Pages

Friday, April 12, 2013

ဒဿမအကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၂

ဒဿမအကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲ အခမ်းအနားကို ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်
အေးမောင် ကြီးမှူး၍ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ယနေ့ မွန်းလွဲ၂ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာသင်္ကြန်ကို ရုပ်မဆိုးစေရန် မျိုးဆက်သစ်များ ထိန်းသိမ်းကြစေလို

မြန်မာ့ရိုးရာသင်္ကြန်ကို ရုပ်မဆိုးစေရန် မျိုးဆက်သစ်များ ထိန်းသိမ်းကြစေလို

သင်္ကြန်ဆိုရင်တော့ လူငယ်ရော လူကြီးပါ နည်းနည်းမြူးချင်ကြတယ်..ဒါပေမယ် မနှစ်က သင်္ကြန်ကတော့ မြန်မာ့သင်္ကြန်ကာလ တစ်လျှောက်မှာ သရုပ်အပျက်ဆုံး အတာသင်္ကြန်ဖြစ်ခဲ့ရပါတယ်။ ထိန်းကွက်မှုအားနည်းခဲ့သလို လူငယ်များ သရုပ်ပျက်ဝန်စားမှုတွေကြောင့် သင်္ကြန်အပြီးမှာတော့ ရုပ်ဆိုးအကျဉ်းတန်မှုတွေနဲ့ ဖြစ်ခဲ့ရပါတယ်။ အင်တာနက် စာမျက် နှာ များပေါ်တွင် မရှုမလှ သင်္ကြန်တွင်း ပျော်မြူးနေကြသည့် ဗွီဒီယို ဖိုင်များစွာကိုလည်း မိတ်ဆွေများ အားလုံး မြင်ပြီးကြည့်ပြီးကြပြီထင်ပါတယ်။
ကျွန်တော်တို့Myanmar Daily News မှ မိတ်ဆွေများအားလုံးကို အထူးသတိပေးချင်တာကတော့ ဒီနှစ်သင်္ကြန်မှာ ၀တ်စားဆင်ယင်မှုကို ထိန်းထိန်းသိမ်းသိမ်းဝတ်ဆင်ပြီးပျော်မြူးကြဖို့ အကြံပေးချင်ပါတယ်။ ပျော်ရွှင်မှုတစ်ခုကြောင့် တရားဥပဒေနဲ့ ရင်ဆိုင်ရပြီး ရုံးရောက် ကန်းရောက် ဖြစ်တာကတော့ ကြားမကောင်းသည့်အပြင် တရားရုံးရောက်ပြီဆိုတာနဲ့ သတင်းထောက်တွေလည်းရှိမနေနိုင်ဘူးလို့ အာမမခံနိုင်သလို မိမိ၏ သရုပ်ပျက်ဝတ်စားပြီး ဥပဒေနဲ့ရင်ဆိုင်နေရသော ရုပ်ပုံများသည် Facebook စာမျက်နှာထက်ကို ရောက်မလာနိုင်ဘူးလို့လည်း ကြိုမပြောနိုင်ပါဘူး။ ခုခေတ်က လူတိုင်းလူတိုင်းမှာ ကင်မရာပါသည့် လက်ကိုင်ဖုးန်ကို ကိုင်ဆောင်ထားကြတာကြောင့် တစ်ဦးတစ်ယောက်က မိမိ၏ သရုပ်ပျက် ၀တ်စားဆင်ယင်မှုဖြင့် ပျော်မြူးပုံအား အင်တာနက် စာမျက်နှာပေါ်သို့တင်ပြလိုက်မည်ဆိုလျှင်ကား.....ထို့ကြောင့် ဒီနှစ်  အတာသင်္ကြန်ကို ထိန်းထိန်းသိမ်းသိမ်းဝတ်စားဆင်ယင်ပြီး အစိုးရထုတ်ပြန်ထားတဲ့  ပြစ်မှုပုဒ်မ ၂၉၀/၂၉၄ တို့နဲ့ မငြိစွမ်းရလေအောင် ဆင်နွဲကြဖို့ အကြံပြုပြောကြားချင်ပါတယ်....မိတ်ဆွေများအားလုံး မင်္ဂလာနှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ဆန္ဒများကိုယ်စီ ပြည့်ဝ နိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်တောင်းလိုက်ပါတယ်....

