Pages

Monday, April 22, 2013

MMSY မြန်မာမွတ်စလင် ကျောင်းသား လူငယ်များအဖွဲ့၏ Android Project #4: Daily Dua [နေ့စဉ်ဒိုအာ] ကို Google Play တွင် အခမဲ့ ဖြန့်ချီ

MMSY  မြန်မာမွတ်စလင် ကျောင်းသား လူငယ်များအဖွဲ့၏ Android Project #4: Daily Dua [နေ့စဉ်ဒိုအာ] ကို Google Play တွင် အခမဲ့ ဖြန့်ချီ
==============
ဧပြီ ၂၂-၂၀၁၃
M-Media

MMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ စတုတ္ထမြောက် ပရောဂျက် အဖြစ် “Daily Dua” Android application ကို Google Play Store မှာ အခမဲ့ ဖြန့်ချီလိုက်ကြောင်း သိရှိရပါသည်။  နေ့တဓူဝ လုပ်ငန်းဆောင်တာများ အတွက် ဒိုအာအပုဒ် ၅၀ကို လက်လှမ်းမှီရာ ဟဒီးစ်နှင့် မြန်မာ ဘာသာပြန် ကျမ်းကိုးများမှ တဆင့် စုစည်း တင်ပြထားပါသည်။ ဖုန်းထဲတွင် မြန်မာစာ မသွင်းထားလျှင်လည်း အသုံးပြုလို့ရစေရန် app အတွင်း မြန်မာဖောင့်ကို ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။

ဤApplication အတွင်းတွင် ဒိုအာများကို
၁။ နေ့စဉ်လှုပ်ရှားမှုဆိုင်ရာ
၂။ စားသောက်ခြင်းဆိုင်ရာ
၃။ အဇာန်၊ ဝူဇူနှင့် ဗလီဝင်/ထွက်
၎။ စိတ်ခံစားချက် တစ်စုံတစ်ရာ
၅။ ဈေး၊ ခရီးသွား၊ ယာဉ်စီး
၆။ အထွေထွေ
ဟူ၍ ကဏ္ဍခြောက်ခုခွဲ၍ ဖော်ပြထားပါသည်။ ဒိုအာများ၏ အာရဗီစာသား၊ အနီးစပ်ဆုံး မြန်မာအသံထွက်၊ မြန်မာဘာသာပြန် အဓိပ္ပါယ် နှင့် ရှင်းလင်းချက်များကို ကျမ်းကိုးများနှင့်တကွ ဖတ်ရှုနိုင်ပါသည်။ ၄င်းပြင် နှစ်သက်သော ဒိုအာများကိုလည်း “Favorites” အဖြစ် မှတ်ထားနိုင်သည့် လုပ်ဆောင်ချက်လည်း ပါဝင်ပါသည်။

နေ့စဉ်ဒိုအာ app ကို ဒေါင်းလုတ်လုပ်ရန်
.မြန်မာနိုင်ငံမှာ Google Play Store ဖွင့်ပေးလိုက်ပြီဆိုပေမယ့် ဝင်ရတာ နှေးတယ်လို့ ပြောကြတဲ့အတွက် mediafire နဲ့ dropbox များမှာပါ တင်ပေးလိုက်ပါသည်။

Google Play မှ ဒေါင်းလုတ်လုပ်ရန်
https://play.google.com/store/apps/details?id=org.mmsy.app.dua

Mediafire မှ ဒေါင်းလုတ်လုပ်ရန်
http://www.mediafire.com/?5f5iy5ewqc3x7q7

Dropbox မှ ဒေါင်းလုတ်လုပ်ရန်
https://dl.dropboxusercontent.com/u/9505380/Android/Daily%20Dua.apk

**************
MMSY မှ အခြား ဖြန့်ချီပြီး apps များ
Project #1: Asma Ul Husna Burmese (အလ္လာ့ဟ် ဂုဏ်တော် ၉၉ပါးနှင့် ထွတ်မြတ်မှုများ)

Google Play မှ ဒေါင်းလုတ်လုပ်ရန်
https://play.google.com/store/apps/details?id=org.mmsy

Dropbox မှ ဒေါင်းလုတ်လုပ်ရန်
http://dl.dropbox.com/u/9505380/Android/asmaBurmese.apk

Mediafire မှ ဒေါင်းလုတ်လုပ်ရန်
http://www.mediafire.com/?ohwvs7isd5bfwd4

Project #2: Ramadhan Handbook (ရမဿွန် လက်စွဲ)

Google Play မှ ဒေါင်းလုတ်လုပ်ရန်
https://play.google.com/store/apps/details?id=org.mmsy.ramadhan

Dropbox မှ ဒေါင်းလုတ်လုပ်ရန် (right click–> save link as)
http://dl.dropbox.com/u/9505380/Android/Ramadhan%20Handbook.apk

Mediafire မှ ဒေါင်းလုတ်လုပ်ရန်
http://www.mediafire.com/?lwz6v31b8qemji7


Project #3: Holy Quran Burmese (ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်)

    Google Play မှ ဒေါင်းလုတ်လုပ်ရန်
https://play.google.com/store/apps/details?id=org.mmsy.quran

ဧပြီ ၂၂-၂၀၁၃

MMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ စတုတ္ထမြောက် ပရောဂျက် အဖြစ် “Daily Dua” Android application ကို Google Play Store မှာ အခမဲ့ ဖြန့်ချီလိုက်ကြောင်း သိရှိရပါသည်။ နေ့တဓူဝ လုပ်ငန်းဆောင်တာများ အတွက် ဒိုအာအပုဒ် ၅၀ကို လက်လှမ်းမှီရာ ဟဒီးစ်နှင့် မြန်မာ ဘာသာပြန် ကျမ်းကိုးများမှ တဆင့် စုစည်း တင်ပြထားပါသည်။ ဖုန်းထဲတွင် မြန်မာစာ မသွင်းထားလျှင်လည်း အသုံးပြုလို့ရစေရန် app အတွင်း မြန်မာဖောင့်ကို ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။

အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်ခဲ့သူ အစ္စလာမ်သို့ သက်ဝင် ယုံကြည်လာသူဖြစ်လာပြီးနောက် ၊ တမန်တော် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး တမန်တော်အား ရည်စူးတောင်းပန်ခဲ့

အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်ခဲ့သူ အစ္စလာမ်သို့ သက်ဝင် ယုံကြည်လာသူဖြစ်လာပြီးနောက် ၊ တမန်တော် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး တမန်တော်အား ရည်စူးတောင်းပန်ခဲ့
============
ဧပြီ ၂၂ ၂၀၁၃
M-Media

အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်ခဲ့သူ အစ္စလာမ်သို့ သက်ဝင် ယုံကြည်လာသူဖြစ်လာပြီးနောက် ၊ တမန်တော် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး တမန်တော်အား ရည်စူးတောင်းပန်ခဲ့

