Pages

Tuesday, April 23, 2013

ဘားအံမြို့တွင်ပြုလုပ်ခဲ့သည့် တရားပွဲ၌ ဘာသာရေးမုန်းတီးမှု တရားများဟောကြားခဲ့

ဘားအံမြို့တွင်ပြုလုပ်ခဲ့သည့် တရားပွဲ၌ ဘာသာရေးမုန်းတီးမှု တရားများဟောကြားခဲ့
=============
ဧပြီ ၂၃၊ ၂၀၁၃
M-Media
ဇွဲကပင်သား

ဘားအံ ။         ။   ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ဦးဝီရသူ၏ တရားဟောပွဲပြုလုပ်ခဲ့သော်လည်း တရားပွဲတွင် ဘာသာရေးမုန်းတီးမှု တရားများသာ ဟောကြားခဲ့ပြီး ယင်းတရားပွဲအား ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ည(၇)နာရီ (၉)နာရီထိ ၃-ရက်တိုင် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တရားပွဲ လော်စပီကာဖြင့် ထုတ်လွှင့်ခဲသောကြောင့် တရားပွဲကျင်းပရာ အနီးနား ရပ်ကွက်ရှိ နေထိုင်သူများအားလုံး ကြားခဲ့ရကြောင်း သိရပါသည်။ 
 
အဆိုပါပွဲတွင် တရားတော်များကို ဟောကြားခြင်းထက် သူတစ်ပါးရဲ့ ဘာသာ သာသနာကို စော်ကားပြီး ပြောကြားသွားခဲ့သည်။ တရားပွဲတွင်  ဦးဝီရသူမှ ပြောကြားခဲ့သည်များထဲမှ ကြားသိခဲ့ရသည့် ဘားအံမြို့ခံများက ဦးဝီရသူပြောကြားခဲ့သည့်အတိုင်း ပြန်လည်ပြောပြလာပါတယ်။

ဦးဝီရသူပြောကြားခဲ့သည့် မုန်းတီးရေးတရားများမှာ -

(၁)  ဗလီဆိုတာ ရန်သူ့အဆောက်အအုံဖြစ်တယ်။ ဒါကြောင့် ဗလီကိုဖြိုတာဟာ ရန်သူ့အဆောက်အအုံကို ဖြိုချခြင်းဖြစ်လို့ ငရဲမကြီးပါဘူး။

(၂)  မွတ်စလင်မ်ကုလားတစ်ယောက်ဟာ ဗမာမိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်နိုင်ရင် မြင့်မြတ်ခြင်းကို ရတယ်။

(၃)  ရိုဟင်ဂျာတွေကိစ္စမှာ သမ္မတကြီးဟာ ပြတ်သားစွာရပ်တည်ပေးခဲ့အတွက် အလွန်လေးစားဖို့ကောင်းတဲ့ပုဂ္ဂိုလ်ပါပဲ။ အများက ခေါ်ခေါ်နေတဲ့ အမေစုဟာ ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ။ ဒါကြောင့် သမ္မတကြီးအတွက် ဆုတောင်းပွဲတွေကို မန္တလေးတစ်ခွင်မှာ ကျင်းပခဲ့ကြတယ်။

(၄)  မဆီမဆိုင် ပဲခူးမှာ ဗလီတွေလိုက်ဖျက်ကြတဲ့ ဗမာတွေကို ဦးဇင်းရှက်မိတယ်။ မဆီမဆိုင် လိုက်လုပ်ကြတဲ့အတွက် မတရားမှုပါပဲ။ ဦးဇင်း အလွန်ပဲရှက်မိတယ်။ 

(၅)  မြန်မာနိုင်ငံမှာလည်းနေသေးတယ်။ ဝက်သားလည်း မစားကြဘူး။ မြန်မာနိုင်ငံမှာ ဝက်သားပဲရတာလေ။ ကုလားတွေ ဝက်သားစားကြပေါ့။ ဝက်သားတော့ဖြင့် မစားကြဘူး။ ဝက်သားစားတဲ့ ပါးစပ်တွေရှိတဲ့ ဗမာမိန်းကလေးတွေကိုတော့ ငမ်းငမ်းတက်ဖြစ်နေကြတယ်။ ဦးဇင်းတို့က သူတို့ကို ဘယ်လိုနားလည်ပေးရမတုန်း။

(၆)  မွတ်စလင်မ်ကုလားမတွေကဆိုရင် တကိုယ်လုံးကိုခြုံပြီးနေကြတာ။ တချို့ဆို မျက်နှာတွေမျက်လုံးတွေကိုပါ ပိတ်နေရတာ။ ရာသီဥတုပူတဲ့အချိန်ဆို ငရဲကျသလိုပါပဲ။ ဦးဇင်းတို့ မြန်မာအမျိုးသမီးတွေကိုများ သူတို့က မယဉ်ကျေးဘူးပြောသေးတယ်။ လွတ်လပ်ခွင့်ရှိတဲ့ တို့သာသနာကို တို့ပိုင်ဆိုင်ထားတာ ကံမကောင်းပေဘူးလားဟေ့။

(၇)  NLD မှာ ကြည့်လိုက်ရင်လည်း မုတ်ဆိတ်တကားကားနဲ့ တိုက်ပုံဝတ်တဲ့ကုလားတွေကလည်း ရှိသေး။ ကြည့်လိုက်ရင် ဆိတ်သိုးတွေလိုပဲ သိပ်ရွံစရာကောင်းတယ်။ မဝတ်တတ်တော့ အကျီင်္ကို ဟိုဆွဲချ ဒီဆွဲချနဲ့ လုံးဝပုံမကျလှဘူး။

(၈)  မြန်မာအမျိုးသမီးတစ်ယောက်ဆိုရင် ကုလားတစ်ယောက်ကို ကြိုက်လွန်းလို့ သဘောမတူတဲ့ ကိုယ့်မိဘကိုတောင် အဆိပ်ခပ်သတ်ပြီး ဘုရားပုံတော်ကို ခြေနဲ့နင်းလို့ ကုလားတွေက သူတို့ဘာသာထဲ ပြောင်းခိုင်းခဲ့တာကို ခံခဲ့ရတယ်။ 

(၉)  မိတ္ထီလာလို လူညီဖို့လိုတယ်နော။ ကရင်ပြည်နယ်ကို ကုလားပြည်နယ် ဖြစ်ချင်သလားဟေ့။ 

(၁၀)  ဦးဇင်းကို Facebook မှာ တိုက်ခိုက်သူတွေအများကြီးပဲ။ ဦးဇင်းက သောက်ဂရုမစိုက်ပါဘူး။ ဦးဇင်းက သာသနာ့အာဇာနည်တစ်ယောက်ပါ။

