Pages

Tuesday, February 19, 2013

ဖေဖော်ဝါရီလ ၁၆ရက်နေ့က ပုဂံမှာ ကမ္ဘာလှည့်ခရီးသည်တွေ လုယက်ခံရ

ပုဂံမှာ ကမ္ဘာလှည့်ခရီးသည်တွေ လုယက်ခံရ 

မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးကမ္ဘာလှည့် ခရီးသွားနယ်မြေ ပုဂံမှာ 
ယခုဖေဖော်ဝါရီလ အတွင်း  ကမ္ဘာလှည့် ခရီးသည်သုံးဦး တိုက်ခိုက် 
လုယက်ခံရတယ်လို့ ဧည့်လမ်းညွန်တွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ပုဂံနဲ့ ညောင်ဦးအကြားက လမ်းမဟောင်းပေါ်မှာ အင်္ဂလိပ်အမျိုးသမီးနှစ်ဦးကို 
အသက် ၂၀အရွယ်အမျိုးသားနှစ်ဦးကလုယက်ခဲ့ပြီး 
သူတို့ ရဲ့ ငွေတွေ တယ်လီဖုံးတွေကို ယူဆောင်သွားခဲ့ပါတယ်။

ထို့ အတူဖေဖော်ဝါရီ ၁၄ရက်နေ့ကလည်း  အလိုတော်ပြည့် ဘုရားနားမှာ ဆည်းဆာနေ၀င်ချိန်ကို ကြည့်နေတဲ့ တရုတ် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကိုလည်း လူငယ်တဦးက လုယက်ပြီး ငွေတယ်လီဖုန်းနဲ့  နိုင်ငံကူးလတ်မှတ်တွေကိုပါ
ယူသွားတယ်လို့ သိရပါတယ်။

၂၀၁၁ခုနှစ်ကလည်းအဲဒိဒေသမှာ 
ဆိုင်ကယ်တက်စီသမားတဥိးက 
ဂျပန်အမျိုးသမီးကမ္ဘာလှညိ့ တဥိးကို 
မတရားကျင့် ပြီးသတ်ဖြတ်ခဲ့မှု
 ဖြစ်ပွားခဲ့ ပါတယ်။

မြန်မာနိုငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုများပြားလာပေမယ့် 
ခရီးသွားတွေရဲ့ လုံခြုံရေးအစီအစဉ်တွေကတော့ ဘာမှ တိုးမြှင့်ဆောင်ရွက်ချင်းမရှိတာမို့  အခုလိုကိစ္စတွေ 
မပေါ်ပေါက်အောင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း ခရီးသွား ဧည့်လမ်းညွန်တွေက ပြောပါတယ်။
 H
( ဓာတ်ပုံ  ကမ္ဘာလှည့်တွေအလာများတဲ့
နေရာတခြုဖစ်တဲ့ မင်းကွန်းပုထိုးတော်ကြီး။ 
ဇင်ငြိမ်းအေး/Burma Newsleite)
( ဓာတ်ပုံ ကမ္ဘာလှည့်တွေအလာများတဲ့
နေရာတခြုဖစ်တဲ့ မင်းကွန်းပုထိုးတော်ကြီး။
ဇင်ငြိမ်းအေး/Burma Newsleite)
မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးကမ္ဘာလှည့် ခရီးသွားနယ်မြေ ပုဂံမှာ ယခုဖေဖော်ဝါရီလ အတွင်း ကမ္ဘာလှည့် 
ခရီးသည်သုံးဦး တိုက်ခိုက် လုယက်ခံရတယ်လို့ ဧည့်လမ်းညွန်တွေကပြောပါတယ်။

ဥပဒေ ဘွဲ့နဲ့ ပဲပြုတ်သယ်

ဥပဒေ ဘွဲ့နဲ့ ပဲပြုတ်သယ်
****************
အလုပ်အကိုင်ဖန်တီးရေး နဲ့ အလုပ်လက်မဲ့ ချိန်ထိုးစီစစ်မှုဆိုတာအစိုးရတရပ်က အမြဲဆောင်ရွက်ပေးရမဲ့ အလုပ် ဒါတွေသူတို့ မလုပ်ပေးဘူး တတ်နိုင်ရင် လမ်းဘေးဈေးသည် ဘယ်သူမှ မလုပ်ချင်ဘူး မဖြစ်လို့  ဈေးဗန်းခေါင်းပေါ်တင်ရင်ခေါင်းကွဲအောင်တနေကုန်အော်ရောင်းမှဆန် ၄ လုံးဘိုးရတဲ့ဘ၀တွေ... စက်ရုံတရုံဖြစ်လာရင် အောက်ထစ် လူ ၂၀၀ အလုပ်အကိုင်ရတယ်... Industry စီမံကိန်း ဆိုတာအသာထား အခုတင်နေတဲ့ကြွေးဆပ်ဘို့ ပိုက်ဆံလိုက်ချေးနဲ အကြွေးလျှော်ခံရဘို့ ပဲလုပ်နေကြတယ်...
perearning မြင့်တင်ဘို့ ပြဿနာလည်းဖြေရှင်းကြပါလို့  တောင်းဆိုပါတယ်

 ချဲထိုးတော့တရားခံဖြစ်ရတယ် ရောင်းတော့ အဖမ်းခံရတယ် အဲ့ဒါ ရဲကိုလာဘ်ထိုးတဲ့ချဲသမားက အဖမ်းမခံရဘူး ဖြစ်နေတာ တပတ်ကို ၃,၄ ကြီမ်ထွက်တဲ့ ထီအမျိုးအစားတွေ တရားဝင်ရောင်းတဲ့ Singapore Pools လို ထီဆိုင်တွေ အစိုးရတရားဝင်ဖွင့်ပေးသင့်တယ်...

ဒါလောင်းကစား အားပေးတာမဟုတ်ဘူး... လူ့သဘာဝနဲ့  အောက်ခြေလူတန်းစားတွေရဲ့ ရင်းနှိးငွေဖန်တီးပေးမှု သီအိုရီအရ အစိုးရတရပ်က လုပ်ကိုလုပ်ပေးရမဲ့ကိစ္စ... ပိုက်ဆံအိတ်ကြီးကြီးရှိတဲ့သူဆီက ပိုက်ဆံမရှိတဲ့သူဆီကိုငွေကြေးစီးဆင်းမှု သီအိုရီဆိုလဲ မမှားဘူး...

ဒီမှာ မရှိတဲံ့ကြားထဲက စာပေးစာယူနဲ့ ဥပဒေဘွဲ့ ရအောင်ကျိုးစားပြီး ဘွဲ့ရခဲ့ပေမဲ့ အလုပ်မရလို့ အမေအိုပဲပြုတ်သည်ကိုနားခိုင်းပြီး ပဲပြုတ်ရောင်းကျွေးနေတဲ့ ဥပဒေဘွဲ့ ရပဲပြုတ်သယ်.....

(Thone Drae Oo မှ ကူးယူတင်ပြ ပါသည်။)

အလုပ်အကိုင်ဖန်တီးရေး နဲ့ အလုပ်လက်မဲ့ ချိန်ထိုးစီစစ်မှုဆိုတာအစိုးရတရ
ပ်က အမြဲဆောင်ရွက်ပေးရမဲ့ အလုပ် ဒါတွေသူတို့ မလုပ်ပေးဘူး တတ်နိုင်ရင် လမ်းဘေးဈေးသည် ဘယ်သူမှ မလုပ်ချင်ဘူး မဖြစ်လို့  ဈေးဗန်းခေါင်းပေါ်တင်ရင်ခေါင်းကွဲအောင်တနေကုန်အော်ရောင်းမှဆန် ၄ လုံးဘိုးရတဲ့ဘ၀တွေ... စက်ရုံတရုံဖြစ်လာရင် အောက်ထစ် လူ ၂၀၀ အလုပ်အကိုင်ရတယ်

ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လိုင်းရဲ့ ခရီးသည်တွေအပေါ်မိုက်ရိုင်းမှု

ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လိုင်းရဲ့ ခရီးသည်တွေအပေါ်မိုက်ရိုင်းမှု
.....................................................................................
ရန်ကုန်-မော်လမြိုင် အမြန်ယာဉ်လိုင်း တွင် ယာဉ်လိုင်းပေါင်းများစွာ ပြေးဆွဲ လျှက်ရှိသည့် အနက် ပစ်တိုင်းထောင် မော်တော် ယာဉ်လိုင်းသည် ၀န်ထမ်းများ၏ ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ ထိုင်ခုံ နေရာကောင်းများကို လက်မှတ်ရောင်း ၀န်ထမ်းများမှ အလွဲသုံးစားလုပ်ခြင်း၊ အဲကွန်း မအေးခြင်း စသည့် ဆားဗစ် အလွန်တရာ ညံ့ဖျင်းသော်လည်း ယခင် စစ်အစိုးရ လက်ထက်မှစပြီး လူကြီးပိုင်းနှင့်ပေါင်းသင်းကာ အခြားမည်သည့် အဝေးပြေး အမြန်ယာဉ်လိုင်းမှ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်ခွင့် မရချိန်တွင် ၄င်း ပစ်တိုင်းထောင် (PTT) (ယခင် ရွှေမြိုင်သားအမည် ပူးတွဲ တပ်ဆင်ထား) မှ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ၀ါးတန်းလမ်း ဂိတ်သို့ ယခု လက်ရှိအချိန်အထိ ပို့ဆောင်ပြေးဆွဲပေးလျှက်ရှိသောကြောင့် ခရီးသည်အများစုသည် မချစ်သော်လည်း အောင့်ကာနမ်း၊ မကြိုက်သော်လည်း ကြိတ်မှိတ် စီးနင်းကြရတဲ့သဘောမှာရှိပါတယ်။

ယခုလက်ရှိ PTT ၏ ယာဉ်လက်မှတ်စီးနင်းခ ဈေးနှုန်းများမှာ ရိုးရိုး ငါးထောင့်ငါးရာကျပ်နှင့် အထူး ရှစ်ထောင်ကျပ်အသီးသီးဖြစ်ပါတယ်။ နေ့ခင်းနှင့် ည အချိန်နှစ်မျိုး ပြေးဆွဲပေးပါသည်။ ၁၈.၀၂.၂၀၁၃ ရန်ကုန်မှ မော်လမြိုင်သို့ နေ့ခင်းပိုင်း ပြေးဆွဲခဲ့သော ဓါတ်ပုံပါ အမြန်ယာဉ်ဟာ ရန်ကုန်မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ သထုံမြို့ အနီးတွင် ၁၀ဘီးကျောက်ကား တစ်စီးအား ဘရိတ် မမိပဲ ကားဦးခေါင်းဖြင့် ၀င်ရောက်တိုက်မိသဖြင့် ကားအရှေ့ မှန်ကြီးကွဲကာ မော်လမြိုင်သို့ ည၇နာရီတွင်ဝင်ရောက်ရမည့်အစား ၂နာရီတိတိနောက်ကျပြီးမှ ည၉နာရီခွဲအချိန်တွင် ခရီးစဉ်ဆိုက်ရောက်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ရန်ကုန်မှမော်လမြိုင်သို့ နေ့ခင်းထွက်လာတဲ့ကားသည် ညနေတွင်ခရီးသည်များအားပြန်လည်တင်ဆောင်ကာ မော်လမြိုင်မှ ရန်ကုန်သို့ပြန်လည် ထွက်ခွါပါတယ်။ ယခုကဲ့သို့ ညနေကမှ ကျောက်တင် ၁၀ဘီးကားကို ၀င်တိုက်ပြီး ရှေ့မှန်ကြီးကွဲကာ ပြန်ရောက်လာတဲ့ PTT အထူး ကားဟာ ကား အစားထိုး ပြီးပြန်လည်ထွက်ခွါရမည့်အစား ယင်း တိုက်ကား(ရှေ့မှန်လုံးဝမပါတော့) သောကားဖြင့်ပင် ပုံမှန်အချိန်ထက် ၁နာရီနီးပါး နောက်ကျပြီးမှ မော်လမြိုင်မှရန်ကုန်သို့ ခရီးစဉ်ပြန်လည်ထွက်ခွါခဲ့ပါတယ်။ 

