Pages

Wednesday, April 24, 2013

အမေရိကန် ထိပ်တန်း အစ္စလာမ် ပညာရှင် ဟမ်ဇာယူစွပ် (Hamzah Ysufa)

Hamzah Ysuf
ဟမ်ဇာယူစွပ် အမေရိကန် ထိပ်တန်း အစ္စလာမ် ပညာရှင်

ဟမ်ဇာယူစွပ်သည် အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်တွင် မွေးဖွားခဲ့သူ ခရိယာန်သာသနာဝင် တစ်ဦးဖြစ် သည်။ သူသည် ဇိုင်တွန် အင်စတီတွတ် အမေရိကန် နိုင်ငံတွင် အစ္စလာမ် သာသနာရေးရာများကို သင်ကြား ပို့ချနေသည် မွတ်စ်လင် ပညာရှင်တစ်ဦးဖြစ်ပါသည်။ သူသည် အလွန်ထင်ရှာ: ကျော်ကြားသော ခရိယာန် ဘာသာမှ အစ္စလာမ်ဘာသာသို့ ၀င်ရောက်လာသူ တစ်ဦးဖြစ်သည်။ ယနေ့အခါ ဟမ်ဇာယူစွပ်သည် အစ္စလာမ်သာသနာနှင့် ခရိယာန်ဘာသာ အကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆောင် ရွက်နေသူ တစ်ဦးအဖြစ် ထင်ရှားကျော်ကြားလျှက်ရှိပါသည်။

သူသည် ကလီဖိုးနီးယား ပြည်နယ်မြောက်ပိုင်းတွင် ကြီးပြင်းခဲ့ရသူတစ်ဦးဖြစ်ပါသည်။ သူ့အား ၁၉၆၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး စန်တာဘာဘရာ တက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားနေရင်း အသက် ၁၈ နှစ်အရွယ်ခန့်တွင် အစ္စလာမ်သာသနာကို စတင်လေ့လာရာမှ အလွန်ပင် စိတ် ၀င်စားမိပြီး ခရိယာန်သာသနာကို စွန့်လွှတ်လိုက်ကာ အစ္စလာမ်သာသနာကို လက်ခံလိုက်ပါသည်။ ထို့ နောက်သူသည် သူ၏ ခရိယာန် အမည် မာက် ဟဲန်စန် မှနေကာ ဟမ်ဇာ ယူစွပ် အဖြစ်သို့ ပြောင်းလဲလိုက်ပါ သည်။ အစ္စလာမ်သာသနာသို့ ပြောင်းလဲဝင်ရောက်ပြီးနောက် ဟမ်ဇာ ယူစွပ်သည် အရှေ့အလယ်ပိုင်းနိုင်ငံ များသို့ သွားရောက်ကာ အစ္စလာမ်သာသနာတော်ဆိုင်ရာ စာပေများကို စနစ်တကျ လေ့လာလိုက်စားလိုက် ရာ ၁၀ နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပါသည်။

ဟမ်ဇာယူစွပ်၏ အစ္စလာမ်သာသနာတော် ရှာပုံတော် ခရီးသည် အလွန်ခက်ခဲသလို စိတ်ဝင်စားစရာလည်း ကောင်းသည်ဟုဆိုရပေမည်။ ဦးစွာပထမ သူသည် ယူအေအီးခေါ် ယူနိုက်တက် အာရဗ် အီမီရစ် နိုင်ငံ အစ္စလာမ်တက္ကသိုလ်တွင် လေးနှစ်တာ အခြေခံမှစကာ အစ္စလာမ်အကြောင်းအရာများကို လေ့လာစည်းပူးခဲ့ ပါသည်။ ထို့နောက် အာဖရိ မြောက်ပိုင်းနိုင်ငံများဖြစ်သည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ မဒီနာတက္ကသိုလ်၊ မောရီတေးနီးယားနိုင်ငံ၊ အဲလ်ဂျီးရီးယားနိုင်ငံ၊ မော်ရိုကို နိုင်ငံများသို့ သွားရောက်ကာ ဆက်လက်ပညာ ဆည်းပူးလေ့လာခဲ့သည်။ သူ၏ ရှေ့ဆောင်လမ်းပြဆရာတော်များတွင် ရှိက်ခ် မူရာဘိသ် အလ်ဟာဂ်ျနှင့် ၇ှိက်ခ် အဗ်ဒလ္လာဟ် ဗင် ဘိုင်ယာ (ကမ္ဘာ့အစ္စလာမ်နိုင်ငံများဆိုင်ရာ ဖတ်ဝါ အဖွဲ့အစည်း၏ နံမည်ကျော် ပညာရှင်)- ယူအေအီနိုင်ငံမှ ဆရာသခင်များ၊ ရှိက်ခ် မူဟမ္မဒ် ရှိုင်ဘာနီ အဘူဒါဘီ မွတ်ဖ်တီချုပ်၊ အီဂျစ်နိုင်ငံ အဲလ် အဇ်ဟာရ် ယူနီဗာစီတီမှာ ဆရာကြီးများဖြစ်သော ရှိက်ခ် ဟမ်မာဒ် အလ် ၀လီ နှင့် ရှိက်ခ် မုဟမ္မဒ် အလ် ဖိသ်ရာသီ၊ စသည့် အစ္စလာမ် သာသနာပညာရှင်ကြီးများ ထံမှ အစ္စလာမ် သာသနာ အရပ်ရပ်တို့ကို ၁၀ နှစ်ကြာ လိုက်လံ စည်းပူးနေခဲ့ပါသည်။


ထို့နောက် သူသည် အမေရိကန် နိုင်ငံသို့ ပြန်လည်သွားရောက် ကာ ၀ါရှင်တန်တက္ကသိုလ်တွင် ဘာသာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဘွဲ့ကို ထပ်မံရယူခဲ့ပါသည်။ ထို့နောက် ဟမ်ဇာယူစွပ်သည် ကမ္ဘာအနံ့ နိုင်ငံအတော်များများသို့ သွားရောက်ကာ အစ္စလာမ်ဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲများကို တက်ရောက် ဆွေးနွေးခြင်း ဟောကြားပို့ချခြင်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သူသည် ၁၉၉၆ ခုနှစ်ခန့်တွင် ဒအ်ဝဟ်လုပ်ငန်းနှင့် သာသနာပြန့်ပွားပို့ချရေး လုပ်ငန်းကို အခြေခြလုပ်ကိုင်ဆောင် ရွက်နေခဲ့ ပါသည်။ ယနေ့အခါ ဇိုင်တူနာ သာသနာဖြန့်ချီရေး လုပ်ငန်းသည် အလွန်အောင်မြင်သော အဖွဲအစည်း တစ်ခုဖြစ်နေသည်ကို ဂုဏ်ယူစွာ မြင်တွေ့နေရပြီဖြစ်သည်။

ရှိက်ခ် ဟမ်ဇာယူစွပ်၏ အစ္စလာမ်သာသနာနှင့် ပတ်သက်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်မှုများနှင့် ကျွမ်းကျင်မှု ကျင်လည်မှုများကြောင့် သူကို အမေရိကန် နိုင်ငံ စတန်ဖိုဒ် တက္ကသိုလ် ၏ အစ္စလာမစ် ဒီပါတ်မန့်တွင် အဒ်ဗိုင်ဇာ (အကြံပေးအရာရှိ) အဖြစ် ခန့်အပ်ထားပြီး ဘာကလေ တက်နိုလောဂျီကလ် ယူနီယံမှလည်း သူ့ကို အဒ်ဗိုင်ဇာ (အကြံပေးအရာရှိ) အဖြစ် ခန့်အပ်ထားပါသည်။ ထို့အပြင် ရှိက်ခ် ဟမ်ဇာယူစွပ်သည် အမေရိကန်နိုင်ငံဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းအတော်များများတွင်လည်း အစ္စလာမ်သာသနာဆိုင်ရာ တာဝန်ခံနှင့် အကြံပေးအရာအရှိ အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးလျှက်ရှိသည်။ အမေရိကန် အစိုးကလည်း အစ္စလာမ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်လျှင် ရှိက်ခ်ဟမ်ဇာကို မေးမြန်းတိုင်ပင်လေ့ရှိပါသည်။ ထို့အပြင် အစ္စလာမ် မဟုတ်သော ဘာသာေ၇းအဖွဲ့အစည်းများ လူမှုရေးအဖွဲ့အစည်းများကလည်း ရှိက်ခ်ဟမ်ဇာ၏ အယူအဆများ ထင်မြင်ချက်များ တင်ပြချက်များကို သဘောတွေ့သဖြင့် အစည်းအဝေးများ ဆွေးနွေးပွဲများ တွင်လည်း ရှိက်ခ်ဟမ်ဇာအား အစဉ်ဆွေးနွေးဖိတ်ခေါ်လေ့ရှိပါသည်။

