Pages

Sunday, March 17, 2013

လင်ဆေးလိုဟန်ကို နောက်ပြောင်မိသည့်အတွက် ဂျက်စတင် ဘီဘာ တောင်းပန်


လင်းဆေးလိုဟန်၏ ဘဏ္ဍာရေး အကျပ်အတည်းများနှင့် ပတ်သက်၍ နောက်ပြောင်စကား ပြောဆိုမိခြင်း
အပေါ် ဂျက်စတင် ဘီဘာက ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရှိရသည်။

တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် မျက်နှာဖုံးများတပ်ဆင်ရန် တိုက်တွန်းထား


တရုတ်နိုင်ငံ၏ မြို့တော် ဘေဂျင်းတွင် ဖုန်ထူထပ်မှုနှင့် မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်
နေသည့်အတွက် အာဏာပိုင်များက မြို့နေလူထုအား မျက်နှာဖုံးများ တပ်ဆင်ထားရန် တိုက်တွန်းထား
ကြောင်း သိရှိရသည်။

ဇီဂျင်ပင်းအား တရုတ်နိုင်ငံသမ္မတအဖြစ် တရားဝင် အတည်ပြုခန့်အပ်

ဇီဂျင်ပင်းအား တရုတ်နိုင်ငံသမ္မတအဖြစ် တရားဝင် အတည်ပြုခန့်အပ်

တရုတ်နိုင်ငံ၏ ယနေ့ ပြုလုပ်သည့် National People's Congress တွင် အာဏာရပါတီခေါင်းဆောင် ဇီဂျင်ပင်းအား သမ္မတအဖြစ် တရားဝင် အတည်ပြုခန့်အပ်လိုက်ပြီ ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ယခုနှစ် ဧပြီလမှ စတင်သုံးစွဲမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက်က ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့နံနက်ပိုင်းထားဝယ်ခရိုင် ကံပေါက်ဒေသက TOTAL ကုမ္ပဏီကိုရောက်ရှိ

ဓာတ်ပုံ-Kyaw Oo
ရန်ကုန်-မတ်၁၇ ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့နံနက်ပိုင်းတွင်TOTAL ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ထားဝယ်ခရိုင် ကံပေါက်ဒေသသို့ ရောက်ရှိလာကြောင်းသိရသည်။

ရန်ကင်းအိမ်ရာ အပါအဝင် ဝန်ထမ်းအိမ်ရာ ၁၁ ခု အသစ်ပြန်ဆောက်မည်

စင်္ကာပူနိုင်ငံကို စံနမူနာယူ ဖွံဖြိုးတိုးတက်ရန် လုပ်ဆောင်မည့် ရန်ကုန်မြို့တော်တွင် ရန်ကင်းအိမ်ရာ အပါအဝင် သက်တမ်းရင့် ဝန်ထမ်းအိမ်ရာ ၁၁ခုကို ခေတ်နှင့်အညီ အသစ် ပြန်လည်တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

လက်ပံတောင်း လုပ်ငန်းဖော်ဆောင်ရေးကော်မတီအား မီးလောင်ဗုံနဲပပတ်သက်ပြီး ဒေသခံများက ဆန္ဒပြတော့မည်ဟု သတင်းများထွက်ပေါ်

လက်ပံတောင်း လုပ်ငန်းဖော်ဆောင်ရေးကော်မတီအား မီးလောင်ဗုံနဲပပတ်သက်ပြီး ဒေသခံများက ဆန္ဒပြတော့မည်ဟု သတင်းများထွက်ပေါ်...
===================================
မတ်၊ ၁၇
စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြောင်းအရာများအား လုပ်ငန်းဖော်ဆောင်ရန် ကော်မတီတစ်ရပ်အား နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးပြီးတဲ့နောက်ပိုင်းမှာ အခုလို မီးလောင်ဗုံးပြဿနာနဲ့ ဒေသခံတောင်သူများရဲ့ လူမှုဘ၀တွေအတွက် ဆန္ဒပြကြမှာဖြစ်ပါတယ်လို့ ၀က်မှေးကျေးရွာဟောင်းမှ တောင်သူများက ဆိုပါတယ်..။
" တရားဝင်ဆန္ဒဖော်ထုတ်မှာပါ.. ရဟန်းသံဃာနဲ့ လူထုအင်အား ၁၀၀၀ လောက်ပါဝင်မှာပါ.." ဟု ၎င်းကဆိုသည်။
အစကောင်းမှအနှောင်းသေခြာမှာဖြစ်တဲ့အတွက် လုပ်ငန်းဖော်ဆောင်ရေးကိစ္စရပ်တွေကို အသေအခြာစောင့်ကြည့်သွားမှာပါဖြစ်ကြောင်း ရဟန်းပျိုးများသမ၈္ဂအဖွဲ့မှလည်းဆိုပါတယ်..။

မတ်၊ ၁၇
စုံးစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာပါအကြောင်းအရာများအား လုပ်ငန်းဖော်ဆောင်ရန် ကော်မတီ
တစ်ရပ်အားနိုင်ငံတော်သမ္မတရုံးမှဖွဲ့စည်းပေးပြီးတဲ့နောက်ပိုင်းမှာအခုလို မီးလောင်ဗုံးပြဿနာနဲ့ ဒေသခံ
တာင်သူများရဲ့လူမှုဘ၀တွေအတွက်ဆန္ဒပြကြမှာဖြစ်ပါတယ်လို့ ၀က်မှေးကျေးရွာဟောင်းမှ တောင်သူများ
က ဆိုပါတယ်..။

CDMA 800 Phone အချင်းချင်း ငွေဖြည့်ပေးချင်တယ်ဆိုရင်

CDMA 800 Phone အချင်းချင်း ငွေဖြည့်ပေးချင်တယ်ဆိုရင်

166 Call
Language Eng: 2,
ငွေဖြည့်ရန်: 1,
ထည့်ပေးလိုသည့်phumber#,

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့ လမ်း ငြိမ်းချမ်းရေး အဖွဲ့သားများရဲ့ လိုင်ဇာခရီးစဉ်


ဦးရဲလွင် ဦးဆောင်သော လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့ လမ်း ငြိမ်းချမ်းရေး အဖွဲ့သားများ နှင့် ကိုနေမျိုးဇင် သည် မြစ်ကြီးနားမြို့သို့ မတ်လ ၁၃ ရက် ညနေ၆ နာရီတွင် မော်တော်ယာဉ်ဖြင့် ဆိုက်ရောက်ခဲ့ပါသည်။ မတ်လ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ လိုင်ဇာသို့ စတင်ထွက်ခွါမည့် ရန်ကုန် လိုင်ဇာ ငြိမ်းချမ်းရေး

ရခိုင်ပုဏ္ဏားကျွန်းး အခြေခံပညာ အထက်တန်းကျောင်း မီးလောင်ကျွမ်းမှု မြို့နယ်ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

ရခိုင်ပုဏ္ဏားကျွန်းး အခြေခံပညာ အထက်တန်းကျောင်း  မီးလောင်ကျွမ်းမှု မြို့နယ်ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

ရခိုင်-မတ်၁၇
မတ်လ ၁၆ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်ကပုဏ္ဏားကျွန်းးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း စာသင်ခန်း(၄)ဆောင် မီးလောင်ကျွမ်းမှု အခြေအနေကို မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဟု ယနေ့တွင် ပြည်နယ် ပညာရေးမှူးရုံး က အတည်ပြုပြောဆိုလိုက်သည်။
	တက္ကသိုလ်ဝင်တန်းစာမေးပွဲခန်းအဖြစ် အသုံးပြုနေသည့် အဆိုပါ မီးလောင်ကျွမ်းခဲ့ရသည့် ကိစ္စရပ်အပေါ် ပြည်နယ် ပညာရေးမှူးရုံး ကလည်း သံသယဖြစ်ဖွယ်ကောင်းကြောင်း ပြောဆိုပြီး ၎င်းစာမေးပွဲခန်းကို အသုံးပြုနေသည့် ကျောင်းသားများ အဆင်ပြေစေရန် အစီအစဉ်ရေးဆွဲ ထားပြီးဖြစ်သည်ဟု ပေါ်ပြူလာနယူးစ်သို့ ဆိုသည်။
	“ပုဏ္ဏားကျွန်း အထကကျောင်းနဲ့ တစ်ဖာလုံလောက်ပဲဝေးတဲ့ အမကမြို့သစ်ကျောင်းမှာ စာစစ်ဌာနတစ်ခု ဖွင့်ပါမယ်။ စုစုပေါင်း ကျောင်း သားကျောင်းသူ ၁၂၀ ဖြေဆိုကြပါလိမ့်မယ်”ဟု ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူက ပြောသည်။