ယခုကဲ့သို့ မိမိ၏ အကျိုးအမြတ်ကို ရှေ့တန်းတင်ကာ ခရီးသည်များ၏ လုံခြုံရေး၊ ကျန်းမာရေး ကို လုံးဝမငဲ့ကွက်ပဲ ၀ိသမ လောဘဖြင့် စီးပွါးရှာကာ ကြီးပွါးလျှက်ရှိသော ပစ်တိုင်းထောင်(PTT/ရွှေမြိုင်သား) ရန်ကုန်-မော်လမြိုင် ယာဉ်လိုင်းပိုင်ရှင် ဦးပြုံး၏ အကြောင်းအား မြန်မာပြည်သူပြည်သားများ သိရှိ ရှောင်ရှားနိုင်ရန် သတင်းပေးတင်ဆက်လိုက်ရပါတယ်။

ခရီးသည် တဦး
Myanmar News Now

ရန်ကုန်-မော်လမြိုင် အမြန်ယာဉ်လိုင်း တွင် ယာဉ်လိုင်းပေါင်းများစွာ ပြေးဆွဲ လျှက်ရှိသည့် အနက် ပစ်တိုင်းထောင် မော်တော် ယာဉ်လိုင်းသည် ၀န်ထမ်းများ၏ ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ ထိုင်ခုံ နေရာကောင်းများကို လက်မှတ်ရောင်း ၀န်ထမ်းများမှ အလွဲသုံးစားလုပ်ခြင်း၊ အဲကွန်း မအေးခြင်း စသည့် ဆားဗစ် အလွန်တရာ ညံ့ဖျင်းသော်လည်း ယခင် စစ်အစိုးရ လက်ထက်မှစပြီး လူကြီးပိုင်းနှင့်ပေါင်းသင်းကာ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ

ဒီကနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

မနက်ဖန် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC တို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာဖို့အတွက် အကြို ညှိနှိုင်းပွဲကို စတင်မှာ ဖြစ်ပါတယ်။

Photo: Nyo Ohn Myint
Photo: Nyo Ohn Myint
ဒီကနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်
ဆာင်ရေး ကော်မတီနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်
စီ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုအထူးလိုအပ် - RCSS/SSA ခေါင်းဆောင်ပြော

ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုအထူးလိုအပ် - RCSS/SSA ခေါင်းဆောင်ပြော

 February 18, 2013 Posted by သျှမ်းသံတော်ဆင့်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မှာထက် နိုင်ငံခေါင်းဆောင်များ၏ Mind Set စိတ်ပိုင်း ဆိုင်ရာပြုပြင်မှု လိုအပ်နေကြောင်း သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ကပြော ပါသည်။

“ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုမလုပ်ရင်တော့ ဥပဒေကိုဘယ်လောက်ဘဲပြင်ပြင် တနေ့နေ့ကျရင် အကျင့် ဟောင်းက ပြန်ပေါ်မှာ ဘဲ။ နောက်တခေါက်အာဏာပြန်သိမ်းဦးမှာဘဲ။ ဒါကြောင့် ဥပဒေထက် စိတ်ဓါတ် ရေးရာကို အရင်ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်” ဟု ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။

၂၀၀၈ ဥပဒေ ပြင်ဆင် ရေးလည်းအထူးလိုအပ်ကြောင်း ၊ ၎င်းအားမပြင်ဆင်ပါက နိုင်ငံရေးဆွေးနွေးရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အပစ်ရပ်လိုက်ခြင်းမှာလည်းအလဟဿ ဖြစ်ရကြောင်း ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က ထောက်ပြ ပါသည်။

ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းရော လွှတ်တော်ပြင်ပ၌ပါ ပြင်ဆင်သင့်သည်ဟု ဆိုပါသည်။  စိတ်ပိုင်းဆိုင်ရာပြုပြင်ရန် အတွက်မူ လူထုဘ၀ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်ပေးရန်နှင့် ကျောင်းသင်္ခန်းစာ၏ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ပေး ရန်လိုအပ်ကြောင်း စဝ်ယွက်စစ်က ပြောပါသည်။

“ ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ စာရိတ္တမြင့်မားပေးတဲ့ သင်ရိုးညွှန်းတမ်းတွေ ၊ သမိုင်းမှန်ကို ပြတဲ့သင်ရိုးညွှန်းတမ်း  တွေကို သင်ပေးမှ ကောင်းမယ်လေ” ဟု ဆိုပါသည်။

နိုင်ငံ့ခေါင်းဆောင်များ စိတ်ဓါတ်ရေးရာပြုပြင်နိုင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ မည်သို့ ရေးထားစေကာမူ ပြည်သူလူထုက အကောင်းပြုမည်မှာမလွဲကြောင်း သျှမ်းအမျိုးသားခေါင်းဆောင်တဦးကပြောပါသည်။

“ ကျောင်းသင်ရိုးညွှန်းတမ်းရဲ့  သမိုင်းဘာသာတွေမှာကြည့်လိုက်ရင် မြန်မာဘုရင်မင်းတွေကဘဲ ဘုန်းတန်ခိုးအာဏာ စက်ကြီးမားတယ် တော်တယ်တတ်တယ်ဖြစ်နေတယ်။ တိုင်းရင်းသား ဘုရင်မင်းမြတ်တွေတော်တာ တခါမှမသင်ဖူး သေးဘူး။ ဒီဟာကိုကြည့်ခြင်းအားဖြင့် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်နိုင်ပါတော့မလဲ” ဟု လည်း ဆိုပါသည်။

ယနေ့ခေတ်အစိုးရ၏ တပ်မတော်သည် ပြည်သူလူထုနှင့် တိုင်းရင်းသားများအား ကြောက်လန့်နေသဖြင့် စစ်အင် အားဖြင့် တိုင်းရင်းသားနယ်မြေအတွင်း တိုးချဲ့နေရာယူထားသည်ကိုတွေ့ရကြောင်း၊ အင်္ဂလိပ် အုပ်ချုပ်သည့်ခေတ်က မြန်မာ တနိုင်ငံလုံးအုပ်ချုပ်ရာ၌ စစ်တပ်အင်အား ၁၅ တပ်ရင်းသာ သုံးကြောင်း သျှမ်းပြည်အတွင်း  တပ်ရင်း ၂ ရင်းဖြင့်သာ အုပ်ချုပ်ကြောင်း  အဆိုပါခေါင်းဆောင်က ထောက်ပြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကတည်းက လုံခြုံရေးအကြောင်းပြကာ မြန်မာအစိုးရ၏ စစ်တပ်များ တိုင်းရင်းသား နယ်မြေများ အတွင်း အင်အားတိုးချလာသည့်ကိစ္စနှင့်ပတ်သက်၍လည်း ယခုလ ၁၄ ရက်နေ့ ပထမအကြိမ် ဆဌမမြောက် ပြည်သူ့ လွှတ်တော်အစည်းအဝေး သို့  ကျားဖြူပါတီ အမတ် နန်းဝါနုက တင်ပြခဲ့သေးသည်ဟု ဆိုပါသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက ကျမတို့သျှမ်းပြည်မှာ လုံခြုံရေးမရှိလို့ ငြိမ်းချမ်းရေးမရှိတာဆိုပြီး အစိုးရက ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးလာမလုပ်ပေးဘူး။ ဒါကြောင့် စစ်အင်အားတွေပို့ပို့လာတယ်။  မြေပေါ်မြေအောက်သယံဇာတ တွေကို တော့ လာယူပြီးပြန်သွားတယ်။ သို့ပေမယ့်ဘာမှ လာမပေးဘူး။ ဒါကြောင့်ကျမတို့သျှမ်းပြည်သားတွေက အလုပ် အကိုင်မဲ့ပြီး အိမ်နီးချင်းနိုင်ငံကိုထွက်ပြေးကြကုန်တယ်။ သျှမ်းပြည်သားတွေဆုံးရှုံးတယ်။ သူများနိုင်ငံမှာကျွန်ခံနေရတယ်။ ဒီနေ့မှာ ကျ တော့ ပြောင်းလဲလာပြီလို့ပြောကြပြီ။ ဆိုတော့အစိုးရကနေ ပြန်လည်ထူထောင်ရေး  ဖွံ့ဖြိုးတိုးတက်ရေးဇုံလုပ်ပေး သင့် တယ်။ နိုင်ငံခြားသားတွေကိုရင်းနှီးမြုပ်နှံမှုပြုဖို့ဖိတ်ခေါ်ပေးသင့်တယ် လို့  ကျမတင်ပြတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး တော့ လွှတ်တော် ဘက်က ဘာမှပြန်မဖြေသေးဘူး။ ထိုင်းရောက် သျှမ်းတွေပြန်လာနိုင်ဖို့အတွက်လဲကျမ ၂၀၁၁-၂၀၁၅ ကုန်အထိ ပဉ္စမကာလ ကုန် ၅ နှစ်အမျိုးသားစီမံကိန်း မှာတင်ပြသွားတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေကနေ ပြန်လည်ထူထောင်ရေး လုပ်ပေးဖို့ ပြည်ပ ရောက် သူတွေကို ပြည်တွင်းပြန်ဝင်လာရင်အလုပ်ရှိအောင်လို့ စက်ရုံအလုပ်ရုံတွေထူထောင်ပေးဖို့ တောင်းဆိုထားတယ်။” ဟု နန်းဝါနုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်အတွင်း၌ စစ်တိုင်း ၄ တိုင်းလက်အောက် တပ်ရင်းများ အပြင် တခြားသော ကွပ်ကဲမှုဌာနချုပ် တပ်ရင်းများ စုစုပေါင်း ၂၂၃ ရင်း ရှိကြောင်း NDD  ဒီမိုကရေစီ  နှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုသေသနနှင့်မှတ်တမ်း တင်ဌာနမှ  ၂၀၁၁ က ထုတ်ဝေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စစ်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေးအင်္ဂါစဉ် စာအုပ်တွင်ဖော်ပြထားပါသည်။


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မှာထက် နိုင်ငံခေါင်းဆောင်များ၏ Mind Set စိတ်ပိုင်းဆိုင်ရာပြု
ပင်မှု လိုအပ်နေကြောင်း သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ကပြော ပါသည်။
“ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုမလုပ်ရင်တော့ ဥပဒေကိုဘယ်လောက်ဘဲပြင်ပြင် တနေ့နေ့ကျရင် အကျင့် ဟောင်းက ပြန်ပေါ်မှာ ဘဲ။ နောက်တခေါက်အာဏာပြန်သိမ်းဦးမှာဘဲ။ ဒါကြောင့် ဥပဒေထက် စိတ်ဓါတ် ရေးရာကို အရင်ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်” ဟု ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။

၂၀၁၄ ဘရာဇီးတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲ SKY Net တိုက်ရိုက်ပြမည်

ဘရာဇီးတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲ SKY Net တိုက်ရိုက်ပြမည်
..................................................................................

