Pages

Monday, April 15, 2013

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး iPhone 5

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး iPhone 5

ဈေးနှုန်း - ဒေါ်လာ ၁၀ သန်း
ကိုယ်ထည် - ၂၄ ကာရက် ရွှေ ၁၃၅ ဂရမ် နှင့် စိန်အလုံး ၆၀၀
Home Button - ၂၆ ကာရက် စိန်နက်

ဤဖုန်းရဲ့ ကိုယ်ထည်ဟာ iPhone 5 ရဲ့ မူရင်းကိုယ်ထည်ကို ရွှေစိမ်ထားတာ မဟုတ်ပါဘူး။ ရွှေသားစစ်စစ်နဲ့ ဖန်တီး ပြုလုပ်ထားတဲ့ ကိုယ်ထည်ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ကို ရွှေသားစစ်စစ်သုံးပြီး လက်ချည်းသက်သက်နဲ့ အသေးစိတ် ထုဆစ်ဖန်တီးမှုအတွက် စုစုပေါင်း အချိန် ၉ ပတ် ကြာပါတယ်။ 

သုံးထားတဲ့တာကတော့ ၂၄ ကာရက် ရွှေသားစစ်စစ် ၁၃၅ ဂရမ် အလေးချိန် ရှိပါတယ်။ 

ကိုယ်ထည်ရဲ့ ပတ်ပတ်လည်မှာ စိန်အလုံးပေါင်း ၆၀၀ နဲ့ အနားကွပ်ပေးထားပါတယ်။ 

အပြစ်အနာအဆာ လုံးဝကင်းစင်တဲ့ အဆင့်မြင့် တန်ဖိုးကြီး ၂၆ ကာရက် အလေးချိန်ရှိတဲ့ စိန်နက်တစ်လုံးကိုလည်း Home Button အဖြစ် တပ်ဆင်ပေးထားပါတယ်။ လင်းလက်တောက်ပနေတဲ့ စိန်တုံးကြီးကို အဝေးကနေတောင် လှမ်းမြင်နိုင်ပါတယ်။ ဒီစိန်နက်ကြီးကိုမှ စိန် ၅၃ လုံး ကွပ်ထားပေးပြန်ပါတယ်။ 

ဒီ iPhone 5 ကို အထက်ဖော်ပြပါ စိန်နက်ကြီး၏ မူရင်းပိုင်ရှင်ဖြစ်သူ တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ တောင်းဆိုမှုဖြင့် တန်ဖိုးကြီး အသုံးအဆောင်များ တီထွင်ဖန်တီးပေးသည့် Stuart Hughes ကုမ္ပဏီမှ ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။

http://stuarthughes.com/newdawn/product_info.php?products_id=116

Myanmar Consumer Guide

ဈေးနှုန်း - ဒေါ်လာ ၁၀ သန်းကိုယ်ထည် - ၂၄ ကာရက် ရွှေ ၁၃၅ ဂရမ် နှင့် စိန်အလုံး ၆၀၀Home Button
 - ၂၆ ကာရက် စိန်နက်

LG ၏ အိတ်ဆောင် ဓာတ်ပုံ Printer

LG ၏ အိတ်ဆောင် ဓာတ်ပုံ Printer

လက်တစ်ဝါးစာသာ ကြီးများပြီး ၂၄ မီလီမီတာသာ ထူသည့် LG ၏ အိတ်ဆောင် ဓာတ်ပုံ printer ကို သင်သွားလိုရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ လက်ကိုင်အိတ်သာမက ဘောင်းဘီအိတ်ထဲမှာပါ ထည့်ပြီး ယူသွားနိုင်အောင် သေးငယ်ပေါ့ပါးပါတယ်။ 

နည်းပညာ အသစ်နဲ့ တီထွင်ထုတ်လုပ်ထားတဲ့ ဒီ printer ဟာ သာမန် printer တွေကို မှင်ကို အသုံးပြုမှာ မဟုတ်ပါဘူး။ ဒီ printer အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အထူးဓာတ်ပုံစက္ကူကို သုံးရမှာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံစက္ကူမှာ လွန်စွာသေးငယ်တဲ့ ဆေးဆိုးပုံဆောင်ခဲ (dye crystals) တွေကို မြှုပ်နှံထည့်သွင်းထားပြီး printer ကနေ အပူပေး လိုက်တဲ့အခါမှာ ဆေးရောင်အဖြစ် ပြောင်းလဲသွားကာ အလိုရှိသည့်ပုံအား ရိုက်နှိပ်ပေးမှာ ဖြစ်ပါတယ်။ 

အသုံးပြုရတာလည်း လွန်စွာမှ လွယ်ကူပြီး Android စမတ်ဖုန်းအား အသုံးပြုကာ Bluetooth (သို့) USB (သို့) NFC (Near Field Communication) နည်းပညာကို အသုံးပြုကာ ဓာတ်ပုံများကို ချက်ခြင်းလက်ငင်း ရိုက်နှိပ်နိုင်မှာ ဖြစ်ပါတယ်။ 

Printer ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ဖြစ်ပြီး ၇.၆ x ၅.၁ စင်တီမီတာအရွယ် အထူးဓာတ်ပုံစက္ကူ အရွက် ၃၀ ပါ တစ်ထုပ်လျှင် ၁၈ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Myanmar Consumer Guide

လက်တစ်ဝါးစာသာ ကြီးများပြီး ၂၄ မီလီမီတာသာ ထူသည့် LG ၏ အိတ်ဆောင် ဓာတ်ပုံ printerကိုသင်သွား
လိုရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ လက်ကိုင်အိတ်သာမက ဘောင်းဘီအိတ်ထဲ
မှာပါ ထည့်ပြီး ယူသွားနိုင်အောင် သေးငယ်ပေါ့ပါးပါတယ်။

မဟာသင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့မြင့်ကွင်းများ (၂)

Photo

မဟာသင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့မြင့်ကွင်းများ (၂) ကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ နှစ်စဉ်မြင်နေကျ
ပုံစံလေးအတိုင်းမပြောင်းမလဲပဲခေတ်လဲပေါ်တယ် အကုန်လုံးလဲပေါ်တဲ့မြင့်ကွင်းတွေပဲဖြစ်နေပါတယ်။