အစ္စလာမ်အား တစ်ဖက်သတ်ကြောက်ရွံ့စော်ကားနေသူ အစွန်းရောက် ဒတ်ခ်ျနိုင်ငံရေးသမား Geert Wilders ၏ပါတီ၌ ဦးဆောင်အဖွဲ့ဝင်ဟောင်း Arnoud Van Doorn သည် လွန်ခဲ့သည့်လက အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်လိုက်သည်။ သူသည် အစ္စလာမ်သာသနာနှင့် တမန်တော် Muhammad အား စော်ကားသည့် ရုပ်ရှင်ထုတ်လုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ယင်းရုပ်ရှင်အား ကမ္ဘာတစ်ဝှန်း၏ ပြစ်တင် ရှုတ်ချမှုကြောင့် အစ္စလာမ့် တမန်တော်အကြောင်းကို လေ့လာရာမှ အစ္စလာမ်အား လက်ခံသက်ဝင် လိုက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

The Hague City Council အကြံပေးအရာရှိ နှင့် နယ်သာလန်နိုင်ငံ ပါလီမန်အဖွဲ့ဝင် ဒတ်ခ်ျအမျိုးသား Doorn သည် မိမိ၏ Twitter ကိုယ်ပိုင်စာမျက်နှာမှ အစ္စလာမ်ကိုလက်ခံသည့် ဆုံးဖြတ်ချက်နှင့်အတူ အရဗီဘာသာဖြင့် အစ္စလာမ့်ယုံကြည်ချက်ဆိုင်ရာ သက်သေခံစကားအား ဖော်ပြခဲ့သည်။ ထိုသတင်းကို ကနဦးပိုင်းတွင် အခြားသူများက သူ၏ နောက်ပြောင်မှုဟု ထင်မှတ်ခဲ့ကြသည်။ ၄င်းနောက် အစ္စလာမ်အား လက်ခံကျင့်သုံးမည့် မိမိ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း Doorn က မြို့တော်ဝန်ထံ တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့သည်။ များမကြာသေးမီကပင် မိမိ၏ လုပ်ငန်းခွင်အတွင်း မိမိအား ၀တ်ပြုခွင့်ပြုရန်ကိုလည်း လျှောက်ထားတင်ပြလိုက်သည်။

အင်္ဂလိပ်ဘာသာဖြင့်တင်ဆက်သည့် Al-Jazeera Channel ထံ သူမှ ဤသို့ပြောကြားသည်။

“ ဒါဟာ လူအတော်များများအတွက် မျှော်လင့်မထားတဲ့ကိစ္စဖြစ်နေတော့ လူတွေ သံသယ၀င်နေကြတာကို ကျွန်တော် နားလည်ပါတယ်။ ဒီကြီးကျယ်တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် ပေါ့ပေါ့တန်တန် ချခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကုရ်အာန်ကျမ်း၊ ဟဒီးဆ်(တမန်တော့်သြ၀ါဒ)၊ စွန္နဟ်(တမန်တော့်ဓလေ့နည်းနာ) နဲ့ အခြား(အစ္စလာမ်)ကျမ်းဂန်များကို တစ်နှစ်နီးပါး ထဲထဲဝင်ဝင် သုတေသနပြုလေ့လာခဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့အရင်းနှီးဆုံးလူတွေ သိကြပါတယ်။ ဒါ့အပြင် မွတ်စ်လင်မ်တွေနဲ့ ဘာသာတရားအကြောင်း ဆွေးနွေးခဲ့တာလည်း မနည်းမနောပါဘဲ။ လူနည်းစုတစ်ချို့က ကျွန်တော့်ကို သစ္စာဖောက်လို့ ဆိုကြတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ကျွန်တော်ဟာ သိပ်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခု တကယ်လုပ်နိုင်ခဲ့ပြီလို့ သတ်မှတ်ကြပါတယ်။ အစ္စလာမ်အပေါ် အဆိုးမြင်စေတဲ့ ဖြစ်ရပ်အမြောက်အများ ကျွန်တော် ကြားနေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ကိုယ်တိုင်ဆန်းစစ်လေ့လာမှုမလုပ်ဘဲ လူတွေရဲ့အထင်အမြင်နောက်ကို လိုက်တတ်တဲ့လူစား မဟုတ်ဘူးလေ။ ဒါ့ကြောင့် စူးစမ်းလိုစိတ်သက်သက်နဲ့ အစ္စလာမ့်အကြောင်းပိုသိလာအောင် နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့တာပါ။ မြောက်များစွာသောလူတွေအတိုင်း အမှားအယွင်းတွေကျူးလွန်ခဲ့မိတာဖြစ်ပေမယ့် ဒီမှားယွင်းမှုထဲကနေ သင်ခန်းစာအများကြီး ရခဲ့ပါတယ်။ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လိုက်တဲ့အတွက် ကျွန်တော့်အဖို့ အဆုံးသတ်လမ်းစဉ်မှန်တစ်ခု ရှာဖွေတွေ့ရှိသွားတယ်လို့ ခံစားရပါတယ်။ ဒါဟာ ခြေလှမ်းသစ်တစ်ရပ်ဖြစ်ပြီး ထပ်မံလေ့လာသင်ကြားဖို့လိုအပ်နေသေးကြောင်းကိုလည်း နားလည်ခဲ့ပါတယ် ”။

Doorn သည် မိမိပါတီ၏ အစ္စလာမ်ဆန့်ကျင်ရေးလမ်းစဉ်ကြောင့် သာသနာနှင့်စပ်လျဉ်းသော အမှန်တရားအား မိမိဖာသာ တူးနှိုက်ထုတ်ဖော်ရန် စိတ်ပိုင်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ လူချင်းမမြင်ဖူးသော သူ၏ Twitter မိတ်ဆွေအမြောက်အများကလည်း သူ့အနေအထားကို နားလည်ကြောင်း၊ သူ့ရွေးချယ်မှုးကို ထောက်ခံကြောင်း အားပေးခဲ့ကြသည်။

တစ်ချိန်က Freedom Party အဖွဲ့သားဖြစ်ခဲ့ခြင်းအပေါ် နောင်တရမရကို မေးမြန်းရာ “ ဘ၀ရဲ့ကြုံတွေ့မှုမှန်သမျှမှာ ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်လို သိမြင်နားလည်ထားခဲ့ယင်တော့ ကျွန်တော်ဟာ တခြားလမ်းကြောင်းတစ်ခု ရွေးချယ်ဖြစ်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး ” ဟု ဖြေဆိုခဲ့သည်။

