Pages

Friday, April 19, 2013

ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ်ကို ရဲဌာနချုပ်ကို ခေါ်ဆောင်သွား

ပါကစ္စတန်  သမ္မတဟောင်း မူရှာရက်ဖ်ကို ရဲဌာနချုပ်ကို ခေါ်ဆောင်သွား

ပါကစ္စတန်  သမ္မတဟောင်း ပါဗက် မူရှာရက်ဖ်ကိုသူ့ နေအိမ် ကနေ အစ္စလာမ် မာဘတ် မြို့တော်က ရဲဌာနချုပ်ကို ခေါ်ဆောင် သွားခဲ့ ပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်က တရားသူကြီး တွေကို ဥပဒေမဲ့ ထိန်းသိမ်း ခဲ့မှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေကို ရင်ဆိုင်ဖို့ တရားရုံးကို မနေ့က ရောက်လာခဲ့ ပြီးတဲ့နောက် စောစောပိုင်းက သူ့ကို နေအိမ် အကျယ်ချုပ် ချထားခဲ့ပါတယ်။

မစ္စတာ မူရှာရက်ဖ် ကတော့ သူ့ အပေါ် စွပ်စွဲထား ချက်တွေဟာ နိုင်ငံရေး နဲ့ ပတ်သက်နေတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀ဝ၇ ခုနှစ်က နိုင်ငံမှာ အရေးပေါ် အခြေ အနေ ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ သမ္မတဟောင်း မူရှာရက်ဖ်ကို ရုံးတင် စစ်ဆေးဖို့ ဆုံးဖြတ်ချက်ကို လောလောဆယ် ပါကစ္စတန် အထက် လွှတ်တော် အမတ်တွေက အတည် ပြုခဲ့ကြပါတယ်။

ပါကစ္စတန် သမ္မတဟောင်း ပါဗက် မူရှာရက်ဖ်ကိုသူ့ နေအိမ် ကနေ အစ္စလာမ် မာဘတ် မြို့တော်က ရဲဌာနချုပ်ကို ခေါ်ဆောင် သွားခဲ့ ပါတယ်။

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာ လူသတ်လက်နက်အဖြစ်အသုံးပြုခဲ့တဲ့ အိုး သို့မဟုတ် Pressure Cooker

ဘော်စတွင်တွင် လူသတ်သော အိုး သို့မဟုတ် Pressure Cooker 

ပုံမှာ မြင်နေရတဲ့ Pressure Cooker က ဗုံးဖြစ်လိမ့်မယ်မလို့ ၂၀၀၆ မတိုင်မီက ဘယ်သူမှ ထင်မထားပါဘူး။ 

ခုတော့ ယင်းအိုးကြောင့် သေတဲ့သူတွေ အတော်လေးများနေပါပြီ။ ၂၀၀၆ က မွန်ဘိုင်းအကြမ်းဖက်မှုမှာ စတင်လူသိများသွားတဲ့ ယင်း အိုးကို အမေရိကန် စတော့ကလန်း၊ နယူးယောက်တိုင်း ရင်ပြင် တို့မှာ တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က လောလောလတ်လတ် ပဲ ဘော်စတွန်က အပြေးပြိုင်ပွဲ တစ်ခုမှာ ပေါက်ကွဲခဲ့ပါတယ်။ ၃ ဦးသေပြီး ၁၈၃ ဦး ဒဏ်ရာရသွားတဲ့ ယင်းဖြစ်ရပ်က အမေရိကန် ပြည်သူတို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ 

တစ်လုံးက ဘာမှန်းမသိပေမယ့် တစ်လုံးကတော့ Pressure Cooker ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အထဲ မှာ ဘောသီး၊ အိမ်သုံး သံမှိုနဲ့ ပေါက်ကွဲမှုအား ပြင်းတဲ့ ယမ်းများကို ဖျစ်ညစ်ထည့်ထားတဲ့ အပေါ်မှာ Blasting cap တပ်ထားရုံပါပဲ။ Blasting cap ကို activate လုပ်ဖို့ သုံးလို့ရတဲ့ နည်းလမ်း ကတော့ အများကြီး ပါပဲ။ ချိန်ကိုက်နာရီ၊ ဖုန်း ခေါ်ဆိုမှု၊ ဖုန်း မတ်ဆေ့ခ်ျ နဲ့ အခြားသော ကြိုးမဲ့ ရေဒီိယိုလိုင်းဆက်သွယ်မှု နည်းလမ်းပေါင်းများစွာနဲ့ လွယ်လွယ် ကူကူ မီးရှို့ လို့ရတဲ့ ပစ္စည်း ဖြစ်ပါတယ်။ 

ဘော်စတွန်မှာ ရက်ရက်စက်စက်ပါပဲ။ ဘောသီး၊ သံမှို စင်လို့ စက်သေနတ်မှိုးရွာသလို ခံစားရတဲ့ ဝေဒနာအပြင်၊ ယမ်းပေါက်ကွဲ မှုကြောင့် နားလေးပြီး၊ အရေအပြားများ မီးလောင် စေပါတယ်။ 

ဒါတောင် မာရသွန်ပြေးလမ်း ဝင်မယ့် နေရာမှာ လုံခြုံရေးများက ၂ ခါတိတိ စစ်ဆေးပါတယ်။ Pressure Cooker မှာ ပါလာမယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ Bomb Tracking Device ကောင်းကောင်း မသုံးဘူးလားလို့တောင် မေးခွန်းထုတ်စရာ ရှိလာပါတယ်။

Pressure Cooker ဗုံးကို အယ်ကေးဒါးအဖွဲ့အစည်းတို့ စတင်တီထွင်ပြီး အီရတ်၊ သီရလင်္ကာ၊ အာဖဂန်တို့မှာ အသုံးများပါတယ်။ သို့ပေမယ့် တရားခံ ဘယ်သူလည်း ဆိုတာ မသိသေးပါဘူး။ သံသယ ရှိဖွယ် လူ ၂ ဦးရဲ့  ဓာတ်ပုံကို FBI တို့ ထုတ်ပြန်ခဲ့ပြီး တရားခံကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်း လျက် ရှိကြောင်း သိရပါတယ်။ 
--
Ref:wiki
International news for myanmar\

ပုံမှာ မြင်နေရတဲ့ Pressure Cooker က ဗုံးဖြစ်လိမ့်မယ်မလို့ ၂၀၀၆ မတိုင်မီက ဘယ်သူမှ ထင်မထားပါဘူး။
ခုတော့ ယင်းအိုးကြောင့် သေတဲ့သူတွေ အတော်လေးများနေပါပြီ။ ၂၀၀၆ က မွန်ဘိုင်းအကြမ်းဖက်မှုမှာ စတင်လူသိများသွားတဲ့ ယင်း အိုးကို အမေရိကန် စတော့ကလန်း၊ နယူးယောက်တိုင်း ရင်ပြင် တို့မှာ တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က လောလောလတ်လတ် ပဲ ဘော်စတွန်က အပြေးပြိုင်ပွဲ တစ်ခုမှာ ပေါက်ကွဲခဲ့ပါတယ်။ ၃ ဦးသေပြီး ၁၈၃ ဦး ဒဏ်ရာရသွားတဲ့ ယင်းဖြစ်ရပ်က အမေရိကန် ပြည်သူတို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။

ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူလူငယ်လေး ကို ရဲအရာရှိပေါင်း ကိုးထောင်ကျော် နဲ့ စစ်သားတွေ တင့်ကားတွေ ဟော်လီကော်ပတာတွေနဲ့ နေရာအနှံဆက်လက်ရှာဖွေနေ

ရဲ စစ်တပ် ထောက်လှမ်းရေးများ ဘော်စတွန်မြို့အားပိတ်ဆို့ပြီး လွတ်မြောက်နေသူ ဗုံးခွဲအကြမ်းဖက်သူ လူငယ်လေးကိုရှာဖွေနေ ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူအဖြစ် သံသယရှိသူ လွတ်မြောက်နေဆဲဖြစ်သူဟာ အသက် (၁၉) နှစ်ရှိ မူဆလင်အကြမ်းဖက်သမားလေး Dzhokhar Tsarnaev ကို ရဲအရာရှိပေါင်း ကိုးထောင်ကျော် နဲ့ စစ်သားတွေ တင့်ကားတွေ ဟော်လီကော်ပတာတွေနဲ့ ဘော်စတွန် မာဆာကျူးဆက် ဝါးတားတောင်းမြို့လေးမှာ ပိုက်စိတ်တိုက်ရှာဖွေနေကြပါတယ်။ ဆက်သွယ်ရေးတွေအားလုံး ပိတ်ထားတယ်။ ဘော်စတွန်လေပျံခရီးစဉ်ပါ ပိတ်ဆို့ထားတယ်။ တက်ကစီတွေ ဘတ်စ်ကားတွေ မီးရထားတွေ အားလုံး ပိတ်ထားတယ်။ တစ်မြို့လုံးစီးပွါးရေးတွေ ပိတ်လိုက်တယ်။ ကျောင်းတွေအားလုံးပိတ်ထားပါတယ်။ ရဲအရာရှိတွေ မူ့ခင်းအရာရှိတွေ စစ်သားတွေ အားလုံး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေနေပါတယ်။ အကြမ်းဖက်သမားဖြစ်သူအ ကိုကြီးကတော့ အသက် ၂၆နှစ်ရှိပြီး အမည်မှာ Tamerlan Tsarnaev ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ ဘော်စတွန်မာရသွန်ပြေးပွဲ ဗုံးခွဲအကြမ်းဖက်သူ လူငယ်ညီအကို နှစ်ဦးဟာ ဘော်စတွန် ကွန်မြူနတီကောလိပ်မှာ အင်ဂျင်နီယာဘာသာ သင်ယူနေကြတဲ့ မူဆလင် ညီအကိုနှစ်ဦးဖြစ်ပါတယ်။ ရုရှားပြည်ထောင်စုကခွဲထွက်သွားတဲ့ CHECHNYA (ဥရောပရဲ့ အရှေ့တောင်အရပ် ) က ကျောင်းလာတက်ကြတဲ့ ညီအကိုတွေဖြစ်ကြပါတယ်။ အမေရိကား ကို လွန်ခဲ့တဲ့ (၇) နှစ်လောက်ကတည်းက ပြောင်းရွှေ့အခြေချလာကြသူတွေဖြစ်ပါတယ်တဲ့။

ရဲ စစ်တပ် ထောက်လှမ်းရေးများ ဘော်စတွန်မြို့အားပိတ်ဆို့ပြီး လွတ်မြောက်နေသူ ဗုံးခွဲအကြမ်းဖက်သူ လူငယ်လေးကိုရှာဖွေနေ ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူအဖြစ် သံသယရှိသူ လွတ်မြောက်နေဆဲဖြစ်သူဟာ အသက် (၁၉) နှစ်ရှိ မူဆလင်အကြမ်းဖက်သမားလေး Dzhokhar Tsarnaev ကို ရဲအရာရှိပေါင်း ကိုးထောင်ကျော် နဲ့ စစ်သားတွေ တင့်ကားတွေ ဟော်လီကော်ပတာတွေနဲ့ ဘော်စတွန် မာဆာကျူးဆက် ဝါးတားတောင်းမြို့လေးမှာ ပိုက်စိတ်တိုက်ရှာဖွေနေကြပါတယ်။

ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ

ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့
ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်ဧပြီ ၁၉ ရက်ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်
ရှိလာခဲ့သည်။ 

နိုင်ငံရေးပါတီ ၅ ပါတီ တရုတ်နိုင်ငံသွားမည်

နိုင်ငံရေးပါတီ ၅ ပါတီ တရုတ်နိုင်ငံသွားမည် 

မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၅ ပါတီဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားရောက်မယ်လို့ ပြောပါတယ်။  

တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့ RNDP နဲ့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က ရခိုင်ပြည်နယ်ကနေ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေကို ဖြတ်သန်းတည်ဆောက်နေတဲ့ တရုတ်ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ RNDP ပါတီရဲ့ဥက္ကဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။ ဒါ့အပြင် အဲဒီဆွေးနွေးမယ့်အထဲမှာ ပိုက်လိုင်းတလျှောက်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ လျော်ကြေးတွေပေးဖို့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ 

ခရီးစဉ်မှာပါဝင်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ(SNDP)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၅ ပါတီဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားရောက်မယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံ ဘောစတွန်မြို့ ဗုံးခွဲမူ သံသယရှိသူတဦး (ရဲပစ်ခတ်မူကြောင့်) သေ၊ ကျန်တဦး ထွက်ပြေးလွတ်မြောက်နေသဖြင့် အင်အား အလုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာနေ

ဘောစတွန်ဗုံးခွဲမူ သံသယရှိသူတဦး (ရဲပစ်ခတ်မူကြောင့်)
သေ၊ ကျန်တဦး ထွက်ပြေးလွတ်မြောက်နေသဖြင့် အင်အား
အလုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာနေ။

ဘောစတွန်ဗုံး ခွဲသူဟုယူဆရသူ Tamerlan Tsarneav (26)
သည် ရဲနှင့်ပစ်ခတ်မူဖြစ်ပြီးနောက် သေဆုံးသွားသည်။ ဒုတိယ
သံသယရှိသူ Dzhokar A. Tsarnaev (19) မှာ ထွက်ပြေး
လွတ်မြောက်နေသဖြင့် အင်အားအလုံးအရင်းဖြင့် ပိုက်စိပ်တိုက်
ရှာဖွေနေကြောင်းသိရှိရသည်။ ဘောစတွန် ဧရိယာအတွင်း 
ခရီးသည်တင် မြေအောက်ရထားပြေးဆွဲမူကို ရပ်တန့် ထား
လိုက်ကြောင်း မန်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမူး
Deval Patrick ကထုတ်ဖေါ်ပြောကြားလိုက်သည်။ ဘောစတွန်
ရှိ ဟားဘတ်တက္ကသိုလ်နှင့် M.I.T (Massachusetts Institute 
of Technology) တို့ အား ပိတ်ထားကြောင်းသိရသည်။