ဘာသာရေးအကြမ်းဖက်မှုလက်သည် ဆန်းပြားကိန်းဂဏန်း ၉၆၉

ဘာသာရေးအကြမ်းဖက်မှုလက်သည် ဆန်းပြားကိန်းဂဏန်း ၉၆၉

“ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေက မြန်မာ မွတ်စလင်တွေကို ဆိုးဆိုးဝါးဝါးတိုက်ခိုက် သတ်ဖြတ်ခဲ့ကြပြီ…”

ပူးပြင်းခြောက်သွေ့တဲ့ နွေရာသီနဲ့အတူ မြန်မာပြည်အောက်ပိုင်းက ရန်ကုန်မြို့ဟာ နေ့ဘက်မှာတော့ ပူအိုက်ခြောက်ကပ်တဲ့ မြို့တစ်မြို့ဖြစ်ပြီး ညဘက်မှာမှ လမ်းဘေး လက်ဘက်ရည်ဆိုင်တွေ၊ အများပိုင် စင်္ကြံများပေါ်က ဈေးဆိုင်တွေနဲ့ ပြန်လည် အသက်ဝင်စည်ကားလာပါတယ်။

မွတ်စလင်အများစုနေထိုင်ရာ ရပ်ကွက်တွေမှာ ပုံမှန်ထက် နောက်ကျပြီး လူတွေ စုရုံးနေကြတယ်။ တစ်ချို့လည်း ညလုံးပေါက် နိုးကြားနေတယ်။ အကြောင်းကတော့ မြန်မာပြည်ရဲ့ အထိမခံကွဲရှတတ်လွယ်တဲ့ ဘာသာရေး ချိန်ခွင် လျှာညှိဖို့ ကြိုးစားနေတဲ့ ဗုဒ္ဓဘာသာဝင် အစွန်းရောက်တွေရဲ့ တိုက်ခိုက်လာမယ့်ဘေးအန္တရာယ်မှ ကာကွယ်ဖို့အတွက်ပါ။

ရန်ကုန်မြို့က မွတ်စလင်တွေ ထိတ်လန့်နေရတာကလည်း မြန်မာပြည်အလယ်ပိုင်းက မြို့တော်တော်များများမှာ ပြီးခဲ့တဲ့ ၂ ပတ်အရင်က ဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေ သူတို့ဆီ ကူးဆက်လာမှာကို စိုးရိမ်လို့ပါ။

ဧပြီလ ၂ ရက်နေ့ မနက်စောစောကြီးမှာ မြို့လယ်ခေါင်က မွတ်စလင်ဘော်ဒါဆောင် မီးလောင်လို့ ကျောင်းသားငယ် ၁၃ ယောက်သေဆုံးခဲ့ရပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ ချက်ချင်းဆိုသလို ထရန်စဖော်မာ အပူရှိန်လွန်ကဲလို့ မီးလောင်ရတာဆိုပြီး ကျောင်းအုပ်ချုပ်ရေးတာဝန်ခံကို ဖမ်းဆီးလိုက်ပါတယ်။ ဒေသခံ မီဒီယာတွေကလည်း အစိုးရရဲ့ အာဘော်အတိုင်း သံယောင်လိုက်ကြပါတယ်။ မွတ်စလင်တွေကတော့ ဒါကို အမှန်လို့ မယုံကြည်ကြပါဘူး။ မွတ်စလင်တွေ ဟာ ရဲတွေကိုလည်း မယုံကြဘူး။ မွတ်စလင်ရပ်ကွက်တွေမှာ ကိုယ့်လုံခြုံရေးကိုယ်ယူကြတယ်။ အိမ်နီးနားချင်းတွေနဲ့ပဲ လမ်းကို ကင်းလှည့်စောင့်ရှောက်ကြတယ်။

ရဲတွေအပေါ် ယုံကြည်ချက်ကင်းမဲ့

ဘာသာရေးစာသင်ကျောင်း မီးလောင်ပြီး နောက်ညမှာတော့ မင်္ဂလာတောင်ညွှန်မြို့နယ်မှာရှိတဲ့ အင်္ဂလိပ်ခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ဘင်္ဂါလီစုဗလီကို လူ(၄)ဦးက ဓာတ်ဆီပုလင်းဗုံးနဲ့ ပစ်ဖောက် လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ လမ်းသူလမ်းသားတွေက ၁ ဦးကို ဖမ်းဆီးရမိပြီး ရဲလက်အပ်လိုက်ပါတယ်။ ဒါပေမယ့် နာရီဝက်အတွင်းမှာပဲ အဲဒီလူကို လွှတ်ပေးလိုက်ပါတယ်။

ဒီတော့ မွတ်စလင်တွေက ရဲတွေကို မယုံတော့ပါဘူး။

“ကျွန်တော်တို့ ရဲတွေကို မယုံဘူး၊ သူတို့က ဖမ်းမိတဲ့ မသမာသူတွေကိုလည်း ပြန်လွှတ်ပေးတယ်၊ မသမာသူတွေ ညတွင်းချင်း နောက်တစ်ခေါက် ပြန်ရောက်လာရင် ဘယ်လိုလုပ်မလဲ၊ ဒါကြောင့် တစ်ညလုံး ကျွန်တော်တို့ စိုးရိမ်နေရတယ်၊ ရဲတွေက ဟန်ပြပဲ ဖမ်းတာ၊ တကယ် အရေးမယူဘူး”လို့ ဂျမီးလ်(နာမည်လွှဲ)က ပြောပြပါတယ်။

ကိုယ့်လမ်းကိုယ် လုံခြုံရေးယူထားရတဲ့ ဟာရှင်(နာမည်လွှဲ)ကတော့ ညစဉ် ကင်းစောင့်ရတာ ၁၅ ရက်ရှိပါပြီတဲ့၊ သူ့ကြည့်ရတာ ခြေကုန်လက်ပမ်းကျနေတဲ့ပုံပါပဲ။

“ကျွန်တော့်အဖေရော၊ ကျွန်တော်တို့အဖိုးရော ဒီမှာ မွေးတာ၊ ကျွန်တော်တို့လည်း ဒီမှာပဲ မွေးဖွားကြီးပြင်းတာကိုတောင် သူတို့က ကျွန်တော်တို့ကို ဧည့်သည်လို့ ဆက်ဆံတယ်။ ကျွန်တော်တို့ အခုမှ ရောက်လာတဲ့ ဧည့်သည်တွေမဟုတ်ဘူး။ သေရင်လည်း ဒီမှာပဲ သေမှာ။ ပြီးတော့ ထွက်ပြေးတာတွေ ဘာတွေစတဲ့ သတ္တိကြောင်တဲ့ အလုပ်တွေလည်း မလုပ်ဘူး၊ ဒါကြောင့် ကိုယ့်လုံခြုံရေး ကိုယ်ယူရနေရတာပါ” လို့ ဟာရှင်က ဆိုတယ်။