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဘောလုံး အင်အားကြီး နိုင်ငံဖြစ်သည့် ဘရာဇီး နိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကို မြန်မာနိုင်ငံ ၏ အခပေး ရုပ်သံလိုင်း တစ်ခုဖြစ်သည့် SKY Net ရုပ်သံက တိုက်ရိုက် ပြသမည် ဖြစ်ကြောင်း ဒါရိုက်တာ ဦးဝင်းနိုင်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များကို SKY Net အား တစ်ဦးတည်း မူပိုင် တိုက်ရိုက် ပြသခွင့် ပေးအပ်ပွဲကို Strand ဟိုတယ်၌ ပြုလုပ်စဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းမူပိုင်ခွင့် ကြောင့် SKY Net အခပေး ရုပ်သံလိုင်းက ပွဲစဉ် ၆၄ပွဲလုံး ပြသခွင့် ရရှိခြင်း ဖြစ်ရာ အချို့သော ပွဲစဉ်များ ကို အခမဲ့ ရုပ်သံလိုင်းတွင်လည်း ပြသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
“အခမဲ့ ရုပ်သံလိုင်းက ကွာတာဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ အပါအဝင် အနည်းဆုံး ၂၂ပွဲ ပြဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ ရုပ်သံလိုင်း များအနက် SKY Net ရုပ်သံလိုင်းက ပြည်ပ ဘောလုံး ပွဲစဉ် များကို ပြသနေသည့် အတွက် ရွေးချယ် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း တစ်ဦးတည်း မူပိုင် ထုတ်လွှင့်ခွင့် ပေးခဲ့ခြင်း နှင့် ပတ်သက်၍ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်မှ ရုပ်သံ ထုတ်လွှင့်မှု ဒါရိုက်တာ နီကိုးလပ်(စ်) အဲရစ်ဆင်က ရှင်းပြသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို တစ်ဦးတည်း မူပိုင်ပြသခွင့် ရရှိ ထားသော်လည်း လက်ရှိ ပြသနေသည့် Sport 1, Sport 2 နှင့် Sport 3 ရုပ်သံလိုင်း များကသာ ပြသမည် ဖြစ်ပြီး လိုင်းသစ် ထပ်မံတိုးချဲ့ ပြသရန် အစီအစဉ် မရှိ သေးကြောင်း SKY Net ရုပ်သံလိုင်းမှ ဒါရိုက်တာ ဦးဝင်းနိုင်က ပြောဆိုသည်။

အဆိုပါ မူပိုင်ခွင့် ရရှိခဲ့မှုနှင့် ပတ်သက်၍ ငွေကြေးမည်မျှ သုံးစွဲမည် ကိုမှု မူပိုင်ခွင့် စည်းကမ်းကြောင့် ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ဘောလုံး အင်အားကြီး နိုင်ငံဖြစ်သည့် ဘရာဇီး နိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကို မြန်မာနိုင်ငံ ၏ အခပေး ရုပ်သံလိုင်း တစ်ခုဖြစ်သည့် SKY Net ရုပ်သံက တိုက်ရိုက် ပြသမည် ဖြစ်ကြောင်း ဒါရိုက်တာ ဦးဝင်းနိုင်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင် စစ်တပ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွား

ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင် စစ်တပ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွား

တပ်ချုပ်သန်းရွှေ၏အသိုင်းအဝိုင်းမှ ကာချုပ်မင်းအောင်လှိုင်အပေါ် မလိုလားဟန်များထွက်ပေါ်လာပြီးနောက်မှာ ကာချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်နေကြောင်း သတင်းများထပ်မံထွက်ပေါ်လာခြင်းဖြစ်သည် ၊

ကာချုပ်မင်းအောင်လှိုင်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသင့်သော အချိန်ဖြစ်နေပြီဟု ညှိကွပ်လှဌေးဝင်းက အကြံပြုခဲ့ခြင်းဖြစ်သည်ဟု တီတိုးသတင်းများအရထပ်မံသိရှိရသည် . .

ဒီသတင်းထွက်လာတဲ့အတွက် ကထစမှူး တိုင်းမှူး နဲ့ တပ်မမှူးတွေ ရဲ့ အသိုင်းအဝိုင်းတွေကြားမှာလည်း အားလုံးက သာဓုခေါ်နေကြတယ်လို့ သိရပါတယ် . . 

အငယ်တန်းတပ်မှူးတွေ အထူးသဖြင့် ရှေ့တန်းမှာ ကိုင်တွယ်နေရတဲ့ တပ်မှူးတွေကလည်း ကာချုပ်ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံမယ် ဆိုတဲ့သတင်းအပေါ် အားရပါးရထောက်ခံ နေကြကြောင်း သိရှိရပါတယ် . . .

လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တော့ အခြေအနေကိုစောင့်ကြည့်လျှက်ရှိပြီး ကာချုပ်ကို အကြံပေးခဲ့တဲ့ ညှိကွပ် လှဌေးဝင်း နဲ့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းကို 
ကျေးဇူးတင်နေကြကြောင်းသိရပါတယ် . . .

လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်နေတာဟာ သန်းရွှေကို ကာကွယ်ဖို့မဟုတ် နုနုထွတ်ထွတ်ဗမာနိုင်ငံကို အန္တရာယ်တွေ ကြားက ကယ်တင်နိုင်အောင် ဝှက်ဖဲတစ်ခုအဖြစ် အသုံးချဖို့သာရည်ရွယ် ထားတာဖြစ်ကြောင်း 
လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ် အသိုင်းအဝိုင်းက တီတိုးသတင်းထွက်လာပါတယ် . .

လွှတ်တော်ထဲရောက်နေတဲ့ ကြံခိုင်ရေးပါတီမှ ကိုယ်စားလှယ်များကလည်း ဒီသတင်းကိုကြိုဆိုလိုက်ကြပြီး နိုင်ငံရေးကို စိတ်မဝင်စားတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေကလည်း မြန်မြန်အဆင်ပြေချင်ပါပြီဗျာ လွှတ်တော်ထဲမှာ ကျနော်တို့က တကယ်ကြားညပ်နေတာ 
ကျနော်တို့ဒီဘဝကကျွတ်ချင်နေကြပါပြီ လို့ ပြောခဲ့ကြောင်းသိရပါတယ် . .

လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း ယမန်နေ့က လွှတ်တော်မှာ ကိုယ်စားလှယ်များရဲ့ မေးမြန်းချက်များကို ဝန်ကြီးဌာနများမှ ဝေ့လည်ကြောင်ပတ်ဖြေဆိုနေမှုများကို ရပ်တန်းကရပ်ဖို့ ဝန်ကြီးဌာန ကိုယ်စားလှယ်များကို သတိပေးပြောကြားလိုက်ခြင်းအားဖြင့် 
ကာချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဖြစ်တော့မယ် ဆိုတဲ့သတင်းအပေါ် သဘောတူကြောင့် သူ့ သဘောထားကို တဖက်လှည့် ထုတ်ဖော်ပြသလိုက်ပါတယ် .

သူက ဘယ်လောက်သိဘယ်လောက်တတ်လို့ ဒါမျိုးတွေလျှောက်လုပ်နေရတာလဲ သူကို အဘဆွဲတင်လို့ ဒီနေရာရောက်လာတာ သူကဘာကောင်မို့လဲ ဟု ယခင်ပြန်ကြားရေးဝန်ကြီး ယခုသမဝါယမဝန်ကြီးဦးကျော်ဆန်းက တုန့်ပြန်သည်ဟု သမဝါယမ အသိုင်းအဝိုင်းမှ 
သိရပါတယ် . . . 

ဒီကိစ္စက သူဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ပါဘူး ဘယ်အချိန်မှာ သွားတွေ့ရမလဲဆိုတာ အဘသန်းရွှေပဲ ဆုံးဖြတ်ရမယ့်ကိစ္စပါ အဘသန်းရွှေက ကျနော်တို့ကို ပြုစုစောင့်ရှောက်လာတာပါ အဘသန်းရွှေက ကျနော်တို့ထက်ပိုပြီး အမျှော်အမြင်ရှိပါတယ် 

အဘစိတ်ကွက်စေမယ့်အလုပ်မျိုးကို ကျနော်တို့ မလုပ်သင့်ပါဘူး လို့ လက်ရှိကြံ့ဖွံ့ခေါင်းဆောင်လည်းဖြစ် တပ်ချုပ်သန်းရွှေဆီ ဝင်ထွက်သွားလာဖြစ်နေသော ဦးဌေးဦးက သူ့ကို တီးခေါက်လာသူများကို ဖြေကြားခဲ့ပါတယ် . .

ဒါကြောင့်အစောကတည်းက ဒီကောင့်ကို ဒီနေရာမပေးဖို့ အဘကို အတန်တန်တားခဲ့သေးတာ . . ဟို ရွှေမန်းဆိုတဲ့အကောင်ကလည်း မြှောက်ထိုးပင့်ကော်လုပ်နေလို့ ဒီကောင်ဘဝင်ဟပ်သွားတာ ဖြစ်မှာ . . အဘသန်းရွှေကို ကျော်ရဲလို့လား အဘကိုကျော်ရင် 
ဒီကောင် ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာ ရှေ့က အကောင်တွေကို ကြည့်ရင် အသိသာကြီးပါ ဒီကောင်တကယ်သတ္တိမရှိပါဘူး လို့ ဦးအောင်သိန်းလင်းက တီးတိုးမေးမြန်းလာသူကို ဒေါသတကြီးတုန့်ပြန်တယ်လို့လည်း သိရပါတယ် . . 

တပ်ချုပ်သန်းရွှေ၏ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းမှလည်း ကာချုပ်မင်အောင်လှိုင်အပေါ် ဖိအားပေး အရေးယူမှုတစ်ခုခုလုပ်ရန် သန်းရွှေ၏ လုံခြုံရေးအရ နေပြည်တော်တွင် တပ်မတော်နေ့အမ်းအနား ပြုလုပ်မည့် အစီအစဉ်ကို ဖျက်သိမ်းပစ်ရန် နှင့် 
တပ်မတော်နေ့မတိုင်ခင် ကာချုပ်မင်းအောင်လှိုင်ကို ထိရောက်သော ဖိအားပေးမှု အရေးယူမှုတစ်ခုခု အလျှင်အမြန် ဆောင်ရွက်ရန် တပ်ချုပ်သန်းရွှေကို တောင်းဆိုမှုများပြုလုပ်လျှက်ရှိသည်ဟု သတင်းရရှိသည် . .

တရုတ်ထောက်လှမ်းရေးများကလည်း အခြေအနေများကို တရုတ်ပြည်သို့ သတင်းပေးပို့လျက်ရှိပြီး လောလောဆယ်တွင် တရုတ်ပြည်မှ စောင့်ကြည့်အနေအထား နှင့် သတင်းများ လူဟောင်းများ၏ သဘောထားများ ကို လိုက်လံစုံစမ်းပေးပို့ရန် 
ညွှန်ကြားထားကြောင်းသိရသည် . .

ကာချုပ်မင်းအောင်လှိုင်အနေနဲ့ ဒီကာလမှာ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ အငြိမ်းစား သူငယ်ချင်းများမှ အကြံပြုထားကြောင်း သိရသည် . .


