Pages

Monday, April 8, 2013

မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ရန် အဆင်သင့်ရှိနေဟု တောင်ကိုရီးယား ထုတ်ပြန်၊ မြောက်ကိုရီးယား ဒုံးကျည်ကို ပစ်ချရန် ဂျပန်က အမိန့်ပေးဖွယ်ရှိ

မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ရန် အဆင်သင့်ရှိနေဟု တောင်ကိုရီးယား ထုတ်ပြန်၊ မြောက်ကိုရီးယား ဒုံးကျည်ကို ပစ်ချရန် ဂျပန်က အမိန့်ပေးဖွယ်ရှိ
Monday, April 8, 2013

မြောက်ကိုရီးယားသည် အရှေ့ဘက် ကမ်းရိုးတန်း အနီးတွင် တာလတ်ပစ် ဒုံးကျည်နှစ်ခုကို ရွှေ့ပြောင်းပစ်ခတ်နိုင်သော ဒုံးပစ်စင်သို့ သွင်းပြီး ၀ှက်ထားသောကြောင့် ပစ်လွှတ်နိုင်ခြေ ရှိသည်ဟု စိုးရိမ်မှုများ ထွက်ပေါ်ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

နိုင်ငံ နယ်နိမိတ်သို့ ဦးတည်သော မြောက်ကိုရီးယား၏ မည်သည့် ဒုံးကျည်ကိုမဆို ပစ်ချရန် ဂျပန်ကာကွယ်ရေးဝန်ကြီး Itsunori Onodera က ဧပြီ ၇ ရက် သို့မဟုတ် လာမည့်နှစ်ရက်အတွင်း အမိန့်ပေးဖွယ် ရှိသည်ဟု ဂျပန်ယိုမိယူရီ သတင်းစာနှင့် ဂျီဂျီ သတင်းအေဂျင်စီတို့က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ အမိန့်ပေးပါက ရေပြင်အခြေစိုက် ဒုံးခွင်းစနစ် တပ်ဆင်ထားသော Aegis ဖျက်သင်္ဘောများကို ဂျပန်ပင်လယ်တွင် တပ်စွဲသွားမည်ဖြစ်ပြီး ယင်းမှသာ ဂျပန်ပိုင်နက်ကို ဦးတည်လာသော မြောက်ကိုရီးယားဒုံးကျည်ကို ထောက်လှမ်းသိရှိကာ ပစ်ချနိုင်မည်ဖြစ်ကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားကလည်း အကယ်၍ ပဋိပက္ခ ဖြစ်ပွားခဲ့ပါက မြို့တော်ပြုံယမ်းရှိ ပြည်ပသံရုံးများမှ ၀န်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ဧပြီ ၁၀ ရက် နောက်ပိုင်းမှစပြီး အာမခံချက် မပေးနိုင်တော့ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ကမူ မြောက်ကိုရီးယားသည် မိမိနိုင်ငံရှိ သံရုံးများ၏ လုံခြုံရေးအတွက် အာမခံချက် ပေးသင့်ကြောင်း ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် နိုင်ငံအများစု၏ အစိုးရများကမူ သံရုံးဝန်ထမ်းများကို ချက်ချင်းခေါ်ယူရန် အစီအစဉ် မရှိသေးကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယား ကြေညာချက်မှာ ကိုရီးယားကျွန်းဆွယ်တွင် လတ်တလော တင်းမာမှုအပေါ် နိုင်ငံတကာက အစိုးရိမ် လွန်ကဲစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။ ကုလသမဂ္ဂကလည်း ၀န်ထမ်းများကို ပြန်လည်ခေါ်ယူရန် အစီအစဉ် မရှိသေးကြောင်း ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ခြိမ်းခြောက်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း တပ်များကို နေရာရွှေ့ပြောင်း ချထားမှုများ မရှိသေးသဖြင့် စိတ်တည်တည်ငြိမ်ငြိမ် ထားကြရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ်က ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် တင်းမာမှု မြင့်တက်နေမှု လျော့ကျစေရန် ရည်ရွယ်ပြီး အမေရိကန်က ကာလီဖိုးနီးယားရှိ Vandenberg လေတပ်စခန်းတွင် လာမည့် သီတင်းပတ်၌ ပြုလုပ်ရန် စီစဉ်ထားသော Minuteman 3 တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် အစီအစဉ်ကို အမေရိကန် ကာကွယ်ရေးဝန် ကြီးချက်ဟေဂယ်က ရွှေ့ဆိုင်းခဲ့ကြောင်း ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
EMG

Monday, April 8, 2013

မြောက်ကိုရီးယားသည် အရှေ့ဘက် ကမ်းရိုးတန်း အနီးတွင် တာလတ်ပစ် ဒုံးကျည်နှစ်ခုကို ရွှေ့ပြောင်းပစ်
ခတ်နိုင်သော ဒုံးပစ်စင်သို့ သွင်းပြီး ၀ှက်ထားသောကြောင့် ပစ်လွှတ်နိုင်ခြေ ရှိသည်ဟု စိုးရိမ်မှုများ ထွက်ပေါ်
ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

မုံရွာ - ပုသိမ်း အဝေးပြေးကားလမ်းမကြီးပေါ်တွင် အက်စစ်ကားများသယ်ဆောင်နေခြင်း အန္တရာယ်အလွန်များ

မုံရွာ - ပုသိမ်း အဝေးပြေးကားလမ်းမကြီးပေါ်တွင် အက်စ်ကားများသယ်ဆောင်နေခြင်းသည် အန္တရာယ်အလွန်များ
===============================
ဆားလင်းကြီး၊ ဧပြီ ..  ၇
         ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီလီမီတက်မှ မှတ်ပုံတင်သွင်းခြင်းမရှိ သော မိုးကြိုးဆာဖျူရစ်အက်စ်စက်ရုံသို့ တင်သွင်းပို့ဆောင်လျက်ရှိသော အက်စ်အရိုင်များသည် မုံရွာ - ပုသိမ် အဝေးပြေးကားလမ်းမှတဆင့် သယ်ဆောင်လျက်ရှိရာ ယာဉ်မတော်တဆမှုများဖြစ်ပေါ်လာပါက ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရပါတယ်..။
     အက်စ်တွေကို သယ်ဆောင်မယ်ဆိုရင် ရေလမ်းနဲ့သယ်ယူသင့်ပါတယ်..အလွန်အန္တရာယ်များလွန်းပါတယ်..ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးလည်းဖြစ် ဥပဒေပညာရှင်လည်းဖြစ်သူ ဦးစောဆန်ထူးမှ ပြောပါတယ်..။
     ယင်း ကိစ္စရပ်အား သက်ဆိုင်ရာ အစိုးရအဖွဲ့မှ သိရှိပြီး ပြုပြင်ပြောင်းလဲသင့်ပါကြောင်း ဝေဖန်ပြောဆိုလျက်ရှိပါတယ်..။

ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီလီမီတက်မှ မှတ်ပုံတင်သွင်း
ခြင်းမရှိ သော မိုးကြိုးဆာဖျူရစ်အက်စ်စက်ရုံသို့ တင်သွင်းပို့ဆောင်လျက်ရှိသော အက်စ်အရိုင်များသည် မုံ
ရွာ - ပုသိမ် အဝေးပြေးကားလမ်းမှတဆင့် သယ်ဆောင်လျက်ရှိရာ ယာဉ်မတော်တဆမှုများဖြစ်ပေါ်လာပါက ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရပါတယ်..။

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် ပထမဆုံး လူသေဆုံး

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် ပထမဆုံး လူသေဆုံး
Monday, April 8, 2013

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပထမဆုံး လူတစ်ဦး သေဆုံးခဲ့သည်။

သေဆုံးသူမှာ ၂၃ လ အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြောင်း၊ အဆို
ပါ ကလေးငယ်မှာ ဒက္ကားမြို့ တောင်ဘက် မိုင်အနည်းငယ် အကွာတွင် တည်ရှိသော ကိုမီလာခရိုင် Choddogram မှ ဖြစ်ကြောင်း သတင်းများ
တွင် ဖေါ်ပြသည်။