PN-051
	ဓါတ်ပုံ - အောင်ကျော်ဝင်း (Facebook)

ရခိုင်-မတ်၁၇
မတ်လ ၁၆ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်ကပုဏ္ဏားကျွန်းးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း စာသင်ခန်း(၄)ဆောင် မီးလောင်ကျွမ်းမှု အခြေအနေကို မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဟု ယနေ့တွင် ပြည်နယ် ပညာရေးမှူးရုံး က အတည်ပြုပြောဆိုလိုက်သည်။

၈၈မျိုးဆက်ကျောင်းသားများ မဟာချိုင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေလေ့လာရန် ထိုင်းနိင်ငံထွက်ခွာ

၈၈မျိုးဆက် မဟာချိုင် ရွှေ့ပြောင်းအလုပ်သမားများ၏ 
အခြေအနေလေ့လာရန် ထိုင်းနိင်ငံထွက်ခွာ

ရန်ကုန်-မတ်၁၇

 ၈၈မျိုးဆက် ကိုကိုကြီး၊ကိုမြအေး၊ကိုပြုံးချို၊ကိုဂျင်မီ၊ကိုအံ့ဘွယ်ကျော်၊ကိုထွန်းမြင့်အောင်နှင့်ကိုကျော်ဇောတို့သည် ယနေ့နံနက် ၇းဝဝ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာသွားကြကြောင်းသိရသည်။ 
ကိုကိုကြီးဦးဆောင်သော ၈၈မျိုးဆက်များသည် ထိုင်းနိုင်ငံတောင်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မဟာချိုင်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများကိုလည်းကောင်း လေ့လာကြမည်ဖြစ်သည်။
 အဆိုပါ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကြမည်ဖြစကြောင်း ၈၈မျိုးဆက်ကျာင်းသားများက သတင်းထုတ်ပြန်သည်။ t


ရန်ကုန်-မတ်၁၇

၈၈မျိုးဆက်ကိုကိုကြီး၊ကိုမြအေး၊ကိုပြုံးချို၊ကိုဂျင်မီ၊ကိုအံ့ဘွယ်ကျော်၊ကိုထွန်းမြင့်အောင်နှင့်ကိုကျော်ဇောတို့
သည်ယနေ့နံနက်၇းဝဝနာရီတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လေ့လာရေး
ခရီး ထွက်ခွာသွားကြကြောင်းသိရသည်။

စစ်ပွဲတွေကြား ပညာရေး ခါးပြတ်တဲ့ ကချင်လူငယ်များ


မတ် ၁၇ ရက်၊ ၂၀၁၃
ယခုဆိုရင် မြန်မာနိုင်ငံတဝန်း ၂၀၁၂-၁၃ ပညာသင်နှစ်ရဲ့ ဆယ်တန်း စာမေးပွဲတွေ ဖြေဆိုနေပြီဖြစ်ပေမယ့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ အောက်မှာ ရှိတဲ့ မိုင်ဂျာယန်၊ လိုင်ဇာနဲ့ အဂွမ်လ စတဲ့ အထက်တန်းကျောင်း ၃ ခုက ဆယ်တန်း ကျောင်းသူကျောင်းသား တွေကတော့ ၂၀၁၁ ခုနှစ် KIO နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲ ပြန်ဖြစ်ပြီးကတည်းက အစိုးရ အသိမှတ်ပြု ကျောင်းတွေမှာ ဖြေဆိုဖို့ အခြေအနေ မပေးတော့ပါဘူး။

နိုင်ငံကှုးလတ်မှတ်လျှောက်ထားရန် ပညာရေးကင်းရှင်းကြောင်ထောက်ခံချက်ပှုးတွဲတင်ပြရန်မလိုအပ်တော့ အကြောင်း အသိပေးကြေငြာခြင်း

Photo
ပြည်ထဲရေးဝန်ကြီးငှာန၊နိုင်ငံကှုးလတ်မှတ် ထုတ်ပေးရေးအဖွဲ့သို့ နိုင်ငံကှုးလတ်မှတ်လျှောက်ထားရန် အတွက် ပညာရေးကင်းရှင်းကြောင်ထောက်ခံချက်ပှုးတွဲင်ပြရန်သတ်မှတ်ချက်ကို( ၁၈.၃.၂၀၁၃) ရက်နေ့မှစပြီး ပယ်ဖျက်လိုက်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

“ကုန်ကျစရိတ်သက်သာစေမည့် ဂြိုဟ်တုလွှတ်တင်သည့်နည်းလမ်း စမ်းသပ်ပြသ”

“ကုန်ကျစရိတ်သက်သာစေမည့် ဂြိုဟ်တုလွှတ်တင်သည့်နည်းလမ်း စမ်းသပ်ပြသ”

လွှတ်တင်ရာတွင် အကုန်အကျ သက်သာစေမည့် နည်းလမ်းသစ် တစ်ခုကို ဆွစ်ဇာလန် ကုမ္ပဏီတစ်ခုက လက်တွေ့ စမ်းသပ်ပြလာခဲ့သည်။ ဆွစ်ဇာလန် ကုမ္ပဏီ S3က ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ရန်အတွက် ပေါင်စတာလင် (၇)သန်းမျှသာ လိုအပ်နိုင်တော့မည့် နည်းလမ်းကို မိမိတို့ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ယင်းငွေကြေး ပမာဏသည် လက်ရှိ ဂြိုဟ်တုလွှတ်တင်မှု ကုန်ကျစရိတ် စုစုပေါင်း၏ (၄)ပုံ(၁)ပုံသာ ရှိသည်။ S3က မောင်းသူမဲ့ လေယာဉ်ငယ် တစ်စင်းကို တီထွင်ထားပြီး ယင်းကို အသုံးပြုကာ အာကာသထဲသို့ ဂြိုဟ်တုကို လွှတ်တင်နိုင်မည် ဖြစ်သည်။

အဆိုပါ နည်းစနစ်အတွက် Airbus လေယာဉ်တစ်စင်းကိုလည်း ပါဝင် အသုံးပြုရန် လိုအပ်သည်။ အခြေခံ အကျဆုံး အချက်အလက်များကို မွမ်းမံအားဖြည့်ရန် လိုအပ်နေဆဲဖြစ်ပြီး ယင်းတို့ကို (၂၀၁၇)ခုနှစ်တွင် အားလုံး အပြီးသတ်နိုင်ရန် မျှော်လင့်နေသည်။

Read more http://www.planet.com.mm/news/read.cfm/id/21211

လွှတ်တင်ရာတွင် အကုန်အကျ သက်သာစေမည့် နည်းလမ်းသစ် တစ်ခုကို ဆွစ်ဇာလန် ကုမ္ပဏီတစ်ခုက လက်တွေ့ စမ်းသပ်ပြလာခဲ့သည်။ ဆွစ်ဇာလန် ကုမ္ပဏီ S3က ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ရန်အတွက် ပေါင်စတာလင် (၇)သန်းမျှသာ လိုအပ်နိုင်တော့မည့် နည်းလမ်းကို မိမိတို့ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

KIA တပ်ရင်း (၃၄)နယ်မြေတွင်မတ်လ(၁၆)ရက် မနေ့ က နေ့ လည် (၁း၀၀)အချိန်ခန့်  တိုက်ပွဲဖြစ်ပွား