Arnoud Van Doorn သည် မဒီနဟ်မြို့တော်ရှိ တမန်တော့်ဗလီဝတ်ကျောင်းသို့သွား၍ အစ္စလာမ့်စော်ကားမှု ရုပ်ရှင်ကဏ္ဍ၌ ပါဝင်ဆောင်ရွက်မိသည့်အပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း တမန်တော်အား ရည်ညွှန်းတိုင်တည်ပြောဆိုခဲ့သည်။ မဒီနဟ်ဝတ်ကျောင်းမှ အိမာမ်(ရှေ့ဆောင်ဆရာတော်)နှစ်ပါးထံ မွတ်စ်လင်မ်ကောင်းတစ်ဦးဖြစ်လာရေး၊ အနောက်တိုင်းတွင် အစ္စလာမ့်လမ်းစဉ်ဖြင့် အဆင်ပြေအောင် နေထိုင်ကျင့်သုံးနိုင်ရေးအတွက် လမ်းညွှန်ချက်ခံယူပြီးနောက် ၊ မက္ကဟ်မြို့သို့ထွက်ခွာကာ အွမ္မရဟ် (တာဝန်မဟုတ်သော ဟဂ်ျအငယ်စား ကျင့်ဝတ်)ကို ပြုကျင့်ဆောင်ရွက်ခဲ့သည်။

http://www.m-mediagroup.com/news/12858

ဧပြီ ၂၂ ၂၀၁၃
အစ္စလာမ်အား တစ်ဖက်သတ်ကြောက်ရွံ့စော်ကားနေသူ အစွန်းရောက် ဒတ်ခ်ျနိုင်ငံရေးသမား Geert Wilders ၏ပါတီ၌ ဦးဆောင်အဖွဲ့ဝင်ဟောင်း Arnoud Van Doorn သည် လွန်ခဲ့သည့်လက အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်လိုက်သည်။ သူသည် အစ္စလာမ်သာသနာနှင့် တမန်တော် Muhammad အား စော်ကားသည့် ရုပ်ရှင်ထုတ်လုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ယင်းရုပ်ရှင်အား ကမ္ဘာတစ်ဝှန်း၏ ပြစ်တင် ရှုတ်ချမှုကြောင့် အစ္စလာမ့် တမန်တော်အကြောင်းကို လေ့လာရာမှ အစ္စလာမ်အား လက်ခံသက်ဝင် လိုက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

ပြည်မှာဖြစ်သွားတဲ့ မြို့လယ်ခေါင် အနုကြမ်းစီး လူသတ်မှု

22.4.2013
ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိအောင်ပု
ိင်ဖြိုး နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေည ၁၀ နာရီခန့်က အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

မိတ္ထီလာမြို့ဒုက္ခသည်စခန်းများရဲ့ နောက်ဆုံးအခြေအနေ

ဗုဒ္ဓဘာသာဝင်များရှိသော ဒုက္ခသည်စခန်းများ
----------------------------------------------
အ.လ.က(၂)အိမ်ထောင်စု ၁၇၈စု လူဦးရေ ၄၁၁ ဦး
အင်းကုန်း အမက အိမ်ထောင်စု ၁၂၃စု လူဦးရေ ၄၆၃ ဦး
မွတ်စလင်မ်များရှိသော ဒုက္ခသည်စခန်းများ
--------------------------------------------

ဝါယာရှော့ခ်ဖြစ် မီးလောင်မှု ကင်းဝေးရန် ဝါယာကြေးသား အမည်းရောင် ဖြစ်သည်အထိ မသုံးစွဲသင့်

ဝါယာရှော့ခ်ဖြစ် မီးလောင်မှု ကင်းဝေးရန် ဝါယာကြေးသား အမည်းရောင် ဖြစ်သည်အထိ မသုံးစွဲသင့်

နေအိမ်သုံး လျှပ်စစ် ဝါယာကြိုး သွယ်တန်းရာ၌ အရည်အသွေး ပြည့်မီသော ကြိုးများဖြင့် စနစ်တကျ တပ်ဆင်ထားရန် လိုပြီး ထိုတပ်ဆင် ဝါယာကြိုး များကို ၁ဝ နှစ် တစ်ကြိမ် လဲလှယ် ရန်လည်း လိုအပ်သည်ဟု လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

နေအိမ် မီးထွန်းရန် အတွက် ဆိုလျှင် ၁ ဒသမ ၅ မီလီမီတာ (၃ဝ၃၆ ဂိတ်) ရှိသော ကြိုးများ၊ ရေခဲသေတ္တာ၊ မီးပူဆိုလျှင် ၂ ဒသမ ၅ မီလီမီတာ (၇ဝ၂၉ ဂိတ်)နှင့် မီးဆွဲအား များသော မီးဖိုများ အတွက် ဆိုလျှင် ၄ မီလီမီတာ (၇ဝ၃၆ ဂိတ်) ရှိသော ဝါယာကြိုး များကို သူ့နေရာနှင့် သူ စနစ်တကျ တပ်ဆင် အသုံးပြုသင့် ကြောင်း ၎င်းကပြောသည်။ ၁ဝ နှစ်ခန့်ကြာ အသုံးပြု ထားသော ဝါယာကြိုး များ၌ ကြိုးထဲက ကြေးသား ကြေးရောင် မရှိတော့ဘဲ အမည်းရောင်သို့ ပြောင်းနေပါက ဆက်သုံးရန် မသင့်ဘဲ အသစ်လဲလှယ် တပ်ဆင်သင့်သည်။ ၎င်းကြိုးများသည် ဝါယာရှော့ခ် ဖြစ်ဖို့ အခြေအနေ အလွန်နီးစပ်ကြောင်း၊ တပ်ဆင်သည့် အခါ လျှပ်စစ် ဌာနမှ ကျွမ်းကျင်သူ သို့မဟုတ် Electircal Insturction (E.I) လက်မှတ် ရှိသူများနှင့် တပ်ဆင် သင့်ကြောင်း သိရသည်။ 

မြ၀တီ

နေအိမ်သုံး လျှပ်စစ် ဝါယာကြိုး သွယ်တန်းရာ၌ အရည်အသွေး ပြည့်မီသော ကြိုးများဖြင့် စနစ်တကျ တပ်ဆင်ထားရန် လိုပြီး ထိုတပ်ဆင် ဝါယာကြိုး များကို ၁ဝ နှစ် တစ်ကြိမ် လဲလှယ် ရန်လည်း လိုအပ်သည်ဟု လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

ဖုန်းချစ်သူတွေနှစ်ခြိုက်စေမယ့်အသွင်အပြင်နဲ့ Samsaung Galaxy Note 8

Samsaung Galaxy Note 8 တဲ့လား...

