Pages

Friday, March 15, 2013

Google Reader ဖျက်သိမ်းတော့မည်

   နေ့ စဉ်နဲ့ အမျှ Google Reader ကနေတဆင့် စာဖတ်နေတဲ့သူများအတွက် အံ့အားသင့်သွားမယ့် သတင်းတပုဒ်ကို Google က ကြေညာလိုက်ပါတယ်။ အဲဒါကတော့ သူ့ရဲ့ application ၀န်ဆောင်မှု တခု ဖြစ်တဲ့ Google Reader  ကို လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ပိတ်သိမ်းတော့မယ် ဆိုတာပါပဲ။  ကမ္ဘာအနှံ့က လူအများအပြား ပွက်လောရိုက်သွားအောင် လုပ်ခဲ့တဲ့ ဒီသတင်းက အခုတော့ Twitter စာမျက်နှာမှာ နံပါတ် ၁  နေရာ ယူသွားပါပြီ။ 

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ပြည်သူ့လွှတ်တော် အတည်ပြု

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ပြည်သူ့လွှတ်တော် အတည်ပြု 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ မကိုက်ညီတော့တဲ့ ဥပဒေအချက်တွေကို ပြင်ဆင်ဖို့အတွက် ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ကြပါတယ်။

အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့အတွက် ပညာရှင်များပါဝင်တဲ့ ပြန်လည်လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မဲဆန္ဒနယ် ကိုယ်စားလှယ် သူရဦးအေးမြင့်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ ကန့်ကွက်သူမရှိပဲ အတည်ပြုလိုက်ကြပါတယ်။

သူရဦးအေးမြင့်က အခုလိုပြောကြားလိုက်တာပါ။

"နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြင့်မားမှုကြောင့် ခေတ်ကာလအခြေနေ အချိန်အခါနဲ့ အန်ဝင်ခွင်ကျ မဖြစ်တော့တဲ့ လိုက်လျောညီထွေ မဖြစ်တော့တဲ့ ဥပဒေအချက်အလက်များ ရှိကောင်းရှိနေမှာဖြစ်ပါတယ်၊ ဒီအချက်တွေကို အခြေနေအချိန်အခါနဲ့ အန်ဝင်ခွင်ကျဖြစ်အောင် ပြန်လည်လေ့လာသုံးသပ်ဖို့လိုပြီလို့ ယူဆမိပါတယ်၊ လေ့လာသုံးသပ်ရာမှာတော့ တစ်ဦးချင်းတစ်ဖွဲ့ချင်း လိုရာဆွဲပြီးဆောင်ရွက်ခြင်းဟာ နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့အတွက် သင့်တော်တဲ့ ဥပဒေပညာရှင်များ၊ အသိပညာပြည့်ဝသူများ၊ အတွေ့အကြုံ ရင့်ကျက်သူများနဲ့ ကော်မတီ၊ ကော်မရှင်များ ဆောင်ရွက်ကြရပါမယ်"

ဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကြေညာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလ ၁၀ ရက်နေ့က ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး မေလ ၂၉ ရက်နေ့မှာ အရင်စစ်အစိုးရလက်ထက်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ မကိုက်ညီတော့တဲ့ ဥပဒေအချက်တွေကို ပြင်ဆင်ဖို့အတွက် ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ကြပါတယ်။ အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့အတွက် ပညာရှင်များပါဝင်တဲ့ ပြန်လည်လေ့လာသုံးသပ်ရေးကော်မတီ၊

ပုံစံ ၁၉ ပြုလုပ်ရန်မလိုတော့ပေမယ့် ကြေငြာချက်ကို မသိသေးသူတွေကို ပုံစံ ၁၉ ရုံးရှေ့က ပွဲစားတွေလိမ်လည်နေဆဲ

ရန်ကုန် မတ် ၁၅

ပုံစံ ၁၉ ပြုလုပ်ရန်မလိုကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်သော်လည်း မသိရှိသေးသူများက လာရောက်စဉ် ရုံးရှေ့ရှိ ပွဲစားများနှင့် မကြုံတွေ့ရရန် ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူတွေက လိုက်လံ ရှင်းပြ အသိပေးမှုတွေကို ပြုလုပ်နေရကြောင်း နယ်ထိန်းများ ထံမှသိရသည်။ယခင်က ပုံစံ ၁၉ ရုံးရှေ့တွင် ပွဲစားများ မလိုပဲ ဆောင်ရွက်နိုင်ကြောင်း တရားဝင်ရေးသားဖော်ပြထားသော်လည်း မသိရှိသူများက ပွဲစားများ၏ ငွေကျပ် ရှစ်ထောင်နီးပါးခန့် အလိမ်အညာခံ၍ ဆောင်ရွက်နေသည့်အတွက် ထိုကဲ့သို့ အသိပေးခြင်းဖြစ်သည်ဟု ၄င်းတို့က ဆိုသည်။

