတန်တွင် အပါချီ ဟယ်လီကော့ပတာတွဲဖက် ပိုင်းလော့ အဖြစ်တာဝန်ထမ်းဆောင်စဉ် သူ၏ ကွန်ပြူတာဂိမ်း ကျွမ်းကျင်မှုအားဖြင့် တာလီဘန်များကို သတ်ဖြတ်ရာတွင် ပိုမို စွမ်းဆောင် နိုင်ခဲ့ကြောင်း ပြောဆိုသဖြင့် မကျေနပ်မှုအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်းကိုလည်း သိရသည်။

 
သတင်း- ဘန်ကောက်ပို့စ် အွန်လိုင်း
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup on 25 Apr, 2013
http://myitmakhamediagroup.com/detail.php?newid=4474

Thursday ,April25 ,2013

တော်ဝင်မင်းသားဟယ်ရီ သြစတြေးလျစစ်တပ်၌ ပူးတွဲတာဝန်ထမ်းဆောင်ရန်အတွက် စီစဉ် ဆောင်ရွက်နေ
ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။ အိမ်ရှေ့မင်းသား ချားလ်စ်၏ သားတော် ၂၈-နှစ်အရွယ်ရှိ မင်းသားဟယ်ရီသည် သြစတြေးလျစစ်တပ်တွင် ၆-လတာခန့်တပ်ဖွဲ့တစ်ခုခု၌တရားဝင်ဝင်ရောက်လျက်
ဖြစ်စေ၊ လေ့လာသူ တစ်ဦးအနေဖြင့်ဖြစ်စေတာဝန်ထမ်းဆောင်ရန်စီစဉ်လျက်ရှိကြောင်း ကြာသပတေးနေ့
ထုတ် နယူးစ်လိမိတက်သတင်းစာတွင် ရေးသား ဖော်ပြထားသည်။.

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သွားမည်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သွားမည်

ပီတာအောင်- DVB - ၂၅-ဧပြီ- ၂၀၁၃

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမိုကရေစီရေး အားပေးဖို့ လာမယ့် မေလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ဂျပန်သတင်းဌာနတွေမှာ ရေးသားဖော်ပြကြပါတယ်။

မေ ၂၅ နဲ့ ၂၆ ရက်တွေမှာ သွားရောက်မှာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆက်လက်ဖွံဖြိုးတိုးတက်စေဖို့၊ အိုဒီအေလို့ ခေါ်တဲ့ ပြည်ပ အထောက်အပံ့တွေပေးရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အဦတွေ တိုးတက်ရေးမှာ ဂျပန်အစိုးရအနေနဲ့ အကူအညီပေးဖို့ ရည်ရွယ်ချက်တွေရှိကြောင်း အသိပေးဖွယ်ရှိတယ်လို့ ဂျပန်တိုင်းမ်သတင်းစာမှာ ရေးပါတယ်။

ဒါ့ပြင် မြန်မာလူနည်းစုတိုင်းရင်းသားတွေအတွက် စာသင်ကျောင်းတွေ ဆောက်လုပ်ပေးတာ၊ စိုက်ပျိုးရေးနည်းပညာတွေ ပံ့ပိုးပေးတာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရရင် တခြားအကူအညီနဲ့ အထောက်အပံ့တွေ တိုးမြှင့်ပေးမယ့် အစီအစဉ်တွေလည်း ကြေညာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးကျွမ်းကျင်တဲ့ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာ မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘက “၀န်ကြီးချုပ်အာဘေး မြန်မာပြည်ကိုသွားမယ်ဆိုရင်တော့ ဆက်ပြီးတော့ ဂျပန်က အိုဒီအေပေးမယ်၊ အခြေခံအဆောက်အဦတွေ ဂျပန်ကအကူအညီတွေပေးမယ်။ အပြန်အလှန်သဘောမဟုတ်ပေမယ့် ဒီလိုလုပ်ခြင်းအားဖြင့် ဂျပန်စီးပွားရေုးလုပ်ငန်းတွေ မြန်မာပြည်ကိုလာရင် ပိုအဆင်ပြေအောင် လုပ်စေချင်တဲ့စိတ် ဂျပန်ဝန်ကြီးချုပ်စိတ်ထဲ ရှိမယ်ထင်တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လာတယ်။ ဂျပန်မှာ ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဆွေးနွေးတော့လည်း မြန်မာပြည်မှာလိုအပ်နေတာ ဒါတွေပါဆိုပြီး ပြောပြတော့ ဒါကို ဂျပန်အစိုးရအနေနဲ့ စိတ်ထဲမှာထားပြီးတော့ ဆက်ပြီးတော့ မြန်မာပြည်ကို ကူညီပေးဖို့ရှိတယ်။ ကျနော်အနေနဲ့ အဲသလိုပဲ မျှော်လင့်ပါတယ်။”

ကျိုဒိုသတင်းတပုဒ်မှာတော့ ရှင်ဇိုအာဘေးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ အကျိုးဖြစ်စေလိမ့်မယ်လို့ ဂျပန်အစိုးရ တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားရေးပါတယ်။

တကယ်တော့ လာမယ့် မေ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးအစည်းအဝေးပွဲ ဆိုးလ်မြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် လတ်တလော ဒီနိုင်ငံတွေအကြား ဆန်ကကုကျွန်းပိုင်ဆိုင်မှု အငြင်းပွားမှု ပြဿနာတွေရှိနေတဲ့အတွက် ဆွေးနွေးပွဲ ပျက်သွားပြီး မြန်မာခရီးစဉ်သွားရောက်ဖို့ ဂျပန်ဝန်ကြီးချုပ်က စီစဉ်ခဲ့တာပါ။

ဂျပန်ဝန်ကြီးချုပ်ဟာ မြန်မာခရီးစဉ်အတွင်း ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဂျပန်အစိုးရကတော့ တရားဝင်ထုတ်ပြန် ကြေညာထားတာ မရှိသေးပါဘူး။ အကယ်၍ ခရီးစဉ်အထမြောက်ခဲ့ရင်တော့ ဒါဟာ ၁၉၇၇ ခုနှစ်က ဂျပန်ဝန်ကြီးချုပ် တာကီအိုဖူကူဒါ သွားရောက်ခဲ့ပြီးနောက် ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ် တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်မှုလည်း ဖြစ်ပါတယ်။

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > DVB TV News<<Thank

၂၅-ဧပြီ- ၂၀၁၃

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမိုကရေစီရေးအားပေးဖို့ လာမယ့်
မေလနှောင်းပိုင်းမှာမြန်မာနိုင်ငံကိုသွားရောက်ဖို့ရှိတယ်လို့ ဂျပန်သတင်းဌာနတွေမှာ ရေးသားဖော်ပြကြပါ
တယ်။

ကျောက်ဆည်မြို့မှာ မှတ်ပုံတင်တွေထုတ်ပေးနေသော်လည်း အစ္စလာမ်ဘာသာဝင်များကို ထုတ်မပေး

ကျောက်ဆည်မြို့မှာ မှတ်ပုံတင်တွေထုတ်ပေးနေသော်လည်း အစ္စလာမ်ဘာသာဝင်များကို ထုတ်မပေး 
=================================


ယနေ့ ( ၂၃-၄-၂၀၁၃ ) မနက် ၁၀ နာရီအချိန်က ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်၊ ရပ်ကွက်ရုံးမှာ မှတ်ပုံတင်များ ပြုလုပ်ပေးရန် စာရင်းကောက်ခံနေကြောင်း သတင်းရရှိပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့ မွတ်စလင်မ်တွေလည်း မှတ်ပုံတင်ထုတ်ပေးနေတယ်ဆိုလို့ ၀မ်းသာအားရနဲ့ ရပ်ကွက်ရုံးကို သွားကြပါတယ်။ ရုံးရောက်တော့ အိမ်ထောင်စုဇယားနဲ့ မိဘမှတ်ပုံတင်တွေ ယူခဲ့ရမယ်ဆိုလို့ အိမ်ပြန်ပြီး သွားယူခဲ့ရပါသေးတယ်” ဟု ကျောက်ဆည်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

“ရပ်ကွက်ရုံးမှာ စာရေးမတစ်ယောက်က မျက်နှာထား တင်းမာစွာဖြင့် ပြောပါတယ်။ မှတ်ပုံတင် လုပ်ပေးတာက ဗမာတွေကိုပဲ လုပ်ပေးတာ၊ မွတ်စလင်မ်တွေ မပါဘူးဆိုပြီး ကြမ်းတမ်းစွာဖြင့် ပြောဆိုခဲ့ပါတယ်”ဟု အခြားကျောက်ဆည်ဒေသခံတစ်ဦးက အလင်းမျက်ဝန်းသို့ သတင်းပေးပို့ခြင်း ဖြစ်ပါတယ်။

အဆိုပါ သတင်းပေးပို့သည့် ဒေသခံမှ “ကျနော်တို့ ကျောက်ဆည်က မွတ်စလင်မ်တွေ မှတ်ပုံတင် မရသေးတဲ့လူတွေ အများကြီး ရှိပါတယ်။ အရင်တုန်းကလည်း မှတ်ပုံတင်လုပ်မပေးခဲ့ပါဘူး။ အခုလည်း လုပ်ပေးမယ် မထင်ပါဘူး” ဆက်လက် ပြောကြားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့သည့် ဒေသခံမွတ်စလင်မ်များအား ယခင် စစ်အစိုးရလက်ထက်တွင် နိုင်ငံသားဖြစ်ချင်းအား တားဆီးခြင်းများရှိခဲ့သလို၊ နိုင်ငံသားဖြစ်မှုအား အဓမ္မ အလိုမတူဘဲ အဓိပ္ပါ ဖွင့်ဆိုခံရခြင်းများလည်း ရှိခဲ့ပါတယ်။