Ahman Tayar

တပ်ချုပ်သန်းရွှေ၏အသိုင်းအဝိုင်း
မှ ကာချုပ်မင်းအောင်လှိုင်အပေါ် မလိုလားဟန်များထွက်ပေါ်လာပြီးနောက်မှာ ကာချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်နေကြောင်း သတင်းများထပ်မံထွက်ပေါ်လာခြင်းဖြစ်သည် ၊

ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမည်မဟုတ်ဟု လျှပ်စစ်ဝန်ကြီးကတိပြု သော်လည်း ၂၄ နာရီမီးပေးမည်ဟုတ်ကတိမပေးခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ယခုနှစ်နွေရာသီတွင် ဓာတ်အားပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားမည်မဟုတ်ကြောင်း လျှပ်စစ်ဝန်
ကြီး ဦးခင်မောင်စိုးက ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ကတိပြုပြောဆိုလိုက်သည်။ လာမည့်နွေရာသီ
တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ လျော့ကျမည်ဖြစ်သော်လည်း ဓာတ်ငွေ
့လျှပ်စစ်တာဘိုင်များတပ်ဆင်ထားခြင်းကြောင့် မဂ္ဂါဝပ် ၂၀၀

ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မောင်မြင့်ကို7Day News သူရဲကောင်းဆုချီးမြှင့်

ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကçနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ  နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။ ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မောင်မြင့်ကို ၂၀၁၁7Day News သူရဲကောင်းဆုချီးမြှင့်ဖို့ ရွေးချယ်ပါတယ်။
အဆိုပါဆုကို ဦးတိုးနိုင်မန်း (ပြည်သူ့လွှတ်တော်ဥပပေရေးရာနှင့်ထူးခြားဖြစ်စဉ်များ လေ့လာစီစစ်သုံးသပ်ရေးကော်မတီဝင်)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ဒုတပ်ကြပ်ခင်မောင်မြင့်ကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။

ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကçနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားခဲ့သော မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ်လူသတ်မှု လက်ရှိအချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်းသိရ

၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားခဲ့သော မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ်လူသတ်မှု လက်ရှိအချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်းသိရ
========================================

w1-19-2-3၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က မျက်နှာဖုံးစွပ်လူအုပ်စုမှ ကိုကျော်မင်းအား သတ်ဖြတ်ခဲ့သော အခင်းဖြစ်ပွားရာ ဘီယာဆိုင်အားတွေ့ရစဉ်
မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှာ တစ်နှစ်နှင့် သုံးလကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုလက်ရှိ အချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ည၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ ရှိနေစဉ် ကျော်မင်းလားဟုမေးကာ လူငါးယောက်မှ ဓားများဖြင့် ၀ိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှအပြင်သို့ တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက ထပ်မံခုတ်သတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်များအရ သိရသည်။
ယင်းအမှုကို မြောက်ဥက္ကလာပ ရဲစခန်းမှ (ပ) ၅၂၄/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး တရားခံဟု ယူဆရသူ ၂၃ဦးအား ၂၀၁၁ ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုပြ သက်သေများအား စတင် စစ်ဆေးခဲ့ပြီး လုံခြုံရေးအင်အား လိုအပ်ချက်များ ရှိသောကြောင့် မြောက်ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းစစ်ဆေးနေကြောင်း သိရသည်။
အဆိုပါအမှုကို မြောက်ပိုင်းခရိုင်တရားရုံးမှ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် တရားလိုပြသက်သေများအား ထပ်မံစစ်ဆေးမည်ဟု သိရသည်။
EMG
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က မျက်နှာဖုံးစွပ်လူအုပ်စုမှ ကိုကျော်မင်းအား သတ်ဖြတ်ခဲ့သော အခင်းဖြစ်ပွားရာ ဘီယာဆိုင်အားတွေ့ရစဉ်
မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှာ တစ်နှစ်နှင့် သုံးလကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုလက်ရှိ အချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင် - Hedy Lamarr

ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင် - Hedy Lamarr

ပုံမှာ မြင်တွေ့နေရတာက မင်းသမီးတော့ မှန်ပါတယ်။ သို့ပေမယ့် အနုပညာ တစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ သူမဟာ သိပ္ပံပညာရှင် လည်း ဖြစ်ပါတယ်။

ကမ္ဘာ့အလှဆုံး သိပ္ပံပညာရှင်၊ ဥရောပရဲ့ အလှဆုံး အမျိုးသမီး လို့ မှတ်တမ်းတင်ခဲ့တဲ့ Hedy Lamarr ဟာ ၁၉၁၃၊ နိုဝင်ဘာ၉ ဖွားဖြစ်ပါတယ်။

အနုပညာ သက်တမ်း ၁၉၃၀ မှ ၁၉၅၈ ကြားမှာ အောင်မြင်မှု ယူခဲ့သလို သိပ္ပံပညာလောကမှာလည်း အောင်မြင်မှု တစ်ခုယူ ခဲ့ပါတယ်။ ဒါကတော့ ၁၉၄၀ နောင်းပိုင်းကာလ က(၁၉၄၁-၄၂) မှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တစ်ခု တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြားဖြတ်ထောက်လှမ်းလို့မရတဲ့ ကြိုးမဲ့ ဆက်သွယ်ရေးစနစ်ကို အိုင်ဒီယာရပြီး အနုပညာ- ဂီတ ဖန်တီးရှင် George Antheil နဲ့ ပူးပေါင်း တီထွင်ခဲ့ ရာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ Wi-LAN စနစ်ဆိုတာ Hedy Lamarr တို့ စတင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အနုပညာလောကမှာပါ မင်းသမီးအဖြစ် သရုပ်ဆောင်နိုင် တဲ့အပြင် သိပ္ပံပညာရပ်မှာလည်း ထူးချွန်တဲ့ Hedy Lamarr ကို ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင်လို့ မှတ်တမ်း တင်ခဲ့တယ်လို့ သိရပါတယ်။
---
Ref:Wikipedia
Photo source Mtimes
ရိုးရာလေး ဗဟုသုတ

http://www.yoyarlay.com/science-tech/internet/34256-hedy-lamarr-the-world-most-beautiful-woman-scientist

အေးချမ်းမွန်(အဲဆာန်မန်) မှ YoYarLay တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ပုံမှာ မြင်တွေ့နေရတာက မင်းသမီးတော့ မှန်ပါတယ်။ သို့ပေမယ့် အနုပညာ တစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ သူမဟာ သိပ္ပံပညာရှင် လည်း ဖြစ်ပါတယ်။
ကမ္ဘာ့အလှဆုံး သိပ္ပံပညာရှင်၊ ဥရောပရဲ့ အလှဆုံး အမျိုးသမီး လို့ မှတ်တမ်းတင်ခဲ့တဲ့ Hedy Lamarr ဟာ ၁၉၁၃၊ နိုဝင်ဘာ၉ ဖွားဖြစ်ပါတယ်။

ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်

ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်

သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ။ ဒီကလေးနာမည်က Varya Akulova ဖြစ်ပါ တယ် ။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို သာသာလေးမ နိုင်ခဲ့တယ် ။ ကမ္ဘာ့အ သန်မာဆုံးမိန်းကလေးငယ်ပါပဲ ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်းကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီး ပါပြီ ။

Varya ရဲ့ ကြွက်သားတွေက မြင်သာတယ်ဆိုယုံလေးပါ အရမ်းကြီးသန်မာထွားကြိုင်နေတာတော့မဟုတ်ခဲ့ဘူး ။ ဒါပေမယ့် သူ့ရဲ့ အလေးချိန်တွေကို ` မ ´ နိုင်တဲ့ စွမ်းအင်ကတော့ အံ့သြလောက်စရာပါပဲ ။ သူ့မှာ တောင့် တင်းတဲ့ ခန္ဓာနဲ့ ကြိုးတွေလို အရွတ်တွေလည်းပိုင်ဆိုင်ထားတယ် ။

Varyaကပြောတာကတော့ ` ကျွန်မ ကြီးထွားချင်ပါတယ်တကယ့်ကို ကြီးထွားချင်ပါတယ် ၁၉၀ စင်တီ မီတာလောက်အရပ်မြင့်ပြီး ကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ်ထက်ပိုလေးချင်ပါတယ် ဖေဖေ့လိုပေါ့ ´ တဲ့ ။ တ ကယ်တော့ Verya ဟာ သူမအတန်းမှာလည်း အတော်ဆုံးကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ် ။ အခုဆို သူမ ၇ တန်းကိုတက်ရောက်နေပြီဖြစ်ပါတယ် ။

Source : http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1190245&xgs=1&xg_source=msg_share_post#ixzz1updKnvfr

အေးချမ်းမွန်(အဲဆာန်မန်) မှ ထူးထူးဆန်းဆန်း တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ။ ဒီကလေးနာမည်က Varya Akulova ဖြစ်ပါ တယ် ။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို သာသာလေးမ နိုင်ခဲ့တယ် ။ ကမ္ဘာ့အ သန်မာဆုံးမိန်းကလေးငယ်ပါပဲ ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်းကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီး ပါပြီ ။

လွတ်အောင်ရှောင် (ဟာသ)

လွတ်အောင်ရှောင်

မြောက်ဒဂုံကားမှတ်တိုင်တွင် ကားစောင့်နေသော အမျိုးသမီး တစ်ဦးသည် လူပြည့်ကျပ်နေသည့် ဟီးနိုးလိုင်းကားပေါ်သို့

အတင်းတိုးဝှေ့ ၍ လိုက်လာလေသည်။

မတ်တပ်ရပ်လျက် စီးနေကြသော ခရီးသည် ယောက်ကျား များကိုလည်း ပါးစပ်မှအော်ပြောနေ၏။

" သတိထားစီးကြနော်။ဥတွေ ကွဲကုန်လိမ့်မယ်....ကျမဘက်ကိုမတိုးကြနဲ့..."

ထိုအခါ ယောက်ကျားကြီးတစ်ယောက်က မကျေမနပ် ဒေါသတကြီးနဲ့ ပြန်မေးလိုက်သည်။

" ကြက်ဥတွေပါ၇င်လည်း ဒီလောက်ကြပ်တဲ့ကားကို ဘာလို့များ တိုးစီးလာရသေးလဲ...တခြားကားစီးပါလားဗျ.."

ထိုအခါ အမျိုးသမီး ပြန်ပြောလိုက်တာက.....

" ကြက်ဥတွေမဟုတ်ဖူးရှင့်။အိတ်ထဲမှာ အိမ်ရိုက်သံတွေပါလာလို့ ပါ။စေတနာနဲ့ပြောတာကိုးများ.....ဟင်း..."..တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely.....( cr ...KM )

မြောက်ဒဂုံကားမှတ်တိုင်တွင် ကားစောင့်နေသော အမျိုးသမီး တစ်ဦးသည် လူပြည့်ကျပ်နေသည့် ဟီးနိုးလိုင်းကားပေါ်သို့အတင်းတိုးဝှေ့ ၍ လိုက်လာလေသည်။

စင်္ကာပူမှာ ၂၆ နှစ်အတွင်း ဒုတိယကြိမ် ဆန္ဒပြမှုဖြစ်

စင်္ကာပူမှာ ၂၆ နှစ်အတွင်း ဒုတိယကြိမ် ဆန္ဒပြမှုဖြစ်
နောက်ဆုံးရေးသားချိန် 19 February 2013, 11:14 AEST
စင်င်္ကာပူ နိုင်ငံက မကြုံစဖူး ၂၆ နှစ်အတွင်း ဒုတိယအကြိမ် ဆန္ဒပြမှု ဖြစ်ခဲ့ပြီး၊ ထောင်နဲ့ချီတဲ့လူထုတွေက အစိုးရကို ပြည်ပ ကနေ လူဦးရေး ထပ်တိုးတဲ့ အလုပ်သမားတင်သွင်းမှာ ဖြစ်တဲ့ မူဝါဒ ကို ပြန်လည်ဆန်းစစ်ဖို့ တောင်းဆို ခဲ့ပါတယ်။
စင်္ကာပူ နိုင်ငံဟာ ဆန္ဒပြခွင့်မရှိ တဲ့ နိုင်ငံဖြစ်ပါတယ်။

မကြာသေးခင်က တရုတ် နိုင်ငံသား ဘစ်ကားမောင်း သူ တွေ က တူညီ တဲ့ အခွင့်အရေး ခံစား ခွင့်တောင်းဆိုတဲ့ အနေနဲ့ သပိတ်မှောက် ဆန္ဒပြ ခဲ့ ပြီး သပိတ်မှောက်တဲ့ အထဲမှာ ပါဝင်ခဲ့သူ တွေ ဟာ ပြည်နှင်ခြင်း ခံ ခဲ့ ရ ပါတယ်။