(၁၁)  ငမဲတွေကိုကြောက်စရာမလိုဘူး။ ကုလားတွေအကုန်လုံးက မြန်မာတွေကိုမြင်ရင် ခေါင်းငုံ့သွားစေရမယ်။

(၁၂)  ကုလားတွေက နောက်ဆုံးမရတော့မှ ဦးဇင်းဆီ လာဆွေးနွေးကြတယ်။ ကုလားတွေနဲ့ သွားမပတ်သက်မိစေနဲ့။ ကိုယ်ပါ အလိုလိုရိုင်းသွားလိမ့်မယ်။


ယင်းတရားပွဲ၌ ယခုကဲ့သို့သော စကားလုံးများသုံးနှုန်း၍ ဦးဝီရသူပြောကြားသွားသည်မှာ သာမန် ဘုန်းတော်ကြီးများ တရားဟောကြားသည့်ပုံစံ မဟုတ်ကြောင်း၊ စကားပြောသည့် ပုံစံလည်း မူမမှန်ကြောင်း၊ ၃-ညတိုင်တိုင်ပြောသည့် စကားများဟာလည်း တစ်ခုနှင့်တစ်ခု အဆက်အစပ်မဲ့ပြီး တရားပွဲဟု အမည်ခံထားသော်လည်း ဘာသာရေးမုန်းတီးမှုလှုံ့ဆော်ပွဲသက်သက်သာဖြစ်ကြောင်း၊ စကားပြောရာတွင်လည်း လျှာလိပ်နေတဲ့အ သံတွေဟာလည်း တားမြစ်ဆေးဝါး တစ်ခုခုသုံးစွဲထားပြီး စကားပြောသည့် လူတစ်ဦးကဲ့သို့သာဖြစ်နေကြောင်းကိုလည်း ဘားအံမြို့ခံတစ်ဦးမှလည်း ပြောပြလာပါတယ်။

ဓါတ်ပုံ- FB မှ ရပါသည်။ 
ဓါတ်ပုံအညွန်း - ၉၆၉ အဖွဲ့ဝင်များ ဦးဝီရသူနဲ့ တွေ့ဆုံစဉ်
ဓါတ်ပုံအညွန်း - ၉၆၉ အဖွဲ့ဝင်များ ဦးဝီရသူနဲ့ တွေ့ဆုံစဉ်
ဧပြီ ၂၃၊ ၂၀၁၃
ဘားအံ ။ ။ ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ဦးဝီရသူ၏ တရားဟောပွဲပြုလုပ်ခဲ့သော်လည်း တရားပွဲတွင် ဘာသာရေးမုန်းတီးမှု တရားများသာ ဟောကြားခဲ့ပြီး ယင်းတရားပွဲအား ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ည(၇)နာရီ (၉)နာရီထိ ၃-ရက်တိုင် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တရားပွဲ လော်စပီကာဖြင့် ထုတ်လွှင့်ခဲသောကြောင့် တရားပွဲကျင်းပရာ အနီးနား ရပ်ကွက်ရှိ နေထိုင်သူများအားလုံး ကြားခဲ့ရကြောင်း သိရပါသည်။

CDMA-800 တယ်လီဖုန်း မဲပေါက်သူတစ်ချို့ အမြတ်ဖြင့်ပြန်ရောင်းသူတွေရှိနေ သည်ဟုဆို

မုံရွာမြို့တွင် ယနေ့ CDMA-800 တယ်လီဖုန်းများကို ယနေ့ နေ့လည်ပိုင်းက မဲပေါက်သူများစာရင်းကို မုံရွာမြို့ မြို့တော်ခန်းတွင် ကြေငြောပေးထားကြောင်းသိရပြီး မဲပေါက်သူတစ်ချို့ကလည်း အမြတ်ဖြင့်ပြန်ရောင်းသူတွေရှိတယ်လို့ မုံရွာမြို့ ခံတစ်ဦးကဆိုပါတယ်။

ဒဂုံတက္ကသိုလ် ဝန်ထမ်းများအတွက် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၄၁၉ ခု မဲချပေးမည်

ဧပြီ ၂၃ ရက် ၂၀၁၃

ဒဂုံတက္ကသိုလ်ရှိ အမြဲတမ်း ဝန်ထမ်းများအတွက် ပထမ အသုတ် အနေဖြင့် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၄၁၉ ခုကို မဲနှိုက် ရောင်းချပေးမည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ဝန်ထမ်းများ ထံမှ သိရသည်။
ဒဂုံတက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများမှ စာရေး အဆင့်အထိ အမြဲတမ်း ဝန်ထမ်း ၁,၆၄၅ ဦးရှိ၍ လေးဦးခန့်လျှင် တခုကျ မဲပေါက်မည် ဖြစ်သည်။

လှိုင်သာယာတွင် အိမ်ရှေ့ ကွန်ကရစ်လမ်းရာမှ စကားများပြီး ဝိုင်းပြိး ရိုက်နှက် ဖျက်ဆီးမှု့ဖြစ်ပွား

ဧပြီ ၂၃၊ ၂၀၁၃
ရန်ကုန် ။ ။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားအိမ်ယာတွင် အိမ်ရှေ့လမ်းခင်းရာမှ စကားများပြီး မွတ်စလင်မ် မိသားစုကို ၀ိုင်းဝန်းရိုက်နှက်ပြီး အိမ်ကို ညနေ (၅)နာရီဝန်းကျင်ခန့်က ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။ ယင်းဖြစ်စဉ်အား M-Media မှ လှိုင်သာယာ ကျန်စစ်သားရပ်ကွက်သို့ ဆက်သွယ်မေးမြန်းရာ - "မွတ်စလင်မ်က ဆိုင်ဖွင့်ထားတာ သူတို့က ဈေး shop house မှာနေတာ။

မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှု ဖြစ်သွားချင်လားဟု ခြိမ်းခြောက်ခံရ

မတ်လအတွင်းက မိတ္ထီလာမြို့ အကြမ်းဖက်သတ်ဖြတ်မှုများအပြီးတွင် ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ပဲခူးတိုင်းအနောက်ခြမ်း မြို့များမှ တစ်မြို့အပါအ၀င်ဖြစ်သည့် မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှုဖြစ်စေရန် ယနေ့ ညနေပိုင်းက ခြိမ်းခြောက်ခံရမှုကြောင့် မြို့ခံ မွတ်စလင်မ်တချို့ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်း ၀င်းအတွင်းရှိ ငွေလမင်း သံပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင်ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်း ၀င်းအတွင်းရှိငွေလမင်း သံပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် ဧပြီလ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် ၁၄ နှစ်အရွယ် ကလေးတစ်ဦး အပါအ၀င် သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်းစော်ဘွားကြီးကုန်းဝင်းအတွင်းရှိ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မလေးရှားတွင် မြန်မာတစ်ဦး ပစ်သတ်ခံရ

