Pages

Thursday, March 21, 2013

မရမ်းကုန်းမြို့နယ်တွင် ပစ္စည်းခိုးယူမှုမှ တဆင့်အိမ်ရှင်မိသားစု ဓါးဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ်တင်လိုက်ရ

မရမ်းကုန်းမြို့ နယ်ရှိ၊ နေအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းခိုးယူမှုမှ တဆင့်အိမ်ရှင်မိသားစု ဓါးဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ်တင်လိုက်ရသည်ဟု ရန်ကုန်တိုင်းဒေသကြီး သတင်းတပ်ဖွဲ့ မှ သတင်းရရှိသည်။

Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက်

iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀)ချက် ဆိုတဲ့ပို့စ်မှာ ကျနော်ရေးခဲ့တဲ့အတိုင်း အချို့အချက်တွေမှာ Android က တကယ်သာလွန်ကောင်းမွန်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ သို့သော် အရာရာတိုင်းမှာ "တခြားတစ်ဖက်ကကြည့်ရင်" ဆိုတဲ့စကားရှိတဲ့အတိုင်း Android ထက်သာတဲ့အချက်တွေ iPhone မှာရှိနေဆဲပါပဲ။ ဒီပို့စ်မှာ ကျနော် Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀)ချက် ကိုရေးပြချင်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် အဖွဲ့ယနေ့မော်လမြိုင်မြို့ သို့ရောက်ရှိပြီးမကြာမီ အတ္ထရံဟိုတယ် ဘေး ရှိ ကုလားတန်းဗလီတိုက်ခိုက်ခံရ ( Breaking News:)

မော်လမြိုင်မြို့၏ နောက်ဆက်တွဲ သတင်းမှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် အဖွဲ့ ကား ၃စီးခန့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်သို့ရောက်၇ှိနေကြောင်းသတင်းရရှိပါသည်။မော်လမြိုင်မြို့ဖက်တန်းရပ်ကွက် အတ္ထရံဟိုတယ် ဘေး ရှိ ကုလားတန်းဗလီကို ယနေ့ည ၈နာ၇ီအချိန်တွင် ခဲများဖြင့်ပစ်ပေါက်၍ ထွက်ပြေးရာ မှန် ၅ချပ်ကွဲသွားကြောင်းနှင့် ချက်ခြင်းပင် ဗလီလူကြီးများမှ သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း မျက်မြင် သက်သေတစ်ဦး၏ သတင်းပေးချက်အရ သိ၇ှိရပါသည်။

ိမိတ္ထီလာ မှာ မီးရှို့ မှု တွေ ထပ်ဖြစ် ပြီး သေဆုံးသူ တိုးလာ

မတ်လ ၂၁ ရက်နေ့ မှာ ဒုတိယ မြောက်နေ့  အဖြစ် မတ္ထီလာ မြို့  မှာ မငြိမ်သက် မှုတွေ ဆက် ဖြစ်နေတယ်လို့  FNG က သိရှိ ရပါတယ်။ ဒုတိယ မြောက် နေ့ မှာ အစိုးရ ရုံး တွေ ပါ မီးရှို့ ခံရ ပြီး ၊ ရန် မျိုး အောင် ရပ် ကွက် ၊ မိတ္ထီလာ စည် ပင်ဈေး အနီး နဲ့  အာရှ စိမ်းလန်း ဖွံ့  ဖြိုး ရေး ဘဏ်ခွဲ ပါ မီးစွဲ လောင် ခဲ့ တယ်လို့  သိရပါတယ်။ မင်္ဂလာ ဇေယုံရပ် ကွက် မှာ တော့ ရပ် ကွက် ရဲ့  နေရာ အတော် များများ ကို မီးစွဲ လောင်ခဲ့ ပါတယ်။

၈၈ မျိုးဆက်မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြောဆိုမှုများအား တပ်မတော်အရာရှိကြီးများ ဒေါသထွက်

၈၈ မျိုးဆက်မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြောဆိုမှုများအား တပ်မတော်အရာရှိကြီးများ ဒေါသထွက်
==================================
မိထ္ထီလာ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ လက်လွတ်စပယ် စွပ်စွဲ ပုတ်ခတ် ပြောဆိုမှုတွေကြောင့် တပ်မတော်မှ အရာရှိကြီးများ ပြင်း ထန် စွာ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။ 

မင်းကိုနိုင်မှ မိထ္တီလာအရေးအခင်းပြီးဆုံးသွားရင်တောင် နောက် ထပ် ပြည်ထောင်စုရဲ့ တနေရာမှာ ပုံစံတမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှု၊ ပြီးတော့ အဓိကရုန်းတွေ ဖန်တီးမယ့်ခြေရာ လက်ရာတွေ အစောကြီးကတည်းက တွေ့ထား ကြောင်း၊ ယခု ဖြစ်စဉ်များတွင် အကြမ်းဖက်သူများကို ရဲများက လက်ပိုက်ကြည့်နေကြကြောင်း၊ စစ်တပ်က ကယ်တင်ရှင် ၀င်လုပ်နေချင်ေ ကြာင်း၊ ကျွန်တော်တို့ ကယ်ခွင့် မပေးသင့်ကြောင်း များ ပြောဆိုခဲ့သည်။ တစ်ချိန်တည်းတွင် အန်အယ်ဒီအမတ် ဦးဝင်းထိန်မှ တပ်မ-၉၉ အပါအ၀င် တပ်တွေအများကြီးရှိနေရဲ့သားနဲ့ ၀င်မထိန်းဘူး ဆိုတဲ့ သဘောမျိုးတွေနဲ့ လည်း ပြောဆိုခဲ့ပါသည်။

၎င်းတို့၏ ပြောဆိုချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ ကြီး တစ်ဦးမှ အခု ဖြစ်တဲ့ ပြဿနာ ဟာ စစ်တပ်နှင့် ဘာမှ မဆိုင်ပါဘူး။ ညတွင်းချင်း ကြေငြာချက် ထုတ်တာတွေကို နားထောင်ကြည့်လိုက်တော့ စစ်တပ်ကို တော်တော် ဝေဖန်ထားတာ ကြားလိုက်တယ်။ တော်တော် တရားလက်လွတ် ပြောလိုက်တာပဲ။ လက်ရှိ အချိန်ဟာ  အစိုးရနဲ့ တပ်မတော် လက်တွဲပြီး လုပ်ဆောင်နေကြတဲ့ အချိန်ပါ။ သမ္မတကြီး သွားလေရာ မှာ တပ်မတော်က အကြီးဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ အတူပါပြီး လက်တွဲဆောင်ရွက် နေကြတဲ့ အချိန်ပါ။ အတိုက်အခံလို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် တောင်မှ တပ်မတော်နဲ့  အတူ ပူးပေါင်း ဆောင်ရွက်ပြီး နောက်ကြောင်း ပြန်လှည့်တဲ့စကား၊ စစ်အာဏာရှင် စကားတွေ မပြောဘူး။ အခုတော့ တပ်မတော် ကပဲ ဖန်တီးသ လို မျိုး ဖြစ်အောင် ပြောတဲ့စကားကတော့ လွန်ပါ တယ်ဟု ပြောခဲ့ပါတယ်။

ပုံနှိပ်တိုက် လုပ်ငန်းရှင် တစ်ဦးမှလည်း ကျွန်တော်တို့လည်း မင်းကိုနိုင်ပြောတဲ့ စကားအပေါ် လက်မခံနိုင် ပါဘူး။ သူသာ တိုင်းပြည်အတွက် စေတနာရှိတယ် ဆို ရင် ဒီအချိန်မှာ ဒီလို စကားတွေ မပြောသင့်ဘူး။ ၈၈ တုန်း က မျက်နှာဖုံး စီးပြီး ဆူပူခဲ့တာ သူတို့ပဲ။ ရဲစခန်းက လက်နက်တွေကို ၀င်စီးခဲ့တာလဲ သူတို့ပဲ။ အခု တိုင်းပြည်ကို ဖျက်နေကြတာလဲ သူတို့ပဲ ဟု ပြောဆိုခဲ့ပါသည်။