မနေ့ ညက ပစ်ခတ်မူတွင် (M.I.T) မှ တက္ကသိုလ်ရဲတဦး 
သေနတ်ထိမှန်သေဆုံးခဲ့ပြီး အခြား ရဲတယောက်လည်း ဒဏ်ရာ
ရရှိခဲ့သည်။"ဗုံးခွဲမူတွင် သံသယရှိသူ" ဟုယူဆရသူမှာ ကားတစီး
အားပြန်ပေးဆွဲပြီး ထွက်ပြေးစဉ် ရဲမှလိုက်လံဖမ်းဆီးရာတွင်
ပစ်ခတ်မူဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘောစတွန်ရဲအရာရှိ Ed Davis  
က "သူဟာ အကြမ်းဘက်သမားတဦးဖြစ်လိမ့်မယ်ဆိုတာ ကျုပ်
တို့ ယုံကြည်ပါတယ်" ("We believe this to be a terrorist,"
said Boston Police Commissioner Ed Davis.) ဟု ထုတ်
ဖေါ်ပြောဆိုလိုက်သည်။

သံသယရှိသူနှစ်ဦးသည် ရုရှားနိုင်ငံ၏ ချက်ခ်ျညန် မွတ်ဆလင်
ခွဲထွက်ရေးဒေသမှ မွတ်ဆလင်များဖြစ်ပြီး လွန်ခဲ့သည် ဆယ်စု
နှစ်တခုဝန်းကျင်က ရုရှားနိုင်ငံသားများအနေဖြင့် အမေရိကန်
ပြည်ထောင်စုသို့ ရောက်ရှိခဲ့ကြကြောင်းသိရှိရသည်။

လှိုင်ဘွား စုဆောင်းတင်ပြသည်။

related sources:

http://www.chicagotribune.com/news/chi-boston-bombings-20130419,0,839233.story

http://news.nationalpost.com/2013/04/19/what-we-know-about-the-bombing-suspects-so-far/

http://www.thespec.com/news/world/article/921115--boston-bombing-suspect-shot-dead-as-police-hunt-second-man

ဘောစတွန်ဗုံး ခွဲသူဟုယူဆရသူ Tamerlan Tsarneav (26)သည် ရဲနှင့်ပစ်ခတ်မူဖြစ်ပြီးနောက်သေဆုံးသွားသ
သည်။ ဒုတိယမြောက်သံသယရှိသူDzhokar A. Tsarnaev (19) မှာထွက်ပြေးလွတ်မြောက်နေသဖြင် အင်အား
အလုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာဖွေနေကြောင်းသိရသည်။

အများပိုင်ပန်းခြံမြေတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုဆောက်လုပ်မှု အရေးယူမည်

အများပိုင်ပန်းခြံမြေတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုဆောက်လုပ်မှု အရေးယူမည်
========================================

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေး
ပါတီက ကွန်ဒိုအိမ်ရာ စီမံကိန်းတခု တည်ဆောက် နေမှုသည် နိုင်ငံရေး
ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လွှတ်တော်သို့ တင်ပြဆောင်ရွက်သွား
မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြော
ဆိုသည်။

စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်က တောင်ဥက္ကလာပမြို့နယ် အမှတ်
၉ ရပ်ကွက်၊ ဝေဇယန္တာလမ်း နှင့် သစ္စာ လမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့်ပန်းခြံမြေနေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်
ဖွံ့ဖြိုးရေး အသင်းက မြို့နယ်ရုံး ဆောက်လုပ်ပြီး မြေကွက်ကို သိမ်းယူ
ခဲ့သည့်အပြင် ရုံးအောက်တွင် ဆိုင်ခန်း ၁၀ ခန်းဖွင့်လှစ်ငှားရမ်းခဲ့ ကြောင်း၊
၂၀၀၉ ခုနှစ်ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကို နိုင်ငံရေးပါတီ
အဖြစ် အသွင်ပြောင်းသောအခါ ပန်းခြံမြေနေရာတွင် ဆောက်လုပ်ထားသော အဆောက်အအုံကို ပါတီရုံးခန်း အဖြစ် အသုံးပြုခဲ့ ကြောင်း၊ ယခုအခါ ကြံ့ခိုင်ရေး ပါတီရုံးခန်းနှင့်မြေနေရာတွင် ရန်နိုင်ဆောက်လုပ်ရေး ကုမ္ပဏီ
နှင့်ပူးပေါင်း အဆင်မြင့်ကွန်ဒို အိမ်ရာ စီမံကိန်း တခု တည်ဆောက်ရန် ပြင်
ဆင်နေကြောင်း တောင်ဥက္ကလာ ၉ ရပ်ကွက် ဒေသခံများက ပြောဆိုကြ
သည်။

“ကျနော်တို့ ၉ ရပ်ကွက်ထိပ်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့် ပေ ၁၅၀ နဲ့ ပေ ၁၃၀ အကျယ် အ၀န်း ရှိတဲ့ ကလေးကစားကွင်းနဲ့ ပန်းခြံလေးရှိတယ်။ ၁၉၉၂ ခုနှစ်မှာ ကြံ့ခိုင်ရေးအသင်းက အဲဒီမြေနေရာကို သိမ်းတယ်။ ရုံးဆောက်လိုက်တယ်။ စစ်အစိုးရလက်ထက်တုန်းကဆိုတော့ ကျနော်တို့က မပြောရဲမဆိုရဲကြဘူး။ နောက်တော့ ကြံ့ခိုင်ရေးပါတီဖြစ်လာတော့အဲဒီနေ
ရာကိုပါတီပိုင်မြေအဖြစ် ဆက်သိမ်းတယ်။ အခု ရန်နိုင်ဆောက်လုပ်ရေး
ကုမ္ပဏီနဲ့ ကြံ့ခိုင်ရေးပါတီတို့ပေါင်းပြီး ကွန်ဒိုအိမ်ရာစီမံကိန်းဆောက်ဖို့ စနေပြီ။ တကယ်ပဲကြံ့ခိုင်ရေးပါတီက ပြည်သူ့ဆန္ဒကို လေးစားတယ်ဆိုရင် အဲဒီပန်းခြံမြေနေရာလေးပြန်ပေးစေချင်ပါတယ်။ ရပ်ကွက်သာရေး၊ နာရေး၊ တရားပွဲ လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲတွေအားလုံး အဲဒီနေရာလေးမှာပဲ ကျင်းပခဲ့တာ။ ရပ်ကွက်ပြည်သူတွေက အဲဒီပန်းခြံမြေကွက်လပ်ကို ပြန်
လိုချင်တယ်” ဟု ၉ ရပ်ကွက်ဒေသခံဦးအေးဇော်က ပြောသည်။

