Pages
Sunday, March 3, 2013
နေပြည်တော်တွင် ရပ်တန့်ထားသောထော်လာဂျီယာဉ်အားတိုက်မိ၍ ၅ ဦး ဒဏ်ရာရ
နေပြည်တော်၊ မတ် ၃
၂-၃-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းရွာ အနီးတွင် ပန်းခင်းလမ်းဆုံဘက်မှ ကုမုဒြာကြာပန်းအ၀ိုင်းဘက်သို့ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းကျေးရွာ ဈေးတန်းနေ နေလင်းစိုး(၃၄)နှစ်မောင်းနှင်သည့် ၈စ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်မှ လမ်းပြင်နေသော စည်ပင်သာယာဌာနမှ ဇမ္ဗူသီရိမြို့နယ်၊ ရွှေနံ့သာစည်ပင်အိမ်ယာဝန်းနေ ရန်နိုင်စိုး (၂၀)နှစ်၏ ရပ်တန့်ထားသောထော်လာဂျီအား နောက်မှ ၀င်ရောက်တိုက်မိခဲ့သည်။
မြရည်နန္ဒာရပ်ကွက်အနီး ပေါက်ပင်သင်္ချိုင်းကွင်းတွင် စည်ပင်နဲ့  တောင်သူ တွေဆီကမြေဝယ်ထားသူတွေအကြား အငြင်းပွားကာ ပဋိပက္ခဖြစ်ပွား
မြရည်နန္ဒာရပ်ကွက်အနီး ပေါက်ပင်သင်္ချိုင်းကွင်းတွင် စည်ပင်နဲ့  တောင်သူ
တွေဆီကမြေဝယ်ထားသူတွေအကြား အငြင်းပွားကာ ပဋိပက္ခဖြစ်ပွား
မန္တလေး။ (၃၊၃၊၂၀၁၃)
    မြရည်နန္ဒာရပ်ကွက်အနီး ပေါက်ပင်သင်္ချိုင်းကွင်းတွင် တောင်သူတွေထံမှ
ဝယ်ယူထားသူတွေရဲ့  ဝန်းထရံခတ်တဲ့အပေါ် စည်ပင်ကဖျက်ဆီးဖို့ ကြိုးစား
လို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
     အဲဒီနေရာဟာ လွန်ခဲ့တဲ့လအနည်းငယ်က  စည်ပင် ကမြေကော်ကားနဲ့ 
      မြေပိုင်ရှင်တစ်ဦးက“ကျွန်တော်တို့ တောင်သူတွေဆီကဝယ်ခဲ့ကြတယ်။
စည်ပင်ကကျူးဆိုပြီးမြေကော်ကားနဲ့ အိမ်တွေကို ဖျက်ဆီးတယ်။ အခုက
တောင်သူတွေ ပြန်ပိုင်ဆိုင်ခွင့်ရှိတယ်ယူဆလို့ ဝန်းထရံပြန်ခတ်တာပါ” လို့ 
ပြောပါတယ်။
       အဒီမြေနေရာဟာ လွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကစည်ပင်က မြို့ ပြစီမံ
ကိန်းအတွက် သိမ်းယူထားခဲ့ပေမယ့်  ဘာစီမံကိန်းမှ အကောင်အထည်
မဖော်နိုင်ခဲ့လို့ တောင်သူတွေက မိမိတို့ ပိုင်ဆိုင်ခွင့်ရှိသင့်တယ် ထင်လို့  ယခုလို ပြန်လည်ရောင်းချခဲ့ကြခြင်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာမှ စည်ပင်
က မြေဂရံတွေ ချထားပေးခဲ့တယ်ဆိုတာဟာလည်း လက်သင့်ရာ ချထားပေး
ခဲ့တာဖြစ်ပြီး တရားမဝင်တဲ့လုပ်ရပ်ဖြစ်တယ်လို့  တောင်သူတွေကပြောပါ
တယ်။
အဲဒီကွင်းမှာပြုလုပ်ခဲ့တဲ့ မြေကော်ကားနဲ့ ကော်ယူ
ဖျက်ဆီးမှုကြောင့် စည်ပင်သာယာဟာ နာမည်ပျက်ခဲ့ပါတယ်။ အဲဒီလိုဖျက်ဆီးတုန်းက အခြေနေအပေါ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ (လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီ ) က“ အဲဒီ မြေကော်ကား(ဘူဒိုဇာ) ရှေ့ မှာပဲ ငုတ်တုပ်ထိုင်သေလိုက်ချင်ပါတော့တယ်”လို့ မှတ်ချက်ပြုရတဲ့ အထိဖြစ်ခဲ့ပါတယ်။
မန္တလေး။ (၃၊၃၊၂၀၁၃)
မြရည်နန္ဒာရပ်ကွက်အနီး ပေါက်ပင်သင်္ချိုင်းကွင်းတွင် တောင်သူတွေထံမှ ဝယ်ယူထားသူတွေရဲ့  ဝန်းထရံ
ခတ်တဲ့အပေါ် စည်ပင်ကဖျက်ဆီးဖို့ ကြိုးစား လို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေရာဟာလွန်ခဲ့တဲ့လအနည်း
ငယ်က စည်ပင် ကမြေကော်ကားနဲ့ ဖျက်ဆီးခဲ့လို့  တောင်သူတွေထံကဝယ်ယူထားသူတွေနစ်နာခဲ့ကြပါ
တယ်။
လေကြောင်းစစ်ကြောင့် အာဖဂန် ကလေးငယ်သေဆုံး
လေကြောင်းစစ်ကြောင့် အာဖဂန် ကလေးငယ်သေဆုံး
Sunday, March 3, 2013
အာဖဂန် နစ္စတန် တောင်ပိုင်းမှာ အသက် ၇ နှစ်အောက် နွားကျောင်းသား ကလေးငယ် ၂ ယောက်ကို နိုင်ငံတကာ တပ်သားတွေက တာလီဘန် အမှတ်နဲ့ မှားယွင်း ပစ်သတ်မိခဲ့ပါတယ်။
သြစတြေးလျ စစ်သားတွေက မှားယွင်း သတ်ဖြတ် မိကြောင်း Uruzgan
ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။
ကြာသပတေးနေ့က တာလီဘန်တွေနဲ့ စစ်ဆင် နေချိန်မှာ ရဟတ်ယာဉ်
ပေါ်ကနေ သူတို့ကို ပစ်ခဲ့မိတာလို့ နေတိုး တပ်တွေဘက်က ပြောကြား ပါတယ်။
ဒီအဖြစ်ဆိုး အတွက် ဝမ်းနည်းရကြောင်း နေတိုး စစ်ဘက် ဆိုင်ရာ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဂင်တာကတ်ဇ် က ပြောဆို ပါတယ်။ အခုလို မှားယွင်း ပစ်ခတ်မှု နဲ့ ပတ်သက်ပြီး ISAF ခေါ် နိုင်ငံတကာလုံခြုံရေးအကူအဖွဲ့အပေါ်မှာ တာဝန်
ရှိကြောင်း နဲ့ တောင်းပန်စကား လည်း ပြောပါတယ်။
အရင်လက အာဖဂန် အရှေ့ပိုင်းက ကူနာ ဒေသမှာ အာဖဂန်တပ်က စစ်ကူတောင်းရာက နေတိုး မှ လေကြောင်း တိုက်ခိုက်မှု ပြုပေးရာမှာ အရပ်သား ဆယ်ယောက် သေဆုံး ခဲ့ရပြီးနောက် တိုက်ပွဲတွေ မှာ
လေကြောင်း စစ်ကူ မခေါ်ဖို့ အာဖဂန် တပ်တွေကို သမ္မတ ဟာမစ် ကာဇိုင်းက တားမြစ် ခဲ့ပါတယ်။
၂၀၁၄ ခု နှစ်ကုန်ပိုင်း မှာ နေတိုး တပ်ဖွဲ့တွေ အနေ နဲ့ အာဖဂန် က တပ်တွေ ရုပ်သိမ်းဖို့ အချိန်ဇယား ဆွဲထားပြီးတဲ့ ကြားက အခုလို မလိုလားအပ်တဲ့ မှားယွင်း ပစ်ခတ်မှု တွေ ပေါ်ပေါက်ဆဲ ဖြစ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
အေးချမ်းမွန်မှ ( BBC ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
Sunday, March 3, 2013
အာဖဂန် နစ္စတန် တောင်ပိုင်းမှာ အသက် ၇ နှစ်အောက် နွားကျောင်းသား ကလေးငယ် ၂ ယောက်ကို နိုင်ငံတကာ တပ်သားတွေက တာလီဘန် အမှတ်နဲ့ မှားယွင်း ပစ်သတ်မိခဲ့ပါတယ်။ သြစတြေးလျ စစ်သား
တွက မှားယွင်း သတ်ဖြတ် မိကြောင်း Uruzgan ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။
အဆိုတော် သရုပ်ဆောင် စိုးသူရဲ့ past & present show သတင်းစာရှင်းလင်းပွဲ ယနေ့ညနေ ၅နာရီခန့်ကပြုလုပ်
ပြည်ပကပြန်လည်ရောက်ရှိလာတဲ့ အဆိုတော် သရုပ်ဆောင် စိုးသူက မတ်လ ၃၀ရက်နေ့ မှာကျင်းပပြုလုပ်မယ့် ၄င်းရဲ့ Past & Present တစ်ကိုယ်တော်ဖျော်ဖြေပွဲ နဲ့ ပတ်သတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဂျန်းရှင်းစကွဲ ရဲ့  အောက်ဒိုးဧရိယာမှာ ယနေ့ ညနေ ၅နာရီခန့် ကကျင်းပပြုလုပ်ခဲ့ ပါတယ်။
သိမ်းဆည်းခံမြေနေရာတွေကို မူလမြေပိုင်ရှင်တွေကမြေပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင် ယနေ့ညနေက ဆန္ဒဖော်ထုတ်
ယနေ့ ညနေ ၃း၃၀ နာရီက ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းတစ်လျှောက်တွင်မိချောင်း
ကန် အပိုင်း ၁၊ ၂ ၊ ၃ က သိမ်းဆည်းခံမြေနေရာတွေကို မူလမြေပိုင်ရှင်တွေကမြေပြန်လည်ရရှိရေးအတွက်
လူဦးရေ ၅၀၀ လောက်က ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်သတင်းရ၇ှိပါသည်။
ဘာသာပေါင်းစုံချစ်ကြည်ရေးအခမ်းအနား မန္တလေးမြို့ တွင် ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပပြုလုပ်မည်
"ဗလီတွေထဲမှာမြေအောက်ခန်းတွေရှိတယ်။စစ်စခန်းတွေရှိတယ်ဆိုပြီးပေါက်လွတ်ပဲစားစကားတွေပြောခဲ့တဲ့ အရေခြုံအမျိုးသားရေးဝါဒီ(သို.)စစ်ထောက်လှမ်းရေးတွေရဲ.လက်ကိုင်တုတ် ဦးဝီရသူတယောက်တော့ သောက်ရှက်တွေဗြန်းဗြန်းကွဲတော့မှာပဲ။ "
 ဘာသာပေါင်းစုံချစ်ကြည်ရေးအခန်းအနား
မန္တလေးမြို့ တွင်ကျင်းပ ပြုလုပ်မည်။(သတင်း) ကိုမောင်မောင်(ရွှေကရဝိတ်)၏ဖေ့ဘုတ်စာမျက်နှာမှ
မန္တလေးမြို့. တွင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မန္တလေး တိုင်းဒေသကြီးမှ ဦးဆောင်၍ ဘာသာပေါင်းစုံ ချစ်ကြည် ရေး အခန်းအနား တစ်ခုပြုလုပ်ကျင်းပ သွားရန် လုပ်ငန်း ကော်မတီ တစ်ရပ် ဖွဲ့ စည်းဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါအခန်းအနားကို အိုရီယမ်တလ်ဟောက်စ် ခန်းမ တွင် ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပပြုလုပ် ရန် ရက်သတ်မှတ်ထားပြီး-သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်
