Pages

Friday, February 22, 2013

Myanmar Sexy Girl 2013 Part 24


Hottest Fashion Show in Myanmar

အလုပ်သမားရုံးခွဲ တာဝန်ခံများ ကွန်ပြူတာဖြင့် ငွေစာရင်းမပို့တတ်လျှင် အရေးယူမည်ဟုဆို

ရုံး(၇၇)ရုံးရှိ လစဉ်အလုပ်သ မား စာရင်းထည့်ဝင်ကြေး ငွေစာ ရင်းများအားOn LIne (သို့) Off Line  ဖြင့် အချက်အလက်များအား ကွန်ပြူတာ အသုံးပြုကာမပို့ တတ်သည့် ရုံးတာဝန်ခံ များအား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းမှ ဆိုသည်။

ကျော်ကိုကို မြန်မာဘောလုံး ပရိသတ်ကြီးကို တောင်းပန်ပြီ

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်လိုကြောင်း မီဒီယာများ နှင့် တွေ့ဆုံသည့် အချိန် တွင် ပြောကြားသည်။

`ချင်းပြည်နယ် ဖလမ်းမြို့ သမဆိုင်ခန်းများ မီးလောင်´

‎ ယနေ့နံနက် ၃နာရီ ၂၀ မိနစ်အချိန်က ချင်းပြည်နယ်၊ဖလမ်းမြို့၊ ဖာထောင့်က်ရ် ရပ်ကွက်၊ ချယ်ရီလမ်းရှိ မြို့နယ်သမ၀ါယမ အသင်းစုပိုင် ရုံးခန်းနှင့် သမ၀ါယမ အသင်းမှ ငှားရမ်းထားသော ဆိုင်ခန်းများတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ထိခိုက်နစ်နာမှုများကို မိဘမေတ္တာယာဉ်လိုင်းမှ တာဝန်ယူမှုမရှိ

ထိခိုက်နစ်နာမှုများကို မိဘမေတ္တာယာဉ်လိုင်းမှ တာဝန်ယူမှုမရှိ

၂၀ရက် ၊ ၂လ ၊ ၂၀၁၃ ရက်နေ့တွင် ရန်ကုန်မှကွင်းကောက်သို့ ခရီးသည်များ တင်ဆောင်သွားသည့်မိဘမေတ္တာယာဉ်လိုင်း မှ မော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ သည် ဟသာင်္တ နှင့် တလုတ်ထော်ကြားတွင် အရှိန်ပြင်းစွာ မောင်းနှင်သောကြောင့် လမ်းဘေးသို့ထိုးကျပက်လက်လန် တိမ်းမှောက်ခဲ့ပါ၍ ခရီးသည် (၁၇) ဦးဒါဏ်ရာရခဲ့ပါသည်။

မကြာသေးခင်ကာကလည်း ဇလွန်မြို့အလွန်တွင် ဘုရားဖူး Light Truck ကားနှင့်မျက်နှာချင်းဆိုင်တိုက်မိ၍ ဘုရားဖူးယာဉ်ပေါ်ပါခရီးသည် (၁၀) ဦးပွဲခြင်းပြီးသေးဆုံးပြီး (၃) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသော်လည်း အဆိုပါယာဉ်လိုင်းမှ ထိရောက်သောတာဝန်ယူမူမျိုးမပြုလုပ်ခဲ့ပါ။

ဤကဲ့သို့ သေဆုံးခဲ့ရသူများ၏ဆွေမျိုးသားချင်းများ နာကြင်ကြေကွဲခံစား ခဲ့ရသော်လည်းမိဘမေတ္တာယာဉ်လိုင်းအား သက်ဆိုင်ရာမှ ထိရောက်သော အရေးယူမှုမျိုးမရှိခဲ့သဖြင့်တရားဥပဒေ စိုးမိုးရေးဆိုသည် မှာ အဘယ် ကဲ့သို့နည်း ဟု မေးခွန်းထုတ်စရာဖြစ်နေပါသည်။

မိဘမေတ္တာယာဉ်လိုင်း ဖုန်း - 098572629 / 098581190 / 01685300-304
------------------------------------------------------------------------
ပေးပို့သူ - မျိုးနောင်ဇော်

Myo Naung Zaw ပေးပို့လာသည့် Message ကိုဖော်ပြခြင်း

၂၀ရက် ၊ ၂လ ၊ ၂၀၁၃ ရက်နေ့တွင် ရန်ကုန်မှကွင်းကောက်သို့ ခရီးသည်များ တင်ဆောင်သွားသည့်မိဘမေတ္တာယာဉ်လိုင်း မှ မော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ သည် ဟသာင်္တ နှင့် တလုတ်ထော်ကြားတွင် အရှိန်ပြင်းစွာ မောင်းနှင်သောကြောင့် လမ်းဘေးသို့ထိုးကျပက်လက်လန် တိမ်းမှောက်ခဲ့ပါ၍ ခရီးသည် (၁၇) ဦးဒါဏ်ရာရခဲ့ပါသည်။

ခဲတံချွန်၍ အသက်မွေးဝမ်းကျောင်းပြုသူ

ခဲတံချွန်၍ အသက်မွေးဝမ်းကျောင်းပြုသူ

အံ့သြစရာပါပဲ။ ခဲတံချွန်ပြီး အသက်မွေးဝမ်းကျောင်းပြုတယ်ဆိုတော့ အားလုံးက လွယ်တဲ့ အလုပ်လို့ထင်ပါမယ်။ မလွယ်ပါဘူး။ ဒီတော့ တစ်ချောင်း ချွန်ခ ၁၅ ဒေါ်လာ ယူပါတယ်။ David Rees လို့အမည်ရတဲ့ ခဲတံချွန်ဆရာပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆို သူချွန်တဲ့ ခဲတံက Unique ဖြစ်နေလို့ ဖြစ်ပါတယ်။ ချွန်စက် ထက်တောင် တိကျတဲ့ ရလဒ်ကို ပေးတာပါတယ်။ အယ်လီစကုတ်နဲ့ ကြည့်တောင် သူချွန်ထားတဲ့ ခဲတံက အနာအစာ မရှိပါဘူး။ ခဲသားရော၊ သစ်သားရော ဖြစ်ပါတယ်။ Physical ပိုင်းအရကြည့်ရင်လည်း သန်သန် မာမာရှိပြီး တော်ရုံချွန်ဆက်နဲ့ ချွန်ပြီးတဲ့ ခဲတံတစ်ချောင်းလိုလဲ တစ်ခါသုံးပြီး ပုံစံ မပျက်ဆီးလွယ်ဘူးလို့ ဆိုပါတယ်။

သူ့ဆီလာအပ်တဲ့ client တွေကတော့ ဘာရယ်လို့ မဟုတ်ပါဘူး။ အသုံးပြုဖို့ထက် သူ့လက်ရာကို သဘောကျလို့၊ ပညာကို လေးစားလို့ ခဲတံ တွေ အပ်အပ်ပြီးတော့ ချွန်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ ခဲတံ လှလှချွန်ချင်သပဆိုရင် David Rees နဲ့ ဆက်သွယ်ပါလို့ လမ်းညွန် ထားကြပါတယ်။
--
Ref: oddees
Aung Kham (TSJ team)

News From ::YoYarLay

အံသြစရာပါပဲ။ ခဲတံချွန်ပြီး အသက်မွေးဝမ်းကျောင်းပြုတယ်ဆိုတော့ အားလုံးက လွယ်တဲ့ အလုပ်လို့ထင်ပါမယ်။ မလွယ်ပါဘူး။ ဒီတော့ တစ်ချောင်း ချွန်ခ ၁၅ ဒေါ်လာ ယူပါတယ်။ David Rees လို့အမည်ရတဲ့ ခဲတံချွန်ဆရာပဲ ဖြစ်ပါတယ်။

၈၈ ခေါင်းဆောင်များနှင့်မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်များတွေ့ဆုံ

Photo

 ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
 
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ခေါင်းဆောင်များနှင့် မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်တို့ ယနေ့ညနေ ၈ နာရီခန့်တွင် မန္တလေးမြို့ Edu Zone သင်တန်းခန်းမတွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့

မြန်မာနိုင်ငံတွင် မြေ၀ယ်ခြင်း၊ ငှားရမ်းခြင်းကိစ္စများ ထိုင်းရင်းနှီးမြှုပ်နှံသူများအချင်းချင်း သတိပေးနေ

