Pages

Friday, March 1, 2013

ယမန်နေ့ညက ပြည်မြို့ မီးရရှိရေး ဆန္ဒပြသူ ၅ ဦး ရဲတပ်ဖွဲ့က တရားစွဲဆို

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မနေ့ညပိုင်းက လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြသူတွေထဲက ဦးဆောင်သူ (၅)ဦးကို ပြည်မြို့ရဲစခန်းမှူး ရဲအုပ် ဦးလှထွန်းက တရားလိုပြုလုပ်ပြီး ပုဒ်မ (၁၈) နဲ့ ဒီကနေ့မှာ တရားစွဲလိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ တရားစွဲခံရသူ ငါးဦးမှာ ကိုကျော်စန်း၊ ကိုကျော်ဆွေ၊ ကိုဝင်းလှိုင်၊ ကိုမင်းမင်းထွန်းနဲ့ ကိုစိုးနိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံနှိပ်သူများနှင့်ထုတ်ဝေရေးလုပ်ငန်းဥပဒေမူကြမ်းကို ကန့်ကွက်ခြင်း

မြန်မာဂျာနယ်လစ်ကွန်ရက်
သတင်းထုတ်ပြန်ချက်(၃/၂၀၁၃)
၁ ရက်၊ မတ်လ၊ ၂၀၁၃ ခုနှစ်

အကြောင်းအရာ။ ။ ပုံနှိပ်သူများနှင့်ထုတ်ဝေရေးလုပ်ငန်းဥပဒေမူကြမ်းကို ကန့်ကွက်ခြင်း။
၁။ပုံနှိပ်သူများနှင့်ထုတ်ဝေရေးလုပ်ငန်းဥပဒေမူကြမ်းသည် ပြည်သူများ၏ဆန္ဒလိုလားချက်ဖြစ်သည့် ဒီမိုကရေစီ ဖော် ဆောင်ရေးတွင်အရေးကြီးသော မီဒီယာလွတ်လပ်ခွင့်ကိုအဟန့်အတားဖြစ်စေရုံသာမက ပြည်သူများ၏သိရှိပိုင်ခွင့်ကိုပါ ထိပါးစေသည့် ဥပဒေကြမ်းတစ်ခုဟု ယုံကြည်၍ မြန်မာဂျယ်နယ်လစ်ကွန်ရက်အနေဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်သည်။

RCSS/SSA နှင့် တိုက်ပွဲဖြစ်ရာနေရာဘက်သို့ အစိုးရတပ် အင်အားထပ်ဖြည့်

RCSS/SSA နှင့် တိုက်ပွဲဖြစ်ရာနေရာဘက်သို့ အစိုးရတပ် အင်အားထပ်ဖြည့်

Thursday, February 28, 2013 Posted by သျှမ်းသံတော်ဆင့်

ယခင်အပတ်က သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲအတွင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း စစ်ရေးငြိမ်သက်မှုမရှိဘဲ ယမန့်က အစိုးရတပ် အင်အားထပ်ဖြည့် နေကြောင်း ဒေသခံများကပြောပါသည်။

တိုက်ပွဲဖြစ်ပွားပြီး ၃ ရက်အကြာ ယမန်နေ့က မူတပ်အပြောင်းအလဲဟုဆိုကာ နမ့်စန်မြို့နယ်မှ တက်လာသည့် စစ်ဖိုးဝီးကား အစီး ၄၀ ခန့် မှာတိုက်ပွဲဖြစ်ပွားရာနေရာဘက်တို့ သွားနေသောကြောင့် ဒေသခံလူထုက စစ်ရေးပြန်လည်တင်းမာလာမည်ကို စိုးရိမ်နေကြောင်း ရပ်ရွာအကြီးအကဲများကပြောသည်။

“တချို့က စစ်သားအပြည့်တင်တယ်။ လက်နက်တွေတော့ကိုင်ထားတာမတွေ့ဘူး။ တချို့အစီးတွေမှာလဲ ဘာတွေအပြည့် တင်ထား လဲတော့မသိဘူး မိုးကာကြီးတွေနဲ့ ဖုံးထားတယ်။ တနင်္ဂနွေနေ့က တိုက်ပွဲ ဖြစ်တဲ့ဘက်ကိုဘဲ သွားတာနဲ့တူတယ်” ဟု အဆိုပါဒေသအတွင်းခရီးသွားနေသည့် နိုင်ငံရေးပါတီဝင်တဦးကပြောသည်။

အခုလ ၂၄ ရက်က ခိုလမ်မြို့နယ်ခွဲအတွင်း ခလရ ၆၆ စစ်ကြောင်းတကြောင်းနှင့် သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၃၇၆ လက်အောက်ခံ တပ်ခွဲတခုတိုက်ပွဲဖြစ်ပွါးရာ မြန်မာ့တပ်မတော်မှ စစ်ကြောင်းမှူးအပါအဝင် ၅ ဦးကျဆုံးခဲ့ကြောင်း သျှမ်းပြည် တပ်မတော်က ပြောပါသည်။

“တိုက်ပွဲအတွင်းမှာ RCSS/SSA ဘက်က စစ်ပစ္စည်းများနဲ့အတူ လက်နက်မျိုးစုံ ၈ လက် သိမ်းဆည်းရတယ်။ ဗမာတပ် ဘက်ကလဲ ပြန်လိုချင် တယ်။ ဒါကို သူတို့က အဲဒီလက်နက်တွေကို ကျေးလက်လူထု နဲ့ ရွာသူကြီးတွေဆီမှာဘဲ ထားပေးပါ။ သူတို့လာယူမယ်တဲ့။ ဒါကို RCSS/SSA က လက်မခံဘူး။ ဘာဘဲဖြစ်ဖြစ် တရားဝင်ပြန်အပ်ချင်တာလေ” - ဟု RCSS/SSA ခေါင်းဆောင်ပိုင်း နှင့် နီးစပ်သူ ပုဂ္ဂိလ်တဦးကပြောပါသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွါးပြီးသည့်နောက် ရလခ တိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ RCSS/SSA ၏ဆက်ဆံရေးရုံးထိုင် ဗိုလ်မှူး တေဝိန်အား မြန်မာစစ်တပ်ကဖမ်းဆီးထားသည်ဟု ဒေသခံများကြား ပြောသော်လည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုခြင်းမရှိခဲ့ပေ။ ဗိုလ်မှူးတေဝိန် နှင့်နီးစပ်သူတဦးက ရလခတိုင်းရုံးခေါ်ယူတွေ့ဆုံမေးမြန်းမှုမှာ မှန်ကြောင်း၊ ထိန်းသိမ်းထားခြင်းမျိုးမဟုတ်ဘဲ တွေ့ဆုံမှုကြန့်ကြာသွားခြင်းသာဖြစ်သောကြောင့် ပြောပါသည်။

“တိုက်ပွဲဖြစ်တဲ့နေ့က တိုင်းရုံးကခေါ်သွားတာပါ။ မေးမြန်းဖို့သက်သက်ပါဘဲ။ ဖမ်းတယ်လို့တော့မဟုတ်ပါဘူး။ အဲ့ချိန်မှာလဲ သူ့ကိုဆက်သွယ်လို့မရတော့ လူထုက စိတ်ပူပြီးတော့ အဖမ်းခံရတယ်ထင်ပြီး ဒီသတင်း ကြီးသွားတာ။ အခုတိုင်းရုံးက ပြန် လွှတ်ပေးပါပြီ။ မနေ့ညကတောင်ကျနော်တို့ အတူတူထမင်းစားနေသေးတယ်” - ဟု အဆိုပါရုံးထိုင်ကိုယ်စားလှယ်နှင့် နီးစပ်သူ ခိုလမ်ရပ်မိရပ်ဖတဦးကပြောပါသည်။

ယမန်နှစ် ဩဂတ်စ်လကလည်း နမ္မတူမြို့နယ် ဒေသခံတချို့အား သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ အမာခံ လူ ဟု စွပ်စွဲကာ မြန်မာ့တပ်မတော်က ၁၀ ဦးထက်မနဲ ဖမ်းဆီးခဲ့သည်။ ထိုနောက်ပိုင်း SSPP/SSA က ခမရ ၃၂၄ ၏တပ်ရင်း ဗိုလ်ကြီး  သက်စိုးကို ဖမ်းဆီးခဲ့သည်။ ၎င်းဖြစ်ရပ်များနှင့်ပတ်သက်၍ မေးမြန်းရန်ဟုဆိုကာ ရမခ တိုင်းရုံးက လားရှိုးမြို့ရှိ SSPP/SSA ၏ ဆက်ဆံရေးရုံးထိုင်ကိုယ်စားလှယ်ကို ၄၈ နာရီကြာ ခေါ်ယူထားခဲ့ဖူးသည်။

ယခင်အပတ်က သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲအတွင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း စစ်ရေးငြိမ်သက်မှုမရှိဘဲ ယမန့်က အစိုးရတပ် အင်အားထပ်ဖြည့် နေကြောင်း ဒေသခံများကပြောပါသည်။

ဗုဒ္ဓနည်းမကျ ရန်လိုသော လှုံ့ဆော် အော်ဟစ်မှုများကို ဘီးလင်းမြို့ခံသံဃာ တားမြစ်

မတ်လ ၁ ၊ ၂၀၁၃

ဘီးလင်းမြို့နယ်အတွင်းရှိ ၊ ကျေးရွာများ ဖြစ်သော နတ်ကြီး ၊ နှင်းပုလဲ ၊ တောင်စွန်း၊ ဇုတ်သုတ် နှင့် မြို့ပေါ် ရပ်ကွက် အချို့တွင် အစ္စလာမ်ဘာသာနှင့် လူနည်းစု အစ္စလာမ် ဘာသာဝင်များအား ဆန့်ကျင် တိုက်ခိုက်သည့် တရားပွဲများ၊ လှုပ်ရှားမှုများ အဆက်မပြတ် ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

လေဖြတ်နေသည့်တိရစ္ဆာန်များကို ကုသပေးသည့်နည်းပညာအား လူသားများ၌ အသုံးပြုသွားမည်

လေဖြတ်နေသည့်တိရစ္ဆာန်များကို ကုသပေးသည့်နည်းပညာအား လူသားများ၌ အသုံးပြုသွားမည်

01 MARCH 2013 

လျှပ်စစ်ဓာတ် ပြုမှုများနှင့် ဆေးဝါးများ ၏စွမ်းပကား ကြောင့် လေဖြတ်ရာမှ ပြန်ကောင်းမွန် လာသော တိရိ စ္ဆာန်များကို အသေးစိတ်စမ်းသပ် မှုမှုများပြု သွားပြီး နောက် အဆိုပါနည်း ပညာကို သိပ်မကြာမီ လူသား များ အတွက် အသုံးပြုသွား တော့မည် ဟုသိရသည်။
အမေရိကန် အဆင့်မြင့်သိပ္ပံ အသင်းကြီး၏ ၂၀၁၃ ခုနှစ်နှစ်စဉ် အစည်းအဝေး ပွဲမှသုတေ သနစာတမ်း များအရ အဆိုပါ နည်းပညာကို အဆင့်ဆင့် စမ်းသပ် စစ်ဆေး မှုများပြုလုပ် သွားပြီးလူ များကိုကု သရာမှာ လည်း သုံးစွဲသွား မည်ဟုသိရသည။် "သေနေတဲ့ အကြောတွေကို ပြန်လည်ရှင် သန်လာအောင် လုပ်တဲ့ နည်း ပညာက စိတ်ချရပါတယ်။ ခြေထောက်တွေ လှုပ်နိုင်ရဲ့သားနဲ့ လမ်းကောင်းကောင်း မလျှောက်နိုင် သူတွေကို လေ့ကျင့်ခန်းတွေနဲ့ စမ်းသပ်မှု တွေလုပ် သွားမှာပါ" ဟု ပါမောက္ခ ဂရီဂိုရီ ကော့တင်းက ဘော်စ တွန် တွင်ပြု လုပ်သော ညီလာခံတွင် ထုတ်ဖော် ပြောဆိုလိုက် သည်။
လေဖြတ်ဝေဒနာ ခံစားနေရ၍ ကျောရိုးများ မလှုပ်ရှား နိုင်တော့ဘဲ ဦးနှောက်အာရုံ ကြောများပါ ဆိုးရွားစွာ ထိခိုက်သွားသော ကြွက်တစ် ကောင်ကို ဓာတုဆေးများနှင့် လျှပ်စစ်ဓာတ် ပြုမှုများ ကိုအသုံးပြုပြီး လေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့ကြ သည်။
လမ်းမလျှောက် နိုင်တော့သော အဆိုပါကြွက် ကို စက်ကိရိယာများအကူအညီဖြင့် နောက်ခြေထောက် ပြီး လမ်းလျှောက်နိုင်ရန် ပါရဂူများက စီစဉ်ခဲ့ကြသည။် ယခုအခါ အဆိုပါကြွက်သည် လမ်းလျှောက် နိုင်ပြီဖြစ်သည်။ ဗြိတိန်နိုင်ငံ တွင်ပင် လျှင် ကျောရိုးမကြီး ထိခိုက်ဒဏ်ရာ ရရှိထားသူပေါင်း မှာ ၅၀ဝ၀ဝ ဝန်းကျင် အထိရှိသောကြောင့် အဆိုပါ နည်းပညာကိုသာ အဆင့်မြှင့် တင်နိုင်မည် ဆိုလျှင် ခါးနာဝေဒနာခံ စားနေရသူများ အတွက် သတင်းကောင်း ပင်ဖြစ်သည်။ 

ကျော်မိုးဟိန်း

01 MARCH 2013

လျှပ်စစ်ဓာတ် ပြုမှုများနှင့် ဆေးဝါးများ၏စွမ်းပကား ကြောင့် လေဖြတ်ရာမှ ပြန်ကောင်းမွန်လာသောတိရိစ္ဆာန်
များကို အသေးစိတ်စမ်းသပ် မှုမှုများပြု သွားပြီး နောက် အဆိုပါနည်း ပညာကို သိပ်မကြာမီ လူသား များ အ
တွက် အသုံးပြုသွား တော့မည် ဟုသိရသည်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းဖြစ် Tigr (Tiger) အမျိုးအစား သံချပ်ကာ ယာဉ်များကို ဝယ်ယူရန် စီစဉ်လျက် ရှိ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းဖြစ် Tigr (Tiger) အမျိုးအစား သံချပ်ကာ ယာဉ်များကို ဝယ်ယူရန် စီစဉ်လျက် ရှိကြောင်း သိရှိရ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းဖြစ် Tigr(Tiger) အမျိုးအစား သံချပ်ကာ ယာဉ်များကို ဝယ်ယူရန် စီစဉ်လျက် ရှိကြောင်း သိရှိရ ပါသည်။

