Pages

Saturday, April 6, 2013

မုံရွာ မီးလောင်မှုနောက်ဆက်တွဲသတင်း (ည ၁၀ နာရီ ၅ မိနစ်)

ည ၁၀ နာရီ ၅ မိနစ်

မုံရွာ မီးလောင်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများလည်းရှိနိုင်ကြောင်း ယခုအချိန်ထိ ကယ်ထုတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ခံများ
မှလည်း စာနာစိတ်၊ အပြည့်အ၀ဖြင့် ၀ိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်းများသည် အသက်ကိုပဓာနမထားဘဲ သက်စွန့်
ဆံဖျားဆောင်ရွက်နေပါကြောင်း သိစေအပ်ပါရန်..။

ကူးဆက်လောင်ကျွမ်းခြင်းမရှိပါကြောင်း၊ စိုးရိမ်ရမည့်အခြေအနေမ
ဟုတ်တော့ပါကြောင်း၊ ..။ 

Monywa Times

မုံရွာမီးလောင်မှုဖြစ်စဉ်တွင်ဒဏ်ရာရရှိသူများလည်းရှိနိုင်ကြောင်းယခုအချိန်ထိ ကယ်ထုတ်ရန် ဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိသည်။မြို့ခံများမှလည်းစာနာစိတ်၊အပြည့်အ၀ဖြင့် ၀ိုင်းဝန်းဆောင်ရွက်လျက်ရှိ
ကြောင်း၊မီးသတ်တပ်ဖွဲ့ဝင်းများသည်အသက်ကိုပဓာနမထားဘဲ သက်စွန့်ဆံဖျားဆောင်ရွက်နေကြောင်းလဲ
သိရသည်။

မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် ၊မိတ်ဆက်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ယနေ့ည ၉ နာရီအချိန်တွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားနေ

ကြားဖြတ်သတင်း
မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် ၊မိတ်ဆက်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ယနေ့ည ၉ နာရီအချိန်တွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားနေ
================================
မုံရွာ ၊ဧပြီ ၆ ည ၉ နာရီ
မုံရွာတိုင်မ်း ရုပ်သံသတင်းထောက်မှ သွားရောက်သတင်းရယူနေပါသည်.။
ဆက်လက်၍ တင်ပြပေးပါမည်..။

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From > Monywa Times<< Thank

မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် ၊မိတ်ဆက်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ယနေ့ည ၉ နာရီအချိန်
တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်းသတင်းရရှိပါသည်။ နောက်ဆက်တွဲသတင်းများတင်ပေးပါဦးမည်။
မုံရွာတိုင်မ်း ရုပ်သံသတင်းထောက်မှ သွားရောက်သတင်းရယူနေပါသည်.။

မြန်မာ နှစ်ဆန်း တန်ခူးလတွင် ပြုလုပ်လေ့ရှိသော တနင်္သာရီတိုင်းမြိတ်မြို့က ကျားအကပွဲ

မြိတ်မြို့မှ ကျားအက သိမှတ်ဖွယ်ရာ
-------------------------------------------

မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ နှစ်ဆန်း တန်ခူးလ ၌ ကလေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ မှတ်တမ်း တစ်ခု ၏ အဆိုအရ ပလောရိုးရာ ဟု ဆိုသလို၊ အချို့ က ပသျှူးတို့ ၏ အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း ဆိုကြပြန်ရာ အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့် မည်သို့ဆက်နွယ် သနည်းဟု စဉ်းစားမိရပြန် ပါသည်။မည်သည့် အဆက်အနွယ် ဖြစ်စေ ကျားက၏... ထူးခြားမှုများကတော့ မှတ်သားဖွယ်ဖြစ်သည်။

ယခင်က နှစ်စဉ် တန်ခူးလဆန်း ၇ ရက်နေ့တွင် စတင်၍ ငါးရက်ကြာ ကျင်းပလေ့ရှိသည်ဟု မှတ်တမ်းတစ်ခု၌ တွေ့ရသည်။ မြိတ်ရောက်၍ ကျားက ကမည့် သူများနှင့် ဆုံရသောအခါ ကျားဆေး ထိုးခြင်း ဟူသည့် ကိစ္စကို သိရပြန် သည်။ ကျားဆေးထိုးထားသူ ကသာ ကျားက ကကြသည်ဟု သိရသည်။ ကျားဆေး ထိုးခြင်းမှာလည်း ကျားဆေး ဆရာက ကန်တော့ပွဲ ပူဇော်ပွဲများနှင့် ထိုးပေး သည်ဟု ဆိုကြသည်။

ကျားဆေးထိုး ထားသော ကျားက ကသူများသည် ကျားက မကမီ၌ ကျားအရေခွံနှင့် အလားသဏ္ဍာန် တူသည့် အ၀ါ အနက် အနီ အစင်း ကြားများကို ခန္ဓာကိုယ်တွင် သုတ် လိမ်းရသည်။ ကျားဆိုင်း ၊ ဗုံယကွင်း တို့တီးကာ ကျားက ကသည်။ ကျားစိတ်ဝင်ကာ တွေ့ရာ ကိုက် ရာ ကျားက သူ ခံတွင်း၌ သံပရာသီးငုံကာ ကသည်။ မီးခိုး မှိုင်းတိုက်၍ ကျားစိတ်ကို နုတ်ရသည်။ ကျားကဲ့သို့ မာန်တက်ကာ ကသော ကျားကပွဲမှာ ကျားထိန်းများက ချူပ်နှောင် ထိန်းပေးရသည်။ ကျားက ကရင်း ကျားစိတ်ဝင်သူမှာ ဘေးမှ ကိုက်စရာ ကုတ်စရာမရှိလျှင် ကိုယ့်ကိုယ်ကိုယ် ကုတ်ကိုက်သည် အထိ ကျားမာန် တက်သော ကပွဲဖြစ်ပေသည်။ ကျားက ပွဲကြည့် ပရိသတ်ထဲ၌ ကျားဆေးထိုးထား သူရှိလျှင် ထိုသူလည်း ကျားစိတ်ဝင်ကာ က၀ိုင်းထဲ ၀င်လာတတ်သည်ဟုလည်း ဆိုပေရာ ကျားဆေးထိုးထားသူများ ကျားကပွဲတွင် ၀ိုင်းဘေးသို့ မလာဘဲ ရှောင်ပြေး တတ်ကြသည်ဟု ဆိုပေသည်။ မြိတ်တွင် ကျားကပွဲများ အတွေ့ ရနည်းလာပြီ ဟုလည်း ဆိုကြလေသည်။

စိန်မျိုးမြင့်၏ မြိတ်ကျွန်းစု အလှများဆီသို့ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

Ye Thurein Min FB မှ ရေးသားဖော်ပြချက်အား ထပ်မံ ကူးယူ ဖော်ပြပါသည်။

Video link
http://www.facebook.com/video/video.php?v=210369965669621


(ဖေါ်ပြပါဓာတ်ပုံမှာ ပုလောမြို့နယ်မှ ကျားအက ဖြစ်ပါသည်။)
-------------------------------------------------------------------------------------------

မြိတ်ပုလဲမြေ

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From > Tanintharyi Thar<< Thank

မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ နှစ်ဆန်း တန်ခူးလ ၌ ကလေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ မှတ်တမ်း တစ်ခု ၏ အဆိုအရ ပလောရိုးရာ ဟု ဆိုသလို၊ အချို့ က ပသျှူးတို့ ၏ အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း ဆိုကြပြန်ရာ အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့် မည်သို့ဆက်နွယ် သနည်းဟု စဉ်းစားမိရပြန် ပါသည်။မည်သည့် အဆက်အနွယ် ဖြစ်စေ ကျားက၏... ထူးခြားမှုများကတော့ မှတ်သားဖွယ်ဖြစ်သည်။

