Pages

Saturday, March 9, 2013

Android ဖုန်းတွေအတွက် လိုတဲ့ဆော့ဝဲမှန်သမျှ ဒေါင်းယူနိုင်မယ့် Blackmart v0.99.2.40 Apk App For Android

Blackmart v0.99.2.40

ဖုန်းကနေပြီးတော့ ကြိုက်နှစ်သက်တဲ့ Games တွေ Application တွေကို ဒေါင်းယူနိုင်မယ့်
Blackmart နောက်ဆုံး Version လေးကိုတင်ပေးလိုက်ပါတယ်ဗျာ...
အလွယ်တကူဒေါင်းနိုင်ပါတယ်..တော်တော်လေးစုံတာကိုလည်းတွေ့ရပါတယ် 

"facebook အသုံးပြုသူ အမျိုးသမီးများသတိပြုရန်"

မိမိဘဝလုံခြုံမှုသည် မိမိလက်တွင်းမှာသာရှိသည်...
----------------------------------------------------------------
ပုံမှာပါတဲ့ကောင်မလေးနာမည်က Sushmita ပါ...

သူမဟာ သူမရဲ့ဓာတ်ပုံတွေကို facebook ပေါ်မှာတင်ထားပါတယ်... လူတစ်ယောက်က သူမဓာတ်ပုံတွေကိုကူးယူထားပြီး သူမနာမည်နဲ့ပဲ အကောင့်အတုတစ်ခုပြုလုပ်လိုက်ပါတယ်... ပြီးတော့ သူမဟာ ပြည့်တန်ဆာတစ်ယောက်ဖြစ်ကြောင်း ကြေညာထားပါတယ်...

သူမဟာ သိက္ခာရှိတဲ့ မိသားစုထဲက အမျိုးကောင်းသမီးတစ်ယောက်ပါ... အဲ့ဒီလူဖြန့်လိုက်တဲ့သတင်းဟာ တစ်မြို့လုံးကိုပျံ့နှံ့သွားပါတော့တယ်...

သူမမိသားစုနဲ့ သူမကိုယ်တိုင် အဲ့ဒီသတင်းကိုပြန်ကြားတဲ့အခါမှာ ဒီလို ထိတ်လန့်ဖွယ်သတင်းကို ဘယ်လိုမှ လက်သင့်မခံနိုင်ခဲ့ပါဘူး...

ဒါကြောင့် မိသားစုတစ်စုလုံး တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုသတ်သေလိုက်ကြပါတယ်..

facebook အသုံးပြုသူ အမျိုးသမီးများအနေနဲ့ သတိထားသင့်တာကတော့ သင့်ရဲ့မူရင်းဓာတ်ပုံအစစ်တွေကို facebook ပေါ်မှာမတင်ပါနဲ့... တကယ်လို့တင်ထားတယ်ဆိုရင်လည်း သင့်မိတ်ဆွေရင်းတွေသာ မြင်နိုင်အောင် ပြုလုပ်ထားပါ... facebook က သယ်ဆောင်လာမယ့် အန္တရာယ်ကို သိမြင်နိုင်ကြပါစေ...

(လူနဲ့ဓာတ်ပုံတကယ်ဟုတ်မဟုတ်ဆိုတာထက် ဖြစ်နိုင်တဲ့.. ဖြစ်တတ်တဲ့သဘောမို့လို့ ထပ်ဆင့်ဝေငှလိုက်တာဖြစ်ပါတယ်... သတိထားဆင်ခြင်နိုင်ကြပါစေ...)
----------------------------------------------------------------
Ref: Awesome Facts

နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------

မိမိဘဝလုံခြုံမှုသည် မိမိလက်တွင်းမှာသာရှိသည်... ပုံမှာပါတဲ့ကောင်မလေးနာမည်က Sushmita ပါ... သူမ
ဟာ သူမရဲ့ဓာတ်ပုံတွေကို facebook ပေါ်မှာတင်ထားပါတယ်... လူတစ်ယောက်က သူမဓာတ်ပုံတွေကိုကူးယူထားပြီး သူမနာမည်နဲ့ပဲ အကောင့်အတုတစ်ခုပြုလုပ်လိုက်ပါတယ်... ပြီးတော့ သူမဟာ ပြည့်တန်ဆာတစ်ယောက်ဖြစ်ကြောင်း ကြေညာထားပါတယ်...သူမဟာ သိက္ခာရှိတဲ့ မိသားစုထဲက အမျိုးကောင်းသမီးတစ်ယောက်ပါ... အဲ့ဒီလူဖြန့်လိုက်တဲ့သတင်းဟာ တစ်မြို့လုံးကိုပျံ့နှံ့သွားပါတော့တယ်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ကုလားထိုင်လုတာတွေ၇ှိနေတယ်လို့ပြောတဲ့ အမေစု

"မရှိသေးတဲ့ကုလားထိုင်ကို လုနေကြရင် ကုလားထိုင်ပေါ်လာတဲ့အခါ
ဘယ့်နှယ်လုပ်မလဲလို့။

အခုတော့ ဘယ်လိုပဲပြောပြော ကျမတို့ အဖွဲ့ချုပ်အတွင်းမှာ ကုလားထိုင်တွေ ပေါ်လာတဲ့အခါ ကျတော့ လုတာလေးတွေရှိတယ်ဆိုတာ ကျမတို့ ဝန်ခံရမှာပဲ။ ဒါဟာ ကျမတို့ ရင်ဆိုင်ရမယ့် ကိစ္စဖြစ်တယ်။

ကျမတို့ဟာ တာဝန်ယူတဲ့စိတ်နဲ့ အလုပ်လုပ်ရမှာပါ။ နေရာယူတဲ့စိတ်နဲ့ အလုပ်လုပ်ရမှာ မဟုတ်ပါဘူး။"

"နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကိုခေါ်ချင်လို့ရှိရင်
ကိုယ့်မှာရည်မှန်းချက်တွေရှိရမယ်။
မူဝါဒတွေရှိရမယ်။
ခိုင်ခိုင်မာမာကိုင်စွဲထားတဲ့ ယုံကြည်ချက်တွေရှိရမယ်။
ယုံကြည်ချက်အတွက် အားလုံးကိုစွန့်လွှတ်နိုင်တဲ့ သတ္တိရှိရမယ်။
အဲ့လိုသတ္တိမရှိရင်ကိုယ့်ကိုယ်ကိုနိုင်ငံရေးသမားလို့မခေါ်သင့်ပါဘူး။"
Photo credit to National League for Democracy
Photo credit to National League for Democracy
‎"မရှိသေးတဲ့ကုလားထိုင်ကို လုနေကြရင် ကုလားထိုင်ပေါ်လာတဲ့အခါ ဘယ့်နှယ်လုပ်မလဲလို့။ အခုတော့ ဘယ်လိုပဲပြောပြော ကျမတို့ အဖွဲ့ချုပ်အတွင်းမှာ ကုလားထိုင်တွေ ပေါ်လာတဲ့အခါ ကျတော့ လုတာလေးတွေရှိတယ်ဆိုတာ ကျမတို့ ဝန်ခံရမှာပဲ။ ဒါဟာ ကျမတို့ ရင်ဆိုင်ရမယ့် ကိစ္စဖြစ်တယ်။

ကျိုက်ထိုနှင့် ဘီးလင်းတွင် ၉၆၉ တရားပွဲအပြီး မွတ်စလင်မ်ဆိုင်များ ဖျက်ဆီးခံရ

ကျိုက်ထိုနှင့် ဘီးလင်းတွင် ၉၆၉ တရားပွဲအပြီး မွတ်စလင်မ်ဆိုင်များ ဖျက်ဆီးခံရ

မတ် ၉၊ ၂၀၁၃
M-Media
အေးမောင်

ကျိုက်ထို ။       ။     ကျိုက်ထိုမြို့၌ မနေ့ည (၈-၃-၂၀၁၃)နေ့ညက ပြုလုပ်သော ဘုန်းကြီးတရားပွဲအပြီးတွင် မွတ်စလင်မ်ဆိုင်တချို့မှ ခုံများ ရိုက်နှက်ဖျက်ဆီးခံရကြောင်းသတင်းရရှိသည်။

ယမန်နေ့ညပိုင်း ဘုန်းကြီးတရားပွဲအပြီးတွင် မွတ်စလင်မ်ပိုင် ဆိုင်တချို့မှခုံများအား ၉၆၉ အဖွဲ့ဝင်များမှ မင်းမဲ့စရိုက်ဖြင့် ၀ိုင်းဝန်းရိုက်ချိုးခဲ့ကြကြောင်း၊ ယင်းကဲ့သို့ ဖျက်ဆီးမှုများမှာ ကျိုက်ထို တစ်မြို့တည်းတွင် မဟုတ်ဘဲ မွန်ပြည်နယ်ရှိ မြို့ကြီးတချို့တွင် ပြုလုပ်နေကြောင်း၊ လွန်ခဲ့သော ၃-ရက်ခန့်ကလည်း မွန်ပြည်နယ် ဘီလင်းမြို့တွင် အလားတူ ဖျက်ဆီးမှုမျိုးရှိခဲ့ကြောင်းသိရသည်။

ဘီးလင်းမြို့ရှိ ၉၆၉ အဖွဲ့သည် ဘုန်းကြီးက ဦးဆောင်ဖွဲ့စည်းထားပြီး အရပ်သားများပါဝင်ကြောင်း၊ တရားပွဲများ ပြုလုပ်ရာတွင်လည်း တရားပွဲတွင် မွတ်စလင်မ် မုန်းတီးရေးကိုသာ ဟောပြောလေ့ရှိပြီး တရားပွဲပြီးသည်နှင့် မွတ်စလင်မ်ပိုင်များကို ဖျက်ဆီးလေ့ရှိလာကြောင်း၊ ၉၆၉-အဖွဲ့သည် ရှပ်အင်္ကျီအဖြူရောင်ပေါ်တွင် ၉၆၉ တံဆိပ်ရိုက် ၀တ်စုံဆင်တူ ၀တ်ဆင်၍ ဥပဒေမဲ့ မင်းမဲ့စရိုက်များ ပြုလုပ်နေကြောင်းသိရသည်။

ဘီးလင်းမြို့တွင် မွတ်စလင်မ်မုန်းတီးရေး လှုံ့ဆော်စာများ၊ မုန်းတီးရေး တရားပွဲများကို ပြုလုပ်ပြီး မုန်းတီးရေးတရားခွေများကို ဖြန့်ဝေနေကြသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း၊ မွတ်စလင်မ် မုန်းတီးရေး လှုံ့ဆော်မှုများအတွက် ဘီးလင်းမြို့ရှိ မွတ်စလင်မ်လူကြီးများမှ နိုင်ငံတော်အထိ တင်ပြအစီရင်ခံထားကြောင်း၊ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့၊ ပြည်နယ် သာသနာရေးရာ ၀န်ကြီးဌာန၊ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်(၂)ဦး၊ အစ္စလာမ်သာသနာရေးရာကောင်စီ၊ မအဖအဖွဲ့နှင့် ဌာနဆိုင်ရာအဆင့်ဆင့် တို့သို့ တင်ပြအကြောင်းကြား ထားသော်လည်း ယင်း မုန်းတီးရေးလှုံ့ဆော်မှုများအား မည်သူမှ ဟန့်တားနိုင်ခြင်းမရှိကြောင်း၊ မည်သည့်အတွက်ကြောင့် တရားဥပဒေစိုးမိုးရေးကို မပြုလုပ်သည်ကို စဉ်းစား၍မရကြောင်း ကျိုက်ထိုနှင့် ဘီးလင်းမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။

မတ် ၉၊ ၂၀၁၃
ကျိုက်ထို ။ ။ ကျိုက်ထိုမြို့၌ မနေ့ည (၈-၃-၂၀၁၃)နေ့ညက ပြုလုပ်သော ဘုန်းကြီးတရားပွဲအပြီးတွင် မွတ်စလင်မ်ဆိုင်တချို့မှ ခုံများ ရိုက်နှက်ဖျက်ဆီးခံရကြောင်းသတင်းရရှိသည်။ယမန်နေ့ညပိုင်း ဘုန်းကြီးတရားပွဲအပြီးတွင် မွတ်စလင်မ်ပိုင် ဆိုင်တချို့မှခုံများအား ၉၆၉ အဖွဲ့ဝင်များမှ မင်းမဲ့စရိုက်ဖြင့် ၀ိုင်းဝန်းရိုက်ချိုးခဲ့ကြကြောင်း၊ ယင်းကဲ့သို့ ဖျက်ဆီးမှုများမှာ

မိမိကိုယ်ပိုင် Website အတွက် Online / Offline Android Application ရေးသားနည်း ( မြန်မာလို Ebook )

ဆရာ မင်းသော်ခိုင်ရေးသားတဲ့ မိမိကိုယ်ပိုင် Website အတွက် Online / Offline Android Application ရေး
သားနည်း ( မြန်မာလို Ebook ) စာအုပ်လေးတင်ပေးလိုက်ပါတယ်ခင်မျာ...Download ရယူ နိုင်ကြပါပြီ

NLDဗဟို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသူ မြန်မာဒီမိုကရက် သင်တန်းကျောင်း နည်းပြချုပ် ဦးသန့်ဇင်နှင့် တွေ့ဆုံခြင်း

NLDဗဟို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသူ မြန်မာဒီမိုကရက် သင်တန်းကျောင်း 
နည်းပြချုပ် ဦးသန့်ဇင်နှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ မတ် ၈။

မတ်လ(၈)ရက်နေ့တွင် စတင် ကျင်းပသော အမျိုးသား 
ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပရာတွင် အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထား
သည်ဟုဆိုကာ ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ
ခံလိုက်ရသော ကိုယ်စားလှယ် လေးယောက်တွင် ပါဝင်သော
“ဒီမိုကရေဒီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင် လုပ်လိုက်တာ
ကွ ငါအဲ့လိုမျိုးကိုမြင်တယ်” ဟုဆိုသူ ရွှေပြည်သာ မြို့နယ်မှ 
ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးခင်မောင်ဝင်းအား မြန်မာ့ခေတ်မှ 
တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

MMA ။	။ ဆရာ မင်္ဂလာပါ ။ ဆရာအခုလို ဗဟိုညီလာခံ
ကိုယ်စားလှယ် အဖြစ်ကနေ ရပ်စဲခံလိုက်ရတာနဲ့ ပတ်သက်ပြီး 
အဲ့ဒီအပေါ် ဘယ်လိုခံယူထားသလဲ ဆိုတာကို အရင်ပြောပေး
ပါလားခင်ဗျ။

TZ  ။	။ ရပ်စဲတယ်လို့ ပြောလိုက် ကတည်းက ကျွန်တော်က 
ထူးကို ထူးဆန်း နေတယ်ဗျ။ နဂိုကတည်းက ကျွန်တော်က 
အကုန်လုံးနဲ့ ရင်းနီးတယ်ဗျ။ ဒေါ်စုတစ်ယောက်နဲ့ပဲ သိပ်ပြီး လက်ပွန်းတတီးမသိတာ။ ဦးတင်ဦးနဲ့လည်း ခင်ခင် မင်မင်ရှိပါတယ်။ နောက်ပြီး ကိုဟန်သာမြင့် ဦးဝင်းတင် 
အားလုံး သိကြတာပဲ။ ဒါပေမဲ့ အဲ့လိုကြီး ခပ်ဝေးဝေးက 
လူတစ်ယောက်နဲ့ စာရင် ကိုယ့်ကို နေ့စဉ်နဲ့အမျှ ဖက်လဲ
တကင်း ရှိတဲ့လူတွေက ဘာမှကို အကြောင်းပြချက် 
မရှိဘဲနဲ့ဗျာ။ နက်ဖြန် သဘက်ဆိုရင်ပဲ ဦးစိုးဝင်း( ပါတီ
ညီလာခံ ကိုယ်စားလှယ် စိစစ်ရေး) ကကိုသန့်စင်ရေ ၇ 
ရက်နေ့ မနက်ကိုတော့ ကဒ်ပြားတွေ ထုတ်ပေးမယ်။ 
ရုံးချုပ်ကို လာလို့တောင် ကျွန်တော့ကို ပြောတာ။

MMA ။	။  ကိုယ်စားလှယ်စိစ်ရေး အတွင်းရေးမှူး 
ကိုယ်တိုင်ကကို လှမ်းဖိတ်ပြီးမှဆိုတော့ ဘယ်လိုဖြစ်ပြီး 
ရပ်ဆဲတဲ့ အထဲပါသွားတာလဲခင်ဗျ။

TZ  ။	။ သူနဲ့ကျွန်တော်နဲ့ တနင်္ဂနွေ နေ့လောက်က တွေ
့သေးတယ်ဗျ။ ကျွတော်က ရုံးချုပ်မှာ ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းတွေ ပေးတော့ သူ့အောက်က ကျွန်တော်က 
လုပ်ရတယ်ဗျ။ ဦးစိုးဝင်းက တာဝန်ခံတယ်။ ကျွန်တော်က 
အဲ့ဒါကို ကျကျနန ပြီးစီးအောင် လုပ်ပေးခဲ့တာဗျ။ တပည့်
တွေကော ခုံကိစ္စကအစ အစုံပလုံ လုပ်ပေးခဲ့တာဗျ။ နောက်ဆုံး အိမ်သာတက်ဖို့ ကိစ္စတောင် အတူတူ တွဲလုပ်ကြတာဗျ။ ဘာပဲ
ပြောပြော ဆရာဦးစိုးဝင်း ကတော့ တကယ့် လူကြီး လူကောင်း
လည်း ဆန်တယ်။ ပါတီကိုလည်း အရမ်း သံယောဇင် ရှိတာတောင် သူနားလိုက်တယ်ဗျ။ သူနားတာနဲ့ ပတ်သက်ပြီးသူ့ရဲ့ ခံစားချက်ကို 
ဘယ်သူမှ မမေးကြဘူး။ အမှန်မယ် ဒီညီလာခံကြီးမှာ ကဒ်ပြား ထုတ်ပေးတဲ့အထိ သူလုပ်သွားတယ်။ ညီလာခံ စိစစ်ရေးမှာလည်း လုပ်ပေးသွားတယ်။ ဒါပေမဲ့ သူမပါဘူး။ တာမွေမြို့နယ်က 
ရွေးကတည်းက သူ့ကို ဖယ်လိုက်တာ။ ကျွန်တော်သွားမေးတဲ့ 
အခါမှာ သူကိုယ်တိုင် နားလိုက်တယ်လို့ ပြောတယ်ဗျ။ ဒါပေမဲ့
သူ အများကြီး လုပ်နိုင်သေးတယ်ဗျ။ တကယ်ထိပ်တန်း အရာရှိ ဆယ်ရောက်လောက်နဲ့ ညီမျှတယ်လို့တောင် ပြောလို့ 
ရသေးတယ်။

MMA ။	။  ဆရာ အဲ့သလိုမျိုး သူတို့တွေနဲ့ တကယ် 
လုပ်ပေးခဲ့တယ်။ ကဒ်ထုတ်ပေးမယ်လို့ အဆင့်ထိ ဖြစ်သွားပြီး 
ခုလိုမျိုး ဦးစိုးဝင်းလည်း ထွက်သွားတယ်။ ဆရာလည်း 
ကိုယ်စားလှယ် အဖြစ်က ရပ်စဲခံလိုက်ရတယ်ဆိုတော့
ဘယ်လိုမျိုး နားလည် ခံယူလိုက်လဲ ခင်ဗျ။