ဆန္ဒပြဟောပြောပွဲမှာ ပါဝင်သူ တယောက်ဖြစ်တဲ့ Kumaran Pillay က ဈေးပေါတဲ့ အ လုပ် သ မား တွေကို ပြည်ပက နေတင်သွင်းဖို့ ဆန့် ကျင် တာ ဖြစ် တဲ့ အကြောင်း၊ ပြည်တွင်းမှာ အလုပ်သမား အရည်အတွက် ထက် အရည်အချင်းက ပိုပြီးအရေးကြီးတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် အရည်အသွေးမြင့်တဲ့ အလုပ်သမားတွေ တင်သွင်းဖို့တောင်းဆိုတာဖြစ်တယ်လို့ ပြောပြသွားပါတယ်။

19 February 2013, 11:14
စင်င်္ကာပူ နိုင်ငံက မကြုံစဖူး၂၆ နှစ်အတွင်းဒုတိယအကြိမ်ဆန္ဒပြမှု ဖြစ်ခဲ့ပြီး၊ ထောင်နဲ့ချီတဲ့လူထုတွေကအစိုး
ရကို ပြည်ပ ကနေ လူဦးရေး ထပ်တိုးတဲ့ အလုပ်သမားတင်သွင်းမှာ ဖြစ်တဲ့ မူဝါဒ ကို ပြန်လည်ဆန်းစစ်ဖို့
 တောင်းဆို ခဲ့ပါတယ်။စင်္ကာပူ နိုင်ငံဟာ ဆန္ဒပြခွင့်မရှိ တဲ့ နိုင်ငံဖြစ်ပါတယ်။

ဆေးဖက်ဝင်တယ်ဆိုပြီးသောက်နေကြတဲ့ တရုတ်နိုင်ငံက ကလေးစွတ်ပြုတ်

ဆေးဖက်ဝင်တယ်ဆိုပြီးသောက်နေကြတဲ့တရုတ်နိုင်ငံက ကလေးစွတ်ပြုတ်

အခုပုံကတော့ တရုတ်နိုင်ငံမှမွေးခင်စကလေး ငယ်အသေတွေကို တရုတ်ဆေးမြစ်စုံတွေနဲရောပြီးချက်ပြုတ်တဲ့ပြုလုပ်ပံ
ုအဆင့်ဆင့်တွေပါ အသားဆိုသစ်သားကလွဲပြီးအကုန်စားတဲ့တရုတ် တွေအတွက်တော့ ကလေးစွတ်ပြုတ်ကရေနွေးကြမ်းသောက်သလောက်ပဲရှိပါတယ် တရုတ်နိုင်ငံမှမွေးခင်စကလေးငယ်များစွန့်ပစ်နေခြင်းဟလည်း အမှိုက်ထုပ်များသဖွယ်ပေါများနေပါတယ်။တော်တော်စိတ်ပျက်စရာကောင်းတဲ့ မြင်ကွင်းပါ facebook မှသူငယ်ချင်းတစ်ယောက်တင်ထားတာတွေလို ဗဟုသုတအနေနဲတင်လိုက်တာပါ။

Myanmar Online News

အခုပုံကတော့ တရုတ်နိုင်ငံမှမွေးခင်စကလေး ငယ်အသေတွေကို တရုတ်ဆေးမြစ်စုံတွေနဲရောပြီးချက်ပြုတ်တဲ့ပြုလုပ်ပံ
ုအဆင့်ဆင့်တွေပါ အသားဆိုသစ်သားကလွဲပြီးအကုန်စားတဲ့တရုတ် တွေအတွက်တော့ ကလေးစွတ်ပြုတ်ကရေနွေးကြမ်းသောက်သလောက်ပဲရှိပါတယ်။

Samsung GALAXY Camera (Wi-Fi) Only

Samsung GALAXY Camera (Wi-Fi) Only
===========================
ကဲကင်မရာစိတ်ဝင်စားသူအတွက်လဲအဆင်ပြေမယ်ဗျာ။3G/4G ပါအသုံးပြု
နိုင်မည့် (Wi-Fi)သုံးလို့ရမယ်၊ Android™ 4.1 (Jelly Bean) OS ပါရှိပါတယ်။
App 700,000 လောက်Google Playကနေဒေါင်းလော့ရယူနိုင်မယ်လို့ပြောပါတယ်။
ကင်မရာအလန်းလေးပါ။ Zoom ကတော့ 21x ပါရှိပြီးတော့ lens နဲ့ super-bright 16M BSI CMO ၊ display ကတော့ a 4.8”
121.2mm HD display ပါရှိပြီး၊ကင်မရာကနေပဲကျွှန်တော်တို့
ဓါတ်ပုံတွေပြုပြင်နိုင်မယ်၊တည်းဖြတ်လုပ်နိုင်မယ်၊ဗီဒီယိုတွေကိုလဲ
တည်းဖြတ်လုပ်နိုင်ပါသေးတယ်ဗျာ။ဈေးနှုန်းကတော့မသိရသေးပါဘူးခင်ဗျာ။
====================================
Ref; minzarnitgi
Credit to 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်

 2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက်

ကင်မရာစိတ်ဝင်စားသူအတွက် 3G/4G ပါအသုံးပြု နိုင်မည့် (Wi-Fi)သုံးလို့ရမယ့်၊ Android™ 4.1 (Jelly Bean
) OS ပါရှိပါတယ်။App 700,000 လောက်Google Playကနေဒေါင်းလော့ရယူနိုင်မယ်လို့ပြောပါတယ်။ကင်မ
ရာအလန်းလေးပါ။

စင်ကာပူနှင့်မလေးရှား နှစ်နိုင်ငံကြား မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်မည်

singapore-malaysia
(မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်မည့် သဘောတူညီချက်အား စင်ကာပူနှင့် မလေးရှား ဝန်ကြီးချုပ်နှစ်ဦး ထုတ်ပြန်ပြောကြားစဉ်)
စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သည် ကွာလမ်လမ်ပူနှင့် စင်ကာပူကို ဆက်သွယ်သည့် မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်သွားရန် သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုအပေါ် လီမြောင်ဘတ် သတိပေး


lee

(သမ္မတလီမြောင်ဘတ်၏ မိန့်ခွန်းပြောကြားမှုကို ကြည့်ရှုနေသည့် တောင်ကိုရီးယားပြည်သူများ)
မြောက်ကိုရီးယား၏ လတ်တလော နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခြင်းမှာ ၎င်းတို့ဘာသာ ချောင်ပိတ်မိသွားစေမည့် လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း ရာထူးမှစွန့်ခွာတော့မည့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က သတိပေး ပြောကြားလိုက်သည်။

တစ်နှစ်ခွဲကျော် ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှုနှင့် တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရမှုများတွင် စုစုပေါင်းရဲတပ်ဖွဲ့ဝင် လေးထောင်နီးပါးရှိပြီး ရဲအရာရှိ ၁၀၅၇ ဦးပါဝင်

တစ်နှစ်ခွဲကျော် ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှုနှင့် တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရမှုများတွင် စုစုပေါင်းရဲတပ်ဖွဲ့ဝင် လေးထောင်နီးပါးရှိပြီး ရဲအရာရှိ ၁၀၅၇ ဦးပါဝင်
Tuesday, February 19, 2013

တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှု၊ တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့် ရဲဝန်ထမ်းဦးရေမှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦး ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရသည်။

၂၀၁၁ ခုနှစ် ဧပြီလမှစ၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အကျင့်ပျက် ရဲဝန်ထမ်းအဖြစ် သက်မှတ်ခံရပြီး ထုတ်ပယ်ခဲ့သည့် ရဲဝန်ထမ်းများတွင် ရဲအရာရှိ ၉၀၇ ဦးပါဝင်ပြီး အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂၃၆၃ ဦး ပါဝင်သည်။ ရာထူးချခံရသည့် ရဲအရာရှိ ၁၄၄ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၃၂၁ ဦး တို့ရှိကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထုတ်ပယ်ခြင်းနှင့် ရာထူးချခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လာဘ် ငွေ တောင်းခံရယူမှု၊တရားခံ သေဆုံးမှု၊ အမှုကြန့်ကြာမှု၊ 
မူးယစ် စည်းကမ်းဖောက်ဖျက်မှု၊တာဝန် ပေါ့လျော့/ပျက်ကွက်မှု၊ လူမှုရေး ဖောက်ပြန်မှု၊ အထက်အရာရှိအား အနိုင်အထက်ပြုမှု၊ တရားခံထွက်ပြေးမှု၊ ပြည်သူအား ညှဉ်းပန်းနှိပ်စက်မှု၊ အမှုမဖွင့် ပေးမှု၊ လုပ်ထုံးလုပ်နည်းနှင့် မညီဆောင်ရွက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ရဲလုပ်ငန်း အားနည်းမှု၊ လက်အောက်ငယ်သားအား ညှဉ်းပန်းနှိပ်စက်မှု၊ ကြီးကြပ်မှု အားနည်းမှု၊ ခိုးမှုနှင့် ရဲပြေးမှု အစရှိသည့် ပြစ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်
ဖြစ်သည်။

ထို့ပြင် သတိပေးစာ ထုတ်ပေးထားသည့် ရဲတပ်ဖွဲ့ဝင်များလည်း ရှိနေပြီး ထပ်မံကျူးလွန်ပါက အကျဉ်းနည်းနှင့် ရဲတရားရုံးများတွင် စစ်ဆေးပြီး
ပြစ်ဒဏ်များ ချမှတ်သွားမည်ကြောင်း ထုတ်ပြန်ဖြေကြားချက်တွင် ပါဝင်သည်။ အကျဉ်းနည်းဖြင့် စစ်ဆေးနိုင်သော ပြစ်ဒဏ်များမှာ ရဲအချုပ်တွင် ထောင်ဒဏ်သုံးလ၊ ၀န်ထမ်းမှ ထုတ်ပယ်ခြင်း၊ ရာထူးမှ ရပ်စဲခြင်း၊ ရာထူးအဆင့် လျော့ချခြင်း၊ လစာနှုန်းအတွင်း လစာလျော့ချခြင်း၊ ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊ နှစ်တိုး လစာရပ်ဆိုင်းခြင်းနှင့် လစာပေးလျော်စေခြင်းတို့ ဖြစ်သည်။

ထို့ပြင် ရဲတရားရုံးတွင် စစ်ဆေးပြီး ချမှတ်နိုင်သော ပြစ်ဒဏ်များမှာ သုံးနှစ်ထက်မပိုသော ပြစ်ဒဏ်များ၊ ၀န်ထမ်းအဖြစ် ထုတ်ပယ်ဒဏ်၊ ရာထူးအဆင့်လျော့ဒဏ်၊ အငြိမ်းစားလစာအတွက် ရဲမှုထမ်း သက်လျော့ဒဏ်နှင့် လစာမှ ပေးလျော်ဒဏ်တို့ ပါဝင်ကြောင်း သိရသည်။ ထိုသို့ ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်နယ်နှင့် တိုင်းများရှိတပ်ဖွဲ့၊ တပ်ရင်းနှင့်
ကျောင်းများမှ ပြစ်မှုကျူးလွန်၍ ထုတ်ပယ်ခံရသူ ၁၄၄ ဦး၊ သတိပေးခံရသူ ၁၅၉၅ ဦး၊ ရာထူးတစ်ဆင့် လျော့ချခံ ၄၆၅ ဦးတို့ ရှိခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းတာဝန်ဆောင်ရွက်
ရာတွင် ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံ ရဲဌာနချုပ်သို့ တရားဝင် တိုင်ကြားနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။မြန်မာနိုင်ငံ
တစ်ဝန်းလုံးတွင် ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းကျော် ရှိသည်ဟု သိရသည်။

