Pages

Monday, April 1, 2013

ဒုက္ခသည်တွေကို အားပေးဖို့ ၈၈မျိုးဆက်နဲ့ အနုပညာရှင်တွေ သွားရောက်

မိတ္တီလာမြို့ အဓိကရုဏ်းကြောင့် အခက်အခဲ ကြုံတွေနေရတဲ့ ဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးဖို့အတွက်ဒီနေ့ဧပြီလ၁ရက်နေ့မှာ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့နဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး ဒုက္ခသည်စခန်းတွေကို ရောက်နေပါတယ်။

ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန် Dhamma OnLine Media Library

သတင်းကောင်း ပါး ပေးကြပါ။
----- ----- ----- ----- -----

ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် www.dhammadownload.com ကို 2002 ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင် MP3 တရားတော် အပုဒ်ရေ ပေါင်း တစ်သောင်း၇ထောင်ကျော်၊ WMV ဗီဒီယို တရားတော်ပေါင်း ၄ထောင်ကျော်၊ eBooks စာအုပ်ပေါင်း တထောင်ကျော်တို့ကို စုစုပေါင်း ၉၂၅ ဂစ်ဂါဘိုက် ခန့်တင်ပြထားရာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဥာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ 

ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန် iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန် www.dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များကို http://www.dhammadownload.com/ တွင် နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဤ website အကြောင်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်။

This is the Dhamma Download Home Page. In this Web Site , you can freely download or listen on-line most of the Dhamma Talks which were given by Myanmar monks over the years. This website is created by a group of Myanmar in Singapore, dedicated to all Buddhist all over the world.


Credit : www.dhammadownload.com

ဗုဒ္ဓဘာသာဝင်တို့အတွက်မြတ်ဗုဒ္ဓ၏တရားတော်များကိုလွယ်လင့်တကူနာယူမှတ်သားနိုင်ရန်အတွက် www.dhammadownload.comကို2002ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီးမြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟော
ကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ်တင်ပြလာခဲ့သည်

လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတွေရဲ့ ကားမှန်တွေကိုလိုက်ခွဲနေတဲ့ မန်းလေးကလူငယ်တစု ဖမ်းခံရပြီ

အပျင်းပြေ ကားမှန်တွေကိုလိုက်ခွဲနေတဲ့ မန်းလေးကလူငယ်တစု ဖမ်းခံရပီ
---------------------------------------------------------------------------------

မန္တလေး မဟာအောင်မြေမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ညက လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတစီး မှန်တွေကို မူးယစ်နေတဲ့ လူငယ်တစ်စုက ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒါဟာ တခြားအကြောင်းကြောင့်မဟုတ်ပဲ လူငယ်သဘာဝမူးယစ်ပြီး အုပ်စုဖွဲ ရမ်းကားတာမျိုးဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်မှာ ၁၂ ဦးရှိခဲ့ပေမယ့် ဖမ်းဆီးရမိချိန်မှာ ၁၁ဦးသာမိခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ဗေဒါကြီး ကို ဧပြီ(၁)ရက် နံနက်ပိုင်းမှာ သူအိမ်ရှေက ဖမ်းဆီးရမိခဲ့တယ်လို့ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းက တာဝန်ကျ ရဲအုပ် စိုးမိုးနိုင်မှပြောပြခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ပြတ်ရှဒဏ်ရာကြောင့် မင်းပိုင်(၁၇) နှစ်ကိုလည်း ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ထားရတယ်လို့ သူကပဲ ပြောပြပါတယ်။ အခုလက်ရှိ သူတို့ကို ဥပဒေပုဒ်မ ၂၉၄(ဆဲဆိုရမ်းကားမှု) ၄၄၀၊ ၅၀၄၊ ၄၂၇၊၁၄၄တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မန္တလေး မဟာအောင်မြေမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ညက လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတစီး မှန်တွေကို မူးယစ်နေတဲ့ လူငယ်တစ်စုက ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

AP နှင့် NHK သတင်းငှာနများအား မြန်မာနိုင်ငံအတွင်း တရားဝင် အခြေစိုက် သတင်းရယူခွင့်ပြု

အစိုးရသစ်လက်ထက် နှစ်နှစ်သက်တမ်းအတွင်း နိုင်ငံခြားသတင်းဌာန နှစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ အခြေစိုက် AP နှင့် ဂျပန်နိုင်ငံ အခြေစိုက် NHK ရုပ်သံတို့အား ပထမဆုံးအဖြစ် မြန်မာနိုင်ငံအတွင်း တရား
ဝင် အခြေစိုက် သတင်းရယူခွင့်ပြုလိုက်ကြောင်း သိရှိရသည်။ AP (Associated Press) သတင်းဌာနအား အမေရိကန်နိုင်ငံတွင် ၁၈၄၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ဖွင့်လှစ်မည့် ရုံးခွဲကိုမူ AP သတင်းဌာနတွင် ၁၉၈၉ ခုနှစ် စတင်ကာ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ 

ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင် ခံစာ တင်သွင်းရက် ထပ်မံရွှေ့ဆိုင်းလိုက်ပြီ

ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင် ခံစာကို မတ်လ (၃၁) ရက်နေ့တွင် တင်သွင်းရန် ရက်သတ်မှတ် ခဲ့သော်လည်း ယခုအခါ ဧပြီလ (၂၃) ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိ ရှိရသည်။ အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အဖွဲ့ဝင် ၂၇ ဦး ဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ တွင် နိုင် ငံတော် သမ္မတရုံးမှ ဖွဲ့စည်း ပေးခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဉ် ရပ်နားခများ ယနေ့ ဧပြီ ၁ ရက်နေ့မှ စတင်၍ ကောက်ခံတော့မည် မဟုတ်

Monday, April 1, 2013

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင်မော်တော်ယာဉ် ရပ်နားခ ကောက်ခံနေခြင်းများအား ဧပြီ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

အင်းလျားကန်ဘောင်အနီး ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကိုဖမ်းမိ၊ ကိုယ်တိုင်လာရောက် အဖမ်းခံ

အင်းလျားကန်ဘောင်အနီး ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကိုဖမ်းမိ၊ ကိုယ်တိုင်လာရောက် အဖမ်းခံဟုသိရ
ကျူးလွန်သူမောင်းနှင်ခဲ့သည့် ပြိုင်ကားအား မတ်လ ၁၉ ရက်နေ့ က တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းက အင်းလျားကန်ဘောင်အနီး ဖြစ်ပွားခဲ့သည့် ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုယ်တိုင်ပင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းမှ သိရသည်။
မတ် ၁၇ ရက် ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့် ယင်းလူသတ်မှု ဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူမှာ နှစ်ပတ်ခန့် ထွက်ပြေး တိမ်းရှောင်နေရာမှ မတ် ၃၁ ရက် ည ၁၀ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သည်ဟု သိရသည်။
“ကျူးလွန်သူလို့ ယူဆရတဲ့ သူကို ကျွန်တော်တို့ ဖမ်းမိပါပြီ။ မတ် ၃၁ ရက် ည ၁ နာရီခွဲလောက်က သူကိုယ်တိုင် လာရောက် အဖမ်းခံခဲ့တာပါ” ဟုလှိုင်မြို့နယ် ရဲစခန်း စခန်းမှူး ရဲအုပ်သိန်းဆွေမြင့်က Eleven Media Group သို့ ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ် ၁၇ ရက်၊ ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမကြီးအတိုင်း အေဒီ မီးပွိုင့်ဘက်မှ လှည်းတန်းမီးပွိုင့်ဘက်သို့ မောင်းနှင်လာသော အဖြူပေါ်တွင် အရောင်ဖောက် ထားသည့် ၇ဂ/..... Skyline အမျိုးအစားကားသည် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ IBC ရှေ့အရောက် ‘ဂ’ ချိုးကွေ့ပြီး ကားကို ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် ကားပေါ်မှ ဦး....... (၃၈-နှစ်) သည် ဗိုက်ကိုနှိပ်၍ “ကားမောင်းသူမှ ဓားနှင့်ထိုးသည်” ဟု အော်ဟစ်ဆင်းပြေးလာပြီး သတိလစ် လဲကျသွားခဲ့ရာ ယင်းအချိန်၌ IBC ရှေ့၌ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ သွားရောက်ကြည့်ရှုစဉ် ပြိုင်ကားမှာ အေဒီမီးပွိုင့်ဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။
ယင်းနောက် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်မှ ဒဏ်ရာရ လူနာကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံး သွားခဲ့ကြောင်း၊ ကျူးလွန်သူ မောင်းနှင် ထွက်ပြေးသွားခဲ့သည့် ကားကို မတ် ၁၇ ရက်၊ ည ၁၁ နာရီခန့်က တောင်ဒဂုံမြို့နယ်တွင် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထိုနေ့က ဓားနှင့်အထိုး ခံရပြီး သေဆုံးသွားသူ ဦး....... (၃၈-နှစ်) ၏ အိတ်ကပ်ထဲမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား၂၈ ပြား၊ ငွေကျပ်နှစ်သိန်းခန့်၊ MPU ကတ် တစ်ကတ်နှင့် ကားနောက်ဖုံးထဲတွင် ဘိန်းဖြူ ၂ ဒသမ ၅ ဂရမ် တွေ့ရှိခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။
ဖြစ်စဉ်အပေါ် လှိုင်မြို့နယ် ရဲစခန်း မှ (ပ) ၉၈/၂၀၁၃၊ ပုဒ်မ ၃၀၂ နှင့် မူးယစ်ဆေးဝါး တွေ့ရှိမှုအပေါ် မူးယစ် (ပ)၁/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၉/(ဂ)၂၀(က)ဖြင့် အမှုဖွင့် အရေးယူထားသည်။
Eleven Media Group
ကျူးလွန်သူမောင်းနှင်ခဲ့သည့် ပြိုင်ကားအား မတ်လ ၁၉ ရက်နေ့ က တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းက အင်းလျားကန်ဘောင်အနီး ဖြစ်ပွားခဲ့သည့် ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုယ်တိုင်ပင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းမှ သိရသည်။
မတ် ၁၇ ရက် ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့်

အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ

အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ
Monday, April 1, 2013 

အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက်လာပါပြီ။

မိဘနဲ့ အိမ်နဲ့ အဝေးမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေက သင်္ကြန်ပိတ်ရက် ၁၀ ရက်မှာမိဘ ဆီကို ပြန်ဖို့ အိမ်ပြန်ဖို့ ကြိုးစားကြပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာ အဝေးပြေးကားလိုင်းတွေလည်း ပိတ်တတ်တဲ့အတွက် သင်္ကြန်မတိုင်ခင်ရက်တွေမှာ ကားလက်မှတ်ကို အပြေးအလွှားဝယ်ယူကြတာပါ။

ဒီနှစ်မှာလည်း April လ ၁ ရက်နေ့ပဲ ရှိပါသေးတယ်။ ဧပြီလ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေက မရှိတော့ဘူးလို့ အဝေးပြေး ကားဂိတ်တွေက ပြိုင်တူ တညီတညွှတ်ထဲ ဇာတ်တိုက်ထားသလို ပြောလာကြပါတယ်။

တကယ်လက်မှတ်ကုန်သွားတာမျိုး မဟုတ်ဘဲနဲ့ မှောင်ခိုဈေးကွက်တစ်ခု ဖြစ်လာအောင် အဝေးပြေးလိုင်းကားတွေ ဖန်တီးကြခြင်းသာ ဖြစ်တယ်လို့ အိမ်ပြန်နေကျ ပြည်သူတွေက ပြောပြကြတယ်။

`အဝေးပြေးကားတွေက အဲလိုပဲ ဒီရက်မှာ မေးတဲ့ သူတိုင်းကို လက်မှတ်တွေကုန်ပြီ မရှိတော့ဘူးလို့ ပြောတယ်၊ ပြီးတော့ မဖြစ်မနေ ပြန်ချင်တဲ့ သူတွေကို လက်မှတ်ခတွေ ၅ ဆလောက် တက်ပြီး ရောင်းတယ်၊ အိမ်ပြန်ချင်တော့ ပေးရတာပဲ၊ ကျနော် ဆိုရင် လစာ ၅ ငါးသောင်းကျော်ပဲ ရတယ်၊ မနှစ်ကလည်း အမေနဲ့ တွေ့ချင်လို့ အိမ်ပြန်တာ ကားခနဲ့တင် လစာ ကုန်လို့ အမေ့အတွက် မုန့်တစ်ထုပ်တောင် မ၀ယ်နိုင်ခဲ့ဘူး `လို့ လှိုင်သာယာ စက်မှု ဇုံ ၂ ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံဝန်ထမ်းလေးတစ်ဦးက ပြောပြခဲ့တယ်။

သူ့လိုပဲ အစိုးရ၀န်ထမ်းတဦးကလည်း ခုလေးတင် မြတ်မန္တလာထွန်း၊ ရွှေမန္တလာထွန်း၊ ရွှေမျှား ၊ အောင်စင်္ကြာ စတဲ့ အဝေးပြေးကားတွေကလည်း ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်ပြီလို့ ပြောပါတယ်။

`ကျမက လွန်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့လောက်ကတည်းက ကားလက်မှတ်မှာတော့ ဧပြီလ ၁ ရက်နေ့မှ စမှာပါလို့ ပြောတယ်၊ ဒီမနက် အစောကြီးကတည်းကပဲ ကားလက်မှတ် ၀ယ်တော့ ကုန်ပြီလို့ ပြောတယ်၊ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး သူတို့တွေ ကားလက်မှတ်ခတွေ တက်ချင်လို့ လုပ်နေကြတာ ၊ မနှစ်ကလည်း အဲလိုပဲ ကျမတို့ လက်မှတ်လိုချင်လို့ တစောင်ကို ကျပ် ၄ သောင်း ဈေးနဲ့ ပေးဝယ်ခဲ့ရတယ်`ဟု သူမက ပြောပါတယ်။