 

မွတ်စလင် သုတ်သင်ရေး

မြန်မာပြည်က မွတ်စလင်တွေဟာ ကာလရှည်ကြာစွာ ဖိနှိပ်ခံခဲ့ရတဲ့အပြင် ပြီးခဲ့တဲ့နှစ်က ရခိုင်မှာ ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆိုပြီး တိုင်းရင်းသား ကမန်မွတ်စလင်တွေကိုပါ တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ မကြုံစဖူး ထိုးနှက်ချက်တွေကြောင့် ဒဏ်ရာ တွေတောင် မကျက်သေးပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် မပေးဘဲ မြန်မာ့ လူ့အဖွဲ့အစည်းကနေ ကာလရှည်ကြာစွာ ဖယ်ကျဉ်ထားခဲ့တာပါ။ ဒါပေမယ့် ရခိုင်ပြည်က ပဋိပက္ခမှာ ဖယ်ကျဉ်ထား တဲ့ လူမျိုးစုနှစ်ခုကြားမှာ ဖြစ်ခဲ့တာပါ။ လူများစု ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာလည်း အပြင်းအထန် မဟုတ်တောင် အစိုးရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံကြရတာပါပဲ။ အဲဒီက မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေက တိုင်းပြည်ရဲ့ အခြားနေရာ တွေကိုပါ ကူးဆက်သွားမယ့်အန္တရာယ်ကို သုတေသီအများစုက ဘေးချိတ်ထားခဲ့ကြတယ်။

အကြမ်းဖက်မှုတွေဟာ ကူးဆက်ပြန့်နှံ့ခဲ့ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေမဟုတ်တဲ့ ပြည်မက မွတ်စလင်တွေကို ပစ်မှတ် ထား ဖြစ်ပွားခဲ့တာပါ။ မိတ္ထီလာဆိုတာ နိုင်ငံအလယ်ပိုင်းက အကြီးဆုံးလေတပ်စခန်းအခြေစိုက်တဲ့မြို့ပါ။ မတ်လ ၁၉ ရက်နေ့မှာ စတင်ပြီး မွတ်စလင်ကို အဓိကထား တိုက်ခိုက်မှုမှာ လူ ၄၀ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)ရဲ့ အစီရင်ခံစာအရ အဆောက်အအုံ ၈၂၈ လုံး ပျက်ဆီးပြီး၊ လူပေါင်း ၈ ထောင် ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ နယူးယောက်တိုင်းရဲ့ အဆိုအရ ဒေသခံလုံထိန်းတွေဟာ ဘာမှမလုပ်နိုင် ဘဲ မီးငြှိမ်းဖို့ကိုပဲ အဓိကထားလုပ်ဆောင်ဖို့ အမိန့်ပေးခံရပါတယ်။ မတ်လ ၂၂ ရက်နေ့ အရေးပေါ်အခြေအနေ ကြေညာပြီးမှသာ မိတ္ထီလာမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားတယ်၊ ဒါပေမယ့် မကြာခင်မှာပဲ ရန်ကုန်နဲ့အနီးဆုံး ပဲခူးတိုင်းက အခြားမြို့တွေကို အကြမ်းဖက်မှုတွေ ကူးဆက်သွားပါတယ်။

 

“၉၆၉”နှင့် အမျိုးသားရေးအစွန်းရောက်ဝါဒ

ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ဖျက်မရတဲ့ အစွန်းအထင်ကတော့ “၉၆၉” ကိန်းဂဏန်းရဲ့ ပါဝင်ပတ်သက်မှုပါပဲ။ “၉၆၉”ဆိုတာ အခြေခံလူတန်းစားတွေရဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးလှုပ်ရှားမှုသင်္ကတေတစ်ခုဖြစ်ပြီး အများစုရဲ့ထင်မြင်ချက်အရ အစိုးရပိုင်းမှ အုပ်စုတစ်စုက ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။ “၉၆၉”ရဲ့ တရားဝင်မဟုတ်တဲ့ ခေါင်းဆောင်တွေကတော့ အဲဒီလှုပ်ရှားမှုဟာ နိုင်ငံခြားသားလွှမ်းမိုးမှု ဒဏ်ခံနေရတဲ့ ဗုဒ္ဓဘာသာဝင် တွေရဲ့ အကြမ်းမဖက်တုန့်ပြန်မှုလို့ဆိုတယ်။ ဒါပေမယ့် သူတို့ရဲ့ အာဝဇ္ဇန်းကောင်းကောင်းနဲ့ ဟောပြောနေ တာကတော့ ၂၀ ရာစုက  ရက်စက်ကြမ်းကြုတ်တဲ့အဖြစ်အပျက်ဆိုင်ရာ စကားလုံးတွေနဲ့ ၀ါဒရေးရာ ရိုက်သွင်းမှုတွေပါပဲ။