ကိုင်တွယ်ရတာ သက်သောင့် သက်သာ ရှိတယ် ။ Tablet အသေးစား ထဲမှာ ကြည့်ကောင်းတယ် ... လှပသေသပ်တယ်လို့ ဆိုကြတယ် ။ S Pan အသုံးပြုပြီး သဘာဝ ကျကျ ဖန်တီးမှုတွေကို ပြုလုပ်နိုင်တယ်။ Screen ပေါ်မှာ Typing လုပ်တာတွေကိုလည်း မနားတမ်း လုပ်နိုင်တယ် ။ Memory ကိုလည်း နဂို ရှိတာထက် ပိုပြီး တိုးနိုင်တဲ့  microSD ထည့်လို့ ရတယ်။ 

ဈေးနှုန်းက အသေးစား Tablet တွေထဲမှာ ဈေးကြီးတယ်လို့ ပြောလို့ ရနိုင် တယ် ။ ကြေငြာထားတဲ့ ဈေးက $399 ဒေါ်လာတဲ့ ။

 အိုင်ပတ် မီနီ နဲ့ မတိမ်းမယိမ်းလို့ ဆိုနိုင်ပေမဲ့.. ပါးလွှာမှု နဲ့ ပေါ့ပါးမှုကတော့ Note 8 က ပိုများနေပါတယ် ။ ၈ လက်မ အရွယ် အစား ရှိ ပြီး ကင်မရာ 5-megapixel  အသုံးပြုထားပါတယ်။ 

 Android 4.1.2 Jelly Bean အသုံးပြုထားပြီး TouchWiz UI ဆိုတဲ့ Samsung skin က စမတ်ကျအောင် ဖန်တီးပေးထားပါတယ် ။ Sreen ကြီးတဲ့ အတွက်   E-Book များဖတ်ဖို့ အသုံးပြုရင် အဆင်ပြေပြီး အင်တာနက်အသုံးပြု လိုတဲ့ သူများအတွက် လည်း စိတ်ကြိုက်တစ်ခု ဖြစ်စေမှာပါ။

----
Ref; Mobile Review

Freddy ( Stuff Myanmar )

ကိုင်တွယ်ရတာ သက်သောင့် သက်သာ ရှိတယ် ။ Tablet အသေးစား ထဲမှာ ကြည့်ကောင်းတယ် ... လှပသေ
သပ်တယ်လို့ ဆိုကြတယ် ။ S Pan အသုံးပြုပြီး သဘာဝ ကျကျ ဖန်တီးမှုတွေကို ပြုလုပ်နိုင်တယ်။ Screen ပေါ်
မှာ Typing လုပ်တာတွေကိုလည်း မနားတမ်း လုပ်နိုင်တယ် ။ Memory ကိုလည်း နဂို ရှိတာထက် ပိုပြီး တိုးနိုင်
တဲ့ microSD ထည့်လို့ ရတယ်။

Samsung Galaxy S4 ထက်တောင်သာသည်ဟု ဆိုသော Xiaomi

Samsung Galaxy S4 ထက်တောင်သာသည်ဟု ဆိုသော Xiaomi

Xiaomi ကို ဟိုအရင်က ကြားတောင်မကြားဖူးပါဘူး။ တရုတ်အခြေ ဆိုက် စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ် ပါတယ်။ 

သို့ပေမယ့် နှစ်အနည်းငယ် အတွင်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ကုမ္မဏီ တစ်ခု ဖြစ်လာမယ်ဆိုတာ ကြိမ်းသေနေပြီ ဖြစ်ကြောင်း သိရပါတယ်။ 

၂၀၁၂ ခုနှစ်အတွင်း ဟန်းဆက်ပေါင်း ၇.၁၉ သန်း ရောင်းချရပြီး ၂၀၁၃ မှာ ၂ ဆ မက ဈေးကွက်မြင့်တက်ဖို့ သေချာနေပါတယ်။ ၂၀၁၁ ခုနှစ် နွေကုန်တဲ့အထိ ဖုန်း မရောင်းခဲ့ပါဘူး။ သို့ပေမယ့် တစ်နှစ်ကျော် ကာလအတွင်း သူ့ရဲ့  ကြိုးပမ်းချက်က ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ 

နယူးယောက် မှာ လုပ်တဲ့ Drive Into Mobile Conference မှာ အဖိတ်ကြားခံရလို့ Xiamoi ကုမ္မဏီ ပူးတွဲ တည်ထောင်သူ/ ဥက္ကဌ Bin Lin တက်ရောက်ပါတယ်။ တက်ရောက်စဉ် သူပြောတဲ့ စကားတွေထဲမှာ ပညာရစရာတွေ ရှိနေပါတယ်။ ဒီလိုပါ -

"ယနေ့စမတ်ဖုန်း ဈေးကွက်က လွန်ခဲ့တဲ့ နှစ် ၂၀ က ကွန်ပြူတာတွေ ရောင်းပေါက်သလိုပဲဗျ။ Demand အရမ်းများပါတယ်။ ကျနော်တို့ ဒီဈေးကွက်ဝင်ဖို့ ဆုံးဖြတ်လိုက်တာ မမှားပါဘူး။ 

ဈေးကွက်လိုအပ်ချက်ကိုကြည့်လိုက်ပါတယ်။ ဒါကြောင့် အလယ်အလတ် တန်းနဲ့ အထက်တန်း နှစ်မျိုး သုံးနိုင်မယ့် စမတ်ဖုန်း အမျိုးအစားများကို ရွေးချယ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ ယနေ့ HTC နောက်ဆုံးပေါ်တွေနဲ့ ယှဉ်လို့ရပါတယ်။ ကျနော်တို့ ကုန်ပစ္စည်းကို အရည်အသွေးပိုင်းမှာ အာမခံပါတယ်။ 

လက်ရှိ ထုတ်ထားတဲ့ Xiaomi MI-2 မှာပါတဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲများက ယနေ့နောက်ဆုံးပေါ်တွေချည်းပါပဲ။ Samsung Galaxy S4 မှာ ပါတဲ့ processor နဲ့ အခြားအစိတ်အပိုင်းတွေတောင် တူပါတယ်။ ကျနော် တို့ တစ်ခု ထူးခြားတာက ဈေးနှုန်းပါ။ ပစ္စည်းချင်း တူတာတောင် ကျနော် တို့က ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းပါတယ်။ လက်ရှိ Samsung Galaxy S4 ထက် ဈေးတစ်ဝက်တောင် သက်သာပါတယ်။ 

ကျနော်တို့ ဝဘ်ဆိုဒ်မှာ ငါးမိနစ်တိုင်း ဟန်းဆက် အလုံးရေ ၃ သန်း ရောင်းချနေရပါတယ်။ ကမ္ဘာ့ပထမဆုံးပါ။ Xiaomi MI-2 အပြင် အခြားသောသ ကမ္ဘာ့အဆင့်မှီ စမတ်ဖုန်းများ ဆက်လက် ထုတ်လုပ် သွားအုံးမှာပါ" 

Xiamoi ဟာ တရုတ်ပြည်မ အခြေဆိုက် Huawei ကိုတောင် ကျော်လွန် လို့ ဖုန်းအလုံးရေအများဆုံးရောင်းချရတဲ့ ကုမ္မဏီကြီး တစ်ခုအဖြစ် ၂၀၁၃ တွင်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ 
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/04/samsung-galaxy-s4-xiaomi.html

Xiaomi ကို ဟိုအရင်က ကြားတောင်မကြားဖူးပါဘူး။ တရုတ်အခြေ ဆိုက် စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ် ပါတယ်။ သို့ပေမယ့် နှစ်အနည်းငယ် အတွင်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ကုမ္မဏီ တစ်ခု ဖြစ်လာမယ်ဆိုတာ ကြိမ်းသေနေပြီ ဖြစ်ကြောင်း သိရပါတယ်။