ခုလိုပဲ အဝေးပြေးလိုင်းကားတွေက လုပ်နေကြလို့ ပြည်သူတွေက ပြောကြတယ်။ထုံးစံအတိုင်း သင်္ကြန်မတိုင်ခင်မှာကတည်းက အဝေးပြေးကားတွေက ပုံမှန်ယူနေကြ ဈေးနှုန်းတွေထက် ၃ ဆ လောက်ထိ မြှင့်တင်ပြီး ကားလက်မှတ်တွေ ရောင်းချကြပါတယ်။ ပုံမှန် ၁၂၀၀၀ကျပ် တစ်သောင်း နှစ်ထောင်း ကားလက်မှတ်ခ ပေးရတာက ဒီလို သင်္ကြန်မတိုင်ခင်ရက်တွေမှာတော့ ကျပ် သုံးသောင်းကနေ ကျပ် ၅ သောင်းအထိ ဈေးမြှင့်ရောင်းချနေကြတာကိုလည်း နှစ်တိုင်း တွေ့မြင်ခဲ့ရတာပါပဲ။

အိမ်ပြန်ချင်ရှာတဲ့သူတွေ မိဘနဲ့ တွေ့ချင်ရှာတဲ့ သူတွေကတော့ သူတို့ရဲ့ ချွေးနည်းစားနဲ့ ဘယ်လောက်တောင်းတောင်း မျက်စိမှိတ်လို့ ပေးကြရ တာပါပဲ။

မြတ်မန္တလာထွန်းကားဂိတ်ရဲ့ အရောင်းကိုယ်စားလှယ်တဦးဖြစ်တဲ့ မထက်ထက်က `ဟုတ်တယ်၊ ဒီနေ့မနက်မှာပဲ လာဝယ်တဲ့သူများလွန်းလို့ ကုန်သွားပြီ၊ ဧပြီ ၁၂ ရက်နေ့ထိ ကုန်ပြီ၊ မကျေနပ်လို့ တိုင်ချင်လည်း တိုင်ပေါ့ အဲလို ဟိုတိုင်မယ် ဒီတိုင်မယ် ပြောကြတာပဲ ဘာမှလည်း တတ်နိုင်ကြတာ မဟုတ်ဘူး`လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီလို သင်္ကြန်ရက်မှ အိမ်ပြန်နိုင်သူတွေကို ခုလိုမျိုး အဝေးပြေးကားဂိတ်တွေက ပြည်သူတွေအပေါ် အမြတ်ထုတ်နေတာ နှစ်တိုင်း လိုလိုဖြစ်နေပါပြီ။

အဝေးပြေးကားလိုင်းတွေက ပြည်သူအပေါ် ခုလို အနိုင်ကျင့် အမြတ်ထုတ်လိုမှုတွေကို ပြည်သူတွေက အမြဲသည်းခံခဲ့ကြရတာပဲလား။

ဒီလို ပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို တာဝန်ရှိသူတွေ ဘယ်သူတွေကမှ ဘာမှ လုပ်မပေးနိုင်ခဲ့ကြဘူးလား။

ဒီအဝေးပြေးလိုင်းကားတွေ မှန်မှန်ကန်ကန်ဖြစ်ရေးအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။

လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ရှိသလား။
မထသ မှာ တာဝန်ရှိသလား။ အရင်တုန်းကတော့ ကုန်လမ်းပို့ဆောင်ရေးမှာ တာဝန်ရှိတယ်။

ခုလို လက်မှတ်တွေကို မှောင်ခိုဈေးဖြစ်အောင် ဖန်တီးနေတဲ ကိစ္စတွေကို စီစစ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။

ခုလို ပြည်သူတွေအပေါ် သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းတွေထက် ပိုရောင်းတဲ့ လိုင်းကားတွေကို ဘယ်လို အရေးယူကြမလဲ။

ဘာပဲဖြစ်ဖြစ် ဒီလို အဝေးပြေးကားတွေ ပြည်သူကို အနိုင်ကျင့်ခွင့်ပေးထားတဲ့ တာဝန်ရှိသူတွေ ဘယ်သူတွေ ဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ကဲ….လက်ရှိတာဝန်ရှိသူတွေ အနေနဲ့ အဝေးပြေးလိုင်းကားတွေရဲ့အမြတ်ထုတ်လိုမှုနဲ့ စိန်ခေါ်ချက်ကို ပြည်သူတွေဘက် ရပ်တည်ဖြေရှင်းမလား၊
အဝေးပြေးလိုင်းကားတွေဘက်ကနေ ရပ်တည်နေမလား
ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

Monday, April 1, 2013

အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက်လာပါပြီ။ မိဘနဲ့ အိမ်နဲ့ အဝေးမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေက သင်္ကြန်ပိတ်ရက် ၁၀ ရက်မှာမိဘ ဆီကို ပြန်ဖို့ အိမ်ပြန်ဖို့ ကြိုးစားကြပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာ အဝေးပြေးကားလိုင်းတွေလည်း ပိတ်တတ်တဲ့အတွက် သင်္ကြန်မတိုင်ခင်ရက်တွေမှာ ကားလက်မှတ်ကို အပြေးအလွှားဝယ်ယူကြတာပါ။

လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအဖွဲ့ဌာနချုပ်မှအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက် ထုတ်ပြန်

လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေများနှင့်ပတ်သက်ပြီး
မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအဖွဲ့ဌာနချုပ်မှ ယနေ့ကျင်းပသော
အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်။

လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအ
ဖွဲ့ဌာနချုပ်မှ ယနေ့ကျင်းပသော အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေငြာလိုက်ကြောင်း
သတင်းရရှိပါသည်။

4G ကွန်ရက်စနစ် အဆင့် မြှင့်တင်မှု ဂျပန် နိုင်ငံမှ ကူညီမည်

မြန်မာ နိုင်ငံတွင် လက်ရှိ အသုံးပြုနေသော 3G ကွန်ရက် မိုဘိုင်းလ်ဖုန်းများအား4G ကွန်ရက်စနစ်ဖြင့်အဆင့်
မြှင့် တင်နိုင်ရန် ဂျပန်နိုင်ငံမှ ကူညီ ထောက်ပံ့မှုဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
မိုဘိုင်းလ် ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောကြားသည်။

ပုဂ္ဂလိက သတင်းစာ ၄ စောင် စတင်ထုတ်ဝေ

ပုဂ္ဂလိက သတင်းစာ ၄ စောင် စတင်ထုတ်ဝေ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရာကနေ ဒီနေ့ဧပြီလ ၁ ရက်နေ့ကစပြီး နေ့စဉ်သတင်းစာ ၄ စောင်ကို စတင်ထုတ်ဝေကြပြီဖြစ်ပါတယ်။ 

The Voice နေ့စဉ်၊ ပြည်ထောင်စု နေ့စဉ် ၊ စံတော်ချိန် နေ့စဉ်နဲ့ ရွှေနိုင်ငံသစ် နေ့စဉ် သတင်းစာတွေကို ဒီနေ့စတင် ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ The Voice ကတော့ အရင်အပတ်စဉ်ဂျာနယ် ထုတ်ဝေနေတာဖြစ်ပြီး ပြည်ထောင်စု နေ့စဉ် သတင်းစာကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ထုတ်ဝေတာလို့ ပြောကြပါတယ်။ ဒါ့အပြင် စံတော်ချိန် နေ့စဉ် သတင်းစာက ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Three Friends Company က ထုတ်ဝေတာဖြစ်သလို ရွှေနိုင်ငံသစ် နေ့စဉ် သတင်းစာက ရွှေနိုင်ငံ ပုံနှိပ်ထုတ်ဝေရေးက ထုတ်ဝေတာလို့ သိရပါတယ်။  

သတင်းစာလွတ်လပ်ခွင့် ရရှိလာတာနဲ့ တပြိုင်နက် အခက်အခဲတွေလည်း တပြိုင်နက်တည်း ရင်ဆိုင်နေရသလို နေ့စဉ်ထုတ်ဝေရတာဖြစ်တဲ့အတွက် အရည်အသွေးပိုင်းနဲ့ ဈေးကွက် နေရာရယူဖို့ အခက်အခဲရှိတယ်လို့ ထုတ်ဝေသူတချို့က ပြောပါတယ်။ 

စတင်ထုတ်ဝေတဲ့ ဒီနေ့မှာ ၀ယ်ယူဖတ်ရှုသူတွေများတာကြောင့် နာရီပိုင်းအတွင်းမှာပဲ သတင်းစာတွေ ရောင်းကုန်သွားတယ်လို့လည်း ပြောကြပါတယ်။ 

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ၁၉၆၄ ခုနှစ်က စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပုဂ္ဂလိက သတင်းစာ ၁၆ စောင် စတင်ထုတ်ဝေခွင့် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေတဲ့ ဒီလှိုင်းသတင်းစာနဲ့ တခြားခွင့်ပြုချက်ရထားပြီးသား သတင်းစာတွေကတော့ ဖြန့်ဖြူးရေးနဲ့ တခြားအခက်အခဲတွေကြောင့် အချိန်ကြန့်ကြာဦးမယ်လို့ သိရပါတယ်။ 
လာမယ့် နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၆ ရက်နေ့မှာ (၇) ရက် နေ့စဉ် သတင်းစာနဲ့ မေလ ၃ရက်နေ့မှာ The Daily Eleven နေ့စဉ်သတင်းစာတွေ ထွက်ရှိလာဖို့ရှိတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရာကနေ ဒီနေ့ဧပြီလ ၁ ရက်နေ့ကစပြီး နေ့စဉ်သတင်းစာ ၄ စောင်ကို စတင်ထုတ်ဝေကြပြီဖြစ်ပါတယ်။

အမေရိကန် လေတပ်မှ F-22 Raptor ကိုယ်ပျောက် တိုက်လေယာဉ်များအား တောင်ကိုရီးယားသို့ စေလွှတ်

အမေရိကန် လေတပ်မှ F-22 Raptor ကိုယ်ပျောက် တိုက်လေယာဉ်များအား တောင်ကိုရီးယားသို့ စေလွှတ်

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ အဆိုအရ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု Operation Foal Eagle တွင် ပါဝင်ဆင်နွှဲရန် ကမ္ဘာ့ နည်းပညာအမြင့်ဆုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည့် F-22 Raptor များအား တောင်ကိုရီးယားသို့ တနင်္ဂနွေနေ့တွင် စေလွှတ်ခဲ့သည်ဟု သိရှိရသည်။

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အချိန်နှင့် တိုက်ဆိုင်ပြီး F-22 Raptor များအား တောင်ကိုရီးယားရှိ အမေရိကန် လေတပ်စခန်းသို့ စေလွှတ် ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားရှိ အမေရိကန် စစ်ဌာနချုပ်ကမူ အဆိုပါ တိုက်လေယာဉ်များအား Operation Foal Eagle တွင် ပါဝင်ရန်သက်သက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဤ တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုအား နှစ်စဉ်ပြုလုပ်ပြီး ၁၉၅၃ ကိုရီးယားစစ်ပွဲ အပြီးတွငှ် စတင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်ခ်ျလအတွင်းမှ စတင်ကာ မြောက်ကိုရီးယားမှ တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့အား ရာဇသံများ တစ်ခုပြီးတစ်ခုပေးကာ စစ်ရေးအရ ခြိမ်းခြောက်နေပြီး လွန်ခဲ့သည့် မတ်ခ်ျလ ၁၁ ရက်နေ့တွင် တောင်-မြောက်ကိုရီးယား အပြစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား တစ်ဖက်သတ် ဖျက်သိမ်းခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် သောကြာနေ့တွင်မူ မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံများနှင့် စစ်ပွဲကာလာအတွင်းသို့ ဝင်ရောက်ခဲ့ပြီဟု ကြေညာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန် စစ်စခန်းများအား ဒုံးလက်နက်များနှင့် ပစ်ခတ်တိုက်ခိုက် သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြန်သည်။

အမေရိကန်နိုင်ငံ အနေဖြင့်လည်း မဟာမိတ်ဖြစ်သူ တောင်ကိုရီးယားအား စစ်ဖြစ်ပွားပါက အပြည့်အဝ ထောက်ပံကူညီ သွားမည်ကို သက်သေပြသည့် အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်ကြီးများအား မစ်ဇူရီပြည်နယ် လေတပ်စခန်းမှ တောင်ကိုရီးယားနိုင်ငံသို့ မိုင် ၆၀၀၀ ကျော် အသွား-အပြန် ခရီးအား စေလွှတ်ပြီး အင်အားပြသခဲ့သည်။
Myanmar Consumer Guide

Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >> Zaw Mintun Zawmintun << Thank

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ အဆိုအရ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး
လေ့ကျင့်မှု Operation Foal Eagle တွင် ပါဝင်ဆင်နွှဲရန် ကမ္ဘာ့ နည်းပညာအမြင့်ဆုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည့် F-22 Raptor များအား တောင်ကိုရီးယားသို့ တနင်္ဂနွေနေ့တွင် စေလွှတ်ခဲ့သည်
ဟု သိရှိရသည်။

စင်ကာပူရှိ ပင်နင်ဆူလာ ပလာဇာတတိယထပ်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဧပြီလ ၁ ရက် ၂၀၁၃

