Pages

Thursday, April 11, 2013

Uncertain Future of Mosques and Islamic Schools in Meiktila

Uncertain Future of Mosques and Islamic Schools in Meiktila
==========
M-Media
April 11, 2013

The Voice Weekly journal reported, quoting Mandalay Division Attorney General Ye Aung Myint, that houses in Meiktila that were destroyed during the anti-Muslim violence between March 20-23 will be reconstructed. The report mentioned Ye Aung Myint saying that are is no plan for the reconstruction of mosques and religious buildings.

The report is unclear over the future of mosques and schools. It is not clear whether Ye Aung Myint meant that the government has no plan to 'help' reconstruct Islamic religious buildings, or that the government will not allow the reconstruction of mosques and schools.  

Myanmar Muslims are suspicious of the government regarding this issue.

Last week, director of Yangon Division Ministry of Religion Aung Kyi told during a press conference that the Ministry has not allowed mosques officially. The Eleven Media quoted him as saying, "Mosques were constructed traditionally by Muslim communities unofficially, and the government did not ban them. There is no officially allowed mosque".

Eleven Media published this news on its Facebook page and official website site. It also published a list of mosques across the country but removed 1,500 mosques from the government's official list.  

As U Aung Kyi's comments became controversial, he corrected by saying that the media misinterpreted his comment. He explained that he meant, "the ministry has no legal authority over the construction of mosques." Eleven Media did not publish U Aung Kyi's comment on its Facebook and official web pages, but only printed on the journal four days after U Aung Kyi's correction.

Eleven has not acknowledged the mistake over the list of the mosque.

April 11, 2013

The Voice Weekly journal reported, quoting Mandalay Division Attorney General Ye Aung Myint, that houses in Meiktila that were destroyed during the anti-Muslim violence between March 20-23 will be reconstructed. The report mentioned Ye Aung Myint saying that are is no plan for the reconstruction of mosques and religious buildings.

ရန်ကုန်တွင် ခုံးကျော်တံတားများ ထပ်ဆောက်ရန် စီစဉ်နေ

ဧပြီလ ၁၁ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန်မြို့တွင်းရှိယာဉ်ကြောပိတ်ဆို့သည့်နေရာများတွင်ခုံးကျော်တံတားများ ထပ်မံတည်ဆောက်ဦးမည်ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆိုသည်။“အထူးသဖြင့် မရမ်းကုန်းမြို့နယ်ရှိ ရှစ်မိုင် လမ်းဆုံနဲ့ စမ်းချောင်းမြို့နယ်-မြေနီကုန်း လမ်းဆုံ နေရာတွေမှာ တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်” ဟု လမ်းတံတားဌာနမှ ဒုတိယ ဌာနမှူး ဦးစည်သူလွင် က မဇ္ဈိမကို ပြောသည်။

သာသနာ့မြေနှင့် အဆောက်အဦများအတွက် စိစစ်မှု များပြား

 ကြာသပတေးနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၃ ခုနှစ်
သာသနာ့မြေနှင့်အဆောက်အဦများပြုလုပ်ခွင့်တောင်းရာတွင်ဌာနအဆင့်ဆင့်စိစစ်ပြီးမှသာ ချထားပေး
ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆိုသည်။ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးများမှ ပြည်ထဲရေး ဝန်ကြီးဌာနအထိ အဆင့်ဆင့် စစ်ဆေးကာ အိုးအိမ် ဦးစီးဌာနနှင့် စည်ပင်သာယာ ကော်မတီတို့မှ မြေယာ စိစစ်ကာ သာသနာရေး ဝန်ကြီးဌာန အထိထောက်ခံချက်များ ကြည့်၍ ဆုံးဖြတ်ပြီးမှ ခွင့်ပြုကြောင်း တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူ တဦးကပြောကြားသည်။

အမေရိကန်ရုပ်ရှင်ဇတ်လိုက်တွေကို ကြိုက်တဲ့  မြောက်ကိုရီးယားအာဏာရှင်ရဲ့ ငယ်စဉ်ကျောင်းသားဘဝ

အမေရိကန်ရုပ်ရှင်ဇတ်လိုက်တွေကို ကြိုက်တဲ့ 
မြောက်ကိုရီးယားအာဏာရှင်ရဲ့ ငယ်စဉ်ကျောင်းသားဘဝ
********************************
အမေရိကန်ပြည်ထောင်စုကို အခုချိန်မှာခါးခါးသီးသီးမုန်းသူ မြောက်ကိုရီယားခေါင်းဆောင်ကင်၈ျုံအွန်ဟာ တချိန်တုန်းကတော့ အမေရိကန်ဇတိလိုက်သူရဲကောင်းတွေကို သဘောအကျကြီးကျကာ အမေရိကန်ဇတ်လိုက် အဖြစ် ကျောင်းကပြဇတိမှာ သရုပ်ဆောင်ခဲ့ သူလို့ သိရပါတယ်။

ကင်ဂျွူံအွန်ဟာ နာမည်ကျော်အမေရိကန်တေးသံစုံရုပ်ရှင် Greaseကို ကျောင်းပြဇတ်အဖြစ် ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းတက်စဉ်က 
ပါဝင်သရုပ်ဆောင်ခဲ့ ပြီး ပိန်ပိန်ပါးပါး လမ်းသရဲတယောက်အဖြစ် သားရေ၈ျာကင်ခပ်ကျပ်ကျပ်ဝတ်ပြီင်္း သရုပ်ဆောင်ခဲ့တယ်လို့ The Sun သတင်းစာက သူရဲ့ ရှားပုံပုံတွေနဲ့ ဖော်ထုတ်တင်ပြလိုက်ပါတယ်။


The Sun ကရရှိခဲ့တဲ့ ပုံတွေထဲမှာ  ကင်၈ျူံအွန်ဟာ ကိုယ်အထက်ပိုင်းဗလာနဲ့ သူတက်ခဲ့တဲ့ 
ပုဂ္ဂလိက အထက်တန်းကျောင်းကရေကန်ထဲမှာ တခြားကျောင်းသားတွေနဲ့အတူရိုက်ကူးထားတဲ့ဓာတ်ပုံလည်းပါပါတယ်


ဆွစ်ဇာလန်နိုင်ငံ   Berne ကတနှစ်ကို ယူရိုငွေ (၁၆၀၀၀) (အမေရိကန်ဒေါ်လာ သုံသောင်းခန့်)ပေးရတဲ့ ဈေးကြီးလှတဲ့ အဲဒိကျောင်းကို ကင်က အသက်၁၁နှစ်သား အရွယ် ၁၉၉၄ ခုနှစ်ကနေ ၁၉၉၇ အထိတက်ရောက်ခဲ့ပါတယ်။

ကင်ဟာ အမေရိကန်ကာတွန်းရုပ်ရှင်တွေကိုနှစ်သက်ပြီး ဒိုင်နိုဆောတွေအကြောင်းရိုက်ကူးထားးတဲ့  Jurassic Parkလို ရုပ်ရှင်တွေကိုလည်းကြည့် ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နာမည်ကျော်သရုပ်ဆောင် ဂျွန်ထရာဗိုလ်တာနဲ့ အောလီဗီယာနယူတန်ဂျွန်တို့ သရုပ်ဆောင်ထားတဲ့ Grease ရုပ်ရှင်ကို ကျောင်းပြဇတ်အဖြစ်တင်ဆက်တုန်းက အဲဒိကားထဲက Summer Nightနဲ့ You’re The One That I Want ဆိုတဲ သီချင်းတွေကို အတော်သဘောကျစွာသီဆိုခဲ့ တယ်လို့ သူငယ်ချင်းတွေက ပြောပါတယ်။

အဲဒိတုန်းကတည်းက သူ့ မှာ တခြားကျောင်းသားအဖြစ် ဟန်ဆောင်ထားတဲ့   ၁၄နှစ်အရွယ်ကိုယ်ရံတော်ရှိနေပြီိလို့ သိရပါတယ်။

သူရဲ့ အတန်းဖော်ဟောင်း အစ္စရေးနိုင်ငံက Tal Papp က လူတွေက ကင်ကို့ တကမ္ဘာလုံးကို မုန်းတီးနေတဲ့ စီတ်ဖောက်ပြန်နေသူလို့ ထင်ကြတယ်ဒါပေမဲ့ ကလေးဘ၀မှာတုန်းက ကျနော်မှတိမိသလောက်တော့ ကျနော်တွေ့ ဖုးသမျှထဲမှာ အအေးဆုံးအကုပ်ဆုံးဘဲ လို့ ပြောပါတယ်။

ဒါပေမဲ့ အဲဒိကင်ဟာ မနက်ဖန်ကို ကမ္ဘာပျက်တဲ့ နေ doomsday အဖြစ်ကျေညာထားပြီး တကမ္ဘာလုံးကို အဏူမြူစစ်ပွဲဖြစ်လာမလားလို့ တွေးပြီး ကြောက်ရွံစိတ်ပူစေသူဖြစ်လာပါပြီ။

အဏုမြူအစီအစဉ်ကို အရင်တုန်းက သူတို့ ရွေ့ ဆိုင်းထားခဲ့တာဟာ တောင်ကိုရိးယားနဲ့ ဖက်စပ်လုပ်နေတဲ့Kaesong စက်မှုဇုန်က မြောက်ကိုရီးယား ၅၃ ၀၀၀ ရဲ့ အလုပ်အကိုင်ဒုက္ခရောက်မှာစိုးလို့ ဖြစ်တယ် လို့ ကင်ဂျူံအွန်အစိုးရကပြောပါတယ်။

The Sun သတင်းစာပါဆောင်းပါးကို ထားထားမြင့် (Burma Newselite) ကဘာသာပြန်ဆိုပါတယ်။

ရှယ်ယာနိုင်ပါတယ် သတင်းလင့်များက ကူးယူပြန်တင်ခြင်းခွင့်မပြူပါ

ကင်၈ျုံအွန်၇ဲ့ အထက်တန်းကျောင်းရှားပါးပုံများနဲ့ မုရင်းဆောင်းပါးကို ယခုလင့်မှာကြည့် နိုင်ပါတယ်။
http://www.thesun.co.uk/sol/homepage/news/4878971/kim-jong-un-starred-in-school-production-of-grease.html#ixzz2QADtysie

အမေရိကန်ပြည်ထောင်စုကို အခုချိန်မှာခါးခါးသီးသီးမုန်းသူ မြောက်ကိုရီယားခေါင်းဆောင်ကင်၈ျုံအွန်ဟာ တချိန်တုန်းကတော့အမေရိကန်ဇတိလိုက်သူရဲကောင်းတွေကိုသဘောအကျကြီးကျကာ အမေရိကန်ဇတ်
လိုက် အဖြစ် ကျောင်းကပြဇတိမှာ သရုပ်ဆောင်ခဲ့ သူလို့ သိရပါတယ်။

သေဒဏ်ပေးခြင်း အာရှ-ပစိဖိတ်ဒေသ မြန်မာအဆင့်ခုနစ်ချိတ်

Thursday, April 11, 2013

တရားစီရင်ရေးတွင် သေဒဏ်အပြစ် ပေးသော အာရှ-ပစိဖိတ် ဒေသတွင်း ၁၉ နိုင်ငံအနက် သေဒဏ်အပြစ်ပေးမှု အရေအတွက် အရ မြန်မာနိုင်ငံသည် အဆင့်ခုနစ် ချိတ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ထုတ်ပြန်သည်။

မိတ္တီလမြို့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် သုံးဦးအား ထောင်ဒဏ် 14 နှစ်ကျခံစေ ရန် အမိန့်ချမှတ်

Breaking News . ..