လွှတ်တော် အမတ်၏ ပြောဆိုချက်နှင့် ပတ်သက်၍ အထက်ပါ အရာရှိကြီးမှ မိထ္ထီလာတွင် ခြေလျင် တပ်အင် အား မရှိကြောင်း၊ တပ်မ ၉၉ သည် စစ်ဆင်ရေးထွက်နေသော တပ်ဖြစ်၍ နောက်ချန်အင်အား သာ ရှိကြောင်း၊ တပ် တော် အနေဖြင့် အစိုးရသစ် လက်ထက်တွင် ပြည်တွင်း ဆူပူမှုများကို နှိမ်နှင်းရန်ထက် နယ်စပ်ဒေသ များတွင် ငြိမ်းချမ်းရေး ရရှိ စေရန် ဦးစားပေး ဆောင်ရွက်လျှက် ရှိကြောင်း၊ ပြည်တွင်း ဆူပူမှုများကို ရဲတပ်ဖွဲ့များကသာ နှိမ်နှင်းရကြောင်း တို့ကို ပြောပြခဲ့သည်။ 

၎င်းမှ ဆက်လက်၍ ပြည်တွင်းမှာ သမ္မတကြီးနဲ့  အစိုးရအဖွဲ့တွေက တိုးတက်အောင် လုပ်ဆောင်နေတယ်။ နယ်စပ်မှာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က လုပ်နေ တယ်။ မင်းကိုနိုင်တို့ ဘာလုပ်တယ် ဆိုတာ အားလုံးသိကြပါတယ်။ ယခုလို စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နေ ချိန်မှာ ဒီလို စကားမျိုး လုံးဝ မပြောသင့်ဘူး ဟု ပြောခဲ့ပါသည်။

၂၀၁၃ ခုနှစ် အစောပိုင်းမှ စ၍ တပ်မတော်သား အများစုသည် ဒီမိုကရေစီ ဆန်သော တပ်မတော် ဖြစ်လာရေး၊ အခြား ပြည်ပနိုင်ငံမှ စစ်သားများကဲ့သို့ အခွင့်အရေးများ ရရှိရေး တို့အတွက် လက်ရှိ အစိုးရနှင့် လွှတ်တော်  အမတ်များ အပေါ်တွင် ယုံကြည် အားထားမှုများ ရှိနေကြောင်း သိရသည်။ မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပြင် အခြား လွှတ်တော် အမတ် အချို့က တပ်မတော်သားများ အကျိုးအတွက် အဆို များ တင်သွင်းခဲ့ဖူးကာ ၄ နှစ်မှ တစ်ခါ ရသည့် ၀တ်စုံစရိတ်ကဲ့သို့ ခေတ်နှင့် မလျော်ညီသော စရိတ်များ တိုးမြှင့် ရရှိစေရေး အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် လက်ရှိ အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ တိုင်းပြည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အား အမှားအယွင်း မခံဘဲ လုပ်ဆောင်နေချိန်တွင် ၈၈ မျိုးဆက် မင်းကိုနိုင်နှင့် လွှတ်တော်အမတ် တို့၏ ပြောဆိုချက် သည် တရားလက်လွတ် ဖြစ်နေသဖြင့် ဒေါသထွက်ကြခြင်းပင် ဖြစ်သည်။

ဓာတ်ပုံ။ ပြည်တွင်း ဆူပူစေယုံသာမက တိုင်းရင်းသား လက်နက်ကိုင်များအား သွေးထိုးနေသော ၈၈ များ

အသံဖိုင်==> http://realaudio.rferl.org/voa/BURM/manual/2013/03/21/2a3f1395-30f5-4069-aa76-c3e50f13dc90.mp3

မိထ္ထီလာ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ လက်လွတ်စပယ် စွပ်စွဲ ပုတ်ခတ် ပြောဆိုမှုတွေကြောင့် တပ်မတော်မှ အရာရှိကြီးများ ပြင်း ထန် စွာ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။

သင်္ကြန်ရက်အတွင်း ရန်ကုန်တိုင်း မြို့နယ်၂၀ ကို မူလအတိုင်း ရေပေးမည်

လာမည့် သင်္ကြန်ရက်များတွင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ဆိုသည်။တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် အရှေ့ ဒဂုံမြို့နယ်တို့အား သင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

သြစတြေးလျ လုပ်ငန်းရှင်များ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံလို၊ နှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ ၆ သန်းကျော်ရှိ

မြန်မာနိုင်ငံရှိ စီးပွားရေး ကဏ္ဍစုံတွင် သြစတြေးလျ စီးပွားရေး လုပ်ငန်းရှင်များက ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်လိုကြောင်း သမ္မတ ဦးသိန်းစိန်နှင့် မတ်လ ၁၉ ရက်နေ့က တွေ့ဆုံစဉ် သြစတြေးလျ ကုန်သွယ်ရေး ကော်မရှင်အဖွဲ့က ပြောဆိုလိုက်သည်။

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်ဖို့အတွက်တပ်မတော်မှ စတင်းလှုပ်ရှား"

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်ဖို့အတွက်တပ်မတော်မှ စတင်းလှုပ်ရှား"
Thursday, 21 March 2013

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်းသိရှိရသည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

တပ်မတော်မှ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များကို အသင့်စု ဖွဲ့ထားပြီးဖြစ်တယ်။ မိတ္ထီလာသို့ အဖွဲ့လိုက်၊ အစုလိုက် ကားများဖြင့် ထွက်ခွာလာ ခဲ့ကြောင်းနှင့် အထက်အမိန့်ကိုလည်းစောင့် ဆိုင်းနေကြောင်း သတင်းရရှိသည်။

အဓိကရုဏ်းနှိမ်နှင်ရေးအတွက်  နယ်မြေခံတပ်ဖွဲ့များကို လည်း တွဲဖက်တာဝန်ပေးထားကြောင်းသိရှိရသည်။

Thursday, 21 March 2013

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်းသိရှိရသည်။ လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

The Buddhist mobs killed 28 religious students and 4 teachers in Hamayatul Islam Religious Arabic School (Maddarasa) of Mingalar Zayyu village under Meiktilar Township

Rohingya News Agency - (Mayu Press): By Mohamed Farooq

The Buddhist mobs killed 28 religious students and 4 teachers in Hamayatul Islam Religious Arabic School (Maddarasa) of Mingalar Zayyu village under Meiktilar Township at about 6.30 AM, 21st March 2013.

Among the burnt down houses and buildings, Maddarasa Hamayatul Islam was the biggest one in Mingalar Zayyu village. The Buddhist extremists were entire night feeling free to mass kill, and attack Muslims and torch up houses with the Marshal Law Act-144 not to out but there is no barrier and attachment for Buddhist racists by security personnel and Army. At the night of 3 AM, a Buddhist merciful family situated near the Religious School had called and brought all the Muslim religious teachers and students to his house for the life safety. The Muslim religious school burnt into ashes around 4 AM by the racists.

At the morning 6 AM, Buddhist extremists group surrounded the house of Buddhist where Muslim students and teachers were sleeping with fear and tiredness. They asked the house owner to get out all the Muslims and shouted with iron arrows, swords, knife, iron rods, long bamboo and wood sticks. The Buddhist kind-hearted family requested them not to attack those Muslims as most of them are orphans and parentless came from far distances to acquire religious education and nothing else. The terrorists torched up the Buddhist house to come out all the Muslim students and teachers.

The Buddhist mobs brutally hit with their handed dangerous instruments till to death 28 students and 4 teachers in front of Army, Police and Hlun Tin (Riot police).

List of teachers killed by Buddhist mobs:

Maulana Mohammad Shafi,45,
Maulana Zakaria,40,
Mufti Wazib,30, and another one

Among the burnt down houses and buildings, Maddarasa Hamayatul Islam was the biggest one in Mingalar Zayyu village. The Buddhist extremists were entire night feeling free to mass kill, and attack Muslims and torch up houses with the Marshal Law Act-144 not to out but there is no barrier and attachment for Buddhist racists by security personnel and Army. At the night of 3 AM, a Buddhist merciful family situated near the Religious School had called and brought all the Muslim religious teachers and students to his house for the life safety. The Muslim religious school burnt into ashes around 4 AM by the racists.