မလေးရှားနိုင်ငံ ဘူကစ်မာတဂျန် တွင် အသက် ၄၃ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦး ဧပြီလ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် ခံခဲ့ရကြောင်း မလေးရှားနိုင်ငံက သတင်းများတွင်ဖော်ပြသည်။ဘူကစ်မာတဂျရှိ ဂျလန်းပါမတ် တန်ဘတ်က မီးပွိုင့်တွင် ကားရပ်ထားစဉ် သေနတ်သမားတစ်ဦးက လာရောက် ပစ်ခတ်ခြင်း ဖြစ်ပြီး သေနတ်ဖြင့်လေးချက် ပစ်ခတ်ခံရပြီး ဘူကစ်မာတဂျန် ဆေးရုံမရောက်မီ သေဆုံးခဲ့ကြောင်း The Star Online တွင် ဖော်ပြသည်။

""လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ""

""လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ""	
	
	လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက်ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်း မာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်းစွာဖြစ်ပေါ်လာေ စနိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက် ကို သတိပြုရန်လိုအပ်ပေသည်။

(၁) လိင်ဆက်ဆံခြင်းသည် သင့်ကိုယ်အလေး ချိန်ကို ကျဆင်းစေအောင် ရပ်ပေးနိုင်သည်။လိင်ဆက်ဆံခြင်းအချိန် နာရီဝက်ခန့်အ တွင်း ကယ်လိုရီ ၇၅ မှ ၁၅ဝ အထိကို လောင် ကျွမ်းကုန်ဆုံးစေနိုင်ကြောင်း သတိပြုရန်လိုအပ် သည်။ နာရီဝက်လမ်းလျှောက်ခြင်းသည် (၁၅၃) ကယ်လိုရီ၊ ကခုန်ခြင်းသည် (၁၂၉) ကယ်လိုရီ ဖြင့် နှိုင်းယှဉ်လျှင် 
ကျန်းမာစေရန် အထောက် အကူတစ်ခုဖြစ်သည်။

(၂) နှလုံးသွေးလှည့်ပတ်မှုကို အားကောင်းစေ သည်။
	ကျန်းမာသောအစာစားခြင်း၊ ကော်လက် စထရောများ စစ်ဆေးပေးခြင်းဖြင့် နှလုံးကို ထိန်းသိမ်းနိုင်သကဲ့သို့ လိင်ဆက်ဆံခြင်းသည် နှလုံးအတွင်း အကောင်းဆုံးသွေးလှည့်ပတ်စီး ဆင်းခြင်းများ ဖြစ်စေသည်ကို အထူးသတိပြု ရန်လိုသည်။

(၃) အိပ်ပျော်ခြင်းကို ပိုဖြစ်စေသည်။
	တစ်ပတ်တွင် (+) ကြိမ် လိင်ဆက်ဆံခြင်း ဖြင့် ကိုယ်ခံအားစနစ် ၃ဝ ရာခိုင်နှုန်းအထိကို မြှင့်တင်စေပြီး အိပ်ပျော်မှုကို ပို၍ကောင်းစေ သည်။

(၄) ကိုယ်လက်ကိုက်ခဲမှုကို လျှော့ချစေနိုင် သည်။
	လိင်ဆက်ဆံနေစဉ်အတွင်း စစ်ထုတ်လိုက် သော (Oxytocin) ဟိုမုန်းသည် ခေါင်းကိုက် ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းကို လျော့ကျစေ သော ဓာတ်ပစ္စည်းဖြစ်သည်။

(၅) ဆီးအိမ်ထိန်းသိမ်းမှုစွမ်းအားပိုကောင်း
	ဆီးအိမ်၏ ကြွက်သားများ ကျုံ့ထားနိုင်စွမ်း ကို ပို၍ကောင်းအောင်ပြုလုပ်ပေးနိုင်စွမ်းကို ပို ဆောင်ရွက်ပေးသည်ဟု မှတ်ချက်ပြုထားကြ သည်။

(၆) စိတ်ကျန်းမာရေးကိုပါ တိုးတက်စေသည်။
	စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျဆင်း နေ သူများအတွက် ကုသမှုမှာ လိင်ဆက်ဆံခြင်းဟု ပင် အကြံပြုထားသည်။

(၇) အရေပြားကျန်းမာရေးအတွက်အကောင်း ဆုံး
	စစ်ထုတ်ပေးလိုက်သော ဟိုမုန်းကြောင့် ကိုယ်ခံအားစနစ်ပိုကောင်းလာပြီး ကိုယ်အရေ ပြား လှပစိုပြည်နိုင်သည်ဟု သုတေသီများဖော် ပြကြသည်။

(၈) ကိုယ်ခံအားစနစ်ပို၍ကောင်းလာ
	ကိုယ်ခံအားစနစ်ကောင်းစေရန်နည်း လမ်းကို သင်၏ အိပ်ခန်းအတွင်း စွမ်းဆောင် နိုင်ပြီး အချိန်တိုအတွင်း ကိုယ်လက်ကြွက်သား များ လျှော့ချအနားပေးစေပြီး လွှတ်ထုတ်ပေး လိုက်သော (Testosterone) ဟိုမုန်းများမှာ အရိုးများကို ထောင့်ကန်ပေးထားသည့် ကြွက် သားများ ထိန်းထားနိုင်မှုကို ကောင်းမွန်စေ သည်။

လင်းမာန်အောင်

လူတစ်ဦးကျန်းမာရေးကောင်းသူတစ်ယောက်ဖြစ်ရန်အတွက်အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်း
မွန်စွာလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်း မာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်းစွာဖြစ်ပေါ်လာေ စနိုင်သည်။

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ် တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်
တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး

23.4.2013

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀
အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိလာ
ဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ(အမက)
ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက်
စီးခဲ့ကြောင်း၊ သပြေသာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး
ဆုံးရှုံးမှုများ ရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသည်။
ထို့ပြင်ည့ ၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးရပ်
ကွက် ဈေးကုန်းရပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်ပံ
ပင်လဲကျပြီး လူ(၂)ဦး ပိတ်မိနေကြောင်း၊ ကိုဌေးဝင်း၏နေအိမ်ရှေ့မှ ပင်စည်
လုံးပတ်(၁၂)ပေခန့်ရှိ လက်ပံပင်မှာ ကိုတင့်၊ မစမ်းရီတို့၏နေအိမ် (ကုန်စုံဆိုင်)
နှင့် ကိုထက်နိုင်၊ မနွယ်နွယ်ဦးတို့၏ လက်ဖက်ဆိုင်ပေါ်သို့လဲကျကာ ဈေးလာ
ဝယ်သည့် တစ်ရပ်ကွက်တည်းနေ မစမ်းရီ(၃၈)နှစ်နှင့် မောင်ပြည့်(၁၂)နှစ်တို့ ၂ ဦးအား သစ်ပင်အောက်တွင်ပိမိနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်နေပြည်
သူများနှင့် ပူးပေါင်းကယ်ဆယ်ခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ
ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိကြောင်းသိရှိရသည်။
ဧပြီ၂၂ ရက်နေလယ်၁နာရီ၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊အိမ်မဲမြို့နယ်
၊အဖိုက် ကျေးရွာတွင်၁၀စက္ကန့်ကြာမျှ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ လူ
/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ကျေးရွာမူလတန်းကျောင်းရှိ
ပေ(၆၀x၃၀) ကျောင်းဆောင်၏အနောက်ဘက်ခြမ်းမှ အမိုးသွပ်(၂၀)ချပ်
ခန့်ပြုတ်ထွက်ပျက်စီးပြီး စာသင်ကျောင်းအရှေ့ မျက်နှာစာမှ စင်္ကြန်တိုင်(၃)လုံးတိမ်းစောင်းကာ ဒိုင်း/မျှားအချို့ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယင်းနေ့ ညနေက နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပိတောက်ချောင်းကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သိမ်အမိုးအုတ်ကြွပ်(၁)ဘက်လန်ပြီး အမက(မူလွန်)ကျောင်းအတွင်းရှိ စိန်ပန်းမြိုင်စာသင်ဆောင် ထရံ(၁)ချပ်လန်ကာ အဆိုပါကျေးရွာနေ သက်နိုင်ဝင်း(ခ)စော်ဘွား ပါ ၃ ဦးတွင် ဒဏ်ရာများရရှိခဲ့ ကြောင်း၊ လေးကသိန်းကျေးရွာတွင် အမကကျောင်း ခေါင်မိုးတစ်ခြမ်းလန်ပြီး နေအိမ်(၆၅)လုံး၊ နွားတင်းကုပ်(၂)လုံး၊ နွားစာခြံ(၄)လုံးနှင့် စပါးကျီ(၃)လုံး ပျက်စီးခဲ့ကြောင်း၊ သော်မှော်ကုန်းကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၆)လုံးပြိုကျပြီး (၃)လုံး အမိုးလန်ခဲ့ကြောင်း၊ ကံသာအေး ကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံးပြိုကျပြီး (၁)လုံး အမိုးလန်ခဲ့ကြောင်းနှင့် ကျွန်းကုန်းကျေးရွာတွင်လည်း ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံး အမိုးလန်ခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
၎င်းအပြင် ယင်းနေ့ ၁၇၀၀ အချိန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် တန့်ယန်းမြို့၊ ရပ်ကွက်(၄)၊ မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်းရှိ အလျား(၄၅)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၂)ပေရှိ ယာယီဂိုဒေါင် သွပ်မိုး/ထရံကာ/ဗြုန်းခင်းအဆောက်အဦ ပြိုကျ ပျက်စီးခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရသည်။
Popular Myanmar News Journal

23.4.2013

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀ အချိန်က လေပြင်း တိုက်ခတ်မှု
ကြောင့်ဝမ်းတွင်းမြို့နယ်၊ရိုးစုံကျေးရွာရှိလာဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ
(အမက) ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက် စီးခဲ့ကြောင်း၊ သပြေ
သာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး ဆုံးရှုံးမှုများ ရှိကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသ
ည်။

မဘိန်းမြို့ နယ်တွင် KIA အဖွဲ့မှ အပြစ်မဲ့ပြည်သူတစ်ဦးအလောင်းအား မီးရှို့မှုဖြစ်ပွား

ဧပြီ ၂၃ ရက် ၂၀၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့ နယ်၊ ရမ်းဘိုကျေးရွာအုပ်စု ၊ စက္ကတုံးကျေးရွာအနီးတွင် ယမန်နေ့အမည်မသိ လူတစ်ဦး အား KIA အဖွဲ့တစ်ဖွဲ့မှ မီးရှို့ ခဲ့ကြောင်း ရွာခံတစ်ဦးက ပြောပြသည်။“ စက္ကတုံးရွာအပြင်နားမှာ အသက်နစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦး သေဆုံးနေတယ်ဆိုပြီး မြို့ကရဲတွေ ကျွန်တော် တို့ရွာကို ရောက်လာတယ်၊ ဒါပေမယ့် အဲဒီအလောင်းနေရာကို ရဲတွေမသွားခဲ့ပါဘူး၊

မူဆလင်များ အပေါ် အကြမ်းဖက်မှုကိစ္စ ဆွေးနွေးရန် အင်ဒိုနီးရှားသမ္မတ မြန်မာနိုင်ငံသို့ ရောက်ရှိ

မူဆလင်အပေါ် အကြမ်းဖက်မှုကိစ္စ အင်ဒိုသမ္မတ ဆွေးနွေးမည် (Mizzima)
=============
ဧပြီ ၂၃ ရက် ၂၀၁၃

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မူဆလင် ဘာသာဝင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းလိမ့်မည်ဟု ရိုက်တာ သတင်းတရပ်က ရေးသားထားသည်။

ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ က မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ လူအုပ်များ၏ မူဆလင်များအပေါ် တိုက်ခိုက်သတ်ဖြတ်မှုများမှာ ဒေသတွင်းရှိ မူဆလင်များအပေါ်လည်း သက်ရောက်မှုရှိသည်ဟု ဆိုသည်။

“ဖြစ်နိုင်တဲ့ အကောင်းဆုံးနည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ဒါရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံအတွက် ကောင်းမှာ မဟုတ်သလို မူဆလင် အများစု အင်ဒိုနီးရှန်းတွေအတွက်လည်း ကောင်းမှာ မဟုတ်ပါဘူး” ဟု သမ္မတ ယူဒိုယိုနို က မြန်မာနိုင်ငံသို့ ခရီးမဆက်မီ စင်္ကာပူနိုင်ငံတွင် ပြောဆိုသွားကြောင်း ရိုက်တာသတင်းက ဆိုသည်။

“မြန်မာ (အစိုးရ) အနေနဲ့ ဒီကိစ္စကို ဉာဏ်ပညာရှိရှိ၊ သင့်တင့်လျောက်ပတ်စွာနဲ့ တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့ ကျနော်တို့ တိုက်တွန်းအားပေးမှာပါ။ သူတို့ ဒီရည်မှန်းချက်တွေ ရောက်ရှိလာအောင် အင်ဒိုနီးရှားမှာရှိတဲ့ ကျနော်တို့က ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ” ဟုလည်း အင်ဒိုနီးရှား သမ္မတ က ပြောဆိုသည်။