Eleven Media Group

Tuesday, February 19, 2013
တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှု၊ တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့် ရဲဝန်ထမ်းဦးရေမှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦး ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရသည်။

ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးသူများပွဲချင်းပြီးသေဆုံး

ဟဲဟိုး၊ ဖေဖော်ဝါရီ ၁၉

ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ မန္တလေးသို့ပြေးဆွဲသော ရွှေတာင်ရိုးယာဉ်လိုင်းမှ ခရီးသည်တင်လေအိတ်ကားတစ်စီးနှင့်
ရွှေညောင် မြို့ ခမရ ၉၄ မှ တပ်ကြပ်ဦးမြမွေးနင့်အဖော်တစ်ဦးတို့ စီးနင်းလာသော ဆိုင်ကယ် သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ နန်ကုန်းပိုင်း 
ရပ်ကွက် ကံတလိဘုန်းကြီးကျောင်းအနီး ကားလမ်းမပေါ်တွင် မျက်နာချင်းဆိုင်တိုက်မိခဲ့ကြောင်း ဟဲဟိုးသတင်းထောက်မှ သတင်းပေးပို့သည်။

တိုက်မိသည့်အရှိန်မှာပြင်းထန်သဖြင့် ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။

ခရီးသည်တင်ကားပေါ်တွင်ပါလာသည့်ခရီးသည်များမှာထိခိုက်ဒဏ်ရာရရှိခြင်းမရှိပါ။ ဆိုင်ကယ်ကို 
ကား၏ညာဘက်ခြမ်းနင့်တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။

သတင်း+ဓာတ်ပုံ - ထူးအိမ်သွင်
Popular Myanmar News Journal


ဟဲဟိုး၊ ဖေဖော်ဝါရီ ၁၉ 
 ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ မန္တလေးသို့ပြေးဆွဲသော ရွှေတာင်ရိုးယာဉ်လိုင်းမှ ခရီးသည်တင်လေအိတ်ကားတစ်စီးနှင့် ရွှေညောင် မြို့ ခမရ ၉၄ မှ တပ်ကြပ်ဦးမြမွေးနင့်အဖော်တစ်ဦးတို့ စီးနင်းလာသော ဆိုင်ကယ် သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ နန်ကုန်းပိုင်း ရပ်ကွက် ကံတလိဘုန်းကြီးကျောင်းအနီး ကားလမ်းမပေါ်တွင် မျက်နာချင်းဆိုင်တိုက်မိခဲ့ကြောင်း ဟဲဟိုးသတင်းထောက်မှ သတင်းပေးပို့သည်။

ဖရုံသီး အတွင်း ထည့်သွင်း သယ်ဆောင် လာသော ဘိန်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိ

ဖရုံသီး အတွင်း ထည့်သွင်း သယ်ဆောင် လာသော ဘိန်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိ
Tuesday, February 19, 2013

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ အမှတ်(၆) ရပ်ကွက်၌ ဖေဖော်ဝါရီ ၁၆ ရက်
ည ၇ နာရီက ဖရုံသီးထဲ၌ ထည့်သွင်း သယ်ဆောင် လာသော ဘိန်းစိမ်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကွတ်ခိုင် ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ကွတ်ခိုင်မြို့ အမှတ်(၆) ရပ်ကွက် တာမိုးညဲသို့ သွားသည့် ကားလမ်းတွင် ယာဉ်များအား ရပ်တန့် ရှာဖွေ စစ်ဆေးရာ ယာဉ်မောင်း ထွန်းထွန်းနိုင်
မောင်းနှင်သည့် ၆ က /------- ပေါ်တွင် လိုက်ပါလာသည့် ဒေါ်တင်မေ ၄၈ နှစ် (ဘ)ဦးတွမ်အရှမ်း (ခ)အိုက်ကျီ အမှတ်(၃) ရပ်ကွက် ကျောက်မဲ မြို့နေသူ၏ ပလတ်စတစ် ဆွဲခြင်း အတွင်းရှိ ဖရုံသီးထဲ၌ ထည့်သွင်း သယ်ဆောင်လာသော ဘိန်းစိမ်း တစ်ကီလိုဂရမ် တစ်ထုပ်နှင့် စိတ်ကြွ
ဆေးပြား ၁၉ဝ ပြားစီ ပါသော အထုပ် ၃ဝ(အလေးချိန် ၅၁၃ ဂရမ်) အား ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ထို့ကြောင့် မူးယစ် ဆေးဝါးများ သယ်ဆောင် လာသူ ဒေါ်တင်မေကို ကွတ်ခိုင် ရဲစခန်းမှ မယ(ပ) ၁၉/၁၃ မူး/စိတ် ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။

http://bit.ly/WT96hO

မြ၀တီ

Tuesday, February 19, 2013

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ အမှတ်(၆) ရပ်ကွက်၌ ဖေဖော်ဝါရီ ၁၆ ရက်
ည ၇ နာရီက ဖရုံသီးထဲ၌ ထည့်သွင်း သယ်ဆောင် လာသော ဘိန်းစိမ်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိကြောင်း သိရသည်။

လှည်းတန်းခုံးကျော်တံတား သံပေါင်တပ်ဆင်မည်ဖြစ်၍ မြို့ထဲမှ ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများသို့ အသွားအပြန် လမ်းကြောင်းများ နာရီအနည်းငယ် ပိတ်မည်

လှည်းတန်းခုံးကျော်တံတား သံပေါင်တပ်ဆင်မည်ဖြစ်၍ မြို့ထဲမှ ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများသို့ အသွားအပြန် လမ်းကြောင်းများ နာရီအနည်းငယ် ပိတ်မည်

  

လှည်းတန်းခုံးကျော်တံတား သံပေါင်တပ်ဆင်ခြင်းလုပ်ငန်း ပြုလုပ်မည် ဖြစ်သောကြောင့် မြို့ထဲဘက်မှ ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများသို့ အသွားအပြန် လမ်းကြောင်းများကို နာရီအနည်းငယ် ပိတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

လှည်တန်းခုံးကျော်တံတား တည်ဆောက်နေသည့် လှည်းတန်းလမ်းဆုံတွင် တံတားသံပေါင် တပ်ဆင်ခြင်း လုပ်ငန်းအား ဖေဖော်ဝါရီ လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ညစဉ် ၁၁ နာရီမှ နံနက် ၄ နာရီအထိ ပြုလုပ်မည် ဖြစ်သောကြောင့် ယင်းအချိန်အတွင်း အဆိုပါ လမ်းကြောင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

မြို့ထဲဘက်မှ တက္ကသိုလ်ရိပ်သာလမ်း (အသွား၊ အပြန်)၊ မြို့ထဲမှ ပြည်လမ်း (အသွား၊ အပြန်)၊ မြို့ထဲမှ အင်စိန်လမ်း (အသွား၊ အပြန်) ၊ မြို့ထဲမှ လှည်းတန်းလမ်း (အသွား၊ အပြန်) လမ်းကြောင်းများ အပြင် တက္ကသိုလ်ရိပ်သာလမ်းမှ အင်းစိန်လမ်း (အသွား၊ အပြန်)၊ တက္ကသိုလ်ရပ်သာလမ်းမှ လှည်းတန်းလမ်း (အသွား၊ အပြန်)၊ ပြည်လမ်းမှ လှည်းတန်းလမ်း (အသွား၊ အပြန်)၊ ပြည်လမ်းမှ တက္ကသိုလ်ရိပ်သာလမ်း (အသွား)၊ အင်စိန်လမ်းမှ ပြည်လမ်း (အသွား)နှင့် လှည်းတန်းလမ်းမှ အင်းစိန်လမ်း(အသွား)တို့ကို ပိတ်ထားမည်ဟု နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။

လှည်းတန်းခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပန္နက်တည်ဆောက်ခဲ့ကာ တံတားဆည်ဆောက်မှု လုပ်ငန်းများ ပြုလုပ်နေစဉ်၌ ယာဉ်ကြောပိတ်ဆို့မှုများလည်း အများအပြား ဖြစ်ပွားနေကြောင်း သိရသည်။ တံတားအား လာမည့် ဧပြီလတွင် အပြီးသတ် တည်ဆောက်သွားမည်ဟု တံတားအား တာဝန်ယူတည်ဆောက်သည့် ရွှေတောင်ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။

Eleven Media Group

လှည်းတန်းခုံးကျော်တံတား သံပေါင်တပ်ဆင်ခြင်းလုပ်ငန်း ပြုလုပ်မည် ဖြစ်သောကြောင့် မြို့ထဲဘက်မှ ပြည်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများသို့ အသွားအပြန် လမ်းကြောင်းများကို နာရီအနည်းငယ် ပိတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

WiMax အင်တာနက်လိုင်းကို LTE သို့ပြောင်းလဲမြှင့်တင်ရန် အစီအစဉ်ရှိကြောင်းသိရ

WiMax အင်တာနက်လိုင်းကို LTE သို့ပြောင်းလဲမြှင့်တင်ရန်
အစီအစဉ်ရှိကြောင်းသိရ
Tuesday, February 19, 2013

WiMax အင်တာနက်လိုင်းကို နောက်ပိုင်းတွင် LTE ပြောင်းလဲသွားရမည်
ဖြစ်ကြောင်း RedLink ကုမ္ပဏီမှ ပြောကြားခဲ့သည်။

''တစ်ချိန်ချိန်မှာLTE ကို ပြောင်းမှရမယ်။LTE က WiMax ရဲ့Next Technology ဖြစ်ပါတယ်။WiMax ရဲ့သွားနေတဲ့ Trend အတိုင်း လိုက်ရမှာဖြစ်ပြီး ကျန်ခဲ့လို့မရပါဘူး။LTE ကို မဖြစ်မနေ ပြောင်းရမှာပါ။
သုံးတဲ့သူဘက်အနေနဲ့ လက်ရှိသုံးနေတဲ့ CPE တွေကို ဆက်သုံးသွားလို့ရပြီး Service Provider ဘက်ကသာ အပြောင်းအလဲတွေ လုပ်ဆောင်ရမှာ
ဖြစ်ပါတယ်''ဟု Red Link ကုမ္ပဏီမှ ဦးမင်းဆွေလှိုင်က ပြောကြားခဲ့သည်။

Mobile WiMax တွင် အမြင့်ဆုံးရရှိနိုင်သော Download speed မှာ 70 Mbps  ဖြစ်ပြီး LTE (Long Term Evolution) တွင်မူ အမြင့်ဆုံး 100 Mbpsထိ ရရှိနိုင်ကြောင်းသိရသည်။Upload speed တွင်မူ LTE ၌အမြင့်ဆုံး 50Mbps ထိရနိုင်ပြီး WiMax တွင်5 to 10Mbpsထိသာ ရရှိနိုင်ကြောင်း သိရသည်။Average Rangeတွင် LTE မှာ မိုင်၃ဝ ကျော်ထိ လွှမ်းခြုံနိုင်ပြီး WiMax မှာ ၅မိုင်ကျော်အထိသာ လွှမ်းခြုံနိုင်ကြောင်း သိရသည်။

WiMax အင်တာနက်လိုင်းကို ရန်ကုန်၊မန္တလေးနှင့် ပုဂံတို့တွင်သာ တပ်ဆင်သုံးစွဲနိုင်ပြီး စုစုပေါင်း အသုံးပြုသူအရေအတွက်မှာ တစ်သောင်း
နီးပါးခန့်ရှိကြောင်း သိရသည်။ WiMax အင်တာနက်လိုင်း၏ ကနဦး
တပ်ဆင်ခမှာ ကျပ်လေးသိန်းခွဲဖြစ်သည်။