စင်ကာပူနိုင်ငံရှိ မြန်မာများ အများဆုံး သွားရောက်လေ့ရှိပြီး မြန်မာစားသောက်ဆိုင်နှင့် မြန်မာလူသုံးကုန်ု ပစ္စည်းဆိုင် အများအပြားရှိရာ ပင်နင်ဆူလာ ပလာဇာတတိယထပ်၌ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဖခင်ဆီက ပိုးရခဲ့တဲ့ ချစ်သုဝေ”

“ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဖခင်ဆီက ပိုးရခဲ့တဲ့ ချစ်သုဝေ”

ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ‘ကျေးဇူးရှင်’ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ ချစ်သုဝေက ဒီဇာတ်ကားမှာတော့ ဖက်ရှင်ပိုင်း တွေရော၊ ဆံပင်ပုံစံလေးတွေရော အထူး ကြိုးစားထားတယ် လို့ပြောပါတယ်။ ချစ်သုဝေက ဖက်ရှင်ကို ငယ်ငယ်လေး ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဖခင်ဆီကပိုးရခဲ့တာ ဖြစ်ကြောင်းကို “ဖေဖေကလည်း အရင်က တေးသံသွင်းတို့၊ စတူဒီယိုတို့ မလုပ်ခင်က အဝတ်အစား ဒီဇိုင်းတွေလုပ်တယ်။ အန်ကယ် ညီထွဋ်တို့၊ ကိုစိုးသူတို့၊ ကိုကျော်သူတို့ အန်တီကော်နီတို့ကို အမြဲတမ်း အဝတ်အစားတွေဝယ်ပေး၊ ဆင်ပေးဆိုတော့ ဖေဖေ့ပိုးပါလာတယ် ပြောရမှာပဲ။ 

ငယ်ငယ်လေးကတည်းက ကိုယ့်ဘာသာကိုယ် ဖက်ရှင် ထွင်ပြီး ဝတ်ရတာကြိုက်တယ်” လို့ပြောပါတယ်။ ချစ်သုဝေက လောလောဆယ် သင်္ကြန်ဘယ်မှာရှိမလဲဆိုတာ မသေချာ သေးကြောင်း၊ နှစ်တိုင်းသင်္ကြန်ကို သီချင်း ဆိုရင်း ပဲ ဖြတ်သန်းဖြစ်ခဲ့ကြောင်း၊ သီချင်းမဆိုခင်ကတော့ အိမ်မှာပဲနေဖြစ်ပြီး သင်္ကြန်မှာရေပက်ရတာတို့၊ ထွက်လည်ရတာတို့ကို သိပ်မကြိုက်ကြောင်း ပြောပါတယ်။ သင်္ကြန်မှာ ထူးထူးခြားခြား အမှတ်တရကတော့ ၂ဝဝဝ Vegas မဏ္ဍပ်မှာ ပထမဆုံးရှိုးဖျော်ဖြေမှု အနေနဲ့ အင်္ဂလိပ် သီချင်းတွေစဆို ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ဒီနှစ် သင်္ကြန်မှာ ဝတ်စားဆင်ယင်မှုတွေကိုထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြတ်သန်းစေချင်ကြောင်းပြောတဲ့ ချစ်သုဝေက “နာမည်ကိုက မြန်မာ့ရိုးရာ သင်္ကြန်လေ။ လူငယ်တွေဖြစ်တဲ့အတွက် ရာသီဥတု အရရော၊ တစ်ကိုယ်လုံးကြီး လုံခြုံနေအောင် ဝတ်ရမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ သွားရလာရ လွယ်ကူရမယ်၊ ရေစိုခံရမယ်။ အပူသက်သာရမယ်။ လူငယ်တွေ ကလို့ခုန်လို့ ကောင်းရမယ်။ 

ဒါမျိုးတွေရွေးချယ်ရမယ်ဆိုတော့ ခေတ်တော့မီရမယ်၊ ခေတ်ဆန်နေရမယ်။ အမျိုးသမီးတွေက အထိအခိုက်မခံဘူး။ မြန်မာလူမျိုးဆို ပိုဆိုး တယ်။ ပွင့်လင်းလာတဲ့ခေတ်ကြီးထဲမှာ ကိုယ်သွားနေကျ လမ်းကြောင်းထက် နည်းနည်းလေးထွင်လိုက်ရင် လက်ညှိုးတွေက ဝိုင်းထိုးကြတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ မြန်မာဆိုတဲ့ဟန်လည်း မပျောက်အောင်၊ ခေတ် ဆန်ဆန် လူငယ်အထာလေး ဖြစ်နေအောင် ဝတ်ရမယ်။ 

လုံခြုံပေါ့ပါးလွတ်လပ်ပြီး လှတာတွေ အများကြီးပဲရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း Respectပေးနိုင်တဲ့သူ ဖြစ်အောင် သူတစ်ပါးကလည်း ကိုယ့်ကို Respect ပေးနိုင်တဲ့သူဖြစ်ေ အာင် ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ဝတ်စားဆင်ယင်ပြီး တော့ ထိန်းထိန်းသိမ်းသိမ်း ဖြတ်သန်းသင့်ပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း

ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ‘ကျေးဇူးရှင်’ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ ချစ်သုဝေက ဒီဇာတ်ကားမှာတော့ ဖက်ရှင်ပိုင်း တွေရော၊ ဆံပင်ပုံစံလေးတွေရော အထူး ကြိုးစားထားတယ် လို့ပြောပါတယ်။ ချစ်သုဝေက ဖက်ရှင်ကို ငယ်ငယ်လေး ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဖခင်ဆီကပိုးရခဲ့တာ ဖြစ်ကြောင်းကို “ဖေဖေကလည်း အရင်က တေးသံသွင်းတို့၊ စတူဒီယိုတို့ မလုပ်ခင်က အဝတ်အစား ဒီဇိုင်းတွေလုပ်တယ်။

မြန်မာဘက် မှ တင်သွင်းသည့် ဘတ်ငွေ သန်း ၇၀၀ နီးပါး မူးယစ် ဆေးဝါးများ ထိုင်းဖမ်းဆီးရမိ

မြန်မာဘက် မှ တင်သွင်းသည့် ဘတ်ငွေ သန်း ၇၀၀ နီးပါး မူးယစ်
ဆေးဝါးများ ထိုင်းဖမ်းဆီးရမိ
Monday, April 1, 2013 

၂၀၁၃ ခုနှစ် ပထမ ၃ လ အတွင်း မြန်မာ နိုင်ငံဘက်မှ ထိုင်း နိုင်ငံတွင်းသို့  
တရားမ၀င် တင်သွင်း နေသည့် မူးယစ်ဆေးဝါးများကို ထိုင်းအာဏာပိုင်
များက နိုင်ငံ၏ မြောက်ဘက် နယ်စပ်အနှံအပြားရှိစစ်ဆေး ရေးဂိတ်များမှ 
ဖမ်းဆီးရမိ ခြင်းကို ယနေ့  သတင်းစာရှင်းလင်းပွဲ ပြုလုပ် နေစဉ်။

ရက် ၉၀ အတွင်း စိတ်ကြွဆေးပြား သန်း ၅၀၀ နှင့် အခြားမူးယစ်ဆေးဝါး
များကို ချင်းရိုင် နှင့် အခြားခရိုင်များတွင် ဖမ်းဆီးရမိသည်။ 

မူးယစ် မှောင်ခို ၁၃ ဦး ဖမ်းဆီးရမိ ပြီး အမျိုးသမီးများလည်းပါဝင်သည်။
 နှစ်ဦးကို အသေဖမ်းဆီးရမိသည် ဘန်ကောက် ပို့ စ်သတင်းတွင် ဖော်ပြ
ထားသည်။

ဖမ်းဆီးရမိသည့် ဆေးပြားများ တွင် ICE ဆေးပြား က ဘတ်ငွေ သန်း ၁၅၀ ဖိုးရှိသည်ဟု ဆိုသည်။ 

Freedom News Group(Burma)

Monday, April 1, 2013

၂၀၁၃ ခုနှစ် ပထမ ၃ လ အတွင်း မြန်မာ နိုင်ငံဘက်မှ ထိုင်း နိုင်ငံတွင်းသို့  တရားမ၀င် တင်သွင်း နေသည့် မူးယစ်ဆေးဝါးများကိုထိုင်းအာဏာပိုင်များကနိုင်ငံ၏မြောက်ဘက်နယ်စပ်အနှံအပြားရှိစစ်ဆေး ရေးဂိတ်များ
မှ ဖမ်းဆီးရမိ ခြင်းကို ယနေ့  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"စင်္ကာပူ သမ္မတ နှင့် ဇနီး နေပြည်တော်သို့ရောက်ရှိ"


နေပြည်တော်၊ ဧပြီ ၁

စင်္ကာပူ နိုင်ငံ ၏ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း သည် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မြန်မာနိုင်ငံ(နေပြည်တော် လေဆိပ်)သို့ ၄င်း၏ ဇနီးနှင့် အတူ ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏ မောင်လွင် မှ သွားရောက် ကြိုဆိုခဲ့ကြောင်းသိရသည်။

မန္တလေးမြို့တွင်း ဆူပူရမ်းကားမှုတွင် ပါဝင်သူများအား ဖမ်းဆီးထား

ဧပြီ ၁၊ ၂၀၁၃၊

ဧပြီလ ၁-ရက်နေ့ ည(၁-နာရီ ၁၅-မိနစ်)အချိန်ခန့်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၇လမ်း၊ ၇၄x၇၅ လမ်းကြားတွင် လူတစ်စုသည် ရပ်ထားသော ကားမှန်များရိုက်ခွဲပြီး ဆူပူရမ်းကားခဲ့သောကြောင့် ရဲစခန်းမှ ဖမ်းဆီးထားပြီး ဥပဒေအရ ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

မြေငလျင် သတင်း

ယနေ့ မြန်မာစံတော်ချိန် (၁၂)နာရီ (၃၆) မိနစ်အချိန်တွင် ကပ္ပလီပင်လယ်အတွင်း ထားဝယ်မြို့မှ အနောက်ဘက် မိုင် (၁၂၀) ခန့်အကွာတွင် အင်အား (၄.၂) အဆင်ဖြင့် မြေငလျင်တစ်ခုလုပ်ရှားသွားကြောင်း ထိုင်းမိုးလေ၀သမှ သတင်းထုတ်ပြန်ထားပါသည်၊

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင် မသင်္ကာဖွယ် လူ(၃)ဦး ရဲစခန်းမှ ဖမ်းဆီး

ဧပြီ ၁၊ ၂၀၁၃

ရန်ကုန် ။ ။ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင်း ရောက်ရှိလာသော မျက်နှာစိမ်း လူ(၃)ယောက်ကို မသင်္ကာဖွယ်တွေ့ရှိရ၍ ယခုမနက်အစောပိုင်း ၂-နာရီခန့်က ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

အမေရိကန်တွင် မော်တော်ယာဉ် ၇၅ စင်းပါဝင်သည့် ယာဉ်တိုက်မှုဖြစ်ပွား

အမေရိကန်တွင် မော်တော်ယာဉ် ၇၅ စင်းပါဝင်သည့် ယာဉ်တိုက်မှုဖြစ်ပွား
Monday, April 1, 2013

တနင်္ဂနွေနေ့က ဗာဂျီးနီယား ပြည်နယ်တွင် ဖြစ်ပွားသော ယာဉ်မတော်တ
ဆမှု၌ မော်တော်ကား (၇၅)စင်း ပါဝင်ထိခိုက် ပျက်စီးခဲ့သည်။ ဗာဂျီးနီးယား သယ်ယူပို့ဆောင်ရေး ဌာနက ကာရိုးလ်ဒေသတွင် ဖြစ်ပွားသော ယာဉ်တိုက်
မှုသည် ကြီးကြီးမားမား ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ 

အမေရိကန်နိုင်ငံတွင် အစုလိုက်အပြုံလိုက် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာ လူ(၃)ဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တနင်္ဂနွေနေ့
က ဗာဂျီးနီယား ပြည်နယ်တွင် ဖြစ်ပွားသောယာဉ်မတော်တဆမှု၌ မော်တော်
ကား (၇၅)စင်း ပါဝင်ထိခိုက် ပျက်စီးခဲ့သည်။ ဗာဂျီးနီးယား သယ်ယူပို့ဆောင်
ရေး ဌာနက ကာရိုးလ်ဒေသတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုသည် ကြီးကြီး
မားမား ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ယာဉ်တိုက်မှုသည် ဖန်စီဂပ် ဧရိယာအနီး မြောက်ကာရိုလိုင်းနားနှင့် နယ်စပ်တွင် ဖြစ်ပေါ်ခဲ့ခြင်း
ဟု သိရသည်။

တနင်္ဂနွေနေ့ နေ့လယ်ပိုင်း အချိန်တွင် ယင်းကဲ့သို့ ဆိုးဆိုးရွားရွား ယာဉ်တိုက်
မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ရဲများက အခင်းဖြစ်ပွားချိန်တွင်အဆိုပါ နေရာ
အနီးတဝိုက်၌ မြူနှင်းများ ထူထပ်သိပ်သည်းစွာကျဆင်းနေကြောင်း ပြောကြား
ခဲ့သည်။

 အစုအပြုံလိုက် ယာဉ်တိုက်မှုအတွင်း လူ(၃)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။ မတော်တ
ဆဖြစ်စဉ်ကြောင့် အနီးတဝိုက်ရှိ လမ်းများကိုလည်း ပိတ်ဆို့ခဲ့ရသည်။ ရဲတပ်ဖွဲ့က ယာဉ်တိုက်မှု ဖြစ်စဉ်ကို တိတိကျကျ ဖော်ထုတ်နိုင်ရန် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ပြောကြားထားသည်။