ကြက်တုပ်ကွေးကြောင့် ယခု ကလေးငယ် သေဆုံးမူသည် ပထမဦး
ဆုံး ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကူးစက်ရောဂါ တိုက်ဖျက်ရေး သုတေသန ဌာနမှ ညွှန်ကြားရေးမှူးချုပ် Mahmudur Rahman က အတည်ပြု ပြောကြားသည်။

အဆိုပါ ကလေးငယ်အား ပထမဆုံး ကိုမီလာဆေးကျောင်း ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ ၎င်းနောက် ဒက္ကားမြို့ ကလေး ဆေးရုံ တစ်ခုသို့ လွဲပြောင်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် အခြေအနေ တိုးတက်မူမရှိသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ပို့ပေးခဲ့ရာ ယခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

သေဆုံးပြီးနောက် လည်ချောင်းနှင့် နှာခေါင်း နမူနာများအား အမေရိကန်နိုင်
ငံ အန္တလန်တာ ( Atlanta) ရှိ ဓါတ်ခွဲခန်းသို့ စမ်းသပ်ရန် ပေးပို့ခဲ့ရာ အဆိုပါ ဓါတ်ခွဲခန်း၏ စစ်ဆေး တွေ့ရှိချက်အရ အဆိုပါ ကလေးငယ်မှာ H5N1 ကြက်
တုပ်ကွေးကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ပေးခဲ့
သည်ဟု ဆိုသည်။

အစီရင်ခံစာကို လက်ခံရရှိပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာန တာဝန်ရှိသူများ
က သွားရောက် စစ်ဆေးရာ သေဆုံးသူ ကလေးငယ်၏ အိမ်နောက်ဘက်
တွင် မွေးမြုထားသော ကြက်ခြံမှ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဘင်္ဂလာဒေခ်ျ့ အစိုးရထံ ၄င်းအကြောင်း ကိစ္စအား တရားဝင် အကြောင်းကြားခဲ့ကြောင်း၊ အစိုးရ ၀က်ဆိုက်တွင် အဆိုပါ ဖြစ်စဉ်အား ယမန်နေ့က စတင် ဖေါ်ပြထားကြောင်း သိရသည်။

NEWS COLLECTION

Monday, April 8, 2013

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပထမဆုံး လူတစ်ဦး သေဆုံးခဲ့သည်။
သေဆုံးသူမှာ ၂၃ လ အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြောင်း၊ အဆို ပါ ကလေးငယ်မှာ ဒက္ကားမြို့ တောင်ဘက် မိုင်အနည်းငယ် အကွာတွင် တည်ရှိသော ကိုမီလာခရိုင် Choddogram မှ ဖြစ်ကြောင်း သတင်းများ တွင် ဖေါ်ပြသည်။

ရခိုင်ပြည် ပေါက်တောမြို့က ၁ နှစ်ကျော်ရှိသော ကလေးငယ်(၂)ဦးအား လပ်ထပ် မင်္ဂလာပွဲ ကျင်းပပေးနေခြင်းကို ဖျက်သိမ်းလိုက်

၁ နှစ်ကျော်ရှိသော ကလေးငယ်(၂)ဦးအား လပ်ထပ် မင်္ဂလာပွဲကို ဖျက်သိမ့်

ရခိုင်ပြည် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာတွင် အသက်(၁)ကျော်နှစ်သာရှိသေးသည့် ကလေးငယ်(၂)ဦးကို မိဘများက ဧပြီလ ၈ ရက်နေ့တွင် လက်ထပ်ပေးရန်စီစဉ်ကြရာ ရဲများမှ အခြေအနေအား လာရောက် မေးမြန်ခဲ့သဖြင့် မိဘများက ၎င်း တို့အား အပြစ်ပေးမည်ကို စိုးရိမ်ကာ မင်္ဂလာပွဲအား ပျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ဧပြီလ (၇) ရက်နေ့က ပေါက်တောမြို့ ရဲများမှာ အခြေအနေအား စုံစမ်းမေးမြန်ပြီး မင်္ဂလာပွဲအား ဖျက်သိမ်းရန် မလိုကြောင်း မှာကြားခဲ့သော်လည်း မိဘများက သူတို့ အလိုအလျှောက် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

" ရဲဌာနက တာဝန်ရှိသူများနှင့် လူကြီးများက စစ်ဆေးမှုများလုပ်ခဲ့သည်မှာ မှန်ကန်သော်လည်း သူတို့ မင်္ဂလာပွဲကို နှောင့်ယှက်တာမျိုးလုပ်ခဲ့ခြင်းမဟုတ်ဘဲ တာဝန်အရသာ စစ်ဆေးမှုနှင့် သတင်းမေးရန် အလည်လာတာဖြစ်ကြောင်း၊ ၄င်းတို့ မိဘများကိုလည်း ဒီမင်္ဂလာပွဲကို ဖျက်ဖို့အတွက် လာခဲ့တာမဟုတ်ကြောင်း၊ တာဝန်အရ စစ်ဆေးခြင်းသာ ဖြစ်ကြောင်း၊ ဒီမင်္ဂလာပွဲကို ဖျက်ဖို့မလိုဘူးလို့ ပြောကြားခဲ့ကြောင်း။ " ဟု ရဲများနှင့်အတူ လိုက်ပါသွားသည့် အရပ်သားထဲမှ တစ်ဦးက ပြောသည်။

အသက် ၁ နှစ်ကျော် ခလေး(၂) ဦးအား မင်္ဂလာဆောင်ပေးရန် လုပ်ဆောင်ခြင်း အကြေင်းကိစ္စနှင့် ပတ်သက်၍ ကလေး၏ မိသားစုဝင် ဒေါ်မစိန်အေးက ရှင်းပြသည်။
" အဲဒီကလေးနှစ်ဦးက လူဝင်စားတွေဖြစ်တယ်၊ အရင်ဘ၀တုန်းက ချစ်သူတွေဖြစ်တယ်၊ နှစ်ဦး နှစ်ဘက် မိဘတွေ သဘော မတူတဲ့အတွက် လက်မထပ်ဖြစ်ဘဲ ကွဲသွားပြီး သေဆုံးသွားကြတယ်။ ကလေးတွေမွေးပြီးတော့ ၅ လလောက်ကြာတော့ အဲဒီကလေးနှစ်ယောက်က နေမကောင်း ခဏခဏ ဖြစ်လာတယ်။ မိဘတွေကလည်း စိုးရိမ်ပြီး ဗေဒင်သွားမေးတော့ ဗေဒင်ဆရာက သူတို့ဟာ အရင်ဘ၀တုန်းက ချစ်သူတွေဖြစ်တယ်။ အခု ယတြခြေတဲ့အနေနဲ့ သူတို့ နှစ်ဦးကို လက်ထပ်ပေးလိုက်ပါဆိုလို့ လက်ထပ်ပေးဖို့ စီစဉ်တာဖြစ်တယ်၊ မနေ့က ပေါက်တောမြို့ ရဲမှူးတွေ၊ လူကြီးတွေက မေးမြန်းတာတွေပြုလုပ်တယ်ဆိုတော့ မိဘတွေက ဖမ်းဆီးတာတွေ လုပ်မလား၊ အပြစ်တွေ အများကြီးဖြစ်သွားမလား တွေးပြီးတော့ ကြောင်းကြစိုးရိမ်စိတ်နဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တာပါ။ ရဲတွေက ဖျက်လိုက်လို့ မပြောသွားပါဘူး။ ကျမတို့ကပဲ စိုးရိမ်စိတ်လွန်ပြီးတော့ ဖျက်လိုက်တာပါ။ " ဒေါ်မစိန်အေးက ဟု ပြောသည်။