PN 051

Re-Post By ACM 15-3-2013
အေးချမ်းမွန် Credit & Copy From >>Popular Myanmar News Journal<< Thank


ရန်ကုန် မတ် ၁၅

ပုံစံ ၁၉ ပြုလုပ်ရန်မလိုကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်သော်လည်း မသိရှိသေးသူများက လာရောက်စဉ် ရုံးရှေ့ရှိ ပွဲစားများနှင့် မကြုံတွေ့ရရန် ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူတွေက လိုက်လံ ရှင်းပြ အသိပေးမှုတွေကို ပြုလုပ်နေရကြောင်း နယ်ထိန်းများ ထံမှသိရသည်။

Chicken လို့အမည်ရတဲ့ အမေရိကန်နိုင်ငံက ကြက်မြို့ တော်

အမေရိကန်မှ ကြက်မြို့ တော်

အင်္ဂလိပ်လို Chicken လို့အမည်ရတဲ့ မြို့ ငယ်လေး အမေရိကန်မှာ တကယ် ရှိပါတယ်။ အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်မှာ ဖြစ်ပြီး လူဦးရေ နည်းတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

ဧရိယာအားဖြင့် ၁၁၅ စတုရန်မိုင်ဝန်းကျင်သာ ကျုယ်ပြီး အိမ်ခြေ ၂၁ အိမ် ရှိပါတယ်။ သို့ပေမယ့် လူဦးရေ ကတော့ ၁၇ ဦးဝန်းကျင်မှာပဲ ရှိပါတယ်။ သက္ကရာဇ် ၁၈၀၀ ခုနှစ် နောင်းပိုင်းကစလို့ ရွှေတူးဖော်ခြင်းလုပ်ငန်းက Chicken ဒေသမှာ လူသိများခဲ့ပြီး တစ်ချိန်က လူအတော်လေး စည်ပါတယ်။

နောက်ပိုင်း ရွှေထွက်ရှိမှု နည်းလာပြီး လူဦးရေ တစ်ဖြည်းဖြည့် ကျဆင်းလာရာမှ ၁၀ ဂဏန်းအောက်ထိတောင် ရောက်သွားရပါတယ်။ လက်ရှိ အချိန်ထိတော့ ရွှေထွက်နေသေးတဲ့ နေရာတွေ ရှိနေပါသေးတယ်။ အိမ်ခြေနည်းပြီး စားသောက်ဆိုင်၊ဓာတ်ဆီဆိုင်၊တည်းခိုခန်းတို့လည်း ဖွင့်လှစ်ထားပါတယ်။

နာမည်ဆန်းပြားမှုကြောင့် လာရောက်လေ့လာသူ များပြားပြီး ကြက် (chicken) ဟုအမည်ပေးသော ယင်းမြို့ က ကမ္ဘာပေါ်မှာ တစ်ခုတည်းသော မြို့ အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး ဗဟုသုတ

--
www.yoyarlay.com/international-news/usa/34666-usa-chicken-city

Re-Post By ACM 15-3-2013
အေးချမ်းမွန် Credit & Copy From >>YoYarLay<< Thank

အင်္ဂလိပ်လို Chicken လို့အမည်ရတဲ့ မြို့ ငယ်လေး အမေရိကန်မှာ တကယ် ရှိပါတယ်။ အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်မှာ ဖြစ်ပြီး လူဦးရေ နည်းတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

ဖေဖော်ဝါရီလတွင် ကားစီးရေ ကိုးသောင်းကျော် မဆေးဒီးစ်ကုမ္ပဏီ ရောင်းချနိုင်ခဲ့

ဖေဖော်ဝါရီလတွင် ကားစီးရေ ကိုးသောင်းကျော် မဆေးဒီးစ်ကုမ္ပဏီ ရောင်းချနိုင်ခဲ့

မတ် ၁၅ ရက်၊၂၀၁၃

ဂျာမနီ ထိပ်တန်း ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မဆေးဒီးစ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကား စီးရေ ၉၀,၀၈၃ စီး ရောင်းချနိုင်ခဲ့ကြောင်း နိုင်ငံတကာ မီဒီယာများက မတ် ၉ ရက်၌ ရေးသား ဖော်ပြခဲ့သည်။ မဆေးဒီးစ်အနေဖြင့် မြောက်အမေရိက၊ အာရှပစိဖိတ်ဒေသ၊ ဥရောပ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းဒေသ စသည့်ဒေသများ၌ ရောင်းအားကိုယ်စီ မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး ရောင်းအား အကောင်းဆုံးမှာ တူရကီနိုင်ငံတွင် ဖြစ်သည်ဟု “AFP သတင်းဌာန”က ဆိုသည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကားစီးရေ ၂၂,၀၄၀ စီး ရောင်းချကာ ရောင်းအား ၂၁.၉ ရာခိုင်နှုန်း မြင့်တက်လာသလို မက္ကဆီကိုတွင်လည်း ရောင်းအား ၁၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အာရှပစိဖိတ်ဒေသတွင် ၁၃.၂ ရာခိုင်နှုန်း၊ တောင်ကိုရီးယားတွင် ၆.၈ ရာခိုင်နှုန်း၊ သြစတြေးလျတွင် ၃၀.၈ ရာခိုင်နှုန်း၊ တူရကီတွင် ၉၅ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်း ဒေသတွင် ၈.၉ ရာခိုင်နှုန်းစီ ရောင်းအား အသီးသီး မြင့်တက်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံတွင် ၁၀,၁၃၄ စီး၊ ရုရှားတွင် ၃,၀၅၅ စီး ရောင်းချကာ ရောင်းအား ၁၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဂျာမနီနိုင်ငံတွင် ၁,၅၃၂ စီး ရောင်းချနိုင်ခဲ့သည်။

