Pages

Monday, February 18, 2013

ၾသစေၾတးလ် အစုိးရ ပညာသင္ဆု အတွက် မြန်မာ နိုင်ငံသား ၄၀ ကျော်ခေါ်ယူမည်

သြစတြေးလျ အစိုးရ ပညာသင်ဆု အတွက် မြန်မာ နိုင်ငံသား ၄၀ ကျော်ခေါ်ယူမည်
ရန်ကုန် ၊ ၁၈-၂-၂၀၁၃

၂၀၁၄ ပညာသင်နှစ် တွင် Australia Award Scholarship ပညာသင်ဆု အတွက် မြန်မာ နိုင်ငံသား ၄၀ ကျော် ခေါ်ယူမည် ဖြစ်ကြောင်း Aus AID က ထုတ်ပြန် ထားကြောင်း သိရသည်။ Australia Award Scholarship ( ယခင် Australian Development Scholarship ) နှင့်အတူ Australian Leadership Award Scholarship ကိုလည်း တစ်ပြိုင်နက် ခေါ်ယူ ထားကာ ပညာသင်ဆု လျှောက်လွှာ များကို မြန်မာ နိုင်ငံရှိ သြစတြေးလျ သံရုံးတွင် လာရောက် ဖြည့်စွက် နိုင်ပြီး လာမည့် ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထား တင်သွင်း ရမည် ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု များအနက် Australian Award Scholarship သည် သြစတြေးလျ နိုင်ငံတွင် ဘွဲ့ကြိုတန်း နှင့် ဂုဏ်ထူးတန်း တက်ရောက် မည့် သူတို့ အတွက်ဖြစ်ကာ Australian Leadership Award Scholarship သည် ကမ္ဘာတစ်ဝန်းရှီ ထူးချွန်သော ကျောင်းသား ၂၀၀ ကျော်ကို ခေါင်းဆောင်မှု စွမ်းရည် ဆိုင်ရာများ သင်ကြား ပေးသော သင်တန်းဖြစ်ပြီး လျှောက်ထား လိုသူ များသည် IELTS 5 နှင့် TOEFL 500 ရှိရန် လိုအပ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက www.ausaid.gov.au/australia-awards တွင် ၀င်ရောက် ကြည့်ရှုနိုင်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း ရှိ သြစတြေးလျ သံရုံး ဖုန်း ၀၁- ၂၅၁ ၈၁၀ လိုင်းခွဲ ၂၁၂ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

ရန်ကုန် ၊ ၁၈-၂-၂၀၁၃

၂၀၁၄ ပညာသင်နှစ် တွင် Australia Award Scholarship ပညာသင်ဆု အတွက် မြန်မာ နိုင်ငံသား ၄၀ ကျော် ခေါ်ယူမည် ဖြစ်ကြောင်း Aus AID က ထုတ်ပြန် ထားကြောင်း သိရသည်။ Australia Award Scholarship ( ယခင် Australian Development Scholarship ) နှင့်အတူ Australian Leadership Award Scholarship ကိုလည်း တစ်ပြိုင်နက် ခေါ်ယူ ထားကာ ပညာသင်ဆု လျှောက်လွှာ များကို

နားလည်မှု လွဲ၍ တေးသံရှင် ပလေးဘွိုင်း သန်းနိုင် အပေါ် ဆဲရေး တိုင်းထွာမှု ပြုခဲ့ သည့် မြန်မာ ဂေါက်သီးရိုက် အသင်း ဥက္ကဋ္ဌ တို့ ပြေလည်မှု ရရှိ

နားလည်မှု လွဲ၍ ဆဲရေး တိုင်းထွာမှု ပြုခဲ့ သည့် တေးသံရှင် ပလေးဘွိုင်း သန်းနိုင်နှင့် မြန်မာ ဂေါက်သီးရိုက် အသင်း ဥက္ကဋ္ဌ တို့ ပြေလည်မှု ရရှိ

မြန်မာနိုင်ငံ ဂေါက်သီးရိုက် အသင်းတွင်  ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညက တေးသံရှင် ပလေးဘွိုင်း သန်းနိုင်နှင့် ဂေါက် အသင်းမှ တာဝန်ရှိသူတို့ အကြား ဖြစ်ပေါ်ခဲ့သော နားလည်မှု လွဲခြင်းအပေါ် ယခုအခါ တစ်ဦးနှင့် တစ်ဦး ပြေလည်မှု ရရှိခဲ့ကြပြီ ဖြစ်သည်။

ဝ၃၂

http://www.myanmarij.com/?p=10103

မြန်မာနိုင်ငံ ဂေါက်သီးရိုက် အသင်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညက တေးသံရှင် ပလေးဘွိုင်း သန်းနိုင်နှင့် ဂေါက် အသင်းမှ တာဝန်ရှိသူတို့ အကြား ဖြစ်ပေါ်ခဲ့သော နားလည်မှု လွဲခြင်းအပေါ် ယခုအခါ တစ်ဦးနှင့် တစ်ဦး ပြေလည်မှု ရရှိခဲ့ကြပြီ ဖြစ်သည်။

သီရိ လင်္ကာ နိုင်ငံတွင် မိုးရွာ သွန်းစဉ် ကောင်းကင်မှ ရွှေရောင် အဆင်းရှိ အရာ ဝတ္ထုများ ပြုတ်ကျ

သီရိ လင်္ကာ နိုင်ငံတွင် မိုးရွာ သွန်းစဉ် ကောင်းကင်မှ ရွှေရောင် အဆင်းရှိ အရာ ဝတ္ထုများ ပြုတ်ကျ

သီရိ လင်္ကာ နိုင်ငံ ဟက်တွန် တောင်တန်းများ ရှိရာ ဂါမီနီပူရာ ဒေသတွင် မိုးရွာသွန်းစဉ် ကောင်းကင်မှ ရွှေ ရောင် အဆင်းရှိသော အမျိုးအမည်မသိ အရာဝတ္ထုများ ပြုတ်ကျလာ ခဲ့ကြောင်း သိရသည်။

ဒေသ အတွင်းရှိ လူအများသည် ယင်းအရာဝတ္ထု များကို ကောက်ယူ၍ ၎င်းတို့၏ နေအိမ်သို့ ယူဆောင်သွား လျက်ရှိကြောင်း Virakesari သတင်း စာတွင် ဖော်ပြထားသည်။

အလားတူပင် ဒစ်ဘူလာ ဒေသတွင် လည်းကောင်းကင်မှ ကျောက်တုံးများ ကျရောက် လာခဲ့ပြီး ပူဝက်စ်သာ ဝါလာ ဒေသရှိ ဆာမန် သာလာရာ အရပ်တွင်လည်း ကျောက်တုံး ကဲ့သို့သော အမည်းရောင်၊ အဖြူရောင်နှင့် အဝါရောင်ရှိသော ကျောက်ခဲ များ ကောင်းကင် မှ ပြုတ်ကျ လာခဲ့ကြောင်း သိရသည်။