“သမီးတို့ဟာ မြန်မာပြည်သူ မွတ်စလင်မ်စစ်စစ်တွေပါ။ မှတ်ပုံတင်မှာတော့ အိန္ဒိယ-ဗမာ လို့ ထည့်ထားတယ်။ သမီး ကုလားစကားလဲ မပြောတတ်ဘူး။ ကုလားပြည်မှာလဲ ကုလားအမျိုးတော်တာတောင် မရှိဘူး။ အေမဘက္က အဘိုးက ဗုဒၶဘာသာ၊ အဘြားက အစၥလာမ္ဘာသာပါ။ ဘာသာမတူပေမယ့် နှစ်ယောက်စလုံးက မြန်မာနိုင်ငံသားတွေပဲ။ အဖေဘက်က ဘိုးဘွားတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ အဖေကလည်း အမေနဲ့ယူပြီးမှ အစ္စလာမ်ဘာသာဝင်ဖြစ်လာတာပါ။ သမီးတို့မှာ အိန္ဒိယမျိုးနွယ်ဆိုတာ ဘယ်လိုမှ မရှိဘူး။ FRC အမျိုးဆိုတာ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် သမီးတို့မောင်နှစ်မတွေရဲ့မှတ်ပုံတင်တွေမှာတော့ အိန္ဒိယ-ဗမာလို့ ထည့်ထားတယ်။ အဖေ အမေ မှတ်ပုံတင်မှာလည်း အဲ့လို မထည့်ထားဘူး။ ဘွဲ့ယူရမှာဆိုတော့ သူတို့ရေးပေးတဲ့အတိုင်းပဲ ယူရတယ်လေ။ လူမျိုးတွေ ဘာတွေက အဓိကမကျဘူး၊ လောလောဆယ် အဆင်ပြေဖို့အတွက်ပဲဆိုပြီး ထုတ်ပေးတာကို ယူခဲ့ရတာပါ။ အခု သမီးတို့ကို ဒီမှတ်ပုံတင်က လူမျိုးဆိုတာကို ထောက်ပြပြီး ဧည့်သည်တွေလို့ စွတ်စွဲလာပြီ။ အစိုးရက အစ္စလာမ်ဘာသာကို နှစ်ရှည်စီမံကိန်းနဲ့ အစီအစဉ်တကျ ဖျက်ဆီးနေတယ်လို့တောင် ထင်လာမိတယ်။ 

အစ္စလာမ်ဘာသာကိုးကွယ်နေရလို့ မျက်နှာငယ်ရတယ်။ ရုံးမှာဆိုရင်လည်း မိဘလက်ထက်ကတည်းက အလုပ်လုပ်ခဲ့လို့သာ တခြားအလုပ်မလုပ်တတ်လို့ သည်းခံပြီး လုပ်နေရတာပါ။ အဖေလည်း မွတ်စလင်မ်ဖြစ်လို့ ရာထူးမတိုးတော့ဘူး။ ရုံးက ၀န်ထမ်းလောကမှာကို မွတ်စလင်မ်တွေကို အင်တာနက်တွေထိုင်ထိုင်ကြည့်ပြီး ဆဲဆိုနေတယ်။ 969 အခွေတွေကိုလဲ ကွန်ပျူတာဘောက်ကနေ အကျယ်ကြီးတွေကို ဖွင့်ဖွင့်ထားတယ်ရှင့်” နေပြည်တော်ရှိ အစိုးရရုံးတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းတစ်ဦးဖြစ်သူ အသက်(၂၆)နှစ်အရွယ် မွတ်စလင်မ် အမျိုးသမီး မဥမ္မာနှင်းက အလင်းမျက်ဝန်းသို့ ပြောပြတာ ဖြစ်ပါတယ်။

ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် မှတ်ပုံတင် ထုတ်ပေးရာ၌ ခွဲခြားမှုများ ရှိနေဆဲဖြစ်ပြီး၊ လ၀က၀န်ထမ်းများအပါအ၀င် အစိုးရ၀န်ထမ်းအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မွတ်စလင်မ့်လူ့အသိုင်းအ၀ိုင်းအား ရန်သူသဖွယ် ပြုမူဆက်ဆံ၍ ပညာပြ ဆက်ဆံနေကြသည့် အကျင့်စရိုက်များရှိနေခြင်းကြောင့် မြန်မာမွတ်စလင်မ်အဖွဲ့အစည်းများမှ ဦးဆောင်၍ နိုင်ငံတော်သမ္မတအပါအ၀င် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ အဖြေရှာရန် အရေးပေါ် လိုအပ်ကြောင်း လေ့လာသူများက ထောက်ပြပြောဆိုနေကြပါတယ်။ 

http://www.teol-mm.info/2013/04/blog-post_6168.html

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့် မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍ အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။

အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

( ၂၃-၄-၂၀၁၃ ) မနက် ၁၀ နာရီအချိန်က ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်၊ ရပ်ကွက်ရုံးမှာ မှတ်ပုံတင်
များ ပြုလုပ်ပေးရန် စာရင်းကောက်ခံနေကြောင်း သတင်းရရှိပါတယ်။“ဟုတ်ပါတယ်။ ကျနော်တို့ မွတ်စလင်
မ်တွေလည်း မှတ်ပုံတင်ထုတ်ပေးနေတယ်ဆိုလို့ ၀မ်းသာအားရနဲ့ ရပ်ကွက်ရုံးကို သွားကြပါတယ်။ ရုံးရောက်
တော့ အိမ်ထောင်စုဇယားနဲ့ မိဘမှတ်ပုံတင်တွေ ယူခဲ့ရမယ်ဆိုလို့ အိမ်ပြန်ပြီး သွားယူခဲ့ရပါသေးတယ်” ဟု
ကျောက်ဆည်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်

သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်
Thursday, April 25, 2013

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတော့မယ် လို့ ဒီကနေ့ထုတ် ရွှေနိုင်ငံသစ် သတင်းစာမှာ နက္ခဗေဒဆရာတယောက်က ရေးလိုက်ပါတယ်။

ဆရာ ဦးဇေယျာကို (နက္ခသိပ္ပံ) ရဲ့ ဆောင်းပါးမှာ အဲဒီလို ဟောကိန်းထုတ် ရေးသားထားတာပါ။


အသက် ၅၀ အရွယ်မှာ တွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Nic Dunlop)

"၂၀၁၅ နှောင်းပိုင်း ရွေးကောက်ပွဲအချိန်ကာလ နှင့် ၂၀၁၆ နှစ်ဦးပိုင်း သင်္ကြန်မတိုင်မီအချိန်ကာလများသည်  ဇာတာစန်းလဂ် တောက်ပ လင်းလက်လာမည့် အချိန်ကာလများ ဖြစ်သည့်အတွက် သူမ၏ အောင်မြင်မှုများအား မည်သူမှ တားဆီး ပိတ်ပင်၍ မရရှိနိုင်တော့ပေ" လို့ ဦးဇေယျာကို (နက္ခသိပ္ပံ)က ရေးထားပါတယ်။

"၂၀၁၅ ဇူလိုင်လနောက်ပိုင်း သိဟ်ရာသီရောက် ကောဇာကြာသပတေးဂြိုင်္ဟ်ကြီး၏ အထောက်အပံ့" ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံဇာတာမှာ တွေ့ရကြောင်း  ရွှေနိုင်ငံသစ် သတင်းစာမှာ နက္ခတ္တအမြင်တွေကို နေ့စဉ် ရေးနေတဲ့ ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပါတယ်။

မြန်မာပြည်မှာ နိုင်ငံအာဏာကို စစ်တပ်က ချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ငါးဆယ်ရှိသွားပါပြီ။
စစ်တပ်ကရော ဗေဒင်ဆရာ ဟောကိန်းထုတ်သလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ထိပ်သီးခေါင်းဆောင်ကြီးဖြစ်လာရေးကို သဘောတူပါ့မလား။ ဒီအချက်ကိုလည်း ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပြပါတယ်။

တနင်္လာဂြိုင်္ဟ်၏ သဘောတရားအရ တပ်မတော်နှင့် အပေးအယူ ညီမျှစွာဖြင့် ညှိနှိုင်းဆောင်ရွက်မှသာ "အနာဂတ် နိုင်ငံရေးရည်မှန်းချက်"ကို ပုံဖော်ခွင့်ရပါမယ် တဲ့။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်နေဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူ သမ္မတ တာဝန် ထမ်းဆောင်လိုကြောင်း လူသိရှင်ကြားပြောကြားထားပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမယ် ဆိုတာကို တကြိမ်ထက်မနည်း ဟောကိန်းထုတ်ခဲ့သူကတော့ အထင်ကရ ဗေဒင်ဆရာကြီးတယောက်ဖြစ်တဲ့  စံဇာဏီဘို ဖြစ်ပါတယ်။
သူ့ရဲ့ ဟောကိန်းအကြောင်းကို  ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/04/blog-post_15.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

အင်္ဂါနေ့ဖွား ဒေါ်အောင်ဆန်းစုကြည် မွေးတဲ့နေ့က ၁၃ဝ၇ ခုနှစ် ဝါဆိုလဆန်း ၁ဝ ရက်နေ့၊ ၁၉၄၅ ဇွန်လ ၁၉ ရက်နေ့ပါ။  ရန်ကုန်မြို့ ဇာတိ ဖြစ်ပြီး မိဘများကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်တို့ ဖြစ်ပါတယ်။

ဗေဒပညာရှင်တဦးဖြစ်တဲ့ ဆရာကျော်စစ်ဟိန်းရဲ့ စာအုပ်တအုပ်မှာရေးထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မွေးဖွားတဲ့အချိန်က ည ၇း၁၅ ဖြစ်ပါတယ် တဲ့။

မြန်မာပြည်မှာ၂၀၁၅ နှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကျင်းပပြီးရင်  အုပ်ချုပ်မှုအပြောင်းအလဲ ဖြစ်လာမှာပါ။
ဗေဒင်ဆရာတွေ ဟောကိန်းထုတ်တာ မှန်ကန်မယ် ဆိုရင်တော့ မဝေးတော့တဲ့ အနာဂတ်မှာ ဒီမိုကရေစီခေါင်းဆောင်က သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ တာဝန် ယူရပါလိမ့်မယ်။
အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အသက် ၇ဝ ရှိနေမှာ ဖြစ်ပါတယ်။
ဧရာဝတီ
အသက် ၅၀ အရွယ်မှာ တွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Nic Dunlop)
Thursday, April 25, 2013