HRW အစီရင်ခံစာ လက်မခံဟု မြန်မာအစိုးရဆို

HRW အစီရင်ခံစာ လက်မခံဟု မြန်မာအစိုးရဆို

မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သူများအဖြစ် တစ်ဖက်သက် စွပ်စွဲထားသော Human Rights Watch ၏ အစီရင်ခံစာကို လက်မခံကြောင်း နိုင်ငံတောင် သမ္မတ၏ အကြံပေး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြသည်။

ယနေ့ ထုတ်ပြန်သော ယင်းအစီရင်ခံစာသည် တစ်ဖက်သတ် ရရှိထားသည့် သတင်းများကိုသာ အခြေခံရေးသားထားသည့်အပြင် အစီရင်ခံစာတွင် ပါရှိသော စကားလုံး အသုံးအနှုန်းများကို လက်ခံနိုင်ဖွယ်မရှိကြောင်း ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ စုံစမ်းစစ်ဆေးရန် နိုင်ငံတော် သမ္မတက ဂုဏ်သတင်းထင်ရှားသည့် ပညာရှင်များ၊ လူမှု အသိုင်း အဝိုင်းနှစ်ခုလုံးက လေးစားတဲ့ပုဂ္ဂိုလ်များပါဝင်သော စုံစမ်းရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မရှင်မှာ ပဋိပက္ခဖြစ်ပွားရာဒေသကို အကြိမ်ကြိမ် ကွင်းဆင်းလေ့လာကာ အစီရင်ခံစာပြုစုနေပြီဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

"မင်းတို့လုပ်နိုင်တာ ဆုတောင်းရုံပဲ - ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် ရိုဟင်ဂျာ (အစီရင်ခံစာ တိုက်ရိုက် အသုံး) များအပေါ် လူသားမဆန်သော သတ်ဖြတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ" ခေါင်းစဉ်ဖြင့် စာမျက်နှာ ၁၅၃မျက်နှာ အစီရင်ခံစာ တစ်စောင်ကို ယနေ့ ရက်စွဲဖြင့်  HRW က ယနေ့ ထုတ်ပြန်လိုက်သည်။

ယင်းအစီရင်ခံစာတွင် မြန်မာအစိုးရအာဏာပိုင်များက ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်ရေး လှုပ်ရှားမှုကို ဆောင်ရွက်နေပြီး ယနေ့တိုင် စားနပ်ရိက္ခာအကူအညီများ၊ ထောက်ပံ့ရေးလုပ်ငန်းများ မရရှိအောင် ပိတ်ဆို့ဟန့်တားထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါသည်။

နိုင်ငံတော်အနေဖြင့် ယင်းသို့ တစ်ဘက်သတ်ရေးသားသည့် အစီရင်ခံစာ အပေါ် အလေးထားမည် မဟုတ်ဘဲ တရားဝင်ဖွဲ့စည်းထားသည့် စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များ၊ အကြံပြုချက်များ အပေါ်မှာပဲ အလေးထားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မည့် ဥရောပသမဂ္ဂ အစည်းအဝေးနှင့် ချိန်ကိုက်ပြီး ထုတ်ပြန်ခဲ့တဲ့ Human Rights Watch ၏ လုပ်ဆောင်ချက်မှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ၄င်းက ထပ်မံ ပြောဆိုထားသည်။

ပြီးခဲ့သည့်နှစ် ဇွန်နှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း နေအိမ်မီးရှို့မှုများ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုများကို လုံခြုံရေးအင်အားစုများဖြစ်သော ရဲ၊ လုံထိန်း၊ နစကအဖွဲ့၊ စစ်တပ်နှင့် ရေတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများကို သတ်ဖြတ်တိုက်ခိုက်မှုများအား လက်ပိုက်ကြည့်ရုံတင်မက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု HRW ရဲ့ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ် ရော်ဘင်ဆန်က အစီရင်ခံစာတွင် ပြောဆိုထားသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ယနေ့ သမ္မထံ တင်ပြမည်ဖြစ်ပြီး မနက်ဖြန် ပြည်သူလူထုကို တရားဝင် ချပြမည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ကိုးကား - ဦးရဲထွဋ် ၊ Kamayut Media

မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သူများအဖြစ်တစ်ဖက်သက်စွပ်စွဲထားသော Human
Rights Watch ၏ အစီရင်ခံစာကို လက်မခံကြောင်း နိုင်ငံတောင် သမ္မတ၏ အကြံပေး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြသည်။

မိတ္ထီလာ အကြမ်းဖက် မှုနှင့်ပတ်သတ်ပြီး Human Rights Watch ၏ အစီင်္ရင်ခံစာထွက်ရှိ

မိတ္ထီလာ အကြမ်းဖက် မှု မှတ်တမ်းများ ထွက် ရှိ 
==========================
April 22, 2013

မတ်လ အတွင်း က ဖြစ် ပွား ခဲ့ တဲ့ မိတ္ထီလာ အကြမ်းဖက် မှု မှာ လည်း ရဲ တပ် ဖွဲ့ ဝင် တွေ က မွတ်ဆလင်ဘာသာ ၀င် တွေ ကို အကာ အကွယ် ပေး မှု မဲ့ ခဲ့ ပုံ နဲ့  ဓား လွတ် ကိုင် ထား တဲ့ လူတွေ ဟာ ၎င်း တို့ 
နဲ့  ဘာသာ မတူ သူ တွေ ကို လမ်းမ တွေ ထက် ပေါ် မှာ သတ် ဖြတ် ခဲ့တာ တွေ ကို ရိုက်ပြထား ပါတယ်။ဒါ့  အပြင် ဓားဒဏ်ရာ တွေ ကြောင့် မသေ မရှင် ဖြစ် နေ တုန်း မှာ မော်တော် ဆိုင် ကယ် က ဓာတ်
ဆီ တွေ ကို ဖောက် ချ ပြီး အရှင် လတ်လတ် မီး ရှို့  ခံ ရ ပုံ တွေ ကို လည်း ပါဝင် ပါတယ်။

“ခင်ဗျား လုပ် နိုင်တာ ဆုတောင်း ရုံ သက်သက် ပဲ ” ဆိုသည့် အစီရင်ခံစာ ထွက်ရှိ
-------------------------------------
 
၂၀၁၂ ခုနှစ် အတွင်း မှာ ဖြစ် ပွား ခဲ့ တဲ့ ရခိုင် ပြည်နယ် မငြိမ်သက်မှု မှာ မြန်မာ အစိုးရ
လုံခြုံရေး တပ် ဖွဲ့  တွေ ကိုယ် တိုင် ပါဝင် ကျုး လွန် ခဲ့ တဲ့ ပြစ် မှု တွေ၊ အကြမ်းဖက် မှု တွေ
မှာ မွတ်ဆလင် တွေ ကို ဘာ မှ အကာ အကွယ် မပေး ခဲ့ တာ တွေ နဲ့  ပတ်သက် ပြီး အသေး
စိတ် စုံစမ်း လေ့ လာ ချက် တွေ ကို အခြေ ခံ ပြီး Human Rights Watch ရဲ့ ၁၆၅ မျက်
နှာ ပါ အစီရင်ခံ စာ ကို ဒီနေ့  ထုတ် ပြန် ခဲ့ ပါတယ်။

