Pages

Wednesday, March 20, 2013

မိတ္ထီလာမြို့ မင်္ဂလာဇေယျုံရပ်ကွက်ရှိ ဗလီနှင့်ကျောင်းအား အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီး ( ည ၁၁း၁၅) နောက်ဆုံးရသတင်း

မိတ္ထီလာမြို့ မင်္ဂလာဇေယျုံရပ်ကွက်ရှိ ဗလီနှင့်ကျောင်းအား အစွန်းရောက် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးမှုကြောင့် ရှဟီးဒ်ဖြစ် ပြာကျသွားခဲ့ပြီလို့ သတင်းကြားသိရပါတယ်။ `အင်နာလစ်လားဟိ ၀အင်းနာ အိလိုင်းဟိ ရားဂျေးအူးန်´မိတ္ထီလာမြို့ရှိ ငြိမ်းချမ်းရေးဗလီဘက်ကို အစွန်းရောက် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ လာတော့မယ်လို့ သတင်းတွေ ထွက်လာတာကြောင့် အမျိုးသားတစ်ဦးနဲ့အတူ အမျိုးသမီး(၆)ဦးတို့ဟာ ကားဖြင့် ချည်စက်ဘက်ကို ထွက်ပြေးတိမ်းရှောင်းကြစဉ် တောမရွာမှ ရွာသားများ အုပ်စုလိုက် ထွက်လာပြီး ကားနောက်သို့ တုတ်၊ ဓားများဖြင့် ပြေးလိုက်ကြတယ်လို့ သတင်းရရှိပါတယ်။

သင်္ကြန်တွင်း ယာဉ်စီးခများပိုမိုတောင်းခံပါကတိုင်ကြားလျှင် အရေးယူမည်

သင်္ကြန်တွင်း ယာဉ်စီးခများပိုမိုတောင်းခံပါကတိုင်ကြားလျှင်
အရေးယူမည်
Wednesday, March 20, 2013

သင်္ကြန်ရက်အတွင်း ယာဉ်စီးခနှုန်းထားများ ပိုမိုကောက်ခံ
သည်ဟု တိုင်ကြားလာပါကအရေးယူသွားမည်ဖြစ်ပြီး
တိုင်ကြားခြင်း မရှိပါက ပိုကောက်သော်လည်း
အရေးယူ၍ မရကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူ
တစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ ယာဉ်စီးခတွေကို ပိုမတောင်း
ခိုင်းပါဘူး။ယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်းပဲ ယာဉ်စီးခ
တောင်းရမယ်ဆိုတဲ့ စာကိုလည်းသင်္ကြန်ရက် မတိုင်ခင် ထုတ်ပြန်ပေးသွားမှာပါ” ဟု မထသ(ဗဟို)မှ အတွင်းရေးမှူး
ဦးဘမြင့်က ပြောကြားသည်။

သင်္ကြန်ရက်များတွင် ယာဉ်စီးခများ ပိုမိုမတောင်းခံရန် တားမြစ်ထားသော်လည်းဘာသာရေးပွဲတော် ကျင်းပချိန်
ဖြစ်သည့်အတွက် တင်းတင်းကျပ်ကျပ်တားမြစ်ရန်မှာ
မဖြစ်နိုင်ကြောင်း၊ သင်္ကြန်ရက်များတွင် မော်တော်ယာဉ်များ
မထွက်ပါက လိုင်းကားစီးကာ လည်ပတ်လိုသည့် ခရီးသည်
များအတွက် အခက်အခဲဖြစ်နိုင်ကြောင်း၊ ယင်းကာလ
အတွင်း ထွက်သည့် ကားများ၏ပျက်ဆီးဆုံးရှုံးမှုများအတွက်
ကားခပိုမိုတောင်းခံခြင်း ဖြစ်နိုင်ကြောင်းမထသ(ဗဟို)မှ ဒုဥက္ကဌ ဦးလှသောင်းမြင့်က သုံးသပ်ပြောကြားသည်။

“ကျွန်တော်ကတော့ သင်္ကြန်ရောက်တိုင်း လမ်းလျှောက်လိုက် ကားတက်စီးလိုက်လုပ်နေကြပဲ။ ကားခက ပုံမှန်ထက် နှစ်ဆ
တော့ ပေးရတယ်။ ရန်ကုန်မှာ ဒါကထုံးစံလိုဖြစ်နေပြီ။ သိပ်မထူးဆန်းတော့ပါဘူး” ဟု အသက် ၂၆ နှစ်အရွယ်ရှိ
ကိုရန်နိုင်က ပြောကြားသည်။

ယင်းကဲ့သို့ ယာဉ်စီးခ ပိုမိုကောက်ခံခြင်းကို တိုင်ကြားလာမည်
ဆိုပါက ဒဏ်ငွေ၃၀၀၀၀ ကျပ်တိတိ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်များကအရေးယူတိုင်ကြားမှုများ ရှိခဲ့သော်လည်း အနည်း ငယ်မျှသာ ဖြစ်ကြောင်းသိရသည်။

ရည်မွန်
The Myanma Age

Wednesday, March 20, 2013

သင်္ကြန်ရက်အတွင်း ယာဉ်စီးခနှုန်းထားများ ပိုမိုကောက်ခံ သည်ဟု တိုင်ကြားလာပါကအရေးယူသွားမည်ဖြစ်ပြီး တိုင်ကြားခြင်း မရှိပါက ပိုကောက်သော်လည်း အရေးယူ၍ မရကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မိတ္ထီလာမြို့မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ် သတင်း

လက်ရှိအချိန်တွင် မိတ္ထီလာမြို့၏ အရှေ့ဘက် မန္တလေးမှ အဝင်နှင့် အနောက်ဘက် ကျောက်ပန်းတောင်းမြို့မှ အဝင် မြို့အဝင်အထွက်ရှေ့နောက်ကို ပိတ်ထားပြီဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူအချို့ရှိနေပြီး မီးရှို့ဖျက်ဆီးခံရသည့် ဆိုင်ကယ် ၁၀ စီးကျော်ရှိနေပြီဖြစ်ကြောင်း ဓာတ်ပုံရိုက်သည့် သတင်းထောက်နှင့် ရဲဝန်ထမ်းအချို့ကို ခဲများဖြင့် ပစ်ပေါက်မှုများလည်းရှိခဲ့ကြောင်
း မိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်

တပ်မတော်နေ့(သို့)နှစ်ဆန်းတစ်ရက်နေ့တွင်နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန် နိုင်ငံရေးသမားများ မျှော်လင့်

တပ်မတော်နေ့(သို့)နှစ်ဆန်းတစ်ရက်နေ့တွင်နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန် နိုင်ငံရေးသမားများ
မျှော်လင့်
Wednesday, March 20, 2013

လက်ကျန် နိုင်ငံရေး အကျဉ်းသားများအား အစိုးရ
တာဝန်ရှိသူများမှ စိစစ်၍ လွှတ်မြောက်ပေးမည့် သတင်းများ ထွက်ပေါ်နေသည့် အပေါ် ကြိုဆိုကြောင်း အမြန်ဆုံး လွတ်မြောက် လာရန်လည်း မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်သားများ ထပ်မံလွှတ်ပေးမည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံ၏ နေ့ထူးနေ့မြတ်များတွင် လွှတ်
ပးသည်ကို ကြိုဆိုပြီး အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးခြင်းဖြင့် နိုင်ငံအတွက်လည်း အကျိုးများစွာရှိကြောင်း၊ အမေရိကန်
အပါအဝင် ဥရောပ နိုင်ငံများ၏ နိုငံခြားရင်းနှီး မြုပ်နှံမှုများ
တိုးတက် လာနိုင်ပြီး နိုင်ငံ ဂုဏ်သိက္ခာလည်း ရှိစေနိုင်ကြောင်း
ပြောကြားသည်။ နိုင်ငံရေး အကျဉ်းသားများအား တပ်မတော်နေ့နှင့် မြန်မာ နှစ်ဆန်း တစ်ရက်နေ့များတွင် လွှတ်ရန်ရှိနေသည်ဟု သတင်းအချို့ ထွက်ပေါ်နေပြီး ထိုနေ့များသည် နိုင်ငံရေးဖြင့် အကျဉ်းကျနေသူများ၏ လွတ်မြောက်ခွင့်အတွက် မျှော်လင့်ရသော နေ့လည်း
ဖြစ်သည်ဟု နိုင်/ချုပ်အဖွဲ့ဝင် တစ်ဦးဖြစ်သူက ပြောကြား
သည်။

“အဖြစ်သဘော မီဒီယာ စာမျက်နှာပေါ်မှာထက် စာရင် လက်တွေ့လုပ်ဆောင်တာကိုပဲ လိုချင်တယ်”ဟု လက်
ကျန်နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွှတ်ပေးမည့် သတင်းအပေါ် ပြောကြားသည်။ လက်ရှိအချိန်ထိ မြန်မာ
နိုင်ငံ အနှံ့ရှိ ထောင်များအတွင်း၌ နိုင်ငံရေးအကျဉ်းသား
ဦးရေ နှစ်ရာကျော် ကျန်ရှိနေပြီး၊ လက်ကျန်နိုင်ငံရေး အ
ကျဉ်းသားများ စိစစ်ရေး ကော်မတီမှ နိုင်ငံရေး အကျဉ်းသား
ဟု ထင်မြင်ယူဆရသော အကျဉ်သားများအား စိစစ်၍ စာရင်းကို
အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း၍ နိုင်ငံတော် သမ္မတ ထံသို့ တင်ပြကြောင်း၊ ကော်မတီအနေဖြင့် အကျဉ်းသားများအား
လွှတ်ပိုင်ခွင့် အာဏာမရှိကြောင်း၊ ထွက်ပေါ်နေသည့် သတင်း
များအပေါ် လွတ်မည်ဟု အတိအကျ မပြောနိုင်သေးကြောင်း၊ 
သို့သော်လည်း ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး
ပြန်လည်လွတ်မြောက်ရန် မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်းမှလည်း
ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများအား ယခင်က လွှတ်သကဲ့သို့ အခြားအကျဉ်းသားများနှင့် ရောမလွှတ်ဘဲ နိုင်ငံရေး အကျဉ်း
သား ဟူသော ခေါင်းစဉ်အောက်မှသာ သီးခြားလွှတ်ခြင်းဖြင့်
နိုင်ငံတကာတွင် ဂုဏ်သိက္ခာ ရှိစေနိုင်ဟု နိုင်ငံရေးအကျဉ်းသား
ဟောင်းများက သုံးသပ်ကြသည်။ ထောင်အသီးသီးတွင်
ကျန်ရှိနေသော အကျဉ်းသားများအား စာရင်း အတိအကျကို
အစိုးရ တာဝန်ရှိသူများ အနေဖြင့် သိရှိပြီး ဖြစ်သောကြောင့်
နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ရန် ခက်ခဲသူများ၊ တာဝန်ရှိသူများနှင့် ကော်မတီတို့ကြား အငြင်းပွားဖွယ်
ဆွေးနွေးရမည့် အကျဉ်းသားများမှ လွဲ၍ ကျန်နိုင်ငံရေး 
အကျဉ်းသားအားလုံး လွှတ်ပေးရန် လိုအပ်သည်ဟု နိုင်
ချုပ်အဖွဲ့ဝင် ကိုနန္ဒာစစ်အောင်က ပြောကြားသည်။
အပြစ်မဲ့ ဖမ်းဆီး ထိန်းသိမ်းထားသည့် အတွက် တိုင်းပြည်
အတွက် အကျိုး မရှိနိုင်ဘဲ တိုင်းပြည် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အဟန့်အတား ဖြစ်စေနိုင်ခြင်းနှင့် အကျဉ်းထောင် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု မပြည့်
စုံသောကြောင့် ၎င်းတို့၏ ကျန်းမာရေးကို စိုးရိမဖွယ် ဖြစ်နေ
ရသောကြောင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန် နေ့စဉ်
မျှော်လင့်လျက် ရှိကြသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ
အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

ဝေယံ
The Myanma Age

Wednesday, March 20, 2013

လက်ကျန် နိုင်ငံရေး အကျဉ်းသားများအား အစိုးရ တာဝန်ရှိသူများမှ စိစစ်၍ လွှတ်မြောက်ပေးမည့် သတင်းများ ထွက်ပေါ်နေသည့် အပေါ် ကြိုဆိုကြောင်း အမြန်ဆုံး လွတ်မြောက် လာရန်လည်း မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်ကြောင့် သက်ဆိုင်ရာမှ ပုဒ်မ ၁၄၄ ထုတ်ပြန်

Photo
 ရွေဆိုင်နှစ်ဆိုင်အကြမ်းဖက်ခံရပြီး မြင့်ကွင်း
မိတ္ထီလာ မြို့ တွင် အစွန်းရောက်များက အကြမ်းဖက်မှု ပြုလုပ်ဒဟက်တန်းဗလီဆိုတာ မှန်ဗလီကို ဆိုလိုတာပါ။ မှန်ဗလီ ပျက်ဆီးသွားပြီဆိုတာ အတည်ပြုလိုက်ပါပြီ။ အဆိုပါ ဗလီအနီးရှိ မွတ်စလင်မ်တို့ရဲ့အိမ်များစွာ ပျက်ဆီးမီးလောင်နေဆဲမို့ အခြားသော မွတ်စလင်မ်များမှာလည်း မိမိတို့လုံခြုံရာနေရာများတွင် ပုန်းအောင်းနေကြရပါကြောင်း သတင်းများအား အတည်ပြုပါတယ်။

ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် – အိဗ်နု အလ် ဟိုင်သမ် (Alhazen)

ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် – အိဗ်နု အလ် ဟိုင်သမ် (Alhazen)
ကမ္ဘာကျော် မွတ်စလင်များ, သုတ၊ရသ

မတ်လ ၊ ၁၉ ၊ ၂၀၁၃
M-Media
စုစည်းတင်ပြသူ – ဂျူလိုင်ရဲရင့်

ကမ္ဘာကျော် မွတ်စလင်များ ကဏ္ဍ

ibn_al-haythamအတိတ်ခေတ်က မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေအကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့ ထက်မြက်မှု၊ ကျွမ်းကျင်လိမ္မာစွာ အကောင်အထည်ဖော်မှု၊ ပညာမျှဝေပေးမှုတွေက ကမ္ဘာကြီးကို ခေတ်မှီသွားစေတာကို တအံ့တသြကြီး တွေ့ကြရပါလိမ့်မယ်။ သူတို့ တစ်ဦးချင်းစီဟာ ဒီနေ့ခေတ်ကာလ နဲ့ သူတို့ခေတ်ကာလကို ကမ္ဘာ့အပြောင်းအလဲဖြစ်သွားစေတဲ့ အမွေတစ်ရပ်စီ ထားရစ်ပေးခဲ့ကြတယ်။ ဒီလို သမိုင်းမှတ်တိုင်ထူခဲ့ကြတဲ့သူတွေထဲက သိပ္ပံပညာရှင်တစ်ဦးရှိတယ်။ သူကတော့ စူးစမ်းတီထွင်ပညာရှင်ကြီး အိဗ်နု အလ် ဟိုင်သမ် ( ၉၆၅ – ၁၀၄၀) ပါဘဲ။