ဘန်ကောက်၊ဖေဖော်ဝါရီ-၂၂

မြန်မာနိုင်ငံတွင်မြေယာအငြင်းပွားမှုများပြင်းထန်နေသဖြင့်မြန်မာနိုင်ငံတွင်မြေယာဝယ်ယူခြင်း၊ ငှားရမ်းခြင်း
ကိစ္စရပ်များနှင့် ပတ်သက်၍ အလွန်သတိထား လုပ်ဆောင်ရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်အချင်းချင်း သတိပေးထားကြောင်း သတင်းရရှိသည်။

လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းနောက်ဆုံးရသတင်း

မိုနာလီဇာလိုအပြုံးပိုင်ရှင် သူနဲ့ထိပ်တိုက်မတွေ့ချင်ပါ
ပြည်သူတွေကိုနှိပ်စက်သူနဲ့သာ
ရင်ဆိုင်တိုက်ခိုက်ချင်ပါသည်
(၂၁-၂-၂၀၁၃)


လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းရေးကော်မရှင်အစီရင်ခံစပေါ်ထွက်ရန်နီးလာသည်နှင့်အမျှ
ကျးရွာများကိုမီးလောင်တိုက်သွင်းမည်ဟုသတင်းများထွက်ပေါ်နေကြောင်းသတင်းရရှိပါသည်။ကျေးရွာ
များကိုမီးတိုက်လျှင်

မြို့ကြီးရဲစခန်းမှူး နှင့် အရပ်သားများ ပူးပေါင်း၍ လောင်းကစားဒိုင်ကိုင်

မြို့ကြီးရဲစခန်းမှူး နှင့် အရပ်သားများ ပူးပေါင်း၍ လောင်းကစားဒိုင်ကိုင်

by Burma VJ Media Network on Thursday, February 21, 2013 

ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံအပိုင် မြို့ကြီးကျေးရွာတွင် လောင်းကစားဒိုင်များ များပြားလျက်ရှိပါသည်။ နယ်မြေခံများမှ မြို့ကြီးစခန်းမှုး ဒုရဲအုပ်ဦးလွင်မောင်ထွေးအား အမှုဖွင့် တိုင်ကြားသော်လည်း ဖမ်းလို့ မရဘူး။ ဒါကြောင့် တိုင်ချင်ရာတိုင်ဟုလည်း ပြောလွှတ်လိုက်ပါသည်။ လောင်ကစားဒိုင်များကို တာဝန်ရှိသူများက မနှိမ်နှင်း၊ မဖမ်းဆီးဘဲ လိုင်းကြေးယူ၊ ရှယ်ယာထည့်ပြီး ခွင့်ပြုနေခြင်းကို သန့် ရှင်းသောအစိုးရ ဖော်ဆောင်နေသော အစိုးရအဖွဲ့ဝင်များကို သိစေအပ်ပါသည်။

စခန်းမှုးဦးလွင်မောင်ထွေးသည် ဦးမိုး၊ ဦးအောင်သန်းဇော်၊ ဦးမြင့် အောင်၊ ဦးသိန်းဇော်၊ ဦးမောင်ငယ်စသည့် အရပ်သား လောင်းကစားဒိုင်များ နှင့်ပေါင်းပြီး လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။

လောင်းကစားဝိုင်းများမှာ တောင်ကြီးတန်ဆောင်တိုင်မှစပြီး ယခုထိ တရားဝင်ပြုလုပ်လျက်ရှိကြောင်း၊ ဒေသခံများလည်း စိတ်အနှောင့်အယှက် ဖြစ်နေပါသဖြင့် အရေးယူပေးပါရန် အကြောင်းကြားအသိပေးလိုက်ပါသည်။

 

ကိုအောင်မျိုးမင်း (မြို့ ကြီးဒေသခံတစ်ဦး) 09400450311

 

မြို့ကြီးစခန်းမှုးဖုန်း 098357070


News & Photo From: Burma VJ Media Network
News Link >>https://www.facebook.com/burmavjmedia
အေးချမ်းမွန်

Thursday, February 21, 2013

ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံအပိုင် မြို့ကြီးကျေးရွာတွင် လောင်းကစားဒိုင်များ များပြားလျက်ရှိပါသည်။ နယ်မြေခံများမှ မြို့ကြီးစခန်းမှုး ဒုရဲအုပ်ဦးလွင်မောင်ထွေးအား အမှုဖွင့် တိုင်ကြားသော်လည်း ဖမ်းလို့ မရဘူး။ ဒါကြောင့် တိုင်ချင်ရာတိုင်ဟုလည်း ပြောလွှတ်လိုက်ပါသည်။

ထိုင်းနိုင်ငံရှိ Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် သုံးဦး ဒဏ်ရာ ရရှိ

ထိုင်းနိုင်ငံရှိ Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် သုံးဦး ဒဏ်ရာ ရရှိ

22.2.2013

ထိုင်းနိုင်ငံ တောင်ပိုင်း၌ Cobra Gold စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ် အတွင်း ဖေဖော်ဝါရီ ၂ဝ ရက်က အမေရိကန် မရိမ်းတပ်ဖွဲ့မှ ရဟတ်ယာဉ် တစ်စင်း မြေပြင်သို့ ကြမ်းတမ်းစွာ ဆင်းသက်ခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဗန်ကောက်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ခဲ့သည်။

စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည့် အမေရိကန် တပ်ဖွဲ့ဝင် များကို သယ်ဆောင် လာသော CH-46 Sea Knight ရဟတ်ယာဉ် မတော်တဆ မှုတွင် သေကျေ ပျက်စီး ဆုံးရှုံးမှု မရှိ ခဲ့ကြောင်း သံရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဝေါလ်တာ ဘရောင်ဖို ဟပ်လာက ပြောကြားခဲ့သည်။

မြေပြင် စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် ပြည်ထောင်စု၊ ထိုင်းနိုင်ငံနှင့် အခြား နိုင်ငံများမှ တပ်ဖွဲ့ဝင် များစွာ ပါဝင်ပြီး ယင်း စစ်ရေး လေ့ကျင့်မှုသည် အာရှ- ပစိဖိတ် ဒေသတွင် အမေရိကန်၏ အကြီးဆုံး ဘက်စုံ စစ်ရေး လေ့ကျင့်မှု ဖြစ်သည်။

ဒဏ်ရာ ရရှိသူ များအနက် နှစ်ဦးသည် ဒဏ်ရာ ပြင်းထန်သဖြင့် အရေးပေါ် ခွဲစိတ် ကုသရန် လိုအပ်ပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်မှု မရှိကြောင်း သတင်း ဌာန တစ်ခုက ဖော်ပြခဲ့ သည်။

နှစ်စဉ် ပြုလုပ်သည့် Cobra Gold စစ်ရေး လေ့ကျင့်မှုသည် ထိုင်းနိုင်ငံနှင့် အမေရိကန် တို့၏ စစ်ဘက်ဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှု၏ အဓိက အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း သိရသည်။
မြ၀တီ

22.2.2013

ထိုင်းနိုင်ငံ တောင်ပိုင်း၌ Cobra Gold စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ် အတွင်း ဖေဖော်ဝါရီ ၂ဝ ရက်က အမေရိကန် မရိမ်းတပ်ဖွဲ့မှ ရဟတ်ယာဉ် တစ်စင်း မြေပြင်သို့ ကြမ်းတမ်းစွာ ဆင်းသက်ခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဗန်ကောက်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ခဲ့သည်။

Google က Apple ကို စိန်ခေါ်မည့် နည်းပညာမြင့် လက်တော့ ထုတ်လုပ်

Google က Apple ကို စိန်ခေါ်မည့် နည်းပညာမြင့် လက်တော့ ထုတ်လုပ်
Friday, February 22, 2013

ထိတွေ့မျက်နှာပြင်စွမ်းရည်၊ အဆင့်မြင့် ချစ်ဆက်၊ အလွန်အမင်း
တောက်ပသော မျက်နှာပြင်တို့ ပါဝင်သည့် Chromebook လက်တော့သစ် ကို Google က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ဖော် ပြသခဲ့သည်။

သင်ပုန်းကွန်ပျူတာနှင့် လက်တော့ ကွန်ပျူတာ နည်းပညာနှစ်ခုကို
ပေါင်းစပ်ထားသည့် လက်တော့သစ်ကို ဗြိတိန်နှင့် အမေရိကန်တွင်
ဒေါ်လာ ၁၂၉၉ ဖြင့် စတင် ရောင်းချသွားမည်ဖြစ်ကြောင်း Google က ပြောကြားခဲ့သည်။ 