KIA တပ်ရင်း (၃၄)နယ်မြေတွင် တိုက်ပွဲဖြစ်

March 16,2013 by Kachin net 

KIA တပ်မဟာ(၄) နယ်မြေ တပ်ရင်း (၃၄)နယ်မြေ မန်ဒုန်လွယ်ယာ ဒေသတွင် စခန်းထိုင်နေသော ကေအိုင်အေ တပ်ဖွဲ့ အား မြန်မာအစိုးရတပ် ခလရ(၁၃၀) နှင့် ခမရ(၅၀၂)ပူးပေါင်းတပ်ဖွဲ့ များ မတ်လ(၁၆)ရက် မနေ့ က နေ့ လည် (၁း၀၀)အချိန်ခန့် တွင် လာရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ တိုက်ခိုက်မှုတွင် မြန်မာအစိုးရတပ်ဘက်မှ ပစ်ခတ်သောလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရွာအတွင်းမှ အရပ်သားနေအိမ်တစ်လုံး ထိမှန်ကာ မီးလောင်သွားကြောင်း သိရပြီး နောက်ထပ် နေအိမ် ၄ လုံးခန့် အား မြန်မာစစ်တပ်မှ တမင်တကာ မီးရှို့ ဖျက်ဆီးသွားကြောင်း ထပ်မံသိရသည်။ 

ထို့ အပြင် ကေအိုင်အေ တပ်ရင်း(၁၇)နယ်မြေဖြစ်သော Ting Dam , Da Nam , Bang Hkung စသည့် ဒေသများတွင် တပ်ရင်းတပ်ဖွဲ့ နာမည် အတိအကျ မသိရသေးသော မြန်မာအစိုးရတပ်ဖွဲ့ အင်အား (၁၀၀)ခန့် ရောက်ရှိနေကြောင်း သိရှိရသည်။

March 16 ya shani hkying 1:00PM aten KIA Masat (4) Dap Ba npu, Dap Dung (34) ginra, KIA hpyen hpung ni shara jahkrat nga ai Man Dung Loi Ya kaw shara jahkrat nga ai de, Myen hpyen Hk.L.Y (130) hte Hk.M.Y (502) pawng hpawm dap ni sa wang gap ai kawn gasat poi byin ai lam chye lu ai.

Myen hpyen ni gap dat ai laknak kaba si hkrat nna mung shawa nta (1) hkru mat nhtawm nta (4) hpe myen hpyen ni da sang nat kau da ai lam na chye lu ai.

Matut nna Dap Dung (17) ginra, hta dap mying nchye ai ,Myen hpyen n’gun (100) hpung ni Ting Dam,Da Nam, Bang Hkung kaw du nga ai lam mung matut na chye lu ai.



KIA တပ်မဟာ(၄) နယ်မြေ တပ်ရင်း (၃၄)နယ်မြေ မန်ဒုန်လွယ်ယာ ဒေသတွင် စခန်းထိုင်နေသော ကေအိုင်အေ တပ်ဖွဲ့ အား မြန်မာအစိုးရတပ် ခလရ(၁၃၀) နှင့် ခမရ(၅၀၂)ပူးပေါင်းတပ်ဖွဲ့ များ မတ်လ(၁၆)ရက် မနေ့ က နေ့ လည် (၁း၀၀)အချိန်ခန့် တွင် လာရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပြည်ပဆရာဝန်များ မြန်မာသို့ လာဆေးကုသမှုနှင့် ကျန်းမာရေးဟောပြောခြင်း လိုင်စင်တင်ရမည်

ပြည်ပဆရာဝန်များ မြန်မာသို့ လာဆေးကုသမှုနှင့် ကျန်းမာရေးဟောပြောခြင်း လိုင်စင်တင်ရမည်

ရန်ကုန်၊ မတ် ၁၆
	ပြည်ပဆရာဝန်များ မြန်မာ နိုင်ငံ၌ လာရောက်ဆေးကုသခြင်း နှင့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေး ပညာပေးခြင်းတို့ ပြုလုပ်ရာတွင် ကန့်သတ်ဆေးကုသခွင့် လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ သိရ သည်။
	ကန့်သတ်ဆေးကုသခွင့် လိုင် စင်ဆိုသည်မှာ နိုင်ငံခြားသား ဆရာဝန်အား ကုသခွင့်ရှိသော ဆေးပညာဘာသာရပ် အမျိုးအစား၊ ကုသခွင့်ရှိသော နေရာဒေသနှင့် အချိန်ကာလတို့ကို ကန့်သတ်၍ မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပေးသော ဆေးကုသခွင့်လိုင် စင်ဖြစ်သည်။
	မြန်မာနိုင်ငံ၏ တိုးတက်ပြောင်း လဲလာသော အခြေအနေများအရ နိုင်ငံခြားမှ ဆရာဝန်များ မြန်မာ နိုင်ငံတွင် လာရောက်ဆေးကုသ ခြင်း၊ လူနာများနှင့် ဆွေးနွေးတိုင်ပင် ခြင်းနှင့် ပြည်သူများအား ကျန်းမာ ရေး ပညာပေးခြင်းတို့ကို အခကြေး ငွေဖြင့်သော်လည်းကောင်း၊ အခမဲ့ သော်လည်းကောင်း ဆောင်ရွက်မှု များပြားလာလျက်ရှိသည်။
	ယင်းသို့ ဆောင်ရွက်ရာတွင် လည်း ဝန်ကြီးဌာနအချို့၊ ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအ ချို့၏ စီစဉ်ဆောင်ရွက်မှု၊ ဘာသာ ရေးနှင့် လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု လုပ် ငန်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဆေး ကောင်စီမှ သိရသည်။
	''မလုပ်ရဘူးမဟုတ်ဘူး လုပ် ပါ။ နိုင်ငံတော်နှင့် နိုင်ငံသားများအား ထိရောက်အကျိုးရှိသော ဝန်ဆောင် မှုများ အပြည့်အဝရရှိရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ဆီမှာ အမြတ် ထုတ်သွားတယ်။ အစမ်းသပ်ခံ လုပ်သွားတယ်ဆိုတာမျိုး လက်မခံ ပါဘူး''ဟု မြန်မာနိုင်ငံ ဆေးကောင် စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးမြင့်က ပြောသည်။
	မြန်မာနိုင်ငံ ဆေးကောင်စီက မြန်မာနိုင်ငံသို့ လာရောက်ဆေးကု သမှု၊ လူနာများနှင့် ဆွေးနွေးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ပညာပေး ဟောပြောခြင်း၊ လူနာဟောင်းပြန် လည်ကြည့်ရှုခြင်း စသည်တို့ကို ဆောင်ရွက်မည့် နိုင်ငံခြားသား ဆရာဝန်များ၏ ဘွဲ့၊ ဒီဂရီ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အထောက်အထားများကို တာဝန် ယူစိစစ်ပြီးမှသာလျှင် ကန့်သတ် ဆေးကုသခွင့်လိုင်စင်ကို ထုတ်ပေး လျက် ရှိသည်။
	ကန့်သတ်ဆေးကုသခွင့် လိုင်စင် သက်တမ်းမှာ သုံးလဖြစ် ပြီး သက်တမ်း လေးကြိမ်တိုးခွင့်ဖြင့် အများဆုံး တစ်နှစ်အထိ ခွင့်ပြုပေး ထားကြောင်း လိုင်စင်ကြေးကို ဒေါ် လာ ၁၅ဝဝ သတ်မှတ်ထားပြီး နှစ် လကြိုတင်လျှောက်ထားရမည်ဖြစ် ကာ ¤င်းတို့ လျှောက်ထားသော နေရာမှာ ဆေးကုသနိုင်သည့် နေရာ ဖြစ်ရမည်ဖြစ်ပြီး ယင်းနေရာ ကို ကျော်လွန်၍လုပ်ကိုင်ခွင့်မရှိပေ။
	နိုင်ငံခြားဆေးရုံရုံးခွဲတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးက ''ဆေး ကောင်စီက ကျွန်မတို့ကို ခေါ်တွေ့ မယ်လို့တော့ပြောတယ်။ဘယ်တော့ လဲဆိုတာ မသိရသေးဘူး။ ဆေး ပညာဟောပြောတာကလည်း ကျွန် မတို့က အခမဲ့ လုပ်ပေးတာပါ။ ဟောပြောခွင့်တွေပါမရဘူးဆိုရင် တော့ သူတို့ပြောသလိုလိုင်စင်နဲ့ လုပ်ရမှာပေါ့။ လိုင်စင်ကြေးက လည်း ရှိလာတော့ ဟိုဘက်က ဆေးရုံနဲ့လည်းပြန်ညှိပြီး ဆွေးနွေးရ မှာပေါ့''ဟု ဆိုသည်။
	မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ၂ဝဝဝ ပြည့်နှစ် ဇန်နဝါ ရီ ၁၄ ရက်နေ့က ပြဋ္ဌာန်းထားခြင်း ဖြစ်ပြီး ဥပဒေအရ ကောင်စီက ထုတ်ပေးသော ဆေးကုသခွင့်လိုင် စင်မရှိဘဲ ဆေးကုသခြင်း မပြုလုပ် ရကြောင်း၊ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်ရမည့်အပြင် ငွေဒဏ် ပါ ချမှတ်နိုင်ကြောင်း သိရသည်။
	လက်ရှိ အချိန်အထိ မြန်မာ နိုင်ငံတွင် ကန့်သတ်ဆေးကုသခွင့် လိုင်စင်လျှောက်ထားသူ ၁ဝဝ ဝန်း ကျင်ခန့်ရှိသည်။မြတ်စုငြိမ်း