မိတ္တီလမြို့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် သုံးဦးအား
ဧပြီ 11ရက်နေ့က တစ်ဦးလျှင် ထောင်ဒဏ် 14 နှစ်
ကျခံစေရန် အမိန့်ချမှတ် 

မြင့်မြင့်အေး 14 နှစ် ၊၊
ညီညီ(ခ)မင်းအောင် 14 နှစ်၊
ထွန်းထွန်းဦး(ခ)အာရှစ် 14 နှစ် မြင်းခြံထောင်သို့ ။

Creditး ကို ၀ဏ္ဏစိုး

Posted From Kyaw Naing Win

မိတ္တီလမြို့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် သုံးဦးအားဧပြီ 11ရက်နေ့က တစ်ဦးလျှင် ထောင်ဒဏ် 14 နှစ်ကျခံစေ
ရန် အမိန့်ချမှတ်ခဲ့ကြောင်းသတင်းရရှိသည်။မြင့်မြင့်အေး 14 နှစ် ၊၊ညီညီ(ခ)မင်းအောင် 14 နှစ်၊ထွန်းထွန်းဦး
(ခ)အာရှစ် 14 နှစ် မြင်းခြံထောင်သို့ ပို့ဆောင်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်အိတ်ဇောဖွင့်မောင်းသူများကြောင့် မုံရွာမြို့ခံများ စိတ်အနှောင့်အယှက်ဖြစ်

ဧပြီ ၊..၁၁
မဟာသင်္ကြန်ပွဲတော်သို့ မရောက်သေးသော်လည်း မုံရွာမြို့မှ လူငယ်အချို့သည် ဆိုင်ကယ်များကို အိတ်ဇောများဖွင့်ကာ တရကြမ်းမောင်းနေသည်ကို တွေ့ရှိရပါသည်။ ထိုသို့သော လူငယ်များကြောင့် မုံရွာမြို့ခံများမှာ စိတ်အနှောင့်အယှက်ဖြစ်နေကြကြောင်း သိရှိရပါသည်။

အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ အစ္စလာမ်ဘာသာဝင်များသို့ မကြာမီတွင် ရောက်ရှိလာတော့မည့် ၂၀၁၃ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် သတိပေးနှိုးဆော်ချက် တစ်စောင် ထုတ်ပြန်

အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှအစ္စလာမ်ဘာသာဝင်များသို့ မကြာမီတွင် ရောက်ရှိ
လာတော့မည့် ၂၀၁၃ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် မုစ်လင်မ်များအနေဖြင့် ရှောင်ကျဉ်နိုင်ကြစေရန် ၂၀၁၃-ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့တွင် သတိပေးနှိုးဆော်ချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

"တရုတ်နှင့် ပျူခေတ် ဆက်စပ်မှု သမိုင်းနောက်ခံ ဇာတ်ကား ယူနန် ရုပ်သံအဖွဲ့ ပုဂံတွင် လာရောက် ရိုက်ကူး"

"တရုတ်နှင့် ပျူခေတ် ဆက်စပ်မှု သမိုင်းနောက်ခံ ဇာတ်ကား ယူနန် ရုပ်သံအဖွဲ့ ပုဂံတွင် လာရောက် ရိုက်ကူး"

တရုတ်နိုင်ငံ သမိုင်းနှင့် ဆက်စပ်နေ သော ပျူခေတ် သမိုင်း နောက်ခံ ဇာတ်ကား တစ်ကားကို ယူနန် ရုပ်မြင်သံကြား အဖွဲ့မှ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ဧပြီ လ ဆန်းပိုင်းက လာရောက် ရိုက်ကူးလျက်ရှိ ကြောင်း ပြည်တွင်း ခရီးသွား ဧည့်သည်များ ထံမှ သတင်း ရရှိသည်။

”မြန်မာ သရုပ်ဆောင် ရန်ကျော်နဲ့ မေသဉ္ဇာဦး တို့ပါတယ်။ တရုတ်ပြည်က နာမည်ကြီး သရုပ်ဆောင် တွေလည်း ပါတယ်။ ပထမ နေ့က ပုဂံမြို့ဟောင်းထဲမှာ၊ ဒုတိယ နေ့လယ် တော့ နန်းတော်ထဲ မှာ ရိုက်နေတာ တွေ့ခဲ့ရ တယ်”ဟု ပုဂံသို့ ဘုရားဖူး လာရောက် လည် ပတ်သူ တစ်ဦးက ပြောသည်။

သရေခေတ္တရာ ခေတ်တွင် ပျူဂီတ အဖွဲ့နှင့် အနုပညာသည် အဖွဲ့သည် တရုတ်ပြည်ထန် မင်း ဆက် နေပြည်တော် ချန်အန်းသို့ ချစ် ကြည်ရေး သံတမန်ခရီး သွားရောက်ခဲ့ဖူး ကြောင်း၊ ထိုအကြောင်း သမိုင်း မှတ်တမ်း၊ အထောက်အထားများ တရုတ်ပြည် သမိုင်း တွင်ရှိကြောင်း၊ ယခု ဇာတ်လမ်းမှာ အဆိုပါ သမိုင်း အချက် အလက် များအပေါ် အခြေခံ တည်ဆောက်ထားကြောင်း သိရသည်။

”သမိုင်း နောက်ခံကားပေါ့။ ဒါပေမဲ့ အိပ်မက်ဆန်ဆန် ဒဏ္ဍာရီဆန် ဆန်ရောမွှေပြီး ရိုက်သွားမယ်လို့ သိရတယ်” ဟု ရိုက်ကူးရေးတွင် အကူအညီ ပေးနေသော ဒေ သခံ တစ်ဦးက ပြောသည်။ ဇာတ်ကား အမည်မှာ ‘ဒဏ္ဍာရီထဲက တေးကဗျာ’ ဖြစ်ကြောင်း၊ အဆိုပါ ဇာတ်ကားကို တရုတ်ပြည် မှ နာမည် ကြီး သရုပ်ဆောင်၊ ဒါရိုက်တာ Yu Rong Guang မှ ဦးဆောင် ရိုက်ကူးလျက် ရှိကြောင်း၊ ၄င်းသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့မှ ပရဟိတ လုပ်ငန်း သံတမန် တစ်ဦး လည်းဖြစ်ကြောင်း သိရသည်။ တရုတ်ပြည် ရွှေလီတွင်လည်း ရုပ်ရှင် စတူဒီယိုများ တည် ဆောက်ကာ ရိုက်ကူးလျက် ရှိကြောင်း သိရသည်။ အဆိုပါရုပ်သံ ဇာတ်လမ်းကို စီစီတီဗွီ ရုပ်သံလိုင်း မှ ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂံသစ္စာ

တရုတ်နိုင်ငံ သမိုင်းနှင့် ဆက်စပ်နေ သော ပျူခေတ် သမိုင်း နောက်ခံ ဇာတ်ကား တစ်ကားကို ယူနန် ရုပ်မြင်သံကြား အဖွဲ့မှ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ဧပြီ လ ဆန်းပိုင်းက လာရောက် ရိုက်ကူးလျက်ရှိ ကြောင်း ပြည်တွင်း ခရီးသွား ဧည့်သည်များ ထံမှ သတင်း ရရှိသည်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုနှင်ပတ်သတ်ပြီး Companies ကြီး (၁၂)ခုကိုရွေးချယ်ထား

ဆက်သွယ်ရေးလုပ်ငန်း ဘယ် ကုမ္ပဏီ တွေရမလဲ???
TSJ

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုကို အောက်ပါ Companies ကြီး (၁၂)ခုကို ရွေးချယ်ထားကြောင်း  ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီကနေ ယနေ့ ဧပြီ ၁၁ရက်နေ့မှာ ကြေငြာထားပါတယ်။ 

ဧပြီ ၄ရက်နေ့က ပါဝင်ခဲ့တဲ့ ကုမ္ပဏီ  ၂၂ခု ကနေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

1. Airtel Consortium
2. Axiata Group Berhad
3. Digicel
4. France Telecom-Orange + Marubeni
5. KDDI Corporation + Sumitomo Corporation + Myanmar Information and Communication 
Technology Development Corporation (MICTDC) + A1 Construction
6. Millicom International Cellular S.A.
7. MTN Consortium (MTN Dubai + M1 Telecom + Amara Communications)
8. Qatar Telecom (Qtel) Q.S.C ("Ooredoo")
9. Singapore Telecommunications (Singtel) + KBZ + Myanmar Telephone Company Limited (MTel)
10. Telenor Mobile Communications AS
11. Viettel Group
12. Vodafone + China Mobile

http://www.mcit.gov.mm/

TSJ

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုကို အောက်ပါ Companies ကြီး (၁၂)ခုကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီကနေ ယနေ့ ဧပြီ ၁၁ရက်နေ့မှာ ကြေငြာထားပါတယ်။

၄၈ လမ်း အစ္စလမ် ဘာသာရေး စာသင်ကျောင်း မီးလောင်မှု ကော်မရှင်တွေ့ရှိချက် အစ္စလမ် ဘာသာရေး အဖွဲ့အစည်း ၅ ခုမှ ခေါင်းဆောင်များ လက်ခံ

၄၈လမ်းအစ္စလမ်ဘာသာရေးစာသင်ကျောင်း မီးလောင်ရခြင်းမှာ ပေါ့ဆမှုကြောင့်  လောင်ကျွမ်းရခြင်း ဖြစ်သည်ဟု အထောက်အထားများဖြင့် ရှင်းပြရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း ၅ ခုမှ ခေါင်းဆောင်များ လက်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက မီဒီယာများသို့ ဧပြီလ ၁၀ ရက်နေ့တွင် ပြောသည်။

မြေငလျင်သတင်း (မြန်မာစံတော်ချိန် ၁၀း၃၀ နာရီအချိန် ထုတ်ပြန်ချက်)

မြေငလျင်သတင်း

ဧပြီလ ၁၁ ရက် ၂၀၁၃

(မြန်မာစံတော်ချိန် ၁၀း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
...
၂၀၁၃ ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၀)နာရီ၊ (၁၇)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှမြောက်-အနောက်မြောက်ဘက် မိုင်(၁၈၀)ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း

(နေပြည်တော်၏အနောက်တောင်ဘက် (၃၆)မိုင်ခန့်အကွာ)ကိုဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိအင်အားအသင့်အတင့်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါသည်။

မိုးဇလ

ဧပြီလ ၁၁ ရက် ၂၀၁၃

၂၀၁၃ ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၀)နာရီ၊ (၁၇)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ကမ္ဘာအေး
မြေငလျင်စခန်းမှမြောက်-အနောက်မြောက်ဘက် မိုင်(၁၈၀)ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း
(နေပြည်တော်၏အနောက်တောင်ဘက် (၃၆)မိုင်ခန့်အကွာ)ကိုဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိအင်အားအသင့်အတင့်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါသည်။