မဆေးဒီးစ် ကုမ္ပဏီမှ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေးဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဂျိုအာချင်ရှမစ်ဇ်က ယခုလို ဖေဖော်ဝါရီလ ရောင်းအားမြင့်တက်လာခြင်းမှာ SUVs နှင့် Compacts ကဲ့သို့ မိုဒယ်အသစ်များအား ၀ယ်ယူသူများက စိတ်ကြိုက်တွေ့ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Motors

ဂျာမနီ ထိပ်တန်း ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မဆေးဒီးစ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကား စီးရေ ၉၀,၀၈၃ စီး ရောင်းချနိုင်ခဲ့ကြောင်း နိုင်ငံတကာ မီဒီယာများက မတ် ၉ ရက်၌ ရေးသား ဖော်ပြခဲ့သည်။ မဆေးဒီးစ်အနေဖြင့် မြောက်အမေရိက၊ အာရှပစိဖိတ်ဒေသ၊ ဥရောပ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းဒေသ စသည့်ဒေသများ၌ ရောင်းအားကိုယ်စီ မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး ရောင်းအား အကောင်းဆုံးမှာ တူရကီနိုင်ငံတွင် ဖြစ်သည်ဟု “AFP သတင်းဌာန”က ဆိုသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်အရုံးမှ ဇတ်ပို့ဇာတ်ရံ စုံညီအစည်းအဝေးကျင်းပမည်

ဇာတ်ပို့၊ ဇာတ်ရံအလွှာ စုံညီတွေ့ဆုံပွဲကို မတ် လ ၂၀ ရက်နေ့ ကျင်းပမည်

မြန်မာနိုင်ငံရုပ်ရှင်အစည်အရုံးမှ ဇတ်ပို့ဇာတ်ရံ စုံညီအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်းသတင်း၇ရှိပါ
သည်။

ပြည်ထဲရေးဝန်ကြီး လက်ပန်းတောင်း ဒုံးတောရွာသားများနှင့် ဆွေးနွေး

၁၅ မတ်လ ၂၀၁၃
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့ဟာ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ဒေသ ဒုံးတောကျေးရွာကို ရောက်ရှိပြီး စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ပတ်သက်ပြီး ကုစားပေးမယ့်အခြေအနေတွေကို ဒီနေ့မွန်းလွဲပိုင်းမှာ ညှိနှိုင်းနေပါတယ်။

မြို့ပတ်ရထားများတွင် အထူးသီးသန့် တွဲဆိုင်းများ ထည့်သွင်းပြေးဆွဲတော့မည်

မြို့ပတ်ရထား ပြေးဆွဲရေးတွင် အထူးသီးသန့် တွဲဆိုင်းများ ထည့်သွင်းပြေးဆွဲခြင်းကို မြန်မာ့မီးရထားက မကြာမီ ပြုလုပ်တော့မည်ဟု အဆိုပါဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ပြောဆိုလိုက်သည်။ သီးသီးသန့်သန့်နှင့် အဆင့်မြင့်မြင့်စီးလို့ရအောင် ဆောင် ရွက်ခြင်းဖြစ်ကြောင်းနှင့် မြို့ပတ်ရထားတွင်းတွင် ထည့်သွင်းပြေးဆွဲရန် အထူးတွဲ ငါးတွဲလည်းရန်ကုန်မြို့သို့ ရောက်ရှိနေပြီဟုလည်း ဦးကျော်ကျော်မျိုးက ဆက်ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို တရားဝင်ဆိုင်းငံ့လိုက်ပြီ

ရန်ကုန်၊ မတ် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးခြင်းမပြုဘဲ တရားဝင်ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ပြောကြားသည်။

မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ယနေ့ကျင်းပပြုလုပ်

မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကျင်းပ
Friday, March 15, 2013

မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ ( International Motor , Telecom , Electronics , Fabric and Garment Industry Show 2013 ) ဖွင့်ပွဲကို ယနေ့နံနက် ၈နာရီ၃၀ တွင် ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပြပွဲကို မတ်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး မြန်မာ ကုမ္ပဏီ ၃ ခုအပါအ၀င် ထိုင်း ၊ အိန္ဒိယ ၊ အီတလီ ၊မလေးရှား ၊ စင်ကာပူ ၊ ဂျာမနီ ၊ တရုတ် ၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျပန် ၊အမေရိကန် ၊ ကိုရီးယား ၊ ဆွစ်ဇာလန် နှင့် ပါကစ္စတန် စသည့် နိုင်ငံတကာ နည်းပညာ ကုမ္ပဏီ များမှ ဆက်သွယ်ရေး ၊ လျှပ်စစ် ၊ချည်မျှင်နှင့် အ၀တ်အထည် ၊ မော်တော်ကားအပိုပစ္စည်း များကို ပြသမည်ဖြစ်ကြောင်း သိရသည်။

AZ
Popular Myanmar News Journal

Friday, March 15, 2013
မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ ( International Motor , Telecom , Electronics , Fabric and Garment Industry Show 2013 ) ဖွင့်ပွဲကို ယနေ့နံနက် ၈နာရီ၃၀ တွင် ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

မတ်လ ၁၅ရက် ယနေ့ပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်တတ်ရောက်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်အား မတ်လ ၁၅ရက်ကပြုလုပ်သည့်ပထမအကြိမ် ပြည်သူ့လွှတ်တော်
ဆဋ္ဌမပုံမှန်အစည်းအဝေးသို့တက်ရောက်လာသည်ကိုတွေ့ရစဉ်

Yangon Media 
15.3.2013

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မတ်လ ၁၅ရက်ကပြုလုပ်သည့်ပထမအကြိမ် ပြည်သူ့လွှတ်တော်
 ဆဋ္ဌမပုံမှန်အစည်းအဝေးသို့တက်ရောက်လာခဲ့ကြောင်းသတင်းရရှိပါသည်။

ပခန်းကိုကြီးကျော် ရိုးရာနတ်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ

သတင်း ဓာတ်ပုံ - မင်းထက်သာ (ပခုက္ကူ)
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ချစ်တွင်းမြစ်ကမ်းဘေးတွင် တည်ရှိသော တန်းတောရွာရှိ ရွှေကူနီ နတ်နန်းတွင် ပခန်းကိုကြီးကျော်၏ ရိုးရာ နတ်ပွဲ ကို (၁၂-၃-၂၀၁၃)ရက်နေ့ မှ (၂၆-၃-၂၀၁၃)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိကြောင်း သိရသည်။

လက်ပတောင်းတောင် ဒေသမှာ ဆန္ဒပြမှုတွေကို ဦးဆောင်နေတဲ့ သွဲ့သွဲ့ဝင်းနောက်မှာ မိုးသီးဇွန်၊ နိုင်အောင် နှင့် ခင်ဥမ္မာ တို့ရှိနေပါတယ်

လက်ပတောင်းတောင် ဒေသမှာ ဆန္ဒပြမှုတွေကို ဦးဆောင်နေတဲ့ သွဲ့သွဲ့ဝင်းနောက်မှာ မိုးသီးဇွန်၊ နိုင်အောင် နှင့် ခင်ဥမ္မာ တို့ရှိနေပါတယ် ===============================================

အချိန်အဆက်များ
==========
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂)ကြိမ်မြောက် အမျိုးသမီးနှီးနှောဖလှယ်ပွဲကိုတတ်ရောက်ရန် မသွဲ့သွဲ့ကို လှမ်းခေါ်ခဲ့ပါ။ထို့နောက် မြန်မာနိုင်ငံက မထင်ရှာတဲ့ တောရွာလေးမှ တောသူမ သွဲ့သွဲ့ဝင်း တစ်ယောက်မုံရွာမြို့ပေါ်ပင် တစ်နှစ်နေလို့ တစ်ခေါက်ပင် ရောက်ရန်မရှိသော မသွဲ့သွဲ့ဝင်မှာနိုင်ငံခြာမှ အဆိုပါပွဲအား တတ်ရောက်ရန် ဖိတ်ခေါ်ခံရသောကြောင့် မိမိကိုယ့်ကို အလိုလို နေရင်း သွေးနထင် ရောက်ပြီး ဘ၀င် လေဟပ်နေပါတယ်။

သွေးထိုးမှု
=======
ထို့နောက် အဆိုပါပွဲ၌ တတ်ရောက်လာသော မသွဲ့သွဲ့ဝင်ကို လက်ပတောင်းတောင် ဒေသကိစ္စများကို ပြောကြာစေပြီးနောက် အဆိုပါအုပ်စုမှ သွေးထိုးမြှောက်ပင့်ပေးခဲ့ပါသည်။