လျှောက်ထား၍ လုပ်ဆောင်သွားပါမည်။
အဆိုပါ အခန်းအနားသို့ လေးပြင်လေးရပ်ရှိ သံဃာတော်များနှင့် အစ္စလာမ်ဘာသာ-ခရစ်ယာန်ဘာသာ-ဟိန္ဒူဘာသာနှင့် ဘဟာအီဘာသာဝင် ခေါင်းဆောင်များကိုဖိတ်ကြားပြီး ဘာသာရေးဆိုင်ရာ အပြန်အလှန်တင်သွင်း လျှောက်ထား ရှင်းလင်းကြပြီး
ကြွရောက်လာကြသော သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်ပြီး ကျန်ပုဂ္ဂိုလ်များကို နံနက်စာ ထမင်းဖြင့် ဧည့်ခံမည်ဖြစ်ပါသည်။
နေ့လည်ပိုင်းတွင် ရဟန်းသံဃာတော်များနှင့် ဘာသာပေါင်းစုံမှ ဧည့်သည်တော်များအား မန္တလေးမြို့ ပေါ်ရှိ သမိုင်းဝင် ဗလီ ၀တ်ကျောင်းတော်များသို့ လေ့လာရေးခရီး ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။
အဆိုပါအခန်းအနားသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက မြန်မာပိစ်စင်တာ ကိုယ်စားပြု တက်ရောက်ရန်စီစဉ်နေကြောင်းနှင့် '၈၈ ကျောင်းသား
ခေါင်းဆောင် မင်းကိုနိုင်တို့ အဖွဲ့ကိုလည်း ဖိတ်ကြားသွား မည်ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် သာသနာရေးဦးစီးဌာန၊ဘာသာရေး လူမှုရေးအဖွဲ့ အစည်း များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ပါသည်။
အဆိုပါ အခန်းအနား ကျင်းပနိုင်ရေးအတွက် အိုရီယန်တယ်လ်ဟောက်စ် (ခန်းမ)ပိုင်ရှင် ဒေါက်တာဦးကိုလေး-ဒေါ်ခင်စောဦးတို့မှ
ခန်းမအား မေတ္တာဖြင့် အခမဲ့ အသုံးပြုခွင့်ပေး
ကုသိုလ်ပြုထားပါသည်။
မန္တလေးမြို့. တွင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မန္တလေး တိုင်းဒေသကြီးမှ ဦးဆောင်၍ ဘာသာပေါင်းစုံ ချစ်ကြည် ရေး အခန်းအနား တစ်ခုပြုလုပ်ကျင်းပ သွားရန် လုပ်ငန်း ကော်မတီ တစ်ရပ် ဖွဲ့ စည်းဆောင်ရွက်လျက်ရှိပါသည်။အဆိုပါအခန်းအနားကို အိုရီယမ်တလ်ဟောက်စ် ခန်းမ တွင် ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပပြုလုပ် ရန် ရက်သတ်မှတ်ထားပြီး-သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်လျှောက်ထား
၍ လုပ်ဆောင်သွားပါမည်။
နေပြည်တော်မှာ ကားကို လမ်းပြောင်းပြန် မောင်းပြီးဘယ်သူ့ကိုမှ ဂရု မစိုက်ဘူး ဆိုတဲ့ ပြန်ကြားရေး ၀န်ကြီး ဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း
၂-၃-၂၀၁၃ ရက်နေ့ ည ၁၀း၀၀ နာရီ လောက်က ဇမ္ဗူသီရိ၊ ဘောဂသိဒ္ဓိ ရပ်ကွက် ရှိ မြ၀တီ ဓါတ်ဆီ ဆိုင် အရှေ့မှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ Van အဖြူရောင် ကားနံပါတ် ၆ခ/၁၂၀၀ ကို မောင်းနှင် လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဒု- ညွှန်မှူး ဦးမျိုးဝင်းဟာ အရက် အလွန် အကျွန် မူးနေပြီး၊ မတ်တတ်တောင် ကိုယ်တိုင် ကောင်းကောင်း မွန်မွန် မရပ် နိုင်တဲ့ အနေအထား ရှိ နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လမ်းသွား လမ်းလာ များက အမြင်မတော်လို့ ၀င်ရောက် ကူညီ ရာမှာ ဦးမျိုးဝင်းက ကားပေါ်က
ဗီယက်နမ်တွင် ရှိနေသော ဗုဒဆင်းတုတော်ကြောင့် ဗုဒဘာသာဝင်များ ဒေါသပြင်းထန်စွာဖြစ်
ဗီယက်နမ်တွင် ရှိနေသော ဗုဒဆင်းတုတော်ကြောင့် ဗုဒဘာသာဝင်များ ဒေါသပြင်းထန်စွာဖြစ်
=====================================
ကြာကလပ်ပေါ်တွင် စံပယ်တော်မူနေသော ဗုဒဘုရားရှင်၏ ဆင်းတုတော်ပေါ်သို့ အ၀တ်မဲ့အမျိုးသမီး တစ်ဦး တင်ပြီး ဖက်ထားသည့် ဗီယက်နမ်နိုင်ငံတွင် ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကြောင့် အင်တာနက် ဗုဒ္ဒဘာသာ ၀င်များအကြားတွင် စိတ်တိုဒေါသထွက်စရာများ ဖြစ်နေကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားပါ သည်။
အဆိုပါ ဓာတ်ပုံသည် Facebook ပေါ်တွင် အရင်ဆုံး တင်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသားများမှ အဆိုပါ ပုံနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးကြကြောင်း ဖော်ပြထားသည်။
ပေးထားသည့် ကွန်မန့်များအရ ထိုင်းအာဏာပိုင်များအနေဖြင့် ထို ဆင်းတုတော်အား ရှာဖွေပြီး ဖျက်ဆီးသင့် ကြောင်း၊ ဗုဒဆင်းတုသည် ဗုဒဘာသာတို့၏ အလေးအမြတ်ထားရာ ဖြစ်သည့်အတွက် ဖြစ်ကြောင်း ရေးသား ထားသည်။
ပြီးခဲ့သည့် အပတ်များကလည်း ပြင်သစ် ဟိုတယ်တစ်ခုတွင် ရေအိမ်သုံး စက္ကူအား ဗုဒ ဦးခေါင်းတော်ပုံ ဖြင့် ပြုလုပ်သဖြင့် ထိုင်းလူမျိုးများ စိတ်ဆိုးခဲ့ပြီး ဘန်ကောက်ရှိ ပြင်သစ်သံရုံးမှ ဟိုတယ်မန်နေဂျာထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။
မြန်မာ မီဒီယာများနှင့် မြန်မာ အင်တာနက်သုံးသူများကတော့ ပြည်တွင်း ဆူပူမှုများ၊ အစိုးရကို အပုပ်ချမှုများနှင့် နော်ခမ်း ကိစ္စဖြင့်သာ လုံးပန်းနေကြသည်။
ကြာကလပ်ပေါ်တွင် စံပယ်တော်မူနေသော ဗုဒဘုရားရှင်၏ ဆင်းတုတော်ပေါ်သို့ အ၀တ်မဲ့အမျိုးသမီး တစ်
ဦး တင်ပြီး ဖက်ထားသည့် ဗီယက်နမ်နိုင်ငံတွင် ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကြောင့် အင်တာနက် ဗုဒ္ဒဘာ
သာ ၀င်များအကြားတွင် စိတ်တိုဒေါသထွက်စရာများ ဖြစ်နေကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြ
ထားပါ သည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထုတ်ပြန်သော ပုံနှိပ်ဥပဒေမူကြမ်းအား သတင်းမီဒီယာကောင်စီ အပါအ၀င် မီဒီယာ အဖွဲ့အစည်းအားလုံးနှင့် ဂျာနယ်လစ်များက လုံးဝ လက်မခံကြောင်း တစ်ညီတစ်ညွတ်တည်း ကန့်ကွက်
ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထုတ်ပြန်သော ပုံနှိပ်ဥပဒေမူကြမ်းအား သတင်းမီဒီယာကောင်စီ အပါအ၀င် မီဒီယာ အဖွဲ့အစည်းအားလုံးနှင့် ဂျာနယ်လစ်များက လုံးဝ လက်မခံကြောင်း တစ်ညီတစ်ညွတ်တည်း ကန့်ကွက်
    Created on Sunday, 03 March 2013 11:59 
၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ပုံနှိပ်ဥပဒေ မူကြမ်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) ပါ လွတ်လပ်စွာ ဖြန့်ချိထုတ်ဝေခွင့် ရှိသည်ဆိုသော အချက်နှင့် ကွဲလွဲနေပြီး အာဏာရှင်စနစ် တည်ထောင်ရန်ရေး ဆွဲပြဋ္ဌာန်းခဲ့သော ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို အသွင်ပြောင်းထားခြင်းသာဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ အပါအ၀င် စာနယ်ဇင်းအဖွဲ့အစည်း အားလုံးနှင့် ဂျာနယ်လစ်များက တစ်ညီတစ်ညွတ်တည်း ကန့်ကွက်လိုက်ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းတွင် အခန်းရှစ်ခန်းနှင့် ပုဒ်မ ၂၈ ခု ပါဝင်ပြီး သတင်းမီဒီယာအား ချုပ်ကိုင်နိုင်ရန်အတွက် ပုံနှိပ်ထုတ်ဝေခြင်းမှ ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ရိုးသားမှုမရှိသော ဥပဒေကြမ်းဖြစ်ကြောင်း စာနယ်ဇင်း အဖွဲ့အစည်းများနှင့် ဂျာနယ်လစ်များက ကန့်ကွက်ပြောဆိုကြပါသည်။