မစ္စတာ ယူဒိုယိုနို မြန်မာနိုင်ငံသို့ မရောက်လာမီ တလခန့်က မိထ္ထီလာမြို့တွင် လူ ၄၃ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

အင်ဒိုသမ္မတ မြန်မာနိုင်ငံသို့ မရောက်မီ တရက်အလိုဖြစ်သည့် တနင်္လာနေ့ကလည်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က အစီရင်ခံစာတစောင် ထုတ်ပြန်ရာတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အာဏာပိုင်များနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ရိုဟင်ဂျာ မူဆလင်များအပေါ် “လူမျိုးတုန်း သုတ်သင်မှု” အဖြစ် စွပ်စွဲပြစ်တင်ထားသည်။

ဓါတ်ပုံ (ပေါ်ပြူလာ) အညွှန်း- ယနေ့မွန်းလွဲ ၁၂ နာရီ ခွဲအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ အင်ဒိုနီးရှားသမ္မတ ဒေါက်တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနှင့် ဇနီး
ဓါတ်ပုံ (ပေါ်ပြူလာ) အညွှန်း- ယနေ့မွန်းလွဲ ၁၂ နာရီ ခွဲအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ အင်ဒိုနီးရှားသမ္မတ ဒေါက်တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနှင့် ဇနီး
ဧပြီ ၂၃ ရက် ၂၀၁၃

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono)သည်သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ်မူဆလင်ဘာသာဝင်များအပေါ်အကြမ်းဖက် တိုက်ခိုက်
မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းလိမ့်မည်ဟု ရိုက်တာ သတင်းတရပ်က ရေးသားထားသည်။

မိတ္ထီလာ အကြမ်းဖက်မူ ဗီဒီယို ဖိုင်တွေကို BBC အင်္ဂလိပ်ပိုင်း အစီစဉ်မှတဆင့် ကမ္ဘာကို ထုပ်လွင့်ပြသ

ယမန်နေ့ က BBC သတင်းထောက် ဂျိုနာဖစ်ရှာ ပေးပို့တဲ့ မိတ္ထီလာ အကြမ်းဖက်မူ ဗီဒီယို ဖိုင်တွေကို  BBC  အင်္ဂလိပ်ပိုင်း အစီစဉ်မှာ ကမ္ဘာကို မီးမောင်းထိုးပြသခဲ့ပါသည် BBC သတင်းထောက် ဂျိုနာဖစ်၇ှာ ရဲ့ သတင်းပေးမူတွေမှာ အစ္စလာမ် ဘာသာဝင်တွေကို လူမျိုးတုန်းသတ်ဖြတ်နေတာ မှန်ကန်ကြောင်း ထို့ ပြင် အကြမ်းဖက်မူတွင် နိုင်ငံတော် အစိုးရ နဲ့ အာဏာပိုင်တွေပါဝင်ကြောင်းထောက်ပြခဲ့ပါသည် ၎င်းပြင် ရဲ လုံထိန်းများေ၇ှ့ တွင် အစ္စလာမ် ဘာသာဝင်များကို အ၇ှင်လတ်လတ် မီးရို့ သတ်နေတာကို ဒီတိုင် ရဲ တွေက လူစိတ်မဲ့စွာ လက်ပိုက်ကြည့်နေကြာင်းပြေားကြားခဲ့ပါသည် မီးလောင်နေသူများကို ရေ မလောင်ပေးနဲ့  မကယ်နဲ့ ဆိုပြီး ပြေားဆိုသံတွေကိုလဲ ဘာသာပြန်ထုပ်လွင့်ပြသခဲ့ပါသည် အစ္စလာမ်ဘာသာဝင် အမျိုးသမီး ကလေးသူငယ်များကို၇ိုက်နက်ပြီးအတင်းအားတမ ရဲလုံထိန်းရှေ့တွင် ၉၆၉ ဘုန်းကြီးများကို ဦးချရှီးခိုး ခိုင်ပါသည် ထိုမြင်ကွင်းများကို ရဲ တပ်ဖွဲ့ ဝင်များမှ အလိုတူအလိုဘာ အားပေးအားမြှောက်ပြုလုပ်ခဲ့ပါသည် ရဲ တပ်ဖွဲ့ ဝင်များသည် ဒုက္ခရောက်နေသော နိုင်ငံသားများကို မကာကွယ်တဲ့အပြင် အကြမ်းဖက်မူကို ရဲ တပ်ဖွဲ့ ဝင်များမှ ပါဝင်ဆင်းနွဲ့ ခဲ့ပါသည် ဒီအကြမ်းဖက်မူရဲ့ နောက်ကွယ်မှ ကြိုးကိုင်လုပ်၇ှာနေသူများကို ယခုချိန်ထိ အရေးမယူချင်းကိုလဲ ထောက်ပြခဲ့ပါသည် အကြမ်းဖက်မူကို ကျုးလွန်တဲ့  ဗုဒ္ဒဘာသာဝင် ၉၆၉ သံဃာတော် များနဲ့ အကြမ်းဖက်လူသတ်သမားတွေကိုအရေးမယူပဲ အကြမ်းဖက်ခံ၇တဲ့ အစ္စလာမ်ဘာသာဝင်တွေကို ပဲဖမ်းစီးထောင်ချနေတာကိုလဲ ဝေဖန်ခဲ့ပါသည် မြန်မာနိုင်ငံအစိုးရသည် လူမျိုးတုန်းသတ်ဖြတ်တဲ့ ရာဇ၀တ်မူကို ကျုးလွန်ထားသူဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ပါသည်


ယမန်နေ့ က BBC သတင်းထောက် ဂျိုနာဖစ်ရှာ ပေးပို့တဲ့ မိတ္ထီလာ အကြမ်းဖက်မူ ဗီဒီယို ဖိုင်တွေကို BBC အင်္ဂလိပ်ပိုင်း အစီစဉ်မှာ ကမ္ဘာကို မီးမောင်းထိုးပြသခဲ့ပါသည်။ BBC သတင်းထောက် ဂျိုနာဖစ်၇ှာ ရဲ့ သတင်း
ပေးမူတွေမှာ အစ္စလာမ် ဘာသာဝင်တွေကို လူမျိုးတုန်းသတ်ဖြတ်နေတာ မှန်ကန်ကြောင်း ထို့ ပြင် အကြမ်း
ဖက်မူတွင် နိုင်ငံတော် အစိုးရ နဲ့ အာဏာပိုင်တွေပါဝင်ကြောင်းထောက်ပြခဲ့ပါသည် ။ ၎င်းပြင် ရဲ လုံထိန်းများ
ေ၇ှ့ တွင် အစ္စလာမ် ဘာသာဝင်များကို အ၇ှင်လတ်လတ် မီးရို့ သတ်နေတာကို ဒီတိုင် ရဲ တွေက လူစိတ်မဲ့စွာ လက်ပိုက်ကြည့်နေကြာင်းပြေားကြားခဲ့ပါသည်။

