Pages

Wednesday, February 20, 2013

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်နှင့်ပတ်သက်သော အခန်းကဏ္ဍများကို ကူညီပေးရန် ဂျပန်မှလာရောက်ကမ်းလှမ်း

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်နှင့်ပတ်သက်သော အခန်းကဏ္ဍများကို ကူညီပေးရန် ဂျပန်မှလာရောက်ကမ်းလှမ်း


ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ဂျပန်နဲ့ပတ်သက်တဲ့အခန်း ကဏ္ဍများကို ဂျပန်က ကူညီပံ့ပိုးပေးရန် လာရောက်ကမ်းလှမ်းကြောင်းသိရ ပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ဒီဇိုင်နာတစ်ယောက်အဖြစ်
အောင်မြင်ကျော်ကြားနေတဲ့ မြန်မာလူမျိုး ဇာနည်ထူးထူးရဲ့မြန်မာနိုင်ငံကို
အပြန်ခရီးမှာ ဗိုလ်ချုပ်ရုပ် ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ကူညီပေးမယ့်
ဂျပန်ပရိုဂျူဆာလည်း လိုက် ပါလာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှတော့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ ကူညီပေးမယ့်အကြောင်းနဲ့ စပ်လျဉ်း တဲ့ စာနယ်ဇင်းရှင်းလင်းပွဲ
ပြုလုပ်ခဲ့ ပါတယ်။အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲမှာတော့ ဗိုလ်ချုပ်ရုပ်ရှင်
ဇာတ်ကားဖြစ်မြောက်ရေးမှ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဂျပန်နိုင်ငံမှ ဒီဇိုင်နာ မြန်မာလူမျိုးဇာနည်ထူးထူးနဲ့ အတူ ဂျပန်ပရိုဂျူဆာလည်း တက်ရောက်ခဲ့ပါတယ်။

ဂျပန်ပရိုဂျူဆာရဲ့ အဖြေ လေးများကိုတော့ ဇာနည်ထူးထူးက
မြန်မာလိုဘာသာပြန်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ညွှန်းနဲ့ပတ်သက်ပြီးဒါရိုက်တာနဲ့ ပတ်သက်ပြီး လုပ်ဆောင်
နေတဲ့သူတွေ၊ လုပ်ဆောင်ကြမယ့်သူတွေကို ဧပြီလောက်မှာ ဂျပန်ကိုဖိတ်ခေါ်ပြီး ဗိုလ်ချုပ်တည်းခဲ့တဲ့နေရာတွေ၊ ဗိုလ်ချုပ်သွားခဲ့တဲ့
နေရာတွေကို လိုက်ပြသွား မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဇာတ်ညွှန်းပြီး သွားတဲ့အခါမှာလည်း ဂျပန်နဲ့ပတ်သက်ပြီး ဘယ်အပိုင်းတွေကို ကူညီပေးရမလဲဆိုတာ ကိုစီစဉ်ထားကြောင်း ဂျပန်ပရိုဂျူဆာ Satoshi Mashidaက ပြောပါတယ်။ ဂျပန်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍက ဘယ်လောက်များမလဲ၊ ဘယ်လောက် အထိကုန်ကျစရိတ်ရှိလာနိုင်မလဲဆို တာကတော့ ဇာတ်ညွှန်းပြီးတော့မှပဲ သိရမှာဖြစ်ကြောင်း ၄င်းက ထပ် လောင်းပြောပါတယ်။ ဂျပန်အကြောင်းကို ကောင်းအောင်ရေးဖို့၊ မကောင်း တဲ့နေရာကို မပြစေချင်လို့ ဆိုတဲ့စိတ် ထားလုံးဝမရှိပါဘူး။ လိုချင်တာကို ကျွန်တော်တို့ ကူညီပေးမယ်ဆိုတဲ့စိတ် ထားနဲ့
မြန်မာပြည်ကိုလာတာပါ။ ဂျပန်စစ်သားတွေရဲ့ရက်စက်တဲ့ အကြောင်း တွေကို ရိုက်မယ် ဆိုရင်လည်း အဲဒါက အမှန်တရားဆိုရင် ကျွန်တော်တို့ ဘာမှပြောမှာမဟုတ်ပါဘူး။ ကောင်းတဲ့ အရာတွေ
လည်းရှိခဲ့တဲ့အတွက် ကြောင့် ပါ။ အဲဒါက ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားထဲမှာ တအားအရေးကြီးတဲ့ အပိုင်းဖြစ်နေမယ်ဆိုရင်တော့ ထည့်ဖို့လိုတာပေါ့။ အဲဒါကို မကောင်းဘူးဆိုပြီးပြောမှာ မဟုတ်ပါဘူး။ Story ထဲမှာ ဂျပန်ရဲ့ ရက်စက်တဲ့ နေရာက များနေလို့ ကူညီမှုတွေလျှော့ချမယ်ဆိုတဲ့စိတ်ထား မရှိပါဘူး။ အဲဒါကတော့ ဇာတ်ကား ကောင်းလား၊မကောင်းလားပဲ အရေး ကြီးပါတယ်။ Story မှာဂျပန်ရဲ့ အပိုင်းက ဘယ်လောက်ရှိလဲပေါ့။ နည်းရင်လည်းနည်းသလို၊ များရင်လည်း များသလို ကျွန်တော်တို့က ကူညီမှာပါ”လို့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သူတို့ဘက်က စိတ်ရင်း ကိုဂျပန်မှတာဝန်ရှိသူများက ပြောပြခဲ့ပါတယ်။

ဂျပန်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေကိုဂျပန်မှာရိုက်တဲ့အခါ ဂျပန်အစိုးရခွင့်ပြုပေးတဲ့ နေရာတွေမှာပဲ ရိုက်ကူးခွင့် ရမှာလားဆိုတာ ဂျပန်ပရို ဂျူဆာ Satoshi Mashida ကို မေးတော့ “ဂျပန်မှာအစိုးရနဲ့အင်တာတိန်း မန့်က လုံးဝကိုခြားပါတယ်။ airport တို့၊မြို့ထဲတို့၊ရထားတို့ဘာတို့မှာ လမ်းတွ ဘာတွေပိတ်ပြီးတော့ ရှုတင်လုပ်ဖို့အတွက်ကို ဂျပန်အစိုးရက လုံးဝ မကူညီပေးဘူး။
တည်းခိုတာတို့၊တော တို့ဘာတို့မှာရိုက်တာကတော့ အကုန် ရိုက်ခွင့်ပေးပါ တယ်။ သူတို့တားတာ မျိုးတော့ မရှိပါဘူး။ ပြည်သူတွေကို အနှောင့်အယှက်ဖြစ်တာမျိုးတော့ သူတို့မလုပ်စေချင်ဘူး။ဒါပေမဲ့ ဒါရိုက် တာကရိုက်ချင်တဲ့နေရာကို အကုန်လုံး အကူအညီပေးမှာပါ။ စစ်တိုက်တဲ့ ဇာတ်ဝင်ခန်းရိုက်တဲ့အခါမှာတော့ ဂျပန်သံချပ်ကားကို ငှားချင်တယ်ဆို ရင် ဂျပန်ကာကွယ်ရေးစစ် တပ်ရဲ့ ခွင့်ပြုချက်တော့ လိုပါလိမ့်မယ်” လို့ ရှင်းလင်းဖြေကြားခဲ့ပါတယ်။

ဗိုလ်ချုပ် ဇာတ်ကားမှာ ဂျပန်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ဂျပန် ဘက်က ကူညီပေးဖို့ ကမ်းလှမ်းမှုကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးမှ အသိအမှတ်ပြုကြောင်း၊ ဂျပန်နဲ့ပတ်သက်ပြီး ဘယ်လိုအပိုင်းတွေမှာ အကူအညီ တောင်းမယ်ဆိုတာကတော့ ဇာတ် ညွှန်းပြီးသွားမှပဲပြော လို့ရမှာ ဖြစ်ကြောင်း၊ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး ပထမအဆင့်မူကြမ်းကိုတော့
ဖေဖော်ဝါရီလကုန်လောက်မှာ ထုတ်နိုင်အောင် ကြိုးစားနေကြကြောင်း၊ မတ်လထဲ မှာတော့ ဇာတ်ညွှန်းရေးဆရာတွေနဲ့ အတူဒါရိုက်တာတွေပါ ဝိုင်းထိုင်ပြီး ဇာတ်ညွှန်းကို မပြီးပြီးအောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဒါရိုက်တာ
ကြည်ဖြူသျှင်က ပြောပါတယ်။

လင်းအက္ခရာ

 Popular Myanmar News Journal

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ဂျပန်နဲ့ပတ်သက်တဲ့အခန်း ကဏ္ဍများကို ဂျပန်က ကူညီပံ့ပိုးပေးရန် လာရောက်ကမ်းလှမ်းကြောင်းသိရ ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ဒီဇိုင်နာတစ်ယောက်အဖြစ်အောင်မြင်ကျော်ကြားနေတဲ့ မြန်မာလူမျိုး ဇာနည်ထူးထူးရဲ့မြန်မာနိုင်ငံကိုအပြန်ခရီးမှာ ဗိုလ်ချုပ်ရုပ် ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ကူညီပေးမယ့်
ဂျပန်ပရိုဂျူဆာလည်း လိုက် ပါလာခဲ့ပါတယ်။

ဘရာဇီးနိုင်ငံက လည်နေသော တိုက်တစ်လုံး

လည်နေသော တိုက်

ပုံမှာမြင်တွေ့ရတာကတော့ ဘရာဇီးနိုင်ငံမှာရှိတဲ့ Suite Vollard ကုမ္ပဏီမှ တည်ဆောက်ခဲ့တဲ့ တိုက်ဖြစ်ပါတယ်။ 