မိတ္ထီလာ မှာ အကြမ်းဖက် ခံရ တဲ့ သူ တွေ ကို ရဲ တပ် ဖွဲ့  ၀င် တွေ ရဲ့  အကာအကွယ် ပေးမှု ပျက် ကွက် ခဲ့တာ (ဗီဒီယို)

http://www.bbc.co.uk/news/world-asia-22243676

စစ်တွေ အောင်မင်္ဂလာ ရပ် ကွက် မှာ ဗလီ တစ်ခု ကို ဖြို ချ ဖို့  ကြိုးစာ နေ တဲ့ လူ တွေ နဲ့  သင်္ကန်း
ဝတ် ထား တွေ သူ တွေ ကို လုံခြုံရေး တပ် ဖွဲ့  တွေ က အကာ အကွယ် ပေး ခဲ့ ပုံ တစ်ခါ နာဇီ ရပ်
ကွက် မှာ မွတ်ဆလင် တွေ အကြမ်းဖက် ခံ ရ တာတွေ ရဲ တပ် ဖွဲ့  ၀င် တွေ ရှေ့  မှာ ပဲ ဖြစ် ပြီး ဘာ
မှ အကာ အကွယ် မပေး ခဲ့ တာ တွေ ကို ဒီ အစီ ရင် ခံစာ မှ ဖော် ပြထား ပါတယ်။

ဓာတ်ပုံများ က ပြောသော မိတ္ထီလာ
----------------------------------
http://freedomnewsgroup.com/2013/03/23/picture-told-the-story/

"ခင်ဗျား လုပ် နိုင်တာ ဆုတောင်း ရုံ သက်သက် ပဲ "
http://www.hrw.org/news/2013/04/22/burma-end-ethnic-cleansing-rohingya-muslims

ဆိုတဲ့ လူ့  အခွင့် အရေး စောင့် ကြည့် ရေး အဖွဲ့ 
ရဲ့  အစီရင်ခံ စာ မှာ ရခိုင် ဒေသ မှာ ဖြစ် ပွား ခဲ့ တဲ့ မငြိမ် သက် မှု တွေ မှာ မွတ်ဆလင် ဘာသာ ၀င်
ရိုဟင်ဂျာ တွေ ကို လူမျိုး တုန်း သတ်ဖြတ် တဲ့ ပုံစံ ဖြစ် ပွား အောင် အစိုးရ ကိုယ်တိုင် ပါဝင် ခဲ့ တယ်
လို့  တိကျ တဲ့ အထောက် အထား တွေ နဲ့  ဖော် ပြထား ပါတယ်။

မတ်လ အတွင်း က ဖြစ် ပွား ခဲ့ တဲ့ မိတ္ထီလာ အကြမ်းဖက် မှု မှာ လည်း ရဲ တပ် ဖွဲ့ ဝင် တွေ က မွတ်ဆလင်
ဘာသာ ၀င် တွေ ကို အကာ အကွယ် ပေး မှု မဲ့ ခဲ့ ပုံ နဲ့  ဓား လွတ် ကိုင် ထား တဲ့ လူတွေ ဟာ ၎င်း တို့ 
နဲ့  ဘာသာ မတူ သူ တွေ ကို လမ်းမ တွေ ထက် ပေါ် မှာ သတ် ဖြတ် ခဲ့တာ တွေ ကို ရိုက်ပြထား ပါတယ်။
ဒါ့  အပြင် ဓားဒဏ်ရာ တွေ ကြောင့် မသေ မရှင် ဖြစ် နေ တုန်း မှာ မော်တော် ဆိုင် ကယ် က ဓာတ်
ဆီ တွေ ကို ဖောက် ချ ပြီး အရှင် လတ်လတ် မီး ရှို့  ခံ ရ ပုံ တွေ ကို လည်း ပါဝင် ပါတယ်။

ကျောက်ဖြူ မှာ ဖြစ် တဲ့ မငြိမ်သက် မှု မှာ ဆိုရင်  အုပ် ချုပ် ရေး ယန္တယား က လူ တွေ က သွေးထိုး လှုံ
ဆော် ပေး ခဲ့ ပြီး အကာ အကွယ် မဲ့ နေတဲ့ သူ တွေ ကို စောင့် ရှောက် မှု မှာ လည်း ပျက် ကွက် ခဲ့ တယ်
လို့  ဒီ အစီရင် ခံ စာ က ဆို ပါတယ်။

ဒီအစီရင်ခံစာ ကို စာအုပ် အဖြစ် နဲ့ လည်း HRW က ထုတ် ဝေဖြန့် ချိ ခဲ့ ပါတယ်။

Human Rights Watch ၏ ၁၆၅ မျက် နှာ ပါ အစီရင်ခံစာ
-------------------------------------
http://www.hrw.org/sites/default/files/reports/burma0413_FullForWeb.pdf

သတင်း ၊ တွေ့ ဆုံ မေးမြန်းချက် နှင့် ဓာတ် ပုံ များ (စိတ် နှလုံး မချမ်း မြေ့ ဖွယ်ရာ များ ပါဝင်သည်။

http://www.hrw.org/sites/default/files/reports/burma0413_brochure_web.pdf


FNG

April 22, 2013
မတ်လ အတွင်း က ဖြစ် ပွား ခဲ့ တဲ့ မိတ္ထီလာ အကြမ်းဖက် မှု မှာ လည်း ရဲ တပ် ဖွဲ့ ဝင် တွေကမွတ်ဆလင်ဘာ
သာ ၀င် တွေ ကို အကာ အကွယ် ပေး မှု မဲ့ ခဲ့ ပုံ နဲ့  ဓား လွတ် ကိုင် ထား တဲ့ လူတွေ ဟာ ၎င်း တို့ နဲ့  ဘာသာ
မတူ သူ တွေ ကို လမ်းမ တွေ ထက် ပေါ် မှာ သတ် ဖြတ် ခဲ့တာ တွေ ကို ရိုက်ပြထား ပါတယ်။ဒါ့  အပြင် ဓား
ဒဏ်ရာ တွေ ကြောင့် မသေ မရှင် ဖြစ် နေ တုန်း မှာ မော်တော် ဆိုင် ကယ် က ဓာတ်ဆီ တွေ ကို ဖောက် ချ
ပြီး အရှင် လတ်လတ် မီး ရှို့  ခံ ရ ပုံ တွေ ကို လည်း ပါဝင် ပါတယ်။

ကျပ် ၁၅၀၀ တန်ဖုန်းများအတွက် သီးသန့်ငွေဖြည့်ကဒ် ရောင်းချပေးမည်

မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးတော့မည့် တန်ဖိုးနည်း ကျပ် ၁၅၀၀တန်ဖုန်းများ ၀ယ်ယူအသုံးပြုသူ များအတွက် ငွေဖြည့်ကဒ်များကို သီးသန့်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