ရန်ကုန်၊ မတ် ၁၆
ပြည်ပဆရာဝန်များမြန်မာနိုင်ငံ၌လာရောက်ဆေးကုသခြင်းနှင့်ကျန်းမာရေးဆိုင်ရာဆွေးနွေး ပညာပေးခြင်း
တို့ပြုလုပ်ရာတွင်ကန့်သတ်ဆေးကုသခွင့် လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်
စီမှသိရသည်။ကန့်သတ်ဆေးကုသခွင့်လိုင်စင်ဆိုသည်မှာနိုင်ငံခြားသားဆရာဝန်အား ကုသခွင့်ရှိသော ဆေး
ပညာဘာသာရပ်အမျိုးအစား၊ကုသခွင့်ရှိသောနေရာဒေသနှင့်အချိန်ကာလတို့ကို ကန့်သတ်၍ မြန်မာနိုင်ငံ
ဆေးကောင်စီက ထုတ်ပေးသော ဆေးကုသခွင့်လိုင် စင်ဖြစ်သည်။

Android ဖုန်းတွေအတွက် Ringtone Tone တွေစိတ်ကြိုက်တည်းဖြတ်နိုင်မယ့် Maker Pro v1.4.9 APK 1.5MB



ဖုန်းထဲကဘဲ အလွယ်တကူ သီချင်းတွေထဲက ကိုယ်နှစ်သက်တဲ့စာသားတွေကိုတည်းဖြတ်ပြီးတော့ Ringtone လုပ်တဲ့ app ပါ

Facebook ပေါ်ကို ဓာတ်ပုံ၊ ဗွီဒီယို တွေ လွယ်လွယ်နဲ့ မြန်မြန် upload လုပ်နိုင်မယ့် Speedy Uploader for Facebook v1.5.2 APK


tt

ပုံမှန် ဆိုရင်   Facebook မှာ ဓာတ်ပုံ၊ ဗွီဒီယိုတွေ upload  လုပ် ရတာ အချိန်နည်းနည်းကြာတတ်တာကြောင့် စိတ်မရှည်ချင်ပါဘူး……….ဒီဆော့ဝဲလ်လေးက ဓာတ်ပုံ၊ဗွီဒီယို ဖိုင်တွေကို facebook ပေါ်လွယ်လွယ်နဲ့မြန်
မြန်ရောက်အောင် Upload  လုပ်ပေးနိုင်မှာဖြစ်ပါတယ် ..

Android ဖုန်းတွေအတွက် A.I.type Keyboard Plus v1.9.8.8 APK ကီးဘုတ်လေးပါ

sf



ဘာသာစကား (35)မျိုးအထက် ပါဝင်ပြီး  text prediction, auto-correction, auto-learning, စနစ် တွေ ပါတဲ့ အ
တွက်ကြောင့်  စက်ရုပ်ဖုန်းကိုင်သူတွေ အတွက် အသုံးတည့်မှာသေချာသလို  … အင်္ဂလိပ်စာ အားနည်းတဲ့
သူတွေအတွက်ပါ အထောက်အကူဖြစ်စေတာ အမှန်ပါ….

Andriod ဖုန်းတွေမှာ AutoCAD ရေးလို့ရမယ့် AutoCAD WS 1.6.2


AutoCAD WS 1.6.2 ဟာ Android သုံးထားတဲ့ Device တွေပေါ်မှာ AutoCAD အဖြစ် ရေးဆွဲလို့ရမှာဖြစ်ပါတယ်.. ဒီဇိုင်းသမားများ၊ AutoCAD သမားများအတွက် PC/Laptop တစ်လုံးကို ဆောင်သွားစရာမလိုတော့ပါဘူး.. Android သုံးထားတဲ့ မြင်ကွင်းကျယ်ကျယ် Smart Phone တစ်လုံးပဲ ကိုင်ဆောင်သွားဖို့လိုတော့တာပါ.

အမေရိကန်မှာ အယ်လ်ဘမ်ထုတ်မယ့် မြန်မာ Me N Ma Girls အဖွဲ

အမေရိကန်မှာ အယ်လ်ဘမ်ထုတ်မယ့် မြန်မာ Me N Ma Girls အဖွဲ
Saturday, March 16, 2013

၂၀၁၀ နောက်ပိုင်းမှ စတင်ပေါ်ပေါက်လာခဲ့တဲ့ မြန်မာ အမျိုးသမီးပေါ့ပ်ဂီ တ အဖွဲ့ Me N Ma Girls အဖွဲ့ဟာ အမေရိကန် ပြည်ထောင် စု လော့စ်အိန်ဂျလိစ် (Los Angeles) မြို့က Power Music Industry ဆိုတဲ့ ဂီတ
ကုမ္ပဏီတခုကနေ အယ်လ်ဘမ် ထုတ်ဖို့အတွက် ကမ်းလှမ်းခြင်းခံခဲ့ရတယ်
လို့ သိရပါတယ်။ မြန်မာတေးသီချင်းများရော အင်္ဂလိပ်တေးသီချင်းများကိုပါ သီဆို ဖျော်ဖြေတဲ့ ဒီအဖွဲ့ဟာ ချာချာ၊ ထိုက်ထိုက်၊ အမွှန်း၊ ဝေနှင်းနဲ့ ကင်မီ စတဲ့ အမျိုးသမီး ၅ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။

သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ “မင်္ဂလာပါ” ဆိုတဲ့ တေးစီးရီးတခွေ ထွက်ရှိထားပြီး ဒုတိယ တေးစီးရီး ထပ်မံထွက်ဖို့လည်း ရှိတယ်လို့
လည်း ဆိုပါတယ်။