“၉၆၉”ဆိုတာ ၁၉၉၀ ခုနှစ်က သာသနာရေးဝန်ကြီးဌာနက ၀န်ထမ်းတစ်ဦးဖြစ်သူ နှစ်ဖက်လှ ဦးကျော်လွင်က စာအုပ်တစ်အုပ်မှာ စတင် ဖန်တီးရေးသားခဲ့တဲ့ ၀ါဒတစ်ခုပါ။ တောင်အာရှနိုင်ငံတွေမှာ မွတ်စလင်တွေဟာ “အလ္လာဟ်အရှင်ရဲ့နာမတော်ဖြင့်အစပြုပါ၏”လို့ အဓိပ္ပာယ်ရတဲ့ အရဗီစာသားကို “၇၈၆”ဆိုတဲ့ နံပါတ်နဲ့ အစားထိုးပြီး သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ မွတ်စလင်ပိုင်အဖြစ် ရည်ညွှန်းဖော်ပြခဲ့ကြတယ်။ “၉၆၉”ထောက်ခံသူတွေကတော့ ၇ +၈+၆=၂၁ ဆိုပြီး ဒါဟာ မွတ်စလင်တွေ ၂၁ ရာစုမှာ မြန်မာပြည်ကို သိမ်းမယ့် သင်္ကေတပဲလို့ မှတ်ယူကြတယ်။ ဒါကြောင့် “၉၆၉”ကိန်းဂဏန်းဟာ မွတ်စလင်တွေရဲ့ “၇၈၆”ကို နက္ခတဗေဒသဘောအရ ဆန့်ကျင်ဖို့ ကြံရွယ်ခဲ့ပါတယ်။ သူတို့အဆိုရ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး ဆိုတဲ့ ရတနာသုံးပါးကို ကိုယ်စားပြုကာ “၉၆၉”ဖြစ်ပေါ်လာပါသတဲ့။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာကတည်းက နှစ်ဖက်လှ ဦးကျော်လွင်ရဲ့ အိုင်ဒီယာက ထင်ရှားလာပါတော့တယ်။ မွန်ပြည်နယ်က ဂါဏ၀ါစကသံဃာ ရဲ့ အမိန့်ထုတ်ပြန်ချက်နဲ့ ဒေသတွင်း မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် စတင်လှုံ့ဆော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကတည်းက ရန်ကုန်မြို့မှာလည်း တက္ကစီတွေ၊ ဘတ်စ်ကားတွေနဲ့ စီးပွားရေးလုပ်ငန်းငယ်လေးတွေမှာ တောက်ပတဲ့ “၉၆၉”စတေကာတံဆိပ်တွေကို ဂုဏ်ယူဝင့်ကြွားစွာ တပ်ဆင်လာကြပါတယ်။

ဦးထွန်းခင်(နာမည်လွှဲ)ရဲ့ ကားမှာ “၉၆၉” အဆောင်အယောင်တွေမရှိပေမယ့်လည်း သူ့ရဲ့ယုံကြည်မှုကိုတော့ အခုလိုပြောပြပါတယ်။

“မွတ်စလင်တွေဟာ အရမ်းတော်တယ်။ ပါးနပ်တယ်။ သူတို့ရဲ့ လိမ္မာပါးနပ်မှုက ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်။ တစ်ချို့မွတ်စလင်တွေကတော့ ကောင်းပါတယ်။ ဒါပေမယ့် အများစုကတော့ အလီဘာဘာတွေပဲ”

“သူတို့ဟာ မွတ်စလင်နိုင်ငံတွေကနေ ပိုက်ဆံတွေရနေတယ်။ ပြီးတော့ ကျုပ်တို့ကို သိမ်းပိုက်ပြီး ဗုဒ္ဓဘာသာကို ဖျက်ဆီးချင်တယ်၊ သူတို့က နိုင်ငံခြားသားတွေပဲ၊ ကျုပ်တို့က သူတို့ကို ဧည့်သည့်အဖြစ် ကောင်းကောင်းမွန်မွန်ဆက်ဆံတာကို သူတို့ ဂုဏ်ယူသင့်တယ်”လို့ ဦးထွန်းခင်က ဆိုတယ်။

တရားဝင်မဟုတ်တဲ့ “၉၆၉”ခေါင်းဆောင်

“၉၆၉”ဂိုဏ်းကို တရားဝင်မဟုတ်ပေမယ့်  လက်တွေ့ဦးစီးဦးဆောင်ပြုနေတဲ့ ခေါင်းဆောင်မှာ ရှင်ဝီရသူဖြစ်ပြီး ၂၀၀၃ ခုနှစ်က ဘာသာရေးအကြမ်းဖက်ရန်လှုံ့ဆော်မှုနဲ့ ထောင်ချခံရကာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာတော့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်။ မန္တလေးက သူ့ဘုန်းကြီးကျောင်းမှာ တရားတွေဟာပြီး DVD အခွေတွေ ဖြန့်ဝေပါတယ်။

လူနည်းစုတွေဟာ မကြာခဏ ဓါးစာခံဖြစ်ရလေ့ရှိတဲ့အတိုင်း ဦးဝီရသူကတော့ မြန်မာပြည်ရဲ့ စီးပွားရေးကို မွတ်စလင်တွေ သိမ်းပိုက်သွားပြီလို့ ဆိုတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကဲ့သို့ တစ်ချို့ကဏ္ဍတွေမှာတော့ မွတ်စလင်တွေ ကြီးစိုးထားတာ မှန်ပေမယ့် စီးပွားရေးအရ လွှမ်းမိုးချုပ်ကိုင်ထားတယ်ဆိုတဲ့ အယူအဆကတော့ ရယ်စရာပါပဲ။ မွတ်စလင်မဟုတ်တဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ခရိုနီတွေကသာ တိုင်းပြည်ရဲ့ စီးပွားရေးကို အမှန်တကယ် ချုပ်ကိုင်ထားတာပါ။

ဦးဝီရသူက မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းအားလုံးကို ဆန့်ကျင်ကြဖို့ နှိုးဆော်ပါတယ်။

“တကယ်လို့ မွတ်စလင်ဆိုင်က ဈေးဝယ်ရင် ကိုယ့်ပိုက်ဆံက အဲဒီမှာတင် ရပ်မသွားဘူး၊ အဲဒီပိုက်ဆံက နောက်ဆုံးမှာ ကိုယ့်ဘာသာ၊ သာသနာနဲ့ လူမျိုးကို ဖျက်ဆီးဖို့အတွက် အသုံးပြုခံရမယ်၊ အဲဒီိပိုက်ဆံနဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ယူမယ်၊ ပြီးရင် အတင်းအဓမ္မအစ္စလာမ်ထဲ သွတ်သွင်းကြမယ်”လို့ ဦးဝီရသူက ဟောပြောပါတယ်။

“တစ်ချိန်မှာ မွတ်စလင်ဦးရေ များလာပြီဆိုရင် တို့ကိုလွှမ်းမိုးလာမယ်၊ နောက် တိုင်းပြည်ကိုပါ သိမ်းပြီး မကောင်းဆိုးဝါး အစ္စလာမ်နိုင်ငံကို တည်ထောင်ကြမယ်”လို့ သူက တရားပွဲမှာ ထည့်သွင်းပြောကြားခဲ့တယ်။