သင်္ကြန်ဆိုရင်တော့ လူငယ်ရော လူကြီးပါ နည်းနည်းမြူးချင်ကြတယ်..ဒါပေမယ်မနှစ်ကသင်္ကြန်ကတော့ မြန်
မာ့သင်္ကြန်ကာလ တစ်လျှောက်မှာ သရုပ်အပျက်ဆုံး အတာသင်္ကြန်ဖြစ်ခဲ့ရပါတယ်။ ထိန်းကွက်မှုအားနည်းခဲ့
သလို လူငယ်များ သရုပ်ပျက်ဝန်စားမှုတွေကြောင့် သင်္ကြန်အပြီးမှာတော့ ရုပ်ဆိုးအကျဉ်းတန်မှုတွေနဲ့ ဖြစ်ခဲ့
ရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့၊ မင်းလှမြို့ လက်ရှိအခြေအနေ

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်မှာ အခြေအနေ အေးချမ်းစပြုတဲ့အတွက် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းလိုက်ပြီး ပုဒ်မ ၁၈၈ နဲ့ အစားထိုး ထုတ်ပြန်ထားပါတယ်၊ ပုဒ်မ ၁၄၄ ကို ချိုးဖောက်သူ တစ်ဒါဇင်ကျော်လောက်ကို ဖမ်းဆီးထားသလို အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ဆက်စပ်ဖမ်းဆီးထားသူကတော့ ငါးယောက်လောက်ရှိတဲ့ အကြောင်းနဲ့ ရုံးထုတ်စစ်ဆေးတာတွေတော့ မတွေ့သေးဘူးလို့ နယ်မြေခံတွေက ပြောပါတယ်။ ဇီးကုန်းမြို့မှာတော့ ဖမ်းဆီးထားသူ ၁၀ ယောက်ကို မနေ့ကရုံးထုတ်ဖို့စီစဉ်ပေမယ့် မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်၊

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ထွက်ခွာ

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ထွက်ခွာ

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဧပြီလ ၁၂ရက်နေ့ညနေမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ထွက်ခွာသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ တပတ်ကြာ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ပိုအားကောင်းလာတဲ့အချိန်မှာ သွားရောက်တာဖြစ်တဲ့အပြင် ဂျပန်အစိုးရနဲ့ နိုင်ငံသားတွေက သူ့ကိုလေးစားကြတဲ့အတွက် ဒီခရီးစဉ်ဟာ “ဂုဏ်ထူးဆောင် သံတမန်တစ်ဦး” သဘောမျိုးဖြစ်ပြီး ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးတယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Temple တက္ကသိုလ်က ပါမောက္ခ Jeff Kingston က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက ဂျပန်အစိုးရက မြန်မာနိုင်ငံရဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ လျော်ပစ်ပေးခဲ့တဲ့အတွက် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအတွက် ချေးငွေပြန်လည်ပေးအပ်နိုင်တော့မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တို့မှာ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ သုတေသီလုပ်ခဲ့ဖူးတာကြောင့် နှစ်ပေါင်း ၂၇ နှစ်မှာ ပထမဆုံးအကြိမ် ဂျပန်နိုင်ငံကို လည်ပတ်နိုင်တာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း သူသုတေသနလုပ်ခဲ့ဖူးတဲ့ ကျိုတိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်သလို ဂျပန်နိုင်ငံရောက် မြန်မာမိသားစုဝင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပါမယ်။

ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုမှာ ရန်ကုန်တိုင်းအတွင်းက သီလဝါစက်မှုဇုန်စီမံကိန်း၊ ဂျပန် Mitzui ကုမ္ပဏီက မြန်မာ့ဆန်ဝယ်ယူဖို့ သဘောတူညီချက်အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်မှာ ဆန်ကြိတ်ခွဲစက်ရုံ ၄ ခုတည်ဆောက်ဖို့ ပြင်ဆင်မှုတွေလည်းပါဝင်ပါတယ်။ အလားတူ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ပထမဆုံး စတော့ရှယ်ယာ ဈေးကွက်တစ်ခု ဖြစ်လာရေးအတွက် ဂျပန် Tokyo Stock Exchange နဲ့ Daiwa ကုမ္ပဏီတွေက ပြင်ဆင်နေပါတယ်။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဧပြီလ ၁၂ရက်နေ့ညနေမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ထွက်ခွာသွားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ တပတ်ကြာ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူများ နေပြည်တော်သွားရခြင်းမှ လွတ်ကင်းပြီ

ရင်းနှီးမြှုပ်နှံသူများ နေပြည်တော်သွားရခြင်းမှ လွတ်ကင်းပြီ
Friday, April 12, 2013

မြန်မာပြည်ကို လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် သတင်းကောင်းကောင်းတပုဒ် ရှိနေပါတယ်။
အဲဒါကတော့ မှတ်ပုံတင်ခြင်း၊ အခွန်ဆောင်ခြင်း စတဲ့ အစိုးရဌာနစုံနဲ့ ဆက်သွယ်လုပ်ကိုင်ရတဲ့ကိစ္စများ အတွက် နေပြည်တော်ကို တဒီးဒီးသွားဖို့ မလိုတော့ဘူး ဆိုတာပါပဲ။

ဒီဇင်ဘာလက ရန်ကုန်မှာ တွေ့ခဲ့ရတဲ့ ကုန်စည်ပြပွဲတခု (ဓာတ်ပုံ - ဧရာဝတီ)

လုပ်ငန်းကိစ္စ အဝဝကို  "နေ့ချင်းပြီး" လုပ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ရုံးတခု ရန်ကုန်မှာ ဖွင့်လိုက်ပါပြီ။
ဗုဒ္ဓဟူးနေ့က ဖွင့်လိုက်တဲ့ ဒီရုံးက ရန်ကင်းမြို့နယ်၊ သစ္စာလမ်းပေါ်မှာ ရှိပါတယ်။

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တဲ့နိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေရော နေပြည်တော်လည်း သွားစရာမလို ၀န်ကြီးဌာနတခုစီလည်း သွားစရာမလိုဘဲ၊ တနေရာတည်းမှာ အကုန်အဆင်ပြေအောင်လို့ ဒီရုံးကိုဖွင့်တာပါ။ ဒီရုံးမှာ ကုမ္ပဏီမှတ်ပုံတင်တာကိုလည်း တနေ့တည်း နေ့ချင်းပြီး လုပ်ပေးသွားမှာပါ” လို့ ရင်းနှီး မြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူးဒေါ်စန်းနွဲ့က ဧရာဝတီကို ပြောပါတယ်။

ဟိုတုန်းကတော့ လုပ်ငန်းရှင်တွေဟာ  ရင်းနှီးမြှုပ်နှံလိုတဲ့ ကဏ္ဍအလိုက်  သက်ဆိုင်ရာဝန်ကြီးဌာနများကို သွားရောက်ဆွေးနွေးဖို့ နေပြည်တော်ကို သွားကြရတာပါ။
နေပြည်တော်လွင်ပြင်မှာ ပြန့်ကျဲနေတဲ့ ဌာနတခုချင်းစီကို သွားရတဲ့အတွက် အချိန်ကုန်၊ လူပမ်း၊ စရိတ်ထောင်း စသဖြင့် အခက်အခဲမျိုးတွေ ရှိကြောင်း သိရပါတယ်။