ကောင်းကင်မှ ကျရောက်လာသော အဆိုပါ အမျိုးအမည် မသိ အရာဝတ္ထု အချို့ကို သိမ်းဆည်း ခဲ့ကြောင်း ရဲတပ်ဖွဲ့ အရာရှိ များက အတည်ပြုခဲ့ သည်ဟု သိရသည်။

http://bit.ly/YBcRVv

သီရိ လင်္ကာ နိုင်ငံ ဟက်တွန် တောင်တန်းများ ရှိရာ ဂါမီနီပူရာ ဒေသတွင် မိုးရွာသွန်းစဉ် ကောင်းကင်မှ ရွှေ
 ရောင် အဆင်းရှိသော အမျိုးအမည်မသိ အရာဝတ္ထုများ ပြုတ်ကျလာ ခဲ့ကြောင်း သိရသည်။

ပုပ္ပားတောင်ပေါ်တောင်ရွာမှ မြေယာမဲ့လက်လုပ်လက်စား အမျိုးသမီးများရဲ့ ရုံးကန်လှုပ်ရှားနေရ

ပုပ္ပားတောင်ပေါ်တောင်ရွာမှ မြေယာမဲ့လက်လုပ်လက်စား အမျိုးသမီးများရဲ့ ရုံးကန်လှုပ်ရှားနေရပုံများ
---------------------------------------------------------------------------------------------------
ပုပ္ပားတောင်ချစ်သူများအသင်းက မိတ်ဆွေများက ဒီနေ့ တောင်ပေါ်ရွာကနေ ပုပ္ပာတောင်မကြီးရဲ့ တောအနက်ဆုံးနေရာတွေကို လေ့လာစူးစမ်းရေးခရီးထွက်ခဲ့ကြပါတယ်
သူတို့တွေ အဲဒီကိုမရောက်ခင်မှာ သူတို့တွေခံစားလာရတဲ့ ပြဿနာက တော့ "ပုပ္ပားတောင်ပေါ်တောင်ရွာမှ မြေယာမဲ့လက်လုပ်လက်စား အမျိုးသမီးများရဲ့ ရုံးကန်လှုပ်ရှားနေရပုံ" တွေပဲဖြစ်ပါတယ်၊
အမျိုးသမီးလေးတွေက သုံးမိုင်လောက်ဝေးတဲ့ ငှက်ပျောခြံကနေ ငှက်ပျောငါးခိုင်ကို ၅၀၀ ကျပ်နှုန်းနဲ့ ရွာသို့ ထမ်းပိုးသယ်ယူကာဝင်ငွေရှာနေရတာပါ၊အဒီလို ပိုက်ဆံ၅၀၀ရ ဖို့အတွက်ကို သူတို့တွေ၆မိုင်ခရီးကြမ်းလမ်းလျှောက်ရပါတယ်၊တစ်နေ့ကို၂ထမ်း လောက်သယ်ရရင် သူတို့ငွေ၁၀၀၀ရပါတယ် တစ်ဆယ့်နှစ်မိုင်လျှောက်ရပါတယ်၊
ဒီနေ့တွေ့ခဲ့တဲ့ မိန်းကလေး ကတော့ ချွေးဒီးဒီးကျနေတဲ့ကျ နေတဲ့ကြားထဲက သုံးခေါက်ထမ်းရလို့ ဝမ်းသာနေပါတယ်၊ သားငယ်သမီးငယ်များကို မူလတန်းကျောင်း ထားနိုင်ဖို့ရယ် အိမ်မှာဟင်းချက်စရာဝယ်နိုင်ဖို့အတွက်ဖူလုံသွားလို့ပါ၊ သူတို့တွေက မြေယာမဲ့ လက်လုပ်လက်စားတွေပါ၊ သူတို့တွေရဲ့ ကိုယ်ပိုင်တောင်ယာတွေ ကို ပိုဇိုလန်စက်ရုံက သိမ်းလိုက်၊ သစ်တောကသိမ်းလိုက် လုပ်နေကြတာပါ၊ လက်ရှိအခြေအနေမှာသူတို့တွေ လယ်ယာမြေမှတ်ပုံတင်ခွင့်မရရှိကြပါဘူး၊
ကျမတို့ ပုပ္ပားသူလေးများက ဒီလိုမျိုး ရုံးကန်နေရချိန်မှာတော့ အရာရှိမင်းကြီးများနဲ့ လုပ်ငန်းရှင် ခရိုနီကြီးများကတော့ မြေယာတွေကိုချဲ့ထွင်၊ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်တွေလျှောက်နဲ့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပါပဲ
သူတို့တွေရဲ့ ဘဝလေးတွေ ခံစားမိလို့ ထပ်ဆင့်တင်ပြပေးတာပါ၊ ဒီပိုဇိုလန်စက်ရုံကတော့ ပြည်သူတွေရဲ့ အသွေးအသားတွေကို ထုတ်ယူကာအပြုံးမပျက်လည်ပတ်နေတုန်းပါပဲ၊ ကျေးဇူးပြု၍ ထပ်ဆင့်ရှယ်ပေးကြပါရှင်
မေပုပ္ပား

ပုပ္ပားတောင်ချစ်သူများအသင်းက မိတ်ဆွေများက ဒီနေ့ တောင်ပေါ်ရွာကနေ ပုပ္ပာတောင်မကြီးရဲ့ တောအနက်ဆုံးနေရာတွေကို လေ့လာစူးစမ်းရေးခရီးထွက်ခဲ့ကြပါတယ်
သူတို့တွေ အဲဒီကိုမရောက်ခင်မှာ သူတို့တွေခံစားလာရတဲ့ ပြဿနာက တော့ "ပုပ္ပားတောင်ပေါ်တောင်ရွာမှ မြေယာမဲ့လက်လုပ်လက်စား အမျိုးသမီးများရဲ့ ရုံးကန်လှုပ်ရှားနေရပုံ" တွေပဲဖြစ်ပါတယ်၊

မိုးမိတ်မြို့ခံလူထုများရွှေဗျို င်းဖြူကုမ္ပဏီကြောင့်စိုးရိမ်စရာ ကြုံနေရ

Monday, 18 February 2013

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့၊ မြို့လယ်၌ လောင်စာဆီ ရောင်းချပေးနေသော ရွှေဗျိုင်းဖြူကုမ္ပဏီကြောင့် မြို့နေလူထုများ
နွေရာသီတွင် မီးဘေးအန္တရာယ်အတွက် စိုးရိမ်နေရကြောင်း ယင်းမြို့ခံများက ပြောကြားသည်။