ဥပဒေကြမ်းအရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဆောင်ရွက်လိုသော ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည်လည်းကောင်း၊ သတင်းအေဂျင်စီ ဖွင့်လှစ်ဆောင်ရွက်လိုသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေဖြင့် လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ခန့်အပ်ထားသော မှတ်ပုံတင်အရာရှိထံတွင် လုပ်ငန်းအသိအမှတ်ပြုရန် လျှောက်ထားရမည် ဖြစ်သည်။ အဆိုပါ မှတ်ပုံတင်အရာရှိအနေဖြင့် အသိအမှတ်ပြု လက်မှတ်အား ရုပ်သိမ်းခြင်း၊ ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းနိုင်ကြောင်း ပါဝင်နေသဖြင့် ယခင်တည်ရှိခဲ့သော စာပေစိစစ်ရေး လက်ထက်က လုပ်ထုံးလုပ်နည်းများသာဖြစ်ကြောင်း ဂျာနယ်လစ်များက ဝေဖန်ထောက်ပြကြသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်းခံရသော ဦးအောင်ကြည်က စာနယ်ဇင်းအမြုတေကောင်စီကို ဖျက်သိမ်းပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ကို ဖွဲ့စည်းစဉ်က မီဒီယာဥပဒေအား စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲကြမည်ဟု ပြောဆိုထားခဲ့ပြီး ယခုကဲ့သို့ စာနယ်ဇင်းလောကသားများ မသိအောင် ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို ထုတ်ပြန်ခြင်းမှာ မရိုးသားခြင်းပင် ဖြစ်သည်ဟုလည်း ဝေဖန်ကြပါသည်။
ယခုကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မီဒီယာလောကကို ထိန်းချုပ်ရန်အတွက် တစ်ဖက်သတ် ရေးဆွဲထားသည့် "ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း" အား စာနယ်ဇင်းအဖွဲ့အစည်း အားလုံးက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြပြီး ယင်းဥပဒေမူကြမ်းသည် မီဒီယာလွတ်လပ်မှုကို ထိန်းချုပ်မည့် ဥပဒေသာဖြစ်ကြောင်း၊ စာနယ်ဇင်းသမားများကို အကာအကွယ်ပေးမည့် ဥပဒေမဟုတ်ကြောင်း ပြောဆိုခဲ့ကြသည်။
ပြန်ကြားရေးက အခုလို ပုံနှိပ်လုပ်ငန်းနဲ့ ထုတ်ဝေသူများ ဥပဒေကြမ်းကို ထုတ်လိုက်တာဟာ ရှင်းရှင်းပြောရရင် စာနယ်ဇင်းကောင်စီကို မထီမဲ့မြင်ပြုတဲ့ သဘောရောက်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ ဂုဏ်သိက္ခာရော၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရော၊ ဥပဒေကြမ်း ရေးဆွဲနေတာရောကို ၀ိရောဓိဖြစ်စေတယ်   .   .   .
မြန်မာဂျာနယ်လစ်သမဂ္ဂ (MJU) ၏ ကြေညာချက်တွင် "ဥပဒေကြမ်းသည် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေပါသည်ဆိုသော အစိုးရ၏ မူဝါဒနှင့် ဆန့်ကျင်စွာ မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်လိုသည့် ရည်ရွယ်ချက်များကို တွေ့မြင်နေရပြီး အထူးသဖြင့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ရုပ်သိမ်းဟန်ပြုပြီး ယခင်ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးဌာနမှ အစဉ်စွဲကိုင်ခဲ့သည့် စည်းကမ်းများကို အခန်း(၃)၊ ပုဒ်မ ၇ တွင် ထည့်သွင်းရေးဆွဲလာသည်ကို အထင်အရှား တွေ့မြင်နေရပါသည်" ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဥပဒေမူကြမ်း၏ အခန်း (၃)၊ ပုဒ်မ ၇ တွင် "ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် အောက်ပါအချက် တစ်ရပ်ရပ်တွင် အကျုံးဝင်သော ထုတ်ဝေစာများကို ပုံနှိပ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းမပြုရ - (က) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာစေမည့် အကြောင်းအရာများ ဖော်ပြခြင်း၊ (ခ) တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်သော် လည်းကောင်း၊ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေရန်သော် လည်းကောင်း လှုံ့ဆော်ခြင်း၊ (ဂ) ညစ်ညမ်းစာများကို ဖော်ပြခြင်း၊ (ဃ) ရာဇ၀တ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူယစ်ဆေးဝါးမှုနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးလှုံ့ဆော်ခြင်း၊ (င) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားတည်ဆဲ ဥပဒေများအရ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ဖောက်ဖျက်ရာရောက်သည့် အရေးအသားစာများ ထုတ်ဝေခြင်း" ဟူ၍ ပြဋ္ဌာန်းထားသည်။
ဤပြဋ္ဌာန်းချက်များသည် န၀တ၊ နအဖ လက်ထက်တစ်လျှောက်လုံးတွင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးမှ ထုတ်ပြန်ထားသော မူဝါဒဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်သော မူဝါဒများဖြစ်ကြသည်။ ထို့အပြင် အခန်း (၇) ပြစ်မှုနှင့် ပြစ်ဒဏ်များတွင်ပါဝင်သော ပုဒ်မများသည်လည်း စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်နေသော သတင်းမီဒီယာ နယ်ပယ်အတွက် ပြင်းထန်လွန်းနေသည်ဟု မြန်မာဂျာနယ်လစ်သမဂ္ဂ၏ ကြေညာချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ကလည်း "ဥပဒေ၏ အခန်း (၁) တွင် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၏ အဓိပ္ပာယ်ဖော်ပြချက် မပါရှိပါ။ သို့ရာတွင် အခန်း (၂) နှင့် အခန်း (၄) တို့တွင် ဖော်ပြထားချက်များအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသည် ယခင်စာပေစိစစ်ရေးနှင့် များစွာခြားနားမှု မရှိခြင်းကို တွေ့ရသည်။ ထို့အပြင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနှင့် ၁၉၃၁ ခုနှစ် ပုံနှိပ်တိုက် (အရေးပေါ် အာဏာများ) အက်ဥပဒေတို့ကို အသွင်ပြောင်းထားခြင်း တစ်မျိုးဟု မိမိတို့ရှုမြင်သည်။ သတင်းသမားများအတွက် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေမှ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အခြေခံမူများနှင့် ဖီလာဆန့်ကျင်ဖြစ်နေပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူတို့ဖက်ကို ပြန်လည်ချုပ်ကိုင်ခြင်းအားဖြင့် သတင်းသမားများ၊ စာရေးဆရာများကို ယခင်ကအတိုင်း ပြန်လည်ချုပ်ကိုင်မည့် အခြေအနေများ တွေ့နေရပါသည်" ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် "တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာနိုင်ခြင်း၊ ယင်းအပေါ် လိုင်စင်ရုပ်သိမ်းနိုင်ခြင်းတို့သည် လက်ရှိအခြေအနေအတိုင်းဖြစ်ပြီး Pre-Censorship မဟုတ်သော်ငားလည်း Post-Censorship သာ ဖြစ်နေပါသည်။ ယခု ဥပဒေကြမ်းအရ ဆိုပါက ပုံနှိပ်ထုတ်ဝေသူများနှင့် သတင်းမီဒီယာများသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဖြစ်သည်ဟု မိမိတို့ သုံးသပ်သည်" ဟု (MJA) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
weekly-2-march3
မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ကလည်း "သတင်းစာလွတ်လပ်ခွင့်သည် မီဒီယာလောကသားများအတွက် သာမက ပြည်သူများနှင့်လည်း သက်ဆိုင်ပြီး အထူးသဖြင့် ယင်းဥပဒေကြမ်းသည် ပြည်သူများနှင့် သတင်းမီဒီယာသမားများ၏ ဆန္ဒသဘောထားကို တောင်းခံရယူခြင်း မရှိဘဲ တစ်ဖက်သတ်ရေးဆွဲခြင်းဟု မှတ်ယူ၍ထိရောက်သော ကန့်ကွက်လှုပ်ရှားမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်" ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတရုံး၏ တိုက်ရိုက်စီစဉ်ညွှန်ကြားမှုဖြင့် ဖွဲ့စည်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်တိုင် သဘောတူညီခဲ့သော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေရေးဆွဲရန် တာဝန်လွှဲအပ်ခံထားရသည့် သတင်းမီဒီယာကောင်စီက မတ်လ ၂ ရက်နေ့တွင် အစည်းအဝေးကျင်းပပြီး အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား သဘောမတူကြောင်း ကန့်ကွက်လွှာအား နိုင်ငံတော်သမ္မတထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
"မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က နိုင်ငံတော်သမ္မတရုံးရယ်၊ ပြန်ကြားရေးဝန်ကြီးဌာနရယ်၊ အဓိကကတော့ နိုင်ငံတော်သမ္မတရုံးရဲ့ Mandate နဲ့ ဖွဲ့ထားတာပါ။ ဒါ့အပြင် ပုံနှိပ်နဲ့ထုတ်ဝေသူများ ဥပဒေကြမ်းဆွဲဖို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကိုယ်တိုင် ကျွန်တော်တို့နဲ့ ပထမဆုံးတွေ့တဲ့ပွဲမှာ၊ ပထမဆုံး ပြန်ဖွဲ့တဲ့နေရာမှာ အခြေခံမူဘောင် ပေးထားတယ်။ အဲဒီပေးထားတဲ့အထဲမှာ သတင်းစာထုတ်ဝေတာရော၊ ဂျာနယ်မဂ္ဂဇင်း ထုတ်ဝေတာရော၊ ပုံနှိပ်သမားရော၊ ထုတ်ဝေသူတွေ အတွက်ရော ရေးဆွဲဖို့အချက်တွေက အဲဒီထဲမှာ ပါပြီးသား။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ ပုံနှိပ်နဲ့ထုတ်ဝေသူများ ဥပဒေကြမ်းထဲမှာ အဲဒါပါပြီးသားဖြစ်တဲ့ ကြားထဲကနေပြီးတော့ ပြန်ကြားရေးက အခုလို ပုံနှိပ်လုပ်ငန်းနဲ့ ထုတ်ဝေသူများ ဥပဒေကြမ်းကို ထုတ်လိုက်တာဟာ ရှင်းရှင်းပြောရရင် စာနယ်ဇင်းကောင်စီကို မထီမဲ့မြင်ပြုတဲ့ သဘောရောက်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ ဂုဏ်သိက္ခာရော၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရော၊ ဥပဒေကြမ်းရေးဆွဲနေတာရောကို ၀ိရောဓိဖြစ်စေတယ်။ ဆန့်ကျင်ဘက် ဖြစ်စေတယ်။ ဂုဏ်သိက္ခာကို ထိခိုက်တယ်" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ကိုကျော်မင်းဆွေက ပြောပါသည်။
ဆက်လက်ပြီး "မီဒီယာလောကသားအားလုံး ကန့်ကွက်သူမရှိဘဲ ဖွဲ့စည်းထားတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ကို မထီမဲ့မြင်လုပ်ခြင်းဟာ မီဒီယာလောကသား အားလုံးကို မထီမဲ့မြင်လုပ်ခြင်းနဲ့ အလားသဏ္ဌာန် တူတယ်။ ဒီမိုကရေစီသွားနေတဲ့ လမ်းကြောင်းကိုလည်း အဟန့်အတား ဖြစ်တဲ့သဘော သက်ရောက်တယ်။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် Stakeholder အသီးသီးသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်း၊ အဲဒီလိုသွားနေလို့ နိုင်ငံတကာက ချီးကျူးထောပနာပြုနေတဲ့၊ မျက်နှာပွင့်နေတဲ့ မျက်နှာတွေကို အိုးမဲသုတ်တဲ့သဘော သက်ရောက်တယ်" ဟု ၎င်းက ပြောပါသည်။
ဥပဒေကြမ်းသည် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေပါသည်ဆိုသော အစိုးရ၏မူဝါဒနှင့် ဆန့်ကျင်စွာ မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်လိုသည့် ရည်ရွယ်ချက်များကို တွေ့မြင်နေရပြီး အထူးသဖြင့် ၁၉၆၂ ခုနှစ်ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ရုပ်သိမ်းဟန်ပြုပြီး ယခင်ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးဌာနမှအစဉ် စွဲကိုင်ခဲ့သည့် စည်းကမ်းများကို အခန်း (၃)၊ ပုဒ်မ ၇ တွင် ထည့်သွင်းရေးဆွဲလာသည်ကို အထင်အရှား တွေ့ မြင်နေရ .  .   .
ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းအား မီဒီယာလောကသားများကို အသိမပေးဘဲ တစ်ဖက်သတ် ရေးဆွဲခဲ့ခြင်းမှာ အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးလိုခြင်း ဖြစ်ပြီး ၎င်းတို့ရေးဆွဲထားသော ဥပဒေကြမ်း၏ အခန်း (၈) ပုဒ်မ ၂၇ တွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် (က) ၀န်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ၀န်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်" ဟု ထည့်သွင်းထားခြင်းမှာ မြန်မာနိုင်ငံ၏ သတင်းမီဒီယာနှင့် ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းအားလုံးကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်မည်ဆိုခြင်းအား ပြသသော သဘောပင်ဖြစ်ကြောင်း ဝေဖန်ထောက်ပြကြသည်။
"နိုင်ငံသားတစ်ယောက် အနေနဲ့ရော မီဒီယာအသိုင်းအ၀ိုင်းက အနေနဲ့ပါ ဒီပုံနှိပ်နဲ့ ထုတ်ဝေရေးမူကြမ်းကို သဘောမတူကြောင်း ထုတ်ဖော်ပြသသွားမှာပါ။ ဥပဒေစည်းကမ်း ဘောင်တွေနဲ့ ဥပဒေကြောင်းအရလည်း ကန့်ကွက်သွားဖို့ လိုအပ်တယ်။ ပြည်သူ့လွှတ်တော်ကို ဒီလိုမျိုးသဘောမတူကြောင်း အချက်အလက်တွေ၊ သတင်းတွေပေးပို့ပြီး ကန့်ကွက်လို့ရသလို မီဒီယာလောကသားအချင်းချင်း ညှိနှိုင်းပြီးတော့ သဘောမတူကြောင်းကို ဘယ်လိုလုပ်ရမယ်ဆိုတာ ဆွေးနွေးပြီး လုပ်ပါမယ်။ လုပ်တဲ့အခါမှာ တစ်ဦးတစ်ယောက်ထဲ မဟုတ်ဘဲ အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်မှသာလျှင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေး (MJU) ကလည်း ပြောကြားပါသည်။
အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းအား လွှတ်တော်သို့ ပေးပို့လာပါက ဝေဖန်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လေ့လာမှုများ ပြုလုပ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။
"ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို လွှတ်တော်ကို ပို့လာတဲ့အခါမှာ လူ့အခွင့်အရေး ကြေငြာစာတမ်းရယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီညွတ်တဲ့ အချက်တွေကို ထောက်ပြဆွေးနွေးဖို့ ရှိပါတယ်။ မီဒီယာတွေရဲ့ ဝေဖန်ခွင့်ကို ပိတ်ဆို့ထားတဲ့ ဥပဒေပါအချက်တွေနဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်/ထုတ်ဝေ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ထပ်တူဖြစ်နေတဲ့ အချက်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ စတင်ရှာဖွေနေပါတယ်" ဟု ပြောကြားပါသည်။
ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကမူ "ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် စည်းကမ်းချက်တွေထဲမှာပါတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တခြားတည်ဆဲဥပဒေများအရ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ဖောက်ဖျက်တဲ့ အရေးအသားများ ထုတ်ဝေခြင်းမပြုရလို့ပါတဲ့ အချက်ကိုတော့ နည်းနည်းပြောချင်ပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံရေးပါတီကြီးတွေ အပါအ၀င် တိုင်းရင်းသားတွေကိုယ်တိုင် လက်မခံနိုင်တဲ့ အချက်တွေ ပါနေပါတယ်။
အဲဒီအချက်တွေကို ပြုပြင်ဖို့လိုကြောင်း ပြည်သူက တောင်းဆိုလာရင် အဲဒီတောင်းဆိုတဲ့ သတင်းတွေကိုရော မီဒီယာတွေက မရေးရဘူးလား။ ရေးရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်တယ်ဆိုပြီး အရေးယူမှာလား။ နောက်တည်ဆဲ ဥပဒေတွေမှာလည်း လက်မခံနိုင်တဲ့ ဥပဒေတွေ ရှိတယ်။ အဲဒါတွေကို သတင်းစာတွေမှာရေးရင် သတင်းစာတွေကို ပိတ်ပစ်မှာလား။ အဲဒီလိုလုပ်ဖို့ သဘောဆိုရင်တော့ အဲဒီအချက်ကို လုံးဝလက်မခံနိုင်ပါဘူး" ဟု ဝေဖန်လိုက်သည်။
"မီဒီယာထက် စာမျက်နှာထက်မှာ ပုံနှိပ်ဖော်ပြမှု ရေးသားမှုတစ်ခုခုကြောင့် ရေးသားခံရတဲ့သူ နစ်နာတယ်ဆိုရင် တရားမကြောင်းအရရော ပြစ်မှုကြောင်းအရပါ အရေးယူတရားစွဲရမယ်လို့ ရာဇသတ်ကြီး ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ မဟုတ်တာရေးရင် မဟုတ်တာလုပ်တဲ့သူ ဖြေရှင်းရမျှာပါ့။ တည်ဆဲဥပဒေအရ အတိအလင်း ပြဋ္ဌာန်းပြီးသား ဥပဒေရှိရက်နဲ့ မလိုအပ်တဲ့ ဥပဒေတွေထုတ်ပြီး စတုတ္ထမဏ္ဍိုင်ကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်နေချင်တာ မဖြစ်သင့်ပါဘူး။ နောက်ပြီး ဒီလို မီဒီယာကို ထိန်းချုပ်တဲ့ ဥပဒေမျိုးတွေက ဒီမိုကရေစီလို့ ကြေညာထားတဲ့ နိုင်ငံတွေမှာ လုံးဝမရှိပါဘူး" ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရီက ပြောသည်။
"လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ ဥပဒေကြမ်းပဲ ဖြစ်တယ်။ မလိုအပ်ဘဲ ဒီဥပဒေကြမ်းကို ဘာလို့ထုတ်တာလဲဆိုတာ နားမလည်နိုင်ပါဘူး။ ထိန်းချုပ်ဖို့ကြိုးစားတယ်လို့ နားလည်တယ်။ ဒါကြောင့် ကန့်ကွက်ရတာပါ။ ပုံနှိပ်ထုတ်ဝေခြင်းလို့သာ ရေးထားပေမယ့် ဒီအထဲမှာ Website တွေ၊ အေဂျင်စီတွေရယ် သတင်းဌာနတွေရော အားလုံးပါနေတယ်။ အဲဒါတွေက တကယ်တော့ သဘာဝမကျပါဘူး။ နောက်တစ်ချက်က မှတ်ပုံတင်တဲ့နေရာမှာ လုပ်ငန်းအနေနဲ့ မှတ်ပုံတင်တာမျိုး မဟုတ်ဘဲနဲ့ ၆၂ ဥပဒေမျိုးနဲ့ သိပ်မကွာတဲ့ ဖော်ပြချက်မျိုးနဲ့ စာစောင်တစ်စောင်ချင်းသော် လည်းကောင်း၊ သတင်းဌာန တစ်ခုချင်းသော် လည်းကောင်း မှတ်ပုံတင်တယ်ဆိုတာ ပြောသွားတဲ့ ခေါင်းစဉ်နဲ့ မကိုက်ညီဘူး။ သက်တမ်းတွေကို သတ်မှတ်ထားတာကလည်း သဘာဝမကျပါဘူး" ဟု မြန်မာဂျာနယ်လစ် ကွန်ရက်၏ အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။
"ပြန်ကြားရေးဝန်ကြီး အကူးအပြောင်းမှာ စာနယ်ဇင်းလောကသားတွေရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့အတွက် Media Law ရေးဆွဲဖို့ ပူးပေါင်းပါလို့ တိုက်တွန်းခဲ့တဲ့အတွက် စာနယ်ဇင်းကောင်စီ (ယာယီ) မှာ ပါဝင်ခဲ့တာပါ။ အခုလိုမျိုး စာနယ်ဇင်းကောင်စီ (ယာယီ) တောင် မသိရဘဲ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ဥပဒေကြမ်းကို ရုတ်တရက် ထုတ်ပြန်ခဲ့တာဟာ ရိုးသားမှု မရှိဘူးလို့ ထင်ပါတယ်။ ဒီဥပဒေကြမ်းထဲမှာ အရင်စာပေစိစစ်ရေး လက်ထက်က အသုံးပြုခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေ ပါဝင်နေတာ တွေ့ရတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒီလိုလုပ်ရပ်ကြောင့် ပြည်ထောင်စုအစိုးရအပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းသွားနိုင်ပါတယ်" ဦးဇော်သက်ထွေးက ပြောပါသည်။
ယခုကဲ့သို့ စာနယ်ဇင်းအဖွဲ့အားလုံးနှင့် ဂျာနယ်လစ်များက တစ်ဖက်သတ်ရေးဆွဲထားသည့် ဥပဒေမူကြမ်းအပေါ် ဆန့်ကျင်ကန့်ကွက်နေသော်လည်း အချို့သော ပုံနှိပ်ထုတ်ဝေသူများကမူ ဥပဒေမူကြမ်းကို လက်ခံနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးအား တွေ့ဆုံပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။
"ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ အရင်ကလို Proxy Journalist တွေကို လူထုက လက်မခံတဲ့အခါ သူတို့နဲ့ ခေတ်အဆက်ဆက် ပေါင်းစားခဲ့တဲ့ ခရိုနီထုတ်ဝေသူ တချို့ကို အသုံးချပြီး ပုံနှိပ်ထုတ်ဝေရေး ဥပဒေကို အသက်သွင်းဖို့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေနဲ့ ကြိုတင်လက်ဝါးချင်းရိုက်ပြီး ဒီဥပဒေမူကြမ်းကို ကြေငြာခဲ့တယ်" ဟု အမည်မဖော်လိုသူ ပုံနှိပ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။
"နေပြည်တော်ကို ဒီဥပဒေ မထွက်ခင် တစ်ပတ်က ခေါ်ပြီး ကြိုတင်ဆွေးနွေးမှုတွေ ရှိတယ်။ အခုလည်း စာနယ်ဇင်းကောင်စီရဲ့ လုပ်ရပ်တွေကို အနှောင့်အယှက်ပေးဖို့ ကြံစည်မှုတွေ လုပ်ခဲ့တယ်" ဟု အဆိုပါလုပ်ငန်းရှင်က ဆိုပါသည်။
"ဒီအဖွဲ့က ပုံနှိပ်ထုတ်ဝေသူ အားလုံးကို ကိုယ်စားမပြုပါဘူး။ ကျွန်တော်တို့လည်း ပုံနှိပ်ထုတ်ဝေသူပါပဲ။ သူတို့က အခွင့်အရေးသမား သက်သက်ပါ။ ကိုယ့်မီဒီယာလောကကို မကာကွယ်ဘဲ အခုလိုမျိုးတွေ လုပ်ရင် ဒီလောကက သူတို့ကို ၀ိုင်းပယ်ကြပါလိမ့်မယ်" ဟု Eleven Media Group ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်က ဆိုပါသည်။
ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်သည် မရှိမဖြစ်လိုအပ်ကြောင်းနှင့် ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် အဆိုပါအချက်ကို ထိန်းချုပ်မည်ဆိုပါက နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောဆိုနေသော သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ရှိလာနိုင်မည်မဟုတ်ကြောင်း ဂျာနယ်လစ်များက ဆိုပါသည်။    
"အခု ပုံနှိပ်ဥပဒေမူကြမ်းမှာ စာနယ်ဇင်းတွေမှာ ရှိသင့်ရှိထိုက်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ထိပါးစေတဲ့ အချက်တွေ ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု မရှိရင် ဒီမိုကရေစီဆီကို သွားနေတဲ့ လမ်းကြောင်းက ဖြောင့်ဖြူးမှာ မဟုတ်ဘူး။ သမ္မတကြီး အမြဲပြောနေတဲ့ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ဖြစ်လာဖို့ဆိုတာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု မရှိဘဲ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ရှိလာမှာ မဟုတ်ဘူး။ သမ္မတကြီးရော ဒေါ်အောင်ဆန်းစုကြည်ပါ ပြောပြောနေတဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာမှာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု မရှိဘဲ တရားဥပဒေစိုးမိုးမှု ရှိလာမှာ မဟုတ်ဘူး။ အဂတိတရားလိုက်စားတာ၊ လာဘ်ပေးလာဘ်ယူမှု စတဲ့စတဲ့ အချက်တွေကို စာနယ်ဇင်းက ဖော်ထုတ်မှ ဒီလာဘ်ပေးလာဘ်ယူကိစ္စတွေ လျော့နည်းလာမယ်။ စာနယ်ဇင်းတွေက ချမပြဘဲ စာနယ်ဇင်းတွေကို ထုတ်ဖော်ပြောဆိုခွင့် မရှိအောင် ထိန်းချုပ်ထားမယ်ဆိုရင် ဒီအဂတိတရား လိုက်စားမှုတွေက ရှိနေဦးမှာပဲ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိရင် နိုင်ငံကလည်း ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး" ဟု The Messenger သတင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ကိုသူရအောင်က ပြောပါသည်။
ဒေါက်တာခင်မောင်ညိုက "ဥပဒေကြမ်းမှာ ထုတ်ဝေခွင့်လျှောက်ထားပြီး ဘယ်ကာလအကြာမှာ လိုင်စင်ထုတ်ပေးရမယ်ဆိုတာ မပါဘူး။ အခကြေးငွေ ဘယ်လောက်ပေးသွင်းရမယ် ဆိုတာလည်း မပါဘူး။ ဒါတွေ တိတိကျကျဖြစ်ဖို့ လိုတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ဖောက်ဖျက်တယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်တာတွေ ပါသလား။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အမြဲတမ်း မမှန်နိုင်ဘူး။ အဲဒါကို ပြင်ဆင်နိုင်ဖို့ တင်ပြရာကနေ တရားဥပဒေစိုးမိုးမှုကို ထိခိုက်လာနိုင်တာတွေ ရှိနိုင်တယ်။ တည်ဆဲဥပဒေကို ဖောက်ဖျက်တဲ့ သဘောမျိုးလည်း ပါလာနိုင်တယ်။ ဒီလိုသတ်မှတ်ထားတာ စာပေလွတ်လပ်ခွင့်ကို ဘောင်ကျဉ်းသွားစေတယ်" ဟု ပြောကြားသည်။   
-    နိုင်ငံတော်အစိုးရက သြဂုတ်လ ၁၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၆၁/၂၀၁၂ ဖြင့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်။
-    အဆိုပါ အမြုတေကောင်စီ အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ပြုစုရေးဆွဲလျက်ရှိသော ပုံနှိပ်မီဒီယာ ဥပဒေ (မူကြမ်း)ကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာ။
-    အစိုးရမှ ဦးဆောင်ပြီး စာနယ်ဇင်းအမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်နှင့် ပတ်သက်ပြီး စာနယ်ဇင်း မီဒီယာသမားများ၊ စာနယ်ဇင်း အဖွဲ့အသီးသီးက လက်မခံနိုင်ကြောင်း ၀ိုင်းဝန်းကန့်ကွက်။
