Pages

Thursday, February 28, 2013

ကမ္ဘာ့အကြမ်းခံ စမတ်ဖုန်း Cat B15

ကမ္ဘာ့အကြမ်းခံ စမတ်ဖုန်း Cat B15

Bullitt Mobile မှ အမေရိကန် Caterpillar လိုင်စင်နဲ့ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ တော်တော်အကြမ်းခံမယ့်ဖုန်းပါ။

အမြင့် ၁.၈ မီတာကနေ ကွန်ကရစ်လမ်းပေါ် ကျလည်း မကွဲဘူးလို့ ဆိုပါတယ်။ ရေစိမ်လည်းခံပါတယ်။ 

၎ လက်မ Gorilla Glass မျက်နှာပြင်

Android 4.1 Jelly Bean OS ကို အသုံးပြုထားပါတယ်။ 

အလေးချိန် ၁၇၀ ဂရမ် ဆိုတော့ သိပ်မလေးပါဘူး။ အလူမီနီယမ်သားပေါ် ရာဘာ ထပ်အုပ်ထားပေးခြင်း ဖြစ်ပါတယ်။ 

Processor က 1GHz ရှိပြီး RAM က 512 MB ရှိပါတယ်။ 

ကင်မရာ 5 megapixel ရှိပါတယ်။ ဗီဒီယို recording လုပ်ဖို့အတွက် 720p resolution ရနိုင်ပါတယ်။ 

အအေးဒဏ် အနုတ်၂၀ ဒီဂရီစင်တီဂရိတ် အထိ ခံနိုင်ရင် ရှိပြီး ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်စွမ်း ရှိပါတယ်။ 

Cat B15 ဟာ မတ်လကစလို့ ဗြိတိန်ပေါင် ၃၀၀ သတ်မှတ်လို့ စတင်ရောင်းချတော့မယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: pocketlint
Aung Kham (TSJ team)

---
http://blog.techspace.com.mm/2013/02/cat-b15.html

--

Bullitt Mobile မှ အမေရိကန် Caterpillar လိုင်စင်နဲ့ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ တော်တော်အကြမ်းခံမယ့်ဖုန်းပါ။

တရုတ်က ဖမ်းမိထားသော မြန်မာမူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို ဆေးထိုး၍ သေဒဏ်စီရင်မည်

တရုတ်က ဖမ်းမိထားသော မြန်မာမူးယစ်ဆေး
ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို ဆေးထိုး၍ သေဒဏ်စီရင်မည်

ပေကျင်း၊ ဖေဖေါ်ဝါရီ ၂၈။

တရုတ်အစိုးရသည် မဲခေါင်မြစ်အတွင်း ၂၀၁၁ က တရုတ်
သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ခဲ့သည့် မြန်မာမူးယစ် ဆေးဂိုဏ်းခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းပါ တရားခံ
သုံးဦးအား ဆေးထိုးသတ်၍ သေဒဏ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။

၎င်းတို့အား သေဒဏ်ချမှတ်ချမှတ်ခဲ့သည့် ကူမင်းရှိ ပြည်သူ့
ခုံရုံးက ၎င်းတို့ကို လာမည့်မတ်လ ၃ရက်နေ့တွင် မသေမချင်း ဆေးထိုးသတ်ရန် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နော်ခမ်းနှင့်အတူ ပါဝင်သည့် အပေါင်းပါသုံးဦးမှာ ထိုင်းနိုင်ငံ
သား ဆန်ခမ်း နိုင်ငံမဲ့ ရီလိုင်ဆိုသူနှင့် လာအိုနိုင်ငံသား ကျာရှီကာ
ဆိုသူတို ဖြစ်ကြသည်။

တရားရုံးသည် သေဒဏ်ချမှတ်မှုအတွက် ကူမင်းရှိ မြန်မာနှင့် လာအိုသံရုံးများသို့ လည်းကောင်း၊တရားခံများ၏ သက်ဆိုင်ရာ ဆွေမျိုးများသို့ လည်းကောင်း အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို သေဒဏ်ချမှတ်ပြီးနောက် ကြွင်းကျန်ရစ်သော ရုပ်
ကလာပ်များကို သက်ဆိုင်ရာဆွေမျိုးများ၊ ကောင်စစ်ဝန်များထံ ပြန်လည်ပေးအပ် သွားမည်ဟု သိရသည်။

နော်ခမ်းနှင့် ၎င်း၏ ဂိုဏ်းအဖွဲ့ ဝင်များသည် ၂၀၁၁ အောက်
တိုဘာ ၅နှင့် ၈ရက်များက မဲခေါင်မြစ်တွင် ထိုင်းစစ်သားများ
အား တိုက်ခိုက်ကာ တရုတ်သင်္ဘောသားများအား ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

နော်ခမ်း၏ ညွှန်ကြားချက်ဖြင့် ၎င်း၏ ဂိုဏ်းသားများသည်
၂၀၁၁ ဧပြီတွင်လည်း တရုတ်ကုန်တင်သင်္ဘောများ၊
သင်္ဘောသားများကို အကြိမ် များစွာ ပြန်ပေးဆွဲခြင်းများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂေါ့ ဖ်ဖားသား ဟု အမည်ပြောင်ရထားသည့် နော်ခမ်းသည် တရုတ်၊လာအို၊မြန်ာ၊ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကို ဖြတ်သန်း စီးဆင်းနေသော မဲခေါင်မြစ်ပေါ်တွင် လှုပ်ရှားနေသည့် အကြီး
ဆုံးသော မူးယစ်ဆေးမှောင်ခိုဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။

Ref: China.org

အေးချမ်းမွန်မှ The Myanma Age တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ပေကျင်း၊ ဖေဖေါ်ဝါရီ ၂၈။
တရုတ်အစိုးရသည် မဲခေါင်မြစ်အတွင်း ၂၀၁၁ က တရုတ် သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ခဲ့သည့် မြန်မာမူးယစ် ဆေးဂိုဏ်းခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းပါ တရားခံ သုံးဦးအား ဆေးထိုးသတ်၍ သေဒဏ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မီးသီးများက အဆိပ်သင့်စေသည်

မီးသီးများက အဆိပ်သင့်စေသည်

ဒီတိုင်းနေရင်တော့ မီးလုံးက အဆိပ်မသင့်ပါဘူး။ သို့ပေမယ့် ကွဲသွားရင်တော့ အဆိပ်သင့်စေပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