TZ  ။	။ လူကြီးတွေး တွေးမယ် ဆိုရင်တော့ဗျာ ငါနဲ့ဟို
ကောင်နဲ့ကြားမှာ အမှားအယွင်း တစ်ခုရှိပုံ ရတယ်လို့ 
ထင်ရင် ထင်လိမ့်မယ်ဗျ။ အဲ့ဒါကို ကျွန်တော်က ကောင်တာ လိုက်ကြည့်တယ်ဗျ။ လိုက်ကြည့်တော့ လွန်ခဲ့တဲ့ တစ်လ
လောက်ပေါ့ ညီလာခံ ကိုယ်စားလှယ် ကျွန်တော့ကို ရွေးလိုက်
တဲ့ ရက်ပိုင်းလေး။ ၈ ရက်နေ့မှာ ကျွန်တော့ကို ရွေးတယ်။ ၂၀ရက်နေ့မှာ ကျောင်းဖွင့်တယ်( မြန်မာဒီမိုကရက် 
သင်တန်းကျောင်း)။ သိတဲ့ အတိုင်းပဲလေ ရှစ်ရက်နေ့ 
မက တစ်ရက်နေ့လောက် ကတည်းက ကျွန်တော်တို့ 
ဝုန်းနေရတယ်။ ရှစ်ရက်နေ့ပွဲတောင် ဒီကနေခွင့်ယူပြီး 
ညီလာခံ သွားတက်ရတယ်။ ညှိနှိုင်းနှစ်ရက် လုပ်တော့
လည်း တစ်ရက်ပဲ တက်နိုင်တယ်။ အဲ့ဒီအချိန်မှာ ခေါင်း
ထဲမှာ ဘာမှမရှိဘူး။ ကြားတယ် သူများတွေ အောင်ပွဲခံကြ စားကြ၊ သောက်ကြ ကျွန်တော် မပါဘူး။

MMA ။	။  ဆရာတို့ ရပ်စဲခံရတဲ့ လေးယောက်ကကော 
ဘယ်လို ပတ်သက်မှုမျိုး ရှိလဲဗျ။

TZ  ။	။ အဲ့ဒါလည်း ကျွန်တော် ပြောပြီးပြီ။ ဆရာဦးခင်မောင်ဝင်း
ကတော့ ဟုတ်တယ်။ ကျွန်တော့ဒီမှာ စာသင်နေတဲ့ ဆရာ ကျော်ဇေယျာဝင်းရဲ့ အဖေ။ ခင်လည်းခင်တယ်။ သူနဲ့
ကျွန်တော်နဲ့က ဒီဖက်လွှတ်တော် တက်နေတဲ့ နောက်ပိုင်း 
လေးလငါးလလောက်ကို မတွေ့တာ။ မတွေ့ဖြစ်ဘူးဗျ အဲ့ဒီ
ပုဂ္ဂိုလ်နဲ့။ တွေ့စရာ အကြောင်းလည်း မရှိဘူးဗျ။ ဒါပေမဲ့ ဦးခင်မောင်ရှိန် မြောက်ပိုင်းဥက္ကဌ အရွေးခံရတာ ကြားတယ်။
ဒါပေမဲ့ ဦးခင်မာင်ရှိန် ဆိုတာကို မသိဘူး ။ လူမသိတာ မဟုတ်
ဘူး။ နာမည် မသိတာ။ ဟိုတစ်နေ့ အဲ့ဒီစာ ထွက်တော့ကမှ သိတာ။ နောက်ဘယ်သူလဲ ဒေါ်မိမိကြီးက ကောလင်းလား 
စစ်ကိုင်းလားပဲ။ ကျွန်တော် လူလည်း မသိဘူး။ နံမည်လည်း 
မသိဘူး။ ဘယ်လိုမှ ဆုံစရာ အကြောင်းလဲ မရှိဘူး။

MMA ။	။ ပြီးတော့ ၂၆ ရက်နေ့ ထုတ်လိုက်တဲ့ စည်းကမ်း
ချက်ကကော ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ ဆရာထင်လား။ ဘယ်လိုမြင်သလဲ ပြောပေးပါဦးခင်ဗျ။

TZ  ။	။ အဲ့ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောလိုက်မယ်။ ကျွန်တော်
သာဆို အဲ့ဒီနေရာမှာ လုပ်ပိုင်ခွင့်ရတဲ့ အုပ်ချုပ်သူ တစ်ယောက်
ဆိုရင်အဲ့ဒီစာကို ကျွန်တော်အဲ့ဒီလို မရေးဘူး။ နယ်မှလာတဲ့ ကိုယ်စားလှယ်တော်တွေဟာ မိမိတို့နေအိမ် မိမိတို့ အဆောက်
အဦး အတွင်းမှာ စားလို့သောက်လို့ရတယ်။ ဆွေးနွေးတဲ့ အခါမှာ ရည်ရွယ်ချက် ရှိရှိနဲ့ ဆွေးနွေးတဲ့ ဟာမျိုး မလုပ်သင့်ဘူးဆိုရင် မကောင်းဘူးလား။ ခုနပြောသလိုဘဲ ရန်ကုန်ရောက်တုန်း 
ရောက်ခိုက်တော့ သွားလည်ကြ တာမျိုးတော့ လုပ်ကြမှာပဲ။ 
ညအိပ်ကြမှာပဲ။ တိုင်းရွေးပွဲတုန်းကတောင် အဲ့သလို လုပ်ကြ
တယ်လို့ ကြားမှာပဲ။ ခုအရွေးခံရတဲ့ သူတွေအိမ်ကို သွားအိပ်ကြတယ် ပြောတာပဲ။ ဆရာတို့ကတော့ အစ
ကတည်းက ဘာသာရေးလည်း လုပ်တော့ အန္တရာယ်ရဲ့ 
အငွေ့အသက်ကို ကြိုမြင်တယ်။ အဲ့ဒါကြောင့် ရှင်လောင်းပြုခါနီး ရှင်လောင်းလိုနေတယ်။ အမြင့်မတက်နဲ့ ၊လျှောက်မသွားနဲ့ 
ဆိုသလိုမျိုးပေါ့။ ဟိုသွားဒီသွား အဲ့လိုမျိုးလည်း မလုပ်ဘူး။ 
အဲ့လိုမျိုးလို့ လားလည်း မသိဘူး ဘလိုင်းကြီး ဝင်ခွတ်တာပဲ။ 
ကျန်တဲ့ သူတွေနဲ့လည်း မသိဘူး။ ဆရာဦးခင်မောင်ဝင်းနဲ့
လည်း နီးစပ်တဲ့ စကားလုံးမျိုး မပြောဖူးဘူး။ ရှင်းရှင်းပြော
ရရင် မတွေးမိတဲ့ အကြောင်း အရာတွေဗျ ဒါတွေက။ 
ရယ်တော့ ရယ်စရာ ကောင်းတယ်ဗျ။

MMA ။	။ သူတို့ ကြေညာချက်ထဲမှာ ခိုင်လုံတဲ့ အကြောင်း
ပြချက်လို့ ပါတယ်ဗျ။ အဲ့ဒါကိုကော ဆရာက ဘာကိုပြောတာ
လို့ ထင်သလဲခင်ဗျ။

TZ  ။	။ အဲ့ဒါကတော့ ကျွန်တော် ရည်ညွှန်းလိုက်မယ်။ တစ်ချို့ ဖေ့ဘွတ်မှာ ရေးတယ်ဗျ။ တစ်ယောက်က ရေးတယ်
နိုင်ငံရေး လက်ဦးမှုယူတယ်။ နောက်တစ်ယောက်က 
ရေးတယ် နိုင်ငံရေးလုပ်ကြံမှု အသေးလေးလို့ ရေးတယ်ဗျ။ ဒီနေ့မနက်တွေ့တာက တပ်မတော်ထဲက ဗိုလ်ကြီးဟောင်း 
တစ်ဦးက လုပ်တယ်လို့ အသံထွက်လာတယ်။ သူကစေခိုင်း
လို့ ဗဟိုလူငယ်က အခမ်းအနား လုပ်တဲ့နေရာကို ဓာတ်ပုံ
ရိုက်ပြီး ယူလာတယ်။ ဓာတ်ပုံ အထောက်အထား 
ယူလာတယ်လို့ ကြားတယ်။

MMA ။	။ ဆရာပြီးတော့ NDFက ဝင်လာကြလို့ လို့လည်း
သတင်းတွေက ထွက်နေတယ်ဗျ။ အဲ့ဒါကကော။

TZ  ။	။ အင်းလေ ဒီမိုကရေစီ ခေတ်မှာက ရာနှုန်းပြည့်ဆိုတာ
မရှိပါဘူး။ ဒီမိုကရေစီဆိုတာ ဆန့်ကျင်ဖက်က ရတဲ့ အတွေး
အခေါ် အယူအဆ၊ ဆန့်ကျင်ဖက်က ထောက်ပြတဲ့ 
အကြောင်း အရာတွေကို ကိုင်စွဲပြီးတော့ ရိုးပလေး 
လုပ်တဲ့ အဖွဲ့အစည်းပေါ့ ဒါလည်းမှန်ပါတယ်။ ဆရာ
ဥပမာတစ်ခုပြောမယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်က 
ဘာပြောထားသလဲ။ သူတစ်ခုပဲ ကန့်သတ်ထားတယ်။ 
သူတို့ပါတီက ထွက်သွားတဲ့သူ ပြန်ဝင်လာရင် လက်
မခံဘူးလို့။ ဒါမူပဲ သူပြောထားတာ။ အဲ့ဒီမှာ ဒေါ်စုပြော
ထားတာ ရှင်းတယ်။ ဘယ်ပါတီက လာလာ လက်ခံမယ်။ 
နောက်ဆုံးကြံ့ခိုင်ရေးက လာမယ် ဆိုရင်တောင် လက်ခံမယ်။ 
အဲ့ဒီအချိန်မှာ ဘာမဟုတ်တဲ့ ချစ်တီးခေါင်း သန်းရှာလို ပါတီ
ဝင်၁၂သိန်း ရှိတယ်လို့ ကြေညာ ထားတာလေ။ ၁.၂သန်းရှိတဲ့ 
ပါတီမှာ လူတစ်ယောက်အပေါ် အဲ့လိုအာဃာဒ ထားစရာလား။
ခေါင်းဆောင ဆိုတာက ရပ်ကွက်ခေါင်းဆောင် မဟုတ်ဘူးလေ။ ဌာနချုပ်မှာ ခေါင်းဆောင် လုပ်တဲ့သူ တစ်ယောက်က ဒေါ်စုရဲ့ သဘောထားကို အကောင်အထည် ဖော်တဲ့နေရာမှာ လိပ်ပြာသန့်သန့် ဖြစ်ဖို့မိုဘူးလား။ တပ်မတော်က ဝင်လာလည်း 
သူတို့ လက်ခံမယ်လို့ ပြောတယ်။ ဗိုလ်မှူးကြီးတွေထဲက အယောက်
၅၀ ဝင်မယ်တဲ့ ဟာ ဒီကောင်တွေ တစ်သက်လုံး ငါတို့ကို
နှိပ်စက်လာတာ ရပ်ကွက်ထဲက မတက်စေနဲ့လို့ အဲ့လို
ညွှန်ကြားလို့ မရဘူးလား။ ဒ်ါစုက ပြောတယ် ဦးခင်မောင်ဝင်း ဝင်လာကတည်းက ဦးတင်ဦးကို အဘ ကာကွယ်ရေး 
ဦးစီးချုပ်တောင် ဒီမှာနာယက ဖြစ်နေသေးတာလို့။ သူပြောတာ ရှင်းတယ်လေ။ အရမ်းမျှတတယ်ကွ ငါတို့ခေါင်းဆောင်။ အရမ်းလေးစားဖို့ ကောင်းတယ်။

MMA ။	။ ဒါဆိုကော်မရှင်က လုပ်လိုက်တာ ဒေါ်အောင်
ဆန်းစုကြည် လုံးဝမသိနိုင်ဘူး ဆိုတဲ့သဘောပေါ့။

TZ  ။	။ ဥပမာ ရိုမီယိုနဲ့ ဂျူးလိယက်ကား ကြည့်ဘူးတယ်
မလား။ အဲ့ဒီမှာ အဆိပ်ဖြေဆေး ပေးမယ့် ဆရာက လားလေးနဲ့ 
သွားတယ်။ မင်းသားက မြင်းနဲ့ သွားတယ်။အဲ့တော့ အဆိပ်
ဖြေဆေးက နောက်ကြနေတယ်။ အဲ့တော့ မင်းသားက 
ပြန်နိုးလာမယ့် မင်းသမီးနားမယ် အဆိပ်သောက် သေသွား
တယ်။ ဒီအမိန့်တွေရဲ့ သဘာဝကလည်း အံ့သြစရာ 
ကောင်းတယ်။ ဆရာ့ဆီကို ရောက်တာက ၅ရက်နေ့ညက 
သတင်းထောက် တစ်ယောက် ဖုန်းဆက်တယ်။ အဲ့ဒါသိရင် ဖြေပါလို့ မေးတယ်။ မဟုတ်ဘူး ငါမသိဘူး။ 
အဲ့ဒီအချိန်မှာ အယ်ဒီတာက ခိုင်လုံတယ်။ အဲ့ဒီစာရွက် 
ကျွန်တော့ လက်ထဲ ရောင်နေပြီ လို့ပြောတယ်။ ငါ့လည်း 
ဖုန်းတစ်ယောက်မှ မဆက်။ ဖုန်းကြည့်တော့လည်း 
မသင့်တော်တဲ့ အချိန်ကြီး ဖြစ်နေတယ်။ ဖြစ်သင့် ဖြစ်ထိုက်
တာက ဒီစာက ထုံးစံအတိုင်း ဆိုရင် အနည်းဆုံးတော့ 
ဖုန်းလေးနဲ့ မမေးသင့်ဘူးလား။ နိုင်ငံရေးပါတီ ခေါင်းဆောင်
ပိုင်းမှာ ထိုင်နေတဲ့ သူတွေနော်။ ကိုယ်တိုင် မပြောချင်
ရင်တောင် မောင်သန့်စင်လေး ကိုတော့ကွာ ဒီလိုဒီအကြာင်း
ပြောလိုက်ပါဦးဆိုရင် ငါဌာနချုပ်ကို ပြေးမှာပေါ့။ သွား
မေးမှာပေါ့။ စာထွက်လာလို့ ရှိရင်လည်း ရပ်ကွက်ကနေ ပို့ရင်နေ့ချင်း ရောက်ပါတယ်။ ခုတော့ ဖေ့ဘွတ်ပေးမှာ 
သွားတွေ့တယ်။ ဘယ်ကောင်က တင်လိုက်တယ် 
မသိဘူး။ အမှန်မယ် ကော်ပီနဲ့ ငါးဆောင် ထွက်ရင်တောင်
ရောက်ရမှာလေ။ လျှို့ဝှက် အဆင့်တော့ မဟုတ်ပါဘူး။ 
အတွင်းစည်း မီဒီယာကို ပေါက်ကြားတယ် ဆိုတော့ ဂုဏ်
သိက္ခာကို မထိခိုက်ဘူးလား။ အထူးသဖြင့် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ လုပ်ငန်းတွေပေါ်မှာ နေတဲ့ သူတွေက ဒေါ်စုကို အရမ်းချစ်ခင် မြတ်နိုးနေတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်း
ပြောရရင် နိုင်ငံရေးအရ သေသွားအောင်ရယ် အသက်
အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဒေါ်စုချစ်တဲ့ ကောင်တွေက 
ဒီကောင်တွေ တိုင်းပြည်ဖျက်မဲ့ ကောင်တွေ ဒေါ်စုဖြုတ်ချမဲ့ 
ကောင်တွေဆိုပြီး မထုဘူးလို့ ပြောနိုင်သလား။ ဒေါ်စုရဲ့ 
အင်းမေ့ ပါတီရဲ့ရိုက်ခတ်မှုကိုလည်း သိရဲ့သားနဲ့ အဲ့ဒါကြီးနဲ့ 
ကိုင်ရိုက်တာ အန္တရာယ်ရှိတယ်။ ဌာနချုပ်မှာ နေပြီးတော့ ဒါမျိုး 
လုပ်စရာလား။ ဒါပေမဲ့ သိသိရဲ့နဲ့ တမင်တကာ သေဟဲ့ဆိုပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တယ်။

MMA ။	။ အဲ့ဒါတွေကို ဆရာ့နေနဲ့ ဘယ်လို တုန့်ပြန် 
သွားမလဲခင်ဗျ။

TZ  ။	။ အေး အဲ့ဒါငါက တရားမျှတမှုကို လိုချင်တဲ့ဗျ။ အဲ့ဒီ 
NLD ဌာနချုပ်က လူကြီးတွေ ခေါ်ယူတွေ့ ဆုံစေချင်တယ်။ 
ငါတင်ပြတာကို နားထောင် စေချင်တယ်။ ပြီးလို့ရှိရင် အမြင့်
ဆုံး ပြောရရင် အမေ့ကို တွေ့ချင်တယ်ပေါ့။ ငါမနေ့ကတော့ 
မတွေ့ဘူးလို့ မီဒီယာသမားတွေ အယောက်၃၀လောက်ကို
ပြောလိုက်တယ်။ စိတ်ဆိုးနေလို့။ တွေ့ရအောင် ပြောရင်တော့ 
တွေ့ချင်တယ်

MMA ။	။ အခုလို အခြေအနေကို ဘယ်လို သုံးသပ်
မလဲဆရာ။

TZ  ။	။ အကျိုးဆက်က ၃ခုဖြစ်သွားမယ်။ တစ်အချက်က 
ကာယကံရှင်ဖြစ်တဲ့ စိတ်စေတနာ ကောင်းကောင်းနဲ့ လာပြီးပေါင်းစည်း ပေးတဲ့သူတွေ နင့်မွန်းသွားမယ်။
နှစ်အချက်က ပြည်သူကြားမှာရှိတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုတွေ နှစ်မျိုး ဖြစ်သွားနိုင်တယ်။ ငါတို့ကို
မုန်းတီးပြီးတော့ ပိုပြီးတော့ ဆန့်ကျင်ဖက် အုပ်စုပေါ်
လာသလို ငါလုပ်တဲ့ အမှန်တရားကို သိတဲ့ ထောက်ခံ
ပေးတဲ့ အုပ်စုတစ်စု ဖြစ်လာမယ်။ အဲ့ဒီအုပ်စုနှစ်စုက 
ပါတီဝင်တွေ ဆိုတော့ နှစ်ခုကွဲ မသွားနိုင်ဘူးလား။ 
အဲ့ဒါတွေကို ငါတို့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်သင့်တယ်။

MMA ။	။ ခုဆရာ့ဖက်က သူတွေက ဆန္ဒပြဖို့ လုပ်နေပြီ
ဆိုတော့ ဘယ်လိုလုပ်မလဲ။

TZ  ။	။ အဲ့ဒါကတော့ ဒီမိုကရေစီ လူ့ဘောင် ဒီမိုကရေစီ 
ခေတ်ကိုရောက်နေပြီဆိုတော့ ငါလည်း မတတ်နိုင်ဘူး။

MMA ။	။ အခုလိုမျိုး ဆုံးဖြတ်ချက်တွေက ၂၀၁၅ကို 
အကျိုးသက်ရောက် သွားစေနိုင်လားခင်ဗျ။

TZ  ။	။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့က နှစ်ပိုင်းရှိတယ်ဗျ။ ဒါက ရောဂါဖြစ်သွားပြီ ကုသဖို့နည်းလမ်းကတော့ အနာသိပြီဆိုရင် ဆေးရှိတာပေါ့။ အမြန်ဆုံး ပြုပြင်ပြောင်းလဲ
မယ်။ နည်းလမ်းတွေရှာပြီး ထိရောက်အောင် အသုံးချမယ်။
၂၀၁၅ ပြဿနာက ပြည်သူလူထုကို ဦးဆောင်မဲ့ တသားတည်း 
နားလည် ခံစားပေးမဲ့ လူထု ခေါင်းဆောင်တွေ ပေါ်လာဖို့ 
ခေါင်းဆောင်ကောင်း ထွက်လာဖို့ အဓိကပေါ့။ အဲ့ဒီလူတွေက 
အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ်ကို ကောင်းစွာ နားလည် 
ကျေညက်ထားမှ ရမှာလေ။ ပညာအရည် အချင်းနဲ့ ပြည့်စုံတဲ့ 
သူတွေကို စည်းရုံးသိမ်းသွင်း ရမှာလေ။ ခုဟာက စည်းရုံး
စရာမလို သလိုဖြစ်နေတယ်။ ဒါပေမဲ့ ဟိုနေ့က ဦးတင်ဦး RFAကို ပြောသလိုမျိုး ကျစ်ကျစ်လစ်လစ် ဖြစ်ဖို့ လိုတယ်
ဆိုရင် ငါတို့လေးယောက်က ဖောင်းပွနေလို့လား။