ကလေးငယ်(၂)ဦး၏ အမည်မှာ မောင်ဖြူသန်းလင်း(ဘ- ဦးမောင်ညွန်တင်၊ မိ- ဒေါ်သန်းသန်းယဉ်) နှင့် မပုပုသန်း (ဘ- ဦးသန်းမောင်၊ မိ- ဒေါ်ခင်ခင်သန်း) တို့ဖြစ်ပြီး သူတို့နှစ်ဦးကို ခရစ်နှစ် မြန်မာသက္ကရာဇ် ၁၉၇၃ ခုနှစ် နယုန်လဆန်း ၂ ရက်နေ့တွင် တစ်ရက်တည်းမှာပင် နာရီပိုင်းလောက်အကွာတွင် မွေးဖွားခဲ့ကြောင်း ၄င်းမိဘများက ပြောသည်။

အဆိုပါ ကလေးငယ်(၂)ဦး၏ မိခင်များမှာ ညီအစ်မများဖြစ်ကြပြီး ၄င်းကလေးများကြီးလာရင် မောင်နှမဖြစ်တဲ့အတွက် လက်ထပ်ပေးလို့မရသောကြောင့် ဗေဒင်ဆရာပြောသည့်အတိုင်း ကလေးတွေကျန်းမာရေးအရ ယတြာခြေသောအနေဖြင့် အသက်ငယ်ရွယ်တုန်းအချိန်ခါ လက်ထပ်ပေးခြင်းဖြစ်သည်ဟု ဆက်လက်ပြောကြားခဲ့သည်။


ARAKAN TIMES

Re-Post By ACM 8-4-2013
အေးချမ်းမွန် Credit & Copy From >Share Arakan News << Thank

ရခိုင်ပြည် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာတွင် အသက်(၁)ကျော်နှစ်သာရှိသေးသည့် ကလေးငယ်(၂)ဦးကို မိဘများက ဧပြီလ ၈ ရက်နေ့တွင် လက်ထပ်ပေးရန်စီစဉ်ကြရာ ရဲများမှ အခြေအနေအား လာရောက် မေးမြန်ခဲ့သဖြင့် မိဘများက ၎င်း တို့အား အပြစ်ပေးမည်ကို စိုးရိမ်ကာ မင်္ဂလာပွဲအား ပျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ဧပြီလ (၇) ရက်နေ့က ပေါက်တောမြို့ ရဲများမှာ အခြေအနေအား စုံစမ်းမေးမြန်ပြီး မင်္ဂလာပွဲအား ဖျက်သိမ်းရန် မလိုကြောင်း မှာကြားခဲ့သော်လည်း မိဘများက သူတို့ အလိုအလျှောက် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“Regarding Situation of suffering Muslims in Burma”

“Regarding Situation of suffering Muslims in Burma”

BRAFA Chairman Shaukhat Kyaw Soe Aung alias MSK Jilani highlighted the situation of suffering Muslims in Burma at the MAS Convention- Milwaukee Chapter are as follows.

- Burma is located in Southeast Asia and it is majority Buddhist country with a population of an estimated more than 60 million people consisting of Buddhist, Muslim, Christian, Hindu and other religious groups. Muslim settlements and propagation of Islam in Burma has been widely documented by Arab, Persian, European and Chinese travelers in the 8 century A.D.

- The current Muslim population in Burma are an estimated 8 to 9 million and they are descendants of Arabs, Persians, Turks, Moors, Indians, Pakistanis, Pathans, Moghuls, Bengalis, Chinese Muslims, Malays and other indo-Mongoloid people who settled down and intermarried with the local people and other ethnic Burmese groups in Burma according to historical survey.

- So, Muslims in Burma have been living for many centuries and they were recognized as indigenous people and bona fide citizens of Burma by the previous Burmese democratic government institutions. Muslims of Burma have been enjoyed the fruits of democratic rights and equal status and used to have a number of high-ranking officers in the previous parliamentary democratic government from 1948 to 1962.

- Soon after Burmese dictator General Ne Win seized the power in March, 1962 Muslims have been deliberately and systematically excluded from the governmental positions and hundreds of thousands of Muslims were forced to leave Burma. Since then, Muslims in Burma have become the third class inhabitants and living as subjugated minority, who are no longer treated to be Burmese citizens.

- With the enactment of 1982 discriminatory Burmese citizenship law which is against international law standards and basic fundamental human rights by the dictator General Ne Win and his political agent ultra-nationalists and racist academicians, Muslims of Burma particularly, the Rohingya people of Arakan has been denied citizenship rights and become stateless people or foreigners in their native home-land Arakan who were living there for many centuries with historical roots.

- Muslims in Burma are being painfully subjected to barbaric and appalling atrocities of extremist Buddhists and security forces of Burmese government. Their lives are in a constant fear and under extremely threats. The brutal Burmese military regime has been carrying out massive atrocities, religious violence, racial discrimination, human rights abuses and restriction of movement on Muslim minority which are neither totally acceptable nor tolerable and these are all against the Universal Declaration of Human Rights (UDHR) and democratic norms.

- Most evidently, starting from the last year June, 2012, Muslim minorities in Burma become suffering victims of widespread racial, religious and political persecutions and violent attacks at the hands of Burmese extremist Buddhist and government security forces and yet still on going the same violence and atrocities against Muslims throughout Burma (Myanmar). Today, Muslims in Burma are under horrible suppression and there is no scope of any security protection given to the Muslims by the President Thein Sein’s quasi-civilian government and its security forces because they themselves either directly or indirectly involved in the ongoing violence and anti-Muslim campaigns in collaboration with racist monks and Buddhist extremists to vanish and annihilate the Muslims from the land of Burma.

- There have been two rounds of religious violence and terrorist attack erupted on the Rohingyas and Kaman Muslims in Arakan State, the western part of Burma in the last year. The first round is in June 2012 and the second round is in October 2012 which ultimately resulted over 25,000 Muslims includes men, women, and children have been butchered and untold numbers of Rohingyas and Kaman Muslims were missing when they were escaping the violence and still unknown where about. Hundreds of Muslim women and young girls were raped by the Buddhists and Burmese security forces while more than 125,000 Muslims includes Rohingyas and Kaman have been displaced and now they are living in the concentration camps in Sittwe (Akyab), Arakan State as internally displaced persons (IDP). The Burmese Government do not take any concrete program and planning yet to resettle the displaced Muslims to their original places and locations nor given any appropriate compensations to them for the loss and destruction of their houses and properties which were burned down and destroyed in the violence and terrorist attack by the Buddhist extremists and government security forces. Instead of amicably resolving the problem by protecting minority and innocent Muslims, the President Thein Sein led Burmese government and its security forces covertly supported the Buddhist rioters and racist monks, which created greater hardships for the defenseless Muslims.

- Meanwhile, due to fear of extreme repression, brutal methods of torturing, killing, looting and arbitrary confiscation of Muslim properties, disappearances and rape of Muslim women, mass arrest, restriction of movement, harassment, inflicting physical and causing mental harm as well as other kinds of human rights violations such as blocking of humanitarian aid and relief goods, education and employment restriction, dire living conditions in the camps, and restriction on five time daily religious prayer services, several thousands of Muslim Rohingyas so far have fled the country in rickety (overcrowded) boats through Indian Andaman sea and eventually they managed to reach somehow to Thailand, Malaysia, Indonesia, India and Sri Lanka after several days voyaging in the sea without foods and water while hundreds of people have drowned already at sea because of engine breaking down. Currently, these boat people are under detention of Thailand, Malaysia and some are in Indonesia and Sri Lanka respectively.

- Subsequently, another new wave of violence erupted on Burmese Muslims in Meiktila town of Mandalay region in central Burma on March 20, 2013 and now this violence has spreading all over cities, townships, and Muslim villages in central Burma and other eastern parts including the former capital city of Rangoon. As a result of extensive violence and anti-Muslim campaigns orchestrated by the Buddhist people, according to reliable news information from the ground, at least 30 mosques include Madaras and Maktabs have been destroyed and burnt down into ashes in front of the police personals and security forces. Hundreds of Burmese Muslims were killed in this violence by the Buddhist extremists and many injured. Several business properties, shops, stores and houses owned by the Burmese Muslims were burnt and destroyed while more than 20,000 Burmese Muslims were displaced and now they are taking shelter at the stadium complex in central Burma. They have no enough foods, no medical services and lack of other necessary shelter and equipment at this time for the contemporary life survival.