တန်ဖိုးနည်းဖုန်းအတွက် ငွေဖြည့်ကဒ် သီးသန့်ရောင်းချမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်

အင်္ဂါနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၃ ခုနှစ်
ဧပြီလ ၂၄ ရက်နေ့တွင် စတင်ရောင်းချပေးမည့် ဖုန်းကဒ်များအတွက် ငွေဖြည့်ရမည့် ကဒ်မှာ MECTel (မြန်မာစီးပွားရေး ကော်ပရေးရှင်း) တံဆိပ် ပါရှိသည့် ဖုန်းကဒ်ဖြင့်သာ ငွေဖြည့်နိုင်မည်ဟု
မြန်မာ့ဆက်သွယ်ရေးမှ ကြေညာလိုက်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ကျောက်ဆည် ပဋိပက္ခ တွင် ဖမ်းဆီးခံခဲ့ရသူများအနက်မှ ကျန်ရှိသော အကျဉ်းသားများ လွတ်မည်

၂၀၀၃ ခုနှစ် ကျောက်ဆည်မြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခ အရေးအခင်း ကိစ္စတွင် ဖမ်းဆီးခံခဲ့သော အကျဉ်း
သားများအနက် ကျန်ရှိသော အကျဉ်းသားများအားယနေ့ညနေတွင်မန္တလေးမြို့ အိုးဘိုထောင်မှနေ၍ လွှတ်
ပေးမည်ဟုသတင်းရရှိသည်။လွန်ခဲ့သော နှစ်များက ဖြစ်ပွားခဲ့သော ကျောက်ဆည်အရေးအခင်းတွင် ဖမ်းဆီး

သမ္မတ အမိန့်နဲ့ အကျဉ်းသား ၉၀ လောက် ဒီကနေ့ လွတ်မြောက်

၂၃.၀၄.၂၀၁၃

သမ္မတ အမိန့်နဲ့ အကျဉ်းသား ၉၀ လောက် ဒီကနေ့ လွတ်မြောက်

သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ရှိတဲ့ အကျဉ်းသား ၉၀ ဝန်းကျင်လောက်ကို ဒီကနေ့  ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

အင်းစိန်ထောင် ကနေ အကျဉ်းသား ၁၀ ဦး ပြန်လွတ် လာပြီး၊ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသား ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဘီဘီစီက စုံစမ်း သိရှိ ရတဲ့ အင်းစိန်ထောင်က ပြန်လွတ် လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲမှာ ကိုရဲထက်စိုး၊ ကိုဇော်မိုး၊ ကိုနေမျိုးသူရ နဲ့ ကိုစိုင်းအောင်ကျော် တို့ ပါဝင်ပါတယ်။

သာယာဝတီ ထောင်က နေ အကျဉ်းသား ၃၀ လောက် ပြန်လွတ် လာရာမှာ နိုင်ငံရေး အကျဉ်းသား ၂ ယောက်ပါဝင် ပါတယ်။ သူတို့ ကတော့ ကိုအောင်သူ နဲ့ ကိုအေးမင်းစိုးတို့ ဖြစ်ကြ ပါတယ်။

အစိုးရ အပါ အဝင် အကျဉ်းသား စိစစ်ရေး အဖွဲ့ လေးဖွဲ့ရဲ့ စာရင်း အရ လက်ကျန် နိုင်ငံရေး အကျဉ်းသာ  ၃၀ဝ လောက်ရှိ တယ်လို့ သိရပါတယ်။

၂၃.၀၄.၂၀၁၃
သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ရှိတဲ့ အကျဉ်းသား ၉၀ ဝန်းကျင်လောက်ကို ဒီကနေ့ ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များအပေါ် ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်

ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များအပေါ် ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်

    Created on Monday, 22 April 2013 23:00 

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များ အပေါ်မှ ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖေါ်ထုတ်ပွဲတွင် ပေါင်းတည်မြို့မှ ဒေသခံအင်အား ၂၀၀ ခန့်မှ နံနက် ၈ ရီ ၁၅ မိနစ်ခန့်မှ စတင်ကာ ၁၀ နာရီ ၃၀ မိနစ် ခန့်အထိ မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်၍ ဆန္ဒ္ဒဖေါ်ထုတ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှည့်လည်ရာ၌ ''၄၄ လမ်းမှ လျှပ်စစ်တာဝါတိုင် ပြောင်းရွှေ့ပေးရေး၊ မူလလမ်းကြောင်းအတိုင်း ထားရှိရေး၊ တည်ဆောက်ရေးမမှန် ဒို့လက်မခံ'' ကြွေးကြော်သံများဖြင့် လည်းကောင်း ''မူလသတ်မှတ်ထားသည့် နေရာမှာ တည်ဆောက်ပါ၊ ၄၄ လမ်းသည် စီမံကိန်းနယ်မြေ မဟုတ်ပါ၊ ပွင့်လင်းမြင်သာစွာ တည်ဆောက်ပါ၊ ပြည်သူ့ဆန္ဒ လိုက်နာကြ၊ မူလလမ်းကြောင်း အခုရွှေ့ပြောင်း'' စာသားများကို ကိုင်ဆောင်၍ ဆန္ဒဖေါ်ထုတ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ခဲ့သည့် အကြောင်းရင်းမှာ ရွှေတောင်မြို့မှ မှော်ဘီ၊ မြောင်းတကာသို့ သွယ်တန်းမည့် ဗို့အား ၂၃၀၀၀၀ မဟာဓာတ်အားလိုင်း အတွက် တာဝါတိုင်များ ဆောက်လုပ်ရာတွင် တည်ဆောက်ရေးအဖွဲ့ အနေဖြင့် ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ ၄၄ လမ်းရှိ လူနေအိမ်များ အပေါ်သို့ ဖြတ်သန်း၍ သွယ်တန်း ဆောက်လုပ်နေခြင်းအတွက် ဖြစ်ကြောင်း သိရသည်။