MMA ။	။ ဆရာအနေနဲ့ အခုလာ အရွေးချယ်ခံတဲ့ ကိုယ်စား
လှယ် ၉၀၀ထဲမှာ ဆရာတို့လေးရောက် လျော့သွားတဲ့ အတွက် ကျစ်လစ်သွားတယ်လို့ ခံစားရပါလားဗျ။

TZ  ။	။ အဲ့ဒါက ဟာသဖြစ်သွားပြီ ။ အဲ့လိုတွေးရင်တော့ 
ဟုတ်တယ်။ NLD ကြီး ကျစ်လစ်ခိုင်မာဖို့ ဦးသန့်ဇင်၊ ဦး
ခင်မောင်ရှိန်၊ ဦးခင်မောင်ဝင်း၊ ဒေါ်မိမိကြီးတို့ကို ကန်တုတ် လိုက်ပါတယ်ဆိုရင်  ကျစ်လစ်ခိုင်မာဖို့ အတွက် နောက်ထပ် ဘယ်လောက်များ လုပ်ဦးမလဲဆိုတာ အဲ့ဒီ တက်နေတဲ့
သူတွေကလည်း ဖုတ်လှိုက်ဖုတ်လှိုက် ကိုတက်နေကြ
ရမှာပဲ ကြောက်ကြောက် လန့်လန့်နဲ့ ။ ကျစ်လစ်အောင် ဒီနေ့လေးယောက်၊ နောက်နေ့လေးဆယ် ထပ်ဖြူပ်ရင် ထပ်ဖြုပ်နေဦးမှာ ပြောလို့မရဘူး။ နောက်တစ်ခုက 
ရန်ကုန်မှာ ခရိုင်ဥက္ကဌလောက် ကောင်ကိုတောင် 
ငါတို့ဖြုတ်လိုက်တာ မင်းတို့ငြိမ်ငြိမ်နေ၊ ငါတို့ ဖောမက် 
ချတဲ့အတိုင်း လိုက်ဆိုပြီး ဒါဒီမိုကရေစီကို အနိုင်ကျင့်တာ။ 
ဒီမိုကရေစီကို တန်ဖိုး မရှိအောင် လုပ်တာဗျ။ ဒီမိုရေစီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင်လုပ်
တာကွ ငါအဲ့လိုမျိုးကို မြင်တယ်။

MMA ။	။ ဘာများ ဖြည့်ပြောချင် ပါသေးလဲ ခင်ဗျ။

TZ  ။	။ ပြောရရင်တော့ ငါတို့နဲ့ မင်းတို့မီဒီယာ သမားတွေ
ကြားမှာ ပြည်သူလူထု တမ်းတနေတဲ့ အမှန်တရားတွေ 
ပေါ်ဖို့ ငါတို့ကလည်း မှန်မှန်ကန်ကန် ရပ်တည်ပြီးတော့ 
အမှန်ကို ထုတ်ဖော်ရဲတဲ့ သတ္တိနဲ့ ပြည်သူကို ဦးဆောင်ရမယ်။ မီဒီယာသမားကလည်း တစ်ချက် ကလေးမှ မမှားဘဲ 
ပြည်သူကို တင်ဆက်နိုင်ရမယ် အဲ့ဒါလေးတော့ လုပ်ပေးပါလို့ ပြောချင်ပါတယ်။

MMA ။	။ အခုလို ဖြေကြား ပေးတဲ့အတွက် ကျေးဇူး
အများကြီး တင်ပါတယ်ခင်ဗျ။

အောင်သိုက်

မတ်လ(၈)ရက်နေ့တွင် စတင် ကျင်းပသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်း
ပရာတွင် အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထား သည်ဟုဆိုကာ ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသော ကိုယ်စားလှယ် လေးယောက်တွင် ပါဝင်သော “ဒီမိုကရေဒီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင် လုပ်လိုက်တာ ကွ ငါအဲ့လိုမျိုးကိုမြင်တယ်” ဟုဆိုသူ ရွှေပြည်သာ မြို့နယ်မှ ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးခင်မောင်ဝင်းအား မြန်မာ့ခေတ်မှ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

စိုးသူ၏ Past&Present အခမဲ့လက်မှတ်များ Call Center 1876 Hotline တွင် Register လုပ်နိုင်ပြီ

စိုးသူ၏ Past&Present အခမဲ့လက်မှတ်များ
 Call Center 1876 Hotline တွင် Register လုပ်နိုင်ပြီ

ရန်ကုန်-မတ်၉
မတ်၃၀ရက်တွင် ဖျော်ဖြေမည့်အဆိုတော်စိုးသူ၏ Past&Present
လက်မှတ်များကို Call Center 1876 Hotline တွင် Register လုပ်နိုင်ပြီဖြစ်ကြောင်းသိရသည်။

အခမဲ့လက်မှတ်များကို MRTV 4 Digital Showroom၊city mart  ဆိုင်များအားလုံးနှင့် yangon call center(ဟံသာဝတီအ၀ိုင်းအနီး)တို့်တွင် ရယူနိင်ပြီး အသေးစိတ်သိလိုပါကHote line phone 1876သို့ မေးမြန်းနိင်သည်။

ရန်ကုန်-မတ်၉
မတ်၃၀ရက်တွင် ဖျော်ဖြေမည့်အဆိုတော်စိုးသူ၏ Past&Presentလက်မှတ်များကို Call Center 1876 Hotline
တွင် Register လုပ်နိုင်ပြီဖြစ်ကြောင်းသိရသည်။

နေပြည်တော်မှာ အမှတ်တမဲ့တွေ့လိုက်ရတဲ့ .နောက်ပြန်လှည့် ကြည့် နေတဲ ဒေါင်းရုပ်ပုံဆောင်း

မိုးမခအထောက်တော်  နေပူတော် ရောက်ခဲ့ စဉ်..။နိုင်ငံခြားဧည့် သည်တော်တွေကို ဧည့် ခံတဲ့  ဇဘူသီရိ ခန်းမကြီးထဲက ဒေါင်းရုပ်ပုံစောင်း..တဲ့ ခင်ဗျ..း)စောင်းနေတဲ့  ဒေါင်းရုပ်လား..နောက်ပြန်လှည့် ကြည့် နေတဲ့   ဒေါင်းလည်ပြန်လား..။မိုးမခအထောက်တော်တော့  ဒီဒေါင်းမျိုး ခုမှ မြင်ဘူးလို့  ရှယ်ပါတယ်..။ယကြာချေတာတော့   ဟုတ်ထင်ပေါင်ဗျာ..။ကျုပ်တို့   အဆိုးရ  ဒါမျိုး  ဘယ်တုံးက  လုပ်ဖူးလို့ တုံးဗျ..း)))

မိုးမခအထောက်တော် နေပူတော် ရောက်ခဲ့ စဉ်..။နိုင်ငံခြားဧည့် သည်တော်တွေကို ဧည့် ခံတဲ့  ဇဘူသီရိ ခန်းမကြီးထဲက ဒေါင်းရုပ်ပုံစောင်း..တဲ့ ခင်ဗျ..း)စောင်းနေတဲ့  ဒေါင်းရုပ်လား..နောက်ပြန်လှည့် ကြည့် နေတဲ့  ဒေါင်းလည်ပြန်လား..။

တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦး ထွက်ပြေးမှု အလုံရဲစခန်းတွင်ဖြစ်ပွား

တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦး ထွက်ပြေးမှု အလုံရဲစခန်းတွင်ဖြစ်ပွား

အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မတ် ၈ ရက်က တွေ့ရစဉ်
အလုံမြို့နယ် ရဲစခန်းအတွင်း တာဝန်ထမ်းဆောင်စဉ် ရဲတပ်သားတစ်ဦး ထွက်ပြေးမှု ယနေ့ မတ် ၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ၎င်းစခန်းမှ သိရသည်။

ယင်းနေ့တာဝန်ကျ ရဲတပ်သား တစ်ဦးက “ထွက်ပြေးသွားတာ ရဲတပ်သားတစ်ဦးပါ။ အခုတော့ ရှာဖွေနေတုန်းပါ” ဟုသာ ဖြေကြားသည်။
ယခု ထွက်ပြေးသွားသူ ရဲတပ်သားနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်ကို အလုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက် မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူ မရှိသဖြင့် မဖြေဆိုနိုင်ကြောင်း တာဝန်ကျ ရဲတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသော ရဲပြေးစာရင်းတွင် ယခုဖြစ်စဉ် မတိုင်မီ အလုံမြို့နယ် ရဲစခန်းမှ ထွက်ပြေး ရဲတပ်သား ခုနစ်ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group
အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက
ို မတ် ၈ ရက်က တွေ့ရစဉ်
အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မတ် ၈ ရက်က တွေ့ရစဉ် အလုံမြို့နယ် ရဲစခန်းအတွင်း တာဝန်ထမ်းဆောင်စဉ် ရဲတပ်သားတစ်ဦး ထွက်ပြေးမှု ယနေ့ မတ် ၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ၎င်းစခန်းမှ သိရသည်။

ဆလွန်းကားတစ်စီး ရှေ့ဘီးကျွတ်ထွက်ကာ ကန်တော်ကြီးဥယျာဉ် ခြံစည်းရိုးကို ၀င်တိုက်သည့်အပြင် သစ်ပင်ကိုပါ ထပ်မံတိုက်မိ

ဆလွန်းကားတစ်စီး ရှေ့ဘီးကျွတ်ထွက်ကာ ကန်တော်ကြီးဥယျာဉ် ခြံစည်းရိုးကို ၀င်တိုက်သည့်အပြင် သစ်ပင်ကိုပါ ထပ်မံတိုက်မိ
Re-Post By ACM 9-3-2013

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အနီးတွင် ဆလွန်ကားတစ်စီး အရှိန်လွန်ကာ ရှေ့ဘီးကျွတ်ပြီး ကန်တော်ကြီး ဥယျာဉ်ခြံစည်းရိုးကို ၀င်တိုက်ခဲ့သည့်အပြင် သစ်ပင်ကိုပါ ထပ်မံဝင် တိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မတ် ၉ ရက်၊ နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တို့ အဆိုအရ သိရသည်။
ဆလွန်းကားသည် ကန်တော်ကြီး ပန်ကန်းလုံးကျွန်းဘက်မှ ဦးထောင်ဘို အ၀ိုင်းဘက်သို့သွားမည့် လမ်းကြောအတိုင်း မောင်းနှင်လာရာမှ  ကန်တော်ကြီးဥယျာဉ်၏ ခြံစည်းရိုး သံတိုင်များကို ၀င်ရောက်တိုက်မိသည့်အပြင် ကန်တော်ကြီးအတွင်းရှိ သစ်ပင်အားထပ်မံ တိုက်ခဲ့ပြန်သည်။
အဆိုပါ ဆလွန်းကားအဖြူ ရောင်( အ/----)၏ ညာဘက် ဒရိုင်ဘာအခြမ်းရှိ ရှေ့ဘီးနှင့် နောက်ဘီးတို့ ကျွတ်ထွက်သွားပြီး ဘီးအလွိုင်းများလည်း ကျိုးပဲ့သွားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲအုပ်နေကျော်စိုးက ''ယာဉ်ပိုင်ရှင်ကို ရှာရမှာပေါ့။ကားတစ်စီးလုံးကျန်ခဲ့တာ ပြန်လာလောက်မှာပါ။ ယာဉ်ပိုင်ရှင်က ကာယကံရှင်ကို ကျေနပ်အောင် ပြုလုပ်ပေးမယ်ဆိုရင် အရေးယူ ဆောင်ရွက်ဖို့မလိုလောက်ပါဘူး'' ဟု အခင်းဖြစ်ပွားရာနေရာတွင် ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဆလွန်းကားနှင့် သက်ဆိုင်သူများက လက်ရှိတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီနှင့် ဖြေရှင်း ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲအုပ်နေကျော်စိုးက ပြောသည်။


အေးချမ်းမွန် Credit to >>http://www.news-eleven.com<< Thank

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အနီးတွင် ဆလွန်ကားတစ်စီး အရှိန်လွန်ကာ ရှေ့ဘီးကျွတ်ပြီး ကန်တော်ကြီး ဥယျာဉ်ခြံစည်းရိုးကို ၀င်တိုက်ခဲ့သည့်အပြင် သစ်ပင်ကိုပါ ထပ်မံဝင် တိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“လမ်းပေါ်က ဂဲလုံးကောက်တဲ့ နိုင်ငံရေးမျိုး လုပ်ဆိုလည်း လုပ်မယ်” ဟု NLDပါတီတွင်သာ နိုင်ငံရေးလုပ်မည်ဆိုသည့် ဒေါ်မိမိကြီးနှင့် တွေ့ဆုံခြင်း

“လမ်းပေါ်က ဂဲလုံးကောက်တဲ့ နိုင်ငံရေးမျိုး လုပ်ဆိုလည်း
လုပ်မယ်” ဟု NLDပါတီတွင်သာ နိုင်ငံရေးလုပ်မည်ဆိုသည့်
ဒေါ်မိမိကြီးနှင့် တွေ့ဆုံခြင်း
Saturday, March 9, 2013

ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဌ ရာထူးမှ ဖြုတ်ချမည့်
သူများ ရှိနေသည်ဟု သတင်းများ ကြားရချိန်တွင် ကာကွယ်
ရန် အသင့်ပြင်ထားသည်ဟု ဆိုသော်လည်း ဗဟိုညီလာခံ
ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံလိုက်ရသူ များတွင် ပါဝင်၍ ကိုယ့်ကိုကို သေကြောင်း ကြံစည်ရန်ပင် တွေးမိသော်လည်း အမှန်တရားအား ဖော်ထုတ်မည်ဟု ပြောသော စစ်ကိုင်းတိုင်း
ဒေသကြီး ကောလင်းမြို့နယ် ဗဟိုညီလာခံ ကိုယ်စားလှယ်
ဒေါ်မိမိကြီးနှင့် မြန်မာ့ခေတ်မှ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

MMA ။ ။ အန်တီ ဘယ်နှခုနှစ်လောက်က စပြီး

NLDပါတီထဲကိုဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ
ဖြစ်ခဲ့တာလဲခင်ဗျ။

MMK ။ ။ အမေစုနဲ့ လက်တွဲခဲ့တဲ့ သက်တန်းဆိုရင် ၈၉ခု။
အန်တီက ၈၈တုန်းက အရေးအခင်းတုန်းက ကောလင်းမြို့နယ် အရေးအခင်း ခေါင်းဆောင်။ ကျောင်းသားခေါင်းဆောင်။ အန်တီ
မိဘတွေကို ဝန်ထမ်း ဝန်ထမ်းသားသမီးက နိုင်ငံရေး လုပ်ရမ
လားဆိုပြီး ၂၄နာရီ အတွင်း မီးရထားကနေ အန်တီမိဘတွေ
နှင်ထုတ်ခံ လိုက်ရတာ။ မီးရထားဝန်ကြီး ဌာနကနေပေါ့နော်။ အန်တီမိဘတွေက ဝန်ထမ်းဆိုတော့ အိမ်တွေယာတွေ မရှိ
သေးဘူးပေါ့ကွာ။ မရှိတဲ့ အခါကျတော့ အန်တီရဲ့ အဖေက
အန်တီကို ဘယ်လိုပြောလဲဆိုတော့ နင်မတောက် တခေါက်နဲ့
နိုင်ငံရေးလုပ်လို့ ငါ့ဘဝကမြို့ဝန်တို့ ဘာတို့ဖြစ်နိုင်တယ်။
ငါမီးရထား ဝန်ထမ်းကို ဝါသနာ ပါလွန်းလို့ ပြာကျုံးဘဝကနေ စက်ဗိုလ်ဘဝ ရောက်အောင် လုပ်ခဲ့ရတာ နင်မတောက်တခေါက် လုပ်တဲ့နိုင်ငံရေးကြောင့် အခုငါတို့မိသားစု မောင်းထုတ်ခံရပြီ
နင့်ဘာသာနင် ဖာမဖြစ်အောင် နင့်ဘာသာ နင်နေခဲ့ နင့်ကို ကျန်တဲ့ နေရာခေါ်သွားလို့ မရဘူးဆိုပြီး အဖေက။ ညီမလေး
တွေကလည်း ငယ်ငယ်လေးတွေ ရှိသေးတယ်လေ။ အန်တီ
ကို ခေါ်သွားရင် ထပ်ဖြုပ်မှာလေ ။ အစ်ကိုတွေကလည်း
ဝန်ထမ်းတွေ ။ အဖေက နိုင်ငံရေးလုပ်တာ မကြိုက်ဘူး။
လုပ်တယ် ဆိုတာကလည်း စစ်ကိုင်းတိုင်းက သူရကျော်စွာ
က အန်တီတို့ ကျောင်းသားတွေကို မတရားသဖြင့် စစ်ကိုင်းမြစ်ထဲကို မျှောချတာ။ ရေကူုးပြီးတက်လာတဲ့ မသေမရှင်တွေကို သေနပ်တွေနဲ့ ပစ်ချ။ အဲ့ဒါတွေကို ဟိုး
ငါးပိုက်တွေမှာမိ။ အဲ့ဒီတောင်ပုံရာပုံ ဖင်ကျွတ်ခေါင်းကျွတ်
အဲ့ဒီငါးပိုက်မှာ မိနေတဲ့ ပုံတွေကို အန်တီတို့ စစ်ကိုင်းတို့
ကောလင်းတို့ အထက်ဗမာပြည်ကို ပို့ခဲ့တာ။ ပို့ခဲ့တော့
အန်တီတို့ အြ့ဒါတွေကိုကြည့်ပြီး ငိုတာပေါ့။ အန်တီမှာနိုင်
ငံရေး မျိုးရိုးမရှိဘူး။ ဒါပေမဲ့အန်တီ အဘွားက ဗိုလ်ချုပ်တို့နဲ့
အတူတူ တိုက်ပွဲဝင်ခဲ့တာ မော်ခွန်းဝင် ပထမ။ ဒေါ်ခင်ကြည်တဲ့
သေသွားပြီ။ နိုင်ငံရေးလုပ်ရင်းနဲ့ ၉၇မှာသေသွားတယ်။
အန်တီက အန်တီအဘွားရဲ့ စိတ်ဓာတ် ပေါ့နော် ။ အဲ့ဒါနဲ့
နိုင်ငံရေး ထလုပ်မိရော လုပ်မိရင်းနဲ့ မိသားစု မောင်းထုတ်ခံ
ရတော့ ကောလင်းမြို့နယ်က ဒီကောင်မလေးက ဒီလို
ဒီလိုရှိတယ်ဆိုပြီး လယ်သမားကြီး ဦးကံကြီး အိမ်မှာ
နေထားခဲ့ရတာ။ ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနား
ခရီးစဉ်လာတော့ အန်တီမြို့နယ်က လူကြီးတွေက
ပြောတော့ အန်တီ ၈၉ခုနှစ်မှာ ကောလင်းမြို့နယ်မှာ
ပထမပဲ။ ကဒ်ပြားလည်းရှိတယ် ၈၉မှာစဝင်တဲ့။