အခု ဖွင့်လိုက်တဲ့ ပူးပေါင်းအဖွဲ့ရုံးကို DICA က ဦးဆောင်ဖွဲစည်းခြင်းဖြစ်ပြီး တနေရာတည်းမှာ  ဆောင်ရွက်ပေးသွားမယ့် လုပ်ငန်းတွေကို အခုလို တွေ့ရပါတယ် -

သွင်းကုန်၊ ထုတ်ကုန် လိုင်စင်လုပ်ပေးခြင်းများ၊
ရင်နှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဆွေးနွေးခြင်း၊
ဝင်ငွေခွန်ကင်းလွတ်ခြင်းဆိုင်ရာကိစ္စများ၊ အခွန်စည်းကြပ်ခြင်း၊
ကုမ္ပဏီမှတ်ပုံတင်သက်တမ်းတိုးခြင်း၊
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအတွက်  work permit နှင့် ဗီဇာသက်တမ်းတိုးခြင်း၊
ဝန်ကြီးဌာနအလိုက် ရင်းနှီးမြှုပ်နှံမှုကိစ္စများဆောင်ရွက်ခြင်း။

ဒီ ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင်တဦးဖြစ်သူ ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)က အခုလို ပြောပါတယ် -
“ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရုံးတွေကမှတ်ပုံတင်တာ၊ အခွန်ကင်းလွတ်ခွင့်ပေးတာတွေဘာတွေ  အဆင်ပြေအောင်လုပ်ပေးတာမျိုးက သူများနိုင်ငံတွေမှာလည်း လုပ်နေကြတာပဲလေ။
အရင်ထဲကရှိသင့်တာပေါ့။ ဒါကိုတိုးတက်တယ်လို့ ပြောလို့မရဘူး။
အပြစ်ပြန်ဖြေတာ၊ အဟောင်းပြန်ဖာတာပဲရှိတယ်။
ရင်းနှီးမြှုပ်နှံမယ့်သူတွေက လာကြည့်ကြမှာပဲ နိုင်ငံရေးအခြေအနေတို့၊ဈေးကွက်တို့၊ သူများနိုင်ငံတွေနဲ့ယှဉ်ရင် ဒီကပိုပြီးဘာလုပ်ပေးမလဲ ဆိုတာကိုစဉ်းစားကြမှာပဲ”

ပူးပေါင်းအဖွဲ့မှာ ပါဝင်တဲ့ဌာနများ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောဝန်ကြီးဌာန၊
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊
အကောက်ခွန်ဦးစီးဌာန၊
ပြည်တွင်းအခွန်များဦးစီးဌာန၊
နိုင်ငံတော်ဗဟိုဘဏ်
ဧရာဝတီ
ဒီဇင်ဘာလက ရန်ကုန်မှာ တွေ့ခဲ့ရတဲ့ ကုန်စည်ပြပွဲတခု (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာပြည်ကိုလာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် သတင်းကောင်းကောင်းတပုဒ် ရှိနေပါတယ်။ အဲဒါ
ကတော့ မှတ်ပုံတင်ခြင်း၊ အခွန်ဆောင်ခြင်း စတဲ့ အစိုးရဌာနစုံနဲ့ ဆက်သွယ်လုပ်ကိုင်ရတဲ့ကိစ္စများ အတွက် နေပြည်တော်ကို တဒီးဒီးသွားဖို့ မလိုတော့ဘူး ဆိုတာပါပဲ။