အဘ္ဘာစစ် ခလီဖာမင်းဆက်ကာလ၊ အီရတ်နိုင်ငံက ဘဆ်ွရာမြို့မှာ သူ့ကို မွေးဖွားခဲ့တယ်။ ဘဂ္ဂဒက်မြို့မှာ ပညာ့ဗိမာန် တည်ထောင်ပြီး နှစ်ပေါင်း ၁၀၀ နီးပါးမှာပေါ့။ သူ့ဘ၀အစောပိုင်းမှာ အဲ့ဒီအချိန်က မွတ်စ်လင်မ် ကမ္ဘာမှာရှိနေတဲ့ လေ့လာရေး၊ တိုးတက်ရေး ယဉ်ကျေးမှုတွေကို တော်တော် အထင်ကြီးခဲ့တယ်။ အစ္စလာမ့်ရေးရာပညာရပ်တွေသင်ကြားပြီး သိပ်မကြာခင် ဘဆ်ွရာရဲ့ မြို့တော်ဝန် ဖြစ်လာခဲ့တယ်။ မြို့တော်ဝန်ဘ၀မှာလဲ သူဟာ သိပ္ပံနဲ့အခြား လက်တွေ့ကျတဲ့ဒဿနိကဗေဒ ဘာသာရပ်တွေကို လေ့လာ မပျက်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ မွတ်စ်လင်မ်ဒေသ တစ်နေရာရောက်သွားပြီး ပြင်ပလောကနဲ့ခေတ္တ အဆက်ပြတ်သွားရာကနေ ကြီးကျယ်မှုတွေ ပွင့်ထွက်လာပါတော့တယ်။

အီဂျစ်ပြည်ရောက် အိဗ်နု အလ် ဟိုင်သမ်

သူ ဘဆ်ွရာမြို့တော်ဝန်ဖြစ်နေချိန် အီဂျစ်ပြည်မှာ ဖာသွိမိုဒ် ခလီဖာ က အလ် ဟကီးမ် ဖြစ်တယ်။ သူဟာ အီရတ်က စွန္နီမွတ်စ်လင်မ် အဘ္ဘာစစ်မင်းတွေရဲ့ ပြိုင်ဖက် အစ္စမာအီလီ ရှီအဟ် ခလီဖာခေါင်းဆောင် ဖြစ်တယ်။ အလ် ဟကီးမ်က အိဗ်နု အလ် ဟိုင်သမ်ဟာ နိုင်းလ်မြစ်ကို ပိတ်ဆို့နိုင်တဲ့ အကြံကောင်း ရှိနေတယ်လို့ ကြားရတယ်။ သူဟာ ရှေ့နောက်မညီ အငြင်းသန်လွန်းသူတစ်ဦး၊ ရှီအဟ်ဝါဒအစဉ်အလာကနေခွဲထွက်လာတဲ့ အစ္စမာအီလီဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ပေမယ့် မိမိနယ်မြေအတွက် အကျိုးပြုသူမှန်သမျှကို လက်ကမ်းကြိုဆိုတတ်သူဖြစ်တယ်။ နိုင်းလ်မြစ်ကို ပိတ်မယ့်အတွေးအမြင်နဲ့ပတ်သက်ပြီး ချဉ်းကပ်ဖို့ အလ် ဟကီးမ်က အိဗ်နု အလ်ဟိုင်သမ်ကို အီဂျစ်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ အလ်ဟိုင်သမ်ဟာ နိုင်းလ်မြစ် တစ်လျှောက် လေ့လာပြီးတဲ့အခါ အဲ့ဒီခေတ်ကာလက နည်းပညာနဲ့ အထမြောက်အောင်ဆောင်ရွက်လို့မဖြစ်နိုင်ကြောင်း ရိပ်စားမိသွားတယ်။ ဒါက ပြဿနာ တက်ရပါပြီ။ အလ် ဟကီးမ်ဟာ အဆင်ခြင်မဲ့ ရက်စက်တတ်သူ ၊ စိတ်မမှန်ဘဲ ရူးသွပ်စွာပြုမူဆက်ဆံတတ်သူလို့ ကျော်ကြားတယ်။ ဒီတော့ သူ့အန္တရာယ်ကလွတ်အောင်
အလ်ဟိုင်သမ်ဟာ အဲ့ဒီပုဂ္ဂိုလ်ထက် ပိုပြီး ရူးနှမ်းသူအဖြစ် ဟန်ဆောင်ပစ်လိုက်တယ်။ အဲ့ဒီလို ရဲရဲတောက် ရူးချင်ယောင်ဆောင်လိုက်တဲ့အခါ အသက်ဘေးက သီသီလေး လွတ်သွားရပေမယ့် ကိုင်ရိုမြို့မှာ အကျယ်ချုပ်အကျဉ်းစံဘ၀ ရောက်သွားခဲ့တယ်။ အဲ့ဒါ အလ်ဟိုင်သမ်ရဲ့ နောက်ဆုံး ဘ၀သက်တမ်း ၁၀ နှစ်ပါဘဲ။

ထက်မြက်လှတဲ့ သိပ္ပံပညာရှင်ကြီးဟာ အဲ့ဒီ ၁၀ နှစ်တာကာလကို ဒုက္ခလို့ မမြင်ခဲ့ဘူး။ သူလုပ်ချင်နေတဲ့ သူ့ရဲ့သုတေသနအလုပ်တွေကို ငြိမ်းချမ်းစွာ တိတ်တဆိတ်လုပ်ခွင့် ရသွားလို့လေ။ အဲ့ဒီအတော အတွင်း အလင်းနဲ့ပတ်သက်ပြီး စူးစူးစိုက်စိုက် လေ့လာပါတော့တယ်။ အလင်း /အလင်းရောင်ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်ချက်တွေရှိလဲ၊ အရာဝတ္ထုတွေကို လူသားတွေက ဘယ်ပုံဘယ်နည်းနဲ့မြင်တွေ့ရတာလဲ ဆိုပြီး သူ သိချင်ခဲ့တယ်။ သူ့ရဲ့လေ့လာမှုနဲ့ရှာဖွေတွေ့ရှိမှုတွေဟာ အပြောင်းအလဲတစ်ရပ်သာဖြစ်ပေမယ့် သူ သုတေသနပြုလိုက်တဲ့လမ်းကြောင်းဟာ အကြီးမားဆုံး အထောက်အကူပြုပညာရပ်ကြီးတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။

သိပ္ပံနည်းကျ ပညာရပ်

ဘယ်အရာမဆို သက်သေပြချက်ရှိရမယ်ဆိုတဲ့အချက် ကနေ့သိပ္ပံပညာသင်ကြားသူတိုင်း နားလည်ထားပြီးသားပါ။ လက်တွေ့စမ်းသပ်ချက် မပါဘဲ ယူဆချက်သက်သက်ကိုသာ အခြေခံပြီး သိပ္ပံဆိုင်ရာ သီအိုရီများကို ဖော်ထုတ်တင်ပြလို့ မရနိုင်ပါဘူး။ အိဗ်နု အလ်ဟိုင်သမ်ရဲ့ အလျင်က ဒီအချက်ဟာ အရေးပါအရာရောက်မှု မရှိခဲ့ပါဘူး။ ရှေးခေတ် ဂရိတွေရဲ့ သိပ္ပံအတွေးအခေါ်တွေက အားကောင်းနေခဲ့တယ်။ ဂရိတွေဟာ သိပ္ပံ အချက်အလက်ကို ဆင်ခြင်တုံတရားအားဖြင့် ရှာဖွေနိုင်တယ် သို့တည်းမဟုတ် နတ်ဘုရားတွေရဲ့ ဆောင်ရွက်ပေးမှုလို့ယုံကြည်ခဲ့ကြတယ်။ ဒါကို အိဗ်နု အလ်ဟိုင်သမ် ကောင်းကောင်းနားလည်ထားပါတယ်။ ဒီကြားထဲကနေ အချက်အလက် အသစ်တစ်ရပ်အတွက် သက်သေပြချက်ပေးနိုင်ရမယ် ဆိုတဲ့ သိပ္ပံနည်းကျပညာရပ်အဆိုကို ချပြခဲ့တာကတော့ ရာဇ၀င်မှာ အိဗ်နု အလ်ဟိုင်သမ်က ပထမဆုံးသောသိပ္ပံပညာရှင် ဖြစ်ခဲ့တယ်။

ဒီလို သိပ္ပံနည်းကျပညာရပ်သမိုင်းနဲ့ပတ်သက်လာယင် ကနေ့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်တွေထဲမှာ မဆိုစလောက်လေးသာဖော်ပြ တတ်ကြတယ်။ ရှေးဂရိ အတွေးအခေါ်တွေကိုသာ ပုံကြီးချဲ့ထားကြတယ်။ ခေတ်သစ်သိပ္ပံဟာ ရော်ဂျာဘေကဲန်၊ ဂလီလီယို ဂါလီလေး နဲ့ အိုင်းဇက် နျူတန် တို့ကြောင့် ဖြစ်လာသယောင်ယောင်နဲ့ပေါ့။ သူတို့မေ့လျော့နေတဲ့ အမှန်တရားတစ်ခုရှိတယ်။

အဲ့ဒါကတော့ အဲ့ဒီ ဥရောပသားပညာရှင်တွေဟာ အိဗ်နု အလ်ဟိုင်သမ် (နဲ့အခြား မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေ)ရဲ့ ပုခုံးပေါ်တက်ရပ်ခြင်းဆိုတဲ့ အကြောင်းပါ။ (တစ်နည်းဆိုရယင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ကြတာပါ)။ တကယ်လို့သာ သက်သေပြနိုင်မှသိပ္ပံသီအိုရီများ ဖြစ်တယ် ဆိုတဲ့ သူ့အိုင်ဒီယာ မရှိလာခဲ့ယင် – အခြေခံသိပ္ပံဆိုတာက ရမ်းတုပ်မှန်းဆမှုတွေ၊ အယူသည်းမှုတွေ၊ သက်သေပြမရတဲ့ဒဏ္ဍာရီတွေဖြစ်နေတဲ့ ခေတ်ဆွေးကြီးထဲ ကျွန်တော်တို့အားလုံး နေထိုင်နေကြရဦးမှာ မလွဲပါဘူး။

စက္ခုဗေဒကျမ်း

အိဗ်နု အလ်ဟိုင်သမ်ဟာ သူရဲ့သိပ္ပံဆိုင်ရာတော်လှန်ရေးအမြင်ကို အသုံးပြုပြီး စက္ခုဗေဒပညာရပ်နယ်ပယ်ထဲ တိုးတက်မှုနဲ့ အနားသတ်ပေးနိုင်ခဲ့တယ်။ အလင်းဟာ မျက်စေ့ထဲ ကထွက်ပြီး အရာဝတ္ထုတွေအပေါ်ခုန်ပေါက်ရောက်ရှိသွားတယ်၊ တစ်ခါ မျက်စေ့ထဲ ပြန်ဝင်လာတယ် ဆိုတဲ့ ရှေးဟောင်းဂရိအတွေးအခေါ်ကြီး မှားယွင်းနေကြောင်း သူက ပထမဆုံး သက်သေပြခဲ့သူပါ။ ဒါ့အပြင် မျက်စေ့ရဲ့လုပ်ငန်းစဉ်ကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖော်ထုတ်ခဲ့တယ်။ တစ်ချိန်က ပညာရှင်တို့ရဲ့ဗဟုသုတနဲ့ခွဲခြမ်းစိပ်ဖြာမှုအတတ်ကို အသုံးပြုပြီး မျက်လုံးထဲ အလင်းရောင်ဝင်ရောက်ပုံ၊ အလင်းစုစည်းပုံ၊ မျက်လုံးနောက်ဖက်မှာ ပုံရိပ်ထွက်ပုံကို ပထမဆုံး ရှင်းပြနိုင်ခဲ့တယ်။

pinhole-camera

အလားတူစွာဘဲ သူက ကင်မရာရဲ့သဘောသဘာဝကို ပထမဆုံး လေ့လာတင်ပြခဲ့သူလည်း ဖြစ်ပြန်တယ်။ ကင်မရာရဲ့အယူအဆက ရှင်းရှင်းလေးပါ။ ဘူးခွံတစ်ဖက်မှာ အပေါက်သေးသေးလေးဖောက်ထားတယ်။ ဘူးခွံအတွင်းထဲကနေ အပြင်ဖက်အရာတွေကို ခြုံလွှမ်းမြင်တွေ့နိုင်ဖို့သာ ဖြစ်တယ်။ ဒါက ခုခေတ်ကင်မရာတွေရဲ့ အလုပ်လုပ်ဆောင်ပုံ အတိုင်းပါဘဲ။ ခုခေတ်မှာကတော့ မှန်ဘီလူးတွေ ထပ်ဖြည့်ထားတာပဲ ကွာခြားချက် ရှိတာပါ။ ကျွန်တော်တို့သိရှိထားတဲ့ ခေတ်မှီဓါတ်ပုံပညာရပ် မတိုင်မီ နှစ်ရာပေါင်းများစွာကတည်းက ဒီလိုပုံစံမျိုးကို အိဗ်နု အလ်ဟိုင်သမ်က တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။

ဒါတင်မကသေးပါဘူး။ ရေပြင် သို့မဟုတ် ဖန်သား စတဲ့ ကြားခံနယ်တစ်ခုခုထဲ အလင်းဖြတ်သန်းပုံစံနစ် (အလင်းယိုင်ခြင်း) ကိုလည်း လေ့လာဖော်ထုတ်ခဲ့သူပါ။ ဒီတင်ပြချက်ကနေတဆင့် ဆည်းဆာချိန်မှာ ဘာကြောင့်ကောင်းကင်အရောင်ပြောင်းသွားသလဲဆိုတာကို ရှင်းပြသွားနိုင်ခဲ့ပါတယ် ( နေရဲ့အလင်းတန်းက လေထုကို ထောင့်ချိုး တစ်ခုကနေ ထိခတ်တဲ့အခါ ရောင်ခြည်လမ်းလွဲမှု ဖြစ်သွားစေတယ်)။

