Pages

Saturday, April 13, 2013

ရန်ကုန်မြို့အနှံက ရေကစားမဏ္ဍပ်များ ရဲ့ပုံရိပ်များ

ဧပြီ ၁၃ ရက်(သင်္ကြန်အကြို) ရန်ကုန်မြို့ မြင့်ကွင်းများ

ဧပြီ ၁၃ ရက်(သင်္ကြန်အကြို) ရန်ကုန်မြို့ ဆင်ခြေဖုန်း သင်္ကြန်မြင်ကွင်း

ဧပြီ ၁၃ ရက်(သင်္ကြန်အကြို) ရန်ကုန်မြို့ ဆင်ခြေဖုန်း သင်္ကြန်မြင်ကွင်းများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

ဂျပန်မှာ ရဲတပ်ဖွဲ့နှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များ

ဂျပန်မှာ ရဲတပ်ဖွဲ့နှင့် ပတ်သတ်၍  ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များ
Saturday, April 13, 2013

ရဲတပ်ဖွဲ့ကို မကောင်းပြောကြတာ များတယ်၊ တကယ်တော့ တတိုင်းပြည်လုံးက မကောင်းခဲ့တာပါ။ ကျွန်မကတော့ အပြစ်ရှာတာထက် အဖြေရှာရတာကို ပိုစိတ်ဝင်စားပါတယ်၊ ရဲတွေကို လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုတွေ လုပ်ပေးဖို့ လိုပါတယ်။ ရဲတွေထဲမှာလည်း တိုင်းပြည်အပေါ် တကယ့်ကို စိတ်ကောင်း စေတနာ ရှိတဲ့သူတွေ ရှိပါတယ်။ ယူနီဖောင်း ပြောင်းရုံနဲ့ မရပါဘူး၊ စိတ်ပါ ပြောင်းရပါမယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ပြောချင်တာက စိတ် မပျက်ပါနဲ့၊ စိတ်ဓာတ် မကျပါနဲ့။

(ဒေါ်အောင်ဆန်းစုကြည်၊ တိုကျိုက မြန်မာမိသားစုနဲ့ ဧပြီ ၁၃ တွေ့ဆုံမှုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်)။
BBC

Saturday, April 13, 2013

ရဲတပ်ဖွဲ့ကို မကောင်းပြောကြတာ များတယ်၊ တကယ်တော့ တတိုင်းပြည်လုံးက မကောင်းခဲ့တာပါ။ ကျွန်မကတော့ အပြစ်ရှာတာထက် အဖြေရှာရတာကို ပိုစိတ်ဝင်စားပါတယ်၊ ရဲတွေကို လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုတွေ လုပ်ပေးဖို့ လိုပါတယ်။

သင်္ဃန်းကျွန်းမှာ ယမန်နေ့ည ၂း၀၀က တွေ့ခဲ့ရတဲ့ မသင်္ကာဖွယ်ရာလူတစ်ယောက်

ယ္ခုည ၂း၀၀ နာရီခန့်တွင် သင်္ဃန်းကျွန်း မြ၀တီရေခဲစက်ရှေ့တွင်မသင်္ကာဖွယ်လူတစ်ဦးအား လည်ပင်းတွင် တာယာကျွတ်တစ်ခုကိုဆွဲထားလျှက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်....ထိုသူ၏လက် ထဲတွင်ကြွတ်ကြွတ်အိတ်အမဲတစ်လုံး ထဲတွင်လောင်စာဆီများဖြည့်ထားဟန်တူသောရေသန့်ဗူးများ ပါါရှိသောကြောင့် ရပ်ကွက်နေပြည်သူများက၀ိုင်းဝန်းဖမ်းဆီးလိုက်ကြသည်....ထို့နောက်စစ်မေး စစ်မေးသောအခါထိုသူကိုယ်တိုင် ရေသန့်ဗူးများထဲတွင် လောင်စာဆီများပါသည်ဟုဝန်ခံခဲ့သည်... ထိုစဉ်ရဲများရောက်ရှိလာပြီး..ဖယ်ကြ...ငါတို့မေးမယ်ဟုဆိုကာထိုသူအားကြည့်ပြီး ဒီလူကရူးနေတဲ့ အရူးပါကွာဟုလူများကြားမှဆွဲထုတ်ကာ လွှတ်ပေးလိုက်ကြောင်းသိရှိရသည်....ရပ်ကွက်တွင်း ရှိပြည်သူများကမသင်္ကာသဖြင့်နောက်ယောင်ခံလိုက်ကြည့်ရာထိုသူမှ နှင်းဆီကုန်း ရထားလမ်းကျော်ရှိ ဘုရားသုံးစူအတွင်းသို့ဝင်ရောက်သွားကြောင်းခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းရရှိပါသည်။