အဆိုပါ သံချပ်ကာ ယာဉ်များတွင် တင့်ဖျက်ဒုံးပစ်လောင် ချာများ တပ်ဆင်ထားသည့် ယာဉ်များ အပါအဝင် ကွဲပြားသည့် အဆင့်မြှင့်တင်မှု များကို ပြုလုပ်ထားကြောင်း ဒုတိယ ဝန်ကြီးချုပ် ဒီမစ်ထရီ ရိုဂိုဇင်၏ ပြောကြားချက်ကို ကိုးကား၍ RIA Novosti သတင်း ဌာနက ဖော်ပြခဲ့ ပါသည်။ အဆိုပါ SPM-2 GAZ-233036 Tigr(Tiger) အမျိုးအစား သံချပ်ကာယာဉ် များသည် ရွေ့ လျား နိုင်စွမ်း မြင့်မားကာ ဘက်စုံသုံး သံချပ်ကာ ယာဉ်များဖြစ်ပြီး အမှုထမ်း ၉ ဦး၊ သို့မဟုတ် ကုန်ပစ္စည်း ၁.၂ တန်ကို တင်ဆောင် ကာ တစ်နာရီလျှင် ၁၅ဝ ကီလိုမီတာ အထိ မောင်းနှင်နိုင်စွမ်း ရှိပါသည်။

http://bit.ly/XrxHsM

အေးချမ်းမွန်မှ မြ၀တီ  တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းဖြစ် Tigr(Tiger) အမျိုးအစား သံချပ်ကာ ယာဉ်များကို ဝယ်
ယူရန် စီစဉ်လျက် ရှိကြောင်း သိရှိရ ပါသည်။ အဆိုပါ သံချပ်ကာ ယာဉ်များတွင် တင့်ဖျက်ဒုံးပစ်လောင် ချာ
များ တပ်ဆင်ထားသည့် ယာဉ်များ အပါအဝင်

လှိုင်သာယာတွင် အစ္စလာမ်ဘာသာဝင်များကို မင်းမဲ့စရိုက်ပုံစံဖြင့် ထပ်မံတိုက်ခိုက်

မတ် ၁
လှိုင်သာယာမြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များပိုင် ဆိုင်ခန်းများနှင့် ယာယီဝတ်ပြုဆောင်တစ်ခုကို လှိုင်သာယာမြို့နယ်၁၀ရပ်ကွက်အတွင်းရှိ ဘာသာရေးအစွန်းရောက်များက ဖျက်စီးခဲ့ကြောင်း သိရသည်။ “ဂဲတွေနဲ့ ထုတယ်၊ အထဲအထိဝင်ပြီး ခုံတွေ ရိုက်ချိုးတယ်၊ရေသန့်စက်တွေ ရိုက်ချိုးတယ်၊ ဖျက်စီးတယ်” ဟု အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ယာယီဝတ်ပြုဆောင် အတွင်းရေးမှူး ကိုကာဒဲရ် က myanmarmuslim.net သို့ ပြောကြားသည်။

ဘာသာရေး အဓိကရုဏ်းဖြစ်အောင် နှိုးဆော်နေမှု သတိပြုမိစေရန်

အဓိကရိုဏ်းဖြစ်ရန် နှိုးဆော်နေမှု သတိပြုမိစေရန် (ဧရာဝတီဘလော့ဂ်)
=============
ဆွမ်းလောင်းအသင်းအား အကြောင်းပြကာ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်ဖန်တီးနေသော လူ တစ်စုရဲ့ လုပ်ရပ်များ ကို တင်ပြလိုပါတယ်။

ယခုအခါ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာနေရာ တချို့သော အာဏာရှင် ဟောင်း နွယ်ဖွားများက ရပ်ရွာအေးချမ်း တည်ငြိမ်မှု မရှိစေရန် ဘာသာရေး အဓိကရိုဏ်း များဖြစ်အောင် ဖန်တီးနေမှုများ ရှိနေပါတယ်။

အကြောင်းစုံဖြစ်စဉ်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ် (ဃ) ရပ်ကွက်၊ မေဓါဝီလမ်းရှိ အမှတ်( ၄ ) အ.လ.က ကျောင်း မျက်နှာစာရှိ နှစ် ကျိပ် ရှစ်ဆူ ဘုရား ပူဇော်သည့် မဏ္ဍပ်သည် ပူဇော်လှူဒါန်းမှု ပြီးသွားပြီဖြစ်သော်လည်း ယခုထိ မဏ္ဍပ်အား မဖျက်သိမ်းပဲ ထားရှိကာ ညပိုင်း လူခြေတိတ်ချိန်တွင် ယာယီမဏ္ဍပ်အဖြစ်မှတဆင့် အခိုင်အမာ တည်ဆောက်လိုက်ကြပါတယ်။

ထိုကဲ့ သို့ လုပ်ဆောင်ရန် ကျောင်း၏ ခွင့်ပြုချက်လည်း မရှိပါ။ ထိုပြင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ညနေပိုင်းမှ စတင်ကာ အဆိုပါ မဏ္ဍပ်မှာ အသံချဲ့စက် အသုံးပြု၍ ဘာသာရေး အဓိကရိုဏ်းဖြစ်စေသော စကားများ ဟောပြောလှုံ့ဆော်မှုများကို ရပ်ကွက်နေ တချိန်က မဆလ အသိုင်းအ၀ိုင်းမှ ( စစ) ဆေးတိုက် ပိုင်ရှင် ဦးကျော်မြင့်မှ ဦးဆောင်ကာ လုပ်နေတာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကို ခုတုံးလုပ်ကာ ဘာသာရေး အဓိကရိုဏ်းဖြစ်စေသော ဟောပြောမှုများလုပ်နေသောကြောင့် ရပ်ကွက်နေ ပြည်သူများက အလွန် စိုးရိမ်နေကြရပါတယ်။

ထို့အပြင် အဆိုပါ မဏ္ဍပ်ကြောင့် ကျောင်း တာဝန်ရှိသူများက ကျောင်းသူ၊ ကျောင်းသားများ ကျောင်းဝင်းသို့ အ၀င် အထွက် ခက်၍ ကျောင်းသားများ ယာဉ်သွားယာဉ်လာ အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရကြောင်း ပြောသော်လည်း လက်ခံမှု မရှိပါ။

ထို့အပြင် အမှတ် ၄ အလယ်တန်း ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းရှေ့ မျက်နှာစာရှေ့ပိတ်ကာကျောင်း၏ ခွင့်ပြုချက် မရှိပဲ မဏ္ဍပ် ဆောက်ခြင်းကြောင့် ကျောင်းသားများ အ၀င်အထွက် ခက်ခဲ၍ လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားနေသည့် အတွက် ဖယ်ရှားပေးရန် မေတ္တာရပ်ခံခဲ့သော် လည်း ကျောင်းဆရာ၊ ဆရာမများကိုလည်း ရိုင်းပြစွာ ဆက်ဆံခဲ့ပါတယ်။

ထိုကဲ့သို့သော အကြောင်းများကြောင့် မဏ္ဍပ်အား ဖယ်ရှားပေးရန် တာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း စစ ဆေးဆိုင် ပိုင်ရှင် ဦးကျော်မြင့်က ဦး ဆောင်ပြီး ဦးဌေးမြင့်၊ ဦးသန်းမောင်၊ ဦးထွန်း၊ ဦးပီချေး၊ နိုင်ကြီး၊ ဦးရဲလွင်ကျော်၊ ဒေါ်နိုင်နိုင်မော် တို့ပါဝင်သည့် လူအုပ်စုက တခြား ရပ်ကွက်မှ လက်မရွံ့လူမိုက်များ စုဖွဲ့ကာ မဏ္ဍပ်ကိုလည်း မဖယ်ရှားပေးနိုင်ကြောင်း၊ လှုံ့ဆော်ဟောပြောနေ မှုများကိုလည်း မရပ်နိုင်ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဘာသာရေးကို ခုတုံးလုပ်ကာ ဘာသာရေး အဓိကရိုဏ်း ဖန်တီးနေ မှုအား မဖြစ် သင့်၍ အဆိုပါ မဆလ နွယ်ဖွား ရပ်ရွာ မတည်ငြိမ်စေရန် ဘာသာရေး အဓိကရိုဏ်းဖန်တီးနေ မူ များကို ရပ်တန့်သင့်ကြောင်း ပြောဆိုခဲ့ရာတွင်လည်း ကျောင်းဆရာမကြီး၏ ခင်ပွန်းမှာ အစ္စလမ် ဘာသာ ၀င်ဖြစ်သည်ကို အကြောင်းပြပြီး ရိုင်းစိုင်းစွာ တုံ့ ပြန်ခဲ့ပါသေးတယ်။

လှုံ့ဆော်နေကြသူ လူအုပ်စုထဲမှ ဦးဌေးမြင့် ဆိုသူမှာ လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဆလ တဖြစ် လဲ တိုင်းရင်း သား စည်းလုံးညီညွတ်ရေး ပါတီကိုယ်စားလှယ် အနေဖြင့် မြောက်ဥက္ကလာပမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဆန္ဒမဲ ၂၇ မဲသာ ရရှိခဲ့သူ၊ ဒီမိုကရေစီ စနစ်ကို မယုံကြည်ပဲ တိုက်ခိုက်ပြောဆိုလေ့ ရှိသူလည်း ဖြစ်ပါတယ်။

ယခုကိစ္စကြောင့် ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား မိဘများအနေဖြင့် အလွန်စိတ်မကောင်းစွာမြင်တွေ့နေကြရ၍ တချို့ ကျောင်းသားမိဘများကလည်း ဒေါသများဖြစ်နေပါသဖြင့် မလိုလားအပ် သည့် ပြဿနာ များ ဖြစ်ပေါ်လာမည့်အရေး ကြောင့် ယခုလို မီဒီယာများကို ရပ်ကွက်နေပြည်သူများ အနေဖြင့် စာပေးပို့လိုက်ခြင်းဖြစ်ပါတယ်။

အဆိုပါ မီးပွားလေးမှသည် ကြီးမားသည့် ဘာသာရေး အဓိကရိုဏ်း ဖြစ်ပွားစေမည့် အသုံးအနှုန်း၊ အပြော အဆိုများလုပ် ဆောင်နေသောကြောင့် သက်ဆိုင်ရာ နိုင်ငံတော် တာဝန်ရှိသူများအနေဖြင့် အချိန်မီ ထိန်း သိမ်းနိုင်ရန် အတွက် အကူအညီတောင်းခံရင်း အသိပေး လိုက်ပါတယ်။

ရပ်ကွက်နေပြည်သူများ -

http://blog.irrawaddy.org/2013/02/blog-post_8363.html

ဆွမ်းလောင်းအသင်းအား အကြောင်းပြကာ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်ဖန်တီးနေသော လူ တစ်စုရဲ့ လုပ်ရပ်များ ကို တင်ပြလိုပါတယ်။ ယခုအခါ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာနေရာ တချို့သော အာဏာရှင် ဟောင်း နွယ်ဖွားများက ရပ်ရွာအေးချမ်း တည်ငြိမ်မှု မရှိစေရန် ဘာသာရေး အဓိကရိုဏ်း များဖြစ်အောင် ဖန်တီးနေမှုများ ရှိနေပါတယ်။

“သိပ္ပံ-ဝိဇ္ဖာနယ်ပယ်တွင် မွတ်စလင်(မ်) တို့၏ ကြိုးပမ်းဆောင်ရွက်များ” စာအုပ်ထွက်ရှိ

“သိပ္ပံ-ဝိဇ္ဖာနယ်ပယ်တွင် မွတ်စလင်(မ်) တို့၏ ကြိုးပမ်းဆောင်ရွက်များ” စာအုပ်ထွက်ရှိ
----------------------
မတ်လ ၁ ၊ ၂၀၁၃
M-Media

သိပ္ပံ-ဝိဇ္ဖာနယ်ပယ်တွင် မွတ်စလင်(မ်) တို့၏ကြိုးပမ်းဆောင်ရွက်များ ခေါင်းစဉ်ဖြင့် စာအုပ်ကို ဖြန်ချီလိုက်ကြောင်းသိရပါသည်။

စာအုပ်တွင် သမိုင်းတစ်လျှောက် မွတ်စလင်(မ်)တို့၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို ဘာသာရပ်အလိုက်တင်ပြပေးထားသည်။ ဘာသာရပ်အလိုက်စွမးစွမ်း တမံ ဆောင်ရွက်ခဲ့သော ပညာရှင်များကိုလည်း တစ်ဦးချင်းအလိုက် တင်ပြပေးထားသည်။

အစ္စလာမ်နှင့် Civilization၊ သိပ္ပံပညာရပ်များကို ကျမ်းမြတ်ကုရ်အာန်က တင်ပြထားပုံ၊ အစ္စလာမ်တွင်ပညာ၏ အရေးပါမှု၊  ဘာသာရေးပညာနှင့် ခေတ်ပညာ Golden Age နှင့် Dark Age  ကျမ်းမြတ်ကုရ်အာန် အပေါ်ခေတ်သစ်သိပ္ပံ ပညာရှင်များ၏ မှတ်ချက်များ စသည့်အကြောင်းအရာများကို ကာလာဓာတ်ပုံများဖြင့် တင်ပြထားပါသည်။

စာအုပ်ရေးသားပြုစုသူမှာ ဒေါက်တာသန့်ဇင်ထွန်းဖြစ်ပြီး ပင်ရင်း သန့်ဇင်ထွန်း ပုံနှိပ်တိုက်/ရွက်စုံစာပေ (၁၈၅၊၃၈လမ်း) နှင့် အမြို့မြို့အနယ်နယ်ရှိ စာပေတိုက်များတွင် ၀ယ်ယူရရှိနိုင်နိုင်ကြောင်း သိရပါသည်။

http://www.m-mediagroup.com/news/11358

မတ်လ ၁ ၊ ၂၀၁၃

သိပ္ပံ-ဝိဇ္ဖာနယ်ပယ်တွင် မွတ်စလင်(မ်) တို့၏ကြိုးပမ်းဆောင်ရွက်များ ခေါင်းစဉ်ဖြင့် စာအုပ်ကို ဖြန်ချီလိုက်ကြောင်းသိရပါသည်။

တောင်အာဖရိကကို သင်ခန်းစာယူရန် ဒတ်စမွန်တူးတူး ပြောကြား

တောင်အာဖရိက သင်ခန်းစာယူရန် ဒတ်စမွန်တူးတူး ပြောကြား

နေသွင် DVB မတ် ၁ ရက်၊ ၂၀၁၂

တောင်အာဖရိကရဲ့အသွင်ကူးပြောင်းရေးကနေ သင်ခန်းစာယူဖို့ မြန်မာပြည်ကို ရောက်နေတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူတူးက ဒီနေ့  ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်ကို ရန်ကုန်မြို့ ကျောက်ကုန်းမှာရှိတဲ့ နေအိမ်မှာ တွေ့ဆုံတဲ့အချိန်မှာ အခုလို ပြောလိုက်တာပါ။

တောင်အာဖရိကရဲ့ ဖွဲ့စည်းပုံဥပဒေက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖွဲ့စည်းပုံဖြစ်တဲ့ အကြောင်း ဘုန်းတော်ကြီးက ရယ်ရယ်မောမောနဲ့ အခုလို မိန့်ကြားပါတယ်။