မီးသီးတွေရဲ့  အထဲက အသုံးပြုတဲ့ သတ္တများမှာ မာကျူရီ ပါရှိပါတယ်။ မာကျူရီကြောင့်လည်း လျှပ်စစ်ကောင်းကောင်းကူးပြီး အလင်းရောင် တောက်တောက်ပေးပါတယ်။ သူက အထဲမှာ အမြဲ လောင်ကျွမ်းနေရတာပါ။ အကယ်၍ မီးလုံး တစ်လုံးသာ ကွဲသွားမယ်ဆိုရင် အတွင်းက မာကျူရီဟာ အပြင်ရောက်သွားပါတယ်။ မီးဖွင့်ထားသည်ဖြစ်စေ၊ မဖွင့်ထားသည် ဖြစ်စေ မာကျူရီအငွေ့ ဟာ အခန်းထဲ ကို အမြန်ဆုံး ပျံ့ နှံ့ သွားပြီး မာကျူရီ အဆိပ်သင့်ခြင်းကို ဖြစ်ပေါ် စေပါတယ်။

ယခုနောက်ပိုင်း တိုက်တာ အဆောက်အအုံတွေမှာ မီးလောင်ရင် ဝါယာကြိုးညှော်နှံ့ ထက် မာကျူရီညော်နှံ့ က ပိုအဆိပ်ပြင်းတယ်လို့ ဆိုပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ဆက်စပ်ရောဂါကို ဖြစ်စေပြီး အဆိုးဆုံး ကတော့ အသက်ဘေးအန္တရာယ်အထိ သက်ရောက်စေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် အိမ်မှာ မီးသီးကွဲရင် လက်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ် ရမယ်လို့ တိုက်တွန်းထားပါတယ်။ အဝတ်စ တစ်ခုခုခံပြီးမှ ကောက်ပြီး ပလပ်စတစ်ထဲမှာ လုံလုံခြုံခြုံထည့်လို့ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ မာကျူရီ အဆိပ်သင့်မှုဟာ မြို့ ကြီးပြကြီးတွေမှာ ပိုမို အဖြစ်များလေ့ ရှိကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး+နည်းပညာ

--
http://www.yoyarlay.com/health/beauty/34427-mercury-poisoing

အေးချမ်းမွန်မှ YoYarLay တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ဒီတိုင်းနေရင်တော့ မီးလုံးက အဆိပ်မသင့်ပါဘူး။ သို့ပေမယ့် ကွဲသွားရင်တော့ အဆိပ်သင့်စေပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် 
ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်
Thursday, February 28, 2013
    
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့် အချိန်ကာလအတွင်းစာမေးပွဲ
ဖြေဆိုမည့်ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အသံချဲ့စက်များဖွင့်ခြင်းနှင့် ဆူညံခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အကြောင်းကြားထားပြီးဖြစ်ပြီး မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်များသို့ အကြောင်းကြားမည်
ဖြစ်ကာ လိုက်နာမှုမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မတ်လ ၁၃ ရက်နေ့တွင် စတင်ဖြေဆိုရမည် ဖြစ်သည်။

Eleven Media Group

Thursday, February 28, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ဖုန်းမော်နေ့အခမ်းအနားမှာ ဦးသန်းရွှေနဲ့ ဦးခင်ညွန့် လာတောင်းပန်ပါ

“ဖုန်းမော်နေ့အခမ်းအနားမှာ ဦးသန်းရွှေနဲ့ ဦးခင်ညွန့် လာတောင်းပန်ပါ”

ကျွန်တော် ၁၉၉၀ စက်တင် ဘာ (၁) ရက်ကနေ ၁၉၉၄ စက်တင်ဘာ (၂၃)ထိ 
ဗကသ များအဖွဲ့ချုပ်စစ်ကြောရေးစခန်းနဲ့ ထောင်ထဲမှာလေးနှစ်နေခဲ့ရတယ်။  
အဲဒီတုန်းက ဗကသများအဖွဲ့ချုပ်  ဥက္ကဋ္ဌကိုမင်းကိုနိုင်ပါ။ ထောင်ကျတုန်း  
ထောင်ထဲမှာ စစ်ကြောရေး ညှင်းပန်းမှုတွေကို ထောင်ကထွက်လာတော့
စာအုပ်ရေးတယ်။ အဲဒီမှာ ၁၉၉၈ မှာ ထပ်အဖမ်းခံရပြီး ၂၀၀၉ စက်တင်ဘာ ၁၈ မှ
ပြန်လွတ်ခဲ့တယ်။ ဒီတော့ ဒီလို မတရားညှင်းပန်းမှုတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီအချိန်က နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဦးသန်းရွှေနဲ့ ကျွန်တော်တို့ ကို
နှိပ်စက်ခဲ့တဲ့ ထောက်လှန်းရေးတွေအတွက် အဲဒီတုန်းက ထောက်လှန်းရေး 
အရာရှိချုပ် ဦးခင်ညွန့်တို့မှာ တာဝန်အပြည့်အ၀ရှိတယ်လို့ ယူဆတယ်။   
ဒါကြောင့် တရားစွဲမှာပါ။ ဥပဒေ ပုဒ်မတွေကတော့ ကျွန်တော့်ကို သေကြောင်း
ကြံစည်မှု၊ အသရေ ဖျက်မှု၊ ညှင်းပန်းမှု၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၃၀၆၊ ပုဒ်မ ၃၀၇၊ ၃၀၈ 
ပြီးတော့ အခြားပုဒ်မတွေအပြင် ကမ္ဘာမှာရှိတဲ့ အခြား တရားစွဲဆို နိုင်တဲ့ 
ပုဒ်မတွေနဲ့ပါ စွဲဆိုသွားမှာပါ။