အများသတိပြုသိရှိစေရန် ၎င်းသူဓာတ်ပုံအားပူးတွဲ တင်ပေးလိုက်ပါသည်။
Myo Min Htet

ပြီးခဲ့သည့်ည ၂း၀၀ နာရီခန့်တွင် သင်္ဃန်းကျွန်း မြ၀တီရေခဲစက်ရှေ့တွင်မသင်္ကာဖွယ်လူတစ်ဦးအား လည်
ပင်းတွင် တာယာကျွတ်တစ်ခုကိုဆွဲထားလျှက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ထိုသူ၏လက်ထဲတွင်ကြွတ်
ကြွတ်အိတ်အမဲတစ်လုံး ထဲတွင်လောင်စာဆီများဖြည့်ထားဟန်တူသောရေသန့်ဗူးများ ပါရှိသောကြောင့် ရပ်
ကွက်နေပြည်သူများက၀ိုင်းဝန်းဖမ်းဆီးလိုက်ကြသည်။

အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ မိတ္တိလာမြို့ ဒုက္ခသည်စခန်းများသို.ကိုယ်တိုင်ကိုယ်ကျသွားရောက်၍အလှုဒါနပြုလိုသူများ အတွက်

မိတ္ထီလာမြို.ဒုက္ခသည်စခန်းများသိုကိုယ်တိုင်ကိုယ်ကျသွားရောက်၍အလှုဒါနပြုလိုသူများသည်ဗဟိုကယ်ဆယ်
ရေးစခန်း(ဆက်သွယ်ရေး)ရုံး၊မိတ္ထီလာကန်ဘေး၊(အထက၁အနီး)သိုသွားရောက်ပြီးမိမိလှုဒါန်းမည်ပစ္စည်းများ
စာရင်းတင်ပြ၍ခွင်.ပြုချက်ရယူရန်လိုပါသည်။ လွယ်လင်.တကူ(၁၅)မိနစ်အတွင်းပြီးစီးအောင်ဆောင်ရွက်ပေး
ပါသည်။မည်သည်အခက်အခဲမှမရှိပါ။ရရှိသည်စာရွက်စာတမ်းဖြင်မိမိဖေါ်ပြရာဒုက္ခသည်စခန်းသိုကိုယ်တိုင်
သွားရောက်လှုဒါန်းနိုင်ပါသည်၊

၁၃၇၄ ခုနှစ် မဟာသင်္ကြန် အထိမ်အမှတ် ရန်ကုန်မြို့ပြည် လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရေ ကစားမဏ္ဍပ် ကိုယနေ့မနက်ပိုင်းကစတင်ဖွင့်လှစ်


၁၃၇၄ ခုနှစ် မဟာသင်္ကြန် အထိမ်အမှတ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရေကစားမဏ္ဍပ်ကို ရန်ကုန်
တိုင်းဒေသကြီးအတွင်း ပထမဆုံအကြိမ်အဖြစ် ရန်ကုန်မြို့ပြည်လမ်းတွင် ဧပြီလ ၁၃ ရက်နေ့နံနက် ၇ နာရီ
မိနစ် ၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဦးဆောင်သူ ဦးဂမ္ဘီရ ပြေားတဲ့ ဦးဝိရသူအကြောင်း

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဦးဆောင်သူ ဦးဂမ္ဘီရက “ဦးဝီရသူကို ဖမ်းဆီးသင့်တယ်၊ သူဟာ ဗုဒ္ဓရဲ့အဆုံးအမနဲ့ လွဲချော်နေတယ်၊ သူဟာ သံဃာတော်တစ်ပါးပါ၊ ကျောင်းထိုင်ဘုန်းကြီးဖြစ်တယ်၊ အတော်အန္ထရာယ်များတယ်၊ သူဟာ ပိုပိုပြီးကောက်ကျစ်ပြီး အကြင်နာတရာမဲ့နေတယ်။” ဟု ပြောကြားခဲ့သည်။ သို့သော် ဦးဂမ္ဘီရက မွတ်စလင်မ်ဆန့်ကျင်ရေး အယူဝါဒကို အစိုးရကသာ ရပ်တန့်နိုင်မည်ဟု ပြောဆိုခဲ့သည်။

၁၃၇၄ ခုနှစ် မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင်ကျင်းပပြုလုပ်

၁၃၇၄ ခုနှစ် မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင် မဟာသင်္ကြန် အကြိုနေ့ (ဧပြီ ၁၃) နံနက် ၈ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ လက်ရှိဖြစ်ပွားနေသည့် ပြသနာများနှင့် ကောလာဟလ အချို့ကြောင့် ယခုနှစ် သင်္ကြန်တွင် ပြည်သူများအနေဖြင့် စိုးရွံမှုများ ရှိနေသော်လည်း ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်အား ပုံမှန်အတိုင်း စည်ကားစွာဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ပြည်သူများ အနေဖြင့် တသွေးတသားတည်း မှီတင်းနေထိုင်သည့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတွင် ညီရင်းအကို စိတ်ဓာတ်ဖြင့် ပျော်ရွှင်ရန်နှင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနေဖြင့်  လက်ရှိထွက်ပေါ်နေသည့် သတင်းများမှာ ကောလာဟလများသာဖြစ်ပြီး အဆိုပါ ကောလာဟလများအား မယုံကြည်ရန် အဖွင့်အမှာစကား၌ ထည့်သွင်း ပြောကြားခဲ့သည်။