MMA ။ ။ ဟုတ်ကဲ့ အဲ့ဒီအခါကျတော့။

MMK ။ ။ အဲ့ဒီအခါကျတော့ အမေစုက ဒီကလေးကို
ရန်ကုန်ကို ပို့လိုက်ပါဆိုပြီး ဒီခြံထဲမှာ နေရတယ်။ ဒီသူငယ်
ချင်းတွေနဲ့ စတွေ့တာပဲ။ ဒေါ်အေးအေးမာတဲ့ ။ဒီသူငယ်ချင်း
ကဆို အန်အယ်ဒီနှစ်ပတ် အစည်းအဝေးမှာ ဖမ်းလိုက်
သေးတယ်။ သူတို့အန်တီကို ကယ်ထားတာ။ ဒေါ်အေးအေးမာ
တို့ မိသားစုကနေ ။အဲ့လိုမျိုး အခက်အခဲတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတယ်။ စစကတည်းက ဘုန်းကြီးကျောင်းမှာ
နေရတယ်။ ဘယ်သူလိုက်ပို့ သလဲဆိုတော့ ဦးတင်ဦးကိုယ်
တိုင်က တာမွေ ပစ္စိမာရုံ ကျောင်းတိုင်ကို အန်တီိကို လိုက်
ပို့တယ်။ အန်တီက စစ်ကိုင်းတိုင်းလူငယ် တာဝန်ခံ၊ တိုင်း
ဆက်သွယ်ရေး တာဝန်ခံ ဆိုတာကို အမေစုကိုတိုင် လက်မှတ် ထိုးပြီး ပေးထားတာ။ ၂၀၀၀ခုနှစ်မှာ အန်တီကိုတာဝန်
ပေးတယ်။ အမေစုလုံခြုံရေးကို လေး၊ငါး၊ခြောက်နှစ်လောက် အန်တီလုပ်ရသေးတယ်။ ဒီလိုပဲ အမေစု လမ်းကြောင်းမှာ သွားရင်းလာရင်း ပြဿနာတွေတက်ရင် ဒီလိုပဲ အမေစုကို
ချစ်တဲ့စိတ်နဲ့ ဒိထောက်လှမ်းရေးတွေကို လက်မြန်ခြေမြန် ရိုက်တယ်နှက်တယ်။ ပြန်ချတာ ဖမ်းပြီဆီးပြီဆိုရင် အန်တီ
ထောင်ထဲအရောက် မခံနိုင်ဘူးလေ။ အန်တီ မိသားစုတွေ လာမတွေ့နိုင်ဘူးလေ။ အဲ့ဒီ ထောက်လှမ်းရေးတွေ ဘာ
တွေကို သွားတွေ ဘာတွေကြိုးအောင် ပါးတွေ နားတွေ
ချပြီးပြေးတာ။ အဲ့ဟာတွေကိုလည်း အမေစုကတော့
တာပါတယ်။ မတရားတာ မခံချင်တဲ့စိတ်နဲ့ လုပ်မိတယ်
ပေါ့။ အဲ့လိုနဲ့ တဖြည်းဖြည်းနဲ့ အန်တီက ၃၄နှစ် ပြည့်
တော့မယ်။ လူငယ် တာဝန်ကနေ လူကြီးတာဝန်။ တိုင်း
ဆက်သွယ်ရေး တာဝန်ကနေ ၂၀၀၇-၂၀၀၈ လောက်
ကျတော့။ အန်တီမှာ အဲ့ဒီ တိုင်းဆက်သွယ်ရေး တာဝန်ခံ
ဘဘဦးဝင်းတင်တို့ ဗဟိုဌာနချုပ်တို့က ပေးထားတဲ့
လက်မှတ်တွေရှိတယ်။ ခုထိပဲ။ ဒီညီလာခံကို ဖျက်ဆီးမယ်
ဆိုတဲ့ စကားကလည်း လွန်ခဲ့တဲ့ ခုနစ်ရက်လောက်ကကြားတာ။
အဲ့စကားက အန်တီ အိမ်မှာနေတဲ့ စစ်ကိုင်းတိုင်း လူငယ်
ကွန်ယက်က ကိုဌေးငွေဆိုတာက ပြောတယ်။ အန်တီသိလား ကျွန်တော်တို့ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချမဲ့
သူတွေရှိတယ်ဆိုတော့ ဟဲတော်ဘယ်လို လုပ်ကြမလဲ
ဆိုပြီးတော့ အမေ့အိမ်က အန်တီတို့သူငယ်ချင်းတွေ ဟယ်
ငါ့နှယ် လုပ်ကြပါဦးဆိုပြီးတော့ ငိုလည်းငို ။ ငါတို့ဝိုင်းဝန်း
ကာကွယ်ရအောင် ငါတို့ ဗဟိုလူငယ် ကွန်ယက်ထဲက ကဒ်တွေ တောင်းမယ်။ ငါတို့ အမေစုကို ဝိုင်းဝန်းကြမယ်
ဆိုပြီး အိပ်လို့လည်းမရ စားလို့လည်းမဝင် စိတ်တွေ ညစ်နေတာပေါ့နော်။ နောက်တော့ အန်တီ ညီလာခံ ကိုယ်စားလှယ် ကောလင်းက ရောက်တော့ စားဖို့ သိရိမင်္ဂလာ
ဈေးကို လူအယောက် ငါးဆယ်စာလောက် လျှောက်ဝယ်
တာပေါ့။ ပြန်လာပြီး ၃နာရီလောက်လဲကြာတော့ ကြားရော။
အန်တီရင်ထဲမှာ မခံစားနိုင်တာ မခံစားနိုင်တာ သားရယ်
ခေါင်းကို မိုးကြိုး ပစ်လိုက်တဲ့ အတိုင်းပဲ။ ရင်ထဲမှာ လဲမ
ကောင်းဘူး။ အရမ်းစိတ် ထိခိုက်ပြီးတော့ ငိုတာ ငိုတာ။
အန်တီကို အဲ့ဒီ ကြေညာချက်ကြီး ထုတ်လိုက်တယ်
ဆိုတော့။ ဒီကြေညာချက်ကြီးထဲ အန်တီ နာမည်ပါတော့
ရင်ထဲမှာ မကောင်းဘူး။ ပစ်သေချင်တာ အဆိပ်
သောက်မယ်။ ချက်ချင်းငါ့ကိုငါ သတ်သေမယ် ဆိုပြီး။ အန်တီသူငယ်ချင်းတွေက စိတ်မကောင်းဘူး။ အန်တီ
တစ်ခုခုလုပ်လိုက်မှာ စိုးလို့လေ။ နောက်တော့ သူငယ်
ချင်းတွေက နင်အဲ့သလို လုပ်လိုက်ရင် ဟုတ်လို့ လုပ်
လိုက်တယ် ထင်မယ်။ မဟုတ်ကြောင်း ဖြေရှင်းကြတာပေါ့။ အမေစုနဲ့လည်း တွေ့ကြတာပေါ့။ အန်တီ ပောချင်တာ
သားရယ် ခုအန်တီကို ဒီလိုလုပ်တာကလေ ။လူငယ်အဖွဲ့က ကိုဌေးငွေက ပြောတယ်။ အန်တီရေ အမေစုက ကျွန်တော်
တို့ လူငယ်တွေကို တာဝန်ပေးတာ ကျွန်တော်တို့ လူငယ်တွေ သတင်းထောက်ပြီး တိုင်လိုက်တဲ့အခါမှာ အန်တီနာမည်
မပါဘူး။ ကျန်တဲ့သူ ၃ယောက်ပဲပါတယ်။အန်တီကို အပေါ်
ကနေပြီးတော့ ဟန်သာမြင့်တို့၊ ဦးတင်ဦးတို့က စောက်မြင်
ကတ် ပုဒ်မနဲ့ သူတို့ကနေ လုပ်တာတဲ့။ ရွေးတဲ့ ၉ယောက်က
လုပ်တာတဲ့။ ကျွန်တော်တို့ လူငယ်တွေ ဒေါ်စုက စုံစမ်းဆို
လို့ စုံစမ်းတာ အန်တီနာမည် လုံးဝမပါဘူးတဲ့။ ဒါကိုလည်း အမေစုနဲ့ တွေ့တယ်အခါ ကျွန်တော်တို့ ပြောမယ်တဲ့။ ဟိုနေ့
က ကဒ်ထုတ်တော့သွားပါတယ်။ အဘွားကြီးတွေကအစ
ငိုကြတယ်။ ငါ့သမီး မိမိ ဘယ်လိုဖြစ်တာလဲဆိုပြီး ဒါပေမဲ့
အန်တီမှာ ဒီလိုစိတ်ထား မရှိတာ လူတွေ သိတာကိုး။ အားလည်း ပေးကြပါတယ်။ ဒါကလည်း ဗဟိုက အပြီးအပိုင်
ထွက်ရတာ မဟုတ်ပါဘူး။ နောက်လည်း ပြန်အရွေးချယ်
ခံလို့ရပါတယ် ဆိုပြီးပြောကြတယ်။ သတင်းစာ ရှင်းလင်းပွဲတွေ ဘာတွေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက အန်တီ လုပ်ချင်ပေမဲ့
ကိုယ့်ပေါင်ကို လှန်ထောင်းသလိုဖြစ်မယ် ။ ပြဿနာတစ်ခုခု
တက်ရင် ၂၀၀၁၅အတွက်လည်း မကောင်းဘူး။ ပြီးတော့
ဒီလုပ်ရပ်တွေက ပါတီတွင်း ဒီမိုကရေစီ မရှိလို့ ကြီးနိုင်ငယ်
ညှင်းနော်။ အဲ့လိုတွေ ပုံစံတွေကြောင့် အန်တီကလေ နိုင်ငံ
ရေးလုပ်လာတဲ့ တစ်လျှောက်လုံးမှာ အမေ ဒေါ်အောင်ဆန်းစုကြည် နဲ့ဘယ်သူ့မှ မဖားတတ်ဘူး။ အန်တီရင်ထဲက စကားကို ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ အန်တီကို မတရား
သဖြင့်ပြောရင် အန်တီတိုင်းကို မတရားသဖြင့် နှိမ်ရင်
ဒိုးဒိုးဒေါက်ဒေါက် အန်တီမွေးရာပါ ဗီဇအတိုင်း ပြန်ပြီး
ပြောတတ်တယ်။ နောက်တစ်ခု ဘယ်လောက်အထိ
ပြောမလဲဆိုရင် လွန်ခဲ့တဲ့ နှစ်လပိုင်း နှစ်ရက်နေ့က
အန်တီရဲ့ အမေ့အိမ် ပညာဒါနကျောင်း ဂျာမဏီခရီးသွား
လုပ်ငန်းအဖွဲ့က လှူချင်တာ အဲ့ဒီလူတွေက ဂါရဝပြုဖို့ အဲ့ဒီလူတွေက တောင်းထားတယ်။ အမေစုက အအားဘူး
နေပြည်တော်မှာ။ လွှတ်တော်တက်နေတော့ အန်အယ်ဒီက
လူကြီးတွေက်ို ဂါရဝ ပြုမယ်ဆိုတော့။ အဲ့ဒါကို ဒေါ်မြင့်မြင့်စိန်
ဆိုတဲ့ အမျိုးသမီးကို အကူအညီ တောင်းတယ်။ အန်အယ်ဒီ
ဌာနချုပ်ကို လှူမယ်ဆိုရင် ဦးတင်ဦးက တွေ့မယ်။ နင့်
ကျောင်းကို အမေ့အိမ် ပညာဒါန ကျောင်းက လှူမှာဆိုရင် မတွေ့ဘူးလို့ ပြောတယ်။

MMA ။ ။ ဒါဆို အရင်ကတည်းက မပြေလည်တဲ့ အကြာင်း
တရားတွေ
ရှိခဲ့တာပေါ့။

MMK ။ ။ အန်တီ လိမ်မပြောဘူး။ ဒေါ်မြင့်မြင့်စိန်ကိုလည်း သွားမေးလို့ရတယ် အကုန်လုံး။ အဲ့ဒါနဲ့ ဂျာမဏီခရီးသွားတွေက
ရောက်လာရော ဘဘဦးတင်ဦးနဲ့ တွေ့တော့ အန်တီက ကိုယ်လည်း ဂျာမန်စကား မတတ်တော့ ပလိစ် ဘာညာဘာညာဆိုပြီး လှေကား အပေါက်ကို ခေါ်ရော။ အဲ့ဒီအခါ ကျတော့ လှေကားအပေါက်
စောင့်တဲ့ ကိုသန်းမိုးက ခင်ဗျားအပေါ် မတက်နဲ့ ခင်ဗျားကို
ဦးတင်ဦးက အပေါ်မတက်နဲ့တဲ့။ အန်တီကျောင်း ကော်မတီ
ဒေါ်အေးအေးမာ လည်းပါတယ်။ ဒေါ်သန်းသန်းဆင့်လည်း
ပါတယ်။ အဲ့ကျတော့ အန်တီလည်း အသက်က ၄၈နှစ်ရှိပြီလေ ရှက်သွားတာပေါ့။ ဟယ်လို့ ငါနဲ့ဘဘနဲ့ ဘာအညှိုး ရှိလို့လည်းပေါ့။
နေဦးလို့ အဲ့ဒီဘဘ ဆင်းလာကြည့် ခုတော့ ဧည့်သည်ရှိလို့ ဘာမှ မပြောသေးဘူး။ ဘဘဦးတင်ဦး ဆင်းလာရင်အန်တီမေးမယ်။
အဘ ဘာဖြစ်လို့ သမီးကို ဒီလောက် မုန်းနေရတာလဲ။ အဘ
ဒီNLDရုံးက အများပြည်သူ သွားလာနိုင်တဲ့ရုံး၊ ဒါစစ်တပ် မဟုတ်ဘူးလို့ပြောမယ်။ ပြောမယ်လို့ ဒါပေမဲ့လည်း ပြောခွင့်
မရပါဘူး။ အန်တီ သူငယ်ချင်းတွေကတော့ ဘာဖြစ်လို့ ဒီလိုပြောကြတာလဲပေါ့။ အန်အယ်ဒီရုံးကို လာရတာ
တဖြည်းဖြည်းနဲ့ ရဲစခန်းကြီး လာရတဲ့အတိုင်း ဖြစ်နပြီဆိုပြီး
ပြောနေကြတယ်။

MMA ။ ။ အကြောင်းကြားခဲ့တာမျိုးကောရှိလား။

MMK ။ ။ မကြားဘူး ခုအချိန်ထိ မကြားဘူး။ အကြောင်း
ကြားတာ မျိုးမရှိဘူး။

MMA ။ ။ ခိုင်လုံတဲ့ သက်သေရှိတယ်လို့ ပြောထား
တယ်ဆိုတော့ ဘာများဖြစ်မလဲဗျ။

MMK ။ ။ အဲ့လို ပြောရအောင်လည်း ဒါလေးပဲရှိတယ်
(လူစာရင်းစာရွက်)။ ကိုယ့်စစ်ကိုင်းတိုင်း ကကိုပေါ့နော်
လူတွေကို ဘယ်သူ့ ဘယ်သူကိုပေါ့။ အန်တီတို့က ၁၂၀ရှိ
တော့ ၁၁ယောက်၊ ၁၂ယောက် ရွေးပေးရမယ်လေ။
ကိုယ့်ဟာကို ကိုယ့်တိုင်းထဲက ရိုသေလေးစားတဲ့ သူ
တွေပေါ့။ ဘယ်သူမှလည်း မဝေဘူး။ အေးအဲ့ဒါလေးကို
ကိုဌေးငွေ ဆိုတဲ့ကလေးက ဦးမြင့်အောင်ကို စစ်ကိုင်း
တိုင်းက ကျွန်တော်ဒါကို ရာထားတယ်ပေါ့ ပို့လိုက်ကော။ ကိုယ့်အတွင်းတွင်ပေါ့ ။ အဲ့ဒီဟာကို အဲ့ဒီလူက ဗဟိုကို
ပို့လိုက်တယ်။ အဲ့ဒါရေးတာကလည်း ကိုဌေးငွေရေးတာ။
ဒါပေမဲ့ ကိုဌေးငွေမှာလည်း အပြစ်မရှိဘူး။ ကိုယ့်တိုင်းက
ကိုယ့်လူချင်းချင်း ယုံကြည်လို့ ဒီထဲမှာ ဖျက်ချမယ်။ ဥက္ကဌ
လုပ်မယ် တစ်ခုမှမပါဘူး။ စစ်ကိုင်းတိုင်းက ရိုသေလောက်
တဲ့ သူတွေ၊ ဒီစီစီမှာ လုပ်နိုင်လောက်တဲ့ သူတွေကို အန်တီက ရိုရိုသေသေ ရွေးထားတာ။ အဲ့ဒီလိုတော့ ကြားတယ်။ ဒါပေမဲ့ အဲ့ဒီလေးယောက်ထဲမှာ ရောပြီး ကျိတ်လိုက်တယ်။ ဘုရားစူး၊ ကြိုက်တဲ့ငရဲပေး။ ခုလေးယောက်နဲ့လည်း မတွေ့ဖူးဘူး။ အဲ့ဒီလေးယောက်နဲ့ ခေါ်တွေ့တာ အသံဖိုင်၊ ဗွီဒီယိုဖိုင် ၊
ဓာတ်ပုံရှိရင် အန်တီကို အန်တီ သတ်သေမယ်။

MMA ။ ။ ခုအဲ့ဒီအခါကျတော့ အန်တီအနေနဲ့ ဘယ်လို
ဖြေရှင်းတုန့်ပြန်သွားမလဲ။

MMK ။ ။ ဘယ်လို တုန့်ပြန်မလဲဆိုတော့ အန်တီမှ
မဟုတ်တာ။ အမေစုက ခေါ်မေးမယ်ပြောတယ်။ အန်တီ အမေစုကို ပြောမယ်။ အမေစုကို အန်တီရှင်းရှင်း လင်းလင်း
ပြောမယ်။ ဒါအန်တီ လုပ်ကြံခံရတာ။ အမေစု တာဝန်ပေးတဲ့ လူငယ်လေးယောက် တင်တဲ့အထဲမှာ အန်တီမပါဘူး ဆိုတာ
ကိုလည်း လူငယ်လေးယောက်က ပြောတယ်။ ဗဟိုက
ထည့်လိုက်တာတဲ့။ အမေစုကို သူတို့ပြောမယ်တဲ့။

MMA ။ ။ အန်တီအနေနဲ့ လုံးဝ မရည်ရွယ်ခဲ့ဘူးပေါ့။

MMK ။ ။ အမလေး အန်တီ တစ်ခါမှ မရည်ရွယ်ခဲ့ ပါဘူး
ကွယ်။ တစ်သက်လုံးမှလည်း မစဉ်းစား ပါဘူးကွယ်။ အန်တီ ဘယ်နေရာမှလည်း အရွေး မခံပါဘူးကွယ်။ အန်တီပညာလေး ဆယ်တန်းတောင် မအောင် ပါဘူးကွယ်။ ဒီမှာထည့်ထား
တာကလည်း သူတို့ဟာသူတို့ ထည့်ထားတာပါကွယ်။ အန်တီ
က လူငယ် ပညာတတ်တွေကို ရွေးချယ်ထားတာပါ။ အန်တီ ဆယ်တန်းတောင် မအောင်ပါဘူး။ နိုင်ငံခြား စကားတွေလည်း မပြောတတ်ပါဘူး။ ထည့်သာထည့်ထားလည်း စီစီထဲမှာလည်း
ပါမှပါမှာပါ။ မဲစနစ်နဲ့ ရွေးကြမှာကိုး။

MMA ။ ။ အကြောင်းကြားမှု တစုံတရာ မရှိဘူးဆိုတော့
ဒါဆိုရင် ပါတီတွင်းမှာကို ပွင့်လင်းမြင်သာမှု လိုအပ်တယ်လို့
ပြောလို့ ရပါသလား။

MMK ။ ။ ကျန်တဲ့သူတွေ အတွက်တော့ မပြောချင်ဘူး အန်တီအတွက်တော့ ပွင့်လင်းမြင်သာမှု မရှိလို့ကို ဘာမှလည်း
မလုပ်ရဘဲ ဒီလိုကြေညာချက်ကြီး ထုတ်လိုက်ရတော့ အန်တီ ဂုဏ်သိက္ခာတွေရော အန်တီ ညီကိုမောင်နှမ ဝန်ထမ်းတွေက
ကော ရှက်ရပါတယ်။ ဟိုလူကလာမေး ဒီလူကလာမေးနဲ့
အကုန်လုံး ရှက်ကုန်တယ်။ အန်တီ ညီမကဆို အစ်မ ဘယ်
လိုဖြစ်တာလဲ ဘုရားက ဟောထားတယ်။ မိမိကိုယ်ကိုချစ်ပါ
အစ်မက ကိုယ့်ကိုကိုယ် မချစ်လို့ နိုင်ငံရေးလုပ်လို့ ခုလိုဖြစ်
တာဆိုပြီး အပြောခံရတယ်။

MMA ။ ။ ဘယ်လိုများဆက်ရှင်းမလဲခင်ဗျ။

MMK ။ ။ အန်တီပြောမယ်။ အန်တီတို့ ပါတီ တစ်ခုလုံးမယ် ရိုသေလေးစားဆုံးက ဘဘနဲ့ အမေစုပဲရှိတယ်။ ကျန်တဲ့သူတွေကို ရိုသေလေးစားမှု မရှိကြပါဘူး။ အန်တီကို သတင်းစာ ရှင်းလင်းပွဲ လုပ်ခိုင်းကြတယ်။ ငါတတ်လည်း မတတ်ဘူး လုပ်လည်း မလုပ်ဘူးလို့ ပြောလိုက်တယ်။ မဟုတ်တဲ့အတွက်လုပ်စရာ
အကြောင်းလဲ မရှိဘူးလို့။