ဒီအချက်ကနေထပ်ဆင့်ပြီးတော့ ကမ္ဘာ့လေထုရဲ့ထုထည်ကို တွက်ပြနိုင်ခဲ့တယ်။ ဒါဟာ အာကာသယာဉ်နဲ့ လက်တွေ့မပြနိုင်ခင် နှစ်ပေါင်း ၁၀၀၀ လောက်က ဖြစ်ပါတယ်။ အဲ့ဒီ စက္ခုဗေဒကျမ်းကို ဘာသာပြန်လိုက်တဲ့ခါ ဥရောပတစ်ခွင် ဟိုးလေးတကျော် ဖြစ်သွားတယ်။ နောက်ပိုင်း ဥရောပသားပညာရှင်တွေက ဒီကျမ်းကို အခြေပြုလို့ အလင်းနဲ့စက္ခု အလုပ်လုပ်ဆောင်ချက်၊ သူတီထွင်ချပြခဲ့တဲ့ ကိရိယာများကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့ကြတာပါ။

နောက်တစ်ဆင့်တက်ပြီး မျက်ကပ်မှန်တို့၊ မှန်ဘီလူးတို့၊ အဝေးကြည့်မှန်ပြောင်းတို့၊ ကင်မရာတို့ စသဖြင့် တိုးမြှင့်ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အလင်း ၏ အလွန် အလင်းအကြောင်း နဲ့ အလင်းဆိုင်ရာပစ္စည်းပစ္စယတွေအကြောင်း နားမလည်ယင်၊ မသုံးယင် ၂၁ ရာစုမှာ ကျွန်တော်တို့ လူဖြစ်ရကျိုးမနပ်သလို ၊ မပြည့်စုံသလို ဖြစ်နေပါပြီ။ အလင်းဆိုင်ရာ အကြောင်းအရာတင် မကသေးဘူး – အိဗ်နု အလ်ဟိုင်သမ်ဟာ တခြားပညာရပ်နယ်ပယ်တွေမှာ စဦး လမ်းဖောက်သူလည်း ဖြစ်ခဲ့တယ်။

သူဟာ ၁၀၂၀ နဲက ၁၀၃၀ ခုနှစ်များမှာ အာကာသလေ့လာရေးပညာ (Astronomy) ကျမ်းများစွာကိုလည်း ရေးသားခဲ့တယ်။ ကြယ်၊ ဂြိုလ်တွေ ရွေ့လျားမှု ဆိုင်ရာ တော်လမီရဲ့တွေးလုံးတွေ မှားယွင်းကြောင်း သူက ထောက်ပြခဲ့တယ်။ စကြ၀ဠာအလုပ်လုပ်ပုံစံနစ်ကို ယုတ္တိဆန်တဲ့ အမြင် တစ်ရပ်ကိုလည်း  ချပြနိုင်ခဲ့တယ်။  ကမ္ဘာဂြိုလ်ဟာ စကြ၀ဠာရဲ့ဗဟိုချက်မ ဆိုတဲ့ ဂရိအတွေးအခေါ်ကို ရိုက်ချိုးပစ်လိုက်တာပါ။
GodfreyKneller-IsaacNewton-1689

စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့
ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။

နက္ခတ္တဗေဒ (Astrology) ဟာ သိပ္ပံပညာရပ် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ချေပခဲ့တယ်။ သက်သေပြချက်လိုအပ်တယ်ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင် သိပ္ပံအတွေးအမြင်ကို မြဲမြံစွာ ဆုပ်ကိုင်လို့ နက္ခတ္တဗေဒဟာ မည်သည့်သိပ္ပံဘာသာရပ်နဲ့ ဆက်နွှယ်မှု မရှိကြောင်း၊နက္ခတ္တဗေဒသမားတွေရဲ့ ထင်လုံးနဲ့ခံစားချက်တွေသာဖြစ်ကြောင်း သုံးသပ်ပြခဲ့တယ်။ ဖန်ဆင်းရှင်သာလျှင် ခပ်သိမ်းသောအရာတွေရဲ့ အကြောင်းရင်းခံဖြစ်တယ် – ဂြိုလ်နက္ခတ်သွားလာလှည့်ပတ်မှုအပေါ် အရင်းမခံဘူး ဆိုတဲ့ အစ္စလာမ့်မဏ္ဍိုင် အယူဝါဒတစ်ခုနဲ့ ပြဿားတစ်လမ်းသံတစ်လမ်း ဖီလာဆန့်ကျင်နေကြောင်း နက္ခတ္တဗေဒပညာအပေါ် ဝေဖန်ခဲ့သူဖြစ်တယ်။

အလ်ဟိုင်သမ်ရဲ့ကျမ်းတွေကို ဖတ်ထားတဲ့ အိုင်းဇက် နျူတန် ဟာ ဒီအတွေးအခေါ်တွေအပေါ် အတော်ဘဲ အားထားခဲ့တယ်။ နျူတန်ဟာ ကနေ့ အသုံးပြုနေတဲ့ အင်ဂျင်နီယာ ဖော်မြူလာနဲ့နည်းစံနစ်ကို ဦးဆောင်မှုပေးမယ့် Calculus သင်္ချာပညာအခြေခံကို လေ့လာခဲ့တယ်။အရာဝတ္ထုတို့ရဲ့ရွေ့လျားမှုနိယာမ ( နောက်ပိုင်း နျူတန်ရဲ့ တတိယနိယာမ လို့ ကျော်ကြားလာတယ်)၊ အရာဝတ္ထုအချင်းချင်းဆွဲငင်အား (ကမ္ဘာ့ဆွဲအား)ကိုလည်း ရေးထုတ်ခဲ့တယ်။ စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။

အလ်ဟိုင်သမ်ဟာ အစ္စလာမ့်ပညာရေးမှာလည်း ခေသူ မဟုတ်ခဲ့ဘူး။ တမန်တော်အတုအယောင်များကို ဖော်ထုတ်နည်း၊ မက္ကဟ်မြို့တော်ဖက် မျက်နှာမူဝတ်ပြုနိုင်အောင် လားရာတွက်ချက်မှု ပညာ စာအုပ်များကိုလည်း ကျမ်းပြုရေးသားနိုင်ခဲ့သူပါ။ ခေတ်သစ်စိတ်ပညာရပ်နဲ့ပတ်သက်လို့ လူနဲ့တိရစ္ဆာန်တွေ အပေါ် တေးဂီတအသုံးချ ကုထုံးအကြောင်းကို ရှေ့ပြေး သုတေသနပြုခဲ့သူလည်း ဖြစ်နေပြန်ပါတယ်။

အမွေအနှစ်

အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကြိုးပမ်းမှု နဲ့ တင်ပြမှုတွေဟာ ခရီးရှည်ကြီးကို ဖြတ်သန်းနေဆဲပါဘဲ။ သူပြုစုခဲ့တဲ့ကျမ်းဂန်များဟာ ၂၀၀ ကျော်အထိ ရှိခဲ့ပေမယ့် ယနေ့မှာတော့ ကျမ်းပေါင်း ၅၀ ၀န်းကျင်သာ ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာ ယနေ့ကာလတိုင်အောင် ကျွန်တော်တို့ လက်လှမ်းမမီနိုင်လောက်တဲ့အထိ ရှိခဲ့မှာ အမှန်ပါဘဲ။ ကံမကောင်းအကြောင်း မလှစွာနဲ့ သူကွယ်လွန်ခဲ့ပြီးကတည်းက သူ့ရဲ့တင်ပြချက်တွေဟာ လျစ်လျူရှုခံလိုက်ရတယ်။ သူဟာ ပညာရှင်ကြီးတွေနဲ့တွဲလျက်ရှိတတ်တဲ့ ကျော်ကြားလိုမှု၊ သိက္ခာတင်မှုတွေကို လုံးဝ ဂရုမစိုက်ခဲ့သူ ဖြစ်လို့ပါဘဲ။ ဒါကြောင့်လဲ ယနေ့ကမ္ဘာမှာ သူ့ကျမ်းတွေနဲ့ပတ်သက်ပြီး သတိမထားမိကြတာပါ။ အီဗာရီယန်ကျွန်းဆွယ်က မွတ်စ်လင်မ်နယ်မြေတွေကို စပိန်တွေ ကြီးစိုးတော့ သူ့စာအုပ်တွေကို လက်တင်ဘာသာပြန်ဆိုခဲ့ကြတယ်။ ဒါပေမယ့် သူ့နာမည်ရင်းမဟုတ်ဘဲ Alhazen လို့ ဖော်ပြလိုက်ကြတယ်။ ဥရောပ ပညာနိုးကြားရေးခေတ်အတွင်း ထိပ်တန်းမွတ်စ်လင်မ်ပညာရှင်ကြီးတွေရဲ့ အမည်နာမများဟာ ဥရောပလေယူလေသိမ်းအသွင်နဲ့ ပြောင်းလဲလိုက်တဲ့အစဉ်အလာတစ်ရပ် ဖြစ်ခဲ့တယ်။ ဥရောပတိုက်က ခရစ်ယာန်တွေအကြား မွတ်စ်လင်မ်တွေကို ချိုးနှိမ်လိုတဲ့အတွက် -သူတို့ရဲ့တင်ပြချက်တွေကို ဖျောက်ဖျက်လိုတဲ့အတွက်ကြောင့်ပါဘဲ။

သူ့ရဲ့ထက်မြက်တောက်ပြောင်လှတဲ့ အသိဥာဏ်စဉ်ကို မရေတွက်နိုင်တဲ့လူတွေက ခုတုံးလုပ်ခဲ့ကြပြီးပါပြီ။ သူ့ရဲ့သုတေသန သာ မရှိခဲ့ယင် ဒီကနေ့ ကျွန်တော်တို့ သိရှိကြတဲ့ ခေတ်သစ် သိပ္ပံပညာရပ် နယ်ပယ်ဆိုတာလည်း ဖြစ်ထွန်းလာစရာအကြောင်း ရှိတော့မှာ မဟုတ်တော့ပါဘူး လို့ဘဲ ဆိုချင်ပါတော့တယ်။

Sources:
Morgan, M. (2007). Lost History. Washington D.C. : National Geographic Society.
Masood, E. (2006). Science and Islam. Icon Books.
“Ibn al-Haytham.” The Columbia Encyclopedia, 6th ed.. 2012.
Encyclopedia.com:http://www.encyclopedia.com/doc/1E1-IbnalHay.html
Steffens, B. (2007). Ibn al-Haytham : first scientist. Greensboro, N.C. : Morgan Reynolds Pub.

http://lostislamichistory.com/ibn-al-haytham-the-first-scientist/

မတ်လ ၊ ၁၉ ၊ ၂၀၁၃
ibn_al-haythamအတိတ်ခေတ်က မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေအကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့ ထက်မြက်မှု၊ ကျွမ်းကျင်လိမ္မာစွာ အကောင်အထည်ဖော်မှု၊ ပညာမျှဝေပေးမှုတွေက ကမ္ဘာကြီးကို ခေတ်မှီသွားစေတာကို တအံ့တသြကြီး တွေ့ကြရပါလိမ့်မယ်။ သူတို့ တစ်ဦးချင်းစီဟာ ဒီနေ့ခေတ်ကာလ နဲ့ သူတို့ခေတ်ကာလကို ကမ္ဘာ့အပြောင်းအလဲဖြစ်သွားစေတဲ့ အမွေတစ်ရပ်စီ ထားရစ်ပေးခဲ့ကြတယ်။ ဒီလို သမိုင်းမှတ်တိုင်ထူခဲ့ကြတဲ့သူတွေထဲက သိပ္ပံပညာရှင်တစ်ဦးရှိတယ်။ သူကတော့ စူးစမ်းတီထွင်ပညာရှင်ကြီး အိဗ်နု အလ် ဟိုင်သမ် ( ၉၆၅ – ၁၀၄၀) ပါဘဲ။

တက္ကစီဆိုင်ရာ ကိစ္စရပ်များ မြို့တော်စည်ပင်မှ မထသသို့ မတ် ၃၀ အပြီးလွှဲပေးမည်

တက္ကစီဆိုင်ရာ ကိစ္စရပ်များ မြို့တော်စည်ပင်မှ
မထသသို့ မတ် ၃၀ အပြီးလွှဲပေးမည်
Wednesday, March 20, 2013

မြို့တော်စည်ပင်မှ ကိုင်တွယ်လုပ်ဆောင်နေသော
တက္ကစီဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ မထသ
(ဗဟို)သို့ ၂၀၁၃ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်
အပြီးလွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း မထသ
(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

“မှတ်ပုံတင်စနစ်၊ ကောက်ခံနှုန်းထားတွေဟာ ဘာမှ
မပြောင်းလဲပါဘူး။ အကုန်လုံးအရင်ပုံစံအတိုင်းပဲ လုပ်
ဆောင်သွားမှာပါ။ ဒါက ဌာန လွှဲပြောင်းခြင်းသာ
ဖြစ်တယ်။ မြို့တော်စည်ပင်မှာက မှတ်ပုံတင်တာ
တစ်ခုတည်းကိုပဲ လုပ်ပေးနိုင်တယ်။ တခြား စည်းကမ်း 
ထိန်းသိမ်းရေးတွေမှာ အားနည်းတဲ့အတွက်မထသ(ဗဟို)
ကို လွှဲပြောင်းပေးတာဖြစ်တယ်” ဟု ယင်းက ဆက်လက်
ပြောကြားသည်။

တက္ကစီလုပ်ငန်းများ လွှဲပြောင်းပြီးနောက် လုပ်ငန်းစဉ် ၎
ရပ်ဖြင့် တက္ကစီလုပ်ငန်းများ တိုးတက်ဖွံဖြိုးလာစေရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊တစ်နှစ်တစ်ခါ ပေး
ဆောင်နေကျ ပုံစံအတိုင်းသာ ဆက်လက်ပေးဆောင်
သွားရမည်ဖြစ်ပြီး ဌာနအသစ်ပြောင်း၍ မှတ်ပုံတင်အ
သစ် ပြန်လုပ်ရမည်မှာမဟုတ်ကြောင်း၊ နောက်ပိုင်းတွင်
တက္ကစီမီတာ တပ်ဆင်ခြင်းကိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားမည်ဖြစ်ပြီး တက္ကစီမီတာ မတပ်ဆင်
သူများကိုမှတ်ပုံတင် ထုတ်ပေးမည်မဟုတ်ကြောင်း
မထသ(ဗဟို)က ဒုဥက္ကဌ ဦးလှသောင်းမြင့်က
ပြောကြားသည်။