- Unfortunately, neither United Nations – UN, European Union – EU, United States Government (U.S.), ASEAN, nor civilized world communities of the 21st century has initiated any affirmative action or positively raised voice against the inhumane atrocities, worst human massacre and the grim condition of Muslims in Burma. International communities including world veto power 5 countries are still so quiet and not taking any practical action on military backed Burmese government, despite receiving daily news through various media groups, watching the horrific video, and pictures of this unprecedented genocide of Muslims at the hands of Burmese security forces, civilian political party leaders, racist monks and Buddhist extremists in Burma.

Taking everything into accounts of the suffering Muslims in Burma and pursuing their grim condition, on behalf of the Burmese Rohingya American Friendship Association (BRAFA), I sincerely want to request all of the participant Muslim brothers and sisters in this Muslim American Society (MAS) Convention including world-wide Muslim Ummah to help and provide moral and material support to the suffering Muslims in Burma and also demand the United Nations Security Council and US Government to dispatch international peace keeping forces to save the lives of the innocent and unarmed Muslims of Burma. Thein Sein led Burmese government does not give enough protection to the Muslim people and therefore, they are in need of international protection immediately.

BRAFA Chairman Shaukhat Kyaw Soe Aung alias MSK Jilani highlighted the situation of suffering Muslims in Burma at the MAS Convention- Milwaukee Chapter are as follows.- Burma is located in Southeast Asia and it is majority Buddhist country with a population of an estimated more than 60 million people consisting of Buddhist, Muslim, Christian, Hindu and other religious groups. Muslim settlements and propagation of Islam in Burma has been widely documented by Arab, Persian, European and Chinese travelers in the 8 century A.D.

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ ကွယ်လွန်

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ ကွယ်လွန် 

လေဖြတ် ရောဂါ ခံစားနေရတဲ့ အသက် ၈၇ နှစ် အရွယ် မာဂရက် သက်ချာဟာ ငြိမ်းငြိမ်း ချမ်းချမ်း သေဆုံး သွားတာ ဖြစ်တယ်လို့ သူရဲ့ ပြောခွင့် ရသူက ပြောပါ တယ်။

ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်လည်း ဖြစ်တဲ့ မာဂရက် သက်ချာဟာ  ဗြိတိန် ဝန်ကြီးချုပ် တာဝန်ကို ၁၉၇၉ ကနေ ၁၉၉၀ ခုနှစ် အထိ ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဗြိတိန်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်ပြီး၊ ၁၉၇၉ ခုနှစ် သူအာဏာ ရရှိချိန် မှာတော့ ဗြိတိန်ရဲ့ နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲ ခဲ့သူ ဖြစ်ပါတယ်။

မာဂရက်သက်ချာဟာ အခု ခေတ်မှာတော့ နိုင်ငံတကာ အဆင့် အထိ သြဇာ အရှိဆုံးနဲ့ အသိမှတ်ပြု အခံရဆုံးသော ဗြိတိသျှ ခေါင်းဆောင် တဦး ဖြစ်ခဲ့ပါတယ်။

လေဖြတ် ရောဂါ ခံစားနေရတဲ့ အသက် ၈၇ နှစ် အရွယ် မာဂရက် သက်ချာဟာ ငြိမ်းငြိမ်း ချမ်းချမ်း သေဆုံး သွားတာ ဖြစ်တယ်လို့ သူရဲ့ ပြောခွင့် ရသူက ပြောပါ တယ်။ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်လည်း ဖြစ်
တဲ့ မာဂရက် သက်ချာဟာ ဗြိတိန် ဝန်ကြီးချုပ် တာဝန်ကို ၁၉၇၉ ကနေ ၁၉၉၀ ခုနှစ် အထိ ထမ်းဆောင် ခဲ့
တာ ဖြစ်ပါတယ်။

မိတ္ထီလာရှိ မွတ်စလင် ဒုက္ခသည် စခန်းများတွင်း အခြေအနေ အလွန်ဆိုးရွားလျက်ရှိ

ဧပြီ ၈ ၊၂၀၁၃

မိတ္ထီလာမြို့ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးကြရသော မွတ်စလင်များအား ထားရှိသည့် ဒုက္ခသည်စခန်းများ တွင် အခြေအနေအလွန်ဆိုးရွားလျက်ရှိသည်မြန်မာသတင်းများတွင် လှူဒါန်းမှုများ၊ ကူညီမှုများကို ဝေေ၀ဆာဆာရေးသားဖော်ပြနေကြသော်လည်း မွတ်စလင် ဒုက္ခသည်များအတွက်မူ ထိန်းသိမ်းရေး စခန်းကဲ့သို့ ဖြစ်နေကြောင်း၊ အစားအသောက် အနေအထိုင် အခြေအနေ အလွန်ဆိုးလျက်ရှိကြောင်း မိသားစုဝင်များကဆိုသည်။

နယူးဇီလန်ဖုန်းကုမ္ပဏီသူဌေး၏ရုပ် အလောင်းကို ရဲတပ်ဖွဲ့ကပြန်လည် တွေ့ရှိ...

နယူးဇီလန်ဖုန်းကုမ္ပဏီသူဌေး၏ရုပ်အလောင်းကို ရဲတပ်ဖွဲ့ကပြန်လည်
 တွေ့ရှိ...

 (8.4.2013, Monday)
 **********************************************
 
ပြီးခဲ့သောရက်သတ္တပတ်က နယူးဇီလန်မြောက်ပိုင်းကျွန်း၏ အနောက်ဘက်
 ကမ်းရိုးတန်းပင်လယ်ထဲသို့ ပျက်ကျသွားခဲ့သော အပေါ့စားလေယာဉ်ငယ်
 အပျက်အစီးများနှင့်အတူ ရုပ်အလောင်း(၂)ခုကို ရဲတပ်ဖွဲ့နှင့် ရေတပ်တို့မှ 
 တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ထိုအလောင်းများသည် 
 နယူးဇီလန်(၂)ဒီဂရီမိုဘိုင်းဖုန်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ 
 အဲရစ်ဟာ့ဇ်နှင့် သူ၏ဇနီးကေသီတို့ဖြစ်ကြောင်း ဒေသခံမီဒီယာကပြော 
 ကြားခဲ့သည်။၎င်းတို့စုံတွဲသည် အင်ဂျင်နှစ်လုံးတပ်လေယာဉ်ငယ်ဖြင့် 
 ခရစ်ချာ့မြို့သို့ ပျံသန်းစဉ်အင်ဂျင်ပြဿနာကြောင့် လေယာဉ်ပေါ်မှ သတင်း
 ပေးပို့ခဲ့သေးကြောင်း သိရသည်။ကမ်းခြေစောင့်တပ်နှင့် ရေတပ်မှ
 ရေငုပ်ကျွမ်းကျင်သူများသည် ရေအောက်အနက်မီတာ(၅၀)တွင် လေယာဉ်
 အပျက်အစီးအပိုင်းအစများကိုတွေ့ခဲ့ကြောင်း၊လေယာဉ်ပျက်ကျရသည့်
 အကြောင်းရင်းနှင့်ပတ်သက်၍ သဲလွန်စရှာလို့မရသေးကြောင်း မြို့ပြ
 လေကြောင်းအာဏာပိုင်များက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ
 သိရသည်။

**********************************************

Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From > SkyNet TV Browser<< Thank

(8.4.2013, Monday)

ပြီးခဲ့သောရက်သတ္တပတ်က နယူးဇီလန်မြောက်ပိုင်းကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းပင်လယ်ထဲသို့ ပျက်ကျသွားခဲ့သော အပေါ့စားလေယာဉ်ငယ် အပျက်အစီးများနှင့်အတူ ရုပ်အလောင်း(၂)ခုကို ရဲတပ်ဖွဲ့နှင့် ရေတပ်တို့မှ တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