၁၃၇၄ ခုနှစ် မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင် မဟာသင်္ကြန် အကြိုနေ့ (ဧပြီ၁၃)နံနက်၈နာရီခွဲတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ လက်ရှိဖြစ်ပွားနေသည့် ပြသနာများနှင့် ကောလ
ဟလ အချို့ကြောင့် ယခုနှစ် သင်္ကြန်တွင် ပြည်သူများအနေဖြင့် စိုးရွံမှုများ ရှိနေသော်လည်း

နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာကျင်းပ

နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာကျင်းပ

ဧပြီလ ၁၂ ရက် ၂၀၁၃ 

သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှ ညနေ ၃နာရီခွဲဝန်းကျင်ထိ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများ အပါအ၀င် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များကလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

''ကျွန်မတို့က ဆိုင်ကပစ္စည်းတွေကို မနက်ကတည်းကသိမ်းပြီး  ရေပက်ကြတယ်။စတုဒီသာလည်း ကျွေးတယ်။ပျော်ဖို့ကောင်းပါတယ် ဒီနှစ်သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းချင်ပါတယ်'' ဟု ဗိုလ်ချုပ်ဈေးအတွင်း အထည်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်ဈေးသင်္ကြန်သို့ လာရောက်လည်ပတ်သူ လူငယ်တစ်ဦးကလည်း''ခုလို သင်္ကြန်အကြိုမတိုင်ခင်မှာ ဒီလိုမျိုး ရေကစားနေတာတွေကို တွေ့ရတော့ စိတ်ထဲမှာ အရမ်းပျော်မိတယ်။သင်္ကြန်ဆိုတာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။အရမ်းပျော်ပါတယ်'' ဟု ဆိုသည်။

Eleven

ဧပြီလ ၁၂ ရက် ၂၀၁၃

သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာ ကျင်းပခဲ့သည်။

တွံတေးတူးမြောင်းတွင် သင်္ဘောနှစ်မြုပ်၍ မိသားစုသုံးဦး ပျောက်ဆုံး

ဧပြီ ၁၃ ရက် ၂၀၁၃

တွံတေးမြို့ တွံတေးတူးမြောင်း ဇီးဖြူကုန်း ရေတံခါးအနီးတွင် သင်္ဘောနှစ်မြုပ်၍ ၁၃ နှစ်အရွယ် ကလေးငယ်းတစ်အပါအ၀င် စုစုပေါင်း ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။သင်္ဘော နှစ်မြုပ်ရာတွင် သင်္ဘောပေါ်၌ လူ(၈)ဦးပါရှိကြောင်းနှင့် ပျောက်နေသူသုံးဦးမှာ ဦးချက်ဖောင်၊ ဒေါ်လှစိုး နှင့် မပိုပိုတို့ဖြစ်ကြောင်း တွံတေးမြို့ ရဲစခန်းမှ သိရသည်။

THE BURMESE MILITARY IS KEEPING ROHINGYA WOMEN AS SEX SLAVES (By Assed Baig)


ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ Assed Baig  ရဲ့ ရီပို့သ်ကို ဖတ်ကြည့်ပါ။ အလွန်စက်ဆုပ်ရွံရှာဖွယ် တိရိစ္ဆာန်ကောင်တွေရဲ့ လုပ်ရပ်တွေကို ဖေါ်ပြထားပါတယ်။

“ဗမာမွတ်ဆလင်တွေအတွက် အလွန်အမင်း ဆိုးရွားလှတဲ့အခြေအနေတစ်ခုမှာ ရှိနေဆဲပါပဲ။ မနှစ်ကစပြီး နိုင်ငံတွင်းက လူများစုဗုဒ္ဓဘာသာဝင်တွေက လူနည်းစု ရိုဟင်ဂျာများအပေါ် တိုင်းရင်းသားမဟုတ်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေဟာ ဒီနေ့ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့အပြင် ခုဆိုရင် ရိုဟင်ဂျာတွေအပြင် တခြားမျိုးနွယ်စုဝင် အစ္စလာမ်ဘာသာဝင် တွေပါ တိုက်ခိုက်ခံလာရပြီ ဖြစ်ပါတယ်။ …………………………………………………
…………………………………………………………………”

မျက်မြင်သက်သေများရဲ့ ထွက်ဆိုအတည်ပြုချက်အရ စစ်တွေမြို့နဲ့ မိုင်အနည်းငယ်အကွာမှာရှိတဲ့ စစ်စခန်းမှာ ရိုဟင်ဂျာအမျိုးသမီး ၂၀ ၀န်းကျင်နဲ့ ရှစ်နှစ်အောက် ကလေးငယ် သုံးဦးကို ဖမ်းဆီးထားတယ်လို့ သိရတယ်။
ရိုဟင်ဂျာအမျိုးသမီး(၂၀)ကို စစ်တွေနားက မြန်မာစစ်တပ် တပ်စခန်းထဲမှာ ဖမ်းဆီးထားပြီး သူတို့ဟာ အဲဒီ ရိုဟင်ဂျာအမျိုးသမီး တွေကို လိင်ကျေးကျွန်အဖြစ် အတင်းအဓမ္မစေခိုင်းတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေကို ILO နှင့် UN ကိုယ်စားလှယ်တွေကို ပို့ထားပြီးပြီ။ သူတို့ကတဆင့် မြန်မာအစိုးရကိုလည်း စုံစမ်းစစ်ဆေးအရေးယူဖို့ နဲ့ ထိုအမျိုးသမီးများ လွတ်မြောက်ဖို့အတွက် တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