“ပထမတစ်ချက်အနေနဲ့ တက္ကစီ စီးတဲ့သူတွေ လုံခြုံ
အောင် အန္တရာယ်ကင်းအောင်လုပ်ရမယ့် ကားသမား
တွေက အန္တရယ်ကင်းရှင်းအောင် မလုပ်ဘူးဆိုရင်အရေး
ယူသွားမယ်။ ဒုတိယ တစ်ချက်အနေနဲ့ တက္ကစီမောင်းတဲ့
သူတွေကိုကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်အောင် ပညာ
ပေးလုပ်ငန်းတွေ သင်တန်းတွေပေးသွားမယ်။ နောက်
တစ်ချက်ကတော့ တက္ကစီနဲ့ ပတ်သတ်တဲ့ အသင်းအဖွဲ့
တွေဖွဲ့ခိုင်းမယ်။ ဒါကလည်း တက္ကစီနဲ့ ပတ်သတ်တဲ့ ကိစ္စ
ရပ်တွေဆောင်ရွက်နိုင်အောင် အခွင့်အရေးပေးတဲ့ အနေနဲ့ ဖွဲ့ခိုင်းခြင်းဖြစ်တယ်။နောက်ဆုံးအချက်ကတော့ တက္ကစီမီ
တာ တက်ပြီးတာနဲ့ တက္ကစီမောင်းတဲ့ သူတွေကိုကုမ္ပဏီ
တွေနဲ့ ညှိပြီး လစာ သတ်မှတ်ပေးတာတွေ၊ လမ်းပိတ်ဆို့
တာတွေ မဖြစ်အောင်မှတ်တိုင်နေရာတွေ သတ်မှတ်ပေး
တာတွေ စတဲ့ စီမံခန့်ခွဲရေး လုပ်ငန်းတွေလုပ်ဆောင်
သွားမယ်” ဟု ၄င်းက ပြောသည်။

တက္ကစီယာဉ်များနှင့် ပတ်သတ်၍ တက္ကစီ ဆပ်ကော်မတီ
အဖွဲ့၊ တက္ကစီဒရိုင်ဘာများအသင်း၊ တက္ကစီ ပိုင်ရှင်များ
အသင်း စသည့် အသင်းများဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်း
အဖွဲ့ သုံးဖွဲ့၏ ပေါင်းစပ် လှုပ်ရှားနိုင်မှုကောင်းသည်နှင့်အမျှ တက္ကစီလုပ်ငန်းများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊
တက္ကစီမီတာ တပ်ဆင်ပါက CNG ကားဖြစ်ဖြစ်၊ စက်သုံးဆီ
(ဒီဇယ်၊ ဓာတ်ဆီ)ကားဖြစ်ဖြစ် ဈေးနှုန်း တစ်မျိုးထဲသာ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး တက္ကစီမီတာတပ်ဆင်ရမည့်
အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း ယင်းက
ဆက်လက်ပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကစီ အစီးရေ နှစ်သောင်းကျော် ပြေးဆွဲလျက်ရှိပြီး တက္ကစီမီတာ
တပ်ဆင်ခြင်းကို ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ်လုပ်ဆောင်
ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ရည်မွန်
The Myanma Age

Wednesday, March 20, 2013

မြို့တော်စည်ပင်မှ ကိုင်တွယ်လုပ်ဆောင်နေသောတက္ကစီဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍မထသ (ဗဟို)
သို့ ၂၀၁၃ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် အပြီးလွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း မထသ (ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

သြစတြေးလျနိုင်ငံသူတစ်ဦးလွယ်ထားသည့် ကင်မရာအိတ်လုယူထွက်ပြေးသွားသူအား ဖမ်းဆီးရမိ

၁၄-၃-၂၀၁၃ရက်နေ့ ၁၁၃၀ အချိန် ညောင်ဦးမြို့၊ သီရိမာလာဟိုတယ်တွင် တည်းခိုနေသော သြစကြေးလျနိုင်ငံသူ Ms. Beres Ford Anne Louise သည် ပုဂံဘုရားများအား လှည့်လည်ကြည့်ရှုနေစဉ် လူငယ်တစ်ဦးမှ လိုက်ပါပို့ဆောင်ပေးမည်ဟုပြီး လိုက်ပါလာခဲ့ရာ တာမဏီဘုန်းကြီးကျောင်းအနီး ဘုရားအမှတ်(၁၁၃၁)အရောက်၌ အဆိုပါလူငယ်က လွယ်ထားသည့်ကင်မရာအိတ်အား ဆွဲယူ ထွက်ပြေးသဖြင့် Ms. Beres Ford Anne Louise မှ ပြန်လှန်ဆွဲယူခဲ့သော်လည်း

“Google ဥက္ကဌနှင့် တွေ့ဆုံပွဲ လူဦးရေ ကန့်သတ်”

“Google ဥက္ကဌနှင့် တွေ့ဆုံပွဲ လူဦးရေ ကန့်သတ်”

ရန်ကုန်၊ မတ် ၂၀

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် Google ဥက္ကဌနှင့် တွေ့ဆုံမည့် အခမ်းအနားသို့ တက်ရောက်နိုင်သည့် လူဦးရေကန့်သတ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား လာမည့် မတ်လ (၂၂) ရက် နံနက် ၉ နာရီအချိန်တွင် MICT Park အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ပြီး လူဦးရေ (၃၀၀)ခန့်သာ ၀င်ရောက်ခွင့် ပြုသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သိရသည်။

“ခန်းမထဲမှာ မိုးတိုးမတ်တပ်ရပ်ပြီး ကြည့်တာမျိုးကိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူ့ကိုမှ ၀င်ခွင့်ပြုတယ်ဆိုပြီး ကန့်သတ်ထားမှာမျိုး မရှိပါဘူး၊ စောစော စာရင်းသွင်းပြီး ခန်းမထဲမှ ထိုင်ခုံအရှိပဲ လက်ခံထားသွားမှာပါ” ဟု မြန်မာကွန်ပျူတာ အသင်းချုပ်မှ ဒေါ်ချောခင်ခင်က ပြောသည်။

သို့သော် ခန်းမထဲသို့ ၀င်ရန် ဖြတ်သန်းရမည့် အခန်း (lobby)နှင့် မြက် ခင်းပြင်နေရာများ၌ ပရိုဂျက်တာဖြင့် ဗီဒီယိုတိုက်ရိုက်ပြထားမည် ဖြစ်ပြီး ခန်းမသို့ ၀င်ခွင့်မရသည့်သူများအတွက် ထိုင်ခုံများ ခင်းကျင်းပေးထား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့၌ အမေရိကန် သံအမတ်ကြီးမှ အဖွင့် နှုတ်ဆက် စကားပြောကြားပေးသွားမည် ဖြစ်ပြီး Google ဥက္ကဌ Mr. Eric Schmidt နှင့် အဓိကအနေဖြင့် အင်တာနက်ဖြင့် တိုင်းပြည်တိုးတက်မှုများ မည်ကဲ့သို့ လုပ်ဆောင်နိုင်မည် ဖြစ်သည့် ကိစ္စများအား ဦးစားပေးဆွေးနွေး မည် ဖြစ်သည်။ ထို့အပြင် လူငယ်ခေါင်းဆောင် (၅)ဦးခန့် နှင့် 
တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခြင်း ကဏ္ဍပါဝင်မည် ဖြစ်ကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal

ရန်ကုန်၊ မတ် ၂၀

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် Google ဥက္ကဌနှင့် တွေ့ဆုံမည့် အခမ်းအနားသို့ တက်ရောက်နိုင်သည့် လူဦးရေကန့်သတ်သွားမည် ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာတွင် အစ္စလာမ်ဘာသာဝင်ပိုင်ရွေဆိုင်ပန်းတိမ်တန်းရှိ ပာာဂျီ ဦးထွန်းအေး မင်းမဲ့စရိုက်ပုံစံဖြင့်ဖျက်ဆီးခံရ


Photo

မိတ္ထီလာမြို့ဈေးကြီးအရှေ့ဘက်အခြမ်းပန်းတိမ်တန်းရှိပာာဂျီ ဦးထွန်းအေး မိသားစုပိုင်ရွေဆိုင်ကိုကောလပာလသတင်းဖြန့်ကာ ဆူပှုသောင်းကျန်းလိုသူ အုပ်စုတစ်စုက ယနေ့ (မတ်လ ၂၀ရက်နေ့)နေ့လည်ပိုင်းတွင် ဖျက်ဆီးလိုက်သည်ပာု ဒေသခံတစ်ဦးက့ပြောသည်။ ရွေလာရောင်းလို့ မှတ်ကျောက်တိုက်ကြည့်တော့ မကြိုက်လို့ မ၀ယ်ဘူးဆိုတာကို လာရောင်းတဲ့သူနဲ့ပြဿ နာဖြစ်ကြတာပါ။

ယုဇနပလာဇာရှိ ဆိုင်ခန်းများနှင့် ပတ်သတ်ပြီး အလုပ်သမား စစ်ဆေးရေးဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်

ယုဇနပလာဇာအထပ်အားလုံးရှိဆိုင်ခန်းများအား တစ်ပတ်လျှင်တစ်ရက် ပိတ်ကာ ထိုသို့ တစ်ရက်ပိတ်ခြင်းအတွက် လုပ်အားခ ဖြတ်တောက်ခြင်းမပြုရန် မတ်လ ၁၉ရက်က အလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းအား မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးမှတရားစွဲဆို

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းအား 
မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးမှတရားစွဲဆို

ရန်ကုန်၊ မတ် ၂၀။

မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုသည် ဥက္ကဌ 
ဦးဇင်ဝိုင်းအား ဂုဏ်သိက္ခာကျဆင်းစေသော ကိစ္စများ 
ပြောဆိုခြင်းကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် 
ကျောက်တံတား တရားရုံးသို့ သွားရောက်၍ တရားစွဲဆိုခြင်း 
ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ “ နာဂစ်ရန်ပုံငွေ ကားခြောက်ကား သိန်းနှစ်ထောင်ကျော်ကို ၆၀၀နဲ့ ရောင်းစာြး့ပီး ကျန်တဲ့ တစ်ထောင်လေးရာကို ကျွန်တော်တို့က ဝိုက်လိုက်သလိုမျိုး ဖန်တီးပြောဆိုတယ်။ ကျွန်တော့် ဇနီးဘက်က အမျိုးတော်
စပ်တဲ့ မဇင်မီမီဟိန်း ရောင်းချတဲ့ လမ်းဘေးခိုးကူးခွေ 
သိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ
ကို ထိခိုက်အောင် ပြောဆိုတာတွေကြောင့် အသေရေ ဖျက်မှုနဲ့ တရားစွဲတာပါ’’ ဟု မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးမှ ဦးဝင်းကိုက ပြောသည်။

“ဗီဒီယို လောကကောင်းမွန်လာဖို့ အတွက် ကိုယ့်လောကထဲ
က ဘယ်သူပါပါ ဖမ်းခိုင်းခဲ့ပါတယ်။ ဒါဟာ ရုပ်ရှင် အစည်း
အရုံး၊ ဗီဒီယို အခြေခံအဖွဲ့ကို အကွက်ကျကျ တိုက်ခိုက်တာပါ။ 
ကျွန်တော် တာဝန်ရှိသူ တစ်ယောက်အနေနဲ့ အမှန်တရားကိုပဲ 
ပြောပါတယ်။ အဲဒီအတွက် ဖြစ်လာတဲ့ အကျိုးဆက်တွေကို 
ခံဖို့အသင့်ပါပဲ။ ခိုးကူးခွေ ဖမ်းမိတဲ့ဆိုင်ကလည်း ဦးဝင်းကို 
တူမရဲ့ ဆိုင်ပါ ’’ ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ 
ဦးဇင်ဝိုင်းက ၄င်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အစ်မ သိသလောက်တော့ ဦးဇင်ဝိုင်း လုပ်တဲ့ အလုပ်တွေက စည်းစနစ်ပြောရင် ဥပဒေဘောင် အတွင်းက လုပ်တာပါ။ 
အစ်မတို့ ဦးဇင်ဝိုင်းကို ဥက္ကဌဖြစ် စပြီးရွေးချယ်ကတည်းက 
ရုပ်ရှင်လောက တိုးတတ်ဖို့၊ ကောင်းဖို့ အတွက်ကို လုပ်တဲ့သူ
လို့ ယုံကြည်တဲ့အတွက်ကြောင့် ဦးဇင်ဝိုင်းကို ရွေးချယ်ဖို့ 
ထောက်ခံတယ်။ ဦးဇင်ဝိုင်းက တစ်ကယ်ကို ရုပ်ရှင်လောက 
တိုးတတ်ဖို့ အတွက်ကို စေတနာမှန်မှန်နဲ့ လုပ်နေတာပဲ။ အစ်မအနေနဲ့ ပြောရမယ်ဆိုရင် ဦးဇင်ဝိုင်း လုပ်တဲ့လုပ်ရပ်
တွေကို မှန်တယ်လို့ မြင်ပါတယ်” ဟု ဒါရိုက်တာ 
ကြည်ဖြူသျှင်က ပြောသည်။

“ကျွန်တော် ဒီအကြောင်းကို ဂဃနဏ မသိဘူးဗျ။ အမှန်က
တော့ အနုပညာရှင်တွေချင်း တရားစွဲတယ်ဆိုတာ မကောင်း
ဘူးပေါ့။ ညီအစ်ကို အချင်းချင်းတွေပဲ။ အကုန်လုံးက အနုပညာ
သမားတွေချင်း တစ်ဦးကတစ်ဦးရဲ့ သဘောတရားကို နား
လည်ပြီးသား ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို 
အကိုလည်း အတိကျ မသိတော့ မပြောတတ်ဘူး’’ ဟု ထပ်ဆင့် 
အကယ်ဒမီ ရန်အောင်က ၄င်း၏ အမြင်ကို ပြောသည်။

“ စွဲမယ်ဆိုလည်း စွဲပေါ့။ ရင်ဆိုင်ရမှာပေါ့။ ဒီသရုပ်ဆောင် 
လောကတစ်ခုလုံးကတော့ ဦးဇင်ဝိုင်းဘက်က ရှိကြပါတယ်။ 
ကျွန်မလည်း ဦးဇင်ဝိုင်းဘက်က ရှိပါတယ်” ဟု အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ပြောသည်။

အိအိ

ရန်ကုန်၊ မတ် ၂၀။

မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုသည် ဥက္ကဌ ဦးဇင်ဝိုင်းအား ဂုဏ်သိက္ခာကျဆင်းစေသော ကိစ္စများ ပြောဆိုခြင်းကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကျောက်တံတား တရားရုံးသို့ သွားရောက်၍ တရားစွဲဆိုခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်(ရေ)မှ Frigate အမျိုးအစား စစ်ရေယာဉ် UMS- Mahar Bandoola( F-21) မလေးရှားတွင်ပြုလုပ်မည့် ( LIMA 2013 ) အစီအစဉ်တွင်ပါဝင်ဆောင်ရွက်မည်

Myanmar Navy and Langkawi International Maritime 
& Aerospace Exhibition 2013 (LIMA 2013 )
Wednesday, March 20, 2013

မြန်မာ့တပ်မတော်(ရေ)မှ Frigate အမျိုးအစား စစ်ရေယာဉ် UMS- Mahar Bandoola( F-21) သည် ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ၊ Langkawi တွင် မတ်လ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ( LIMA 2013 ) အစီအစဉ်များတွင် ပါဝင်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းမှ Langkawi သို့ မကြာမီရက်ပိုင်းအတွင်း ထွက်ခွာမည်ဟု သိရှိရပါသည်။ 