(၆-၄-၀၁၃)ရက်နေ့ မိတ္ထီလာသတင်း

BREAKING NEWS,,,(၆-၄-၀၁၃)ရက်နေ့ မိတ္ထီလာခရိုင်အားကစားကွင်းအတွင်းမှ ဒုက္ခသည်များအား စစ်ကားကြီးများဖြင့် တစ်အိမ်ထောင်လျှင် (၂)ယောက်နှုန်းဖြင့် ခေါ်ဆောင်သွားခဲ့ခြင်း(၆-၄-၂၀၁၃)ရက်နေ့ မိတ္ထီလာခရိုင်အားကစားကွင်းအတွင်းမှ အစွန်းရောက်ဗုဒ္ဓဘာသာအကြမ်းဖက်များ၏ လုယက်၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီး ခိုးဝှက်မှုကြောင့် ဒုက္ခရောက်ခဲ့ကြရသော မွတ်စ်လင်မ်ဒုက္ခသည်များအား မိမိတို့နေအိမ်များသို့ လက်ကျန်ပစ္စည်းများကောက်ယူ သိမ်းဆည်းရန်ဟု ပြောပြီး စစ်ကားကြီးများဖြင့် တစ်အိမ်ထောင်လျှင် (၂)ယောက်နှုန်းဖြင့် ခေါ်ဆောင်သွားခဲ့ပါသည်။

ဂျက်စတင်ဘီဘာ၏ ဖျော်ဖြေပွဲကြောင့် နော်ဝေ နိုင်ငံတွင် စာမေးပွဲ ဖြေဆိုမည့် ရက်ကို ရွှေ့ဆိုင်းခဲ့ရ

ဂျက်စတင်ဘီဘာ၏ ဖျော်ဖြေပွဲကြောင့် နော်ဝေ နိုင်ငံတွင် စာမေးပွဲ ဖြေဆိုမည့် ရက်ကို ရွှေ့ဆိုင်းခဲ့ရ

နော်ဝေနိုင်ငံ အော်စလို မြို့၌ ယခုလ နှောင်းပိုင်းတွင် ကျင်းပ ပြုလုပ်မည့် ဂျက်စတင် ဘီဘာ၏ ဖျော်ဖြေပွဲကြောင့် ယင်းနိုင်ငံတွင် မကြာမီ ပြုလုပ်မည့် စာမေးပွဲ ဖြေဆိုမည့် ရက်ကို ရွှေ့ဆိုင်း ခဲ့ရေ ကြာင်း

သိရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ ဂျက်စတင်ဘီဘာသည် နော်ဝေ ပရိသတ်များ၏ အားပေးမှုကို ရရှိထားသူ တစ်ဦး ဖြစ်ကြောင်းနှင့် မြို့အပြင်ဘက်တွင် နေထိုင်သော ကျောင်းသား၊ ကျောင်းသူ များသည် ၎င်း ဖျော်ဖြေ ပွဲသို့ သွားရောက် အားပေးပြီး စာမေးပွဲကို လာရောက်ဖြေဆိုမှု မရှိမည်ကို တာဝန်ရှိသူ များက စိုးရိမ်လျက် ရှိကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများသည် ဂျက်စ တင် ဘီဘာ၏ ဖျော်ဖြေပွဲသို့ သွားရောက် အားပေးနိုင်ဖွယ် ရှိခြင်းကြောင့် အော်စလိုမြို့မှ မိုင် ၂၃ဝ ကွာဝေးသော နေရာတွင် တည်ရှိသည့် အာလီ ဆက်ဒ် ဒေသရှိ ကျောင်းငါးကျောင်းသည် စာမေး ပွဲ ဖြေဆိုမည့် ရက်ကို ပြောင်းလဲ ခဲ့ရသည်။

http://bit.ly/11BeeZ7

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From >မြ၀တီ << Thank

နော်ဝေနိုင်ငံအော်စလိုမြို့၌ယခုလနှောင်းပိုင်းတွင်ကျင်းပပြုလုပ်မည့်ဂျက်စတင်ဘီဘာ၏ ဖျော်ဖြေပွဲကြောင့်
ယင်းနိုင်ငံတွင် မကြာမီ ပြုလုပ်မည့် စာမေးပွဲ ဖြေဆိုမည့် ရက်ကို ရွှေ့ဆိုင်း ခဲ့ရေ ကြာင်းသိရသည်။

ဗုံးခွဲ တိုက်ခိုက် မည့် သတင်းကြောင့် ဘူးသီးတောင် မြို့ နယ်တွင် အာဏာ ပိုင်များ သတိပေး

ဗုံးခွဲ တိုက်ခိုက် မည့် သတင်းကြောင့် ဘူးသီးတောင် မြို့ နယ်တွင် အာဏာ ပိုင်များ သတိပေး
=========================================

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသော သတင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင်ကြရန် ပြောကြားထားသည်ဟု သတင်း ရရှိသည်။
အစိုးရ တာဝန်ရှိသူများက ပြည်သူများအား သတိပေးထားသဖြင့် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ကောလဟလ သတင်း မဟုတ်ပါကြောင်း ဘူးသီးတောင် အမှတ် (၆) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။

“ ခုဖြစ်နေတဲ့ သတင်းက ကောလဟလ သတင်းဆိုပီး ပြောလို့ မရဘူး။ အာဏာပိုင်တွေ ကိုယ်တိုင်က လူထုကို သတိထားပြီး နေထိုင်ကြဖို့ ပြောထားတဲ့ အတွက် ဒါ ဖြစ်နိုင်ချေ ရှိနေပါတယ်” ဟု သူက ပြောသည်။

လက်ရှိ ရထားသော သတင်းများ အရ ဧပြီ (၆) ရက်နှင့် (၁၁) ရက်နေ့များတွင် မွတ်ဆလင် အကြမ်းဖက် အဖွဲ့ တစ်ခုမှ ဗုံးခွဲ တိုက်ခိုက်ရန် အစီအစဉ် ရှိသည်ဆိုသော သတင်းအား ရရှိထားကြောင်း အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သို့အတွက် လူထုအား စားသတိ၊ လာသတိ ထားရှိကြရန် ဒေသ အာဏာပိုင်များက နီးစပ်ရာမှ တဆင့် သတိပေး ပြောကြားထားကြောင်း သူက ဆိုသည်။

ဘူးသီးတောင်မြို့နယ် ရတပ ပါတီ အဖွဲ့ဝင် တစ်ဦးမှလည်း ဘူးသီးတောင်တွင် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ လူထုအား သတိထား နေထိုင်ကြရန် အာဏာပိုင်များက ပြောကြားထားသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

၎င်းပြင် နယ်စပ် တလျှောက်တွင် တပ်မတော်မှ လုံခြုံရေး အစီအမံများကို ယခင်ကထက် တိုးမြှင့် ဆောင်ရွက်နေပြီး နယ်မြေလုံခြုံရေးကိုလည်း အထူးဂရုစိုက်လျှက်ရှိသည်ဟု သူက ဆိုသည်။

Ref;နိရဉ္စရာ

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From >Myanmar News International << Thank

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့တွင်ဗုံးခွဲတိုက်ခိုက်မည်ဆိုသောသတင်များကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေ
ပြီးအာဏာပိုင်များမှလည်းပြည်သူများကိုသတိနှင့် နေထိုင်ကြရန် ပြောကြားထားသည်ဟု သတင်း ရရှိသည်။