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတော့မယ်လို့ဒီကနေ့ထုတ် ရွှေနိုင်
ငံသစ် သတင်းစာမှာ နက္ခဗေဒဆရာတယောက်က ရေးလိုက်ပါတယ်။ ဆရာ ဦးဇေယျာကို (နက္ခသိပ္ပံ) ရဲ့
ဆောင်းပါးမှာ အဲဒီလို ဟောကိန်းထုတ် ရေးသားထားတာပါ။

ရှမ်းမြောက်ပိုင်း အစိုးရတပ်နှင့် တအာင်းတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

ရှမ်းမြောက်ပိုင်း အစိုးရတပ်နှင့် တအာင်းတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

 ကြာသပတေးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၃ ခုနှစ်

ချင်းမိုင်(မဇ္စျိမ)။   ။ ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်း (ပလောင်)ဒေသအတွင်း အစိုးရ စစ်ကြောင်းများ အင်အားဖြည့်တင်းနေ၍ လက်ရှိ အင်အား ၃,၀၀၀ ကျော်ရှိလာပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်ဟု တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးမိုင်ဘုန်းကျော် က ပြောသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်ရင်း ၁၁၂ နှင့် အစိုးရ စစ်တပ်များအကြား ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အုပ်စုရှိ ကုန်ဆာရွာမှ နှစ်မိုင်အကွာတွင် တိုက်ပွဲ တနာရီကျော်ကြာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

“အစိုးရတပ်က ကျနော်တို့ တအာင်းဘက် ထိုးစစ်တွေက တအားများလို့ တိုက်ပွဲ ခဏခဏ ဖြစ်တယ်။ အရင်လ ထက်ကို သုံးပုံတပုံလောက် ပိုများလာတယ်။ အရင်လက နှစ်ထောင် ကျော်ကျော်ပဲ ရှိတာ။ ခုက သုံးထောင်ကျော် သွားပြီ။ တနေရာမှာ ၃၀၀၊ ၄၀၀ နဲ့ ၁၀ နေရာကျော်လောက် ရှိသွားပြီ။ သူတို့က ကြာကြာနေမယ့်ပုံစံ ရှိတယ်။ ရိက္ခာ၊ လက်နက် ဖြည့်တင်းတဲ့ ကားတွေ ပုံမှန် ရှိနေတယ်” ဟု မဇ္စျိမကို ပြောသည်။

နမ်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ်ဆန်၊ မိုင်းလုံ၊ မိုးမိတ် စသည့် မြို့နယ်များတွင်း အစိုးရ စစ်အင်အား တိုးမြှင့်လာခြင်း
ဖြစ်သည်ဟု မိုင်ဘုန်းကျော် က ပြောသည်။

ဖေဖော်ဝါရီလက အစိုးရ၏ လေးလပတ် အစည်းအဝေးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်၊ တအာင်းနှင့် ရှမ်း လက်နက်ကိုင် တပ်ဖွဲ့များအား အမြစ်ပြတ် ချေမှုန်းရေး ညွန်ကြားချက်အတိုင်း ယခုကဲ့သို့ အစိုးရ စစ်တပ်များ ထိုးစစ်ဆင်မှု ပိုမိုပြုလုပ်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“(ဒု-ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က လေးလပတ် အစည်းအဝေးမှာ ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ရှမ်း၊ ကချင်၊ အထူးသဖြင့် ကျနော်တို့ ပလောင်ပေါ့။ အကုန်လုံးကို  ချေမှုန်းရေး ညွန်ကြားချက်တွေ ထုတ်တယ်။ အဲဒီအတိုင်း၊ သူတို့ စီမံချက်အတိုင်း အကောင်အထည် ဖော်တယ်လို့ မြင်ပါတယ်။ တိုက်ပွဲက ဒီထက်ပိုပြင်းလာမယ့် သဘော ရှိတယ်” ဟု ဗိုလ်မှူးမိုင်ဘုန်းကျော် က ဆက်ပြောသည်။

ယမန်နေ့ကလည်း ကျောက်မဲနှင့် သီပေါမြို့နယ်ဘက်မှ တပ်ရင်းများ နမ့်ဆန်မြို့နယ်သို့ စစ်ကား အစီး ၂၀ ဖြင့်
ရောက်ရှိလာရာ အင်အား ၃၀၀ ခန့်ရှိမည်ဟု ၎င်းက ဆိုသည်။

ထိုတပ်ရင်းများသည် နမ့်ဆန် အရှေ့ပိုင်း လျှော်လည်ကွင်းတွင် လှုပ်ရှားနေသော အစိုးရ၏ ၅၀၂ တပ်ရင်းတို့နှင့် ပူးပေါင်း၍ ထားသော်လည်း ယနေ့ မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းက PSLF အဖွဲ့ကို အပစ်အခတ် ရပ်စဲရေး
ပြည်တွင်း တနေရာတွင် ဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်းက ကမ်းလှမ်းခဲ့သော်လည်း PSLF အဖြင့် ယခုအချိန်မှာ ပြည်တွင်း၌ တွေ့ဆုံရန် မဖြစ်နိုင်၍ ညှိနှိုင်းမရခဲ့ရာမှ ယခုထိ ထပ်မံ တွေ့ဆုံရေး မဖြစ်သေးကြောင်း မိုင်ဘုန်းကျော် က ပြောသည်။

အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၇၊ ၃၄ နယ်မြေတွင်လည်း အစိုးရ စစ်တပ်နှင့်ပြည်သူ့စစ် တပ်ဖွဲ့များ ပူးပေါင်းတပ်များနှင့် ယခု ရက်သတ္တပတ်အတွင်း
နေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO သတင်းရပ်ကွက်တခုမှ သိရသည်။

ကြာသပတေးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၃ ခုနှစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်း (ပလောင်)ဒေသအတွင်း အစိုးရ စစ်ကြောင်းများ အင်
အားဖြည့်တင်းနေ၍ လက်ရှိ အင်အား၃,၀၀၀ ကျော်ရှိလာပြီးတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်
ဟု တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးမိုင်ဘုန်းကျော် က ပြောသည်။

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။

Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။

ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။

နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ်ပါဘူး။ စကားကြောင့် သေတာပါ။

ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။
--
Ref: telegraph
ရိုးရာလေး နိုင်ငံတကာ

--
www.yoyarlay.com/international-news/asia/35248-tharpar-and-dead-history

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > YoYarLay<<Thank

ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့
သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါ
တယ်။

လက်ပံတောင်းတောင် ပဋိပက္ခအပေါ် ၈၈မျိုးဆက်တို့၏ သဘောထား ကြေညာချက်ထုတ်ပြန်

လက်ပံတောင်းတောင်ဒေသအတွင်း ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ အစိုးရမှ အစီရင်ခံစာအပေါ် ပြန်လည်သုံးသပ်ပြီးဆုံးဖြတ်ချက်ချမှတ်ချိန်အထိ၊ နှစ်ဖက်ပဋိပက္ခများ၊ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ်စေရန် ရှောင်ရှားကြရန်လိုပါသည်။ပြည်သူတို့၏မည်သည့်ငြိမ်းချမ်းစွာလှုပ်ရှားမှုမျိုးကိုမဆို အကြမ်းဖက်နှိမ်နင်းခြင်းမှန်သမျှ လုံးဝလက်မခံပါ။

အငြင်းပွားရာမှ ရခိုင်ဝန်ကြီးချုပ်၏ ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးပျက်

အငြင်းပွားရာမှ ရခိုင်ဝန်ကြီးချုပ်၏ ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးပျက်


ဧပြီလ ၂၄ ရက်နေ့ နေ့လည် (၁) နာရီက ရခိုင်ပြည်နယ် အစိုးရ ရုံးခန်းတွင် ပြုလုပ်ခဲ့သော မွတ်ဆလင် ဒုက္ခသည်မျာအား အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးမှာ အငြင်းပွားမူများကြောင့် အစည်းအဝေး ပျက်ကာ ရပ်နားလိုက်ရသည်ဟု ဆိုသည်။

အစည်းအဝေးကို တက်ရောက်ခဲ့သူ တစ်ဦးက အိမ်ယာဆောက် လုပ်ရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၏  ရှေ့နောက် စကားမညီရာမှ  ကန်ထရိုက် ရထားသူများနှင့် အငြင်းပွားသဖြင့် အစည်းအဝေးကို ရပ်နားလိုက်ရသည်ဟု ဆိုသည်။

“ ၀န်ကြီးချုပ် အရင်ပြောထားတာက ၈ ခန်းတွဲ အဆောင်တွေ ဆောက်ပေးဖို့ ပြောထားပါတယ်။ မနေ့က အစည်းအဝေးမှာတော့ လုံချင်း အိမ်ယာတွေ ဆောက်ပေးရမယ်လို့ ပြောတယ်။ အဲသလို ပြောဆိုရာမှာ စကားများကြပြီး အစည်းအဝေးကို ရပ်နားလိုက်ရတာပါ” ဟု ဆိုသည်။

ယခုကဲ့သို့ ရပ်နားလိုက်ရသဖြင့် လာမည့် (၂) ရက် အတွင်း အစည်းအဝေးအား ပြန်လည် ပြုလုပ်မည်ဟု ဆိုသည်။