သန်းခေါင်စာရင်း စမ်းသပ်ကောက်ယူမှု မြို့နယ် ၂၀ တွင် ပြုလုပ်ပြီးစီး

သောကြာနေ့၊ ဧပြီလ ၁၂ ရက် ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်ယာ သန်းခေါင်စာရင်း ကောက်ခံမှုကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိမြို့နယ်၂၀တွင်စမ်းသပ်ပြုလုပ်နိုင်ခဲ့သည်။ကျောင်းဆရာ/မ၁၀၀ ခန့်က ရွေးချယ်ထားသော ကျေးရွာ များတွင် နေထိုင်သူများ၏ အသက်၊ လူမျိုး၊ ပညာရေး၊ အိုးအိမ်ချထားရေး၊ အခြေခံ အဆောက်အအုံ စသည်တို့နှင့် ပတ်သက်၍ မေးခွန်း မေးမြန်းခြင်းဖြင့် စာရင်းကောက်ယူမှုများ အစမ်း ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေ (UNFPA) အဖွဲ့က စောင့်ကြည့် လေ့လာပေးခဲ့သည်။

ကျပ်(၁၅၀၀)တန် ဖုန်းဆင်းမ်ကဒ်တွေကို ရပ်ကွက်ရုံးမှာ လျှောက်ထားနိုင်

ကျပ်(၁၅၀၀)တန် ဖုန်းဆင်းမ်ကဒ်တွေကို ရပ်ကွက်ရုံးမှာ လျှောက်ထားနိုင်

ဧပြီလ ၁၂ ရက် ၂၀၁၃

ကျပ်(၁၅၀၀)တန် ဖုန်းဆင်းမ်ကဒ်တွေကို ရပ်ကွက်ရုံးမှာ လျှောက်ထားနိုင်ကြောင်း ဧပြီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ရဲ့ ရပ်ကွက်တချို့ မှာ လိုက်လံကြေညာခဲ့ တာရှိသလို ရပ်ကွက်ရုံးတွေမှာလည်း ကြေငြာထားတာ တွေ့ရပါတယ်။

အိမ်ထောင်စုတစုမှာ တဦးသာ ဆင်းကမ် လျှောက်ထားနိုင်ပြီး အိမ်ထောင်စုဇယားမိတ္တူ၊ နိုင်ငံသားစစ်ဆေးရေးကတ်ပြားမိတ္တူတွေနဲ့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက် လျှောက်ထားနိုင်တယ်လို့ ကြေညာထားပါတယ်။

ရောင်းချဖို့ သတ်မှတ်ထားတဲ့ အလုံးရေအတွက်ထက် လျှောက်ထားသူ ပိုများပါက မဲဖောက်စနစ်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့အထိ လျှောက်လွှာတွေ ပေးပို့နိုင်တယ်လို့ ပြောကြားထားပါတယ်

DVB

ဧပြီလ ၁၂ ရက် ၂၀၁၃

ကျပ်(၁၅၀၀)တန် ဖုန်းဆင်းမ်ကဒ်တွေကို ရပ်ကွက်ရုံးမှာ လျှောက်ထားနိုင်ကြောင်း ဧပြီလ ၁၁ ရက်နေ့က ရန်ကုန်မြိုရဲ့ရပ်ကွက်တချိုမှာလိုက်လံကြေညာခဲ့တာရှိသလို ရပ်ကွက်ရုံးတွေမှာလည်း ကြေငြာထားတာ
တွေ့ရပါတယ်။

အမေရိ ကန်၏ လျှို့ဝှက် ဇီဝလက် နက်ကြောင့် H7N0 ရောဂါပျံ့နှံ့ လာသည်ဟု တရုတ် စွပ်စွဲ

Photo: အမေရိကန်၏ လျှို့ဝှက် ဇီဝလက်နက်ကြောင့် H7N0 ရောဂါပျံ့နှံ့ လာသည်ဟု တရုတ်စွပ်စွဲ

Friday, April 12, 2013

အမေရိကန် အစိုးရသည် တရုတ်နိုင်ငံအတွင်း ကြက်ငှက်

တုပ်ကွေး ရောဂါကူးစက် ပျံ့နှံ့စေသည့် လျှို့ဝှက်ဇီဝ လက်

နက်တစ်ခုကို ဖန်တီးခဲ့ကြောင်း တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြစ်တင်ပြောကြား ထား သည်။