မန္တလေးတွင် တရားမ၀င် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ

မန္တလေးတွင် တရားမ၀င် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ

မန္တလေးမြို့တွင် မြန်မာနိုင်ငံသားမဟုတ်သည့် မြန်မာစကား မတတ်သော လူမျိုးများ တရားမ၀င် နေထိုင်ကြသည်ကို စတင် စိစစ် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသော အမျိုးသားစီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုစဉ် ဦးကျော်ကျော်ဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက် နေထိုင်မှုကို စိစစ်ဖော်ထုတ် အရေးယူပေးရန် တင်ပြချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် အလေးထား ဆောင်ရွက်လျှက်ရှိပြီး စိစစ်အရေးယူမှုများ စတင်နေပြီဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်များသည် တရားဝင်ထုတ်ပေးထားခြင်း ရှိ၊ မရှိအပါအ၀င် တရားမ၀င်နေထိုင်မှုများကို ၀န်ကြီးဌာနမှ ရုံး လက်ခံမှတ်တမ်းများနှင့် စစ်ဆေးနေကြောင်း၊ စစ်ဆေးမှုများအရ နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူများကို လက်မှတ်များ ပြန်လည်သိမ်းဆည်းပြီး လက်မှတ်ထုတ်ပေးသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိ၊ ၀န်ထမ်းများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဝင်းက ပြောသည်။

“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊ မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စုစာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမ၀င် နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မမှန်မကန် ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများအား ထိရောက်စွာ စစ်ဆေး အရေးယူသွားမည် ဖြစ်ပြီး တရားမ၀င် နေထိုင်သူများအားလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများကလည်း အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်ကိုလည်း တပါတည်း အသိပေးလိုပါတယ်” ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။

မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်ကမူ မန္တလေးတွင် မြန်မာစကား မတတ်သော လူမျိုးခြားများ တရားမ၀င် ၀င်ရောက် နေထိုင်မှုများ အများအပြားရှိနေပြီး အထူးသဖြင့် တရုတ်အနွယ်ဝင် အများစုဖြစ်ကြောင်း၊ ယင်းတရုတ် အနွယ်ဝင်များမှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မန္တလေးသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း၊ မန္တလေးမြို့ရှိ မြန်မာအမျိုးသားပိုင် နေအိမ်ခြံမြေ တိုက်တာအဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းများမှာ တရုတ်အနွယ်ဝင်များလက်ထဲသို့ ရောက်ရှိကြောင်း ဧရာဝတီသို့ပြောသည်။

“မန္တလေးမှာ တရားမ၀င်နေထိုင်မှု သေချာပေါက် အများကြီးရှိတယ်။ ၁၉၉၀ နောက်ပိုင်းမှာတော့ အလုံးအရင်းနဲ့ ၀င်လာတယ်။ အလုံးအရင်းဝင်လာတာက အချို့က  ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ၀င်လာတယ်။ တချို့ကလည်း အာဏာပိုင်အဖွဲ့အစည်းနဲ့ ချိတ်ပြီးဝင်လာတာ။ တရုတ်တွေပါ။ များသောအားဖြင့် ယူနန်ဘက်က ဟာတွေများတာပဲ။ မန္တလေးရဲ့ လက်ရင်း မြန်မာ အမျိုးသားပိုင် စီးပွားရေး၊ အိမ်ယာတွေ ကုန်ပြီဗျ။ မြေတွေလည်းကုန်ပြီ။ ဒီအချိန်ကျမှ အရေးယူမယ်ဆိုတော့ တအား နောက်ကျနေပြီ။ မြန်မာအမျိုးသားတွေ ပိုင်တဲ့ စီးပွားရေး၊ ယဉ်ကျေးမှု၊ ရေမြေကို အကာကွယ်ပေးတာ၊ အထောက်ကူပေးတာ တွေရှိသင့်တယ်။ တရားမ၀င် နေထိုင်မှုတွေနဲ့ အလုံးအရင်း ဖြစ်လာတာက အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုတွေကြောင့် အများဆုံးပဲပေါ့။ လက်နက်နဲ့ ငြိမ်းချမ်းရေး နောက်ကွယ်ကနေ ၀င်တာတွေလည်း အများကြီးပဲ။  ကိုးကန့်တံဆိပ် တပ်ထားတဲ့ တရုတ်၊ ၀တံဆိပ်ထားတဲ့ တရုတ်တွေချည်းပဲ” ဟု ဆရာဆူးငှက်က ဆိုသည်။

ချမ်းအေးသာဇံမြို့နယ်မှ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာကမူ တရားမ၀င် နေထိုင်မှုများကို အရေးယူရန်မှာ တိကျသေချာမှုနှင့် စေ့စပ်မှု အရေးကြီးသည်ဟု ပြောသည်။

“မန္တလေးမှာက တရုတ်ကိုးကန့်စပ်တွေ၊ ကိုးကန့်တွေ၊ ၀တွေပေါ့၊ တချို့သူတွေက မြန်မာစကားကို ရေရေလည်လည်ကို မတတ်ဘူး။ အဲဒါမျိုးတွေ တော်တော်လေး ရှိတယ်။ တရုတ်အနွယ်ဝင် တော်တော်များများက ချမ်းသာကြတယ်၊ မြန်မာတွေက မချမ်းသာကြဘူး။ မန္တလေးမြို့လယ်ခေါင်မှာက သူတို့တွေချည်းပဲ။ အိမ်ကောင်းနေရာကောင်း ဆိုရင် သူတို့ဟာတွေချည်းပဲ။ တရားမ၀င် နေထိုင်မှုတွေကို ဖော်ထုတ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ အသေးစိတ် စေ့စေ့စပ်စပ် ဖော်ထုတ် မယ်ဆိုရင်တော့ ဖော်ထုတ်လို့မြန်မှာပါ။ သေသေချာချာ လုပ်ဖို့လိုပါတယ်” ဟု ဒေါ်တင်တင်မာက ဆိုသည်။

မန္တလေးတွင်သာမက တနိုင်ငံလုံး အတိုင်းအတာဖြင့်လည်း တရားမ၀င် နိုင်ငံသားကတ် ရရှိထားမှုများ၊ တရားမ၀င် နေထိုင်မှုများ ကို စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံခြားသားများကို တရားဝင် အမြဲတမ်း နေထိုင်ခွင့်ပေးမည့် PR စနစ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၏ အဆိုအရ သိရှိရသည်။


ဧရာဝတီ

မန္တလေးမြို့တွင် မြန်မာနိုင်ငံသားမဟုတ်သည့် မြန်မာစကား မတတ်သော လူမျိုးများ တရားမ၀င် နေထိုင်ကြသည်ကို စတင် စိစစ် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