“ အခု ဖြစ်တဲ့ ပြဿနာက ကျွန်တော်တို့က အဆောင် တန်းလျားတွေ မဟုတ်ရင် မဆောက်နိုင်ဘူး။ လုံချင်း အိမ်ယာတွေ ဆောက်မှာကို ရခိုင်တွေဘက်က ဆန့်ကျင်နေတယ်။ သူတို့က နိုင်ငံသား ဟုတ်မဟုတ်ကို မစိစစ်ဘဲ လုံချင်းအိမ်ယာတွေ မဆောက်ပေးနဲ့လို့ တောင်းဆိုထားတယ်။ ဒါကို သွားဆောက်ပေးရင် ကျွန်တော်တို့ ဆောက်တဲ့ လူတွေအတွက်ပါ ပြဿနာ တက်နိုင်တယ်။ ဒါကြောင့်ကျွန်တော်တို့က လုံးချင်းအိမ်ယာတွေဆိုရင်တော့ ကန်ထရိုက် ယူနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုရာကနေ စကားများပြီး အစည်းအဝေးကို ရပ်နားလိုက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မွတ်ဆလင် ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေးကို ဆောက်လုပ်ရေး ကုမ္ပဏီ ၃၉ ခုမှ ကန်ထရိုက်ရထားပြီး အစည်းအဝေးသို့ လုပ်ငန်းရှင်များအားလုံး တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ ကန်ထရိုက် ရထားသူများ အနေဖြင့် မိသားစု (၈) စု နေထိုင်မည့် အိမ်ခန်းတွဲ (၈) ခုပါ အဆောင်တစ်ခုကို ကျပ်ငွေ ၃၆ သိန်းစီဖြင့် ဆောက်လုပ်ရန် ကန်ထရိုက် ရထားသည်ဟု ဆိုသည်။

ယမန်နေ့က အစည်းအဝေးတွင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်မှ အိမ်ခန်းတွဲများ အစား  ၁၂ ပေပတ်လည် လုံးချင်းအိမ်ယာများ တစ်လုံးကို (၅) သိန်းကျစီဖြင့် ဆောက်လုပ်ရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ လုံးချင်းအိမ်များကို ဆောက်နိုင် မဆောက်နိုင်ကို (၂) ရက်အတွင်း အကြောင်းပြန်ရန်လည်း ကန်ထရိုက်ရထားသော ကုမ္ပဏီများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်နယ် အစိုးရမှ ပြတ်ပြတ်သားသားမဟုတ်ဘဲ ရှေ့တမျိုးနောက်တမျိုး ပြောဆိုနေသဖြင့် ပြဿနာမှာ ပိုမို ကြီးထွားလာနိုင်သည်ဟု အမည်မဖေါ်လိုသူ စစ်တွေမှ  နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

“ အခု ရခိုင်တွေဘက်ကလည်း နိုင်ငံသား ဟုတ်မဟုတ်ကို မစိစစ်ခင်မှာ တန်းလျားတွေ ဆောက်ပြီးထားမှာကို သဘောတူထားတယ်။ ဒါကြောင့် ပြဿနာက လောလာဆယ်မှာ ပြေလည်နေပြီ။ ဒါကို ပြန်ပြီး လုံးချင်း အိမ်ယာတွေ ဆောက်ခိုင်းရင် ပြဿနာက ပြန်တက်နိုင်တယ်။ ဆန္ဒပြမူတွေ ပြန်ပေါ်လာပြီး အခြေအနေ ရှုတ်ထွေး လာနိုင်တယ်။ အစိုးရ အနေနဲ့ ပြတ်ပြတ်သားသား ပြောတဲ့ အတိုင်း လုပ်ဖို့လိုပါတယ်” ဟု ဆိုသည်။

လုံးချင်းအိမ်ယာများ ဆောက်လုပ်ပေးရန် ညွှန်ကြားမူနှင့် ပတ်သက်ပြီး ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်အား စစ်တွေတွင် ဝေဖန်မူများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေပြီး စွပ်စွဲတိုက်ခိုက်မူများလည်း ပေါ်ပေါက်နေသည်ဟု သိရသည်။

“ ဒီညွှန်ကြားချက်က နေပြည်တော်က လာတာ ဖြစ်မယ်။ ဒါကြောင့် ဦးလှမောင်တင် တစ်ဦးတည်းကို အပြစ် ပုံချလို့ကတော့ ရနိုင်မယ် မထင်ဘူး။ အထက်က ညွှန်ကြားချက်မရှိဘဲ ဒီလောက် အရေးကြီးတဲ့ လုပ်ငန်းကို ဦးလှမောင်တင် တစ်ဦးတည်း သဘောနဲ့ လုပ်မယ်လို့ ကျွန်တော်က မယူဆဘူး” ဟု နိုင်ငံရေး သမားက ဆိုသည်။

ယခုအခါ မိုးရာသီလည်း နီးလာပြီ ဖြစ်ပြီး နိုင်ငံတကာမှလည်း မြန်မာ အစိုးရ အပေါ် ဖိအားများ တိုးပွား လာနေပြီး တချိန်တည်းတွင် ရခိုင်လူထုဘက်မှလည်း လုံချင်း အိမ်ယာဆောက်လုပ်ပေးမူ အပေါ် ဆန့်ကျင်ကန့်ကွက်မူများ ရှိနေသဖြင့်  မြန်မာ အစိုးရ အနေဖြင့် မည်သို့ ဆောက်ရွက်ရမည်ကို မဆုံးဖြတ်နိုင်ဘဲ အကျပ်ရိုက်လျှက် ရှိနေကြောင် သတင်း ရရှိသည်။

နိုင်ငံသား မစိစစ်ဘဲ အိမ်ယာဆောက်လုပ်ပေးရေး ကန့်ကွက်နေသော စစ်တွေမှ ရခိုင်လူထု (ဓါတ်ပုံ- Coral Arakan)

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From >Narinjara   <<Thank
နိုင်ငံသား မစိစစ်ဘဲ အိမ်ယာဆောက်လုပ်ပေးရေး ကန့်ကွက်နေသော စစ်တွေမှ ရခိုင်လူထု (ဓါတ်ပုံ- Coral Arakan)
ဧပြီလ ၂၄ ရက်နေ့ နေ့လည် (၁) နာရီက ရခိုင်ပြည်နယ် အစိုးရ ရုံးခန်းတွင် ပြုလုပ်ခဲ့သော မွတ်ဆလင် ဒုက္ခသည်မျာအား အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးမှာ အငြင်းပွားမူများကြောင့် အစည်းအဝေး ပျက်ကာ ရပ်နားလိုက်ရသည်ဟု ဆိုသည်။

၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး Isabella Barrett

၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး 

Isabella Barrett လို့အမည်ရတဲ့ ၆ နှစ်အရွယ်ကလေးမငယ်လေးဟာ အမေရိကန်မှာ သန်းကြွယ်ချမ်းသာတဲ့မော်ဒယ်မလေး ဖြစ်ပါတယ်။ 

မော်ဒယ်အလုပ်တစ်ခုတည်းနဲ့ ချမ်းသာတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့  ကိုယ်ပိုင် စိတ်ကူး ဒီဇိုင်းနဲ့ ဖန်တီးတဲ့ လက်ကောက်နဲ့ လက်ဝတ်ရတနာ များရှိပြီး အသက် ၃၉ နှစ်အရွယ် အမေဖြစ်သူနဲ့ အတူ ကုမ္မဏီ တည်ထောင် ထုတ်လုပ်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁ သန်း ထက်မက အမြတ်ရရှိခဲ့ပါတယ်။ 

 နောက်ထပ်လည်း ပစ္စည်းများ ထုတ်လုပ်နေပြီး ဆက်လက်ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။ မိမိကုန်ပစ္စည်းရဲ့  တစ်ပင်တိုင် မော်ဒယ် ဖြစ်တဲ့အပြင် အခြားသော ဖက်ရှင်စစ္စည်းနဲ့ အဝတ်အထည်များအတွက်လည်း မော်ဒယ်အဖြစ် သရုပ်ဆောင်နေပါတယ်။ မော်ဒယ်ပြိုင်ပွဲများမှာလည်း ဆုတံဆိပ်များ ရရှိပြီး အသက်ငယ်ငယ်နဲ့ အောင်မြင်နေပါတယ်။ 

ဒါကြောင့် တီဗီရှိုးတွေထဲမှာလည်း ပါဝင်လာတဲ့ ကလေးမလေး Isabella ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ်တိုင်ငွေရှာတဲ့ မီလျံနာ တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: yahoo
International news for myanmar

http://www.innewsmyanmar.com/2013/04/blog-post_5512.html

--

Isabella Barrett လို့အမည်ရတဲ့ ၆ နှစ်အရွယ်ကလေးမငယ်လေးဟာ အမေရိကန်မှာ သန်းကြွယ်ချမ်းသာတဲ့
မော်ဒယ်မလေး ဖြစ်ပါတယ်။

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် ဝယ်ချင်တိုင်းမရ

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် ဝယ်ချင်တိုင်းမရ

မြန်မာနိုင်ငံက နေရာဒေသတော်တော်များများမှာ တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800Mhz မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို မနေ့က မနက်ပိုင်းကစတင်ပြီး ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူတဲ့ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။

အစိုးရကချမှတ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မဲစနစ်နဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေ တစ်အိမ်တစ်ယောက်နှုန်း လျှောက်ထားခွင့်အတိုင်း မပြုလုပ်ပဲ မနေ့ကရောင်းချတဲ့အခါမှာ အဲ့ဒီစနစ်အတိုင်း အာဏာပိုင်တွေဘက်က မပြုလုပ်ခဲ့ဘူးလို့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။

"ကြေညာထားတဲ့ စည်းကမ်းအတိုင်း မဟုတ်ပဲနဲ့ ဘယ်နှစ်ယောက်လျှောက်လျှောက် ကိုယ်တိုင်နှိုက်စရာမလိုဘူး၊ ကိုယ်စားနှိုက်ရမယ်ဆိုတဲ့အတွက် တစ်ဦးတည်းလျှောက်မိတဲ့ ကျွန်မတို့အတွက် အခွင့်အရေး လျော့နည်းသွားပါတယ်။"

အလားတူ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာလည်း ပြည်သူတွေကို အစိုးရချမှတ်ထားတဲ့ မဲစနစ်နဲ့ ရောင်းချပေးတာမျိုးမရှိပဲ ဦးရာလူစနစ်နဲ့သာ ရောင်းချပေးခဲ့တယ်လို့ မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