အမေရိကန် နိုင်ငံသည် ဧပြီ ၆ ရက်က ဇီဝစစ်ပွဲတစ်ရပ်ကို ဆင်နွှဲရာတွင် တရုတ်နိုင်ငံသို့ H7N0 ကြက်ငှက်တုပ် ကွေးရောဂါများ ထုတ်လွှတ်ခဲ့သည်ဟု တရုတ်ပြည်သူ့ လွှတ်မြောက်ရေး တပ်ဖွဲ့၏ ထိပ်တန်း အဆင့်မြင့် ဗိုလ်မှူးကြီး တိုင်းရှုက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇီဝလက်နက် တစ်ခုအသွင် ဖြစ်သည့် အဆိုပါ ကြက်ငှက် တုပ်ကွေးရော

ဂါ ဆန်းသည် ဆားရောဂါကဲ့သို့ ပြင်းထန်သော ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ ၎င်းရောဂါသည်လည်း ၂ဝဝ၃ ခုနှစ်က တရုတ်နိုင်ငံ အတွင်း ကူးစက် ပျံ့နှံ့ခဲ့ကြောင်း တိုင်းက စွပ်စွဲ ပြောကြားထားသည်။ ယခုအခါ တရုတ်နိုင်ငံတွင် H7N0 ရောဂါကြောင့် သေဆုံးသူ ကိုးဦးအထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

အမေရိကန် အစိုးရသည် တရုတ်နိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေး ရောဂါကူးစက် ပျံ့နှံ့စေသည့် လျှို့ဝှက်ဇီဝ လက်နက်တစ်ခုကို ဖန်တီးခဲ့ကြောင်း တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြစ်တင်ပြောကြား ထား သည်။

မန္တလေး မီးတွင် အိုးမဲ့အိ မ့်ဖြစ်သွား သည့် အမ်ထောင်စု ၁၀၀ေ ကျာ်ရှိ

Photo: မန္တလေးမီးတွင် အိုးမဲ့အိမ့်ဖြစ်သွားသည့် အမ်ထောင်စု ၁၀၀ကျော်ရှိမန္တလေး၊

Friday, April 12, 2013

မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်

ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။

နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပုလုပ်ငန်းအလုပ်ရုံအတွင်းရှိ ရေဘော် စာအနီး

ခြင်ဆေးခွေထွန်း ထားရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ကြာမြင့်ချိန်နှစ်နာရီခွဲခန့် လောင် ကျွမ်းခဲ့ပြီး RC နှစ်ထပ်တိုက်နှစ်

လုံး၊ နံကပ်နှစ်ထပ်တိုက်သုံးလုံး၊ နံကပ် တစ်ထပ် ငါးလုံး၊ ပျဉ်ထောင်သွပ်

မိုး ၁၀လုံး၊ သွပ်မိုးထရံကာ အလုံး တစ်ရာ၊ ဆိုင်ကယ်သုံးစီး၊ စုစုပေါင်း ၁၆၇ သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာနကသတင်း ထုတ်ပြန်သည်။

မြို့ပေါ် မီးသတ်စခန်းများအပြင် စစ်ကိုင်း၊ တံတားဦး၊ကျောက်ဆည်မြို့များမှ မီးသတ်စခန်းများမှ အဖွဲ့ဝင်များလည်းလာရောက်ငြှိမ်းသက်ခဲ့ကြရသည်ဟု ဆိုသည်။ ယင်းရပ်ကွက်ရှိရတနာဂုဏ်ရည် ဓမ္မာရုံ၊ ဦးကြွယ် ဓမ္မာရုံ၊ အောင်