အများပိုင်ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီကကွန်ဒိုအိမ်ရာစီမံကိန်း
ဆောက်လုပ်မှုနှင့်စပ်လျဉ်းပြီး တောင်ဥက္ကလာ ၉ ရပ်ကွက်ဒေသခံ ၁၆ ဦးက နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ ထူးခြားမှုမရှိကြောင်း၊ ကွန်ဒိုအိမ်ရာ ဆက်လက်တည်ဆောက်ပါက ဒေသခံ
ပြည်သူများက တရားဝင်ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ရန် အစီအစဉ်ရှိသည်ဟု
ဒေသခံများက ဆိုသည်။

“သမ္မတဦးသိန်းစိန်ဆီ လွန်ခဲ့တဲ့ လပိုင်းလောက်က စာတင်တယ်။ ရပ်ကွက်မြေကို ပြန်ပေးဖို့ တင်ပြတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတဦးက စာတင်တဲ့သူတွေကို ခေါ်ပြီးမေးမြန်းတာကလွဲလို့ ဘာမှ ထူးခြားချက်မရှိ ဘူး” ဟု ၉ ရပ်ကွက်ဒေသခံတဦးက ရှင်းပြသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်ကမူ ကြံ့ခိုင်ရေး
ပါတီက တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူပိုင် ပန်းခြံမြေနေရာကို သိမ်းယူပြီး ကွန်ဒိုဆောက်လုပ်မှုသည် စစ်အစိုးရပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်တင်းစွာပင် ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေချိုးဖောက်မှုကို အရေးယူနိုင်ရေး လွှတ်တော်မှ တဆင့် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“အခု လွှတ်တော်ကနေတဆင့် မေးခွန်းမေးထားတယ်။ အများပိုင်မြေကွက်
ကို ဘာလို့ သိမ်းသလဲဆိုတာ မေးထားတယ်။ အဲဒီအဖြေရတာနဲ့ ကျနော်
လုပ်စရာရှိတာတွေ လွှတ်တော်ကို တင်ပြပြီး ဆက်လုပ်သွားမယ်။ ဒီဖြစ်စဉ်က နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ မှာပါတဲ့ နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေတာပဲ။ ပြည်သူတွေ
ကလည်း အဲဒီမြေကွက် လေးလိုချင်လို့ ကျနော့်ကို လာအကူအညီတောင်း
တယ်။ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒမဲကို အခြေခံတဲ့ ရွေးကောက်ပွဲ စနစ်နဲ့သွားနေတာပဲ။ ပြည်သူငြိုငြင်ရင် ပြည်သူ့ဆန္ဒမဲရမှာမဟုတ်ဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂၊ ၅ (က) အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်
ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်
ခွင့်မရှိကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ တောင်ဥက္ကလာ မြို့နယ်ကြံ့ခိုင်ရေး
ပါတီ၏ တာဝန်ခံလည်းဖြစ်သူ ဦးအောင်သိန်းလင်းကမူ ၉ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးမြေကွက်သည် ဂရန်ရှိ မြေကွက်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ
အနေဖြင့် ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့်ပူးပေါင်းပြီး အခန်းပေး၊ အခန်း
ယူစနစ်နှင့် ကွန်ဒိုအိမ်ရာစီမံကိန်းတည်ဆောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ ခွင့်ပြုချက်ရရှိထားကြောင်း၊ ထို့ကြောင့် ကွန်ဒိုအိမ်ရာစီမံကိန်းကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြား
ပြီး ထိုမြေကွက်သည် ပြည်သူပိုင် ပန်းခြံမြေကွက်ဖြစ်ခဲ့သည်ဆိုသော မေးခွန်း
ကိုမူ ဖြေဆိုခြင်းမပြုခဲ့ပေ။

“ဂရန်လည်းရှိပါတယ်။ ကြာလှပါပြီ။စည်ပင်သာယာကလည်း ခွင့်ပြုလို့ ခွင့်ပြုချက်ကျပြီးမှ ဆောက်တာပါ။ ကြံ့ခိုင်ရေး အဆောက်အဦးကို အခန်းပေး
အခန်းယူ စနစ်နဲ့ဆောက်တာပါ။ ဂရန်မရှိရင် ခွင့်ပြုချက်ဘယ်ပေးမလဲ၊ ပါမစ်ဘယ်ပေးမလဲ” ဟု ဦးအောင်သိန်းလင်းက ဧရာဝတီသို့ပြောသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ယခင်စစ်အစိုးရ၀န်ကြီးချုပ်
ဟောင်းလည်းဖြစ်၊ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သူ လက်ရှိသမ္မတဦးသိန်းစိန်
က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်
အမတ် နေရာအများစုအနိုင်ရရှိခဲ့သည်။

ဧရာဝတီ

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုအိမ်ရာ စီမံကိန်း
တခု တည်ဆောက် နေမှုသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက်
ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လွှတ်တော်သို့ တင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်
စားလှယ် ဦးဖုန်းမြင့်အောင်က ပြော ဆိုသည်။

H7N9 ကြက်ငှက်တုတ်ကွေးရောဂါဗီဇပြောင်းလဲကူးစက်မှု ကျွမ်းကျင်သူများ စိုးရမ်နေ

ပြီးခဲ့တဲ့ ဧပြီလ (၁၅)ရက်နေ့မှာ N7N9 Virus ရောဂါပိုး၏ ဗီဇဆဲလ် မိုက်ခရိုစကုတ်ဖြင့် စစ်ဆေးကြည့်ရှုခဲ့
ရာမှာ N7N9 Virus ဆဲလ်ဟာ ပုံစံအမျိုးမျိုးပြောင်းလဲနိုင်တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဘော်စတွန် ဗုံးကွဲ မှု နှင့် ဝေ့ကို ဓာတ်မြေသြဇာ စက်ရုံ ပေါက်ကွဲ မှု နှစ် ခု လုံး ကို မျက် မြင် တွေ့ ရှိသူ

ဘော်စတွန် ဗုံးကွဲ မှု နှင့်  ဝေ့ကို ဓာတ်မြေသြဇာ စက်ရုံ ပေါက်ကွဲ မှု နှစ်
ခု လုံး ကို မျက် မြင် တွေ့ ရှိသူ 