နိုင်ငံတ၀န်း ဖြစ်ပွားခဲ့တဲ့ ၉၆၉ တရားပွဲများမှ စွပ်စွဲချက်များ ပြန်လည်ဖြေရှင်းချက်

ယနေ့နိုင်ငံတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့၉၆၉ တရားပွဲများတွင်တရားဟောဆရာတော်များစွပ်စွဲပြောဆို နေကြ
တာနဲ့ပတ်သတ်ပြီးဖြေရှင်းချက်များလည်းရှိနေပါတယ်။ ကိုဟင်းဒရစ်ရဲ့အဖြေစကားများကို ဖော်ပြပေးလိုက်
ပါတယ်။
၁..မြန်မာပြည်မှာနေပီး မြန်မာတွေ မသိအောင် ဗလီထဲမှာ လူမှုရေး စီးပွားရေး လူမျိုးရေးစတဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေလုပ်တာ...
ဖြေ ၁ ။ ။ အရှင်ဘုရား ... မုစ်လင်မ်တွေရဲ့ ဗလီဆိုတာ ၀တ်ပြုဖို့ပါ၊ ဗလီထဲမှာ စီးပွားရေး လူမှုရေး၊ လူမျိုးရေး လုံးဝ (လုံးဝ) လုပ်ခွင့်မရှိတဲ့ နေရာပါ ဘုရား။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈လမ်းရှိ မဒ်ရ်စဟ် ဆွာဒီကီယဟ် ဟိဖ်ဇလ်ကုရ်အာန် ကျောင်းမှအသိပေးကြေငြာချက်ထုတ်ပြန်

Shareပေးကြပါ

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈လမ်းရှိ မဒ်ရ်စဟ် ဆွာဒီကီယဟ် ဟိဖ်ဇလ်ကုရ်အာန် ကျောင်းနှင့်ပတ်
သတ်ပြီး အသိပေးကြေငြာချက်ထုတ်ပြန် ထားကြောင်းသတင်းရရှိပါသည်။ အစ္စလာမ်ဘာသာဝင်ညီနောင်
များ အားလုံး အဆိုပါအသိပေးကြေငြာချက်ကို မိမိနှင့်နီးစပ်ရာကိုပြောပြပေးကြပါ။

တန်ဖိုးနည်း Sim Card များ အပေါ် ပြည်သူတို့ အမြင်

"ကျနော့်နာမည်နဲ့ ၁၉၉၅ လောက်က နိုင်ငံတော်က GSM တစ်လုံးချပေးတယ်၊ ဆက်သွယ်ရေးကို ၅ သိန်းကျပ်သွင်းရတယ်လေ၊ ကျနော်ကလည်း ၀န်ထမ်းဆိုတော့ အသုံးလိုမဲ့ ဘုရင့်နောင်ပွဲရုံက ကျနော့ သူငယ်ချင်း တသ်ယောက်ကို ၄၃ သိန်းနဲ့ ရောင်းလိုက်တယ်၊ ခု အဲ့ဒီသူငယ်ချင်းကို အားနာနေမိပေမဲ့၊ သူကတော့ ကျနော် ခင်ဗျားဆီက ၀ယ်လိုက်တဲ့ ဖုန်းနဲ့ စီးပွားရှာနေတာပဲဗျာ၊ အားနာနေစရာ မလိုပါဘူး ဆိုလို့ တော်ပါသေးရဲ့ဗျာ" လို့ အငြိမ်းစား ဒု/ညွှန်မှူးတစ်ဦးက ပြောသည်။

Mata mata လို့အမည်ရတဲ့တောင်အမေရိကန် ခေါင်းကြီးလိပ်

တောင်အမေရိကန် ခေါင်းကြီးလိပ်

Mata mata လို့အမည်ရတဲ့ လိပ်များ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိင်း ခေါင်းအရွယ်ဟာ သိသိသာသာ ကြီးမားနေမှာ ဖြစ်ပါတယ်။

အရွယ်အစားအားဖြင့် ၁ ပေခွဲထက်ပိုမကြီးပါဘူး။ ရေချိုလိပ်မျိုး များ ဖြစ်ပြီး တောင်အမေရိက မှာပဲ တွေ့မြင်နိုင်တဲ့ လိပ်များ ဖြစ် ပါတယ်။ လည်ပင်းရှည်ပြီး ခေါင်းကြီးပါတယ်။ ဒီတော့ အခြားသော လိပ်မျိုး များလို ခေါင်းကို လိပ်ခွံထဲ ဝှက်ထားလို့ မရပါဘူး။

အရောင်အသွေးကတော့ အနက်ရောင်၊ အညိုရောင်၊ မြေနီရောင်၊ ရွံ့  ရောင် များ အထိကွဲပြားပါတယ်။ ချောင်းမြောင်း၊ အင်းအိုင်များထဲမှ ငါးငယ်များကို စားသုံးပြီး အသက်ရှင်နေထိုင်နိုင်ပါတယ်။ ကိုလံဘီယာ၊ ဘရာဇီး၊ ဗင်နီဇွဲလား တို့လို နိုင်ငံမှာ အတွေ့များပြီး မဖမ်းဆီးရ တားမြစ်ထားတဲ့ ရေသတ္တဝါတစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki

ရိုးရာလေး ဗဟုသုတ

http://www.yoyarlay.com/entertainment/123-discovery/35044-mata-mata

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From > YoYarLay<< Thank

Mata mata လို့အမည်ရတဲ့ လိပ်များ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိင်း ခေါင်းအရွယ်ဟာ သိသိသာသာ ကြီးမားနေမှာဖြစ်ပါတယ်။အရွယ်အစားအားဖြင့်၁ပေခွဲထက်ပိုမကြီးပါဘူး။ရေချိုလိပ်မျိုး များ ဖြစ်ပြီး တောင်
အမေရိက မှာပဲ တွေ့မြင်နိုင်တဲ့ လိပ်များ ဖြစ် ပါတယ်။

ယနေ့ကျင်းပပြုလုပ်သော မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်အဖွဲ့ပေါင်းစုံတွေ့ဆုံဆွေးနွေးပွဲမှ အစ္စလာမ်ဘာသာဝင်များ၏ အနာဂတ်ဘ၀ကံကြမ္မာများ အတွက်သဘောထားကြေငြာချက်ထုတ်ပြန်

ကြေညာချက် ( မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် အဖွဲ့ပေါင်းစုံတွေ့ဆုံဆွေးနွေးပွဲ  )

ဧပြီလ ၆- ၂၀၁၃

ဧပြီလ ၆- ၂၀၁၃
ယနေ့ကျင်းပပြုလုပ်သော မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်အဖွဲ့ပေါင်းစုံတွေ့ဆုံဆွေးနွေးပွဲမှ
အစ္စလာမ်ဘာသာဝင်များ၏ အနာဂတ်ဘ၀ကံကြမ္မာများ အတွက်သဘောထားကြေငြာချက်ထုတ်ပြန်ခဲ့
ကြောင်းသတင်းရရှိပါသည်။

"ဦးသန့်အိမ်" ပြတိုက်ကို ယနေ့ညနေပိုင်းကဖွင့်လှစ်

ဧပြီလ ၆ ရက် ၂၀၁၃

ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သော ဦးသန့်အား ဂုဏ်ပြုသောအားဖြင့် ၎င်းနေထိုင်ခဲ့ရာအိမ်အား ပြုပြင်ထိန်းသိမ်း၍"ဦးသန့်အိမ် " ပြတိုက်အား ယနေ့ ညနေတွင် အကြို ဖွင့်လှစ်ခဲ့သည်။၁၉၉၆ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးထမ်းဆောင်ခဲ့ပြီး ကျူးဘားဒုံးပျံအကျပ်အတည်းကဲ့သို့သောပြဿနာများအား အောင်မြင်စွာကိုင်တွယ်ဖြေရှင်း နိုင်ခဲ့ သော ပန်းတနော်မြို့သား ဦးသန့်အား