-    ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ဦးအောင်ကြည်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး။
-    အမြုတေ စာနယ်ဇင်းကောင်စီအား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အမည်ဖြင့် ရန်ကုန်မြို့၌ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်။
-    အသစ်ပြန်လည်ဖွဲ့စည်းသည့် စာနယ်ဇင်းကောင်စီ (ယာယီ)၏ သက်တမ်းမှာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းရေးဆွဲရန်ရှိသည့် မီဒီယာဥပဒေ (မူကြမ်း)အား လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးသည့်နောက် အဆိုပါဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံ တာဝန်လွှဲပြောင်းပြီးသည်အထိဖြစ်။ စာနယ်ဇင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ ပြန်လည်ဖွဲ့စည်း။
The Voice နှင့် Envoy ဂျာနယ်များထုတ်ဝေခွင့် ယာယီပိတ်ခံရမှုအပေါ် သတင်းထောက်များက တူညီဝတ်စုံများဝတ်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေသည်ကို ၂၀၁၂ သြဂုတ် ၄ ရက်က တွေ့ရစဉ်
အေးချမ်းမွန်မှ ( http://www.news-eleven.com/ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
The Voice နှင့် Envoy ဂျာနယ်များထုတ်ဝေခွင့် ယာယီပိတ်ခံရမှုအပေါ် သတင်းထောက်များက တူညီဝတ်စုံများဝတ်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေသည်ကို ၂၀၁၂ သြဂုတ် ၄ ရက်က တွေ့ရစဉ်
Sunday, 03 March 2013 
  ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ပုံနှိပ်ဥပဒေ မူကြမ်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) ပါ လွတ်လပ်စွာ ဖြန့်ချိထုတ်ဝေခွင့် ရှိသည်ဆိုေ
သာ အချက်နှင့် ကွဲလွဲနေပြီး အာဏာရှင်စနစ် တည်ထောင်ရန်ရေး ဆွဲပြဋ္ဌာန်းခဲ့သော ၁၉၆၂ ခုနှစ် ပုံနှိပ်သူ
များနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို အသွင်ပြောင်းထားခြင်းသာဖြစ်ကြောင်း သတင်းမီဒီယာကောင်
စီ အပါအ၀င် စာနယ်ဇင်းအဖွဲ့အစည်း အားလုံးနှင့် ဂျာနယ်လစ်များက တစ်ညီတစ်ညွတ်တည်း ကန့်ကွက်
လိုက်ကြသည်။
မတရားအသင်း အကြေညာခံထားရသည့် NLD-LA ပြည်တွင်းရောက်ရှိ
မတရားအသင်း အကြေညာခံထားရသည့် NLD-LA ပြည်တွင်းရောက်ရှိ
NLD(လွတ်မြောက်နယ်မြေ-ဗဟို)မှ ဦးဆောင်သူတချို့သည် မြန်မာနိုင်ငံ သို့ ခေတ္တ ရောက်ရှိနေပြီး ဒီကနေ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များနှင့် ၄င်းတို့၏ သင်္ကန်ကျွန်း ၈၈ ရုံးခန်းတွင် သွားရောက်တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေး အခြေအနေများ ဆွေးနွေးကြောင်း သိရသည်။
ရန်ကုန်ရောက်ရှိနေသည့် NLD-LA ခေါင်းဆောင်များထဲတွင် ဦးမြင့်သိဏ်း(မဲဆောက်) ၊ ဒေါက်တာ ၀င်းနိုင်(လန်ဒန်) ဦးမောင်မောင်အေး (သြစတြေးလျ) နှင့် အခြား သူများ ပါဝင်ကြောင်း သိရသည်။ ၈၈ အဖွဲ့ဖက်မှ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုပြုံးချိုနှင့် အခြား သူများတက်ရောက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းထားသော်လည်း တွေ့ခွင့် ရရန် အတိအကျ မသိရသေးကြောင်း သိရသည်။ A
ပုံတွင် ဦးမောင်မောင်အေးမှာ ပြည်ပနိုင်ငံရေး အခြေနေ တချို့ ရှင်းပြ နေစဉ်
Credit: Burma-Newselite
ပုံတွင် ဦးမောင်မောင်အေးမှာ ပြည်ပနိုင်ငံရေး အခြေနေ တချို့ ရှင်းပြ နေစဉ်
NLD(လွတ်မြောက်နယ်မြေ-ဗဟို)မှ ဦးဆောင်သူတချို့သည် မြန်မာနိုင်ငံ သို့ ခေတ္တ ရောက်ရှိနေပြီး ဒီကနေ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များနှင့် ၄င်းတို့၏ သင်္ကန်ကျွန်း ၈၈ ရုံးခန်းတွင် သွားရောက်တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေး အခြေအနေများ ဆွေးနွေးကြောင်း သိရသည်။
မန္တလေးမြို့မှ ကမ္ဘာလှည့် ယာဉ်တန်းကြီး ကလောမြို့သို့ ရောက်ရှိ ညအိပ်ရပ်နား
မန္တလေးမြို့မှ ကမ္ဘာလှည့် ယာဉ်တန်းကြီး ကလောမြို့သို့ ရောက်ရှိ ညအိပ်ရပ်နား
ကလော မတ် ၂
Journeys Nature and Culture Explorations ၏ Package Tour အစီအစဉ်ဖြင့် ဂျာမနီ နိုင်ငံ အခြေစိုက် The Sea Bridge for Motor Home အဖွဲ့မှ Guido Damian Amlinger ဦးဆောင်သော အဖွဲ့ဝင် ၅၄ ဦးနှင့် မော်တော်ယာဉ် ၂၉ စီးပါ ကမ္ဘာလှည့် ယာဉ်တန်းကြီးသည်
မန္တလေးမြို့မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းသို့ မတ် ၁ ရက် ညနေပိုင်းက ရောက်ရှိကြပြီး ညအိပ် ရပ်နားကြကြောင်း သိရသည်။ အဆိုပါ အဖွဲ့၏ မြန်မာ နိုင်ငံတွင်း ခရီးစဉ်မှာ တမူး/မိုးရေး နယ်စပ် လမ်းမှ တမူး-ကလေး-မုံရွာ-ပခုက္ကူ-ပုဂံ-မန္တလေး-ကလော-အင်းလေး-နေပြည်တော်-ရန်ကုန်-မော်လမြိုင်-ဘားအံ- မြဝတီဖြစ်ပြီး မြဝတီ နယ်စပ် မှ ထိုင်းနိုင်ငံသို့ ဆက်လက် ခရီးဆက်မည် ဖြစ်ကြောင်း သိရသည်။ ၎င်း အဖွဲ့သည် ကလောမြို့တွင် ညအိပ် ရပ်နားပြီး မတ် ၂ ရက်တွင် အင်းလေးသို့ ဆက်လက် ထွက်ခွာ၍ အင်းလေး ဒေသတွင် နှစ် ရက် ညအိပ် ရပ်နားကာ အင်းလေးကန်အား လည်ပတ်ပြီး တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံများအား လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။
http://bit.ly/Z6lKH0
အေးချမ်းမွန်မှ ( မြ၀တီ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
ကလော မတ် ၂
Journeys Nature and Culture Explorations ၏ Package Tour အစီအစဉ်ဖြင့် ဂျာမနီ နိုင်ငံ အခြေစိုက် The Sea Bridge for Motor Home အဖွဲ့မှ Guido Damian Amlinger ဦးဆောင်သော အဖွဲ့ဝင် ၅၄ ဦးနှင့် မော်တော်ယာဉ် ၂၉ စီးပါ ကမ္ဘာလှည့် ယာဉ်တန်းကြီးသည်
ယနေ့ နံနက် ၄ နာရီ ၄၈ မိနစ်အချိန်က ရန်ကုန်- ထားဝယ် အမှတ် (၁၇၆) အစုန် အမြန်ရထား တိမ်းမှောက်
ရန်ကုန်- ထားဝယ် အမှတ် (၁၇၆) အစုန် အမြန်ရထား တိမ်းမှောက်
ယနေ့ နံနက် ၄ နာရီ ၄၈ မိနစ်ခန့်တွင် စက်ခေါင်းမောင်း ဦးသန့်ဇော်ဝင်း မောင်းနှင်လာသော အမှတ် (၁၇၆) အစုန် ရန်ကုန်- ထားဝယ် လူစီးအမြန် ရထားသည် မွန်ပြည်နယ် ကျိုက်ထို မြို့နယ် မုက္ခမူ ကျေးရွာ ရထားလမ်း မိုင်တိုင်အမှတ် (၉၃/ ၁) နှင့် (၉၃/ ၁၆) အကြားတွင် ပထမတန်း တွဲအမှတ် BDFEZ - ၁၂ဝ၄၄ ၏ ဝဲဘက်ခြမ်းရှိ ဘီးအမှတ် ၃၄၅၆ မှာ တိမ်းချော်၍ ၎င်းတွဲနှင့် နောက်ဆုံးတွဲ (တွဲထိန်းတွဲ) အမှတ် BDFEZ - ၁ဝ၅၆ဝ တို့မှာ ဝဲဘက် အခြမ်းသို့ တုံးလုံး လဲကျကာ လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ရထား တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိ ကြောင်းနှင့် မြန်မာ့ မီးရထားမှ တာဝန်ရှိ သူများက ခရီးသည်များ ဆက်လက် ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခြင်းနှင့် တွဲများ ပြန်လည် မတင်ကာ ရထားများ ပုံမှန် ပြေးဆွဲနိုင်ရေး တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
http://bit.ly/ZX8Jp5
အေးချမ်းမွန်မှ ( မြ၀တီ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
ယနေ့ နံနက် ၄ နာရီ ၄၈ မိနစ်ခန့်တွင် စက်ခေါင်းမောင်း ဦးသန့်ဇော်ဝင်း မောင်းနှင်လာသော အမှတ် (၁၇၆) အစုန် ရန်ကုန်- ထားဝယ် လူစီးအမြန် ရထားသည် မွန်ပြည်နယ် ကျိုက်ထို မြို့နယ် မုက္ခမူ ကျေးရွာ ရထားလမ်း မိုင်တိုင်အမှတ် (၉၃/ ၁) နှင့် (၉၃/ ၁၆) အကြားတွင် ပထမတန်း တွဲအမှတ် BDFEZ - ၁၂ဝ၄၄ ၏
အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲပြီး Foal Eagle အမည်ရှိ စစ်ရေး လေ့ကျင့်မှု စတင်
အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု စတင်
မတ် ၃ ရက်၊ ၂၀၁၃
မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း တင်းမာမှုများ မြင့်တက် နေစဉ်တွင် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံတို့သည် နှစ်စဉ် ပူးတွဲ စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို စတင်ရန် အတွက် အမေရိကန် တပ်ဖွဲ့ဝင်များ တောင်ကိုရီးယား နိုင်ငံသို့ မတ် ၁ ရက်က ရောက်ရှိ လာခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရ သည်။ Foal Eagle ဟု အမည် ပေးထားသည့် အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ဝေဟင်၊ မြေပြင်နှင့် ရေပြင် ပူးပေါင်း စစ်ရေး လေ့ကျင့် မှုများ ပါဝင်ပြီး ဧပြီ ၃ဝ ရက် ထိတိုင်အောင် လုပ်ဆောင်သွား မည် ဖြစ်သည်။ ထို လေ့ကျင့်မှုတွင် တောင်ကိုရီးယား တပ်ဖွဲ့ဝင် အရေအတွက် အများအပြားနှင့် အတူ အမေရိကန် တပ်ဖွဲ့ဝင် ၁ဝဝဝဝ ကျော် ပါဝင်မည်ဟု သိရသည်။ စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ရန် အတွက် အမေရိကန်၊ ပစိဖိတ် ဒေသနှင့် ဂျပန် နိုင်ငံရှိ စစ်အခြေစိုက် စခန်းများမှ အမေရိ ကန် စစ်ကူ တပ်ဖွဲ့ ဝင်များသည် တောင်ကိုရီးယား နိုင်ငံသို့ ထွက်ခွာ ခဲ့ကြကြောင်း စစ်ဘက် ဆိုင်ရာ တာဝန် ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်း ဌာနက ပြောကြားခဲ့သည်။ အလားတူပင် အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့ဝင်များသည် Key Resolve ဟု အမည် ပေးထားသော ကွန်ပျူတာဖြင့် ဖန်တီးထားသော စစ်ရေး လေ့ကျင့်မှုကို မတ် ၁၁ ရက်မှ ၂၁ ရက်ထိ လုပ်ဆောင်သွားမည် ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ဝင် ၃၅ဝဝ ဦးနှင့် တောင်ကိုရီးယား တပ်ဖွဲ့ ဝင် ဦးရေ ၁ဝဝဝဝ တို့ ပါဝင် လေ့ကျင့်သွားမည် ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ စစ်ရေး လေ့ကျင့်မှုများကို မကြာသေးမီ သီတင်းပတ်များက လုပ်ဆောင်လျက် ရှိပြီး ယခင် လေ့ ကျင့်မှုများ ထက် ပိုမို ပြင်းထန်စွာ လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ကင်မင်းဆော့ခ်က ဖေဖော်ဝါရီ ၂၈ ရက်က ပြောကြားခဲ့သည်။ ၁၉၅ဝ- ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲများ ပြီးဆုံးချိန်မှ စ၍ တောင်ကိုရီးယား နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ထားရှိပြီး ယခု လက်ရှိ တွင် အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက် ၂၈၅ဝဝ ဦးခန့် ရှိကြောင်း သိရသည်။
http://bit.ly/VWgsjR
မတ် ၃ ရက်၊ ၂၀၁၃
မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း တင်းမာမှုများ မြင့်တက် နေစဉ်တွင် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံတို့သည် နှစ်စဉ် ပူးတွဲ စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို စတင်ရန် အတွက် အမေရိကန် တပ်ဖွဲ့ဝင်များ တောင်ကိုရီးယား နိုင်ငံသို့ မတ် ၁ ရက်က ရောက်ရှိ လာခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရ သည်။
Android ကိုချစ်တဲ့ပိရိသတ်များအတွက် ဆရာ ချစ်သောလူ ရေးသားတဲ့ Android User Guide မြန်မာလိုစာအုပ်လေးပါ
'ဒီတစ်ခါတင်ပေးမှာကတော့ Android ကိုချစ်တဲ့ပိရိသတ်များအတွက် ဆရာ ချစ်သောလူ ရေးသားတဲ့ Android User Guide မြန်မာလိုစာအုပ်လေးပါပဲ။စာအုပ်ထဲမှာ ဖုန်းအမျိုးအစား ပေါင်းများစွာအတွက် Root
လုပ်နည်းလိုမျိုး။အကြောင်းအရာတွေအပြင် အခြားဗဟုသုတ များစွာကိုရေးသားထားပါတယ်။Android
User တွေအတွက်မရှိမဖြစ်စာအုပ်လေးပါ။
ယနေ့မတ်လ ၃ရက်နေ့တွင် တိုင်း(မ) မဂ္ဂဇင်း နှစ် ၉၀ ပြည့် ပြီ
တိုင်း(မ) မဂ္ဂဇင်း နှစ် ၉၀ ပြည့် 
၁၉၂၃ ခုနှစ် မတ်လ ၃ ရက်နေ့  တွင် စတင် ပုံ နှိပ် ထုတ်ဝေ ခဲ့သည့် Time မဂ္ဂဇင်း သည် နှစ် ၉၀ ပြည့် သွား ပြီ ဖြစ်သည်။ အမေရိကန် အောက်လွှတ်
တော် ဥက္ကဌ ဂျိုးဆက်(ဖ) ဂျီ ကန်နွန် ၏ မျက် နှာ ဖုံး ပုံ ဖြင့် မဂ္ဂဇင်း ကို စတင် ထုတ် ဝေ ခဲ့ရာ ရောင်း ဈေး မှာ ဆင့် ၅၀ ဖြစ်သည်။ ၁၉၄၀ ခုနှစ် ခန့် 
တွင် မြန်မာ ပညာတတ် များ နှင့် ဘိလပ် ပြန် များ က ဂါးဒီယန်း ၊ သူရိယ သတင်း စာ တို့  ကို ဖတ်ရှု ရာ မှ Time မဂ္ဂဇင်း ကို လည်း ဖတ်ရှု လာကြသည်။
၁၉၂၃ ခုနှစ် မတ်လ ၃ ရက်နေ့  တွင် စတင် ပုံ နှိပ် ထုတ်ဝေ ခဲ့သည့် Time မဂ္ဂဇင်း သည် နှစ် ၉၀ ပြည့် သွား ပြီ ဖြစ်သည်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ဂျိုးဆက်(ဖ) ဂျီ ကန်နွန် ၏ မျက် နှာ ဖုံး ပုံ ဖြင့် မဂ္ဂဇင်း ကို စတင် ထုတ် ဝေ ခဲ့ရာ ရောင်း ဈေး မှာ ဆင့် ၅၀ ဖြစ်သည်။ 
ရေခဲသေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ခုကို မျိုချခဲ့တဲ့ ကလေးငယ်
ကလေးငယ်က ရေခဲသေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ခုကို မျိုချ
 BY GOOD HEALTH
ရုရှားသူ မိခင်ဖြစ်သူက သူမရဲ့ ၁၆လ အရွယ်ကလေး ငယ်အနီးမှ ခွာပြီးမီးဖိုး ချောင်ထဲဝင် နေစဉ်မိနစ် ပိုင်း အတွင်း သူမရဲ့အိမ်ထဲက ရေခဲသေတ္တာမှာ ကပ်ထား တဲ့ သံလိုက်တွေ အားလုံးပျောက် ဆုံးသွားတာကို သတိထားမိ တဲ့အတွက် သူမရဲ့ကလေးကို ခေါ်ကာ နီးစပ်ရာ ဆေးခန်းသို့ သွားရောက်ပြ သခဲ့ပြီး ဓာတ်မှန် လမ်းလျှောက် တတ်စအရွယ် ကလေးငယ်က ရေခဲ သေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ကို မျိုချ ရှောက်ရည်သောက် ခြင်း၏အကျိုး ကျေးဇူးများ ရိုက် ကြည့်ရာ ကလေးငယ်ရဲ့ ဝမ်းဗိုက်အတွင်း သေး ငယ်တဲ့ သံလိုက်အဝိုင်း တုံးလေးတွေ အများ အပြား တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့်ကလေး ကိုနီးစပ် ရာဆေး ရုံသို့ခေါ်သွားပြီး ချက်ချင်းခွဲ စိတ်မှုခံယူ ခဲ့ရပါတယ်။ ခွဲစိတ်ကုသ ဆရာဝန်က ကလေးရဲ့အစာ ခြေစနစ် အတွင်း သံလိုက်တုံး ၄၂ ခုကို တွေ့ရှိခဲ့ကာ ဖယ် ထုတ်ပေး ခဲ့ရတယ်လို့ ဆိုပြီးသူ့အ နေနဲ့တစ်နှစ် အတွင်းမှာ ဒီလိုကလေး ငယ်တွေရဲ့ ဝမ်းဗိုက်တွင်းက သံလိုက်တုံး အပါအဝင် ပြင်ပပစ္စည်း အများအပြားကို ထုတ်ယူပေးခဲ့ ရတယ်လို့ ပြောပြပါတယ်။
လမ်း လျှောက် တတ်စအရွယ် ကလေးတွေဟာ ကမ္ဘာလော ကကို စူးစမ်းလိုစိတ် အလွန်များပြားတာကြောင့် တွေ့တွေ့သမျှ ပစ္စည်းတွေကို ပါးစပ်တွင်း ထည့်သွင်းတတ်တဲ့ အတွက်မိဘတွေ အနေနဲ့မျက်စိ အောက်ကအပျောက် မခံဘဲစောင့်ရှောက် သင့်ကြောင်း ဆရာဝန်တွေက အကြံပေးထားပါတယ်။  
ဒေါက်တာခင်မိုးမိုး
အေးချမ်းမွန်မှ ( GOOD HEALTH ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
ရုရှားသူ မိခင်ဖြစ်သူက သူမရဲ့ ၁၆လ အရွယ်ကလေး ငယ်အနီးမှ ခွာပြီးမီးဖိုး ချောင်ထဲဝင် နေစဉ်မိနစ် ပိုင်း အတွင်း သူမရဲ့အိမ်ထဲက ရေခဲသေတ္တာမှာ ကပ်ထား တဲ့ သံလိုက်တွေ အားလုံးပျောက် ဆုံးသွားတာကို သတိထားမိ တဲ့အတွက် သူမရဲ့ကလေးကို ခေါ်ကာ နီးစပ်ရာ ဆေးခန်းသို့ သွားရောက်ပြ သခဲ့ပြီး
နော်ဝေ ရေအားလျှပ်စစ် သင်ခန်းစာမှသည် ......
နော်ဝေ ရေအားလျှပ်စစ် သင်ခန်းစာမှသည် ......