''ဒီလက်တော့အတွက် MacBook Air ကို လူတွေ စွန့်လွှတ် ကြပါလိမ့်မယ်''ဟု Google ၏ Chrome ဌာနခွဲ ဒုဥက္ကဋ္ဌ ဆန်ဒါပီချိုင်းက ပြောကြားခဲ့သည်။ ၁၂ ဒသမ ၈၅ လက်မ ထိတွေ့
မျက်နှာပြင်  Gorilla Glass နှင့် တစ်လက်မပတ်လည်လျင် 239 Pixel  ပြသနိုင်သော ရုပ်မြင်စွမ်းရည်က Apple ၏ လက်တော့များ ရုပ်မြင်စွမ်းရည်ကိုပင် သာလွန်ခဲ့သည်။

Chromebook Pixel လက်တော့ကို Google Play စတိုးတွင် မှာယူနိုင်မည်ဖြစ်ပြီး ဧပြီလတွင် စတင် တင်ပို့မည်ဖြစ်သည်။ Pixel  လက်တော့ကို ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး နှစ်မျိုးစလုံးတွင် 
Intel Core i5  ပရိုဆက်ဆာ ပါဝင်သည်။ 

ပထမ တစ်မျိုးသည် Wi-Fi သီးသန့်ဖြစ်ပြီး 4G ကွန်ရက် ချိတ်ဆက်နိုင်သော လက်တော့ကို ၁၄၄၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ 

ဘက်ထရီသက်တမ်း ၅ နာရီခံသော Pixel လက်တော့များသည် ပြိုင်ဘက် Mac Book များ၊ Windows 8 လက်တော့များနှင့် ဈေးနှုန်း နှိုင်းယှဉ်နိုင်ပြီး မျက်နှာပြင် အရည်အသွေးမှာ လက်ရှိလက်တော့ အားလုံးထက် သာလွန်ကြောင်း ပီချိုင်းက ပြောကြားခဲ့သည်။ 

Google သည် Chromebook လက်တော့များကို ၂၀၁၀ ပြည့်နှစ်
နှစ်လည်တွင် စတင် မိတ်ဆက်ခဲ့ပြီး မိုက်ခရိုဆော့၏ Windows လက်တော့များကို စိန်ခေါ်ခဲ့သည်။ Google သည် မိုက်ခရိုဆော့၏ တွင်ကျယ်စွာ အသုံးပြုနေသော Office ဆော့ဖ်ဝဲများနှင့် အဆင်ပြေစွာ လုပ်ဆောင်နိုင်သော Quickoffice ဆော့ဖ်ဝဲကိုလည်း သုံးလအတွင်း ထုတ်ပြန်ရန် စီစဉ်ထားသည်။

Ref: AFP, CNN
Eleven Media Group

Friday, February 22, 2013

ထိတွေ့မျက်နှာပြင်စွမ်းရည်၊ အဆင့်မြင့် ချစ်ဆက်၊ အလွန်အမင်း
တောက်ပသော မျက်နှာပြင်တို့ ပါဝင်သည့် Chromebook လက်တော့သစ် ကို Google က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ဖော် ပြသခဲ့သည်။

ညီမလေးရေ နှင်းတွေ အေးစက် ပျံ့ကျဲလို့ . . .

ဒီနှစ် ဇန်န၀ါရီဟာ ပိုအေးတယ်လို့မထင်ဘူးလားညီမလေး
ဥာဉ့်နက်သန်းခေါင်ယံထဲက နှင်မှုံလေးတွေ
အလင်းတွေ ဟိုနေရာဒီနေရာစုပုံလို
လူ့ဘုံဘ၀ဟာဖြင့်ပူလောင်သောကတွေများလိုက်တာ . .

မြို့ပျက်ညတွေပါ ညီမလေးရယ် (ကဗျာ)

မြို့ပျက်ညတွေပါ ညီမလေးရယ် 

အခါအားလျှော်စွာ လွှတ်ချခဲ့တဲ့ တစုံတရာမှာ
ကြယ်ကလေးတွေက တိုးတိုးလေးပြောတယ်
ကောင်းကင်တစ်ဖက်စွန်းမှာ မိုးတွေပြိုနေပြီတဲ့
ခက်တာပဲ ညီမလေးရယ် 
ငါကလည်း ဘာကိုမှ ကြီးမြတ်တယ်လို့မထင်မိတဲ့ကောင်ပါ 

ပန်းခင်းလမ်းတွေမဟုတ်မှန်းတော့သိခဲ့ပါတယ်
ရီဝေသွယ်ပြောင်းတဲ့ အမိန့်တစုံတရာမှာ
ရှတတ အပြုံးတွေဘာလို့ ပျော်ဝင်နစ်မူးနေခဲ့ရသလဲ
ခါးတယ်ဆိုတာ ခံစားချက်သက်သက်ပါကွဲ့

အေးစက်နေတဲ့ ဆောင်းဥတုပေါက်ကလေးဟာ
၂၄ နာရီရဲ့ စက္ကန့်သံခြောက်ခြောက်ခြားခြားမှာပဲ 
အိပ်မက်တွေကို ရိုက်နင်းချိုးဖျက်သွားတယ် 
ဒီလိုပါပဲကွယ် . . . ရေရေရာရာဆိုတာ ဘာဆိုဘာမှမရှိပါဘူး

သွားခဲ့မိတဲ့ ခရီးတစ်ခုဟာလည်း 
အဆုံးလည်းမရှိ အစလည်းမရှိ အရာရာနတ္တိပေါ့ကွဲ့ 
အခုတော့ . . ဘာရယ်မဟုတ်ဘူး
ကိုယ့်ရင်ဘတ်ကိုယ်ပဲ ပြန်ပြန်ငုံ့ကြည့်နေခဲ့မိတယ် 
ခါးလိုက်တာ ညီမလေးရယ် . . 

ငါက ပကတိအမှန်တရားကိုမှ မြတ်နိုးတဲ့ကောင်ပါ
ဆောင်းနှင်းရဲ့ အေးစက်စက်နိုင်မှုကိုလည်း
တခုတ်တယ ရင်ခွင်ထဲထည့်ထားချင်နေခဲ့သူ
ဘာမှမထူးခြားဘူးဆိုရင်တောင်
ဒီတစ်ရက်တော့ ခတ္တာတို့ကို ဝေပါ
ပြဿဒါးမှာ ဖွားခဲ့တဲ့ကောင်မို့
ငါ့ကို အမှောင်လို့ပဲမြင်ပါညီမလေးရယ် 

ဖျော့တော့သော ရီဝေလင်းရှ ညနေခင်းအလွန်
မြို့ပျက်ညတွေပါ ညီမလေးရယ် 
ရင်ဘတ်ထဲက လရိပ်ညိုကလေးက ဘယ်တော့မှမလင်းဘူး
တသော့သော့ တမောမော့ 
အရာရာကပဲ ငါ့ကို ခဏခဏသတ်တယ် 

မြို့ပျက်ညတွေပါ ညီမလေးရယ် 
အချစ်ဆိုတာ အ၀ါရောင်သစ်သီးတစ်လုံးရဲ့
ချိုမြမွှေးရှတဲ့ ရီဝေယစ်မှုးတဲ့ ခံစားချက်တစ်ခုပါ
အခုတော့ နေမ၀င်ခင် . . .
အိပ်မက်တွေ က ခဏခဏကြွေတယ်ကွယ် ။ 

သက်တန့်ချို

အခါအားလျှော်စွာ လွှတ်ချခဲ့တဲ့ တစုံတရာမှာ
ကြယ်ကလေးတွေက တိုးတိုးလေးပြောတယ်
ကောင်းကင်တစ်ဖက်စွန်းမှာ မိုးတွေပြိုနေပြီတဲ့
ခက်တာပဲ ညီမလေးရယ်
ငါကလည်း ဘာကိုမှ ကြီးမြတ်တယ်လို့မထင်မိတဲ့ကောင်ပ

ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု သက်ဆိုင်ရာမှ ထပ်မံထုတ်ပြန်

ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု သက်ဆိုင်ရာမှ ထပ်မံထုတ်ပြန်

    Created on Friday, 22 February 2013 14:28 

ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော ထောက်ကြန့်ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ သိရီရတနာဈေးသစ်သို့ ပြောင်းရွှေ့ရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန လက်ထောက် ဌာနမှူး ဦးအောင်ဒင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြားသည်။