ရှိက်ခ်ဟမ်ဇာသည် အာရေဗီစကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုရေးသားနိုင်စွမ်းရှိသူဖြစ်သဖြင့် အလွန်အဆင့်မြင့်သော ရှေးရိုးရာ အစ္စလာမ်တက္ကသိုလ်ကြီးတွင် ပညာသင်ကြားပေးသူ ဆရာတစ်ဦးလည်း ဖြစ်ပါသည်။ ထို့အပြင် ရှိက်ခ်ဟမ်ဇာသည် ဘီဘီစီ ရေဒီယိုအစီအစဉ်မှ နေကာ အစ္စလာမ်ပညာပေး အစီအစဉ်များကို တင်ပြလေ့ရှိပြီး သူ၏ အစ္စလာမ်ယဉ်ကျေးမှု့နှင့် ပညာရေ့းအစီအစဉ်ကို တင်ပြရာ ၄င်းအစီ အစဉ်သည် အလွန်ကျော်ကြားသော အစီအစဉ်ဖြစ်ခဲ့ပြီး အာရဗ်နိုင်ငံများတွင် ၄င်းအစီအစဉ်ကို အများဆုံး ကြည့်သည့်အစီအစဉ်အဖြစ် အောင်မြင်ကျော်ကြားခဲ့သည်။ ၄င်းအစီအစဉ်ကို သုံးနှစ်တိုင် ဆက်တိုင်စီစဉ် ဆောင်ရွက်ခဲ့ရသဖြင့် ဘီဘီစီက ရှိက်ခ် ဟမ်ဇာကို အထူးဂုဏ်ပြုခဲ့သည်။ ၄င်းအစီအစဉ်သည် ၁၉၉၉ ခု ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၁ တွင် စတင်ထုတ်လွှင့်ခဲ့သည်။

ရှိက်ခ် ဟမ်ဇာသည် အမေရိကန် အစိုးရ၏ နိုင်ငံခြားရေးရာ ပေါ်လစီများကိုလည်း ဝေဖန်ပြောဆိုမှုများ ကြောင့် သူ့အား အစွန်းရောက်အဖြစ် ဝေဖန်ခံရသလို၊ အစ္စလာမ်အစွန်းရောက်အဖွဲ့များ၏ ဝေဖန်မှုများကို လည်း မကြာခဏ ပြောဆိုခံရသူလည်းဖြစ်ပါသည်။ မည်သို့ပင်ဆိုပါစေ ရှိက်ခ် ဟမ်ဇာယူစွဖ် ၏ကြိုးပမ်းမှု များသည် ယနေ့ အနောက်နိုင်ငံများတွင် အလွန်ပင် ထင်ရှားနေသလို သူ့ကျေးဇူးနှင့် ကင်းသူ အမေရိက မွတ်စ်လင်မ် များကား မရှိသလောက်ဖြစ်သည်။ သူ့ ဇိုင်တွန်နာ ကော်လိပ်နှင့် သူ့ ဒအ်ဝဟ် လုပ်ငန်းများ ကြောင့် အစ္စလာမ်သာသနာကို လက်ခံလာသူများကား မရေမတွက်နိုင်အောင်ရှိနေပြီဖြစ်ပါသည်။

ဇိုင်တူနာ အစ္စလာမ်သာသနာ ဖြန့်ချီရေး ကော်လိပ်သည် အစ္စလာမ်သာသနာ၏ ပင်မရိုးရာ အနေအထားကို အထူးပြုကာ သင်ကြားပေးလျှက်ရှိပြီး အစ္စလာမ်သာသနာ၏ ရိုးရာ ယဉ်ကျေးမှု စာပေ ဗဟုသုတများကို ခေတ်မီသိပ္ပံနည်းစနစ်များကို ဥပမာပေးကာ သင်ကြားပေးသဖြင့် ပညာတတ် စဉ်းစားဆင်ခြင် မှုများသည့် အမေရိကန်နိုင်ငံသားများအတွက် အထိရောက်ဆုံး ဒအ်ဝဟ် လုပ်ငန်းတစ်ခုဖြစ်နေသည်ကို တွေ့ရပါသည်။ ရှိက်ခ် ဟမ်ဇာယူစွပ်သည် ယခုအခါ သူ့ဇနီး ကလေး ၅ ရောက်နှင့်အတူ မြောက်ပိုင်း ကာလီဖိုးနီးယားတွင် အစ္စလာမ်လုပ်ငန်းများကို လုပ်ကိုင်းရင်း အစ္စလာမ်ဒအ်ဝဟ် လုပ်ငန်းများကို လုပ်ကိုင်နေပါသည်။

ဟမ်ဇာယူစွပ်သည် ကမ္ဘာအရပ်သို့ မကြာမဏ ခရီးသွားရောက်လေ့ရှိပြီး လက်၇ှိ ကမ္ဘာပေါ်တွင် ဖြစ်ပေါ် လျှက်ရှိသော အစ္စလာမ်ဘာသာရေးဆိုင်ရာ အကြောင်းများကို တင်ပြဆွေးနွေးလျှက်ရှိသည်။ သူသည် အာရေဗီဘာသာဖြစ်ရေးသားထားသော ဘာသာရေးဆိုင်ရာ စာပေများ ကဗျာများကိုလည်း အိင်္ဂလိပ်ဘာ သာသို့ ပြန်ဆိုရေးသားနေသူလည်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ဘူရ်ဒါ The Burda အမည်ရသော စာအုပ်ကို၎င်း၊ ၂၀၀၄ ခုနှစ်တွင် နှလုံးသားသန့်စင်ရေး Purification of the Heart: Signs, Symptoms and Cures of the Spiritual Diseases of the Heart -The Content of Character စာအုပ်ကို၎င်း၊ ကျွန်ုပ်တို့ နေထိုင်သော တိုင်းပြည်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း၊ အကြမ်းဖက်ခြင်းနှင့် ဂျိဟာဒ် စာအုပ် The State We Are In: Identity, Terror, and the Law of Jihad (contributing Author) ကို ၂၀၀၆တွင်၎င်း ၂၀၀၇ ခုနှစ်ခုနှစ်တွင် အီမာမ် သဟာဝီ၏ မဇ်ဟဗ် The Creed of Imam Al-Tahawi ဟူသော စာအုပ်ကို၎င်း၊ ၂၀၁၀ တွင် ရေပေါ်တွင် အလုပ်လုပ်ခြင်း Walking on Water စာအုပ်ကို၎င်း၊ ယခုခေတ်အခါ အသင့်ကလေးအား မည်သို့ ပညာသင်ကြားပေးမည်နည်း Educating your Child in Modern Times ၊ မကြာခင် အဖိနှိပ်ခံတို့၏ ဆုတောင်းများစာအုပ်နှင့် အကျိုးရှိသော လမ်းပြမှု စာအုပ်များလည်း မကြာခင်ထွက်ရှိတော့မည်ဖြစ်ပါသည်။

၉-၁၁ အရေးအခင်းကြီး အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်သောအခါ ဟမ်ဇာယူစွပ်သည် အဘူဒါဘီနိုင်ငံဆိုင်ရာ ဘာသာရေးခေါင်းဆောင်ကြီး ရှိက်ခ် အဗ်ဒွလ္လာဟ် ဗင် ဘိုင်ယာဟ် ၏ လမ်းညွှန်မှုဖြင့် အမေရိကန် သမ္မတ ဂျော့ဒဗလျူ ဗွတ်ရှ်နှင့် တွေ့ဆုံခဲ့ကာ အမေရိကန်မွတ်စ်လင်မ် တို့၏ အနေအထား ကို တင်ပြခဲ့သည်။ သူက အမေရိကန် မွတ်စ်လင်မ်တို့သည် ငြိမ်းချမ်းရေးလိုလားသူများဖြစ်ကြောင်း အစ္စလာမ်သာသာသနာသည် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ပြောပြခဲ့သည်။ အစ္စလာမ်သာသနာနှင့် ပတ်သက်သော သဘောတရားကို လည်း ရှင်းလင်းတင်ပြခဲ့သည်။ သူကိုယ်၌ကလည်း ငြိမ်းချမ်းရေးကို လိုလားသူဖြစ်ကြောင်း အစွန်းရောက် ၀ါဒကို မနှစ်သက်သူဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

သူက ၂၀၀၁ ခုနှစ် ဂါဒီယန် သတင်းစာနှင့် တွေ့ဆုံစဉ် အင်တာဗျူးတွင် တင်ပြပြောဆိုခဲ့သည်မှာ သူသည် အနောက်နိုင်ငံများတွင် အစ္စလာမ်မျာကို နေထိုင်ခွင့်ပေးသည့် ပုံစံသည် စစ်မှန်သော မွတ်စ်လင်မ်တို့ကို နေထိုင်ခွင့်ပေးသော ပုံစံနှင့် တထပ်တည်းဖြစ်သည်ကို တွေ့ရကြောင်း ၄င်းအခွင့်အေ၇းသည် အခြားသော မွတ်စ်လင်မ်နိုင်ငံများတွင်ပင် မရှိကြောင်းပြောပြခဲ့သည်။