MMA ။ ။ အန်တီဘာများ ဖြည့်စွပ် ပြောချင်သေးလဲခင်ဗျ။

MMK ။ ။ အန်တီတို့ ပါတီကြီးက တစ်သက်လုံး ခိုင်မြဲ
သွားဖို့ ကြိုးစားရမှာလေ။ အမေစုကို ဝိုင်းဝန်းရမှာလေ။
နောက်ဒါမျိုးတွေ မဖြစ်အောင် ပါတီစည်းမျဉ်း စည်းကမ်းနဲ့
လည်း မညီဘူး။ လုပ်ထုံး လုပ်နည်းနဲ့လည်း မညီဘူး။ ပုဂ္ဂိုလ်ရေး အမြင်ကတ်တာနဲ့ပဲ။ အန်တီက စကားမပြောတတ်ဘူး။ အန်တီ
ကိုယ် အန်တီသိတယ်။ အဲ့ဒါကြောင့် နောက်နောင်ကို ဒီလိုမျိုး
ဖြေရှင်းချက်လည်းမပေး။ ဘာလည်း မမေးပဲနဲ့ လူတစ်ယောက်ရဲ့
ဘဝ ကိုဒီလိုမျိုး မရိုက်ချိုးပါနဲ့ပေါ့ အန်တီ ခံစားချက်ပေါ့။

MMA ။ ။ ဒီလိုမျိုး ပါတီတွင်း မညီညွတ်မှုတွေက ၂၀၁၅မှာ ဘာတွေဖြစ်လာနိုင်လဲခင်ဗျ။

MMK ။ ။ ရင်လေးတာပေါ့ သားရယ်။ အမေစုကို မချစ်လို့ အမေစုမျက်နှာကို မထောက်ကြလို့ ဒီလိုလုပ်ကြတာလေ။ အန်
တီ သူငယ်ချင်းတွေဆို ညီလာခံမှာ မပါကြဘူး။ အမေစုကို
ဝိုင်းဝန်းကြဖို့ ဒီကိုလာကြတာ။ အန်တီအိမ်မှာ ညီလာခံ ကိုယ်စားလှယ်တွေလည်းရှိတယ်။ တစ်ချို့လည်းသွားကြပြီ။ အထုတ်ခံရမှာ ကြောက်လို့။ အန်တီကလေ ဒီပါတီကနေ ဘယ်မှ
မပြောင်းဘူး မထွက်ဘူး။ ကျရာတာဝန်ကို ထမ်းဆောင်မယ်။

MMA ။ ။ အန်တီကို ပဂ္ဂိုလ်ရေးအရ ပြုလုပ်တာတွေ ရှိခဲ့
တယ်ဆိုတော့ ဘယ်တည်းက စပြီး သတိထားမိလဲဗျ။

MMK ။ ။ အောင်နိုင်ရေးမှာ ကတည်းက စပြီး အပြောခံ
ရတာ။ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ် အောင်နိုင်ရေး ဖွဲ့တော့မယ်ဆိုတော့ အန်တီတို့ စစ်ကိုင်းတိုင်းက ၁၄၈ယောက်က ကျရာတာဝန်ထမ်းဆောင်ကြမယ်ဆိုပြီး လာကြတယ်။ အန်တီ
နံပါတ်က ၁၅ ၊တင်လိုက်တယ် ပြီးသွားတော့ ဘယ်သူယူသွား
သလဲဆိုတော့ ဟိုတလောက ထွက်သွားတဲ့ ဗိုလ်မှူးကျော်ဆန်း
ရယ် လက်ရှိ ပြည်သူ့လွှတ်တော် ဒေါက်တာမြင့်လှိုင်က ယူ
သွားတယ်။ ဗဟိုတင်ဖို့ မူရင်းကို မိတ္တူကိုတော့ ထားခဲ့တာပေါ့။ ဗဟိုရောက်တော့ ဘလိုဖြစ်လဲဆိုတော့ အောင်နိုင်ရေးတွေ
ဖွဲ့တော့ အန်တီက ဘယ်မှ မပါဘူး။ အမေစုက ငါ့မကြိုက်လို့
မထည့်တာလို့ အန်တီစိတ်ထဲ ထင်ခဲ့တယ်။ တစ်နေ့ကျတော့
အန်တီ အိမ်ရှင် ဦးညွန့်ဝေ လက်ရှိ ပဲခူးတိုင်း စီအီးစီက
သမီးနင်ဘယ်မှ မပါပါလား။ နင်စစ်ကိုင်းတိုင်း မသွားဘူးလား။
သွားတာပေါ့ ဆိုတော့ ငါ့ကိုသက်သေ ပြလို့ပြောတယ်။
အန်တီလည်း စစ်ကိုင်းတိုင်း တိုင်းဥက္ကဌ ဦးမောင်မောင်ကို လှမ်းခေါ်ပြီးတော့ ပြောရတယ်။ ဒီစာရင်းကို တောင်းပြီးတော့
ပြရတယ်(ဗဟိုသို့တင်သော အောင်နိုင်ရေး လူစာရင်း)။
ရုံးကိုလိုက်ခဲ့ဆိုပြီး ဒီဟာကို ယူသွားတယ်။ ရုံးရောက်တော့ ရုံးပေးမှာတင်ထားတဲ့ ဦးဝင်းမြင့် ကိုပေးယူခဲ့စမ်းဆိုပြီး
တောင်းကြည့်တော့ အန်တီနာမည် မပါတော့ဘူး။ အဲ့ဒါနဲ့ ဒေါက်တာမြင့်နိုင်ကို ကဲအဲ့ဒါ ဘယ်လိုဖြစ်ရတာလဲ
ပြောဆိုတော့ အဘရယ် ကျွန်တော် ဖော်ကောင်ဘညွန့် လုပ်ပါ့မယ်ဆိုပြီးတော့ နင်ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ရင်တိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မလုပ်ရ
လည်းနေ ငါပြောမယ်ဆိုပြီး ပြောတာ ငါတို့နင်ပါတဲ့ ဒီစာရွက်ကို
ယူလာတော့ မန္တလေးမှာ ဦးအုန်းကြိုင် ဆီမှာအိပ်တယ်တဲ့။
အဲ့တော့ ဦးအုန်းကြိုင်ဆီက စာရွက်တောင်းပြီးတော့
ကျော်ဆန်းက နင်နာမည်ပါတဲ့ အပေါ်ဆုံးစာရွက်ကို ယူပြီးပြင်
တယ်တဲ့။ နင့်နာမည် ဖျက်ပြီး လက်မှတ်တွေ အတုထိုးတယ်တဲ့။
အဲ့ဒါကြောင့် နင်က အောင်နိုင်ရေးမှာ မပါတာတဲ့။ မပေးလည်း
နေ အန်တီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကို
ဘာတာဝန်မှ မရှိလည်း အောင်နိုင်ရေး အစကနေ အဆုံးအထိ
ကူညီတယ်။ ပြီးတော့ အန်တီတိုင်းက လူက ခရိုင်ဖွဲ့တော့
ဗဟိုက မဖွဲ့ရတော့ ခရိုင်မှာပါလာပြန်ရော။ အန်တီက မြို့နယ်တွေလိုက်ဖွဲ့ရတယ်။ မဖွဲ့ရတာ ဘန်းမော်နဲ့ ကသာပဲ
ရှိတယ်။ သူတို့တွေက ဦးမြင့်ကြည် မရှိလို့ဆိုပြီး အဖွဲ့
အခံပြန်ဘူး။ (၇)မြို့နယ်ရှိတာ(၅)မြို့နယ်ကို အန်တီတို့ဖွဲ့
ခဲ့တယ်။ ဘယ်သူကြွေးတာမှ မစားမသောက်ခဲ့ဘူး။
ရန်ကုန်လည်း အန်တီရောက်ရော ဒီလှိုင်းသတင်းစာမှာ ခရိုင်ဖွဲ့စည်းရေးမှာ ဒေါ်မိမိကြီး နာမည်ဖြုပ်ပြီး ကသာက
ဦးမြင့်ကြည်ဆိုတဲ့ နာမည်ထည့်တယ်။ ဘယ်မှလည်းမပါ
ဘာမှလည်း မလုပ်တဲ့သူက အဲ့ဒါ ဗဟိုကလုပ်တာ။
အန်တီကို နိုင့်ထက် စီးနင်းလုပ်တယ်။ အန်တီက ကဲနေပစေ ဆိုပြီး နေလိုက်ပြန်ရော။ ဒီအောက်ခြေ ရွေးချယ်ပွဲကြီး ဖြစ်တဲ့ မြို့နယ် ရွေးချယ်ပွဲကြီး နိုင်ငံလုံး အမေစုတောင် ဆင်းပြီး
ရွေးချယ်ခံတာ ဗဟိုဦးစီးက လုပ်လို့ မရဘူးဆိုပြီး အန်တီ
ကောလင်းမှာ သွားပြီး အရွေးခံတယ်။ အခွေလည်းရှိတယ်။
ရိုးရိုးသားသား တာလီခြစ်ပြီးတော့ ဝင်ရောက် အရွေးခံတယ်။
အန်တီက တတိယ မဲအများဆုံးနဲ့ ဗဟိုညီလာခံ ကိုယ်စားလှယ်
ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါမှာလည်း ခုအန်တီကို နီ်းခံနီ်းမှ
ဗဟိုညီလာခံ တက်ခါနီးမှ ၅ရက်နေ့က ထုတ်လိုက်တယ်။ ဒါဗဟို ဦးစီးစနစ် ခေါက်ရိုး ကြိုးစနစ် ကြီးနိုင်ငယ်ငြင်း စနစ်တွေ မပျောက်
သ၍ အန်တီတို့ ၂၀၁၅အတွက် NLD ပါတီကြီး အတွက်
ရင်လေးတယ်။ ဒါတွေအမေစု မသိဘူး။ တစ်ချို့ကိစ္စတွေက လက်လွန် ခြေလွန် ဖြစ်ပြီးမှ အမေစုသိတာ။ အန်တီက ၂၀၁၅တင်
မဟုတ်ပဲ ဒီပါတီကြီး ရှိနေသ၍ ပါတိကို လုံးဝသစ္စာမဖောက်၊ ဘယ်နေ၇ာမှမရလည်း ပေးတဲ့တာဝန်ကို ကိုယ့်အသိစိတ်ဓာတ်နဲ့
လုပ်သွားမယ်။ အမေစုက ပြောတယ်လေ လမ်းပေါ်က အမှိုက်၊
ဂဲတစ်လုံး ဖယ်ပေးလည်း ဒါနိုင်ငံရေးပဲ။ အဲ့လို နိုင်ငံရေးလည်း အန်တီလုပ်ရဲတယ်။ လုပ်နိုင်တယ်။

အောင်သိုက်
The Myanma Age

Saturday, March 9, 2013

ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဌ ရာထူးမှ ဖြုတ်ချမည့် သူများ ရှိနေသည်ဟု သတင်းများ ကြားရချိန်တွင် ကာကွယ် ရန် အသင့်ပြင်ထားသည်ဟု ဆိုသော်လည်း ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံလိုက်
ရသူ များတွင် ပါဝင်၍ ကိုယ့်ကိုကို သေကြောင်း ကြံစည်ရန်ပင် တွေးမိသော်လည်း အမှန်တရားအား ဖော်
ထုတ်မည်ဟု ပြောသော စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့နယ် ဗဟိုညီလာခံ ကိုယ်စားလှယ် ဒေါ်မိမိ
ကြီးနှင့် မြန်မာ့ခေတ်မှ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

ခေတ်သစ်သစ်ခုတ်သမား (ဟာသ)

ခေတ်သစ်သစ်ခုတ်သမား

 တရက်တွင် ဧရာဝတီမြစ်ကမ်း နဖူး ၌် ပေါက်နေသော သစ်ပင်ကြီး ၏ သစ်ကိုင်းတခု အား သစ်ခုတ်သမားက ခုတ်ချနေ၏။

ထိုစဉ် လက်ချော်ကာ ခုတ်နေသည့် ပုဆိန်မှာ မြစ်ထဲသို့ကျသွား၏။

ကျသွားသည့် နေရာကိုမှန်းဆ ကာ ရေငုပ်ရှာဖွေသော်လည်းမတွေ့ချေ။ အချိန်မှာလည်း မရှိတော့ ။နေ၀င်ချိန်သို့ပင်ရောက်ပေပြီ။

နောက်ဆုံး စိတ်ဓါတ်ကျစွာဖြင့် တစ်ယောက်ထဲ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ငိုယိုမိ၏။

သူ့အော်ဟစ်ငိုသံကျယ်လွန်းလှ၍  ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် အစိမ်းသေဖြစ်ရရှာသောဧရာဝတီ မြစ်စောင့်တရုတ်နတ်မင်းသည် ကြားသွားလေ၏။

သို့နှင့် နားညည်းလွန်းသောကြောင့် ကိုယ်ထင်ပြကာ..." ....သစ်ခုတ်သမားအား ...အဘယ်ကြောင့်ငိုနေသလဲ "...  ဟုမေး၏ ။

" သစ်ခုတ်သမား လည်း ပုဆိန်ကျ၍ ငိုရခြင်းဖြစ်ကြောင်း "  ပူဆွေးသောအသံဖြင့် .ငိုယိုကာပြောလေ၏။

မြစ်ဆောင့်နတ်လည်း သူ၏ အပိုင်စားဖြစ်သော ဧရာဝတီမြစ်တွင်းဆင်းကာ ရေငုပ်ရှာဖွေသော် ရွှေပုဆိန် တစ်လက်အားတွေ့၍ သစ်ခုတ်သမားအားပေး၏။

သစ်ခုတ်သမားမှ..." .ဒါ ကျနော့်ပုဆိန်မဟုတ်ပါ "  ဟုငြင်း၏။

နောက်တစ်ကြိမ် မြစ်ဆောင့်နတ်လည်း ရေငုပ်ကာ ရှာပြန်ရာ ကြေး ပုဆိန် တစ်လက် တွေ့၍ ယူလာကာပေးပြန်၏။

" ဒါလည်း မဟုတ်ပါ " ဟု သစ်ခုတ်သမားမှ ဆိုပြန်၏။

တတိယ အကြိမ် မြစ်ဆောင့်နတ် မြစ်ထဲပြန်ဆင်းပီး ရှာပြန်ရာ သစ်သား ရိုးဖြင့်ပြုလုပ်ထားသော သံပုဆိန်တလက်ပါလာလေ၏။

ထိုအခါ.." ..ဟားးး..ဒါမှ ကျနော့် ပုဆိန်အစစ်ပါ မြစ်စောင့်နတ်မင်းကြီးခင်ဗျာ " ဟု သစ်ခုတ်သမားကဆိုကာ ၀မ်းသာအားရယူလေ၏။

မြစ်စောင့်တရုတ်နတ်လည်းသစ်ခုတ်သမား၏ ရိုးသားမှူကိုအသိအမှတ်ပြုသောအားဖြင့်......

ရွှေပုဆိန်နှင့် ကြေးပုဆိန်( လက်ပံတန်းထုတ်)ကိုပါပေးလေ၏။

တစ်နေ့ ထိုသစ်ခုတ်သမားသည် သူ့လှည်းပေါ်မှ ဆင်းကာ လေညှင်းခံနေစဉ်.....လှည်းမှာခုန်းဆင်းတွင် ထားမိ၍ မြစ်အတွင်းသို့ကျလေ၏။

ထိုအခါ သူပင်ပန်းဆင်းရဲစွာဖြင့်ဝယ်ထားသော လှည်းအား မြစ်ထဲကျသွား၍ ......

ကျယ်လောင်စွာငိုယိုသောအခါတရုတ် မြစ်ဆောင့်နတ်သည် ဘွားကနဲပေါ်လာ၏။

မြစ်ဆောင့်နတ်သည် ချက်ချင်းမြစ်အတွင်းဆင်း ၍ မော်တော်ကား တစ်စီးနဲ့အတူပြန် ပေါ်လာ၏။

" ဒါ သင့် ပစ္စည်းလား.."....ဟုမေး၏။

" ဟုတ်ပါတယ် ဟုတ်ပါတယ်...ဒါကျနော့်ပစ္စည်း...ဒါ....ဒါကျနော့်ကားအစစ်ပါ "ဟုဖြေ၏။

ထိုအခါ မြစ်ဆောင့်နတလည်း   အရမ်းဒေါသထွက်သွား၏။

" မင်းဟာ တကယ်တော့ လူလိမ်လူညာပဲ ..ဒါ ငါတို့တရုတ်ထုတ် ချယ်ရီ ၀က်စစ်ဂွန်ကားကွ.မင်းပစ္စည်းမဟုတ်ဖူး .".....ဟု ဆိုလေ၏။

ထိုအခါ သစ်ခုတ်သမားမှ ......

" အိုမြစ်စောင့်နတ်မင်း......ကျနော့်အားခွင့်လွှတ်တော်မူပါ။

တကယ်လို့ ကျနော်က မဟုတ်ဖူးပြောရင် အသင်နတ်မင်းက 

နောက်ထပ်ရွာမ သံရည်ကြိုစက်ရုံ...မှ ခိုးရောင်းသော သိန်းနှစ်ဆယ်တန် ( without) လိုင်စင်မဲ့ကားကိုပြပါလိမ့်မယ်။

( စကားကြွင်း။ ။အော် ဒါကြောင့်လဲ  ရွာမသံရည်ကြိုစက်မှာ မီးလောင်တာကိုး ဟု တရုတ်မြစ်ဆောင့်နတ်ကတွေးမိ၏။)

ဒါကိုမှ ထပ်ငြင်းရင် အရှင်က ကျနော့်လှည်း အဟောင်းကြီးကို ပြန်ဆယ်လာမှာသေချာပါတယ်။

ဒီလိုဆယ်လာမှ အဲဒါ ကျနော့်လှည်းပါလို့ပြောလိုက်ရင်.....နိုင်ငံတော်ပေါ်လစီအရ နှစ် ၃၀ အထက်ဖြစ်နေတဲ့ ကျနော့်လှည်းဟာ စလစ်နဲ့

နောက်တစ်စီး ၀ယ်ရပါလိမ့်မယ်။ဒါကြောင့် ပထမ ချယ်ရီကား မှာ ကတည်းက ဟုတ်ပါတယ်လို့ ပြောလိုက်မိတာပါ.....ခင်ဗျာ။ " ဟုဖြေလေ၏။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely.....