ထောက်ကြန့်မြို့ ရတနာဈေး အနီး (အရပ်အခေါ်) ပိုက်လုံးတန်း ပျံကျဈေးသည် ရန်ကုန်မြို့တော်သို့ ရေပေးဝေနေသော ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာ ပေ ၄၀ အတွင်းကျ ရောက်နေပြီး ပိုက်လုံးပေါက်ကွဲမည် ကိုစိုးရိမ်ရ၍ ယခုလို ပြောင်းရွှေ့ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ထောက်ဌာနမှူး ဦးအောင်ဒင်ဦးကပင် “ပထမတော့ ဖေဖော်ဝါရီ ၂၁ ရက်ညနေ ၆ နာရီ နောက်ဆုံးထား ပြောင်းခိုင်းခဲ့တယ်၊ ဒါပေမယ့် သူတို့က အဲဒီနေ့ညတွင်းချင်း သက်ဆိုင်ရာကို ၂၈ ရက် နောက်ဆုံးထားပေးဖို့ စာတင်တယ်။ အခု ကျွန်တော်တို့က ၂၄ ရက် မွန်းလွဲ ၂ နာရီ သတ်မှတ်ပေးခဲ့တယ်။ တကယ်လို့ ဂျိုးဖြူပိုက်လုံး ပေါက်ကွဲခဲ့မယ် ဆိုရင် ပေ ၆၀ လောက် လွင့်စင်ပေါက်ကွဲပြီး လူတွေ အထိအခိုက် ရှိလာမယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က ပိုက်လုံးတန်း ပျံကျဈေး အခြေအနေကို ဈေးသည်တစ်ဦးက “မနက်မိုးလင်းကတည်းက စည်ပင်သာယာ ကားသုံးစီးနဲ့ အင်အား ၅၀ ကျော်လောက် ဈေးရှေ့ ရောက်နေတယ်။ အခုထိတော့ ဘာမှမဖြစ် သေးပါဘူး။ အေးအေးဆေးဆေး ရောင်းရပါတယ်။ အခု ဒီဈေးလေးမှာ အပေါက်နှစ်ပေါက် ရှိပေမယ့် စည်ပင်က နောက်ပေါက်ကို ပိတ်ထားတယ်။ ၀ယ်သူတွေက ကွေ့ဝိုက်ပြီး အရှေ့ပေါက်က လာရတော့ သိပ်ပြီး အရောင်းအ၀ယ် မတွင်ကျယ်ဘူး” ဟု ရှင်းပြသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က စည်ပင်သာယာ တာဝန်ရှိသူများ ယခုလို ရောက်ရှိနေခြင်းသည် ပျံကျဈေးကို ယခုလ ၂၁ ရက် တွင် ပြောင်းရွှေ့ခိုင်းထား၍ သန့်ရှင်းရေး ပြုလုပ်ရန် လာရောက်ခြင်းသာ ဖြစ်ကြောင်း လက်ထောက် ဌာနမှူး အောင်ဒင်ဦးက ဆက်လက် ရှင်းပြသည်။

ပျံကျဈေးသူ ဈေးသားများကိုယ်စား ဦးထင်ကျော်ကမူ “တကယ်လို့ ပိုက်လုံးဘေးကနေ ဖယ်ပေးရမယ်ဆိုလည်း လုံခြုံရေး ဧရိယာ ပေ ၄၀ ကို နောက်ဆုတ်ပြီး ဈေးနေရာက ဖယ်ပေးမယ်။ ပြီးရင် ကျောက်တိုင်စိုက်ပြီး အဲဒီနေရာကနေ ကိုယ်ထူကိုယ်ထ ခြံစည်းရိုးခတ်ပြီး ဆက်လက် ရောင်းချခွင့် ရမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

လက်ရှိတွင် ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးမှ ဈေးသည်အချို့ အဆိုပါ ဈေးသစ်တွင် နေရာယူ ရောင်းချနေပြီလည်း ဖြစ်သည်။

ဈေးနေရာသစ်ဖြစ်သော သီရိရတနာဈေး (ခေါ်) ကျောက်တိုင်ဈေးမှာ ဧရိယာ ၃ ဒသမ ၅ ဧက ကျယ် ၀န်းပြီး သားငါး၊ ဟင်းသီးဟင်းရွက်နှင့် ပန်းတို့ အဓိကရောင်းချပြီး အဆိုပါဈေးသစ်သည် ထောက်ကြန့် မြို့ရှောင်လမ်းနှင့် ရန်ကုန်-ပဲခူး လမ်းမကြီး၏ထောင့်တွင် တည်ရှိသည်။


ထောက်ကြန့်မြို့ပိုက်လုံးတန်းပျံကျဈေးနားရှိ ဂျိုးဖြူပိုက်လုံးကိုဖေဖော်ဝါရီ ၂၂ ရက်ကတွေ့ရစဉ်

Eleven Media Group
ထောက်ကြန့်မြို့ပိုက်လုံးတန်းပျံကျဈေးနားရှိ ဂျိုးဖြူပိုက်လုံးကိုဖေဖော်ဝါရီ ၂၂ ရက်ကတွေ့ရစဉ်
Friday, 22 February 2013 
  ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော ထောက်ကြန့်ပိုက်လုံးတန်း ပျံကျဈေးကို ဖေ
ဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ သိရီရတနာဈေးသစ်သို့ ပြောင်းရွှေ့ရမည်ဟု ရန်ကုန်
မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန လက်ထောက် ဌာနမှူး ဦးအောင်ဒင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြားသည်။

လာမည့် ဘဏ္ဍာနှစ်တွင် ပညာရေးအသုံးစရိတ် ယခင်နှစ်ထက် ကျပ်ဘီလျံ ၃ဝဝ ပိုမိုအသုံးပြုမည် နိုင်ငံ၏ စီးပွားရေး တိုးတက်ပါက ပညာရေးအသုံးစရိတ် ထပ်မံတိုးမြှင့်မည်ဟု ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

Friday, 22 February 2013
လာမည့် ၂ဝ၁၃-၂ဝ၁၄ ပညာရေးနှစ်အတွက် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၉ဝဝ အသုံးပြုမည်ဖြစ်ပြီး ယခင်နှစ်ကထက် ကျပ်ဘီလျံ ၃ဝဝ ပိုမို အသုံးပြုမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်ပြီး ကယားပြည်နယ်နှင့် ကရင်ပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ စီးပွားရေး တိုးတက်ပါက ပညာရေးကဏ္ဍ အသုံးစရိတ်ကို ထပ်မံတိုးမြှင့်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

လမ်းပြ မကောင်းသော အနုပညာရှင်တွေကြောင့် လူငယ်တွေ ၀တ်စားဆင်ယင်မှု ပျက်စီး

                                          

ကျနော် မျက်စိမှာ အမြင်မတော်တာလေးတွေ ကောက်ရေးမိတာပါ။ စာစီစာမှား များပါရင်ခွင့်လွှတ်ဖို့ပဲ အရင်ဆုံး တောင်းပန်ပါရစေ။
ကျနော်တို့ ခေတ်ပေါ့နော်...အခုခေတ်ပဲပေါ့...မြန်မာ မိန်းခလေးတွေများ ၀တ်စားထားကြတာ မမြင်ချင်ရင် မျက်စိမှိတ်နေမှပဲ မမြင်ပဲနေမယ်..ဘယ်လိုပြောရမလဲ..ခေတ်ရေစီးကြောင်းနောက် လိုက်သတဲ့...ပေါင်လုံးပေါ်ရုံမကပဲ တင်ပါးတွေတောင် ပေါ်ကုန်ကြပြီ..၀တ်စားထားကြတာများ.

ဒီမိုကရေစီကို ဖင်ခုထိုင်ပြီး သရုပ်ပျက် ရေကူးဝတ်စုံများနှင့် မြန်မာ မော်ဒယ်များ


          အမြင်မတော်တော့လည်း ရေးကြည့်ချင်သည်။ သို့ပေမယ့် ဤလောကသားအားလုံးကို တိုက်ခိုက်ခြင်းလည်း မဟုတ်သလို အပြစ်ဆို၍ တမင်ရေးသားခြင်းလည်းမဟုတ်ပါဘူး။ မျိုးဆက်သစ် လူငယ်လေးတွေ လမ်းမှားတွေနောက်မလိုက်မိစေလိုသောကြောင့်ရေးသားခြင်းသာဖြစ်ပါတယ်။

ဝတ်သောက်ကားစီးလာသော လူကြီးသားတစ်ဦးနယ်မှ ရိုးမဘဏ် သို့ငွေလာထုတ်သော ကျေးလက်ဆိုင်ကယ်သမားတစ်ဦးကို လက်သီးဖြင့် ဆင်းထိုး

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူကြီးတစ်ယောက်၏သားသည် ယခုလ(၂၀)ရက်နေ့ မွန်းလွဲချိန်ခန့်က မုံရွာမြို့ ဆူးလေကုန်ရပ်ကွက် ဘူတာလမ်းအတိုင်း အရှေ့မှ အနောက်သို့ ၀တ်သောက်ကားတစ်စီးအားမောင်းနင်းလာရာတွင် ရိုးမဘဏ်အနီးနေရာ`၌ နယ်မှ ဘဏ်ငွေလာထုတ်သော ကျေးလက်ဆိုင်ကယ်သမားတစ်ဦးနှင့် ညိမိဟန်ပြုခဲ့ရာ ၀တ်သောက်ကားစီး လူကြီးသားမှ ကားပေါ်မှဆင်း၍ ဆိုင်ကယ်သမားအား လက်သီးဖြင့် နိုင်ထက်စီးနင်းထိုခဲ့ကြောင်းသိရသည်။