ဂျော်ဒန်နိုင်ငံ ဘုရင့်ပိုင် အစ္စလာမစ် မဟာဗျူဟာ လေ့လာရေးဋ္ဌာန Jordan's Royal Islamic Strategic Studies Centre က ရှိက်ခ် ဟမ်ဇာအား ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး မွတ်စ်လင်မ် ၅၀ ဦးတွင် ထိပ်တန်းပညာရှင်အဖြစ် သတ်မှတ်သလို အိဂ်လိပ် ဂါဒီယန်း သတင်းစာ The British newspaper The Guardian ကလည်း သူ့အား အနောက်တိုင်းတွင် အကျော်ကြားဆုံးသော မွတ်စ်လင်မ် တစ်ဦးအဖြစ် ဖေါ်ပြခဲ့ပါသည်။ ထို့အပြင် ၅၀၀ သော ကမ္ဘာကျော် အနောက်တိုင်း မွတ်စ်လင်မ်များ စာအုပ်ထုတ်ဝေသူ ဂျော်န် အီစ်ပိုစီတိုနှင့် အီဗရာဟင်မ် ကာလင်းမ် တို့ကလည်း ရှိက်ခိ ဟမ်ဇာကို ထိပ်တန်းပညာရှင် အကျော်ကြားဆုံး သူအဖြစ် ဖေါ်ပြခဲ့သည်။ အီဂျစ်ပြည်ထုတ် အစ္စလာမ် မဂ္ဂဇင်း တစ်စောင်ကလည်း သူ့အား အကျော်ကြား ဆုံး အနောက်တိုင်း မွတ်စ်လင်မ် ပညာရှင် အဖြစ် သတ်မှတ်လိုက်ပါသည်။

မည်သူမဆို ဤပို့စ်ကို ကူယူဖြန့်ချီလိုပါက စိတ်သန့်သန့်ဖြင့် ကူယူဖြန့်ချီပေးနိုင်ပါသည်။ ကျွန်ုပ်တို့ ဒအ်ဝဟ် အဖွဲ့၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင် စစ်မှန်သော အစ္စလာမ် ပညာရှင်များ ပေါ်ထွန်းကာ မွတ်စ်လင်မ် များ ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အစ္စလာမ်သာသနာ ကျယ်ပြန့်ပွားများလာရေးကို မျှော်လင့်ထားပါသည်။ အာမီးန်

ဟမ်ဇာယူစွပ်သည် အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်တွင် မွေးဖွားခဲ့သူ ခရိယာန်သာသနာဝင် တစ်ဦးဖြစ် သည်။ သူသည် ဇိုင်တွန် အင်စတီတွတ် အမေရိကန် နိုင်ငံတွင် အစ္စလာမ် သာသနာရေးရာများကို သင်ကြား ပို့ချနေသည် မွတ်စ်လင် ပညာရှင်တစ်ဦးဖြစ်ပါသည်။ သူသည် အလွန်ထင်ရှာ: ကျော်ကြားသော ခရိယာန် ဘာသာမှ အစ္စလာမ်ဘာသာသို့ ၀င်ရောက်လာသူ တစ်ဦးဖြစ်သည်။ ယနေ့အခါ ဟမ်ဇာယူစွပ်သည် အစ္စလာမ်သာသနာနှင့် ခရိယာန်ဘာသာ အကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆောင် ရွက်နေသူ တစ်ဦးအဖြစ် ထင်ရှားကျော်ကြားလျှက်ရှိပါသည်။

ထိုင်းနိုင်ငံတာ့ခ် ခရိုင်၌ ကားမှောက်လို့ မြန်မာ ၃ ဦး သေဆုံး

ထိုင်းနိုင်ငံတာ့ခ်ခရိုတွင် ယမန်နေ့ညက ခရီးသည်တဘင်တ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား ၃ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ ယခုသေဆုံးသည့် မြန်မာနိုငင်ံသားများသည် သင်္ကြန်ကာလအတွင်း မြန်မာနိုငင်ံသို့ ခေတ္တ အလည်ပြန်သွားပြီး ထိုင်းနိုငင်ံသို့ ပြန်လာသူများ ဖြစ်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

မိန်းကလေးတွေ ဘရာစီယာဝတ်တာ မကောင်းဘူးလို့ ပြင်သစ်နိုင်ငံ၊ ဘီဆန်ကွန်တက္ကသိုလ်ရဲ့ အားကစားဆိုင်ရာ သိပ္ပံပညာရှင် ပါမောက္ခ ဒေါက်တာ ယန် ဒဲနစ် ရူအီလန်ကပြောကြား

“ဒီသုတေသန တွေ့ရှိချက်မျိုးကိုတော့ ထောက်ခံတယ်”

မိန်းကလေးတွေ ဘရာဝတ်တာဟာ ဘာမှကောင်းကျိုး မပေးပါဘူးလို့ ပြင်သစ်သုတေသီတဦးက ပြောပါတယ်။ ဆေးဘက်ရော ဇီဝကမ္မပိုင်းဘက်ပါ အလုပ် မဖြစ်တဲ့အပြင် ဆိုးကျိုးတောင် ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီသုတေသနကို ပြုလုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ဘီဆန်ကွန်တက္ကသိုလ်ရဲ့ အားကစားဆိုင်ရာ သိပ္ပံပညာရှင် ပါမောက္ခ ဒေါက်တာ ယန် ဒဲနစ် ရူအီလန်က ဘရာဝတ်တာကြောင့် ကျောအောင့်တာ နည်းနည်း သက်သာသလို ရှိပေမယ့် စောစောစီးစီး သားမြတ်တွဲတာ ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အသက် ၁၈ ကနေ ၃၅ နှစ်ကြား အမျိုးသမီး ၃၃၀ နဲ့ ၁၅ နှစ်ကြာ သုတေသန ပြုလုပ်ပြီးနောက်မှာ ဘရာဝတ်တာဟာ အပိုပါပဲလို့ ကောက်ချက်ဆွဲလိုက်တာလည်း ဖြစ်ပါတယ်။

သားမြတ်ကို ဘရာနဲ့ပင့်တင်ထားတယ်လို့ ကိုယ့်ဘာသာ ထင်ပေမယ့်လည်း မြေဆွဲအားကနေ လွတ်နေတာမျိုးလည်း မရှိဘူးလို့ သုတေသနက ပြောပါတယ်။ ဒါကြောင့် ဘရာမ၀တ်ကြဖို့နဲ့ မ၀တ်မှသာ တကယ့် အကျိုးကို ခံစားရမယ်လို့ ပါမောက္ခက ထောက်ပြပါတယ်။

သုတေသနထဲ ပါဝင်ခဲ့တဲ့ အမျိုးသမီးတဦးကတော့ နှစ်နှစ်ကြာ ဘရာမ၀တ်ဘဲ နေခဲ့ပြီးနောက်မှာ အသက်ရှုလို့ ပိုကောင်းလာတယ်၊ သွားလာရတာ ပေါ့ပါးလာတယ်၊ နောက်ကျောအောင့်တာလည်း မဖြစ်တော့ဘူးလို့ ပြောပါတယ်။

လူမှုကွန်ရက်တွေမှာတော့ အမျိုးသမီးတချို့က ပါမောက္ခရဲ့ တွေ့ရှိချက်ကို လက်မခံလိုကြပါဘူး။ မ၀တ်ဘူးဆိုရင် သပ်သပ်ရပ်ရပ်ဖြစ်တော့မှာ မဟုတ်ဘူး၊ သားမြတ်ငယ်သူက မ၀တ်ဘဲနေလည်း အဆင်ပြေနိုင်ပေမယ့် ကြီးသူတွေကတော့ မ၀တ်လို့ မဖြစ်ဘူးလို့ ပြောကြပါတယ်။

အမျိုးသမီးတွေရဲ့ ရင်သားဟာ (နို့သီးခေါင်းဘက်) တနှစ်ကို ခုနစ်မီလီမီတာလောက် ဆန့်ထွက်တာမို့ ပခုံးနဲ့ဆို ထမ်းဖို့အတွက် အလိုက်သင့် ကြွက်သား အားရှိလာပေမယ့် ဘရာနဲ့ ဆိုင်းပင့်လိုက်တဲ့အခါ အဲဒီ ကြွက်သားတွေက အလုပ် မလုပ်ရတော့ဘဲ တခါစပြီး ဘရာဝတ်တာနဲ့ တသက်လုံး ၀တ်ရမယ့် အခြေအနေ ဆိုက်သွားတယ်လို့ ဒေါက်တာ ရူအီလန်က သုံးသပ်ပါတယ်။

သွေးဆုံးအမျိုးသမီးတွေနဲ့ ပြုလုပ်ထားတဲ့ ဗြိတိသျှသုတေသနတခုမှာလည်း အမျိုးသမီးကြီးတွေ ဘရာဝတ်ရင် ရင်သားနာကျင်တာတွေ ပိုခံစားနိုင်ရချေ ရှိတယ်လို့ ကောက်ချက်ဆွဲခဲ့ဖူးပါတယ်။