"ပုသိမ်ကြီးမှာတော့ မဲနှိုက်ခွင့်မရဘူး၊ အရင်ရောက်တဲ့သူကို ရောင်းပေးတယ်။နေ့ခင်းမှာ အလုပ်သွားကြတာဆိုတော့ လျှောက်တဲ့သူမရှိဘူး ခင်ဗျ၊ SB၊စရဖတို့က သူတို့နဲ့ ရင်းနှီးသူတွေကို ဖုန်းကဒ်တွေ ပေးတယ်"

တချို့မြို့နယ်တွေမှာကတော့ တန်ဖိုးနည်း ၁၅၀၀ မိုဘိုင်းဖုန်းဆင်းကဒ်ကို တစ်အိမ်တစ်ယောက်နှုန်း မဲစနစ်အတိုင်း ရောင်းချပေးခဲ့ပြီး နောက်နေ့တွေလည်း ဒေသအနှံ့မှာ ဆက်လက်ရောင်းချသွားဖို့ ရှိပါသေးတယ်လို့ သိရပါတယ်

RFA Burmese

မြန်မာနိုင်ငံက နေရာဒေသတော်တော်များများမှာ တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800Mhz မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို မနေ့က မနက်ပိုင်းကစတင်ပြီး ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူတဲ့ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။

မိတ္ထီလာမြို့ရှိ အကြမ်းဖက်ခံရသည့် ဒုက္ခသည်အချို့ နေအိမ်ပြန်ခွင့်ရ

မိတ္ထီလာမြို့တွင်မတ်လအတွင်းကအကြမ်းဖက်မီးရှို့ခံခဲ့ရသည့် ဒုက္ခသည်များအနက် ပြည်သာယာ(မြောက်)
ရပ်ကွက်မှ ဒုက္ခသည်များအား နေအိမ်များသို ပြန်ခွင့်ရရှိသည့် အတွက် ယနေ့ ၁၁း၃၀ နာရီခန့်တွင် အိမ်များ
သို့ ပြန်ရောက်ပြီဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့နဲ့ နယ်မြို့တွေကို ဧပြီလ ၃၀ရက်နေ့ အထိနေ့ စဉ် ၁နာရီဆီအလှည့်ကျ မီးဖြတ်တောက်သွားမည်

ရန်ကုန်မြို့နဲ့ နယ်မြို့တွေကို ဧပြီလ ၃၀ရက်နေ့ အထိနေ့ စဉ် ၁နာရီဆီအလှည့်ကျ မီးဖြတ်တောက်သွားမယ်လို့ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ က တာဝန်ရှိသူတစ်ဦးက ဒီဘီဗွီဘီကို ဒီကနေ့ မှာ ပြောဆိုလိုက်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် Black List ရေးသွင်းခံရသူများအား Black List မှ ပယ်ဖျက်ပေး

နေပြည်တော် ဧပြီ ၂၅
အကြောင်းအမျိုးမျိုးကြောင့် Black List ရေးသွင်းခံရသောအောက်ဖော်ပြပါ လူပုဂ္ဂိုလ်များအား Black List မှ ပယ်ဖျက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်-

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့ ပလာဇာ ပြိုကျ သေဆုံးသူ ၂၀၀ ဦးထိတိုးမြင့်လာ

ဒက္ကား ပလာဇာ ပြိုကျမူ သေဆုံးသူ ၂၀၀ ဦးတိုးလာ
Thursday ,April25 ,2013

ဘင်္ဂလာဒေခ်ျ့  နိုင်ငံ ဒက္ကားမြို့ ပလာဇာ ပြိုကျရာမှာ သေဆုံးသူ အရေအတွက်ဟာ တဖြည်းဖြည်း တိုးလာနေရာမှာ  ဒီနေ့ ညနေ ၄  နာရီ အချိန်မှာတော့  သေဆုံးသူ အရေအတွက်ဟာ ၂၀၀  ဦး ရှိသွားပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာက စာရင်း ထုတ်ပြန်ပါတယ်။

သေဆုံးသူ ၂၀၀  ထဲက ၁၄၈ ဦးကိုတော့ မိသားစုတွေကို သဂြိုလ်ရန် လွှဲပေးလိုက်ပြီး ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်ညဉ့်လုံး အပြိုအပျက်တွေကြားထဲမှာ ပိတ်မိနေတဲ့သူတွေကို လိုက်လံ ရှာဖွေနေရာမှာ ၃၅ ဦးကို နောက်ထပ် အသက်ရှင်ပြီး တွေ့ရတယ်လို့ ပြောပါတယ်။ နောက်ထပ်လည်း အသက်မသေဘဲ ကျန်နေနိုင်သူ အများအပြား ရှိနိုင်တယ်လို့ ပြောပါတယ်

ကယ်ဆယ်ရေး ခေတ်မှီကရိယာတွေ အလုံအလောက် မရှိတဲ့ အတွက် ပြိုကျနေတဲ့ အပျက်အစီးတွေကို လူအားကို အသုံးပြုပြီး ဖယ်ရှားနေရတဲ့ အတွက် ကြန့်ကြာမူတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့နေ့ ( ဧပြီလ ၂၄ ရက်နေ့) နံနက် ၈ နာရီ ၃၀ မိနစ်က ပြိုကျသွားခဲ့တဲ့အတွက် ပိတ်မိနေတဲ့ လူတွေကို စစ်တပ်၊ ရဲ၊ မီးသတ် နဲ့ ပြည်သူတွေက ကယ်တင်နေကြပြီး  အခုအချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြုလုပ်နေရတုန်း ဖြစ်ပါတယ်။

လူပေါင်း ၁၀၀၀ ကျော်ကိုတော့ တိုက်အပြိုအပျက်ကြားထဲက ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့လူနာတွေ အတွက် သွေးတွေ မလုံမလောက် ဖြစ်နေတဲ့ အတွက် သွေးလာလှူကြဖို့ကို အစိုးရကနေ ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။

အခု ပြိုကျသွားတဲ့ ရာနာ (Rana) ပလာဇာဟာ ဒက္ကားမြို့အပြင်ဘက် ဆာဗာ ( Savar) ရပ်ကွက်မှာ တည်ရှိပြီး အထပ် (၈) ဆင့် ရှိပါတယ်။ အစိုးရ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ ပြိုကျသွားတဲ့ အဆောက်အဦးဟာ (၅) ထပ်သာ ဆောက်နိုင်တဲ့ ဖေါင်ဒေရှန်း (အောက်ခံ) ရှိပြီး ရှစ်ထပ်ထိ တိုးမြှင့် ဆောက်ရာကနေ ခုလို ခိုင်ခန့်မူ မရှိဘဲ ပြိုကျသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒက္ကားရဲအဖွဲ့ကတော့ ပလာဇာပိုင်ရှင်နဲ့ အတည်ချုပ် စက်ရုံပိုင်ရှင် (၃) ဦးကို တရားစွဲဆိုလိုက်ပါတယ်။

အဲဒီ အဆောက်အဦးဟာ မပြိုမှီ တစ်နေ့ကတည်းက အထပ်တော်တော်များက အက်သံတွေ ကြားရတဲ့ အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲအရာရှိတွေက လာရောက် စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆောက်အဦးဟာ ပြိုကျကောင်း ပြိုကျနိုင်တဲ့ အတွက် ပလာဇာကို ပိတ်ထားဖို့ ဆောက်လုပ်ရေး အင်ဂျင်နီယာတွေက ပိုင်ရှင်ကို ပြောဆိုခဲ့တာတွေ ရှိတယ်လို့ ပြောဆိုမူတွေ ထွက်ပေါ်နေပါတယ်။

ပလာဇာပိုင်ရှင်နဲ့ အထည်ချုပ် (Garment) ပိုင်ရှင်တွေက “ အင်ဂျင်နီယာတွေ စစ်ဆေးပီးသွားပြီ၊ ဘာမှ မဖြစ်တော့ဘူး” ဆိုပြီး အလုပ်သမားတွေကို ခေါ်ယူ အလုပ်စေခိုင်းရာကနေ ခုလို ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုး ဖြစ်ရတာ ဖြစ်တယ်လို့ အသက်မသေဘဲ လွှတ်မြောက်လာသူတွေက ပိုင်ရှင်တွေကို စွပ်စွဲ ပြောဆိုပါတယ်။

သေဆုံးသွားသူတွေရဲ့ မိသားစုတွေဟာ ဟစ်ကြွေး ငိုယိုနေကြပြီ တနိုင်ငံလုံး ပြည်သူတွေဟာ ဒီအဖြစ်ဆိုး အပေါ်မှာ အထူး ယူကြုံးမရ ဖြစ်ကာ  ပူဆွေးနေကြပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အစိုးရကတော့ ဒီနေ့ကို နိုင်ငံတော် ၀မ်းနည်း ပူဆွေးမူနေ့ အဖြစ် သတ်မှတ်ပြီး သေဆုံးသွားသူတွေ အတွက် ဆုတောင်း မေတ္တာပို့သမူတွေ ပြုလုပ်နေကြပါတယ်။

narinjara

Thursday ,April25 ,2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့ ပလာဇာ ပြိုကျရာမှာ သေဆုံးသူ အရေအတွက်ဟာ တဖြည်းဖြည်း တိုးလာနေရာမှာ ဒီနေ့ ညနေ ၄ နာရီ အချိန်မှာတော့ သေဆုံးသူ အရေအတွက်ဟာ ၂၀၀ ဦး ရှိသွားပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာက စာရင်း ထုတ်ပြန်ပါတယ်။

စွမ်းဆောင်ရည်မြင့် Tartarini ထုတ်လုပ်ဖြန့်ချိမည်

စွမ်းဆောင်ရည်မြင့် Tartarini ထုတ်လုပ်ဖြန့်ချိမည်
Thursday, 25 April 2013

ကားတစ်စီးလိုပဲ အမြန်ပြေးမယ့် ပြိုင်ဆိုင်ကယ် အမျိုးအစား ဖြစ် ပါတယ်။ အီတလီ ဆိုင်ကယ် ဒီဇိုင်နာ Alessandro Tartarini ဖန်တီး လိုက်တဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ သူကတော့ အီတလီ ဆိုင်ကယ်ကုမ္မဏီ Italjet ပိုင်ရှင်ရဲ့  သားဖြစ်ပြီး သီးသန့် ဆိုင်ကယ် ကုမ္မဏီထောင်ဖို့ ကြိုးစားနေ သူ ဖြစ်ပါတယ်။