Soruce: Xinhua
Planet Myanmar Network

Monday, April 1, 2013

တနင်္ဂနွေနေ့က ဗာဂျီးနီယား ပြည်နယ်တွင် ဖြစ်ပွားသော ယာဉ်မတော်တ ဆမှု၌ မော်တော်ကား (၇၅)စင်း ပါဝင်ထိခိုက် ပျက်စီးခဲ့သည်။ ဗာဂျီးနီးယား သယ်ယူပို့ဆောင်ရေး ဌာနက ကာရိုးလ်ဒေသတွင် ဖြစ်ပွားသော ယာဉ်တိုက် မှုသည် ကြီးကြီးမားမား ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

“အစိုးဝန်ထမ်းများ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်”

“အစိုးဝန်ထမ်းများ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်”

အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၅၄၄/၂၀၁၃ ကို ဧပြီလ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

အဆိုပါအမိန့်ကြော်ငြာတွင် နိုင်ငံဝန်ထမ်းများ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်၊ စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လစာနှုန်းထားများကို တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Credit: ကြေးမုံသတင်းစာ

အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ကြောင်း ဘဏ္ဍာရေးနှင့် အ
ခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၅၄၄/၂၀၁၃ ကို ဧပြီလ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

တရားမဝင် ခိုးကူးခွေတစ်ခွေ ငွေကျပ် ၁ဝ သိန်းနှုန်း နစ်နာကြေး သတ်မှတ်တရားစွဲမည်

တရားမဝင် ခိုးကူးခွေများ ဖမ်းဆီးရမိပါက နစ်နာကြေး အနေဖြင့် တစ်ခွေလျှင် ငွေကျပ် ၁ဝ သိန်းနှုန်းသတ်မှတ် တရားစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို)မူပိုင်ခွင့် ကာကွယ်ရေး ကော်မတီ မှ ပြောကြားသည်။

ရထားတိုက်မိမှုများကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်၊ ဧပြီ ၁

၃၀-၃-၂၀၁၃ ရက်နေ့ ၂၁၂၅ အချိန် အမှတ်(၇၀)အစုန် သာရဝေါ-ကြည့်မြင်တိုင် လူစီးအမြန်ရထားသည် ရန်ကုန်တိုင်းဒေသကြီး၊မှာ်ဘီမြို့နယ်၊မိုင်တိုင်အမှတ်(၂၉/၁၁-၁၂)ကြား ၀ါးနက်ချောင်းဘူတာအထွက်တွင် မြန်မာ့မီးရထားဌာနမှ ၀ါးနက်ချောင်းဘူတာဝင်းနေ ရထားသံလမ်းကူး ဂိတ်တာဝန်ကျဝန်ထမ်းဖြစ်သူ မြတ်အောင်စိုး(၃၂)နှစ်မှ ရထားအား လမ်းရှင်းလင်းကြောင်း မီးအချက်ပြ၍ လှမ်းခေါ်စဉ် ရထားစက်ခေါင်းဖြင့်တိုက်မိခဲ့သည်။ 

၉၆၉ အကြမ်းဖက် ဂိုဏ်းသားများ ရန်ကုန်မြို့တွင် ပြည်သူ့ရဲ ဆိုင်ကယ်များဖြင့် လှုပ်ရှားနေ ( ပြည်သူများ ရဲဆိုင်ကယ်များကို သတိထားစောင့်ကြည့်ဖို့လိုပြီ)

၉၆၉ အကြမ်းဖက် ဂိုဏ်းသားများ ရန်ကုန်မြို့တွင် ပြည်သူ့ရဲ ဆိုင်ကယ်များဖြင့် လှုပ်ရှားနေ

သတင်း နှင့် ဓါတ်ပုံ - ကိုမင်းဇေယျာ

ရန်ကုန် - မတ်လ ၃၁

ရန်ကုန်မြို့တွင် ၉၆၉ အကြမ်းဖက် ဂိုဏ်းသား အချို့သည်  ပြည်သူ့ရဲ ဆိုင်ကယ်များကို အသုံးပြုပြီး ၉၆၉ တရားခွေများ စတေကာများ လိုက်လံ ဝေငှ လျက်ရှိကြောင်းသတင်းရရှိပါသည်။ 

လွန်ခဲ့သည် မတ်လ၂၉ ရက်  သောကြာနေ့က ရန်ကုန်မြို့ မြယာကုန်းလမ်း ဗလီ အရှေ့ရှိ ရွှေလဘက်ရည်ဆိုင် အရှေ့တွင် ရပ်ထားသော မော်တော်ဆိုင်ကယ် အားမောင်းနှင် သူမှာ ပြည်သူ့ရဲတပ်ဖွဲ့ဝင် တစ်ဦးမဟုတ်ပဲ ဒေါပုံဖက်က လူမိုက်အောင်ကိုဦး ဆိုသူဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်သည် သာကေတမြို့နယ် တစ်ဝိုက် မွတ်စလင်မ် မုန်းတီးရေး ၀ါဒဖြန့်သူများအနက်တစ်ဦးဖြစ်ကြောင်း သာကေတ အစ္စလာမ် စာသင်ကျောင်း ဖျက်ဆီးမှုတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း မျက်မြင်များက သတင်းပေးပို့ ပါသည်။ 

အဆိုပါကဲ့သို့ နိုင်ငံတော် တရားဥပဒေ စိုးမိုးရေးအား တာဝန်ယူထားသော ပြည်သူရဲ များ ၏ ဆိုင်ကယ်များတွင် အစွန်းရောက်အဖွဲ့ အစည်းတစ်ရပ်၏ စတေကာများကို ကပ်ထားခြင်းကြောင့် ပြည်သူများ စိုးရိမ်မှုများ တိုးပွားလာခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့ အပေါ်အယုံအကြည်များ ပိုမိုလျော့နည်း လာနိုင်ကြောင်း၊ ပြည်သူ့ရဲ တပ်ဖွဲ့ အနေဖြင့် အုပ်စု တစ်စု၏ အသုံးချခံ မဖြစ်သင့်ကြောင်းနိုင်ငံသားအားလုံး၏ အသက်အိုးအိမ် စည်းစိမ်များကို အကာအကွယ် ပေးရမည့် အဖွဲ့ အစည်းတစ်ရပ်အဖြစ် ပိုမိုပီပြင်လာစေရေးအတွက် အထူးလိုအပ်လျက်ရှိကြောင်း မြယာကုန်းလမ်းရှိ 
ပြည်သူတစ်ဦးမှ 

`အခု ဒီမှာ ဒုက္ခသည်တွေ ရောက်နေတယ်လေ ... ဒီရဲဆိုင်ကယ်ကြီးက ၉၆၉ တံဆိပ်ကြီးတပ်ပြီး အရှေ့တည့်တည့်က လာရပ်ထားတယ် .... သာကေတက ကျွန်တော့် မိတ်ဆွေက ပြောပြတယ် ဒီလူက သာကေတလူမိုက်တဲ့ ဘာဖြစ်လို့ ရဲဆိုင်ကယ်ကြီးစီးလာလဲ မသိဘူး .... ဒီလိုဆိုယင် ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမလဲ ...  ရဲက လည်း ၉၆၉ တံဆိပ်နဲ့ ကျွန်တော်တို့ အိမ်တွေကို လာဖျက်တဲ့ သူတွေကလဲ ဒီလူတွေပဲ ဆိုတော့ ..... ဒုက္ခပဲပေါ့ ဟု myanmarmuslim.net သို့ပြောကြားခဲ့ပါသည်။

http://www.myanmarmuslim.net/?p=2810

သတင်း နှင့် ဓါတ်ပုံ - ကိုမင်းဇေယျာ
ရန်ကုန်မြို့တွင် ၉၆၉ အကြမ်းဖက် ဂိုဏ်းသား အချို့သည် ပြည်သူ့ရဲ ဆိုင်ကယ်များကို အသုံးပြုပြီး ၉၆၉ တရားခွေများ စတေကာများ လိုက်လံ ဝေငှ လျက်ရှိကြောင်းသတင်းရရှိပါသည်။

နယူးဇီလန် ကမ်းလွန်တွင် လေယာဉ်တစ်စင်း ပျက်ကျ လူနှစ်ဦး ပျောက်ဆုံးလျက် ရှိ

ဝါရှင်တန် မတ် ၃၁
နယူးဇီလန် မြောက်ပိုင်း ဝိုင်ကာတို အရပ်ဒေသရှိ Kawhia ကမ်းလွန် ပင်လယ်ပြင်တွင် မတ် ၃ဝ ရက်က အပေါ့စား လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ နှစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း

ဟုတ်၍ ကျော်သော MPC  ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ။

ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။


MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။

ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation  က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့ သိရှိရပါတယ်။

ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး စာရင်းဇယား 

ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။

NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။ 

အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။

NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့ ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။

ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ        Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။ လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။ 

ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။
ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို 	စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -

-	MPC အဖွဲ့ဝင် ဒါရိုက်တာများ လစာငွေမြင့်မားနေခြင်း။

-	MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။

-	ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project  များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။

-	MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို သုံးသပ်မှုများ ရှိနေပါတယ်။
ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။ 

ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။

မောင်နိုင်အောင် (အမိမြေ)။

ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်း
ချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစား
လုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်
ပေါ်လာနေပါတယ်။

ပဋိပက္ခမျာကြောင့် သင်္ကြန်ပွဲတော်ကို စိုးရိမ်ရန် မလိုဟု ရဲတပ်ဖွဲ့ ပြော

ပဋိပက္ခမျာကြောင့် သင်္ကြန်ပွဲတော်ကို စိုးရိမ်ရန် မလိုဟု ရဲတပ်ဖွဲ့ ပြော
Monday, April 1, 2013

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ကနေ နေပြည်တော်နဲ့ ပဲခူးတိုင်းတွေအထိ ကူးစက်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မြန်မာ့ ရိုးရာ အတာသင်္ကြန် ပွဲတော်ကို ကူးစက်ဖွယ် ရှိမှာမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆို လိုက်ပါတယ်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စတင်ဖို့ ရက်သတ္တ နှစ်ပတ်ခန့်သာ လိုတော့တဲ့ အချိန်မှာ ပဋိပက္ခတွေက ကူးစက်နေဆဲဖြစ်တာမို့ သင်္ကြန်ပွဲတော် လည်ပတ်ကြဖို့ အားခဲနေသူတွေက အကြမ်းဖက်မှုတွေ ကူးစက်လာမှာကို 
စိုးရိမ်နေကြခြင်းအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ အကြမ်းဖက်မှုတွေ မကူးစက်ရေး စနစ်တကျ ကိုင်တွယ် ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင် နေတဲ့အပြင် နှစ်စဉ်
ကျင်းပတဲ့ သင်္ကြန်ပွဲဟာ နိုင်ငံသားအားလုံး ပါဝင်ဆင်နွှဲကြတဲ့ ပွဲဖြစ်
တာကြောင့် အကြမ်းဖက်မှုတွေ ကူးစက်မလာနိုင်ကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး 
ဒု ရဲမှူးကြီး မင်းအောင်က ဧရာဝတီကို ပြောပါတယ်။

“သင်္ကြန်ပွဲက အားလုံးရဲ့ပွဲ ဖြစ်တဲ့အတွက် ဖြစ်နိုင်စရာ အကြောင်းမရှိဘူး
လို့ပဲ ယူဆပါတယ်။ သင်္ကြန်ကာလ အတွက်တော့ လုံခြုံရေးကို နှစ်စဉ် လုပ်နေကြအတိုင်းတော့ စီမံထားပါတယ်။

တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေအလိုက် သင်္ကြန်တွင်း လုံခြုံရေး စီမံချက်ဆိုတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ ရေးဆွဲထားပါတယ်။ လုံခြုံရေးကို ဒီနှစ်မှ ထူးထူးခြားခြား စီမံဖို့တော့ အစီအစဉ်မရှိသေးပါဘူး” လို့ ဒု ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

သင်္ကြန်ကာလကို လုံခြုံရေး ထူးထူးကဲကဲ လုပ်ဆောင်သွားဖို့ အစီအစဉ် မရှိပေမယ့် အရင်နှစ်တွေကအတိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးအရ CCTV ကင်မရာများ တပ်ဆင်ခြင်း၊ ရဲတပ်ဖွဲ့အနေနဲ့ စောင့်ကြပ် ကြည့်ရှုခြင်းတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့က မြို့ခံအချို့ကတော့ အပျက်အစီးတွေ၊ ဒုက္ခသည်တွေ ကြားထဲက သူတို့မြို့ရဲ့ အတာသင်္ကြန်
ကာလဟာ ပျော်ရွှင်စရာ ကောင်းမှာ မဟုတ်ဘူးလို့ ဆိုကြပြီး တချို့ကတော့ မန္တလေးမြို့ပေါ်မှာပဲ သွားရောက် လည်ပတ်ကြမယ်လို့ ဆိုပါတယ်။

“တဦးနဲ့ တဦး ယုံကြည်မှု မရနိုင်သေးတဲ့အချိန် ဘယ်သူက ရန်ပြုမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ၊ မြို့ပေါ်က အပျက်အစီးတွေ၊ ဒုက္ခ သောက ရောက်နေတဲ့ လူတွေကြားထဲမှာ ကျမတို့မြို့ရဲ့ ဒီနှစ်သင်္ကြန်က အသက်မဲ့နေမှာပဲ။ သင်္ကြန် ဒီက သူငယ်ချင်းတွေ တချို့ဆိုရင် မန္တလေးမှာ သွားလည်ကြမယ်။ တချို့က ဥပုသ်စောင့်ကြမယ်လို့ ပြောတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