ကျွန်တော် ၂၀၁၂ ခုနှစ် အောက်တိုဘာကစပြီး အိတ်ဖွင့်ပေးစာ ငါးစောင်
ပေးခဲ့ပါတယ်။ ပထမအိတ်ဖွင့်ပေးစာက ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးငြိမ်း)၊ 
ဒုတိယအိတ်ဖွင့်ပေးစာက ဦးခင်ညွန့် (၀န်ကြီးချုပ်ဟောင်း) ယခင် တပ်မတော်
ထောက်လှန်းရေးအရာရှိချုပ် အပါအ၀င် ယခင်တပ်မတော်အရာရှိတွေဖြစ်တဲ့ 
ဦးမြင့်ဆွေ၊ ဦးရဲမြင့်၊ ဦးကျော်ဝင်းနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းဗိုလ်ချုပ်မောင်ဦး၊ 
တတိယအိတ်ဖွင့်ပေးစာကိုတော့ ထောင်ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာထွန်းထွန်း၊
ဒေါက်တာအောင်သန်း၊ ဒေါက်တာစိုးရီ၊ ဒေါက်တာစိုးခိုင်တို့ကို ပေးခဲ့တယ်။ စတုတ္ထအိတ်ဖွင့်ပေးစာမှာတော့ အဲတုန်းက သတင်းစာရှင်းလင်းပွဲခေါင်းဆောင် 
ဗိုလ်ချုပ်ကျော်ဝင်း၊ အဲဒီမှာ ရဲချုပ်စိုးဝင်းလည်းပါတယ်။ ပဉ္စမအိတ်ဖွင့်ပေးစာမှာက
ယခင်အကျဉ်းဦးစီးညွှန်ချုပ်နဲ့ ၀န်ထမ်းတွေ စုစုပေါင်း ၅၀ ကျော်ကိုပေးခဲ့ပြီးပါပြီ။

ကျွန်တော်ကနေ စခဲ့တာပါ။  အစကတော့ တစ်ယောက်တည်းပါ။ နောက်ကျမှ 
ကျန်တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း ပါလာကြတာ။ ထောင်ထဲမှာ 
စစ်ကြောရေးနှိပ်စက်ကလူပြုတာတွေကို ကျွန်တော်တစ်ယောက်တည်း ခံခဲ့ရတာ
မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ရဲ့ ဒီလိုတရားစွဲဆိုမှုကိုလည်း တော်တော်
ထောက်ခံကြပါတယ်။ မကြာခင်မှာတော့ ဒီတရားစွဲဆိုမှုကြီးဟာ အုပ်စုကြီးအထိ
ဖြစ်လာမှာပါ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကတော့  ဒီကိစ္စနဲ့ 
ပတ်သက်ပြီး ကျွန်တော့်ကို အကြောင်းပြန်ထားတယ်။ ဒီကိစ္စတွေက 
နောက်ကြောင်းပြန် အရေးယူလို့မရဘူးတဲ့။ ဒါပေမယ့်  နောင်မဖြစ်အောင်တော့ 
သူတို့ ကာကွယ်ပေးလို့ရတယ်ဆိုတဲ့သဘောနဲ့ ပြောတာ၊ သူတို့ရဲ့ပြောစကားနဲ့ 
လုပ်ရပ်အချို့တွေဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကို အကာအကွယ်
ပေးနေသေးတဲ့ဆိုတဲ့ သဘောသက်ရောက်သွားရင်လည်း လက်ရှိသွားနေတဲ့  
အနေအထားက ပျက်သွားနိုင်တယ်။ ဦးသိန်းစိန်အစိုးရအပေါ်မှာ ဦးသန်းရွှေနဲ့ 
သြဇာရှိနေသေးတယ်ဆိုတာမျိုး အထင်ရောက်သွားနိုင်တယ်။ ပြည်တွင်းက 
ဥပဒေပညာရှင်တွေရော ပြည်ပက ဥပဒေပညာရှင်တွေကရော ဒီတရားစွဲဆိုမှုနဲ့ 
ပတ်သက်ပြီး တရားစွဲလို့ရတယ်လို့ ပြောပါတယ်။ ပြည်တွင်းက ဥပဒေပညာရှင်
တွေနဲ့လည်း တိုင်ပင်စီစဉ်ထားပါတယ်။

သူများနိုင်ငံတွေမှာ ခေါင်းဆောင်တစ်ယောက်က အမှားတစ်ခုခုကြောင့်
နှုတ်ထွက်သွားတဲ့အခါ လူထုကိုတောင်းပန်တယ်။ ခု ဦးသန်းရွှေနဲ့ ဦးခင်ညွန့်
အပါအ၀င် လူ ၅၀ ကျော်ကိုတရားစွဲမယ်ဆိုတဲ့ ကိစ္စမတိုင်ခင် ပထမအဆင့်၊ ဒုတိယအဆင့်တွေအနေနဲ့ အိတ်ဖွင့်ပေးစာတွေလည်း ပေးခဲ့ပြီးပါပြီ။ သူတို့ဘက်ကနေပြီးတော့ တောင်းပန်စာ၊ အသနားခံစာပြန် မပို့ရင် တရားစွဲဆိုမှု
လုပ်သွားမှာပါ။ အဲဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမှုမရှိရင်လည်း 
ICC, ICJ စတဲ့ နိုင်ငံတကာတရားရုံးတွေအထိ တရားစွဲဆိုသွားမှာပါ။ ဒီအတွက်လည်း နိုင်ငံတကာရှေ့နေတွေ၊ ထိုင်းဝန်ကြီးချုပ် အဘီးစစ်ကို 
တရားစွဲခဲ့တဲ့ရှေ့နေတွေအပြင် ရှေ့နေကွန်ယက်နဲ့လည်း တိုင်ပင်ထားပြီးပါပြီ။

ကြားလူကနေတဆင့်ဘဲ ကြားရတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို 
မင်းတို့တရားစွဲလို့ မရပါဘူး။ ဗိုလ်ချုပ်မှူးကြီးက တပ်မတော်အရန်တပ်ရဲ့ 
တပ်မှူးချုပ်ဖြစ်နေလို့တဲ့။ ဦးခင်ညွန့်ကတော့ သဘောထားတစ်မျိုး။
ကြားလူကနေတဆင့်ကြားတာက  တစ်ချိန်ကျရင် သူ့အနေနဲ့ လာတောင်းပန်
ပါမယ်တဲ့။ ဇန်န၀ါရီ (၅)ရက်တုန်းကလည်း အဘယ့်ကြောင့် သူတို့ကိုတရားစွဲဆို
ထိုက်သနည်း  ဆိုတဲ့ စာကို နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ, ICC ကို 
ပို့ထားတယ်။ ပြီးတော့ နိုင်ငံပေါင်း ၁၉၉ နိုင်ငံက နိုင်ငံတော်တရားသူကြီးချုပ်တွေ ဆီကိုလည်းပို့ထားပြီးပါပြီ။ ဒီတရားစွဲဆိုမှုဟာ သူတို့ဘက်ကနေ ကာလတစ်ခုထိ
အကြောင်းမပြန်မှသာ စတင်မှာပါ။ သူတို့ဘက်က ပြန်တောင်းပန်ဖို့အတွက်
ဘာမှမတုန့်ပြန်ရင် သတင်းစာရှင်းလင်းပွဲကြီးလုပ်ပြီး တရားစွဲဆိုမှုကို စတင်မှာပါ။