Source: Daily Star and yenghana.com

Myo Tha Htet


Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From >New MyanmarFoundation<<Thank

မိန်းကလေးတွေ ဘရာဝတ်တာဟာ ဘာမှကောင်းကျိုး မပေးပါဘူးလို့ ပြင်သစ်သုတေသီတဦးက  ပြောပါ
တယ်။ ဆေးဘက်ရော ဇီဝကမ္မပိုင်းဘက်ပါ အလုပ် မဖြစ်တဲ့အပြင် ဆိုးကျိုးတောင် ရှိနိုင်တယ်လို့ သူက ပြော
ပါတယ်။ ဒီသုတေသနကို ပြုလုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ဘီဆန်ကွန်တက္ကသိုလ်ရဲ့ အားကစားဆိုင်ရာ သိပ္ပံပညာ
ရှင် ပါမောက္ခ ဒေါက်တာ ယန် ဒဲနစ် ရူအီလန်က ဘရာဝတ်တာကြောင့် ကျောအောင့်တာ နည်းနည်း သက်
သာသလို ရှိပေမယ့် စောစောစီးစီး သားမြတ်တွဲတာ ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မှော်ဘီ စိုက်ဘဏ်သို့ မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ကျပ် ၅ဝဝဝ တန် အတုများ ပါဝင်နေ

မှော်ဘီ စိုက်ဘဏ်သို့ မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ကျပ် ၅ဝဝဝ တန် အတုများ ပါဝင်နေ
Wednesday, April 24, 2013

မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေး ဘဏ် သို့ လယ်လုပ်သူ အမျိုးသမီး တစ်ဦးက မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ကျပ် ၅ဝဝဝ တန် အတုများ ပါဝင်နေမှုဖြင့် အမှု ဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရ သည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၂ဝ မိနစ် အချိန်၌ မှော် ဘီမြို့နယ် မြန်မာ့စိုက်ပျိုးရေး ဘဏ်သို့ မှော်ဘီမြို့နယ်၊ ရေပေါ်သဲ့ ကျေးရွာ အုပ်စုမှ စာရေးဖြစ်သူ ဦးခင်မောင်ဝင်း သည် ၄င်းအုပ်စု၏ လိပ်ချောင်း ရွာနေ ဒေါ်ခင်ခင် စိုးက လူကြုံ ပေးခိုင်းလိုက်သည့် ၂ဝ၁၂ မိုးစပါး စိုက်စရိတ်ချေးငွေ ကျပ် ၃၂ဝဝဝဝ ကို ငါးထောင်ကျပ်တန် ၆၄ ရွက်ဖြင့် ပေးသွင်းခဲ့ကြောင်း၊ အဆိုပါ ငါးထောင် တန်များအား စိုက်ပျိုးရေး ဘဏ်မှ ဒုကြီး မှူး ဦးဇော်မျိုးဦး ဆိုသူက ငွေရေစက်ဖြင့် ရေတွက်ရာ ငွေစက္ကူများမှာ ပုံမှန် မဟုတ်ဘဲ ရောထွေးနေသည့် အတွက် လက်ဖြင့် ထပ်မံ ရေတွက်ရာ ငွေစက္ကူ ထောင့်များမှာ ပုံမှန် မဟုတ်ဘဲ အတု များ ဖြစ်ကြောင်း တွေ့ ရှိခဲ့ရသည့် အတွက် ထိုငွေများအား လက်ခံခြင်းမပြုဘဲ စာရေး ဦးခင်မောင်ဝင်း ထံသို့ ပြန်လည်ပေးအပ် ခဲ့သည့်အပြင် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ထံသို့ အကြောင်းကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် ၄င်းည ၈ နာရီအချိန် ၌ စာရေး ဦးခင်မောင်ဝင်း နှင့် ငွေပေး သွင်းခိုင်းသူ ဒေါ်ခင်ခင်စိုး တို့အား မှော် ဘီမြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၌ ခေါ်ယူ စစ်ဆေးခဲ့ရာ ဒေါ်ခင်ခင်စိုး က  ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းတွင် အသက် ၃ဝ အရွယ် ခန့်ရှိ လူငယ် ၂ ဦးက ၄င်းပိုင်  နွားထီး ၂ ကောင်အား လာရောက်ဝယ် ယူရာ ငွေ ကျပ် ၇၆ဝဝဝဝ နှင့် ဈေး တည့်၍ အဆိုပါ ငါးထောင်ကျပ်တန် များအား ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုငွေ များ အနက်မှ ငွေကျပ် ၃၂ဝဝဝဝ အား မြို့နယ် စိုက်ပျိုးရေး ဘဏ်သို့ ချေးငွေ ပေးဆပ်ရန် လူကြုံဖြင့်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ကျန်ငွေ ကျပ် လေးသိန်းကျော် အား သွပ်နှင့်စားသောက်ကုန်များ ဝယ် ယူခဲ့ပြီး လက်ကျန်အဖြစ် ငါးထောင် တန် လေးရွက်သာ ကျန်ရှိကြောင်း ပြောသည် ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

၎င်းငါးထောင်တန် ၆၈ ရွက်အား  စစ်ဆေးခဲ့ရာ နံပါတ်တူ ငါးထောင်ကျပ် တန် အတု အရွက် ၄ဝ နှင့် နံပါတ်မတူ ငါးထောင်တန် အတု ၂၈ ရွက်ကို တွေ့ရ ပြီး ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကာ ငွေ စက္ကူအတု လက်ဝယ် ထားရှိမှုဖြင့် ဒေါ် ခင်ခင်စိုးအား မှော်ဘီရဲစခန်းမှ  (ပ) ၂၅၉/၁၃၊ ပုဒ်မ-၄၈၉-ခ/၄၈၉-ဂ ဖြင့် အမှု ဖွင့်ဖမ်းဆီး အရေးယူထားသည်။

popularmyanmar

Wednesday, April 24, 2013

မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေး ဘဏ် သို့ လယ်လုပ်သူ အမျိုးသမီး တစ်ဦးက မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ကျပ် ၅ဝဝဝ တန် အတုများ ပါဝင်နေမှုဖြင့် အမှု ဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရ သည်။

ဘော်စတွန်ဗုံးပေါက်ကွဲမှု၌ ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားသူအားဟောလီးဝုဒ်မင်းသား ဘရက်လီကူးပါးသွားရောက် ကြည့်ရှု

ဘော်စတွန်ဗုံးပေါက်ကွဲမှု၌ ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားသူအားဟောလီးဝုဒ်မင်းသား ဘရက်လီကူးပါးသွားရောက် ကြည့်ရှု
Wednesday, April 24, 2013

ဟောလီးဝုဒ်မင်းသား ဘရက်လီကူးပါးသည် ဧပြီ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု မက်ဆာချူး ဆက်ပြည်နယ်၊ ဘော်စတွန်မြို့၌ မာရသွန်အားကစားပြိုင်ပွဲ ကျင်းပ နေစဉ်ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများအနက် ခြေ ထောက်နှစ်ဖက်စလုံး ပြတ်ထွက်သွား သူ ဂျက်ဖရီဘို့မန်းဂျူနီယာကို ဧပြီ ၁၉ ရက်က ဆေးရုံ၌ သွားရောက်ကြည့် ရှုခဲ့ကြောင်း သိရသည်။

ဘို့မန်းသည် နယူးဟမ်းရှိုင်းယား၊ ကွန်ကာ့မြို့ဇာတိဖြစ်ပြီး ချစ်သူကောင် မလေးကိုအားပေးရန်အတွက် မာရသွန် ပြိုင်ပွဲသို့ လာခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲ မှုမဖြစ်ပွားခင်က ဂျက်ဖရီသည်ဗုံးဖောက် ခွဲသူတစ်ဦးကိုမြင်လိုက်ကြောင်းနှင့် အဆိုပါအချက်သည် တရားခံကို စုံစမ်း ဖော်ထုတ်ရာ၌ FBI ကို အကူအညီ ရစေနိုင်ကြောင်း ¤င်း၏ အစ်ကိုဖြစ်သူ က ပြောကြားသည်။

’Silver Linings Playbook’  မင်းသားဘရက်လီကူးပါးသည် လတ်တလော၌ ဒါရိုက်တာဒေးဗစ်အိုရက်ဆဲ၏ ‘American Hustle’  ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် လျက်ရှိသည်။ ၎င်းဇာတ်ကား၌ ပူပူ နွေးနွေးအော်စကာဆုရှင် ဂျနီဖာ လော့ရန်(စ်)၊ ရောဘတ်ဒီနီရို၊ ခရစ် စတင်ဘေး၊ အေမီအဒမ်၊ ဂျေရမီရန် နာနှင့်လူးဝစ်ဆီကာ စသည့်နာမည်ကြီး ဟောလီးဝုဒ် အကျော်အမော်များ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။ 