နောက်ကွယ်က ကြိုးကိုင်

ဘင်္ဂလီစုဗလီမှာဖြစ်သွားတုန်းကဆိုရင် ပြဿနာဖြစ်ပြီး ၁ နာရီလောက်မှာ မွတ်စလင်လမ်းသူလမ်းသားတွေနဲ့ အိမ်နီးချင်းတွေကပဲ လုံခြုံရေးတာဝန်ယူထားကြတယ်၊ ရဲတပ်ဖွဲ့ဆိုတာကတော့ အဓိက လမ်းစုံလမ်းခွတွေမှာ အနည်းငယ်မျှ မည်ကာမတ္တ စောင့်ပေးကြတယ်။ အများစုယုံကြည်တာကတော့ တကယ်လို့ မွတ်စလင်တွေက လက်တုန့်ပြန်ရင် မွတ်စလင်တွေကို ချေမှုန်းဖို့အတွက်ပဲ သူတို့လာတာ၊ မွတ်စလင်တွေကို စောင့်ရှောက်ဖို့မဟုတ်ဘူးလို့ ဆိုတယ်။

“ရဲကတော့ ဘာမှကြောက်စရာမလိုဘူးလို့ ကျွန်တော်တို့ကို ပြောပါတယ်၊ ဒါပေမယ့် ပြည်သူတွေက သူတို့ကို မယုံဘူး”လို့ ဂျမီးလ်က ရှင်းပြပါတယ်။

မိတ္ထီလာကိစ္စမှာဆိုရင်လည်း စစ်တပ်မြို့ဖြစ်ပြီး ၃ ရက်ကြာမှ စစ်တပ်က ၀င်ရောက်ထိန်းသိမ်းတယ်ဆိုတာ မေးခွန်းထုတ်စရာပါပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြို့အသီးသီးမှာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ စိတ်မပါကြတာကို ကြည့်ချင်းအားဖြင့် တိုက်ခိုက်မှုတွေကို ပူးပေါင်းဆောင်ရွက်ကြသူတွေအဖြစ်နဲ့ အများစုက မှတ်ယူထားတယ်။

“၀ီရသူ ထောင်ကလွတ်လာတဲ့နောက်မှာမှ ဒီပြဿနာတွေ ဖြစ်လာတာပါ၊ ဒါပေမယ့် သူဟာ အဓိကလူတော့ မဟုတ်ဘူး၊ သူ့နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူတစ်ယောက်ရှိတယ်” လို့ ဟာရှင်က ပြောပြတယ်။

မိတ္ထီလာပဋိပက္ခဖြစ်အပြီးမှာ ဒုက္ခသည်စခန်းကို ကွင်းဆင်းလေ့လာခဲ့တဲ့ ကုလသမဂ္ဂအထူးသံတမန် ဗီဂျေနမ်ဘီးယားက ဘန်ကောက်က ကုလသမဂ္ဂရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်တော့ “မိတ္ထီလာမှာ ကျွန်တော်တွေ့ဆုံမေးမြန်းခဲ့တဲ့ လူအများစုကတော့ အဓိက ပြစ်မှုကျူးလွန်သူတွေဟာ သူတို့မသိတဲ့ လူစိမ်းတွေပါတဲ့၊ လုပ်သွားတာတွေကို ကြည့်မယ်ဆိုရင်လည်း ရက်စက်ကြမ်းကြုတ်ပြီး အတော့်ကို လက်ယဉ် ကျွမ်းကျင်တဲ့သူတွေပါတဲ့” လို့ ပြောကြားသွားပါတယ်။

“၉၆၉”ရဲ့ ရည်ရွယ်ချက်နဲ့ နည်းဗျူဟာတွေဟာ ဗုဒ္ဓဘာသာဝင်တွေအကြားက လက်ခံယုံကြည်ထားတဲ့ မေတ္တာတရားနဲ့တော့ အလှမ်းကွာဝေးလျက်ရှိတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့နောက်လိုက်တွေကိုယ်တိုင် စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့ ဒီပဋိပက္ခဖြစ်ပွားမှုတွေနဲပတ်သက်ပြီး တစ်စုံတစ်ရာပြောကြားဖို့ သိသိသာသာ ပျက်ကွက်ခဲ့တယ်။ ဒါပေမယ့် စစ်အာဏာရှင်တို့ကို ဆန့်ကျင်ခဲ့ကြတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ ရွှေဝါရောင်ဆရာတော်တို့အပါအ၀င် တခြား အထင်ကရ နိုင်ငံရေးသမားတွေကတော့ ဒီအကြမ်းဖက်မှု၊ မုန်းတီးမှုတွေကို ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချခဲ့ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်အပါအ၀င် အခြားမြန်မာပြည်တွင်းက မွတ်စလင်တွေအတွက် ရွေးချယ်စရာနည်းလမ်းကတော့ ကိုယ့်လုံခြုံရေးကိုယ်ယူပြီး သတိဝိရိယနဲ့ နိုးနိုးကြားကြားနေထိုင်ဖို့ပါပဲ။ လက်တုံ့ပြန်ဖို့ဆိုတာကတော့ သူတို့အတွေးထဲမှာ သိပ်မရှိပါဘူး။ အဲဒီလို လက်တုံ့ပြန်မယ်ဆိုရင် ပြဿနာတွေဟာ ဆိုးသထက် ဆိုးဝါးသွားမှာဖြစ်တယ်။

“ကျွန်တော်တို့ ခေါင်းဆောင်တွေကတော့ ကျွန်တော်တို့ကို လက်တုံ့မပြန်ဖို့ မှာထားပါတယ်၊ တကယ်လို့ လက်တုံ့ပြန်ခဲ့ရင် ကျွန်တော်တို့ဘက်က မှားသွားပါလိမ့်မယ်၊ အကောင်းဆုံးကတော့ တရားမျှတမှုရှိဖို့အတွက် အလ္လာဟ်အရှင်ထံမှာသာ ဆုတောင်းဖို့ပါပဲ၊ အစ္စလာမ်ဟာ ကလဲ့စားချေ လက်တုံ့ပြန်တဲ့ သာသနာမဟုတ်ပါဘူး” လို့ ဂျမီးလ်က ရှင်းပြပါတယ်။

-  The Atlantic.com



ဆိုင်ဖွလ္လာပာ် (မြန်မာမွတ်စလင်မ်မီဒီယာ) ဆီလျှော်အောင်ဘာသာပြန်ဆိုသည်။

969: The Strange Numerological Basis for Burma's Religious Violence

Alex Bookbinder Apr 9 2013, The Atlantic.com
http://www.theatlantic.com/international/archive/2013/04/969-the-strange-numerological-basis-for-burmas-religious-violence/274816/

“ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေက မြန်မာ မွတ်စလင်တွေကို ဆိုးဆိုးဝါးဝါးတိုက်ခိုက် သတ်ဖြတ်ခဲ့ကြပြီ…”
ပူးပြင်းခြောက်သွေ့တဲ့နွေရာသီနဲ့အတူမြန်မာပြည်အောက်ပိုင်းကရန်ကုန်မြို့ဟာနေ့ဘက်မှာတော့ ပူအိုက်
ခြောက်ကပ်တဲ့မြို့တစ်မြို့ဖြစ်ပြီးညဘက်မှာမှလမ်းဘေးလက်ဘက်ရည်ဆိုင်တွေ၊အများပိုင် စင်္ကြံများပေါ်က
ဈေးဆိုင်တွေနဲ့ ပြန်လည် အသက်ဝင်စည်ကားလာပါတယ်။

" သင်္ကြန်အကျနေ့က ထားဝယ်မြို့တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသီးများ ကြွေ"

" သင်္ကြန်အကျနေ့က ထားဝယ်မြို့တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသီးများ ကြွေ"


သင်္ကြန်အကျနေ့က ထားဝယ်မြို့တွင်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - အေးမင်းလတ်)

၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၄)ရက်၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အကျနေ့က မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီဒေသရှိ ထားဝယ်မြို့နှင့် အနီးတ၀ိုက်တွင် ရုတ်တရက် လေပြင်းမုန်တိုင်းများ တိုက်ခတ်ခဲ့ပြီး သစ်ပင်ကြီးများ လဲကျခဲ့ပြီး မိုးသီးများပါ ကြွေကျခဲ့တယ်လို့ အလင်းမျက်ဝန်းမှ သတင်းရရှိပါတယ်။

ယင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် အပျက်အစီးနှင့် လူအသေအပျောက် ထိခိုက်ဒဏ်ရာ မည်မျှရှိသည်ဟူသော စာရင်းကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံတွင် ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်ပွားပြီးသည့်နောက်တွင် သဘာဝဘေးအန္တရာယ်များ တိုက်ဆိုင်စွာဖြင့် ပေါ်ပေါက်လေ့ရှိရာ ယခုလတ်တလောတွင် မြေငလျှင်လှုပ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မီးလောင်ခြင်းများ မကြာခဏဆိုသလို ပေါ်ပေါက်နေပြီး ရေဘေးအန္တရာယ်များသာ မပေါ်ပေါက်သေးသော်လည်း ရေယာဉ်နှင့် ကုန်းယာဉ်တိမ်းမှောက်မှုများလည်း မကြာခဏဆိုသလို ပေါ်ပေါက်လာနေကြောင်း၊ မေတ္တာတရားဖြင့် နေထိုင်ကြစေလိုကြောင်း အတွေ့အကြုံရင့်ကျက်သည့် သက်ကြီးရွယ်အိုများက သုံးသပ်ပြောဆိုနေကြပါတယ်။
သင်္ကြန်အကျနေ့က ထားဝယ်မြို့တွင်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - အေးမင်းလတ်)
၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၄)ရက်၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အကျနေ့က မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီဒေသရှိ ထားဝယ်မြို့နှင့် အနီးတ၀ိုက်တွင် ရုတ်တရက် လေပြင်းမုန်တိုင်းများ တိုက်ခတ်ခဲ့ပြီး သစ်ပင်ကြီးများ လဲကျခဲ့ပြီး မိုးသီးများပါ ကြွေကျခဲ့တယ်လို့ အလင်းမျက်ဝန်းမှ သတင်းရရှိပါတယ်။

ဖတ်မိတဲ့စာစုလေးတစ်စု

လူတွေသေဆုံး  ပြီးပြီးခြင်း ဘယ် အရာ ရှင်ပြီးကျန်သေးသလဲ?
(၁) နှလုံး က ဆယ်မိနစ် အထိ ရှင်တယ်။
(၂) ဦးနှောက် က မိနစ် နှစ်ဆယ်  အထိ ရှင်တယ်။
(၃) မျက်လုံး က လေးနာရီ အထိ ရှင်တယ်။
(၄) အရေပြားက ငါးရက် အထိ ရှင်တယ်။
(၅) အရိုးက  ရက်သုံးဆယ် အထိ ရှင်တယ်။


(((ကောင်းတဲ့ အကျင့်သီလ ကတော့ တမလွန် အထိ ရှင်တယ်)))

လူတွေသေဆုံး ပြီးပြီးခြင်း ဘယ် အရာ ရှင်ပြီးကျန်သေးသလဲ?

(၁) နှလုံး က ဆယ်မိနစ် အထိ ရှင်တယ်။

(၂) ဦးနှောက် က မိနစ် နှစ်ဆယ် အထိ ရှင်တယ်။

ဘားအံမြို့နယ် မိဇံကျေးရွာရှိ မွတ်စလင်မ် သုဿာန်အတွင်းမှ ကျွန်းပင်များအား ကျူးကျော်ခိုးယူခံရ

ဧပြီ ၁၄၊ ၂၀၁၃

ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာရှိ မွတ်စလင်မ် သုဿာန်အတွင်းသို့ ယခု ဧပြီ ၁၀-ရက်နေ့က ကျူးကျော်ဝင်ရောက်ပြီး ကျွန်းပင်များကို ခိုးဖြတ်ယူသွားကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား မိဇံကျေး
ရွာသို့ ဆက်သွယ် စုံစမ်းရာ ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာတွင် အစ္စလာမ်ဘာသာဝင်များ၏ သုဿာန်မြေအတွင်းသို့ ၎င်းကျေးရွာနေ ဦးဘို၊ ဦးမောင်အောင်နှင့် ဦးအကျင်ဆိုသူတို့မှ ခေါင်းဆောင်ပြီး ၀င်ရောက်ခဲ့ကြသည်။

ရထားလမ်းပေါ်အိပ်ပျော်နေ၍ ရထားကြိတ်သေဆုံး

နေပြည်တော်၊ ဧပြီ ၁၅ ၁၄-၄-၂၀၁၃ ရက်နေ့ ၀၁၀၅ အချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးဘူတာ အလံတိုင်အနီး၊ မိုင်တိုင်အမှတ်(၂၉၀/၁၄)တွင် တောင်တွင်းကြီးမြို့၊ အုန်းတော(၂)ရပ်ကွက်နေ ၀င်းမင်းထိုက်(၂၅)နှစ်သည် ရထားသံလမ်းပေါ်တွင်အိပ်ပျော်နေစဉ် အာဘီအီး ၀၀၁၅ အထူးကားရထားမှကြိတ်မိခဲ့သောကြောင့်