ကတ်နှစ်မျိုး အသုံးပြုနိုင်သော Huawei အမှတ်တံဆိပ် ဟန်းဆက်များ ရောင်းအားကောင်း

ကတ်နှစ်မျိုး အသုံးပြုနိုင်သော Huawei အမှတ်တံဆိပ် ဟန်းဆက်များ ရောင်းအားကောင်း

၂၂.၄.၂၀၁၃၊ တနင်္လာနေ့

ယခု ဧပြီလ ၂၄ ရက်တွင် မိုဘိုင်းလ် ဖုန်း Sim Card များ နိုင်ငံတော်မှမထင် မှတ်ထားသော ဈေးနှုန်းဖြစ်သည့် ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချပေးတော့ မည်ဟု တရားဝင် ကြေညာပြီးသည့် နောက်ပိုင်း မိုဘိုင်းလ် ဟန်းဆက်များကို ကြိုတင်ဝယ်ယူမှုများ များပြားလာလျက် ရှိကြောင်း သိရသည်။
ထိုဟန်းဆက် များထဲမှ Sim Card နှစ်မျိုးအသုံးပြုနိုင် သည့် Huawei အမှတ် တံဆိပ်ဟန်းဆက်များမှာ နေပြည်တော် ဈေးကွက် အတွင်း ဝယ်ယူမှု များပြားလာကြောင်း သိရသည်။

ပထမဆုံး ချထားပေးမည့် ဖုန်းလိုင်းမှာ CDMA ဖြစ်ပြီး ဟန်းဆက်ဈေးနှုန်း များမှာ GSM/WCDMA ဟန်းဆက်များထက် ဈေးနှုန်းကြီးမြင့်ပြီး ဖန်ရှင်ပိုင်း တွင်လည်း စုံလင်စွာ မပါရှိသေးသည့် အတွက် တန်ဖိုးသင့်ပြီး အင်တာနက် များပါ အသုံးပြုနိုင်သည့် ဖန်ရှင်စုံလင် သော Huawei အမှတ်တံဆိပ်ဟန်း ဆက်များကို ရွေးချယ် ဝယ်ယူလာ ကြကြောင်း နေပြည်တော် ဟန်းဆက် ဈေးကွက်မှ သတင်းရရှိသည်။

မြ၀တီ

၂၂.၄.၂၀၁၃၊ တနင်္လာနေ့

ယခု ဧပြီလ ၂၄ ရက်တွင် မိုဘိုင်းလ် ဖုန်း Sim Card များ နိုင်ငံတော်မှမထင် မှတ်ထားသော ဈေးနှုန်းဖြစ်သည့် ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချပေးတော့ မည်ဟု တရားဝင် ကြေညာပြီးသည့် နောက်ပိုင်း မိုဘိုင်းလ် ဟန်းဆက်များကို ကြိုတင်ဝယ်ယူမှုများ များပြားလာလျက် ရှိကြောင်း သိရသည်။

အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြုသူများ လျော့နည်းလာ

အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြုသူများ လျော့နည်းလာ
=======================================

နေပြည်တော် ၊ ၂၂-၄-၂၀၁၃


နေပြည်တော် ကောင်စီ နယ်မြေ ၊ ဇမ္ဗူသီရိ မြို့နယ် ၊ သပြေကုန်း ဈေးတွင် ဖွင့်လှစ် ထားကြသည့် အင်တာနက် ဆိုင်များ မှ အင်တာနက် အသုံးပြုသူ နည်းပါး လာသည့် အတွက် ဈေးကွက် အတွင်း တွက်ခြေ မကိုက် သဖြင့် အရှုံးနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

" နှစ်သိန်းတန် ဖုန်း မပေါ်ခင် ကတော့ အလုပ်ဖြစ် သေးတယ် ၊ နှစ်သိန်းတန် ဖုန်း ပေါ်ပြီး နောက်ပိုင်းမှာ ဆိုင်ကို လူအလာ သိသိသာသာ ကျဆင်း သွားတယ် ၊ အကြောင်း ကတော့ အင်တာနက်ပါ တစ်ခါတည်း ဖွင့်လို့ရတဲ့ ဖုန်းတွေ ဆိုတော့ ဟန်းဆက် နည်းနည်း လေးကောင်းတာ ၀ယ်ပြီး ဟန်းဆက်နဲ့ ပဲအင်တာနက် သုံးကြတာ များလာတယ် ၊ ကျွန်တော်တို့ ဆိုင်ကိုတော့ ဂိမ်းကစားတဲ့ သူတွေနဲ့ ၊ နိုင်ငံခြားကို ဖုန်းခေါ် တာရယ်ပဲ အဓိက လာကြ ပါတယ် ၊ အင်တာနက် ကို ဆိုင်ထိုင် သုံးတဲ့သူက ခုဆို တော်တော် လေး နည်းသွားပါပြီ ၊ နောက်ပြီး စက်တစ်လုံး အတွက် တစ်နာရီ ငွေကျပ် ၄၀၀ ပဲဆိုတော့ ငွေလုံး ငွေရင်းနဲ့လည်း ပြန်မရဘူး ၊ လူတွေ အလွန်ဆုံး ထိုင်သုံးရင် ၃ နာရီ အများဆုံး ပါပဲ ၊ အခု ဂိမ်း ကစား သူတွေရှိလို့ ခံသာတာပါ ..... " ဟု အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အင်တာနက် ဆိုင်များမှာ စဖွင့် ကတည်းက တစ်နာရီ ငွေကျပ် ၄၀၀ သာ ကောက်ခံပြီး ယခုအထိ ဈေးနှုန်း မပြောင်းလဲဘဲ ကောက်ခံသည့် အပြင် မိုဘိုင်းလ်ဖုန်း မှ အင်တာနက် အသုံးပြု သူများ များပြား လာသည့် အတွက်ကြောင့် ရင်းနှီး မြှုပ်နှံမှု ပမာဏ ကြီးမားသည့် အင်တာနက် ဆိုင်တို့မှာ တွက်ခြေ မကိုက်ဘဲ အရှုံး နှင့် ရင်ဆိုင် နေရကြောင်း ၊ အချို့ ဆိုင်များမှာ တစ်နေ့လုံး အင်တာနက် အသုံးပြုသူ မရှိသလောက် နည်းလာသည့် အတွက် ၀န်ထမ်းများပင် မငှားဘဲ ပိုင်ရှင်များ ကိုယ်တိုင် ဆိုင်ထိုင် နေရကြောင်း သိရှိရသည်။
The Myawady Daily

နေပြည်တော် ကောင်စီ နယ်မြေ ၊ ဇမ္ဗူသီရိ မြို့နယ် ၊ သပြေကုန်း ဈေးတွင် ဖွင့်လှစ် ထားကြသည့် အင်တာ
နက် ဆိုင်များ မှ အင်တာနက် အသုံးပြုသူ နည်းပါး လာသည့် အတွက် ဈေးကွက် အတွင်း တွက်ခြေ မကိုက် သဖြင့် အရှုံးနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး အမေရိကန်နဲ့ ရုရှားပူးပေါင်းမည်