မျှော်စင်ကျွန်းအပြည့် ပရိသတ် လာရောက်အားပေးခဲ့သည့် စိုင်းစိုင်းခမ်းလှိုင်၏ ကိုးကြိမ်မြောက်မွေးနေ့ ဖျော်ဖြေပွဲ

စိုင်းစိုင်းနှင့်သက်မွန်မြင့်တို့ဖျော်ဖြေနေစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
စိုင်းစိုင်းခမ်းလှိုင်နှင့် သက်မွန်မြင့်တို့ တွဲဖက်သီဆိုဖျော်ဖြေနေစဉ်
Thursday, April 11, 2013

နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ ကိုးကြိမ်မြောက် မွေးနေ့ဖျော်ဖြေပွဲကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၆နာရီခွဲတွင် ရန်ကုန်မြို့မျှော်စင်ကျွန်း၌ ပြုလုပ်ခဲ့သည်။ ဖျော်ဖြေပွဲ မကျင်းပခင် ညနေ ၅နာရီဝန်းကျင် ကတည်းက လူငယ်ပရိသတ် အများအပြား စတင်ရောက်ရှိလာသည်ကို တွေ့မြင်ရ
သည်။ မျှော်စင်ကျွန်း ၀င်ပေါက်တွင် လက်မှတ်များ ရောင်းချနေသည်ကိုလည်း တွေ့မြင်ရပြီး လက်မှတ်အ
တုများလည်း များစွာထွက်ပေါ်ခဲ့သည်ကို တွေ့မြင်ရသည်။

“သားဂန်းဂျန်” လို့ခေါ်တဲ့ ထားဝယ်ကလေးသင်္ကြန် စပြီ


ထားဝယ်သင်္ကြန်က မြန်မာပြည်အနှံ့က သင်္ကြန်တွေလိုမဟုတ်။သင်္ကြန်မတိုင်မီ (၃)ရက်အလိုကတည်းက “သားဂန်းဂျန်” ဟုအမည်တပ်ကာရေပက်၊ရေကစားနေကြပြီဖြစ်သည်။အိမ်ရှေ့မှာ ရေပုံးလေးတွေချ ၊ ရေ
ပြွတ်လေးကိုင်ရင်း လမ်းသွားသမျှကိုမ၀ံ့မရဲ ပက်နေသူ အပျံသင်စ ကလေးလေးတွေလည်းရှိသည်။

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် ၁၆ ခြေမြန်တပ်ရင်းအတွင်း မီးလောင်မှုဖြစ်ပွား

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် ၁၆ ခြေမြန်တပ်ရင်းအတွင်း တွင် ယနေ့နေ့လည် ၁ နာရီဝန်းကျင်က ၆ ခန်းတွဲနေအိမ်လိုင်းခန်းနှစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သော ဝန်ထမ်းလိုင်းခန်းများသည် လူနေထိုင်ခြင်းမရှိသောမြေစိုက် ကပ်မိုးကပ် ကာအဆောက်အဦးများဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယား နိုင်ငံမှာ စစ်ပွဲရန် တပ်လှန့်မှု အဆင့်ကို အဆင့် ၂ အဖြစ် တိုးမြှင့် သတ်မှတ်

တောင်ကိုရီးယား နိုင်ငံမှာ စစ်ပွဲရန် တပ်လှန့်မှု အဆင့်ကို အဆင့် ၂ အဖြစ် တိုးမြှင့် သတ်မှတ်

မြောက်ကိုရီးယား တို့ကနေ မစ်ဇိုင်း ဒုံးကျည် စမ်းသပ်မှု တခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ အခြေ အနေမျိုး ရှိနေ ရာ၊ တောင်ကိုရီးယား ဘက်မှာတော့ အလွန် တရာ အရေးကြီး တဲ့ ခြိမ်းခြောက်မှု အန္တရာယ်နေ ရှိတဲ့ အခြေအနေ အဖြစ် တပ်လှန့်မှု အဆင့်ကို တိုးမြှင့် လိုက်ပါတယ်။

တပ်လှန့်မှု အဆင့် ၂ ဟာ စစ်မဖြစ်ခင် အခြေ အနေမှာ နောက်ဆုံး အဆင့် သတိပေးချက် ဖြစ်ပါတယ်။ တပ်လှန့်မှု အဆင့် ၁ ကတော့ စစ်ဖြစ်တဲ့ အချိန်မျိုးမှာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား တို့ဟာ ခန့်မှန်းခြေ အားဖြင့် မိုင် ၂၀၀၀ လောက် အကွာအဝေး အထိ ရောက်ရှိ နိုင်တဲ့ ပဲ့ထိန်းဒုံး အနည်းဆုံး တလုံးလောက်ကို လောင်စာ ဖြည့်ထားပြီး ပစ်ခတ်ဖို့ အသင့် ဖြစ်နေပြီလို့ အမေရိကန် နဲ့ တောင်ကိုရီးယား တို့က ပြောပါတယ်။ 

တောင်ကိုရီးယား၊ ဂျပန်နဲ့ ဒေသတွင်းက အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ ပြုံယမ်းက ခြိမ်းခြောက်နေပါတယ်။

ကုလသမဂ္ဂ ကနေ မြောက်ကိုရီးယား တို့ရဲ့ တတိယမြောက် နျူကလီးယား  ဖေါက်ခွဲ စမ်းသပ်မှုကြောင့် ပြုံယမ်းကို ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်ခဲ့ပြီး နောက်မှာ၊ မြောက်ကိုရီးယား တို့က အခုလို ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား တို့ကနေ မစ်ဇိုင်း ဒုံးကျည် စမ်းသပ်မှု တခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ အခြေ အနေမျိုး ရှိနေ ရာ၊ တောင်ကိုရီးယား ဘက်မှာတော့ အလွန် တရာ အရေးကြီး တဲ့ ခြိမ်းခြောက်မှု အန္တရာယ်နေ ရှိတဲ့ အခြေအနေ အဖြစ် တပ်လှန့်မှု အဆင့်ကို တိုးမြှင့် လိုက်ပါတယ်။

စီအင်န်အင်န်ကပြောသော မြန်မာပြည်မလာမီ သင်သိထားရန်များ

စီအင်န်အင်န်ကပြောသော မြန်မာပြည်မလာမီ သင်သိထားရန်များ

ရဲမင်း ဘာသာပြန်ဆိုသည်

မြန်မာနိုင်ငံသို့ မလာရောက်မီ သိထားသင့်သော အချက်(၁၁)ချက်ဟူ၍ နိုင်ငံတကာသတင်းဌာန စီအင်န်အင်န်က တင်ပြထားပုံမှာ ဆန်းသစ်သွက်လက်လှသည်။ မြန်မာနိုင်ငံမှ ပန့်လူငယ်များ သူတို့ ဆံပင်အမောက်ထောင်နေအောင် မည်သို့လုပ်ဆောင်ခဲ့သနည်း အစချီကာ ၂၀၁၃ ခုနှစ်တွင် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ အမြန်သွားရောက် သင့်သည်ဟုဆိုကာ မြန်မာနိုင်ငံအကြောင်း ပေါ့ပေါ့ပါးပါး မိတ်ဆက်သည်။

ပထမတစ်ချက်တွင် မြန်မာနှစ်သစ်ကူး ရေသဘင်သင်္ကြန်ပွဲတော် ဧပြီ ၁၃ မှ ၁၆ ရက်အထိ လေးရက် ကြာမြင့်ပုံပြောသည်။ နှစ်သစ်ကူးလေးရက်တွင် ဘဏ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်များအားလုံးပိတ်သည်။ အစည်ကားဆုံးမှာ ရန်ကုန်နှင့် မန္တလေး။ လူတိုင်းရေပက်ကစားကြ၍ ခြောက်သွေ့နေရန် လုံးဝမဖြစ်နိုင်။ သင်္ကြန်ရေမှာ နှစ်ဟောင်းက အညစ်အကြေးများ ဆေးကြောခြင်းအထိမ်းအမှတ်။ နှစ်ဆန်းတစ်ရက်နေ့တွင် ငါး၊ ငှက်လွှတ်၍ဇီဝိတဒါန၊ အလှူဒါနပြုကြသည်။ မကြာမီနှစ်များအတွင်း ဆံပင်ကိုပန့်ထောင်ခြင်း ခေတ်စားလာရာ သားရေလုပ်ငန်းသုံး ကော်များအသုံးပြု၍ သင်္ကြန်ပြီးလျှင် ခေါင်းတုံးရိတ်ပစ်သည်။ ယခုတော့ ပန့်များက Hairspray အသုံးပြုနေကြပြီဖြစ်သည်။

ဒုတိယတစ်ချက်တွင် အပန်းဖြေစရာကမ်းခြေသာများရှိကြောင်းပြောသည်။ မြန်မာနိုင်ငံမှာ ပင်လယ်ကမ်းရိုးတန်းမိုင်ပေါင်း ၁၂၅၀ ပိုင်ဆိုင်သည်။ ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒါမန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကမ္ဘာလှည့် ခရီးသွားများ မသိသေးသော ဖွံ့ဖြိုးမှုကြောင့် ပျက်စီးခြင်းမရှိသေးသည့် ကမ်းခြေများရှိသည်။ ကမ်းခြေအများစုမှာ အနောက်အရပ်သို့ မျက်နှာမူနေ၍ နေ၀င်ချိန်များမှာ အဖိုးမဖြတ်နိုင်။ လူသိအများဆုံးမှာ ငပလီ။ ရန်ကုန်မှ ၄၅ မိနစ်လေယာဉ်ခရီး။ သဲဖြူလွသောင်ပြင် အရှည်နှစ်မိုင်ကျော်နှင့် အုန်းပင်များ အန်ဒါမန်ပင်လယ်ကို လှမ်းမျှော်ကြည့်နေ။ အပန်းဖြေစရာ စခန်းသာကြီးများစွာ။

အလွန်မဖွံ့ဖြိုးသေးသည်က ငွေဆောင်။ ရန်ကုန်မှကားဖြင့်သွားလျှင် ငါးနာရီခရီး။ လှလှပပ မပျက်စီးသေးသော၊ ကမ်းခြေ။ Silver Beach ဟု ခေါ်ဆိုပြီး ၁၃မိုင်ရှည်သော ငွေဆောင်မှာ အာရှမှ အရှည်လျားဆုံး ပင်လယ်ကမ်းခြေတစ်ခု။

တတိယတစ်ချက်တွင် အင်တာနက်ဆင်ဆာမရှိတော့သော်လည်း နှေးကွေးကြောင်းပြောသည်။

၂၀၀၀ ပြည့်နှစ်တွင် အင်တာနက်မြန်မာနိုင်ငံသို့ ဆိုက်ရောက်။ ဈေးနှုန်းမြင့်၊ ဆက်သွယ်မှုနှေး၍ အသုံးမတွင်ကျယ်။အစိုးရဟောင်းလက်ထက် You Tube နှင့် Gmail ကြားဖြတ်ပိတ်ဆို့ထားခဲ့။ ကန့်သတ်မှုများ အများအားဖြင့် ဖယ်ရှားပြီးဖြစ်ကာ ပြီးခဲ့သည့်လက ဂူးဂဲလ်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လည်ပတ်ခဲ့။