SATURDAY, MARCH 2, 2013
နော်ဝေနိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေနိုင်ငံက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း 
ရေး အတွက်ပါ အလေးထား စဉ်းစား တည်ဆောက်လုပ်ကိုင်နေတဲ့ အော်စလို မြို့ မြောက်ဘက်က အက်စ်ကင်မ်မြို့ က Solbergfoss အမည်ရတဲ့ ရေအားလျှပ်စစ် စီမံကိန်းတခုကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံက်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။ 
နော်ဝေ ရေအားလျှစ်စစ် လုပ်ငန်းခွင် တခုကို သွားရောက်လေ့လာနေတဲ့ သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့၊ ဓာတ်ပုံ- မြန်မာ့အလင်း သတင်းစာ
နှစ်ပေါင်း ၁၀၀ လောက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ အတွေ့အကြုံရှိတဲ့ နော်ဝေထံက 
မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ သင်ခန်းစာတွေ ယူလိုတဲ့သဘော နိုင်ငံပိုင် သတင်းစာတွေမှာလည်း ဖော်
ပြထားပါတယ်။ 
နော်ဝေဟာ ကမ္ဘာ့ ပေါ်မှာ ရေအား လျှပ်စစ်ထုတ်လုပ်မှု ဆဋ္ဌမမြောက်အကြီးဆုံး လုပ်ကိုင်တဲ့ နိုင်ငံ လည်း ဖြစ်သလို ဥရောပတခွင်မှာလည်း အကြီးဆုံး ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ 
အဓိက အားဖြင့် သမ္မတ ဦးသိန်းစိန်အနေနဲ့ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် ရေအားလျှပ်စစ် ထုတ် လုပ်မှုကို  ဘယ်လို ဆောင်ရွက်နေတယ်ဆိုတဲ့ အတွေ့အကြုံတွေ နော်ဝေထံက ရယူနိုင်မှာဖြစ်ပါတယ်။ 
အဓိကအားဖြင့်တော့  မြန်မာနိုင်ငံမှာ တချိန်က စစ်အစိုးရများ လက်ထက်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထည့်သွင်း စဉ်းစားမိခဲ့ပုံ မရတဲ့ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းများအပြင် အခြား တည်ဆောက်ဆဲ၊ တည်ဆောက်အံ့ ရေအား လျှပ်စစ် စီမံကိန်းတွေအတွက် အထောက်အကူ သင်ခန်းစာ 
တွေ များစွာ ရခဲ့မယ် ဆိုရင်တော့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း စတဲ့ နိုင်ငံရဲ့ အသက်သွေးကြော မြစ်ကြီး
တွေ ဆက်လက်ရှင်သန်ရေး အတွက် မျှော်လင့်ချက် တခုဖြစ်နေမလားပါပဲ။ 
မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး မလုံလောက်မှု၊ အမှောင်မှာနေသားကျလာပြီးဖြစ်တဲ့ နိုင်ငံသားတွေအတွက် အလင်းဆောင်စေမယ့် လျှစ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ သဘာဝ ပတ်ဝန်းကျင်၊ လူမှု ပတ်ဝန်းကျင်
တွေကို မထိခိုက်ပဲ  စွမ်းဆောင်ပေးနိုင်မယ်ဆိုရင်တော့ နတ်၊ လူ သာဓု ခေါ်မယ့်ကိန်းဖြစ်ပါတယ်။
အိမ့်သံစဉ် 
အေးချမ်းမွန်မှ ( ဧရာဝတီ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
နော်ဝေ ရေအားလျှစ်စစ် လုပ်ငန်းခွင် တခုကို သွားရောက်လေ့လာနေတဲ့ သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့၊ ဓာတ်ပုံ- မြန်မာ့အလင်း သတင်းစာ
နော်ဝေနိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေနိုင်ငံက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း
ရေး အတွက်ပါ အလေးထား စဉ်းစား တည်ဆောက်လုပ်ကိုင်နေတဲ့ အော်စလို မြို့ မြောက်ဘက်က အက်စ်ကင်မ်မြို့ က Solbergfoss အမည်ရတဲ့ ရေအားလျှပ်စစ် စီမံကိန်းတခုကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံက်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။
ဂျော်ဒန်ရောက် ဆန္ဒပြမြန်မာအလုပ်သမားတွေ အရိုက်ခံရ
ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံမှာ လုပ်အားခ တိုးမြင့်ပေးရေး၊ တန်းတူ အလုပ်သမားအခွင့်အရေး ရရှိရေးတို့အတွက် ငြိမ်းချမ်းစွာ တောင်းဆိုနေကြတဲ့ မြန်မာ အလုပ်သမားတွေရှိရာ တန်းလျားကို စက်ရုံဝန်
ထမ်းတွေ မနက်အစောကြီး အတင်းဝင်ရောက်ပြီး အရိုက်နှက်ခဲ့တယ်လို့ အရိုက်ခံရတဲ့ အလုပ်သမားတွေ
က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး
အုန်းတောရှည် ပဋိပက္ခ ဒေသခံသုံးဦးဒဏ်ရာရ
အုန်းတောရှည် ပဋိပက္ခ ဒေသခံသုံးဦးဒဏ်ရာရ
March 2, 2013
စစ်တွေမြို့နယ်၊အုန်းတောရှည်ကျေးရွာမှာ န.စ.ကတွေနဲ့ဒေသခံရိုဟင်ဂျာတွေယနေ့နေ့ခင်း သုံးနာရီဝန်းကျင်ခန့်မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်စစ်တွေမြို့နယ် အုန်းတောရှည်ကျေးရွာမှာဒေသခံ လယ်မြေတွေကိုမတရားသိမ်းယူ ကန့်ဆောက်ရာကနေ ပဋိပက္ခ စတင်ခဲ့တယ်လို့သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနေထိုင်ဖို့ကန့်ဆောက်ရာ မှာ ရခိုင်ကန်ထရိုက်နဲ့ မွတ်စလင်ကန်ထရိုက်တွေပေါင်းပြီး ဒေသခံတွေရဲ့ လယ်မြေတွေကို သိမ်းယူကန့်ဆောက် ခဲ့တာဖြစ်ပါတယ်။
“မြေသိမ်းခံရတဲ့မြေပိုင်ရှင်လာလူး ကဘာလို့ကျွန်တော့မြေပေါ်မှာ ကန့်ဆောက်တာလဲလို့မေးတော့ န.စ.က တွေကဒါ မင်းတို့လယ်မြေလား၊ ဒါကအစိုးရပိုင်မြေဆိုပြှီးပြောရာကနေ စဖြစ်တာပါ”လို့ ဒေသခံ တစ်ဦးကဆိုပါတယ်။
အဆိုပါပဋိပက္ခဖြစ်ပွားမှုမှာ န.စ.က တွေရဲ့သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
(၁) ရှော်ရစ် (ဘ) မာမွတ်ရှော်ဖီ ၃၅နှစ် ညာဘက်ရင်အုံသေနတ်ဒဏ်ရာ
(၂) နော်ဘီဟူစင် ဦးခေါင်းသေနတ်ဒဏ်ရာ
(၃) ဇာမွတ် ဦးခေါင်းသေနတ်ဒဏ်ရာ
ဒဏ်ရာရရှိသူ သုံးဦးကို ညနေ ခြောက်နာရီဝန်းကျင်ခန့်မှာ ပြည်နယ်အစိုးရ၊စစ်တွေ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတွေက စစ်တွေဆေးရုံးကြီးကိုခေါ်ယူသွားတယ်လို့သိရပါတယ်။ ဒဏ်ရာရသူသုံးဦးရဲ့နောက်ဆက်တွဲ ဖြစ်စဉ်ကိုတော့ မသိ၇ှိရသေးဘူး လို့ဒေသခံတွေက ဆိုပါတယ်။ ပဋိပက္ခဖြစ်ပွားချိန်မှာ န.စ.က အင်အားမှာ ၃၅၀ ၀န်းကျင်ရှိပြီး ဒေသခံလယ်မြေဆုံးရှုံးသူတွေကတော့ အယောက် ၄၀ ခန့်သာရှိပါတယ် လို့သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနေထိုင်ဖို့ ကန်ဆောက်လုပ်ရင်အတွက် ငွေကြေးကိုနိုင်ငံတကာ အလှူရှင်တွေ လှူဒါန်းထားတာဖြစ်ပေမယ့် လက်ရှိမှာတော့ မိသားစုတစ်စုကို ငွေကျပ်နှစ်သောင်း ကန်ထရိုက်တာတွေကို ပေးနိုင်မှသာ ၉ပေ ၈ပေ အခန်းတစ်ခန်းရတယ်လို့ဒေသခံတွေကဆိုပါတယ်။ ငွေကျပ်နှစ်သောင်းမပေးနိုင်သူ တွေကတော့ အခန်းမရရှိနိုင်ဘူးလို့သိရပါတယ်။
ကန်ဆောက်လုပ်ရန်တာဝန်ယူတဲ့ ကန်ထရိုက်တာတွေအနေနဲ့ ကန့်အဆောက်အဦး တစ်ထောင်ကျော်ကို ဆောက်လုပ်ပြီးစီးသွားပါပြီ။ ကန့်အဆောက်အဦးတစ်ခုမှာ ၉ပေ ၈ပေ အခန်း (၁၀)ခန်းပါဝင်တာကြောင့် အခန်းပေါင်း တစ်သောင်းကျော် ဆောက်လုပ်ပြီးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဆိုပါပဋိပက္ခ နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက ကန်တွေကိုတာဝန်ယူရတဲ့ ကန်ထရိုက်တာတွေက န.စ.က ၊ ပြည်နယ်အစိုးရတွေနဲ့ပေါင်းပြီး ဒေသခံတွေကိုမတရားခေါင်းပုံဖြတ် မှုတွေပြုလုပ်နေတာပါ၊ ပိုက်ဆံရတော့ ဒေသခံတွေကို မတရားလုပ်နေတာကြောင့် လို့သိရပါတယ်။
ဒေသခံဒုက္ခသည်တွေအတွက်ကန်ဆောက်ဖို့ကို ပြည်နယ်အစိုးရမှတဆင့် ရခိုင်ကန်ထရိုက်တာတွေကို တစ်ဆင့်ခံပြန်ပေးတာဖြစ်ပါတယ်။ ရခိုင်တွေကမှတစ်ဆင့် တခြားကန်ထရိုက်တာတွေက လက်လွှဲယူခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။
Myanmar Muslim Net
March 2, 2013
စစ်တွေမြို့နယ်၊အုန်းတောရှည်ကျေးရွာမှာန.စ.ကတွေနဲ့ဒေသခံရိုဟင်ဂျာတွေယနေ့နေ့ခင်း သုံးနာရီဝန်းကျင်
ခန့်မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်စစ်တွေမြို့နယ်
 အုန်းတောရှည်ကျေးရွာမှာဒေသခံ လယ်မြေတွေကိုမတရားသိမ်းယူ ကန့်ဆောက်ရာကနေ ပဋိပက္ခ စတင်ခဲ့တယ်လို့သိရပါတယ်။