ယခု ထုတ်လုပ်မယ့် ဆိုင်ကယ်ကို Brutus လို့အမည်ပေးထားပါတယ်။ အမေရိကန်က ထုတ်လုပ်တဲ့ လျှပ်စစ် ဆိုင်ကယ် Brutus နဲ့ အမည်တူနေပေ မယ့် အမျိုးအစားကတော့ မတူပါဘူး။ အင်ဂျင်ပါဝါ ၇၅၀ စီစီ၊ မြင်းကောင်ရေ ၄၅ အား ထုတ်နိုင်ပြီး ဆလင်ဒါ တစ်လုံးနဲ့ အလုပ်လုပ် မယ့် ဆိုင်ကယ် ဖြစ် ပါတယ်။ ၁၄ လက်မ အလူမီနီယမ်အလွိုင်း ဘီး တပ်ဆင်ပြီး ကိုယ်ထည်ကို လည်း အကြမ်းခံ စတီးအချော တစ်မျိုးနဲ့ ပြု လုပ်ထားတာ ဖြစ်ပါတယ်။ ဒီတော့ ကာဘွန်ဖိုက်ဘာတွေလို မပေါ့ပေ မယ့် ၀ိတ်များများနဲ့ လှပနေတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ နောက်ဘီးမောင်း အမျိုး အစား ဖြစ်ပါတယ်။

၂၀၁၃ နှစ်လယ်အတွင်း စတင်ဖြန့်ချိမှာ ဖြစ်ပြီး ဈေးနှုန်းကိုတော့ မကြေညာ ရသေးကြောင်း သိရပါတယ်။
--
Ref: autoblog
TechSpace Journal

Thursday, 25 April 2013

ကားတစ်စီးလိုပဲ အမြန်ပြေးမယ့် ပြိုင်ဆိုင်ကယ် အမျိုးအစား ဖြစ် ပါတယ်။ အီတလီ ဆိုင်ကယ် ဒီဇိုင်နာ Alessandro Tartarini ဖန်တီး လိုက်တဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ သူကတော့ အီတလီ ဆိုင်ကယ်ကုမ္မဏီ Italjet ပိုင်ရှင်ရဲ့  သားဖြစ်ပြီး သီးသန့် ဆိုင်ကယ် ကုမ္မဏီထောင်ဖို့ ကြိုးစားနေ သူ ဖြစ်ပါတယ်။

အမျိုးသမီးများ ရင်သားအတွင်းဆီလီကွန်ထည့်ခြင်းနှင့်ပတ်သတ်သည့် သိမှတ်ဖွယ်ရာများ

ရင်သားအတွင်းဆီလီကွန်ထည့်ခြင်းနှင့်ပတ်သတ်သော အမေးအဖြေများ 
Thursday ,April25 ,2013

( လူသားတဦး၏ ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း .....( ကျန်းမာရေး အသိ ) Mg Mandalay တင်ထားပါသည် ဖတ်ပေးပါ အခုအကြောင်းရာက အရေပြားဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ဖြေကြားချက်သာ ဖြစ်ပါသည် )

မေးခွန်း ၁ - ရင်သားထဲမှာ ဆီလီကွန် ထည့်တာက နှစ်နှစ်တစ်ကြိမ်လောက်ထုတ်ပြီးလဲရတယ်လို့ကြားရတယ် ။ ဟုတ်ပါ သလား ။

အဖြေ - ရင်သားကို ဆီလီကွန်ထည့်တာက အရွယ်အစားအမျိုးမျိုးရှိပါတယ် ။ ခွဲစိတ်ထည့်ပေးမယ် ။ ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ထည့်ကြတာပါ ။ ထည့်တာမှန်မယ် ၊ ခွဲစိတ်တာလည်းကောင်းမယ် ၊ ပုံစံလည်းကျ တယ်ဆိုရင် ပြန်ထုတ်ပြီးလဲစရာမလိုဘူး ။ တစ်သက်လုံးလဲစရာမလိုပါဘူး ။ နှစ်နှစ်တစ်ခါ လဲရတယ်ဆိုတာလည်း မဟုတ်ပါဘူး ။

မေးခွန်း ၂ - နှာခေါင်း ၊ နှုတ်ခမ်းတို့မှာ ထည့်သူတွေရော ထုတ်လဲဖို့ လိုပါသလား ။ တစ်ချို့ကလည်း တစ်သက် လုံး ထုတ်လဲစရာမလိုဘူးပြောပါတယ် ။ တိတိကျကျမသိကြပါဘူး ။ နှာခေါင်းမှာ ဆီလီကွန်ထည့်ထားရင် မထိ ခိုက် မိအောင် ဂရုစိုက်ရတယ်လို့လည်း ပြောကြပါတယ် ။ Accident တစ်ခုခုဖြစ်သွားခဲ့ရင် ဘာတွေ ဖြစ်နိုင် ပါသလဲ ။

အဖြေ - နှာခေါင်း ၊ နှုတ်ခမ်းတွေမှာ ထည့်တာကျတော့ ဆီလီကွန်မဟုတ်ပါဘူး ။ နှုတ်ခမ်းဆိုရင် Fat လို့ခေါ်တဲ့ အဆီ ကို ထိုးထည့်တာပါ ။ အဲဒီ Fat က ကိုယ့်ရဲ့အဆီပဲ ။ ဘယ်ကယူသလဲဆိုရင် အများသောအားဖြင့် တင်ပါး ကနေ ယူတာပါ ။ အဲဒါကိုစုပ်ယူပြီးသန့်စင်ရတယ် ။ အဲဒီသန့်စင်ထားတဲ့ အဆီကိုမှ လိုအပ်သ လို နှုတ်ခမ်းမှာ ပြန်ထိုးထည့်ပေးတာပါ ။ နှာခေါင်းမှာ ထည့်တာကလည်း ဆီလီကွန် အပျော့မဟုတ်ဘူး ။အမာထည့်ရတာ ။ သူ့အတွက် သပ်သပ်စီစဉ်ထားတဲ့ ပစ္စည်းရှိတယ် ။ အမာပြားလေးပေါ့ ။ ဒီတော့ ရင်သားရယ် ၊ နှုတ်ခမ်းရယ် ၊ နှာခေါင်း ရယ်မှာ ထည့်တဲ့ပစ္စည်းချင်းမတူဘူး ။ ထည့်ထားတာမှန်ရင် ခွဲစိတ်ပြုပြင် ထားတာက လည်း ကောင်း ရင်ပြန် လုပ်စ ရာမလိုဘူး ။ နှာခေါင်းမှာထည့်တာကျတော့ အမာပြားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်မိ တာမျိုးကိုတော့ ဂရုစိုက်ဖို့လိုတယ် ။ မတော်တဆ ထိခိုက်မှုမဆိုရာမှာ အခန့်မသင့်လို့ ပိုးဝင်တာ မျိုး တော့ ဖြစ် တတ်တယ် ။ နောက်ပြီးခွဲစိတ်ပြုထားတာပုံမကျရင် ပြန်ပြုပြင်ရတာမျိုးရှိပါတယ် ။ ခွဲတာမကောင်း လို့ အမာ ရွတ်ကျန်တာတို့ ၊ ပြန်ထုတ် ၊ ပြန်ပြင်လို့ ရရင် ပိုးဝင်တာမျိုးတွေတော့ဖြစ်တတ်ပါတယ် ။ ပုံပျက်တာ ၊ ကိုယ်လို ချင်တဲ့ပုံစံ မရတာမျိုးလောက်ပဲရှိပါတယ် ။ ထူးခြားတဲ့အန္တရာယ်တော့မရှိပါဘူး ။

Mg Mandalay

Thursday ,April25 ,2013

( လူသားတဦး၏ ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း .....( ကျန်းမာရေး အသိ ) Mg Mandalay တင်ထားပါ
သည် ဖတ်ပေးပါ အခုအကြောင်းရာက အရေပြားဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ဖြေ
ကြားချက်သာ ဖြစ်ပါသည် )

ဒီဇိုင်းအသစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူ အောက်တိုဘာ ၈ ရက်နေ့တွင် ထုတ်ဝေမည်

ဒီဇိုင်းအသစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူ အောက်တိုဘာ ၈ ရက်နေ့တွင် ထုတ်ဝေမည်
Thursday, 25 April 2013

ပုံစံဒီဇိုင်း ပြုပြင်ပြောင်းလဲထားပြီး လုံခြုံရေးစနစ်အား အဆင့်မြှင့်တင်ထားပြီး အတုပြုလုပ်ရန် လွန်စွာခက်ခဲမည့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအား လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ထုတ်ဝေ သွားမည်ဟု အမေရိကန် ဗဟိုဘဏ်က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အတုပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် အသစ်ပါဝင်လာမည့် လုံခြုံရေးစနစ်တွင်
ငွေစက္ကူအတွင်း ရေစာအဖြစ် ထည့်သွင်းထားမည့် အပြာရော သုံးဖက်မြင် အဝတ်စနှင့် အရောင်ပြောင်းလဲနိုင်သည့် လွတ်လပ်ရေး ခေါင်းလောင်း၏ ပုံတို့ ပါဝင်လာမည်ဟု သိရှိရသည်။

ဤငွေစက္ကူပေါ်တွင် အမေရိကန်နိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု၏
ခေါင်းဆောင် တစ်ဦးဖြစ်သူ Benjamin Franklin ၏ ရုပ်ပုံမှာမူ ဆက်လက်
ပါရှိမည် ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ဒီဇိုင်းအသစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအား ၂၀၁၀ ခုနှစ် ဧပရယ်လအတွင်းက ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး ၂၀၁၁ ဖေဖော်ဝါရီလတွင် စတင်ဖြန့်ဖြူးရန် ရည်ရွယ်ခဲ့သော်လည်း အသုံးပြုသည့် စက္ကူ၏ အရည်အသွေး မပြည့်မှီခြင်းနှင့် ပုံနှိပ်စက်ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ယခုမှသာ ထုတ်ဝေနိုင်ခြင်း ဖြစ်
သည်။