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်နိုင်ပြီဟုဆို"

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း 

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်နိုင်ပြီဟုဆို"

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒုတိယရဲတပ်ဖွဲ့မှုး ဦးထွန်းနိုင်မှ RFA သို့ အတည်ပြုပြောကြားသည်။

မိတ္ထီလာမြို့ အမှတ် (၂)ရဲစခန်းကို ဒီကနေ့ညနေ ၆ နာရီခွဲက ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ဝင်များအနေနှင့် ပြဿနာအရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါတယ်။

ယခုအခါ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ခေါင်းဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊မိတ္ထီလာအဓိကရုဏ်း စုံစမ်းရေးကော်မရှင်အဖွဲ့သည် အဓိကရုဏ်းဖြစ်ပွားရာနေရာများကို လှည့်လည်ကြည့်ရှုနေကြောင်း သိရသည်။

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒုတိယရဲတပ်ဖွဲ့မှုး ဦးထွန်းနိုင်မှ RFA သို့ အတည်ပြုပြောကြားသည်။

မော်လမြိုင် (သို့) Maintenance free မြို့လေးသို့ (ကဗျာ)

မော်လမြိုင် (သို့) Maintenance free မြို့လေးသို့။

အဲဒီမြို့လေးပေါ့...
ညဆိုခရမ်းချဉ်သီးတွေချိတ်ထားတဲ့
ဓါတ်တိုင်တွေနဲ့ စတိုင်ကျနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်မြစ်ကိုဖြတ်ပြီ့း
ဘီလူးကျွန်းကို မေးလေးထောက်ပြီးကြည့်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကုန်းတက်ကုန်းဆင်းတွေများပေမယ့်
ဆိုက်ကား မြင်းလှည်းတွေ ဥဒဟိုသွားနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်ဖြစ်တဲ့
မှောင်ခိုစီးပွားရေးကို ဇာတ်သွင်းခံရတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဒုတိယကမ္ဘာစစ်လက်ကျန်
ချက်ပလက် ခေါင်းတို ခေါင်းရှည်ကားတွေနဲ့
သမိုင်းကို ဆုပ်ကိုင်သရုပ်ဖော်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
အလှပြလေယာဉ်ကွင်းရှိပေမယ့်
လေယာဉ်ပျံမဆင်းတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ပိုင်ဆိုင်မှုလွဲပြောင်းချင်လို့
ခဏခဏ ဈေးတွေမီးလောင်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကမ်းနားလမ်းတစ်လျှောက်မှာရှိတဲ့ အိမ်တွေကို
မျက်နှာစာတိုက်ဆောက်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
ကြီးကျယ်လှတဲ့ အန်းတစ်မီးစက်ကြီးရှိပေမယ့်
ဘယ်တော့မှမီးမမှန်တဲ့မြို့။

အဲဒီမြို့လေးပေါ့...
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
တို့ဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့
သာသနိကအဆောက်အအုံတွေနဲ့
နိဗ္ဗာန်ကို အသက်ဆက်နေရတဲ့မြို့။

အဲဒီမြို့လေးပေါ့...
Maintenance free ကျောင်းတွေနဲ့
အနာဂါတ်ရဲ့ပန်းပွင့်တွေကို
ရေလောင်းပေးနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
ဘယ်အိမ်မဆို သိသိ မသိသိ
တက်စားလို့ရတဲ့ ဆွမ်းကြီးလောင်းပွဲတွေနဲ့
မြိုင်ဆိုင်နေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
လုပ်စရာမရှိလို့ ကိုယ့်အချင်းချင်း
ပရိုက်ဗိတ် လီမီတက် ကုမ္ပဏီထောင်ပြီး
အဆင်မပြေရင် ဒိုင်ပြေးတဲ့မြို့။

အဲဒီမြို့လေးပေါ့...
မြန်မာတစ်နိုင်ငံလုံးနှံ့အောင်
၁-၂-၃ ဆိုတဲ့ စီးပွားရေး 
အက်ဂျူကေးရှင်း လုပ်ပေးတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်တံတား တံပိုးတတ်ခံပြီးကတည်းက
အိမ်နီးချင်းတွေအတွက် ရုန်းနေရတဲ့မြို့။

အဲဒီမြို့လေးရဲ့
ဟိုးအစွန်က လယ်ကွင်းစပ် ရပ်ကွက်ကလေးမှာ
ငါ့ကိုမွေးခဲ့တာပေါ့။
ဝါထပ်တဲ့နှစ်တွေမှာ
သံလွင်ရေတိုးလို့ လနဲ့ချီပိတ်တဲ့ကျောင်းလေးမှာ ငါနေခဲ့တာပေါ့။

မြို့လေးရေ 
ငါမင်းကိုလွမ်းနေတယ်ကွယ်။

မြို့လေးရေ 
ဘ၀မှာအလဲထိုးခံလိုက်ရတိုင်း၊
ဘ၀မှာအနင်းချေခံရတိုင်း၊
ဘ၀မှာငိုချင်းတွေဆိုရတိုင်း၊
ဘ၀မှာလည်ပင်းကြောတွေထောင်ထလာအောင်
ခံပြင်းစိတ်တွေဖြစ်ရတိုင်း၊
လည်ပင်းဖက်ပြီး ကြီးခဲ့ရတဲ့ မင်းကို
အသေအချာကြီး လွမ်းနေမိတာပေါ့။

အခုတော့
နောက်ဆုတ်လို့မရတဲ့ရွေ့ရှားမှုတွေနဲ့ 
ငါကတော့ မင်းနဲ့ဝေးရာ ဘ၀တစ်ခုမှာ
မနားတမ်းခရီးဆက်နေတုန်းလေ။

မြို့ကလေးရေ
မင်းကိုလွမ်းနေတဲ့
မင်းနဲ့ပတ်သက်ခဲ့ဘူးတဲ့
မင်းကလဲမှတ်မိတော့မှာမဟုတ်တဲ့
အဝေးကလူတစ်ယောက်က
မင်းကို....
အခုခေတ်ပေါ် တစ်ချို့ပစ္စည်းတွေလို
ဘယ်တော့မှ ပြုပြင်ပြောင်းလဲစရာမလိုတဲ့
Maintenance free မြို့လေးလို့
ကဗ္ဗည်းတပ်ပေးလိုက်ချင်ပါရဲ့။

ဝင်းထိန်
၁၈-၀၁-၂၀၁၃
နှစ်ပေါင်း ၃၀ ကျော်က မော်လမြိုင်မြို့သို့ အလွမ်းပြေ။
(Maintenance free = ပြင်စရာမလိုသော)


အဲဒီမြို့လေးပေါ့...
ညဆိုခရမ်းချဉ်သီးတွေချိတ်ထားတဲ့
ဓါတ်တိုင်တွေနဲ့ စတိုင်ကျနေတဲ့မြို့။

အဲဒီမြို့လေးပေါ့...
သံလွင်မြစ်ကိုဖြတ်ပြီ့း
ဘီလူးကျွန်းကို မေးလေးထောက်ပြီးကြည့်နေတဲ့မြို့

မယားကြီးရှိလျက်နှင့် သမီးဖြစ်သူကိုခိုးယူပေါင်းသင်းခဲ့သူအား အဖေကသတ်ပစ်

မတ် ၂၁
၁၅-၃-၂၀၁၃ရက်နေ့ ၁၆၃၀ အချိန် စာဘူးတောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျောက်ပုံ ကမ်းနားအနီး ငမိုး
ရိပ်ချောင်းအတွင်း အမည်မသိအမျိုးသားအလောင်း ၁ လောင်း တွေ့ရှိကြောင်း အကြောင်းကြားခဲ့သဖြင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ရာဝဲရင်အုံ၊ယာရင်အုံ၊ ၀ဲနံကြား၊ ၀ဲလက်ပြင်
တို့တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့် လှည်းကူးရဲစခန်း(ပ)၁၁၆/၂၀၁၃၊ ပြစ်
မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အဲ့ကအေဲ့ကမ္ဘောဇ မှ ATR-72-600 လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ် ခရီးစဉ် စတင်ပြေးဆွဲ

အဲ့ကမ္ဘောဇ မှ ATR-72-600 လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ် ခရီးစဉ် စတင်ပြေးဆွဲ