"ဗို့အား ၂၃၀၀၀၀ ရှိတဲ့ မဟာဓာတ်အားလိုင်း သွယ်တန်းရာမှာ မူလလမ်းကြောင်းဖြစ်တဲ့ အုန်းသုံးပင် ကျေးရွာအနီး လယ်ကွင်းထဲကဖြတ်ဖို့ ပထမတိုင်းထွာတဲ့ အဖွဲ့က စီစဉ်ခဲ့တာပါ။ ဒါပေမယ့် အခုသွယ်တန်းဖို့ တာဝါတိုင်တွေ လုပ်တဲ့အခါကြတော့ ၄၄ လမ်းက လူနေအိမ်အလုံး ၆၀ အပေါ်က ဖြတ်ပြီး သွယ်တန်းဖို့ လုပ်တယ်။ ဒီလိုလမ်းကြောင်း ပြောင်းလိုက်တဲ့အတွက် တည်ဆောက်ရေး အဖွဲ့အနေနဲ့ တာဝါတိုင် ၃ တိုင်ကနေ ၆ တိုင်အထိ သက်သာသွားတယ်လို့ သိရတယ်။ ဒီလို လုပ်လိုက်လို့ သူတို့အနေနဲ့ ကုန်ကျစရိတ် သက်သာသွားပေမယ့် ပြည်သူတွေကို ထည့်မတွက်ဘူး။ နောက်တချက်က ဓာတ်အားလိုင်းအတွက် သစ်ပင်တွေကိုလည်း ခုတ်ပြစ်တာတွေ ရှိလာမယ်။ အကယ်လို့ သဘာဝဘေးအန္တရာယ် ကျရောက်လာလို့ ရှိရင်လည်း လူနေအိမ်တွေပေါ်မှာက ဗို့အား ၂၃၀၀၀၀ ရှိတဲ့ ဓာတ်ကြိုးကြီး ရှိနေတယ်။ ပြတ်ကျလာလို့ရှိရင် မတွေးရဲစရာပါ။ ပြည်သူတွေက အခုကိုပဲ ရင်ထိတ်နေကြပြီ။ ဒါ့ကြောင့် အခုလို ဆန္ဒဖေါ်ထုတ်ပွဲ လုပ်တာပါ '' ဟု ပေါင်းတည်မြို့ခံ ကိုချစ်ကိုမှ ပြောပြခဲ့သည်။

ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ရန်အတွက် သက်ဆိုင်ရာသို့ တရားဝင် စာတင်ပြီးမှသာ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရကာ ယခုမဟာဓာတ်အားလိုင်း သွယ်တန်းမှုအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တရားဝင် စာတင်ခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း၊ စီမံကိန်းအား ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက ဆန္ဒဖေါ်ထုတ်ပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် လိုအပ်ပါက သပိတ်စခန်းများ ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟု ဆန္ဒဖေါ်ထုတ်သူများက ဆိုပါသည်။



Re-Post By ACM 22-4-2013
အေးချမ်းမွန် Credit & Copy From >Eleven Media Group<<Thank

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များ အပေါ်မှ ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်သို့ အလည်သွားရောက်ရာမှ ၉၆၉ ဂိုဏ်းဝင်များက ခုတ်သတ်ရန်ကြိုးစားခံခဲ့ရသည့် သက်ကြီးရွယ်အိုတစ်ဦး ရင်ဖွင့်ပြောကြားချက်

ကြို့ပင်ကောက်သို့ အလည်သွားရောက်ရာမှ ၉၆၉ ဂိုဏ်းဝင်များက ခုတ်သတ်ရန်ကြိုးစားခံခဲ့ရသည့် သက်ကြီးရွယ်အိုတစ်ဦး ရင်ဖွင့်ပြောကြားချက်

ဧပြီ၊ ၂၂။ သတင်း-ဒေး(သန်လျင်)

          ကြို့ပင်ကောက်အလည်အပတ်သွားရောက်သူ မြန်မာမွတ်စလင်မ် သက်ကြီးရွယ်အိုအား (၉၆၉) ဘုန်းကြီးများက မတ်လ(၂၅)ရက်နေ့ ည(၃)နာရီအချိန်တွင် ဗလအတွင်းရှိ လူကိုပါဓားနှင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။

          ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး “ဗလီထဲမှာ လုံခြုံရေးတွေ အပြည့်ချပေးထားတယ်၊ ဘာသာရေး ပဋိပက္ခတွေက ဖြစ်ပွားနေတော့၊ ကျွန်တော်လည်း ဗလီထဲမှာအတူရှိနေတယ်။ ကျွန်တော်အီရှာနမားဇ်ဖတ်နေတုန်း သူတို့အားလုံး ထွက်သွားတယ်၊ ကျွန်တော်ကိုလည်း ဘယ်သူမှမခေါ်သွားဘူး၊ အပြင်ကနေသော့ခတ်သွားတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘယ်သူမှမရှိတော့ ဗလီထဲမှာ ခဏမှေးနေလိုက်တယ်၊ ည(၁၂)လောက်ကျတော့ ခဲမိုးတွေရွာကျလာတယ်။ 

(၁)နာရီခွဲလောက်ထိ ခဲမိုးတွေရွာတာ နောက်ဆုံး ကျွန်တော်ပခုံးကိုလာထိတယ်။ သိပ်အခြေအနေမကောင်းဘူးဆိုပြီး မဒရ်ဆာထဲမှာ ၀င်ပြီးပုန်းနေလိုက်တယ်။ ခဏတော့ငြိမ်သွားတယ်။ (၂)နာရီလောက်ကြတော့ အခြေအနေက ပိုဆိုးသွားတယ်။ 
ဗလီတံခါးကိုဖျက်ပြီး ဘွန်ဒူဇာနဲ့ ၀င်လာပြီး ဗလီကိုဝိုင်းပြီး ဘုန်းကြီးတွေက ဓားနဲ့ဝိုင်းခုတ်ကြတယ်။ ကျွန်တော် ပြတင်းပေါက်ကနေ ထွက်ပြေးတော့ ဘုန်းကြီးကအပြင်ကနေ ဓားနဲ့လှမ်းခုတ်တယ်၊ လက်နဲ့ကာလိုက်တာ လက်ကိုခုတ်မိတယ်၊ နောက်တစ်ခေါက် လည်ပင်းကို လှမ်းခုတ်တယ်။ အဲ့မှာစစ်သားတွေ၊ ရဲတွေ၊ အာဏာပိုင်တွေ အားလုံးရပ်ကြည့်နေကြတယ်။ 