မိတ္ထီလာမြို့ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင်၊ နိုင်ငံရေးပါတီတွေ၊ ဒေသခံတွေ၊ ဘာသာရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်နေပြီး လက်ရှိ အနေခြအနေမှာ ဆူပူအကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားမှု မရှိတော့ကြောင်း၊ သို့သော်လည်း လုံခြုံရေးကင်းတွေတော့ နေ့ညမပြတ် စောင့်နေရသေးတဲ့ အခြေအနေမှာ ရှိနေသေးကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆူပူအကြမ်းဖက်မှုတွေရဲ့ နောက်မှာ လှုံ့ဆော်သူတွေ ရှိတယ်လို့ ထင်မြင်ကြောင်း၊ ဒါကြောင့် သင်္ကြန်ကာလကို အကြမ်းဖက်မှုတွေ မကူးစက်စေဖို့ အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ ဘာသာရေး အဖွဲ့အစည်း
တွေနဲ့ လူထုတွေ ကိုယ်တိုင်က ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်
ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP) မှ ပြည်သူ့လွှတ်
တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

“သင်္ကြန်ကျလို့ရှိရင် အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်မှုကို ဖြတ်
သန်းကြတာချည်းပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့လူတွေက အုပ်ချုပ်ရေးပိုင်း ဖြစ်ဖြစ် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ 

ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပြည်သူလူထု အေး
ချမ်းဖို့ ပြည်သူ့ဆန္ဒနဲ့ အညီ ကူညီမှာပေါ့” လို့ ဦးသိန်းညွန့်က ဧရာဝတီ
ကို ပြောပါတယ်။

အကယ်၍ ဆူပူ အကြမ်းဖက်မှုတွေ သင်္ကြန်ကာလကို ကူးစက်မှု ဖြစ်ပွား
လာပါက နိုင်ငံတော် အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့ အုပ်ချုပ်ရေးပိုင်းက နိုင်ငံရေးသမားတွေကို နှစ်ပေါင်းများစွာ ထောက်လှမ်းရေး သတင်းတွေနဲ့ ဖမ်းဆီး အရေးယူခဲ့တာပဲ။ အခု ပွဲဖျက်မယ့် လူတွေကိုရော သူတို့ စုံစမ်းထောက်လှမ်း၊ ဖမ်းဆီး အရေးမယူနိုင်ဘူးလား။ ဒီလောက် အားကောင်းတဲ့ ထောက်လှမ်းရေး ယန္တယားကြီးရှိတဲ့ တိုင်းပြည်ပဲ။ 

အဲဒါကိုတော့ ကိုင်တွယ်နိုင်ရမှာပေါ့။ မကိုင်တွယ်နိုင်ရင် တာဝန်ရှိတဲ့လူတွေ ညံ့ဖျင်းမှုပေါ့” လို့ ဦးသိန်းညွှန့်က ပြောဆိုပါတယ်။

အခုအချိန်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မန္တလေးတိုင်းနဲ့ နေပြည်တော်
တို့မှာ တည်ငြိမ်မှုတွေ ရရှိသွားပြီ ဖြစ်ပေမယ့် ပဲခူးတိုင်း အနောက်ခြမ်း
မှာတော့ နေရာကွက်ကြား ဖြစ်နေဆဲပဲလို့ ဒုတိယ ရဲမှူးကြီး မင်းအောင်က
ပြောပါတယ်။

ဆူပူအကြမ်းဖက်မှုတွေရဲ့ နောက်မှာ လှုံ့ဆော်သူတွေ ရှိတယ်လို့ မြန်မာနိုင်
ငံ ရဲတပ်ဖွဲ့အနေနဲ့ သံသယရှိကြောင်း၊ ဒါကြောင့် အကြမ်းဖက်မှုတွေ ထပ်
မံ မပြန့်ပွားအောင် လုပ်ဆောင်မှုတွေ ရှိနေသလို ဦးဆောင်သူလို့ ယူဆရသူတွေကိုလည်း ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ထားကြောင်း
ပြောပါတယ်။

အဓိက မြို့ကြီး နှစ်မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနှစ် သင်္ကြန်အတွက် ရေသဘင် မဏ္ဍပ်တွေ တည်ဆောက်ဖို့ လျှောက်
ထားမှုတွေဟာ အရင်နှစ်ကထက် များပြားကြောင်း မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပါတယ်။

ဆူပူမှုတွေနဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေဟာ ရန်ကုန်မြို့
မှာ ရိုက်ခတ်မှုတွေ ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုံခြုံရေးတွေ ချထားပါတယ်။ ဒီအခြေအနေတွေကြောင့် သင်္ကြန်ကာ
လ အထူးစည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့မှာ ပဋိပက္ခတွေ ကူးစက်လာ
မှာကိုလည်း မြို့ခံတချို့က စိုးရိမ်နေကြကြောင်း ပြောပါတယ်။

မန္တလေးမြို့မှာတော့ တည်ငြိမ်မှုရှိကြောင်း သင်္ကြန်ကာလကို ပဋိပက္ခတွေ ကူးစက်မလာနိုင်အောင် အစိုးရအနေနဲ့ ကိုင်တွယ် ဆောင်ရွက်သွားနိုင် လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း မန္တလေးမြို့ခံ ကဗျာဆရာကြီး ဦး
ကိုလေး (ကိုလေး – အင်းဝဂုဏ်ရည်) က ပြောပါတယ်။

“ကျနော်တို့မြို့မှာတော့ ဖြစ်မလာနိုင်ဘူးဗျ၊ အခုဆိုရင် ဆိုင်ရာဆိုင်ရာ မြို့နယ်တွေမှာ ဆရာတော်တွေရော၊ မွတ်ဆလင် လူကြီးတွေရော၊ ကျန်
တဲ့ ဘာသာပေါင်းစုံတွေရော အခုပြန်ပြီး စည်းလုံးနေကြတယ်ဗျ။ ကျနော်တောင် ပျော်သွားတယ်။ 

အစိုးရကလည်း မီးတောက်အောင်တော့ အဖြစ်ခံမှာမဟုတ်ဘူး၊ ထိန်းမှာပဲ လို့ယုံကြည်တယ်။ ကျနော်တို့ကလည်း တာဝန်သိ ပြည်သူတယောက် အနေနဲ့ တတ်နိုင်သလောက် ကာကွယ်၊ ဖော်ထုတ်ရမှာပဲ” လို့ ကိုလေး (အင်းဝဂုဏ်ရည်) က ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး
ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းလုံခြုံမှုကို ထိပါးလာတဲ့ လုပ်ရပ်မှန်သမျှကို လုံးဝ သည်းခံမှာမဟုတ်ဘဲ ဥပဒေနဲ့အညီ ထိထိရောက်ရောက် တားဆီးနှိမ်နှင်းကြဖို့ ယမန်နေ့ညနေပိုင်းမှာ အစိုးရမီဒီယာတွေကနေ တဆင့် မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်
သက်ပြီး ရှင်းလင်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

၂၀၁၀ ပြည့်နှစ်က သင်္ကြန်ကာလ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းမှာ ရှိတဲ့ X2O ရေကစား မဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ လူ ၁၀ ဦး သေဆုံးပြီး ၁၇၀ ကျော်ဒဏ်ရာ ရခဲ့ကြောင်း အစိုးရကလည်း တရားဝင် ထုတ်ပြန်
ခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ ၂၀၁၀ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ – Reuters)
ဧရာဝတီ
ရန်ကုန်မြို့ရဲ့ ၂၀၁၀ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ – Reuters)
Monday, April 1, 2013

မန္တလေးတိုင်း၊မိတ္ထီလာမြို့ကနေနေပြည်တော်နဲ့ပဲခူးတိုင်းတွေအထိကူးစက်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ
ဟာ မြန်မာ့ ရိုးရာ အတာသင်္ကြန် ပွဲတော်ကို ကူးစက်ဖွယ် ရှိမှာမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆို လိုက်ပါတယ်။

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ရှိ မောင်းမကန် ကမ်းခြေ ဧည့်သည် အ၀င်များလျက်ရှိပြီး တည်းခိုရန်နေရာ အခက်အခဲ ကြုံတွေ့နေ

မောင်းမကန်ကမ်းခြေသို့ ဧည့်သည် အ၀င်များလျက်ရှိပြီး တည်းခိုရန်နေရာ အခက်အခဲ ကြုံတွေ့နေ

Monday, 01 April 2013

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ရှိ မောင်းမကန် ကမ်းခြေသို့ ခရီးသွား
ဧည့်သည် ၀င်ရောက်မှု ပိုမိုများပြားလာပြီး စနေ၊ တနင်္ဂနွေ အားလပ်ရက်
များအပြင် ကျန်ရက်များတွင်ပါ နယ်ဝေးနှင့် ဘုရားဖူးအဖွဲ့များ လာရောက်မှု ရှိနေကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ နှစ်ကစပြီး ကမ်းခြေကို လာတဲ့ခရီးသည်တွေ သိသိသာသာ တိုးလာတယ်။ ဒီနှစ်မှာတော့ အများ ဆုံးပါပဲ။ မြန်မာနိုင်ငံအနှံ့ကလာတဲ့ ခရီးသွားတွေ ပါဝင်လာတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် ချင်းပြည်နယ် ဘက်က ခရီးသည်တွေ မှန်လုံကား သုံးစီးနဲ့ ကမ်းခြေကို လာတယ်။ ရန်ကုန်ဘက်က ဘုရားဖူးအဖွဲ့တွေလည်း လာတာရှိတယ်။ တချို့က မိသားစုအလိုက် ကားနဲ့လာတာ ရှိသလို အဖွဲ့လိုက် လာတာတွေလည်း ရှိတယ်။ နိုင်ငံခြားသားတွေလာတာလည်း ပိုများလာတယ်။ အခုနောက်ပိုင်း ရန်ကုန်-ထားဝယ်လမ်းက ကောင်းလာတော့ ခရီးသည်တွေပို ၀င်လာတာပါ။ နောက်ပိုင်းဒီထက် ခရီးသည်တွေ ပိုဝင်လာနိုင်တယ်” ဟုကမ်းခြေရှိ ဈေးဆိုင်ရောင်းချသူ တစ်ဦးမှ ပြောကြားခဲ့သည်။

မောင်းမကန် ကမ်းခြေသို့ ခရီးသွားများ ၀င်ရောက်မှု တိုးတက်လာသော်
လည်း ကမ်းခြေတွင် တည်းခိုရန် နေရာမလုံလောက်မှုကြောင့် ခရီးသွားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ရလျက်ရှိပြီး ထားဝယ်မြို့ ပေါ်တွင်သာ သွားရောက်အိပ်စက် ရလေ့ရှိကြောင်း ခရီးသွားများထံမှ စုံစမ်းသိရှိရသည်။

“ဒီကမ်းခြေမှာ အဓိကပြဿနာ တစ်ခုက တည်းခိုဖို့နေရာ မလုံလောက်
တာဘဲ။ ဘန်ဂလိုတွေတော့ ရှိတယ်။ ဒါပေမယ့် ခရီးသည် အ၀င်များတဲ့
နေ့ဆိုရင် တည်းခိုဖို့ အားလုံးဒုက္ခရောက်တာ များတယ်။ ဘန်ဂလိုကလည်း အုပ်စုဖွဲ့လာသူတွေ အတွက်ပဲ အဆင်ပြေတယ်။ သီးသန့်အခန်းနဲ့ မဟုတ်တော့ ငှားရမ်းရတာ အဆင်မပြေမှုတွေ ကြုံရလေ့ ရှိပါတယ်။ တချို့ ခရီးသည်တွေက နေ၀င်ချိန်ကို ကြည့်ပြီး အေးအေးဆေးဆေး
နေချင်ပေမယ့် အခန်းမရှိတော့ မြို့ပေါ်က တည်းခိုခန်းမှာ ပြန်အိပ်ရလေ့ ရှိပါတယ်။ ကမ်းခြေမှာ ဘန်ဂလိုက ၁၀ လုံး လောက်တော့ရှိတယ်။ ကမ်းခြေမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေရှိရင်တော့ ဒီထက်ပို အဆင်ပြေမယ်။ အခုလက်ရှိ အနေအထားက ကမ်းစပ်တစ်လျှောက်မှာ
ဈေးဆိုင်တွေ အများကြီးရှိတယ်ဆိုတော့ စားသောက်ဖို့တော့ အဆင်ပြေကြ
ပါတယ်” ဟု ယင်းကမ်းခြေရှိ ဈေးဆိုင်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

မောင်းမကန်ကမ်းခြေသည် ထားဝယ်မြို့ မှ အနောက်ဘက် ၉ မိုင် အကွာတွင် တည်ရှိပြီး ဆိုင်ကယ် (သို့မဟုတ်) ကားဖြင့် မိနစ် ၃၀ ခန့် စီးနင်းရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထားဝယ်အခြေစိုက် ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု အများပိုင် ကုမ္ပဏီ (DDPC) မှ မောင်းမကန် ကမ်းခြေတွင် ဟိုတယ်ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပြီး စီးပွားရေ လုပ်ငန်းရှင် အများစုကလည်း အဆိုပါ ကမ်းခြေတစ်လျှောက်တွင် ဟိုတယ်များ ဆောက်လုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

eleven media group

Monday, 01 April 2013

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ရှိ မောင်းမကန် ကမ်းခြေသို့ ခရီးသွား ဧည့်သည် ၀င်ရောက်မှု ပိုမိုများပြားလာပြီး စနေ၊ တနင်္ဂနွေ အားလပ်ရက် များအပြင် ကျန်ရက်များတွင်ပါ နယ်ဝေးနှင့် ဘုရားဖူးအဖွဲ့များ လာရောက်မှု ရှိနေကြောင်း သိရှိရသည်။