ထို့ပြင် မြန်မာ့တပ်မတော်(ရေ)မှ Delegation အဖွဲ့ကိုလည်း လေကြောင်းဖြင့် သီးခြားစေလွှတ်သွားမည် ဖြစ်သည်။အလားတူ ကြည်းတပ်/ လေတပ် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း Delegation အဖွဲ့များ စေလွှတ်မည်ဟု ကြားသိရသည်။

မြန်မာ့တပ်မတော်(ရေ)သည် အိန္ဒိယနိုင်ငံ၊ Port Blair တွင် ပြုလုပ်သော MILANသို့သာ စစ်ရေယာဉ်များ စေလွှတ်ခဲ့ပြီး ယခုအကြိမ်
LIMA သို့ စေလွှတ်ခြင်းသည် ပထမဆုံးဖြစ်၍ တပ်မတော်(ရေ)၏ နိုင်ငံတကာသို့ ခြေဆန့်ဝင်ရောက်မှုအား ကြိုဆိုရမည် ဖြစ်ပါသည်။

LIMA သည် ၁၉၉၁ ခုနှစ်မှ (၂)နှစ်တစ်ကြိမ် စတင်ကျင်းပခဲ့ရာ LIMA 2013 သည် (၁၂)ကြိမ်မြောက် ဖြစ်သည်။ LIMA 2013 တွင် စစ်ဖက်/ အရပ်ဖက် နှင့် လုံခြုံရေးအဖွဲ့အစည်း အမျိုးမျိုးအတွက် ရေကြောင်း နှင့် လေကြောင်း ဆိုင်ရာ ထုတ်ကုန်ပစ္စည်း လေယာဉ်၊သင်္ဘောအပါအဝင် (ကြီး/ငယ်) အမျိုးမျိုးအား Indoor / Outdoor / On-Water တွင် ခင်းကျင်းပြသခြင်း၊
မောင်းသူမဲ့လေယာဉ်များ အပါအဝင် လေယာဉ်အမျိုးမျိုး လက်တွေ့ စွမ်းရည်ပြသခြင်း၊Conference နှင့် Seminars အမျိုးမျိုး ဆောင်ရွက်ခြင်း၊ စစ်ရေယာဉ်များမှ ဧည့်သည်များဖိတ်ကြားလက်ခံ၍ နေ့လည်စာ (သို့မဟုတ်) ညစာဖြင့် တည့်ခင်းဧည့်ခံခြင်း၊ စစ်ရေယာဉ်များ အပြန်အလှန် လေ့လာ လည်ပတ်ခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရှိရပါသည်။ 

ထို့ပြင် နိုင်ငံများနှင့် အဖွဲ့အစည်းအသီးသီးမှ စစ်ရေယာဉ်များ အပါအဝင်
ရေယာဉ်မျိုးစုံ (၆၃)စီး ၊Aerial Display လေယာဉ်မျိုးစုံ (၃၀)စီး၊ Static Display လေယာဉ်မျိုးစုံ (၄၈)စီး နှင့် နိုင်ငံတကာမှ Delegation အဖွဲ့ပေါင်း (၃၀၀) ကျော်ခန့် ပါဝင် တက်ရောက်မည် ဖြစ်သည်။

Myanmar NAVY
Myanmar Navy and Langkawi International Maritime
& Aerospace Exhibition 2013 (LIMA 2013 )
Wednesday, March 20, 2013

မြန်မာ့တပ်မတော်(ရေ)မှ Frigate အမျိုးအစား စစ်ရေယာဉ် UMS- Mahar Bandoola( F-21) သည် ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ၊ Langkawi တွင် မတ်လ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ( LIMA 2013 ) အစီအစဉ်များတွင် ပါဝင်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းမှ Langkawi သို့ မကြာမီရက်ပိုင်းအတွင်း ထွက်ခွာမည်ဟု သိရှိရပါသည်။

ရန်ကုန်မြို့ရောက် ဟင်္သာတသားတစ်ယောက် အသိမိတ်ဆွေများရှိရင် လမ်းမတော်ရဲစခန်းကိုဆက်သွယ်ပေးပါ

ဒီနေ့ညနေ ၅ နာရီ ၄၅ လောက်တုန်းက ဗိုလ်ချုပ်လမ်းနဲ့ဘုန်းကြီးလမ်းထောင့်နား မှာ (သူနာပြုတက္ကသိုလ်ရှေ့နား) မြို့ထဲကိုမျက်နှာမူပြီး ကားမောင်းနေတုန်း မျက်နှာချင်းဆိုင် ကားပွဲစားတန်းဖက်မှာ ပိန်ပိန်ပါးပါး အသားညိုညိုနဲ့ လူတစ်ယောက် လမ်းလျှောက်ရင်းပစ်ပစ်လဲတာ တွေ့လိုက်ရတယ်။ 

အဝေးကလှမ်းကြည့်နေတာ အရက်မူးပြီး ဒယိမ်းဒယိုင် သွားနေပုံမျိုး၊ ပလက်ဖောင်းပေါ်လျှောက်ရင်း ပစ်လဲတယ်၊ ပြန်ထတယ်၊ သုံးလေးလှမ်းလျှောက်ပြီး ထပ်လဲတယ်၊ လမ်းမပေါ်လဲကျသွားတယ်၊ ပြန်ထတယ်၊ ထပ်လျှောက်တယ်၊ လမ်းမပေါ်မှာ ထပ်လဲတယ်၊

 အဲသလို အကြိမ်ကြိမ်ဖြစ်နေတာ၊ ရှေ့မှာ ကားကြပ်နေတော့ ဖြည်းဖြည်းပဲမောင်းရင်း သူ့အဖြစ်အပျက်ကို လှမ်းမြင်နေရတယ်။ ဟိုဖက်ယာဉ်ကြောက ကားသိပ်မများလို့ တော်သေး တာပေါ့၊ သူ အဲသလို လမ်းပေါ်မှာ လဲကျနေတုန်း သွားလာနေတဲ့ကားတွေက ခဏရပ်ပေးပြီးတာနဲ့ ကွေ့ပတ်ပြီး မောင်းထွက်သွားတာပဲ၊ ဘယ်သူမှဆင်း မကြည့်ဘူးဗျ။

အဲဒါနဲ့ ကျနော်တို့လည်းမနေနိုင်တော့ဘဲ ကားအရှင်းမှာ ဟိုဖက်ယာဉ်ကြောကို ဂငယ်ကွေ့ မောင်းသွားပြီးသူ့အ နားသွားကြည့်ဖြစ်တယ်။ 

လက်၊ ဒူးခေါင်း၊ ခြေထောက် စတဲ့နေရာတွေမှာ ပွန်းပဲ့ပြီး သွေးတွေထွက်နေတာဗျာ။ မတော်တဆ အရှိန်နဲ့လာတဲ့ကား ဝင်တိုက်မိမှာစိုးလို့ အနားရောက်နေတဲ့ ရေခဲချောင်းသယ်အကူအညီနဲ့ သူ့ကို ပလက်ဖောင်းပေါ်ပွေ့တင်လိုက်တယ်။ 

အရက်နံ့ရလိုရငြား သူ့အနားကပ်ပြီး ရှူကြည့်ပေမယ့် ဘာအရက်နံ့မှ မရဘူး၊ သတိထားမိသလောက် သူ့ညာဖက်လက်ရော ခြေထောက်ရော အားမရှိဘဲ မလှုပ်မယှက်ဖြစ်နေတာ၊ ကြည့်ရတာ ညာဖက်ခြမ်းလေဖျန်းသွားပုံပဲ။ 

ဘာမှလည်း မေးမရဘူး၊ ဘယ်ကလဲ မေးတာ စကားလုံးသုံးလုံးကို ဗလုံးဗထွေးပြန်ဖြေတယ်၊ ပုံမှန်တော့မဟုတ်ဘူးဗျ။ ပါးစပ်လည်း နည်းနည်းလေး ရွဲ့နေပုံရတယ်၊ စကားပြောဖို့ အဆင်မပြေတော့ စာရွက်ရယ် ဘောပင်ရယ် ထုတ်ပေးပြီး ရေးခိုင်းသေးတယ်၊ ဗယ်ဖက်လက်နဲ့ ဘောပင်ကိုင်လိုက်ပေမယ့် ဘာမှ ရေးမထွက်ပါဘူး။

 နောက်တော့ သူ့လွယ်အိတ်ထဲ လျှောက်ရှာကြည့်တော့မှ မှတ်ပုံတင်လေး ထွက်လာပြီး ဟင်္သာတသားဖြစ်နေတာ သိလိုက်ရတယ်။ ဘာမှမေးလို့မရတဲ့အဆုံး ကျနော်တို့လည်း ကြံရာမရဖြစ်ပြီး ၁၃လမ်းထိပ်က လမ်းမတော်ရဲစခန်းကိုပဲ ပို့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကားတိုက်တာကို လိမ်ပို့တယ် ထင်မှာစိုးလို့ ရေခဲချောင်းသယ်ကိုပါ သက်သေအဖြစ် ခေါ် သွားလိုက်တယ်။ 

ဟိုရောက်တော့ အကျိုးအကြောင်းပြောပြပြီး သက်ဆိုင်ရာ က မေးတာတွေဖြေပြီး ပြန်ခဲ့ပါတော့တယ်။ မိတ်ဆွေနဲ့ ၆ နာရီချိန်းထားတာ နောက်ကျသွားပေမယ့် ဒီလိုကိစ္စမှာ အချိန်ကုန်သွားတာ အကျိုးရှိလှပါတယ်။

အကယ်၍များ ဘယ်သူမှသွားမကြည့်ဘဲ ဒီတိုင်းပစ်ထားရင် ဒီလူကြီး လမ်းမပေါ်မှာပဲ တောက်လျှောက်လှဲနေမလား၊ ကံကောင်းလို့ ပလက်ဖောင်းပေါ်ရောက်သွားရင်တောင် လမ်းဘေးမှာပဲ ညအိပ်ဖြစ်သွားမလား မပြောတတ်ပါဘူး၊ ရဲစခန်းရောက်သွားတာ သူ့အတွက် ပိုသင့်တော်မယ် ထင်ပါတယ်။

(ပုံထဲက ဗယ်ဖက်ကပုဂ္ဂိုလ်က ကူညီချင်စိတ်အပြည့်ရှိတဲ့ ရေခဲချောင်းသယ်ပါ၊ ဓာတ်တိုင်မှီပြီး နားနေတာကတော့ ရန်ကုန်မြို့ရောက် ဟင်္သာတသားပါပဲ၊ အသိမိတ်ဆွေများတွေ့ခဲ့ရင် လမ်းမတော်ရဲစခန်းကို ဆက်သွယ်နိုင်ပါတယ်)

Posted From Dreamboat

ဒီနေ့ညနေ ၅ နာရီ ၄၅ လောက်တုန်းက ဗိုလ်ချုပ်လမ်းနဲ့ဘုန်းကြီးလမ်းထောင့်နား မှာ (သူနာပြုတက္ကသိုလ်ရှေ့နား) မြို့ထဲကိုမျက်နှာမူပြီး ကားမောင်းနေတုန်း မျက်နှာချင်းဆိုင် ကားပွဲစားတန်းဖက်မှာ ပိန်ပိန်ပါးပါး အသားညိုညိုနဲ့ လူတစ်ယောက် လမ်းလျှောက်ရင်းပစ်ပစ်လဲတာ တွေ့လိုက်ရတယ်။

အာဇာနည် ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခဲ့သော အဖွဲ့၏ ခေါင်းဆောင် ဂဠုန်ဦးစော အကြောင်း

အမည်ရင်း ဦးစော မိဘအမည် ဦးဖိုးကြူး + ဒေါ်ပန်း နိုင်ငံသား မြန်မာ လူမျိုး {{{လူမျိုး}}} ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ မွေးဖွားရာဒေသ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ပညာအရည်အချင်း ရှေ့နေ စာမေးပွဲ အောင်မြင် အလုပ်အကိုင် နန်းရင်းဝန် ကြင်ဖော် {{{ကြင်ဖော်}}} သားသမီး {{{သားသမီး}}} ထင်ပေါ်ကျော်ကြားမှု အာဇာနည် ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခဲ့သော အဖွဲ့၏ ခေါင်းဆောင်ဖစ်သည်

ကယားပြည်နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးရန် တောင်းဆိုမှု သဘောတူညီမှုရရှိ

လွိုင်ကော်၊ မတ်- ၂၀
အမေရိကန်အစိုးရက ကယားပြည်နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးရန် တောင်းဆိုမှုအား ပြည်နယ်အစိုးရနှင့် ယင်းဒေသမှ အပစ်အခတ် ရပ်စဲရေးအဖွဲ့များနှင့် သဘောတူညီမှုတစ်ရပ် ရရှိသွားကြောင်း သတင်းရရှိသည်။

GSM Phone အချင်းချင်း ငွေးဖြည့်ပေးချင်တယ်ဆိုရင်

GSM Phone တစ်လုံးကနေ နောက် ဖုန်းတစ်လုံးကို Prepaid Top Up ငွေကို လက်ဆောင် အဖြစ် ဖြည့်ပေးချင်တယ်ဆိုရင်

*123*TOPUPPassword*PhoneNumber#

ရုပ်အသွင် အစားထိုးပြုပြင်ခွဲစိတ်မှု အောင်မြင်

ရုပ်အသွင် အစားထိုးပြုပြင်ခွဲစိတ်မှု အောင်မြင်
Wednesday, March 20, 2013

ထားဝယ်မြို့တွင် ရုပ်အသွင် အစားထိုးပြုပြင်ခွဲစိတ်မှုပြုလုပ်ရာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

ထိုခွဲစိတ်ကုသမှုအား ထားဝယ်မြို့ရှိ သီတဂူ အာရောဂျံ ဒါနဆေးရုံတွင် ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာဝန်ကြီးများ က မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်
ကွဲ ကလေးသူငယ်များ အား လာရောက်ကုသပေးစဉ် မီးလောင်မှုကြောင့် မျက်နှာ နှင့်လည်ပင်း ပျက်စီးခဲ့ရသော မောင်သန်းမိုးအား ရုပ်အသွင်အပြင်
ကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ခံခဲ့ရသော မောင်သန်းမိုးသည် တစ်နှစ်သားအရွယ်
က တင်္နသာရီတိုင်းဒေသကြီး စော်ဖျား ရွာရှိ ၄င်း၏နေအိမ်ရှေ့ တွင် ဆော့ကစားနေရင်း အမှိုက်များ မီးရှို့ထားသော မြောင်းထဲသို့ ပြုတ်ကျ
ခဲ့ပြီး မျက်နှာ နှင့် လည်ပင်း တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်
ကြောင်း ဖခင်ဖြစ်သူ ဦးတင်ဖေ၏ ပြေပြချက်အရသိရသည်။