THE BURMESE MILITARY IS KEEPING ROHINGYA WOMEN AS SEX SLAVES (By Assed Baig)

Burma's Muslims are still having a pretty awful time of it. Last year, the country's Buddhist majority launched a series of attacks on the minority Rohingya Muslim population, supposedly because they're not "ethnically pure". The attacks have continued this year and now include the general Muslim population, as well as the ethnic Rohingyas, getting their homes burned down and heads smashed in by marauding gangs of vicious Buddhists. 

After monitoring the plight of the Rohingya and the two incidents of violence against them in June and Octoberlast year, I decided to fly out to Burma in wary anticipation of another round of trouble. The problem was that I had no money, no commission, no media organisation backing me and the mainstream media had pretty much stopped reporting on the issue. When I turned to the public to help fund my trip, the response was overwhelming (turns out people do have an interest in helping to expose the extended violent persecution of vulnerable minorities) and they collectively helped me raise enough money to go.   
  
We stayed in Sittwe, the main city in Arakhan state, which is where the majority of the Rohingya camps are situated. Travelling past the police check points every morning and into the Rohingya camps, it felt like being transported into a parallel world where suddenly it's fine to forget about your obligations as a human to not be an unscrupulous bully to a group of people just because they originally come from somewhere different to you. The Rohingya Muslims aren't recognised as citizens of Burma, meaning they have no rights and very little access to education and healthcare.
While in Sittwe, some of my contacts told me about Rohingya women being kept at a military base. I tracked down some of the eyewitnesses, but I needed to get close to the camp to confirm what I'd heard. Bear in mind that taking pictures and video of a Burmese military base obviously isn't something to be taken lightly, and the people who'd agreed to take me there risked their lives if they were caught.

During my week in Sittwe, with the help of those who accompanied me, the evidence we obtained strongly implies that the Burmese military is imprisoning Rohingya women from the Arakhan region and using them as sex slaves. That evidence has been passed on to the International Labour Organisation (ILO), a United Nations agency dealing with labour issues, who have lodged a complaint to the Burmese government and launched an investigation in an attempt to rescue the women.

Eyewitness testimony of a military camp situated a few miles from Sittwe town (and home to Regiment 270) describes around 20 women and three children under the age of eight being held at the camp. One of the witnesses, Amina (name changed), described walking past the camp when she heard voices calling out to her. The imprisoned women asked Amina if she was Muslim; she is.     
“Please help us. If you can help us escape from here you will go to jannah (heaven),” one woman told her. “Many military men come, we can’t breath. We want to become Muslim again. If we stay like this we will go to hell.” The intended meaning of what was said is clear: these women are being raped, and they don’t have to say it explicitly for anyone to understand what's taking place.
The prisoners asked Amina to pass the message on to someone who could help. “Our parents can't find us,” they added.

The women only managed to speak to Amina because it was Burmese Independence Day and the soldiers were away. “We've been arrested here for quite a long time now. They have left us today because they have a special visitor,” they told Amina. The women continued, telling Amina that if the word was spread too much that the military would kill them, as well as warning her that she was at risk of being killed herself if she was spotted talking to them.

Amina saw three children inside the camp. Two of them popped their heads up on the windowsills and one came up to the fence so that Amina could pass through some vegetables she'd collected. “The women were crying," she told me. "Some of them called me daughter, others called me sister.”

Amina described some of the women as pregnant, which could indicate that they've been prisoners since the June or October violence and have become pregnant during their imprisonment. Information relayed from various sources indicates that local villagers are aware that women are being kept as prisoners but are too scared to speak out. And as Rohingya aren't recognised as citizens of Burma – and therefore have no rights – it's fair to assume that the punishment inflicted on them for making these kinds of allegations wouldn't exactly be regulated.

An 18-year-old Rohingya man I interviewed described another camp 20 minutes away (which is home to the medical regiment), where another woman was apparently being held under similar conditions. He was one of around 14 rice paddy workers who went to speak Rakhine with the woman, the language spoken by the Buddhist population of Arakhan. The woman replied, “Don’t speak Rakhine with me any more, I am Muslim and a prisoner here.”
She then told the men her father's name and where she was from. They asked her what she was doing at a military camp if she was Muslim, and if she was ready to come with them. She replied, “I have two children,” implying that her children are being used to keep her at the camp. This evidence has also been passed on to the ILO.

I tracked down other eyewitnesses, but they were mostly too afraid to speak. One woman who'd seen the women imprisoned at Regiment 270’s camp initially agreed to speak to me, but backed out after her husband threatened to divorce her if she spoke to any journalists about the situation. The Rohingya have no rights or official form of protection, and those who do speak to journalists are risking their lives, so the reluctance to divulge what they know is perfectly understandable. 