ကမ္ဘာ့သမိုင်းတွင်လူသန်းပေါင်း ၂၀၀ အထိ အသေအပျောက်များခဲ့ သော ပလိပ်ရောဂါကပ်ဆိုးကြီး ပြန်လည်ကျရောက်နိုင်

ပလိပ်ရောဂါကပ်ဆိုးကြီးပြန်လည်ကျရောက်နိုင်
Monday, April 1, 2013 

ကမ္ဘာ့သမိုင်းတွင်လူသန်းပေါင်း ၂၀၀ အထိ အသေအပျောက်များခဲ့ သော ပလိပ်ရောဂါကပ်ဆိုးကြီးသည် တစ်ချိန်ချိန်တွင်ပြန်လည်ဖြစ်ပွား လာနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

လန်ဒန်တွင်ပလိပ်ရောဂါကြောင့် သေဆုံးခဲ့ရသူ(၁၂)ဦး၏ အရိုးစုများကို ဂူသင်္ချိုင်းတစ်ခုအတွင်း ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်ရရှိခဲ့ရာ ၁၄ ရာစုကာလ “အနက်ရောင်မရဏ” ဟု အမည်ရသော ပလိပ်ရောဂါကပ် ဆိုးကြီးအတွင်း သေဆုံးခဲ့သူများဟု ယူဆရသည်။
ပလိပ်ရောဂါသည် အဆုတ်ကို အဓိကထိခိုက်စေသည့် ရောဂါဖြစ်ပြီး ကူးစက်နှုန်းလျှင်မြန်သောကြောင့် ကမ္ဘာနှင့်ချီ၍ ကပ်ရောဂါများဖြစ်ပွား
 နိုင်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၌သယ် သူပို့ဆောင်ရေး၊ကုန်သွယ်ရေး နှင့်အထွေထွေ
အခြေခံအဆောက် အအုံအားနည်းချက်များကြောင့် ဆေးယဉ်ရောဂါပိုး
များပိုများ လာပြီးကူးစက်နှုန်းမြန်လာကြောင်း သိပ္ပံပညာရှင်များကဆိုသည်။ တိရစ္ဆာန်များတွင်သာရှင်သန်နိုင်သည့်ရောဂါပိုးများသည်မျိုးဗီဇပြောင်းလဲပြီး
လူသား များကိုပါကူးစက်မှု တစ်နေ့တခြား တိုးပွားလျက်ရှိရာ ကြက်မှကူးစက်
 သောပလိပ်ရောဂါပိုးတစ်ဖန် ပြန်လည်ဦးမော့လာမည့်အရေးကို သိပ္ပံပညာ
ရှင်များက သတိပေး ကြေငြာထား ခြင်းဖြစ်သည်။

အမေရိကန်အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန(USFDA)က ပလိပ်ရောဂါ
ကာကွယ်ဆေး Levaquin ကို ၂၀၁၂ ခုနှစ်အတွင်းက အတည်ပြုပေးခဲ့ပြီး ဇီဝ အကြမ်း ဖက်မှု (bio-terrorist attack) ဖြစ်ပွားနိုင်ချေ ရှိသည့် ဒေသများ
တွင် သုံးစွဲစေခဲ့သည်။

သီဟ
Source:MNT
Health Updates Journal

Monday, April 1, 2013

ကမ္ဘာ့သမိုင်းတွင်လူသန်းပေါင်း ၂၀၀ အထိ အသေအပျောက်များခဲ့ သော ပလိပ်ရောဂါကပ်ဆိုးကြီးသည် တစ်ချိန်ချိန်တွင်ပြန်လည်ဖြစ်ပွား လာနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

ဟလာလ် အစားအစာ ဆိုတာ ဘာလဲ ? သိပ္ပံရှုထောင့်မှ သုံးသပ်ရအော

ဟလာလ် အစားအစာ ဆိုတာ ဘာလဲ ? သိပ္ပံရှုထောင့်မှ သုံးသပ်ရအောင်…

ဘိုဘို - သူငယ်ချင်း မင်းတို့မွတ်စလင်တွေပြောနေတဲ့ ဟလာလ် နဲ့ ဟရာမ်ဆိုတာ ဘာလဲ? ဘာကြောင့် ဒီလောက်အရေးတယူစဉ်းစားလိုက်နာတာလဲ?


မောင်မောင် -အေး သူငယ်ချင်း ငါရှင်းပြမယ်။ “ဟလာလ်” ဆိုတာ “ခွင့်ပြုထားခြင်း” ၊ “ဟရာမ်” ဆိုတာ “တားမြစ်ထားခြင်း”လို့ ရိုးရှင်းတဲ့ အဓိပ္ပါယ်ရတယ်။ ခွင့်ပြုထား၊ တားမြစ်ထားတဲ့အရာတွေကိုတော့ ကျမ်းမြတ်ကုရ်အာန်**  က နှစ်ပေါင်း ၁၄၀၀ ကျော်အရင်ကတည်းက ဖော်ပြထားတယ်။
**ကျမ်းမြတ်ကုရ်အာန်= တစ်ပါးတည်းသော ဖန်ဆင်းရှင်မှချပေးသော လူသားတို့အတွက် လမ်းညွန်ကျမ်း။


ဘိုဘို - ငါ့ကို ဥပမာ တစ်ခုလောက်ပြောပြမလား ?
မောင်မောင် -  ကောင်းပြီ သူငယ်ချင်း။ ဥပမာတစ်ခုပြောရရင် အစားအသောက်နဲ့ပတ်သက်လို့ ကျမ်းမြတ် ကုရ်အာန်မှာ ယုံကြည်သူတွေကို သွေးနှင့်သွေးခဲအမျိုးမျိုးကို စားသုံးခြင်းမှ တားမြစ်ထားတယ်။ ယခုအခါ သိပ္ပံနည်းကျစမ်းသပ် လေ့လာကြည့်တဲ့အခါ တိရိ စ္ဆာန်တွေရဲ့သွေးမှာ လူတွေရဲ့ကျန်းမာရေး ထိခိုက်စေတဲ့ ယူရစ်အက်ဆစ် အများအပြားပါဝင်ကြောင်းသိရတယ်။ ဒါကို သူငယ်ချင်းလည်း သိမှာပါ။

ဘိုဘို - အေး မင်းပြောတာမှန်တယ်။ ဒီ ယူရစ်အက်ဆစ်ဟာ လူသားတွေအတွက် အဆိပ်အတောက်ဖြစ် စေလို့ ခန္ဓာကိုယ်မှာရှိတဲ့ အဲဒီ အက်ဆစ် ၉၈% ကို ကျောက်ကပ်ကစစ်ထုတ်ပြီး ကျင်ငယ်အဖြစ် ဖယ်ရှား ပေးတယ်ဆိုတာ ငါသိတယ်။ 

မောင်မောင် - ဒါပေမဲ့ လူခန္ဓာကိုယ်မှာ အဲဒီ အက်ဆစ်တွေ အရမ်းများသွားရင် တော့ ကျောက်ကပ်ပါပျက်စီး နိုင်တယ်။ အခု အစ္စလာမ်က ခွင့်ပြုထားတဲ့ လူတွေရဲ့ကျန်းမာရေးအတွက်ကောင်းတဲ့ သားသတ်နည်းကို ဗဟုသုတအနေနဲ့ မျှဝေပေးမယ်နော်။

မောင်မောင် - ပထမဆုံး သားသတ်ရာမှာ သုံးတဲ့ ဓါးဟာ အရမ်းထက်ရမယ်။ သားသတ်ရာမှာလည်ပင်းမှ Jugular vein သွေးကြောကို တစ်ပါးတည်းသော ဖန်ဆင်းရှင်ရဲ့ နာမတော်ဆိုပြီး မြန်ဆန်စွာ ဖြတ်ရမယ်။ နာမတော်ဆိုပြီး ဦးနှောက်မှ နှလုံးသို့သွားတဲ့ သွေးကြောကို မြန်ဆန်စွာ တချက်တည်းဖြတ်ခြင်းဖြင့် နာကျင်မှု အာရုံဟာ ဦးနှောက်သို့မရောက်တော့ဘူး။ တိရိ စ္ဆာန်မှာ နာကျင်မှုမခံစားရတော့ဘူး။ အဲဒီ သွေးကြောကနေ ကြွက်သားမှသွေးများသွန်ထွက်လာတဲ့အတွက်ကြွက်သားများလျော့ပြီး  ကြုံ့လာလို့ တိရ စ္ဆာန်ရဲ့ခန္ဓာကိုယ်ရုန်းကန်တုန်ခါနေတာ တွေ့ရမယ်။ အဲဒီ တိရ စ္ဆာန်မှာ နာကျင်မှုခံစားရ/မရကို ဂျာမန်သုတေသီအဖွဲ့က လေ့လာခဲ့ကြတယ်။


ဘိုဘို- အဲဒါ ဘယ်လိုလေ့လာကြလဲ?

မောင်မောင် - ဂျာမနီရဲ့ ဟန်နိုဗာ တက္ကသိုလ်မှ ပရိုဖက်ဆာ Wihelm Schulze နှင့် ဒေါက်တာ Hazim တို့က ဒီအကြောင်းအရာကို သုတေသနစစ်ဆေးခဲ့ကြတယ်။

ဘိုဘို - ဟုတ်လား? အသေးစိတ်ပြောပြ မလား သူငယ်ချင်း ?

မောင်မောင် - ရပါတယ်။ သူတို့က သားသတ်ရာမှာသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းများ (Captive Bolt Pistol Stunning) နှင့် အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်း ကို စစ်ဆေးသုတေသနပြုခဲ့တယ်။ သားသတ်ရာမှာ သမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းတွေဟာ တိရ စ္ဆာန်မှာ နာကျင်မှုကို ပြင်းပြင်း ထန်ထန်ခံစားရပြီး အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်းက နာကျင်မှုကင်းမဲ့နေတာကို တွေ့ရှိခဲ့ရတယ်။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်း စမ်းသပ်သုတေသနပြုရာမှာ ဒီလိုအဆင့်ဆင့်လုပ်ခဲ့တယ်။

၁) သားသတ်ပြီး ပထမသုံးစက္ကန့်မှာရတဲ့  EEG Graph ဟာ မသတ်ခင်ကအတိုင်းဘဲ ပြောင်းလဲမှု မရှိတာတွေ့ရတယ်။ ဒါဟာ သားကောင်ရဲ့ လည်သွေးကြောဖြတ်စဉ်နှင့် ဖြတ်ပြီးစအချိန်မှာ နာကျင်မှု တစ်စုံတစ်ရာမရှိကြောင်း ဖော်ပြနေပါတယ်။

၂)နောက်သုံးစက္ကန့်ကြာမှာတော့ EEG ရဲ့ဖော်ပြချက်အရ သားကောင်ဟာ သတိလစ်မေမျောမှု အခြေအနေသို့ လုံးဝရောက်ရှိနေပါတယ်။ ဒါဟာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဒလဟောထွက်နေတာကြောင့် ဖြစ်တယ်။

၃)အထက်ဖော်ပြတဲ့ ခြောက်စက္ကန့်အကြာမှာတော့ EEG မှ သုညအမှတ်သို့ပြနေတယ်။ဒါဟာနာကျင်မှု လုံးဝမရှိတာကို ပြနေတယ်။

၎)အဲဒီလို သားကောင်ရဲ့ ဦးနှောက်မှရရှိသော သတင်း (EEG) သုညအမှတ်သို့ရောက် ရှိသည့်တိုင်အောင် သားကောင်ရဲ့နှလုံးဟာတုန်နေဆဲဖြစ်နေပြီး ခန္ဓာကိုယ်၏ကြွက်သားများ ကျုံ့ပြီး ပိုမိုလှုပ်ရွလာတယ်။ (a reflex action of the spinal cord)
အဲဒီအချိန်မှာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများအများဆုံးထွက်ချိန်ဖြစ်ပြီး သန့်ရှင်းလတ်ဆက် သော အသားကိုရရှိစေပါတယ်။

ဘိုဘို- ဒါပေမယ့် ဒီလိုဘာကြောင့်ဖြစ်ရသလဲ?

မောင်မောင် -ငါသူုငယ်ချင်းကိုပြောပြဖို့ တစ်ခုမေ့ကျန်ခဲ့တယ်။ အဲဒါက သားကောင်ရဲ့ လည်ပင်းက သွေးကြော Jujular Vein ကိုဖြတ်တောက်လိုက်ပေမဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့သွေးကြောတွေကို မထိခိုက်ဘူး ဆိုတာပဲ။

ဘိုဘို -ဒါဟာ အံ့သြစရာပဲ။

မောင်မောင် - ဟုတ်တယ် သူငယ်ချင်း။ အခြားသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းကတော့ အခြားအင်္ဂါအစိတ်အပိုင်း တွေဖြစ်တဲ့ နှလုံး၊ အသဲ ၊ ဦးနှောက် စသဖြင့်တို့ကို ပျက်စီးစေပြီး သားကောင်ဟာလည်း ချက်ချင်း နာကျင်မှုခံရပြီး သေဆုံးသွားတယ်။ သွေးတွေကလဲသွေးကြောတွေထဲမှာ ကျက်သွားတယ်။ပြီးတော့ အသားထဲအထိသွေးတွေပျံနှံစေတယ်။ ဒီလိုကြောင့် အသားထဲကို ယူရစ်အက်ဆစ်တွေရောက်ပြီး ညစ်ညမ်းစေတယ်။အဆိပ်အတောက်ဖြစ်နိုင်တယ်။ ယခုလို သိပ္ပံပညာတိုးတက်လာတော့မှ သုတေသီပညာရှင်တွေက ဒါကိုသိလာကြတာ။

ဘိုဘို - အခုတော့ ငါသိပြီ။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်းဟာ တိရိ စ္ဆာန်တွေ ကိုယ်က သွေးကိုလုံးဝစီးထွက်စေပြီး အခြာအစိတ်အပိုင်းတွေကို မညစ်ညမ်းစေဘူး။ ဒါကြောင့်လူသားတွေအတွက် သင့်လျော်ဆုံးဖြစ်တယ်။ တိရိ စ္ဆာန်လည်း နာကျင်မှုမခံစားရဘူး။  

Reference

Deutoche Tieraerztkucge Wocheschrift (German Veterinary Weekly), Volume 85 (1978), pages 62-66.
English Translated by Dr. Sahib M. Bleher,Dip Trans MIL.