ရတနာပုံတက္ကသိုလ် ကျောင်းလမ်းက စိတ်မကောင်းစရာမြင်ကွင်း

21.2.2013 ၁၁နာရီခွဲက ရတနာပုံတက္ကသိုလ် ကျောင်းလမ်းက စိတ်မကောင်းစရာမြင်ကွင်းလေးပါ

ref:မန္တလေး သတင်း ပုံရိပ်များ facebook group

21.2.2013 ၁၁နာရီခွဲက ရတနာပုံတက္ကသိုလ် ကျောင်းလမ်းက စိတ်မကောင်းစရာမြင်ကွင်းလေးပါ

Myanmar Makro Industry Co.,Ltd လေလံကိစ္စ သတင်းစာရှင်းလင်း

Myanmar Makro Industry Co.,Ltd လေလံကိစ္စ သတင်းစာရှင်းလင်း

မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက် (Myanmar Makro Industry Co.,Ltd) ဒါရိုက်တာအဖွဲ့မှ သာကေတစည်သွတ်စက်ရုံနှင့် မြေကွက်အား အနှစ်(၃၀) ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ ငှားရမ်းခြင်းကာလ မကုန်ဆုံးမီ လေလံပစ်သည့်
ကိစ္စအပေါ် အဖြစ်မှန်ကို သတင်းနှင့် စာနယ်ဇင်းဆိုင်ရာပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြခြင်းကို ရန်ကုန်မြို့ Central Hotel တွင် ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက် ၉း၀၀မှ ၁၂း၀၀နာရီခန့် အထိ ကျင်းပပြုလုပ်ခဲ့ရာ မီဒီယာ (၆၀)ကျော် တက်ရောက်ခဲ့သည်။
၁၉၉၇ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတို့ သဘောတူချုပ်ဆိုထားသော အငှားစာချုပ်သက်တမ်းသည် ကနဦးငှားရမ်းခြင်း အနှစ်(၂၀)ကာလအတွက် (၁၄.၅.၂၀၁၇) နေ့အထိ အကျုံးဝင်ပြီး ထိုကာလမတိုင်ခင် မွေးမြူရေးနှင့် ရေလုပ်ငန်း
ဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးသက်ဆွေ မှ သာကေတဆီသွတ်စက်ရုံအား မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း သို့ ပြန်လည်လွှဲပြောင်းပေးရန် (၃.၂.၂၀၁၂)ရက်နေ့ နေ့စွဲပါစာကို မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်သို့ ပေးပို့ခဲ့ပြီး အစိုးရမြေတွင် ခွင့်ပြုချက်မရှိပဲ ဆက်လက်နေထိုင်သဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းသို့ မြေ(၄.၇၀)ဧကရှိ သာကေတ စည်သွတ်စက်ရုံအား (၂၅)ရက်အတွင်း ပြန်လည်အပ်နှံပါရန် (၂၁.၆.၂၀၁၂)ရက်နေ့
တွင် ထပ်မံပေးပို့ခဲ့သည်။ ထို့ကြောင့် အငှားစာချုပ်သက်တမ်းကာလ ပြည့်သည့် (၁၄.၅.၂၀၁၇)နေ့အထိ ဆက်လက်လုပ်ကိုင်ခွင့်ရလိုကြောင်း၊ မရရှိပါက အငှားစာချုပ်သက်တမ်းကာလအတွင်း အဆိုပါစက်ရုံနှင့်မြေကွက်ကို ဒေါ်မေအေးမွန်ဆိုသူအား ကျပ်သန်း(၃၂၉၀)ဖြင့် လေလံတင်ရောင်းချခဲ့သည့်အပေါ် အဆိုပါဝန်ကြီးဌာနသို့ တရားစွဲဆိုသွားရန် အစီအစဉ်ရှိကြောင်း ဦးမိုးမြင့်ကျော်(မန်နေးဂျင်းဒါရိုက်တာ) မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်မှ မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

News & Photo From: Burma VJ Media Network
News Link >>https://www.facebook.com/burmavjmedia
အေးချမ်းမွန်

မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက် (Myanmar Makro Industry Co.,Ltd)ဒါရိုက်တာအဖွဲ့မှ သာ
ကေတစည်သွတ်စက်ရုံနှင့် မြေကွက်အား အနှစ်(၃၀)ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ရာမှငှားရမ်းခြင်းကာလ မကုန်
ဆုံးမီ လေလံပစ်သည့်ကိစ္စအပေါ် အဖြစ်မှန်ကို သတင်းနှင့် စာနယ်ဇင်းဆိုင်ရာပုဂ္ဂိုလ်များအား ရှင်းလင်းတင်
ပြခြင်းကို ရန်ကုန်မြို့ Central Hotel တွင် ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက်၉း၀၀မှ၁၂း၀၀နာရီခန့်အထိ ကျင်း
ပပြုလုပ်ခဲ့ရာ မီဒီယာ (၆၀)ကျော် တက်ရောက်ခဲ့သည်။

ကျောင်းကွန်ပျူတာကို Hack လုပ်ပြီး အမှတ်ပြင်ရန်ကြိုးစားသူမိခင် အဖမ်းခံရ

သမီးဖြစ်သူ၏ ရမှတ်အပေါ် စိတ်မကျေနပ်သဖြင့် ကျောင်းရှိကွန်ပျူတာအတွင်းသို့ ခိုးဖောက်ဝင်ရောက်ကာ အမှတ်များကို ပြင်ဆင်သည့်အမှုတစ်ခု အမေရိကန်အထက်တန်းကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့သည်။

ရန်ကြီးအောင်မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားချောက်ထဲထိုးကျ



     မန္တလေးမှ တောင်ကြီးသို့ တက်လာသည့် ခရီးသည်တင် ရန်ကြီးအောင် မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားကြီးသည် ဖေဖော်ဝါရီ ၂၁ရက်နေ့ ၊နံနက်၎း၀၀ နာရီအချိန်တွင် ဟဲဟိုးမြို့ အကျော် ၊တောင်လေးလုံးမရောက်မီ တီကောင်တောင်အကွေ့တွင် ကားဘရိတ်ပေါက်ပြီး တီကောင်တောင်အောက်ရှိ ချောက်ကမ်းပါးအတွင်းသို့ ကားတစ်စီးလုံးထိုးကျသွားခဲ့ကြောင်းသိရသည်။

"အရှုံးထဲမှ အမြတ်ထုတ်ကြသူများ"

"အရှုံးထဲမှ အမြတ်ထုတ်ကြသူများ"
••••••••••••••••••••••••••••••••••
“ပုထုကိလေသေ ဇနေတီတ ပုထုဇ္ဇနော” ကိလေသာတို့ကိုဖြစ်စေတတ်သောကြောင့် ပုထုဇဉ်လို့
ဆိုပါတယ်။

ပုထုဇဉ် ဖြစ်ကြတဲ့လူသားတိုင်းဟာ ကိလေသာလို့ဆိုတဲ့ 
အကုသိုလ်တရားနဲ့ ဘယ်သူမှ မကင်းနိုင်ကြပါဘူး။ 
အနည်းနဲ့အများသာ ကွာခြားပါ လိမ့်မယ်။ ကိလေသာတွေမကုန်သေးသရွေ့အမှားဆိုတာ 
လုံးဝမကင်းနိုင်ကြသေးပါဘူး။
   
တခါတလေ အကြာင်းအမျိုးမျိုးကြောင့် မလွဲမရှောင်သာ 
အမှားတွေ အကုသိုလ်တရားတွေ ပြုမိတတ်ကြပါတယ်။ 
အမှားတွေ ပြုလိုက်မိပြီဆိုရင် မိမိပြုလိုက်တဲ့ အကုသိုလ်
အမှားကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး နောင်မမှားအောင် သင်ခန်းစာယူတတ်ဖို့ လိုပါတယ် ။ 

♦ ငါနောက်တခါ ဒါမျိုးမမှားအောင် ကြိုးစားမယ်ဆိုတဲ့ သတိလေးထားတတ်မယ်ဆိုရင် သတိရှိတဲ့အတိုင်းလည်း
နေမယ်ဆိုရင် လူတော်တစ်ယောက် ၊ လူစွမ်းကောင်းတစ်ယောက်လို့ဆိုနိုင်ပါတယ်။