ယင်းတိုက်ဟာ ၁၁ ထပ်ရှိပြီး တစ်ထပ်စီ တစ်ထပ်စီဟာ ၃၆၀ ဒီဂရီ လည်ပတ်လို့ရပါတယ်။ အဲဒီလိုလည်ပတ်နိုင်အောင် စက်ခန်းတစ်ခုမှ ထိမ်းချုပ်ပေးထားမှာ ဖြစ်ပြီး တစ်ပတ်အပြည့် လည်ဖို့အတွက် တစ်နာရီ တိတိ ကြာမြင့်မှာ ဖြစ်ပါတယ်။ တိုက်ကို ဖန်သုံးမျိုးနဲ့ အသုံးပြု အလှဆင် ထားပြီး လည်နေတဲ့အခါမှာ အင်မတန်လှပတဲ့ effect တွေပေးစွမ်းမှာ ဖြစ်ပါတယ်။ 

တစ်ထပ်ထစ်ထပ်စီရဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ သုံးသိန်း ရှိတယ်လို့ သိရပါတယ်။

Ref:Do-you-know
International news for myanmar

---
http://www.innewsmyanmar.com/2013/02/blog-post_5068.html

--

ပုံမှာမြင်တွေ့ရတာကတော့ ဘရာဇီးနိုင်ငံမှာရှိတဲ့ Suite Vollard ကုမ္ပဏီမှ တည်ဆောက်ခဲ့တဲ့ တိုက်ဖြစ်ပါ
တယ်။ ယင်းတိုက်ဟာ ၁၁ ထပ်ရှိပြီး တစ်ထပ်စီ တစ်ထပ်စီဟာ ၃၆၀ ဒီဂရီ လည်ပတ်လို့ရပါတယ်။

ပွဲလန့်တုန်းဖျာခင်း ကချင်ပဋိပက္ခကာလကို နင်း၍ တရားမဝင် သစ်ခိုးထုတ်ခြင်းများ ရှိနေ

“ပွဲလန့်တုန်းဖျာခင်း ကချင်ပဋိပက္ခကာလကို နင်း၍ တရားမဝင် သစ်ခိုးထုတ်ခြင်းများ ရှိနေ”

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ကချင်ဒေသ မအေးချမ်းမှုကို အခွင့်ကောင်းယူကာ တရားမဝင်သစ်ခိုးယူ ထုတ်လုပ်မှု အမြောက်အမြားရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
”ဒီကာလထဲမှာ ဖမ်းဆီးမိခဲ့ တာက ၃ဝဝ၊ ၄ဝဝ လောက်ရှိ တယ်။ သစ်ခိုးထုတ်နေတာတွေကို ပေါ့။ စာရင်းတွေလည်း လုပ်ထားပါတယ်။ တရုတ်နိုင်ငံသားတွေလည်း ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပေါ်ပြူလာနယူးစ်နှင့် တွေ့ဆုံစဉ် ပြောသည်။
သစ်ခိုးထုတ်နေမှုအပေါ် တား ဆီးခဲ့သော သစ်တောဝန်ထမ်းတို့ကို ပင် သေနတ်ဖြင့်ပစ်သတ်မှုမျိုးအထိ ရှိခဲ့သည်ဟု ဒုတိယဝန်ကြီးက ထပ်လောင်းပြောသည်။
နှစ်စဉ်တရားမဝင်သစ်ခိုးထုတ် မှုအပေါ် ဖမ်းဆီးရမိခဲ့သည့် ၄ဝ ရာခိုင်နှုန်းခန့်မှာ ကချင်နှင့် ရှမ်း ပြည်နယ် (မြောက်ပိုင်း) ဒေသများမှ ဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။
သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ”ဖော်ပြတဲ့ ဒေသတွေမှာ တစ်နိုင်ငံလုံးဖော် ထုတ်ဖမ်းဆီးမှုရဲ့ ပျဉ်းမျှ ၃၈ ရာခိုင် နှုန်းခန့်ရှိနေတယ်”ဟုပြောသည်။
တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် စီးပွားရေးဆုံးရှုံးမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေခဲ့ရာ မိမိတို့ ဝန် ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်များအား အထူးအလေးထား ဆောင်ရွက်နေကြောင်း၊ အရှေ့ မြောက် နယ်စပ်ဒေသများဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) တို့ကို ပိုမိုအလေး ထားဂရုပြုနေကြောင်း ၄င်းကဆက် ပြောသည်။
သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တရားမဝင် ခိုးယူ ထုတ်လုပ်မှုတို့ကို တားဆီး ကာကွယ်ရာတွင် ဝန်ထမ်းများအား အန္တရာယ်မပြုနိုင်ရေးကို နည်းလမ်း
လေးသွယ်ဖြင့် တားဆီးကာကွယ်မှု အရှိန်အဟုန်မပျက်စေရန် လုပ် ဆောင်နေကြောင်း ထပ်လောင်းဆို သည်။
”နယ်မြေသတင်းတွေကို ထောက်လှမ်းရယူတယ်။ တရားမဝင် သစ်ခိုးယူတဲ့လမ်းကြောင်းကို လေ့လာဖော်ထုတ်ပြီးမှ လုံခြုံမှုရှိတဲ့နေရာမှာ ပိတ်ဆို့အရေးယူတယ်။ ရတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး အင်အားစုဖွဲ့ အရေးယူဆောင်ရွက်တဲ့အပြင်ကို လုံခြုံရေးအရ ဂရုပြုရတဲ့ဒေသတွေမှာ ဆောင်ရွက်ရတဲ့အခါမှာ လုံခြုံရေး အကူအညီ ယူတယ်”ဟု ၄င်းကရှင်းပြသည်။

PN – 051

အေးချမ်းမွန်(အဲဆာန်မန်) မှPopular Myanmar News Journal တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်
ဆိုင်ကယ်တွေနဲ့လဲ ဒီလိုတရားမ၀င်သစ်တွေ ခိုးထုတ်နေတယ်
န်ကုန်၊ ဖေဖော်ဝါရီ ၁၈

ကချင်ဒေသ မအေးချမ်းမှုကို အခွင့်ကောင်းယူကာ တရားမဝင်သစ်ခိုးယူ ထုတ်လုပ်မှု အမြောက်အမြားရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။”ဒီကာလထဲမှာ ဖမ်းဆီးမိခဲ့ တာက ၃ဝဝ၊ ၄ဝဝ လောက်ရှိ တယ်။ သစ်ခိုးထုတ်နေတာတွေကို ပေါ့။ စာရင်းတွေလည်း လုပ်ထားပါတယ်။ တရုတ်နိုင်ငံသားတွေလည်း ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပေါ်ပြူလာနယူးစ်နှင့် တွေ့ဆုံစဉ် ပြောသည်။

"ရုပ်ရှင်နှင့် အတတ်ပညာရှင် (၂၁)ဦးပါဝင်သည့် အဖွဲ့သည် ရုပ်ရှင် နည်းပညာပိုင်း ဆိုင်ရာများ လေ့လာဆွေးနွေးရန် အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ထွက်ခွာ"

"ရုပ်ရှင်နှင့် အတတ်ပညာရှင် (၂၁)ဦးပါဝင်သည့် အဖွဲ့သည် ရုပ်ရှင် နည်းပညာပိုင်း ဆိုင်ရာများ လေ့လာဆွေးနွေးရန် အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ထွက်ခွာ"


ထိုင်းနိုင်ငံ ၊ ဘန်ကောက်ရှိ Gear Head ရုပ်ရှင်နည်းပညာပိုင်း ဆိုင်ရာ ကုမ္ပဏီ ၏ ကမ်းလှမ်းဖိတ်ေ...ခ်ါမှု အရ (၃)ရက်တာ ကြာမြင့်မည့် ရုပ်ရှင် နည်းပညာဆိုင်ရာ workshop ကို တက်ရောက်ရန်အတွက် ရုပ်ရှင်အနုပညာရှင် နှင့် အတတ်ပညာရှင် (၂၁)ဦးသည်
ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက် (၆:၃၀) က ထိုင်း အဲဝေးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"(၃) ရက်မှာ ပါလာတဲ့လူတွေ နှစ်အုပ်စုခွဲရမယ်။ တစ်အုပ်စုကတော့ အစ၊အဆုံး နည်းပညာပိုင်း သင်ကြားပေးမှုကို တတ်ရမယ်။ ပရိုဂျူဆာ၊ ဒါရိုက်တာတွေကတော့ side visit ကို သွားရမယ်။ သူတို့ရဲ့ ပစ္စည်းတွေကို On Set ဘယ်လိုသုံးသလဲဆိုတာကို ကြည့်ရမှာပါ။
အဓိကကတော့ lighting ပစ္စည်းတွေ၊ အသံပိုင်းဆိုင်ရာ ပစ္စည်းတွေကို စတဲ့ဟာတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ ကို ပြသဆွေးနွေးသွားမှာပါ။" ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို လိုက်ပါသွားသည့် ဒေါ်ဆွေဇင်ထိုက် က ရှင်းပြသည်။

အဆိုပါခရီးစဉ်ကို လိုက်ပါသွားသည့် (၂၁)ဦးတွင် ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ဒါရိုက်တာ မီးပွား၊ ဒါရိုက်တာ အောင်ကိုလတ်၊ ဒါရိုက်တာ အဏ်ထော်ဏီ၊ ဒါရိုက်တာ မျိုးဇော်အောင်၊ ဒါရိုက်တာ ၀င်းထွန်းထွန်း၊ ဒါရိုက်တာ မလိခစိုးထိုက်အောင်၊ လူမင်း၊ ဒေါ်ဆွေဇင်ထိုက်၊
ကင်မရာမန်း ဦးတင့်ဆန်း၊ ခင်စန္ဒာမြင့်၊ ဒေါ်မြင့်မြင့်ခိုင်၊ ဇော်မင်း (ဟံသာမြေ) တို့ပါဝင်လိုက်ပါသွားခဲ့ကြပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အထိကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းနှင့် အတွင်းရေးမှူး ဦးဝင်းကြည်တို့က လိုက်ပါပို့ဆောင်ပေးခဲ့သည်။