သူတို့ဟာ Me N Ma Girls အဖွဲ့အဖြစ် မလှုပ်ရှားခင် Tiger Girls ဆိုတဲ့ အမည်နဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့ပါသေးတယ်။ကိုယ်ပိုင်သံ စဉ် ပေါ့ပ်တေးသီချင်းတွေကိုသာ အဆိုများတဲ့ ဒီအဖွဲ့ဟာ ယခု မတ်လ 
၂၇ ရက်နေ့မှာ အမေရိကန်ပြည်ေ ထာင်စုသို့ သွားရောက်ပြီး သူတို့ 
အယ်လ်ဘမ်အတွက် သွားရောက် အသံသွင်းယူကြတော့မှာပါ။ သူတို့
အဖွဲ့ အကြောင်းနဲ့အတူ အမေရိကန် ပြည်ထောင်စုမှာ သွားရောက်လှုပ်
ရှား မယ့် အနုပညာလှုပ်ရှားမှုတွေ အကြောင်းကို Me N Ma Girls အဖွဲ့ဝင်တဦးဖြစ်တဲ့ ထိုက်ထိုက်နဲ့ ဧရာဝတီ သတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။     ။ ပထမ Tiger Girls ဆိုပြီး အဖွဲ့ကနေ Me N Ma Girls အဖွဲ့ဆိုပြီး ပြောင်းလဲပြီး အနုပညာအလုပ်တွေ ဆက်လုပ်
ဖြစ်ပုံလေး ပြောပြပေးပါ။

ဖြေ ။     ။ ၂၀၁၀ ဖေဖော်ဝါရီလက စပြီးတော့ Tiger Girls ဆိုပြီးတော့ နာမည်နဲ့ မိန်းကလေး ၅ ယောက် International Girl Band တခုလုပ်မယ်ဆိုပြီးတော့ ပြိုင်ပွဲတခုလုပ်တယ်။ ပြိုင်ပွဲကနေမှ ကျမတို့ ၅ ယောက်က တွေ့ခဲ့တာ။ ကျမတို့က သူငယ်ချင်းလည်း မဟုတ်ဘူး။ ညီအစ်မလည်း မဟုတ်ဘူး။ ရွေးချယ်ခံရပြီးတော့မှ တွေ့ခဲ့တာပေါ့။  ကျမတို့ကို အရင်က Tiger Girlအဖွဲ့အဖြစ် ထုတ်လုပ်သူက ရန်ကုန် လမ်းညွှန်ပိုင်ရှင်ပါ။ သူတို့ကနေ ကျမတို့ကို စပွန်ဆာပေးမယ် ဆိုပြီးတော့ တနှစ် စာချုပ်ချုပ်လိုက်တယ်။ ပြီးတော့ သီချင်းခွေ တခွေရယ်၊ ဗီစီဒီအထိ ထုတ်ပေးမယ် ဆိုပြီးတော့ သူတို့ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာချုပ် တနှစ်သက်တမ်း အတွင်းမှာ သူတို့လုပ်ထားတဲ့ သီချင်းတွေ
က ကော်ပီသီချင်းတွေကို လုပ်ထားတဲ့ အတွက်ကြောင့် ကျမတို
့က စပွန်ဆာမရှိရင်လည်း နေပါစေတော့။ ကော်ပီသီချင်းတော့ မလုပ်နိုင်ဘူးဆိုပြီးတော့ သူတို့နဲ့ ထပ်ပြီးတော့ စာချုပ် မချုပ်ဖြစ်တော့
တာပါ။ အဲဒါနဲ့မှ ၂၀၁၁ ဖေဖော်ဝါရီလ တနှစ်ပြည့်တဲ့အချိန်မှာ Me N Ma 
Girls ဆိုပြီး ပြန်ပြောင်းပြီးတော့ ကျမတို့ကိုယ်တိုင်ပဲ သီချင်းတွေ ဆက်ဆိုဖြစ်ခဲ့တာပါ။

မေး ။     ။ Me N Ma Girls အဖွဲ့ရဲ့ Trainer က နိုင်ငံခြားသူလို့ သိရပါတယ်။ သူက ဒီအဖွဲ့ရဲ့ အသံပိုင်း၊ အကပိုင်းနဲ့ ပတ်သက်လို့ ဘယ်လို လေ့ကျင့်မှုမျိုးတွေ ပြုလုပ်ပေးပါလဲ။

ဖြေ ။     ။ ကျမတို့ရဲ့ Trainer က သြစတြေးလျသူ နစ်ကိုးလ် မေ (Nicole May) ပါ။ ကျမတို့ကို စပြီး Tiger Girls အဖွဲ့အဖြစ် စတင် ထူထောင်ပေးခဲ့တဲ့ ပရိုဂျူဆာဖြစ်တဲ့ ရန်ကုန်လမ်းညွှန်ပိုင်ရှင်က ကျမတို့ကို လေ့ကျင့်ပေးဖို့အတွက် သူ့ကို စပြီး ငှားခဲ့တာပါ။ သူကလည်း Copy song တွေ Cover song တွေ လုပ်ဖို့အတွက် အားမပေးဘူး။ အဲဒါကြောင့် သူလည်း ကျမတို့လိုပဲ ရန်ကုန်လမ်းညွှန်နဲ့  စာချုပ် ထပ်မချုပ်တော့ဘဲ ကျမတို့နဲ့ အတူတူ လိုက်လာတာပါ။ နိုင်ငံခြားသူဆိုပေမယ့် သူ့မှာ ရှိသမျှ ပိုက်ဆံကိုလည်း ကျမတို့အဖွဲ့အတွက် ထည့်ပြီးတော့ ကူညီပေးတယ်။ ကျမတို့ကို ကြိုးစားပေးဖို့ပဲ လိုတယ်။ ဒီပိုက်ဆံကို လုံးဝ ပြန်ပေးစရာမလိုဘူး ဆိုတော့ ကျမတို့က တခုခု မမှားယွင်းအောင်လို့ အရမ်း သတိထားနေရတယ်။ သူစိတ်ဆင်း ရဲမှာစိုးလို့။ ကိုယ်တွေက ကြိုးစားမှုတခုပဲ လုပ်ရတာပါ။ ငွေကြေးနဲ့ ပတ်သက်ပြီးသူက ဘာမှမပူရအောင် အကုန်လုပ်ပေးတယ်။ ကျမတို့ဘက်ကလည်း သူစိုက်ထားသမျှကို ရသလောက် ပြန်ဆပ်တယ်။ အဲဒီလို ကြိုးစားခဲ့ရင်းနဲ့ လုပ်ခဲ့ရတာပါ။

အသံရော အကကိုရော နေ့တိုင်း လေ့ကျင့်ရပါတယ်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်ပဲ ရှိပါတယ်။ မန်နေဂျာမှာ နိုင်ငံခြားက အသံလေ့ကျင့်တဲ့ အခွေတွေ ဘာတွေလည်းရှိတော့ အဲဒီအခွေတွေနဲ့လည်း လေ့ကျင့်ပေးတယ်။ 

အကမှာလည်း ကိုယ့်ထက်တော်တဲ့ သူတွေ မြန်မာနိုင်ငံကသာမက ဘဲ နိုင်ငံတကာက တော်တဲ့ Girl band တွေအကုန်လုံးကို ကိုယ့်ရဲ့ဆရာလို့ သတ်မှတ်ပြီးတော့ အားကျအောင် ကြည့်ခိုင်းတယ်။ ပြီးတော့ သူကလည်း လူတိုင်းမှာ အခွင့်အရေးရှိတယ်၊ ကြိုးစားဖို့ပဲ လိုတယ်ဆိုပြီး နေ့ တိုင်း ကို လေ့ကျင့်ပေးတာပါ။ ကိုယ်တွေက မြန်မာတွေဆိုတော့ ဒီလောက်နဲ့ ပဲ တော်ပါပြီ ဆိုပြီးတော့ နေတယ်။ သူက ကိုယ်လုပ်တာထက်ကို ဆယ်ဆပိုလုပ်တယ်။ သူ့ကို ကြည့်ပြီးတော့ အားကျရတယ်။

မေး ။     ။ အမေရိကန်က ဂီတ ကုမ္ပဏီတခု အနေနနဲ့ မြန်မာပြည်က Me N Ma Girls အဖွဲ့ကို ဘယ်မှာ သတိထားမိပြီးတော့ အနုပညာအလုပ်တွေ လုပ်ဖို့ ဘာကြောင့်ခေါ်တယ်လို့ ယူဆပါလဲ။