ချမ်းသာ ဓမ္မာရုံ၊မှန်ကင်းကျောင်းတိုက်၊မာန်အောင်ကျောင်းတိုက်တို့တွင်ကယ်

ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီဖြစ်သည်။

“ ညအိပ်ကောင်းနေချိန်လည်းဖြစ်တယ်။လေတွေကလည်း တအားတိုက်နေတယ်။ တစ်နိုင်တစ်ပိုင် သယ်နိုင်တာလေးတွေက လွဲလို့ဘယ်သူမှ ဘာပစ္စည်းမှမရလိုက်ဘူး”ဟု ယင်းရပ်ကွက် ကွက်စိပ်မှူး

ဦးသန့်စည်က ပြောသည်။ထိခိုက်ဒဏ်ရာနှင့်အသေအပျောက်မရှိကြောင်း ရပ်ကွက်တာဝန်ရှိသူများက ပြောသည်။

နံနက်(၆)နာရီ အချိန်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အကွက် အမှတ်(ညည/၆၆) သင်ပန်းကုန်းရပ်ရှိ သွပ်မိုးထရံကာ အိမ်တစ်အိမ်တွင်မီး

ဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားရာဝါးကပ်မိုးအိမ်လေး လုံး၊ ထရံကာသွပ်မိုးငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟုသိရသည်။ အိုးအိမ်မဲ့

အိမ်ထောင်စု(၁၃)စု၊ မီးဘေးဒုက္ခသည် (၄၇)ဦးရှိခဲ့ပြီး၎င်းတို့ကိုဧရာ

ဦးဓမ္မာရုံတွင် ကယ်ဆယ်ထားရှိသည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်

ရှိသူကပြောသည်။

ဓာတ်ပုံ-ညီညီဇော်

7Day News Journal

မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။ နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပုလုပ်ငန်း အလုပ် ရုံအတွင်းရှိ ရေဘော် စာအနီးခြင်ဆေးခွေထွန်း ထားရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ဟက်ကာများသည် Android Smartphoneနှင့် လေယာဉ်စနစ်ကို ထိန်းချုပ်နိုင်

ဟက်ကာများသည် Android Smartphoneနှင့် လေယာဉ်စနစ်ကို ထိန်းချုပ်နိုင်

လုံခြုံရေးသုတေသနပညာရှင် Hugo Tesoမှ ဟက်ကာတယောက်အနေဖြင့် Android Smartphoneကို အသုံးပြုခြင်းဖြင့် လေယာဉ်စနစ်ကို ထိန်းချုပ်နိုင်ကြောင်း Hack In Box Security Conferenceတွင် ပြောကြားခဲ့သည်။

လေယာဉ်ဆီသို့ dataပို့လွှတ်သော protocolကို ထိုးဖောက်သုံးစွဲခြင်းနှင့် လေယာဉ်ကိုစီမံခန့်ခွဲသည့် softwareများ၏ bug (error)များကို အသုံးချခြင်းဖြင့် ဟက်ကာသည် လေယာဉ်သို့ radio signalပေးပို့ပြီး လေယာဉ်ကို လမ်းကြောင်း၊ အမြင့်၊ မြန်နှုန်းနှင့် လေယာဉ်မှုးကြည့်ရှုနေသော displayကိုပင် ပြောင်းလွှဲရန် စွမ်းဆောင်နိုင်ကြောင်း သိရသည်။

Tesoသည် မြေပုံကို ထိလိုက်တာနှင့် လေယာဉ်ဆီသို့ လမ်းကြောင်းရှာပေးနိုင်သော Andoird Applicationကို ရေးသားခဲ့ပြီး သူ၏ Samsung Galaxyဖုန်းဖြင့် သရုပ်ပြခဲ့သည်။

Tesoက သူ့အနေဖြင့် လေယာဉ်၏ သွားလာမှုနှင့် သက်ဆိုင်ရာ အားလုံးကို ပြောင်းလဲနိုင်စွမ်းရှိပြီး ဆိုးရွားသော ကိစ္စရပ်များကိုပင် လုပ်ဆောင်နိုင်ကြောင်း ပြောခဲ့သည်။