တရက်တွင် ဧရာဝတီမြစ်ကမ်း နဖူး ၌် ပေါက်နေသော သစ်ပင်ကြီး ၏ သစ်ကိုင်းတခု အား သစ်ခုတ်သမားက ခုတ်ချနေ၏။ ထိုစဉ် လက်ချော်ကာ ခုတ်နေသည့် ပုဆိန်မှာ မြစ်ထဲသို့ကျသွား၏။ ကျသွားသည့် နေရာကိုမှန်းဆ ကာ ရေငုပ်ရှာဖွေသော်လည်းမတွေ့ချေ။ အချိန်မှာလည်း မရှိတော့ ။နေ၀င်ချိန်သို့ပင်ရောက်ပေပြီ။

အမေရိကန် ထိပ်တန်းအရာရှိ Patrick Murphy မြန်မာပြည်သွားမယ်

အမေရိကန် ထိပ်တန်းအရာရှိ Patrick Murphy မြန်မာပြည်သွားမယ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာပြည်ဆိုင်ရာ အထက်တန်းအကြံပေးအရာရှိ 
Patrick Murphy ဟာ မြန်မာပြည်ရဲ့ ပြောင်းလဲတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ
အစိုးရ ထိပ်တန်းအရာရှိတွေ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ဂျပန် နိုင်ငံတွေကို သွားရောက်ပါလိမ့်မယ်။

ဒီခရီးစဉ်မှာ Patrick Murphy အနေနဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ရေးအတွက် အမေရိကန်အစိုးရရဲ့ မူဝါဒတွေ၊ ရခိုင်နဲ့ ကချင်ပြည်နယ်က ပဋိပက္ခတွေ အပြင် 
တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံတကာ ကူညီထောက်ပံ့ရေး ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းမှာဖြစ်ပါတယ်။

အထက်တန်းအကြံပေးအရာရှိ Patrick Murphy ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့မှာ မတ်လ ၁၂ ကနေ ၁၃ ရက်နေ့အထိ၊ မြန်မာနိုင်ငံ နေပြည်တော်နဲ့ အခြားမြို့တွေမှာ ၁၃ ရက် ကနေ 
၁၆ ရက်နေ့အထိနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၁၇ ရက်ကနေ ၁၈ ရက်အထိ နေထိုင်မှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မတ်လ ၈ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Source: RFA Burmese

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာပြည်ဆိုင်ရာ အထက်တန်းအကြံပေးအရာရှိ Patrick Murphy ဟာ မြန်မာပြည်ရဲ့ ပြောင်းလဲတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရ ထိပ်တန်းအရာရှိတွေ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ဂျပန် နိုင်ငံတွေကို သွားရောက်ပါလိမ့်မယ်။

ဒီချုပ် စမ်းသပ်မှုကာလတစ်ခု ဖြတ်သန်းရမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒီချုပ် စမ်းသပ်မှုကာလတစ်ခု ဖြတ်သန်းရမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရန်ကုန်၊ မတ်- ၉

နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရွေးချယ်တင်မြှောက်ခံရသော လူသစ်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်
စမ်းသပ်မှု ကာလတစ်ခုဖြတ်သန်းရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က 
ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အခု ညီလာခံပြီးသွားရင် စမ်းသပ်မှုကာလတစ်ခုကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုကာလကတော့ အမြဲတမ်း အခက်အခဲတွေ 
ရှိနိုင်ပါတယ်။ စမ်းသပ်ကာလမှာ ထင်သလို မဖြစ်လာတာတွေလည်း မြင်လာပါလိမ့်မယ်'' ဟု မိန့်ခွန်းတွင် ၄င်းကထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လူသစ်များဖြင့် သွေးသစ်လောင်းမည်ဖြစ်ပြီး လက်ရှိအချိန်ကာလနှင့် ကိုက်ညီသော 
ခေါင်းဆောင်၊ ပါတီနှင့် သင့်လျော်သော ခေါင်းဆောင်များကို ရွေးချယ်ကြရန် ညီလာခံတက်ရောက်လာသော ပါတီဝင်ကိုယ်စားလှယ်များကို တိုက်တွန်းခဲ့သည်။ ထို့အပြင် နေရာယူသော စိတ်ဓာတ်ဖြင့် အလုပ်မလုပ်ဘဲ တာဝန်ယူတက်သော စိတ်ဓာတ်ဖြင့် အလုပ်လုပ်ကြရန်လည်း ပါတီကိုယ်စားလှယ်များကို တိုက်တွန်းသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၊ တိုင်းရင်းသား
နိုင်ငံရေးပါတီများ၊ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်အပါအ၀င် လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် မတ် ၈ ရက်မှ ၁၀ ထိ ကျင်းပခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှ ကိုယ်စားလှယ်ပေါင်း 
၁,၅၀၀ ကျော် တက်ရောက်ကြသည်။

Photo- EPA

Photo- EPA
ရန်ကုန်၊ မတ်- ၉

နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရွေးချယ်တင်မြှောက်ခံရသော လူသစ်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်စမ်းသပ်မှု ကာလတစ်ခုဖြတ်သန်းရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုး Volvo ကားကုမ္ပဏီ ထုတ်လုပ်

အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုး Volvo ကားကုမ္ပဏီ ထုတ်လုပ်
Re-Post By ACM 9-3-2013

အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော မတော်တဆ မှုများကို ကာကွယ် တားဆီးရာတွင် အထောက်အကူ ပေးနိုင်သည့် အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုးကို Volvo မော်တော်ကား ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း ၎င်းကုမ္ပဏီက ထုတ်ဖော်ပြောကြား ခဲ့သည်။

အဆိုပါ စနစ်ကို တပ်ဆင်ထားသည့် ကားများသည် ယာဉ်သွားရာ လမ်းကြောင်း တွင်းသို့ ရုတ်တရက် ချိုးကွေ့ ဝင်လာသော ဆိုင်ကယ် စီးသူများ အပါအဝင် အသက် အန္တရာယ် ကို ခြိမ်းခြောက်နိုင်သည့် အခြား မတော်တဆ မှုများကို ထောက်လှမ်းနိုင်စွမ်း ရှိကြောင်း ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။ ၎င်းစနစ်ကို တပ်ဆင်ထားသည့် မော်တော်ယာဉ် များသည် ယာဉ်တိုက်မှု ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ထောက်လှမ်း တွေ့ရှိပါက အချက်ပေးသံ ထွက်ပေါ်လာ၍ အလိုအလျောက် ကားဘရိတ်ဖမ်း ရပ်တန့်သွားမည် ဖြစ်သည်။ ဂျီနီဗာမြို့တွင် ပြုလုပ်သော မော်တော်ကား ပြပွဲတွင် အဆိုပါ နည်းပညာ သစ်ကို Volvo ကုမ္ပဏီက စတင်မိတ်ဆက် ခဲ့သည်ဟု သိရသည်။ 

၎င်းနည်းပညာ သစ်သည် ၂ဝ၁ဝ ပြည့်နှစ်က ထုတ်လုပ်ခဲ့သည့် ခြေကျင်လျှောက် လမ်းသွားလမ်းလာ သူများ ထောက်လှမ်း သည့် အချက်ပြ စနစ်ကို အဆင့်တိုးမြှင့် ထုတ်လုပ်ထားခြင်း ဖြစ် ပြီး၊ ခြေကျင်လျှောက် လမ်းသွားလမ်းလာ ထောက်လှမ်းရေး စနစ်တွင် ယာဉ်တိုက်မှု အန္တရာယ်ကို ထောက်လှမ်းရန် မော်တော်ကား လေကာမှန်နှင့် နောက်ကြည့်မှန် ကြားတွင် ကင်မရာ တစ်လုံး တပ်ဆင်ထားပြီး ကားရှေ့ရှိ လေဝင်စေသည့် ဆန်ခါကွက်တွင် ရေဒါတစ်ခုကို တပ်ဆင် အသုံးပြု ထားသည်ဟု သိရသည်။ 

ယခု ထုတ်လုပ်သည့် နည်းပညာ သစ်ကို မော်တော်ကား များတွင် တပ်ဆင်ရန် လိုအပ် ကြောင်း Volvo ကား ကုမ္ပဏီက ထုတ်လုပ်ရန် လျာထားသော ကားမော်ဒယ် ၁၁ မျိုးအနက် ခုနစ်မျိုး တွင်သာ တပ်ဆင်သွားမည် ဖြစ်သည်။ Volvo ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် အလို အလျောက် အချက်ပေး၊ ဘရိတ်ဖမ်း စနစ်ကို အသုံးပြု ထားသော ပစ္စည်းသစ်ကို အနည်းဆုံး စတာလင်ပေါင် ၁၈၅ဝ ဖြင့် ရောင်းချမည် ဖြစ်သည်ဟု သိရသည်။ 

http://bit.ly/Z7GAY3

အေးချမ်းမွန် Credit to >>မြ၀တီ << Thank



အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော မတော်တဆ မှုများကို ကာကွယ် တားဆီးရာတွင် အထောက်အကူ ပေးနိုင်သည့် အန္တရာယ် အချက်ပေး ဘရိတ်ဖမ်း နည်းပညာ သစ်တစ်မျိုးကို Volvo မော်တော်ကား ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း ၎င်းကုမ္ပဏီက ထုတ်ဖော်ပြောကြား ခဲ့သည်။

ရခိုင်အစွန်းရောက်များမှ ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များ အား မတ်လနှင့်ဧပြီလတွင် ထပ်မံသတ်ဖြတ်ရန်စီစဉ်နေသည်ကိုအတိအကျသတင်းရရှိ

နှိုးဆော်စာ - ရခိုင်အစွန်းရောက်များမှ ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များအား မတ်လနှင့်ဧပြီလတွင် ထပ်မံသတ်ဖြတ်ရန်စီစဉ်နေသည်ကိုအတိအကျသတင်းရရှိထား

၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်စစ်တွေ မြို့နယ်များတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာမွတ်စလင်များနှင့်ကမန်မွတ်စလင် အများအပြားအသက်ဆုံးရှူံးခဲ့ရသည်။ 

ရိုဟင်ဂျာလူမျိုးများတွင်လက်နက်ကိုင်အဖွဲ့အစည်းများမရှိသော်ငြားလည်း၊ ပြည်တွင်းသတင်းဌာနများ နှင့်နိုင်ငံတော်သမ္မတရုံးညွန်ကြားရေးမှူး မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေး၏ Facebook စာမျက် နှာတို့မှ ရခိုင်ပြည်နယ်ကိုရိုဟင်ဂျာများသိမ်းပိုက်နေသယောင်နှင့် ရိုဟင်ဂျာများမှ ရခိုင်လူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်နေသယောင်ဝါဒဖြန့်ချီ၍ အခြေအနေများကိုပိုမိုတင်းမာအောင်ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင်ဒုတိယအကြိမ်အကြမ်းဖက်မှုများ ရခိုင်ပြည်နယ်အ၀န်းတွင်ဖြစ်ပေါ်ခဲ့ သည်။ 

နိုင်ငံတော်အစိုးရမှ ၁၈၀ ခန့်သေဆုံးသည်ဟုထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ်အသက်ဆုံးရှူံးခဲ့ ရသူပမာဏမှာလွန်စွာများပြားခဲ့သည်။ ထို့အပြင်အကြမ်းဖက်မှုများကိုတိမ်းရှောင်ခဲ့သူအများအပြားပင် လယ်ပြင်တွင်အသက်ဆုံးရှူံးခဲ့ရသည်။ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ ၁၂၀၀၀၀ ခန့်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ယခုအခါ ဘက်ပေါင်းစုံမှအခြေအနေဆိုးရွားသောဒုက္ခသည်စခန်းများ၌နေထိုင်နေကြရ သည်။ 

အဆိုပါဒုက္ခသည်များအားနိုင်ငံတကာအဖွဲ့အစည်းများမှတတ်နိုင်သရွေ့ကူညီပေးလျက်ရှိရာ တူရကီ နိုင်ငံမှတန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပေးရန် မြန်မာအစိုးရနှင့်ပူးပေါင်း၍စီစဉ်ခဲ့သည်။ သို့သော် လည်း ဒေသခံရခိုင်အစွန်းရောက်အချို့မှအဆိုပါအစီအစဉ်အားလက်မခံနိုင်ကြောင်းမတ်လ (၇) ရက်နေ့တွင် စစ်တွေမြို့နှင့်အခြားမြို့များတွင်ဆန္ဒပြပွဲပြုလုပ်၍ အစီအစဉ်အားဖျက်သိမ်းပေးရန်တောင်း ဆိုခဲ့ကြသည်။ 

လွန်ခဲ့သည့်ဖေဖော်ဝါရီလမှစ၍ မတ်လနှင့်ဧပြီလ မြန်မာ့ရိုးရာသင်္ကြန်ပွဲမတိုင်မှီတတိယအကြိမ်အကြမ်း ဖက်မှုများဖြစ်ပွားမည်ဟုသတင်းများပျံ့နှံ့လျက်ရှိခဲ့သည်။ ထိုသို့သတင်းပျံ့နှံ့မှုများမှန်ကန်မှုရှိ/မရှိကို လေ့လာစုံစမ်းခဲ့ရာ မတ်လ နောက်ဆုံးပတ်တွင်တစ်ကြိမ်နှင့် ဧပြီလ ဒုတိယပတ်တွင်တစ်ကြိမ် ရခိုင် ပြည်နယ်အတွင်းရှိမွတ်စလင်များအားသတ်ဖြတ်ရန် အစွန်းရောက်အဖွဲ့အစည်းများမှအစီအစဉ်ရေးဆွဲ ထားပြီးဖြစ်ကြောင်း RB News မှခိုင်လုံသည့်သတင်းရပ်ကွက်များမှ တိကျမှန်ကန်သောသတင်းများ ရရှိထားပြီးဖြစ်သည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အနှံ့အပြားရှိ နတလကျေးရွာများတွင် သေနတ်ပစ်နည်း၊ ဓါးရှည်ခုတ်နည်းများကိုလည်း လွန်ခဲ့သည့်ဖေဖော်ဝါရီလမှစတင်၍သင်တန်းများပေးနေသည်ကိုမျက် မြင်သက်သေများမှ RB News သို့ပြောကြားခဲ့သည်။ ထို့အပြင် စစ်တွေမြို့ရှိ လုံထိန်းတပ်ဖွဲ့ဝင် ၃၀၀ ခန့်မှာ ဗမာလူမျိုးများဖြစ်ခဲ့ပြီး၊ ၎င်းလုံထိန်းတပ်ဖွဲ့ဝင်များကို ရခိုင်လူမျိုးလုံထိန်းတပ်ဖွဲ့ဝင်များဖြင့်လဲ လှယ်လိုက်ပြီး၊ မွမ်းမံသင်တန်းများပေးလျက်ရှိကြောင်းကိုလည်း ခိုင်မာသည့်သတင်းရပ်ကွက်များမှ ရရှိထားပြီးဖြစ်သည်။ 

မတ်လ နောက်ဆုံးပတ်တွင်စတင်မည့်အကြမ်းဖက်မှုကို ရခိုင်လူမျိုးများအကြားသိရှိနေပြီဖြစ်သော် လည်း ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များမှာ သတင်းအစအနပင်မရရှိသေးဘဲ၊ ရှောင်တခင်သတ်ဖြတ်ခံ ရမည့် အခြေအနေတွင်ရှိနေပါသည်။ ယခင်ကဲ့သို့ပင် ပြည်တွင်းသတင်းဌာနများနှင့် နိုင်ငံတော် သမ္မတရုံးညွန် ကြားရေးမှူး - မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေးတို့မှ မဟုတ်မမှန်လုပ်ကြံ၍၀ါဒဖြန့်ချီ မှုများထပ်မံပြု လုပ်ရန်စီစဉ်ထားသည်ကိုလည်း သိရှိထားပါသည်။ 

သို့ဖြစ်ပါ၍ နိုင်ငံရေးအမြတ်ထုတ်ချင်သူလူတစ်စုကြောင့် အပြစ်မဲ့ပြည်သူများအသက်ဆုံးရှူံးမှုနှင့်အိုး မဲ့အိမ်မဲ့ဖြစ်ပွားမှုအားလုံးကိုကြိုတင်ကာကွယ်ရန်မျှော်ကိုးလျက် ဤနှိုးဆော်စာအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအစိုးရများမှလေးနက်စွာစဉ်းစား၍၊ အခြေအနေများကို အချိန်မှီထိန်းသိမ်းပေးပါရန်၊ လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။ 

RB News Team
၂၀၁၃ မတ်လ (၈)


၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်စစ်တွေ မြို့နယ်များတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာမွတ်စလင်များနှင့်ကမန်မွတ်စလင် အများအပြားအသက်ဆုံးရှူံးခဲ့ရသည်

7Day News Hero ဆုရှင်ဆရာမ ဒေါ်သန်းမြင့်အောင်နှင့် အဖွဲ့သားများ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ

7Day News Hero ဆုရှင်

ဆရာမ ဒေါ်သန်းမြင့်အောင်နှင့် အဖွဲ့သားများ
ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ

ဘ၀ရဲ့ နောက်ဆုံးလက်ကျန်အချိန်များကို ပင်ပန်းဆင်းရဲစွာ တစ်ကိုယ်တည်း ရင်ဆိုင်ဖြတ်သန်းနေရသော အိုမင်းမစွမ်းတော့သည့် ခိုကိုးရာမဲ့ ဂိလာနဘိုးဘွားများအား လူပီပီ လူ့အဆင့်အတန်းမီမီ ဘ၀နိဂုံးချုပ်ငြိမ်းစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆရာမဒေါ်သန်းမြင့်အောင် ဦးစီးကာ စာရေးဆရာများနဲ့ ရှေ့နေအများစု စုပေါင်းပြီး ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာကို ၂၀၁၀ ဧပြီ ၅ ရက်တွင် စတင်တည်ထောင်ခဲ့ပါတယ်။

ဘိုးဘွားရိပ်သာအများစုက လက်မခံတော့သော အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ဖြစ်သွားကာ ဆွေမျိုးသားချင်းတို့ရဲ့ မေတ္တာတရား မရနိုင်တော့တဲ့ အနယ်နယ်အရပ်ရပ်မှ ဘိုးဘွား ၅၂ ဦးအား အမှုဆောင်များနှင့် ၀န်ထမ်းအင်အား ၂၉ ဦးတို့ရဲ့ နွေးထွေးသော မေတ္တာတရားဖြင့် ပြုစုစောင့်ရှောက်မှုပေးနေခြင်းဖြစ်ပါတယ်။

နိုင်ငံအတွင်းရှိ ကူရာမဲ့ဘိုးဘွားများရဲ့ နောက်ဆုံးအချိန်ကို နွေးထွေးမှုဖြင့် စောင့်ရှောက်ခြင်းဟူသော ကွက်လပ်ဖြည့်ဆည်းပေးခဲ့တဲ့ ဘိုးဘွားရိပ်သာကို စတင်ခဲ့သူ၊ ဆည်းဆာရိပ်အဖွဲ့အား အဘိုး၊ အဘွား ငါးဦးနဲ့အတူ ဆက်လက်ရှင်သန်စေသူများကို 7Day News အယ်ဒီတာအဖွဲ့က သူရဲကောင်းများအဖြစ် ရွေးချယ်လိုက်ပါတယ်။

ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ ဥက္ကဋ္ဌဆရာမ ဒေါ်သန်းမြင့်အောင်အား 7Day News ဂျာနယ် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းက ပေးအပ်ချီးမြှင့်ခဲ့သည်။

ဘ၀ရဲ့ နောက်ဆုံးလက်ကျန်အချိန်များကို ပင်ပန်းဆင်းရဲစွာ တစ်ကိုယ်တည်း ရင်ဆိုင်ဖြတ်သန်းနေရသော အိုမင်းမစွမ်းတော့သည့် ခိုကိုးရာမဲ့ ဂိလာနဘိုးဘွားများအား လူပီပီ လူ့အဆင့်အတန်းမီမီ ဘ၀နိဂုံးချုပ်ငြိမ်းစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆရာမဒေါ်သန်းမြင့်အောင် ဦးစီးကာ စာရေးဆရာများနဲ့ ရှေ့နေအများစု စုပေါင်းပြီး ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာကို ၂၀၁၀ ဧပြီ ၅ ရက်တွင် စတင်တည်ထောင်ခဲ့ပါတယ်။

HTC One က Samsungနှင့် Apple စမတ်ဖုန်းများကို ယှဉ်ပြိုင်နိုင်ဟု သုံးသပ်


HTCကုမ္ပဏီ၏ အသစ်ထုတ်လုပ်သည့် HTC One မိုဘိုင်းလ်ဖုန်းသည် ဈေးကွက်ထဲတွင် Samsungနှင့် Apple
တို့အား ယှဉ်ပြိုင်လာနိုင်သည့် အရည်အသွေး ရှိနေကြောင်း သုတေသီများကသုံးသပ်ခဲ့သည်။ထိုင်ဝမ် အခြေ
စိုက် ကုမ္ပဏီကြီးသည် Android OSသုံး မိုဘိုင်းလ်ဖုန်းများကို ထုတ်လုပ် ရောင်းချနေသော်လည်း ဈေးကွက်
ထဲတွင်မူ Apple၏ iPhoneနှင့် Samsung၏ Galaxy Sစီးရီး ဖုန်းများကို ယှဉ်ပြိုင်နိုင်ရန် ရုန်းကန်နေရသည်။

7Day News သူရဲကောင်းဆုရှင် အဖြစ် ဦးဌေးနိုင် ချီးမြှင့်ခြင်းခံရ

7Day News သူရဲကောင်းဆုရှင် အဖြစ် ဦးဌေးနိုင် ချီးမြှင့်ခြင်းခံရ
==============
သတင်းနှင့် ဓါတ်ပုံ 7Day News