ဖြေ ။     ။ ကျမတို့ရဲ့ ကြိုးစားမှုတွေကြောင့် အမေရိကားက Power Music Industry ကုမ္ပဏီက ကျမတို့ကို အယ်လ်ဘမ်တခုလုပ်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရတယ်။ သူတို့က ယူကျု (Youtube) မှာ ကျမတို့ရဲ့MTV တွေ ကို တွေ့တယ်။ နောက်ပြီး ကျမတို့အဖွဲ့က (အမေရိကန်ရဲ့) ကမ္ဘာ့ အမျိုးသမီးရေးရာ သံအမတ်ကြီး Ms. Melanne Verveer နဲ့ ညနေစာ
စားပြီး ဂစ်တာနဲ့ သီချင်းတွေ ဆိုပြတဲ့ ဗီဒီယိုဖိုင်ကိုလည်း ယူကျုမှာ တွေ့တယ်ပေါ့။ အဓိကကတော့ နိုင်ငံခြားသားတွေ ဒါကို မြင်ပြီး မြန်မာနိုင်ငံမှာ ဒီလိုမျိုး မိန်းကလေး ဂီတအဖွဲ့ရှိတယ်ဆိုပြီးတော့ သူတို့ကလည်း အားပေးကြတယ်။ Power Music Industry ကုမ္ပဏီက သူတို့နိုင်ငံမှာ စီးရီးတခု Recording (အသံသွင်း) ရမယ်။ ပြီးရင် နိုင်ငံတကာအထိ ဖြန့်မယ်။ ဒီလို ဖြန့်ကြည့်ပြီးတော့မှ ဒါဟာ မြန်မာနိုင်ငံက အဆိုတော် ၅ ယောက်ပေါ့။ သူတို့ဘက်က Culture အနေနဲ့ သူတို့မှာ အရမ်း မိုက်တာတွေ၊ အရမ်းလန်းတာတွေ၊ ဖက်ရှင် စတိုင်လ်တွေက မထူးဆန်းတော့ဘူးလေ။ ဒါပေမယ့် သူတို့က ဘာကို လိုချင်တာလဲဆိုတော့ မြန်မာနိုင်ငံက မိန်းကလေးတွေဆီက မြန်မာရဲ့ အငွေ့အသက်ကို လိုချင်တာပေါ့။ မြန်မာ့ရိုးရာတွေနဲ့ ရောပြီးတော့ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲ ဆိုတာကို အထူးအဆန်းအနေနဲ့ လိုချင်တာပါ။

မေး ။     ။ ဟိုမှာ Me N Ma Girls အဖွဲ့အနေနဲ့ အသံသွင်းရမယ့် သီချင်းတွေက ဘယ်လို သီချင်းမျိုးတွေဖြစ်မလဲ။

ဖြေ ။     ။ မြန်မာနဲ့ အင်္ဂလိပ် ရောစပ်ထားတဲ့ သီချင်းမျိုးတွေပါ။ အဓိကကတော့ အင်္ဂလိပ်စာသား များပါမယ်။ ကိုယ်တွေက မြန်မာတွေ ဖြစ်တယ်ဆိုတာလည်း နိုင်ငံတကာက သိအောင်လို့ မြန်မာစာသားတွေလည်း ပါပါမယ်။ နောက်ပြီး သီးချင်းတွေကတော့ ကျမတို့ အဖွဲ့မှာလည်း ကိုယ်တိုင်ရေးထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေလည်း ရှိတယ်လေ။ ကိုယ်ပိုင်သီချင်းအဖြစ် ရေးချင်တယ်ဆိုလည်း ရေးခွင့်ပေးထားတယ်။ အခု လောလောဆယ်တော့ သူတို့ဘက်က တေးရေးဆရာတွေနဲ့ ရေးထားတဲ့ သီချင်းတွေကို ကျမတို့ လေ့ကျင့်ဖို့အတွက် ၃ ပုဒ် ပို့ထားပါတယ်။ အဲဒီထဲကမှ ရွေးပြီးတော့ ၂၇ ရက်နေ့ ကျမတို့ သွားပြီဆိုရင် စပြီး အသံသွင်းပါပြီ။ သီချင်း အကြောင်းအရာတွေကတော့ မိန်းကလေးတယောက်ရဲ့ စွမ်းအားတွေက အသည်းကွဲတာတောင်မှ ပြန်ပြီး နိုးထနိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေပါတယ်။ စိတ်ဓာတ်မြှင့်တင်ရေး အကြောင်းအရာတွေက ပိုများပါတယ်။ အချစ်အကြောင်းနဲ့ ရောထားပြီး တကယ့် လူမှုဘ၀မှာဖြစ်နေတဲ့ တိုက်ဆိုင်မှုတွေကိုမှ ကိုယ်က ပြန်အားတင်းပြီး ပြန်ထရမယ်ဆိုတဲ့ အကြောင်းတွေပါ။

မေး ။     ။ Power Music Industry ကုမ္ပဏီနဲ့ စာချုပ်ရတာမျိုးတွေ ရှိပါသလား။

ဖြေ ။     ။ ကျမတို့က တနှစ်ခွဲစာချုပ်ပါ။ ကျမတို့မှာက ရန်ကုန်မှာလည်း အလုပ်တွေက ပျက်လို့မရဘူးဆိုတော့ တနှစ်ခွဲလုံးလုံးကြီး သွားနေဖို့က မဖြစ်နိုင်ပါဘူး။ အဲဒီတော့ အခုလာမယ့် ၂၇ ရက်နေ့ကို သွားပြီးတော့ ဟိုမှာ အသံသွင်းမယ်ပေါ့။ သင်္ကြန်မှာလည်း ပွဲရပြီးပြီဆိုတော့ ၁၀ ရက်နေ့ သင်္ကြန်မတိုင်ခင်မှာ ပြန်လာပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်တွေ ပြန်လုပ်ပြီးတော့မှ ပြန်သွားမှာပါ။ ဒီ တနှစ်ခွဲအတွင်းမှာ သွားလုပ် ပြန်လုပ်လုပ်ဖြစ်မှာပါ။

မေး ။     ။ အခုလို နိုင်ငံခြားတိုင်းပြည်ရဲ့ ဂီတ ကုမ္ပဏီတခုက မြန်မာပြည်ရဲ့ ဂီတအဖွဲ့တခုကို နိုင်ငံတကာက သတိထားမိလာအောင် အနုပညာလှုပ်ရှားမှုတွေ ချပြနိုင်ဖို့ အခွင့်အရေး ပေးလာတဲ့အပေါ် Me N Ma Girls အဖွဲ့အနေနဲ့ ပထမဆုံး အခွင့်အရေး ရလာတဲ့အပေါ် ဘယ်လို သုံးသပ်ချင်ပါလဲ။

ဖြေ ။     ။ မြန်မာနိုင်ငံအနေနဲ့ ဒါဟာ ပထမဆုံး လှုပ်ရှားခွင့်ရတဲ့အပေါ် ကျမတို့အနေနဲ့ ပျော်တာနဲ့ အတူတူ တာဝန်တခုကို ခေါင်းပေါ်မှာ ရွက်ထားရသလို လေးလည်း အရမ်းလေးလံပါတယ်။ တာဝန်လည်း အရမ်းကြီးပါတယ်။ အဲဒီအတွက်ကြောင့်မို့ အခွင့်အရေးဆိုတာလည်း နှစ်ခါမရသလို ရလာတဲ့ အခွင့်အရေးကို ကျမတို့က အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်လို့လည်း Trainer ကလည်း ပြောထားတယ်။ ကျမတို့စိတ်ထဲမှာလည်း ရှိနေပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို အလေးနက်ဆုံးကိုပဲ တွေးပါတယ်။ ကျမတို့ တချက်မှားသွားရင် ဒါဟာနိုင်ငံနဲ့ ချီပြီးလုပ်ရမယ့် အလုပ်တခုမိုလို့ နိုင်ငံကိုယ်စားပြု အနေနဲ့ကို သုံးသပ်ထားတော့ ကျမတို့ မှားလို့ မရပါဘူး။ အောင်မြင်ခဲ့ရင်လည်း မြန်မာနိုင်ငံမှာရှိတဲ့ လူတယောက် အောင်မြင်ရင် မြန်မာနိုင်ငံက လူတယောက် အောင်မြင်သလိုပဲ ၅ ယောက်အောင်မြင်ရင် ၅ ယောက် အောင်မြင်တာပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံကို အရောင် ထင်ဟပ်စေမယ်လို့လည်း ထင်ပါတယ်။