သို့ရာတွင် ဘော်စတွန် မာရသွန် ပြိုင်ပွဲ ဗုံးဖောက်ခွဲမှု တရားခံကို စနစ် တကျ လိုက်လံရှာဖွေရန် အလို့ငှာ ၎င်း ဇာတ်ကားရိုက်ကူးမှုကို ခေတ္တရပ်နားရန် ဖိအားပေးခံထားရကြောင်း သိရသည်။

popularmyanmar

Wednesday, April 24, 2013

ဟောလီးဝုဒ်မင်းသားဘရက်လီကူးပါးသည် ဧပြီ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု မက်ဆာချူး ဆက်
ပြည်နယ်၊ ဘော်စတွန်မြို့၌မာရသွန်အားကစားပြိုင်ပွဲကျင်းပ နေစဉ်ဖြစ်ပွားသည့်ဗုံးပေါက်ကွဲမှုတွင် ထိခိုက်
ဒဏ်ရာရရှိသူများအနက် ခြေ ထောက်နှစ်ဖက်စလုံး ပြတ်ထွက်သွား သူ ဂျက်ဖရီဘို့မန်းဂျူနီယာကို ဧပြီ ၁၉ ရက်က ဆေးရုံ၌ သွားရောက်ကြည့် ရှုခဲ့ကြောင်း သိရသည်။

မြန်မာဘုန်းကြီးများ အကြမ်းဖက်မှု အဆုံးသတ်ကြရန် နိုဘယ်ဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားကမိန့်ကြား

မြန်မာဘုန်းကြီးများ အကြမ်းဖက်မှု အဆုံးသတ်ကြရန် နိုဘယ်ဆုရှင် တရုတ်ဘုန်းတော်ကြီးမိန့်ကြား
***************************************************
မြန်မာနိုငင်ံ မြို့နယ်အချို့နှင့် ကျေးရွာအချို့တို့တွင် မွတ်စလမ်မင်ျားအား အကြမ်းဖက်ခြင်းမှတဆင့် မွတ်စလမင်ျားအား ရှင်းလင်းသုတ်သပင်စ်ရေးဟူသောသတင်းများ ထွက်ပေါ်လာမှုအေပါ် တိဗက်ဘုန်းတော်ကြီး ဒလိုလင်ာမားက မြန်မာဘုန်းတော်ကြီးများအား အကြမ်းဖက်မှုများအားလုံး အဆုံးသတ်ကြရန် မိန့်ကြားလိုက်ပါသည်။

မကြာသေးခကင် အိန္ဒိယနိုငင်ံ ဒါရမ်ဆာလာမြို့တွင် ဩစေတြးလျအသံလွှင့်ဌာနနှင့် သီးခြားပြုလုပ်ခဲ့သည့် အတင်ာဗျူးတွင် တိဘက်ဘုန်းတော်ကြီးက ပဋိပက္ခများတွင် လူပေါင်း ရာချီသေဆုံးခဲ့ပြီး လူပေါင်း သောင်းချီ အိုးမဲ့အိမ်မဲ့ ဖ်ြရစခဲ့ရခြင်းကို ရည်ညွှန်းပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

“တကယ့်ကို ၀မ်းနည်းစရာပါ။ ဘာသာတရားတွေ အားလုံးက ချစ်ခြင်းမေတ္တာကို အေခြခံပြီး ခွင့်လွှတ်ခြင်းကို သွန်သင် လမ်းပြေပးပါတယ်။ ဒီလို ဘာသာရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျင့်ကြံနေသူတွေ၊ ဦးဆောင် လမ်းပြေနသူတွေက မတူတဲ့ အခြားဘာသာဝင်တွေအေပါ် အနိုကင်ျင့်တာတွေ မလုပ်သင့်ဘူး”ဟု အသက် ၇၇ နှစ်အရ်ွရယှိ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တရုတ်ဘုန်းတော်ကြီး ဒလိုလင်ာမားက ပြောဆိုခြင်း ဖြစ်ပါသည်။

မြန်မာနိုငင်ံတွင် လူနည်းစု မွတ်စလင်တွေအေပါ် တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးတွေကို တိုက်ရိုက် ပြောဆိုခွင့်ရမယ်ဆိုရင် ဘာတွေ ပြောဆိုလိုပါသလဲဟု သတဌင်ာနမှမေးမြန်းရာ တိဗက်ဗုဒ္ဓဘာသာ ခေါင်းဆောအေင်နနဲ့ ပုဂ္ဂိုလ်ရေးအရ ပြောဆိုလိုကြောင်း ဖြေကြားသည်။

“ကျွန်ုပ်တို့ဟာ ဘာသာရေး ရိုသေကိုင်းရှိုင်းတဲ့ သူတွေပါ”ဟု ရွှေဝါရောင် သင်္ကန်းကိုပြရင်း “ဗုဒ္ဓ အမြဲသွန်သတင်ာက ခွင့်လွှတ်ဖို့၊ သည်းခံဖို့၊ ကိုယ်ချစင်ာဖို့တွေပါ။ တကယ်လို့ ထိပုတ် ရိုက်နှက်ချစငိတ်၊ ညှင်းပန်းသတ်ဖြတ်ချစငိတ်တွေ ဖြစ်လာတယ်ဆိုရင် ဗုဒ္ဓရှင် ဟောပြောလမ်းညွှန်ချက်ကို သတိရပါ။ ဗုဒ္ဓရဲ့ သာဝကေတွဖြစ်တဲ့ ကျန်ုပ်တို့ဟာ ဗုဒ္ဓလမ်းစဉ်ကို လေးစားလိုက်နာရမယ်လေ”ဟု ပြောသည်။

ဒလိုလင်ာမား၏ ပြောကြားတောင်းဆိုချက်သည် မည်သည့်အတိုင်းအတာအထိ သက်ရောက်မှု ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးသော်လည်း မြန်မာနိုငင်ံအတွင်း ဗုဒ္ဓဘာသာဝအင်များစုက မွတ်စလမ်င် လူနည်းစုများအေပါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပင် ရှိနေသည်။

လူ့အခွင့်အေရး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရခင်ံစာအရ ရခိုင်ပြည်တွင် ကြိုတစင်ီစဉ်ထားသည့် ရွာလုံးကျွတ် ဖျက်ဆီးပစ်ခြင်း၊ အစုလိုက်အပြုံလိုက် မြေမြှုပ်ပစ်လိုက်ခြင်းများ ရှိနေကြာင်း၊ အခြားရွာတခုတွလင်ည်း ကေလး ၂၈ ဦး အပါအ၀င် လူ ၇၀ ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခြင်းများ ရှိနေကြာင်း ဖော်ပြထားသည်။

ယခုနှစ် မြန်မာနိုငင်ံ အလယ်ပိုင်း မိတ္ထီလာမြို့မှစ၍ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသည်လည်း အခြားမြို့နယ်များ၊ ကျေးရွာများသို့ ကျယ်ပြန့်သွားကာ လူပေါင်းရာချီသေဆုံးပြီး သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ကိုးကား » ဧရာဝတီ

မြန်မာနိုင်ငံမြို့နယ်အချို့နှင့်ကျေးရွာအချို့တို့တွင်မွတ်စလမ်များအားအကြမ်းဖက်ခြင်းမှတဆင့် မွတ်စလမ်
များအားရှင်းလင်းသုတ်သင်ပစ်ရေးဟူသောသတင်းများထွက်ပေါ်လာမှုအပေါ်တိဗက်ဘုန်းတော်ကြီး ဒလိုင်း
လားမားကမြန်မာဘုန်းတော်ကြီးများအားအကြမ်းဖက်မှုများအားလုံးအဆုံးသတ်ကြရန်မိန့်ကြားလိုက်ပါသည်။

ရခိုင် အကြမ်းဖက် များကြောင့် ထွက်ပြေးလာရတဲ့ ရိုပာင်ဂျာ (၄၆)ဦး စက်လှေနစ် သေဆုံး

ရန်ကုန်၊ ဧပြီလ၂၃ စစ်တွေပွိုင့်အနီးမှာ ရခိုင်အကြမ်းဖက် စက်လှေတိုက်ခိုက်မှုကြောင့် တောမြို့နယ်ကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာ စက်လှေတစ်စီး နစ်မြုပ်ပြီး လူ(၄၆)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ဧပြီလ၂၁ရက်နေ့မနက် (၉)နာရီဝန်းကျင်ခန့်က စစ်တွေသဲချောင်း ဆိပ်ကနေ ပေါက်တောဆော်လမွန် ဆိပ်ကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာ စက်လှေကို ရခိုင်အကြမ်းဖက် စက်လှေက တိုက်ခိုက်နစ်မြုပ် ခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာ စက်လှေပေါ်တွင် ရိုဟင်ဂျာ(၅၀)ဦး ပါလာတယ်လို့ သိရပါတယ်။