“တောင်အာဖရိက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေးအမြင်မတူသူတွေ အတူတကွ အလုပ်လုပ်နိုင်အောင် ရေးဆွဲထားတယ်။  လူ့အခွင့်အရေးဆိုတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။  လူမျိုး၊ ကျားမနဲ့ အသက်အရွယ်အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာ၊ မသန်စွမ်းသူတွေအပေါ်  ခွဲခြား ဆက်ဆံတာ၊ သေဒဏ်ပေးတာကိုလည်း ဖွဲ့စည်းပုံနဲ့ တားဆီးထားတယ်” လို့ ဘုန်းတော်ကြီးက မိန့်ကြားသွားတာပါ။

ဒါပေမယ့် တောင်အာဖရိကမှာ ဆင်းရဲမွဲတေမှု၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှု၊ ဒုစရိုက်မှုတွေ၊ ဆင်းရဲချမ်းသာကွာဟမှု၊ အလုပ်လက်မဲ့လို ပြဿနာတွေနဲ့ အဂတိလိုက်စားမှု ကိစ္စတွေက ဆက်ရှိနေတယ်ဆိုတာကိုလည်း ဘုန်းတော်ကြီးက ၀န်ခံပါတယ်။

ဒါကြောင့် လွတ်မြောက်ရေးခရီးဟာ ဘယ်တော့မှ ဆုံးတယ်လို့ မရှိနိုင်လို့  အမြဲတမ်း သတိနဲ့ နိုးကြားနေဖို့  လိုအပ်တယ်လို့ ပြောသွားပါတယ်။

ဦးဝင်းတင်ကလည်း မြန်မာပြည်မှာ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတယ် ဆိုပေမယ့် အခုအချိန်အထိ မလွတ်မြောက်သေးတဲ့အကြောင်း လွတ်မြောက်ရေးတိုက်ပွဲကလည်း ကြာဦးမယ်လို့ ပြန်လည် ဆွေးနွေးပါတယ်။

    မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာနဲ့ ပြည်ထောင်စုကိစ္စတွေ အားလုံးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အဓိက အဟန့်အတား ဖြစ်နေတဲ့အကြောင်း ပြန်လည် ဆွေးနွေးပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ယုံကြည် ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံက အန်အယ်လ်ဒီနဲ့ နိုင်ငံရေးအာဏာကြားမှာ နံရံတခုကို ကာဆီးထားတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်ရင် အန်အယ်လ်ဒီက ရွေးကောက်ပွဲနိုင်ပေမယ့် အာဏာမရနိုင်သလို ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ မဖြစ်နိုင်ဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စုပုံစံ တည်ဆောက်ရေး အတွက်လည်း အဟန့်အတား ဖြစ်နေတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

တောင်အာဖရိကဆီကနေ မြန်မာပြည်အသွင်ကူးပြောင်းရေးအတွက် အရေးအကြီးဆုံး သင်ခန်းစာက ဘာဖြစ်မလဲလို့ ဘုန်းတော်ကြီး တူးတူးကို ဒီဗွီဘီက မေးမြန်းတဲ့အခါမှာတော့ “လွတ်လပ်ရေးဟာ ဖိနှိပ်ခြင်းထက် အကုန်အကျ သက်သာတယ် (freedom is cheaper than oppression)” လို့ ဘုန်းတော်ကြီးက ဒဿနဆန်ဆန် ဖြေပါတယ်။

၄၅ မိနစ်ကြာတွေ့ဆုံတဲ့ အခါမှာ ဒက်စမွန်တူးတူးက ဦးဝင်းတင်ရဲ့သတ္တိနဲ့ ရပ်တည်ချက်၊ လွတ်မြောက်ရေးအပေါ် မြတ်နိုးတဲ့စိတ်ဓာတ်နဲ့ အနစ်နာခံ ပေးဆပ်မှုတွေအပေါ် လေးစားတဲ့ အကြောင်း ထပ်တလဲလဲပြောသွားပါတယ်။

နေသွင် DVB မတ် ၁ ရက်၊ ၂၀၁၂

တောင်အာဖရိကရဲ့အသွင်ကူးပြောင်းရေးကနေ သင်ခန်းစာယူဖို့ မြန်မာပြည်ကို ရောက်နေတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူတူးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နော်ခမ်း ကို သေဒဏ် ပေး ရာ မှာ တရုတ် အစိုးရ လူ့  အခွင့် အရေး ချိုးဖောက် မြန်မာ ပြည်သူ များ ကို လည်း မထေမဲ့မြင် လုပ်ပြရာ ရောက်


မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့ ၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည်  အဆိုပါအမှု၌ ပါဝင်
ပတ်သက်ခြင်းမရှိကြောင်းမသေခင်တရက်အလိုတွင်စီစီတီဗီသတင်းဌာနအား ဖြေကြားခဲ့သည်။ဖေဖော်
ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌  စိုင်းနော်ခမ်းက “ သေဆုံးသူ ၁၃ ယောက်
ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။

ဒူဘိုင်းမှ ရေအောက်ဟိုတယ်

ဒူဘိုင်းမှ ရေအောက်ဟိုတယ်
Friday, March 1, 2013

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ စာရင်းမှာ ယူအေအီးလည်း ပါရှိပါတယ်။ ရေနံ သူဌေးများ စုစည်းနေထိုင်တဲ့ နိုင်ငံ ဖြစ်ပြီး ဒူဘိုင်းဆိုရင် ကမ္ဘာ့ ထိပ်တန်းမြို့ ကြီးတွေထဲက တစ်ခုပါပဲ။

ကမ္ဘာ့အမြင့်ဆုံး မိုးမျော်တိုက်များနဲ့ စံချိန်တင်လို့ မဝသေးလို့ ကမ္ဘာ့ ပထမဆုံး ရေအောက်ဟိုတယ် ကိုလည်းတည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီအတွက် စီစဉ်နေတာ ကြာပါပြီ။ ဆောက်လုပ်ရေး စီမံကိန်း စတင်နေပြီလို့လည်း ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ရေပေါ်၊ ရေအောက် နှစ်မျိုးခွဲထားပြီး၊ ရေအောက်မှာ တည်းဖို့ အတွက် ဈေးပိုကြီးမှာ ဖြစ်ပါတယ်။

ကြယ်ငါးပွင့်အဆင့် ဟိုတယ်ပါပဲ။ ပင်လယ်ရေသတ္တဝါနဲ့ သန္တာကျောက် တန်းများကို အိပ်ယာပေါ်ကနေ အတိုင်းမှာ မြင်နေရ မှာ ဖြစ်ပါတယ်။ မှန်အကြည် အထူသားနဲ့ ပိတ်ထားပြီး လုံခြုံရေးအတွက်လည်း အဆင့်ဆင့်ခံထားပါတယ်။ ဆူနာမီရေလှိုင်းတိုက်ရင်တောင် မပျက် ဆီး နိုင်လောက်အောင် အကြမ်းခံမယ်လို့လည်းဆိုပါတယ်။်

တကယ် တည်ဆောက်ပြီးစီးရင်တော့ ကမ္ဘာ့ပထမဆုံး ကြယ်ငါးပွင့်အဆင့် ရေအေက် ဟိုတယ်တစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: rarefacts
YoYarLay

Friday, March 1, 2013

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများစာရင်းမှာယူအေအီးလည်းပါရှိပါတယ်။ရနံသူဌေးများ စုစည်းနေထိုင်တဲ့ နိုင်ငံ
ဖစ်ပြီး ဒူဘိုင်းဆိုရင် ကမ္ဘာ့ ထိပ်တန်းမြို့ ကြီးတွေထဲက တစ်ခုပါပဲ။

ရေစိုခံ ထိတွေ့ကီးဘုတ်

ရေစိုခံ ထိတွေ့ကီးဘုတ်

ဒီဇိုင်နာ Dr. Kazuo Kaazaki ရဲ့  စိတ်ကူးနဲ့ ဖန်တီးထားတဲ့ ကီးဘုတ် ဖြစ် ပါတယ်။

ထိတွေ့မျက်နှာပြင် ကို အသုံးပြုထားပါတယ်။ အပြင်မှာ တကယ် ရနေပါပြီ။ မြန်မာပြည်တော့ မဝင်သေးပါဘူး။ Cool Leaf ကီးဘုတ်လို့ ခေါ် ပါတယ်။ မှန်တစ်ချက်လိုပါပဲ။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လှလှပပ ဒဇိုင်းနဲ့ Power usage လည်း နည်းတယ်လို့ ဆိုပါတယ်။

ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၂၅၀ ဆိုတော့ မြန်မာကျပ် ၂ သိန်းခွဲနဲ့ အချို့ သော ကွန်ပြူတာဆက်စပ်ပစ္စည်းဆိုင်များ ကနေ အော်ဒါ မှာ ယူနိုင်မယ်လို့ ထင်ပါတယ်။
--
Ref: coolgadget
ရိုးရာလေး နည်းပညာ

--
http://www.yoyarlay.com/science-tech/134-inventions/34462-water-proof-touch-keyboard

အေးချမ်းမွန်မှ  YoYarLay တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ဒီဇိုင်နာ Dr. Kazuo Kaazaki ရဲ့  စိတ်ကူးနဲ့ ဖန်တီးထားတဲ့ ကီးဘုတ် ဖြစ် ပါတယ်။ ထိတွေ့မျက်နှာပြင် ကို အသုံးပြုထားပါတယ်။ အပြင်မှာ တကယ် ရနေပါပြီ။

ကမ္ဘာ့လုံခြုံရေး အဆင့်အမြင့်ဆုံး USB Drive

ကမ္ဘာ့လုံခြုံရေး အဆင့်အမြင့်ဆုံး USB Drive

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့စံချိန်တင်ပါတယ်။

အသံနဲ့ မှတ်သားပြီးတော့ ယင်းအသံကြားမှာ USB က သုံးလို့ရတာမျိုး၊ Lock ပွင့်သွားတာမျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့မဟုတ်လည်း လက်ဗွေရာနဲ့ မှတ်သားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမက ခိုးလို့ အချက်အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက်အလက်တွေကို အလိုအလျောက်ဖျက်ဆီး သွားအောင် Option လည်းပေးထားလို့ ရပါတယ်။

Bluetooth Device အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ သူ့ Bluetooth ကလည်း Secure ဖြစ်ပြီး တစ်ယောက်ယောက်က Access လုပ်ဖို့ ကြိုးစားရင် Alarm မြည်မှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်လည်း ပါရှိပါတယ်။

ဒါကြောင့် myIDkey ကို ကမ္ဘာ့အလုံခြုံဆုံး USB နဲ့ Bluetooth Device အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
--
Ref: gadgets
ရိုးရာလေး နည်းပညာ

--
http://www.yoyarlay.com/science-tech/134-inventions/34463-myidkey-the-most-secured-usb-drive

အေးချမ်းမွန်မှ YoYarLay  တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့စံချိန်တင်ပါ
တယ်။

Comment တွေမှာလိုက်ချနေတဲ့ Facebook Virus Warning !!!!! (သတိပြုရန်)

Comment တွေမှာလိုက်ချနေတဲ့ Facebook Virus Warning !!!!!

ပုံစံကတော့ Auto သဘောမျိုး ကူးစက်ခံရသူ မသိပဲ တခြားနေရာတွေ မှာ ဗိုင်းရပ်လင့်တွေလိုက်ချတဲ့ပုံစံမျိုးပါ ။ စာသားကတော့အောက်ပါအတိုင်းဖြစ်ပါတယ် ။ 

ပုံအလယ်မှာပြထားတဲ့လင့်တစ်ခုတွေ့မယ် 

အဲဒီလင့်ကိုနှိပ်တဲ့အခါ video file တစ်ခုပေါ်လာမယ် Click on play to watch! ဆိုပြီး စာရေးထားတယ် ။ 

Video အပေါ်ကိုနှိပ်လိုက်တဲ့အခါ အဲဒီ video ဖိုင်ပျောက်သွားပြီး Verify You Are Human ဆိုပြီးပေါ်လာတယ် ။ ပြီးတော့Generate code လုပ်ခိုင်းတယ်ကိုယ့်ဖေ့ဘုတ် address bar ကို Copy paste ပြန်လုပ်ခိုင်းတယ် ။ 

လုံးဝ (လုံးဝ ) မလုပ်မိပါစေနဲ့ ။ 

Virus ဆိုတာထက် အကောင့်တွေခိုးယူတဲ့ Phishing link ဖြစ်နေမှာစိုးလို့ပါ ။ အခုက profile တွေရော page တွေမှာပါ အဲဒီဗိုင်းရပ်အကူးခံရတဲ့လူတွေက သူတို့ကိုယ်တိုင်တောင်မသိပဲ လင့်တွေလိုက်ချနေတာတွေ့ရပါတယ် ။ 

ဒီသတင်းလေးကို share ပေးကြပါဦး ။ 

သက်တန့်ချို
1st March 2013
ပုံစံကတော့ Auto သဘောမျိုး ကူးစက်ခံရသူမသိပဲတခြားနေရာတွေ မှာဗိုင်းရပ်လင့်တွေလိုက်ချတဲ့ပုံစံမျိုး
ပါ ။ စာသားကတော့အောက်ပါအတိုင်းဖြစ်ပါတယ် ။ ပုံအလယ်မှာပြထားတဲ့လင့်တစ်ခုတွေ့မယ်

အမှိုက်ပုံပေါ်က စီမံကိန်း ၂၀၁၃ နှစ်ကုန် အပြီး တည်ဆောက်မည်

အမှိုက်ပုံပေါ်က စီမံကိန်း ၂၀၁၃ နှစ်ကုန် အပြီး
တည်ဆောက်မည်

ရန်ကုန်၊ မတ် ၁။

ရန်ကုန်တိုင်းဒေသကြီး ငမိုးရိပ်ချောင်းတံတားဘေး 
ပင်လုံအိမ်ယာရှေ့ရှိ အမှိုက်ပုံဝင်းအတွင်းတွင် CTC 
ကုမ္ပဏီမှ ဘိလပ်မြေ  အုတ်၊ ကျောက်၊ သဲ လုပ်ငန်းအတွက် အဆောက်အဦးများကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းအဆောက်အဦး  
ဆောက်လုပ်ရေး တာဝန်ခံ ဦးကျော်စွာဝင်းက ပြောကြားသည်။

"ပြည်သူတွေ ဈေးသက်သက် သာသာနဲ့ အလွယ်တကူ ၀ယ်လို့ 
ရသွားမယ်။ အမှိုက်တွေပေါ်မှာ စီမံကိန်းလုပ်လိုက်တဲ့အတွက် အနံ့အသက်တွေ ကင်းသွားမယ်၊ နောင်တစ်ချိန်မှာ ဒီနေရာက မြို့လယ်ခေါင်ကြီး ဖြစ်လာနိုင်တော့ ဒီနေရာမှာ အမှိုက်ပုံကြီး မရှိချင်စေချင်တဲ့ သဘောက အဓိကပါ" ဟု ယင်းက ဆက်လက်ပြောကြားသည်။