မေး ။     ။ ဒီအခွင့်အရေးဟာလည်း မြန်မာ့ ဂီတလောကအတွက် အောင်မြင်မှု လမ်းစလို့ မြင်မိပါလား။

ဖြေ ။     ။ မြင်မိပါတယ်။ အခု မြန်မာနိုင်ငံမှာကလည်း အခွင့်အလမ်းတွေ အများကြီး ပွင့်လာပြီဆိုတော့ မြန်မာနိုင်ငံကို ကမ္ဘာက ကြည့်နေကြပါပြီ။ အဲဒီအတွက်ကြောင့်မို့ မြန်မာနိုင်ငံက အခွင့်အရေးတွေ အများကြီးရှိပါတယ်။ နောက်ပြီး လူငယ်တွေ အနေနဲ့ကလည်း အရင်ကဆိုရင် လူငယ်တွေခေတ်က လူကြီးတွေ လက်အောက်မှာ ရှိနေပါတယ်။ အခုဆိုရင် လူငယ်တွေရဲ့ ခေတ်က လူငယ်တွေလက်ထဲမှာပဲ ရှိပါတယ်လို့ ကျမတို့က သုံးသပ်ပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် အခွင့်အရေးကို ရရင် ရသလို အသုံးချခွင့် ရသွားတဲ့အထိကို ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှာပါ။

မေး ။     ။ Me N Ma Girls အဖွဲ့အနေနဲ့ရော အတွေ့အကြုံ ဗဟုသုတအသစ်တွေ အများကြီးရလာနိုင်မယ်လို့ မျှော်လင့်ပါလား။

ဖြေ ။     ။ အမေရိကားလို နေရာမျိုးကျတော့ အနုပညာရှင်တွေ အများကြီးရှိတယ်။ ဒီ့ထက် အရမ်းကို တော်တဲ့ အနုပညာရှင်တွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့ ကျမတို့က သူတို့တွေကို ကိုယ်က သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ တင်ပြီးတော့ ကျမတို့က ကြိုးစားရမှာပါ။ နောက်ပြီးတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့လည်း အပြောင်းအလဲတွေ အများကြီးတွေ့ရမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက အမျိုးသမီး ၅ ယောက်ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ အနေနဲ့ကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဘာမှလိုက်ပြီး ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျမတို့ ပြောင်းလဲမှာကတော့ အဆို၊ အက ဒီပညာတွေနဲ့ ပတ်သက်ပြီးတော့ ကြိုးစားဖို့အတွက် တိုးတက် ပြောင်းလဲမှုတွေပဲ ဖြစ်မှာပါ။

မေး ။     ။ အမေရိကားမှာ သီချင်းတွေ အသံသွင်းဖို့အပြင် အနုပညာနဲ့ ပတ်သက်လို့ တခြား ဘယ်လိုမျိုးတွေ လုပ်ရဦးမလဲ။
ဥပမာ – ဟိုက ရှိုးပွဲတွေမှာ ၀င်ရောက် ဖျော်ဖြေရတာတို့လိုမျိုးပေါ့။

ဖြေ ။     ။ ဧပြီ ၄၊ ၅ ရက်နေ့မှာ နယူးယောက်မြို့မှာ Women in the World 2013 ပွဲကြီးတခုရှိပါတယ်။ ဒီကို တခြား နိုင်ငံတကာ အဆိုတော် အနုပညာရှင်တွေ အများကြီးလာမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ကျမတို့ အဖွဲ့ကို ဖိတ်ကြားခြင်း ခံရပါတယ်။ ဒါကြောင့် ကျမတို့ သွားရောက် ဖျော်ဖြေမှာပါ။ ဒီပွဲအတွက်ကို အမေရိကားက ကမ္ဘာ့ အမျိုးသမီးရေးရာ သံအမတ်ကြီး Ms. Melanne Verveer နဲ့ ကျမတို့ ညနေစာအတူ စားဖို့ ဖိတ်ရင်းနဲ့ သူက ကျမတို့ကို သီချင်းတပုဒ်လောက် ဆိုပြပါလို့ တောင်းဆိုတာနဲ့ ကျမတို့ လုံးဝ မဆိုရသေးတဲ့ သီချင်းအသစ် Come Back Home ဆိုတဲ့ သီချင်းလေးကို ဆိုပြဖြစ်ခဲ့ပါတယ်။ ဒီသီချင်းက မြန်မာနိုင်ငံမှာ အခု ဖွံ့ဖြိုးတိုးတက်နေပါပြီ။ တံခါးတွေ ပွင့်နေတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံကို လာပြီး ထောက်ပံ့ပေးကြပါ၊ မြန်မာနိုင်ငံကို ပြန်လာကြပါလို့ အဓိပ္ပာယ်ရတဲ့ ဒီသီချင်းလေးကို ကျမတို့ ဆိုပြတော့ သူတို့ အရမ်း သဘောကျပြီး ကျမတို့နဲ့လည်း သူနဲ့ ရင်းနှီးသွားပြီးတော့ သူကလည်း အစကတည်းက ပြောပြီးသား ပွဲတပွဲလုပ်စရာရှိတယ်။ လုပ်တဲ့အခါကျရင် ကျမတို့အဖွဲ့ကို ခေါ်ချင်တယ်ဆိုပြီး ပြောထားတာ ရှိတယ်။ ဒီပွဲကို လုပ်ဖြစ်တော့ သူက ကျမ တို့အဖွဲ့ကို ဆက်သွယ်တဲ့အခါမှာ အမေရိကားမှာ ကျမတို့ ပရိုဂျူဆာလည်း ရှိနေတယ်ဆိုတာ သိတော့ ကျမတို့ ပရိုဂျူဆာကနေတဆင့် ကျမတို့ကို ဆက်သွယ်တာပါ။

မေး ။     ။ မြန်မာနိုင်ငံ ဂီတလောကမှာ ဆက်လက် လျှောက်လှမ်းနေဆဲ မျိုးဆက်သစ် ဂီတသမားတွေကို Me N Ma Girls အဖွဲ့ အနေနဲ့ ဘယ်လို အကြံပေးချင်ပါလဲ။

ဖြေ ။     ။ အလုပ်တခုမှာ ဘယ်လိုဖြစ်လာရမယ်၊ ဘာဖြစ်လာရမယ် ဆိုပြီး အိမ်မက်ထားတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီ အိမ်မက်တခုတည်းကိုပဲ လိုက်လုပ်နေမယ့်အစား ကိုယ်လုပ်နေတဲ့ အလုပ်တခုကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် တချိန်ချိန်ကျရင် အခွင့်အရေးက ကိုယ့်ဆီကို ရောက်လာမှာပါ။ လက်ရှိ ဂီတလောကဟာ တော်တော်လေးလည်း ကောင်းလာပါပြီ။ ဆင်ဆာတွေလည်း မရှိတော့ဘူး ဆိုတဲ့အခါကျတော့ အနုပညာသမားတွေအနေနဲ့ ကိုယ့်ရဲ့ အနုပညာကို လွတ်လွတ်လပ်လပ် ချပြလို့ရသွားပြီပေါ့နော်။ ဒါပေမယ့် ကိုယ့်ရဲ့ ယဉ်ကျေးမှုနဲ့လည်း တရားလွန်ကြီး ဆန့်ကျင် မသွားဖို့ကိုတော့ ကိုယ်ကိုယ်တိုင် ထိန်းကျောင်းရမှာဖြစ်ပါတယ်။ အရင်တုန်းကတော့ ဆင်ဆာတွေက ထိန်းပေးတယ်။ အခုဟာက ကိုယ်ကိုယ်တိုင် ထိန်းပြီးတော့ ကိုယ့်ရဲ့ ဂီတလောက မပျောက်ပျက်အောင် ပိုပြီး တိုးတက်အောင် ကြိုးစားရမှာဖြစ်သွားပါပြီ။ 