လားရှိုးမြို့တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်လုပ်ကိုင်နေသူများအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဧပြီ ၂၄
၂၀-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးအမှတ်(၁)ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်းသတင်းအရ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၆)နေ ရဲလှိုင်ဦး(ခ) ဂျင်းစိမ်း(၂၀)နှစ်၏နေအိမ်သို့ အသွင်ယူသက်သေအား ကြိုတင်မှတ်သားထားသည့် ငါးထောင်တန်ငွေစက္ကူ (၃)ရွက်ပေးအပ်၍ ပျော်ပါးစေပြီး

ဘောလီးဝုဒ်ရုပ်ရှင်များတွင် အကြင်နာပေးသည့် အခန်းများ ဆင်ဆာ ကင်းလွတ်ခွင့်ရတော့မည်

ဘောလီးဝုဒ်ရုပ်ရှင်များတွင် အကြင်နာပေးသည့် အခန်းများ ဆင်ဆာ
ကင်းလွတ်ခွင့်ရတော့မည်
Wednesday, April 24, 2013

ဘောလီးဝုဒ် ရုပ်ရှင်လောက နှစ် တစ်ရာပြည့်အဖြစ် ကျင်းပမည့် ‘Cut-Uncut” ရုပ်ရှင်ပွဲတော်၌ ယခင်က ဆင် ဆာကင်းလွတ်ခွင့် မရသည့် အကြင်နာ ပေးသည့် ဇာတ်ဝင်ခန်းများအပါအဝင် ပွင့်လင်းမှုရှိသည့် အခြား
ဇာတ်ဝင်ခန်းများကိုပါ ပထမဦးဆုံးအကြိမ် ကြည့်ရှု ခွင့်ရမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

ချစ်ရည်လူးသည့် ဇာတ်ဝင်ခန်း၊ ဝစ်လစ်စလစ် ဇာတ်ဝင်ခန်းနှင့် အစိုးရ ဆန့်ကျင်ရေး ဇာတ်ဝင်ခန်းများသည် ၁၉၅၂ ခုနှစ်က ပထမဆုံးအကြိမ် မူကြမ်းရေးဆွဲခဲ့သည့် အိန္ဒိယနိုင်ငံ၏ တင်းကျပ်သည့် ဥပဒေအရ ဆင်ဆာ ဖြတ်ခဲ့ရကြောင်းသိရသည်။ ၁၉၈၃ခုနှစ် တွင် ယင်းဥပဒေ
များအား ပြင်ဆင်ချက် ထုတ်ခဲ့သည်။”Cut-Uncut” ရုပ်ရှင်ပွဲတော်ကို
ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ကျင်းပ ခြင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား
များအား လွတ်လပ်စွာကြည့်ရှုစေလိုခြင်း ဖြစ် ကြောင်း အဆိုပါဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။”ဥပဒေအဟောင်းတွေ ပြဋ္ဌာန်း ထားတာကို ရပ်ဆိုင်းပြီး အနုပညာရှင် တွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိ အမှတ်ပြုတာပါ။ အရင်ကဆို အကြင်နာပေးတဲ့ အခန်းတွေ၊ ညှို့အားပြင်း သရုပ်ဆောင်ချက်တွေနဲ့ အစိုးရဆန့်ကျင်ရေး ဇာတ်ဝင်ခန်းတွေဆို အကုန် လုံး ဆင်ဆာဖြတ်တယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဆင်ဆာဥပဒေ
ဟောင်းကို ပြောင်းလဲပစ်ချင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဧပြီ ၂၅ ရက်တွင် စတင်ကျင်းပမည် ဖြစ်ကာ ၁၉၃၃ ခုနှစ်က ဂန္ထဝင်ရုပ်ရှင်ဇာတ်ကား ‘Karma’ ဇာတ်ကားဖြင့် ပွဲတော်ဖွင့် လှစ်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း ဇာတ်ကားသည် အကြင်နာပေးသည့် ပထမဆုံး ဘောလီးဝုဒ် ရုပ်ရှင်ဇာတ် ကားဖြစ်ပြီး Himanshu Rai နှင့် Devika Rani တို့ သရုပ်ဆောင်ထား သည်။ သို့ရာတွင် ယင်းဇာတ်ဝင်ခန်းသည် ဆင်ဆာကင်းလွတ်ခွင့် မရပေ။ယနေ့ခေတ် ဘောလီးဝုဒ် ရုပ်ရှင်ဇာတ်ကား
များတွင် မင်းသမီးများသည် ခေတ်ပေါ်အဝတ်အစားများ ဝတ်ဆင်ခွင့်ရသော်
လည်း အကြင်နာပေးသည့်အခန်းများကို ၁၈ နှစ်နှင့် အထက်များကိုသာ ကြည့်ရှုခွင့်ြ့ပုသည်။ ”ကြိုးစားပြီး ရိုက်ထားတဲ့ ဇာတ်ဝင်ခန်းတွေကို ဆင်ဆာ
ဖြတ်ပစ်တာမျိုး မလုပ်သင့်ပါဘူး။

အစိုးရက အခုလို ဆင်ဆာဖြတ်နေတာမျိုးကို ရပ်သင့်ပါ ပြီ” ဟု ဒါရိုက်တာ
တစ်ဦးက ပြောကြားသည်။

Popular Myanmar News

Wednesday, April 24, 2013

ဘောလီးဝုဒ် ရုပ်ရှင်လောက နှစ် တစ်ရာပြည့်အဖြစ် ကျင်းပမည့် ‘Cut-Uncut” ရုပ်ရှင်ပွဲတော်၌ ယခင်က ဆင် ဆာကင်းလွတ်ခွင့် မရသည့် အကြင်နာ ပေးသည့် ဇာတ်ဝင်ခန်းများအပါအဝင် ပွင့်လင်းမှုရှိသည့် အခြား
ဇာတ်ဝင်ခန်းများကိုပါ ပထမဦးဆုံးအကြိမ် ကြည့်ရှု ခွင့်ရမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

ဒက္ကားမြို့ ရှစ်ထပ် အမြင့် ပလာဇာ တစ်ခု ပြိုကျ၍ လူပေါင်း ရာချီ သေဆုံး

ဒက္ကားမြို့ ရှစ်ထပ် အမြင့် ပလာဇာ တစ်ခု ပြိုကျ၍ လူပေါင်း ရာချီ သေဆုံး
Wednesday, April 24, 2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော် အပြင်ဘက်မှာရှိတဲ့ (၈) ထပ် အဆောက်အဦး ပလာဇာ တစ်ခု ဒီနေ့ မနက်က ပြိုကျရာမှာ လူတွေ အများအပြား သေဆုံးသွားပြီး အခုအချိန်ထိတော့ အလောင်း ၈၀ ခန့် ရှာဖွေ ရရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ စုစုပေါင်း ၃၀၀ ကျော်ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး နီးစပ်ရာ ဆေးရုံတွေမှာ တင်ထားရတယ်လို့ ပြောပါတယ်။

အဲဒီ အဆောက်အဦးမှာ လူပေါင်း ၅၀၀၀ ခန့် အလုပ် လုပ်ပြီး တိုက်ပြိုကျတဲ့ အချိန်မှာ လူပေါင်း ၁၅၀၀ ခန့် ရှိနိုင်တယ်လို့ သက်ဆိုင်ရာက ခန့်မှန်း ပြောဆိုပါတယ်။

နံနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်ပြိုကျတာ ဖြစ်ပြီး အခုအချိန်ထိ နေ့လည် ၂ နာရီထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတုန်း ဖြစ်ပါတယ်။ ပိတ်မိနေတဲ့သူ အများအပြားကို ရှာဖွေ ကယ်ထုတ်နေရတုန်း ဖြစ်ပါတယ်။

အဲဒီ အဆောက်အဦးမှာ အောက်ထပ်တွေကိုတော့ Shopping Center ဖွင့်လှစ်ထားပြီး ဈေးဆိုင်တွေ၊ ဘဏ်တွေ ရှိတယ်လို့ ဆိုပါတယ်။ အပေါ်ထပ်တွေမှာတော့ အတည်ချုပ် လုပ်ငန်း Garment ရှိတယ်လို့ သိရပါတယ်။

မနက် ၈ နာရီကျော် အလုပ်သမား အများစု မရောက်ခင်မှာ ပြိုကျတဲ့ အတွက် အများစုဟာ သေဘေးက လွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။

ချက်ချင်းဆိုသလိုဘဲ ပြည်ထဲရေး ၀န်ကြီးရောက်ရှိလာပြီး တိုက်ပြိုကျတာကို လာကြည့်ခဲ့ပါတယ်။ စစ်သားတွေ၊ ရဲတွေ၊ မီးသတ်တွေနဲ့ ပြည်သူလူထုတွေ ပူးပေါင်းပြီး လူတွေကို ကယ်ထုတ်နေတာကို ရုပ်သံလိုင်းတွေက ဆက်တိုက် ထုတ်လွှင့် ပြသနေပါတယ်။ သေဆုံးသူတွေဟာ လူငယ်တွေများကြတာကို တွေ့ရပါတယ်။