♦နောက်တစ်ခါ ကိုယ်ကျူးလွန်ခဲ့တဲ့ အကုသိုလ်အပြစ်ကိုပဲ 
အရင်း တည်ပြီး ဆင်ခြင်သတိရှိကာ ဝိပဿနာတရား(တနည်း)ဥာဏ်နဲ့ယှဉ်ပြီး
ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်အထိ အကျိုး ပေးနိုင်ပါတယ်။

♦ ဒါဟာကုသိုလ်ကို အရှုံးမပေး၊ 
အမှားကိုဆင်ခြင်ကာ အရှုံးထဲက အမြတ်ထုတ်လိုက်တာပါပဲ ။ ရှေးပညာရှိသူတောင်ကောင်းတို့ လည်း ဒီလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ကြပါတယ်။ 

ဒါကြောင့် ‘ ပဏ္ဍိတာနဉ္စ သေဝနာ’ ဆိုတဲ့
မင်္ဂလာဒေသနာတော် အတိုင်း ပညာရှိ တို့ကို 
နည်းမှီကာ မိမိတို့လိုအပ်သော ပန်းတိုင်ကို
လျှောက်လှမ်းကြရပါမယ်။

 ♠ “ ရဟန်းတို့ ကိလေသာမည်သည် သေးငယ်သည်မရှိ “လို့မြတ်ဗုဒ္ဓမိန့်တော်မူခဲ့ပါတယ်။ အကုသိုလ်(အပြစ်) 
ကိလေသာ တရားတွေဟာ ငယ်တယ်မရှိပါဘူး။ 
ကိလေသာမှန်သမျှ အကုသိုလ်မှန်သမျှ အပြစ်တွေသာ
ဖြစ်တဲ့ အတွက် ကြောင့် အားလုံးဟာ ကြောက်မက်ဖွယ်ရာ
တွေသာ ဖြစ်ကြပါတယ်။

♠  လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်အချိန်ကဖြစ်ပါတယ်။ ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မဒတ်မင်းအုပ်စိုးစဉ် 
ကာသိ တိုင်း ရွာတစ်ရွာတွင် မိတ်ဆွေနှစ်ဦးတို့သည်
ရေဗူးကိုယ်စီဖြင့် လယ်တောသို့သွားကြကုန်၏။ 
သင့်လျှော်ရာနေရာတစ်ခု၌ ရေဗူးကိုထားကြပြီး 
လယ်ကိုခုတ်ထွင်းကြကုန်၏။

ထိုမိတ်ဆွေနှစ်ဦးတို့တွင် တစ်ယောက်သောသူသည်
ရေသောက်အံ့သောငှာ ရေဗူးရှိရာအရပ်သို့လာ၍
မိမိ ရေဗူးမှ ရေကုန် သွားမည်စိုး၍ မိတ်ဆွေ၏ ရေဗူးကို 
ပိုင်ရှင်မသိဘဲ ခိုးယူသောက်မိလေသည်။
 
ညချမ်းရောက်သောအခါ ရေသန့်စင်ပြီး ယနေ့
ငါ၏သန္တာန်၌ အဘယ်မည်သော မကောင်းမှုသည် 
တည်ရှိနေသ နည်းဟု ဆင်ခြင်လိုက်တဲ့အခါ မိတ်ဆွေ၏
ရေဗူးထဲမှရေကို ခိုးသောက်မိတဲ့အပြစ်ကို မြင်မိလေ
သောကြောင့် ထိန့်လန့်သ ဖြင့် ဤကိလေသာတဏှာသည် တိုးပွားလတ်သော် ငါ့အား အပါယ်ငရဲသို့ ရောက်စေလတ္တံ့ဟု ကြောက်သောစိတ်ဖြင့် ထိုနေရာ၌ မိမိပြုခဲ့သော ကိလေသာ
ကိုပင် အရင်းတည်ကာ ဝိပဿနာတရားအားထုတ်လိုက်တာ တစ်ခဏအတွင်း၌ပင် ပစ္စေက ဗောဓိညဏ်ကို ရရှိခဲ့ပါသည်။

♠ ကာသိရွာ၌ပင် တစ်ယောက်သော သူကြွယ်သည်လည်း 
မိမိအိမ်၌နေစဉ် မိန်းမတစ်ဦးကိုမြင်၍ ဣနြေ္ဒတို့ကိုဖျက်လျက် တစိမ်းစိမ်းကြည့်ကာ ကာမတဏှာဝိတက်များ ကြံမိလေသည်။ 
ဤလောဘ ကာမတဏှာသည် ငါ့အား အပါယ်ငရဲ သို့
ရောက်လတ္တံ့ဟု ထိန့်လန့်သောစိတ်ဖြင့် ထိုလောဘ 
တဏှာကိုပင် အခြေခံကာ ဝိပဿနာတရားအားထုတ်လိုက်တာ 
ထိုနေရာ၌ပင် ကစ္စေက ဗောဓိဥာဏ်ကို ရရှိသွားခဲ့ပါတယ်။

♠ ကာသိတိုင်းမှ တောအုပ်တစ်ခုဝယ် ထကြွသောင်း
ကျန်းနေသော လူဆိုးခိုးသားများသည် သားနှင့်အဖကို
တွေ့ လျှင် သားကိုဖမ်း၍ အဖေကို ဥစ္စာပြန်ယူခိုင်းလေသည်။
တစ်နေ့တွင် ထိုလမ်းခရီးသို့လာခဲ့ကြသော သားအဖိတို့သည် လူဆိုးခိုးသားများ အဖမ်းခံရသောအခါ သင်တို့နှစ်ယောက်သည် 
အဘယ်သို့ တော်စပ်ကြသည်သနည်းဟုမေးလေ၏။ သားအဖိနှစ်ယောက်တို့သည် ခိုးသူများ ဘေးရန်ကြောင့် ဘာမျှမတော်စပ်ကြဟု ညာပြောခဲ့လေသည်။

♠ ထိုတောအုပ်မှပြန်၍ ညချမ်းသောအခါ တစ်နေ့တာ၏ 
အပြောအဆို၊အပြုအမူ၊ အကြံအစည်တွေပေါ်မှာ 
သန့်ရှင်း မှု ရှိ ၊ မရှိကို ပြန်လည်သုံးသပ်လိုက်သောအခါ
နေ့ဘက်က ကျူးလွန်ခဲ့သော မုသာဝါဒကိလေသာအပြစ်ကို
တွေ့မြင်လေ သောကြောင့် ထိန့်လန့်သည်ဖြစ်၍ အပါယ်ငရဲသို့ကျမည်စိုးသဖြင့် ထိုနေရာ၌ပင် ဝိပဿနာတရား အားထုတ်လိုက်တာ ပစ္စေက ဗောဓိဥာဏ်သို့ 
ဆိုက်ရောက်လေတော့သည်။

 ထိုထိုသာဓကများသည် ရှေးသူတော်ကောင်းများ ကျင့်ဆောင်
သွားခဲ့ အရှုံးထဲမှ အမြတ်ထုတ်သွားခြင်းပဲ ဖြစ်ပါ သည်။ 

  ♦♦ စာရှုသူ သူတော်ကောင်းအပေါင်း တို့သည်လည်း 
မိမိကိုယ်ကို "အမြဲစစ်ဆေး" နေဖို့လိုအပ်ပါသည်။  ♦♦

 ♦ အဲဒီလို စစ်ဆေး နေခြင်းသည်
 " မြင့်မြတ်သူတွေရဲ့လုပ်ငန်းတစ်ရပ်ပဲ" ဖြစ်ပါသည်။ 

 ♦ ထို့ကြောင့် မိမိပြုမိခဲ့သော အကုသိုလ်အပြစ်ကိလေသာ
တွေကို အရှုံးမပေးဘဲ သတိဥာဏ်လေးကပ်ပြီး ဝိပဿနာတရားအားထုတ်လိုက်မယ်ဆိုရင် 
တနည်းအားဖြင့် နောင်ဒါမျိုး မဖြစ်အောင်
ကြိုးစားဆင်ခြင်မယ်လို့ စိတ်ဓါတ်လေးပြောင်းလိုက်မယ်ဆိုရင် 
"အရှုံးထဲက အမြတ်ထုတ်လိုက်တာပဲ" ဖြစ်ပါ တယ်။ ♦

 " မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊
 ဖြူအောင် စိတ်ကိုထား" ဆိုသော 
ဘုရားဒေသနာတော် အတိုင်း ဓမ္မမိတ်ဆွေသူတော်ကောင်း
အပေါင်းတို့သည် ဘဝကိုအရှုံးမပေးဘဲ
ရှေးပညာရှိသူတော်ကောင်းတို့၏ နည်းလမ်းအတိုင်းလိုက်နိုင် ရှောင်နိုင်ကြပါစေဟု  ဆန္ဒမွန်ဖြင့် -

(သဗ္ဗသတ္တာနံ သုခိတာ ဟောန္တု)
ဇိနောရသ                                  
[အရှင်ဣန္ဓသီဟ (လှည်းကူး)]
ညွှန်း - ဇာတက နိပါတ်တော်

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

“ပုထုကိလေသေ ဇနေတီတ ပုထုဇ္ဇနော” ကိလေသာတို့ကိုဖြစ်စေတတ်သောကြောင့် ပုထုဇဉ်လို့ ဆိုပါ
တယ်။ ပုထုဇဉ် ဖြစ်ကြတဲ့လူသားတိုင်းဟာ ကိလေသာလို့ဆိုတဲ့ အကုသိုလ်တရားနဲ့ ဘယ်သူမှ မကင်းနိုင်ကြပါဘူး။ အနည်းနဲ့အများသာ ကွာခြားပါ လိမ့်မယ်။ ကိလေသာတွေမကုန်သေးသရွေ့အမှားဆိုတာ လုံးဝမကင်းနိုင်ကြသေးပါဘူး။

"ရေအောက်မြင် အချက်ပြ လေယာဉ်သုံး၍ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေခြင်း မိုးမကျမီ စမည်"

ဓမ္မစေတီ ခေါင်းလောင်း ရှိနိုင်မည့် နေရာများ၌ ခန့်မှန်း ဆယ်ယူခြင်းကို ယခုနှစ် မိုးမကျမီ အကောင်အထည်
ဖော်သွားမည်ဟု ယင်းလုပ်ငန်း၌ ပါဝင် ဆောင်ရွက်နေသူ စာရေးဆရာ ချစ်စံဝင်းက ပြောသည်။လက်ရှိတွင်
 နှစ်ပေါင်း ၄ဝဝ ကျော် အတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသနပြုလျက်ရှိပြီးလိုအပ်သည့်အချက်
အလက် များကို ရှာဖွေ စုဆောင်းနေ သည်ဟု ၄င်းက ပြောသည်။ 

ရပ်ကွက်အသုံးပြု အားကစားကွင်းပြန်လည်ရရှိရေး ပြည်သူ ၆၀၀ ကျော်လက်မှတ်ရေးထိုးတောင်းဆို

Friday, February 22, 2013

သာကေတမြို့နယ်၊ ၄ရပ်ကွက်တောင်ပိုင်း၊ ရပ်ကွက်အသုံးပြုကစားကွင်းကို စည်ပင်သာယာမှ ခြံစည်းရိုးခတ် အဆောက်အအုံ ဆောက်နေမှုကြေင့် ပြန်လည်ရရှိရေးအတွက် ရပ်ကွက်နေပြည်သူ ၆၀၀ ကျော်ခန့် သက်
ဆိုင်ရာဌာန အသီးသီးသို့ လက်မှတ်ရေးထိုး တောင်းဆိုပြီးဖြစ်ကြောင်း အားက စားကွင်း ပြန်လည်ရရှိရေး
ဦးဆောင်သူ ကိုစောဦးက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဝက်ဝံရုပ်များပစ်ချသောလေယာဉ်ကြောင့် ဘီလာရုစ်နယ်စပ် အစောင့်ထောင်ကျ

Friday, February 22, 2013

ဘီလာရုစ်နိုင်ငံသို့ဝင်ရောက်၍ ဒီမိုကရေစီရေးလှုံ့ဆော်သောစာတမ်းများ ချိတ်ထားသည့် ၀က်ဝံရုပ်ရာပေါင်းများစွာကို ကြဲချခဲ့သည့် လေယာဉ်
တစ်စီးကို တားမြစ်ရန်ပျက်ကွက်ခဲ့သည့်အတွက် နယ်စပ်အစောင့်တာဝန်ရှိ သူတစ်ဦးကို ဘီလာရုစ်တရားရုံးတစ်ခုက ထောင်ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချ မှတ်လိုက်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ် ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင် ခရီး သွားရောက်မည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ် ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင် ခရီး သွားရောက်မည်

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဖင်လန် သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဆူလီနီနီ စတို၊ သြစတြီးယား သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဟိန်းဇ် ဖစ်ရှာ၊ အီတလီ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဂျော်ဂျီယို နာပိုလီတာနို၊ နော်ဝေ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျန်း(စ်) စတိုလ်တန် ဘတ်ခ်နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟိုဆေး မန်နျူရယ် ဘာရိုဆိုတို့၏ ဖိတ်ကြားချက် အရ မကြာမီ ကာလအတွင်း နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင် ခရီး သွားရောက်မည် ဖြစ်သည်။

http://bit.ly/XDHxaH

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဖင်လန် သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဆူလီနီနီ စတို၊ သြစတြီးယား သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဟိန်းဇ် ဖစ်ရှာ၊

ကျားဖြူပါတီဥက္ကဌ၏တူသတ်ဖြတ်သည့်တရားခံအား ရုံးချိန်းစစ်ဆေး လူရာကျော်စုဝေးရောက်ရှိ



        သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ပေါက်တိုက်ရပ်ကွက်အတွင်း အသတ်ခံရသော ကျားဖြူပါတီဥက္ကဌ၏တူ အတွက် နှင့် ဒဏ်ရာအပြင်းအထန်ရ ရှိသော သူတယောက်အတွက် တရားခံအား ရုံးချိန်းစစ်ဆေးသည့် ၂ ရက်စလုံး ဒေသခံ တစ်ရာ ကျော်စုဝေးရောက်ရှိ နားထောင်ကြောင်းသတင်းရရှိသည်။

Memory card များနှင့် ပတ်သက်ပြီး သိထားသင့်သည်များ

Memory card တွေဟာ စာဖတ်သူရဲ့ တန်ဖိုးကြီးလှတဲ့ အချက်အလက်တွေကို သိုလှောင် သိမ်း ဆည်းပေးခြင်းအတွက် အရေးပါလှတဲ့အရာ ဖြစ်ပါတယ်။ စာဖတ်သူ အသုံးပြုတဲ့ ထုတ်ကုန်တွေမှာ memory

Google နှင့်တွေးစရာအပိုင်းအစများ

Google သည် အင်တာနက်တွင် တရားမဝင် ခိုးကူးမှုတွေကို ကူညီမှုနဲ့ စွပ်စွဲခံနေရသည်။ ခိုးကူးမှုများကို ထိထိရောက်ရောက် တားဆီးမှု ပြုမည်မပြုမည် ဆိုသည်မှာ တွေးစရာ ဖြစ်လာ၏။ Google တွင် သင်နှစ်သက်သော အဆိုတော်နာမည် သီချင်းနာမည် တစ်ခုခုက "download" နှင့်တွဲကာ ရိုက်ချလိုက်လျှင်

ကျန်းမာရေးကော်မတီ ဒီချုပ်ဖွဲ့စည်း

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၁
ပြည်တွင်းကျန်းမာရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျန်းမာရေးကော်မတီတစ်ရပ် ဖေဖော်ဝါရီ ၂၀ ရက်က ဖွဲ့စည်းလိုက်သည်။ ကျန်းမာရေးကော်မတီတွင် ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာသန်းအေး၊ ဒေါက်တာဒေါ်ရွှေပုံ၊ ဒေါက်
တာကျော်စွာဦး၊ ဒေါက်တာမြသော်စသည့် ကော်မတီဝင် ငါးဦးပါဝင်သည်။

ဖားကန့် စစ်ဘေးဒုက္ခသည်တွေကို UNHCR နဲ့ ဒိန်းမတ်အဖွဲ့က ပစ္စည်းများ စတင်ဖြန့်ဝေ

ဖားကန့် စစ်ဘေးဒုက္ခသည်တွေကို UNHCR နဲ့ ဒိန်းမတ်အဖွဲ့က ပစ္စည်းများ စတင်ဖြန့်ဝေ
Friday, February 22, 2013 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က မစ္စတာ ဒင်စီနဲ့ ဒိန်းမတ်နိုင်ငံက မစ္စတာ မက်ကောနားတို့ ဦးဆောင်တဲ့ အဖွဲ့က ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာက ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက်ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်း
ဆောင်ရွက်နေတဲ့ ဒေသခံ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