နှစ် ၂၀ အတွက် တရုတ်ပြည်အား ကျေးဇူးတင်ကြောင်း မြန်မာ သမ္မတ ပြော

တနင်္လာနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၃ ခုနှစ်
အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများခံခဲ့ရသည့် ကာလများတွင် မြန်မာနိုင်ငံအား ကူညီပံ့ပိုးမှုများ ပေးခဲ့သည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း တရုတ်နိုင်ငံသို့ ခေတ္တရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။China Daily သတင်းစာနှင့် သီးသန့်တွေ့ဆုံစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖုန်း မျက်နှာပြင်အား ပွတ်ဆွဲပြီး သော့ဖွင့်သည့် လုပ်ဆောင်ချက်နှင့် ပတ်သက်၍ Apple အား ဂျာမနီတွင် တရားစွဲ

ဖုန်း မျက်နှာပြင်အား ပွတ်ဆွဲပြီး သော့ဖွင့်သည့် လုပ်ဆောင်ချက်နှင့် ပတ်သက်၍ Apple အား ဂျာမနီတွင် တရားစွဲ

Monday 8th April 2013 

ကမ္ဘာကျော် စမတ်ဖုန်း ကုမ္ပဏီဖြစ်သည့် Apple ကုမ္ပဏီမှ ထုတ်လုပ်သည့် Apple ဖုန်းများ၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည့် ဖုန်းမျက်နှာပြင်အား

ပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့် လုပ်ဆောင်ချက်အား ဖျက်ပေးရန် ဂျာမနီ နိုင်ငံ၏ မူပိုင်ခွင့် တရားရုံးမှ အမိန့် ချမှတ်လိုက်သည်။

Apple ကုမ္ပဏီ၏ စမတ်ဖုန်းများတွင် ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်း အသုံးပြုထားခြင်းကို မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် Motorola ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့မှ ဂျာမနီ နိုင်ငံ တရားရုံးတွင် တရားစွဲဆိုထားရာ Apple ကုမ္ပဏီမှ ပြန်လည် အယူခံဝင် ထားကြောင်း သိရှိရသည်။ ရေပြင်ညီအလိုက် လက်ကိုအသုံးပြု၍ လုပ်ဆောင်ရသည့် နည်းပညာသည် အသစ် တီထွင်ထားခြင်း မဟုတ်ဟု ယူဆထားသည့် အတွက် ဥရောပသမဂ္ဂ စံနှုန်း ၊ မူပိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိကြောင်း ဂျာမနီနိုင်ငံ ဗဟိုမူပိုင်ခွင့် တရားရုံးမှ မှတ်ချက်ချထားသည်။ Apple ကုမ္ပဏီမှမူ အဆိုပါ လုပ်ဆောင်ချက်သည် စမတ်ဖုန်း အသုံးပြုသူများ ပိုမို လွယ်ကူစေရန် အသုံးပြုထားသည့် ရည်ရွယ်ချက်သာ ရှိပြီး တိကျသည့် နည်းပညာ ပြဿနာကို ဖြေရှင်းထားခြင်း မဟုတ်ပါဟု အယူခံဝင်ထားသည်။

MRTV- 4

Monday 8th April 2013

ကမ္ဘာကျော် စမတ်ဖုန်း ကုမ္ပဏီဖြစ်သည့်Appleကုမ္ပဏီမှထုတ်လုပ်သည့်Apple ဖုန်းများ၏ လုပ်ဆောင်ချက်
တစ်ခုဖြစ်သည့်ဖုန်းမျက်နှာပြင်အားပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့်လုပ်ဆောင်ချက်အားဖျက်ပေးရန် ဂျာမနီ
နိုင်ငံ၏ မူပိုင်ခွင့် တရားရုံးမှ အမိန့် ချမှတ်လိုက်သည်။

Facebook home က Windows Phone OS ကိုကော်ပီကူးသည် ဟုဆို

Facebook home က Windows Phone OS ကိုကော်ပီကူးသည် ဟုဆို

Windows Phone OS မှာ Vice President ကိုယ်တိုင် ပြောတဲ့ စကား ဖြစ်ပါတယ်။ လက်ရှိ Facebook ကမိတ်ဆက်ပေးလိုက်တဲ့ Android မိုဘိုင်း အတွက် Facebook Home ဟာ Microsoft ရဲ့  Windows Phone ကိုပဲ ပြန် ကော်ပီကူးထားတယ်လို့ တပ်အပ် ဝေဖန်လိုက်ခြင်း ဖြစ်ပါတယ်။

Home က “people-centric” overlay ဒီဇိုင်းကိုပဲ အခြေခံပြီး ယူတဲ့ အတွက် လွန်ခဲ့တဲ့ လေးနှစ်က Microsoft တို့ ချပြခဲ့တဲ့ နည်းပညာနဲ့ တစ်ထပ်တည်းကျနေတယ်လို့ ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့် Microsoft ဟာ Facebook ကိုတောင် တရားစွဲနိုင်တဲ့ အနေအထား တစ်ခုမှာရှိကြောင်း ခန့်မှန်းပြောဆိုခဲ့ကြ ပါတယ်။ Microsoft မှ ပြောဆိုဝေဖန်မှုကို Facebook မှ တုန့်ပြန်ပြောဆိုမှု မရှိသေးကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

TechSpace Journal

Windows Phone OS မှာ Vice President ကိုယ်တိုင် ပြောတဲ့ စကား ဖြစ်ပါတယ်။ လက်ရှိ Facebook ကမိတ်ဆက်ပေးလိုက်တဲ့ Android မိုဘိုင်း အတွက် Facebook Home ဟာ Microsoft ရဲ့  Windows Phone ကိုပဲ ပြန် ကော်ပီကူးထားတယ်လို့ တပ်အပ် ဝေဖန်လိုက်ခြင်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ သဘာဝ ဘေးဒဏ်ခံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီး ယား စွမ်းအင်စက်ရုံမှ ရေဒီယို သတ္တိကြွ အရည် တန် ၁၂ဝ ခန့် ယိုစိမ့်နေ

ဖူကူရှီးမား နျူကလီးယား စက်ရုံမှ ရေဒီယို သတ္တိကြွ အရည် တန် ၁၂ဝ ခန့် ယိုစိမ့်
Monday, April 8, 2013

တိုကျို ဧပြီ ၇
ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ သဘာဝ ဘေးဒဏ်ခံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီး
ယား စွမ်းအင်စက်ရုံမှ ရေဒီယို သတ္တိကြွ အရည် တန် ၁၂ဝ ခန့်ယိုစိမ့်ခဲ့ကြောင်း
ယင်းစက်ရုံအား လည်ပတ်နေသည့် တိုကျို လျှပ်စစ်စွမ်းအင် ကုမ္ပဏီ (TEPCO) က ဧပြီ ၆ ရက်တွင် ပြောကြား ထားသည်။

၎င်းအရည်များသည် နျူကလီးယား ဓာတ်ပေါင်းဖို အအေးပေး စနစ်အတွက် မြေအောက်တွင် သိုလှောင်ထား သောရေလှောင်
ကန် ခုနစ်ခုအနက် တစ်ခုမှ ယိုထွက်နေခြင်း ဖြစ်ကြောင်း TEPCO က ကြေညာချက် တစ်စောင်တွင် ပြောကြားထားသည်။

အဆိုပါ ရေဒီယို သတ္တိကြွ အရည်များ ယိုစိမ့်မှုသည် မည်သည့် အတွက်ကြောင့် ဖြစ်ပေါ်သည် ဆိုခြင်းကို လည်းကောင်း၊ မည်
သည့်အချိန်တွင် ဖြစ်ပွားခဲ့ သည်ကို လည်းကောင်း TEPCO က ပြောကြားထားခြင်း မရှိပေ။ သို့သော် ရေလှောင်ကန်သည် 
ပင်လယ်မှ မီတာ ၈ဝဝ ခန့် အကွာတွင် တည်ရှိခြင်းကြောင့် ၎င်း
သတ္တိကြွ အရည်များသည် သမုဒ္ဒရာ အတွင်းသို့ ယိုစိမ့်မှု မရှိဟု ယူဆရကြောင်း TEPCO က ပြောကြား ထားသည်။