Eleven Media Group

Tuesday, February 19, 2013

WiMax အင်တာနက်လိုင်းကို နောက်ပိုင်းတွင် LTE ပြောင်းလဲသွားရမည် ဖြစ်ကြောင်း RedLink ကုမ္ပဏီမှ ပြောကြားခဲ့သည်။ ''တစ်ချိန်ချိန်မှာLTE ကို ပြောင်းမှရမယ်။LTE က WiMax ရဲ့Next Technology ဖြစ်ပါတယ်။WiMax ရဲ့သွားနေတဲ့ Trend အတိုင်း လိုက်ရမှာဖြစ်ပြီး ကျန်ခဲ့လို့မရပါဘူး။

ပုသိမ်မှာတွေ့ရတဲ့ ဆရာမြသန်းတင့် အမှတ်တရပွဲ

ပုသိမ်မှာတွေ့ရတဲ့ ဆရာမြသန်းတင့် အမှတ်တရပွဲ
Tuesday, February 19, 2013

စာရေးဆရာ မြသန်းတင့်ရဲ့ စာပေကျေးဇူးအောက်မေ့ပွဲကို ပုသိမ်မြို့မှာ သူကွယ်လွန်တာ ၁၅ နှစ် ပြည့်နေ့ဖြစ်တဲ့  မနေ့က ကျင်းပခဲ့ပါတယ်။
ဒေသခံ စာရေးဆရာတွေနဲ့ စာပေချစ်သူ ၇၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ပွဲဖြစ်မြောက်ရေးဦးဆောင်သူ ကဗျာဆရာ မောင်အောင်ပွင့်က ဆရာ မြသန်းတင့်  အမှတ်တရ အစီအစဉ်အကြောင်း ဧရာဝတီကို အခုလို ပြောပါတယ်။

“ဆရာမြသန်းတင့်ဟာ စာရေးဆရာသက်သက်တင် မဟုတ်ပါဘူး။ အဘိဓမ္မာဆရာတယောက်လည်း ဖြစ်ပါတယ်။ သူဟာ လူငယ်တွေကို အထူး တန်ဖိုးထားတဲ့ စာရေးဆရာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကျနော်တို့တိုင်းပြည်မှာ နိမ့်ကျသလိုဖြစ်နေပြီး ဒုတိယတန်းစားလောက်
ဖြစ်နေတာကို ဂုဏ်တင်ရေးသားခဲ့သူ ဖြစ်တယ်။ ဒါကြောင့် ဆရာ့ရဲ့ စာပေကျေးဇူးတွေဟာ တိုင်းပြည်အပေါ်မှာ အင်မတန် ကြီးမားတဲ့အတွက် ဒီအခမ်းအနားကို ကျင်းပခြင်း ဖြစ်ပါတယ်”

အခမ်းအနားမှာ စာပေချစ်သူတွေ၊ မောင်အောင်ပွင့်၊   စိုးထိုက်၊  စစ်တင် အစရှိတဲ့ ပုသိမ်မြို့ခံ စာရေးဆရာတွေက ဆရာမြသန်းတင့်ရဲ့ စာပေကျေးဇူးတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

မြောင်းမြ ပရိယတ္တိစာသင်တိုက်မှာ  နေ့လည် ၁ နာရီက စတင်ကျင်းပတဲ့အခမ်းအနားကို ညနေ ၃ နာရီခွဲမှာ ရုပ်သိမ်းခဲ့ပါတယ်။

ဆရာမြသန်းတင့်ဟာ “လေရူးသုန်သုန်”၊ “စစ်နှင့်ငြိမ်းချမ်းရေး”၊ “သုခမြို့တော်”၊ “ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်” စတဲ့ နာမည်ကျော် စာအုပ်တွေ အပါအ၀င် ၀တ္ထု၊ ဆောင်းပါး၊ ဘာသာပြန်စာအုပ်ပေါင်းမြောက်မြားစွာ ရေးသားခဲ့သူ ဖြစ်ပါတယ်။

သန့်စင်ငြိမ်းချမ်း
ဧရာဝတီ

Tuesday, February 19, 2013

စာရေးဆရာ မြသန်းတင့်ရဲ့ စာပေကျေးဇူးအောက်မေ့ပွဲကို ပုသိမ်မြို့မှာ သူကွယ်လွန်တာ ၁၅ နှစ် ပြည့်နေ့ဖြစ်တဲ့ မနေ့က ကျင်းပခဲ့ပါတယ်။
ဒေသခံ စာရေးဆရာတွေနဲ့ စာပေချစ်သူ ၇၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း အတွင်းမှာ တနေ့တည်း မီးအကြီးအကျယ် လောင်ကျွမ်းမှု ၂ဆက်တိုက်ဖြစ်ပွား

မြန်မာနိုင်ငံမှာ နွေရာသီ နီးလာတာနဲ့အမျှ မီးဘေး အန္တရာယ်တွေ ပေါ်ပေါက်နေရာမှာ စစ်ကိုင်းတိုင်း အတွင်းမှာတော့ ဒီကနေ့ တနေ့တည်းမှာတင် မီးအကြီးအကျယ် လောင်ကျွမ်းမှု ၂ ခု ဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် နန်တောကျေးရွာမှာ ဒီကနေ့ မနက် မီးလောင်ကျွမ်း ခဲ့ရာ လူနေအိမ်ခြေ ၁၀၀ ခန့်နဲ့ ဈေးတဈေးလုံး နီးပါး မီးလောင်ကျွမ်းခဲ့သလို၊ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် မြို့နယ် ကျွန်းတောရွာမှာလည်း ဒီကနေ့ မနက်ခင်း မီးလောင်ကျွမ်းမှုမှာ အိမ်ခြေ ၄၀ နီးပါး ဆုံးရှုံးခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ကိုမိုးဇော် က တင်ပြထားပါတယ်။

လွှတ်တော်အမတ်ဦးရွှေမောင်မှ ဒုက္ခသည်စခန်းများကိစ္စရှင်းရန်အစိုးရအားတိုက်တွန်း

လွှတ်တော်အမတ်ဦးရွှေမောင်မှ ဒုက္ခသည်စခန်းများကိစ္စရှင်းရန်အစိုးရအားတိုက်တွန်း 
Monday, February 18, 2013   
 
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိမွတ်စလင်ဒုက္ခသည်စခန်း (ဓါတ်ပုံ - UNIC)

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၆) ရက်နေ့ထိ ငါးရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့် အရေးအထူး ကိုယ်စားလှယ် မစ္စတာသောမတ်ကွင်းတားနားမှ ရခိုင်ပြည်နယ်ရှိ ဒုက္ခ သည်စခန်း များသို့ ၎င်း၏ ခရီးစဉ်အတွင်း သွားရောက်လေ့လာခဲ့ပြီး၊ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ၏ အခြေ အနေသည် အကျဉ်းထောင်များနှင့် တူနေသည်ဟု ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်၌ ကျင်းပခဲ့သော သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ 

မစ္စတာ ကွင်းတားနားမှ ဒုက္ခသည်စခန်းများ၏ အခြေအနေမှာ လွန်ခဲ့သည့်နှစ်သြဂုတ်လ ခရီးစဉ်ကထက် တိုးတက်လာသည် ကိုတွေ့ရသော်လည်း မွတ်စလင် ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု များမှာ လွန်စွာ အားနည်းနေကြောင်း ထောက်ပြခဲ့သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများ မရနိုင်ရန် အတွက်ဒေသခံ ဗုဒ္ဓဘာသာဝင်များက နိုင်ငံ တကာမှ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များ ကို ခြိမ်းခြောက် နေခြင်းကြောင့် လည်းဖြစ်သည်ဟု ၎င်းကပြောပါသည်။ 

ပြည်ထောင်စုနှင့်ပြည်နယ် အစိုးရများမှ မွတ်စလင် ဒုက္ခသည်များကို လွတ်လပ်စွာသွားလာခွင့်၊ ကူး သန်း ရောင်းဝယ်ခွင့်၊ ငါးဖမ်းလုပ်ငန်းလုပ်ခွင့်၊ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင် ရန် တို့ကိုစီစဉ်ပေးရန် မစ္စတာကွင်းတားနားမှတိုက်တွန်းခဲ့သည်။ 

မစ္စတာသောမတ်ကွင်း တားနား၏ ခရီးစဉ် အစီရင်ခံစာအကြမ်းကို ရန်ကုန် လေဆိပ် သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့ပြီး အသေးစိတ် အစီရင်ခံစာကို မတ်လ (၁၁) ရက်နေ့တွင်ကျင်းပမည့် ၂၂ ကြိမ် မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ပါသည်။ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်မှ ရိုဟင်ဂျာနှင့် ကမန် များ၏ ဒုက္ခသည်စခန်းများ၏ အခြေအနေကို ပြည်ထောင်စု အစိုးရမှ ချက်ချင်းဖြေရှင်းပေးရန် လို အပ် ကြောင်း ၎င်း၏ Twitter မှတဆင့်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတရုံး၊ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ လက်ထောက်အထွေထွေရေးမှူးချုပ် Ms Valerie Amos တို့ထံ ယနေ့ရေးသား တိုက်တွန်း လိုက်သည်။ 

“ရိုဟင်ဂျာနဲ့ ကမန် ဒုက္ခသည် စခန်းများ ကိစ္စကိုပြည်ထောင်စု အစိုးရက ချက်ချင်းဖြေ   ရှင်းပေး သင့် တယ်။ ဒုက္ခ သည် စခန်းတွေရဲ့ အခြေအနေက အကျဉ်းထောင်တွေထက် ပိုမိုဆိုးရွားနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အကျဉ်းသားတွေက လုံလောက်တဲ့ အစာအစားရပေမယ့် ဒုက္ခသည်တွေ ကတော့မရဘူး” ဟုဦးရွှေမောင်၏ Twitter တွင်ရေးသား၍ နိုင်ငံတော် သမ္မတနှင့် ကုလသမဂ္ဂသို့ပေးပို့ ထားပါသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိမွတ်စလင်ဒုက္ခသ
ည်စခန်း (ဓါတ်ပုံ - UNIC)
Monday, February 18, 2013

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၆) ရက်နေ့ထိ ငါးရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့် အရေးအထူး ကိုယ်စားလှယ် မစ္စတာသောမတ်ကွင်းတားနားမှ ရခိုင်ပြည်နယ်ရှိ ဒုက္ခ သည်စခန်း များသို့ ၎င်း၏ ခရီးစဉ်အတွင်း သွားရောက်လေ့လာခဲ့ပြီး၊ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ၏ အခြေ အနေသည် အကျဉ်းထောင်များနှင့် တူနေသည်ဟု ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်၌ ကျင်းပခဲ့သော သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ က မကြာမီက ကယ်တင် ခဲ့သော မြန်မာသင်္ဘောသားကိုးဦး၏ အမည်များကိုဖေါ်ထုတ်

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ က မကြာမီက ကယ်တင်
ခဲ့သော မြန်မာသင်္ဘောသားကိုးဦး၏ အမည်များကိုဖေါ်ထုတ်

ဘိုလီနာအို၊၊ ဖေဖေါ်ဝါရီ ၁၈။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့  (PCG)က နိုင်ငံ၏ ပန်ဂါ
ဆီနန်ပြည်နယ် ဘိုလီနာအိုအငူ၌ မကြာမီကကယ်တင်
ထားခဲ့သော မြန်မာ သင်္ဘော သား ကိုးဦး၏ အမည်များ
ကို ဖေါ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