အမေရိကန် နိုင်ငံက ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက် ချထား

အမေရိကန် နိုင်ငံက ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက် ချထား


မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်မှု ပေးနိုင်သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။

အမေရိကန် အမှတ် (၂၃) ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်အင်အား ၂၅ဝ ခန့်သည် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ မြောက်ပိုင်း ယီဂျောင်ဗြူ အရပ်ရှိ စတန်လေ စခန်းတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်ရာတွင် နျူကလီးယား တင်ဆောင်နိုင်သော B-52 ဗုံးကြဲ လေယာဉ်များနှင့် B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်များအား အသုံးပြု ခဲ့သည့်အတွက် အမေရိကန် နိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့ အကြား အခြေအနေ များသည် ပိုမို တင်းမာလျက် ရှိကြောင်း သိရသည်။ ထို့အပြင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများအား တုံ့ပြန်ရန် အတွက် အမေရိကန် နိုင်ငံသည် ၎င်း၏ စွမ်းအားမြင့် ပဲ့ထိန်းဒုံး စနစ်ကို ဂူအမ်ကျွန်း၌ ဖြန့်ကြက်ချထား သွားမည် ဖြစ်ကြောင်း မတ် ၂၇ ရက်က ကြေညာခဲ့သည်။ ၎င်း ဒုံးကျည် ကာကွယ်ရေး စနစ်တစ်ခုတွင် ဒုံး ကျည် ပစ်စင်ပါ ထရပ်ကား၊ ကြားဖြတ် တိုက်ခိုက်ရေး ဒုံးကျည်များ၊ ရေဒါစနစ် တစ်ခုနှင့်  ပစ်မိန့်ပေး စနစ်တို့ ပါဝင်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသည် ၎င်းတို့၏ ခြိမ်းခြောက်မှု များကြောင့် မြောက်ကိုရီးယား နိုင်ငံ၏ နည်းပညာ မြင့်မား၍ သေးငယ် ပေါ့ပါးသော နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ခြင်းကို ခံရလိမ့်မည် ဖြစ်ကြောင်း ကိုရီးယား ပြည်သူ့ တပ်မတော်၏ ဦးစီးအရာရှိ တစ်ဦးက မတ်၂၈ ရက်တွင် ထုတ်ပြန်သည့် ကြေ ညာချက် တစ်စောင်၌ ခြိမ်းခြောက် ပြောကြား ထားခဲ့သည်။

 
http://www.myawady.net.mm/allnews/global/item/10956-2013-04-06-08-50-04



မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်မှု ပေးနိုင်သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။

"လားရှိုးတွင် သင်္ကြန် မဏ္ဍပ်ဆာက်လုပ်ရန် ဈေးဆိုင်ခန်းရှင်များအား မထည့်မနေရ ငွေကောက်ခံနေ"

"လားရှိုးတွင် သင်္ကြန် မဏ္ဍပ်ဆာက်လုပ်ရန် ဈေးဆိုင်ခန်းရှင်များအား မထည့်မနေရ ငွေကောက်ခံနေ"

လားရှိုး၊ ဧပြီ ၆

ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် မကြာမီ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်အတွက် မြို့မဈေး သင်္ကြန် မဏ္ဍပ်ပြုလုပ်ရန် ဟုဆိုကာ လားရှိုးမြို့ စည်ပင်မှ ဈေးခေါင်းနှင့် ဈေးအကျိုးဆောင် ဥက္ကဌ တို့က ဦးဆောင်ပြီး ဈေးဆိုင်ခန်းတစ်ခန်းလျင်  အပေါ်ထပ်ဖြစ်ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ သတ်မှတ်ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်းလားရှိုးမြို့မဈေး ဈေးဆိုင်ခန်း ပိုင်ရှင်များကပြောသည်။

"မထည့်ဘူးမပြောပါဘူး၊ စေတနာရှိသလောက်တော့ ဖြစ်စေချင်တာပါ၊ ဒါကို သူတို့က သတ်မှတ်ချက်နဲ့ လာပြီးအတင်းဆိုတော့ စိတ်ကုန်တယ်ဗျ၊ အရင်ခေတ်ကလိုမှတ်နေကြတာ"ဟု ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦး ကပြောကြားသည်။

မိမိတို့ ပျံကျဈေးသည်များအားလည်းကောက်ခံကြောင်း၊ ပျံကျတစ်ဦးလျင်   ကျပ် ၄၀၀၀ ပေးဆောင်နေရကြောင်း၊ ဈေးထွက်ခွင့်ကိုမူ ယခု ဧပြီလ ၁ ရက်နေ့ မှစတင်ပြီး နံနက် ၇း၀၀ နာရီမှ နေ့လည် ၂း၀၀ ထိခွင့်မပြုတော့ကြောင်း၊ ဈေးကွဲမှ ဈေးရောင်းချခွင့်ရသဖြင့် အခက်အခဲများ ကြုံနေရကြောင်း ပျံကျဈေးသည်အချို့ ကပြောသည်။
ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက"ယခုကဲ့သို့ စည်ပင်အနေဖြင့် ပြည်သူ လူထုအပေါ် အတင်း အကျပ် ငွေကောက်ခံခွင့်မရှိကြောင်း ၊ အောက်ခြေ ၀န်တမ်းများရော၊ အပေါ်ဝန်ထမ်းများပါ ဒါကို သဘောပေါက်ပြီး အာဏာပါဝါ သုံးစွဲခြင်းကိုရှောင်ရှား သင့်ကြောင်း" ပြောသည်။

ပျံကျဈေးသည်များကလည်း ယခင်လို နံနက်မှစတင်ပြီး ဈေးရောင်းခွင့်ရလိုကြောင်း ပြောသည်။

စည်ပင်ဝန်ထမ်း တစ်ဦးကမူ ဈေးရောင်းချခွင့် မပေးခြင်းမဟုတ်ကြောင်း၊ စာကပ်ပေးထားကြောင်း၊ အချိန်အတိုင်းအတာ သတ်မှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောပြပါသည်။

ခမ်းမြတ်(တောင်ကြီး)

လားရှိုး၊ ဧပြီ ၆

ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် မကြာမီ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်အတွက် မြို့မဈေး သင်္ကြန် မဏ္ဍပ်ပြုလုပ်ရန်ဟုဆိုကာလားရှိုးမြို့စည်ပင်မှဈေးခေါင်းနှင့်ဈေးအကျိုးဆောင်ဥက္ကဌတို့ကဦးဆောင်ပြီး ဈေး
ဆိုင်ခန်းတစ်ခန်းလျင် အပေါ်ထပ်ဖြစ်ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ သတ်မှတ်ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်းလားရှိုးမြို့မဈေး ဈေးဆိုင်ခန်း ပိုင်ရှင်များကပြောသည်။

ထိုင်းလက်နက်ကိုင်နှင့် မြန်မာတပ် ပစ်ခတ်မှု မဖြစ်ခဲ့ဟု ထိုင်းဝန်ကြီး ငြင်းဆို

ဧပြီလ ၆ ရက် ၂၀၁၃

ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက်ကိုင်များနှင့် မြန်မာအစိုးရ တပ်များ သောကြာနေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဝန်ကြီး Surapong Tovichakchaikul ၏ ဖြေရှင်းချက်အား ကိုးကား၍ ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