စီအင်န်အင်န်သတင်း ထောက်က စတုတ္ထအချက်တွင် ငွေသားများများ ဆောင်လာပါ။ သန့်သန့်လေးဖြစ်ပါစေဟု ဆိုထားသည်။ မြန်မာနိုင်ငံမှာ ATM (ငွေထုတ်စက်)ရှားပါး။ အလည်အပတ်လာသူများ အမေရိကန်ဒေါ်လာများ တစ်ပွေ့တစ်ပိုက်
သယ်လာပါ။ အရွက်ကြီးလေ လဲလှယ်နှုန်းကောင်းလေ။ ဒေါ်လာစိမ်းစိမ်းများ သန့်ရှင်းပါစေ။ တွန့်ကြေ၊ စွန်းထင်း၊ အမှတ်အသား၊ ပြဲရာစုတ်ရာ မရှိရ။ ခေါက်ထားလျှင်ဖြစ်စေ၊ နွမ်းနေလျှင်ဖြစ်စေ မြန်မာနိုင်ငံတွင် သုံးမရ။

ခရက်ဒစ်ကတ်(ကြွေးဝယ်ကတ်) များကို လောလောဆယ်တွင် ကြယ်ငါးပွင့်ဟိုတယ်များ၊ အဆင့်မြင့်စားသောက်ဆိုင်များ၊ ဈေးဆိုင်များတွင်သာ လက်ခံသည်။ ထုံးစံအားဖြင့် ကျသင့်ငွေထက် ၂-၃ ရာခိုင်နှုန်း အပိုဆောင်းပါဝင်။ သို့သော် ပြောင်းလဲလာတော့မည်။ နှစ်ကုန်ပိုင်းတွင် ကြွေးဝယ်ကတ်များ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာလိမ့်မည်။

မြန်မာနိုင်ငံတွင် သုံးသောငွေကြေး ကျပ်(Chat ဟု အသံထွက်) ကန်ဒေါ်လာ တစ်ဒေါ်လာလဲလျှင် ၈၈၂ ကျပ်။ ငွေသားများများ သယ်ဆောင်ရခြင်းအတွက် စိတ်ပူစရာမရှိ။ နိုင်ငံခြားသားအပေါ် ကျူးလွန်သော ပြစ်မှုရှားပါး။ ဗုဒ္ဓဘာသာအများစုဖြစ်သော မြန်မာနိုင်ငံသားများမှာ အများအားဖြင့် ရိုးသား။ နောက်တစ်ချက်တွင် မြန်မာနိုင်ငံ၌ အနမ်းခြွေသံဖြင့် ဘီယာမှာနိုင်ပုံကို စီအင်န်အင်န် သတင်းထောက်က ဆက်လက်တင်ပြသည်။ မြန်မာလူမျိုးတစ်ဦး စားပွဲထိုးခေါ်လိုပါက အနမ်းခြွေသံပြုသည်။

ထုံးစံအားဖြင့် အနမ်းခြွေသံ နှစ်ချက် သုံးချက်။ ကြောင်လေးတစ်ကောင်ကို ခေါ်သောအသံမျိုး။ ရန်ကုန်က တရုတ်တန်း ၁၉ လမ်းမှာ အနမ်းခြွေသံ တပြွတ်ပြွတ်။ လမ်းလျှောက်သူများအတွက် သီးသန့်လမ်းမှာ မြန်မာလူများများ သောက်စားရာနေရာ။ ဒေသကုတ်မှာ မြန်မာဘီယာတစ်ခွက် ၆၀ ဆင့် ဆိုတော့ ဈေးပေါသည်။ ဖြတ်သွား ဖြတ်လာသူများကြည့်ဖို့ရာ အကောင်းဆုံးနေရာ။ နား၊ မျက်စိ ဖွင့်ထားလျှင် ရန်ကုန်ကဟစ်ဟော့ပ်သစ္စာခံတွေကိုတွေ့ရလိမ့်မည်။

ညပိုင်းအမျိုးသမီးများ တွေ့ရဖို့မမျှော်လင့်ပါနှင့်။ မြန်မာအမျိုးသမီးအများစု အိမ်ထောင်သည် ဖြစ်ဖြစ်၊ အပျိုဖြစ်ဖြစ် ညပိုင်းအိမ် မှာနေတာများသည်။ အနောက် တိုင်းအမျိုးသမီးများကို မကြိုဆိုဟု မဆိုလိုပါ။ နိုင်ငံခြားသားများတွင် မတူညီသော ဓလေ့ထုံးတမ်းရှိ သည်ကို နားလည်သည်။

နောက်တစ်ချက်မှာ ဟိုတယ်များ ဈေးကြီးခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဟိုတယ်အခန်းခများ ၃၅ ရာခိုင်နှုန်းထိုးတက်သွားသည်။ ယင်းမှာ ၂၀၁၁ ခုနှစ်က တစ်ည ၂၅ ဒေါ်လာအခန်း မှာ ယခုအခါ ဒေါ်လာ ၁၀၀ ကျသင့်သည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ရောင်းလိုအားနှင့် ၀ယ်လိုအားသဘောပင်ဖြစ်သည်။ နိုင်ငံပွင့်လင်းလာကတည်းက စီးပွားရေး ခရီးသွားများနှင့် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ လေယာဉ်စင်းလုံးပြည့် လာရောက်နေကြသည်။လည်ပတ်သူများ အဆမတန်များလာသည်။ ယမန်နှစ်က လူပေါင်းတစ်သန်းကျော် လည်ကြသည်။ သို့သော် ဟိုတယ်အရေအတွက်က အကြမ်းအားဖြင့်မူလအတိုင်း။

ဟိုတယ်များ ပိုများလာပါမည်။ သို့သော် အချိန်ယူတည်ဆောက်ရမည်ဖြစ်ရာ ဟိုတယ်မလုံလောက်မှုမှာ နောက်ထပ် ငါးနှစ်တန်သည်၊ ဆယ်နှစ်တန်သည် ကြာမြင့်နေဦးမည်။ နေစရာအတွက် ကြိုတင်စီစဉ်ဘွတ်ခ်ကင် ယူလာပါ။ ခရီးသွားများ တစ်ဟုန်ထိုး တိုးတက်လာရခြင်းကို လက်မလွှတ်လို၍ ဟိုတယ်အများစုမှာ ပြင်ဆင်မွမ်းမံနေသည်။ ထိုအတောအတွင်း ဟိုတယ်များကို ဖွင့်ထားသည်။အခန်းကြိုတင်မှာ ယူလျှင် ပြင်ဆင်မွမ်းမံရေးလုပ်ငန်းများ ရှိ၊ မရှိ စူးစမ်းသင့်သည်။ ရှိလျှင် ဆူညံမှုများနှင့် ဝေးရာမှ အခန်းကို တောင်းဆိုပါ။

သတ္တမအချက်မှာ ယောက်ျားများ စကတ်ဝတ်ခြင်းကိစ္စ။ မြန်မာရိုးရာအ၀တ်အစားမှာ လုံချည်။ ယောက်ျားများက ရှေ့တွင် ထုံး၍မိန်းမများက ပတ်ချာလည်ခေါက်ကာ နံဘေးတွင် စည်းသည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ လှလှပပ လုံချည်များနှင့် ချုပ်ထည်အပေါ်အင်္ကျီများ ၀တ်ဆင်ကြောင်း လူသိများသည်။ ရပ်တည်ချက်မြင့်မားသော ၎င်းကြောင့်ပင် မြန်မာ အမျိုးသမီးငယ်များအကြား ရိုးရာဝတ်စားဆင်ယင်မှု လူကြိုက်များလာစေသည်။

မြို့ကြီးများတွင် မြန်မာအမျိုးသားများမှာ အပြင်ထွက်လျှင် လုံချည်အောက်တွင် အတွင်းခံများဝတ်ဆင်ကြသည်။ အိမ်မှာ
ဆိုလျှင်မူ စကော့လူမျိုးများ ဒူးတိုက်ဝတ်စုံများ ၀တ်သလို ၀တ်ဆင်ကြသည်။ ကျေးလက်တွင်မူ အမျိုးသားရော အမျိုးသမီးများ အတွက်ပါ အတွင်းခံအ၀တ်အစား ပို၍အသုံးပြုမှုနည်းပါသည်။ အမျိုးသားတစ်ဦး နောက်နောက်ပြောင်ပြောင်ပြောသလိုပင် “လုံချည်ဝတ်ရတာ မိုက်တယ် လေအေးပေးစက် အလကားတပ်ထားသလိုပဲ” ။

ဒါလည်း ကောင်းကွက်ပင်ဖြစ်သည်။ အထူးသဖြင့် နွေရာသီအပူ ချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် ရောက်ချိန်မျိုး၌ဖြစ်သည်။ နိုင်ငံခြားသားတစ်ဦး လုံချည်ဝတ်သွားမည်ဆိုလျှင် စကားမမြည်ပြောဖို့အခွင့်အလမ်းတစ်ခု ဖြစ်သွားနိုင်သည်။

အဋ္ဌမအချက်မှာ အစားအသောက်ထူးထူးခြားခြားကောင်းခြင်း ဖြစ်သည်။ ဘယ်ဘက်လက်ဖြင့် စားသောက်ခြင်းမှာ ရိုင်းသည်ဟု မှတ်ယူကြသည်။ အကြောင်းမှာ ဘယ်ဘက်လက်မှာ တစ်ကိုယ်ရေသန့်စင်မှုအတွက် သုံးသောလက်ဖြစ်သည်။ ရှင်းရှင်းလင်းလင်းပြောရလျှင် ဘယ်ဘက်လက်က ရေအိမ်သုံးစက္ကူအလုပ်ကို လုပ်သည်။

မြန်မာ ထမင်းဟင်းတစ်ပွဲတွင် ထုံးစံအားဖြင့် ထမင်းပူပူနွေး နွေး၊ ငါး၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းချိုတို့ပါဝင်ပြီး ထမင်းဟင်းပွဲများ တစ်ပြိုင်နက်တည်း ရောက်လာသည်။ ထုံးစံဖြစ်၍ ဗုဒ္ဓဘာသာများက အမဲသားကိုရှောင်ကြဉ်ပြီး အစ္စလာမ်ဘာသာဝင်များက ၀က်သားမစား။ ထမင်းဟင်းကိုချိုမြသောအရသာမှာ ဟင်းခတ်အမွှေးအကြိုင်များများအထိ အမျိုးမျိုးအဖုံဖုံစားသုံးပြီး လူတိုင်းက မိမိကြိုက်နှစ်သက်သလို ချက်ပြုတ်စားသုံးကြသည်။

န၀မအချက်တွင် ခုန်ဆွ ခုန်ဆွ ရထားများ အကြောင်းပြောသည်။
ရထားလမ်းများ ညံ့ဖျင်း၍ ရထားတွဲများမှာ ယိမ်းထိုးလှုပ်ရမ်း နေတတ်သည်။ ဖင်တကြွကြွ စီးရသော်လည်း ရထားများမှာနိုင်ငံကို ကြည့်ရှုရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံမှ ရထားများမှာ နှေးကွေးပြီး နောက်ကျတတ်သည်ဟု နာမည်ကြီးသည်။ စိတ်အချဆုံးလမ်း ရန်ကုန်-မန္တလေး ခရီးစဉ်မှာ ၁၆ နာရီကြာပြီ။ နောက်ကျမှု မရှိဟု ယူဆလျင်ပေါ့။