ဒေါ်စုဖြေရှင်းတာကို ဘာကြောင့် ခါးသီးစွာငြင်းဆန်နေရတာလည်
=====================
အဆိုပါ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်ကျင်းပသည့် ပွဲမှ ပြန်ရောက်လာပြီးနောက်သွဲ့သွဲ့ဝင်းသည် မိမိကိုယ်အထင်ကြီးနေမှု၊ ပြည်ပမှသွေးထိုးပေးလိုက်မှုတို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘဝလေဟပ်ပြီးဒေါ်စုတွေ ဘာတွေ နာမလည်တော့ပဲ ပြည်ပမှ သင်ပေးလိုက်သည့် အတိုင်းဘီဘီစီနဲ့အင်တာဗျူအစီစဉ်တွေမှာ အတိုင်ဖောက်ညီစွာ ပြန်ဖွခဲ့ပါသည်။
ဒီလောက်ဆို သွဲ့သွဲ့ဝင်းနောက်မှာ ဘယ်သူတွေရှိနေတယ်ဆိုတာ သဘောပေါက်လောက်ပါပြီး

ဘီဘီစီနဲ့အင်တာဗျူအစီစဉ်တွေမှာ သွဲ့သွဲ့ဝင်း ဖြေကြာကတည်က ဘယ်လိုဇာတ်တွေ ကြိုတင်တိုတ်ထားသလည်ဆိုတာ နာလည်သဘောပေါက်လောက်ပြီး ထင်ပါတယ်။။

ထပ်မံပေးပို့လာမည့် သတင်းများကို ဆက်လက်ဖော်ပြပေးပါမယ်... အခုက သွဲ့သွဲ့ဝင်းအနောက်မှာ ဘယ်သူတွေရှိနေတယ် ဘယ်လိုတွေ အချိတ်ဆက်တွေနဲ့ လှုပ်ရှာနေတယ်ဆိုတာ သဘောပေါက်နာလည်အောင် အကျဉ်းချုံ့တင်ပေးလိုက်ပါတယ်။


____________________________________
Reference and Credit to -လူထု မောင်ကာဠု


Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂)ကြိမ်မြောက် အမျိုးသမီးနှီးနှောဖလှယ်ပွဲကိုတတ်ရောက်ရန် မသွဲ့သွဲ့ကို လှမ်းခေါ်ခဲ့ပါ။ထို့နောက် မြန်မာနိုင်ငံက မထင်ရှာတဲ့ တောရွာလေးမှ တောသူမ သွဲ့သွဲ့ဝင်း တစ်ယောက်မုံရွာမြို့ပေါ်ပင် တစ်နှစ်နေလို့ တစ်ခေါက်ပင် ရောက်ရန်မရှိသော မသွဲ့သွဲ့ဝင်မှာနိုင်ငံခြာမှ အဆိုပါပွဲအား တတ်ရောက်ရန် ဖိတ်ခေါ်ခံရသောကြောင့် မိမိကိုယ့်ကို အလိုလို နေရင်း သွေးနထင် ရောက်ပြီး ဘ၀င် လေဟပ်နေပါတယ်။

ရိုးသားတဲ့ တောသူတောင်သားတွေကို အသုံးချပြီး လက်ပန်တောင်တောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကားပေါ်ကလမ်းဆင်းလျှောက်ခိုင်းခဲ့သူ

Photo
ဟန်ဝင်းအောင် (သို့) ဆန္ဒပြပွဲအများစု ကိုသွေးထိုးလှုံဆော်ပေးသူ
proposalများများချပေးဘို့ကိုအသုံးချခံနေရတဲ့ဟန်ဝင်းအောင်.....မင်း အကျိုးစီးပွားအတွက် ဒေါ်စုနဲ့ ဒေသခံ
ရွာသူရွာသားတွေကို ရန်တိုက်မပေးပါနဲ့....။ သမိုင်း တရားခံဖြစ်လိမ့်မယ်ပြောရအောင်ကလဲ...အခုကို မင်း
က သမိုင်းတရားခံဖြစ်နေပြီဆိုတော့...ကတ္တရာစေးပုံး ...အိုးမဲသုတ်သလိုဖြစ်မယ်.....။

ဆမ်ဆောင် က စက္ခု အာရုံ ဖြင့် အမိန့် ပေး နိုင်သည့် S 4 ကို မိတ်ဆက်

ဆမ်ဆောင် က စက္ခု အာရုံ ဖြင့် အမိန့် ပေး နိုင်သည့် S 4 ကို မိတ်ဆက်

ပိုမို ပါးလွှာ ပြီး ၊ ပိုမို ပေါ့ပါးသည့် ဆမ်ဆောင်း ဂလက်စီ S4 ကို ယနေ့ နယူးယောက်တွင်
မိတ်ဆက် ပြသခဲ့ ပြီး အင်တာနက် မှ လည်း တိုက် ရိုက် ထုတ် လွှင့် ပြသခဲ့ သည်။