ရန်ကုန် မတ် ၂၁

အာရှတွင် ပထမဆုံးဝယ်ယူပြေးဆွဲခြင်းဖြစ်သော ATR-72-600   လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲနေပြီ ဖြစ်ကြောင်း အဲကမ္ဘောဇလေကြောင်းမှ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါလေယာဉ်ကို အဲကမ္ဘောဇလေကြောင်းလိုင်းမှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀ ပေးရကြောင်း ယင်းလေယာဉ်မှာ ခရီးသည် ၆၈ ဦးဆန့် ပြီး ခရီးသည်များအတွက် သာလွန်ကောင်းမွန်သော ၀န်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်ဝယ်ယူခြင်းဖြစ်သည်ဟု ကမ္ဘောဇလေကြောင်းလိုင်းမှ ဒုတိယ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်မြင့်ကပြောသည်။

၎င်းလေယာဉ်သည် ကမ္ဘောဇလေကြောင်းတွင် ၅စီးမြောက်လေယာဉ်ဖြစ်ပြီး အဆိုပါလေယာဉ်အမျိုးအစားနောက်ထပ်တစ်စီး ၀ယ်ယူထားပြီး မတ်လတွင် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ဝေယံမိုးမြင့်

ရန်ကုန် မတ် ၂၁

အာရှတွင် ပထမဆုံးဝယ်ယူပြေးဆွဲခြင်းဖြစ်သော ATR-72-600 လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲနေပြီ ဖြစ်ကြောင်း အဲကမ္ဘောဇလေကြောင်းမှ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

Google မှ www.google.com.mm ကိုအသုံးပြုနိုင်ရန်စီစဉ်

Google မှ  www.google.com.mm ကိုအသုံးပြုနိုင်ရန်စီစဉ်
================================
Google ၏ sub-domain အဖြစ် www.google.com.mm ကိုအသုံးပြု၍ ရနိုင်ပြီဖြစ်သည်။ Google အကြီးအကဲ Google Mr Eric Schmidt သည် မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ်ပြီး ၄င်းမရောက်ခင် အချိန်အတွင်း မှာပင် ယခုကဲ့သို့ အသုံးပြု၍ ရနေခြင်း လည်းဖြစ်သည်။

Google ၏ sub-domain အဖြစ် www.google.com.mm ကိုအသုံးပြု၍ ရနိုင်ပြီဖြစ်သည်။ Google အကြီးအကဲ Google Mr Eric Schmidt သည် မြန်မာနိုင်ငံသို့မတ်လ၂၂ ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ်ပြီး ၄င်းမရောက်
ခင် အချိန်အတွင်း မှာပင် ယခုကဲ့သို့ အသုံးပြု၍ ရနေခြင်း လည်းဖြစ်သည်။

မိတ္ထီလာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဟု ရဲတပ်ဖွဲ့ပြော (ညနေ ၄ နာရီ)

မိတ္ထီလာမြို့ရှိ အင်းဝဘဏ်မှ ငွေကြေးများအား လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းနေသည်ကို မတ် ၂၁ ရက်တွင် တွေ့ရစဉ်
မိတ္ထီလာမြို့ရှိ အင်းဝဘဏ်မှ ငွေကြေးများအား လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းနေသည်ကို မတ် ၂၁ ရက်တွင် တွေ့ရစဉ်
မိတ္ထီလာမြို့ ပဋိပက္ခတွေ အခုအချိန်ထိ ဖြစ်ပွားနေပြီး တည်းခိုခန်းတခုပြာကျသွားပြီးနော
က် အိမ် ၅ လုံးလောက် မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို



ထက်နိုင်ဇော်| March 21, 2013   ဧရာဝတီ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို နေပြည်တော်ရှိ အကြီးအကဲတဦးက ခေါ်ယူထားကြောင်း ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အမှတ် ၂၅ မှ တာဝန်ကျ အရာရှိက ဧရာဝတီသို့ ပြောသည်။
“အကြီးအကဲက ခေါ်လို့ နေပြည်တော်ကို ပို့လိုက်ပြီ။ ဟို Case ဖြစ်ကတည်းက ပို့လိုက်တာ” ဟု သူက ဆိုသည်။
နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေချာမသိရှိဘဲ နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ်ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း ယင်းယာဉ်ထိန်းရုံးမှ တခြား အရာရှိတဦးကလည်း ပြောသည်။
နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်
ယခုလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖိုးလပြည့်သည် ၉ ဂ/  ၉၉၁၄ ကို မောင်းနှင်လာပြီး တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်း မီးပွိုင့်တွင် ကားလမ်းရှင်းပေးရန် တောင်းဆိုသောကြောင့် ယဉ်ထိန်းရဲက လမ်းရှင်းပေးရာ မီးနီနေစဉ် မီးစိမ်းပေးခဲ့သော်လည်း ပွိုင့်ဖြတ်စဉ် မီးဝါသွားသဖြင့် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကို လက်သီးဖြင့် ဆင်းထိုးခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဗိုလ်မှူးဆိုသူတဦး ထပ်မံရောက်ရှိလာပြီး ယဉ်ထိန်းရဲ တပ်သား စံထွေးအောင်ကို ခေါ်ယူကာ ၎င်း၏ အိမ်တွင် ရေခဲရေဖြင့်ပက်ခြင်း၊ ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။
၎င်းဖြစ်စဉ်ကို မှန်ကန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ပြည်တွင်း အပတ်စဉ်ထုတ် လူထုပုံရိပ်ဂျာနယ်သို့ အတည်ပြုခဲ့ပြီး ၎င်းအန္တရာယ်ကင်းရန်အတွက် အထက်တာဝန်ရှိသူများကို တိုင်ကြားမှု ပြုလုပ်တော့မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
အစိုးရ ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင်ချမှတ်နိုင်ကြောင်း၊ တာဝန်ဝတ္ထရား နှောင့်ယှက်မှုတွင် နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောက်ယှက်သည်ဟု ယူဆပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ် ကျပ်ငါးရာ၊ ပုဒ်မ ၁၈၉ အရ ပြည်သူ့ ၀န်ထမ်းကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု 
ယူဆပါက ထောင်ဒဏ် နှင့်ငွေဒဏ်များ ပြစ်ဒဏ်ခံရနိုင်ကြောင်း ရန်ကုန်ရှေ့နေကွန်ရက်မှ ဦးကြီးမြင့်က ပြောသည်။

ထက်နိုင်ဇော်| March 21, 2013 ဧရာဝတီ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို နေပြည်တော်ရှိ အကြီးအကဲတဦးက ခေါ်ယူထားကြောင်း ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အမှတ် ၂၅ မှ တာဝန်ကျ အရာရှိက ဧရာဝတီသို့ ပြောသည်။

စစ်တွေမှ ထိုင်းသို့သွားမည့် မူဆလင် ၉၀ ကျော် မြိတ်တွင် ဖမ်းဆီးထား

ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ်  ကွန်းချမ်း

စံခလပူရီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်သို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နွှယ်ဖွား ၉၀ ကျော်ကို ယခုသီတင်းပတ်အတွင်း ဖမ်းဆီးကာ ထိန်းသိမ်းထားကြောင်း ဒေသခံများနှင့် အာဏာပိုင်များက ပြောသည်။“အားလုံး ၉၂ ယောက်။ ယောက်ျား/မိန်းမ ခွဲနေတုန်းပါ။ စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ လဝက ဥပဒေနဲ့ပဲ အရေးယူမယ်” ဟု ခရိုင် လဝက အရာရှိတဦးက ပြောသည်။

မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင် အား တိုးမြှင့်ထားဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

Thursday, 21 March 2013
မိတ္ထီလာမြို့တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နေပြည်တော်နှင့် မန္တလေး တစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေး အင်အားကို ထပ်မံဖြည့်တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

မိတ္ထီလာအရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မိတ္ထီလာတွင် ဖြစ်ပွားနေသော အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမို
တင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း သတင်းရရှိသည်။

"၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ စာအုပ်အဖုံးက စပြီး ပြင်သင့်ဟု ဦးခွန်ထွန်းဦး ပြောကြား"

"၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ စာအုပ်အဖုံးက စပြီး ပြင်သင့်ဟု ဦးခွန်ထွန်းဦး ပြောကြား"
==============================

၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေသည် ပြင်ဆင်ရမည့်ဥပဒေများစွာရှိနေပြီး စာအုပ်အဖုံးကအစ ပြင်သင့်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပါ ဥက္ကဌ ဦးခွန်းထွန်းဦးက ရှမ်းပြည်နယ် လာရှိုးမြို့၌ ယနေ့ ကျင်းပပြုလုပ်သော ငြိမ်ချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲ ပထမနေ့ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား အားလုံးဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲမလားဆိုတာပြည်သူထူထု တရပ်လုံးရဲ့ သဘောတူ ထောခံမှုနဲ့ ဆောင်ရွက်ရမှာပါ။ ပြင်ဆင်မလား၊ အသစ်ပြန်ဆွဲမလား ပြင်ဆင်စရာတွေက များလွန်းတော့စာအုပ်အဖုံးက စပြီး ပြင်ရမှာပါ” ဟု ဦးခွန်ထွန်းဦးက ပြောကြားခဲ့သည်။

Re-Post By ACM 20-3-2013
အေးချမ်းမွန် Credit & Copy From >> The Street View<< Thank

၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေသည် ပြင်ဆင်ရမည့်ဥပဒေများစွာရှိနေပြီး စာအုပ်အဖုံးကအစ ပြင်သင့်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပါ ဥက္ကဌ ဦးခွန်းထွန်းဦးက ရှမ်းပြည်နယ် လာရှိုးမြို့၌ ယနေ့ ကျင်းပပြုလုပ်သော ငြိမ်ချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲ ပထမနေ့ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိထ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်ကို ရဲဝန်ထမ်းအင်အား၅၀၀ခန့်ဖြင့် ထိန်းသိမ်းနေသော်လည်း လူထုကိုထိမ်းသိမ်းလို့မရသေး

မိထ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခ ကြားတွင် မိထ္ထီလာ ရဲတပ်ရင်း(၇) နှင့် (၄) တို့မှ ရဲဝန်ထမ်းအင်အား၅၀၀ခန့်ဖြင့် ထိန်းသိမ်းနေပြီး ၄င်းတပ်ဖွဲ့ဝင်များအနေဖြင့် အထက်အာဏာပိုင်မှ လာသော အမိန့်ကို သာ စောင့်ဆိုင်းဆောင်ရွက်နေကြောင်းသိရသည်။ "လူထုက သိပ်ပြီးထိန်းလို့မလွယ်ဘူး၊

မိတ္ထီလာပဋိပက္ခ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

မိတ္ထီလာပဋိပက္ခ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း
Thursday, March 21, 2013

မိတ္ထီလာတွင် ဖြစ်ပေါ်နေသော အဓိကရိုဏ်းနဲ့ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိပါတယ်။
စုံစမ်းရေး အဖွဲ့ကို မန္တလေးတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ
ဖြစ်ပါတယ်။

အပြည့်အစုံမှာ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
အမိန့်အမှတ်(၁၉/၂၀၁၃)

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဌအဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်စိုး၊ အဖွဲ့ဝင်များအဖြစ်
ဒုတိယ ရဲမှူးကြီးထွန်းနိုင် (ဒုတိယတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး)၊
ဒုတိယ ရဲမှူးကြီးမောင်မောင်မြင့် (မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး)၊
ဦးကျော်အေး (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)၊
အတွင်းရေးမှူးအဖြစ် ဦးတင်မောင်စိုး (မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး) တို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်။
http://blog.irrawaddy.org/2013/03/blog-post_4292.html#sthash.SZIrhet9.dpuf


Thursday, March 21, 2013

မိတ္ထီလာတွင် ဖြစ်ပေါ်နေသော အဓိကရိုဏ်းနဲ့ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိ
ပါတယ်။စုံစမ်းရေး အဖွဲ့ကို မန္တလေးတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်ကလက်မှတ်ရေးထိုး ထုတ်ပြန်လိုက်
တာဖြစ်ပါတယ်။ အပြည့်အစုံမှာ

မိတ္တိလာ မြို့နယ်တွင် မတ်လ၂၀ ရက် ရွှေဆိုင်တခုအငြင်းပွားမှုမှစတင်းခဲ့သော အဓိကရုဏ်း အကြမ်းဖက်မှုမြင့်ကွင်းများ

အဓိကရုဏ်းကြောင့် မိထ္ထိလာ ကောင်းကင်တွင် မီးခိုးလုံးကြီးများ ထိုးတက်နေစဉ် ဒေသခံအချို့ မော်တော်ဆိုင်ကယ်ဖြင့် သွားလာနေကြသည်ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (AFP PHOTO) မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တခုတွင် အငြင်းပွား ခိုက်ရန်ဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်းပြီးနောက် အဆိုးရွားဆုံး လူမှုပဋိပက္ခဆိုးကြီး ဖြစ်သည်။
အဓိကရုဏ်းကြောင့် မိထ္ထိလာ ကောင်းကင်တွင် မီးခိုးလုံးကြီးများ
ထိုးတက်နေစဉ် ဒေသခံအချို့ မော်တော်ဆိုင်ကယ်ဖြင့် သွားလာနေကြသည်ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်
မတ်လ၂၀ ရက်နေ့က ရွှေဆိုင်တခုတွင်အငြင်းပွားခိုက်ရန်ဖြစ်ရာမှစတင်ဖြစ်ပွားခဲ့သည့်အဓိကရုဏ်းကြောင့်
လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်းပြီးနောက် အဆိုးရွားဆုံး လူ
မှုပဋိပက္ခဆိုးကြီး ဖြစ်သည်။

မိတ္ထီလာမှ ထွက်ပြေးလာသော ဒုက္ခသည်များ အား မြန်မာမွတ်စလင်မ် လူမှုရှေ့ဆောင်ကွန်ရက်မှ ကူညီလျက်ရှိ

မတ်လ ၂၁၊ ၂၀၁၃
မိတ္ထီလာမှ ထွက်ပြေးလာသော ဒုက္ခသည်များ အား မြန်မာ မွတ်စလင်မ်လူမှုရှေ့ဆောင်ကွန်ရက်မှ ကျန်းမာရေးကူညီစောင့်ရှောက်မှု များပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှ ထွက်ပြေးလွတ်မြောက် လာသော ဒုက္ခသည်များသည် ဆူးလေကုန်းကျေးရွာ သို့ ရောက် ရှိနေကြောင်း၊

စီးပွားရေးလုပ်ငန်းရှင် ပြည်တွင်း၊ပြည်ပကုမ္ပဏီများမှ (၁)နှစ်အတွင်း ရရှိသော အမြတ်ငွေများမှအခွန်ပေးဆောင်ရမည်..

စီးပွားရေးလုပ်ငန်းရှင် ပြည်တွင်း၊ပြည်ပကုမ္ပဏီများမှ (၁)နှစ်အတွင်း
ရရှိသော အမြတ်ငွေများမှအခွန်ပေးဆောင်ရမည်..
Thursday, 21 March 2013

စီးပွားရေးလုပ်ငန်းများရှင် ပြည်တွင်း၊ပြည်ပကုမ္ပဏီများမှ (၁)နှစ်အတွင်း
ရရှိခဲ့သော အမြတ်ငွေများထဲမှ ၀င်ငွေချိန်ပေးဆောင်ရမည်ဖြစ်ကြောင်း
ပြည်တွင်းအခွန်များဦးစီးဌာနက နှိုးဆော်ထားကြောင်းသိရသည်။