ဘတ်စ်ကားများမှာ ပိုမြန်သောလည်း မကြာခဏဆိုသလို လူများပြည့်ကျပ်နေတတ်သည်။
ပြည်တွင်း လေကြောင်း ခရီးစဉ်များမှာ ခရီးဝေးအတွက် သက်သောင့်သက်သာ အရှိဆုံးဖြစ်ပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးချိုသည်။

ဒသမအချက်တွင် စီအင်န်အင်န်သတင်းထောက်က သတင်းမီဒီယာအကြောင်း ပြောသည်။
ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရအောက် နှစ်ပေါင်း ၅၀ ကြာနေခဲ့ရပြီးနောက် မြန်မာလူမျိုးမှာ သတင်းလွတ်လပ်ခွင့် အရသာသစ်ကို မြိန်ယှက်စွာခံစားရင် သတင်းများအတွက် အာသီသ ပြင်းပြနေကြသည်။ ယခင်ကဆိုလျှင် ပုံနှိပ်စာစောင်မှန်သမျှ ၎င်းတို့ သတင်းများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်သွင်းအတည်ပြုချက်ရယူရသည်။ ၂၀၁၂ ခုနှစ်အတွင်း ဆင်ဆာဖြတ်ခြင်းကို တဖြည်းဖြည်းချင်း ဖြေလျှော့လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ယင်းဌာနကို တရားဝင်ဖျက်သိမ်းလိုက်သည်။

၂၀၁၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဂျာနယ်လစ်များ ထောင်ချမခံရသည့် ပထမဆုံးနှစ်ဖြစ်သည်။ နိုင်ငံမှ ထွက်ပြေး
သွားပြီး ပြည်ပတွင် နေထိုင်ခဲ့ရသော မြန်မာဂျာနယ်လစ်များလည်း တဖြည်းဖြည်း နိုင်ငံသို့ ပြန်လာနေကြသည်။

ဧပြီလ ၁ ရက်နေ့မှာ မြန်မာမီဒီယာလောကအတွက် အထင်ကရနေ့ဖြစ်သည်။ ၁၉၆၄ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့သည်။ သတင်းလွတ်လပ်ခွင့်အတွက် ကြီးမားသောခြေလှမ်းဖြစ်သော်လည်း လူကြိုက်များသော အပတ်စဉ်ထုတ် စာစောင်များမှာ နေ့စဉ် သတင်းစာသို့ ကူးပြောင်းရာတွင် ရုန်းကန်ရလိမ့်မည်ဟူသော စိုးရိမ်မှုများ ရှိနေပါသည်။

ဧကဒသမနှင့်နောက်ဆုံးအချက်တွင် စီအင်န်အင်န်သတင်းထောက်က “သွားများနီရဲနေသူများမှာ သွေးစုတ်ဖုပ်ကောင်များ မဟုတ်ပါ” ဟု ခပ်သောသောလေး ဆေးရောင်ခြယ်သည်။

ကွမ်းစားခြင်းမှာ တစ်မျိုးသားလုံးအကြိုက် ဖြစ်သည်။ လက်ဝါးအရွယ် အစိမ်းရောင်အရွက်များရောင်းနေသော ဆိုင်သေးသေးလေးများကို နေရာတကာ တွေ့ရသည်။ ကွမ်းရွက်များတွင် လေးထောင့်ကွမ်းသီးစိတ်များ၊ အမွေးအကြိုင်များ၊ တစ်ခါတစ်ရံ ဗမာဆေးရည်တစ်စက်နှစ်စက်ထည့်၍ လုံးထုပ်ကာ ပါးစပ်ထဲပစ်ထည့်၍ ၀ါးကြသည်။

ကွမ်းသီး၏ မူးယစ်ဆေး ပျော့ပျော့ခံစားမှုရရှိရန် အတန်ကြာဝါးရသည်။ ကွမ်းတစ်ရာလျှင် ၆ ဆင့်မျှသာကျသင့်ရာ လူကြိုက်များလှသည်။ သို့သော် မကောင်းသောအချက်လည်းရှိပါသည်။ကွမ်းစားခြင်းကြောင့် သွားများကို နီညိုရောင်စွန်းထင်းစေသည်သာမက ကွမ်းသွေးနှင့် ၀ါးကျန်ကွမ်းဖတ်အစအနများကို ကြမ်းပြင်ပေါ် တွေ့ကရာထွေးထုတ်ကြရာ လမ်းဘေးလူသွားလမ်းများ ညစ်ပတ်ပေရေနေပါတော့သည်။ မူးယစ်ဆေးကဲသို့လည်း စွဲလန်းစေနိုင်ပါသည်။ ။

7Day News Journal

.............................................
Copy and Credit to 
Myanmar News Update

မြန်မာနိုင်ငံသို့ မလာရောက်မီ သိထားသင့်သော အချက်(၁၁)ချက်ဟူ၍ နိုင်ငံတကာသတင်းဌာန စီအင်န်အင်န်က တင်ပြထားပုံမှာ ဆန်းသစ်သွက်လက်လှသည်။ မြန်မာနိုင်ငံမှ ပန့်လူငယ်များ သူတို့ ဆံပင်အမောက်ထောင်နေအောင် မည်သို့လုပ်ဆောင်ခဲ့သနည်း အစချီကာ ၂၀၁၃ ခုနှစ်တွင် ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ အမြန်သွားရောက် သင့်သည်ဟုဆိုကာ မြန်မာနိုင်ငံအကြောင်း ပေါ့ပေါ့ပါးပါး မိတ်ဆက်သည်။

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ 
( NEWS COLLECTION )

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က မီးပွိုင့်တွင် ကားလမ်းရှင်းပေးသည့် ကိစ္စနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရခြင်းမှာ ဟုတ်မှန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

ကောလာဟလများ ပျံ့နှံ့နေသကဲ့သို့ ငွေကြေး လက်ခံရယူမှု မရှိခဲ့ကြောင်း၊ ဂျာနယ်တချို့တွင် ဖော်ပြထားသော နှစ်ဘက်ကျေအေးသည် ဆိုသည်မှာ လုံးဝမဟုတ်ဘဲ ၎င်းအနေဖြင့် အေးအေးဆေးဆေးသာ နေလိုသောကြောင့် မည်သည့်အဖွဲ့အစည်းကိုမျှ တင်ပြတိုင်ကြားတော့မည် မဟုတ်ကြောင်း ရဲတပ်သား စံသိန်းထွေးက ရှင်းပြသည်။

တပ်သားစံသိန်းထွေးမှာ ၎င်း တာဝန်ထမ်းဆောင်နေသော နေရာကို ဖော်ထုတ်ပြောဆိုရန်နှင့် ဧရာဝတီ သတင်းဋ္ဌာနနှင့်
လူချင်းတွေ့ဆုံရန်လည်း ငြင်းဆိုသည်။

“ကျနော် အေးအေးဆေးဆေးပဲ နေချင်တယ်။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆက်သွယ်ချင်ဘူး” ဟု သူက ပြောသည်။

ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အမှတ် ၂၅ မှ တာဝန်ကျ အရာရှိ၏ အဆိုအရ တပ်သားစံသိန်းထွေးကို ၎င်းတို့ ဋ္ဌာန အင်အားမှ ထုတ်နုတ်သွားပြီ ဖြစ်ပြီး နေပြည်တော်မှ ခေါ်ယူထားသည်ဟုသာ နောက်ဆုံး သိရှိရကြောင်း သိရသည်။

နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးရုံးကမူ ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးကို နေပြည်တော်တွင် ခေါ်ယူထားခြင်းမှာ မဟုတ်မှန်ဘဲ ရန်ကုန်ရုံးသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်သောကြောင့် ရန်ကုန်တွင်သာ စုံးစမ်းမေးမြန်းရန် ပြောကြားသည်။

ယခုအခါ တပ်သား စံသိန်းထွေးမှာ ရန်ကုန်မြို့ရှိ ၅၁ လမ်း ယဉ်ထိန်းရုံးတွင် တာဝန် ထမ်းဆောင်နေကြောင်း ဧရာဝတီ သတင်းဋ္ဌာန၏ စုံစမ်း သိရသည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို နေပြည်တော်ရှိ အကြီးအကဲတဦးက မတ်လကုန်ပိုင်းတွင် ခေါ်ယူခဲ့သေးသည်။ နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေချာမသိရှိရဘဲ နေပြည်တော် ယဉ်ထိန်း တပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ်ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း ကမာရွတ် ယာဉ်ထိန်းရုံးမှ အရာရှိတဦးက မတ်လ ၂၁ ရက်နေ့က ပြောပြခဲ့ဖူးသည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစုမှ ဦးထင်ကျော်က ဖိုးလပြည့်လက်သီးနှင့် ထိုးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မခံနိုင်သောကြောင့် နိုင်ငံသားတဦး၏ တရားဥပဒေ စိုးမိုးရေးကို ပုံဖော်သည့် ပုံစံဖြင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့သို့ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ရာ စခန်းမှူး ဦးအောင်မော်က အမှုတိုင်တန်းချက်ကို လက်ခံခဲ့သော်လည်း အမှုဖွင့်မပေးခဲ့ကြောင်း သိရသည်။

“အမှုဖွင့်တဲ့ တိုင်စာကို လက်ခံထား လိုက်တယ်။ သူ့ဆီမှာ ကမာရွတ် ယဉ်ထိန်းတပ်ဖွဲ့စု ၂၅ က လာရောက် တိုင်ကြား ထားတာ မရှိဘူး။ ကာယကံရှင် ဖြစ်တဲ့ ရဲတပ်သား စံသိန်းထွေးကလည်း လာရောက် တိုင်ကြားထားတာ မရှိတဲ့အတွက် တိုင်စာကို လက်ခံတယ်။ အမှုဖွင့် မပေးဘူး။ လူကြီးကို တင်ပြပေးပါ့မယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။

တာဝန် ထမ်းဆောင်နေသော ယူနီဖောင်းဝတ် အစိုးရ၀န်ထမ်းတဦး တာဝန်ချိန်တွင် ပါးရိုက်ခံရခြင်းသည် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကာယကံရှင် ကိုယ်စား အမှုလိုက်ဖွင့်နေခြင်းမှာ သက်ဆိုင်သူများကို ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် မဟုတ်ဘဲ ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း သက်သေပြလို၍ ဖြစ်ကြောင်း ဦးထင်ကျော် က ဆိုသည်။

“သူ့ဟာသူ အမှုဖွင့်တာ ဖြစ်ပါလိမ့်မယ်။ ကျနော်နဲ့ မဆိုင်ပါဘူး” ဟု တပ်သား စံသိန်းထွေးက ဧရာဝတီသို့ ပြောသည်။

ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း၊ ကာယကံရှင် ကိုယ်တိုင် မဆောင်ရွက်လိုသော ကိစ္စကို ၀င်ရောက် ဆောင်ရွက်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