PCG ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖိလစ်ပိုင်ဒေသ
ဆိုင်ရာ ရဲတပ်ဖွဲ့ ကပြောကြားရာတွင် နှစ်မြုပ်ခဲ့သည့်
မြန်မာတွင် မှတ် ပုံတင်ထားသော သင်္ဘော M/VArita
Bauxite မှ သင်္ဘေသားကိုးဦးကို ကယ်တင်ခဲ့ပြီး တစ်ဦး
သေဆုံးကာ ၁၄ ဦးပျောက်ဆုံးနေကြောင်း ဆိုသည်။

သတင်းက ကယ်တင်ထားသော မြန်မာသင်္ဘောသား
ကိုးဦးမှာ ကြည်ဝင်း ၃၈ နှစ်၊အောင်ကျော်ခိုင် ၃၈နှစ်၊
ခင်မောင်ဝင်း ၃၄ နှစ်၊ အောင်ဆန်း ဝင်း ၃၈ နှစ်၊
အောင်သူငြိမ်း ၂၉ နှစ်၊ ဝင်းဇန် ၄၀ နှင့် ဝင်းနိုင်သိန်း ၃၀
တို့ဖြစ်ကြောင်း ဆိုသည်။ ယင်းမှနှစ်ဦးဖြစ်သည့် ဦးချိုအေး
၅၂ နှစ်နှင့် သန့် ဇင်မိုး ၂၉ နှစ်တို့ကို အရေးပေါ်ကုသမှု
ခံယူရန် ဆေးရုံသို့ တင်ပေးထားကြောင်း သိရသည်။

သင်္ဘောမှ သေဆုံးသူမှာ စားဖိုမှူးအကြီးအကဲဖြစ်သူ
ဦးမြင့်အောင် ၅၄နှစ်ဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ပန်ဂါဆီနန်ရှိဆူယယ်လ်သုဿန်တွင် သင်္ဂြိုလ်မည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောသည် ဘော်လီနာအိုရေပြင်တွင် မနစ်
မြုပ်ခင်က အင်ဂျင်စက် ချို့ယွင်းခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောကြားသည်။

Mb.com.ph

အေးချမ်းမွန်(အဲဆာန်မန်) မှ The Myanma Age တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ဘိုလီနာအို၊၊ ဖေဖေါ်ဝါရီ ၁၈။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့  (PCG)က နိုင်ငံ၏ ပန်ဂါ ဆီနန်ပြည်နယ် ဘိုလီနာအိုအငူ၌ မကြာမီကကယ်တင် ထားခဲ့သော မြန်မာ သင်္ဘော သား ကိုးဦး၏ အမည်များ ကို ဖေါ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဖိလစ်ပိုင် ပင်လယ်မှာ ကုန်တင်သင်္ဘော နစ်မြုပ်လို့ သေဆုံးသူနဲ့ ကယ်တယ်နိုင်ခဲ့တဲ့ မြန်မာ သင်္ဘောသားများ စာရင်း

ဖိလစ်ပိုင် ပင်လယ်မှာ ကုန်တင်သင်္ဘော နစ်မြုပ်လို့ သေဆုံးသူနဲ့ ကယ်တယ်နိုင်ခဲ့တဲ့ မြန်မာ သင်္ဘောသားများ စာရင်း။

သေဆုံးသူ - စားဖိုမှူး ဦးမြင့်အောင်

ကယ်တယ်လို့ရတဲ့ ၉ ယောက်ကတော့

ဦးသန့်ဇင်မိုး နဲ့ ဦးရွှေအေး (ထိခိုက်ဒဏ်ရာရ)
အရာရှိ ဦးကြည်ဝင်း
ဦးခင်မောင်ဝင်း
ဦးအောင်ကျော်ခိုင်
ဦးအောင်သူငြိမ်း
ဦးဝင်းဇော်
ဦးဝင်းမင်းသိန်း


မြန်မာ သင်္ဘောသား ၂၄ ဦး ပါတာ ဖြစ်ပြီး ၁၄ ဦးကတော့ ပျောက် ဆုံးနေဆဲ ဖြစ်ပါတယ်။

အေးချမ်းမွန်(အဲဆာန်မန်) မှBBC Burmese တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

သေဆုံးသူ - စားဖိုမှူး ဦးမြင့်အောင်
ကယ်တင်လို့ရတဲ့ ၉ ယောက်ကတော့

ဦးသန့်ဇင်မိုး နဲ့ ဦးရွှေအေး (ထိခိုက်ဒဏ်ရာရ)
အရာရှိ ဦးကြည်ဝင်း
ဦးခင်မောင်ဝင်း

ကရင်တိုင်းရင်းသူ မိန်းကလေးငယ် နှိပ်စက်သူများကို ဖမ်းပေးရန် ဆုငွေထုတ်လိုက်ပြီ

ထိုင်းနိုင်ငံ ကန်ဖယ်ဖက်(Kamphaeng Phet) မြို့တွင် အသက် ၁၂ နှစ်အရွယ် ကရင် မိန်းကလေးငယ်အား ညှဉ်းပန်း နှိပ်စက်မှုနှင့် ပတ်သက်ပြီး တရားရင်ဆိုင်ရန် ပျက်ကွက်သည့် ထိုင်း အလုပ်ရှင် လင်မယားကို ဖမ်းဆီးပေးသူအား ထိုင်း အာဏာပိုင်များက ဘတ်ငွေ တသိန်း ယနေ့ ထုတ်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ဖေဖေ၀ါရီ ၁၇ရက်ညက လောင်တဲ့မီး ၁၈ရက် ယနေ့ည ၇နာရီမှ ငြိမ်းသတ်နိုင်ခဲ့

Photo: ဟုမ္မလင်းမြို့နယ် နန့်တောကျေးရွာ ယနေ့မနက် ၁ နာရီခွဲတွင်လောင်ကျွမ်းနေသော မီးပါ။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ဖေဖော်ဝါရီ(၁၇)ရက်နေ့ည သန်းခေါင်ကျော်အချိန် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၁၀၀)ကျော် မီးလောင်သွားခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့နယ်နဲ့ မိုင်(၄၀)ကျော်အကွာတွင်ရှိတဲ့ နန်တောရွာမှာ မနေ့ည(၁၂)နာရီကျော်လောက်က မီးစတင်လောင်ပြီး ရွာက မြို့နဲ့အလှမ်းဝေးသောကြောင့် မီးသတ်ကားတွေ အချိန်မီမရောက်ရှိနိုင်တာမို့ ယခုလို အိမ်ခြေ(၁၀၀)ကျော်အထိ မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြေကွက်၊ စက်ရုံ၊ လုပ်ငန်းများ ရောင်းချရာတွင် တန်ဖိုး အနည်းငယ်သာ ပေးသွင်း၍ လက်ဦးမှုယူကာ ဝယ်ယူထားပြီး ကျန်ငွေ ကျပ်သန်းပေါင်း ၁ဝဝဝဝဝ ဝန်းကျင်အထိ နိုင်ငံတော်သို့ မပေးသွင်းပဲ ထားသူများရှိ

Monday, 19 February 2013
နိုင်ငံပိုင်မြေကွက်၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် တန်ဖိုးအနည်းငယ်သာ ပေးသွင်းပြီး ကျန်ငွေများကို သတ်မှတ်ချိန်အတွင်း မပေးသွင်းပဲထားသည့် လုပ်ငန်းရှင်များ များစွာရှိကြောင်း သတင်းရရှိသည်။လေလံဆွဲရယူထားပြီး ငွေအကြေမချေပေးသည့် လုပ်ငန်းပေါင်းမှာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ ၁၃ ခုအထိ ကျန်ရှိနေသေးပြီး ကျပ်သန်းပေါင်း ၁ဝဝဝဝဝ ဝန်းကျင်အထိ ရှိနေကြောင်း ဝန်ကြီးဌာနအချို့မှ စုံစမ်းသိရှိရပါသည်။

အလုပ်ကိုသာ ဦးစားပေးလိုသည့် မိဘများကြောင့် ကလေးငယ်များ ပညာသင်ခွင့်ဆုံးရှုံးလျက်ရှိ

အလုပ်ကိုသာ ဦးစားပေးလိုသည့် မိဘများကြောင့် ကလေးငယ်များ ပညာသင်ခွင့်ဆုံးရှုံးလျက်ရှိ
Monday, 18 February 2013

တချို့သောမိဘများသည် ပညာရေးအပေါ်တန်ဖိုးထားမှုနှင့်  ကလေးများပညာရေးအတွက် ထောက်ပံ့လိုသည့်ဆန္ဒများနည်းပါး   လျက်ရှိကြောင်း ကလေးသူငယ် များတွင် ပညာသင်ခွင့်များဆုံးရှုံး 
နေရကြောင်း သိရသည်။

“ကျွန်မတို့က မိသားစုကများ   တယ်လေ။ ကျောင်းထားဖို့စရိတ်ကို မတက်နိုင်ဘူး။ မူလတန်းမှာ က ပိုက်ဆံမပေးရဘူးလို့ပြောကြတယ်။ ဒါပေမဲ့ ကျောင်းတက် နေတဲ့ အချိန်ကာလမှာ မိသားစု က ဘယ်လို
ထောက်ပံ့ရမလဲ။စား ၀တ်နေရေးအတွက် ရုန်းကန်နေရ တာ။
အခုကလေးကိုဝပ်ရှော့မှာ ပို့ ထားတယ်။ အလုပ်သင်အနေနဲ့ ပေါ့။ ပညာလည်းရတယ်။ ပိုက်ဆံ  လည်းရတယ်”ဟု လှိုင်သာယာမြို့  နယ်တွင်နေထိုင်သည့်မိခင်တစ်ဦး  ကပြောသည်။

ထိုကဲ့သို့သောမိဘများ၏ အယူအဆများကြောင့် ကလေးငယ်များ
ပညာသင်ယူခွင့်ဆုံးရှုံးရခြင်းနှင့် ပတ်သက်၍“တချို့ကလေးတွေ
ကျောင်းတက်နေချင်သော် လည်း မတက်ရဘဲအလုပ် ၀င်လုပ်နေရတဲ့ ကလေးတွေ့ဖူးပါ တယ်။ စားဝတ်နေရေးတစ်ကြောင်း မိသားစုများက
တစ်ကြောင်းပေါ့။ အဲဒီလိုမျိုးတွေရှိတာ ပေါ့။ ပညာရေးကို တာဝန်ရှိသူ
တွေက ကြပ်ကြပ်မတ်မတ်နဲ့ လုပ် နေကြပေမဲ့ အချို့နေရာတွေမှာ အဲဒါမျိုးတွေရှိနေသေးတယ်”ဟု ကျောင်းဆရာမတစ်ဦးကသုံးသပ်
ပြောကြားသည်။

“ကျွန်တော်ကျောင်းပြန်တက် ချင်ပါတယ်။ ပြန်တက်ရင် (၅) တန်း  တက်ရမှာအမေတို့ကကျောင်းထား ရင်ကုန်ကျစရိတ်ကို မတတ်နိုင်ဘူး  ဆိုလို့ကျောင်းထွက်ရတာပါ”ဟု ကလေးတစ်ဦးကသူ၏ဆန္ဒကို ပြောသည်။

လင်းခ(သဲတော)
ွှThe Hot News

Monday, 19 February 2013

တချို့သောမိဘများသည်ပညာရေးအပေါ်တန်ဖိုးထားမှုနှင့် ကလေးများပညာရေးအတွက် ထောက်ပံ့လို
သည့်ဆန္ဒများနည်းပါး လျက်ရှိကြောင်း ကလေးသူငယ် များတွင် ပညာသင်ခွင့်များဆုံးရှုံး နေရကြောင်း သိရ
သည်။