ဂလက်စီ S4 သည် ၁၃၀ ဂရမ် သာ အလေးချိန် ရှိ ပြီး ၇.၉ မီလီမီတာ သာ ထူသည်။
မျက် နှာ ပြင် မှာ ယခင် ထွက် ရှိ ပြီး မျိုးဆက် များ ထက် ပို ကြီးမားသည်။ စတ္ထု
ထ မျိုးဆက်  ဆမ်ဆောင်း ဖုန်းသည် အမေရိကန် ဈေးကွက် တွင် အိုင်ဖုန်းနှင့် ပြိုင်ဖက် ဖြစ်
လာမည် ဟု CNET နည်းပညာ သုံးသပ် မှု တွင် ဖော်ပြထားသည်။

ဖုန်း ၏ စီမံ ခန့် ခွဲ မှု စနစ်မှာ  Android 4.2.2  Jelly Bean ကို အသုံးပြုထားသည်။

ဖုန်းနောက်ဖက် မှာ ကင်မရာ မှာ ၁၃ မီဂါ ပီဇယ် ရှိ ပြီး ဖုန်း ရှေ့  ဘက်မှာ၂ မီဂါပီဇယ် ရှိသည်။

ဆမ်ဆောင်း S4 ကို အမေရိကန် နိုင်ငံတွင် AT&T, T-Mobile, Sprint, Cricket,
U.S. Cellular နှင့် Verizon စသည့် လိုင်းများ ဖြင့် အသက် ပြု နိုင်သည်။

အသစ်ထွက်ရှိ လာသည့် Samsung Galaxy S IV သည် မျက်စေ့ သူငယ် အိမ် က
ကြည့်သည့် နေ ရာ ကို  မျက်နှာ ပြင် က အလိုအလျှောက် လှုပ်ရှား နိုင် သည့် စနစ် ကို
ထည့် သွင်းထား ကာ စာဖတ်ခြင်းစသည့် စာမျက် နှာ ဆွဲချ မှု Scroll Down
လုပ်သည့် စနစ်ကို သင်၏ မျက်စေ့ ဖြင့် ထိန်း ချုပ် ပြု လုပ် နိုင်ကြောင်း လည်း
ဆမ်ဆောင်း ဥက္ကဌ က ပြသခဲ့သည်။

S4 ကို ဧပြီ လ တွင် စတင် ရောင်းချ မည် ဖြစ်သည်။ S4 သည် ကမ္ဘာ့  ပထမ ဦးဆုံး
မျက်စေ့ ဖြင့် အမိန့် ပေး နိုင်သည့် Smart Phone ဖြစ်လာမည်။

Samsung S ကို ၂၀၁၀ ခုနှစ် တွင် စတင် ထုတ် လုပ်သည်။ S4 ကို လူ သန်း
၄၀ ခန့်  က အသုံး ပြုသည်။

Read more: http://www.cnet.com/8301-17918_1-57574348-85/samsung-galaxy-s4-landing-on-six-u.s-carriers/#ixzz2NZd6DuMT

ပိုမို ပါးလွှာ ပြီး ၊ ပိုမို ပေါ့ပါးသည့် ဆမ်ဆောင်း ဂလက်စီ S4 ကို ယနေ့ နယူးယောက်တွင် မိတ်ဆက် ပြသခဲ့ ပြီး အင်တာနက် မှ လည်း တိုက် ရိုက် ထုတ် လွှင့် ပြသခဲ့ သည်။ ဂလက်စီ S4 သည် ၁၃၀ ဂရမ် သာ အလေးချိန် ရှိ ပြီး ၇.၉ မီလီမီတာ သာ ထူသည်။ မျက် နှာ ပြင် မှာ ယခင် ထွက် ရှိ ပြီး မျိုးဆက် များ ထက် ပို ကြီးမားသည်။

ဘ၀နတ်ထံပျံလွန်တော်မူသွားတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ရာဇဓမ္မဇရဲ့ သက်ရှိထင်ရှားရှိစဉ်က နိုင်ငံအရေး မိန့်မှာချက်

မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ရာဇဓမ္မ ဘ၀နတ်ထံပျံလွန်တော်မူ 


မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သည်
၁၃၇၄-ခု၊ တပေါင်းလဆန်း(၂)၇က် ဗုဒ္ဓဟူးနေ့၊ ည(၁၁း၃၈)နာရီအချိန်တွင်
မဟာအောင်မြေ မစိုးရိမ်တိုက်သစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်။

-----------------------------


ဆရာတော်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တရား
(၁၃၇၃-ခု၊ ၀ါဆိုလ)
အေး - မင်းတို့ လွပ်လပ်ရေးရတာ အခု နှစ်ပေါင်း(၆၃)နှစ် ကျော်လာပြီကွ၊
ဟုတ်လား၊ (၆၃)နှစ် ရှိပါပြီ၊ သူများနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု
ရှိရဲ့လား၊ အင်မတန်ကို နိမ့်ကျတယ်၊
အဲဒါ ဘာကြောင့်လဲဆို မင်းတို့ နိုင်ငံရေး အမြင်မကျယ်ဘူးကွ၊
နိုင်ငံကောင်းအောင် လုပ်တာ နိုင်ငံရေးကွ၊ ကိုယ့်အတ္တအတွက်
ကောင်းအောင်လုပ်တာ နိုင်ငံရေး မဟုတ်ဘူး၊