အေးချမ်းမွန်(အဲဆာန်မန်) မှ Popular Myanmar News Journal  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်ရှိ Gear Head ရုပ်ရှင်နည်းပညာပိုင်း ဆိုင်ရာ ကုမ္ပဏီ ၏ ကမ်းလှမ်းဖိတ်ေ...ခ်ါမှု အရ (၃)ရက်တာ ကြာမြင့်မည့် ရုပ်ရှင် နည်းပညာဆိုင်ရာ workshop ကို တက်ရောက်ရန်အတွက် ရုပ်ရှင်အနုပညာရှင် နှင့် အတတ်ပညာရှင် (၂၁)ဦးသည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက် (၆:၃၀) က ထိုင်း အဲဝေးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

မျက်နှာပေါ်ရှိမှဲ.များ မှာပြောပြနေတဲ့ အရာလေးတွေ

မျက်နှာပေါ်ရှိမှဲ.များ 



ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်...
ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

နံပါတ် ၁မှ၃
ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါ တီထွင်ကြံဆဥာဏ်ရှိပြီး လွတ်လပ်ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင်လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့အထက်အရာရှိက သင့်ရဲ့တွေးခေါ်ဆန်းသစ်လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ သူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။


နံပါတ် ၎
သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင် ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုး ပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ် အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့်ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့ အဲဒီအကျင့်လေးသာ ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅
မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ ဒါပေမယ့် သူများထက်တော့ ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ ကြံစည်ကြပါလိမ့်မယ်။ သင့်ရဲ့ အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့ သတိပေးပါရစေ။ သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီး သတိဝိရိယနဲ့နေပါ။ ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအား မချုပ်ကိုင်ပါစေနဲ့။

နံပါတ် ၆
ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကို ချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ ကံပါလာပြီးသား။ ဒါပေမဲ့ သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီး ရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။

နံပါတ် ၇
မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ ကတောက်ကဆ စကားများတတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။

နံပါတ် ၈
ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့အတွက်ကြောင့် အမြဲအလိုလို ငွေကြပ်နေတတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။ အလားတူ အဲဒီမှာမှဲ့ရှိတဲ့သူဟာ ဆန့်ကျင်ဘက်လိင်ကိုသာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့ အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀
နှာခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့ သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁
ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။

နံပါတ် ၁၂
ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ်မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်းမယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃
သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄
ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ တချို့အစားအစာနဲ့ ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင် ဖြစ်တတ်ပါတယ်။

နံပါတ် ၁၅
သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင်မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ်ကို သုံးရတာ၊ နေရာအသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာထဲမှာ ကြာကြာနေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။


နံပါတ် ၁၆
သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ ချစ်ရေးချစ်ရာမှာ စိတ်ပါဝင်စားပြီး ချစ်သူကို တယောက်မက ထားတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ်လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

နံပါတ် ၁၇
သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈
သင်ဟာ အမြဲတမ်းခရီးထွက်နေရမဲ့သူ ဖြစ်တယ်။ သင့်ဘဝမှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။ ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉
သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲဆောင်မှုနောက်သို့ အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာ အဲဒါက သင့်ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေးကို ကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစားဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူအဖြစ် မှတ်ယူရမဲ့ အမှတ်အသားတခုပါပဲ။

နံပါတ် ၂၁
ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျော်ကြားမှုနဲ့ အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂
သင့်ဘဝဟာ အမြဲ ပျော်ရွှင်နေပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါတယ်။ သင်ဟာ အားကစားကို ဝါသနာထုံသူဖြစ်ပါက စူပါစတားအားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ မျက်ခုံးမွေးအဆုံးမှာရှိတဲ့ မှဲ့ပိုင်ရှင်များဟာ သြဇာတိက္ကမရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အရာရှိတယောက်ဆိုပါက ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၂၃
သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန်ရပ်တည်ရမလဲဆိုတဲ့ ရင့်ကျက်တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိရှိ၊ သက်တမ်းရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက်အိုမင်းလာသည့်တိုင်အောင် တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄
သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့ အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့် အိုမင်းတဲ့အခါ အထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ အဆိုပါမှဲ့ပိုင်ရှင်များဟာ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ် ၂၅
သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။
သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုးစီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။

(http://itmanhome.blogspot.com)

ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်...
ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

တပ်မတော်နဲ့ ပါတ်ီတွေ တိုင်ပင်လုပ်ကိုင်ရင် တိုးတက်မှုရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တွေ
့ဆုံပြီး နွေးနွေးထွေးထွေး တိုင်ပင်ဆောင်ရွက်ရင်တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်လို့ဒီကနေ့ ထပ်မံပြောကြား
 လိုက်ပါတယ်။

ရဲဘော်သုံးကျိပ် စာရင်းအပြည့်အစုံ

ရဲဘော်သုံးကျိပ် စာရင်း
(တစ်ချို့ အထင်လွဲနေမှာစိုးလို့ ထပ်ဖြည့်တာပါ ..... မူရင်းစာအုပ် ထဲကကို ယူထားတာပါ .... မူရင်းစာရင်းမှာ ဒီအတိုင်းပါပဲ .... ရေးထားတာတော့ ဦးနေ၀င်းခေတ်က စာရင်းဆိုတော့ သူက အပေါ်ကဖြစ်နေတာပါ .... ဗိုလ်ချုပ်ကတော့ အပေါ်ဆုံးကပဲထားရမှာလို့ သိတတ်နေသေးတာဖြစ်မှာပါ .... ကျန်တဲ့သူတွေကိုတော့ အက္ခရာစဉ်အလိုက် စီထားတယ် ပြောပါတယ်။ အမြင်စူးရှတာ ၀မ်းသာပါတယ်ဗျာ .... ကျွန်တော် ရှင်းပြခွင့်ရတာပေါ့ .... အားလုံးကျေးဇူးပါ....)

ရဲဘော်သုံးကျိပ် စာရင်းအပြည့်အစုံကိုဖော်ပြပေးလိုက်ပါတယ်။မူရင်းစာအုပ် ထဲကကို ယူထားတာပါ .... မူရင်းစာရင်းမှာ ဒီအတိုင်းပါပဲ။ ရေးထားတာတော့ ဦးနေ၀င်းခေတ်က စာရင်းဆိုတော့ သူက အပေါ်ကဖြစ်နေတာပါ။

ရုရှားနိုင်ငံ ယူရဲလ်ဒေသ၌ ကျရောက်ခဲ့သော ဥက္ကာခဲအပိုင်းအစများကို စတာလင်ပေါင် ၆၅၀၀ အထိ ဈေးခေါ်ထားသောကြောင့် လူများအလုအယက်ရှာဖွေနေ

ရုရှားနိုင်ငံ ယူရဲလ်ဒေသ၌ ကျရောက်ခဲ့သော ဥက္ကာခဲအပိုင်းအစများကို စတာလင်ပေါင် ၆၅၀၀ အထိ ဈေးခေါ်ထားသောကြောင့် လူများအလုအယက်ရှာဖွေနေ
Wednesday, February 20, 2013

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရုရှားနိုင်ငံ ယူရဲလ်ဒေသ အထက်
ကောင်းကင်၌ တန်ချိန် ၄၀ ခန့်ရှိသော ဥက္ကာခဲကြီး ပေါက်ကွဲခဲ့ပြီးနောက် စတာလင်ပေါင် သောင်းချီလျက် တန်ဖိုးရှိနိုင်သည့် ဥက္ကာခဲ အပိုင်းအစများကို လူများ အလုအယက်ရှာဖွေ နေကြကြောင်း သိရသည်။ 
... 
ဥက္ကာခဲ အပိုင်းအစများကို ဈေးခေါ်မှုများသည် ရုရှားကြော်ငြာဝက်ဘ်ဆိုက်
တစ်ခုဖြစ်သော Avito.Ru ၌ စတင်ပေါ်လာခြင်း ဖြစ်သည်။

ယင်းတွင် ၀က်ဘ်ဆိုက်အသုံးပြုသူတစ်ဦးက အပိုင်းအစတစ်ခုကို စတာလင်ပေါင် ၆၅၀၀ ဖြင့် ဈေးခေါ်ထားသော်လည်း အခြားတစ်ဦးကမူ အစအန ၁၈ ခုအား တစ်ခုလျင် ၁၁ ပေါင်စီဖြင့် ဈေးခေါ်ထားသည်။

အတော်အတန်ကြီးမားသည့် ဥက္ကာခဲကြီးတစ်ခဲ ပြုတ်ကျခဲ့သော
ရေခဲနေသည့် ရေအိုင်တစ်ခုဘေး၌ ဒေသခံအများအပြား စုဝေးကာ ဥက္ကာခဲအစအန ရှာပုံတော်ထွက်နေကြသည်ဟု ဆိုသည်။ 

ဥက္ကာခဲကြီးသည် ကမ္ဘာမြေလေထုအတွင်းသို့ တစ်နာရီလျင် ၃၃၀,၀၀၀ မိုင်နှုန်းထက် မနည်းသော အမြန်နှုန်းဖြင့် ၀င်ရောက်လာခဲ့ပြီး ပေါက်ကွဲခဲ့ရာ အချင်း ပေ၅၀ရှိသော ယင်းဥက္ကာခဲက ၎င်းအရှေ့ရှိ လေထုကို ဖိနှိပ်ခဲ့သောကြောင့် အပူချိန် ကြောက်ခမန်းလိလိ မြင့်တက်ခဲ့သည်။ 

ယင်းပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၉:၂၀ နာရီ၌ ဖြစ်ပေါ်ခဲ့ပြီး အချိန်အနည်းငယ် လွဲသွားခဲ့ပါက ဗြိတိန်နိုင်ငံရှိ လူနေထူထပ်သော
နေရာသို့ ကျရောက် ပေါက်ကွဲနိုင်ဖွယ်ရှိသည်ဟု ပညာရှင်တို့က ခန့်မှန်း
ပြောကြားခဲ့သည်။