မဟာသင်္ကြန် အကြတ်နေ့မြင်ကွင်းများစုစည်းမှု


မဟာသင်္ကြန် ရေသဘင်ပွဲအကြတ်နေ့ မြင့်ကွင်းများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များကို ဆွေးနွေးဖို့ခေါ်ယူပြီး နှုတ်သရမ်းခဲ့တဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်

အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခေါ်ယူတွေ့
ဆုံမှုအပေါ်ဦးသိန်းဝင်းအောင်အားဆက်သွယ်မေးမြန်းချက်Q–မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကဘာသာ
ရေးအဖွဲ့ခေါင်းဆောင်တွေကိုခေါ်ယူတွေ့ဆုံခဲ့တယ်။အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့ သတင်း
တွေကြားသိရပါတယ်။ဒါကြောင့်အဲဒီတွေ့ဆုံမှုအကြောင်းကိုဦးသိန်းဝင်းအောင်အနေနဲ့ပြောပြပေးလို့ရမလား
ခင်ဗျာ။

မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးခွင့်ပြုဖို့ OIC တောင်းဆို

မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးခွင့်ပြုဖို့ OIC တောင်းဆို
Monday, April 15, 2013

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့OIC က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ တနင်္ဂနွေနေ့က မြန်မာအစိုးရကို ပန်ကြားလိုက်သလို အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ဖွဲ့စေလွှတ်ဖို့ လူ့အခွင့်အရေးကော်မရှင်ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ဒီကြေညာချက်များကို တနင်္ဂနွေနေ့က ဆော်ဒီအာရေးဗျနိုင်ငံ Jeddah မြို့မှာပြုလုပ်တဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ။

မြန်မာနိုင်ငံမှာ မနှစ်က ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်များကြား အဓိကရုန်းများ ဖြစ်ပွားခဲ့တာကြောင့် လူ ၁၈ဝ သေဆုံးခဲ့ရသလို၊ ပြီးခဲ့တဲ့မတ်လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္တီလာမြို့ကစတင်တဲ့ အဓိကရုန်းတွေကြောင့် ၄၃ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင်အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းများ၊ အိမ်များ အဖျက်အဆီးခံခဲ့ရပါတယ်။

RFA Burmese

Monday, April 15, 2013

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့OIC က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအကြမ်းဖက်
မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင်
့ပြုဖို့ တနင်္ဂနွေနေ့က မြန်မာအစိုးရကို ပန်ကြားလိုက်သလို အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ဖွဲ့စေလွှတ်
ဖို့ လူ့အခွင့်အရေးကော်မရှင်ကိုလည်း တောင်းဆိုလိုက်ပါတယ်။

"၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်လာမယ်" လို့စံဇာဏီဘို အတိအကျပြောလိုက်ပြီ

၂ဝ၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မယ် ဆိုတဲ့ ဟောကိန်းကိုမပြင်ဆင်နိုင်ဘူးလို့ နက္ခတ်
ဗဒပညာရှင် စံဇာဏီဘိုက ပြောလိုက်ပါတယ်။ဒီလ ၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်နဲ့အင်တာဗျူးမှာ အဲဒီလို
ပြောလိုက်တာပါ။(ဗိုလ်ချုပ်ကြီးတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖွယ် မရှိပါဘူး။)

ပြင်ဆင်သင့်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ့ခေတ်မမှီတော့တဲ့ အဆင်အပြင်များ