ယင်းစီမံကိန်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်နေ့မှ စတင်ခဲ့ပြီး 
၂၀၁၃ နှစ်ကုန်ပိုင်းတွင် အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၄ နှစ်ဦးပိုင်းတွင် လုပ်ငန်းစတင် လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ 
လုပ်ငန်း စတင်ပါက အုတ်သဲကျောက်များကို ပင်လယ်ဝမှ
ရေကြောင်းအတိုင်း သွင်းလာမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်းတွင်
ဈေးနှုန်း သက်သာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း 
သိရသည်။

"အမှိုက်ပုံ ထုအနက်က ပေ ၂၀ ကနေ ပေ ၄၀ လောက်ထိ 
ရှိနေတာ။ ဒါကိုမှ ၁၅ ပေလောက်ကို ဖယ်ထုတ်ပစ်ပြီး ပတ္တမြား
ပိုင်တွေ မျှောပိုင်တွေ ရိုက်ထည့်ပြီး အောက်ခြေက ကြံ့ခိုင်မှု 
ရှိပြီဆိုမှ အပေါ်က ကွန်ကရစ်လောင်း သဲဖို့ ဒါတွေလုပ်ပြီးတော့မှ 
နောက်တစ်ခါ ကွန်ကရစ် ထပ်လောင်းရမှာ။ ဖယ်ထုတ်လိုက်တဲ့ အမှိုက်တွေကိုလဲ ထားဝယ်ချောင်ဘက်ကို စွန့်ပစ်သွားမှာပါ။ 
အခုက သဲခင်းတဲ့ အဆင့်ပဲ ရှိသေးတယ်" ဟု တာဝန်ခံ မန်နေဂျာက ပြောကြားသည်။

အဆောက်အဦး ဆောက်လုပ်သည့် ဧရိယာအကျယ်မှာ အလျား 
ပေ ၁၃၀၀၊ အနံ ပေ ၆၀၀ ရှိပြီး ဘိလပ်မြေ အုတ် သဲကျောက် 
စုပုံလုပ်ငန်း လုပ်ကိုင်ရန် ရန်ကုန် မြို့တော်စည်ပင်မှ ငှားရမ်း လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ချမ်းသာ
ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိပြီး လုပ်ငန်း
စတင်ပါက အလုပ်သမား ၁၀၀ ကျော်ခန့်ကို အလုပ်ပေးနိုင်မည်
ဖြစ်ကြောင်း သိရသည်။

ရည်မွန်
ရန်ကုန်၊ မတ် ၁။

ရန်ကုန်တိုင်းဒေသကြီး ငမိုးရိပ်ချောင်းတံတားဘေး ပင်လုံအိမ်ယာရှေ့ရှိ အမှိုက်ပုံဝင်းအတွင်းတွင် CTC
ကုမ္ပဏီမှ ဘိလပ်မြေ အုတ်၊ ကျောက်၊ သဲ လုပ်ငန်းအတွက် အဆောက်အဦးများကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းအဆောက်အဦး ဆောက်လုပ်ရေး တာဝန်ခံ ဦးကျော်စွာဝင်း
က ပြောကြားသည်။

ဘုန်းတော်ကြီးဒတ်စမွန်တူးတူး ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံ

ဒတ်စမွန်တူးတူး ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံ

ရန်ကုန်၊ မတ် - ၁

ုမြန်မာနိုင်ငံ၏ အပြောင်းအလဲအတွက် လုပ်ငန်းစဉ်များပိုမိုအောင်မြင်အောင် ဆောက်ရွက်နိုင်ရန်အတွက် ဘုန်းတော်ကြီးဒတ်စမွန်တူးတူးကတိုက်တွန်း
ပြောဆိုသွားခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဘုန်းတော်ကြီးဒတ်စမွန်တူးတူးသည် ယနေ့ ၁၁ နာရီအချိန်တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းသို့လာရောက်ပြီး ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

''နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျခံပြီးနိုင်ငံအတွက် ဆောင်ရွက်ခဲ့တဲ့ ကျွန်တော်တို့ ၈၈ ကျောင်းသားတွေကို မအားတဲ့ကြားထဲက သူလာတွေ့တာပါ။ ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ ဒီထက်ပိုပြီးဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ကိုတွန်းအားပေး ပြောဆိုသွားတာပါ"ဟု ဦးကိုကိုကြီးက ပြောသည်။
ှ

ရန်ကုန်၊ မတ် - ၁

ုမြန်မာနိုင်ငံ၏ အပြောင်းအလဲအတွက် လုပ်ငန်းစဉ်များပိုမိုအောင်မြင်အောင် ဆောက်ရွက်နိုင်ရန် အတွက် 
ဘုန်းတော်ကြီးဒတ်စမွန်တူးတူးကတိုက်တွန်းပြောဆိုသွားခဲ့ကြောင်း၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
စ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။

ဟံသာဝတီ ကားပွဲစားဝင်း ချိတ်ပိတ်လိုက်ပြီ

ဟံသာဝတီ ကားပွဲစားဝင်း ချိတ်ပိတ်လိုက်ပြီ

ထက်နိုင်ဇော်| March 1, 2013 | 

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မတ်လ ၁ ရက်နေ့တွင် ချိတ်ပိတ်၍ ကား အ၀င်အထွက် မပြုလုပ်နိုင်ရန် ဂိတ်ပေါက် တံခါးများကို ရဲများနှင့် စည်ပင်ဝန်ထမ်းများက အစောင့်ချ ပိတ်ဆို့လိုက်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ သီရိမင်္ဂလာဈေးဟောင်းသို့ ယာယီပြောင်းရွှေ့ပေးရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ဟံသာဝတီ ယာဉ်ရပ်ရောင်းဝယ်ရေးစခန်းအား Yangon Car Plaza အဖြစ် Crown Advance Construction ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်ထားကြောင်း၊ ပလာဇာတွင် နေထိုင်သူများ အသုံးပြုနိုင်ရန် ကားအစီး ၆၀၀ ကျော် ရပ်နားနိုင်မည့်နေရာ၊ ကားShow Room ဖွင့်နိုင်မည့် အခန်း ၅၂ ခန်း၊ ကားအစီး ၅၀၀ ခန့် ဆံ့ မည်သူမဆို ယာဉ်ရပ်နား ရောင်းဝယ်နိုင်မည့် နေရာများပါဝင်ကြောင်း စည်ပင်သာယာ အခွန်ဋ္ဌာနမှူး ဦးကျော်မင်းက ဧရာဝတီသို့ ပြောသည်။

“ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းထဲက ကားလေးတွေကို သီရိမင်္ဂလာဈေးအဟောင်းကို ရွှေ့ပါတယ်။ ဈေးမြေညီထပ်မှာ ရေ၊ မီး၊ ခြံစည်းရိုးက အစ အကုန် စီစဉ်ထားပြီးပါပြီ။စနစ်တကျ ရပ်မယ်ဆိုရင် အစီး ၉၀၀ လောက် ရပ်လို့ ရပါတယ်။ ၆ ဘီးနဲ့ အထက် ကားကြီးတွေကိုတော့ သူနာပြုတက္ကသိုလ်နားက မင်းရဲကျော်စွာလမ်း အရှေ့ခြမ်း မြေကွက်လပ်မှာေ နရာပေးပါမယ်” ဟု ဦးကျော်မင်းက ရှင်းပြသည်။

သို့ရာတွင် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်ကို ကားဝင်းအတွင်း နေထိုင်လုပ်ကိုင်နေသူများက လက်မခံဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ လေးကြိမ်တိုင်တိုင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မတ်လ ၁ ရက်နေ့တွင်မူ စည်ပင်မှ ကားများကို ကားဝန်းထဲသို့ ၀င်ခွင့်မပေးတော့ဘဲ ၀င်ပေါက် ထွက်ပေါက် ၅ ခု တွင် တစ်ခုကိုသာ ဝင်းထဲမှ ကားများပြန်ထွက်နိုင်ရန်သာ ဖွင့်ပေးထားသည်။ ယာဉ်ရောင်းဝယ်ရေးစခန်း အပြင်ဘက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများက ပိတ်ထားသော ၀င်ပေါက် ထွက်ပေါက်များကို စောင့်ကြပ်နေခဲ့ကြသည်။

ကားဝင်းထဲတွင်မူ လက်ရှိနေထိုင်လျက်ရှိသော ၀ယ်ရောင်းများ ၊ဈေးဆိုင်ရှင်များ၊ အလုပ်သမားများ၊ ကားရေးဆေးသူများက ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်း “ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရရေး” “ပိတ်ထားသော တံခါးပေါက်များ ဖွင့်ပေးရေး” “စည်ပင်လစာ ဘယ်သူပေးတာလဲ ပြည်သူတွေ ပေးတာ” “ကားဝင်းထဲမှာ အခွန်ဆောင်နေတာ” စသည့် ကြွေးကြော်သံများ အော်ဟစ်ကာ ကားဝင်းကို လှည့်ပတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၂၇ ရက်တွင်လည်း ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် လာရောက် စုဝေးပြီး ကားစခန်း မပြောင်းရွှေ့ရေး ဆန္ဒပြခဲ့ကြသေးသည်။

နောက်ဆုံးရရှိသောသတင်းများအရ မပြောင်းရွှေ့ရေး ကော်မတီ ကိုယ်စားလှယ်များက စည်ပင်သာယာရေးသို့ သွားရောက်၍ ထပ်မံ တင်ပြမည်ဟု သိရသည်။

ပိတ်ထားသော ဂိတ်တံခါးများကို ရဲက စောင့်ကြပ်နေပြီး ဆန္ဒပြသူများ ကလည်း ဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့သည် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)

ဧရာဝတီ
ပိတ်ထားသော ဂိတ်တံခါးများကို ရဲက စောင့်ကြပ်နေပြီး ဆန္ဒပြသူများ ကလည်း ဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့သည် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
March 1, 2013 
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မတ်လ ၁ ရက်နေ့တွင် ချိတ်ပိတ်၍ ကား အ၀င်အထွက် မပြုလုပ်နိုင်ရန် ဂိတ်ပေါက် တံခါးများကို ရဲများနှင့် စည်ပင်ဝန်ထမ်းများက အစောင့်ချ ပိတ်ဆို့လိုက်သည်။

လက်ဗွေစနစ်သုံး ATM စနစ်များ ခေတ်စားလာမည်

လက်ဗွေစနစ်သုံး ATM စနစ်များ ခေတ်စားလာမည်
Friday, March 1, 2013

မြန်မာပြည်မှာ မဟုတ်သေးပါဘူ။ ဂျပန်နိုင်ငံအခြေဆိုက် ဟီတာချီမှ တီထွင် လိုက်တဲ့ နည်းပညာ ဖြစ်ပြီး ပိုလန်နဲ့ ဂျပန်နိုင်ငံက ATM စက်အချို့ မှာပဲ အသုံးပြုနေပါသေးတယ်။

ဒါက အစပိုင်းမို့ပါ။ နောက်ဆိုရင် လက်ဗွေစနစ် ATM စနစ်များ ရေပန်း စားလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အလုပ်လုပ်ပုံက Pin ကုဒ်နဲ့ မဟုတ်တော့ပါဘူး။ လက်ဗွေလည်း မဟုတ်ပါဘူး။ လက်ထိပ်က
သွေးကြောလမ်းကြောင်းကို မှတ်သားထားခြင်း ဖြစ်ပြီး Scan ဖတ်မှ ကဒ်ပွင့်မယ့် စနစ် ဖြစ်ပါတယ်။

ဒီတော့ ဇာတ်လမ်းတွေထဲကလို လက်ဖြတ်ပြီး သယ်လာလို့ ကဒ်ဖွင့်လို့ရမှာ မဟုတ်ပါဘူး။ သွေးစီးနေတဲ့ လက်အရှင်နဲ့မှ ပွင့်မယ်လို့ ဆိုပါတယ်။ လေးစား ဖွယ်ရာ နည်းပညာပါပဲ။ နည်းပညာတိုင်းမှာကတော့ အားနည်းချက် ကိုယ်စီ ရှိစမြဲပါပဲ။ ပေါက်ကရတွေးရရင် လက်လေဖြတ်သွားတာမျိုး၊ လက်က မတော်တဆကြောင့် ပျက်သွားတာမျိုးတို့ဆိုရင် ဘယ့်နှယ့်လုပ် မလဲလို့ လည်း မေးခွန်းထုတ်ကြပါတယ်။

ဒီအတွက် Secondary Security Layer ကို အသုံးပြုလို့ ငွေထုတ်နိုင် ပါသေးတယ်။ ကုဒ်က လူသိရင်သိမယ်။ လက်သွေးကြောကတော့ လူတစ်ဦး နဲ့ တစ်ဦး မတူနိုင်တဲ့ အရာဆိုတော့ လက်ဗေစနစ်သုံး ATM ဟာ ရေပန်း စားလာ အုံးမယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/03/atm.html

--
TechSpace Journal

Friday, March 1, 2013

မြန်မာပြည်မှာ မဟုတ်သေးပါဘူ။ ဂျပန်နိုင်ငံအခြေဆိုက် ဟီတာချီမှ တီထွင် လိုက်တဲ့ နည်းပညာ ဖြစ်ပြီး ပိုလန်နဲ့ ဂျပန်နိုင်ငံက ATM စက်အချို့ မှာပဲ အသုံးပြုနေပါသေးတယ်။

၆ ပေါင်ကျော်လေးသောကြွက်ကြီး

၆ ပေါင်ကျော်လေးသောကြွက်ကြီး

မယုံနိုင်စရာပါပဲ ဒီကြွက်ကြီးဟာ ခြောက်ပေါင်ကျော်လေးပြီး အမြီးကတင် ၁၂ လက်မရှည်ပါတယ် ။ တရုတ် ပြည် တောင် ဖက်စွန်းမှ လူဦးရေ သိပ်မများတဲ့ မြို့ငယ်လေးအနီး Fazhou မှာနေထိုင်သူ တစ်ဦးက ဖမ်းမိခဲ့ခြင်း ဖြစ်ပါတယ် ။ ကြွက်ဖမ်းသမားတစ်ဦးဖြစ်တဲ့ Mr Xian ဆိုကသူဟာ ဒီကြီးမားတဲ့ကြွက်ကြီးကို လမ်းတွေပေါ်လျှောက် သွားနေတာာတွေ့ပြီးတကည်းက ထောင်ချောက်ဆင်ခဲ့တယ်လို့ဆိုပါတယ် ။

ဖမ်းဆီရခဲ့သူMr Xian ဟာ ဒီကြွက်ကြီးကိုဖမ်းမိခြင်းအားဖြင့် ရှားပါးတဲ့ ကြွက်မျိုးစိတ်တွေကိုလေ့လာရာမှာ အထောက်အကူပြုနိုင်ကြောင်းပြောခဲ့ပါတယ် ။ ဒေသတွင်းတောတွင်းလေ့လာပညာရှင်တွေကတော့ ဒီကြွက်ဟာ ၀ါးတောတွေ ထဲမှာ ကျက်စားနေတဲ့ ကြွက်မျိုးစိတ်ဖြစ်နိုင်ကြောင်းပြောခဲ့ပြီး ဒီထက်ပိုတိတိကျကျ မျိုးစိတ် ကို ပြော ဆိုဖို့ရာ ကတော့ သေချာ စမ်းသပ်စစ်ဆေးဖို့လိုကြောင်းပြောခဲ့ပါတယ် ။