ဆမ်ဆောင်းမှ ၈ လက်မ တက်ဘလက် ထုတ်မည်

ဆမ်ဆောင်းမှ ၈ လက်မ တက်ဘလက် ထုတ်မည်
By Smart News

ဆမ်ဆောင်းကုမ္ပဏီသည် မြင်ကွင်း ၈ လက်မအရွယ်အစားရှိ Galaxy Note 8.0 ကို ထုတ်လုပ်ဖြန့်ချိရန် ပြင်ဆင်နေကြောင်း သိရသည်။ ဆမ်ဆောင်းသည် Android ဆော့ဖ်ဝဲသုံး တက်ဘလက်များဖြင့် ကမ္ဘာသိအောင် လုပ်ဆောင်နိုင်ခဲ့သည်။ Galaxy Note 8.0 သည် မြင်ကွင်း ၈ လက်မ ရှိသည့် ထူးခြားသော တက်ဘလက်တစ်မျိုး ဖြစ်ကြောင်းသိရသည်။ Galaxy Note သည် မြင်ကွင်း၈ လက်မ၊ ဖန်သား ပြင်မှာ Super Clear LCD အမျိုး အစားဖြစ်ပြီး resolution အနေဖြင့် 1280 × 800 အထိ မြှင့်တင်နိုင်သောကြောင့် ကြည်လင် ပြတ်သားမှုရှိပြီး ကင်မရာကိုလည်း 5-megapixel အနောက်နှင့် ရှေ့ကင်မရာကို 1.3-megapixel နှစ်လုံး ထည့်ထားပေးကြောင်း၊ RAM အနေဖြင့် 2GB သိုလှောင် storage အတွက် 16GB မှ 32GB အထိ တိုးမြှင့်သုံးနိုင်ကြောင်း၊ ထို့ပြင် အပို memory ကို ထည့်သုံးရန် slot အိမ်တစ်ခုလည်းပါပြီး ဘက်ထရီအနေဖြင့် 4,600 mAh အမျိုးအစားကို သုံးပေးထားသည်။
http://news.yatanarpon.com.mm/news/news-76068


အေးချမ်းမွန်(အဲဆာန်မန်) မှ  yatanarpon.com.mm တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ဆမ်ဆောင်းကုမ္ပဏီသည် မြင်ကွင်း ၈ လက်မအရွယ်အစားရှိ Galaxy Note 8.0 ကို ထုတ်လုပ်ဖြန့်ချိရန် ပြင်ဆင်နေကြောင်း သိရသည်။ ဆမ်ဆောင်းသည် Android ဆော့ဖ်ဝဲသုံး တက်ဘလက်များဖြင့် ကမ္ဘာသိအောင် လုပ်ဆောင်နိုင်ခဲ့သည်။

Light Truck နှင့် Suzuki Carryများအား သင်္ကြန်လည်ပတ်ရန် ၀ယ်ယူမှုများနေ

Light Truck နှင့် Suzuki Carryများအား သင်္ကြန်လည်ပတ်ရန် ၀ယ်ယူမှုများနေ

မြတ်မိုးကျော်(မြစ်မခ)

သင်္ကြန်လည်ပတ်ရန်အတွက် Light Truck နှင့် Suzuki Carry ကဲ့သို့သော နောက်ဖုံးဖွင့် ကားများ အဝယ်လိုက်နေကြောင်း အရောင်းပြခန်းများမှ သိရသည်။၏

`` ကျွန်တော်တို့က သင်္ကြန်အတွက် ကားငှားလုပ်ငန်းလုပ်ဖို့ Suzuki လေးစီးဝယ်ဖြစ်တာပါ။ Suzuki Carry တွေက Light Truck နဲ့ ယှဉ်ရင် ဈေးလည်းနည်းတယ်။ ပြီးတော့ ဆီစားလည်းသက်သာတယ်´´ဟု Suzuki Carry လာရောက်ဝယ်ယူသူ ကိုဇော်မျိုးထွန်း က ပြောသည်။

အဆိုပါ Suzuki Carry ကားများမှာ သင်္ကြန်အငှားလိုက်ရန်အတွက် ၀ယ်ယူမှုများ၍ တစ်ရက်လျှင် ပျမ်းမျှ နှစ်စီးခန့် ရောင်းရကြောင်း သင်္ကန်းကျွန်းမြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုက ပြောသည်။

ယခင်က သင်္ကြန်ကာလအတွင်း ဂျစ်ကားနှင့် Light Truck ကဲ့သို့သော ကားများမှာ အရောင်းအ၀ယ်နှင့် အငှားများသော်လည်း ယခုနှစ်တွင် Light Truck နှင့် Suzuki Carry ကဲ့သို့ကားများမှာ ဈေးကွက်ဝင်လာခြင်းဖြစ်သည်။

`` ကျွန်တော်အထင်ကတော့ ကားက ၀ိတ်ဘယ်လောက်ခံနိုင်တယ်ဆိုတာထက် စီးလို့ရရင်တော်ပြီ၊ သင်္ကြန်လည်ရင် Light Truck လိုမျိုးကျတော့ ကားက ကြီးသွားပြန်ရော။ ဒီတော့ Suzuki Carry ကတော့ အနေတော်ပဲ။ ဒါကြောင့်ဝယ်ဖြစ်သွားတာပါ´´ ဟု ကားဝယ်ယူထားသူ ကိုဖြိုးက ပြောသည်။

Light Truck များ၏ ကုန်တင်ဆောင်နိုင်သည့် ၀န်ပမာဏမှာ ၇၅၀ kg မှ ၈၀၀ kg အထိရှိပြီး Suzuki Carry များသည် ၃၅၀ kg သာ ရှိကြောင်း သိရသည်။

ယခင်နှစ်များက ရန်ကုန်သင်္ကြန်ရက်အတွင်း ဂျစ်ကားများနှင့် လည်ပတ်မှုများပြားရခြင်းမှာ ကားအပ်နှံခွင့်များ မရှိသေးခြင်းကြောင့် ဖြစ်ပြီး ယခုနှစ်တွင် ဂျစ်ကားအများစုမှာ ဈေးကွက်အတွင်း နည်းပါးလာသောကြောင့် အဆိုပါ Light Truck နှင့် Suzuki Carry ကဲ့သို့သော ကားများ သင်္ကြန်အတွင်း အများဆုံးတွေ့ရဖွယ်ရှိကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ပြောသည်။

ဈေးနှုန်းများအနေဖြင့် Suzuki Carry ကားများမှာ ကျပ်သိန်း ၈၄ သိန်းဝန်းကျင်ရှိပြီး Light Truck ကားများသည် ၁၂၆ သိန်း ၀န်းကျင်ရှိသည်။

Suzuki Carry ကားများသည် ဂျပန်မှ တိုက်ရိုက် တင်သွင်းခြင်းဖြစ်ပြီး Light Truck ကားများသည် တရုတ်မှ တင်သွင်းကာ ပြည်တွင်းတွင် ပြန်လည် တပ်ဆင်ထားသည်ဟု သိရသည်။


အေးချမ်းမွန်(အဲဆာန်မန်) မှ  by Myit Makha Mediagroup တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

သင်္ကြန်လည်ပတ်ရန်အတွက် Light Truck နှင့် Suzuki Carry ကဲ့သို့သော နောက်ဖုံးဖွင့် ကားများ အဝယ်လိုက်နေကြောင်း အရောင်းပြခန်းများမှ သိရသည်။၏
`` ကျွန်တော်တို့က သင်္ကြန်အတွက် ကားငှားလုပ်ငန်းလုပ်ဖို့ Suzuki လေးစီးဝယ်ဖြစ်တာပါ။ Suzuki Carry တွေက Light Truck နဲ့ ယှဉ်ရင် ဈေးလည်းနည်းတယ်။ ပြီးတော့ ဆီစားလည်းသက်သာတယ်´´ဟု Suzuki Carry လာရောက်ဝယ်ယူသူ ကိုဇော်မျိုးထွန်း က ပြောသည်။