ငါသာ ကြီးပွားတိုးတက်ရမယ်၊ ကျန်တဲ့သူ ဘယ်သူသေသေ ငတေမာ ပြီးရော-ဆိုတဲ့
ဟာမျိုးက နိုင်ငံရေးဟုတ်ရဲ့လား၊ အဲဒီ နိုင်ငံရေး အမြင်ကျယ်ဘို့ လိုတယ်၊
အဲဒီအမြင်ကျယ်ရင် မင်းတို့ ဗမာပြည် ကောင်းမယ်၊ ဒီအတိုင်းပဲ
သွားကြမယ်ဆိုရင်တော့ သူများနိုင်ငံနောက် အမြဲတမ်း နောက်ကျနေမယ်၊ အဲဒါ
မှတ်ထား။

လူထုလဲ အသိညာဏ်ရှိဖို့ လိုတယ်၊ အစိုးရကလည်း အသိညာဏ်ရှိဖို့ လိုတယ်၊
နေရာတကာ နိုင်ငံရေးကို ကြောက်မနေပါနဲ့၊ နိုင်ငံရေးဆိုတာ ခုနက ပြောသလိုပဲ
တိုင်းပြည်ကောင်းစားဖို့ လုပ်နေတာ အကုန်လုံး နိုင်ငံရေးချည်းပဲ၊ လမ်းမှာ
အမှိုက်ရှင်းတာ နိုင်ငံရေးပဲကွ၊ လမ်းမှာတွေ့တဲ့ စက္ကူလေး ကောက်ပစ်လိုက်တာ
ဒါ နိုင်ငံရေးပဲ ဟုတ်လား၊ လမ်းပေါ်မှာ အမှိုက်မရှုပ်အောင်လုပ်တာ၊ ဒါ
နိုင်ငံရေးပဲ၊

မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
DVB TV News

ဆရာတော်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တရား(၁၃၇၃-ခု၊ ၀ါဆိုလ) အေး - မင်းတို့ လွပ်လပ်ရေးရတာ အခု နှစ်ပေါင်း(၆၃)နှစ် ကျော်လာပြီကွ၊ ဟုတ်လား၊ (၆၃)နှစ် ရှိပါပြီ၊ သူများနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု ရှိရဲ့လား၊ အင်မတန်ကို နိမ့်ကျတယ်၊ အဲဒါ ဘာကြောင့်လဲဆို မင်းတို့ နိုင်ငံရေး အမြင်မကျယ်ဘူးကွ၊ နိုင်ငံကောင်းအောင် လုပ်တာ နိုင်ငံရေးကွ၊ ကိုယ့်အတ္တအတွက် ကောင်းအောင်လုပ်တာ နိုင်ငံရေး မဟုတ်ဘူး၊

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စုများ ထွက်ပေါ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမော၊ ဘရူနိုင်းတို့နှင့် မြန်မာအသင်း ကျရောက်နေ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စုများ ထွက်ပေါ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမော၊ ဘရူနိုင်းတို့နှင့် မြန်မာအသင်း ကျရောက်နေ
Friday, 15 March 2013 

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (E) နှင့် (F) ပွဲစဉ်များကို ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ယင်းခြေစစ်ပွဲ ပွဲစဉ်များကို
 နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းနှင့် ဇေယျာသီရိကွင်းတို့တွင် ကျင်းပပြု
လုပ်သွားမည် ဖြစ်သည်။ ယင်းဘောလုံးကွင်း (၂) ကွင်းမှာ လာမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တည်ဆောက်ထားသည့် ကွင်းများဖြစ်ပြီး
 ပထမဆုံးကြိမ်အဖြစ် နိုင်ငံတကာ ပြိုင်ပွဲများကို လက်ခံကျင်းပခြင်းလည်း
 ဖြစ်သည်။

အိမ်ရှင်မြန်မာအသင်းသည် အုပ်စု (E) တွင် ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမောတို့နှင့်အတူ ကျရောက်နေပြီး အုပ်စု (F) တွင်မူ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့ ပါဝင်နေသည်။ ခြေစစ်ပွဲစဉ်များကို အုပ်စု (၈) ခုခွဲ၍ ကျင်းပနေပြီး ထိပ်ဆုံးအသင်းများမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းခြေစစ်ပွဲကို ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၁၄ အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်မှစ၍ ပဏာမ ကစားသမား (၃၅) ဦးဖြင့် စတင်လေ့ကျင့် ပြင်ဆင်နေပြီး နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး တီရှီမာက ကိုင်တွယ်လျက်ရှိသည်။ အုပ်ချုပ်သူအဖြစ် ဦးဝင်းသူမိုး၊ လက်ထောက်
နည်းပြများအဖြစ် ဦးသိုင်းထွန်းဇော်နှင့် ဦးခင်မောင်ထွေး၊ ဂိုးနည်းပြအဖြစ် ဦးမင်းထွန်းလင်းတို့က ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင်
 မြန်မာယူ-၁၄ အသင်းသည် မန္တလေး၌ စခန်းဝင်လေ့ကျင့်လျက်ရှိပြီး ဧပြီလ (၁၀)ရက်မှစ၍ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ လေ့ကျင့်သွားမည်ဖြစ်ကြောင်း 
သိရသည်။