ကျွန်တော်တို့အနေနဲ့ကတော့  မတ်လ (၁၃)ရက်နေ့ ဖုန်းမော်နေ့အခမ်းအနားမှာ 
ဦးသန်းရွှေနဲ့ ဦးခင်ညွန့်က တောင်းပန်လို့ရတယ်။ သူတို့လာရင် သူတို့ကို
မှဲ့ တစ်ပေါက်တောင် မစွန်းစေရဘူး။ ဒါမှမဟုတ် TV ကလည်း တောင်းပန်လို့
ရတယ်။ အဲသလိုမှ မတောင်းပန်ရင်တော့ ခုနကပြောသလို သတင်းစာရှင်းလင်းပွဲ 
လုပ်ပြီး တရားစွဲသွားမှာပါ။ ဒီအတွက်အများကြီးသော နိုင်ငံရေးအကျဉ်းသားတွေ 
အထူးသဖြင့် ဘဘဦးဝင်းတင်တို့  နိုင်ကျဉ်းက ကိုထွန်းကြည်တို့ကလည်း
ဒါကို ထောက်ခံတယ်။

ဒါကရှင်းရှင်းလေးပါ။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီတွေက ဂျူးတွေကိုသတ်တယ်။ သတ်တဲ့အထဲမှာ နှိပ်စက်တဲ့အထဲမှာ နာဇီခေါင်းဆောင်တွေဖြစ်တဲ့ ဟစ်တလာတို့
ဂတ်စတာပို ဗိုလ်ချုပ်ဟင်းမလားတို့က ကိုယ်တိုင်မသတ်ပေမယ့် ခေါင်းဆောင်  
ဖြစ်တဲ့အတွက် စစ်ရာဇ၀တ်ကောင်တွေအဖြစ် သတ်မှတ်ခံရတာ၊ သူတို့မှာ
တာဝန်ရှိတယ်လေ။ နီးနီးလေးပြောရရင် မြန်မာ့လွတ်လပ်ရေးအကြောင်းပြောရင် ဗိုလ်ချုပ်အောင်ဆန်းက အဓိကပါနေတယ်။ လူတိုင်းဗိုလ်ချုပ်လို လွတ်လပ်ရေး 
ဗိသုကာ မဖြစ်နိုင်ဘူး။ ကွန်မြူနစ်တော်လှန်ရေးတွေမှာလည်း လီနင်တို့  
စတာလင်တို့ ဟိုချီမင်းတို့ ခေါင်းဆောင်ဖြစ်တာဘဲ။ ဒါကြောင့် ကျွန်တော်တို့
နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး  အဲဒီတုန်းက တိုင်းပြည်
ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်။ တာဝန်မယူနိုင်ရင် ခေါင်းဆောင်မလုပ်နဲ့လေ။
အောက်လူတွေလုပ်တာပါဆိုပြီး ဘယ်ခေါင်းဆောင်မှ ပြောလို့မရဘူး။  တာဝန်ယူရဲမှ ခေါင်းဆောင်လုပ်လေ။ လစ်ဗျားကိစ္စ ကဒါဖီမှာ တာဝန်ရှိတယ်။ 
ဆီးရီးယားကိစ္စ အာဆတ်မှာ တာဝန်ရှိတယ်။ ကိုယ့်ကိုယ်ကို သိက္ခာရှိတယ်လို့
ယူဆရင် ယုံကြည်ရင် ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ အောက်ခြေက လုပ်တာပါ
ဆိုတာမျိုးမပြောရဘူး။ ခေါင်းဆောင်လုပ်ပြီးသိက္ခာမရှိရင် လူထုက ဘယ်ယုံကြည်
ပါ့မလဲ။ လူထုကိုဂရုမစိုက်ဘဲ ငါတို့ကလက်နက်တွေပိုင်တယ်။ စစ်တပ်ကြီးပိုင်တယ်
ဆိုပြီးလုပ်လို့ရတဲ့ခေတ် မရှိတော့ပါဘူး။

မေးမြန်းသူ၊ ခန့် ခန့်  (ဒဿနိက)

(ပုံနှင့်စာကို HOT NEWS ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၁ မှ ယူပါတယ်)

ကျွန်တော် ၁၉၉၀ စက်တင် ဘာ (၁) ရက်ကနေ ၁၉၉၄ စက်တင်ဘာ (၂၃)ထိ ဗကသ များအဖွဲ့ချုပ်စစ်ကြော
ရေးစခန်းနဲ့ ထောင်ထဲမှာလေးနှစ်နေခဲ့ရတယ်။ အဲဒီတုန်းက ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌကိုမင်းကိုနိုင်ပါ။
ထောင်ကျတုန်း ထောင်ထဲမှာ စစ်ကြောရေး ညှင်းပန်းမှုတွေကို ထောင်ကထွက်လာတော့စာအုပ်ရေးတယ်။
အဲဒီမှာ ၁၉၉၈ မှာ ထပ်အဖမ်းခံရပြီး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေး ဂေဟာ လူနာမဆံ့တော့၍ အသစ်ထပ်မံတည်မည်

ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာမဆံ့တော့၍ အသစ်ထပ်မံတည်မည်
Thursday, February 28, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေး
ဂေဟာများ၌ လူနာများလာသည့်အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။

အဆိုပါဂေဟာအသစ် ဆောက်လုပ်ပြီးစီးပါက လက်ရှိ တောင်ဒဂုံ နှင့်
မြောက်ဒဂုံတို့တွင် ဖွင့်လှစ်ထားသော HIV/AIDSဂေဟာနှစ်ခုမှ လူနာများကို ယင်းဂေဟာအသစ် သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားမည်ဟု ၄င်းက ပြောသည်။