KyawKyaw Soe
***** လက်တို့ပြီး ပြောလိုက်ချင်ပါရဲ့  ကိုကိုရယ် *****


မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေချိန်တွင် မြို့ပြလူနေမှုစနစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ခေတ်မီဆက်သွယ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကြောင့် မြို့နေပြည်သူလူထု ခေတ်မီတိုးတက်လာနေချိန်တွင် ပြည်သူလူထုများ ဥပဒေအကာအကွယ်အောက် တွင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ပြည်တွင်းလုံခြုံရေးဆောင်ရွက် နေရသည့် ရဲတပ်ဖွဲ့အား ဥပဒေနည်းဥပဒေများဖြင့် မှုခင်းများလျော့နည်းပပျောက် ရေးအတွက် နိုင်ငံတကာတွင် လက်တွေ့အောင်မြင်မှု ရရှိနေသော ပြည်သူလူထု ပူးပေါင်းပါဝင်သောရဲလုပ်ငန်းစနစ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ဆောင်ရွက်သော်လည်း နည်းပညာများတိုးတက်လာသည်နှင့်အမျှ ကင်းလှည့်ဆောင်ရွက်ရာတွင် လျင်မြန် စွာ ဆက်သွယ်အသုံးပြုနိုင်မည့် ခေတ်မီမော်တော်ယာဉ်/ဆက်သွယ်ရေး စက်များ ပြည့်စုံမှုမရှိသည့်အပြင် သတ်မှတ်ထားသည့် ရဲဝတ်တန်ဆာများ၊ ခရီး/လုံခြုံရေး/ သင်တန်း/ဆေးကုသ စသည့်စရိတ်များကို ထောက်ပံ့ပေးမှုမရှိခြင်း၊ လက်အောက် ငယ်သားများ၏ တင်ပြမှုကို လှစ်လျူရှု့ချောင်ထိုးသည့်အပြင် မိမိအပိုင်မြို့နယ်များ ၏လိုအပ်ချက်အပေါ် အထက်သို့တင်ပြမှုမရှိခြင်း၊ တပ်ဖွဲ့မှ သတ်မှတ်စည်းကမ်းနှင့် အညီ ချပေးထုတ်ပေးသောပစ္စည်းများအား အောက်ခြေရဲစခန်းထိ လစဉ်ပုံမှန် ချပေးမှုမရှိဘဲ မိမိကိုယ်ကျိုးအတွက်အသုံးပြုနေကြခြင်း၊ (၄)လခြားတစ်ကြိမ် သင်တန်းတက်ရောက်နေရပြီး စားစရိတ်/အုပ်ချုပ်မှု စရိတ်များကို ထောက်ပံ့ပေး ခြင်းမရှိသည့်အပြင် တပ်ဖွဲ့ဝင်များ နှုတ်ထွက်ခွင့်တင်ပြကြသော်လည်း နှုတ်ထွက် ခွင့်မပေးမှုတို့ကြောင့် တပ်ဖွဲ့ဝင်များ ရဲလုပ်ငန်းများကိုစိတ်ဝင်စားမှုနည်းပါးကာ အချိန်နှောင့်နှေးကြန့်ကြာမှုဖြစ်ပါသဖြင့် ပြည်သူနှင့်ရဲဆက်ဆံမှုမှာ အလှမ်းကွာဝေး နေကြရပါတယ်။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အချိန်နှင့်အမျှပြောင်းလဲတိုးတက် လာစဉ် ရဲလုပ်ငန်းဆောင်ရွက်ရာတွင် အချိန်မီ ပြုလုပ်ဆောင်ရွက်နိုင်စေရေးအ တွက် ရဲတပ်ဖွဲ့လုပ်ငန်းသုံး ရဲအထောက်အကူပြုပစ္စည်းများအား တင်ပြတောင်းခံ ခြင်းမပြုသည်ကို တွေ့မြင်ရပြီး လျှပ်စစ်မီတာကြေး၊ တယ်လီဖုန်းကြေး၊ ခရီးစရိတ်၊ အထွေထွေအသုံးစရိတ် လုံလောက်စွာချပေးပြီးဖြစ်ကြောင်း လွှတ်တော်မှာ ဆွေး နွေးသွားတာဖတ်ဖူးပါသော်လည်း အောက်ခြေသို့ အမှန်တကယ်ရောက်ရှိခြင်းမရှိ အထက်နှင့် အောက်ကြား အလည်မှာပျောက်နေတာ ဘာကြောင့်လည်း မေးရမဲ့ ကိန်း၊ ဒီကိစ္စတွေ စုံစမ်းစစ်ဆေးလည်း အရာမရောက်သည့် အပြင် အရာရှိကြီး များမှ မိမိ၏လိပ်စာကဒ်များကို အရေးယူခြင်းမှ ကင်းဝေးစေရန် ကြွယ်ဝချမ်းသာ သူများကိုပေးထားခြင်း၊ ဇနီးသည်များမှလည်း ယောင်္ကျားပါဝါကို အသုံးပြုပြီး လက်အောက်တပ်ဖွဲ့ဝင်များကို အနိုင်ကျင့်ခြင်း၊ မိမိနှင့်မဆိုင်ဘဲ လုပ်ငန်းတာဝန် များကို ၀င်ရောက်စွက်ဖက်ခြင်းများပြုလုပ်နေသဖြင့် တပ်ဖွဲ့ဝင်များ မလုပ်ချင်သော် လည်း လုပ်နေရ၊ မလုပ်မိပါက သိတဲ့အတိုင်း မြောင်းထဲရောက်ပြီပေါ့၊ မယားထိ ဓါးကြည့်ဆိုထားတာကိုး။ ဒီလိုတွေဖြစ်နေတော့ ရဲလုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု များဖြစ်ပြီး ပြည်သူလူထုမှ အထင်အမြင်လွှဲမှား အတိုင်ခံရခြင်းများ ဖြစ်ပေါ်နေပါ တယ်။ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အသွင်သဏ္ဍာန် ပြောင်းလဲယုံမဟုတ်ဘဲ အနှစ်သာရပါပြောင်းလဲကာ နိုင်ငံတကာအဆင့်မီ ပြုပြင်မှ သာလျှင် တိုးတက်ပြောင်းလဲလာမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှလည်း ဥပဒေ/ နည်းပဒေများနှင့်အညီ စည်းကမ်းရှိစွာ ကိုင်တွယ်အသုံးပြုဆောင်ရွက်မှသာလျှင် ပိုမိုတိုးတက်လာပါလိမ့်မယ်။ စနစ်ဟောင်းအတိုင်း ဆက်လျှောက်နေမည်ဆိုလျှင် ရဲတပ်ဖွဲ့တိုးတက်ဖို့မမြင်သည့်အပြင် ရဲလုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုလျှော့နည်း ကာ ဖြစ်ချင်ရာဖြစ်ဘ၀ကိုစတေးပြီး လာဘ်ယူမှုများ ဆက်လက်ပေါ်ပေါက်နေမည် ဖြစ်ရာ ရဲတပ်ဖွဲ့မှ ရဲအသုံးအဆောင်၊ တပ်ဖွဲ့လုပ်ငန်းသုံးပစ္စည်းများ နိုင်ငံတကာ အဆင့်မီပြုပြင်ပြောင်းလဲမှသာလျှင် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အခုတော့ ဘာမျှမရှိ၊ မိသားစု စားရေး/ကျောင်းစရိတ်/ပြောင်းရွှေ့ ခရီးစရိတ်စသည့် မပါဝင်ဘဲ၊ ၀တ်စားဆင်ယဉ်မှုများကို အောက်ပုံအတိုင်း ကိုယ်ပိုင်လစာများမှ သုံးစွဲနေရသည် ကို တွေ့မြင်ရပါကြောင်း။။။ ဒါတွေ မပြောင်းနိုင်သရွှေ့
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲနိုင်ပါစေလို့ဆန္ဒပြုရင်း

ကိုကိုရဲ့  ညီမ နှင့်ပွင့်သဇင်ကျော် (ရန်ကုန်)

ရဲတပ်ဖွဲ့အား ဥပဒေနည်းဥပဒေများဖြင့် မှုခင်းများလျော့နည်းပပျောက် ရေးအတွက် နိုင်ငံတကာတွင် လက်
တွေ့အောင်မြင်မရရှိနေသော ပြည်သူလူထုပူးပေါင်းပါဝင်သောရဲလုပ်ငန်းစနစ်များအတိုင်းအကောင်အထည်
ဖော်ဆောင်ရွက် နိုင်ရေးယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ဆောင်ရွက်သော်လည်းနည်းပညာ
များတိုးတက်လာသည်နှင့်အမျှကင်းလှည့်ဆောင်ရွက်ရာတွင်လျင်မြန်စွာဆက်သွယ်အသုံးပြုနိုင်မည့် ခေတ်
မီမော်တော်ယာဉ်/ဆက်သွယ်ရေး စက်များ ပြည့်စုံမှုမရှိသည့်အပြင် သတ်မှတ်ထားသည့် ရဲဝတ်တန်ဆာများ၊ ခရီး/လုံခြုံရေး/ သင်တန်း/ဆေးကုသ စသည့်စရိတ်များကို ထောက်ပံ့ပေးမှုမရှိခြင်း၊