၂၀၁၂ခုနှစ်အတွက် 7Day News သူရဲကောင်းဆုရှင် 7Day News Hero လူပုဂ္ဂိုလ်သုံးဦးနှင့် အဖွဲ့အစည်းနှစ်ခုအား ဂျာနယ် (၁၁)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။ ပြီးခဲ့သည့် (၁၀)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင်လည်း ၂၀၁၁ခုနှစ်အတွက် လူပုဂ္ဂိုလ် သုံးဦးနှင့် အဖွဲ့အစည်း နှစ်ခုအား Hero ဆုပေးအပ်ချီးမြှင့်ခဲ့သည်။ 

7Day News Hero ဆုရှင်
ဦးဌေးနိုင် (လက်ထောက်စက်ခေါင်းမောင်း)

ခုတ်မောင်းလာသည့် မီးရထားအားကြောက်လန့်ကာ ချောင်းကူးတံတား ရထားသံလမ်းပေါ် စုံရပ်နေသော မြေအဖွားနှစ်ဦးအား ရထားနှင့် တိုက်လုဆဲဆဲတွင် စက်ခေါင်းပေါ်မှ ခုန်ချကာ သက်စွန့်စံဖျား ကယ်တင်ခဲ့သူဖြစ် သည်။ 

၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင်(အစုန်ရထား) အမှတ် ၁၇၆ ကိုမောင်းနှင်လာစဉ် ဒါးပိန်ဘူတာအ၀င်တွင်ဖြစ်ပွားခဲ့သည့် အက်ရှင်ကားဆန်ဆန် ကယ်တင်မှုတစ်ခုဖြစ်သည်။

အသက် ၆၂ နှစ်အရွယ်အဘွားဖြစ်သူနှင့် အသက် ၈ နှစ်အရွယ်မြေးဖြစ်သူတို့ ရထားလမ်းဖြတ်ကူးစဉ် ရှေ့တည့် တည့်မှမောင်းနှင် လာသော ရထားကိုတွေ့ပြီး ကြောက်လန့်ကာရောက်သည့်နေရာမှာပင် စုံရပ်နေခဲ့ကြခြင်းဖြစ် သည်။ စက်ခေါင်းမောင်းက အရေးပေါ် ဘရိတ်ကိုသုံးလိုက်သော်လည်း လုံးဝ ရပ်တန့်နိုင်ခြင်းမျိုး မဟုတ်သဖြင့် ဦးဌေးနိုင်သည် တစ်နာရီ ခုနစ်မိုင်နှုန်းမောင်းနှင် အားရှိနေသေးသည့် စက်ခေါင်းပေါ်မှ ခုန်ချပြေးဆင်းပြီး မြေးအဘွားနှစ်ဦးကို တွန်းထုတ် ဖယ်ရှားလိုက်သည်။ ထိုအခါ ၃ ဦးစလုံး ရထားလမ်း တံတားပေါ်မှ ချောင်းထဲသို့ပြုတ်ကျသွားခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ အသက်ကိုစွန့်၍ မြေးအဘွားနှစ်ဦး၏ အသက်ကို ကယ်တင်ခဲ့သော ထိုလက်ထောက် စက်ခေါင်းမောင်း၏ သူရဲကောင်း စိတ်ဓာတ်ကို အခင်းသားမြင်တွေ့ရသည်။ ထို့ကြောင့် 7 Day News အယ်ဒီတာအဖွဲ့က လက်ထောက်စက် ခေါင်းမောင်း ဦးဌေးနိုင်အား 7Day News Hero အဖြစ် သူရဲကောင်း ဆုပေးအပ်ရန်ု ရွေးချယ်လိုက်ခြင်းဖြစ်သည်။ 

ကိုဌေးနိုင်အား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။
=========================
"ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော် ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော် မကယ်တင်ဘူး ဆိုရင် လူသား မဆန်တဲ့သူ ဖြစ်သွားမယ်။ " 
(ကိုဌေးနိုင်) 
Weekly Eleven နှင့် တွေ့ဆုံမေးမြန်းချက်မှ  ကောက်နှုတ်ချက်
 http://www.m-mediagroup.com/news/2350


ကိုဌေးနိုင်အကြောင်း ဆက်စပ်ပိုစ်များ ဖတ်လိုလျင် =>http://www.m-mediagroup.com/news/tag/uhtaynaing
7Day News Hero ဆုရှင်
ဦးဌေးနိုင် (လက်ထောက်စက်ခေါင်းမောင်း)
‎၂၀၁၂ခုနှစ်အတွက် 7Day News သူရဲကောင်းဆုရှင် 7Day News Hero လူပုဂ္ဂိုလ်သုံးဦးနှင့် အဖွဲ့အစည်းနှစ်
ခုအား ဂျာနယ် (၁၁)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။ ပြီးခဲ့သည့် (၁၀)
နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင်လည်း ၂၀၁၁ခုနှစ်အတွက် လူပုဂ္ဂိုလ် သုံးဦးနှင့် အဖွဲ့အစည်း နှစ်ခု
အား Hero ဆုပေးအပ်ချီးမြှင့်ခဲ့သည်။

၈ လက်မအရွယ် Galaxy Note 8.0 ကို Samsung စတင်မိတ်ဆက်


Samsung ကုမ္ပဏီသည် Apple၏ iPad Miniကို ယှဉ်ပြိုင်နိုင်မည့် Tablet အမျိုးအစားသစ် တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချမှု အဆင့်(၁) နေရာ၌ ရှိနေသော တောင်ကိုရီးယား ကုမ္ပဏီကြီးသည် မွမ်းမံအဆင့်မြှင့်တင်ထားသည့် Tablet PC ကွန်ပျူတာ တစ်မျိုးကို တနင်္လာနေ့က Mobile World Congressတွင် စတင် ပြသခဲ့သည်။

ကမ္ဘာအနီးမှ ဘောလုံးကွင်းအရွယ် ဥက္ကာခဲ ဖြတ်သန်းသွားမည်

ကမ္ဘာအနီးမှ ဘောလုံးကွင်းအရွယ် ဥက္ကာခဲ ဖြတ်သန်းသွားမည်

ဘောလုံးကွင်း တစ်ခုစာမျှ အရွယ်အစားရှိသည့် ဥက္ကာခဲတစ်လုံးသည်ကမ္ဘာအနီးမှယခုသီတင်းပတ်အတွင်း
 ဖြတ်သန်းသွားမည်ဟု သိရှိရသည်။ ပေ(၃၃၀) ရှည်လျှားသော ဥက္ကာခဲ 2013 ETသည် ကမ္ဘာမြေမှ မိုင်ပေါင်း
 ခြောက်သိန်းအကွာတွင် စနေနေ့ (မတ်လ ၉ ရက်) ၌ ဖြတ်သန်းသွားမည်ဟု နက္ခတ်ဗေဒ ပညာရှင်များက
 ပြောကြားခဲ့သည်။

ရခိုင်အရေး ဦးစီလုပ်ဆောင်နေတဲ့ ဒေါက်တာအေးချမ်း ဘယ်သူလဲ ?

ဒေါက်တာအေးချမ်းဆိုသူမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နေ ဦးစံတွန်းအောင်ရဲ့ ဒုတိယမြောက်ဇနီးမှ မွေးဖွားသောသူတစ်ဦး ဖြစ်ပါတယ်။ သူရဲ့ဖခင်က ရိုဟင်ဂျာတွေနဲ့ ရင်နှီးစွာနေထိုင်ပြီး
တောလက်ကျေးရွာနေ ရိုဟင်ဂျာများ၏ အရေးကိစ္စများကိုကိုယ် တိုင်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ရိုဟင်ဂျာနဲ့စီပွားအတူလုပ် ခဲ့ပါသေးတယ်။ တချို့တွေကကုလားစံထွန်းအောင်လို့တောင်ခေါ်ကြပါတယ်၊အသားမဲမဲနှာတံပေါ်နေတော့ ခေါ်ရတာအားနာ စရာမလိုဘူးပေါ့၊

"ဗိုလ်ချုပ်အောင်ဆန်းက ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ သံဃာတော်အရှင်မြတ်များကို အထူးလျှောက်ထားခဲ့တဲ့စကား"

ဗိုလ်ချုပ်အောင်ဆန်းက ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ သံဃာတော်အရှင်မြတ်များကို အထူးလျှောက်ထားတဲ့ စကားရပ်ရှိပါတယ်။ သံဃာတော်အရှင်မြတ်များကို တပည့်တော် အထူးလျှောက်ထားပါရစေ။တပည့်တော်တို့ မြန်မာနိုင်ငံဟာ မညီညွတ်ပါဘူးဘုရားတဲ့၊ အဲဒါ အရှင်ဘုရားတို့က ညီညွတ်ရေးရအောင် တရားဟောပေးပါဘုရားတဲ့။ ဒါက နံပါတ်(၁)။

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။ 

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။ 

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။ 

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။ 

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။ 
--

➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/03/blog-post_8.html

--

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။ သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

တမန်တော်ချုပ်ပွင့်ပေါ်ရာဒေသ-မက္ကာ (ခ) ကမ္ဘာ့ပထမဆုံး တမန်တော် အာဒမ်ပွင့်ရာဒေသ

တမန်တော်ချုပ်ပွင့်ပေါ်ရာဒေသ-မက္ကာ (က) ကမ္ဘာ့ပထမဆုံး တမန်တော် အာဒမ်ပွင့်ရာဒေသ

တမန်တော်ချုပ်ပွင့်ပေါ်ရာဒေသ-မက္ကာ

(က) ကမ္ဘာ့ပထမဆုံး တမန်တော် အာဒမ်ပွင့်ရာဒေသ လူ့သမိုင်းတွင် ပထမဆုံး နဗီတမန်တော် အာဒမ်သည် ဘတ်ကဟ်ဒေသ (ယခု မက္ကာမြို့)၌ ပွင့်တော်မူခဲ့သည်။ လူသားတို့အတွက် အလ္လာဟ်ကို တသရာ ပထမဆုံး ဗဟို ကျောင်းတော်အဖြစ် ကအ်ဘဟ်ကျောင်းတော်ကို တည်ဆောက်ခဲ့သည်။ (ကုရ်အာန် ၃း၃၃။ ၄၂း၇။ ၃း၉၆)။ ကအ်ဘဟ် ကျောင်းတော်တွင် ထူးဆန်းသော ကောင်းကင်ကျ ကျောက်နက်တုံး (အဆွဝဒ်)ကို ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။ (ကအ်ဘဟ် ကျောင်းတော် တည်ဆောက်ရမည့် နေရာကို အလ္လာဟ်အရှင်မြတ်က နဗီတမန်တော် အာဒမ်ကို ထို ကျောက်နက်တုံးချ၍ ပြခဲ့ခြင်း ဖြစ်နိုင်ပေသည်)

(ခ) တမန်တော်ကြီး အီဘရာဟီမ်၏ဆု
တမန်တော်ကြီး အီဘရာဟီမ်သည် အလ္လာဟ်၏ စမ်းသပ်မှု အားလုံးကို ကမ္ဘာ့လူသားတို့အတွက် စံပြဆောင်ရွက်ပြခဲ့၏။ တမန်တော် အီဘရာဟီမ်နှင့် သားတော် အစ္စမာအီလ်တို့သည် ကအ်ဘဟ်ကျောင်းတော်၏ အုတ်မြစ်ကို ပြန်လည် မြှင့်တင်ခဲ့၏။ အလ္လာဟ်ထံတွင် ဤကအ်ဘဟ်ကျောင်းတော်ရှိရာ ဒေသရှိ ၄င်းတို့၏ မျိုးဆက်ကို ကြီးကျယ်သောမျိုးနွယ် ဖြစ်စေရန်နှင့် တမန်တော်တစ်ပါး ပွင့်စေရန်တောင်းဆုကို အလ္လာဟ် လက္ခံ သဘောတူတော်မူခဲ့၏။ (ကု၇်အာန် ၂း၁၂၈-၁၂၉)

(ဂ) ရှေးတမန်တော်များစွာတို့၏ သတင်းကောင်း ရှေးတမန်တော်များစွာတို့၏ ဟောကြားချက်ကျမ်းများ အရ ကေဒါမျိုးနွယ်များ (တမန်တော် အီစ္စမာအီလ်၏ သားတော်တစ်ပါး၏ မျိုးနွယ်) နေထိုင်ရာဒေသ၊ ပါရန်တောင်ကုန်းဒေသ၊ အိန္ဒိယကျွန်းဆွယ်၏ အနောက်ဘက်ဒေသ၊ ကုလားအုတ်ကို အစီးအနင်းပြုလုပ်ရာဒေသ၊ သဲကန္တာရဒေသတွင် တမန်တော်ချုပ် ပွင့်မည်ဟု ဆိုထားသည်။

(ဃ) ပထဝီဝင်အနေအထား တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူစဉ်က အာရေဗျသည် ပထဝီဝင်အနေအထားအရ အရှေ့ဘက်တွင် တရုတ်ပြည်နှင့် အန္ဒိယ မြောက်ဘက်တွင် ပါရှန်နှင့်ရောမ၊ ဂရိနှင့် ဥရောပနိုင်ငံများ၊ အနောက်ဘက်တွင် အီဂျစ်၊ တောင်ဘက်တွင် ယီမင်နှင့် အဘီဆီးနီးယား၊ အာဖရိကနိုင်ငံများ၊ စသော ကမ္ဘာ့ယဉ်ကျေးမှုများ ထွန်းကားခဲ့ရာ ဒေသတို့၏ အလယ်ဗဟိုတွင် ရှိနေခဲ့၏။

တမန်တော်ချုပ်၏အမည် မုဟမ္မဒ်(ဝါ) အဟ်မဒ်
(၁) ချီးမွမ်းခြင်းခံထိုက်သူ
တမန်တော်ချုပ်ကြီး၏ အမည်ကား မုဟမ္မဒ်ဖြစ်သည်။ အဓိပ္ပာယ်ကား ချီးမွမ်းခြင်းခံထိုက်သူဟူ၍ ဖြစ်သည်။ အခြားအမည် တစ်ခုမှာ‘အဟ်မဒ်’ ‘အလ္လာဟ်ကို ချီးမွမ်းထောမနာပြုသူ’ ဟူ၍ ဖြစ်သည်။ (ကုရ်အာန် ၄၈း၂၉ ၊၆၁-၆)
(၂) ‘မ’ အက္ခရာ၏ ဆန်းကြယ်မှု လူ့သမိုင်း၏ ပထမဆုံး နဗီတမန်တော်၏ အမည်မှာ အာဒမ်ဖြစ်၏။ ‘အ’ အက္ခရာဖြင့်စ၍ ‘မ’ အက္ခရာဖြင့် ဆုံးထားသည်။ တစ်နည်းဆိုသော် နဗီတမန်တော်တို့၏ သမိုင်းကို အာဒမ်ကစခဲ့၍ ဒုနိယာလောကတွင် များစွာသော နဗီများ ပွင့်ကြပြီး နောက်ဆုံး နဗီတမန်တော်ချုပ်မှာ မုဟမ္မဒ် ဖြစ်ပေသည်။
နောက်ဆုံး တမန်တော်ချုပ်(သို့) ကြီးကျယ်သော အလင်းပြ ပုဂ္ဂိုလ်ကြီး ပွင့်ပေါ်မည်ကို ကမ္ဘာနှင့်အဝန်း စောင့်မျှော်နေကြရာ ထိုပုဂ္ဂိုလ်ကြီး၏ အမည်နာမနှင့် စပ်လျဉ်း၍ ရှေးတမန်တော်များ၏ သင်ကြားချက်များ၊ ကျမ်းများတွင် သက်ဆိုင်ရာ ဘာသာစကားအသီးသီးဖြင့် ချီးမွမ်းခြင်းခံထိုက်သူ (မုဟမ္မဒ်) မိမိ၏ အရှင်သခင်ကို ချီးမွမ်းထောမနာပြုသူ (အဟ်မဒ်)၊ မေတ္တာရှင် ကရုဏာရှင်၊ “မ” ဟူသော အက္ခရာပါဝင်မည့် အမည်ရှင်။(မ) အက္ခရာသုံးလုံးပါဝင်မည့် အမည်ရှင်၊ ‘မဟာမ’ ကြီးကျယ်သော(မ) အက္ခရာအမည်ရှင် စသည့် ဖော်ပြချက်များကို ရှာဖွေတွေ့ရှိနိုင်ပေသည်။
(၃) ဘွဲ့အမည်၊ လောကခပ်သိမ်းအတွက် မေတ္တာကရုဏာရှင် အလ္လာဟ်သည် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်ကို ‘ရဟ်မတ်သုလ်လိလ်အာလမီန်း’ လောကအပေါင်းအတွက် မေတ္တာ ကရုဏာတော်ရှင်ဟု ဘွဲ့ပေးထား၏။ (ကုရ်အာန် ၂၁း၁၀၇)။ မုဟမ္မဒ်ဟူသော အမည်တွင်(မ) အက္ခရာသုံးလုံး ပါဝင်၍ ဘွဲ့အမည်မှာ မေတ္တာရှင် ဖြစ်ပေသည်။
(၄) သူတော်စင်တစ်သောင်းနှင့် လာမည့် ငြိမ်းချမ်းရေး တမန်တော် ရှေးကျမ်းများစွာတို့တွင် နောက်ဆုံး တမန်တော်ချုပ်သည် ‘ကုလားအုတ်’ကို အစီးအနင်းပြုသူ {Camel Rider} ဖြစ်မည်ဟု ဆိုထား၏။ သူတော်စင်ပေါင်း တစ်သောင်း {Ten thousand saints} သို့မဟုတ် နွားတစ်သောင်းနှင့် လာမည်ဟု ဆိုထား၏။ အာရေဗျတွင် ကုလားအုတ်မှာ အစီးအနင်းဖြစ်၏။ မက္ကာဟ်ကို ကာဖိရ်မုရှရိက်တို့လက်မှ အောင်နိုင်သောနေ့တွင် နောက်လိုက်ဆွဟာဗာ (သာဝက) တစ်သောင်းဖြင့် မုဟမ္မဒ်သခင် ကြွလာခဲ့၏။ ကမ္ဘာ့သမိုင်း၏ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေး လောကအားလုံးတွင် စံတင်လောက်အောင် မေတ္တာတရားပြခဲ့သော ငြိမ်းချမ်းရေးဘုရင် {Prince of peace} ဖြစ်ခဲ့၏။