တနင်္လာ နေ့  က လူ ၃ ဦး သေဆုံး ပြီး တစ်ရာ့ ငါးဆယ် ကျော် ဒဏ်ရာ ရရှိ
ခဲ့ သည့် ဘော်စတွန် မာရသွန် ဗုံး ပေါက် ကွဲ မှု နှင့် လူ ၁၅ ဦး သေဆုံး ပြီး 
ရာ နှင့် ချီ ဒဏ်ရာ ရရှိ ခဲ့ သည့် တက္ကဆက် ပြည်နယ် ဝေ့ကို ဓာတ်မြေသြဇာ
စက်ရုံ ပေါက်ကွဲ မှု ကို ဂျိုဘာတီ က မျက် မြင် တွေ့ ရှိ သူ ဖြစ်ခဲ့ သည်။

ဘော်စတွန် မာရသွန် တွင် ၀င်ရောက်ယှဉ် ပြိုင် ခဲ့ သည့် ဂျိုးဘာတီ သည် 
သူ ပန်း ၀င် ပြီး နောက် စက္ကန့်  အနည်း ငယ် အကွာ မှာ ပင် ဗုံး ပေါက် ကွဲရာ
ဗုံးပေါက် ကွဲ မှု ကို ဇနီး ဖြစ်သူ အေမီ ဘာတီ နှင့် အတူ မျက် မြင် တွေ့ ရှိ ခဲ့ 
သည်။  အင်္ဂါ နေ့ မနက် တွင် ဘော်စတွန် မှ ပြန် လည် ထွက် ခွာ ပြီး နောက်
အော်စတင် သို့  ခရီး မထွက် မှီ ဗုဒ္ဓဟူး နေ့ ဉ် ဒါးလက်(စ) တွင် ခရီး တစ်ထောက် နား ပြီး ညနေ ပိုင်း တွင် ပြည်နယ် အဝေး ပြေး လမ်းမ ၃၅ အတိုင်း ဒါးလက်(စ) သို့   မောင် နှင့် လာရာ ဝေ့ကို သို့  အရောက် တွင် 
ဓာတ်မြေ သြဇာ စက် ရုံ ပေါက် ကွဲ မှု ကို မျက် မြင် တွေ့ ရှိ ခဲ့ ခြင်း ဖြစ်
သည်။ 

ဂျို ဘာတီက နယူးယောက် ဒေးလီး နယူးစ် ကို ပြော ရာ ဉ် ကျွန်တော် ကံ
မကောင် ဘူး ဘဲ ပြောရမလား ဖြစ် ရပ် ဆိုး ကြီး နှစ်ခု ကို မျက် မြင် တွေ့ 
ရတယ်။ ဝေ့ကို မှာ စက်ရုံ ပေါက် ကွဲ တော့ ကား က စက် ရုံ နား က အဖြတ်
သိမ့် ခနဲ့  တုန် သွားတာ ပဲ ၊ ကား ပေါ် ပါလာတဲ့ ကျွန်တော့် မိသားစု တော့ ဘေး မသီ ရန် မခ ကြ ပါ ဘူး ဟု ပြောသည်။


တနင်္လာ နေ့  က လူ ၃ ဦး သေဆုံး ပြီး တစ်ရာ့ ငါးဆယ် ကျော် ဒဏ်ရာ ရရှိခဲ့ သည့် ဘော်စတွန် မာရသွန်
ဗုံး ပေါက် ကွဲ မှု နှင့် လူ ၁၅ ဦး သေဆုံး ပြီးရာ နှင့် ချီ ဒဏ်ရာ ရရှိ ခဲ့ သည့် တက္ကဆက် ပြည်နယ် ဝေ့ကို ဓာတ်
မြေသြဇာစက်ရုံ ပေါက်ကွဲ မှု ကို ဂျိုဘာတီ က မျက်မြင်တွေ့ရှိခဲ့သူဖြစ်သည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တောင်ကုန်းကြီးရပ် တွင် ယာဉ်တိုက်မှုဖြစ်ပွား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တောင်ကုန်းကြီးရပ် ၆၂လမ်း ၊၃၉×၄၀ ကြား တွင် တောင်မှမြောက်သို့ အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ ယဉ်မောင်း ကိုရဲ(ခ)ကိုဟူး ချမ်းအေးသာဇံမြို့နယ် ၈၄×၈၅ကြား၃၂လမ်းနေထိုင်သူ ၉ဃ၊၁၂၅၆ ဟိုင်းလတ် SURFအမျိုးစားကားဟာ  လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် (၆)စီး ကား(၇)စီးတို့ကို ၀င်တိုက်မှု တစ်ခု ၁၉-၄-၂၀၁၃ နံနက်၉း၂၀ခန့်က ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်ပေါ်မှာပါလာသူ တစ်ဦးသာ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
(သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တောင်ကုန်းကြီးရပ် ၆၂လမ်း ၊၃၉×၄၀ ကြား တွင် တောင်မှမြောက်သို့ အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ ယဉ်မောင်း ကိုရဲ(ခ)ကိုဟူး ချမ်းအေးသာဇံမြို့နယ် ၈၄×၈၅ကြား၃၂လမ်းနေ
ထိုင်သူ ၉ဃ၊၁၂၅၆ ဟိုင်းလတ် SURFအမျိုးစားကားဟာ လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် (၆)စီးကား(၇)
စီးတို့ကို ၀င်တိုက်မှု တစ်ခု ၁၉-၄-၂၀၁၃ နံနက်၉း၂၀ခန့်က ဖြစ်ပွားခဲ့ပါတယ်။

Park Royal ဟိုတယ် ရှစ်လွှာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး

Park Royal ဟိုတယ် ရှစ်လွှာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး

ဧပြီ ၁၉ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၏ ရှစ်လွှာအမြင့်မှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၉ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်က Park Royal ဟိုတယ်၏ အင်ဂျင်နီယာဌာန၏ အဲယားကွန်းပြင်ဌာနမှ ဝန်ထမ်းဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဟိုတယ်၏ အနောက်ဘက်ခြမ်း ရှစ်လွှာအမြင့်က ပြုတ်ကျသေဆုံးခဲ့ကြောင်းနှင့် ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သေဆုံးသူသည် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Park Royal ဟိုတယ် ဝန်ထမ်းတစ်ဦးက "ကျွန်တော်နဲ့ သူနဲ့က အလုပ်အတူ တွဲလုပ်နေတာ ၁ နှစ်ကျော်ပါပြီ။ သူ့မှာ စိတ်ညစ်စရာ ရှိတယ်ဆိုတာမျိုးတော့ မကြားမိပါဘူး။ သူက ပျော်ပျော်နေတတ်တဲ့ ဝန်ထမ်းတစ်ဦးပါ။ သူက သင်္ကြန် ၃ ရက် နားထားပါတယ်။ ရုံးချိန်က ၉ နာရီ ဆိုပေမယ့် ဒီနေ့ရုံးကို စောစောလာပြီး အခုလိုမျိုး ဖြစ်သွားတာကို စိတ်မကောင်းပါဘူး" ဟု ပြောကြားခဲ့သည်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရေးအတွက် ဟိုတယ်၏ CCTV ကင်မရာများကို ပြန်လည်ကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။