ယင်းမီးလောင်ဒဏ်ရာများကို ဆရာဝန်ကြီးများက ကြိုတင်စစ်ဆေးကြည့်
ရှုပြီး လည်ပင်း နှင့် မျက်နှာကို ခွဲစိတ်ကုသနိုင်မည် ဖြစ်ပြီး လက်ကိုမှု အချိန်ယူ ကုသရမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

မောင်သန်းမိုးကို မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်မှ စတင်ခွဲစိတ်ကုသရာ ည ၆ နာရီခွဲ အချိန်တွင် အောင်မြင်စွာခွဲ
စိတ်ကုသ နိုင်ခဲ့ကြောင်း သိရသည်။

ဖိုးဇော် (ထားဝယ်)
Yangon Media Group

Wednesday, March 20, 2013

ထားဝယ်မြို့တွင် ရုပ်အသွင် အစားထိုးပြုပြင်ခွဲစိတ်မှုပြုလုပ်ရာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

ရေသခွား

ရေသခွား 

ရေသခွား ဆိုလို့ စားရတဲ့ သခွားတော့ မဟုတ်ပါဘူး။ ပင်လယ်မျော့ တစ်မျိုး ဖြစ်ပြိး Sea cucumber လို့လည်း ခေါ်ပါတယ်။ 

ခန္ဓာကိုယ်က ငါးရှဥ့်လို ပျော့ပြောင်းပါတယ်။ အရွယ်အားဖြင့် လက်မ ၂၀ အထိ ရှည်နိုင်ပြီး ပင်လယ်ကြမ်းပြင်မှာ နေထိုင်တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူ့မှာ ထူးခြားချက်ကတော့ စအိုကို ပါးစပ်လို အသုံးပြုခြင်း ဖြစ်ပါတယ်။ သူ့မှာ ပါးစပ်ပေါက်ပါပေမယ့် အင်မတန်ကျဉ်းပါတယ်။ ဒါကြောင့် အပေါက် နှစ်ခုလုံးကို အသုံးပြုရပါတယ်။ 

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ရေကနေယူပါတယ်။ ယူပုံယူနည်းကတော့ သူ့ရဲ့  Anus မှ ကြွက်သားနဲ့ ရေညစ်ထုတ်ခြင်း ဖြစ်ပြီး လိုအပ်တဲ့ အောက်ဆီဂျင်ကို ရရှိပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ Sea Cucumber မျိုးများဟာ မြောက်အမေရိက ပစိဖိတ်သမုဒ္ဒရာဘက် အခြမ်း မှာ နေထိုင် အသက်ရှင်ကြောင်း သိရပါတယ်။ 
--
Ref: ngc
Aung Kham (TSJ team)

ရေသခွား ဆိုလို့ စားရတဲ့ သခွားတော့ မဟုတ်ပါဘူး။ ပင်လယ်မျော့ တစ်မျိုး ဖြစ်ပြိး Sea cucumber လို့လည်း ခေါ်ပါတယ်။ ခန္ဓာကိုယ်က ငါးရှဥ့်လို ပျော့ပြောင်းပါတယ်။ အရွယ်အားဖြင့် လက်မ ၂၀ အထိ ရှည်နိုင်ပြီး ပင်လယ်ကြမ်းပြင်မှာ နေထိုင်တဲ့ သတ္တဝါ ဖြစ်ပါတယ်။

FEC ရုတ်သိမ်းရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မတမှ ပေးပို့သော နိုင်ငံတော်၏ စီးပွားရေးစနစ်အတွင်း ကြားခံအဖြစ် သတ်မှတ်သုံးစွဲလျှက်ရှိ သော FEC အားပြန်လည်ရွေးနုတ်ယူ မည့်ကြေငြာချက် ထုတ်ပြန်နိုင်ရေး အတွက်ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် သဘောတူညီခဲ့သည်။

ဓာတုလက်နက် ဖျက်သိမ်းရေးအဖွဲ့ထဲ မြန်မာဝင်မည်

မြန်မာ၊ အင်ဂိုလာနဲ့ ဆူဒန်တောင်ပိုင်းနိုင်ငံတွေကို လာမယ့်လပိုင်းတွေအတွင်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်လာဖို့
 မျှော်လင့်ကြောင်း OPCW ခေါ် ဓါတုလက်နက်ဖျက်သိမ်းရေးအဖွဲ့က ပြောပါတယ်။

၂၂ ဘီး ယာဉ်ပေါ်မှ ကတ္တရာ ပီပါများ ဆိုင်ကယ်ပေါ် ပြုတ်ကျ သုံးဦး သေဆုံး

၂၂ ဘီး ယာဉ်ပေါ်မှ ကတ္တရာ ပီပါများ ဆိုင်ကယ်ပေါ် ပြုတ်ကျ သုံးဦး သေဆုံး

မတ် ၂၀ ရက်၊ ၂၀၁၃

ကျောက်တံခါး မြို့နယ် ဂနက် ကျေးရွာ ရန်ကုန်- မန္တလေး ကားလမ်း မိုင်တိုင် အမှတ် (၁၁၃/ဝ) နှင့် (၁၁၃/၁) အကြား၌ မတ် ၁၆ ရက် မွန်းလွဲပိုင်းက ကတ္တရာ ပီပါများ တင်ဆောင် လာသော ၂၂ ဘီး ယာဉ်ပေါ်မှ ကတ္တရာ ပီပါများ  ပြုတ်ကျရာ နောက်တွင် ပါလာသော ဆိုင်ကယ်ပေါ် ပါရှိသူ သုံးဦး သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း မင်းဦး ၃၅ နှစ် (ဘ) ဦးစိန်ချော (၁၁)လမ်း (၁၁) ရပ်ကွက် တောင်ငူမြို့ နေသူ မောင်းနှင် လာသည့် ယာဉ်အမှတ် ၂င/----၂၂ဘီး ဒေါင်ဖန်း အဖြူရောင် ယာဉ်သည် ကတ္တရာ ပီပါ ၁၈၅ လုံး တင်ဆောင်၍ မောင်းနှင်လာစဉ် ပွတ်ခရီး ရွာကွေ့ အလွန်တွင် ဂျက်ကြိုးပြတ်၍ နောက်တွင် ပါရှိသော လော်ဂျား ဆိုင်ကယ် ၁၁ဝ (အနက်ရောင်)ပေါ်သို့ ကတ္တရာ ပီပါများ ပြုတ်ကျခဲ့ရာ ဆိုင်ကယ် မောင်းနှင် သူ မောင်ရာဂျစ်ကူးမား ၂၅ နှစ် (ဘ)ဦးရပ်ကူးမား စီကူ ကျေးရွာ နောက်မှ လိုက်ပါ လာသော၎င်း၏ အစ်မဖြစ်သူ မရူရကီ၂၇ နှစ်၊ တစ်ရွာတည်းနေ မစုနိုင်းနိုင်း ၂ဝ နှစ်(ဘ)ဦးဘာစံသလားတို့ သုံးဦးအနက် မောင်ရာဂျစ် ကူးမားနှင့် မစုနိုင်းနိုင်း တို့သည်  ခန္ဓာကိုယ် တစ်ခုလုံး  ကြေကာ နေရာ တွင် သေဆုံးခဲ့ပြီး မရူရကီမှာ ခြေ/လက်နှင့် နံရိုးများ ကျိုးသဖြင့် ကျောက်တံခါး မြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိသော ဒဏ်ရာ များဖြင့် သေဆုံး ခဲ့သည်။ ယာဉ်မောင်း မင်းဦးမှာ ယာဉ်အား ထားရှိ၍ ထွက်ပြေး တိမ်းရှောင် သွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တံခါး ရဲစခန်းမှ ယာဉ်မောင်း မင်းဦးအား (ပ)၃/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၂ဝ၂/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ 

http://bit.ly/13afkyl

မတ် ၂၀ ရက်၊ ၂၀၁၃

ကျောက်တံခါး မြို့နယ် ဂနက် ကျေးရွာ ရန်ကုန်- မန္တလေး ကားလမ်း မိုင်တိုင် အမှတ် (၁၁၃/ဝ) နှင့် (၁၁၃/၁) အကြား၌ မတ် ၁၆ ရက် မွန်းလွဲပိုင်းက ကတ္တရာ ပီပါများ တင်ဆောင် လာသော၂၂ ဘီးယာဉ်ပေါ်မှ ကတ္တရာ
ပီပါများ ပြုတ်ကျရာ နောက်တွင် ပါလာသော ဆိုင်ကယ်ပေါ် ပါရှိသူ သုံးဦး သေဆုံးခဲ့သည်။

နိုင်ငံတော်သမ္မတသည် ပါတီဥက္ကဋ္ဌအဖြစ် ရှိနေသေးကြောင်း ဦးဌေးဦး ပြော

နိုင်ငံတော်သမ္မတသည် ပါတီဥက္ကဋ္ဌအဖြစ် ရှိနေသေးကြောင်း
ဦးဌေးဦး ပြော
Wednesday, March 20, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်ရှိတဲ့ သူတွေက ပါတီတာဝန် ထမ်းဆောင်လို့မရဘူး။ ဒါကြောင့် အဲဒီပါတီတာဝန်ဖြစ်တဲ့ 
ဥက္ကဋ္ဌ တာဝန်ကို ရှိနေတဲ့သူတွေထဲ က အဆင့်မြင့်ဆုံးသူကနေပြီး တာ

ဝန်ယူရတယ်၊ အဲဒါကိုပါတီ ညီလာ ခံပြီးတည်းက ဒီအတိုင်းပဲ လုပ်နေတဲ့ဟာပဲ။ လွှတ်တော်ထဲမှာလည်း မေးနေတာတွေ ရှိတယ်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေခုံရုံးကိုပဲ စဉ်းစားခိုင်းမယ် ဆိုတဲ့သဘောကို

သူတို့ပြောထားတယ်။ သမ္မတကြီးက တာဝန်အရတော့ ရှိနေတာပေါ့။ တာဝန်ကိုတော့ ထမ်းဆောင်လို့မရဘူးပေါ့။ တာဝန် ခံပြီး ပါတီတာဝန်
တွေကို ဆောင်ရွက် လို့ မရဘူးပေါ့''ဟု ၎င်းက ပြော သည်။

ယမန်နေ့က လွှတ်တော်အစည်း အဝေးရပ်နားချိန်တွင် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က မီဒီ ယာတစ်ခုသို့ သမ္မတကြီး၏ပါတီ ဥက္ကဋ္ဌလုပ်ငန်းတာဝန်များကို

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌမှ အပြည့်အဝတာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားထားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစောလှထွန်းကလည်း ''သမ္မတကြီးက ပါတီရဲ့ဥက္ကဋ္ဌတာဝန် ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ကို လွှဲပေးပြီးသွားပါပြီ၊ ဒါက အခြေ ခံဥပဒေနဲ့အညီ ဖြစ်သွားအောင် 
လုပ် တဲ့သဘောပါ''ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့ မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်

နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရသည့် နေ့မှစ၍နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူရမည်ဖြစ်သည် ဟု မှတ်ယူရမည်ဟုဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့်(ဒီချုပ်ပါတီ)က အခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတအပါအဝင်
ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ သည် တာဝန်ထမ်းဆောင်သည့်ကာ

လအတွင်း ပါတီတာဝန်များအား ထမ်းဆောင်ခြင်း မပြုရဆိုသည့် အချက်အား တိကျရှင်းလင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုပေးရန် ဇန်နဝါရီ ၂၁ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ် တော်အစည်းအဝေးတွင်
အဆိုတင် သွင်းခဲ့ကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အဆိုတင်သွင်းသူ၏ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးပေါ်ပေါက် လာပါက တိကျ စွာ အဓိပ္ပာယ်ဖွင့်ဆို၍ ဆက်လက် ဆောင်ရွက် 
သွားမည်ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။

''အဆိုနဲ့ပတ်သက်လို့တော့ အခု ခုံရုံးပေါ်လာပြီဖြစ်သော်လည်း ကျွန်တော်ဘာမှ မသိရသေးပါဘူး'' ဟု ဦးဝင်းမြင့်က မတ်လ ၁၉ ရက် တွင် ပြောသည်။

အောင်ထက်(NYK) ၊ မင်းသုအောင်
Popular Myanmar News Journal

Wednesday, March 20, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ

ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ

20.3.2013

ဗုဒ္ဓ မြတ်စွာဘုရား၏ ဦးခေါင်းရိုး ဓါတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဟောင်ကောင်
ကျွန်းတွင် ပထမဆုံး အကြိမ်အဖြစ် လူပရိသတ်များ ကြည်ညိုနိုင်ရန် ထားရှိ အပူဇော် ခံခဲ့ကြောင်း သိရသည်။ ဆယ်ရက်တာ ကြာမြင့်မည့် အဆိုပါ အပူဇော်
ခံပွဲတွင် ဟောင်ကောင်နှင့် မကာအိုသို့ ပြည်မကြီးမှ ပထမဆုံး အကြိမ်အဖြစ်ကြွ
ချီ အပူဇော်ခံခြင်းလည်း ဖြစ်သည်။

ယင်းဓါတ်တော်မှာ ဟောင်ကောင်သို့ ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီအချိန်က ရောက်
ရှိခဲ့ပြီး ဟောင်ကောင် နိုင်ငံတကာ လေဆိပ်တွင် သံဃာများ ခြံရံပြီး သုတ်တော်
များ ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။ အဆိုပါ ဓါတ်တော်ကြုတ်ကို ၁.၂၈ မီတာအမြင့်
ရှိသည့် အာသောက စေတီ ပုံတော်ဖြင့် ရံ ပြီး ကျည်ကာမှန်ဖြင့် ထည့်သွင်းကာ ပူဇော်ထားခြင်း ဖြစ်ကာ ဓါတ်တော်မှာ ကြာပန်းပုံပေါ်တွင် စံပ္ပါယ်နေခြင်း ဖြစ်
သည်။
ယခုလို အပူဇော်ခံကြွချီမှုတွင်လူပေါင်း၃သိန်းခန့်လာရောက်ဖူးမြော်နိုင်ကြောင်း
လည်း ခန့်မှန်းထားကာ ပြည်မကြီးမှ ခရီးသွား ဧည့်သည်များမှလည်း လက်
မှတ်ပေါင်း ၂သောင်းကျော် ကြိုတင် မှာကြားထားပြီး ဖြစ်သည်ဟု xinhua သတင်းတွင် ဖော်ပြခဲ့သည်။
PALAUNG NATIONAL SOCIETY - JAPAN
Re-Post By ACM 20-3-2013
အေးချမ်းမွန် Credit & Copy From >> Shan News<< Thank