>‘အွမ္မီ’ စာပေ မသင်ကြားရသူ တမန်တော်နှင့် သစ္စာတရား၏ ဝိညာဉ်
တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် ငယ်စဉ်ကပင် မိဘမဲ့ဘဝရောက်ခဲ့၏။ ‘အွမ္မီ’ခေါ် စာပေသင်ကြားခြင်း မခံရသူ ဖြစ်ခဲ့သည်။ (ကုရ်အာန် ၇း၁၅၇။ ၆၂း၂)။
စင်စစ် မုဟမ္မဒ်သခင်သည် ခေတ်တိုင်းအတွက် လူသားထုတစ်ရပ်လုံးနှင့် ယှဉ်သော တမန်တော်ချုပ် ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ ခေတ်တိုင်းအတွက် လမ်းညွှန်ကုရ်အာန်ကျမ်းမြတ်ကို လက္ခံရမည့်သူ ဖြစ်ပေရာ မုဟမ္မဒ်သခင်အား လူသားဆရာများ၊ ပညာရှင်များနှင့် လူ့အတွေးအခေါ်များမှ ကင်းစေရန် “အွမ္မီ” အဖြစ် အလ္လာဟ်အရှင်မြတ်၏ စီမံမှုပင် ဖြစ်သည်။ ရှေးတမန်တော်များမှ သင်ကြားချက်တွင် နောက်ဆုံး တမန်တော်ချုပ်သည် {Uniettered Prophet} စာပေမတတ်မြောက်သူ၊ ဆရာမရှိသူ ဖြစ်လိမ့်မည်ဟု တွေ့ရှိနိုင်ပေသည်။
တမန်တော်ချုပ်သည် စာပေမသင်ကြားခဲ့ ရသော်လည်း အလ္လာဟ်အရှင်မြတ်ထံမှ ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ်ကို ကမ္ဘာ့ လူသားတို့ထံ နှုတ်မှ ဆင့်ပြန်ရမည် ဖြစ်ပေရာ အလ္လာဟ်သည် မုဟမ္မဒ်သခင်၏ ကိုယ်ကျင့်သိက္ခာနှင့် စပ်လျဉ်း၍ ငယ်စဉ်ကပင် စ၍ အပြစ်ကင်းစွာ ထားခဲ့၏။
တမန်တော်မဖြစ်မီကပင် အာရေဗျ၌ ‘အလ်အမီးန်’ ‘အတ်ဆွာဒစ်က်’ (ရိုးသားဖြောင့်မတ်သူ သစ္စာရှင်) စသည့် ဂုဏ်ပုဒ်တို့ဖြင့် ကျော်ကြားနေခဲ့၏။ ၄င်း၏နှုတ်မှ မည်သည့်အခါမှ မုသား မထွက်ကြောင်း အာရပ်တို့ ယုံကြည်ခဲ့ကြ၏။ (အိဗနိဟိရှမ်။ တဗာရီနှင့် အိဘနီစာအတ်ကျမ်း)
တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူစဉ်က ကမ္ဘာအရပ်ဒေသတို့တွင် အလ္လာဟ်ချပေးခဲ့သော မူရင်းကျမ်းများပျက်ကာ အမှောင်လွှမ်းမိုးနေပေပြီ။ အာရေဗျ တစ်ခွင်တွင် ရုပ်တုများစွာ ထုလုပ်ကိုးကွယ်ခြင်း၊ အရက်သေစာကို စည်နှင့်တည်၍ သောက်ခြင်း၊ အမျိုးသမီးများနှင့် ကျွန်တို့ ဘဝအခွင့်အရေး ဆုံးရှုံးနေခြင်း၊ ဖခင်တို့က သမီးမိန်းကလေးမွေးလာလျင် မြေမြုပ်သတ်ပစ်ခြင်း၊ မေတ္တာတရား ခေါင်းပါးကာ ရန်လိုစစ်သွေးကြွနေခြင်း စသည့် အကျင့်ဆိုးများဖြင့် အမှောင်ခေတ်ကြားဝယ် မုဟမ္မဒ်သခင်သည် သောက်စား ကာမ ကင်းစင်ခြင်း၊ ရုပ်တုမကိုးကွယ်ခြင်း၊ ကိုယ်ကျင့်သိက္ခာ ဖြောင့်မတ်၍ အမှန်စကားသာပြောဆိုရုံဖြင့် အာရပ်မျိုးနွယ်များအားလုံးက သစ္စာရှင်အဖြစ် လေးစားခြင်းခံခဲ့ရ၏။
>လောကခပ်သိမ်းအတွက် မေတ္တာရှင် ပွင့်တော်မူခြင်း
မုဟမ္မဒ်သခင်သည် မိမိပတ်ဝန်းကျင်ရှိ အမှောင်ခေတ်နှင့် အကျင့်မှားတို့ကို စိတ်မချမ်းမြေ့ဘဲ မက္ကာမြို့တော်၏ မြောက်ဘက်(၃)မိုင် အကွာရှိ “ဟီရာ” လိုဏ်ဂူသို့သွားရောက် တရားဆင်ခြင်လျက်ရှိ၏။ ထိုအတောအတွင်း အမြင်များ၊ အိပ်မက်များသည် ပြင်ပတွင် အမှန်တကယ် ဖြစ်ပေါ်လာသည်ကို တွေ့နေ၏။ ဤသို့ဖြင့် မုဟမ္မဒ်သခင်သည် သက်တော်(၄၀) ပြည့်ချေပြီတည်း။
ခရစ်သက္ကရာဇ် ၆၁၀ ခုနှစ် လမြတ်ရမ်ဇမ်၏ ညဥ့်တစ်ညဥ့် (သမိုင်းပညာရှင် အိဘနိစအတ်၏ တွက်ချက်မှုအရ ဟစ်ဂျရီခုနှစ် မတိုင်မီ ၁၃ နှစ် ရမ်ဇမ်လမြတ်၏ ၁၇ ရက်နေ့ည)တွင် ဖြစ်သည်။ စကြဝဠာ လောကခပ်သိမ်းတို့၏အရှင် အလ္လာဟ်၏ အမိန့်တော်အရ မလာအိကဟ် ကောင်းကင်တမန်ချုပ် ဂျီဘရာအီလ် သက်ဆင်းလာ၏။ ဟီရာလိုဏ်ဂူအတွင်း နက်နဲစွာ တရားဆင်ခြင်နေသော မုဟမ္မဒ်သခင်ကို ကောင်းကင်တမန်က ဖတ်လော့ (အစ်ကရအ်)ဟု ညွှန်ကြား၏။ မုဟမ္မဒ်သခင်သည် ထူးဆန်းသော ကြီးကျယ်သည့် အတွေ့အကြုံကြောင့် စိတ်လှုပ်ရှားစွာ ကျွန်ုပ်ဖတ်တတ်သူမဟုတ်ပါ’ဟု ဖြေဆိုတော်မူ၏။
ဤသို့ဖြင့် နောက်ဆုံးတွင် မလာအိကဟ်ချုပ်သည် မုဟမ္မဒ်သခင်၏ ရင်ကိုပွေ့ဖက်၍ ‘ဖတ်လော့’ဟု ညွှန်ကြားကာ အောက်ဖော်ပြပါ ကုရ်အာန်ကျမ်းမြတ်၏ ပထမဆုံးသော အာယာသ်တော် ၅ပါးကို ရွတ်ဆိုပြလေသည်။ မုဟမ္မဒ်သခင်၏ သန့်စင်သော နှုတ်တော်မှလည်း ထိုအာယာသ်တော် ၅ပါး ထွက်ပေါ်လာလေသည်။ ဖြူစင်သော စိတ်နှလုံးတွင်လည်း စွဲမြဲနေတော့သည်။

(၁) ဖတ်လော့-အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ နာမတော်ကို အစပြု၍။ ထိုအရှင်မြတ်သည် (သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။
(၂) ထိုအရှင်မြတ်သည် လူသားကို (အလတ်က်) တွယ်ကပ်သော အရာဖြင့် ဖန်ဆင်းတော်မူခဲ့သည်။
(၃) ဖတ်လော့ (ကြွေးကြော်လော့) စင်စစ် အသင့်အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာ ပေးကမ်း ချီးမြှင့်တော်မူသော အရှင်ဖြစ်တော်မူ၏။
(၄-၅) ထိုအရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူ၏။ ထိုအရှင်မြတ်သည် လူသားတို့ကို သူတို့မသိသော အရာများကို သင်ကြားပေးတော်မူခဲ့၏။ (ကုရ်အာန်၉၆း၁-၅)
အထက်ပါအတိုင်း အလ္လာဟ်ထံတော်မှ ကမ္ဘာ့လူသားတို့ အတွက် နောက်ဆုံး ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ် စတင် ကျရောက်သောညဥ့်သည် ‘ကဒရ်ည’ဟု မည်တွင်လေသည်။ မုဟမ္မဒ်သခင် တရားဆင်ခြင်ရာ ဟီရာလိုဏ်ဂူ (သုတေသနလိုဏ်ဂူ)ရှိရာ တောင်ကုန်းသည်လည်း ဂျဘာလ်အ(န်)နူရ် (အလင်းရောင်တောင်ကုန်း)ဟု အမည်တွင်လေသည်။ စကြဝဠာလောကခပ်သိမ်းအတွက် မေတ္တာရှင်ကား ပွင့်လေပြီတည်း
“ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို “လိုင်လသုလ်ကဒရ်” ညဥ့်မြတ်၌ ချပေးသနားတော်မူခဲ့၏” (ကုရ်အာန် ၉၇း၁)
“အမှန်သော်ကား ငါအရှင်မြတ်သည် အသင်(မုဟမ္မဒ်)အား ခပ်သိမ်းကုန်သော လူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူ အဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ် လည်းကောင်း စေလွှတ်တော်မူ၏” (ကုရ်အာန် ၃၄း၂၈)
“စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်(မုဟမ္မဒ်)အား လောကခပ်သိမ်းအတွက် မေတ္တာကရုဏာတော်အဖြစ်သာလျင် စေလွတ်တော်မူခဲ့သည်။ (ကုရ်အာန် ၂၁း၁၀၇)
“အသင်တို့ထံသို့ အလင်းရောင်နှင့် ထင်ရှားလှစွာသော (ကုရ်အာန်)ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ” (ကုရ်အာန် ၅း၁၅)
ထိုကဒရ်ညဥ့်မှအစပြု၍ (၂၃)နှစ်တာ ကာလပတ်လုံး အလ္လာဟ်အရှင်မြတ် ထံတော်မှ ဝဟီကုရ်အာန်ကျမ်းမြတ် ကျရောက်ခဲ့ရာ ခရစ်သက္ကရာဇ် ၆၃၂ တွင် ပြီးပြည့်စုံခဲ့လေသည်။ ကမ္ဘာပျက်မည့်နေ့တိုင် ခေတ်တိုင်း လူသားတိုင်း အတွက် အံ့ဖွယ်သက်သေ လက္ခဏာနှင့် ဝဟီလမ်းညွှန်အဖြစ် မပြောင်းလဲဘဲ တည်ရှိနေပေတော့သည်။
မုဟမ္မဒ်သခင်သည် နဗီအဖြစ် လူသားတိုင်းအတွက် ပွင့်တော်မူပြီး နောက် ကမ္ဘာကြီးသည်လည်း လမ်းပန်းဆက်သွယ်ရေး တိုးတက်လာပြီး လူသားတို့ တစ်ကမ္ဘာလုံးကို သိခဲ့ကြရုံမျှမက အလ္လာဟ်သည် လူသားတို့အား သိပ္ပံခေတ်၊ အာကာသခေတ်၊ ကွန်ပြူတာခေတ် စသည်ဖြင့် အဆင့်ဆင့် အသိဉာဏ်တိုးမြှင့်၍ မိမိ၏ သက်သေလက္ခဏာများကို ပြလျက်ရှိနေပေတော့သည်။ ကုရ်အာန် စတင်ကျရောက်သော ရမ်ဇမ်လကို မုစ်လင်မ်တိုင်းအတွက် နှစ်စဉ် ဆွီယာမ် ဥပုသ်သီလဆောက်တည်ရာ လအဖြစ် (ဟစ်ဂျရီ ၂ ခုနှစ်တွင်) အလ္လာဟ်က သတ်မှတ်ခဲ့သည်။ (ကုရ်အာန် ၂း၁၈၃-၁၈၅)
>သစ္စာတရား၏ ဝိညာဉ်နှင့် ပြီးပြည့်စုံသော အလင်းရောင်
“အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုလ်တို့၏ နူရ်(တရားအလင်းရောင်ခြည်တော်ရှင်) ဖြစ်တော်မူ၏” (ကုရ်အာန်၂၄း၃၅)
“၄င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားလင်းရောင်ခြည်ကို မိမိတို့၏ ပါးစပ်ဖြင့်ငြိမ်းသတ်လိုကြ၏။ သို့ရာတွင် ကာဖရ်သွေဖည် ငြင်းပယ်သူများ မနှစ်မြို့ကြသော်လည်း အလ္လာဟ်သည် မိမိ၏ တရားလင်းရောင်ခြည်ကို ပြည့်ဝစုံလင်အောင် ပြုလုပ်တော်မူသည့် အရှင်မြတ်ပင်ဖြစ်၏။ (ကုရ်အာန် ၆၁း၈)
အလ္လာဟ်သည် စကြဝဠာ လောကခပ်သိမ်းရှိ သက်ရှိသက်မဲ့ခပ်သိမ်းတို့ထံ ၄င်းတို့ အသီးသီးအား ဖန်ဆင်းခံရသည့် သဘာဝနှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရန် ဝဟီလမ်းညွှန် ပေးတော်မူ၏။ လူသားတို့ထံလည်း ‘ဟတ်က်’ခေါ် စကြဝဠာနှင့် ယှဉ်သော သစ္စာတရားနှင့် ‘ဒီနူလ်ဟတ်’ခေါ် သစ္စာတရား၏ လမ်းစဉ်ကို လူသား နဗီ တမန်တော်များ ပွင့်စေတော်မူ၍ ဝဟီလမ်းညွှန် ပေးတော်မူ၏။ လူလောကတွင် အလ္လာဟ်ထံမှ တရားရောင်ခြည် မှေးမှိန်သွားတိုင်း အလ္လာဟ်သည် နဗီတမန်တော် ပွင့်စေ၍ ထွန်းညှိပေးမြဲသာ ဖြစ်၏။ သို့သော် ရှေးနဗီတမန်တော်အားလုံးတို့က မိမိတို့၏ ဟောကြားသော လမ်းညွှန်သည့်ခေတ်တိုင်းအတွက် တည်မြဲမည်မဟုတ်။ နောက်ဆုံး တမန်တော်ချုပ် ပွင့်မည်ဟုသာ ဆိုခဲ့ကြသည်။
ထိုတမန်တော်ချုပ်၏ နောက်ဆုံးလမ်းညွှန်သည်သာ ကမ္ဘာပျက်တိုင် တည်မြဲမည်ဟု ဆိုခဲ့ကြ၏။ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို လူသား နဗီများထံ မလာအိကဟ်ချုပ် ဂျီဘရာအီလ်က သယ်ဆောင်ပေးလေ့ရှိ၏။ မလာအိကဟ်ချုပ်၏ ဘွဲ့မှာ “ရူဟူလ်အမီးန်” သစ္စာတရား၏ ဝိညာဉ်နှင့် “ရူဟူလ်တွလ်ဒုစ်” သန့်စင်သော ဝိညာဉ်တော် ဖြစ်၏။ (ကုရ်အာန် ၂၆း၁၉၃။ ၁၆း၁၀၂)
အလ္လာဟ်က မုဟမ္မဒ်သခင်အား သစ္စာတရားနှင့် တမန်တော် (ရစူလ်ဗစ်လ် ဟတ်က်) (ကုရ်အာန် ၃း၁၇၄)ဟု ဆိုထား၏ တမန်တော်ချုပ် မုဟမ္မဒ်အား ဒီနူလ်ဟတ်က် သစ္စာတရား၏ လမ်းစဉ်ကို နောက်ဆုံး ထွန်းညှိစေခဲ့သည်။ (ကုရ်အာန် ၆၁း၉)။
တမန်တော်ချုပ် မုဟမ္မဒ်သခင် ထွန်းညှိခဲ့သော တရားအလင်းရောင် ကုရ်အာန်သည် အလ္လာဟ်၏ ကတိတော်နှင့် ရှေးတမန်တော်၏ ဟောကြားချက် အတိုင်း ပြီးပြည့်စုံစွာ တစ်လုံးတစ်ပါဒ မပြောင်းလဲဘဲ ယနေ့တိုင် ရှိနေပေသည်။ ကမ္ဘာပျက်တိုင် ဆက်လက်တည်ရှိနေဦးမည်သာတည်း။

စာဖတ်သူအားလုံး အေလင် အသိပညာတိုးပွားနိင်ပါစေ..

တမန်တော်ချုပ်ပွင့်ပေါ်ရာဒေသ-မက္က

(က) ကမ္ဘာ့ပထမဆုံး တမန်တော် အာဒမ်ပွင့်ရာဒေသ လူ့သမိုင်းတွင် ပထမဆုံး နဗီတမန်တော် အာဒမ်သည် ဘတ်ကဟ်ဒေသ (ယခု မက္ကာမြို့)၌ ပွင့်တော်မူခဲ့သည်။ လူသားတို့အတွက် အလ္လာဟ်ကို တသရာ ပထမဆုံး ဗဟို ကျောင်းတော်အဖြစ် ကအ်ဘဟ်ကျောင်းတော်ကို တည်ဆောက်ခဲ့သည်။ (ကုရ်အာန် ၃း၃၃။ ၄၂း၇။ ၃း၉၆)။ ကအ်ဘဟ် ကျောင်းတော်တွင် ထူးဆန်းသော ကောင်းကင်ကျ ကျောက်နက်တုံး (အဆွဝဒ်)ကို ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။ (ကအ်ဘဟ် ကျောင်းတော် တည်ဆောက်ရမည့် နေရာကို အလ္လာဟ်အရှင်မြတ်က နဗီတမန်တော် အာဒမ်ကို ထို ကျောက်နက်တုံးချ၍ ပြခဲ့ခြင်း ဖြစ်နိုင်ပေသည်)

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာအနီး ရောက်ရှိ

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာအနီး ရောက်ရှိ

မြင်းခြံမြို့ကနေ တရုတ်-မြန်မာနယ်စပ်နားက လိုင်ဇာမြို့အထိ  ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ လိုင်ဇာနဲ့ ၁၉မိုင်ကွာဝေးတဲ့ ဒေါ့ဖုန်းယန်ကို ရောက်ရှိနေပြီး အဲဒီအရောက်မှာ ဒေါ့ဖုန်းယန်အုပ်ချုပ်ရေးမှူးက နယ်မြေတွင်း မြေမြှုပ်မိုင်းတွေရှိတဲ့အတွက် ရှေ့ဆက်မသွားဖို့ ခေါ်ယူသတိပေးတယ်လို့ လမ်းလျှောက်သူတွေက RFA ကို ပြောပါတယ်။

အဲဒီလို ခေါ်ယူသတိပေးခံရပေမယ့် မိမိတို့အနေနဲ့ လိုင်ဇာရောက်တဲ့အထိ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ကြောင်း အဲဒီအဖွဲ့မှာပါဝင်တဲ့ ကိုသန့်ဇင်က  RFA ကို ပြောပါတယ်။

“ကျနော်တို့ကို မသွားဖြစ်အောင်လို့ ငြိမ်းချမ်းရေးဆောင်ရွက်မှုကို စိတ်ပိုင်းဆိုင်ရာအရ ဟန့်တားတာတို့ကို ကျနော်တို့က လှည့်ထွက်မှာမဟုတ်ပါဘူး၊ ရောက်အောင်ပဲသွားမှာပဲ၊ ကျနော်တို့က တောထဲသွားမှာလည်း မဟုတ်ဘူး၊ ပုံမှန်ကားတွေသွားနေတဲ့ လမ်းကြောင်းကနေ သွားမှာဖြစ်တယ်၊ ရှင်းပေးဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ ကျနော်မြင်တယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်ကလည်း ကျနော်တို့ကို စောင့်ရှောက်လိမ့်မယ်လို့ ယုံကြည်တယ်၊ နောက်အစိုးရတပ်ဘက်ကလည်း ကျနော်တို့ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူးလို့ ကျနော်ကယုံကြည်တယ်ဗျ”

မြင်းခြံလမ်းလျှောက်အဖွဲ့ဟာ မနက်ဖြန် ညနေပိုင်းမှာ  ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကစပြီး ရန်ကုန်မြို့ကနေ စတင်ထွက်ခွာခဲ့တဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက လမ်းလျှောက်နေတဲ့အဖွဲ့ဟာ ဒီကနေ့မှာ မိုးကောင်းမြို့နယ် နမ္မတီးဒေသစိတ် မရမ်းကျေးရွာကို ရောက်ရှိနေပါတယ်။ အဲဒီအဖွဲ့ထဲက ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတင်ထားရတဲ့ သံဃာတော်တစ်ပါးနဲ့ လူငါးဦးဟာ အခုဆိုရင်သက်သာနေပြီလို့ ပြောပါတယ်။  အဲဒီအဖွဲ့ဟာ မကြာခင်မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိမှာဖြစ်ပြီး မြစ်ကြီးနား မြို့ခံတွေကလည်း သူတို့ကိုကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။

မြင်းခြံမြို့ကနေ တရုတ်-မြန်မာနယ်စပ်နားက လိုင်ဇာမြို့အထိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ လိုင်ဇာနဲ့ ၁၉မိုင်ကွာဝေးတဲ့ ဒေါ့ဖုန်းယန်ကို ရောက်ရှိနေပြီး အဲဒီအရောက်မှာ ဒေါ့ဖုန်းယန်အုပ်ချုပ်ရေးမှူးက နယ်မြေတွင်း မြေမြှုပ်မိုင်းတွေရှိတဲ့အတွက် ရှေ့ဆက်မသွားဖို့ ခေါ်ယူသတိပေးတယ်လို့ လမ်းလျှောက်သူတွေက RFA ကို ပြောပါတယ်။