EMG

ဧပြီ ၁၉ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၏ ရှစ်
လွှာအမြင့်မှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်မတော်တဆမှု များခဲ့တဲ့ ပုသိမ်-ချောင်းသာ ကားလမ်း။

ယာဉ်မတော်တဆမှု များခဲ့တဲ့ ပုသိမ်-ချောင်းသာ ကားလမ်း။

ဧပြီလ ၁၈ ရက်၊ ပုသိမ်မြို့။

ယခုနှစ်ပုသိမ်သင်္ကြန်တွင် မြိုနယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ အချိန်ပြည့် စောင့်ရှောက်ခဲ့မှုများကြောင့် မြိုတွင်း ရေကစားကြသူများတွင် ယာဉ်မတော်တဆဖြစ်မှု လျော့ကျခဲ့သော်လည်း ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် ယဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“မြိုတွင်းမှာတော့ ရေကစားကြတဲ့ ဆိုင်ကယ်အချင်းချင်း နည်းနည်းပါးပါး ထိမိခိုက်မိတာမျိုးတွေလောက်ပဲ ရှိပါတယ်။ အမှုဖွင့်တာမျိုးအထိပြင်းပြင်းထန်ထန် ထိခိုက်မှုတွေ မဖြစ်ခဲ့ပါဘူး။ ပုသိမ်-ချောင်းသာ ကားလမ်းပေါ်မှာတော့ ဆိုင်ကယ်တိုက်တာတွေ ကားမှောက်တာများတယ်” ဟု ပုသိမ်မြိုနယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုသိမ်-ချောင်းသာကားလမ်းပေါ်တွင် သင်္ကြန်ရက်အတွင်း ဆိုင်ကယ်တိမ်းမှောက်မှု(၇)မှုနှင့် ကားတိမ်းမှောက်မှု (၄)မှု ဖြစ်ပွါးခဲ့ပြီး လူ(၄)ဦးသေဆုံးကာ (၆၁)ဦးဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပုသိမ်-ချောင်းသာကားလမ်းတွင် သင်္ကြန်အကျနေ့ နေ့လည်(၂)နာရီခန့်က ချောင်းသာမရောက်မီ (၈)မိုင်ခန့်အလို ဆိပ်ကြီးရွာအနီးတွင် ပုသိမ်မှခရီးသည်များတင်ဆောင်လာခဲ့သောလိုက်ထရပ် ယာဉ်တိမ်းမှောက်ခဲ့သောကြောင့် ခရီးသည်(၁၈)ဦး ဆေးရုံပို့ဆောင်ခဲ့ရသည်။

ထို့ပြင် သင်္ကြန်အတက်နေ့ နံနက်(၁)နာရီခန့်တွင် ပုသိမ်မှ ကိုးမိုင်ကွာဝေးသော ကျောက်ချောင်းကြီး တံတားအနီးတွင် မကွေးတိုင်း တောင်တွင်းကြီးမြိုမှ ခရီသည်များတင်ဆောင်လာသော ကမ္ဘာကျော် ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးလေးဦး သေဆုံးပြီး(၂၆)ဦး ဒါဏ်ရာရရှိခဲ့သည်။

“အဓိကတော့အဲ့ဒီလမ်းကတောင်တတ်တောင်ဆင်းတွေနဲ့အကွေ.တွေများတာရယ်။ သင်္ကြန်ကာလဆိုတော့ ယာဉ်မောင်းတွေသောက်စားထားတာကြောင့်လည်းဖြစ်နိုင်တယ်။ နောက်ပြီးတချို့မှောက်တဲ့ ကားဒရိုင်ဘာတွေက အဝေးကလာတာဆိုတော့ အဲဒီလမ်းအထာမသိတာလည်းဖြစ်နိုင်တယ်။ ဂရုတစိုက်မောင်းရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး” ဟုပုသိမ်မြိုမှယာဉ်မောင်းတစ်ဦးကပြောသည်။

ပုသိမ်မှချောင်းသာသို့ မိုင်(၃၀)ခန်.ကွာဝေးပြီးလမ်းကောင်းမွန်မှုကြောင့် အမြန်မောင်းနှင်လိုသော ယာဉ်မောင်းများအတွက် ကုန်းတက်ကုန်းဆင်းများ အကွေ့များမှာအန္တရာယ်ကြီးမားကြောင်း၊ ပုံမှန်မောင်းနှင်ပါက ပုသိမ်မြို့မှ နှစ်နာရီခန့်သာမောင်းနှင်ရကြောင်းသိရသည်။

သင်္ကြန်အတက်နေ့နံနက်ပိုင်းက ကျောက်ချောင်းကြီးတံတားအနီးမှာ တိမ်းမှေက်ခဲ့တဲ့ ကမ္ဘာကျော်ခရီးသည်တင်ယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူကို ပုသိမ်မြို့သင်္ဘောကျင်းရဲစခန်းက ပုဒ်မ ၃၃၇/၃၃၈၊ ၃၀၄ (က) စသည့် ပုဒ်မမျာဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

မျိုးမင်းထွန်း(မြစ်မခ) / မြန်မာခရိုနီကယ်

ဧပြီလ ၁၈ ရက်၊ ပုသိမ်မြို့
ယခုနှစ်ပုသိမ်သင်္ကြန်တွင်မြိုနယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏အချိန်ပြည့်စောင့်ရှောက်ခဲ့မှုများကြောင့် မြိုတွင်း ရေ
ကစားကြသူများတွင် ယာဉ်မတော်တဆဖြစ်မှု လျော့ကျခဲ့သော်လည်း ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် ယဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာ ဇာကိရ်နိုက်

ဒေါက်တာ ဇာကိရ်နိုက် သည် M.B.B.S ဘွဲ့ရ ဆေးကုသည့် ဆရာဝန်တစ်ဦး ဖြစ် သည်။ သူ့အား အိန္ဒိယနိုင်ငံ မုံဘိုင်းမြို့တွင် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။ သူသည် ကမ္ဘာပေါ် တွင် ဘာသာပေါင်းစုံ ဆွေးနွေးပွဲများတွင် အလွန် နံမည်ကြီးသော စကားပြောကောင်းလွန်သူအဖြစ် ကျော်ကြားပါသည်။ မည်သူမဆို သူရှင်းလင်းတင် ပြသည့် အစ္စလာမ်သာသနာနှင့်ပတ်သက်သော မရှင်းသည့်အကြောင်းများ ကျမ်းမြတ်ကုရ်အာန်နှင့် ပတ်သက် သော အကြောင်းများ၊ မေးခွန်းများနှင့် အဖြေများကို နားထောင်မိလျှင် အလွန်ပင် အံ့သြသွားတတ်ပါသည်။