Ref: Daily Mail
Eleven Media Group
February 20, ACM 2013
အေးချမ်းမွန်(အဲဆာန်မန်) မှ  Myanmar Online News တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

Wednesday, February 20, 2013

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရုရှားနိုင်ငံ ယူရဲလ်ဒေသ အထက် ကောင်းကင်၌တန်ချိန်၄၀ ခန့်ရှိသော ဥက္ကာ
ခဲကြီး ပေါက်ကွဲခဲ့ပြီးနောက် စတာလင်ပေါင် သောင်းချီလျက် တန်ဖိုးရှိနိုင်သည့် ဥက္ကာခဲ အပိုင်းအစများကို လူ
များ အလုအယက်ရှာဖွေ နေကြကြောင်း သိရသည်။

မသန်စွမ်းကျောင်းသူ မစုပုံချစ် သြစတြေးလျတက္ကသိုလ် ပညာသင်ဆုရရှိ

မသန်စွမ်းကျောင်းသူ မစုပုံချစ် သြစတြေးလျတက္ကသိုလ် ပညာသင်ဆုရရှိ

မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစုပုံချစ်သည် သြစတြေးလျနိုင်ငံတွင် မဟာတန်းတက်ရောက်ရန် ပညာသင်ဆု ရရှိသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မွေးရာပါ လက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့သည့်အတွက် ခြေထောက်ဖြင့် စာရေးခဲ့သည့် မစုပုံချစ်အား ငယ်စဉ်ကပင် နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများမှတစ်ဆင့် အများပြည်သူ ရင်းနှီးခဲ့သူတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ပြည်ပတက္ကသိုလ်တွင် ပထမဆုံးပညာသင်ဆုရရှိသည့် ပထမဆုံးသော မသန်စွမ်းတစ်ဦးဖြစ်ကြောင်း မစုပုံချစ်က ဂုဏ်ယူစွာပြောပြသည်။

“မြန်မာနိုင်ငံမှာ ဥပဒေတွေ၊ အခွင့်အရေးတွေ အရေးပါလာပြီ။ အဲဒီတော့ မသန်စွမ်းတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေအတွက် ဦးဆောင်ပေးချင်လို့ အခုလို ကျောင်းသွားတက်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်”ဟု ပြည်ပမထွက်ခွာမီ တစ်ရက်အလိုတွင် ၎င်းကပြောကြားသည်။

သူမ သွားရောက်ပညာသင်မည့် တက္ကသိုလ်မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ New South Wales တက္ကသိုလ်ဖြစ်ပြီး Master of Policy Studies ကို ၁၈ လကြာ တက်ရောက်သင်ကြားမည်ဖြစ်သည်။

ယင်းကဲ့သို့ ပညာသင်ဆုရရှိရန် နှစ်နှစ်ဆက်တိုက် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်တွင်မှ ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

မစုပုံချစ်သည် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်ခဲ့ပြီး သတင်းနှင့် နည်းပညာအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကာ လက်ရှိတွင် သတင်းနှင့် နည်းပညာအင်ဂျင်နီယာ မဟာဘွဲ့သင်တန်းကို တက်ရောက်နေဆဲ ကျောင်းသူတစ်ဦးဖြစ်သည်။

လက်ရှိ တက်လက်စကျောင်းကို ရပ်နားခွင့်တင်ပြီး ပညာတော်သင်သွားမည်ဖြစ်ကာ ပြည်ပမှ ပြန်လည်ရောက်ရှိမှသာ နည်းပညာမဟာဘွဲ့သင်တန်းကို ဆက်လက်တက်ရောက်မည်ဖြစ်သည်။

အေးချမ်းမွန်(အဲဆာန်မန်) မှ7Day News Journalတွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးဖြစ
်သည့် မစုပုံချစ်သည် သြစတြေးလျနိုင်ငံတွင် မဟာတန်းတက်ရောက်ရန် ပညာသင်ဆု ရရှိသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတစီးလာသော ရဟတ်ယာဉ် စက်ချို့ယွင်း

ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သောနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ခရီးစဉ်တွင် ရဟတ်ယာဉ်တစ်စီးမှာ ဟားခါးမြို့ သို့ ရောက်ရှိခဲ့ပြီးမှစက်ချို့ယွင်းခဲ့ကာယခုအချိန်ထိ ပြင်ဆင်နေရဆဲဖြစ်ကြောင်း ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူးကအတည်ပြုပြောကြားသည်။

စက်ဘီးဖြင့် ကမ္ဘာတစ်ပတ် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိသျှ စုံတွဲ ထိုင်းနိုင်ငံတွင် ကားတိုက် ခံရပြီး သေဆုံး

စက်ဘီးဖြင့် ကမ္ဘာတစ်ပတ် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိသျှ စုံတွဲ ထိုင်းနိုင်ငံတွင် ကားတိုက် ခံရပြီး သေဆုံး

ကမ္ဘာ တစ်ပတ်ကို စက်ဘီးဖြင့် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိန် နိုင်ငံမှ စက်ဘီး စီးသမား စုံတွဲ ဖြစ်သော ပီတာရုထ်နှင့် မာရီသွန်ဆန်တို့ စုံတွဲသည် ထိုင်းနိုင်ငံ ဗန်ကောက် ပြည်နယ် အရှေ့ပိုင်းတွင် ယာဉ်တိုက်မှု ကြောင့် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုံတွဲသည် ၎င်းတို့၏ ကမ္ဘာပတ် စက်ဘီးစီး ခရီးစဉ်ကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လက စတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပ တစ်ဝန်း၊ အရှေ့ အလယ်ပိုင်း ဒေသနှင့် တရုတ် နိုင်ငံတို့ကို စက်ဘီးစီး၍ ဖြတ်ကျော် ခဲ့သည်။

ပီတာရုထ်တို့ စုံတွဲသည် ထိုင်းနိုင်ငံ အတွင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် လမ်းတစ်ခုတွင် ဖေဖော်ဝါရီ ၁၃ ရက်က ပစ်ကပ်ကား တစ်စီး၏ ဝင်တိုက်မှုကို ခံရပြီး အသက် ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တယ်လီဂရပ် သတင်း ဌာန က ဖော်ပြခဲ့သည်။

ပီတာတို့ စုံတွဲသည် စက်ဘီးဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံကို သွားလာခဲ့သည့် ဓာတ်ပုံများနှင့် ဗီဒီယို မှတ်တမ်း များကို ၎င်းတို့၏ ဝက်ဘ်ဆိုက် များတွင် ဖော်ပြခဲ့သည်။

ပီတာရုထ်သည် နယူးဂျာစီ ပြည်နယ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ဂန်ဆီတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ မာရီသွန် ဆန်သည် ဘရစ်စတိုလ် မြို့သူတစ်ဦး ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် လွန်ခဲ့သည့် ၁၄ နှစ်ခန့်က ကွန်ဝေါလ်ကောင်တီ ဖားမောင့်တ်မြို့ရှိ အနုပညာ ကျောင်း တွင် စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

http://bit.ly/133lD5z

ကမ္ဘာ တစ်ပတ်ကို စက်ဘီးဖြင့် ပတ်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိန် နိုင်ငံမှ စက်ဘီး စီးသမား စုံတွဲ ဖြစ်သော ပီတာရုထ်နှင့် မာရီသွန်ဆန်တို့ စုံတွဲသည် ထိုင်းနိုင်ငံ ဗန်ကောက် ပြည်နယ် အရှေ့ပိုင်းတွင် ယာဉ်တိုက်မှု ကြောင့် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်- မော်လမြိုင် ရထားတစ်စင်းကျွဲခြံနှင့် ပေါင် ဘူတာအကြား၌ လမ်းချော်မှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
 
ရထားအမှတ် ၉၀ ရန်ကုန်- မော်လမြိုင် အစုန်ရထားတစ်စင်းသည် ယနေ့နံနက် ၉ နာရီ ၂၆ မိနစ်အချိန် တွင် ကျွဲခြံဘူတာနှင့် ပေါင်မြို့ဘူတာအကြားတွင် ရထားတွဲလမ်းချော်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာနမှ သတင်း ရရှိသည်။“စက်ခေါင်းရဲ့အနောက်ဖက်က ကပ်လျက် ရိုးရိုးတန်းတွဲနဲ့ ကပ်နေတဲ့ ဒုတိယမြောက်အထက်တန်းတွဲ လမ်းချော်သွားတာပါ။ လမ်းရဲ့ ၀ဲဖက်ကို ၆၀ ဒီကရီလောက် ယိုင်သွားတယ်။

ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းမှ ပြည်သူများရဲ့ ဆန္ဒဖော်ထုတ်မှု

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းအား သီရိမင်္ဂလာဈေးဟောင်း မြေညီထပ်သို့ ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သော်လည်း လုံးဝမပြောင်းရွှေ့ရသည်အထိ ဆန္ဒဖော်ထုတ်သွားမည်ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းမှ မပြောင်းရွှေ့ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ပြောသည်။

သီရိမင်္ဂလာဈေးဟောင်းနေရာသို့ ရွှေ့ပြောင်းရန်အတွက် ကားဝယ်ရောင်းများ၊ ကားပွဲစားများ၊ ကားရေဆေးဆီထိုး လုပ်ငန်းများနှင့် စားသောက်ဆိုင်များက လုံးဝလက်ခံခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခွဲတွင် ဟံသာဝတီကားရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဆန္ဒပြခဲ့ကြသည်။

"၁၆ ရက်နေ့စာမှာက ရုံးတံဆိပ်မပါဘူး။ တာဝန်ရှိသူရဲ့ လက်မှတ်မပါဘူး။ ပြီးတော့ သူတို့ပြောတဲ့နေရာက ဒီမှာ နေ့စဉ်ဝင်ထွက်နေတဲ့ ကားတွေအတွက် နေရာမလောက်ဘူး"ဟု မပြောင်းရွှေ့ရေးကော်မတီမှ ကိုအောင်မြတ်ကပြောသည်။