The last known sighting of these women was at the end of March and it's uncertain whether they're still alive. It's also uncertain if the women are still at the camp or have been split up into different camps. But what is certain is that there are innocent Rohingya women being held captive by the Burmese military and plenty of locals know about it, only it's impossible for them to do anything about it without the threat of losing their lives. 


Follow Assed on Twitter: @AssedBaig

http://www.vice.com/en_uk/read/rohingya-women-are-being-kept-as-sex-slaves-by-the-burmese-military

Burma's Muslims are still having a pretty awful time of it. Last year, the country's Buddhist majority launched a series of attacks on the minority Rohingya Muslim population, supposedly because they're not "ethnically pure". The attacks have continued this year and now include the general Muslim population, as well as the ethnic Rohingyas, getting their homes burned down and heads smashed in by marauding gangs of vicious Buddhists.

မိတ္ထီလာမြို့ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့တဲ့ နယူးဝိန့်စိန် ရွှေဆိုင်မှ လူ ၃ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီး ချမှတ်

မိတ္ထီလာ ပဋိပက္ခ စတင်သူ ၃ ဦးကို ထောင် ၁၄ နှစ်စီချ
ဧရာဝတီ| April 12, 2013

မိတ္ထီလာမြို့ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့သော နယူးဝိန့်စိန် ရွှေဆိုင်မှ လူ ၃ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်သည်။ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး ခေါ် အာရှစ်၊ ဒေါ်မြင့်မြင့်အေး နှင့် အလုပ်သမား ညီညီ ခေါ် မင်းအောင်တို့ကို ယမန်နေ့က မိတ္ထီလာမြို့နယ် တရား ရုံးက ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ပါရှိသည်။ မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ဆူပူအကြမ်းဖက်မှုတွင် ရပ်ကွက် ၁၂ ခုရှိ လူနေအိမ် တိုက်တာ ၂၀၆ လုံး၊ ပျဉ်ထောင်မိုး၊ ကပ် ကာ ၆၆၄ လုံး၊ တဲ ၁၉၄ လုံး၊ ဘာသာရေး အဆောက်အုံ ဗလီ ၁၀ ခု၊ အစ္စလမ် ဘာသာရေးကျောင်း ၅ ခုနှင့် ဆိုင်ခန်း ၃၆ ခန်း ပျက်စီး သွားခဲ့ပြီး ပဋိပက္ခ အတွင်း သေဆုံးသူများမှာ ၃၆ ဦး ရှိ၍ ဒဏ်ရာရရှိသူ ၅၂ ဦးရှိကြောင်း၊ ကယ်ဆယ်ရေး စခန်း ၅ ခုတွင် ဘာသာပေါင်းစုံမှ ဒုက္ခသည် ၉၉၇၉ ဦး ရှိကြောင်း မန္တလေး သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီက သတင်းထုတ်ပြန် ထား သည်။

မိတ္ထီလာမြို့ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့သော နယူးဝိန့်စိန် ရွှေဆိုင်မှ လူ ၃ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်
သည်။ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး ခေါ် အာရှစ်၊ ဒေါ်မြင့်မြင့်အေး နှင့်အလုပ်သမား ညီညီ ခေါ် မင်းအောင်
တို့ကို ယမန်နေ့က မိတ္ထီလာမြို့နယ် တရား ရုံးက ထောင်ဒဏ် ၁၄ နှစ်စီအသီးသီး ချမှတ်လိုက်ကြောင်း  အစိုး
ရ သတင်းစာများ၌ ပါရှိသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ နံနက်တွင်ဂျပန်နာရီတာလေဆိပ်သို့ ရောက်ရှိ


နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ရက်တာ ကြာမြင့်မည့်ဂျပန်ခရီးစဉ်အတွက်ဧပြီလ၁၃ရက်င်္နနက်ဂျပန်စံတော်ချိန်(၈နာရီ၁၅)မိနစ်ကထိုင်းနိုင်ငံမှတဆင့်
ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ အောင်မြင်စွာရာက်ရှိခဲ့ပါသည်။

အွန်လိုင်းတေးသီချင်း ထုတ်လွှင့်မှုအား စတင်တော့မည့် Twitter

အွန်လိုင်းတေးသီချင်း ထုတ်လွှင့်မှုအား စတင်တော့မည့် Twitter

အံသြသွားသလား။ ကဲ ဒါဆိုရင် music.twitter.com ကို သွားကြည့်လိုက်ပါ။ အောက်ပါပုံကို တွေ့ရပါလိမ့်မယ်။ သေချာတာကတော့ Twitter ဟာ တေးဂီတဈေးကွက်ထဲ ဝင်ရောက်လာတော့မယ် ဆိုတာပါပဲ။ ဘယ်ပုံ၊ ဘယ်နည်းနဲ့ ဘယ်လို ဝန်ဆောင်မှုတွေကို ပေးမလဲဆိုတာ အသေးစိတ် မသိရသေးပါဘူး။ 

ဒါပေမယ့် ထွက်ပေါ်နေတဲ့ သတင်းများအရတော့ Twitter Music ကို အသုံးပြုပြီး မိမိ၏ မိတ်ဆွေ၊ သူငယ်ချင်များ နားထောင်နေတဲ့ သီချင်းများကို အခြေခံကာ နားထောင်လိုရာ တေးသီးချင်းများကို ရွေးချယ်ပေးသွားမည်ဟု သိရှိရသည်။ 