Burmese Translated by Shaheen Ansari

ဘိုဘို - သူငယ်ချင်း မင်းတို့မွတ်စလင်တွေပြောနေတဲ့ ဟလာလ် နဲ့ ဟရာမ်ဆိုတာ ဘာလဲ? ဘာကြောင့် ဒီလောက်အရေးတယူစဉ်းစားလိုက်နာတာလဲ?
မောင်မောင် -အေး သူငယ်ချင်း ငါရှင်းပြမယ်။ “ဟလာလ်” ဆိုတာ “ခွင့်ပြုထားခြင်း” ၊ “ဟရာမ်” ဆိုတာ “တားမြစ်ထားခြင်း”လို့ ရိုးရှင်းတဲ့ အဓိပ္ပါယ်ရတယ်။ ခွင့်ပြုထား၊ တားမြစ်ထားတဲ့အရာတွေကိုတော့ ကျမ်းမြတ်ကုရ်အာန်** က နှစ်ပေါင်း ၁၄၀၀ ကျော်အရင်ကတည်းက ဖော်ပြထားတယ်။
**ကျမ်းမြတ်ကုရ်အာန်= တစ်ပါးတည်းသော ဖန်ဆင်းရှင်မှချပေးသော လူသားတို့အတွက် လမ်းညွန်ကျမ်း။

မင်္ဂလာဒိုး အနုပညာအင်အားစုမှ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ အတွက် ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့် ချီ

(ညိုမြ သံစဉ်အလိုက်)

(ခုခေတ်ချိန်ခါ အမတ်မင်းတို့မှာ ပျော်ရွှင်စရာ

လွှတ်တော် တက်တာ တကယ်အိပ်ငိုက်တယ် ရယ်ချင်စရာ..

အိုး.... ဇိမ်ပဲဗျာ.. ဇိမ်ပဲဗျာ... အနှိပ်ခန်းကို နေညိုရင် သွားမှာ...)၂


(ခေါင်း ခေါင်း ခေါင်း ညိတ်ပါ လွှတ်တော်ကြီးထဲမှာ

ဟုတ် ဟုတ် ဟုတ် ကဲ့ဗျာ.. လူကြီး အလိုကျသာ) ၂


(အမတ်မင်းဆိုတော့ လူမသိအောင်တော့ ခွက်ပုန်းခုတ်ရတာ

ညီမလေးတွေနဲ့ ကြိတ်ပုန်းခုတ်ရင်း ဆုံတွေ့ကြရတာ...)၂

ည ည အခါ အီ စီ ကလီ ပါ.. အမတ်မင်းကြီးတို့ ပျော်မြူးကြတဲ့ ခေတ်သစ်ဒီချိန်ခါ။


သံချပ်


အမတ်မင်းဆိုတာ ဘာလဲဗျာ.. သိရင်ပြောပြပါ... (လွှတ်တော်ထဲမှာ အိပ်ငိုက်ကြ အမတ်မင်းဆိုသဗျ)၂

အမတ်မင်းအလုပ်က ဘာလဲဗျာ.. သိရင်ပြောပြပါ.. (လက်ညှိုးလေးထောင် ခေါင်းညိတ်ကြ အမတ်မင်းပီသ)၂


လူထုယုံကြည် မဲထည့်ကာ အမတ်မင်းဖြစ်လာ.. (လူထုအကျိုး ဘာလဲဟေ့ အမတ်မင်းကြီးမေ့)၂

တိုင်းပြည်မဏ္ဍိုင် ထိန်းမတ်ထောင် အမတ်မင်းဦးဆောင် (ဥပဒေမသိ မဏ္ဍိုင်မသိ ဂိမ်းဆော့နေပါ၏)၂


လူထုခက်ခဲ တင်ပြတာ အမတ်မင်းဝန်တာ (အာစေးထည့်ကာ နှာစေး၍ ၀န်တာဆိုတာမေ့)၂

ကိုယ့်ဂုဏ်တန်ဖိုး သိမြင်စွမ်း အမတ်မင်းဝန်ထမ်း(တန်ဖိုးဆိုတာ တိုး ဖန်လား အကြံဖန် ခွင်လား)၂

ကိုထွန်းဝေ
ရေးသားပါတယ်။


desing Ko Myoe

၂၀၁၃မှာကျရောက်မယ့် မြန်မာရိုးရာ မဟာသင်္ကြန်အတွက်  မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့်မန်မာပြည်တွင်းမှအာင်ပွဲရအမျိုးသားဒီမိုကရေစီအဖွဲချုပ် ကိုထောက်ခံအားပေးနေသောမိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန် နှင့် ဒုက္ခ အပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ် ချက် ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့်မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊

တောင်အာဖရိက သမ္မတ ဟောင်း နယ်လ်ဆင် မန်ဒဲလား အတွက် နိုင်ငံတ၀န်း ဆုတောင်းမှုများပြုလုပ်

မန်ဒဲလားအတွက် တောင်အာဖရိကတလွှား ဆုတောင်း

ဧပြီလ ၁ ရက်၊ ၂၀၁၃

တောင်အာဖရိက နိုင်ငံ တလွှားမှာ ရှိတဲ့ ခရစ်ယာန် ဘုရားကျောင်း တွေမှာ သမ္မတ ဟောင်း နယ်လ်ဆင် မန်ဒဲလား အတွက် ဆုတောင်း မှုတွေ ပြုလုပ် နေကြ ပါတယ်။

တချိန် တခါတုန်းက အသား အရောင် ခွဲခြားမှုကို ဆန့်ကျင် တိုက်ပွဲဝင် ခဲ့တဲ့ စဝက်တို မြို့က ရဂျီးနာ မွန်ဒီ ဘုရား ကျောင်းမှာလည်း ရာပေါင်း များစွာ သော ပြည်သူ တွေဟာ လာရောက် စုရုံး ကြပြီး မစ္စတာ မန်ဒဲလား အတွက် ဆုတောင်း ပေးခဲ့ကြ ပါတယ်။

အသက် ၉၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မစ္စတာ မန်ဒဲလားဟာ အဆုတ်ရောင် ရောဂါကြောင့် လေးရက်မြောက် အဖြစ် ဆေးရုံမှာ ဆေးကုသမှု ဆက်လက် ခံယူ နေရ ပါတယ်။

၃၀ ရက်နေ့ ကတော့ သမ္မတရုံး ပြောခွင့်ရ သူက မစ္စတာ မန်ဒဲလားဟာ အခက် အခဲ မရှိ အသက်ရှူ နိုင်ပြီ ဖြစ်ပြီး သက်တောင့် သက်သာ ရှိနေပြီလို့ ပြောပါတယ်။

ဒါပေမယ့်လည်း သူ့ အတွက် စိုးရိမ်မှုတွေ ကတော့ ပြည်သူတွေ အကြား ဆက်လက် ရှိနေ ကြဆဲ ဖြစ်ပါတယ်။

BBC

ဧပြီလ ၁ ရက်၊ ၂၀၁၃

တောင်အာဖရိက နိုင်ငံ တလွှားမှာ ရှိတဲ့ ခရစ်ယာန် ဘုရားကျောင်း တွေမှာ သမ္မတ ဟောင်း နယ်လ်ဆင် မန်ဒဲလား အတွက် ဆုတောင်း မှုတွေ ပြုလုပ် နေကြ ပါတယ်။

နှစ်ပေါင်း ၃ဝ ကြာ ဝက်ပေါင်ခြောက် ပြုလုပ်ရာတွင် အသုံးပြုခဲ့သော ကျောက်တုံး မမျှော်လင့်ဘဲ စတာလင်ပေါင် ၃ ဒသမ ၅ သန်း တန်ကြေးရှိ ဥက္ကာခဲ ဖြစ်နေ

နှစ်ပေါင်း ၃ဝ ကြာ ဝက်ပေါင်ခြောက် ပြုလုပ်ရာတွင် အသုံးပြုခဲ့သော ကျောက်တုံး မမျှော်လင့်ဘဲ စတာလင်ပေါင် ၃ ဒသမ ၅ သန်း တန်ကြေးရှိ ဥက္ကာခဲ ဖြစ်နေ

မက်ဒရစ် မတ် ၃ဝ

စပိန်နိုင်ငံမှ လယ်သမား တစ်ဦးသည် နှစ်ပေါင်း ၃ဝ ကျော်ကြာ အသားငါးများအား ဖိသိပ်ရာတွင် အသုံးပြုခဲ့သည့် ကျောက်တုံး တစ်တုံးမှာ စတာလင်ပေါင် ၃ ဒသမ ၅ သန်းတန်ကြေးရှိ သံထည် ဥက္ကာခဲ တစ်ခုအဖြစ် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းဥက္ကာခဲအား တွေ့ရှိခဲ့သူမှာ ဖော့စတီနို အဆန်ဆီ ယိုလိုပတ်ဇ် ဆိုသူ ဖြစ်ပြီး ၄င်းသည် ၁၉၈ဝ ပြည့်နှစ်က စီယူဒတ်ရီးယဲ ပြည်နယ် အနီး လယ်ကွင်း တစ်ခုတွင် ၄င်း၏ ဖခင်ဖြစ်သူနှင့် အတူ ရှိနေစဉ် အလေးချိန် ၁ဝဝ ကီလိုဂရမ်ရှိ ကျောက်တုံး တစ်တုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းကျောက်တုံးသည် နိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် ကျန်ရစ်ခဲ့သော အကြွင်းအကျန် အဖြစ် လိုပတ်ဇ်က ယူဆခဲ့ပြီး ၄င်းကျောက်တုံးအား အိမ်ရှေ့ ဆင်ဝင် အောက်တွင် ဆယ်စုနှစ် သုံးခုကြာ ထားရှိခဲ့ကာ နောက်ပိုင်းတွင် ဝက်ပေါင်ခြောက် ပြုလုပ်ရာတွင် အဆိုပါ ကျောက်တုံးအား အသုံးပြုခဲ့သည်။

လိုပတ်ဇ်သည် ၂ဝ၁၁ ခုနှစ်တွင် ရုပ် မြင်သံကြားမှ ထုတ်လွှင့်သည့် စပိန် နိုင်ငံပေါ်သို့ ကျရောက်ခဲ့သော ဥက္ကာခဲ အကြောင်းအား ကြည့်ရှု ခဲ့ပြီးနောက် ဘူမိဗေဒ ပညာရှင် ဂျူအန်ကားလို့စ်ဂတ် တာရက်ဇ်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ၄င်းကျောက်တုံးအား ဂတ်တာရက်ဇ်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ခဲ့ပြီးနောက် ၄င်းသည် သမိုင်း မတင်မီ ကတည်းကပင် တည်ရှိခဲ့သော ဥက္ကာခဲ အဖြစ် တွေ့ရှိခဲ့ကြသည်။

၎င်းဥက္ကာခဲသည် စပိန်နိုင်ငံတွင် ရှာဖွေ တွေ့ရှိခဲ့သော ဥက္ကာခဲများ အနက် စတုတ္ထမြောက် ဥက္ကာခဲဖြစ်ပြီး ပထမဆုံးသော ဥက္ကာခဲကို ၁၈၉၈ ခုနှစ်တွင် ကူဆာပြည်နယ် အနီး၌ လည်းကောင်း၊ ဒုတိယ တစ်ခဲအား ၁၉၁၂ ခုနှစ်တွင် ဂရာနာဒါ ပြည်နယ်၌ လည်းကောင်း၊ တတိယ တစ်ခဲအား ၁၉၅ဝ ပြည့်နှစ်တွင် ဇာရာဂိုဇာ ပြည်နယ် အနီး၌ လည်းကောင်း အသီးသီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

http://bit.ly/X7pKKm

By မြ၀တီ
--------------------------------------------------------------------------
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

စပိန်နိုင်ငံမှလယ်သမားတစ်ဦးသည်နှစ်ပေါင်း၃ဝကျာ်ကြာအသားငါးများအားဖိသိပ်ရာတွင် အသုံးပြုခဲ့သည့်
ကျာက်တုံးတစ်တုံးမှာစတာလင်ပေါင်၃ဒသမ၅သန်းတန်ကြေးရှိသံထည်ဥက္ကာခဲတစ်ခုအဖြစ် မမျှော်လင့်
ဘဲ တွေ့ရှိခဲ့ကြောင်း သိရသည်။

'' မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအဖွဲ့ဌာနချုပ် " မှ အစ္စလာမ်သာသနာဝင်များသို့ အသိပေးကြေညာချက်

'' မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအဖွဲ့ဌာနချုပ် " မှ
အစ္စလာမ်သာသနာဝင်များသို့ အသိပေးကြေညာချက်

'' မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအဖွဲ့ဌာနချုပ် " မှ အစ္စလာမ်သာသနာဝင်များသို့ အသိပေးကြေညာချက်

OIC က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ကိစ္စများအတွက် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်မည်