(၂၀၁၂)ခုနှစ်၊ဧပြီလ(၁)ရက်နေ့မှ (၂၀၁၃)ခုနှစ်၊မတ်လ(၃၁)ရက်နေ့အထိ
(၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်အတွင်း တစ်နှစ်မြတ်စွန်း ငွေ(၁၂)သိန်း
ကျော်သော စီးပွားရေးလုပ်ငန်း၊သက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊
ပစ္စည်းနှင့် အခြားရလမ်းများမှ ဝင်ငွေရရှိသောသူများသည် ဝင်ငွေခွန်ကို
(ဘ/ခ)အမိန့်ကြော်ငြာစာအမှတ်(၁၀၈/၂၀၁၂)အရ(၂ )ရာခိုင်နှုန်းမှ
(၃၀)ရာခိုင်နှုန်းတွက်ချက်ပြီး သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးများ
တွင် (၂၀၁၃)ခုနှစ်၊မတ်လ(၃၁)ရက်နေ့မတိုင်မီ ပေးသွင်းရမည်ဖြစ်ပြီး
မြန်မာနိုင်ငံအတွင်းဖွဲ့စည်းတည်ထောင်ထားသည့် ပြည်တွင်း/ပြည်ပ
ကုမ္ပဏီများ၊ ပြည်ပတွင်ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် လုပ်ငန်းခွဲလာရောက်
ဖွင့်လှစ်ကြသော နိုင်ငံခြား ကုမ္ပဏီများ ၊ဖက်စပ်ကုမ္ပဏီများအားလုံးတို့သည်
(၂၀၁၂)ခုနှစ်၊ဧပြီလ(၁)ရက်နေ့မှ(၂၀၁၃)ခုနှစ်၊မတ်လ(၃၁)ရက်နေ့အတွင်း
မြတ်စွန်းငွေရှိလျှင် (၂၅)ရာခိုင်နှုန်း ဝင်ငွေခွန်ကို(၂၀၁၃)ခုနှစ်၊မတ်လ(၃၁)
ရက်နေ့ နောက်ဆုံးထားပြီး ကုမ္ပဏီများဆိုင်ရာအခွန်ရုံးတွင် ပေးသွင်းရ
မည်ဖြစ်ကြောင်းသိရသည်။

SkyNet TV Browser

Thursday, 21 March 2013

စီးပွားရေးလုပ်ငန်းများရှင် ပြည်တွင်း၊ပြည်ပကုမ္ပဏီများမှ (၁)နှစ်အတွင်း ရရှိခဲ့သော အမြတ်ငွေများထဲမှ ၀င်ငွေချိန်ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက နှိုးဆော်ထားကြောင်းသိရသည်။

မြူနှင်းများကျဆင်း၍ ရန်ကုန်မြစ်အတွင်းကူးတို့ခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းထားရ

Thursday, 21 March 2013
ယနေ့နံနက် မြူနှင်းများ ကျဆင်းမှုကြောင့် ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသော ကူးတို့လိုင်းအချို့ နံနက်ပိုင်းခရီးစဉ်အချို့အား ခေတ္တရပ်နားထားခဲ့ရကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက သတင်းရရှိသည်။ စဥ့်အိုးတန်း-ဆာပါချောင် ကူးတို့လိုင်းအား မနက် ၆ နာရီခွဲ အသွားနှင့် ၇ နာရီ အပြန်တို့အား ရပ်နားခဲ့ပြီး၊ ပန်းဆိုးတန်း-ဒလ ကူးတို့အား မနက် ၇ နာရီမှစ၍ အသွားအပြန် နှစ်ခေါက်ရပ်နားထားခဲ့ခြင်းဖြစ်သည်။

ရွှေတိဂုံပတ်ဝန်းကျင် အထပ်မြင့် ဆောက်လုပ်မှု အမြင့်ပေဖြင့်" ပြောင်းလဲကန့်သတ်

ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က အထပ်ဖြင့် ကန့်သတ်ခဲ့သော်လည်း ယခုအခါ အမြင့်ပေဖြင့် ပြောင်းလဲကန့်သတ်နေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ သမ္မတကြီး မတ်လ ၂၀ ရက်နေ့ ညနေ ဒေသ စံတော်ချိန် ၆ နာရီ ၄၇ မိနစ် စင်္ကာပူနိုင်ငံ က မောင့် အဲလီဇဘက် ဆေးရုံကြီမှာ ကွယ်လွန်

ဘင်္ဂလာဒေခ်ျ့ သမ္မတကြီး ကွယ်လွန်
Thursday, 21 March 2013 

ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရ် ရာဟာမန် Zillur Rahman ဟာ မတ်လ
၂၀ ရက်နေ့ ညနေ  ဒေသ စံတော်ချိန် ၆ နာရီ ၄၇  မိနစ်မှာ စင်္ကာပူနိုင်ငံ က မောင့် အဲလီဇဘက် ဆေးရုံကြီမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကျန်းမာရေး မကောင်းတဲ့ အတွက် စင်္ကာပူမှာ သွားရောက်
ဆေးကုနေစဉ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရာဟမန်ကို ၁၉၂၉ ခုနှစ်လ မတ်လ ၂၉ ရက်နေ့မှာ ဘင်္ဂလာဒေခ်ျနိုင်ငံ ဘြမ်မာ ဘာရီယာ အရပ်ဒေသမှာ
မွေးဖွားခဲ့ပြီး သူဟာ ၁၉၅၄ ခုနှစ်မှာ ဒက္ကား တက္ကသိုလ်ကနေ သမိုင်းဘာသာ  အဓိကနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။

သူဟာ ကျောင်းသားဘ၀ တကည်းက ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး လူပ်ရှားမူ တိုက်ပွဲ အတွင်းမှာ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ဖခင် ရှိတ်မူဂျီရဟမန်နဲ့ အတူ လက်တွဲပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၅၂ နှစ်မှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ အရှေ့ပါကိစ္စတန် အမည်နဲ့ ပါကိစ္စတန် လက်အောက်မှာ ရှိနေခဲ့စဉ် လူများစု ဘင်္ဂလီ ဘာသာ စကားကို ရုံးသုံးစကား အဖြစ် အသုံးပြုခွင့် ရရှိရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ နေရာမှာ  အထင်ကရ ခေါင်းဆောင် (၁၁) ဦးထဲမှာ ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရ် ရာဟာမန်လည်း ပါဝင်ခဲ့ပါတယ်။

သူ့ကို နိုင်ငံရေး လူပ်ရှားမူတွေကြောင့် ပါကိစ္စတန် အစိုးရက ၁၉၇၁ ခုနှစ်မှာ ထောင် အနှစ် ၂၀ ထိချမှတ် ခဲ့ပါတယ်။

သူဟာ လွှတ်လပ်ရေး မရမှီ ၁၉၇၀ ခုနှစ် ရွှေးကောက်ပွဲမှာရော၊ လွှတ်လပ်ရေး ရပြီး (၂) နှစ်အကြာ ၁၉၇၃ ခုနှစ် ပြုလုပ်ခဲ့တဲ့
ရွှေးကောက်ပွဲမှာရော လွှတ်တော် အမတ် အဖြစ် ရွှေးကောက်
တင်မြောက်ခံခဲ့ရပါတယ်။

၁၉၇၅ ခုနှစ် ဘင်္ဂလာဒေခ်ျ် လွတ်လပ်ရေး ဖခင် ရှိတ်မူဂျ ရဟမန် လုပ်ကြံ သတ်ဖြတ် ခံရပြီးတဲ့ နောက်မှာလည်း ထောင်လေးနှစ် ချမှတ်ခံခဲ့ရပါတယ်။  ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေးကို ရယူခဲ့တဲ့   အ၀ါမီလီဂ် ပါတီမှာလည်း အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် သြဂတ်စ်လ ၂၁ ရက်နေ့မှာ တော့ အ၀ါမီလိဂ်ပါတီ အတိုက်အခိုက် အဖြစ်နဲ့ ရှိနေစဉ် လူထု ဟောပြောပွဲ တစ်ခုမှာ ပါတီ ဥက္ကဌ လက်ရှိ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာကို ဗုံးခွဲ တိုက်ခိုက်စဉ် သူရဲ့အချစ်ဆုံး ဇနီး အိုင်ဗွီ ရဟာမန် သေဆုံးခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဘင်္ဂလာဒေချေ့် ရွှေးကောက်ပွဲမှာတော့ အ၀ါမီလိဂ် ပါတီ အနိုင်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ သူဟာ သမ္မတ အဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။

သူဟာ ဘ၀ တလျှောက်လုံးကို သူတိုင်းပြည်နဲ့ သူ လူမျိုး အတွက် ပေးဆပ်ခဲ့ပြီး အထူးရိုးသားပြီး ဂုဏ်မာန မရှိတဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်တဲ့ အတွက် သူ့တိုင်းပြည်သားတွေက သူကို အထူး ချစ်ခင် လေးစားကြည်ညိုကြပါတယ်။