“ အခု အဲဒီနေရာနှစ်ခုမှာ အဆင်မပြေတော့ဘူး၊ လူနာကလည်း များလာတယ်။ လူနာတွေ ကျပ်နေပြီး အုပ်ချုပ်ရတာလည်း ဟိုဘက်သွား၊ ဒီဘက်သွားနဲ့ဆိုတော့ လူနာ သစ် လာရင်လည်း ထားစရာ
နေရာမရှိတော့ဘူး”ဟု မနန္ဒာလင်း က ဆိုသည်။

ဂေဟာသစ် ဆောက်လုပ်ရန် မြေနေရာအဖြစ် အရှေ့ဒဂုံဘက်ရှိ
ပေ ၄ဝ xပေ ၆ဝ မြေကွက် ၄ ခု ကို မေတ္တာရှင် ဆရာတော်အရှင် ဇဝနက လှူဒါန်းထား ကြောင်း ၄င်းက ပြောသည်။

ဂေဟာအသစ်အဖြစ် သုံးထပ်ဆောင် ဆောက်လုပ်မည်ဖြစ်ပြီး လူနာအသစ်များရော အဟောင်းများပါ ၄င်းနေရာတွင်ပင် တစ်စုတစ်စည်းတည်း ထားမည်ဟု ၄င်းက ပြောသည်။
တောင်ဒဂုံဂေဟာတွင် လူဦး ရေ ၁၈ဝ နှင့် မြောက်ဒဂုံတွင် လူ ၉ဝ နီးပါးစောင့်ရှောက်ထားပြီး ART ဆေးပေးထားသော လူနာ ၁ဝဝ ခန့်ရှိသည်ဟု  ၄င်းက ပြောသည်။

လက်ရှိ တောင်ဒဂုံဂေဟာကို ၂ဝဝ၄ ခုနှစ်နှင့် မြောက်ဒဂုံဂေဟာ ကို ၂ဝဝ၉ ခုနှစ်ခန့်ကစ၍ ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း၊ ဂေဟာအသစ် အတွက် ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကျပ်သိန်း ၁၆ဝ ခန့်အလှူ ငွေရရှိနေပြီဖြစ်ကြောင်း၊ လှူဒါန်းလို ပါက ကမ္ဘောဇ(၂)လမ်း၊ အိမ်နံပါတ် ၃၇၆၊ ၁၈(B)ရပ်ကွက်၊ တောင်ဒဂုံ ဖုန်းနံပါတ် ၅၆၉၃၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၄င်းက ပြောသည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

Thursday, February 28, 2013
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေး ဂေဟာများ၌ လူနာများလာသည့်အတွက်
အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။

ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းတွင် မော်တော်ဘုတ်တစ်စီးနစ်မြုပ်၍ လူ ၃ ဦးသေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင်ခန့်က မော်တော်ဘုတ်တစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့်အတွက် လူ ၃ ဦးသေဆုံးခဲ့သည်။

"ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်"

အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီးကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျခံကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd မှ ဦးမိုးအောင် ချောက ပြောသည်။ Max Myanmar မှ တာဝန်ရှိ သူ ဦးမိုးအောင်ချောက ” ဘဏ္ဍာ နှစ် ပထမနှစ်မှာ မြေကြီးညှိတဲ့ လုပ်ငန်းကို ဆောင်ရွက်မယ်။ ဒုတိယ နှစ်မှာ ကွန်ကရစ်ခင်းမယ်”ဟုပြောသည်။

ပြည်သူ ကို မကူညီ တဲ့ ရဲ တပ် ဖွဲ့ 

ပြည်သူ ကို မကူညီ တဲ့ ရဲ တပ် ဖွဲ့  
_________________________________________
၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိသောကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့သည်။ ဗဟန်းရဲစခန်းတာဝန်ကျအရာရှိမှ အဆိုပါကိစ္စကို မိမိတို့ရဲစခန်းမှ တာဝန်မယူနိုင်ကြောင်း၊ မကူညီနိုင်ကြောင်း ပြောခဲ့သည်။ အနှေးယာဉ်လုပ်သား ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိပြည်သူတယောက် အနေဖြင့် သတင်းသွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့် လဲနေသောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်လုပ်သားများ မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်ပြီး ကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန်ကြိုးစား ဆောင်ရွက်နေသည်။
ထိုသို့ တာဝန်ကျရဲအရာရှိရဲ့ တာဝန်မဲ့မှုနှင့် ပြည်သူထဲက အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှုအသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန် တင်ပြလိုက်ပါသည်။ ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ်အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေဆိုင်များ၊ဘောလုံးပွဲပြသောဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင်အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့်မှတ်တမ်းယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်းတိုက်များကို စောင့်ကြည့်သောအလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။

via - New Myanmar Foundation 
သတ္တိခဲ ( Myanmar Police Force )

၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင်အသက်(၈)နှစ်အရွယ်ရှိကလေးငယ်တဦးဒါဏ်ရာများဖြင့်လဲနေသည်ကို တွေ့ရှိသော
ကြာင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့သည်။

သိမ်းထားတဲ့ လယ်တွေ ပြန်ပေးမယ်ဆို ... အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန်

သိမ်းထားတဲ့ လယ်တွေ ပြန်ပေးမယ်ဆို ... အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန် ...

ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားချစ်တဲ့ ပြည်သူတွေကို ကြည့်ပါဦး သေနတ်နဲ့ အပစ်ခံရတယ် ...

တရားဥပဒေ စိုးမိုးရမယ်ဆိုတဲ့ ... တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဝင်များ ဘာလုပ်မှာလဲ ... ချိုမိုင်မိုင်တော့ မကနဲ့နော် ....

ပြည်သူ့အသံ ...လွှတ်တော်အသံဆိုတဲ့ လွှတ်တော်ကြီးရော ... ဒီသေနတ်သံတွေ မကြားရဘူးလား ..... 

ခင်ဗျားတို့ မနက် ညစားနေတဲ့ ထမင်းတွေက ဒီပြည်သူတွေ ဖင်ကြား ရွှံ့ဝင်အောင် ရုန်းထားတာဆိုတာ မမေ့ကြပါနဲ့....

မျိုးချစ်မြန်မာ

သိမ်းထားတဲ့ လယ်တွေ ပြန်ပေးမယ်ဆို ... အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန်
ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားချစ်တဲ့ ပြည်သူတွေကို ကြည့်ပါဦး သေနတ်နဲ့ အပစ်ခံရတယ် ...

ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ ပဋိပက္ခတွင် ဒဏ်ရာရှိသူများကို ရွှေညဝါ ဆရာတော်နှင့် ဆရာတော် အရှင် ဝီရသူတို့က ထောက်ပံ့ငွေများ ပေးအပ်


မအူပင်၊ ဖေဖော်ဝါရီ၊ ၂၇။ 
 
ဖေဖေါ်ဝါရီ ၂၇ရက့် ည (၁၁)နာရီအချိန်ခန့်က ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ပြည်သူ့ ဆေးရုံကြီးရှိ ဒါဏ်ရာရ လူနာများအားရွှေညဝါ ဆရာတော်နှင့် ဆရာတော် အရှင် ဝီရသူတို့က ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့သည်။ ယမန်နေ့က ပလောင် ကျေးရွာတွင် ဆန္ဒပြရွာသားများနှင့် ရဲများအကြား ဖြစ်ပွားခဲ့ သော ပဋိပက္ခမှုတွင် ထိခိုက်ဒါဏ်ရာ ရရှိခဲ့သော ရွာသား(၁၂)ဦးနှင့် ရဲ(၆)ဦးတို့ အတွက်တစ်ဦးလျှင် ငါးသောင်းကျပ်စီကို ဆရာတော်များမှ လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံ

နော်ဝေနိုင်ငံအော်စလိုမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၆) ရက် မွန်းလွဲ (၁၂) နာရီခွဲတွင် အော်စလိုမြို့ရှိ Holmenkolln Park Hotel ၌ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံသည်။

နျူကလီးယားစီမံကိန်းအတွက် ထပ်မံဆွေးနွေးရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ သဘောတူ

နျူကလီးယားစီမံကိန်းအတွက် ထပ်မံဆွေးနွေးရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ သဘောတူ
Thursday, February 28, 2013

အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး မတ်လနှင့် ဧပြီလတွင် ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သဘောတူညီခဲ့ကြသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီပါဝင်သော
P5+1 ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်နိုင်ငံကြား ကိုးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကာဇက်စတန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထပ်မံဆွေးနွေးရန်အတွက် သဘောတူညီခဲ့ခြင်းဖြစ်သည်။ 

မတ်လ ၁၈ ရက်နေ့တွင် တူရကီနိုင်ငံ အီစတန်ဘူ၌ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပြီး ဧပြီလ ၅ ရက်မှ ၆ ရက်အတွင်း ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် P5+1 နှင့် အီရန်တို့ ထပ်မံတွေ့ဆုံကြမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်နှင့် အီရန်စေ့စပ်ညှိနှိုင်းရေးမှူး ဆာဟိဂျာလီလီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများက အီရန်၏ ယူရေနီယံသန့်စင်ရေး လုပ်ငန်းများကို စွန့်လွှတ်ပါက အပြန်အလှန်အနေဖြင့် ရေနံနှင့်
မသက်ဆိုင်သော အရေးယူမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု
များကို လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်။ 

ယင်းကမ်းလှမ်းချက်ကို အီရန်က ဂရုတစိုက် နားထောင်ပုံရကြောင်း အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဆာဟိဂျာလီလီကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အပြုသဘောဆောင်ပြီး လက်တွေ့ကျသော သဘောထားကို ချီးကျူးကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

ဓာတ်ပုံ - အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ထိပ်တန်းတာဝန်ရှိသူများ ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် အီရန်နျူကလီးယား စီမံကိန်းအတွက် ဆွေးနွေးနေကြစဉ်

Ref:AFP
Eleven Media Group
ဓာတ်ပုံ - အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ထိပ်တန်းတာဝန်ရှိသူများ ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် အီရန်နျူကလီးယား စီမံကိန်းအတွက် ဆွေးနွေးနေကြစဉ်
Thursday, February 28, 2013
အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး မတ်လနှင့် ဧပြီလတွင် ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သဘောတူညီခဲ့ကြသည်။

အင်္ဂါဂြိုဟ်ကို ပထမဆုံး လူစေလွှတ်ဖို့ ပြင်

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၃
အမေရိကန်က သန်းကြွယ်သူဌေးလည်းဖြစ် အာကာသထဲကို ပထမဆုံး ပုဂ္ဂလိက ခရီးသွား တစ်ဦးလည်း ဖြစ်တဲ့ Dennis Tito ဟာ အင်္ဂါဂြိုဟ်ကို ပထမဆုံး လူတင် အာကာသယာဉ် စေလွှတ်ဖို့ ပြင်ဆင်နေ ပါတယ်။ မစ္စတာ တီတိုးနဲ့ သူ့ရဲ့ Inspiration Mars Foundation အဖွဲ့က စီစဉ်နေတာ ဖြစ်ပြီး ဒါဟာ သိပ္ပံရှုထောင့်က ကြည့်ရင် တကယ့် အံမခန်းအနေအထား ဖြစ်မှာပါ ၊

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

    Created on Thursday, 28 February 2013 03:39 


သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါစီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်ခန့် အကွာတွင် အထက်သံလွင် (ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်စီမံကိန်း၊ တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် နောင်ဖ ၁၀၀၀ မဂ္ဂါဝပ် စီမံကိန်း၊ မိုင်းမောမြို့နယ် မန်တောင်ကျေးရွာ အနီးတွင် မန်တောင် ၂၀၀ မဂ္ဂါဝပ်စီမံကိန်း၊ ရှမ်းပြည်နယ်တောင် ပိုင်းမိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင် အထက်သံလွင် (မိုင်းတုံ) ၇၁၁၀ မဂ္ဂါဝပ်စီမံကိန်း၊ ကယားပြည်နယ် ဘော်လခဲမြို့ ရွာသစ်ကျေးရွာအနီးတွင် ရွာသစ် ၄၀၀၀ မဂ္ဂါဝပ်စီမံကိန်းနှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏အောက်ဘက် ၂၉ မိုင်အကွာတွင် ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း ခြောက်ခုစလုံးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီ ၅ ခုနှင့် တိုင်းရင်းသားကုမ္ပဏီများဖြစ်သော Goldwater Resoures Ltd.၊ International Group of Entrepreneurs Co., Ltd.(IGOEC)၊ Shwe Taung Hydropower Co.,Ltd တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး အထက်သံလွင် (မိုင်းတုံ)နှင့် ဟတ်ကြီးစီမံကိန်းတို့တွင် တရုတ်ကုမ္ပဏီများအပြင် ထိုင်းနိုင်ငံမှ EGAT International (EGATi) မှလည်း ပါဝင်မည်ဖြစ်သည်။