KNU ခေါင်းဆောင်တဦး ကားမှောက်လို့ ဒဏ်ရာပြင်းထန်

KNU ခေါင်းဆောင်တဦး ကားမှောက်လို့ ဒဏ်ရာပြင်းထန် 
Saturday, April 6, 2013

ကရင် အမျိုးသား အစည်း အရုံး KNU အဖွဲ့၏ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်သည် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီကျော်ကဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်တိမ်း
မှောက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒုဥက္ကဌနှင့်ယာဉ်မောင်းအပါအ၀င် စီနှင်း
လိုက်ပါလာသူများ ၇ ဦး ဒဏ်ရာရ ရှိခဲ့ကြသည့်နက် ဒု ဥက္ကဌမှာ ဘယ်
ဘက်လက်ကျိုးပြီး ညာဘက်နံရီုးအချို့လည်းကျိုးသွားခဲ့သည်။

ဒဏ်ရာပြင်းထန်သည့်ကျန်အမျိုးသမီး ၂ ဦးအနက်တဦးမှာ ဘယ်ခြေကျိုး
သွားကာ ကျန်တဦးမှာခြေ ၂ဘက် စလုံး ကျိုးသွားခဲ့သည်။ ယာဉ်မောင်း
အပါအ၀င်ကျန်လူများမှာ ဒဏ်ရာပြင်ထန်မှုမရှိကြောင်းသိရှိရပြီး ၎င်း   
မော်တော်ယာဉ်မှာ ထိုင်း-မြန်မာနယ်စပ်မယ်လမတ်မြို့နယ်ရှိ ကနဲကျု
အရပ်ရှိ ကားလမ်းမှ တဆင့် ချောက် ထဲသို့  ထိုးကျသွားခြင်းဖြစ်သည်။ 

 ဒဏ်ရာရရှိသူများသည် မဲဆောက်ဆေးရုံကြီးတွင်ဆေးဝါး ကုသမှုခံယူ
လျှက်ရှိပြီး ချောက်ထဲမှ ကားကိုပြန် လည် ထုတ်ယူနိုင်ခြင်းမရှိသေးဘဲ ၎င်းယာဉ်မတော်တဆမှုကို ဒေသ အပိုင်ရဲ ဌာနမှ အရေးယူထားသည်။ 

KNU ဒုဥက္ကဌနှင့်အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၂၁ အခြေစိုက်ရာ ခလယ့်ဒေးတပ်စခန်းတွင် ယမန်နေ့က ပြုလုပ်သည် ၂၈ နှစ်မြောက် ကရင် အမျိုးသမီး အစည်းအ
ရုံး KWO ၏ နှစ် ပတ်လည်အခမ်းအနားမှအပြန်တွင် ယာဉ်တိမ်းမောက်
မှုဖြစ်ပွားခြင်းဖြစ်သည်။ 

ယာဉ်တိမ်းမှောက်ရာနေရာသည် မဲဆောက်မြို့၏မြောက်ဘက်ကီလိုမိ
တာ ၅၀ ခန့်တွင်ဖြစ်ပြီး မယ်လ မတ်မြို့နယ် နှင့်ထာ့ဆောင်ယမ်းမြို့
နယ်အစပ်တွင်တည်ရှိသည်။ 


နောက်ဆုံးရရှိသည့်သတင်းအရ ယာဉ်မောင်းဖြစ်သူစောအယ်မူးသည် နံရိုး ၃ ချောင်းကျိုးသွားပြီးမဲဆောက် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိ
သည်။

 KWO အခမ်းအနားကိုတက်ရောက်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန်နှင့် ခလယ့်ဒေး စခန်း။ 
ဓာတ်ပုံ-ပြည်တော်မြင့်
ဧရာဝတီ။
KWO အခမ်းအနားကိုတက်ရောက်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန်နှင့် ခလယ့်ဒေး စခန်း။
ဓာတ်ပုံ-ပြည်တော်မြင့်
ကရင်အမျိုးသား အစည်း အရုံး KNU အဖွဲ့၏ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်သည် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီကျော်ကဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့် အစီအစဉ် အသိပေးကြေညာ

မြန်မာ့မီးရထားမှသင်္ကြန်ကာလအတွင်းခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတို့တွင် သင်္ကြန်အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်ရာ နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်၊ အမှတ်(၈)အစုန် အမြန်ရထားနှစ်စင်းအပြင် အထူးရထား နှစ်စင်းကို ဧပြီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး

ဘာသာရေး အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရန် ရှေ့နေကြီး ဦးသန်းတင်ရဲ့ အမြင် Interview, သတင်းဆောင်းပါး

ဘာသာရေး အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရန် ရှေ့နေကြီး ဦးသန်းတင်ရဲ့ အမြင်
Interview, သတင်းဆောင်းပါး

ဧပြီ ၅၊ ၂၀၁၃
M-Media
ဆူးထက်

OLYMPUS DIGITAL CAMERA

ရန်ကုန် ။       ။    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော် နှင့် ဘာသာရေးစာသင်ကျောင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး ဥပဒေရှုထောင့်အမြင်ဖြင့် သိရှိနိုင်စေရန် ရည်ရွယ်၍ အသက် (၉၂)အရွယ် ရှိပြီ ဖြစ်သော တရားရုံးချုပ် လွှတ်တော်ရှေ့နေကြီး ဦးသန်းတင်အား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

“ဒီ ဗလီဝတ်ကျောင်းတော်တွေဟာ ဟိုးအင်္ဂလိပ်ခေတ် လက်ထက်အရင် ဗမာဘုရင်တွေ လက်ထက်ကတည်းက ဆောက်လုပ်ခဲ့တာပါ။ ရှေးနှစ်ပေါင်းရာကျော်က ရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေပါ။ “သာသနာရောင်ဝါ ထွန်းပြောင်စေဖို့”ဆိုတဲ့ ပြည်မြန်မာက ထုတ်တဲ့ စာအုပ်ထဲမှာ ဗမာဘုရင်တွေ လက်ထက်က အစ္စလာမ် မြန်မာပြည်သို့ ရောက်ရှိလာပုံ ဆိုတာကို အတိအကျ ရေးထားတယ်။ အဲဒီရာဇ၀င် စာအုပ်ထဲမှာ အစ္စလာမ် ဘာသာဝင်တွေက မြန်မာပြည်ကို စောပြီးရောက်တယ်လို့ ပေးထားတာကို တွေ့ရတယ်။ မင်းတုန်းမင်းကြီးက ရတနာပုံ နေပြည်တော်ကို မြို့တည်တဲ့ နေရာမှာ အစ္စလာမ် ဘာသာဝင်တွေ အတွက် ဗလီဆောက်ဖို့ ၀င်းကြီးတွေ ချပေးပြီးတော့ ဗလီ အသီးသီး ဆောက်လုပ်ခွင့် ပေးခဲ့တယ်။ ဘုရင်ကြီးက မန္တလေး နန်းတည်ခဲ့ရုံသာမက နန်းတော်အတွင်းမှာပါ ရွှေပန္နဗလီကို သူကိုယ်တိုင် ပန္နတ်ချပြီး သူရဲ့ အစ္စလာမ် ဘာသာဝင် စစ်သည်စစ်သားတွေ ငါးကြိမ် လွယ်ကူစွာ ၀တ်ပြုနိုင်ဖို့ အတွက် ဆောက်လုပ်ပေးခဲ့တယ်။ ဒါတင်မကဘူး သူရဲ့ တိုင်းသူပြည်သား အစ္စလာမ်ဘာသာဝင်တွေ တစ်နှစ်တစ်ခါ မက္ကာရွှေမြို့တော်ကို ဘုရားဖူး သွားတဲ့ အခါ အဲဒီမှာ မြန်မာ မွတိစလင်တွေ တည်းခိုနေထိုင်ဖို့ အတွက် သူ့ရဲ့ လူယုံတော်တွေကို လွှတ်ပြီး ဒေါင်းဇရပ်ကြီးကို ဆောက်လုပ်ပေးခဲ့ပါတယ်။”