အဲဒီ အဆောက်အဦးဟာ Rana Plaza ဖြစ်ပြီး နာမည်ကြီး ပလာဇာ ဖြစ်ပါတယ်။ မနေ့ကတည်းက တိုက်ဟာ တုန်ခါမူတွေ ရှိနေတဲ့ လူတွေကို အဲဒီ အဆောက်အဦးကို မလာကြဖို့ သတိပေးထားပေမယ့် အရေးမစိုက်ရာကနေ ခုလို ၀မ်းနည်းဖွယ်ရာ အဖြစ်နဲ့ ကြုံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အချိန်ကြာလာတာနဲ့ အမျှ သေဆုံးသူတွေကို ဆက်လက် ရှာဖွေ ရရှိနေတုန်း ဖြစ်တဲ့ အတွက် သေဆုံးသူ အရေအတွက်ဟာ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
narinjara/Myanmar Online News

Wednesday, April 24, 2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော် အပြင်ဘက်မှာရှိတဲ့ (၈) ထပ် အဆောက်အဦး ပလာဇာ တစ်ခု ဒီနေ့ မနက်က ပြိုကျရာမှာ လူတွေ အများအပြား သေဆုံးသွားပြီး အခုအချိန်ထိတော့ အလောင်း ၈၀ ခန့် ရှာဖွေ ရရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ဒဏ်ရာရသူစုစုပေါင်း၃၀၀ ကျော်ကိုတော့ကယ်တင်နိုင်ခဲ့ပြီး နီးစပ်ရာ ဆေး
ရုံတွေမှာ တင်ထားရတယ်လို့ ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်းများနှင့် ပါတ်သက်၍ ထပ်မံအသိ ပေးကြေငြာချက်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်းများနှင့် ပါတ်သက်၍ ထပ်မံအသိပေးကြေငြာချက်

ဧပြီလ ၂၄ရက်နေ့၊ ၂၀၁၃ခုနှစ်

Posted From မြ၀တီ သတင်းစာ

ဧပြီလ ၂၄ရက်နေ့၊ ၂၀၁၃ခုနှစ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်းများနှင့် ပါတ်သက်၍ ထပ်မံအသိ
ပေးကြေငြာချက်ထုတ်ပြန်ထားကြောင်းသတင်းရရှိသည်။

နေပြည်တော်တွင်ထားရှိသော ဆင်ဖြူရတနာ ဟေမဝတီမှ ဆင်ငယ်မွေးဖွား

ဆင်ဖြူရတနာ ဟေမဝတီမှ ဆင်ငယ်မွေးဖွား

နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေ ရတနာဆင်ဖြူတော်ဆောင်
၌ ဧပြီ ၁၉ ရက် ည ၈ နာရီ ၁၅ မိနစ် ခန့်က သတ္တမမြောက် ဆင်ဖြူရတနာ
ဟေမဝတီမှ ဆင်ငယ်တစ်စီးကို မွေးဖွား ခဲ့သည်။

သတ္တမမြောက် ဆင်ဖြူရတနာ ဟေမဝတီသည် ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲ အလယ်ကျေးရွာအုပ်စုအနီး၌ ၂ဝ၁၁
ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ပေါ် ထွန်းခဲ့သည်။ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ဝတ္ထုကံမြေ ရတနာဆင်ဖြူ တော်ဆောင်သို့ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်တွင် ရောက်ရှိခဲ့သည်။

ပေါ် ထွန်းစဉ်ကပင် တောတွင်းမှ သန္ဓေတည် လာနိုင်ကြောင်း ဆင်ဆေးကုဆရာဝန် ဒေါက်တာဝမ်ထွန်းနှင့်အဖွဲ့က သုံးသပ်
သဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး လိုအပ်သော စစ်ဆေးစမ်းသပ်မှု များဆောင်ရွက်ခဲ့သည်။ 

ခန့်မှန်းကိုယ်ဝန် ၂၂ လခန့်တွင် ယခုဆင်ငယ်ကို မွေးဖွား ခဲ့ခြင်းဖြစ်သည်။
မွေးဖွားလာသောဆင်ငယ်မှာ အထီး ဖြစ်ပြီး ကိုယ်ခန္ဓာအမည်းရောင်၊ မျက်လုံး
အနက်ရောင်၊ အမြီး တံခါးပိတ်၊ နားလတ်၊ ငှက်ပျောကိုင်းပုံကျောကုန်း၊ ရှေ့
ခြေသည်းငါးခု၊ နောက်ခြေသည်းလေးခု၊ အရပ်အမြင့် ၂ ပေ ၉ လက်မ၊ ခန္ဓာ
ကိုယ်လုံးပတ် ၃ ပေ ၇ လက်မရှိသည်။

ဆင်ငယ်မှာ မိခင်နို့ရည်ကို စတင် သောက်စို့လျက်ရှိပြီး မိခင်ဆင်မကြီးနှင့်
ဆင်ငယ်တို့မှာ ကောင်းစွာကျန်းမာ လျက်ရှိသည်။

အောက်ပါ Link တွင် မြဝတီ ပြည်တွင်း သတင်းများအား ဖတ်ရှုနိုင်ပါသည်။


http://bit.ly/XaetZN

နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေ ရတနာဆင်ဖြူတော်ဆောင်၌ ဧပြီ ၁၉ ရက် ည ၈ နာရီ ၁၅ မိနစ် ခန့်က သတ္တမမြောက် ဆင်ဖြူရတနာဟေမဝတီမှ ဆင်ငယ်တစ်စီးကို မွေးဖွား ခဲ့သည်။

ရေပိုင်နက်အငြင်းပွားမှု တရုတ်-ဂျပန် တင်းမာမှုဖြစ်

ဧပြီ-၂၄
တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ အရှေ့တရုတ် သမုဒ္ဒရာအတွင်းက ကျွန်းတန်းအနီးကို သင်္ဘောအုပ်စု တစု စေလွှတ်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရက ဂျပန်နိုင်ငံမှာရှိတဲ့ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက် ခဲ့ပါတယ်။ တရုတ်ရေတပ် အစောင့်သင်္ဘော ၈ စင်းဟာ အင်္ဂါနေ့ မနက်ပိုင်းက ၂ နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေအနီးကို ၀င်ရောက်လာတာ ဖြစ်တယ်လို့ ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။ အဲ့ဒီ ကျွန်းတွေပေါ်မှာ လူနေ ထိုင်ခြင်းတော့ မရှိပါဘူး။

လာမယ့် တနင်္ဂနွေနေ့ကစပြီးရန်ကုန်ဒလ ကူးတို့ခ နှစ်ဆတက်မည်

ရန်ကုန်ဒလ ကူးတို့ခ နှစ်ဆတက်
Wednesday, April 24, 2013


ဒလ-ရန်ကုန် ကူးနေတဲ့ သင်္ဘောစီးခရီးသည်တွေ စိတ်ညစ်ရမယ့် သတင်းတခု ရှိနေပါတယ်။ အဲဒါကတော့  လာမယ့် တနင်္ဂနွေနေ့ကစပြီး သင်္ဘောစီးခ နှစ်ဆ တက်တော့မယ် ဆိုတာပါပဲ။

ဈေးနှုန်းအပြောင်းအလဲ ကြေညာချက်ကို  သင်္ဘောဆိပ်မှာကပ်ထားတာ တွေ့ရပါတယ်။

ဝန်ဆောင်မှုညံ့ဖျင်းတယ်လို့ ခရီးသွားပြည်သူတွေကြားမှာ ကျော်ကြားတဲ့ ဒလ-ရန်ကုန် ကူးတို့ သင်္ဘောကို တခါတရံမှ စီးသူတွေအတွက်တော့ အခုလို ဈေးနှုန်းအပြောင်းအလဲက ဂရုစိုက်စရာ မဟုတ်ပါဘူး။

သို့သော်လည်း နေ့တိုင်း စီးနေ ကူးနေသူများအတွက်တော့ ခရီးသွား ကုန်ကျစရိတ် နှစ်ဆ တက်သွားတာကို ဂရုစိုက်စရာပါ။
 
“အရင် ၁ဝ ကနေ ၅ဝ ကို ပြောင်းတုန်းကတော့ နိုင်ငံတော်က လောင်စာဆီဈေးနူန်း တွေမြှင့်တက်လာ ပေမယ့် လူစီးခနူန်းတွေကို မတိုးဘဲ
အရှုံးခံပြေး ဆွဲခဲ့ တယ်လို့ပြောတာ မှတ်မိတယ်။
နောက်မှ ၅၀ တိုးပြီး သတ် မှတ်လိုက်တာဖြစ်တယ် ဆိုတဲ့အကြောင်းကို လူကြားကောင်းအောင်ကြေညာပြီး ဈေးနူန်းပြောင်းလိုက်တာကို မှတ်မိတယ်ဗျ” လို့  ရန်ကုန်-ဒလ ကူးတို့ သင်္ဘောစီးသူ ကိုနိုင်ထူးကဆိုပါတယ်။ 