"စာပေဖတ် ရှုမှုစွမ်းရည်များ လျော့ကျလာနေဟု စာရေးဆရာ ချစ်ဦးညို သုံးသပ်ပြောကြား"

"စာပေဖတ် ရှုမှုစွမ်းရည်များ လျော့ကျလာနေဟု စာရေးဆရာ ချစ်ဦးညို သုံးသပ်ပြောကြား"

မြန်မာတစ်ပြည်လုံးတွင် စာပေ ဖတ်ရှုမှု စွမ်းရည်စွမ်းအားများ လျော့ ကျနေပြီး သီချင်းဆိုခြင်း၊ ကခြင်း၊ တီးမှုတ်ခြင်းများပါဝင်နေ သည့် ဖျော် ဖြေမှု (အင်တာတိန်းမန့်) ပါဖောမန့် ပါသည့်အရာများကို ပိုမိုအာရုံစိုက် ခုံမင်လာနေကြသည်ဟု စာရေးဆရာချစ်ဦးညိုက သုံးသပ်ပြောပြသည်။

”ဖဿရသ၊သင်္ခါရ ရသ စသည် အားဖြင့်အပျော်နဲ့ ကြည်နူးရတဲ့ အင်တာ တိန်းမန့်ဘက်မှာ ပိုပြီးတော့ အာ ရုံစိုက်လာကြတယ်။ စာဖတ်၊ စာရေး ဆိုတဲ့ ရသက ကိုယ်တိုင်ထုတ်လုပ်ရ တာ။ ဒီအပေါ်မှာ အင်တာတိန်းမန့် ဘာမှမရှိ ဘူး။ အဲဒီအပေါ်မှာ အာရုံ လျော့တာ။ တစ်ပြည်လုံးအတိုင်း အတာအနေနဲ့ကို စာဖတ်အား အင် မတန်လျော့နေပါတယ်၊ နည်းနေပါ တယ်။ စာကြည့်တိုက်ပေါင်း ငါး သောင်းငါး ထောင်ကျော်ရှိပါတယ်။ ဒါပေမဲ့ တကယ်အသက်ဝင်နေတဲ့ စာကြည့်တိုက်ပေါင်းက တစ်သောင်း ဝန်း ကျင်လောက်ပဲ ရှိပါတယ်။ ဒါဟာ စာကြည့် တိုက်ေ ဖာင်ဒေးရှင်းက တာ ဝန်ရှိသူ တွေကိုယ်တိုင်က ပြောတာ ပါ။ စာဖတ် အားနည်းခြင်း၊ စာပေမှာ စိတ်ဝင်စားမှုနည်းနေခြင်းက သိပ် မကောင်းဘူး။ အရည်အချင်းတွေ   ပြည့်လာဖို့ စာဖတ်ရမယ်” ဟု ဆရာ ချစ်ဦးညိုကရှင်းပြသည်။

မြန်မာ နိုင်ငံတွင် နယ်ပယ်အသီးသီးများရှိ တကယ် ထူးချွန်ထက်မြက်နေ သည့် ပုဂ္ဂိုလ်တိုင်းသည်  စာကို အပတ် တကုတ်ဖတ်ရှု လေ့လာခဲ့သူ များဖြစ် ကြောင်း ဆရာချစ်ဦးညိုက သုံးသပ် ပြောသည်။ 

“စာဖတ်တဲ့ သူတွေဟာ ဂျာနယ် နဲ့ မဂ္ဂဇင်းပေါ့။ ဂျာနယ်လေးငါး စောင်နဲ့ မဂ္ဂဇင်းသုံးလေးအုပ်လောက် ဖတ်ပြီးတော့ ဒါကို စာဖတ်တာလို့ မခေါ်ဘူး။ သိချင်လို့ စာကြည့်တယ် ဆိုတာပဲရှိတယ်။ စာဖတ်တယ်ဆိုတာ က ဘာသာ ရပ်တစ်ခုကို ပိုင်းခြားပြီး တော့ ဘာဝါသနာပါလဲ၊ အဲဒီ ဝါ သနာပါတာ၊ ဆန္ဒရှိတာကို ပိုင်းခြား ပြီးတော့ စာအုပ်အနေနဲ့  ဖတ်မှ စာဖတ်တာလို့ခေါ်တာ။ အဲဒီတော့ စာကြည့်တိုက်တွေကိုလည်း ပုံစံ ပြောင်းသင့်တယ်။ ဒါထက် ပိုပြီးတော့ ပြည်သူတွေနဲ့  ထိတွေ့အောင်၊ နောက်တစ်ခုက ဒီနေ့တော့ ပြည် သူ အားလုံးက စာဖတ်လာကြပါပြီ။ သို့ပေမယ့် ဂျာနယ် ဖတ်ရုံ၊ မဂ္ဂဇင်း လှန်ရုံနဲ့ စာဖတ်သူ တစ်ယောက်လို့ မခေါ်နိုင်ပါဘူး။ အားလုံးလိုလို ဖတ်နေ ကြတာပါ။ နောက်တစ်ခါ ထုတ် ဝေသူတွေအပိုင်းကလည်း စာဖတ်သူ တွေ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းနဲ့ စာအုပ်တွေထုတ်ပြီးရောင်းချ၊ ဖြန့် ချိဖို့လို တယ်။ ပျံ့နှံ့ဖို့လိုတယ်။ အခု ဟာက စာအုပ်လောကမှာ ရေးတာ က ရေးကြ တယ်။ စာအုပ်တွေ ထွက် တာလည်းထွက်တယ်။ သို့သော် ဖြန့် ချိရေးစနစ်က အတော်ကို ဒုက္ခပေး တယ်။ နည်းလမ်းရှာနေပေမယ့် အခု ထိနည်းလမ်းကောင်းတွေ မတွေ့သေးဘူး။ အဲဒါကြောင့် စာအုပ်ဈေး ပွဲတော်တွေ လုပ်တယ်။ လျှော့ဈေး ၃ဝ၊ ၄ဝ ရာခိုင်နှုန်းတွေ လုပ် တယ်။ ရောင်းတယ်ဆိုတာ များများပျံ့နှံ့စေ ချင်လို့။ အခုတော့ အရှိန်ရ စပြုလာ ပြီလို့ပြော မယ်။ နောက်တစ်ခု ဒီ ယန္တရားကြီးအဆင် ပြေချောမွေ့ သွား ဖို့အတွက် အစိုးရပေါ့။ သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ ပါဝင်လုပ်ကိုင်နေ တဲ့ ပုဂ္ဂိုလ်များက  ဒါကို သူတို့ကိုယ်တိုင် ပါဝင်ပြီးတော့ လှုပ်ရှားပေးဖို့လို အပ်ပါတယ်” ဟု ဆရာချစ်ဦးညိုက ရှင်းပြသည်။