“မြန်မာဘုရင်တွေ လက်ထက်ကတည်းက အစ္စလာမ် ဘာသာဝင်တွေ ဆွလာဟ်ဝတ်ပြုဖို့ ဆောက်လုပ်ခဲ့တဲ့ ဗလီ ၀တ်ကျောင်းတော်တွေ ဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ် လက်ထက်မှာလည်း ဒီဗလီဝတ်ကျောင်းတော်တွေ တည်ရှိတယ်။ အချိန်မှန် ၀တ်ပြုနေတယ်။ ဒီဗလီတွေဟာ ရှေးဟောင်း အမွေအနှစ်တွေ ဖြစ်တဲ့အတွက် ဆက်လက် ထိန်းသိမ်းရမယ်။ ဦးနု အစိုးရ လက်ထက်တုန်းက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ်ကြေညာတဲ့ အခါမှာ တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် လူနည်းစုများ အဖွဲ့ဖွဲ့ပြီး ကျွန်တော်တို့ ကန်ကွက်ခဲ့ပါတယ်။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ဆိုတာ ရှိတဲ့အတွက် ဟိုးအရင်ကတည်းက ဘာသာဝင်တိုင်းရဲ့ အမွေအနှစ် အဆောက်အဦးတွေကို အစိုးရက ထိန်းသိမ်းခဲ့တယ် ဆိုတာ ရှိတယ်။ အခုလည်း နှစ်ပေါင်းရာကျော်သွားပြီ ဖြစ်တဲ့ ဒီအမွေအနှစ်တွေကို သူတို့ ဖျက်ချင်တိုင်း ဖျက်လို့မရပါဘူး။ ကျွန်တော်တို့က ဒီအမွေအနှစ်တွေကို ခံစားပိုင်ခွင့် ၊ ရပိုင်ခွင့် ရှိတယ်။ ဆောက်လုပ်ခွင့် ပေးစရာ မလိုအောင် ဒီဗလီတွေဟာ ဘုရင်တွေ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက ဆောက်ခဲ့တာပါ ”

‘ကမ္ဘာကပေးတဲ့ ဘာသာရေး လွတ်လပ်ခွင့် အခွင့်အရေးတွေ ရှိတယ်။ လူ့အခွင့်အရေး ရှိတယ်။ ဒါတွေကို ချိုးဖောက်ရင် ကမ္ဘာကို ဆန့်ကျင်တဲ့ သဘောရောက်တယ်။ ကမ္ဘာဥပဒေကို လိုက်နာရင် ဗလီတွေကို လိုက်ဖျက်စရာ မလိုဘူး။ ဗလီတွေကို ဖျက်ပေးရမယ်လို့ ပြောလာရင်လည်း ဘာသာရေး အမွေအနှစ် ဖြစ်တဲ့အတွက် ဒါကြောင့် မဖျက်ပါနဲ့လို့ ဆိုပြီး အဖွဲ့ကြီးငါးဖွဲ့ကနေပြီး သူတို့ကို နို့တစ်စာပေးပြီး တရားရုံးမှာ ရင်ဆိုင်ရင် ကောင်းမယ်။ ပြန်ပြီး တရားစွဲရမယ်။ တရားမစွဲရင် တာဝန်ကျေမှာ မဟုတ်ဘူး။ ရမည်းသင်းမြို့က ဗလီကြီးဆိုရင် ဗမက ရပ်ကွက်ဆိုပြီး ရှိတဲ့ သမိုင်းဝင် မြို့မှာ ရှိတဲ့ ဗလီ ဖြစ်တယ်။ ဗမက ဆိုတာ ဆရာကြီးဦးရာဇတ်တို့ ဖွဲ့ခဲ့တဲ့ ဗမာမွတ်စလင်ကွန်ဂရက် ဖြစ်တယ်။ ဗမာ မွတ်စလင် လှုပ်ရှားမူရဲ့ သမိုင်းဝင် အဖွဲ့အစည်း ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံတော် ဘာသာလုပ်မယ်လို့ အကြံပြုချက်ကို ဗိုလ်ချုပ်က “ဟာ ကျွန်တော်တို့ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် တိုက်တဲ့ အချိန်မှာ မွတ်စလင်တွေလည်း ပါတယ်။ ဗုဒ္ဓဘာသာတွေ ပါတယ်။ ခရစ်ယာန်တွေ ပါတယ်။ ဟိန္ဒူတွေလည်း ပါတယ်။ အခုကျမှ ကျွန်တော်တို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် တစ်ခုတည်းကို နိုင်ငံတော်ဘာသာ လုပ်ရမယ်ဆိုရင် မတရားတဲ့အတွက် လုံးဝ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က ဆိုရှယ်လစ် နဲ့ သွားမယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက ပယ်ချပြီးတော့ တိုင်းပြည်မှာ ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစား မပြုရ ဆိုပြီးတော့ စည်းမျဉ်းလုပ်ခဲ့တယ်။ ပြီးတော့ ၁၉၄၇-ခုနှစ် လူ့အခွင့်အရေးမှာ အတိအကျ ပေးခဲ့တယ်။ နိုင်ငံသားတွေကို အခွင့်အရေး ပေးခဲ့တယ်။”

“အခု ကျွန်တော်တို့ အစ္စလာမ်သာသာဝင်တွေဟာ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ဗိုလ်သင်တန်း ဆိုရင်လည်း မြန်မာမွတ်စလင်တွေ တက်ခွင့်မရဘူး။ တဖတ်သတ် အနိုင်ကျင့်ပြီး လုပ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈-မှာ နိုင်ငံတော်မှာ ဘာသာကြီးလေးရပ် ရှိတယ်လို့ အသိအမှတ်ပြုထားတယ်။ အဲဒါကို ပယ်ဖျက်ပစ်လို့ မရဘူး။ ကမ္ဘာအပြည်ပြည် ဆိုင်ရာ ဥပဒေကို ဆန့်ကျင်ရာရောက်ရင် ကမ္ဘာမှာ မျက်နှာမလှ ဖြစ်မယ်”ဟု M-Media ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

 မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော် နှင့် ဘာသာရေးစာသင်ကျောင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး ဥပဒေရှုထောင့်အမြင်ဖြင့် သိရှိနိုင်စေရန် ရည်ရွယ်၍ အသက် (၉၂)အရွယ် ရှိပြီ ဖြစ်သော တရားရုံးချုပ် လွှတ်တော်ရှေ့နေကြီး ဦးသန်းတင်အား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို စွမ်းအင်ရုံဟောင်း နေရာ၌ ပြောင်းရွှေ့ ဖွင့်လှစ်မည်

လမ်းမတော် မြို့နယ်ရှိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ရောဂါကု ဌာနများ ဖြစ်သော ဆီး နှင့် ကျောက်ကပ် အထူးကု ဌာန ၊ ရင်ခေါင်း ဆေးကု အထူးကုဌာန ၊ ရင်ခေါင်း ခွဲစိတ် အထူးကု ဌာန ၊ အသည်းဆေးကု အထူးကု ဌာန ၊ အသည်း ခွဲစိတ် အထူးကု ဌာန ၊ အဆစ်အမြစ် ဆေးကု ဌာနများ အပါအ၀င် ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ် ကြီးရှိ ဆီး နှင့် ကျောက်ကပ် ခွဲစိတ် အထူးကု ဌာန များကို မင်းရဲ ကျော်စွာလမ်း ရှိ စွမ်းအင် ရုံဟောင်း နေရာ၌ ပြောင်းရွှေ့ ဖွင့်လှစ် မည် ဖြစ်ကြောင်း သိရသည်။