ဗုဒ္ဓ မြတ်စွာဘုရား၏ ဦးခေါင်းရိုးဓါတ်တော်မှာဗုဒ္ဓဟူးနေ့က ဟောင်ကောင်ကျွန်းတွင်ပထမဆုံး အကြိမ်အဖြစ်
လူပရိသတ်များ ကြည်ညိုနိုင်ရန် ထားရှိ အပူဇော် ခံခဲ့ကြောင်း သိရသည်။ ဆယ်ရက်တာ ကြာမြင့်မည့် အဆို
ပါ အပူဇော် ခံပွဲတွင် ဟောင်ကောင်နှင့် မကာအိုသို့ ပြည်မကြီးမှ ပထမဆုံး အကြိမ်အဖြစ်ကြွ ချီ အပူဇော်ခံ
ခြင်းလည်း ဖြစ်သည်။

"အင်းလျားအနီး ပြိုင်ကားအတွင်းမှ ဓားဒဏ်ရာဖြင့် ဆင်းလာသူ သေဆုံး"

ရန်ကုန်၊ မတ် ၁၉
အင်းလျားကန်ပေါင်အနီး ငွေမင်ရောင်ပြိုင်ကားအတွင်းမှ ထိုးသွင်းဒဏ်ရာ တို့နှင့် ဆင်းလာသူတစ်ဦး သေဆုံးမှု ဒုရဲအုပ်တရားလိုပြုကာ အမှုဖွင့် ထားကြောင်း သိရသည်။မတ်လ ၁၇ ရက်က အေဒီမီးပွိုင့်ဘက်မှ လှည်းတန်းမီးပွိုင့်ဘက်သို့ မောင်း လာသော ကားနံပါတ် ၇ဂ/----၊ ငွေမင်ရောင် ပြိုင်ကား တစ်စီးသည် လှိုင်မြို့နယ် အင်းလျားကန်ဘေးရှိ IBC ရှေ့အရောက်တွင် ဂငယ်ကွေ့ ချိုးကွေ့စဉ်ရပ်တန့်ပြီး ကားပေါ်မှအသက် ၃ဝ ခန့်(စိစစ်ဆဲ)ရှိ ထိုးသွင်း ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ဆင်းလာပြီး လဲကျသွား၍ လုံခြုံရေး တာဝန်ကျမှ သွားရောက်ကြည့်ရှုစဉ် အဆိုပါပြိုင်ကားမှာ လာရာလမ်း အတိုင်း မောင်းနှင်ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

တုံကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်ထောက်ခံပွဲ ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်ကိုတာင်းပန်ထောက်ခံပွဲတစ်ခုတုံကျေးရွာတွင်မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်
ဒေသခံများထံမှသတင်းရရှိသည်။မတ်လ ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌတုံကျေးရွာ သပိတ်စခန်းသို့လာရောက်စဉ်ကြမ်းတမ်းစွာပြောဆိုဆက်ဆံခဲ့သော လူတစ်စုကြောင့် ကျေးရွာနာမည်ပျက်
မည်ကို စိုးရိမ်သဖြင့်ပြုလုပ်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာပုံစံများနှင့်ပတ်သက်၍ အများသိစေရန် သတင်းထုတ်ပြန်

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွင် ဖြေလျှော့မှုများပြုလုပ်ပေး

ခဲ့မှုကြောင့်လျှောက်ထားရမည့်လျှောက်လွှာပုံစံများနှင့်ပတ်သက်၍ 

အများသိစေရန် သတင်းထုတ်ပြန်

Ref : 20.3.2013 ရက်နေ့ထုတ်ကြေးမုံသတင်းစာ

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွင် ဖြေလျှော့မှုများပြုလုပ်ပေး ခဲ့မှုကြောင့်လျှောက်ထားရမည့်
လျှာက်လွှာပုံစံများနှင့်ပတ်သက်၍ အများသိစေရန် ယနေ့သတင်းထုတ်ပြန်လိုက်သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းပေးရန် အတွက် တရားဝင်ဆန္ဒပြရန် တုံရွာမှစာတင်ပြီ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းပေးရန် အတွက် တရားဝင်ဆန္ဒပြရန် တုံရွာမှစာတင်ပြီ

March 19, 2013 Home, သတင်း

မတ်လ ၁၁ရက်တွင်ထုတ် ပြန်ခဲ့သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအပြီးသတ် အစီ ရင်ခံစာကိုဒေသခံများကန့်ကွက် ခဲ့စဉ် လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှစုံစမ်း စစ်ဆေးရေး အပြီးသတ်အစီရင် ခံစာကိုမကျေနပ်လျှင်တရားဥပဒေ အတိုင်းတရားဝင်ဆန္ဒပြနိုင်သည် ဟု ပြောဆိုခဲ့သည့်အတိုင်း မတ်လ ၁၈ရက်တွင် တုံရွာကျေးရွာအုပ်စု မှမဌေးဦးနှင့်မခင်ဌေးနွယ်တို့ ဦးဆောင်၍ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့တရားစီတန်းလှည့် လည်ရန်သွားရောက်စာတင်ခဲ့ ကြောင်းသိရသည်။
လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဖြတ်သိမ်းပေးရန်အတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရန် အတွက် စာသွားတင်ခဲ့သည့် မဌေးဦးက ““ကျွန်မတို့က ဒေါ် အောင်ဆန်းစုကြည်ပြောသွားခဲ့ တဲ့အတိုင်း တရားဝင်စာသွားတင် တာပါ၊ကျွန်မတို့စာတင်တာကို လက်ခံရင်ကောင်းတာပေါ့၊လက် မခံခဲ့ရင်လည်း လက်ပံတောင်း တောင် ကြေးနီစီမံကိန်းဖြတ်သိမ်း ပေးရေးအတွက် နေ့စဉ်ဆန်္ဒပြသွား မှာပါ””တုံရွာကျေးရွာအတွက် အသက် ၄၀၀န်းကျင်ခန့်ရှိသော မဌေးဦးကပြောသည်။
အဆိုပါစီတန်းလှည့်လည်ရန် စာတင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဆားလင်းကြီးရဲစခန်းမှဒုတိယရဲ မှူးကြီးဦးတင်ထွန်းက ကျွန်တော် တို့ကတော့ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတာပါ၊ခွင့်ပြုစာ တင်တာကို ခွင့်ပြုခြင်းမပြုခြင်းက တော့ ၄၈နာရီနှစ်ရက်အတွင်း အကြောင်းပြန်မှာပါဟု ဒုရဲမှူးကြီး ဦးတင်ထွန်းက ဖြေဆိုခဲ့သည်။
ဆားလင်းကြီးမြို့နယ် လက် ပံတောင်းတောင်ဒေသတွင်ရှိသော ကျေးရွာ(၂၆)ရွာတွင် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းအား လက်မခံကြသည်မှ ရွာ ၂၆ရွာလုံး နီးပါးဖြစ်နေပြီး ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီးနေ့စဉ်ဆန္ဒပြမည်ဖြစ် ကြောင်း စီမံကိန်းပြောင်းရွှေ့သွား သည့် ၀က်မှေးရွာသစ် ဆည်းတည်း ရွာသစ်စသည်တို့မှ ရွာသူ/ရွာ သားအများစုကလည်း မြေလျော် ကြေးအားသွားရောက်မယူကြ ကြောင်းဒေသခံများထံမှ သိရ သည်။



မျိုးမြင့်(လက်ပံတောင်း)

Re-Post By ACM 20-3-2013
အေးချမ်းမွန် Credit & Copy From >>The Hot News << Thank

March 19, 2013
မတ်လ ၁၁ရက်တွင်ထုတ် ပြန်ခဲ့သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအပြီးသတ် အစီ ရင်ခံစာကိုဒေသခံများကန့်ကွက်ခဲ့စဉ်လက်ပံတောင်းတောင်စုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်
ဆန်းစုကြည်မှစုံစမ်းစစ်ဆေးရေးအပြီးသတ်အစီရင်ခံစာကိုမကျေနပ်လျှင်တရားဥပဒေ အတိုင်းတရားဝင်
ဆန္ဒပြနိုင်သည်ဟုပြောဆိုခဲ့သည့်အတိုင်းမတ်လ၁၈ရက်တွင်တုံရွာကျေးရွာအုပ်စု မှမဌေးဦးနှင့်မခင်ဌေးနွ
ယ်တို့ဦးဆောင်၍ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့တရားစီတန်းလှည့် လည်ရန်သွားရောက်စာတင်ခဲ့
 ကြောင်းသိရသည်။

ဘုမသိ ဘမသိ ကော်မရှင်နှင့် လက်ပံတောင်းတောင် ဒေသခံတွေရဲ့ အနာဂတ်

ဘုမသိ ဘမသိ ကော်မရှင်နှင့် ဒေသ အနာဂတ်

ဂိုလ်ရှယ်လေး

လက်ပံတောင်း တွေ့ရှိချက်အပေါ်ထုတ်ပြန်ချက်က ယနေ့ တရားမျှတမှုကို လိုးလားနေတဲ့
ပြည်သူတွေနဲ့ ကော့မှုးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ထိပ်တိုက်တွေ့အောင်
နေပြည်တော် သိန်းစိန်တို့ လမ်းတည့်ပေးလိုက်ကြတယ်။

ဝမ်ပေါင်းနဲ့ လင်မယားလို့ ပေါင်းဖက်ခဲ့ တာ ဒေါ်စုမဟုတ်ပဲနဲ့ အဲဒီကြားထဲက ပြသနာတွင်းထဲကို
စစ်တပ် အရာရှိတွေနဲ့ ရဲချုပ်တို့ က တွန်းချခဲ့ကြပါတယ်။ မိမိရဲ့ လုပ်ရည်ကိုင်ရည်ကို
အမြီးအစမ်းသဘောနဲ့ ပါလေရာငပိချက်ကြီးလို့ ဒေါ်စုက ၀င်ပါလိုက်ရာမှ ဒေသခံလူထုဆန္ဒနှင့်
အံဝင်ခွင်ကျမှု လားလားကြီး လွဲချော်ခဲ့ရပါတယ်။

ဒေါ်စုသနားစရာပါလို့ လူတိုင်းတော့ ပြောကြမှာပဲ။ သေခြာတာကတော့ ဒေါ်စုပါတီထဲမှရော
အန်အယ်ဒီအမတ်တွေထဲမှာရော ကိုယ့်ဘာသာကိုယ် လူထုနဲ့ ပတ်သက်ပြီ အသေခြာ ချထားတဲ့ မူဆိုတာ လုံးဝမရှိလို့ ဖြစ်လာတာလို့ အကြမ်းမျဉ်းပြောနိုင်ကြတယ်။

အန်အယ်ဒီမှာ လူထုနဲ့ အမြဲထိတွေ့ပြီး လူထုသဘောထားများကို စောင့်ကြည့် မှတ်တမ်းပြု လေ့လာဖို့ ဘာမှမလုပ်ကြပဲ နွားလာဥသဖ ကြီးသွားရာနောက်သို့ တအုံအုံတခဲခဲ လိုက်နေသော
အုပ်စုတခုနှင့် တူနေတယ်။

လက်ပံတောင်းပြသနာက တန်ပရေချာ(Temprature) အမြင့်ဆုံးကိုရောက်လာတော့မှပဲ တိတိကျကျ သတင်းအသေးစိတ်တွေ မရှိပဲ မကိုင်ပဲနေခဲ့တဲ့ ဒေါ်စုက မဆီမဆိုင် ထိုးသွင်းလံလိုက်ရတယ်။

လက်ပံတောင်းကို Ivanhoe အိုင်ဗင်ဟိုး ဆိုတဲ့ ကနေဒါနိုင်ငံက ပင်စင်စားအာမခံငွေတွေနဲ့
အစုရှယ်ယာလုပ်ထားတဲ့ သတ္တုတူးဖေါ်ရေး ကုမ္မဏီက ၁၉၉၈ က မြန်မာ့ စစ်အာဏာရှင်တွေနဲ့စပြီး အလုပ်ဖြစ်လာလိုက်ကြတာ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းအထိပါ၊ သဘောတူ ၅၀ ရာနုံန်းကျ
အကျိုးမြတ်ခွဲယူခဲ့ကြတဲ့ မြန်မာ့ ပန်းတော်ဦးဆက်သမှုကိုသာ စားတဲ့ ဦးပိုင်နဲ့ပါ။

နှစ်ဖက်အကျိုးမြတ် အမေ၇ိကန်ဒေါ်လာ သန်း ၅ ထောင်နဲ့ ၅၀၀ နီးပါလောက်ကို ရခဲ့ပါတယ်တဲ့။ အဲဒီအမြတ်တွေ ဘယ်ရောက်ကုန်သလဲ၊ ကော်မရှင် ခေါင်းဆောင်ကြီးမသိသလို နေပြည်တော်
သိန်းစိန်နဲ့ စစ်ခေါင်းဆောင်တွေလဲ ခေါင်းရှောင်ခဲ့ကြပါတယ်။

အိုင်ဗင်ဟိုးအတွက် ခက်ခဲတဲ့ကံကြမ္မာ အမှောက်ထုက ၂၀၀၇ သံဃာတော်များအား စစ်တပ်မှ
အကြမ်းဖက်ကိုင်တွယ်ပြီးတဲ့နောက်မှာ အမေရကန်က (OFAC)လို့ခေါ်တဲ့ Office of Foreing Assets Control (နိုင်ငံခြား ငွေရေးကြေးရေးဆိုင်ရာ ထိန်ချုပ်ကွပ်ကဲရေးရုံး)က ကနေဒါနှင့်
အမေရိကန်အစိုးရရဲ့ ချမှတ်ထားတဲ့ လူ့အခွင့်ရေးဆိုင်ရာ ချိုးဖေါက်မှုအတွက် ပစ်ဒဏ်ခတ်တဲ့
စီးပွါးရေးပိတ်ဆို့မှုကို အိုင်ဗင်ဟိုးက လစ်လျူထား လုပ်ကိုင်နေတာကို အရေးယူဖို့ အဆင့်ရောက်လာတော့ မှ အိုင်ဗင်ဟိုးက ပွဲစားကြီး အရေးပေါ်ရှာပြီး သန်း ၂၅၀ နဲ့ လက်ရှိလုပ်ငန်းကို
ဈေးဖြတ်ရောင်းချပြီး မြန်မာ ဦးပိုင်ကို ၁၂၅ သန်း ခွဲပေးပြီး အမြန်သုတ်ချေတင် ထွက်ပြေးခဲ့ပါတယ်။