အကြမ်းဖက်မှုတိုက်ဖျက်ရေး အမေရိကန်နဲ့ ရုရှားပူးပေါင်းမည်
Monday, April 22, 2013

ဘော်စတွန်မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲခံရပြီးတဲ့နောက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းပြီး လက်တွဲ လုပ်ဆောင်မယ်လို့ အမေရိကန်နဲ့ ရုရှားတို့က ကတိပြုလိုက်ကြပါတယ်။

သောကြာနေ့ညနေက ဘော်စတွန် ဗုံးခွဲမှုနဲ့ အလိုရှိနေတဲ့ ရုရှားနိုင်ငံ Chechen နယ်သား ဇိုခါ ဆာနေယက်ဗ် (Dzhokhar Tsarnaev) ကို အမေရိကန်အစိုးရက ဖမ်းဆီးနိုင်ခဲ့တဲ့နောက် စနေနေ့က အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံခေါင်းဆောင် ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အခုလို ပြောကြား
ခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူနဲ့ Kremlin တို့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။

တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးဖေါက်ခွဲမှုအတွင်း သေဆုံးခဲ့ရသူတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်အိုဘားမား ဆီကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimier Putin) က ထပ်တလဲလဲ ၀မ်းနည်းကြေကွဲ
ရကြောင်း ပြောကြားခဲ့တယ်လို့ Kremlin က ပြောပါတယ်။ နှစ်နိုင်ငံကြား လုံခြုံရေးကိစ္စရပ်တွေကိုပိုမိုအနီးကပ်လက်တွဲလုပ်ဆောင်ကြဖို့ နည်းလမ်းတွေ
အတွက် သမ္မတ ပူတင် က ဆွေးနွေးလိုတယ်လို့ဆိုပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း ဘော်စတွန် တိုက်ခိုက်မှုနောက်
ဆက်တွဲ စုံစမ်းစစ်ဆေးမှုအပါအ၀င် အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ပတ်
သက်ပြီး ရုရှားနိုင်ငံက အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ်းလှမ်းလိုက်
တာကြောင့် ၀မ်းသာတဲ့အကြောင်း တုံ့ပြန်လိုက်ပါတယ်။

VOA

ဘော်စတွန်မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲခံရပြီးတဲ့နောက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအ
တွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းပြီး လက်တွဲ လုပ်ဆောင်မယ်လို့ အမေရိကန်နဲ့ ရုရှားတို့က ကတိပြုလိုက်ကြပါ
တယ်။

ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေ နယူးရောက်မြို့မှာ ဆန္ဒပြခံရ

ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေ နယူးရောက်မြို့မှာ ဆန္ဒပြခံရ 

အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ကျောက်မျက်ရတနာ ကုန်သွယ်မှုပိတ်ဆို့ရေးဥပဒေ ပြန်လည်ရုတ်သိမ်းပေးရန် အတွက်  ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေ အမေရိကန်မှာ လာရောက်လှုပ်ရှားဖော်ဆောင်နေကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်သောဒီမိုကရေစီ ကို မဖော်ဆောင်သေးဘဲ၊ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်မှုမရှိသေးဘဲ၊ တရားဥပဒေစိုးမိုးမှုမရှိသေးဘဲ ရွှေရေစိမ်ဒီမိုကရေစီ ဖြင့် စစ်အာဏာရှင်စနစ်ကိုသာ တောင့်တင်းခိုင်မာအောင် ရည်ရွယ်ချက်ရှိရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြင့် အရပ်သားယောင်ဆောင်ထားတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုကို အသက်သွင်းလျှက်ရှိပါတယ်။ နိုင်ငံတွင်းမှာ တိုင်းရင်းသားတွေနဲ့ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကိုလည်း ရပ်တံ့နိုင်ခြင်းမရှိသေးပါ။   ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်မင်း ဦးခင်ရီ အပါအဝင် ဝန်ကြီးလေးဦး ဟာ  နိုင်ငံတကာအစိုးရများကို စနစ်တကျ လိမ်ညာမှုအပေါင်းကိုပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် နယူးရောက်မြို့မှာ လူထုနဲ့တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ ဧပြီလ ၂၁ရက် ၁နာရီ မှ ၄နာရီအထိ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦးရှေ့ရှိ ၇၇၇ ကုလသမဂ္ဂ ပလာဇာ အဆောက်အဦး မှာ ကျင်းပပြုလုပ်ရာ တက်ရောက်ဆွေးနွေးကြသူ ၅၀-၆၀ ခန့်ရှိကြောင်း နဲ့ ဆန့်ကျင်ဆန္ဒပြသူ ၄၅ဦးခန့်ရှိကြောင်း သိရှိရပါတယ်။ 

ဆန္ဒပြသူတွေက မြန်မာပြည်မှာ လူထုဆန္ဒတွေ မတိမ်းချော်ရအောင် စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး အတွက် ရည်ရွယ်ကျင်းပကြတယ်လို့ သူတို့ရဲ့ကြေငြာချက်မှာ ရှင်းလင်းစွာဖော်ပြထားပါတယ်။  ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်မင်း ဦးခင်ရီ တို့ဟာ နယူးယောက်လူထုကို လာပြီး လိမ်ညာနေသောကြောင့်  "လိမ်ညာပွဲကို ဆန့်ကျင်ကြစို့" "ရွှေရေစိမ်ဒီမိုကရေစီကို ဆန့်ကျင်ကြစို့" ခေါင်းစဉ်ဖြင့် ဆန့်ကျင်ဆန္ဒပြရကြောင်း သူတို့ရဲ့ဖိတ်စာမှာ ဖော်ပြထားပါတယ်။ 

ဆန့်ကျင်ဆန္ဒပြသူတွေက မြန်မာပြည်ဒီမိုကရေစီရရှိရေး ငြိမ်းချမ်းရေးရရှိရေး နဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် အောက်ပါ တောင်းဆိုချက်တွေ အော်ဟစ်ကြွေးကြော်တောင်းဆိုကြပါတယ်။ 

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ  (အလိုမရှိ အလိုမရှိ) 
လူမျိုးရေး ဘာသာရေး အထိကရုဏ်း     (အလိုမရှိ အလိုမရှိ) 
နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး (ဒို့အရေး ဒို့အရေး) 
မတရားဖမ်းဆီးခံထားရတဲ့ ကိုရဲမင်းဦးလွှတ်ပေးရေး (ဒို့အရေး ဒို့အရေး) 
အောင်မင်း ခင်ရီ (လူလိမ် လူလိမ်)

အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ကျောက်မျက်ရတနာ ကုန်သွယ်မှုပိတ်ဆို့ရေးဥပ
ဒေ ပြန်လည်ရုတ်သိမ်းပေးရန် အတွက် ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေ အမေရိကန်မှာလာရောက်လှုပ်
ရှားဖော်ဆောင်နေကြပါတယ်။