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက်အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနဲ့လျှောက်ထားရမည်…

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။

မြန်မာတပ်မတော်သား ( ၁၃ )ဦး သေဆုံးမှု ထိုင်းစစ်သားများအား မြန်မာအစိုးရ စွပ်စွဲ

ရနောင်း ဧပြီ ၆

ကော့သောင်းဒေသတွင် မြန်မာ -ထိုင်းနယ်စပ်အနီး မြန်မာ့တပ်မတော်သား ၁၃ ဦးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံ Chumphon ဒေသရှိ ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသော ထိုင်းစစ်သား ၆ ဦးအား စစ်ဆေးမေးမြန်း ပေးရန် မြန်မာ အာဏာပိုင်များက ထိုင်းအစိုးရအား တောင်းဆိုထားကြောင်းသိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဂုဏ်ပြု ကြိုဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဂုဏ်ပြု ကြိုဆို
Saturday, April 6, 2013

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စန်းယမြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်အား တရုတ်ပြည်
သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ယနေ့ ညနေ ဒေသစံ တော်
ချိန် ညနေ ၅ နာရီခွဲတွင် စန်းယမြို့ရှိ Sheraton ဟိုတယ် မြက်ခင်းပြင်၌ ဂုဏ်ပြု ကြိုဆိုသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပရာ
သို့ ရောက်ရှိလာရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတက ရင်းနှီး ခင်မင်စွာ ကြိုဆို နှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော် သမ္မတအား တရုတ်နိုင်ငံ ဘက်
မှ တက်ရောက်ကြသူ များနှင့် မိတ်ဆက်ပေးသည်။ အလားတူ နိုင်ငံတော် သ
မ္မတ ကလည်း ၎င်းနှင့်အတူ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက် လာကြသူ များနှင့် ပြန်လည်မိတ်ဆက် ပေးသည်။

ယင်းနောက် နှစ်နိုင်ငံ သမ္မတ တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း
ကို ခံယူကြသည်။ ထိုအချိန်တွင် နိုင်ငံတော် တီးဝိုင်းက ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တို့၏ နိုင်ငံ
တော် သီချင်းများကို ဂုဏ်ပြုတီးမှုတ် ကြသည်။

ထို့နောက် နှစ်နိုင်ငံ သမ္မတတို့သည် ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးကြသည်။

ဆက်လက်၍ နှစ်နိုင်ငံ သမ္မတတို့အား ဂုဏ်ပြုတပ်ဖွဲ့က အမြန်လျှောက်ဖြင့် ချီတက် အလေးပြု ကြသည်။

မြ၀တီ

Saturday, April 6, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံစန်းယမြို့၌ရောက်ရှိနေသောပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံ တော်
သမ္မတဦးသိန်းစိန်အားတရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ယနေ့ ညနေ ဒေသစံ တော် ချိန် ညနေ ၅ နာရီခွဲတွင် စန်းယမြို့ရှိ Sheraton ဟိုတယ် မြက်ခင်းပြင်၌ ဂုဏ်ပြု ကြိုဆိုသည်။

KIA,တိုက်နေတာက ပင်လုံစာချုပ်မူကို ရရှိရေးအတွက်

KIA,တိုက်နေတာက ပင်လုံစာချုပ်မူကို ရရှိရေးအတွက်
==============================
ကချင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲဟာ ပင်လုံစာချုပ်မူကို ရရှိရေးအတွက် တိုက်နေတာပဲ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဖြစ်တဲ့ အချုပ်အခြာအာဏာကို မတရားသိမ်းပိုက်ထားရင်၊ ကြီးနိုင်ငယ်ညှင်းလုပ်ထားကြရင် ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ရမှာလဲ။ ပြည်ထောင်စုကြီး ကြီးပွားစေချင်ရင် စိတ်စေတနာကောင်း ထားပေးကြပါ။

ဗမာတွေ ကျွန်ဖြစ်ခဲ့တုန်းက ဘယ်လိုခံစားရသလဲ။ ကိုယ်ချင်းစာစိတ် ရှိကြပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဆင်းရဲတွင်းနက်ပြီး တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို မတရား ဖျောက်ဖျက်ချင်လို့ မရဘူး။ ဒါမျိုးကို ကမ္ဘာက လက်မခံဘူး။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေ ဗိုလ်ချုပ်အောင်ဆန်းကို ယုံတယ်။ သူ့ကို ယုံလို့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးတာ။ ဗမာလူမျိုးတွေနဲ့ အတူတူ လွတ်လပ်ရေးယူဖို့ ဆုံးဖြတ်ခဲ့တာ။ ကယားပြည်ဆိုရင် အရင်တုန်းက ဗမာပြည်ထဲမှာ မပါဘူး။ သီးသန့် တိုင်းပြည်တစ်ပြည်။ ကယားခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို ယုံတော့ ကယားပြည်ကို ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာ စိတ်ချလက်ချ ထည့်လိုက်ကြတယ်။ အခုတော့ ကယားပြည်ကြီးနဲ့ ကယားလူမျိုး ငါးပါးမှောက်သွားပြီ။ ပင်လုံစာချုပ်နဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ဘ၀ကိုကွက်ပြီး အပ်ခဲ့လိုက်တာ။

ခင်ဗျားတို့ ရခိုင်တွေလည်း ဘာထူးလဲ။ ကျွန်တော်ကြားဖူးတယ်။ ဖတ်ဖူးတယ်။ ရခိုင်ခေါင်းဆောင် ဦးအောင်ဇံဝေက ရခိုင်ပြည်အရေးကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆွေးနွေးခဲ့ကြတယ်။ ဗိုလ်ချုပ်က "ဦးအောင်ဇံဝေ၊ ခင်ဗျားတို့ ကျွန်တော်တို့ တိုင်းရေးပြည်ရာကို ဘယ်တော့ရှင်းရှင်း ၊ ဘယ်လိုရှင်းရှင်း ရတယ်။ လောလောဆယ်မှာ ဒီရှမ်း၊ ကချင်၊ ချင်း ကိစ္စတွေကို ရှင်းရမယ်။ ဦးလေးတို့ ရခိုင်ပညာတတ်တွေ တိုင်းပြည်ကို အုပ်ချုပ်စီမံရမှာပဲ"လို့ ပြောတဲ့အပြောကို ယုံပြီးတော့ ပင်လုံကိုတောင် ရောက်မလာဘူး မဟုတ်လား။ လူတစ်ယောက်အပေါ်မှာ ယုံကြည်မှုများလွန်းခဲ့ကြပါတယ်။ သူမရှိတဲ့အချိန်မှာ ဘာဖြစ်လာမလဲဆိုတာ မတွေးခဲ့ကြဘူး။

SNLD ဥက္ကဌ ဦးခွန်ထွန်းဦး

ကချင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲဟာ ပင်လုံစာချုပ်မူကို ရရှိရေးအတွက် တိုက်နေတာပဲ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဖြစ်တဲ့ အချုပ်အခြာအာဏာကို မတရားသိမ်းပိုက်ထားရင်၊ ကြီးနိုင်ငယ်ညှင်းလုပ်ထားကြရင် ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ရမှာလဲ။ ပြည်ထောင်စုကြီး ကြီးပွားစေချင်ရင် စိတ်စေတနာကောင်း ထားပေးကြပါ။