သမ္မတ ဖြစ်လာတဲ့ အချိန်မှာလည်း တိုင်းပြည်  ငြိမ်းချမ်းရေးနဲ့  တိုးတက် သာယာ ၀ပြိုးရေး အတွက် တည်ငြိမ်ငြိမ်နဲ့ ဆောင်ရွက်ခဲ့သူ တစ်ဦး လည်း ဖြစ်ပါတယ်။

သူကွယ်လွန်သွားတဲ့ အပေါ်မှာ ဆုံးရှုံးမူကြီး တစ်ရပ်လို့ နိုင်ငံလူထုက ခံစားနေကြပြီး အစိုးရက သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့  နိုင်ငံတော် ၀မ်းနည်း ပူဆွေးမူနေ့ (၃) ရက် သတ်မှတ်ထားပြီး အခုအခါမှာတော့ ဘင်္ဂလာဒေခ်ျ့ 
့ပြည်သူတွေ အနေနဲ့ သူကွယ်လွန်သွားတဲ့ အပေါ် အထူး  ၀မ်းနည်း
နေကြပါတယ်။

နိရဉ္စရာ

Thursday, 21 March 2013

ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရ် ရာဟာမန် Zillur Rahman ဟာ မတ်လ ၂၀ ရက်နေ့ ညနေ ဒေသ စံတော်ချိန် ၆ နာရီ ၄၇ မိနစ်မှာ စင်္ကာပူနိုင်ငံ က မောင့် အဲလီဇဘက် ဆေးရုံကြီမှာ ကွယ်လွန်သွားခဲ့ပါတယ်။ကျန်းမာရေး မကောင်းတဲ့ အတွက် စင်္ကာပူမှာ သွားရောက် ဆေးကုနေစဉ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ကွယ်လွန်ချိန်
မှာ အသက် ၈၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရခိုင်ကြီးကျေးရွာတွင် ရဲစခန်းမှူးတဦး အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရ

Thursday, 21 March 2013
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရခိုင်ကြီးကျေးရွာတွင် ရဲစခန်းမှူး တဦးက ရွာခံ အိမ်ထောင်ရှင် အမျိုးသမီး တဦးအား အဓမ ပြုကျင့်မှုဖြင့် စွပ်စွဲ တိုင်ကြားမှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ခင်ပွန်းသည် မရှိခိုက် မြစ်သား ရဲစခန်းမှူး ဦးကြည်လှ ဆိုသူက အဓမ္မ ပြုကျင့်ခဲ့သည်ဟု တရားလို တိုင်ကြားသူ အသက် ၃၉ နှစ် အရွယ် ကလေး ၄ ယောက် မိခင် ဒေါ်သန်းခင်က ဧရာဝတီကို ပြောသည်။

"ဈေးရောင်းဝယ်ကို လူမှုရေးအမြင်နဲ့ကြည့်လို့ ပဋိပက္ခဖြစ်ဟု သီတဂူဆရာတော် ပြော"

"ဈေးရောင်းဝယ်ကို လူမှုရေးအမြင်နဲ့ကြည့်လို့ ပဋိပက္ခဖြစ်ဟု သီတဂူဆရာတော် ပြော"

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ကြည့်တဲ့ အတွက် နိုင်ငံတော်ရဲ့ အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက ဒီကနေ့ RFA ကိုမိန့်ကြားပါတယ်။

ဘာသာဝင်တိုင်းဟာ မိမိတို့ကိုးကွယ်ရာ ဘုရားရှင်တို့ရဲ့ အဆုံးအမကို အတိအကျလိုက်နာဖို့လိုပြီး ဂရုဏာ၊ပညာအပြည့်အဝနဲ့ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အရှင်ဥာဏိသရက မိန့်ကြားပါတယ်။

မိတ္ထီလာမြို့ကို ကြွလာရန် ပြင်ဆင်နေသည့် ဗုဒ္ဓဘာသာ ရဟန်းတော်များအနေနှင့်လည်း ဆူပူမှုကို ဝိုင်းဝန်းထိန်းသိမ်းသူ ဘုရားသားတော်များ ဖြစ်အောင် ဆူပူမူထဲမှာ ပါဝင်ပက်သက်သူများ မဖြစ်အောင် စောင့်စည်းရန်လိုကြောင်းပဋိပက္ခကို ဖြေရှင်းရမည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လည်း ခြေလွန်လက်လွန် မဖြစ်စေဘဲ၊ဥပဒေအတိုင်းထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ဂရုဏာ၊ပညာလက်လွတ်ပြီး ဒေါသလွန်ကဲသွားပါက ဆူပူမှုကို အားပေးသူများဖြစ်သွားနိုင်ကြောင်း ယင်းကြောင့် စိတ်ရှည်လက်ရှည်နဲ့ အဓိကရုဏ်းကို ထိန်းသိမ်းဖို့ လိုအပ်ကြောင်း သီတဂူဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ကြည့်တဲ့ အတွက် နိုင်ငံတော်ရဲ့ အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက ဒီကနေ့ RFA ကိုမိန့်ကြားပါတယ်။

ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်နှင့် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ထားဝယ်လေဆိပ်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်ရှိ

ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်နှင့် အဖွဲ့သည် ယနေ့ 
မတ်လ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ထားဝယ်လေဆိပ်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

Eleven Media Group

ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်နှင့် အဖွဲ့သည် ယနေ့ မတ်လ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ထားဝယ်လေဆိပ်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် (၁၂၀၀)နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၃ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁)နာရီ၊ (၃၈)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင် စခန်းမှမြောက်ဘက် မိုင်(၆၂)ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(သပိတ်ကျင်းမြို့၏ အရှေ့ဘက် (၅) မိုင်ခန့်) ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၀)အဆင့်ရှိ အင်အားအနည်းငယ် ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

အမေရိကန်သမ္မတစီးသည့်ကား လောင်စာဆီ မှားထည့်မိသဖြင့် စက်ချွတ်ယွင်း

“အမေရိကန်သမ္မတစီးသည့်ကား လောင်စာဆီ မှားထည့်မိသဖြင့် စက်ချွတ်ယွင်း”

အိုဘားမား၏ အစ္စရေးခရီးစဉ်အတွင်း အမေရိကန်သမ္မတ စီးနင်းလိုက်ပါလေ့ရှိသည့် "Beast" ကျည်ကာဇိမ်ခံ မော်တော်ကားများ အနက်မှ တစ်စီးမှာ လောင်စာဆီ မှားယွင်းထည့်မှုကြောင့် စက်ချွတ်ယွင်းမှုဖြစ်ခဲ့ကြောင်း သိရသည်။

စက်ချွတ်ယွင်းမှု ဖြစ်ပေါ်သည့်ကားမှာ ဝါရှင်တန်မှ တိုက်ရိုက် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အိုဘားမား၏ သုံးရက်ကြာ ခရီးစဉ်စဉ်အတွင်း ပထမဆုံး မမျှော်လင့်သည့်ချွတ်ယွင်းမှု ကြုံရခြင်းလည်းဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယန်လေဆိပ်တွင် ရပ်နားထားစဉ် ဓာတ်ဆီအစား ဒီဇယ်ထည့်မိသဖြင့် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21249

အိုဘားမား၏ အစ္စရေးခရီးစဉ်အတွင်း အမေရိကန်သမ္မတ စီးနင်းလိုက်ပါလေ့ရှိသည့် "Beast" ကျည်ကာဇိမ်ခံ မော်တော်ကားများအနက်မှ တစ်စီးမှာ လောင်စာဆီ မှားယွင်းထည့်မှုကြောင့် စက်ချွတ်ယွင်းမှုဖြစ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ဗလီများ ထပ်မံ ဖျက်ဆီးခံနေရ ခုချိန်ထိ မငြိမ်သက်သေး

မိတ္ထီလာမြို့တွင် ဗလီများ ထပ်မံ ဖျက်ဆီးခံနေရ ခုချိန်ထိ မငြိမ်သက်သေး
---------------------------------
မတ်လ ၂၀၊၂၀၁၃
M-Media