ယိုစိမ့် ထွက်သွားသော ရေများအတွင်း ပါဝင်သည့် ရေဒီယို သတ္တိကြွ ပမာဏမှာ ခန့်မှန်းခြေ အားဖြင့် ၇၁ဝ gigabecquerel ခန့် ရှိကြောင်း 
ကုမ္ပဏီ က ပြောကြားထားသည်။

ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ သဘာဝ ဘေးဒဏ်ခံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စွမ်းအင်စက်ရုံမှ ရေဒီယို 
သတ္တိကြွ အရည်တန် ၁၂ဝ ခန့်ယိုစိမ့်ခဲ့ကြောင်းယင်းစက်ရုံအားလည်ပတ်နေသည့် တိုကျို လျှပ်စစ်စွမ်းအင်
ကုမ္ပဏီ (TEPCO) က ဧပြီ ၆ ရက်တွင် ပြောကြား ထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်စီးနင်းလာတဲ့ ခရီးသယ်တင်ကား မတော်တဆမှုဖြစ်ပွား

မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်စီးနင်းလာတဲ့ ခရီးသယ်တင်ကားတစီးဟာ ဧပြီလ ၇ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နားမရောက်ခင် ကီလိုမီတာ ၅၀လောက်မှာ ဘရိတ်ပေါက်သွားပြီး ခရီးသည် ၃ယောက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရုပ်သံတခုမှာ ထုတ်လွင့်သွားပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းနံပါတ်များနှင့် တိုင်ကြား နိုင်သော ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းနံပါတ်များနှင့် တိုင်ကြား နိုင်သော ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ နေပြည်တော် ဧပြီ ၇ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်သူတို့၏ လုံခြုံရေးအား ကူညီ ဆောင်ရွက်ရန်နှင့် ပြည်သူလူထုမှ ပူးပေါင်း ကူညီရန် အတွက် ထူးခြားဖြစ်စဉ် သတင်းများ၊ ပြည်သူလူထု၏ နစ်နာချက်များ၊ ရဲတပ်ဖွဲ့များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်မှုများ၊ အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ် ၁၉၉ တယ်လီဖုန်းများ၊ အော်တို တယ်လီဖုန်းများ တပ်ဆင် ပေးထားကြောင်း သိရှိရသည်။

အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်ဆုံ ဖြစ်ပါတယ်။ 

အန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ်။ 

အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေပြီး အမျိုးသား တစ်ယောက်က Rape လုပ်ဖို့ ကြိုးပမ်းပြီဆိုရင် လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။ 

ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လုံးဝမရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့  နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်း အမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာ ဖြစ်ပါတယ်။ ဝတ်ထားတဲ့သူကတော့ ဘာမှ မဖြစ် ပါဘူး။ 

နောက်ထပ်ပိုကောင်းတာ တစ်ခုက ဝတ်ဆုံမှာ GPS ပါဝင်ပြီး လျှပ်စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်း လှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။ ဒီတော့ ဝတ်ဆုံ ဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူများ အနေနဲ့ မိမိချစ်သူများကို ဖတ်တဲ့ အခါ သတိထားရန်လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/04/blog-post_5696.html

--

အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်ဆုံ ဖြစ်ပါတယ်။ အန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ်။

နေပြည်တော် မဟာသင်္ကြန် မဏ္ဍပ် (ဗဟို)တွင် ယိမ်းအဖွဲ့များ အလှည့်ကျ ဖျော်ဖြေ တင်ဆက် သွားမည်

နေပြည်တော် မဟာသင်္ကြန် မဏ္ဍပ် (ဗဟို)တွင် ယိမ်းအဖွဲ့များ အလှည့်ကျ ဖျော်ဖြေ တင်ဆက် သွားမည်


နေပြည်တော်၌ မဟာသင်္ကြန် ပွဲတော်ကို မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဦးစီး၍ ဗဟို မဏ္ဍပ်ကို မြို့တော်ခန်းမ ရှေ့၌ ဆောက်လုပ်ပြီး ဧပြီ ၁၃ ရက် သင်္ကြန် အကြိုနေ့ ညနေ ၅ နာရီခွဲတွင် ဖွင့်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ဖွင့်ပွဲ အခမ်းအနားကို ယဉ်ကျေးမှု ၀န်ကြီးဌာန အစီအစဉ်ဖြင့် ဖျော်ဖြေသွားမည် ဖြစ်ကြောင်းနှင့် မဟာသင်္ကြန် ကာလအတွင်း
နံနက် ၉ နာရီမှ ည ၇ နာရီအထိ ၀န်ကြီး ဌာနများ ယိမ်းအဖွဲ့နှင့် ကုမ္ပဏီ ယိမ်းအဖွဲ့များ စုစုပေါင်း ယိမ်းအဖွဲ့ ၁၇ ဖွဲ့ဖြင့် အလှည့်ကျ ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီ စီမံဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပုဂ္ဂလိက ရေကစား မဏ္ဍပ်များကို ဇမ္ဗူသီရိ မြို့နယ် ရာဇသင်္ဂဟ လမ်းမကြီးပေါ် ဟိုတယ် ဇုန်တွင် ဆောက်လုပ်လျက် ရှိရာ (Golden Guest Hotel) ရွှေဧည့်သည် ဟိုတယ်ရှေ့ တွင် ရွှေသံလွင် ကုမ္ပဏီ ရေကစား မဏ္ဍပ်၊ Royal Kumudra Hotel ရှေ့တွင် ဟိုတယ် မိသားစု၏ ရေကစား မဏ္ဍပ်နှင့် အိုအေစစ် ဟိုတယ်ရှေ့တွင် နေပြည်တော် (FC) ရေ ကစား မဏ္ဍပ်များ ဆောက်လုပ်နေကြောင်း သိရသည်။


http://bit.ly/11I4hsU

နေပြည်တော်၌ မဟာသင်္ကြန် ပွဲတော်ကို မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဦးစီး၍ ဗဟို မဏ္ဍပ်ကို မြို့တော်ခန်းမ ရှေ့၌ ဆောက်လုပ်ပြီး ဧပြီ ၁၃ ရက် သင်္ကြန် အကြိုနေ့ ညနေ ၅ နာရီခွဲတွင် ဖွင့်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊

ခရမ်းလွန်ရောင်ခြည်နဲ့ ယခုနှစ် ၂၀၁၃ မဟာသင်္ကြန်

ခရမ်းလွန်ရောင်ခြည်ဆိုတာ ခရမ်းလွန် UV ဆိုတာ Ultra Violet Radiation ရဲ့အတိုကောက် အခေါ်အဝေါ်ဖြစ်ပါတယ်။ အမှန်တော့ နေရောင်မှာပါလာတဲ့ အလင်းတန်းလျပ်စစ်သံလိုက်လှို်င်းတွေရဲ့ တစ်စိတ်တစ်ပိုင်းပါဘဲ။ လိုရင်း ပြောရရင်တော့ UV ဆိုတာ စွမ်းအားမြင့်တဲ့ စွမ်းအင်ဖြာထွက်မှုဘဲ ဆိုပါတော့။ တကယ်တော့ ကမ္ဘာပေါ်မှာ ဘယ်နေရာ ဘယ်ဒေသမှာဘဲ နေနေ၊ နေရောင်ခြည်ကိုသာ ခံစားရတယ်ဆိုရင် UV ရောင်ခြည်ရဲ့ ပြင်းအား အဆင့်တစ်ခုခုကိုတော့ ခံစားကြမှာ အမှန်ဖြစ်ပါတယ်။

ရဲဝတ္တရား နှောင့်ယှက်မှုဖြင့် လူ(၄)ဦးအား ကျောက်တံတားစခန်းမှ တရားစွဲ

ရဲဝတ္တရား နှောင့်ယှက်မှုဖြင့် လူ(၄)ဦးအား ကျောက်တံတားစခန်းမှ တရားစွဲ
Monday, April 8, 2013