Tesoက ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ဥရောပ လေကြောင်းလုံခြုံရေး အုပ်ချုပ်ရေးအဖွဲ့သို့ ယခုထောက်ပြခဲ့သော အားနည်းချက်များကို ပြင်ဆင်ရန် သတိပေးခဲ့သည်။
Star Tek
(Admin of Myanmar IT Group)

Posted From IT Group

လုံခြုံရေးသုတေသနပညာရှင် Hugo Tesoမှ ဟက်ကာတယောက်အနေဖြင့် Android Smartphoneကို အသုံးပြုခြင်းဖြင့် လေယာဉ်စနစ်ကို ထိန်းချုပ်နိုင်ကြောင်း Hack In Box Security Conferenceတွင် ပြောကြားခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မ၀တီရပ်၊ ချီပါ အရှေ့ဘက် မီးလောင်ကျွမ်းမှု နံနက် ၄ နာရီ ၀န်းကျင်တွင် မီးညွန့် ကျိုး

မီးဘေးသင့်သူများကို မီးလောင်ကျွမ်းဖြစ်ပွားရာ နေရာအနီးရှိ မှန်ကင်းကျောင်းတိုက်အတွင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားပြီး နေရာချထားပေးကြောင်း သိရှိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မ၀တီရပ်၊ ချီပါ အရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံ
နက် ၂ နာရီ ၅ မိနစ်ခန့် အချိန်မှ စတင်ပြီးမီးလောင်ကျွမ်းခဲ့ရာနံနက် ၄ နာရီ ၀န်းကျင်တွင် မီးညွန့် ကျိုးသွား
ပြီ ဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်ကျွမ်းမှုကို ဆက်လက် ငြှိမ်းသက်နေကြောင်း သိရပါသည်။

ကြေကွဲစရာတွေထဲမှာ ငါ့ကိုထားခဲ့

သူ့ ရဲ့ အသက်တချောင်း သေတွင်းက
လွတ်မြောက်လာပုံအကြောင်းကို
ရီစရာလေးတွေကြားညှပ် ပြောပြနေတဲ့ဇာတ်က
ဘ၀သံသရာရုပ်ရှင်ထဲက
ကုလားလေး ငိုသလိုမျိုးတော့မဟုတ်ဘူး ……

သူ့ အဘိုးက
မင်းလှခံတပ်မှာ အသက်စွန့့်သွားတဲ့
ပွဲရ သူရဲကောင်း နယ်ချဲ့ အလောင်းတွေပုံနေအောင်တိုက်ခဲ့သ

မန္တလေးမြို့၊ တမ္ပ၀တီ၊ထီပါရပ်ကွက်တွင် ဧပြီလ ၁၂ ရက်၊ နံနက် ၂ နာရီဝန်ကျင်ခန့်စတင်၍ မီးလောင်ကျွမ်းလျက် ရှိငြိမ်းသတ်နိုင်ခြင်းမရှိသေး

took it from
ko Kyaw Zay win
i can't share bec thu ka FRIENDS only lote htar lo
MANDALAY mar mee laungg -.- :( :( .. hnint thit mar pyit ya tel lo :(

မန္တလေးမြို့၊ တမ္ပ၀တီ၊ထီပါရပ်ကွက်တွင် ဧပြီလ ၁၂ ရက်၊ နံနက် ၂ နာရီဝန်ကျင်ခန့်စတင်၍ မီးလောင်ကျွမ်းလျက် ရှိပြီး နံနက် ၃ နာရီ ၁၀ မိနစ်အထိ မီးကို ငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထီပါရပ်ကွက် အရှေ့ခြမ်းရှိ အိမ်ခြေ ၂၀၀ ၀န်းကျင်ခန့် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။မီးညွန့် များမြင်နေရသည့်အပြင်မီးခိုးများလုံးတက်လျက်ရှိနေသည်ကိုတွေ့ရသည်။