Myanmar Consumer Guide
Photo: ဒီဇိုင်းအသစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူ အောက်တိုဘာ ၈ ရက်နေ့တွင် ထုတ်ဝေမည် Thursday, 25 April 2013 ပုံစံဒီဇိုင်း ပြုပြင်ပြောင်းလဲထားပြီး လုံခြုံရေးစနစ်အား အဆင့်မြှင့်တင်ထားပြီး အတုပြုလုပ်ရန် လွန်စွာခက်ခဲမည့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအား လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ထုတ်ဝေ သွားမည်ဟု အမေရိကန် ဗဟိုဘဏ်က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အတုပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် အသစ်ပါဝင်လာမည့် လုံခြုံရေးစနစ်တွင် ငွေစက္ကူအတွင်း ရေစာအဖြစ် ထည့်သွင်းထားမည့် အပြာရော သုံးဖက်မြင် အဝတ်စနှင့် အရောင်ပြောင်းလဲနိုင်သည့် လွတ်လပ်ရေး ခေါင်းလောင်း၏ ပုံတို့ ပါဝင်လာမည်ဟု သိရှိရသည်။ ဤငွေစက္ကူပေါ်တွင် အမေရိကန်နိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ Benjamin Franklin ၏ ရုပ်ပုံမှာမူ ဆက်လက် ပါရှိမည် ဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ဒီဇိုင်းအသစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအား ၂၀၁၀ ခုနှစ် ဧပရယ်လအတွင်းက ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး ၂၀၁၁ ဖေဖော်ဝါရီလတွင် စတင်ဖြန့်ဖြူးရန် ရည်ရွယ်ခဲ့သော်လည်း အသုံးပြုသည့် စက္ကူ၏ အရည်အသွေး မပြည့်မှီခြင်းနှင့် ပုံနှိပ်စက်ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ယခုမှသာ ထုတ်ဝေနိုင်ခြင်း ဖြစ် သည်။ 


Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > Myanmar Consumer Guide <<Thank

Thursday, 25 April 2013

ပုံစံဒီဇိုင်း ပြုပြင်ပြောင်းလဲထားပြီး လုံခြုံရေးစနစ်အား အဆင့်မြှင့်တင်ထားပြီး အတုပြုလုပ်ရန် လွန်စွာခက်ခဲမည့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအား လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ထုတ်ဝေ သွားမည်ဟု အမေရိကန် ဗဟိုဘဏ်က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာတွင် (၈)ထပ်တိုက်ပြိုကျမှု သေဆုံးသူ ၁၄၉ဦးအထိရှိသွားပြီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာတွင် (၈)ထပ်တိုက်ပြိုကျရာ လူပေါင်း (၁၄၉)ဦးသေဆုံးသူဦးရေ ထပ်မံတိုးလာ

ဧပြီလ ၂၄ရက်၊ ၂၀၁၃ခုနှစ်၊ နံနက်ပိုင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာတွင် (၈)ထပ်တိုက်ပြိုကျ ရာ  သေဆုံးသူဦးရေ အနည်းဆုံး (၁၄၉)ဦး ထိရှိသွားပြီဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များမှ ဧပြီလ (၂၄)ညပိုင်းအထိ အပျက်အဆီးများကြား ရှာဖွေကယ်ထုတ်နေပြီး ပိတ်မိနေသူများရှိဆဲဖြစ်ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များဟာ ကွန်ကရစ်သားများအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရန်အတွက် Drilling Machine များဖြင့် ဖောက်ထုတ် လျှက်ရှိပါတယ်။

အဆောင်အဦရဲ Structure တည်ဆောင်ပုံမကောင်း လို့ ပြိုကျမှုဖြစ်ပေါ် ခဲ့သည်ဟု  ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာတွင် (၈)ထပ်တိုက်ပြိုကျ ရာ သေဆုံးသူဦးရေ အနည်းဆုံး (၁၄၉)ဦး ထိရှိသွားပြီဖြစ်ပါတယ်။

မန္တလေး-ရန်ကုန်ကားလမ်း (လမ်းဟောင်း)တွင် ဂျစ်ကားတစ်စီး သစ်ပင်ကိုဝင်တိုက်မိပြီး ယာဉ်မောင်းပွဲချင်းပြီးသေဆုံး

Photo

၂၄ရက် ညနေ ၆ နာရီခန့်တွင်မန္တလေး-ရန်ကုန်ကားလမ်း (လမ်းဟောင်း)ကျောက်ဆည်မြို့ တောင်ဘက် ဟန်မြင့်မိုလ် အနီး မြို့သာရွာမှာ တောင်မှမြောက်သို့မောင်းနှင်လာသော ယဉ်အမှတ် ၈ဂ၊၆၅၅၃ ဂျစ်ကား တစ်စီး အရှိန်မထိန်းနိုင်သောကြောင့် လမ်းဘေးရှိ သစ်ပင်ကို ၀င်တိုက်မိရာ

Study at University of West of England Bristol ဟောပြောပွဲ ကျင်းပမည်

University of West of England Bristol မှ ပံ့ပိုး၍ ဗြိတိသျှကောင်စီ မြန်မာမှ စီစဉ်တင်ဆက်သော UWE Bristol ၏ ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

နေ့ရက် - ၈ ရက် မေလ ၂၀၁၃ (ဗုဒ္ဓဟူးနေ့)
အချိန် - နံနက် ၉:၀၀ မှ နေ့လည် ၁၂:၀၀ နာရီ

CDMA 450 MHz စနစ်အတွက် မှတ်ဉာဏ်ကတ် ထည့်သွင်း အသုံးပြုနိုင်သော အထိုင်ဖုန်း အသစ် ဝင်ရောက်

CDMA 450 MHz စနစ်အတွက် မှတ်ဉာဏ်ကတ် ထည့်သွင်း အသုံးပြုနိုင်သော အထိုင်ဖုန်း အသစ် ဝင်ရောက်
Thursday ,April25 ,2013

DMA 450 MHz စနစ် အသုံးပြုသူများအတွက် လိုင်းဆွဲအား ကောင်းမွန်ကာ မှတ်ဉာဏ်ကတ် Memory Card ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သော  အထိုင်ဖုန်း အမျိုးအစားသစ်တစ်ခု ဈေးကွက်အတွင်း ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါ အထိုင်ဖုန်းမှာ ET 301 အမျိုးအစားဖြစ်ပြီး ကိုရီးယားနိုင်ငံထုတ် အမျိုးအစားတစ်ခု ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းတွင် မှတ်ဉာဏ်ကတ် ထည့်သွင်း အသုံးပြုနိုင်ရန်အတွက် Micro SD Card Slot ပါဝင်မည်ဖြစ်ပြီး Memory 2 GB ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဖုန်းမှတ်ဉာဏ်စနစ် ပါဝင်လာသောကြောင့် မိမိမှတ်သားလိုသော Contact များကိုလည်း အဆိုပါ အထိုင်ဖုန်းအတွင်းတွင် မှတ်သားထားနိုင်မည် ဖြစ်သည့်အပြင် Memory Card ထည့်သွင်းနိုင်မည် ဖြစ်ခြင်းကြောင့် MP3 သီချင်းများကိုလည်း ထည့်သွင်း နားထောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းမှာ Music စနစ်နှင့် FM Radio စနစ်များ ပါဝင်မည် ဖြစ်ပြီး Music စနစ်တွင် MP3 စနစ်အား ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ လိုင်းဆွဲအား ကောင်းမွန်သော ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပြီး အသုံးပြုလိုသူများ အနေဖြင့် Try Call မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း ၀၉ ၄၂၀၀၄၉၁၄၄ တွင် ဆက်သွယ်စုံစမ်းဝယ်ယူနိုင်မည် ဖြစ်သည်။

ရတနာပုံ

CDMA 450 MHz စနစ် အသုံးပြုသူများအတွက် လိုင်းဆွဲအား ကောင်းမွန်ကာ မှတ်ဉာဏ်ကတ် Memory Card ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သော အထိုင်ဖုန်း အမျိုးအစားသစ်တစ်ခု ဈေးကွက်အတွင်း ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါ အထိုင်ဖုန်းမှာ ET 301 အမျိုးအစားဖြစ်ပြီး ကိုရီးယားနိုင်ငံထုတ် အမျိုးအစားတစ်ခု ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင် ဆည်တည်းကျေးရွာ၌ လုံထိန်းနှင့် ရွာသားများပဋိပက္ခဖြစ်ပွားနေ

လက်ပံတောင်းတောင် နောက်ဆုံးအခြေအနေ
=======================

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းအမည်ခံ၍ တောင်ဖြို ၊ မြေယာသိမ်းပြုလုပ်နေသော စစ်ခရိုနီဦးပိုင်ကုမ္ပဏီ၏ မတရားမှုများကို တောင်သူလယ်သမားများ အနေဖြင့်ကန့်ကွက်လျှက်ရှိသည်၊၊