“တရားဥပဒေ စိုးမိုးရေးဆိုတာက အာဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မျက်နှားကြီးငယ် မလိုက်ဘဲနဲ့ ကျောသားရင်သား မခွဲခြားဘဲနဲ့ ဥပဒေရဲ့ ရှေ့မှောက်မှာ အားလုံး အညီအမျှ ဖြစ်ရမယ်။ ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတွေအားလုံး ဥပဒေရဲ့ အကာအကွယ်ကို ရရှိခံစားရမယ်။ အဲဒီလိုမှ တရားဥပဒေ စိုးမိုးရေးက ပြည့်စုံတယ်လို့ ပြောလို့ရမယ်” ဟု ၎င်းက ဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖိုးလပြည့်သည် ၉ ဂ/ ၉၉၁၄ ကို မောင်းနှင်လာပြီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် အင်းလျားလမ်း မီးပွိုင့်တွင် ကားလမ်းရှင်းပေးရန် တောင်းဆိုသောကြောင့် ယဉ်ထိန်းရဲ တပ်သားစံသိန်းထွေးက လမ်းရှင်း ပေးရာ မီးနီနေစဉ် မီးစိမ်းပေးခဲ့သော်လည်း ပွိုင့်ဖြတ်စဉ် မီးဝါသွားသဖြင့် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကို လက်သီးဖြင့် ဆင်းထိုးခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဗိုလ်မှူးဆိုသူတဦး ထပ်မံရောက်ရှိလာပြီး ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို ခေါ်ယူကာ ၎င်း၏ အိမ်တွင် ရေခဲရေဖြင့်ပက်ခြင်း၊ ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားခဲ့ရာ ဖြစ်စဉ်များမှာ မှန်ကန်ကြောင်း စုံစမ်းမေးမြန်းချက်များအရ သိရသည်။

အစိုးရ ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း၊ တာဝန် ၀တ္ထရား နှောင့်ယှက်မှုတွင် နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တား နှောက်ယှက်သည်ဟု ယူဆပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၅ ရာ၊ ပုဒ်မ ၁၈၉ အရ ပြည်သူ့ ၀န်ထမ်းကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု ယူဆပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ပြစ်ဒဏ်ခံရနိုင်ကြောင်း သိရသည်။

ထက်နိုင်ဇော်

http://abbsoluteright.blogspot.com/2013/04/blog-post_4513.html

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က မီးပွိုင့်တွင် ကားလမ်းရှင်း
ပေးသည့် ကိစ္စနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရခြင်းမှာ ဟုတ်မှန်ကြောင်း ယဉ်ထိန်းရဲ
တပ်သား စံသိန်းထွေးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

facebook က ဗွီဒီယိုတွေ လွယ်လွယ် ဒေါင်းနိုင်မယ့် video downloader for facebook APK


d

ဒီဆော့ဝဲလ်လေးက တော့ Facebook ပေါ်မှာရှိတဲ့ ဗွီဒီယိုဖိုင်တွေကို တစ်နေရာထဲမှာ လွယ်လွယ်ကူကူဒေါင်း
ယူနိုင်မှာဖြစ်ပါတယ်။ video album,uploaded videos, Groups videos, pages videos, friends video တွေကို
လိုက်ရှာနေစရာမလိုပဲ  တစုတစည်းထဲမှာလွယ်လွယ် ကူကူ မိမိဖုန်းထဲကို  ဒေါင်းယူနိုင်မှာဖြစ်ပါတယ်။

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ်လှပရသည့် အကြောင်း အရင်း

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ်လှပရသည့် အကြောင်း
အရင်း 
Thursday, April 11, 2013

ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အ
သား အေရ ၾကည္လင္လွပၿပီး ခႏၶာကိုယ္အဆီမရွိဘဲ သြယ္လ် လွပၾက
တာ ကို တွေ့ရှိ့ ရပါတယ်။ ဘာကြောင့် သူတို့အနေနဲ့ အသားအရေလှ
ပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရ သလဲဆိုတဲ့ အကြောင်းကတော့ စားသောက်တဲ့ အစား အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊ 
ငါး၊ ပုစွန်၊ ကမာ၊ ခရုစတဲ့ ပင်လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီး စ
တာတွေ ဖြစ်နေ တာကို တွေ့ရပါ တယ်။ ဒါကြောင့် ဗီယက်နမ် လူမျိုးတွေကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေအကြောင်းကို ပြောပြချင်ပါတယ်။


၁။ ဗီယက်နမ် ဟင်းလျာထဲတွင် အဓိက ပါဝင်ပစ္စည်းများ

ဗီယက်နမ် ဟင်းလျာတွေထဲမှာ ငါးနဲ့လုပ်ထားတဲ့ ဆော့စ်၊ ပဲပိစပ်ဆော့စ်၊ ဆန်၊ လတ်လတ်ဆတ်ဆတ် ဟင်းခတ် အမွှေးအကြိုင်တွေ၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို အဓိက အသုံးပြုပါတယ်။ ဟင်းခတ် အမွှေး
အကြိုင်အနေနဲ့ ပူရှိန်း၊ ပင်စိမ်းရွက်၊ နံနံပင်၊ ရှောက်သီး၊ သံပရာသီး၊ ဆ
လတ်၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) စတာတွေကို သုံးလေ့ရှိပါတယ်။ ဗီယက်နမ်လူမျိုးတွေက ဟင်းလျာ တစ်မျိုးထဲကို ထည့်သွင်း ချက်ပြုတ်မယ့် ပါဝင်ပစ္စည်းတွေရဲ့ လတ်ဆတ် သန့်ရှင်းမှုနဲ့ ဆေးဖက်ဝင်ပုံတို့ကို အထူး အလေးထားပါတယ်။

၂။ ဗီယမ်နမ် မိသားစုများ စားသောက်ပုံ

ပျမ်းမျှအားဖြင့် ဗီယက်နမ် မိသားစုတွေက ထမင်းဖြူ ပန်းကန်လုံးတစ်ခွက်စာ၊ ငါး ဒါမှမဟုတ် ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက် ရောပြုတ်ထားတဲ့ ဟင်းရည်၊ ဟင်းသီးဟင်းရွက်သနပ်၊ ဟင်းသီးဟင်းရွက်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်မျိုး၊ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲ စွပ်ပြုတ်တွေ ပါဝင်ပါတယ်။ အဲဒီအစာတွေ နဲ့ တွဲစားနိုင်ဖို့ ငါးဆော့စ် ဒါမှမဟုတ် ပဲပိစပ်ဆော့စ်၊ ကြက်သွန်ဖြူ၊ ငံပြာရည် စတာတွေကိုလည်း ပြင်ဆင်ထားပါတယ်။ ထမင်းစားပြီး အချိုပွဲအနေနဲ့ စားတတ် တာကတော့ သင်္ဘောသီး၊ ပဲသုပ်နဲ့ ရာသီပေါ် အသီးအနှံတွေပဲ ဖြစ်ပါတယ်။

၃။ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲစွပ်ပြုတ်

ထမင်းစားတိုင်း မပါမဖြစ်ပါခဲ့တာက ကြက်သား ဒါမှမဟုတ် ဝက်သား ဒါမှမဟုတ် အမဲသားပါတဲ့ ခေါက်ဆွဲစွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ အဲဒီ စွပ်ပြုတ်ရဲ့ နာမည်က Pho ဖြစ်ပါတယ်။ အဆီမပါဘဲ ပြုတ်ရည်ကို အရသာရှိပြီး ချိုမွှေး နေအောင် ပြုလုပ်ထားပါတယ်။ အဲဒီစွပ်ပြုတ်ကို အနီရောင်ငရုတ်သီး၊ ပင်စိမ်း၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောထည့် စားရပါတယ်။

၎။ ဗီယက်နမ် ကြက်ဥကြော်

ကြက်ဥကြော် ကလည်း ဗီယက်နမ်တွေရဲ့ ရိုးရာ အစားအသောက်ထဲမှာ တစ်မျိုး အပါအဝင်ပါပဲ။ ကြက်ဥကို မွှေပြီး အခွံခွာထားတဲ့ ပုစွန် ဒါမှမဟုတ် ကမာ၊ ကြက်သွန်နီပါးပါး၊ တစ်ခါတစ်ရံ မှိုထည့်ပြီး အုန်းဆီ၊ နနွင်းမှုန့်
တို့နဲ့ ရောပြီးကြော်တာ ဖြစ်ပါတယ်။ အုန်းဆီ (Coconut Oil) က ဗီယက်နမ်မှာ အသုံးများတဲ့ဆီ ဖြစ်ပါတယ်။

၅။ ဗီယက်နမ် ထမင်းလိပ်

ဒါကို Vietnamese Fresh Roll လို့ခေါ်ပြီး ဆန်ကို စက္ကူပုံစံ အလိပ်လေး လုပ်ပြီး အထဲမှာ ပုဇွန်၊ ဟင်းခတ်အမွှေးအကြိုင်၊ အသား၊ မြေပဲဆော့စ် စတာတွေ ထည့်ပါတယ်။ အများအားဖြင့် ဂျုံခေါက်ဆွဲ ဒါမှမဟုတ် ဂျုံကြာ
ဆံနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်း ပြုလုပ်ကြပါတယ်။

၆။း ဗီယက်နမ်ရိုးရာ ဆေးနည်းများ

လူ့ခန္ဓာကိုယ်မှာ ဓာတ်ပစ္စည်းတွေ မျှတနေဖို့အတွက် ဟင်းလျာတစ်မျိုးထဲ ထည့်မယ့် ပါဝင်ပစ္စည်းတွေကို ရွေးချယ် သုံးစွဲကြပါတယ်။

- ဘဲသားကို အအေးစာလို့ ယူဆပြီး နွေရာသီမှာ စားကြပါတယ်။ ချင်း(ဂျင်း)ပါတဲ့ ငါးဆော့စ်နဲ့ တွဲစားပေးရင် နွေးတယ်လို့ ယူဆပါတယ်။ ကြက်သားကို အနွေးစာ၊ ဝက်သားကို အပူစာလို့ ယူဆပြီး ဆောင်းရာသီမှာ အစားများ ပါတယ်။

- ပင်လယ်စာကို အအေးစာလို့ ယူဆပြီး ချင်း(ဂျင်း)နဲ့ တွဲစားပါတယ်။

- ဟင်းခတ် အမွှေးအကြိုင်တွေကို ချဉ်တဲ့ ဆော့စ်တွေနဲ့ တွဲဖက်ပြုလုပ်ပြီး ယင်ဓာတ်နဲ့ ယန်ဓာတ် မျှတအောင် ပြုလုပ်ပါတယ်။

- အအေးမိနေသူ၊ တုပ်ကွေး ကွေးနေသူတွေကို ချင်းပြုတ်ရည် သောက်ခိုင်း ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
လူဗိုလ်ဟူသည်
ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အသား အရေ ကြည်လင်လှပပြီး ခန္ဓာကိုယ်အဆီမရှိဘဲ သွယ်လျလှပကြတာ ကို တွေ့ရှိ့ ရပါတယ်။ ဘာကြောင့် သူတို့အနေနဲ့ အသားအရေလှပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရသလဲဆိုတဲ့ အကြောင်းကတော့ စားသောက်တဲ့ အစား အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊ငါး၊ ပုစွန်၊ ကမာ၊ ခရုစတဲ့ ပင်လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီး စတာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဗီယက်နမ် လူမျိုးတွေ ကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေ အကြောင်း ကို ပြောပြ ချင် ပါတယ်။