ဧရာဝတီ

၂၀၁၀ နောက်ပိုင်းမှ စတင်ပေါ်ပေါက်လာခဲ့တဲ့ မြန်မာ အမျိုးသမီးပေါ့ပ်ဂီ တ အဖွဲ့ Me N Ma Girls အဖွဲ့ဟာ အမေရိကန် ပြည်ထောင် စု လော့စ်အိန်ဂျလိစ် (Los Angeles) မြို့က Power Music Industry ဆိုတဲ့ ဂီတ
ကုမ္ပဏီတခုကနေ အယ်လ်ဘမ် ထုတ်ဖို့အတွက် ကမ်းလှမ်းခြင်းခံခဲ့ရတယ် လို့ သိရပါတယ်။ မြန်မာတေးသီချင်းများရော အင်္ဂလိပ်တေးသီချင်းများကိုပါ သီဆို ဖျော်ဖြေတဲ့ ဒီအဖွဲ့ဟာ ချာချာ၊ ထိုက်ထိုက်၊ အမွှန်း၊ ဝေနှင်းနဲ့ ကင်မီ စတဲ့ အမျိုးသမီး ၅ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။

တံတားနီ အရေးအခင်း နှစ်ပတ်လည်နေ့ ကျင်းပ

တံတားနီ အရေးအခင်း နှစ်ပတ်လည်နေ့ ကျင်းပ 

ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီကနေ့ညနေပိုင်းက အင်းလျားကန်ဘောင်မှာ ကျင်းပခဲ့ပြီး လူဦးရေ ၂၀၀ လောက် တတ်ရောက်ခဲ့ကြပါတယ်။ 
 
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ ပြည်လမ်းပေါ်မှာရှိတဲ့ အင်းလျားကန်ဘောင်က တံတားဖြူမှာ ရန်ကုန်တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ စုဝေးကြပြီး အဲဒီအချိန်က ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကို ဆန္ဒပြချီတက်ခဲ့ကြပါတယ်။ 

အဲဒီအချိန်မှာ ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ လက်ရှိ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းဇေယျက ယနေ့အချိန်ထိ မျက်စိထဲမှာ ပြန်မြင်ယောင်နေဆဲလို့ အခုလို ပြောပြပါတယ်။ 

“အင်းလျားကန်စပ်ကနေပြီးတော့ ကတ္တရာလမ်းပေါ်မှာရှိတဲ့ ကျောင်းသားတွေကို ဝင်ရိုက်တာပေါ့ဗျာ၊ ဝင်ရိုက်တော့ အားလုံးက ဝရုန်းသုန်းကားနဲ့ ပြေးကြလွှားကြပေါ့၊ ကျောင်းသူတွေဆိုရင် တကယ့်ကို ရမ်းရမ်းကားကားနဲ့ ဆံပင်ဆောင့်ဆွဲ၊ ကားပေါ်ပစ်တင်၊ လက်မိလက်ဆွဲ၊ ရင်ဘတ်ထိ ရင်ဘတ်ဆွဲ၊ အင်္ကျီမိအင်္ကျီဆွဲပေါ့ဗျာ၊ အဲဒါမျိုးတွေ တကယ့်ကိုကသောင်းကနင်းနဲ့ လုံထိန်းတွေရဲ့ ရမ်းရမ်းကားကား ဖမ်းဆီးခေါ်ဆောင်မှုတွေခံခဲ့ရတယ်၊ အဲဒီ့မှာဖိနပ်တွေ ကျွတ်ကျန်ခဲ့၊ လုံချည်တွေ ကျွတ်ကျန်ခဲ့၊ အဖြစ်အပျက်ကတော နှစ်နာရီ သုံးနာရီလောက်ပဲ ကြာတယ်ဆိုပေမယ့်လဲ ကျနော်တို့မျက်စိရှေ့မှာကတော့ အခုထက်ထိ မဖျောက်နိုင်ဘူးပေါ့ဗျာ”

သမိုင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံရေးအဖြစ်အပျက်တွေ၊ သမိုင်းဖြစ်ရပ်မှန်တွေကို အခုခေတ်လူငယ်တွေကိုလည်း အသိပေးလိုတဲ့အတွက် ဒီကနေ့အခမ်းအနားကို ကျင်းပရတာဖြစ်တယ်လို့ ကိုမင်းဇေယျက ပြောပါတယ်။ 

လက်ရှိအစိုးရသစ်လက်ထက်မှာ ဒီလိုအခမ်းအနားမျိုးတွေကို လုပ်ခွင့်ရလာခဲ့တဲ့အတွက် ၀မ်းသာကြောင်းနဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့အခြေအနေမျိုး ပြန်မရောက်ဖို့အတွက် လူငယ်မျိုးဆက်တွေက နမူနာယူကြဖို့ လိုအပ်ကြောင်းကိုလည်း ပြောပါတယ်။ 

ဒီကနေ့ကျရောက်တဲ့ တံတားနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က  ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ၁၆၅ လမ်းမှာရှိတဲ့ အမှတ် ၁၄၁ ရုံးခန်းမှာလည်း ကျင်းပခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ကျာင်းသားလှုပ်ရှားမှုတံတားနီအရေးအခင်း၂၅နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအ
နားကိုလူဦးရေ ၂၀၀ လောက် တတ်ရောက်ခဲ့ကြပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးများအတွက် အကူအညီများ ဆက်ပေး သွားမည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ပြောကြား

မြန်မာ့ပြုပြင်ပြောင်းလဲရေးများအတွက် အကူအညီများ ဆက်ပေး သွားမည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ပြောကြား Saturday, March 16, 2013

နယူးဇီလန်အစိုးရသည် မြန်မာတွင် လိုအပ်နေသော လူမှုရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ အတွက် ကူညီထောက်ပံ့မှုများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးက မြန်မာ သမ္မတနှင့် တွေ့ ဆုံရာတွင် ပြောကြားခဲ့သည်။

ယမန်နေ့က အောက်ကလန်မြို့တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံခဲ့ပြီးနောက် ဝန်ကြီးချုပ် ဂျွန်ကီးက မြန်မာသို့ ပေးအပ်သော အကူအညီများတွင် ငွေကြေး၊ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိုက် ပျိုးရေးကဏ္ဍကဲ့သို့ သောနေရာများတွင် နည်းပညာပိုင်း ထောက်ပံ့မှုများ ပါဝင်မည် ဟု ပြောကြားခဲ့သည်။

မြန်မာ့အခြေအနေနှင့် ပတ်သက်၍လည်း ဂျွန်ကီးက လူတိုင်းသည် သည်းညဉ်းခံနိုင်မှု အတိုင်းအတာတစ်ရပ် လိုအပ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေးများသည် ထူးခြားကြောင်း ဆိုသည်။

နယူးဇီလန်သည် ယမန်နှစ်က မြန်မာသို့ လူသားးချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်ရေး မွေး မြူရေးခြံတစ်ခု တည်ဆောက်ရန် ဒေါ်လာ ခုနှစ်သန်းထောက်ပံ့ခဲ့သည်။

နယူးဇီလန်သို့ အလည်အပတ်ရောက် ရှိနေသည့် မြန်မာ သမ္မတကလည်း နယူးဇီလန်ဝန်ကြီးချုပ်နှင့်ပြည်သူများအား မြန်မာသို့ ဆက်လက် ကူညီပေးမှုများအတွက် ကျေးဇူး တင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Ref: Radio newszealand
Photo - president-office.gov.mm

The Myanma Age

နယူးဇီလန်အစိုးရသည် မြန်မာတွင် လိုအပ်နေသော လူမှုရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ အတွက် ကူညီထောက်ပံ့မှုများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးက မြန်မာ သမ္မတနှင့် တွေ့ ဆုံရာတွင် ပြောကြားခဲ့သည်။