သူက “အခုလည်း ဘယ်လို အရှုံးခံထားရတာကြောင့်ဆိုတာမျိုး ပြောဦးမယ် မသိဘူး၊ မြန်မာပြည်မှာ လူတွေဆီကငွေကိုပဲ တိုးတောင်းနေပြီး ၀န်ဆောင်မှုကတော့ တော်တော်ညံ့တဲ့ နေရာတွေချည်းပဲ။ ဒီသင်္ဘောတွေက အတော်လေးစုတ်နေပြီ၊ ဆေးတောင် မတတ်သာလို့သုတ်နေကြတဲ့ပုံပဲ၊
သင်္ဘောပေါ်မှာလည်း အမြဲတမ်း အမှိုက်တွေနဲ့ပြည့်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

သူက သင်္ဘောဝန်ထမ်းများနဲ့ ပတ်သက်ပြီး ပြောစရာတွေ ရှိနေပါသေးတယ်။

“သင်္ဘောပေါ်မှာ ဈေးမရောင်းရဆိုတဲ့စာတန်းတွေကို တွေ့ရပေမယ့် ၀န်ထမ်းတွေက ပိုက်ဆံကောက်ပြီး အောက်ဆိုဒ်ရှာတဲ့သဘောနဲ့ ဈေးသည်တွေကိုခွင့်ပြုထားတာကိုလည်း အမြဲတွေ့နေရာတယ်။
အောက် ခြေ၀န်ထမ်းတွေကဒီလိုနည်းနဲ့ ပိုက်ဆံရှာနေကြတယ်။ နောက်ပြီး လက်မှတ်ကိုမပေးဘဲ လူတွေဆီက ပိုက်ဆံတွေယူခဲ့ကြတဲ့နှစ်တွေကလည်း မနည်းဘူးဗျ၊
လူတွေကလည်း ၅၀ ဆိုတဲ့ငွေနဲ့ စကား မများချင်တာနဲ့ လတ်မှတ်တောင်းတာမျိုးကို မလုပ်ကြဘူး။
ကျွန်တော်ဆို အရင်က သင်္ဘောစီးတိုင်း လက်မှတ်မရဘူး၊  အခုနောက်ပိုင်းသူတို့ လတ်မှတ် မပေးရင်တောင်းတယ်” လို့ သူက ဆိုပါတယ်။  
ဈေးအပြောင်းအလဲကြောင့် လူငယ်အလုပ်သမားတစ်ဦးက စိတ်မသက်မသာ ဖြစ်နေပါတယ် - 

“ကျွန်တော်တို့က ရန်ကုန်မှာ နေ့စားအလုပ်သမားတွေအနေနဲ့ အလုပ်သွားလုပ်ကြတာနေတိုင်း ဒလ နဲ့ ရန်ကုန်ကို အသွား အပြန် လုပ်နေရတာ။
 အခု  ဈေးနူန်းတွေတက်တော့မယ်ဆိုတော့ စိတ်ညစ်သွားတယ် ဗျ၊
ရတဲ့ပိုက်ဆံနဲ့က တစ်နေ့တစ်နေ့ မလောက်တဲ့ကြားထဲမှာဗျာ…တစ်လ ကို ငါးထောင်ကျော်၊ ခြောက်ထောင်လောက်ကုန်မှာ ဗျ”
လို့ လူငယ်အလုပ်သမားတစ်ဦးက ဈေးနူန်းတက်တဲ့အပေါ်မှာ သူ့ရဲ့ အဆင်မပြေမှုကိုပြောပါတယ်။

ဈေးနူန်းတက်ရတဲ့အတွက် သက်ဆိုင်ရာတို့ဆီမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေတော့ ရှိမှာ အသေအချာပါပဲ။

ရွက်စိမ်း 
ဧရာဝတီ


Wednesday, April 24, 2013
ဒလ-ရန်ကုန် ကူးနေတဲ့ သင်္ဘောစီးခရီးသည်တွေ စိတ်ညစ်ရမယ့် သတင်းတခု ရှိနေပါတယ်။ အဲဒါကတော့ လာမယ့် တနင်္ဂနွေနေ့ကစပြီး သင်္ဘောစီးခ နှစ်ဆ တက်တော့မယ် ဆိုတာပါပဲ။ဈေးနှုန်းအပြောင်းအလဲ ကြေ

ညာချက်ကို သင်္ဘောဆိပ်မှာကပ်ထားတာ တွေ့ရပါတယ်။ ၀န်ဆောင်မှုညံ့ဖျင်းတယ်လို့ ခရီးသွားပြည်သူတွေ
ကြားမှာ ကျော်ကြားတဲ့ ဒလ-ရန်ကုန် ကူးတို့ သင်္ဘောကိုတခါတရံမှစီးသူတွေအတွက်တော့ အခုလို ဈေးနှုန်း
အပြောင်းအလဲက ဂရုစိုက်စရာ မဟုတ်ပါဘူး။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဘရူနိုင်း နိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိမည်

Wednesday,April24,2013

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဘရူးနိုင်း နိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ အချိန် တွင် ရောက်ရှိမည် ဖြစ်ကြောင်းဘရူးနိုင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ကြောင်း ဘရူးနိုင်ငံသို့ သတင်းရယူရန် ရောက်ရှိနေသော Eleven Media Group မှ ကိုနေထွန်းနိုင်က သတင်းပေးပို့ခဲ့ပါသည်။

ဧရာဝတီမြစ် အတွင်း ပြေးဆွဲရန် အပျော်စီးသင်္ဘောတစ်စင်း တည်ဆောက်မည်

ရန်ကုန် ၊ ၂၄-၄-၂၀၁၃

၂၀၁၄ ခုနှစ်တွင် ဧရာဝတီမြစ် အတွင်း၌ အပျော်စီး သင်္ဘောအဖြစ် ပြေးဆွဲနိုင်ရန် အတွက် အမေရိကန် အခြေစိုက် Amawaterways အပျော်စီး သင်္ဘော ကုမ္ပဏီ မှ ခရီးသည် ၇၆ ဦး လိုက်ပါနိုင်သည့် သင်္ဘော တစ်စင်း အား တည်ဆောက် သွားမည်ဟု သိရသည်။ အမေရိကန် အခြေစိုက် Amawaterways နှင့် မြန်မာနိုင်ငံမှ ပူးပေါင်း ပါဝင်သော ကုမ္ပဏီမှာ Ayravata Cruises ဖြစ်ပြီး တည်ဆောက်မည့် သင်္ဘော အမည်ကို အမရပူရ ဟု အမည် ပေးထားကြောင်း သိရသည်။

UEFA ချန်ပီယံလိဂ် ဆီးမီး ဖိုင်နယ် ပထမပွဲရဲ့ ပထမ အကျော့မှာ ဂျာမဏီမှ ဘိုင်ယန်မြူးနစ်က စပိန်မှ ဘာစီလိုးနားကို ၄ ဂိုး ဂိုး မရှိဖြင့်အနိုင်ရ

၂၃.၀၄.၂၀၁၃

UEFA ချန်ပီယံလိဂ် ဆီးမီး ဖိုင်နယ် ပထမပွဲရဲ့ ပထမ အကျော့မှာ 

ဂျာမဏီမှ ဘိုင်ယန်မြူးနစ်က စပိန်မှ ဘာစီလိုးနားကို ၄ ဂိုး ဂိုး မရှိနဲ့ အနိုင် ရရှိသွား ပါတယ်။

Bayern Munich 4 - 0 Barcelona

ဒုတိယအကျော့ ပွဲကိုတော့ စပိန် ဘာစီကွင်းမှာ မေလ ၁ ရက်နေ့ ကစား မှာ ဖြစ်ပါတယ်။

မနက်ဖြန် ၂၄ ရက်နေ့ မှာတော့ ဆီးမီး ဒုတိယပွဲ အဖြစ် ဂျာမဏီ မှာပဲ ဒေါ့တ်မွန်း အသင်းက စပိန်က ရီယဲလ် မက်ဒရစ်ကို လက်ခံ ကစားမှာ ဖြစ်ပါတယ်။

UEFA ချန်ပီယံလိဂ် ဆီးမီး ဖိုင်နယ် ပထမပွဲရဲ့ ပထမ အကျော့မှာ ဂျာမဏီမှ ဘိုင်ယန်မြူးနစ်က စပိန်မှ ဘာစီ
လိုးနားကို ၄ ဂိုး ဂိုး မရှိနဲ့ အနိုင် ရရှိသွား ပါတယ်။Bayern Munich 4 - 0 Barcelona ဒုတိယအကျော့ ပွဲကိုတော့ စပိန် ဘာစီကွင်းမှာ မေလ ၁ ရက်နေ့ ကစား မှာ ဖြစ်ပါတယ်။