ထက်လူလူ
မြန်မာတစ်ပြည်လုံးတွင် စာပေ ဖတ်ရှုမှု စွမ်းရည်စွမ်းအားများ လျော့ ကျနေပြီး သီချင်းဆိုခြင်း၊ ကခြင်း၊ တီးမှုတ်ခြင်းများပါဝင်နေ သည့် ဖျော် ဖြေမှု (အင်တာတိန်းမန့်) ပါဖောမန့် ပါသည့်အရာများကို ပိုမိုအာရုံစိုက် ခုံမင်လာနေကြသည်ဟု စာရေးဆရာချစ်ဦးညိုက သုံးသပ်ပြောပြသည်။

“နေပြည်တော်တိုင်းမ်” ဂျာနယ် ငွေကြေး အရှုံးပေါ်နေမှုကြောင့် ရပ်ဆိုင်းလိုက်ရပြီ

ပြည်ကြားရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ငွေနဲ့ ထုတ်ဝေနေတဲ့ “နေပြည်တော်တိုင်းမ်” ဂျာနယ်ဟာ ငွေကြေး အရှုံးပေါ်တာကြောင့် ရပ်ဆိုင်းလိုက်ရပြီလို့ အယ်ဒီတာချုပ် ဦးစောလင်းအောင်က ဒီဗွီဘီ ကို အတည်ပြု ပြောဆိုပါတယ်။ နေပြည်တော်တိုင်းမ် ဂျာနယ်ဟာ တနှစ်နဲ့ သုံးလအတွင်း အစောင် ၆၀ ကျော် ထုတ်ဝေခဲ့တယ်လို့ ဦးစောလင်းအောင်က ပြောပြပါတယ်။

လူထုနဲ့ တသားတည်းရှိတဲ့ အကြောင်း နော်ဝေရောက် ကိုမင်းကိုနိုင် ပြော

လူထုနဲ့ တသားတည်းရှိတဲ့ အကြောင်း နော်ဝေရောက် ကိုမင်းကိုနိုင် ပြော

၈၈မျိုးဆက်ကျောင်းသားတွေ ဟာ ပြည်သူလူထုနဲ့ တသားတည်းရှိနေတဲ့အကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

နော်ဝေနိုင်ငံ ထရွန်ဟမ်းမြို့နဲ့ အော်စလိုမြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံချိန်မှာ အဲဒီလို ပြောကြားလိုက်တာပါ။ နော်ဝေးနိုင်ငံရောက်နေတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ မြန်မာတိုင်းရင်းသားမျိုးစုံနဲ့ ထရွန်ဟမ်းမြို့မှာ စနေနေ့က တွေ့ဆုံခဲ့ပြီး အော်စလိုမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲတွေမှာ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေတွေကိုတင်ပြပြီး တက်ရောက်လာသူတွေက မေးမြန်းတာတွေကို ပြန်ဖြေကြားပါတယ်။ အော်စလိုမြို့ကတွေ့ဆုံပွဲမှာ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ဂီတပွဲတော်ရန်ပုံငွေနဲ့ ပတ်သက်လို့ မေးမြန်းတာကို ကိုပြုံးချိုက ဖြေကြားပါတယ်။

“ဂီတပွဲမှာ အဆိုတော်တွေဆိုတယ်၊ လက်မှတ်တွေ ရောင်းတယ်၊ ငွေကြေးတွေ လာလှူကြတယ်၊ ငွေကြေးတွေ လာလှူကြတော့ ဘာဖြစ်သလဲဆိုတာကတော့ ပထမဆုံးက ပိုက်ဆံမရှိတဲ့ လူတွေကစတယ်၊ တဖြေးဖြေးနဲ့က ပိုက်ဆံရှိတဲ့ လူတွေဝင်လာတယ်၊ ပိုက်ဆံရှိတဲ့ လူတွေထဲမှာမှ ခုလောလောဆယ် တကယ့်ကို ကျယ်ကျယ်လောင်လောင်ပြောနေတဲ့ ခရိုနီတွေပါ လှူလာကြတယ်၊ ဖြစ်ပုံက ပွဲကိုဝန်ကြီးနှစ်ပါး လာတက်တယ်၊ ဝန်ကြီးနှစ်ပါး တစ်သိန်းစီလှူတယ်၊ ကျန်တဲ့လူတွေက မနေနိုင်လို့ လိုက်လှူရတာဖြစ်တယ်၊ သူတို့ရဲ့ယဉ်ကျေးမှုအရ ဒီဟာကြီးကို စီစဉ်သွားတာဖြစ်တယ်၊ အဲတော့ စင်ပေါ်တက်ပြီးလှူတဲ့ကိစ္စကို အကိုတို့က မင်းတို့မလှူရဘူး၊ သူတို့လှူပါလို့ ပြောလို့မရဘူး”

နော်ဝေးနိုင်ငံ ထရွန်ဟမ်းမြို့ IsFit လို့ခေါ်တဲ့ The International Student Festival in Trondheim  ထရွန်ဟမ်းမြို့ နိုင်ငံတကာကျောင်းသားပွဲတော်က ၂ဝဝ၁ ခုနှစ်ကချီးမြှင့်တဲ့ ကျောင်းသား ငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ ကိုမင်းကိုနိုင်ဟာ နော်ဝေနိုင်ငံ ရောက်ရှိနေတာဖြစ်ပြီး  သောကြာနေ့ညမှာ ဆုကိုလက်ခံရယူခဲ့ပါတယ်။

ကိုမင်းကိုနိုင်ဟာ လူ့အခွင့်အရေးအတွက် စွန့်လွှတ်အနစ်နာခံကြတဲ့ ရဲဝံ့ပြောင်မြောက်တဲ့ ကျောင်းသားတွေထဲကတဦးဖြစ်ပြီး နောက်ဆုံးတော့ဒီဆုကို လာရောက်လက်ခံရယူနိုင်ပါပြီလို့ နိုင်ငံတကာ ကျောင်းသားပွဲတော် အင်တာနက် ဝက်ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီပွဲတော်ဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ကျောင်းသားပွဲတော်ဖြစ်ပြီး  ၁၁၆ နိုင်ငံက ကျောင်းသား ၅ဝဝ လောက် တက်ရောက်တဲ့ ပွဲတော်ဖြစ်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားတွေ ဟာ ပြည်သူလူထုနဲ့ တသားတည်းရှိနေတဲ့အကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။ နော်ဝေနိုင်ငံထရွန်ဟမ်းမြို့နဲ့ အော်စလိုမြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံချိန်မှာအဲဒီလို ပြောကြားလိုက်
တာပါ။ နော်ဝေးနိုင်ငံရောက်နေတဲ့ကိုမင်းကိုနိုင်နဲ့ကိုပြုံးချိုတို့ဟာ မြန်မာတိုင်းရင်းသားမျိုးစုံနဲ့ ထရွန်ဟမ်းမြို့
မှာ စနေနေ့က တွေ့ဆုံခဲ့ပြီး အော်စလိုမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။