တရုတ်ပြည်ဝါးတောတွေထဲမှ ကြွက်တွေဟာ ဆယ်လက်မကျော်အောင်ကြီးထွားလေ့ရှိပြီး အထူးသဖြင့် ဒီလိုကြွက်တွေ ကို တရုတ်ပြည် မြောက်ပိုင်း မြန်မာပြည် နဲ့ဗီယက်နမ်တွေ မှာလည်းတွေ့ နိုင်ကြောင်းဖော် ပြထား ပါတယ် ။

ယူနန်ပြည်နယ် မလေးရှားမှာဆိုရင်လည်း အမြီးပါ အပါ လက်မသုံးဆယ်ကျော်နဲ့အလေးချိန် ၈ ပေါင်အ ထိလေး တဲ့ ဧရာမကြွက်ကြီးတွေကို ရှာတွေ့နိုင်ပါသေးတယ် ။

Credit to သက်တန့်ချို

မယုံနိုင်စရာပါပဲ ဒီကြွက်ကြီးဟာ ခြောက်ပေါင်ကျော်လေးပြီး အမြီးကတင် ၁၂ လက်မရှည်ပါတယ် ။ တရုတ် ပြည် တောင် ဖက်စွန်းမှ လူဦးရေ သိပ်မများတဲ့ မြို့ငယ်လေးအနီး Fazhou မှာနေထိုင်သူ တစ်ဦးက ဖမ်းမိ
ခဲ့ခြင်း ဖြစ်ပါတယ် ။

မြန်မာနိုင်ငံသား၊ မိုင်ရယ်မြို့သား စိုင်းနော်ခမ်းအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် ယနေ့ကွပ်မျက်လိုက်ပြီ

မြန်မာနိုင်ငံသား၊ မိုင်ရယ်မြို့သား စိုင်းနော်ခမ်းအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကူမင်းမြို့တရားရုံးတစ်ရုံး၌ ယနေ့ မတ်လ
၁ ရက်နေ့တွင် ကွက်မျက်လိုက်ပြီဖြစ်သည်။

အေးချမ်းမွန်မှ  အင်တာနတ် တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

မြန်မာနိုင်ငံသား၊ မိုင်ရယ်မြို့သား စိုင်းနော်ခမ်းအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကူမင်းမြို့တရားရုံးတစ်ရုံး၌ ယနေ့ မတ်လ၁ ရက်နေ့တွင် ကွက်မျက်လိုက်ပြီဖြစ်သည်။

ယောက်ကျာင်္းလေးများ မနှစ်မြို့သော မိန်းမ( ညီမငယ်များလေ့လာရန်)

ဘယ်လို မိန်းကလေးမျိုးကို ယောက်ကျာ်းများ ကြောက်ကြပါသလဲ။ မိန်းကလေးတိုင်း (၁၀)မျိုးထဲတွင် တစ်မျိုး
မက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသ
လား။

လယ်သမား ဦးကျော်မြင့်မှ ဦးခင်ရွှေသို့ တိုင်ကြားပြီး - - -

သို့
စခန်းမှူး
ထောက်ကြန့်ရဲစခန်း
မင်္ဂလာဒုံမြို့နယ်
ရက်စွဲ ။ ၂၈ - ၂ - ၂၀၁၃

အကြောင်းအရာ ။ ဥပဒေအရအရေးယူဆောင်ရွက်ပေးပါရန်တိုင်ကြားခြင်း
ကျွန်တော်သည် မင်္ဂလာဒုံမြို့နယ် ၊ ပေါင်းကူဥာဏ ၊ စံပါယ်လမ်း ၊ အမှတ် ၁၈၁ တွင် နေ ထိုင်ပြီး ကွင်းအမှတ် (၅၃၁/၅၃၃) ရှိလယ်မြေ ( ၁၁ )ဧက ကို စိုက်ပျိုးလုပ်ကိုင်သော တောင်သူလယ်သမားတစ်ဦးဖြစ်ပါသည် ။
၁၉၉၀ ခု နှစ်တွင် ကျွန်တော် စိုက်ပျိုးလုပ်ကိုင်ခွင့်ရသော ( ၁၁ ) ဧကအား ဇေကမာ်္ဘကုမ်္ပဏီမှ

"နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ"

"နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ"

ရန်ကုန်၊ မတ် ၁

ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။

"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးစိုးမိုးက ညီမထံကိုဆက်သွယ်လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ်တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများတင်မက နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာပါ အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမယုံကြည်ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင်အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမားအဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။

(Photo - Nang Khin Zay Yar facebook မှ)

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
Photo - Nang Khin Zay Yar
ရန်ကုန်၊ မတ် ၁

ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေ
ပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီး
သည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊

မြန်မာနိုင်ငံသားမှုးယစ်ရာဇာ နော်ခမ်းဘာကြောင့်သေတယ်လို့ထင်ပါသလည်း.................?

နော်ခမ်းဘာကြောင့်သေတယ်လို့ထင်ပါသလည်း.................?

ဓာတ်ပုံ/Tun wai

ကျွန်နော်စာရေးတတ်ချင်တယ်ဗျာစာမရေးတတ်တော့ကျွန်နော်မှာအခက်တွေ့နေတယ်၊ဒီချိန်မှာကျွန်နော်သာစာရေးတတ်ခဲ့မယ်ဆိုရင်(နော်ခမ်းဘာကြောင့်သေတာလည်း..............?)ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်နော်စာရေးမိမှာသေချာတယ်၊ဘာလို့လဲဆိုတော့နော်ခမ်းအကြောင်းကျွန်နော်ကောင်းကောင်းမသိပါဘူး၊ဒါပေမဲ့ကျွန်နော်တို့ရဲ့တိုင်းရင်းသားတစ်ယောက်ဟာနိုင်ငံသားဆိုတဲ့အစောင့်အလျှောက်အကာအကွယ်မဲ့သေဆုံးသွားရခြင်းအပေါ်မှာစိတ်မကောင်းခြင်းကြီးစွာဖြစ်မိလို့ပါဘဲ၊ကျွန်နော်သူငယ်ချင်းတို့ကိုရိုးရိုးလေးနဲ့ရှင်းရှင်းလေးတစ်ခုပြောပြချင်ပါတယ်၊အဲ့ဒါဘာလည်းဆိုတော့နော်ခမ်းဟာရှမ်းလူမျိုးတစ်ယောက်ဖြစ်နေတဲ့အကြောင်းရင်းကအခြေခံပါတယ်၊သူငယ်ချင်းတို့လည်းဟုတ်မဟုတ်ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားဝေဖန်ခွင့်ရှိပါတယ်၊ကျွန်နော်တို့မြန်မာပြည်မှာမြန်မာနိုင်ငံသားမဟုတ်တဲ့တရုတ်လူမျိုးတွေဂိုဏ်းတွေဖွဲ့ပြီးဒုစရိုက်လုပ်ငန်းတွေလုပ်ကိုင်နေတာကိုတော့အားလုံးသိကြမယ်လို့ထင်ပါတယ်၊ဒီနေရာမှာသူငယ်ချင်းတွေထဲကတရုတ်လူမျိုးတွေအနေနဲ့ငါတို့လည်းနိုင်ငံသားဘဲဆိုပြီးစောဒကတက်ချင်တက်လာနိုင်ပါတယ်၊စောဒကတက်လာရင်လည်းကျွန်နော်လက်ခံပါတယ်ဘာလို့လည်းဆိုဘိုးစဉ်ဘောင်ဆက်မြန်မာရှင်ဘုရင်တွေလက်ထက်တည်းကတရုတ်လူမျိုးတွေမြန်မာပြည်မှာအခြေချနေထိုင်ပြီးနိုင်ငံသားအဖြစ်နဲ့နေထိုင်ခဲ့ကြတယ်ဆိုတာကျွန်နော်ဖတ်မှတ်လေ့လာခဲ့ဘူးလို့ပါဘဲ၊ဒါပေမဲ့ဒီနေ့ခေတ်မှာဘိုးစဉ်ဘောင်ဆက်မဟုတ်ပါဘဲနိုင်ငံသားဆိုပြီးတော်လှန်ရေးကိုအမည်ခံဂုဏ်းတွေဖွဲ့ဒုစရိုက်လုပ်ငန်းတွေလုပ်ကိုင်နေတာအားလုံးအသိပါ၊ဘယ်သူမှငြင်းချက်ထုတ်နိုင်မယ်မထင်ပါဘူးဗျာ၊
ဒါနဲ့ဆိုလိုရင်းမရောက်ဘဲစာကရှည်နေပြီဗျာတိုတိုနဲ့လိုရင်းဘဲပြောကြပါစို့၊တရုတ်အစိုးရကတရုတ်လူမျိုးအပေါ်မှာအမြဲတမ်းကာကွယ်စောင့်လျှောက်တယ်ဗျ၊မဆလ၊နဝတ၊နအဖအစဉ်အဆက်ပါဘဲဗျာ၊ဒီနေ့ခောတ်လူတွေအနေနဲ့ဆိုမကြာသေးတဲ့နအဖလက်ထက်မှာတရုတ်ဝန်ကြီးချုပ်ကနအဖကိုသူ့လူမျိုးတွေအပေါ်မှာအကာအကွယ်ပေးဖို့မှာကြားတာကိုတော့အားလုံးသိကြမယ်လို့ထင်ပါတယ်၊တရုတ်အစိုးရကသူလူမျိုးတရုတ်တွေအတွက်အကာအကွယ်ပေးမှာပေါ့ဒီအတိုင်းသာဆက်သွားနေမယ်ဆိုအထက်ဗမာပြည်ကတရုတ်ပြည်အောက်ဗမာပြည်ကကုလားပြည်ဖြစ်တော့မယ်လေ၊မြန်မာလူမျိုးတွေဒီလိုသာပေါ့ပေါ့တန်တန်နေကြမယ်ဆိုနောက်အနှစ်100လောက်ဆိုတရုတ်နဲ့ကုလားကစစ်တွေတိုက်ပြီးတိုင်းပြည်ထူထောင်ဖို့လုကြလိပ်မယ်၊ဒါတွေထားလိုက်ပါတော့ရှည်မနေချင်တော့ပါဘူး၊အာရှမှာချမ်းသာလွယ်တဲ့အလုပ်ကဘာအလုပ်လည်း.....?ဂုဏ်းဖွဲ့ပြီးဘိန်းလုပ်ငန်းလုပ်တာဘဲချမ်းသာတာဗျ၊အဲ့ဒီတော့ဒီနေ့မြန်မာပြည်မှာဘယ်သူတွေဂုဏ်းဖွဲ့ပြီးဘိန်းလုပ်ငန်းလုပ်နေကြလည်းကြည့်ကြရအောင်ဗျာ၊ဟိုးးးးးးးးအရင်တုန်းကရှမ်းလူမျိုးဖြစ်တဲ့ခွန်ဆာဟာဘိန်းဘုရင်ဆိုတဲ့ဘွဲ့တောင်ရအောင်အကြီးဆုံးဖြစ်ခဲ့တယ်၊ခွန်ဆာကြီးစိုးစဉ်ကတရုတ်လူမျိုးဂုဏ်းတွေဖြစ်တဲ့MNDAAကိုးကန့်တို့UWSA(ဝ)တို့ဆိုတာကိုယ်ဝန်ဆောင်အဆင့်မှာဘဲရှိသေးတယ်၊အဲ့ဒီနောက်မှာတော့ခွန်ဆာကိုအမေရိကန်နဲ့ဥရောပနိုင်ငံတွေကဝရမ်းထုတ်လာကြတယ်၊ခွန်ဆာလည်းသူ့အန္ဒရာယ်သူသိတော့နအဖနဲ့ငြိမ်းချမ်းရေးယူအေးဆေးနှပ်နေလိုက်တော့တယ်အဲ့ဒီအချိန်မှာဘဲကိုးကန့်တို့ဝတို့ကဦးမော့လာတယ်၊ကိုးကန့်ဆိုတာလည်းတရုတ်ဘဲဝဆိုတာလည်းတရုတ်ဘဲ၊ကုလားကြီးနဲ့အနဲကြီးဆိုတာဘဲကွာတယ်၊ကိုးကန့်တို့ဝတို့တရုတ်မဟုတ်ပါဘူးဘယ်သူငြင်းချင်လည်းရတယ်၊ဒီနေရာမှာတစ်ခုတော့ပြောပြမယ်ကျွန်နော်ကိုယ်တိုင်MNDAAကိုးကန့်အဖွဲ့နဲ့3နှစ်ကျော်လောက်အတွင်းကျကျနေခဲ့ဘူးတယ်ဝလူမျိုးသူငယ်ချင်းမိတ်ဆွေတွေလည်းအများကြီးရှိခဲ့တယ်၊အဲ့ဒီ2ဖွဲ့လုံးကလူ100စီဆွဲထုပ်ပြီးမြန်မာလိုမေးရင်မြန်မာစကားမတတ်တဲ့သူက95ယောက်စီရှိတယ်၊အဲ့ဒီအချိန်မှာအထက်ဗမာပြည်ရဲ့3ပုံ1ပုံကိုတရုတ်တွေအုပ်စိုးမိနေပြီ၊တရုတ်အစိုးရကမြန်မာပြည်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာဂုဏ်းတွေဖွဲ့ဒုစရိုက်လုပ်ငန်းတွေလုပ်နေတာကတရုတ်တွေချမ်းသာတဲ့သူတွေကြည့်လိုက်တော့လည်းတရုတ်တွေ၊ဒီမှာတရုတ်အစိုးရကသူလူမျိုးတွေအတွက်မကာကွယ်လို့မရတော့ဘူးဆိုတာသဘောပေါက်သွားတယ်၊အဲ့လိုနဲ့ဘဲနအဖအတွက်မားမားမှတ်မှတ်ကိုကမ္ဘာကသောက်မြင်ကတ်အောင်ကာကွယ်ပေးတယ်နအဖလိုအပ်တာကူညီတယ်၊အဲ့လိုဖြစ်လာမှတော့မြန်မာစကားပုံရှိတာဘဲဗျာ(သူဆန်စားရဲမှတဲ့)တရုတ်ကလည်းအလကားတော့ဘယ်ကူညီမလည်းဟုတ်တယ်ဟုတ်၊ငါ့တရုတ်လူမျိုးတွေအတွက်အကာအကွယ်လုံလောက်အောင်ပေးပါပေါ့၊စားထားမိတဲ့သူကလည်းတစ်လုပ်စားဘူးသူ့ကျေးဇူး၊သူဆန်စားရဲမှာဆိုသလိုဘဲ၊ဒီနေ့ခောတ်ဝန်ကြီးတောင်လူသိရှင်ကြားပြောသွားတာဘဲဗျာတရုတ်ကကျေးဇူးရှင်ပါဆိုပြီးဟုတ်တယ်မဟုတ်လား၊နောက်ဆုံးတော့အဖြေက(((ဒါပါဘဲ)))နော်ခမ်းဟာတရုတ်တွေနဲ့စီးပွါးပြိုင်ဂိုဏ်းပြိုင်ဖြစ်လာလို့အသတ်ခံလိုက်ရတယ်၊တရုတ်အစိုးရကတရုတ်လူမျိုးတရုတ်ဂုဏ်းတွေအတွက်အပြိုင်အဆိုင်ဖြစ်လာမဲ့ရှမ်းလူမျိုးနော်ခမ်းကိုရှင်းလိုက်တယ်၊..........ပေါက်ဖော်ကြီးရဲ့မိတ်ဆွေတွေကလည်းကျေးဇူးရှင်ကြီးကိုကျေးစွတ်ရာရောက်မှာစိုးတဲ့အတွက်နော်ခမ်းကိုကူညီချင်ရှာတောင်အသံမဟရဲရှာဘဲလက်ပိုက်ကြည့်နေလိုက်ရလေသတည်း၊နော်ခမ်းခမျှာလည်းဒီနေ့ခေတ်မှာမှဂုဏ်းဖွဲ့စီးပွါးလုပ်ဆောင်မိတာမှားသွားတာပေါ့ဗျာ၊ဘာဘဲဖြစ်ဖြစ်ကျွန်နော်ကတော့အကျဉ်းသားပို့ဆောင်တာတောင်မလုပ်ဘဲ၊နိုင်ငံသားတစ်ယောက်ရဲ့အကာအကွယ်အစောင့်အလျှောက်တောင်မရသွားရှာတဲ့နော်ခမ်းကိုဒီနေရာကနေကောင်းရာသူဂတိလားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊((((((တရုတ်လူမျိုး13ယောက်လေးသတ်တဲ့နော်ခမ်းကိုမြန်မာအစိုးရတောင်ခွင့်မတောင်းဘဲမောင်းသူမဲ့ဒုံးယဉ်တွေနဲ့တိုက်မလို့တဲ့ဗျာသူတို့ကိုယ်တိုင်ဝန်ခံသွားတာနော်၊လုပ်ကြံမပြောဘူး၊တရုတ်လူမျိုးတွေသိန်းသန်းသတ်လိုက်တဲ့ဂျပန်တွေထက်ကိုအရေးကြီးနေလားလို့မေးလိုက်ချင်စမ်းတယ်ဗျာ))))))
ဓာတ်ပုံ/Tun wai
ကျွန်နော်စာရေးတတ်ချင်တယ်ဗျာစာမရေးတတ်တော့ကျွန်နော်မှာအခက်တွေ့နေတယ်၊ဒီချိန်မှာကျွန်နော်
သာစာရေးတတ်ခဲ့မယ်ဆိုရင်(နော်ခမ်းဘာကြောင့်သေတာလည်း..............?)ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်နော်စ
ရေးမိမှာသေချာတယ်၊ဘာလို့လဲဆိုတော့နော်ခမ်းအကြောင်းကျွန်နော်ကောင်းကောင်းမသိပါဘူး၊ဒါပေမဲ့
ကျွန်နော်တို့ရဲ့တိုင်းရင်းသားတစ်ယောက်ဟာနိုင်ငံသားဆိုတဲ့အစောင့်အလျှောက်အကာအကွယ်မဲ့သေဆုံး
သွားရခြင်းအပေါ်မှာစိတ်မကောင်းခြင်းကြီးစွာဖြစ်မိလို့ပါဘဲ၊ကျွန်နော်သူငယ်ချင်းတို့ကိုရိုးရိုးလေးနဲ့ရှင်းရှင်း
လေးတစ်ခုပြောပြချင်ပါတယ်၊

Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ

Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ

ဒီတစ်ပတ်လည်း Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။ 
အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ Samsung Galaxy  Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။ နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။ စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။ ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။

ဒီတစ်ပတ်လည်း Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်
မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲ
ဆိုတာ ပြောပြပေးချင်ပါတယ်။

မတော်တဆထိခိုက်မိလို့ သေဆုံးရတဲ့အဆုတ်နဲ့ ဆေးလိပ်သောက်သူရဲ့ အဆုတ်ဖြစ်အင်

ဘယ်ဘက်က အဆုတ်က အလုပ်လုပ်ရင်း မတော်တဆ ထိခိုက်မိလို့ သေသွားတဲ့ ၄၉နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့ အဆုတ်ပါ။

ညာဘက်က မဲနေတဲ့ အဆုတ်ကတော့ ၁၅နှစ်ကြာ ဆေးလိပ့်သောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူဟာ အသက် ၃၈နှစ်မှာ သေဆုံးခဲ့ပြီး ၉နှစ်နဲ့ ၁၁နှစ်အရွယ် သမီးသယ်နှစ်ဦးနဲ့ သေဆုံးချိန်မှာ ၅လအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်တာ ရပ်ဖို့လိုပါပြီ။

ဆေးလိပ်ငွေ့ကြောင့် ကိုယ့်ဘေးနားက လူတွေ၊ ကလေးငယ်တွေ၊ တိရိစ္ဆန်တွေကိုလဲ ရောဂါပေးသလိုဖြစ်ပါတယ်၊ 

ဘယ်လိုအခြေအနေပဲဖြစ်နေဖြစ်နေ ဆေးလိပ်ကို ဘယ်တော့မှ မသောက်မိပါစေနဲ့။

အရင်ဆုံး ဒီနေ့ကစပြီး ဆေးလိပ်မ၀ယ်တော့ပါ နဲ့၊ ဆေးလိပ် အတွက် ငွေနဲ့ ရောဂါမ၀ယ်ပါနဲ့တော့။

မေလ (၃၁)နေ့ဟာ World No Tobacco Day (WNTD)
 The International Day Of Fight Against Smoking နေ့ဖြစ်ပါတယ်။

အဲဒီနေ့မှ စဖြတ်မယ်ဆိုရင် အရမ်းဝေးနေပါမယ်။

ဒါကြောင့် ဆေးလိပ်ကြောင့် ကင်ဆာရောဂါရဲ့ ၀မ်းနည်းစရာတွေ ထပ်ထပ်မဖြစ်ကြရအောင် ဒီနေ့ပဲ ဆေးလိပ်သောက်တာ ရပ်လိုက်ကြရအောင်။

အမှန်ဆို မနေ့ကတည်းက ဆေးလိပ်ဖြတ်လိုက်ရမှာ။ ဘယ်တော့မှလည်း ထပ်မသောက်ပါနဲ့တော့။

Posted From France Saayman


ဘယ်ဘက်က အဆုတ်က အလုပ်လုပ်ရင်း မတော်တဆ ထိခိုက်မိလို့ သေသွားတဲ့ ၄၉နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့ အဆုတ်ပါ။

မြန်မာနိုင်ငံတွင် ဖို့ဒ်ကားများ ရောင်းတော့မည်

မြန်မာနိုင်ငံတွင် ဖို့ဒ်ကားများ ရောင်းတော့မည်

ရန်ကုန်၊ဖေဖော်ဝါရီ-၂၈

မြန်မာနိုင်ငံတွင် အမေရိကန်ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကားကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာနိုင်ငံဘက်မှ Capital Automotive ကုမ္ပဏီ အကြီးအကဲကပြောကြားသည်။

ရန်ကုန်မြို့၌ ပထမဦးဆုံးဖွင့်လှစ်မည့် ဖို့ဒ်ကားအရောင်းဆိုင်တွင် အိမ်စီးကားများနှင့် ပစ်ကပ်ကားများ ရောင်းချသွားမည်ဖြစ်ပြီး လာမည့်မေလမှာပင် အရောင်းပြခန်း စတင်ဖွင့်လှစ်သွားဖွယ်ရှိကြောင်း Capital Automotive မှ ဒါရိုက်တာဦးခင်ထွန်းကပြောသည်။

ဖို့ဒ်ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် နီးလ်မက်ကာသီကမူ ၎င်းတို့ကုမ္ပဏီအနေဖြင့် မြန်မာဈေးကွက်အတွင်း ၀င်ရောက်ရန် ပြင်ဆင်နေပြီး တွဲဖက်လုပ်ကိုင်မည့် ကုမ္ပဏီလည်း ရှိနေပြီဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်းမရှိသေးပေ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပက်စီ၊ ကိုကာကိုလာ၊ GE ၊ Caterpillar နှင့် ဒိန်းမတ် အဖျော်ယမကာကုမ္ပဏီ Carlsberg တို့သည် ၎င်းတို့ကုန်ပစ္စည်းများ ဖြန့်ချိရန် ဒေသခံကုမ္ပဏီများနှင့် သဘောတူညီချက်များ ရရှိထားပြီဖြစ်သည်။

—Ref: AP

မြန်မာနိုင်ငံတွင် အမေရိကန်ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကားကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာနိုင်ငံဘက်မှ Capital Automotive ကုမ္ပဏီ အကြီးအကဲကပြောကြားသည်။

ဒလက်မပါသော လေအေးလေပူ ပန်ကာ Dyson AM05

ဒလက်မပါသော လေအေးလေပူ ပန်ကာ Dyson AM05

Dysoon AM05 Hot + Cool ပန်ကာ ဖြစ်ပါတယ်။ ပန်ကာ မပါပဲ အေးအောင် ဘယ်လိုလုပ်လဲ ဆိုတာက ဗြိတိန် Dyson အီလက်ထရောနစ် ကုမ္မဏီက စတင်ထုတ်လုပ်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း အလယ်ကနေ လေများ လွတ်ပေးမှာ ဖြစ်ပါတယ်။ မော်တာ ပါရှိပြီး ယင်းမော်တာကနေ Air Flow ကို Multiply လုပ်ပေးတဲ့ သဘောပါပဲ။ ၁ ကနေ ၂၈ ဒီဂရီ စတီဂရိတ် အထိလည်း ပူအောင် လုပ်ပေးနိုင်ပါတယ်။ အခန်း အပူချိန် အနေအထားကို အာရုံခံလို လိုသလိုချိန်ညှိပေးမယ့် အော်တို စနစ်လည်း ပါရှိပါတယ်။

၂၀၀၉ ခုနှစ်ကနေ စတင်ထုတ်လုပ်တဲ့ Air Multiplier များဟာ နည်းပညာ ဒီဇိုင်းဆုများစွာရရှိထားပါတယ်။ မြန်မာပြည်ကိုလည်း ယင်းကဲ့သို့ ပန်ကာများ ရောက်ရှိပါတယ်။ ယခု ၂၀၁၃ မှာ အသစ်ဖြန့်မယ့် ဒလက်မကာ ပန်ကာက အပူ၊အအေး ရပြီး တစ်စက္ကန့်ကို လေ ၂၈ လီတာ လောက်ထိ ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကာလတန်ဖိုးအားဖြင့် ဗြိတိန်ပေါင် ၃၅၀ ဖြင့် စတင်ရောင်းချမယ့် ပစ္စည်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocklint
Aung Kham (TSJ team)

Dysoon AM05 Hot + Cool ပန်ကာ ဖြစ်ပါတယ်။ ပန်ကာ မပါပဲ အေးအောင် ဘယ်လိုလုပ်လဲ ဆိုတာက ဗြိတိန် Dyson အီလက်ထရောနစ် ကုမ္မဏီက စတင်ထုတ်လုပ်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းလမ်းဆုံအနီးရှိ နံ့သာကုန်းဈေး မီးလောင်မှု အကြောင်းရင်း အတည်မပြုနိုင်သေး

နံ့သာကုန်းဈေး မီးလောင်မှု အကြောင်းရင်း အတည်မပြုနိုင်သေး

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းလမ်းဆုံအနီး နံ့သာကုန်းဈေးရှိ စက်ဘီးဆိုင်များတွင် ယနေ့နေ့လည် တနာရီခန့် အချိန်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယခုချိန်ထိ မည်သည့်အတွက် လောင်ကျွမ်းသည်ကို အတည် မပြုနိုင်သေးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အင်းစိန် အရန်မီးသတ် တပ်ခွဲမှူး ဦးလှဝင်းက ပြောသည်။


“အခုချိန်အထိတော့ ၀ါယာရှော့လို့ပဲ သိထားတယ်။ ဒါပေမဲ့ အတည်မပြုနိုင်သေးဘူး” ဟု ဦးလှဝင်းကပြောသည်။

ထိုသို့ မည်သည့် အတွက်ကြောင့် လောင်ကျွမ်းသည်ကို မကြာခင်အချိန်တွင် ဘုတ်အဖွဲ့ဖွဲ့၍ ဆုံးဖြတ်ပြီးမှ အတည်ပြုနိုင်မည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောသည်။

အဆိုပါ မီးသည် နေ့လည်တနာရီ လေးဆယ့်ငါးမိနစ်တွင် လုံးဝ မီးငြိမ်းသတ်သွားပြီး ထိုမီးကြောင့် နံ့သာကုန်းဈေး အဆောင်အမှတ် ၆ မှ ဆိုင်ခန်း ၅ ခန်း မီးလောင်ကျွမ်းခဲ့သည်။

ထိုမီးကြောင့်  ဆိုင်ခန်းပိုင်ရှင်များအနေဖြင့်  ဆုံးရှုံးငွေတန်ဖိုး ခန့် မှန်း ၅၈သိန်းခန့် ဆုံးရှုံးသွားကြောင်း အာဏာပိုင် အချို့ ၏ မှတ်တမ်းမှ သိရသည်။

“ စလောင်တာက ဦးသာအောင်နဲ့ သားများ ဆိုင်က စလောင်တာ။ ဆိုင်အမှတ် ၈ က ပေါက်ကွဲသံတွေတောင် ငါးချက်မက ကြားရတယ် ” ဟု အဆိုပါနံ့သာကုန်းဈေးနှင့် ကပ်လျက်ရှိသော ကွမ်းယာဆိုင်မှ အမျိုးသမီး တဦး က ပြောသည်။

အေးချမ်းမွန်မှ Mizzima - News in Burmese တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းလမ်းဆုံအနီး နံ့သာကုန်းဈေးရှိ စက်ဘီးဆိုင်များတွင် ယနေ့နေ့လည် တနာရီခန့် အချိန်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယခုချိန်ထိ မည်သည့်အတွက် လောင်ကျွမ်းသည်ကို အတည် မပြုနိုင်သေးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အင်းစိန် အရန်မီးသတ် တပ်ခွဲမှူး ဦးလှဝင်းက ပြောသည်။

၂၄ နာရီလျှပ်စစ်မိးရရှီေ၇းဆန္ဒပြပွဲ ပြည်မြို့မှာစတင်လိုက်ပြီ

ဖေဖေါ်ဝါရီ၂၈ရက် ည ၇ နာရီတွင် ၂၄ နာရီလျှပ်စစ်မိးရရှီေ၇းဆန္ဒပြပွဲ ပြည်မြို့မှာစတင်လိုက်ပြီဖြစ်ကြောင်း
သတင်းရရှိပါသည်။

သိထားသင့်တဲ့ စင်ကာပူ(၃) နေထိုင်ခွင့် PASS များ အကြောင်း

သိထားသင့်တဲ့ စင်ကာပူ(၃)    နေထိုင်ခွင့် PASS များ အကြောင်း
credit:  မောင်ပွတ်(thanlwin)