အင်းလေးကန် ဖောင်တော်ဦးဘုရားမှ ဈေးသည်အမျိုးသမီး ၇ ဦး ဖမ်းခံရမှု မှ တရားလို ဂေါပကကို ဝန်ကြီး ဖျောင်းဖျရခက်နေ


အင်းလေးကန် ဖောင်တော်ဦးဘုရားမှ ဈေးသည်အမျိုးသမီး ၇ ဦး အချုပ်ကျ တရားစွဲခံနေရမှုကို ကျေအေးပေးရန် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးတဦး၏ တောင်းဆိုမှုကို ဘုရားဂေါပကအဖွဲ့က  ပယ်ချလိုက်သည်။

တူနှင့်ထုတောင် မကွဲနိုင်သော အိုင်ဖုန်း စခရင်ကာဗာ

တူနှင့်ထုတောင် မကွဲနိုင်သော အိုင်ဖုန်း စခရင်ကာဗာ
Thursday, 11 April 2013

တူနဲ့ထုတောင် မကွဲဘူးဆိုတော့ ရည်ရွယ်ချက်ကြီးနဲ့တော့ သွားမထုလိုက် ပါနဲ့။ သူက ကြော်ငြာဆိုတော့ နည်းနည်းလေး ပိုပြောလိုက်ရမှ စွဲဆောင်မှု ရှိတယ်လို့ ထင်ပုံရပါတယ်။

သို့ပေမယ့် တကယ်လည်း အကြမ်းခံပါတယ်။ အာမခံလည်း ပေးထား ပါတယ်။ နာနိုနည်းပညာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ယင်း Screen Shield (မျက်နှာပြင် ကာဗာ) ကို Rhino လို့အမည်ပေးထားပါတယ်။ အသုံးပြုတဲ့ သတ္တုက ဘာလဲ ဆိုတောင် ရှင်းရှင်းမပြောထားပါဘူး။ Touch Sense လည်းပုံမှန်အတိုင်း ရှိစေပြီး Crystal Clear မျက်နှာပြင်ကြောင့် မူလရုပ်ထွက်လည်း မပြောင်းလဲ စေဘူးလို့ ဆိုပါတယ်။

သွားရင်းလာရင်း အိုင်ဖုန်းပြုတ်ကျသွားရင်တောင် ဘယ်လိုမှ ဖန်သားပြင် ကွဲစရာ အကြောင်းမရှိဘူးလို့ဆိုပါတယ်။ နမော်နမဲ့နိုင်သူများအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဝိတ်လည်းမလေးပါဘူး။ အလွှာပါးပါးလေးသာ
ဖြစ်ပြီး သူ့ကိုတပ်ဆင်ထားမှုက အခြားသိသိသာသာ ပြောင်းလဲစေမှု မဖြစ်နိုင်ပါဘူး။

Rhino Screen Shield ကို လိုချင်ရင်တော့ နီးစပ်ရာဖုန်းဆိုင်တွေကနေ
အော်ဒါမှာကြည့်လို့ ရမယ်ထင်ပါတယ်။
--
engadgets
တူနဲ့ထုတောင် မကွဲဘူးဆိုတော့ ရည်ရွယ်ချက်ကြီးနဲ့တော့ သွား မထု လိုက်ပါနဲ့။ သူက ကြော်ငြာဆိုတော့ နည်းနည်းလေး ပိုပြော လိုက်ရမှ စွဲဆောင်မှု ရှိတယ်လို့ ထင်ပုံရပါတယ်။

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်
Thursday, April 11, 2013

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်းလဲ နိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။

စမတ်ကတ် ပုံစံအဖြစ် ပြောင်းနိုင်ရန် တောင်ကိုရီးယား၊ ဂျပန် နှင့် မလေးရှားနိုင်ငံတို့မှ ကုမ္ပဏီ ၆ ခုက လဝက ဌာနမှ နိုင်ငံသား စိစစ်ရေး ကိုယ်ရေး အချက်အလက်များကို ယူ၍ စတင် စမ်းသပ်နေပြီဖြစ်ကြောင်း လဝက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း  က ဧရာဝတီသို့ ပြောသည်။

“စမတ်ကတ်လုပ်ဖို့ Data Center ကို အရင်သွင်းပြီးမှ လုပ်ရမှာကိုး ဒီဥစ္စာကြတော့ နည်းပညာပိုင်းတွေ ပါလာတယ်ဆိုတော့ ပြန်ပြီး စိစစ်တဲ့ အခါလည်း အဆင်ပြေအောင် လာကမ်းလှမ်းတဲ့ ကုမ္ပဏီမှန်သမျှကိုလည်း သူတို့ အဆင်ပြေအောင် ဘယ်လို လုပ်နိုင်မလဲ ဆိုတာကို ပြန်တင်ပြနိုင်အောင်လို့ စမ်းသပ် လေ့လာ ခိုင်းထားတာပါ”ဟု ဦးမောင်မောင်သန်းက ပြောသည်။

ယင်းလုပ်ငန်းစဉ်ကို နိုင်ငံခြားကုမ္ပဏီများက ကမ်းလှမ်းလာခြင်းဖြစ်သော်လည်း မြန်မာအစိုးရဘက်မှလည်း ခေတ်နှင့် လျော်ညီ သည့် စမတ်ကတ်များအဖြစ်ပြောင်းလဲ အသုံးပြုနိုင်ရေး ပြုလုပ်ပေးရန် အစီအစဉ်များ ရှိပြီးသားဖြစ်ကြောင်းလည်း သူက ဆက်ပြော သည်။

လက်ရှိ အသုံးပြုလျက်ရှိသော နိုင်ငံသား စိစစ်ရေးကတ်မှာ စက္ကူဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းကတ်တွင် ကာယကံရှင် နိုင်ငံ သား ၏ ကိုယ်ရေး အချက်အလက်များ ပြည့်စုံစွာ ထည့်ထားနိုင်ခြင်း မရှိပေ။

စမတ်ကတ်တွင်မူ နိုင်ငံသား၏ ကိုယ်ရေး အချက်အလက်များ၊ ထင်ရှားသည့် အမှတ်အသားများနှင့် မိဘ၊ ဘိုးဘွားများ၏ ကိုယ်ရေး အချက်အလက်များပါ ပါဝင်မည်ဖြစ်ပြီး စက်ဖြင့် စစ်ဆေးသည့် နည်းစနစ်လည်း ဖြစ်သည်။

အချက်အလက်များကို သိမ်းဆည်းထားသော အဆိုပါ စမတ်ကတ်ကို ကွန်ပျူတာစက်အတွင်းသို့ ထည့်သွင်း စစ်ဆေးလျင် ကာယကံ ရှင်၏ ကိုယ်ရေး အချက်အလက်များအားလုံး ပေါ်ထွက်လာမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် နိုင်ငံသား စိစစ်ရေး ကတ် ထက် ခိုင်ခန့်ပြီး အသုံးပြုရန်လွယ်ကူမည် ဖြစ်ကြောင်း သိရသည်။

“ပြောင်းမယ်ဆိုရင် ကုန်ကျမယ့် စရိတ်တွေက အများကြီးရှိတာပေါ့နော့ ဒါကို ဘယ်လိုလုပ်လို့ရမလဲ ဆိုတာကို အရင်ဆုံး ကျနော် တို့က စမ်းသပ်နေတာပေါ့၊ ဒါတွေအပေါ်မှာ မူတည်ပြီးတော့ ငွေကြေး ကုန်ကျစရိတ်တွေ တွက်ချက်ရမယ်၊ ပြီးတော့မှ ဘယ်လိုလုပ် ပေးလို့ရမလဲ၊ နိုင်ငံတော်ကပဲ လုပ်ပေးနိုင်မလား၊ ပြည်သူဆီကနေ ကတ်ဖိုး ကောက်ရင်ရော ဘယ်လိုရှိမလဲ ဒါတွေကို အကုန်လုံး
ချိန်ဆရ ဦးမှာပေါ့၊ ပထမဦးဆုံး ကတော့ Data Center ကြီးကိုဆောက်ဖို့ အဓိကပေါ့”ဟု ဦးမောင်မောင်သန်းက ပြောဆိုသည်။

ဧရာဝတီ

ယမန်နှစ် ဇွန်လမှ ဇူလိုင်လ အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြုလုပ်သော မိုးပွင့် အဆင့် ၃ စီမံချက်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – MRTV4)
ယမန်နှစ် ဇွန်လမှ ဇူလိုင်လ အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြုလုပ်သော မိုးပွင့် အဆင့် ၃ စီမံချက်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – MRTV4)
Thursday, April 11, 2013

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်း
လဲ နိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေး
နှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။

စာပို့လုလင်နှင့် ကြေးနန်းပို့ လုလင်များအား ရေပက်ကစားခြင်း မပြုရန် မေတ္တာရပ်ခံ

Thursday, April 11, 2013

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် နှစ်သစ်ကူး မဟာ သင်္ကြန်ရက်များ အတွင်း မဟာသင်္ကြန် အကြတ်နေ့ဖြစ်သော ဧပြီ ၁၅ ရက်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက် ဖြစ်သည့် ဧပြီ ၂ဝ ရက်တို့တွင် အများပြည်သူတို့၏ အကျိုးစီးပွား အလို့ငှာ စာဝေလုပ်ငန်းနှင့် ကြေးနန်းစာဝေ လုပ်ငန်းများကို နားရက်မယူ ဘဲ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

မြေငလျင်သတင်း (မြန်မာစံတော်ချိန် ၀၅း၁၅ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၃ ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၀၄)နာရီ၊ (၃၆)မိနစ်၊
(၁၀)စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အ‌ရှေ့မြောက်ဘက် မိုင်(၁၇၀)ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း(‌ဘော်လခဲမြို့၏တောင်-အရှေ့တောင်ဘက်(၂၅)မိုင်ခန့်အကွာ)ကိုဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိအင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုလှုပ်ရှား
သွားကြောင်းတိုင်းထွာရရှိပါသည်။

ထိုင်းရောက်ရိုဟင်ဂျာတွေမြန်မာက ဟုတ်ရင် ပြန်ခေါ်မယ်လို့ဆို

ထိုင်းရောက်ရိုဟင်ဂျာတွေမြန်မာက ဟုတ်ရင် ပြန်ခေါ်မယ်လို့ဆို
Thursday, April 11, 2013