ရန်ကုန်မြို့သို့ ရောက်ရှိပြီးမှသာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး
 မေလပထမပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်
ကစားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ယင်းအသင်းတွင် မန္တလေးဘောလုံးအကယ်ဒမီနှင့် ပုသိမ်ဘောလုံး
အကယ်ဒမီတို့မှ ကစားသမားအများစု ပါဝင်နေပြီး အထက်မြန်မာပြည်နှင့်
 အောက်မြန်မာပြည် ယူ-၁၂ ပြိုင်ပွဲမှ ကစားသမားအချို့ကိုလည်း အားဖြည့်ရွေးချယ်ထားကြောင်း သိရသည်။

အုပ်စု(E)    -မြန်မာ၊ ဘရူနိုင်း၊ တီမော

               မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊

၂၈-၅-၁၃ 	မလေးရှား 	- 	မြန်မာ
	ဗီယက်နမ် 	- 	တီမော
	ဘရူနိုင်း 	- 	ဖိလစ်ပိုင်
၂၉-၅-၁၃ 	မြန်မာ 	- 	ဖိလစ်ပိုင်
	ဘရူနိုင်း 	- 	ဗီယက်နမ်
	မလေးရှား 	- 	တီမော
၃၁-၅-၁၃ 	ဖိလစ်ပိုင် 	- 	မလေးရှား
	တီမော 	- 	ဘရူနိုင်း
	မြန်မာ 	- 	ဗီယက်နမ်
 ၂-၆-၁၃ 	ဗီယက်နမ် 	- 	ဖိလစ်ပိုင်
	တီမော 	- 	မြန်မာ
	ဘရူနိုင်း 	- 	မလေးရှား
 ၃-၆-၁၃ 	ဖိလစ်ပိုင် 	- 	တီမော
	မလေးရှား 	- 	ဗီယက်နမ်
	မြန်မာ 	- 	ဘရူနိုင်း
 

အုပ်စု(F)    -ထိုင်း၊ လာအို၊ အင်ဒိုနီးရှား    

               ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ကမ္ဘောဒီးယား

၂၈-၅-၁၃ 	အင်ဒိုနီးရှား 	- 	ထိုင်း
	ဘင်္ဂလားဒေ့ရှ် 	- 	ကမ္ဘောဒီးယား
	လာအို 	- 	စင်ကာပူ
၂၉-၅-၁၃ 	ထိုင်း 	- 	စင်ကာပူ
	လာအို 	- 	ဘင်္ဂလားဒေ့ရှ်
	အင်ဒိုနီးရှား 	- 	ကမ္ဘောဒီးယား
၃၁-၅-၁၃ 	စင်ကာပူ 	- 	အင်ဒိုနီးရှား
	ကမ္ဘောဒီးယား 	- 	လာအို
	ထိုင်း 	- 	ဘင်္ဂလားဒေ့ရှ်
၂-၆-၁၃  	ဘင်္ဂလားဒေ့ရှ် 	- 	စင်ကာပူ
	ကမ္ဘောဒီးယား 	- 	ထိုင်း
	လာအို 	- 	အင်ဒိုနီးရှား
၃-၆-၁၃  	စင်ကာပူ 	- 	ကမ္ဘောဒီးယား
	အင်ဒိုနီးရှား 	- 	ဘင်္ဂလားဒေ့ရှ်
	ထိုင်း 	- 	လာအို

အုပ်စု (E) ပွဲစဉ်များကို ၀ဏ္ဏသိဒ္ဓိကွင်းနှင့်
အုပ်စု (F) ပွဲစဉ်များကို ဇေယျာသီရိကွင်းတို့တွင် ကျင်းပမည်ဖြစ်သည်။

eleven media group

Friday, 15 March 2013
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (E) နှင့် (F) ပွဲစဉ်များကို ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျောင်းသူကျောင်းသားများ ယနေ့ သချာင်္ဘာသာဖြေဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာဘာသာဖြေဆိုရန် စောင့်ဆိုင်းနေသည့် ကျောင်းသူ/ကျောင်းသား၊မိဘများအား မြင်တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကျောင်းသူ/ကျောင်းသားများ ယနေ့သင်္ချာဘာသာဖြေဆိုကြမည်ဖြစ်သည်