ဧပြီလ(၄)ရက်နေ့ ကိုရဲမင်းဦးအားရုံးထုတ်လာစဉ် တာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ၏  တာဝန်နှင့် ၀တ္တရားကို   နှောင့်ယှက်သည်ဆိုကာ ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမျိုးသမီးတစ်ဦးအပါအ၀င် လူ(၄)ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းက သိရှိရသည်။

 

တရားစွဲဆိုရာတွင် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအုပ်ဦးသိန်းနိုင်မှ တရားလိုပြုလုပ်၍ (ပ) ၁၃၁/၂၀၁၃   ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၅၃/၅၀၆) ပြည်သူ့ဝန်ထမ်းအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ရာဇ၀တ် မကင်းသော ခြောက်လှန့်မှုများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

တရားစွဲဆိုခံရသူ (၄)ဦးမှာ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုချစ်ကိုလင်း၊ ကိုရဲမင်းဦး ၏ညီဖြစ်သူ ကိုရဲမင်းအောင်၊ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီမှ ကိုရဲမြတ်ဟိန်းနှင့် မနွဲ့နှင်းရည်(ခ) နိုးနိုးတို့ ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့အနေနဲ့ အမှုဖွင့်ထားပြီးဖြစ်လို့ ထွက်ချက်ပေးရတယ်။ ကိုယ်ထိလက်ရောက် တွန်းထုတ်တယ် ခြိမ်းခြောက်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စွပ်စွဲတယ်၊ ပြန်လည် တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက် စကားလုံးသုံးတယ်ဆိုပြီး ခေါ်စာမှာ ရေးထားတယ်၊ အဲဒါတွေကို ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုပြီး ထွက်ဆိုချက်မှာ ရှင်းလင်းပေးခဲ့တယ်”ဟု (၈၈) မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းက ပြောသည်။

 

ဧပြီလ(၆)ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲစခန်းမှ တရားစွဲဆိုခံရသူ(၄)ဦးကို ဆင့်ခေါ်စာဖြင့်ခေါ်ယူပြီး ရဲစခန်းတွင် ဧပြီလ(၇)ရက်နေ့၌ ထွက်ဆိုချက်ပေးခဲ့ရကြောင်း သိရှိရသည်။

 

 “ကိုယ်ပိုင်ခံဝန်နဲ့ ထွက်လာခဲ့တယ်၊ တရားရုံးကို ဘယ်နေ့စွဲတင်မလဲဆိုတာတော့ မသိသေးဘူး၊ ရဲစခန်းမှာ လာဖြေ ရှင်းတယ် ဆိုတာကလည်း ဥပဒေကို လေးစားတယ်ဆိုတာပြတဲ့အနေနဲ့ ဖြေရှင်းခြင်းဖြစ်တယ်၊ ဥပဒေကို လေးစားသလို ဥပဒေရဲ့ အကာအကွယ်ကိုလည်း လိုချင်ပါတယ်၊ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ သက်ဆိုင်ခြင်းမရှိဘူး ဆိုပြီးဖြေရှင်းခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

 

 ယခု တရားစွဲဆိုခံရသူများမှာ ၎င်းတို့ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာစဉ် ပထမဦးဆုံးအကြိမ်အဖြစ် တရားစွဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အခင်းဖြစ်ပွားရာတွင် ကိုရဲမင်းဦးအား ရုံးထုတ်လာစဉ် မိသားစုနှင့်တွေ့ခွင့်ပေးရန် မိတ်ဆွေများနှင့် စကားပြောခွင့် ပေးရန် တောင်းဆိုရာမှ ပဋိပက္ခအသွင်စတင်ခဲ့ခြင်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

 

“မိသားစုနဲ့တွေ့ခွင့်ဆိုတာကို ဥပဒေက ခွင့်ပြုပေးပြီးသား၊ သူ့ရဲ့ရှေ့နေ မိသားစု မိတ်ဆွေတွေနဲ့ တွေ့ဆုံခွင့်ကို ဥပဒေက ခွင့်ပြုပေးထားတယ် ၊ လာတဲ့သူတွေကလည်း မိတ်ဆွေနဲ့ သူ့ညီတောင်ပါတယ်။ ညီပါ တရားခံ ဖြစ်ရ တယ်ဆိုတော့ ၀မ်းနည်းစရာကောင်းတယ်၊ ဒီလောက်လူအုပ်ကြီးရှိနေတဲ့အချိန်မှာ ၃၅၃ ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊  ကျွန်တော်တို့လူတွေဟာ မင်းမဲ့ဝါဒီတွေ မဟုတ်ဘူး ဥပဒေကို လေးစားတဲ့သူတွေဖြစ်တယ်၊ ဒါကိုပြန်ပြီး သုံးသပ်မယ်လိုတော့ ယုံကြည်တယ်။ အမှုဖွင့်စစ်ဆေးတဲ့ အဆင့်ဆိုတော့ ပြောရတာ နည်းနည်းတော့ စောသေး တယ်”ဟု အဆိုပါအမှုအားလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က သုံးသပ်သည်။

 

လက်ရှိတွင် တရားစွဲခံရသူ (၄)ဦးကို ကိုယ်ပိုင်ခံဝန်ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် လတ်မှတ်ထိုးထား ခဲ့ရပြီး တရားရုံး၌စွဲချက်တင်ရန်နေ့ အတိအကျ မသိရှိရသေးကြောင်းကိုလည်း သိရှိရသည်။

ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup

Monday, April 8, 2013

ဧပြီလ(၄)ရက်နေ့ ကိုရဲမင်းဦးအားရုံးထုတ်လာစဉ် တာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်နှင့် ၀တ္တရားကို နှောင့်ယှက်သည်ဆိုကာ ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမျိုးသမီးတစ်ဦးအပါအ၀င် လူ(၄)ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းက သိရှိရသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ဖို့ဝိန်းရောက် မြန်မာမွတ်စလင်များ ရှုံချ ဆန္ဒပြ




ဧပြီ-၇-၂၀၁၃



အမေရိကန်ပြည်ထောင်စု ဖို့ဝိုန်းမြို့မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်
ပွားနေတဲ့ အစ္စလာမ်ဘာသာဝင်များအပေါ် အကြမ်းဖက်မှုများကို ရှုံ့ချတဲ့အနေနဲ့ ဧပြီလ (၇) ရက်နေ့မှာ ဖို့
ဝိုန်းမြို့ တရားရုံးရှေ့တွင် စုဝေးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

စင်္ကာပူမှာ မြန်မာအိမ်ဖေါ်တွေ ထွက်ပြေးနှုန်း မြင့်တက်လာ

စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ မိန်းကလေးတွေဟာ ကာလကြာရှည် လုပ်ခလစာ မရတာကြောင့် အလုပ်က ထွက်ပြေးသူတွေ များပြားလာနေတယ်လို့ စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။

ရော့ခ်တေးသံရှင်ကြီးဇော်ဝင်းထွဋ် နှင့်အမျိုးသမီး ပေါ့ပ် အဆိုတော် ၃ဦးရဲ့ ဂီတဖျော်ဖြေ ပွဲယမန်နေ့ညပိုင်းက ကျင်းပပြုလုပ်


ရော့ခ်တေးသံရှင်ကြီးဇော်ဝင်းထွဋ် နှင့်အမျိုးသမီး ပေါ့ပ် အဆိုတော်၃ ဦးဖြစ်ကြသော မေဆွိ။ဟေမာနေ၀င်း
။ထွန်းအိဲန္ဒြာဗိုလ် တို၃ ဦး၏ ပူးပေါင်းဖျော်ဖြေခြင်းအဖြစ် မောင်ယုံလား နှစ်ယောက်မရှိဘူးဟု ခေါင်းစဉ်ပေး
ထားသော ဖျော်ဖြေပွဲကိုဧပြီလ 7 ရက် ည ၇ နာ၇ီ အချိန်က အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ ခဲ့သည်။

လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ် ဧပြီ၇ရက်ည ၇နာရီကကျင်းပ


ဧပြီ၇ရက်ည ၇နာရီက အရှေ့ မြင်းပြိုင်ကွင်းနှင့် ပင်ရွှေညောင်လမ်းထောင့်ရှိ ရွှေထွဋ်တင်တွင် လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲ ဖိုင်နယ် ကျင်းပခဲ့သည်။ပထမ-အကယ်ဒမီ ယဉ်ကျေးမောင်၊ဒုတိယ- ကျွန်ုပ်တို့ သည်၊တတိယ-အပြာရဲ့ အနီ သံချပ်အဖွဲ့ များက ရရှိခဲ့သည်။ဓါတ်ပုံ -မင်းမင်းထွန်း

ဥရောပ ကော်မရှင် ပေါ်တူဂီကို သတိပေး

ဥရောပ ကော်မရှင် ပေါ်တူဂီကို သတိပေး

ဧပြီလ ၈ ရက် ၂၀၁၃   
 
နိုင်ငံတကာ ငွေကြေး အကူအညီ ရရှိဖို့ အတွက် လက်ခံပြီးသား အချက်တွေကို မချိုးဖောက်ဖို့ ဥရောပ ကော်မရှင်က ပေါ်တူဂီ နိုင်ငံကို သတိပေး လိုက်ပါတယ်။

နောက်ထပ် ဘဏ္ဍာငွေ အထောက်အပံတွေ ထပ်ရဖို့အတွက် သဘောတူညီပြီးသား အစီအစဉ်တွေကို အရင်ဆုံး အကောင်အထည် ဖော်ရမှာ ဖြစ်တယ်လို့ ဥရောပ ကော်မရှင်က ထုတ်ပြန် ခဲ့ပါတယ်။
အစိုးရရဲ့ ချွေတာရေး အသုံးစရိတ် တချို့ကို အခြေခံ ဥပဒေ ခုံရုံးက ပယ်ချ လိုက်ပြီးနောက် ပေါ်တူဂီ ဝန်ကြီးချုပ် Pedro Passos Coelho က အသုံးစရိတ် ဖြတ်တောက်မှု အသစ်တွေ လုပ်ဖို့ ချပြခဲ့ပါတယ်။

ကျန်းမာရေး၊ လူမှုဖူလုံရေးနဲ့ အစိုးရ လုပ်ငန်းဌာနတွေကို နောက်ထပ် အသုံးစရိတ် ဖြတ်တောက်မယ် ဆိုပြီး ပေါ်တူဂီ ဝန်ကြီးချုပ်က အခွန်တွေ တိုးမြှင့် ခဲ့ပါတယ်။

BBC

ဧပြီလ ၈ ရက် ၂၀၁၃

နိုင်ငံတကာ ငွေကြေး အကူအညီ ရရှိဖို့ အတွက် လက်ခံပြီးသားအချက်တွေကို မချိုးဖောက်ဖို့ဥရောပ ကော်
မရှင်က ပေါ်တူဂီ နိုင်ငံကို သတိပေး လိုက်ပါတယ်။

ကချင်အရေးမှာ တရုတ်တို့က အမေရိကန်နဲ့ ယူကေတို့ မပါစေချင်တာ ဘာကြောင့်လဲ

ကချင်အရေးမှာ တရုတ်တို့က အမေရိကန်နဲ့ ယူကေတို့ မပါစေချင်တာ ဘာကြောင့်လဲ

ဧပြီလ ၈ ရက် ၂၀၁၃  

ပြီးခဲ့တဲ့ ရွှေလီ ဆွေးနွေးပွဲအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုတို့ အခု ရက်ပိုင်း မြစ်ကြီးနားမြို့မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ဆွေးနွေးပွဲ ပျက်ခဲ့ရတာဟာ တရုတ် နိုင်ငံဘက်က ကန့်ကွက်မှုကြောင့်လို့ ကချင် လူထု အခြေပြု အဖွဲ့တွေကပြော ပါတယ်။တရုတ်တို့က ဒီဆွေးနွေးပွဲမှာ ကုလ သမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် တို့ ပါဝင်မှာကို ကန့်ကွက် တာဟာ သူတပါး နိုင်ငံရေးကို ဝင်ရောက် စွက်ဖက် တာလို့ အဲဒီအဖွဲ့က ပြောပါတယ်။ 

အစိုးရနဲ့ ကေအိုင်အို မတ် ၁၁ ဒုတိယအကြိမ် တွေ့မယ်တရုတ်တို့က မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား ဖြစ်နေတဲ့ ပဋိပက္ခမှာ ကြားဝင်ပေးမယ်ဆိုပြီး ကမ်းလှမ်းပါဝင်လာခဲ့တာဖြစ်တယ်၊ ဒီလိုပါလာရတာကလည်း တရုတ်နယ်စပ်ဖြစ်နေတာ၊ စီးပွားကုန် သွယ်ဘက် ဖြစ်နေတာနဲ့ ရင်းနှီးမြှတ်နှံမှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ တုန်းက တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ရွှေလီမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ကို ထောက်ခံ ရပ်တည်ဖို့ တက်ရောက်ခဲ့တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တွဲဘက် အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောပါတယ်။ 

နောက်ဆွေးနွေးပွဲကို တရုတ်တို့က သူ့နိုင်ငံထဲမှာဘဲ ဖြစ်စေချင်ပြီး၊ တရုတ်၊ မြန်မာအစိုးရနဲ့ ကေအိုင်အို သုံးဖွဲ့ ဆွေးနွေးဖို့သာ လိုလားတယ်၊ ကုလသမဂ္ဂ အမေရိကန် ယူကေ တို့ပါလာခြင်းဖြင့် အခြေအနေကို ပိုရှုတ်ထွေးစေမယ်လို့ ယူဆပြီး အခုလောလောဆယ် ပါဝင်ဖို့ မလိုအပ်သေးဘူးလို့ သဘောထားပေးတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ နိုင်ငံတကာက ကြားဝင်ဖို့ ကမ်းလှမ်းလာခဲ့ကာချိန်မှာ သူမဝင်ရင် သူ့ရဲ့ နယ်စပ်မှာ တခြား နိုင်ငံတွေက ပါဝင်ပတ်သက်လာမယ်ဆိုတဲ့ အမြင်၊ သူ့ရဲ့ ရေရှည် အကျိုးစီးပွား စတာတွေကြောင့် တရုတ်တို့က ကမန်းကတမ်း ပေါ်လစီကို ပြောင်းပြီး ကြားဝင်ဖို့ ကမ်းလှမ်းခဲ့တာလို့ ယူဆကြောင်း ဦးခွန်ဥက္ကာက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပထဝီ နိုင်ငံရေးအနေအထားအရ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ သူတို့ရဲ့ အမျိုးသားလုံခြုံရေး ပေါ်လစီတွေအရ တွက်ချက်ပြီး တရုတ်နဲ့ အနောက်နိုင်ငံတွေ မြန်မာ့အရေးမှာ အားပြိုင်နေကြတာဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကာက သုံးသပ်ပါတယ်။

BBC

ဧပြီလ ၈ ရက် ၂၀၁၃

ပြီးခဲ့တဲ့ ရွှေလီ ဆွေးနွေးပွဲအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုတို့ အခု ရက်ပိုင်း မြစ်ကြီးနားမြို့မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ဆွေးနွေးပွဲ ပျက်ခဲ့ရတာဟာ တရုတ် နိုင်ငံဘက်က ကန့်ကွက်မှုကြောင့်လို့ ကချင် လူထု အခြေပြု အဖွဲ့တွေကပြော ပါတယ်။တရုတ်တို့က ဒီဆွေးနွေးပွဲမှာ ကုလ သမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် တို့ ပါဝင်မှာကို ကန့်ကွက် တာဟာ သူတပါး နိုင်ငံရေးကို ဝင်ရောက် စွက်ဖက် တာလို့ အဲဒီအဖွဲ့က ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော မြန်မာတပ်မတော်သား ၁၃ ဦးကို ပြန်လည်တွေ့ရှိ

ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် အနီးတွင် ဧပြီလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်နှင့် တိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု မှားယွင်းစွာ သတင်းပို့မိခဲ့ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်သို့ ပြန်လည်အကြောင်းလိုက်ကြောင်း သိရသည်။