ပြီးခဲ့သည့် လအတွင်းကလည်း CNET ဝက်ဘ်ဆိုဒ်က Twitter အနေဖြင့် အွန်လိုင်း တေးသီချင်း ရှာဖွေရေးနည်းပညာ တစ်ခုအား ဝယ်ယူခဲ့ကြောင်း၊ app တစ်ခုအားလည်း ဖန်တီးနေကြောင်း သတင်းပေးပို့ခဲ့သည်။ 

Twitter Music ကတော့ မကြာမီ ရက်ပိုင်းအတွင်းမှာ စတင်တော့မှာ သေချာနေပါတယ်။

အံသြသွားသလား။ ကဲ ဒါဆိုရင် music.twitter.com ကို သွားကြည့်လိုက်ပါ။ အောက်ပါပုံကို တွေ့ရပါလိမ့်မယ်။
သေချာတာကတော့ Twitter ဟာ တေးဂီတဈေးကွက်ထဲ ဝင်ရောက်လာတော့မယ်ဆိုတာပါပဲ။ ဘယ်ပုံ၊ ဘယ်
နည်းနဲ့ ဘယ်လို ဝန်ဆောင်မှုတွေကို ပေးမလဲဆိုတာ အသေးစိတ် မသိရသေးပါဘူး။

မန္တလေးမီးဘေးကြောင့် အိမ်ထောင်စု ၁၃၅ စု၊ ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိ

မန္တလေးမီးတွင် အိုးမဲ့အိမ့်ဖြစ်သွားသည့် အမ်ထောင်စု ၁၀၀ကျော်ရှိမန္တလေး၊ ဧပြီ ၁၂
မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။
နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပုလုပ်ငန်းအလုပ်ရုံအတွင်းရှိ ရေဘော် စာအနီးခြင်ဆေးခွေထွန်း ထားရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ကြာမြင့်ချိန်နှစ်နာရီခွဲခန့် လောင် ကျွမ်းခဲ့ပြီး RC နှစ်ထပ်တိုက်နှစ်လုံး၊ နံကပ်နှစ်ထပ်တိုက်
သုံးလုံး၊ နံကပ် တစ်ထပ် ငါးလုံး၊ ပျဉ်ထောင်သွပ်မိုး ၁၀လုံး၊ သွပ်မိုးထရံကာ အလုံး တစ်ရာ၊ ဆိုင်ကယ်သုံးစီး၊ စုစုပေါင်း ၁၆၇ သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာနကသတင်း ထုတ်ပြန်သည်။
မြို့ပေါ် မီးသတ်စခန်းများအပြင် စစ်ကိုင်း၊ တံတားဦး၊ကျောက်ဆည်မြို့များမှ မီးသတ်စခန်းများမှ အဖွဲ့ဝင်များလည်းလာရောက်ငြှိမ်းသက်ခဲ့ကြရသည်ဟု ဆိုသည်။ ယင်းရပ်ကွက်ရှိရတနာဂုဏ်ရည် ဓမ္မာရုံ၊ ဦးကြွယ် ဓမ္မာရုံ၊ အောင်ချမ်းသာ ဓမ္မာရုံ၊မှန်ကင်းကျောင်းတိုက်၊ မာန်အောင်ကျောင်းတိုက်တို့တွင်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီဖြစ်သည်။
“ ညအိပ်ကောင်းနေချိန်လည်းဖြစ်တယ်။လေတွေကလည်း တအားတိုက်နေတယ်။ တစ်နိုင်တစ်ပိုင် သယ်နိုင်တာလေးတွေက လွဲလို့ဘယ်သူမှ ဘာပစ္စည်းမှမရလိုက်ဘူး”ဟု ယင်းရပ်ကွက် ကွက်စိပ်မှူး
ဦးသန့်စည်က ပြောသည်။ထိခိုက်ဒဏ်ရာနှင့်အသေအပျောက်မရှိကြောင်း ရပ်ကွက်တာဝန်ရှိသူများက
ပြောသည်။
နံနက်(၆)နာရီ အချိန်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အကွက် အမှတ်(ညည/၆၆) သင်ပန်းကုန်းရပ်ရှိ သွပ်မိုးထရံကာ အိမ်တစ်အိမ်တွင်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားရာဝါးကပ်မိုးအိမ်လေး လုံး၊ ထရံကာသွပ်မိုးငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟုသိရသည်။ အိုးအိမ်မဲ့
အိမ်ထောင်စု(၁၃)စု၊ မီးဘေးဒုက္ခသည် (၄၇)ဦးရှိခဲ့ပြီး၎င်းတို့ကိုဧရာဦးဓမ္မာရုံတွင် ကယ်ဆယ်ထားရှိသည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။
ဓာတ်ပုံ-ညီညီဇော်
Photo: မန္တလေးမီးတွင် အိုးမဲ့အိမ့်ဖြစ်သွားသည့် အမ်ထောင်စု ၁၀၀ကျော်ရှိမန္တလေး၊ ဧပြီ ၁၂ မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။ နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပုလုပ်ငန်းအလုပ်ရုံအတွင်းရှိ ရေဘော် စာအနီးခြင်ဆေးခွေထွန်း ထားရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ကြာမြင့်ချိန်နှစ်နာရီခွဲခန့် လောင် ကျွမ်းခဲ့ပြီး RC နှစ်ထပ်တိုက်နှစ်လုံး၊ နံကပ်နှစ်ထပ်တိုက် သုံးလုံး၊ နံကပ် တစ်ထပ် ငါးလုံး၊ ပျဉ်ထောင်သွပ်မိုး ၁၀လုံး၊ သွပ်မိုးထရံကာ အလုံး တစ်ရာ၊ ဆိုင်ကယ်သုံးစီး၊ စုစုပေါင်း ၁၆၇ သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာနကသတင်း ထုတ်ပြန်သည်။ မြို့ပေါ် မီးသတ်စခန်းများအပြင် စစ်ကိုင်း၊ တံတားဦး၊ကျောက်ဆည်မြို့များမှ မီးသတ်စခန်းများမှ အဖွဲ့ဝင်များလည်းလာရောက်ငြှိမ်းသက်ခဲ့ကြရသည်ဟု ဆိုသည်။ ယင်းရပ်ကွက်ရှိရတနာဂုဏ်ရည် ဓမ္မာရုံ၊ ဦးကြွယ် ဓမ္မာရုံ၊ အောင်ချမ်းသာ ဓမ္မာရုံ၊မှန်ကင်းကျောင်းတိုက်၊ မာန်အောင်ကျောင်းတိုက်တို့တွင်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီဖြစ်သည်။ “ ညအိပ်ကောင်းနေချိန်လည်းဖြစ်တယ်။လေတွေကလည်း တအားတိုက်နေတယ်။ တစ်နိုင်တစ်ပိုင် သယ်နိုင်တာလေးတွေက လွဲလို့ဘယ်သူမှ ဘာပစ္စည်းမှမရလိုက်ဘူး”ဟု ယင်းရပ်ကွက် ကွက်စိပ်မှူး ဦးသန့်စည်က ပြောသည်။ထိခိုက်ဒဏ်ရာနှင့်အသေအပျောက်မရှိကြောင်း ရပ်ကွက်တာဝန်ရှိသူများက ပြောသည်။ နံနက်(၆)နာရီ အချိန်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အကွက် အမှတ်(ညည/၆၆) သင်ပန်းကုန်းရပ်ရှိ သွပ်မိုးထရံကာ အိမ်တစ်အိမ်တွင်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားရာဝါးကပ်မိုးအိမ်လေး လုံး၊ ထရံကာသွပ်မိုးငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟုသိရသည်။ အိုးအိမ်မဲ့ အိမ်ထောင်စု(၁၃)စု၊ မီးဘေးဒုက္ခသည် (၄၇)ဦးရှိခဲ့ပြီး၎င်းတို့ကိုဧရာဦးဓမ္မာရုံတွင် ကယ်ဆယ်ထားရှိသည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။ ဓာတ်ပုံ-ညီညီဇော်
7day