ကော့သောင်းခရိုင် ထိုင်းနယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မြန်မာတပ်မှာ ခမရ ၄၃၂ မှ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ထိုင်းနယ်စပ်တွင် ယနေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမြန်မာ့တပ်မတော်မှ ၁၃ ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းလုံခြုံရေးဆိုင်ရာအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြထားသည်။ မြန်မာ အစိုးရတပ်များ နယ်စပ် ကင်းလှည့်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့ကတိုက်ခိုက်ခဲ့သည်ကိုမူအတည်ပြု၍မရနိုင်သေးပေ။ ကင်းလှည့် မြန်မာတပ်မှာ ခမရ ၄၃၂ မှဖြစ်ကြောင်းကော့သောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။

အစိုးရတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တန့်ယန်းဒေသခံတွေ စစ်ဘေး လွတ်ရာထွက်ပြေး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA- North တပ်တွေရှိတဲ့ တန့်ယန်းမြို့နယ် အတွင်းက သံလွင်မြစ်တလျှောက်နေရာတွေ ကို အစိုးရတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တန့်ယန်းမြို့နယ် ဒေသခံ ကျေးရွာပေါင်း ၁၆ ရွာက ရွာသူရွာသား တစ်ထောင်နီးပါး ရွှေ့ပြောင်းနေရတယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရှမ်း လူ့အခွင့်အရေး အဖွဲ့က ဧပြီလ ၅ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လားရှိုးက လောင်းကစား ဂိမ်းများနှင့် အရှုံး သံသရာ

 လားရှိုးမြို့ရှိ ငမန်းလောင်းကစား ဂိမ်းစက်များကို ဤသို့မြင်တွေ့ရသည် (ဓာတ်ပုံ – မိုင်အဲမလီ / ဧရာဝတီ)
၂၅ ပေ ပတ်လည်ခန့်ရှိသည့် အခန်းထဲတွင် သဲကြီးမဲကြီး ပုံစံဖြင့် အသံမျိုးစုံ အော်ဟစ်ကာ ဂိမ်းစက်များဖြင့် ကစားနေသည့် အရွယ်စုံ ယောက်ျားများကို တွေ့ရသည်။ ထိုနေရာတွင် အသက် ၁၀ နှစ်ကျော်မှ စ၍ အသက် ၄၀ ကျော်အထိ အသက်အရွယ် စုံတို့ အခန်းလုံးပြည့် ရှိနေသည်။ ဂိမ်းကို စိတ်ဝင်တစားနှင့်အနိုင်ရရေးကိုသာ စိတ်ရောက်နေပုံ ရပြီး နံဘေး ပတ်ဝန်းကျင်တွင် ကပ်ထိုင်နေသူကိုပင် သတိမထား၊ မကြည့်အား လောက်အောင် ဂိမ်းက ဆွဲဆောင်မှုအား ပြင်းထန်ပုံရသည်။

လက်ပတောင်းတောင် မီးလောင်တဲ့ကိစ္စ ထုတ်စရာ တရားခံ မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

“လက်ပံတောင်းတောင်အစီရင်ခံစာနဲ့ ပတ်သက်လို့ ရဲတွေထဲမှာ တရားခံမထုတ်လို့ ဆိုပြီးတော့ မကျေနပ်တဲ့လူတွေရှိတယ်။ ဒါပေမယ့် အမှန်ပြောရရင် ထုတ်စရာတရားခံ ကို မရှိဘူး။ အဆင့်ဆင့်က သူတို့ဥပဒေ အရလုပ်သွားတာပဲ ၊ တကယ်ပြဿနာက ဘာလဲဆိုတော့ အဲဒီမီးလောင်တဲ့ ကိစ္စပဲ။ အဲဒီတော့ မီးလောင်တဲ့ကိစ္စဟာ ဒါရည်ရွယ် ချက်မရှိဘူး။ ရည်ရွယ်ချက်မရှိဘူးဆိုတော့ တရားဥပဒေအရ ရည်ရွယ်ချက်မရှိရင် ဒီဟာကို ရည်ရွယ်ချက်နဲ့လုပ်တဲ့အပြစ်လို့ သတ်မှတ်လို့မရဘူး”

(WCDMA) ဖုန်း သုံးစွဲနိုင်သည့် စက်ကိရိယာများ မြောက်ဦးမြို့နှင့် သံတွဲမြို့တို့၌ တပ်ဆင်

Photo: (WCDMA) ဖုန်း သုံးစွဲနိုင်သည့် စက်ကိရိယာများ မြောက်ဦးမြို့နှင့် သံတွဲမြို့တို့၌ တပ်ဆင်

 ရခိုင်ပြည်နယ် အတွင်း (WCDMA) ဖုန်း သုံးစွဲနိုင်သည့် စက် ကိရိယာများကို စစ်တွေမြို့ တစ်မြို့တည်း တွင်သာ တပ်ဆင် ထားရှိရာမှ ကျေးလက်နေ ပြည်သူများ (WCDMA) ဖုန်း သုံးစွဲရာတွင် အဆင်ပြေ ချောမွေ့ စေရေး အတွက်
(WCDMA) ဖုန်းများ အသုံးပြုနိုင်သည့် စက် ကိရိယာများကို မြောက်ဦးနှင့် သံတွဲမြို့နယ် တို့၌ ယခုနှစ် အတွင်း တပ်ဆင် ပေးသွားရန် စီစဉ်လျက် ရှိကြောင်း ရခိုင်ပြည်နယ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

 မြောက်ဦးနှင့် သံတွဲမြို့နယ် တို့သည် ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်မှု များသည့် ဒေသများ ဖြစ်သောကြောင့် (WCDMA) ဖုန်း သုံးစွဲနိုင်သည့် စက် ကိရိယာများ တပ်ဆင်ပေး သွားရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ 

http://bit.ly/Y1ucrq
Re-Post By ACM 5-4-2013
အေးချမ်းမွန် Credit & Copy From > မြ၀တီ<< Thank

ရခိုင်ပြည်နယ် အတွင်း (WCDMA) ဖုန်း သုံးစွဲနိုင်သည့် စက် ကိရိယာ များကို စစ်တွေမြို့တစ်မြို့တည်းတွင်သာ တပ်ဆင်ထားရှိ ရာမှ ကျေး လက်နေ ပြည်သူများ (WCDMA) ဖုန်းသုံးစွဲရာတွင် အဆင်ပြေ ချောမွေ့ စေရေးအတွက်(WCDMA) ဖုန်းများ အသုံးပြုနိုင် သည့် စက်ကိရိယာများ ကို မြောက်ဦးနှင့် သံတွဲမြို့နယ် တို့၌ ယခုနှစ် အတွင်း တပ်ဆင် ပေး သွားရန်စီစဉ်လျက်ရှိကြောင်း ရခိုင်ပြည် နယ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

မိတ္တီလာမြို့ အကြမ်းဖက်မှု သည် မကြာသေးခင်ကမှ ထောင်ကလွတ်လာတဲ့ လူနဲ့ ရဟန်းတွေ အပါအ၀င် အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်နေသူတွေက လှုံ့ဆော်တာဖြစ်ကြောင်းလည်း ဦးအောင်သောင်းမှ ပြောကြား

လက်ရှိ ဖြစ်ပွားနေတဲ့ လက်ပန်းတောင် ကြေးနီစီမံကိန်းပြသနာ၊ မြန်မာတရုတ် ဓာတ်ငွေ့ပိုက် လိုင်းပြသနာ၊ ကျောက်ဖြူ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စ၊ စက်မှုဇုံကိစ္စ၊ မြေသိမ်းခံကိစ္စတွေမှာ ပြသ နာတွေ ပေါ်ပေါက်အောင် ဗကပ သြဇာခံတွေနဲ့ ယူဂျီတွေက အဓိက လှုံ့ဆော်သူတွေ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သောင်းက စွပ်စွဲလိုက်ပါတယ်။