နောက်ဆုံးထွက်သက်မထွက်ခင် (ကဗျာ)

နောက်ဆုံးထွက်သက်မထွက်ခင်
--------------------------------
မေမေရေ
သားကိုကယ်ပါဦး
ခန္ဓာကိုယ်အနှံ့အပြား
နီနီအကောင် (ပုရွက်ဆိတ်)လေးတွေ
ကိုက်နေကြတာ
နာကျင်လိုက်တာဗျာ။

သားရဲ့ခြေဖ၀ါးနုနုကနေ
တက်လာတဲ့အကောင်လေးတွေ
အုတ်တံတိုင်းကတဆင့်
ကိုက်ဖို့၊ခဲဖို့အစုလိုက်အပြုံလိုက်
လာနေကြတဲ့အကောင်လေးတွေ
အပင်ပေါ်ကနေ လေတိုက်တိုင်း
လွင့်စင်ကျလာတဲ့ အကောင်လေးတွေ
အမေပတ်ပေးထားတဲ့ အ၀တ်ကနေ
တရွေ့ရွေ့ဖြတ်သန်းနေကြတဲ့
အကောင်လေးတွေဟာ
သားမျက်လုံး၊ သားနား၊
သားနှာခေါင်း၊ သားချက်ကြိုးပါမကျန်
ဝင်ရောက်လို့၊ ကိုက်ခဲလို့။

သားရုန်းချင်တယ် မေမေရယ်
အ၀တ်ပတ်ထားတော့ လှုပ်လို့မရဘူး။

အူဝဲ အူဝဲနှင့်ငိုပြီး
သားအကူအညီတောင်းချင်တယ် အမေ
အားအင်ချည့်နှဲ့ နှလုံးခုန်ရပ်မတတ်ဖြစ်နေတဲ့
သားအခြေအနေက အသံထွက်
မလာနိုင်တော့ဘူး။

ဘေးနားမှာရောက်နေတဲ့
မျက်နှာဖြူဖြူ အသားနီစပ်စပ်
ကင်မရာကြီးလည်ပင်းလွယ်ထားတဲ့
ဦးလေးကြီးကလည်းဓာတ်ပုံ တဖျတ်ဖျတ်
တလတ်လတ်ရိုက်နေတယ်။

သူ့ဆီက ထွက်လာတဲ့အလင်းရောင်ကို
သားကြောက်တယ်အမေ။

သားအခုခံစားရတဲ့ ဒုက္ခတွေဟာ
အရင်ဘ၀က ၀ဋ်ကြွေးတွေလား?
လူ့လောကမှာ ကြုံတွေ့နေကြတဲ့
အဖြစ်အပျက်တစ်ခုလား?
ခေတ်ပေါ်ပြသ၁နာတစ်ခုရဲ့
ပြယုဂ်လေလား?
လူသားဆန်မှုကို မေးခွန်းထုတ်စေမယ့်
စမ်းသပ်ချက်တစ်ခုလား?
မရောက်သင့်တဲ့အချိန်မှာရောက်လာမိတဲ့
သားရဲ့အပြစ်တွေလား?
စဉ်းစားရင်းတွေးရင်း
သေမင်းကမ္ဘာဆီ သားသွားရတော့မယ်
မေမေ……………….

နောက်ဆုံးထွက်သက်မထွက်ခင်
သားဆုတောင်းပေးခဲ့ပါရစေ။
လူ့လောကထဲရောက်အောင်
ခက်ခက်ခဲခဲ မွေးလိုက်ရတဲ့မေမေ
မွေးဖွားမှုဝေဒနာတွေ
နာကျင်ခံစားရမှုတွေ
အမြန် သက်သာပျောက်ကင်းပါစေ။

ဘယ်သူမှန်းနာမည်တပ်မရတဲ့ဖေဖေ
အချိန်တိုင်းပျော်ရွှင်နိုင်ပါစေ။

သားကိုကိုက်ခဲနေကြတဲ့
ပုရွက်ဆိတ်လေးတွေ
အစာ၀၀လင်လင် စားနိုင်ကြပါစေ။

သားကိုကြည့် ဓာတ်ပုံရိုက်နေတဲ့
အကိုကြီး လိုချင်တာရပါစေ။

သားလဲ ဒီဘ၀ဒီအမျှနှင့်ပဲ
ဝဋ်ကြွေးရှိရင်ကြေပါစေ။

အောင်အောင်လင်း
၁၇.၄.၂၀၁၃
(ထိုင်းနိုင်ငံက စွန့်ပစ်ခ့လိုက်ရတဲ့ကလေးငယ်တယောက်ကိုရည်စူးလျက်)


Credit to Aung Aung Lin

ခလေးလေးကို သနားရင် Like.
ဒီလိုကိစ္စမျိုး ရှုပ်ချရင် Share.

မေမေရေ
သားကိုကယ်ပါဦး
ခန္ဓာကိုယ်အနှံ့အပြား
နီနီအကောင် (ပုရွက်ဆိတ်)လေးတွေ
ကိုက်နေကြတာ
နာကျင်လိုက်တာဗျာ။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့ နယ် ဆ/က ရပ်ကွက် တွင် ၉၆၉ တရားပွဲကျင်းပမည်ဟု လှုံဆော်မှုများ ရှိနေ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့ နယ် ဆ/က ရပ်ကွက် ရတနာသုခလမ်းတွင် ၂၁/၄/၂၀၁၃ ရက်နေ့မှ စတင် ၍ိ ၅ ရက်တိုင် တိုင် ဦးပညာဝရ အပါအဝင် ၉၆၉ အကြမ်းဖက်သမား ဘုန်းကြီး ၄ ယောက်တို့သည် တရားပွဲ ဟုခေါ်သော မတရားပွဲ ကျင်းပမည်ဟု ယ နေ့ (18/4/2013)နေ့လည် အချိန်တွင် 12 နာရီနောက်ပိုင်း တွင် ကားနံပါတ် ၈ဃ/၄၈၅၄ ဖြင့်လိုက်လံ နှိုးဆော် နေပါသည်။

ကိုရီးယားအဆိုတော့ PSY ၏ Gentleman အမည်ရှိ Music Video ကို တောင်ကိုရီးယား KBS ရုပ်သံလိုင်း ပိတ်ပင်

ကိုရီးယားအဆိုတော့ PSY ၏ Gentleman M/V အား တောင်ကိုရီးယား KBS ရုပ်သံလိုင်း ပိတ်ပင်

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Korean Broadcasting Service (KBS) အနေဖြင့် ကမ္ဘာကျော် ကိုရီးယားအဆိုတော် PSY ၏ Music Video အသစ်ဖြစ်သည့် Gentleman အား ထုတ်လွှင့်ပြသခြင်းမှ ပိတ်ပင်ခဲ့သည်။ 