တရုတ်ရေတပ်သင်္ဘောများ ဂျပန်နှင့်အငြင်းပွားကျွန်းစုအနီး ကင်းလှည့်ခုတ်မောင်း

တရုတ်ရေတပ်သင်္ဘောများ ဂျပန်နှင့်အငြင်းပွားကျွန်းစုအနီး ကင်းလှည့်ခုတ်မောင်း
Monday, 18 February 2013

တရုတ်နိုင်ငံမှ ရေတပ် သင်္ဘောများသည် ဒိုင်အိုယူ ကျွန်းစုများ အနီးတွင် ကင်းလှည့် ခုတ်မောင်းမှုများ ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း တရုတ်ဘက်မှ ကြေညာခဲ့သည်။

ဂျပန်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေပြီး ဂျပန်ဘက်က ရှင်ကာကူကျွန်းများဟု အမည်ပေးထားသည့် ကျွန်းစုအနီး ရေပြင်တွင် တရုတ်နိုင်ငံ၏ ရေကြောင်း သုတေသန လေ့လာရေး သင်္ဘောများ ပုံမှန် သွားလာနေမည်ဟု တရုတ်ဘက်က ပြောကြားလာခဲ့သည်။

လတ်တလောတွင် ရာသီဥတု ပြင်းထန်ပြီး လှိုင်းလုံးများ အမြင့်(၅)မီတာ
မျှထိ ရှိနေသော်လည်း တရုတ်ဘက်မှ ကင်းလှည့်ရေယာဉ်များ ပုံမှန် သွားလာနေဆဲဟု ဆိုသည်။

Read more www.planet.com.mm

Planet Myanmar Network

Monday, 18 February 2013

တရုတ်နိုင်ငံမှ ရေတပ် သင်္ဘောများသည် ဒိုင်အိုယူ ကျွန်းစုများ အနီးတွင် ကင်းလှည့် ခုတ်မောင်းမှုများ ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း တရုတ်ဘက်မှ ကြေညာခဲ့သည်။

ဂါဇာဒေသမှ ကလေးများ၏ အသုဘအခမ်းအနားဓာတ်ပုံ ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆုရရှိ

ဂါဇာဒေသမှ ကလေးများ၏ အသုဘအခမ်းအနားဓာတ်ပုံ ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆုရရှိ
Monday, 18 February 2013

၂၀၁၂ ခုနှစ် နိုဝင်ဘာလကအစ္စရေး၏ လေကြောင်းထိုးစစ်အတွင်း သေဆုံး
ခဲ့သောကလေးနှစ်ဦးနှင့် သူတို့၏ဖခင်ကို မြှုပ်နှံသင်္ဂြိုဟ်ရန်အတွက် 
လူအများ သယ်ဆောင်လာပုံအား ဆွီဒင်ဓာတ်ပုံဆရာ ပေါလ်ဟန်ဆင်က ရိုက်ကူးထားသည့် ဓာတ်ပုံသည် ၂၀၁၃ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းဓာတ်ပုံဆုကို ရရှိခဲ့ကြောင်း အကဲဖြတ် ဒိုင်လူကြီးအဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်တွင်
ကြေညာခဲ့သည်။

Dagens Nyheter နေ့စဉ် သတင်းစာ၏ ဓာတ်ပုံဆရာ ဟန်ဆင်သည် အသက်နှစ်နှစ်ရှိ ဆူဟစ်ဟီဂျာဇီနှင့် သူ၏အစ်ကိုဖြစ်သူ အသက်သုံးနှစ်ရှိ မိုဟာမက်တို့ကို သယ်လာသည့် အသုဘပို့ လူတန်းကြီးအား ၂၀၁၂ ခုနှစ်၊
နိုဝင်ဘာလ ၂၀ ရက်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ 

''ဒီဓာတ်ပုံရဲ့အားက အပြစ်မဲ့တဲ့ ကလေးငယ်တွေအတွက် အရွယ်ရောက်ပြီး
သူတွေရဲ့ ဒေါသနဲ့ ၀မ်းနည်းကြေကွဲမှုကို အပြိုင်တင်ပြထားပုံထဲမှာ ကိန်းအောင်းနေပါတယ်။ ကျွန်တော့်အတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့ ဓာတ်ပုံပဲ'' ဟု အကဲဖြတ်ဒိုင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပီရူးမှမာယုမိုဟန်နာက
ပြောကြားခဲ့သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ယင်းကလေးနှစ်ဦး၏ ဖခင်မှာလည်း
သေဆုံးခဲ့ရပြီး မိခင်ကိုမူ အထူးကြပ်မတ် ကုသဆောင်တွင် ကုသပေးခဲ့
ရသည်။ အသုဘအခမ်းအနား၌ ကလေးတို့၏ဖခင် အလောင်းကိုပါ သယ်လာခဲ့သည်။

AFP သတင်းဌာန၏ ဓာတ်ပုံဆရာနှစ်ဦးဖြစ်သော ဖေဘီယိုဘက်စီယာရယ်လီ (အီတလီ) နှင့် ဂျာဗီယာမန်ဇာနို (အမေရိကန်) တို့သည်လညှ်းSpot News ကဏ္ဍ၌ တိုက်ပွဲပြင်းထန်နေသည့် ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့မှ ဓာတ်ပုံများဖြင့် ဒုတိယဆုနှင့် တတိယဆုတို့ကို အသီးသီးရရှိခဲ့သည်။

ယခုနှစ်၊ ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံပြိုင်ပွဲတွင်  Photojournalism နှင့် Documentary Photography ပညာရပ်နယ်ပယ်တို့မှ ပညာရှင် ၁၉ ဦးတို့က အကဲဖြတ်ဒိုင်လူကြီးများ အဖွဲ့တွင် ပါဝင်ခဲ့ပြီး နိုင်ငံပေါင်း ၁၂၄ နိုင်ငံမှ ဓာတ်ပုံဆရာပေါင်း ၅၆၆၆ တို့က ပေးပို့ခဲ့သည့် ဓာတ်ပုံပေါင်း ၁၀၃၄၈၁ ပုံတို့ထဲမှ စိစစ်အကဲဖြတ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပထမဆုရရှိခဲ့သည့် ဟန်ဆင်သည် ဆုငွေအမေရိကန်ဒေါ်လာ ၁၃၀၀၀ နှင့် ကင်မရာတစ်လုံးတို့ကို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့၌ ဧပြီတွင် ကျင်းပမည့်အခမ်းအနား၌ ဆုချီးမြှင့်ခံရမည်ဖြစ်သည်။


ဓာတ်ပုံ - ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆု ရရှိခဲ့သော ဓာတ်ပုံ