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အယောက် ၂၀၀၀ ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်ကလူတွေ ဟုတ်မဟုတ်ဆိုတာကို မြန်မာအစိုးရကစစ်ဆေးမှာဖြစ်ပြီး
ဟုတ်မှန်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြန်လက်ခံမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေအားလုံးဟာ ရခိုင် ပြည်နယ်က
 ဖြစ်တယ် ဆိုတဲ့အပေါ် မြန်မာအစိုးရက သံသယ ရှိနေတာဖြစ်ပြီး အကယ်လို့ အဆိုပါ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ခွာသူတွေ မှန်မယ် ဆိုရင် မြန်မာ အစိုးရ အနေနဲ့  ပြန်လည် ခေါ်ယူ သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အယောက်ပေါင်း ၂၀၀၀ ထဲမှာ ၅၀၀ လောက်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံအသင်းဝင်နိုင်ငံများ နိုင်ငံခြားရေး
ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမတိုင်ခင် မြန်မာနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ
 တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကိုလည်း မြန်မာနိုင်ငံကို
 ပြန်လာနိုင်အောင် ကူညီပေးဖို့ ဦးဝဏ္ဍမောင်လွင်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းက လူတချို့ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်လိုကြပေ
မယ့် မြေမြုပ်မိုင်းရန်တွေ၊ ဘဝပြန်လည်ထူထောင်ရာမှာ ကြုံတွေ့ရမယ့် စားရေး၊ သောက်ရေး အခက်အခဲ တွေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြ
တယ်လို့လည်း ထိုင်းဝန်ကြီးက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်
သတင်းမှာ ဖော်ပြထားပါတယ်။

ABC Radio Australia

Thursday, April 11, 2013

ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ရိုဟင်ဂျာအယောက်၂၀၀၀ဟာမြန်မာနိုင်ငံရခိုင်ပြည်ကလူတွေ ဟုတ်မဟုတ်
ဆိုတာကိုမြန်မာအစိုးရကစစ်ဆေးမှာဖြစ်ပြီးဟုတ်မှန်တယ်ဆိုရင်မြန်မာနိုင်ငံမှာပြန်လက်ခံမယ်လို့ သိရပါ
တယ်။

“အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီး ယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”

“အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီး
ယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို” 
Thursday, April 11, 2013

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီး
ယားတို့က ဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့
ကို ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်းက မြောက်ကိုရီးယားတို့၏ တတိယမြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်
ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။

PN055/ Ref: CNN,BBC,usatoday
လူဗိုလ်ဟူသည်

Thursday, April 11, 2013

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချ
ထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်
ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။

ပုဒ်မ-၅၀၅ (ခ)ဖြင့် တရားစွဲဆိုခြင်းခံရတဲ့ ၉၆၉ ခေါင်ဆောင် ကိုရဲမင်းဦး အမှုအတွက် သံဃာတော်များအား သက်သေခေါ်မည်ဟုပြောကြား

သံဃာတော်များအား သက်သေခေါ်မည်ဟု ကိုရဲမင်းဦး ပြောကြား

ပုဒ်မ-၅၀၅ (ခ)ဖြင့် တရားစွဲဆိုခြင်းခံရသူ ကိုရဲမင်းဦးအား အနောက်ပိုင်းခရိုင်တရားရုံး၌ လုံခြုံရေးရဲအင်အား  (၅၀)ကျော်ဖြင့် ဧပြီလ(၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီက ရုံးထုတ် ရမန်ပေးခဲ့သည်။
 
ပဋိပက္ခဖြစ်စဉ်များ၊ ၉၆၉ ဆရာတော်များ၊ နိုင်ငံတော်တွင် တရားဟောနေသည့် ဓမ္မကထိကဆရာတော်များအား နောက်ကွယ်မှ ကြိုးကိုင်နေသူဟု ယူဆသည့်အတွက် ပုဒ်မ - ၅၀၅ (ခ) ဖြင့် တရားဆွဲဆိုခံထားရသူ ဖြစ်သည်။
 
ရုံးထုတ်ပြီး အချုပ်ကားပေါ်သို့ ခေါ်လာစဉ် “ဒါဟာ တရားမျှတတဲ့ တရားစွဲမှုလို့ ထင်ပါသလား” ဟု မီဒီယာ သမား တစ်ယောက်မေးမြန်းရာ၌  “ဘယ်ဟုတ်ပါ့မလဲဗျာ၊ ကျွန်တော် ဘာ ရာဇ၀တ်မှုမှ ကျူးလွန်ခဲ့ခြင်း မရှိဘူး” ဟု ကိုရဲမင်းဦးက ပြန်လည်ဖြေကြားခဲ့သည်။
 
၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေအသိုင်းအ၀န်းများမှ ကိုရဲမင်းဦးအမှုကို အာမခံရရှိရန် မျှော်လင့်ထားကြောင်း ကိုလည်း သိရသည်။
 
 “သူ့မှာ အပြစ်မရှိပဲနဲ့ အချုပ်ကားနဲ့ ခေါ်တယ်။ သာမန်လူတစ်ယောက်အနေနဲ့ အပြစ်မရှိတဲ့ သူတစ်ယောက်ကို အချုပ်ကားနဲ့ ခေါ်တာ မင်းမဲ့စရိုက်ဆန်တယ်လို့ သူပြောသွားတယ်။ သူသည် မတရားဖမ်းဆီးခြင်း ခံနေရပါ တယ် ဆိုတာကို ထပ်ကာ ထပ်ကာ ပြောသွားတယ်” ဟု ကိုရဲမင်းဦး၏ ၀မ်းကွဲအကို ရခိုင်လူငယ်များအဖွဲ့မှ ကိုဖိုးသားက ပြောသည်။  
 
ကိုရဲမင်းဦးအနေဖြင့် ၎င်း၏အမှုအတွက် ရဟန်းသံဃာတော်များအား သက်သေအဖြစ် ခေါ်ယူသွားမည် ဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ ကိုရဲမြတ်ဟိန်းသို့ ပြောကြားခဲ့သည်ဟု သိရှိရသည်။
 
၎င်းအနေဖြင့် လက်ရှိစစ်ကြောရေး စစ်ဆေးခံခဲ့ရာတွင် ၂၀၀၇ ခုနှစ် အဖမ်းခံခဲ့ရစဉ်အတွင်းက စစ်ကြေားရေး ကဲ့သို့ပင် အစစ်ဆေးခံခဲ့ရကြောင်းကိုလည်း ၎င်း၏ မိတ်ဆွေများသို့ ပြောကြားခဲ့သည်များက တဆင့်ပြန်လည် သိရှိရသည်။
 
ကိုရဲမင်းဦးကို အင်းစိန်ထောင်မှ အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာခဲ့ခြင်းဖြစ်ပြီး အချုပ်ကား၊ ရဲကား မျိုးစုံဖြင့် လုံခြုံရေးအင်အား အနည်းဆုံး (၅၀)ကျော်ခန့်ယူကာ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။
 
၎င်းကို မတ်လ(၂၅)ရက်နေ့က စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဧပြီလ(၁)ရက်နေ့တွင် ပုဒ်မ-၅၀၅(ခ)ဖြင့် အမှု စစ်ဆေးနေသည်ဟု မိသားစုဝင်များသို့ အသိပေးခဲ့ပြီး ဧပြီလ (၄)ရက်နေ့မှသာ ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။
 
အာဏာပိုင်များအနေဖြင့် ကိုရဲမင်းဦးအား မိသားစုဝင်များ၊ မိတ်ဆွေများနှင့်သာ တွေ့ဆုံခွင့်ပေးခဲ့ပြီး မီဒီယာ သမားများနှင့် တွေ့ဆုံခွင့်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် တွေ့ဆုံမေးမြန်းခွင့် မပေးခဲ့ကြောင်း သတင်းယူသည့် မီဒီယာသမားများထံက သိရှိရသည်။
 
အနောက်ပိုင်းခရိုင် တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ဗဟန်းမြို့နယ်တရားရုံးနှင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တစ်ကြိမ်စီ ရုံးထုတ်ပြီးဖြစ်ကြောင်းကိုလည်း သိရသည်။
 
ဧပြီလ(၂၂)ရက်နေ့တွင် ဗဟန်းမြို့နယ်တရားရုံး၊ ဧပြီ(၂၃)ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ဆက် လက် ရုံးထုတ်သွားမည်ဟု သိရသည်။

ထွန်းနေအောင် (မြစ်မခ)

ပုဒ်မ-၅၀၅ (ခ)ဖြင့် တရားစွဲဆိုခြင်းခံရသူ ကိုရဲမင်းဦးအား အနောက်ပိုင်းခရိုင်တရားရုံး၌ လုံခြုံရေးရဲအင်အား (၅၀)ကျော်ဖြင့် ဧပြီလ(၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီက ရုံးထုတ် ရမန်ပေးခဲ့သည်။ပဋိပက္ခဖြစ်စဉ်များ၊ ၉၆၉ ဆရာတော်များ၊ နိုင်ငံတော်တွင် တရားဟောနေသည့် ဓမ္မကထိကဆရာတော်များအား နောက်ကွယ်မှ ကြိုးကိုင်နေသူဟု ယူဆသည့်အတွက် ပုဒ်မ - ၅၀၅ (ခ) ဖြင့် တရားဆွဲဆိုခံထားရသူ ဖြစ်သည်။

ဖေ့စ်ဘုတ်ကို အသုံးချကာ မိခင်ရင်းကို ရှာဖွေနေတယ်ဆိုတဲ့ မိန်းကလေး

Thursday, April 11, 2013

အင်တာနက် လူမှု ကွန်ရက်ကို မိခင်မေတ္တာ ငတ်မွတ်နေတဲ့ သမီးငယ်တဦးက မှန်ကန်စွာ အသုံးချ လာတာ ကို သတိထားမိ လိုက်တယ်။ ငယ်စဉ် မွေးကင်းစ ကလေးငယ်ဘ၀ကတည်းက တနင်္သာရီတိုင်း မြိတ်မြို့မှာ မွေးစားမိခင်၊ ဖခင်တွေနဲ့သာ ကြီးပြင်းခဲ့ရပြီး မိခင်အရင်း ရှိတယ် ဆိုတဲ့ အသိသာ ရှိပြီး မိခင်ကို မြင်လည်း မမြင်ဘူးခဲ့တဲ့ သမီးငယ်တဦး ရဲ့ မိခင်ပျောက် ရှာပုံတော် ဖွင့်ခန်းဟာ ဖတ်ရသူတိုင်း ရင်နင့် နေကြပြီး မိခင်နဲ့ အမြန်ဆုံး ပြန်တွေ့ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။

Indonesian prison riot sparked by rapes of Rohingya inmates

A recent riot at an Indonesian detention centre, in which eight Burmese Buddhists were killed by a mob of Muslims, was sparked by the rape and sexual assault of three Rohingya women, a new police investigation has revealed.According to a police report obtained by DVB, the Indonesian prison brawl, which broke out on 5 April killing eight Buddhists and injuring 15 Rohingya men, was not caused by an argument over religious violence in Burma as previously reported.

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်အတွက် သင်္ကြန်စာပါ ဟောကိန်း

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်အတွက် နိုင်ငံရေး၊ စီးပွားရေး အပါအ၀င်ကဏ္ဍပေါင်းစုံအတွက် ဆရာစံဇာဏီဘို၊ နက္ခတ်သိပ္ပံအဖွဲ့နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်း အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုတို့အား တွေ့ဆုံမေးမြန်းထားသည်များနှင့် သင်္ကြန်စာပါ ဟောကိန်းအချို့ကို စုစည်းဖော်ပြလိုက်ပါသည်။