မန္တလေးမီးတွင် အိုးမဲ့အိမ့်ဖြစ်သွားသည့် အမ်ထောင်စု ၁၀၀ကျော်ရှိမန္တလေး၊ ဧပြီ ၁၂ မန္တလေးမြို့တွင် ဧပြီ
 ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။

"အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ တိုင်းမှူး ဗိုလ်ချုပ်စိုးလွင် ကားအက်ဆီးဒင့်ကြောင့် ဒဏ်ရာရရှိ

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န-မ-ခ)တိုင်းမှူးကြီး ဗိုလ်ချုပ် စိုးလွင် သည် လွန်ခဲ့သော ရက်ပိုင်းအတွင်း ကလေးဝမြို့နယ်အတွင်း ခရီးစဉ် တစ်ခုသို့ သွားရောက်ရာတွင် ကလေးဝ ကားလမ်းပိုင်းရှိ ဘေလီတံ တား သံဘောင်မှာ ၄င်း၏အထူးယာဉ်တန်း ဖြတ်သန်းသွားစဉ်အချိန်အတွင်း
တံတားယက်မသံဘောင်မှ ထောင်တက်လာပြီး တိုင်းမှူးကြီးစီးနင်းလိုက်ပါ လာခဲ့သော ကား၏ နောက်ပိုင်းရှိ အိတ်ဇယ်ကို ထိုးခွဲလိုက်ရာ ကားတစ်စီး လုံးမှာ အင်ဂျင်ပိုင်းမှလွှဲ၍ အကုန်နီးပါးပျက်စီးသွားသည်။

စတိတ်ရှိုးပွဲတွင် တင်ပါးကိုင်သည့်အတွက် စိုင်းစိုင်းနှင့် သက်မွန်မြင့်၏ ချစ်သူတို့ ပြဿနာ ဖြစ်ပွား