အထက်သံလွင် (ကွမ်းလုံ) နှင့် ဟတ်ကြီးစီမံကိန်းတို့သည် MOU/MOA ရေးထိုးထားပြီး EIA/SIA Report များ ဆောင်ရွက်ထားကြောင်း၊ ကျန်စီမံကိန်းများမှာ MOU ရေးထိုးထားကာ စီမံကိန်းဆိုင်ရာ EIA/SIA လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် JVA အဆင့်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများ အနည်းဆုံးဖြစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ စီမံကိန်းအပေါ် ဒေသခံပြည်သူတို့၏ သဘောဆန္ဒများ ရယူ၍ နားလည်လက်ခံမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ သဘောဆန္ဒနှင့်အညီ ပြောင်းရွှေ့နေရာချထားခြင်း စသည့်အချက်များအား ဆောင်ရွက်ရန် သဘောထားမှတ်ချက် ပြုထားသည်။

သံလွင်မြစ်မှာ ကမ္ဘာ့အရှည်ဆုံး မြစ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုရှုခင်းအဖြစ် သတ်မှတ်ထားသည့် ရေကာတာမရှိသေးသော မြစ်တစ်စင်းလည်း ဖြစ်သည်။

အေးချမ်းမွန်မှ http://www.news-eleven.com တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Thursday, 28 February 2013

သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်နှင့်ပတ်သတ်ပြီး မစုစုနွေးရဲ့ တင်ပြချက်

…. ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်မှန် ….
(စုစုနွေး တင်ပြချက်)

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ 

ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာတွေက မကြည့်ရက်စရာပါ။ မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ 

သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ 

ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။ ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ 

မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိလယ်မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။ အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ 

အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ 

တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။ မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။ 

စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ 

မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။ 

ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။ သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ 

အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန်ရှိသူတွေက(တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်းခဲ့နိုင်ပါဘူး။

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြ
တာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတသာ
နည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။

အစ္စလာမ် သာသနာရေးရာ ကောင်စီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်ခဲ့တဲ့ ၀ဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ

ဝဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ

ဆရာမကြီးဒေါ်စောရွှေ သည် ၁၂၆၇ ခုနှစ် ပြာသိုလဆန်း (၉)ရက် ၁၉၀၃ ခုနှစ် ဇန်န၀ါရီလ(၆) ရက် အင်္ဂါနေ့တွင် အင်းစိန်မြို့ အဘဥိးဘကျင် အမိဒေါ်နှင်းလှိုင်တို့မှ မွေးဖွားခဲ့ပါသည်။ ဥပစာတန်းနှင့် အင်္ဂလိပ်မြန်မာ ဆရာဖြစ်လက်မှတ်ရရှိခဲသည်။ အင်္ဂလိုပ် နယ်ချဲ့ အစိုးရခေတ်တွင် ကုမ္မာရီ အမျိုးသမီးအဖွဲ့ ၊ ဗမာမွတ်စလင်(မ်) အမျိုးသမီးနိုးကြားရေးအဖွဲ့၊ မုဆိုးမများ စောင့်ရှောက်ရေးအဖွဲတို့ တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မွတ်စလင်မ် အမျိုးသမီးများ အိမ်တွင်းပုန်းဘ၀မှ လွတ်မြောက်ရေးနှင့် လူမှု့ဝန်ထမ်းလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ရေးတို့ကို စည်းရုံးလှုံဆောင်ခဲ့ပြီး သူနာပြုတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဗမာမွတ်စလင်(မ်) အမျိုးသမီးအဖွဲ့ချုပ်ကို ဦးဆောင် ဖွဲစည်းခဲ့ပြီး ကွယ်လွန်သည့် အထိ ဥက္ကဌအဖြစ်  တာဝန်ယူဆောင်ရွက်ခဲ့သည်။ လမ်းမတော် မဲဆန္ဒနယ် မှ တိုင်းပြုပြည်ပြု လွတ်တော် အမတ်အဖြစ်လည်းကောင်း ရမည်းသင်း မဲဆန္ဒ နယ်မှ လူမျိုးစုလွှတ်တော် အမတ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ အစ္စလာမ် သာသနာရေးရာ ကောင်စီ စတင်တည်ထောင်ရာတွင် ဗဟို အလုပ်အမှုဆောင် တဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၂-ခုနှစ် မှ ၁၉၆၀ ခုနှစ်အတွင်း ရန်ကုန်ဆေးရုံကြီး ကြီးကြပ်ရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း ရန်ကုန် အကျဉ်းထောင် ကြိးကြပ်ရေးအဖွဲ့ဝင် အဖြစ်လည်းကောင်း ပြည်ထောင်စု လူမှုရေး ၀န်ထမ်းကောင်စီဝင် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ အိန္ဒိယ နိုင်ငံ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ မြန်မာနိုင်ငံ အစိုးရ၏ ကိုယ်စားလှယ်အဖြစ်
အစည်းအဝေး တက်ရောက်ခဲ့သည်။

၁၉၅၅ ခုနှစ်တွင်  မိဘမဲ့ မွတ်စလင်(မ)် အမျိုးသမီးငယ် များအတွက် မွတ်စလမ်(မ်) အမျိုးသမီး သာသနာ့ ရိပ်သာ (ဂေဟာ) ကို တည်ထောင်ပေးခဲ့ပြိး လက်ရှိ သုံးထပ်တိုက် အဆောက်အဥိး ကြီးကို ကြိုးပမ်း တည်ဆောက်ခဲ့သည်။ အစ္စလာမ်ရေးရာ
အမျိုးသမီး ရှေ့ဆောင်သင်တန်းကို စတင် ပျိုးထောင် ခဲ့သော ဗိသုကာကြိးလည်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ဇန်န၀ါရီ(၄) ရက်နေ့တွင် နိုင်ငံတော်မှ ချီးမြှင့်သည ၀ဏ္ဏကျော်ထင် ဘွဲ့ကို လက်ခံရရှိခဲ့ပါသ်ည။