ဟံသာဝတီကားရောင်းဝယ်ရေး စခန်းအတွင်းရှိ ဈေးသည် ဒေါ်မြင့်မြင့်ဝင်းက "ဈေးသည်တွေရဲ့ ဘ၀ကို ကြည့်ဦးလေ။ ဒီလို ချက်ချင်းကြီးလုပ်တော့ ဘယ်လိုလုပ်ကိုင်ပြီး စားရသောက်ရမလဲ"ဟု ပြောသည်။

နေရာရွှေ့ပြောင်းရသည့်အတွက် မော်တော်ယာဉ်ရောင်းဝယ်ရေးအား ထိခိုက်စေမည် မဟုတ်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက "ငါးရက်တည်း အချိန်ပေးပြီး လုပ်ကတည်းက သိပ်သဘာဝမကျဘူး။ ကျွန်တော် ဒီနေ့အချိန်မီရင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီသွားပြီး ဒီကိစ္စအတွက် စာတင်ပေးပါ့မယ်"ဟု ပြောကြားခဲ့သည်။

ဓာတ်ပုံ- ရဲနောင်
ဓာတ်ပုံ- ရဲနောင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းအား သီရိမင်္ဂလာ
ဈးဟောင်း မြေညီထပ်သို့ ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သော်လည်း လုံး
ဝမပြောင်းရွှေ့ရသည်အထိ ဆန္ဒဖော်ထုတ်သွားမည်ဟုဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ မပြောင်းရွှေ
့ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ပြောသည်။

“ဟံသာဝတီကားဝင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်သူများ စီတန်းလှည့်လည် ခွင့် တောင်းဆို”

“ဟံသာဝတီကားဝင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်သူများ စီတန်းလှည့်လည် ခွင့် တောင်းဆို”

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ဟံသာဝတီကားဝင်းပြောင်းရွှေ့မှုနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်သူများမှ စီတန်းလှည့်လည်ခွင့်ပါ တောင်းဆိုထားကြောင်း ၎င်းတို့ထံမှ သိရသည်။

“ကျွန်တော်တို့ ခွင့်ပြုမိန့်တောင်းဆိုထားပါတယ်။ ခွင့်ပြုမိန့်ကျကျ မကျကျ ကျွန်တော်တို့ ကတော့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သွားမှာပါ” ဟု အဆိုပါ ကားဝင်း မပြောင်းရွှေ့ရေး ကော်မတီမှ ဦးမင်းကိုကပြောသည်။

ယင်းကဲ့သို့ စီတန်းလှည့်လည်ခွင့်အား သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ခွင့်ပြုမိန့် တောင်းခံ ထားဆဲသာ ဖြစ်ပြီး ၎င်းတို့အနေဖြင့် မြို့တော်ခန်း မရှေ့ဖြစ်စေ ရန်ကုန်တိုင်း လွှတ်တော် သို့ ဖြစ်စေ စီတန်းလှည့်လည်ခွင့် ရရှိရေးနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်ပြီး ခွင့်ပြုမိန့် ရရှိပါက ယခုလ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။

PNews

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ဟံသာဝတီကားဝင်းပြောင်းရွှေ့မှုနှင့်ပတ်သက်သည့်ဆန္ဒထုတ်ဖော်သူများမှစီတန်းလှည့်လည်ခွင့်ပါ တောင်း
ဆိုထားကြောင်း ၎င်းတို့ထံမှ သိရသည်။

အီရတ်စစ်မြေပြင် မှာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမေရိကန် စစ်သားတစ်ယောက်ရဲ့ ရင်ဖွင့်စကားသံများ

"အမေရိကန် စစ်သားတစ်ယောက်ရဲ့ ရင်ဖွင့်စကားများ"

ကျွန်တော် ကိုယ့်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ အရမ်းကို ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ အရမ်းကို ရှက်ကြောက်မိပါတယ်။ Racism ဆိုတဲ့ လူမျိုးရေးမုန်းတီးမှုကြီးက သကာအမျိုးမျိုးလောင်းထားတဲ့ ကျူးကျော်စစ်တွေရဲ့ မျက်နှာဖုံးအောက်ကနေ ဖုံးဖိမရအောင် နောက်ဆုံးတော့ ပေါ်လွင်လာပါတယ်။

ဒီလူတွေဟာ သာမာန်ပြည်သူတွေပါ။ ဒီလူတွေဟာ လူသားတွေပါ။ လမ်းမလျှောက်နိုင်တဲ့ အသက်အရွယ် အိုမင်းမစွမ်းဖြစ်နေသူ အဖိုးအို တစ်ယောက်ကို သူနေတဲ့ အိမ်ထဲကနေ ထမ်းစင်မှာဘီးတပ်ပြီး တွန်းထုတ်ကာ ရဲတွေကို ခေါ်သွားခိုင်းဖူးပါတယ်။ ကလေးငယ်တွေ နှင့်အတူ အော်ဟစ်ငိုကြွေးနေသူ အမေတစ်ယောက်ရဲ့ နင်တို့ဟာ ဆက်ဒမ်ထက်ဆိုးတဲ့ အကြမ်းဖက်သမားတွေလို့ နာကျည်းစွာ ပြောနေရင်း သူတို့မိသားစုကို သူတို့နေထိုင်တဲ့အိမ်ကနေ မောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မိန်းမပျိုလေးတစ်ယောက်ကို လက်မောင်းကနေဆွဲပြီး လမ်းမပေါ်ကို ကျွန်တော်ကိုယ်တိုင် ဆွဲထုတ်ခဲ့ဖူးပါတယ်။ ဒီလုပ်ရပ်တွေကို ပြုလုပ်ခဲ့သူ ကျွန်တော်ဟာ ကျွန်တော့်ဘဝရဲ့ အချိန်တိုင်းမှာ ကိုယ့်ကိုကိုယ် အပြစ်ရှိသူ တစ်ယောက်လို ခံစားခဲ့ရပါတယ်။

ကျွန်တော်တို့ကိုပြောခဲ့တာက အကြမ်းဖက်သမားတွေကို တိုက်ဖို့ပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်သာလျှင် လက်နက်အားကိုးနဲ့ အကြမ်းဖက်ခဲ့တာပါ။ ဒီကျူးကျော်စစ်ကြီးကသာ အမှန်တကယ် ရက်စက်ကြမ်းကြုတ်မှုကြီး ဖြစ်ပါတယ်။

Mike Prysner
US Army war veteran who served in Iraq.

‎ ကျွန်တော် ကိုယ့်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ အရမ်းကို ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ အရမ်းကို ရှက်ကြောက်မိပါတယ်။ Racism ဆိုတဲ့ လူမျိုးရေးမုန်းတီးမှုကြီးက သကာအမျိုးမျိုးလောင်းထားတဲ့ ကျူးကျော်စစ်တွေရဲ့ မျက်နှာဖုံးအောက်ကနေ ဖုံးဖိမရအောင် နောက်ဆုံးတော့ ပေါ်လွင်လာပါတယ်။

၂၀ ရာစုအတွင့်း ကမ္ဘာ့ဒုတိယအကြီးဆုံး မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးတဲ့ ဖိလစ်ပိုင်နိုင်ငံ

၂၀ ရာစုရဲ့  ကမ္ဘာ့ဒုတိယအကြီးဆုံး မီးတောင်ပေါက်ကွဲမှု
Wednesday, February 20, 2013

ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မနီလာမြို့  အနောက်မြောက် ပိုင်း ၅၅ မိုင်အကွာလောက်မှာ ဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံကို အကျိုး သက် ရောက်စေခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ် ဇွန်လက ဖြစ်ပြီး လူ ၈၀၀ ဦးအထက် သေလို့ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရပါတယ်။ ၉ နာရီကြာမြင့်တဲ့ ဖြစ်စဉ်ကြောင့် ဇွန်လ ၁၅ ရက်နေ့မှာပဲ ဆာလဖာဒိုင်အောက်စိုက် တန်ချိန် သန်းချီ လွင့်ကုန်ပြီး ကမ္ဘာ့ အပူချိန်ကို အနည်းငယ် လျော့ကျသွားစေခဲ့ပါတယ်။ မနီလာမြို့  အနောက် ဘက်မှာ တည်ရှိတဲ့ မီးတောင်များ (Pinatubo, Luzon, etc.. ) ဟာ နှစ်ပေါင်း ၅၀၀၊ ၃၀၀၀ နဲ့ ၅၀၀ အသီးသီး ခြားလို့ ပေါက်ကွဲမှု များ ဖြစ်ပေါ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာလည်း ကမ္ဘာမှာ မီးတောင်များတဲ့ နိုင်ငံများထဲမှာ ပါဝင်ပြီး ကမ္ဘာ့အဆိုးရွားဆုံး ချော်ရည်ကျဆင်းမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရ ပါတယ်။
--
Ref: weather-facts
International news for myanmar

--
http://www.innewsmyanmar.com/2013/02/blog-post_6803.html


--

Wednesday, February 20, 2013

ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မနီလာမြို့  အနောက်မြောက် ပိုင်း ၅၅ မိုင်အကွာလောက်မှာ ဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံကို အကျိုး သက် ရောက်စေခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် ဇွန်လက ဖြစ်ပြီး လူ ၈၀၀ ဦးအထက် သေလို့ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရပါတယ်။

အိန္ဒိယ-မြန်မာ အိမ်တွင်းမှု အနုပညာပြပွဲကို မန္တလေးအမျိုးသားကဇာတ်ရုံမှာ ဒီနေ့ စတင်ပြသ

အိန္ဒိယ-မြန်မာ အိမ်တွင်းမှု အနုပညာပြပွဲ မန္တလေးအမျိုးသားကဇာတ်ရုံ
Wednesday, February 20, 2013