အကြောင်းမှာ PSY အနေဖြင့် အဆိုပါ M/V ထဲ၌ အများပိုင် ပစ္စည်းများအား ဖျက်ဆီးပြသည့် ရိုက်ကွက်များ ပါဝင်နေခြင်းကြောင့်ဟု ဆိုသည်။ ဥပမာအားဖြင့် ယာဉ်မရပ်ရဟု သတ်မှတ်ကန့်သတ်ထားသည့် ကတော့ချွန်များအား လမ်းလျှောက်ရင်း ကန်ကျောက်ခဲ့သည့် ရိုက်ကွက်မှာ အများပြည်သူအား ပြသရန် မသင့်တော်ဟု KBS မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

Gentleman သည် ကမ္ဘာကျော် Gagnam Style M/V ၏ အဆက်အဖြစ် ပြီးခဲ့သည့် သတင်းပတ်အတွင်းက YouTube ပေါ်၌ စတင်ပြသခဲ့ပြီး တစ်ပတ်အတွင်း ကြည့်ရှုမှုအကြိမ်ပေါင်း ၁၃၉ သန်း ရှိခဲ့သည်။ 

အသက် ၃၉ နှစ်အရွယ် ကိုရီးယားအဆိုတော့ PSY ၏ Gangnam Style M/V သည် ကြည့်ရှုကြိမ်ပေါင်း ၁.၅ ဘီလီယံကျော်ဖြင့် YouTube ပေါ်တွင် သရဖူဆောင်းထားပြီး PSY အားလည်း YouTube ၏ ဘုရင်ဟု ကင်ပွန်းတပ်ထားကြသည်။

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Korean Broadcasting Service (KBS) အနေဖြင့် ကမ္ဘာကျော် ကိုရီးယားအဆိုတော် PSY ၏ Music Video အသစ်ဖြစ်သည့် Gentleman အား ထုတ်လွှင့်ပြသခြင်းမှ ပိတ်ပင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်တွင် လူနည်းစု မြန်မာမွတ်စလင်များ အရေး ပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်မှ  လူနည်းစု မြန်မာမွတ်စလင်များ အရေး ပြောကြားချက်
=====================
ဧပြီ-၁၈ -၂၀၁၃
ရိုက်တာ

မြန်မာနိုင်ငံ၏အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန်လိုအပ်ကြောင်း ပြောကြားလိုက်သည်။

လွန်ခဲ့သောလအတွင်း ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်။  ဒုက္ခသည်များတွင် မွတ်စ်လင်မ်က အများစုဖြစ်သည်။ ၄င်းအကြမ်းဖက်မှုများသည် နိုင်ငံ၏အလယ်ပိုင်းဒေသ တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

ဗုဒ္ဓဘာသာဝင်ပီသ၍ အကြမ်းဖက်မှုကို လက်မခံသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဤတင်းမာမှုများအပေါ် နှုတ်ဆိတ်နေခဲ့သော်လည်း၊ ဂျပန်နိုင်ငံသို့အလည်အပတ် သွားရောက်စဉ် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အောက်ပါကဲ့သို့ ပြောဆိုလိုက်ပါသည်။

“ မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက်သွားအောင် ဖန်တီးနေတာက တကယ်စိတ်မကောင်းစရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေးအရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။

မြန်မာနိုင်ငံသားဥပဒေကိုလည်း အစိုးပိုင်းမှ ပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ သို့သော် ရိုဟင်ဂျာများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက်ရိုက်မဖြေကြားခဲ့ချေ။
 
“ နိုင်ငံသားဆိုင်ရာ ဥပဒေများဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက်ညီယင် ဖြစ်နိုင်ချေများကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလိုလုပ်နိုင်အောင် သတ္တိမွေးဖို့ လိုအပ်နေတယ်။ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး တရားမျှတစွာ ရင်ဆိုင်ဆောင်ရွက်ရပါလိမ့်မယ် ” ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။

တိုကျိုတက္ကသိုလ်၌ ကျောင်းသားတစ်ဦး၏မေးခွန်းအပေါ် -  မိမိသည် မှော်ဆရာတစ်ဦး မဟုတ်သဖြင့် ကာလကြာရှည် အငြင်းပွားနေရသော လူမျိုးရေးကိစ္စကို ဖြေရှင်းပေးရန် မလွယ်ကူသေးဟု ဒေါ်စုကြည်မှ ပြန်လည်ဖြေဆိုခဲ့သည်။

“ တရားဥပဒေစိုးမိုးရေးဖော်ဆောင်ဖို့က အရေးအကြီးဆုံးပါဘဲလို့ ကျွန်မ (အမြဲ) ပြောနေခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့နေရာမှာ တရားစီရင်ရေး တစ်ခုတည်းကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ စီမံညွှန်ကြားရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရဲကဏ္ဍ၊ လုံခြုံရေး တပ်ဖွဲ့တွေကို ပေးတဲ့ သင်တန်း - ဒါတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ် ”

“ လူတွေကြားထဲမှာရှိနေတဲ့ ဒီကွဲလွဲမှုတွေကို ဘယ်လိုပျောက်အောင် လုပ်မလဲလို့ သူတို့က ကျွန်မကိုပြောစေချင်တယ်။ ကျွန်မက မှော်ဆရာ မျက်လှည့်ဆရာ မဟုတ်ဘူးလေ။ ဟုတ်ခဲ့ယင်တော့ ပျောက်စေလို့ ပြောမိမှာပါဘဲ။ ခြားနားကွဲပြားမှုတွေကို အဖြေရှာညှိယူဖို့ ရေရှည်အချိန်ယူရမှာပါ။ ကျွန်မတို့အနေနဲ့ လုံခြုံငြိမ်းချမ်းတဲ့ အသိုက်အ၀န်းတစ်ခုကို ဖော်ဆောင်ဖို့ လိုပါတယ်။ အဲ့ဒီထဲမှာ အမြင်မတူသူတွေ အတူတကွ ထိုင်လို့ အယူအဆချင်း ဖလှယ်နိုင်ရပါမယ်။ ပြီးတော့ ကျွန်မတို့အကြား တူညီတာ လက်တွဲနိုင်တာကို စဉ်းစားယူရပါလိမ့်မယ် ” ဟု ဂျပန်ကျောင်းသားတို့အား ပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာတရားရုံးများသည် ဒီမိုကရက်တစ်အဆင့်သို့ မတက်လှမ်းလာဘဲ အခွင့်ထူးခံများသာ လွှမ်းမိုးကြီးစိုးနေသေးကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ှSource: Reuters

ဧပြီ-၁၈ -၂၀၁၃

မြန်မာနိုင်ငံ၏အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏အခြေအနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့အဖွဲ့အစည်းအား လုံခြုံမှုရရှိစေရန်လိုအပ်ကြောင်း ပြောကြားလိုက်သည်။