စင်ကာပူမှာ ဘယ်လိုအလုပ်အကိုင်မျိုးတွေ ရနိုင်သလဲဆိုတာတွေ မပြောခင် အရေးအကြီးဆုံးဖြစ်တဲ့ နေထိုင်ခွင့် Pass တွေ အကြောင်း အရင်ဆုံးပြောပါရစေ။ ယေဘုယျအနေနဲ့ ပြောရရင်တော့ စင်ကာပူမှာ EP, S.Pass နဲ့ WP ဆိုပြီး ၃ မျိုးရှိပါတယ်။ ခုနောက်ပိုင်းမှာ ထပ်တိုးလိုက်နဲ့ PEP နဲ့ FDW နဲ့ပါဆိုရင် ၅ မျိုးလို့ အကြမ်းမျဉ်းသတ်မှတ်နိုင်ပါတယ်။ စင်ကာပူမှာ အလုပ်လာရှာလို့ အလုပ်ရပြီဆိုရင် အလုပ်ရှင်က Pass တစ်ခုခုလျှောက်ပေးရပါတယ်။ လျှောက်တဲ့အခါ လစာနဲ့ အလုပ်သမားရဲ့ ပညာအရည်အချင်း (အတန်းပညာနဲ့ အလုပ်အတွေ့အကြုံ) ပေါ်မူတည်ပြီး ဘာ Pass လျှောက်ပေးရမယ်ဆိုတာ ကွာခြားသွားတာဖြစ်ပါတယ်။ အလုပ်ရှင်က EP လျှောက်ထားပေးချင်ပေမယ့် အစိုးရရဲ့ စည်းကမ်းနဲ့ မကိုက်ညီလို့ S.Passပဲ လျှောက်ပေးရတာမျိုးတွေလည်းရှိလို့ ဘယ်လိုအနေအထားမျိုးဆို ဘယ် Pass ကို လျှောက်ထားခွင့်ရမယ်ဆိုတာကို အကျဉ်းချုံး ဖော်ပြချင်ပါတယ်။

Employment Pass (EP)

စင်ကာပူမှာ နေထိုင်အလုပ်လုပ်ပြီး လစာ (အချိန်ပို၊ ဆုကြေး၊ အထူးခံစားခွင့်များမပါ) စင်ကာပူဒေါ်လာ ၂၅၀၀ အထက်ရတဲ့ ပညာရှင်အဆင့် (မန်နေဂျာရာထူး၊ ပညာရှင်ရာထူး၊ အင်ဂျင်နီယာရာထူး) အလုပ်သမားတွေအတွက် EP လျှောက်ထားနိုင်ပါတယ်။ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးက လစာပေါ် မူတည်ပြီး EP ကို ၃မျိုး ထပ်ခွဲပါတယ်။ ပညာအရည်အချင်း လိုအပ်ချက်ကတော့ EP တွေအားလုံး တန်းတူဖြစ်တယ်လို့ ဆိုပေမယ့် ဘွဲ့ရဖြစ်ရမယ်၊ ဘာလက်မှတ်ရှိရမယ်ဆိုတာ ကိုတော့ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။ ထပ်မံခွဲခြားထားတဲ့ EP ၃ မျိုးကတော့

(၁) EP - P1 (လစာ SGD ၇၀၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၂) EP - P2 (လစာ SGD ၃၅၀၀ နှင့် ၇၀၀၀ ကြားနှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၃) EP - Q1 (လစာ SGD ၂၅၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ) ဆိုပြီးတော့ ဖြစ်ပါတယ်။

EP ကိုင်ဆောင်ခွင့်ရသူတွေဟာ လစာများသူတွေ ဖြစ်တဲ့အလျောက် မိသားစုကို မှီခိုအနေနဲ့ စင်ကာပူမှာ ခေါ်ထားခွင့်ရှိပါတယ်။ EP အဆင့်ကွာခြားတာနဲ့အမျှ မိသားစုခေါ်ယူခွင့်မှာလည်း ကွာခြားချက်လေးတွေ ရှိပါတယ်။ ယေဘုယျအနေနဲ့ကတော့

(၁) EP ကိုင်ဆောင်သူတွေဟာ တရားဝင်အိမ်ထောင်ဘက်နဲ့ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ သား၊သမီး (တရားဝင် မွေးစားသားသမီးများ အပါအဝင်)တွေကို မှီခို (Dependant Pass) လျှောက်ထားပေးနိုင်ပါတယ်။

(၂) EP P1 & P2 ကိုင်ဆောင်သူတွေဟာ မိဘ၊ ယောက္ခမ၊ အိမ်ထောင်ဘက်၊ အိမ်ထောက်ဘက်ရဲ့ အရင်အိမ်ထောင်နဲ့ ရထားတဲ့ကလေး၊ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ သမီး၊ ဒုက္ခတိ သား၊ သမီးများကို ရက်ရှည်အလည်အပတ် (Long Term Social Visit) နဲ့ ခေါ်ယူထားနိုင်ပါတယ်။ ဒီအခွင့်အရေးကိုတော့ EP Q1 ကိုင်ဆောင်သူတွေမရနိုင်ပါဘူး။ EP လျှောက်ထားတဲ့အခါမှာ လစာအပြင် အလုပ်အတွေ့အကြုံ၊ အရည်အချင်းရှိလုပ်သားဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားတွေဟာ အရေးကြီးလှပါတယ်။

Personalised Employment Pass (PEP)

Thanlwin Ain Mat PEP ဟာလည်း EP တစ်မျိုးပါပဲ။ ကွာခြားတာကတော့ EP ကို ကုမ္ပဏီက လျှောက်ထားပေးရပြီး အလုပ်ထွက်တာနဲ့ ပြန်အပ်ရပါတယ်။ ဒါမှမဟုတ် ကုမ္ပဏီအသစ်နာမည်နဲ့ အသစ်ပြန်ပြောင်းရပါတယ်။ PEP ကတော့ ကုမ္ပဏီမှာ အလုပ်လုပ် မနေသည့်တိုင်အောင် (အလုပ်လက်ကိုင်မရှိသည့်တိုင်အောင်) မိမိရဲ့ အရည်အချင်းနဲ့ နောက်ဆုံးလစာပေါ်မူတည်ပြီး လျှောက်ထားနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ စင်ကာပူမှာ အလုပ်မလုပ်ဖူးသေးသည့်တိုင်အောင် အခြားနိုင်ငံတစ်ခုခုမှာ SGD ၇၀၀၀ အထက်နဲ့ ညီမျှတဲ့ လစာရထားသူတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ အရင်က EP P1 ကိုင်ထားပြီး လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေသူတွေဟာလည်း နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့အချိန်ကနေ ၆ လအတွင်း လျှောက်ထားနိုင်ပါတယ်။

လက်ရှိမှာ EP P1 ကိုင်ထားသူတွေအနေနဲ့ PEP ကို ပြောင်းချင်တယ်ဆိုရင် လျှောက်ထားနိုင်ပြီး လျှောက်ထားတဲ့အပေါ်မှာ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ EP P2 ကိုင်ဆောင်သူတွေကတော့ EP P2 နဲ့ လုပ်သက်အနည်းဆုံး ၂ နှစ်ရှိရမှာဖြစ်ပြီး တစ်နှစ်လစာ SGD ၃ သောင်းရမှ လျှောက်ထားခွင့်ရမှာ ဖြစ်ပါတယ်။ EP Q1 ကိုင်ဆောင်သူတွေက လုပ်သက် အနည်းဆုံး ၅ နှစ်နဲ့ တစ်နှစ်လစာ SGD ၃ သောင်းလိုတယ်လို့ သိရပါတယ်။ PEP ကိုင်ဆောင်သူတွေဟာ အများဆုံး ၆ လခန့်သာ အလုပ်လက်မဲ့အနေနဲ့ နေခွင့်ရှိပါတယ်။ အလုပ်ရသွားချိန်မှာ PEP ကို အခြား Pass တစ်ခုခုနဲ့ အစားထိုး လဲလှယ်စရာ မလိုပါဘူး။ ဒါပေမယ့် အလုပ်ရှင်အပြောင်းအလဲ၊ အလုပ်ထွက်တာ အားလုံးကို စင်ကာပူ လူဝန်မှုကြီးကြပ်ရေး (MOM) ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။

PEP နဲ့ အလုပ်လုပ်သူတွေဟာ လစာငွေ တစ်နှစ်ကို အနည်းဆုံး SGD ၃ သောင်းရှိရပါမယ်။ PEP ကို ၅ နှစ်သက်တမ်းအတွက် တစ်ကြိမ်သာ ထုတ်ပေးပြီး သက်တမ်းတိုးခွင့် မရှိပါဘူး။

S Pass

S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Website တွေမှာ တရားဝင်ပြောကြားထားခြင်းမရှိပေမယ့် Skill Pass လို့ မှတ်သားရပါတယ်။ ပညာအရည်အချင်း (အသိအမှတ်ပြု) ဒီပလိုမာ သို့မဟုတ် ဘွဲ့တစ်ခုခုရထားသူတွေမှာ သက်ဆိုင်ရာ အလုပ်အတွက် သင့်တင့်လျောက်ပတ်တဲ့ အတွေ့အကြုံနဲ့ အောင်လက်မှတ်တွေ ရှိမယ်၊ လစာလည်း အနည်းဆုံး ၁၈၀၀ ရမယ်ဆိုရင် S Pass လျှောက်ထားလို့ ရပါတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာအများစုဟာ S Pass ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ လစာ ၁၈၀၀ အနည်းဆုံးပေးရမယ်ဆိုပေမယ့် အလုပ်မဖြစ်မနေ ရရမယ့်လူနဲ့ ကပ်စေးနဲတဲ့ အလုပ်ရှင်နဲ့ တွေ့တဲ့အခါမျိုးမှာ အချင်းချင်းညှိနှိုင်းကြပြီး ၁၅၀၀ (တခါတလေ ၁၂၀၀လောက်တောင်ရှိပါတယ်) လောက်ပဲပေးပြီး S Pass ရအောင် တင်ပေးကြပါတယ်။ S Pass တင်တဲ့အခါမှာတော့ လစာကို ၁၈၀၀ လို့ ဖြည့်စွက်ကြတယ်ထင်ပါတယ်။ S Pass လျှောက်တာ နတ်ကြီးတယ်၊ ရချင်မှ ရတယ်ပြောကြပေမယ့် တကယ်တော့ S Pass ဟာ Point Based ပုံစံသွားတာဖြစ်လို့ အလုပ်နဲ့ ကိုယ့် Background ကိုက်ညီရင် ရဖို့ကျိန်းသေသလောက်ပါပဲ။ Point Based ဆိုတာက လုပ်ငန်းခွင်ရဲ့ လိုအပ်ချက်တွေ ဒီလုပ်သားမှာ ဘယ်လောက်များများ ပိုင်ဆိုင်နေလို့ ကုမ္ပဏီက ဒီလစာနဲ့ ခန့်ထားတာလဲဆိုတာကို စစ်တာပါ။ ဥပမာ အလှပြင်ဆိုင်က Customer Service ဝန်ထမ်းလိုနေချိန်မှာ မာစတာဘွဲ့ရ အင်ဂျင်နီယာတစ်ယောက် သွားလျှောက်တယ်ဆိုရင် သိပ်အဆင်မပြေနိုင်ပါဘူး။ နောက်ထပ် S Pass မရကြတဲ့အကြောင်းပြချက်တစ်ခုက ကုမ္ပဏီမှာ S Pass ခွဲတမ်း (Quota) ကုန်နေလို့ပဲ ဖြစ်ပါတယ်။ စင်ကာပူအစိုးရရဲ့ သတ်မှတ်ချက်အရ ကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းအင်အားရဲ့ ၂၅% ကိုပဲ S Pass နဲ့ ခန့်ထားခွင့်ပြုပါတယ်။ S Pass နဲ့ အလုပ်လုပ်နေသူတွေထဲက လစာ SGD ၂၅၀၀ ကျော်သူတွေဟာလည်း EP သမားတွေလိုပဲ မှီခိုအနေနဲ့ အိမ်ထောင်ဘက်နဲ့ အသက် ၂၁ နှစ်အောက် သား၊သမီးတွေကို ခေါ်ထားခွင့်ရကြပါတယ်။ S Pass လျှောက်ထားသူတွေဟာ ကဒ်ပြားထုတ်ယူဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းမူရင်းတွေနဲ့အတူ ကျန်းမာရေး ဆေးစစ်ချက်လက်မှတ်ကိုလည်း ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

Work Permit (WP)

WP နဲ့ အလုပ်လုပ်တဲ့ လုပ်သားအုပ်စုကို ယေဘုယျအနေနဲ့ အထွေထွေလုပ်သားများ သို့မဟုတ် ကာယလုပ်သားများလို့ သတ်မှတ်ပါတယ်။ အခြေခံပညာအရည်အချင်းဟာ S Pass လျှောက်လောက်အောင် မမြင့်သူ၊ လစာလည်း SGD ၁၈၀၀ အောက်ရတဲ့လုပ်သားတွေကို WP ပဲ လျှောက်ထားပေးနိုင်ပါတယ်။ WP လုပ်သားတွေရဲ့ အခွင့်အရေး၊ ကျန်းမာရေး၊ နေထိုင်ရေး စတာတွေကို ကုမ္ပဏီက တာဝန်ယူရလေ့ ရှိပါတယ်။
 
Work Permit for Foreign Domestic Workers (FDW)
 
ဒီ Pass ကတော့ နိုင်ငံခြားကနေ အိမ်အကူ လာလုပ်တဲ့လူတွေအတွက် အိမ်ရှင်က လျှောက်ပေးရတဲ့ Pass ဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်ရှင်နဲ့ အိမ်အကူတွေ မကြာခဏ ပြဿနာတွေဖြစ်တတ်လို့ အစိုးရက FDW လျှောက်ပေးမယ်ဆို အသေအချာစဉ်းစားဖို့ သတိပေးတတ်ပါတယ်။ စင်ကာပူအစိုးရက အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ခွင့်ပေးတဲ့ နိုင်ငံအနည်းစုထဲမှာ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတို့နဲ့အတူ စိတ်မကောင်းစရာပါဝင်ပါတယ်။ စင်ကာပူမှာ ပထမဆုံးအကြိမ် အိမ်အကူ လာလုပ်မယ့်လူဟာ အသက်အနည်းဆုံး ၂၃ နှစ်ရှိရမှာဖြစ်ပြီး အကြီးဆုံး ၅၀ ဖြစ်ရမယ်လို့ ဆိုပါတယ်။ ပညာကိုလည်း ၈ နှစ်သင်ဖူးရမယ်လို့ သိရပါတယ်။ အခြားလိုအပ်ချက်တွေအနေနဲ့ အိမ်ဖော်အရည်အချင်းစစ်စာမေးပွဲ၊ ကျန်းမာရေးဆေးစစ်ချက်လိုဟာမျိုးလည်း လိုအပ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ စင်ကာပူမှာ တရားဝင်အလုပ်လုပ်ခွင့်ရတဲ့အခါ လျှောက်ထားရမယ့် Pass အမျိုးအစားတွေ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သတ်တာတွေလည်း နည်းနည်းတော့ ရှင်းပြအကြံပေးချင်ပါသေးတယ်။