ပထမအကြိမ် အိန္ဒိယ-မြန်မာ အိမ်တွင်းမှု အနုပညာပြပွဲကို မန္တလေးအမျိုးသားကဇာတ်ရုံမှာ ဒီနေ့ စတင်ပြသပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ထိ ပြသသွားမှာဖြစ်ပြီး မနက် ၁၀ နာရီကနေ 
ညနေ ၆ နာရီထိ ဖွင့်လှစ်ထားမှာပါ။ အိန္ဒိယနိုင်ငံက ၀ါးနဲ့ပြုလုပ်တဲ့
လက်မှုပစ္စည်းတွေ၊ မြက်နဲ့ပြုလုပ်တဲ့လက်မှုပစ္စည်းတွေ၊ အ၀တ်
အထည်တွေနဲ့ ရိုးရာလက်မှုပစ္စည်းမျိုးစုံကို ပြသထားတဲ့ ပြခန်း ၂၁ ခန်းနဲ့ မြန်မာဘက်က မြန်မာလက်မှု ပစ္စည်းနဲ့ အစားအစာတွေ
ပါဝင်တဲ့ ပြခန်း ၉ ခန်း စုစုပေါင်း ပြခန်း ၃၀ ပါဝင်ပြသထားပါတယ်။

သတင်းဓါတ်ပုံ -- ချစ်ကို ၊ ငြိမ်းမိုးနောင်
DVB TV News
သတင်းဓါတ်ပုံ -- ချစ်ကို ၊ ငြိမ်းမိုးနောင်
Wednesday, February 20, 2013

ပထမအကြိမ် အိန္ဒိယ-မြန်မာ အိမ်တွင်းမှု အနုပညာပြပွဲကို မန္တလေးအမျိုးသားကဇာတ်ရုံမှာ ဒီနေ့ စတင်ပြသပါတယ်။ဖေဖော်ဝါရီ ၂၄ ရက်နေ့ထိ ပြသသွားမှာဖြစ်ပြီး မနက် ၁၀ နာရီကနေ
ညနေ ၆ နာရီထိ ဖွင့်လှစ်ထားမှာပါ။

နော်ခမ်းကို မောင်းသူမဲ့ လေယာဉ်သုံး ချေမှုန်းရန် တရုတ် စီစဉ်ခဲ့

နော်ခမ်းကို မောင်းသူမဲ့ လေယာဉ်သုံး ချေမှုန်းရန် တရုတ် စီစဉ်ခဲ့

20.2.2013

မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္သား ၁၃ ဦး သတ်ဖြတ်မှု၌ ဦးဆောင်ခဲ့သူ မူးယစ်ရာဇာ နော်ခမ်းနှင့် အဖွဲ့ကို တရုတ် အာဏာပိုင်များက မောင်းသူမဲ့
လေယာဉ် အသုံးပြု၍ ချေမှုန်းရန် စီစဉ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စီစဉ်
ခဲ့သော်လည်း နော်ခမ်းကို အရှင်ဖမ်းရမည် ဟူသော အထက်အမိန့်ကြောင့် ပယ်ဖျက်ခဲ့သည်ဟု တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဒါရိုက် တာ Liu Yuejin က ပြောကြောင်း South China Morning Post သတင်းတွင် ဖော်ပြ ထားသည်။ နော်ခမ်းကို ၂၀၁၂ ဧပြီလ
အတွင်း လာအို နိုင်ငံတွင် ဖမ်းမိခဲ့ပြီး တရုတ် နိုင်ငံသို့ လွှဲပြောင်းယူ၍
နိုဝင်ဘာလ၌ ယူနန်တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။ တရုတ် သဘောင်္သား ၁၃ ဦးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ က မဲခေါင် မြစ် အတွင်း သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

အေးချမ်းမွန်(အဲဆာန်မန်) မှဧရာဝတီ တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

20.2.2013

မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္သား ၁၃ ဦး သတ်ဖြတ်မှု၌ ဦးဆောင်ခဲ့သူ မူးယစ်ရာဇာ နော်ခမ်းနှင့် အ
ဖွဲ့ကို တရုတ် အာဏာပိုင်များက မောင်းသူမဲ့လေယာဉ် အသုံးပြု၍ ချေမှုန်းရန် စီစဉ်ခဲ့ကြောင်း သိရသည်။

ဦးတေဇပိုင်ဆိုင်သော အမြတ်အစွန်းရရှိသည့် တခြားသော လုပ်ငန်းအချို့ အများပိုင်အဖြစ် ပြောင်းလဲရန် အစီင်္အစဉ်ရှိ

ဦးတေဇပိုင်ဆိုင်သော အမြတ်အစွန်းရရှိသည့် တခြားသော လုပ်ငန်းအချို့
အများပိုင်အဖြစ် ပြောင်းလဲရန် အစီင်္အစဉ်ရှိ
Wednesday, February 20, 2013

ဦးတေဇပိုင်ဆိုင်သည့် AGD ဘဏ်ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
သတင်းရရှိသည်။

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်ကို ကုမ္ပဏီမှတ်ပုံတင်အမှတ် ၄၉၂၉/၂၀၁၂-၂၀၁၃ ဖြင့် အများပိုင်ကုမ္ပဏီအဖြစ် တရားဝင်
ပြောင်းလဲခွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု အဆိုပါ ဘဏ်၏ Customer ၀န်ဆောင်မှုဌာန ဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောသည်။

အများပိုင်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည့် AGD ဘဏ်၏ ရှယ်ယာများကို မည်သို့ထုတ်ရောင်းမည်ဆိုသည်နှင့် ပတ်သက်သည်များကို
ပြည်ပနိုင်ငံများရှိ ရှယ်ယာလုပ်ငန်းကျွမ်းကျင်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆွေးနွေးနေကြောင်း သိရသည်။

''လောလောဆယ်က ရှယ်ယာထုတ်ရောင်းဖို့ အဆင့်မရောက်သေးပါဘူး။ ရှယ်ယာနဲ့ပတ်သက်ပြီး တန်ဖိုးဖြတ်မယ့် အဆင့်အတွက်က
ပြည်ပက ကုမ္ပဏီအချို့နဲ့ ချိတ်ဆက်နေပါတယ်။ ပြီးရင် ဗဟိုဘဏ်ဆီ တင်ပြပြီးတာနဲ့ အများပြည်သူကို ရှယ်ယာတွေ ထုတ်ရောင်းမှာပါ'' ဦးသက်လွင်ရွှေက ဆိုသည်။

အာရှစိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်ကဲ့သို့ပင် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်သော အမြတ်အစွန်းရရှိသည့် တခြားသော လုပ်ငန်းအချို့ကိုလည်း
အများပိုင်အဖြစ် ပြောင်းလဲရန် အစီင်္အစဉ်ရှိကြောင်း သိရသည်။

အေးချမ်းမွန်(အဲဆာန်မန်) မှ7days တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

Wednesday, February 20, 2013

ဦးတေဇပိုင်ဆိုင်သည့် AGD ဘဏ်ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဆိုဒါ အပျော့စား ပါဝင်သော အချိုရည်များ သောက်သုံးခြင်းသည် ဆီးချိုရောဂါ ဖြစ်နိုင်ရန် အလားအလာများ

ဆိုဒါ အပျော့စား ပါဝင်သော အချိုရည်များ သောက်သုံးခြင်းသည် ဆီးချိုရောဂါ ဖြစ်နိုင်ရန် အလားအလာများ

သဘာဝ အရသာရအောင် စီမံပြုလုပ်ထားသည့် ဆိုဒါ အပျော့စားများ ပေါင်းစပ်ထားသော အချိုရည်များသည် အမျိုးသမီးများ အတွက်
ဆီးချို ဖြစ်ပွားနိုင်မှုနှုန်း ပိုမိုမြင့်မားကြောင်း National Institute of Health and Medical Research (Inserm)မှ သုတေသီများက ထုတ်ဖော် ပြောကြားလိုက်သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ် အတွင်း ပြင်သစ် အမျိုးသမီး ၆၆,၀၀၀ ကို လေ့လာခဲ့ပြီး အဆိုပါ ရလာဒ်ကို သုံးသပ်ခဲ့ခြင်း ဖြစ်ကြောင်း Inserm's Francoise Clavel-Chapelon မှ ပြောကြားခဲ့သည်။

သဘာဝ သကြား အချိုထက် အချိုဓာတ်ပိုကဲ့သည့် ဆိုဒါ အချိုရည်များကို တစ်ပတ်အတွင်း ၆၀၃ မီလီလီတာ ( ၂၀ အောင်စ) သောက်သုံးသူများသည် ယင်းအချိုး၏ ထက်ဝက် သောက်သုံးသူများထက် ဆီးချိုရောဂါ ဖြစ်နှုန်း ၃ဆ ပိုမိုကြောင်း တွေ့ရှိရသည်။ ထိုသို့ ဆိုဒါ အချိုရည်များကို ကြိုက်နှစ်သက်ပြီး မလွှဲမရှောင်သာ သောက်သုံးကြရသူများ အနေဖြင့် သာမန် အမျိုးသမီးများ၏ တစ်ပတ် ရေသောက်နှုန်း ၁.၆ ခွက်ထက် ပို၍ ၂.၈ ခွက် သောက်သုံးသင့်ကြောင်း အကြံပြုထားသည်။

source- AFP

သဘာဝ အရသာရအောင် စီမံပြုလုပ်ထားသည့် ဆိုဒါ အပျော့စားများ ပေါင်းစပ်ထားသော အချိုရည်များသည် အမျိုးသမီးများ အတွက် ဆီးချို ဖြစ်ပွားနိုင်မှုနှုန်း ပိုမိုမြင့်မားကြောင်း National Institute
 of Health and Medical Research (Inserm)မှ သုတေသီများက ထုတ်ဖော် ပြောကြားလိုက်သည်။

သာကေတမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်များပိုင် အဆောက်အဦးများကို ထပ်မံဖျက်ဆီး၊ ဘာသာရေးစာသင်ကျောင်းနှင့် စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားနေ

သာကေတမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်များပိုင် အဆောက်အဦးများကို ထပ်မံဖျက်ဆီး၊
ဘာသာရေးစာသင်ကျောင်းနှင့် စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားနေ

ပိာန်းအောင် ဖေဖေါ်ဝါရီ ၂၀

သာကေတမြို့နယ် ၂ တောင်ရပ်ကွက် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များပိုင် အခြေခံဘာသာရေးစာသင်ကျောင်းနှင့် ဈေးဆိုင် အချို့ကို ဗုဒ္ဓဘာသာဝင်ပာု
ဆိုသူများက ညည့်နက်ပိုင်း အချိန်များတွင် အနှောက် အယုက်ကင်းစွာ ခဲများဖြင့်ပြစ်ပေါက်ဖျက်ဆီးခြင်း ၊ပစ္စည်းလုယူခြင်းများပြုခဲ့
ကြောင်းရပ်ကွက် အတွင်းရှိပြည်သူများက myanmarmuslim.net  သို့သတင်းပေးပို့သည်။
“ည ၁၀  နာရီ ခွဲလောက်မှာ ရန်ပြေ ၁ လမ်းနဲ့ ၂လမ်းနားက မဒရဆာပာ်(အစ္စလာမ် ကလေးငယ်များအတွက် အခြေခံဘာသာရေး စာသင်ကျောင်း)ကို ခဲတွေနဲ့ပေါက်ပြီး ၀ိုင်းဖျက်တယ်။ဘာလုံခြုံရေးကမှ လာရောက်ပာန့်တားတာမျိုး မရှိဘူး ၊ ၁၅ မိနစ်လောက် စိတ်ကြိုက်ဖျက်ပြီးတော့မှ ထွက်သွားကြတယ်။ ဘယ်မွတ်စလင်မ်မှ အပြင်မထွက်ရဲဘူး”ပာု အကြမ်းဖက်မှုဖြစ်ပွားရာနေရာ အနီးတွင်နေထိုင်သူတစ်ဦးက ၁၉ ရက်နေ့ည ၁၁း၃၀ တွင်myanmarmuslim.net သို့ပြောသည်။ 

ဖျက်ဆီးရေးပြုလုပ်သူများသည် ရန်ပြေ ၅ လမ်းနှင့် သုမနလမ်းကြားရှိ အစ္စလာမ်ဘာသာဝင်များပိုင်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး အစ္စလမ်ဘာသာဝင်ပိုင်
ဖုန်းဆိုင်ကိုရိုက်ချိုးလုယက်ပြီး၊အခြားဆိုင် အချို့မှုဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသည်။ အထက်ပါ့် ဘာသာရေးစာသင်ကျောင်းအား မင်းမဲ့စရိုက်ပုံစံဖြင့် ဖျက်ဆီးမှု
ကိုဦးဆောင်သူများတွင် ရန်ပြေ နာရေးကူညီမှု အသင်းမှ  ရန်အောင်ကျော် က သာကေတလူမိုက် ဘီလူးညီနောင် ၊ထွတ်ထွတ်(ဆံပင်ညှပ်ဆိုင်သမား)၊မဲကြီး
အစရှိသည့် အရက်သမားလူရမ်းကားများနှင့် အပါင်းအပါများကို သွေးထိုးကာ လူထုပါလာစေရန် လှုံ့ဆော် ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာသာရေးစာသင်ကျောင်း မွမ်းမံ ပြင်ဆင်ခွင့်ရခြင်းကို မကျေနပ်ပာုဆိုသူများက အပြီးတိုင်ဖြိုချဖျက်ဆီးခဲ့ကြပြီး အဆိုပါနေရာအား
ဗုဒ္ဓဘာသာ သာသနာ့အလံလွင့်တင်ကာ ဓမ္မာရုံတည်ဆောက်ရန်ဆက်လက်တောင်းဆိုမှုများဖြစ်ပွားခဲ့ သဖြင့်လုံခြုံရေးများက မီးသတ်ပိုက်ဖြင့် လူစုခွဲခြင်း
ရိုက်နှက်လူစုခွဲခြင်းများကို ယခုလ ၁၈ရက်နှင့် ၁၉ ရက်နေ့များတွင်ပြုလုပ်ခဲ့ကြသည်။

ကလေးငယ်များအတွက်ဘာသာရေးစာသင်ကျောင်းအား အဓ္ဓမ ဖြိုဖျက်ပြီးနောက်ပိုင်းတွင်လည်း စာသင်ကျောင်းရှေ့တွင်ဆူပှုမှုများ
ဆက်လက်ဖြစ်ပ်ါခဲ့သဖြင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အပါ အ၀င် သံဃာတော်အချို့က လာရောက်ပာန့်တားမှုများကိုပြု ၁၈ ရက်နေ့ည
တွင်ပြုလုပ်ခဲ့သည်။

ပိာန်းအောင် ဖေဖေါ်ဝါရီ ၂၀
သာကေတမြို့နယ် ၂ တောင်ရပ်ကွက် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များပိုင် အခြေခံဘာသာရေးစာသင်
ကျောင်းနှင့် ဈေးဆိုင် အချို့ကို ဗုဒ္ဓဘာသာဝင်ပာု ဆိုသူများက ညည့်နက်ပိုင်း အချိန်များတွင် အနှောက် အ
ယုက်ကင်းစွာ ခဲများဖြင့်ပြစ်ပေါက်ဖျက်ဆီးခြင်း ၊ပစ္စည်းလုယူခြင်းများပြုခဲ့ ကြောင်းရပ်ကွက် အတွင်းရှိပြည်
သူများက myanmarmuslim.net သို့သတင်းပေးပို့သည်။

နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) နှင့် အမေရိကန်ပြည်ထောင်စု ဟူစတန်ရှိ NASA ထိန်းချုပ်ရေးစခန်းတို့ကြား ဆက်သွယ်မှု ပြတ်တောက်

နိုင်ငံတကာအာကာသစခန်းနှင့် ဆက်သွယ်မှုပြတ်တောက်ခဲ့

ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၁၃

နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) နှင့် အမေရိကန်ပြည်ထောင်စု ဟူစတန်ရှိ NASA ထိန်းချုပ်ရေးစခန်းတို့ကြား ဆက်သွယ်မှု ပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။ ISS ရှိ ပျံသန်းရေး
ဆိုင်ရာ ကွန်ပျူတာများအား ထိန်းချုပ်စခန်းမှ ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှု
ပြုလုပ်စဉ် ISS ကွန်ပျူတာတွင် ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့သည်။

ISS ၏ အဓိကဆောင်ရွက်မှုများအား ထိန်းချုပ်သည့် ပင်မကွန်ပျူတာနှင့် NASA ထိန်းချုပ်ရေးစခန်း၏ ခြေရာခံ အချက်အလက်လွှင့်ထုတ်သည့် ဆက်သွယ်ရေးဂြိုဟ်တုများကြား ချိတ်ဆက်မရဖြစ်ကာ အဆက်အသွယ်
ပြတ်တောက်သွားခဲ့သည်။

ထို့နောက်ပိုင်းတွင် ISS က ရုရှားနိုင်ငံ၏ မြေပြင် ထိန်းချုပ်ရေးစခန်း အပေါ်ဘက် ကောင်းကင်ယံသို့ တည်နေရာပြောင်းရွှေ့လိုက်မှသာ NASA နှင့် အဆက်အသွယ် ပြန်လည် ရရှိခဲ့သည်။ ဆက်သွယ်မှုပြန်ရချိန်တွင် အာကာသ
ယာဉ်မှူးများအား မြေပြင် ထိန်းချုပ်ရေးစခန်းနှင့်အဆက်အသွယ် ပြန်ရနိုင်ရန်
အတွက် ကွန်ပျူတာပိုင်းဆိုင်ရာ ပြင်ဆင်မှုအချို့ ဆောင်ရွက်ရန် NASA က
ညွှန်ကြားထားကြောင်း သိရသည်။

ISS ၏ အခြေအနေမှာ ကောင်းမွန်နေပြီး အာကာသယာဉ်မှူးများလည်း လုပ်ငန်းများ ကောင်းစွာဆောင်ရွက်နိုင်လျက်ရှိကြောင်း၊ ISS နှင့် ပတ်သက်သည့် အခြေအနေများကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်
ကြောင်း NASA အဖွဲ့က ပြောကြားသည်။

Planet Myanmar Network

ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၁၃

နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) နှင့် အမေရိကန်ပြည်ထောင်စု ဟူစတန်ရှိ NASA ထိန်းချုပ်ရေးစခန်းတို့ကြား ဆက်သွယ်မှု ပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။ ISS ရှိ ပျံသန်းရေး
ဆိုင်ရာ ကွန်ပျူတာများအား ထိန်းချုပ်စခန်းမှ ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှု ပြုလုပ်စဉ် ISS ကွန်ပျူတာတွင် ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ဆူပူသောင်းကျန်းနေသူများထိမ်းသိမ်းထား

သာကေတတွင်လူငယ်တချို့ထိမ်းသိမ်းခံရ ဈေးဆိုင်
အချို့ပျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၉။

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေရပ်ကွက်ရှိ အများသဘောမတူသော အဆောက်အဦးအား ဖျက်သိမ်းရန်
ဖေဖော်ဝါရီ ၁၈ရက်နေ့မှ စတင်ကန့်ကွက်ကြရာ ယနေ့ညနေ
ပိုင်းတွင် စုဝေးကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေ
ထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိမ်းသိမ်းထားကြောင်း သိရသည်။ ထို့ပြင် ယခုညဆယ်နာရီခန့်တွင် မူးနေကြသော လူတစ်စု၏ ဖျက်ဆီးမှု
ကြောင့် ရန်ပြေ(၇)လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ရန်အောင်လမ်းမ
ထိပ်ရှိ ကုန်စုံဆိုင်တစ်ဆိုင် အပါအဝင် ဈေးဆိုင်အချို့ ဖျက်ဆီးခံရ
ကြောင်း ယင်းလမ်းရှိတာဝန်ရှိသူများက ပြောကြသည်။