စတိတ်ရှိုးပွဲတွင် တင်ပါးကိုင်သည့်အတွက် စိုင်းစိုင်းနှင့် သက်မွန်မြင့်၏ ချစ်သူတို့ ပြဿနာ ဖြစ်ပွား
======================================

မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့်အား ပွေ့ချီနေသည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။

ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည်ရှိ ကော်ဖီဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကားများခဲ့ကြကြောင်း သိရသည်။

ထို့နေ့က မျက်မြင်တွေ့သူများက ပြောကြားရာတွင်
ကိုမျိုးအောင်သန်းမှာ အနည်းငယ် မူးယစ်နေခဲ့ကြောင်း စိုင်းစိုင်းအားတွေ့သည်နှင့် အပြေးလျှောက်သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင်မှာ ရန်ပြုမည့် အသွင်မျိုးဖြစ်နေ၍ ဘေးလူများက ၀ိုင်းဝန်းဆွဲကြရာမှ အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်း သိရသည်။

ပြဿနာမှ အကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်း သိရှိလိုက်ရသူများအဖို့ ဟာသသဖွယ် ပြောစရာတစ်ရပ် ဖြစ်သွားခဲ့လေသည်။

Credit @ ဖြိုးဝေ

မကြာသေးမီကကျင်းပခဲ့သောစိုင်းစိုင်းမွေးနေ့စတိတ်ရှိုးတွင်စိုင်းစိုင်းခမ်းလှိုင်ကသက်မွန်မြင့်အား ပွေ့ချီနေ
သည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။

ရိုဟင်ဂျာအရေးကို ဦးသိန်းစိန်က အချိန်ယူစဉ်းစားပေးဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiarပြောကြား

ရိုဟင်ဂျာအရေးကို ဦးသိန်းစိန်က အချိန်ယူစဉ်းစားပေးဖို့ ရှိတယ်လို့ ကုလပြော
==========================
April 12, 2013

သမ္မတ ဦးသိန်းစိန်က နိုင်ငံသားမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အချိန်ယူ စဉ်းစားပေးသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar က  ABC ကိုပြောပြခဲ့ပါတယ်။

ရေ တို မှာ ရော ရေရှည် မှာ ပါ ဖြေ ရှင်း ချက် ဖေါ်ထုတ် ဆောင်ရွက် သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲ ရေးတွေ ဟာလဲ မျှော်မှန်းထားတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် တိုးတက် ထွန်ကား နေတယ်လို့ ပြောသွါးပါတယ်။

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambiar က ပြောပြပါတယ်။

မြန်မာ နိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွါးသွားခဲ့တဲ့ အကြမ်းဖက်မှု တွေကို နိုင်ငံတကာ ကနေ လူ့အခွင့်အရေး ချိုးဖေါက် ကျူးလွန်မှုတွေလို့ ဝေဖန် နေချိန်မှာ ကုလ အထူးကိုယ်စားလှယ် Vijay Nambiar က အကြမ်းဖက်မှုတွေဟာ နောက်ထပ် အခြေအနေ ပိုပြီး ဆိုးဝါးလာမှု မရှိဘူးလို့  ABC ကိုပြောပြ သွားပါတယ်။

မြန်မာအစိုးရ အနေနဲ့လဲ အကြမ်းဖက်မှုကို ထိန်းသိမ်း ကိုင်တွယ်သွားမှာကို သူ့အနေနဲ့ ယုံကြည်တဲ့ အကြောင်း၊ သမ္မတ ဦးသိန်းစိန်ကလဲ၊ နိုင်ငံသားမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အချိန်ယူ စဉ်းစားပေး သွားဖို့ရှိတယ်လို့ Vijay Nambiar က  ABC နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောပြသွားပါတယ်။

လက်ရှိမှာတော့ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်လာနေတဲ့ အပြောင်းအလဲတွေဟာ ပြည်သူအားလုံး အနေနဲ့ အကျိုးခံစား နိုင်ဖို့ အချိန်ယူ နေရသေးတယ်လို့ သမ္မတက ပြောတဲ့ အကြောင်း ပြန်ပြောပြ သွားပါတယ်။

မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေဟာလဲ မျှော်မှန်းထားတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် တိုးတက်ထွန်ကား နေတယ်လို့ ပြောသွါးပါတယ်။

မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာတွေကို ဘင်္ဂလာဒေ့ရှ နိုင်ငံက တရားမဝင်ပြောင်းရွေ့ နေထိုင်လာသူတွေလို့ သတ်မှတ်ထားပြီး အစိုးရ အနေနဲ့ ဒီလူမျိုးစု ပြဿနာနဲ့ ပတ်သက်ပြီး ရေတိုမှာရော ရေ ရှည်မှာပါ ဖြေရှင်းချက်တွေကို ချမှတ်ဆောင် ရွက်သွားရမှာကို နားလည်တယ်လို့ Vijay Nambiar က  ABC နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောပြသွားပါတယ်။

ABC Radio Australia

သမ္မတ ဦးသိန်းစိန်က နိုင်ငံသားမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အချိန်ယူ စဉ်းစားပေးသွားဖို့ ရှိတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar က ABC ကိုပြောပြခဲ့ပါတယ်။