Thanlwin Ain Matစင်ကာပူ သို့မဟုတ် ပြည်ပမှာ ကိုယ့်ဒူးကိုယ်ချွန်ပြီး အလုပ်ရှာမယ့်လူတွေ ပထမဆုံးစိတ်ဝင်စားကြတာကတော့ ဘယ်လိုအလုပ်မျိုးကို ဘယ်လိုအရည်အချင်းမျိုးနဲ့ဆိုရင် ရမလဲဆိုတာပါပဲ။ အဲဒီနောက်မှာမှ လစာဘယ်လောက်ရမလဲ၊ ဘာ Pass လျှောက်ပေးမှာလဲ စသည်ဖြင့် စုံစမ်းကြတဲ့ သဘာဝရှိပါတယ်။ စင်ကာပူမှာ ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေလဲလို့ မေးရင်တော့ အားလုံးရှိပါတယ်လို့ပဲ ဖြေရမှာပါ။ ကိုယ်ပိုင်အရည်အချင်းနဲ့ သင့်တင့်လျောက်ပတ်တဲ့ ပညာအရည်အချင်းရှိမယ်၊ လစာကိုလည်း မဖြစ်နိုင်တာကြီးမတောင်းဘူးဆို ဘယ်အလုပ်မဆို မြန်မာတွေ ဝင်တိုးနိုင်ပါတယ်။

အရင်ဆုံးအကြံပေးချင်တာကတော့ မြန်မာပြည်က ထွက်မလာခင်မှာ အလုပ်အတွေ့အကြုံနဲ့ နိုင်ငံတကာကို ဝင်ဆန့်နိုင်တဲ့ အောင်လက်မှတ်တွေ ရနိုင်သလောက်များများ ရထားဖို့ပါပဲ။ မြန်မာပြည်က ဘွဲ့တွေ၊ ဒီပလိုမာတွေကို အသိအမှတ်မပြုဘူးဆိုတာ မဟုတ်ပါဘူး။ အစိုးရနဲ့ အဖွဲ့အစည်းကြီးတွေက ပေးတာတွေဆို အသိအမှတ်ပြုပါတယ်။ ကွန်ပျူတာတတ်ကြောင်းလက်မှတ်လိုတယ်ဆိုလို့ ရပ်ကွက်ထဲက နီးစပ်ရာ သင်တန်းလေးမှာ တတ်ခဲ့တာမျိုးကတော့ သိပ်အထောက်အကူမဖြစ်ပါဘူး။

နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်တွေရယ်၊ သက်ဆိုင်ရာ အလုပ်အတွေ့အကြုံကောင်းကောင်းရယ် ရှိမယ်ဆိုရင် အလုပ်ရဖို့ အခြေအနေကောင်းပါတယ်။ အလုပ်အတွေ့အကြုံကိုလည်း လုပ်ကြံပြီးဖော်ပြလို့ရပေမယ့် စမ်းသပ်ခန့်ထားတဲ့ကာလမှာ ဘာမှမလုပ်တတ်ရင် ပြန်ပြုတ်သွားတတ်တာမို့ အတွေ့အကြုံစစ်စစ်ရအောင် ကြိုးစားခဲ့စေချင်ပါတယ်။ နောက်ထပ် အထောက်အကူဖြစ်စေတဲ့ အချက်တစ်ချက်က သက်ဆိုင်ရာနယ်ပယ်ရဲ့ အဖွဲ့အစည်းတွေမှာ အသင်းဝင်ထားခြင်းပဲဖြစ်ပါတယ်။ ဥပမာ IT သမားတွေအတွက်ဆို MCPA, MCF နဲ့ အင်ဂျင်နီယာတွေအတွက်ဆို MES မှာ အသင်းဝင်ထားသင့်ပါတယ်။

စင်ကာပူမှာ အလုပ်ရှာတဲ့အခါ အင်တာနက် Website တွေ၊ နေ့စဉ်သတင်းစာနဲ့ ပွဲစားတွေကနေ အဓိကရှာနိုင်ပါတယ်။ Website တွေအနေနဲ့ www.st701.com, www.jobsdb.com.sg, www.jobstreet.com, www.monster.com, www.jobscentral.com.sg စတဲ့ website တွေမှာ အလုပ်အကိုင် အများအပြားတွေ့နိုင်ပါတယ်။ နေ့စဉ်ထုတ် Straits Times သတင်းစာမှာလည်း အလုပ်ခေါ်တဲ့ ကြော်ငြာတွေ ပါပါတယ်။ အထူးသဖြင့်တော့ စနေနေ့ထုတ် သတင်းစာမှာ အများဆုံးပါပါတယ်။ ပွဲစားကနေတဆင့် အလုပ်ရှာတဲ့နည်းလမ်းကလည်း စင်ကာပူမှာ အတော်လေး ခေတ်စားပါတယ်။ တချို့ပွဲစားတွေက အင်တာဗျူးခေါ်ရင် ဘယ်လောက်ပေး၊ အလုပ်ရရင် ဘယ်လောက်ပေးစသည်ဖြင့် အဆင့်ဆင့် ဈေးသတ်မှတ်ပြီးတောင်းပါတယ်။ တချို့ပွဲစားတွေကတော့ လစာထဲကနေဖြတ်ယူပါတယ်။ တချို့အလုပ်တွေကိုတော့ ပွဲစားက ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး တိုက်ရိုက်ခန့်ထားတတ်ပါတယ်။ လစာကိုလည်း ပွဲစားကပဲပေးပါတယ်။ အဲဒီလိုအလုပ်မျိုးကို Over-Head နဲ့ ယူတယ်လို့ခေါ်ကြပြီး ပွဲစားက လုပ်သားကိုပေးတဲ့ လစာထက်ပိုတဲ့ ပမာဏကို ကုမ္ပဏီထံက တောင်းယူလေ့ရှိပါတယ်။ အလုပ်ရဖို့ကို Website တွေနဲ့ သတင်းစာကနေ ရှာတာအကောင်းဆုံးဖြစ်ပါတယ်။ ပွဲစားနဲ့ရှာကြတဲ့အခါ နောက်ပိုင်းပြဿနာကြီးငယ်တွေ ရှိလာတတ်လို့ အားမပေးချင်ပါဘူး။ နောက်တစ်ခုကတော့ စင်ကာပူမှာလည်း ထုံးစံအတိုင်း ပွဲစားအလိမ်တွေ အများအပြားရှိနေလို့ သတိပြုစေချင်ပါတယ်။

Thanlwin Ain Mat စင်ကာပူမှာ အလုပ်လာရှာမယ့်လူတွေက စင်ကာပူကိုရောက်နှင့်နေတဲ့လူတွေကို မေးတတ်တဲ့မေးခွန်းက “ဘာတွေပြင်ဆင်လာရမလဲ” ဆိုတာပါပဲ။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာကတော့ ရန်ကုန်က ထွက်မလာခင်ကတည်းက website တွေမှာ အလုပ်လျှောက်ကြည့်ပါ။ အလုပ်စလျှောက်ပြီး ဘယ်လောက်ကြာတဲ့အခါမှာ အင်တာဗျူးရလဲ၊ ဘယ်လိုကုမ္ပဏီမျိုးက အင်တာဗျူးခေါ်လဲဆိုတာကို အရင်ဆုံးစမ်းကြည့်ပါ။ ဘာတွေပြင်ဆင်လာရမလဲ၊ ပြည်ပမှာအလုပ်ရှာဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကို အဲဒါက အဖြေပေးမှာပါ။ ဥပမာ - အလုပ်စလျှောက်ပြီး ၂ ပတ်လောက်အတွင်းမှာ အင်တာဗျူးရတယ်ဆိုရင် ကိုယ့်အရည်အချင်းနဲ့ CV ဟာ စင်ကာပူမှာ အလုပ်ဖြစ်လောက်တယ်လို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ ရန်ကုန်မှာပဲ ရှိနေသေးလို့ အဲဒီအင်တာဗျူး လက်လွတ်သွားလည်း ဝမ်းနည်းစရာမလိုပါဘူး။ နောက်အင်တာဗျူးတွေ ရှိလာဦးမှာပါ။ ရန်ကုန်ကနေ စမ်းလျှောက်ကြည့်လို့ ၁ လ၊ ၂ လ သာကြာသွားတယ် - အင်တာဗျူးမရဘူးဆိုရင်တော့ တခုခုတော့ Upgrade လုပ်ရဦးမယ်ဆိုတဲ့ သဘောပါပဲ။ စင်ကာပူကို မလာသင့်သေးဘူးလို့ အကြံပေးချင်ပါတယ်။ တချို့တွေက စင်ကာပူရောက်မှ ဘယ် website သွားရမှာလဲ၊ ဘယ်သတင်းစာဝယ်ရမလဲ စစုံစမ်းတာကတော့ ဆိုးလွန်းပါတယ်။ တန်ဖိုးရှိတဲ့ အချိန်နဲ့ ငွေကို ဖြုန်းလို့မဖြစ်ပါဘူး။

အင်တာဗျူးကိုလည်း တချို့ကုမ္ပဏီတွေက တစ်ကြိမ်ပဲခေါ်ပြီး စိတ်ကြိုက်တွေ့ရင် အလုပ်တန်းခန့်ပါတယ်။ တချို့ကတော့ အင်တာဗျူး ၂ ဆင့်၊ ၃ ဆင့်သွားရပါတယ်။ နာမည်ကြီး စင်ကာပူလေကြောင်းလိုင်း (SIA) မှာဆို အင်တာဗျူး ၅ ဆင့်ရှိပါတယ်။ အင်တာဗျူးသွားတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း အင်တာနက်မှာ ရှာပြီး လေ့လာသွားသင့်ပါတယ်။

အင်တာဗျူးသွားပြီးလို့ အဆင်ပြေတယ်၊ အလုပ်ခန့်မယ်ဆိုတဲ့အခါမှာ လစာအကြောင်း၊ Pass လျှောက်ပေးမယ့် အကြောင်း၊ စာချုပ်ရှိမရှိ စသည်ဖြင့်စေ့စပ်ဆွေးနွေးကြရပါတယ်။ စင်ကာပူမှာ ပထမဆုံးအကြိမ် အလုပ်လာရှာတဲ့လူတွေအနေနဲ့တော့ လစာကိစ္စကို အသည်းအသန် ညှိနှိုင်းခဲပါတယ်။ ရထားတဲ့ Stay လေးမကုန်ခင် ရတဲ့အလုပ်ကို သိပ်ဈေးမဆစ်ဘဲ လုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် Pass နဲ့ စာချုပ်ကိစ္စကိုတော့ သေချာအောင် မေးမြန်းပြီးမှ သဘောတူ စာချုပ်စေချင်ပါတယ်။

တချို့ကုမ္ပဏီတွေဟာ စနစ်တကျမရှိလှဘဲ အစိုးရချမှတ်ထားတဲ့ ဥပဒေကို လက်တလုံးခြားနဲ့ အလုပ်သမားကို နှိပ်ကွပ်တဲ့ စာချုပ်မျိုးတွေ ချုပ်စေပါတယ်။ Pass ကိုလည်း လျှောက်ပေးတဲ့အခါ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံတွေဟာ ကိုယ့် CV ထဲကအတိုင်းဖြစ်ဖို့ အရေးကြီးပါတယ်။ တချို့ကုမ္ပဏီတွေက Pass မရမှာစိုးတဲ့အတွက် မမှန်တဲ့ အချက်အလက်တွေ ထည့်သွင်းတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ အစိုးရက ကိုယ့်ဆီက စာရွက်စာတမ်းတွေ တောင်းကြည့်တဲ့အခါ ပြစရာမရှိဖြစ်ပြီး နာမည်ပျက်စာရင်း Black List အသွင်းခံရတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်အပေါ်မှာ ဖော်ပြခဲ့တဲ့ Pass အမျိုးအစားတွေနဲ့ လိုအပ်တဲ့ အရည်အချင်း၊ လစာတွေကို ကိုးကားချိန်ထိုးကြည့်စေချင်ပါတယ်။

အခြေအနေအကြောင်းကြောင်းကြောင့် မိသားစုနဲ့ အမိမြေကိုခွဲခွာပြီး ပြည်ပမှာ ကြိုးစားအလုပ်လုပ်ကြမယ့် မိတ်ဆွေသူငယ်ချင်းများအားလုံး အဆင်ပြေအောင်မြင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 နောက်တစ်ခါ သိထားသင့်တဲ့ စင်ကာပူ(၄)မှာ အလုပ်အကိုင်နဲ့ ပတ်သတ်လို့ ပို့တင်သွားပါမယ်

စင်ကာပူမှာ ဘယ်လိုအလုပ်အကိုင်မျိုးတွေ ရနိုင်သလဲဆိုတာတွေ မပြောခင် အရေးအကြီးဆုံးဖြစ်တဲ့ နေထိုင်ခွင့် Pass တွေ အကြောင်း အရင်ဆုံးပြောပါရစေ။ ယေဘုယျအနေနဲ့ ပြောရရင်တော့ စင်ကာပူမှာ EP, S.Pass နဲ့ WP ဆိုပြီး ၃ မျိုးရှိပါတယ်။ ခုနောက်ပိုင်းမှာ ထပ်တိုးလိုက်နဲ့ PEP နဲ့ FDW နဲ့ပါဆိုရင် ၅ မျိုးလို့ အကြမ်းမျဉ်းသတ်မှတ်နိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ မီဒီယာများ ညီလာခံသတင်းတက်ရောက်ယူနိုင်ရန်အ တွက် ဖိတ်စာများ ထုတ်ယူနိုင်

မီဒီယာများ ညီလာခံသတင်းတက်ရောက်ယူနိုင်ရန်အတွက် ဖိတ်စာများ ထုတ်ယူနိုင်

၂၀၁၃ ခုနှစ်၊ မတ်လ (  ၉ ) ရက်တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်လမ်းမ ၊ တော်ဝင်နှင်းဆီတွင် ကျင်းပတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားကို တက်ရောက် သတင်းယူနိုင်ရန်အတွက် E.Mail ဖြင့်သော်လည်းကောင်း ၊ တယ်လီဖုန်းဖြင့်ဆက်သွယ်သော်လည်းကောင်း၊ ဆက်သွယ်ထားရှိသော သတင်းမီဒီယာများ ၂၀၁၃ ခုနှစ် ၊ မတ်လ (၂ - ၃ ) ရက်နေ့ နံက် (၁၀)နာရီမှ (၁၂)နာရီ အတွင်း သတင်းအချက်အလက်ဆပ်ကော်မတီ ( တော်ဝင်နှင်းဆီ ) တွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။

၂၀၁၃ ခုနှစ်၊ မတ်လ ( ၉ ) ရက်တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်လမ်းမ ၊ တော်ဝင်နှင်းဆီတွင် ကျင်းပတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားကို တက်ရောက် သတင်းယူနိုင်ရန်အတွက် E.Mail ဖြင့်သော်လည်းကောင်း ၊ တယ်လီဖုန်းဖြင့်ဆက်သွယ်သော်လည်းကောင်း၊