ယနေ့ညနေတွင် ရန်ပြေနှင့်မာန်ပြေရပ်ကွက်များတွင် မြို့နယ်
အုပ်ချုပ်ရေးမှူး၏ လက်မှတ်ထိုးဖြင့် ဆူပူမှုများပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်း ခံရမည်ဟု ပါဝင်သောစာရွက်များအား 
(၃)မာန်ပြေ ဥက္ကဌဦးကံထွန်းမှတဆင့် ရပ်ကွက်အတွင်း လိုက်လံဝေငှထားသည် ဟုလည်း သိရှိသူများက ပြောကြသည်။
ယခုအခါ လုံထိမ်းတပ်ဖွဲ့ဝင်များစွာ ချထားပြီး  ကင်းလှည့်
စောင့်ကြပ်နေသည်ကိုလည်း တွေ့ရသည်။

အောင်သိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၉။

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေရပ်ကွက်ရှိ အများသဘောမတူသော အဆောက်အဦးအား ဖျက်
သိမ်းရန်ဖေဖော်ဝါရီ ၁၈ရက်နေ့မှ စတင်ကန့်ကွက်ကြရာ ယနေ့ညနေပိုင်းတွင် စုဝေးကြသောဆူပူသောင်း
ကျန်းနသူများ ထဲမှရန်ပြေ(၁၆)လမ်းတွင် နေထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦး
အား တာဝန်ရှိသူများက ထိမ်းသိမ်းထားကြောင်း သိရသည်။

Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်စေရန်




ဒီ Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...) ပြုလုပ်တာဟာ လုပ်ရင်း အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တဲ့ အတွက် အရေးမကြီးတဲ့ Gmail Account မှာ အရင်စမ်းစေချင်ပါတယ်။ Gmail Account locked ကျသွားတာမျိုး၊ ဝင်မရတာမျိုး ဖြစ်ခဲ့ရင်တော့ ကျွန်တော် တာဝန်ယူမည် မဟုတ်ပါကြောင်း ကြိုတင် အသိပေး မေတ္တာရပ်ခံပါရစေ။

Cobra Gold 2013 စစ်ရေးလေ့ကျင့်မှုတွင် တွေ့ရသော မြန်မာ့ တပ်မတော် အရာရှိများ (ဓါတ်ပုံ)

Cobra Gold 2013 စစ်ရေးလေ့ကျင့်မှုတွင် တွေ့ရသော မြန်မာ့ တပ်မတော် အရာရှိများ (ဓါတ်ပုံ)

လမ်းလျှောက်တာ လှရုံနဲ့ မော်ဒယ်မဖြစ်ဘူးလို့ ဆိုလိုက်တဲ့ တင်မိုးလွင် နှင့် (အင်တာဗျူး)



တစ်ခေတ် တစ်ချိန်က မော်ဒယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဒီနေ့ခေတ်လောက် လွယ်လွယ်ကူကူ မဟုတ်ဘဲ ခက်ခဲတဲ့ လမ်းကြောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။  တိုးတက်လာတဲ့ ဒီနေ့ခေတ်နဲ့အညီ လက်ရှိမှာ မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက် အခွင့်အလမ်းတွေလဲ အများကြီးရှိနေပါတယ်။   မော်ဒယ် သင်တန်းတွေ အများကြီးရှိလာသလို မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက်လဲ နိုင်ငံတကာ အခွင့်အလမ်းတွေလည်းများစွာ ပေါ်ထွက်လာခဲ့ပါတယ်။

ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၁၁/၂၀၁၃)

၁၃၇၄ ခုနှစ် ၊ တပို့တွဲလဆန်း ၉ ရက်

(၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၉ ရက်)

ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

ဆိုင်ဘာတိုက် ခိုက် မှု များ ၏ လက်သည် မှာ တရုတ် အစိုးရ ဖြစ်နေ

ဆိုင်ဘာတိုက် ခိုက် မှု များ ၏ လက်သည် မှာ တရုတ် အစိုးရ ဖြစ်နေ UPDATE 

အထင်ကရ အမေရိကန် အင်တာနက် ၀န်ဆောင်မှု မျာ၊ လူမှု ကွန်ယက် စာမျက် နှာများ နှင့် ၀ါရှင်တန်ပို စ် ၊ နယူးယောက်တိုင်း စသည် အင်တာနက်
စာမျက် နှာ များ ကို ဖောက်ထွင်း တိုက် ခိုက်မှု များ သည် ရှန်ဟိုင်း အခြေစိုက် တရုတ် ပြည် သူ့  လွတ်မြောက်ရေး တပ် မတော် ၏ လျို့  ၀ှက် အဖွဲ့  Unit 61398 မှ ပြု လုပ်ခြင်း ဖြစ်သည် ဟု အမေရိကန် အင်တာနက်
လုံခြုံရေး ကုမ္ပဏီ တစ်ခု က ယနေ့  သတင်း ထုတ် ပြန်သည်။

အင်တာနက် လုံခြုံရေး ကုမ္ပဏီ  Mandiant မှ ထုတ်ပြန်သည့် 
အစီရင်ခံစာ တွင် Unit 61398 သည် တရုတ် နိုင်ငံ ရှန်ဟိုင်း မြို့ 
၏ ဘဏ္ဍာရေး နှင့် ငွေကြေး အဓိက နေရာ ဖြစ်သည့် ပုဒေါင်တွင်
အခြေစိုက်သည် ဟု ဖော်ပြထားသည်။ 

တရုတ် အစိုးရ ကျောထောက် နောက်ခံ ပြုသည့် ထို အဖွဲ့  သည်
အင်္ဂလိပ်ဘာသာ စကား ကို ကျွမ်းကျင် စွာ ပြောတတ်ကာ ၊ လူငယ်
အများ စု ဖြစ် ပြီး ၊ ကွန်ပျုတာ ပရိုဂရမ် ကျွမ်းကျင် သည် ဟု ဖော်ပြထားသည်။ 

ထို အဖွဲ့  သည် ၂၀၀၆ ခုနှစ် မှ စတင်ကာ အမေရိကန် နိုင်ငံ တွင်းရှိ
အဖွဲ့  ပေါင်း ၁၄၁ ဖွဲ့  ထံ မှ မှတ်တမ်း  တစ်ရာ တက်ထရာ ဘိုက် ခန့် ရယူ ခဲ့ ပြီး ဖြစ်သည်။ 


Is this China's hacking headquarters?: http://link.reuters.com/wax95t

အထင်ကရ အမေရိကန် အင်တာနက် ၀န်ဆောင်မှု မျာ၊ လူမှု ကွန်ယက် စာမျက် နှာများ နှင့် ၀ါရှင်တန်ပို စ် ၊ နယူးယောက်တိုင်း စသည် အင်တာနက် စာမျက် နှာ များ ကို ဖောက်ထွင်း တိုက် ခိုက်မှု များ သည် ရှန်ဟိုင်း
အခြေစိုက် တရုတ် ပြည် သူ့  လွတ်မြောက်ရေး တပ် မတော် ၏ လျို့  ၀ှက် အဖွဲ့  Unit 61398 မှ ပြု လုပ်ခြင်း
 ဖြစ်သည် ဟု အမေရိကန် အင်တာနက် လုံခြုံရေး ကုမ္ပဏီ တစ်ခု က ယနေ့  သတင်း ထုတ် ပြန်သည်။

ရန်ကုန်တိုင်း သာကေတမြို့နယ် မနက် ၁၂း၅၅ သတင်း

အားလုံးသော မိတ်ဆွေ များခင်ဗျား။ သာကေတက မိတ်ဆွေတစ်ဦး ယခုပဲ ဖုန်းဆက်လာပါတယ် အခြေအ
နအားလုံး Under Control ရှိနေပြီး၊ ရဲများ လုံထိန်းများက အကြမ်းဖက်သမားများအား လိုက်လံ ဖမ်းဆီးနေ
သည်ဟု သိရပြီး အကြမ်းဖက်သမားများ ထွက်ပြေးစဉ်အနီးရှိ ဆိုင်များ အိမ်အချို့အား ခဲနှင့် ပစ်ပေါက်ရုံ

ဖေဖော်ဝါရီ ၁၉ရက်နေ့ညပိုင်း ရန်ကုန်တိုင်း သာကေတ မြို့နယ် နောက်ဆုံးရသတင်း

ယမန်နေ့များတွင်ဖြစ်ပွားခဲ့သော လူစုလူဝေးနှင့် တောင်းဆိုမှု အမျိုးမျိုးကို တောင်းဆိုနေသော လူစု သည် ကြားဝင် ဖြန်ဖြေမှုများနှင့် ငြိမ်းချမ်းရေးကို ဦးတည်သော မည်သည့် ကြိုးပမ်းမှုမျိုးကို မဆို လစ်လျူရှုလာသည်ကို ထင်ရှားစွာတွေ့လာရသဖြင့်၊ လက်ရှိအခြေအနေတွင် ကြားဝင်ငြိမ်းချမ်းရေး ကြိုးပမ်းသူများသည်ပင်လျင် အံ့သြကြီးစွာ ဖြစ်ခဲ့ရပြီး၊ လက်ရှိအခြေအနေတွင် သာကေတ မြို့နယ်တွင်းရှိ ရပ်ကွက်များမှ ဗုဒ္ဓဘာသာဝင်များ သည်ပင်လျင် အိမ်တိုင်းလိုလို မီးမှိတ်ပြီး ၄င်းဆူပူသူများအား လစ်လျူရှုလိုက်ကြပြီးဖြစ်သည်။