အမေရိကန်ကလဲ အိုင်ဗင်ဟိုးအားကိုင်တွယ်ရာမှာ ဘက်ပေါင်းစုံ ထောက်လှမ်းရေးသတင်း
အချက်လက်ပေါင် ၁၂၄ ခုနှင့် ချိုးဖေါက်မှုတွေအတွက် ပယ်ပယ်နယ်နယ်ကိုဆော်ဖို့ အသင့် ဖြစ်နေတဲ့ အနေထားအားလုံးထဲမှာ အိုင်ဗင်ဟိုးအဖိုပ နိုင်ငံတကာ တရားရုံးထိသို့ပင် ပို့ဆောင်ခံ၇မယ်
အနေထားတခုခိုင်ခိုင်မာမာ ပါလာခဲ့ပါတယ်။

အိုင်ဗင်ဟိုးတို့ စလုပ်ကထဲကပင် သြသတေးလျားက ဓါတုပညာရှင်တွေက အိုင်ဗင်ဟိုးရဲ့
လက်ပံတောင်းလုပ်ကွက်တွေဆီကို ပုံစံမျိုးစုံနဲ့ ပါဝင်ပတ်သက်ပြီး ရောက်ရှိနေခဲ့ရာက ခိုင်မာတဲ့
မှတ်တမ်းသက်သေခံများအရ အိုင်ဗင်ဟိုးဆောင်ရွက်လုပ်ကိုင်နေတဲ့ ဒေသအတွင်း သောက်သုံးရေမှာ (Ph) လို့ခေါ်တဲ့ အက်စစ်ပါဝင်မှု တိုင်းတာရေး စံအရ အက်စစ်ဓါတ်နှင်ပ ခဲဆိပ်ဓါတ် (7) လို့
သတ်မှတ်ထားတဲ့ သောက်သုံးရေအဆင့်ကနေ အက်စစ်ပျော်ဝင်ရောနှာမှု အဆပေါင်း ၇၀ ကျော်
သောက်သုံးရေထဲသို့ ပြန့်နှံရောက်ရှိနေပြီဖြစ်ကြောင်းပြတဲ့ a solution ph မှာ ၂ ဒသမ ၅
ထိကိုရောက်ရှိနေပြီဖြစ်ကြောင်း အမေ၇ိကန်သံရုံးမှတဆင့် ပေးပို့ လာတဲ့ သတင်းများကို
Wikileaks ကေဘဲက Monywa area’s Environmental Degradation caused by Ivanhoe’s operations ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖေါ်ပြထားခဲ့ပါတယ်။

အိုင်ဗင်ဟိုးက အကြီးအကျယ် အပစ်လွတ်အောင်ငြင်းချက်ထုတ်ခဲ့ပါတယ်။ အိုင်ဗင်ဟိုးရငြင်းပုံက မုံရွား ကြေးနီလုပ်ငန်းအား ၁၉၈၃ ခုနှစ်မှ ၁၉၉၀ ခုနှစ်ထိ မြန်မာ့စစ်အာဏာရှင်က ဘော်ကြေးနီထုတ်လုပ်သော ယူဂိုဆလားဗီးယားနိုင်ငံမှ ကုမဏီနှင့် လုပ်ကိုင်ပြီး မူလအစကပင် အက်စစ်နှင့်
ခဲဓါတ်ပျော်ဝင်မှု မြင်မားနေသောနေရာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ wikileaks ၏ ကေဘဲက အခုလိုတင်ပြထားပါတယ်။(Ivanhoe has repeatedly claimed that environmental degradation in the Monywa mine area is a result of previous operations at the site which took place between 1983 and the early 1990′s by the Burmese regime initially with the support of Bor Copper Institute of Yugoslavia. The Yugoslav-Burmese copper project was relatively small compared to the MICCL operations which are much larger and involve the use of acid generating heap leach system.

ခေတ်ပြက်ချိန်မှာ ပွသွားသူကတော့ တေဇဖြစ်နေခဲ့တဲ့ အကြောင်း အမေ၇ိကန် ရန်ကုန်သံရုံးက နိုင်ငံခြားရေးဌာနကို သတင်းပို့ပါတယ်။ အိုင်ဗင်ဟိုးက ချက်ခြင်းရောင်းထုတ်ဖို့ လုပ်နေခိုက်မှာပင် တေဇရဲ့ ခေါင်းကိုင်ဆရာဖြစ်တဲ့ LU LU လူလူဆိုတဲ့ မြန်မာ မှတ်ပုံတင်နဲ့ တရုတ် မှတ်ပုံတင် ကိုင်ထားတဲ့ ကျောက်လုချန်း Kwan Lu Chan လို့ခေါါ်ပြီး မြန်မာနာမည် Zaw Min မှ တရုတ်ပြည်က Norinco နော်ရင်းကိုး နဲပ ဆက်သွယ်ပြီး အိုင်ဗင်းဟိုးဆီကနေ အစုရှယ်ယာအားလုံး အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် လက်ငင်း ငွေသားဖြင့် ဈေးတည့်အောင်လုပ်ပေးပြီး ပွဲခ သန်း ၅၀ မျိုးမျိုး မြက်မြက်ကလေး ရလိုက်ကြပါတယ်။ Wikileaks ကေဘယ်က ခုလိုဖေါ်ပြထားပါတယ်(Cables show Tay Za’s “pivotal role” and his “right hand man” in Monywa deal
A cable dated September 2008 reveals that Ford was of the opinion that the Chinese consortium’s “connections to Tay Za play a pivotal role in the negotiations with the GOB [Government of Burma Todayma].” See here.

Another cable dated June 24 2009 states that Tay Zaw’s right hand man “Lu Lu, a.k.a. Kwan Lu Chan, Chan Kwan Lu, and Zaw Min, is Vice Chairman of Air Bagan and regime crony Tay Za’s top assistant and advisor” was brokering the deal on behalf of Tay Za. See here.
The cable describes Lu Lu as in the following terms “Known in business circles to be cunning and ruthless, Lu Lu boasts to businessmen that he taught Tay Za “all he knows.”
The June 2009 cable also quotes Ford as telling the US Embassy staff “that Lu Lu, working on Tay Za’s behalf, acts as liaison with several Chinese companies interested in acquiring MICCL’s shares in the Monywa copper mines”.
The cable quotes a businessman based in Burma named George Soon who provided more details about Tay Za’s relationship with Norinco, alleged weapons sales and the MICCL deal.
According to the cables Tay Za played a “pivotal role” in the negotiations over the fate of the copper project and was set to receive a US $50 million fee for his involvement in the deal. Tay Za a close ally of General Than Shwe is the subject of American, Canadian and EU sanctions.

တေဇတို့ ပွဲခက လက်ပံတောင်းတခုထဲတင်မဟုတ်ပဲ ဧပြီလ ၅ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင် မြန်မာဦးပိုင်နှင့် တရုတ်လက်နက်ထုတ်ကုမ္မဏီအကြီးစားဖြစ်သော နော်ရင်းကိုးတို့က
စံပယ်တောင်၊ စံပယ်တောင်၏ တောင်ဘက်ဒေသနှင့် ကြေးစင်တောင် တို့ကိုပါ လုပ်ကိုင်ခွင့်
ပေးလိုက်ကြောင်း အတိလင်း ရေးထားပါသေးတယ်။ Wikikeaks က ခုလိုတင်ပြထားပြန်ပါတယ်(The mouthpiece of Burma’s military regime The New Light of Myanmar reported April 5 that Norinco reached a “Production Sharing Contract” with the partially state owned Union of Myanmar Economic Holdings Ltd (UMEH) that covers the mining rights for three deposits located at the Monywa copper mine. All three deposits Sabetaung, Sabetaung South and Kyisintaung were developed jointly as the S&K mine by Ivanhoe’s joint venture with the Burmese regime Myanmar Ivanhoe Copper Company Limited (MICCL).

ယခုနောက်ဆုံး ၂၀၁၂ ခုနှစ်ဒီဇင်ဘာလ ၂၄ ရက်က သြစတေးလျှမှ ဓါတုပညာရှင် တစု
လက်ပံတောင်းကို သွားရောက်ခဲ့ပြီး ၄င်းတို့၏ တွေ့ရှိချက်မှာ အက်စစ်နှင့် ခဲဓါတ်ပျော်ဝင်မှုနုံန်းထားမှာ ယခင် အိုင်ဗင်ဟိုးလုပ်ငန်းလုပ်စဉ်ကာလထက်ကပင် ထိုဒေသ၇ှိ ရေများအတွင်းသို့
၁ဒသမ ၅ ပီအိပ်ချ 1.5 ph ထိရောက်ရှိနေပြီဖြစ်ကြောင်းကို ကြေငြာခဲ့ပါသေးတယ်။

ဒါပေမယ့်ကော်မရှင်က နားမကြာခဲ့ပါဘူးတဲ့၊ ဦးပိုင်နဲ့ တရုတ် ၀မ်ပေါင်ကတော့ ၂၀၁၀ ကနေ ၂၀၁၂ ဒီဇင်ဘာထိ နှစ်ဦးနှစ်ဖက် သဘောတူညီမှုအရ တရုတ်က ၆၀ ရာနုံန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅၈၀ သန်း အမြတ်ထွက်ခဲ့ပြီး ဦးပိုင်ကတော့ အမေရိကန် ဒေါ်လာ သန်း ၂၆၄ သန်းကို အိပ်ထဲ ထည့်လိုက်ပါသတဲ့၊ ဒေသခံတွေကတော့ နေစဉ်နှင့်အမျှ လက်အစုံတင်မက ဒူးအစုံဖြင့်ပါ မျက်ရည်သုတ်နေကြရပါတယ်။

မီးလောင်ခံရတဲ့ အကြမ်းဖက်မှုပြယုဂ်ဒဏ်ကို လှိုက်လှိုက်လှဲလှဲ သမင်လျှက်ထားသလို လူအမြင်
မတင့်တယ်လောက်အောင်ပင် ကြေးကွဲစွာခံစားခဲ့ရသော သံဃာတော်များအဖို့ကတော့ ဆွမ်းဖုံးဖို့ သူတို့ နေထိုင်သတင်းသုံးရာ ကျောင်းတွေမှာ ဆွမ်းဟင်းတောင် အလုံလောက်မရှိပဲ
ခံစားနေရပါတယ်။
သာသနာ့က၀ိကြီးဖြစ်ခဲ့သော လယ်တီဆရာတော်ဘုရားသီတင်းသုံးရာကျောင်းကလေးမှာ အလိုလို လျောကျပြိုပျက်တော့မည့်အနေထားကိုရောက်နေရပြီး ဓမ္မကျမ်းပေါ်င်းများစွာ ရေးသားပေးခဲ့တဲ့ ငြိမ်းချမ်းအေးမြသော လယ်တီဆရာတော်ဘုရားကြီး လှည့်လည်သီတင်းသုံးဘူးသော ဒေသမှ
သံယံဇာတများသည် ယခု စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက်အရ လူသူများ
အသက်ပေါင်းများစွာ ကြေဖျက်သတ်ဖြတ်ရန်အတွက် ထုတ်လုပ်သော ကရိယာများ လုပ်ပိုင့်ခွင့်
တရားဝင်ရ ရှိသွားလေပြီလားဟု မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။


နေ့စဉ် ကြေးနီသန့်စင်ရန်အတွက် အသုံးပြုပြီး စွန့်ပစ်မှုဘေးထွဆိုးကျိုးများကို ဒေသခံများနှင့်
ချင်းတွင်းမြစ်သို့ တိုက်ရိုက်ခံစားလာရမည်ဖြစ်ကြောင်းကို အတိလင်းပြောဆိုထားပြန်ပါတယ်။

ဘေးထွက် ဆိုးကျိုးများအရ ဒေသခံများနှင့်ချင်းတွင်းမြစ်ကြောင်းပေါ်မှ လူသားများ၏
အနာဂတ်သည် ကြောက်မက်ဖွယ်ရာအဆင့်ထိ အလွဲမသွေ ရောက်၇ှိလာနိုင်ကြောင်းကို
စုံစမ်းစစ်ဆေးရေးကော်မရှင်မှ လုံးဝ ရှာဖွေတွေရှိခြင်းနှင့် ထည့်သွင်းစဉ်းစားခြင်းမရှိသေးကြောင်း
တင်ပြလိုက်ရပါသည်။
ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး
၁၂ ရက် မတ်လ ၂၀၁၃ ညနေ ၆း၃၀) တွင်ရေးသားသည်
—
------------------------------
Maha Mingyi

လက်ပံတောင်း တွေ့ရှိချက်အပေါ်ထုတ်ပြန်ချက်က ယနေ့ တရားမျှတမှုကို လိုးလားနေတဲ့ပြည်သူတွေနဲ့
 ကော့မှုးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ထိပ်တိုက်တွေ့အောင်နေပြည်တော် သိန်းစိန်တို့ လမ်း
တည့်ပေးလိုက်ကြတယ်။ဝမ်ပေါင်းနဲ့ လင်မယားလို့ ပေါင်းဖက်ခဲ့ တာ ဒေါ်စုမဟုတ်ပဲနဲ့ အဲဒီကြားထဲက ပြသနာတွင်းထဲကို စစ်တပ် အရာရှိတွေနဲ့ ရဲချုပ်တို့ က တွန်းချခဲ့ကြပါတယ်။

သင်္ကြန်အမှီ ရေစိုခံ Sony ရဲ့ No.1 ဖြစ်သော Smart Phone Xperia Z ရန်ကုန်ရောက်ပြီ

သင်္ကြန်အမှီ ရေစိုခံ Sony ရဲ့ No.1 ဖြစ်သော Smart Phone Xperia Z ရန်ကုန်ရောက်ပြီ
Wednesday, March 20, 2013

CES 2013 မှာ နာမည်ကြီးခဲ့တဲ့ Xperia Z ရန်ကုန်မှာ ရောင်းချနေပြီ ဖြစ်ပါတယ်။

TMW ကနေ ယမန်နေ့က ကြေငြာခဲ့ပြီး တရားဝင် တင်သွင်းဖြန့်ချိထားတာ ဖြစ်ပါတယ်။

TMW Show Room ရောင်းဈေးကတော့ ၅၉ ၉ ၀၀၀ ကျပ်ဖြစ်ပါတယ်။

ယနေ့ ၁၉ ရက်နေ့မှာတော့ Outlet (Technoloand) ဆိုင်များမှာ ၅၇၉ ၀၀၀ကျပ်နဲ့ ရောင်းချပေးနေတာ တွေ့ရပါတယ်။

အနက်ရောင်နဲ့ အဖြူ( ငွေရောင်) နှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး Accessories များကတော့ လက်တလော မရောက်ရှိသေးပါဘူး။

THA: TSJ Tech Team

TechSpace Journal

Wednesday, March 20, 2013

CES 2013 မှာ နာမည်ကြီးခဲ့တဲ့ Xperia Z ရန်ကုန်မှာ ရောင်းချနေပြီ ဖြစ်ပါတယ်။ TMW ကနေ ယမန်နေ့က
 ကြေငြာခဲ့ပြီး တရားဝင် တင်သွင်းဖြန့်ချိထားတာ ဖြစ်ပါတယ်။