ဝင်ရောက်ဆွဲခြင်းလည်းမရှိဘူး၊ နောက်ရန်ကုန်က ဧည့်သည်ကို ဗလီထဲမှာ ဓားနဲ့လှမ်းခုတ်တယ်၊ ဆိုပြီးကြားလို့ NLD တွေကလာပြီး ကျွန်တော်ကို ကယ်ထုတ်တယ်၊ အဲမှာ ဘုန်းကြီးက “ဒီကုလားတော်တော် အသက်ပြင်းတယ်”လို့ ပြောတာ ကျွန်တော်နောက်ဆုံးကြားပြီး သတိမေ့သွားတယ်၊ သတိပြန်ရတော့ ဆေးရုံပေါ်မှာ ကျွန်တော်ဆီကို ဘယ်သူမှလာမတွေ့ဘူး၊ ဘယ်အာဏာပိုင်၊ ဘယ်အဖွဲ့အစည်းကမှ လာရောက်မေးမြန်းခြင်းမရှိဘူး၊ နောက်နေ့မှာလည်း အဲဒီအကြမ်းဖတ်သမားတွေက ဆေးရုံထိလိုက်လာကြလို့ ဆေးရုံက ကျွန်တော်ကို ၀ိုင်းပြီး ၀ှက်ပေးထားရသေးတယ်၊ ကျွန်တော်ဆေးရုံမှာ တစ်ပတ်လုံးလုံးနေတဲ့အချိန်ထိ အဲဒီကြို့ပင်ကောက်က ကာစင်ဘိုင်ဆိုတဲ့ ပုဂ္ဂိုလ်ကဆင်းလည်းဆင်းရဲပါတယ်၊ တတ်နိုင်သလောက်ကို နေ့ရောညပါ ထမင်းကျွေးထားတယ်။

 နောက်ဆုံးနေ့ကျမှ ပဲခူးတိုင်းရုံးက မ.အ.ဖ တိုင်းမှူးအရာရှိ တစ်ယောက်ကလာခေါ်တယ်။ ဆေးရုံကပေးမခေါ်ဘူး၊ ခေါ်မယ်ဆို(၁)နာရီခွဲ ၀န်ကြီးဦးဉာဏ်ဝင်းလာမှ ခေါ်လို့ရမယ်၊ စောင့်ရလိမ့်မယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း ည(၄)နာရီလောက်ထိ စောင့်တယ်၊ ဘယ်သူမှမလာပါဘူးဗျာ။ ဒါနဲ့ ကျွန်တော်ဆေးရုံဆင်းပြီး ရန်ကုန်အိမ်ကို(၂)ရက်နေ့ ည(၈)နာရီမှာ ရောက်တယ်။ လည်ပင်က (၁၀)ချက်ချုပ်ထားရတယ်၊ လက်က(၈)ချက်ချုပ်ထားရတယ်၊ အခုဘားလမ်းမှာ ဆေးကုသမှုခံယူနေတယ်”ဟု ကြို့ပင်ကောက်တွင် ဓားခုတ်ခံရသူတစ်ဦးမှ မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

          ယင်းကပင် ထပ်မံ၍ “ကျွန်တော်အဲဒီကို မရောက်ခက်မှာ ဘာသာရေး အဓိကရုဏ်းဖြစ်စေမယ့် လက်ကမ်းစာစောင်၊ စတေကာ၊ DVDခွေတွေ လိုက်ဝေတယ်၊ ပြီးတော့ ၉၆၉ဘုန်းကြီးတွေက ကုလားတွေဗလီကို ဖျက်ဆီးပြစ်ရမယ့် တရားတွေဟောထားကြောင်းကို ကျွန်တော်ကြားမိတယ် ဒီလောက်ပါပဲ”ဟုမြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

          မကြာသေမီကာလအတွင်းက မိတ္ထီလာ အဓိကရုဏ်းများနှင့် စပ်လျဉ်း၍ တစ်ခြားမြို့နယ်များတွင်လည်း ၉၆၉ ဂိုဏ်းဘုန်းကြီးများ ဗလီများအား လိုက်လံဖျက်ဆီးမှုပြုခဲ့ကြောင်း သိရှိရသည်။ ၎င်းနှင့်ပတ်သက်ပြီး ကြို့ပင်ကောက် ဗလီထဲမှ ၉၆၉ ဂိုဏ်ဘုန်းကြီးများ ဓားနှင့်ခုတ်မူကို အာဏာပိုင်များက အရေးယူထားခြင်း မရှိကြောင်း သိရှိရသည်။

ကြို့ပင်ကောက်အလည်အပတ်သွားရောက်သူ မြန်မာမွတ်စလင်မ် သက်ကြီးရွယ်အိုအား (၉၆၉) ဘုန်းကြီးများက မတ်လ(၂၅)ရက်နေ့ ည(၃)နာရီအချိန်တွင် ဗလအတွင်းရှိ လူကိုပါဓားနှင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေး အမရပူရမြို့နယ်တွင် ဧပြီ လ ၂၂ရက် ယ နေ့ညပိုင်းကတိုက်တဲ့ လေပြင်းကြောင့် လက်ပံပင်ကြီး အိမ်တစ်လုံးပေါ် ပြို လဲကာ လူနှစ်ဦး ပိတ်မိ

မန္တလေး အမရပူရမြို့နယ် ဈေးကုန်းရပ်ကွက် မှာ ယ နေ့ညပိုင်း( ဧပြီ လ ၂၂ရက်) တိုက်တဲ့လေပြင်းကြောင့် လုံးပတ် လူ ခုနှစ်ယောက်စာခန့်ရှိတဲ့ လက်ပံပင်ကြီး အိမ်တစ်လုံးပေါ် ပြို လဲကာ လူနှစ်ဦး ပိတ်မိခဲ့သည်။လဲကျပိတ်မိနေတာ ၂ နာရီခန့် ရှိပေမဲ့ တစ်ဦးသာကယ်ထုတ်နိုင်ခဲ့ပြီး ကျန်တစ်ဦးကို မီးသတ်၊ရဲ နှင့် လူမှုကူညီရေးအသင်းတွေများပူးပေါင်း၍ ကူညီကယ်ဆယ်မှုများလုပ်ခဲ့ပြီး ည ၁၁း၀၀နာရီတွင် ကလေးငယ်အား ကယ်ထုတ်နိုင်ခံပြီး ည ၁၁း၂၀နာရီတွင် ကျန်ရှိနေသာ အမျိုးသမီးအားကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူအား ဆေးရုံးသို့ ပို့ ဆောင်ထားကြောင်း သတင်းရရှိသည်။


ဓာတ်ပုံ-ဖိုးစမ်းချောင်း
ဓာတ်ပုံ-ဖိုးစမ်းချောင်း
မန္တလေး အမရပူရမြို့နယ် ဈေးကုန်းရပ်ကွက် မှာ ယ နေ့ညပိုင်း( ဧပြီ လ ၂၂ရက်) တိုက်တဲ့လေပြင်းကြောင့် လုံးပတ် လူ ခုနှစ်ယောက်စာခန့်ရှိတဲ့ လက်ပံပင်ကြီး အိမ်တစ်လုံးပေါ် ပြို လဲကာ လူနှစ်ဦး ပိတ်မိခဲ့သည်။လဲ
ကျပိတ်မိနေတာ ၂ နာရီခန့် ရှိပေမဲ့ တစ်ဦးသာကယ်ထုတ်နိုင်ခဲ့ပြီး ကျန်တစ်ဦးကို မီးသတ်၊ရဲ နှင့် လူမှုကူညီ