 မိတ္ထီလာ ။         ။   မန္တလေးတိုင်း ၊မိတ္ထီလာမြို့တွင် ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင် ဆိုင်ခန်းများအား ၀ိုင်းဝန်းဖျက်ဆီးပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် ၀ိုင်းဝန်း လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့မနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင်သော ရွှေဆိုင် တစ်ခုတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူ စကားများရန်ဖြစ်ရာမှ စတင်ခဲ့ရာ အခု လတ်တလော အချိန်ထိ မငြိမ်သက်သေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သပ်၍ မိတ္ထီလာမြို့နေ ဒေသခံ တစ်ဦးကို  M-Media မှဆက်သွယ်မေးမြန်းခဲ့ပါသည်။

“ဈေးကြီးအနောက်ဖက် မြို့ဦးဗလီရယ်၊ သီရိမင်္ဂလာလမ်းက နှစ်ထပ်ဗလီရယ် မီးရို့ခံလိုက်ရပြီ။ ဗလီ ဘေးနားမှာရှိတဲ့ ပညာရေးမှူးရုံးတောင် ပါသွားတယ်။ ဆိုင်ခန်းတွေ ဗလီတွေကို ဖျက်တဲ့ အချိန်မှာ ဘုန်းကြီးတွေက ရှေ့ကနေကာကွယ်ပေးထားပြီ လူရမ်းကားတွေက ဖျက်ဆီးကြတယ်။ရဲမှူးကလည်း သူမနိုင်ဘူးလို့ပြောတယ်။ မင်း မရှိတဲ့တိုင်းပြည်လိုပဲ ဆူပူရမ်းကားနေကြတယ်။

သတင်းဓာတ်ပုံ ယူတဲ့ ကိုမင်းအောင်ကိုလည်း ၀ိုင်းပြီးရိုက်လိုက်ကြတာ မျက်လုံးထဲကနေတောင် သွေးထွက်တယ်။သွေးသံရဲရဲနဲ့ ရဲနှစ်ယောက်က တစ်ဖက်ဆီ မပြီး ဆေးရုံပို့လိုက်တယ်လို့ကြားတယ်။သူရဲ့ ဖုန်းရယ်၊ဆိုင်ကယ်ရယ်ကိုလည်း လုထားလိုက်တယ်။

လူအသေ အပျောက် ရှိတယ်။ကျွန်တော်တို့ မိသားစုလည်း အိမ်ပြင်မထွက်ရဲဘူး။တစ်အိမ်လုံး အမှောင်ချပြီး နေနေရတယ်။ကျွန်တော်တို့ အိမ်ရှေ့ကနေ ဆေးရုံဆီကို လူနာတွေတင်ပြီး သွားနေတာတွေ တွေ့တယ်။လူရမ်းကားတွေ အများစုက ဆန်အိုးထဲမှာ ဆန်မရှိတဲ့ သူတွေကြီးပဲ။လူအင်အားက တော်တော်လေးများတယ်။  အချိန် ၅နာရီကျော်လောက်မှာ ဘုရားဝတ်ပြုဖို့လာတဲ့ သူတွေရဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့တယ်။လူတွေကိုလည်း ရိုက်တယ်။

ဒီလို အရေးကိစ္စတွေ ပေါ်ပေါက်လာတာဟာ ကျွန်တော့် အမြင်ပြောရရင် သာသနာကို ခုတုံးလုပ်ပြီး ရမ်းကား လုယက်နေကြတာ ဖြစ်တယ်။နောက်ဆုံးကြားတာကတော့ မိန်းကလေးတွေပဲရှိတဲ့ ဟာဖိဇ်ကျောင်းမှာ လူရမ်းကားတွေ သွားသောင်းကျန်းနေတယ်လို့ကြားတယ်။ ၆နာရီ ၁၅ လောက်မှာ အလောင်း တစ်လောင်း ဆေးရုံကို ရောက်လာတယ်လို့ပြောတယ်”ဟု M-Media သို့ပြောသည်။

မိတ္ထီလာမြို့တွင် ခုချိန်ထိ မငြိမ်သက်သေးကြောင်း၊ဒေသခံ အစ္စလာမ်ဘာသာဝင်များ၏ အသက်၊အိုးအိမ်၊စည်းစိမ်များ ထပ်မံ ပျက်ဆီးခံရမည့်အရေး စိုးရိမ်သောက ရောက်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တရားဝင် FB စာမျက်နှာတွင် ဖော်ပြချက်အရ ညနေ ၅ နာရီ ၁၅ ခန့်မှာ င် ဈေးအနောက်ဘက်ရှိ ပါကစ္စတန်ဂျာမေ့ဗလီအား လူ(၅၀)ဦးခန့် ၀င်ရောက်ခဲ့ပြီး နောက်ပိုင်း လူအင်အား ၁၀၀ ခန့်ဖြစ်လာကြောင်း ဗလီအတွင်းမှာ ပစ္စည်းများကို ဖျက်ဆီးပြီး ဗလီထိပ်ဖူးကိုလဲ ဖျက်ဆီးခဲ့ကြောင်း ဆိုင်ကယ် (၅) စီးခန့်ကိုလဲ ဖျက်ဆီးခဲ့ကြောင်း၊ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် ဗလီအားမီးရှို့ခဲ့ရာ လူထုမှဝိုင်းဝိုင်းငြိမ်းသတ်ခဲ့ရကြောင်းဖော်ပြထားသည်။

ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာ  အဆိုပါလူအုပ်သည် ဗလီအတွင်းမှ ထွက်လာခဲ့ပြီး လူ(၂၀၀)ခန့်သည် ကားလမ်းမအတိုင်း ကားကြီးဝန်းထိပ်သို့ ရောက်ရှိလာခဲ့၊ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်္ထီလာပြည်သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦးတို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာတစ်ပါးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ညနေ ၅ နာရီ ၅၅ မိနစ် အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-
(က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။
(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်းပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။
(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(င) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။
(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။
ည ၈ နာရီ ၅၅ မိနစ် အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ည ၉ နာရီ ၄၅ မိနစ် အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ရဲဇာနည် စာမျက်နှာ မှ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

photo credit – Eleven

မတ်လ ၂၀၊၂၀၁၃
“ဈေးကြီးအနောက်ဖက် မြို့ဦးဗလီရယ်၊ သီရိမင်္ဂလာလမ်းက နှစ်ထပ်ဗလီရယ် မီးရို့ခံလိုက်ရပြီ။ ဗလီ ဘေးနားမှာရှိတဲ့ ပညာရေးမှူးရုံးတောင် ပါသွားတယ်။ ဆိုင်ခန်းတွေ ဗလီတွေကို ဖျက်တဲ့ အချိန်မှာ ဘုန်းကြီးတွေက ရှေ့ကနေကာကွယ်ပေးထားပြီ လူရမ်းကားတွေက ဖျက်ဆီးကြတယ်။ရဲမှူးကလည်း သူမနိုင်ဘူးလို့ပြောတယ်။ မင်း မရှိတဲ့တိုင်းပြည်လိုပဲ ဆူပူရမ်းကားနေကြတယ်။

မိတ္ထီလာသို့ ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်ဦးဆောင်သောအဖွဲ့ ညတွင်းချင်းထွက်ခွာ

မိတ္ထီလာတွင် ဖြစ်ပွားသော ဖြစ်ရပ်များကို အမြန်ဆုံးထိန်းသိမ်းနိုင်ရန်အတွက် ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး(စမ်းချောင်း)၊ မနီလာသိန်းတို့ အပါအ၀င်အဖွဲ့များ ၊ သတင်းမီဒီယာများသည် ယနေ့ည ၁၁နာရီခန့်တွင် သင်္ဃန်းကျွန်းရှိ ၈၈မျိုးဆက်ရုံးမှ မိတ္ထီလာမြို့သို့ ထွက်ခွာသွားပြီဖြစ်ပါသည်။မထွက်ခွာမီ ည ၁၀ နာရီခန့်တွင် အဆိုပါရုံး၌ အရေးပေါ်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်က“ဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ရုံရပ်နေပြီးတော့ လူတွေက သူတို့ကြားထဲကနေ တိုးထွက်တာတွေတောင် ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး ယနေ့ည ၁၁ နာရီဝန်းကျင်ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် ယနေ့ည ၁၁ နာရီဝန်းကျင်တွင် ထပ်မံ၍ သတင်းထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။၁၇၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ဗမာ ကျား ၁ ဦး၊ မွတ်ဆလင်ကျား ၄ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-