ဆရာမကြီး ဒေါ်စောရွှေသည် မွတ်စလင်မ် အမျိုးသမိးများအပါအ၀င် တမျိုးသားလုံအတွက် ကြိုးပမ်းကာ အမှန်တရားကို စေတနာအပြည့်ဖြင့် ကိုယ်ကျိုးမဖက် အစဉ်တိုက်ပွဲဝင်ခဲ့သော မွတ်စလင်မ်တို့၏ စံပြစံတင်ထိုက်သည့် မိခင်မွန်အဖြစ်နှင့် ပင် ၁၉၈၀ ခုနှစ် ဇွန်လ(၂၁)ရက် စနေနေ့ အသက် (၇၇) နှစ် တွင် အလ္လာအသျှင်မြတ်၏ အမိန့်တော်ခံယူခဲ့ပြီး ကန်တော်လေး မွတ်စလင်သုသာန်တွင် မြှုပ်နှံခဲ့ပါသည်။ 

http://www.m-mediagroup.com/news/3940

ဆရာမကြီးဒေါ်စောရွှေ သည် ၁၂၆၇ ခုနှစ် ပြာသိုလဆန်း (၉)ရက် ၁၉၀၃ ခုနှစ် ဇန်န၀ါရီလ(၆) ရက် အင်္ဂါနေ့တွင် အင်းစိန်မြို့ အဘဥိးဘကျင် အမိဒေါ်နှင်းလှိုင်တို့မှ မွေးဖွားခဲ့ပါသည်။ ဥပစာတန်းနှင့် အင်္ဂလိပ်မြန်မာ ဆရာဖြစ်လက်မှတ်ရရှိခဲသည်။ အင်္ဂလိုပ် နယ်ချဲ့ အစိုးရခေတ်တွင် ကုမ္မာရီ အမျိုးသမီးအဖွဲ့ ၊

နော်ဝေရောက် မြန်မာမိသားစုတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမည်

နော်ဝေရောက် မြန်မာမိသားစုတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမည်

နော်ဝေနိုင်ငံကိုရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖေဖေါ်ဝါရီလ ၂၆ ရက် မနေ့က နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နဲ့ အော်စလိုမြို့က အစိုးရဧည့်ဂေဟာမှာတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွာရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့လုပ်ငန်းတွေမှာ  နော်ဝေနိုင်ငံနဲ့  ပူးပေါင်းဆောင်ရွက်လိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

ဒ့ါပြင် သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ကဏ္ဍ၊ သတင်းနည်းပညာ ကဏ္ဍတွေမှာ နော်ဝေကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

နော်ဝေဝန်ကြီးချုပ်ကလည်း မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပြင် ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို ဖြေရှင်းရာမှာလည်း ကူညီဆောင်ရွက်ပေးမယ့်အကြောင်းနဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိုမိုပေးအပ်သွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက သမ္မတဦးသိန်းစိန်တည်းခိုတဲ့ ဟိုတယ်ရှေ့မှာ မနေ့ညနေက ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါသွားတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်တို့က ဆန္ဒပြခေါင်းဆောင်နှစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး ဆန္ဒပြရတဲ့အကြောင်းရင်းတွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ညနေမှာ နော်ဝေးနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

မနေ့က ဆန္ဒပြသူတွေထဲက ၂ ဦးကို သမ္မတရုံးဝန်ကြီး ဦစိုးသိန်းနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့က ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။

နော်ဝေနိုင်ငံကိုရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖေဖေါ်ဝါရီလ ၂၆ ရက် မနေ့က နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နဲ့ အော်စလိုမြို့က အစိုးရဧည့်ဂေဟာမှာတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၅၀ နီးပါးအတွင်း သာသနာရေးဝန်ကြီး အစ္စလာမ်အဖွဲ့အစည်းရုံးခန်းသို့ လာရောက်ပြိး အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်၇ှိသူများနှင့် တွေ့ဆုံ

သာသနာရေးဝန်ကြီးဦးဆန်းဆင့်အစ္စလာမ်ကောင်စီရုံးသို့လာရောက်ခြင်း

နှစ်ပေါင်း ၅၀ နီးပါးအတွင်း သာသနာရေးဝန်ကြီး အစ္စလာမ်အဖွဲ့အစည်းရုံးခန်းသို့ လာရောက်ပြိး အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်၇ှိသူများနှင့် တွေ့ဆုံ
================
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
M-Media

ယနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သရေစည်သူဦးဆန်းဆင့် အစ္စလာမ်ကောင်စီဌာနချုပ်သို့ ကြွရောက်ပြိး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။


ယခုကဲ့သို့ အစ္စလာမ်အဖွဲ့အစည်းရုံးတခုသို့ ပြည်ထောင်စုဝန်ကြီးအဆင့် ကြွရောက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့များနှင့် တွေ့ဆုံသည့်မှာ ၁၉၆၂ ဗိုလ်ချူပ်ကြီးနေဝင်း မှ အာဏာသိမ်းယူပြီးနောက်ပိုင်း ပထမအဆုံးအကြိမ်ဖြစ်ကြောင်းသိရပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီး ဦးဆန်းဆင့်က အစ္စလာမ်ဘာသာရေးအဖွဲများမှာ ကိစ္စကြီးငယ်ရှိခဲ့ရင် သူထံသို့ တိုက်ရိုက်ဆက်သွယ်လို့ရနိုင်သလို အစ္စလာမ်ဘာသာဝင်အများရဲ့ ကိစ္စရပ်များ ဆောင်ရွက်ဖို့ သီးသန့်တာဝန်ခံ တယောက်ထားရှိမယ်အကြောင်း ပြောကြားခဲ့ကြောင်းသိရပါသည်။

သရေစည်သူဦးဆန်းဆင့် သည် ၂၀၁၀ ရွေးကောက်ပွဲအပြိး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဦးဆန်းဆင့်သည် ယခင် နအဖ အစိုးရလက်ထက်တွင် စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။
Credit : M-Media

ဇင်ယော်
http://www.facebook.com/ZinYawNews

ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
ယနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သရေစည်သူဦးဆန်းဆင့် အစ္စလာမ်ကောင်စီဌာနချုပ်သို့ ကြွရောက်ပြိး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။