“ကုလသမဂ္ဂ မဟာမင်းကြီးရုံး ကနေပြီးတော့မှ ထောက်ပံ့ရေးပစ္စည်းများ မနေ့က ရောက်လာပါတယ်၊ ၃ နာရီ ၁၉ မိနစ်မှာရောက်လာပြီးတော့ လူဦးရေကတော့ ကလေး၊ လူကြီး ၁၀၀၆ ယောက်ရှိပါတယ်၊ ကျနော်တို့ ဆိုင်းတောင်ကိုရော အားလုံးခြုံပြီးတော့မှ ၁၄၀၆ ယောက်စာ ဆန်အိပ်ပေါင်း ၂၅၇ အိတ်၊ ဆီကတော့ ၈၄ ဖာ၊ နောက် ပဲအိတ်များ၊ ဆားများ၊ အဟာရများ
ကို လှူဒါန်းသွားပါတယ် ခင်ဗျ”

အဲဒီ လှူဒါန်းမှုတွေဟာ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာက ကယ်ဆယ်ရေး
စခန်းတွေမှာ လာရောက်ခိုလှုံနေကြတဲ့ ဝှေခါ-မှော်သစ်ကုန်း၊ ဂျန်ဂါနဲ့ မှော်ဂဠုန်ကျေးရွာတွေဘက် စစ်ဘေးဒုက္ခသည်တွေရဲ့ လူဦးရေအချိုးအစားနဲ့ဆိုရင် လိုအပ်ချက်ရှိနေဆဲပဲလို့ ဆက်လက် ပြောပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းဒေသက ကယ်ဆယ်ရေးစခန်းတွေမှာ စစ်ဘေး ဒုက္ခသည် ခုနှစ်ထောင် ဝန်းကျင်ရှိတယ်လို့ စုံစမ်း သိရပါတယ်။

RFA

Friday, February 22, 2013

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က မစ္စတာ ဒင်စီနဲ့ ဒိန်းမတ်နိုင်ငံက မစ္စတာ မက်ကောနားတို့ ဦးဆောင်တဲ့ အဖွဲ့က ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာက ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက်ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်း
ဆောင်ရွက်နေတဲ့ ဒေသခံ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

အိန္ဒိယဗုံးကွဲမှု အမေရိကန် ပြစ်တင်ဝေဖန်

အိန္ဒိယဗုံးကွဲမှု အမေရိကန် ပြစ်တင်ဝေဖန်
Friday, February 22, 2013 

India နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၁၂ ယောက်ထက် မနည်းသေဆုံးပြီး ၇၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မြို့ထဲက လူစည်ကားတဲ့ Dil Sukh ရပ်ကွက်က ရုပ်ရှင်ရုံတခု အပြင်ဖက်နဲ့ အနားက ကားမှတ်တိုင် တခုမှာ ကြာသပတေးနေ့ညပိုင်းက မိနစ်ပိုင်းပဲခြားပြီး ဗုံး ၂ လုံးထက် မနည်းပေါက်ကွဲခဲ့တယ်လို့ ရဲကပြောပါတယ်။ စက်ဘီးတွေမှာ ဗုံးတွေ ထောင်ထားတာဖြစ်တယ်လို့ ရဲကဆိုပါတယ်။

ဒီတိုက်ခိုက်မှုအပေါ် အမေရိကန် အစိုးရက ဝေဖန်ပြစ်တင်လိုက်ပြီး 
India တာဝန်ရှိသူတွေ လိုအပ်တဲ့ အကူအညီမှန်သမျှပေးဖို့ အဆင်သင့်ပဲလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland ကပြောကြားခဲ့ပါတယ်။

ဒီဖေါက်ခွဲမှုတွေဟာ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပြီး အပြစ်ရှိသူတွေကို အရေးယူ သွားမှာဖြစ်တယ်လို့ India ဝန်ကြီးချုပ် Manmohan Singh ကပြောပါတယ်။ အကြမ်းဖက်သမားတွေလုပ်ပုံရတဲ့ ဗုံးခွဲမှုတွေနောက်မှာ ပြည်သူတွေကို တည်တည်ငြိမ်ငြိမ်ရှိကြဖို့လဲ ဝန်ကြီးချုပ်က ပန်ကြားခဲ့ပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ တိုက်ခိုက်မှုတွေနဲ့ ပါတ်သက်လို့ သတင်း အချက်အလက်အသေးစိတ် မသိရသေးပေမဲ့ တိုက်ခိုက်မှု
တခု လုပ်နိုင်ခြေရှိတဲ့ သတင်း အချက်အလက်တွေကိုတော့ ရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး Sushil Kumar Shinde က သတင်းထောက်တွေကို ပြောပါတယ်။ 

ဓာတ်ပုံ - အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးပါက်ကွဲမှုဖြစ်ပွါးစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃။)

News & Photo From: VOA
News Link >>http://burmese.voanews.com/
အေးချမ်းမွန်
ဓာတ်ပုံ - အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးပါက်ကွဲမှုဖြစ်ပွါးစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃။)
Friday, February 22, 2013

India နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၁၂ ယောက်ထက် မနည်းသေဆုံးပြီး ၇၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မြို့ထဲက လူစည်ကားတဲ့ Dil Sukh ရပ်ကွက်က ရုပ်ရှင်ရုံတခု အပြင်ဖက်နဲ့ အနားက ကားမှတ်တိုင် တခုမှာ ကြာသပတေးနေ့ညပိုင်းက မိနစ်ပိုင်းပဲခြားပြီး ဗုံး ၂ လုံးထက် မနည်းပေါက်ကွဲခဲ့တယ်လို့ ရဲကပြောပါတယ်။

တပ်မတော် အရာရှိကြီးများ အတွက် ILO က သင်တန်းဖွင့်မည်

တပ်မတော် အရာရှိကြီးများ အတွက် ILO က သင်တန်းဖွင့်မည်
Friday, February 22, 2013 

မြန်မာနိုင်ငံအတွင်းမှာ အတင်းအဓမ္မလယ်ယာမြေ သိမ်းဆည်း တာတွေနဲ့အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်စေဖို့အတွက် တပ်မတော် အရာရှိကြီးတွေကို မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က လာမယ့် မတ်လဆန်းမှာ ပထမဆုံးအကြိမ် သင်တန်းပေးဖို့ရှိတယ်လို့ စုံစမ်း သိရပါတယ်။

ဒီသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့က စစ်ဦးစီး တက္ကသိုလ်မှာပို့ချပေးမှာဖြစ်ပြီးဒီသင်တန်းနဲ့ပက်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ILOရဲ့ စီမံချက်အရာရှိ ဦးချစ်တင်က RFA ကိုအခုလိုပြောပါတယ်။

"ဒီသင်တန်းက အင်မတန် အရေးကြီးတယ် ဗိုလ်မှုးကြီးတွေ၊ ဒုတိယ ဗိုလ်မှုးကြီးတွေကို ပို့ချရတာဖြစ်ပါတယ်။ အဓိကတော့ စစ်မက်ဖြစ်ပွားတဲ့
ဒေသတွေမှာ ပေါ်တာအဖြစ်နဲ့ ခိုင်းစေမှု မရှိအောင်ရယ်၊ တပ်မတော်က
တစ်ပိုင်တစ်နိုင် မြေယာသိမ်းပိုက်ပြီးရင် နောက်ဆုံး ဖြစ်လာတော့ 
အဓမ္မလုပ်အားပေး ခိုင်းစေမှု ဖြစ်လာတော့။အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ပဲ ဆိုင်ပါတယ် ခင်ဗျာ"

ဒီသင်တန်း ဖွင့်လှစ်ဖို့ကို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO)
အနေနဲ့ အလုပ်သမား ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်း ဆောင်ရွက်ခဲ့ရတဲ့ အပြင်၊မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရဲ့ ဒုတိယ ဌာနေ ကိုယ်စားလှယ်က တပ်မတော် အရာရှိကြီးတွေကို နှစ်ရက်ကြာ ဆွေးနွေးပို့ချမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယနေ့အချိန်ထိ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ အစိုးရစစ်တပ်အတွင်းကကလေးစစ်သား၆၄ဦးကိုမိသားစုထံ ပြန်ပို့ပြီး
ဖြစ်တယ်လို့ သိရပါတယ်။

RFA

Friday, February 22, 2013

မြန်မာနိုင်ငံအတွင်းမှာ အတင်းအဓမ္မလယ်ယာမြေ သိမ်းဆည်း တာတွေနဲ့အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်စေဖို့အတွက် တပ်မတော် အရာရှိကြီးတွေကို မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က လာမယ့် မတ်လဆန်းမှာ ပထမဆုံးအကြိမ် သင်တန်းပေးဖို့ရှိတယ်လို့ စုံစမ်း သိရပါတယ်။