“OIC က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ကိစ္စများအတွက် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်မည်။”

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာအစွန်းရောက်များ မွတ်စ်လင်မ်များအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ဧပြီလ (၁၄)ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မတ်လ (၃၀)ရက်နေ့က ကြေညာခဲ့သည်။

OIC အဖွဲ့၏ အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu က ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့ရှိ OIC ရုံးချုပ်တွင်ပြုလုပ်သည့် ရိုဟင်ဂျာအရေး အစည်းအဝေးတွင် ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်ဗုဒ္ဓဘာသာအစွန်းရောက်များ မွတ်စ်လင်မ်များအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ လိုအပ်သည့်လေ့လာဆန်းစစ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓဘာသာဝင်တို့၏အစွန်းရောက်အကြမ်းဖက်မှုများနှင့် မုန်းတီးရေးလှုံ့ဆော်မှုများကို အဆုံးသတ်ရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက OIC အနေဖြင့် မြန်မာနိုင်ငံတွင်း အစ္စလာမ်ဘာသာဝင်များအား ခွဲခြားဆက်ဆံမှုများအဆုံးသတ်နိုင်ရေးအတွက် အကူအညီပေးနိုင်မည့် နည်းလမ်းများရှာဖွေရန် လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီများသို့ ဆက်လက်တင်ပြသွားရန် ရည်ရွယ်ထားကြောင်းနှင့် မြန်မာနိုင်ငံတွင်း OIC ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် လွန်ခဲ့သောနှစ်များကတည်းက ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ဗုဒ္ဓဘာသာအစွန်းရောက်များက ယင်းကြိုးပမ်းမှုကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း မွတ်စ်လင်မ်များအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများ တိုးပွားလာနေပြီး မကြာသေးမီက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ဖြစ်ပျက်ခဲ့သည်များက ဘာသာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုများရှိနေသည်ကို အတည်ပြုနေကြောင်းလည်း OIC အထွေထွေအတွင်းရေးမှူးက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာအစွန်းရောက်များ မွတ်စ်လင်မ်များအား အကြမ်းဖက်တိုက်ခိုက်
မှုနှင့်ပတ်သက်၍ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ဧပြီလ (၁၄)ရက်နေ့တွင် ဆော်
ဒီအာရေဗျနိုင်ငံ၌ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု ကျင်းပပြုလုပ်သွား
မည်ဖြစ်ကြောင်း မတ်လ (၃၀)ရက်နေ့က ကြေညာခဲ့သည်။

လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား ဆောင်းပါး

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် နိုင်ငံတကာ မီဒီယာတွေ မှာတော့ မြန်မာ သတင်းတွေ ခေါင်းကြီးပိုင်းက ဦးဆောင်ခဲ့ပါတယ်။ တချို့ကလည်း တုန်လှုပ်ဖွယ်ကောင်း တဲ့ ခေါင်းစဉ်မျိုးတွေနဲ့ အဖြစ်မှန်ကို ဒဲ့ရေးကြသလို တချို့ကလည်း သွယ်ဝိုက်စွာနဲ့ အကြံပြုကြတာမျိုး ရှိပါတယ်။

၂၀၁၃-၁၄ ဘဏ္ဏာနှစ်တွင်းရရှိသော စစ်သုံးစာရိတ်များအားလုံး၏ ၄ပုံ၃ပုံခန့်ကို ယူရိုဖိုက်တာ +4 မျိုးဆက် တိုက်လေယာဉ်အုပ်များနှင့် အပိုပစ္စည်းများ တပ်ဆင် ဒုံးစနစ်များ ဝယ်ယူမည်

၂၀၁၃-၁၄ ဘဏ္ဏာနှစ်တွင်းရရှိသော စစ်သုံးစာရိတ်များအားလုံး၏ ၄ပုံ၃ပုံခန့်ကို ယူရိုဖိုက်တာ +4 မျိုးဆက် တိုက်လေယာဉ်အုပ်များနှင့် အပိုပစ္စည်းများ တပ်ဆင် ဒုံးစနစ်များ ဝယ်ယူမည်ဟုသိရသည်။ ယူရိုဖိုက်တာများသည် နေတိုးတပ်ဖွဲ့သုံး လေယာဉ်များဖြစ်ပြီး တပ်ဆင်ထုတ်လုပ်ရာ အော်စတီးရားနိုင်ငံသို့ သမ္မတဦးသိန်းစိန် သွားရောက်စဉ်က ရောင်းချပေးရန် သဘောတူညီမှုရခဲ့တာဖြစ်ပြီး၊ မူလရာထားချက်ဖြစ်သည့် ရုရှားလုပ် SU-30 များ Mig 35 များကို ပယ်ချကာ ဝယ်ယူစေခဲ့ခြင်းဖြစ်ပါသည်။ ယခင် လေတပ်ဦးစီးချုပ်လက်ထက်ကတည်းက ယူရိုဖိုက်တာများကို အလွန်အမင်းစိတ်ဝင်စားခဲ့တာ ဖြစ်ပြီး နိုင်ငံတကာ ဆန်ရှင်များအရ ဝယ်ယူရန် လက်လှမ်းမမှီခဲ့တာလဲဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဂရစ်ဖလင် တိုက်လေယာဉ်များ ဘင်္ဂလားဒေ့ခ်ျ၏ SU-30 များဝယ်ယူမည့် အစီစဉ်များနှင့် ယှဉ်ပြိုင်ကာ ဝယ်ယူလိုက်သော ပထမဦးဆုံးသော ခေတ်မှီ ဥရောပနိုင်ငံလုပ် နေတိုးစစ်သုံး တိုက်လေယာဉ်ဖြစ်ပါသည်။ သို့သော် ယူရိုဖိုက်တာ တိုက်လေယာဉ်များသည် အလွန်အမင်းဈေးကြီးပြီး အပိုပစ္စည်းများရှားပါးခြင်း၊ အသုံးဝင်မှုတွင် ပညာရှင်များစိတ်ကြိုက်မတွေ့ခြင်းကြောင့် ကျွမ်းကျင်သူများက ဝေဖန်လျက်ရှိကြပြီး၊ ဒေသတွင်း လေတပ်ချင်းဂုဏ်ပြိုင်မှုသက်သက်အတွက်သာ တပ်ဆင်ခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်ခင်ဗျား။
ပုံမှာ ယူရိုဖိုက်တာ တစ်စီးပေါ်သို့ အသေးစိတ်တက်ရောက် လေ့လာနေသော လေတပ် အရာရှိကြီးတစ်ဦးပုံဖြစ်ပါသည်။

၂၀၁၃-၁၄ ဘဏ္ဏာနှစ်တွင်းရရှိသော စစ်သုံးစာရိတ်များအားလုံး၏ ၄ပုံ၃ပုံခန့်ကို ယူရိုဖိုက်တာ +4 မျိုးဆက် တိုက်လေယာဉ်အုပ်များနှင့် အပိုပစ္စည်းများ တပ်ဆင် ဒုံးစနစ်များ ဝယ်ယူမည်ဟုသိရသည်။ ယူရိုဖိုက်တာများသည် နေတိုးတပ်ဖွဲ့သုံး လေယာဉ်များဖြစ်ပြီး တပ်ဆင်ထုတ်လုပ်ရာ အော်စတီးရားနိုင်ငံသို့ သမ္မတဦးသိန်းစိန် သွားရောက်စဉ်က ရောင်းချပေးရန် သဘောတူညီမှုရခဲ့တာဖြစ်ပြီး၊ မူလရာထားချက်ဖြစ်သည့် ရုရှားလုပ် SU-30 များ Mig 35 များကို ပယ်ချကာ ဝယ်ယူစေခဲ့ခြင်းဖြစ်ပါသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဗကသ အဖွဲ့ ကချင်ဒုက္ခသည်တွေကိုကူညီ

2013-03-31

နယ်စပ်ဒေသရောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က အဖွဲ့ဝင် ၆ ယောက်ဟာ ခရီးစဉ် နောက်ဆုံးနေ့အဖြစ် တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်စခန်းတွေကို စနေနေ့ မနေ့က အကူအညီတွေ သွားရောက် ပေးအပ်ခဲ့ပါတယ်။

အမေရိကန်တွင် သွားနှင့်ခံတွင်း ကုသမှုခံယူသူ ၇,၀၀၀ ကျော်အား HIV ပိုးစစ်ရန် တိုက်တွန်းထား

အမေရိကန်တွင် သွားနှင့်ခံတွင်း ကုသမှုခံယူသူ ၇,၀၀၀ ကျော်အား HIV ပိုးစစ်ရန် တိုက်တွန်းထား
Sunday, March 31, 2013

ဆရာဝန် အသုံးပြုသော ပစ္စည်းများ၏ ပိုးသတ်မှု အခြေအနေနှင့် အခြားသော စံနှုန်းမမီသည့် ဂွမ်းဖတ်များကို အသုံးပြုနေကြောင်း စစ်ဆေး တွေ့ရှိ
သည့်နောက် သွေးမှတစ်ဆင့် HIVပိုး ကူးစက်နိုင်သည့် အခြေအနေကို တာဝန်ရှိသူများက စိုးရိမ်ခဲ့ကြသည်။

အမေရိကန်နိုင်ငံတွင် ကျန်းမာရေး အာဏာပိုင်များက အိုကလာဟိုးမား
ရှိ သွားနှင့်ခံတွင်း ဆရာဝန် တစ်ဦး၏ လူနာများအား HIVရောဂါပိုး စစ်ဆေးမှု ပြုလုပ်ရန် တိုက်တွန်းလျှက် ရှိသည်။ ဆရာဝန် အသုံးပြုသော ပစ္စည်းများ၏ ပိုးသတ်မှု အခြေအနေနှင့် အခြားသော စံနှုန်းမမီသည့် ဂွမ်းဖတ်များကို အသုံးပြုနေကြောင်း စစ်ဆေး တွေ့ရှိသည့်နောက် သွေး
မှတစ်ဆင့် HIVပိုး ကူးစက်နိုင်သည့် အခြေအနေကို တာဝန်ရှိသူများက စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့်လည်း အဆိုပါ ဆရာဝန်၏ လူနာ (၇၀၀၀)
ကျော်တို့အား HIVပိုး ကူးစက်မှု ရှိမရှိ စစ်ဆေးပါရန် တိုက်တွန်းထားခြင်း
ဖြစ်သည်။

ဒေါက်တာ စကော့ ဟာရင်တန်မှာ ယခုအခါ ပြဿနာများနှင့် ကြုံနေရပြီ ဖြစ်သည်။ စစ်ဆေးမှုများအရ ဒေါက်တာ ဟာရင်တန်
၏ လက်ထောက်များသည်လည်း သန့်ရှင်းမှု မရှိသည့် ကိရိယာ တန်ဆာပလာများကို အသုံးပြုနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့
သည်။ ထို့ကြောင့် HIVအပြင် အသည်းရောင် အသားဝါ Bပိုးနှင့်
Cပိုး ကူးစက်မှုများအတွက်ပါ စိုးရိမ်စရာ ဖြစ်လာသည်။

ထိုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည့် နောက်ပိုင်းတွင် ဒေါက်တာ ဟာရင်
တန်သည် ၎င်း၏ ဆေးကုလိုင်စင်ကို အသာတကြည် အပ်နှံခဲ့သလို တူလ်ဆာနှင့် အိုဝက်ဆိုတို့ရှိ ၎င်း၏ ဆေးခန်းကိုလည်း ပိတ်ခဲ့ရသည်။

တာဝန်ရှိသူများက ယခုစစ်ဆေးမှုတွင် ဒေါက်တာ ဟာရင်တန် ပူးပေါင်းပါ
ဝင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်းသည် ဆေးကုသမှု လိုင်စင် ထာဝရ ပိတ်သိမ်းခံရဖွယ် ရှိနေပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြား
နာမေးမြန်းမှုကို ဧပြီလ (၁၉)ရက်နေ့တွင် တွေ့ကြုံရမည် ဖြစ်သည်။

အိုကလာဟိုးမား သွားဘက်ဆိုင်ရာ ဆရာဝန်များ ဘုတ်အဖွဲ့သည် ဟာရင်တန်၏ ရုံးခန်းများတွင် ပိုးမွှားကင်းစင်မှု စိတ်မချရသည့် ပစ္စည်းများ
ကို သိမ်းဆည်း ရမိခဲ့သလို ယင်းသည် ကူးစက်ရောဂါများ ပျံ့ပွားရန် လုံလောက်သည့် အနေအထားမျိုး ရှိနေကြောင်း အတည်ပြုထားသည်။

Source: US News
http://www.planet.com.mm/
Planet Myanmar Network


Sunday, March 31, 2013

ဆရာဝန် အသုံးပြုသော ပစ္စည်းများ၏ ပိုးသတ်မှု အခြေအနေနှင့် အခြားသော စံနှုန်းမမီသည့် ဂွမ်းဖတ်များ
ကို အသုံးပြုနေကြောင်း စစ်ဆေး တွေ့ရှိသည့်နောက် သွေးမှတစ်ဆင့် HIVပိုး ကူးစက်နိုင်သည့် အခြေအနေ
ကို တာဝန်ရှိသူများက စိုးရိမ်ခဲ့ကြသည်။

ယနေ့ညပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် ကမ္ဘာကျော် Michael Learns to Rock အဖွဲ့၏ တေးဂီတဖျော်ဖြေပွဲ မြင်းကွင်းများ


ယနေ့ညပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် ကမ္ဘာကျော် Michael Learns to Rock အဖွဲ့၏ တေးဂီတဖျော်ဖြေပွဲ မြင်းကွင်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။