ကုမ္ပဏီအနေဖြင့် ၂၀၁၀ခုနှစ်မှစပြီး လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကို ပြည်သူလူထုနှင့် နိုင်ငံတော်အား လိမ်လည်လှည့်ဖျားကာ စနစ်တကျ ခိုးလုပ်ခဲ့ခြင်းဖြစ်ပါသည်၊၊ ယခုအချိန်ထိလဲ ဦးပိုင်နှင့် ဝမ်ဘောင်ကြေးနီစာချုပ်သစ်ကို ၁၃-၃-၂၀၁၃ရက်က ပြောခဲ့သည့်အတိုင်း (၁၄)ရက်အတွင်း စာချုပ်သစ်ပြန်ချုပ်ပေးမည် ဆိုသောဂတိစကားကို လိုက်နာခြင်းမရှိပါ၊ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် သစ်ပင်များစိုက်ပျိုးခြင်း ၊မြေဆီ လွှာထိန်းသိမ်းခြင်း စသောလုပ်ငန်းများကိုလဲ လုပ်ဆောင်ခြင်းမရှိပါ၊၊ EIA~HIA~SIA ခွင့်ပြုချက်များလဲ ရယူထားခြင်းမရှိပါ ၊မြေပိုသိမ်းဧက(၉၀၀)ကျော်ကိုလဲ လွှဲပြောင်းခြင်း
လုပ်ကိုင်စေခြင်းမရှိပါ ၊မြေယာလျှော်ကြေးငွေပေးသည် ဆိုရာတွင် ကာလဒေသပေါက် ဈေးအတိုင်းမပေးပဲ ကာလပေါက်ဈေး သိန်း၆၀တန်ကို ၁၀သိန်းနှူံးသာပေးနေသည်၊ ယနေ့အချိန်ထိ လက်ပန်းတောင်လယ်သမား၈၀ % မထုတ်ယူပါ၊ ထုတ်ပေးသည့် စာချုပ်ပေါ်တွင်သားစဉ်မြေးဆက် အပြီးအပိုင်လွဲပေးရသည့် လက်မှတ်ကို ထိုးပေးရသောကြောင့် လယ်သမားများအနေဖြင့် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ 

စုံစမ်းရေးကော်မရှင်မှ ၁၄-၃-၂၀၁၃ရက် ဆည်တည်းရွာတွင် မိမိမြေကိုရောင်းချင်ရင်လဲ ရောင်းခွင့်ရှိတယ်၊ မရောင်းချင်ရင်လဲ မရောင်းပဲနေနိုင်တယ်လို့စီမံကိန်းနှင့်ပတ်သတ်၍လယ်သမားများကို ပြောကြားခဲ့ရာ လယ်သမားများအနေဖြင့် မရောင်းပဲနေကြသည်၊၊ သမ္မတဦးသိန်းစိန်မှလဲ ၂၈-၉-၂၀၁၂ရက်နေ့တွင် စီမံကိန်းကြောင့်ရွေ့ပြောင်းရမည့်ကျေးရွာများ မရွေ့ပြောင်းချင်ရင်မရွေ့ပြောင်းပဲနေနိုင်သည်ဟု ပြောကြားခဲ့သော်လဲယနေ့အချိန်ထိ ထိုကျေးရွာများကို ပုဒ်မ(၁၄၄)ထုတ်ထားပါသည်၊ နှစ်ပေါင်းများစွာ ခွင့်ပြုချက်လုံးဝမရှိပဲ
ဦးပိုင်ကုမ္ပဏီမှ မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံကို ခိုးလုပ်နေတာကို မည်သူမှအရေးမယူပဲ ကုမ္ပဏီမှပင်ဒေသခံတွေကို ပြန်လည်တရားစွဲနေပါသည်၊ နည်းမျိုးစုံသုံးပြီးအာဏာရှိသူများနှင့် စစ်ခရိုနီကြီးများမှ လက်ပန်တောင်းတောင် ပြည်သူများကို ဖိနှိပ်အနိုင်ကျင့်နေပါသည် ။

ပြည်သူကိုပေးသော ဂတိစကားများသည် လူကြားကောင်းရုံ၊စော်ကားပုတ် ခတ်နိုင်ယုံသာဖြစ်နေပြီး မည်သည့်တာဝန်ယူမှုမှမရှိပါ၊ လုပ်ငန်းကော်မတီ(၁၅)ဦးပါအ
ဖွဲ့သည့် အာဏာပိုင်များ၊ ကုမ္ပဏီလူကြီးများသာပါဝင်ပြီး ဒေသခံပြည်သူတွေကို ပါဝင်
ခွင့်ပေးထားခြင်းမရှိပါ၊ လက်ပန်တောင်းပြည်သူများအနေဖြင့် ခွင့်ပြုချက်ယူဆန္ဒဖော် ထုတ်နေယုံဖြင့် မိမိတို့ဘဝကို အမြဲအထောက်အကူပြုနေမည်ဟု မယုံကြည်သောကြောင့် အသက်ရှင် ရပ်တည်ရေးအတွက် မိမိမြေကာကွယ်ကွယ်ရေးလုပ်ငန်းများကို
လက်တွေ့ကျကျ လုပ်ကိုင်နေရပါသည်၊ ဥပဒေမဲ့လုပ်နေသောစီမံကိန်း၊ ဘာတာဝန်ယူမှုမရှိသော ဂတိစကားတွေကို အားကိုးနေတော့မည်မဟုတ်ပေ၊ မိမိတို့ဘဝလုံခြုံရေးနှင့် အသက်ရှင်ရပ်တည်ရေးအတွက် မိမိတို့မြေယာများကို ရဲများလုံထိန်းများနှင့် မည်သို့ပင်ဖိနှိပ်နေပါစေ ထွန်ယက်စိုက်ပျိုးမှုများကို ညီညွတ်ခြင်း၊ ရဲရင့်ခြင်းအပြည့်ဖြင့်ပြန်လည်ထွန်ယက်နေပြီဖြစ်သည်၊၊ 

ဆည်တည်းရွာ၊မိုးကြိုးပြင်ရွာ၊တုံရွာ၊ဇီးတောရွာစသည့် ရွာလေးရွာမှ မိမိတို့မြေယာတွေကို အာဏာပိုင်တို့မတရားသိမ်းယူထားသည့်ကြားမှ ပြန်လည်ထွန်ယက်နေပြီး၊ လုံထိန်းများရဲများမှလဲတားဆီးခြိမ်းခြောက်မှုများကိုအင်အားသုံး ဆောင်ရွက်နေပါသည်၊ သိက္ခာမရှိ၊ ဂတိမတည်သည့် အာဏာပိုင်များနှင့် စစ်ခရိုနီတို့၏ လက်ထဲ၌ လူလိမ္မာလယ်သမားတွေအဖြစ် သတ်မှတ်ခံခြင်းထက်၊ မယဉ်ကျေးသူတွေအဖြစ် သတ်မှတ်ခံရခြင်းသည် ပို၍မွန်မြတ်သည်ဖြစ်သည်၊၊

၂၄-၄-၂၀၁၃
မနက်(၁၀း၃၀)နာရီ

လက်ပန်တောင်းတောင်ဒေသပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီ
Goshal Lay - via Maha Mingyi

လက်ပံတောင်းတောင် ဆည်တည်းကျေးရွာနေ မရီရီဝင်းပိုင်မြေကွက်၌ မနက်(၉)နာရီက လယ်သမား များထွန်ယက်နေစဉ်လုံထိန်းအင် အား(၅၀၀)ဖြင့်လယ်သမားများကိုဝင်ရောက်ရိုက်နှက်ဖမ်းဆီး ခဲ့ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်ကပြောသည်။

မြောက်ဦးမြို့တော်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စိုးရိမ်ဖွယ်ရာအခြေအနေရှိနေ

မြောက်ဦးမြို့တော်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ကိုကယ်တင်ပါ ။

“မြောက်ဦးမြို့တော်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးမှာ လွန်စွာစိုးရိမ်ဘွယ် အနေအထား၌ပင် ရှိနေဆဲဖြစ်ကြောင်း” ပျက်စီးပျောက်ကွယ်မည့်ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဟု ရခိုင်သမိုင်းပညာ ရှင်များက ပြောသည်။


Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > Share Arakan News
 <<Thank

“မြောက်ဦးမြို့တော်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးမှာ လွန်စွာစိုးရိမ်ဘွယ် အနေအ
ား၌ပင် ရှိနေဆဲဖြစ်ကြောင်းပျက်စီးပျောက်ကွယ်မည့်ဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ဟု ရခိုင်သမိုင်း
ပညာ ရှင်များက ပြောသည်။

ယခုအပတ်ထုတ် TIME မဂ္ဂဇင်းမျက်နှာဖုံး

ယခုအပတ်ထုတ် TIME မဂ္ဂဇင်း
=================

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ယခုအပတ်ထုတ် မဂ္ဂဇင်း မျက်နှာဖုံး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့  အတွေးအမြင်၊ ဘဝဖြတ်သန်းမှု၊ ပြုပြင်ပြောင်းလဲမှုနောက်ခံအကြောင်းရင်း၊ အနာဂတ်မျှော်မှန်းချက်၊ စိန်ခေါ်မှုများနဲ့ ဖြေရှင်းမည့်အာဂျင်ဒါများ စသည်တို့ကို HANNAH BEECH ကိုယ်တိုင် သီးသန့်တွေ့ဆုံမေးမြန်းပြီး ရေးသားဖော်ပြထားပါတယ်။

HANNAH BEECH ဟာ နိုင်ငံတော်သမ္မတကြီး မွေးဖွားရာ ကျုံကူးရွာကလေးကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရှုထောင့်ပေါင်းစုံက ရေးသား ဖော်ပြထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

မဂ္ဂဇင်း ကာဗာမှာတေ့ နိုင်ငံတော်သမ္မတကြီးရဲ့ ဓါတ်ပုံနဲ့အတူ

President Thein Sein is trying to transform a military state into thriving democracy.
Can he succeed -and will Burma's generals let him? ဆိုပြီး ဖော်ပြထားပါတယ်။
ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ယခုအပတ်ထုတ် မဂ္ဂဇင်း မျက်နှာဖုံး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့  အ
တွေးအမြင်၊ ဘဝဖြတ်သန်းမှု၊ ပြုပြင်ပြောင်းလဲမှုနောက်ခံအကြောင်းရင်း၊ အနာဂတ်မျှော်မှန်းချက်၊ စိန်ခေါ်
မှုများနဲ့ ဖြေရှင်းမည့်အာဂျင်ဒါများ စသည်တို့ကို HANNAH BEECHကိုယ်တိုင် သီးသန့်တွေ့ဆုံမေးမြန်း
ပြီး ရေးသားဖော်ပြထားပါတယ်။