Ref:AFP
Eleven Media Group
ဓာတ်ပုံ - ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆု ရရှိခဲ့သော ဓာတ်ပုံ
Monday, 18 February 2013

၂၀၁၂ ခုနှစ် နိုဝင်ဘာလကအစ္စရေး၏ လေကြောင်းထိုးစစ်အတွင်း သေဆုံး
ခဲ့သောကလေးနှစ်ဦးနှင့် သူတို့၏ဖခင်ကို မြှုပ်နှံသင်္ဂြိုဟ်ရန်အတွက်
လူအများ သယ်ဆောင်လာပုံအား ဆွီဒင်ဓာတ်ပုံဆရာ ပေါလ်ဟန်ဆင်က ရိုက်ကူးထားသည့် ဓာတ်ပုံသည် ၂၀၁၃ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းဓာတ်ပုံဆုကို ရရှိခဲ့ကြောင်း အကဲဖြတ် ဒိုင်လူကြီးအဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကြေညာခဲ့သည်။

ပြည်ပမှ ရွှေ့ပြောင်းသူများကို တိုးမြှင့်လက်ခံမည့် စင်ကာပူအစိုးရ၏ အစီအစဉ်အား ပြည်သူထောင်ပေါင်းများစွာ ရှားရှားပါးပါး ကန့်ကွက်ဆန္ဒပြ

ပြည်ပမှ ရွှေ့ပြောင်းသူများကို တိုးမြှင့်လက်ခံမည့် စင်ကာပူအစိုးရ၏ အစီအစဉ်အား ပြည်သူထောင်ပေါင်းများစွာ ရှားရှားပါးပါး ကန့်ကွက်ဆန္ဒပြ
Monday, 18 February 2013

အာဏာရပါတီ တစ်ခုတည်းက ဆယ်စုနှစ်များစွာ အုပ်စိုးလာခဲ့သော စင်ကာပူနိုင်ငံတွင် ပြည်သူများ၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှာ ပုံမှန်ဆိုလျင် ဖြစ်ပေါ်လေ့ မရှိပေ။ သို့သော် စင်ကာပူတွင် လူဦးရေ
တိုးတက်မှုနှုန်း ကျဆင်းနေမှုကို ဖြည့်ဆည်းရန်အတွက် လာမည့်ဆယ်စုနှစ် အနည်းငယ်အတွင်း ပြည်ပမှ ရွှေ့ပြောင်းလာသူများကို တိုးမြှင့်လက်ခံမည့် အစိုးရ၏ အစီအစဉ်အား ပြည်သူထောင်ပေါင်းများစွာက ဖေဖော်ဝါရီ ၁၆ ရက်တွင် ရှားရှားပါးပါး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

Speaker's Corner ဟု လူသိများသည့် မြို့ထဲရှိ ပန်းခြံငယ်တစ်ခုတွင် လူထောင်နှင့်ချီပြီး စုဝေးခဲ့ကြကာ အင်အား ၃၀၀၀ မှ ၄၀၀၀ အကြား ရှိမည်ဟု စီစဉ်သူများက ခန့်မှန်းခဲ့ကြသည်။ ယင်းမှာ ၁၉၆၅ ခုနှစ်တွင် စင်ကာပူ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း လူအင်အားအများဆုံး စုဝေးဆန္ဒပြမှုဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့က စီအင်န်အင်န်သို့ ပြောကြား
ခဲ့သော်လည်း ဆန္ဒပြသူ အရေအတွက်ကို မထုတ်ပြန်ခဲ့ပေ။

စင်ကာပူအစိုးရက လက်ရှိလူဦးရေ ၅ ဒသမ ၃ သန်းမှ ၂၀၃၀ ပြည့်နှစ်
အရောက်တွင် လူဦးရေ ၆ ဒသမ ၉ သန်းအထိ မြင့်တက်လာစေရေး
အတွက်ပြည်ပမှ ရွှေ့ပြောင်းသူများကို တိုးမြှင့်လက်ခံမည့် အစီအစဉ်အား မကြာသေးမီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတွင်း အလျင်အမြန်
မြင့်တက်လာသောသက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရန်
အတွက် နိုင်ငံခြားသားများ လိုအပ်ကြောင်းလည်း အစိုးရက ဆိုသည်။

ဆန္ဒပြသူများက မိမိတို့သည် နိုင်ငံခြားသားများကို မကြောက်ရွံ့သော်လည်း စင်ကာပူ နိုင်ငံသားများသည် နိုင်ငံခြားသားများနှင့်ယှဉ်လျင် အလုပ်
အကိုင်များ ဆုံးရှုံးမှု၊ လစာများ လျော့နည်းမှုတို့ ကြုံတွေ့ရမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်  လူဦးရေများပြားလာပါက အိမ်ရာနှင့် ပို့ဆောင်ရေးစသော အခြေခံအဆောက်အအုံ ကဏ္ဍများ
အတွက် အခွန်များ တိုးမြှင့်ပေးရနိုင်မှုကိုလည်း ထောက်ပြခဲ့ကြသည်။ အစိုးရအစီအစဉ်က မိမိတို့ကို ကိုယ့်နိုင်ငံတွင်း၌ပင် လူနည်းစု
အဖြစ်သို့ ရောက်သွားစေနိုင်ကြောင်းလည်း ဆန္ဒပြသူများက ဆိုသည်။

စင်ကာပူအစိုးရသည် အမှုဆောင် ရာထူးနေရာများတွင် အစားထိုးရန်
နိုင်ငံခြားသားများအပေါ် မှီခိုနေရသလို လခနိမ့် အလုပ်များဖြစ်သော
ဆောက်လုပ်ရေးမှသည် သန့်ရှင်းရေးဝန်ထမ်းများအထိ လုပ်ငန်းများတွင် နိုင်ငံခြားသားများကို အများဆုံး အသုံးပြုနေရသည်။

အခြားဖွံ့ဖြိုးပြီး နိုင်ငံများစွာကဲ့သို့ပင် စင်ကာပူတွင် ဆယ်စုနှစ်
သုံးခုကျော်ကြာ ကလေးမွေးနှုန်းမှာ ကျဆင်းခဲ့ပြီး လက်ရှိမျိုးဆက်ကို အစားထိုးနိုင်ရန်အတွက် လုံလောက်သော ကလေးမွေးဖွားမှု မရှိကြောင်း သိရသည်။ ယင်းမှာ စင်ကာပူကဲ့သို့ နိုင်ငံသေးငယ်ပြီး စီးပွားရေးတိုးတက်မှု အရှိန်အဟုန် ကောင်းသောနိုင်ငံအတွက် သက်ရောက်မှုကြီးမားကြောင်း သိရသည်။

ဓာတ်ပုံ - Speaker's Corner  တွင် ဆန္ဒပြမှုသို့ တက်ရောက်လာသူ
များကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်

Ref:CNN
Eleven Media Group
ဓာတ်ပုံ - Speaker's Corner တွင် ဆန္ဒပြမှုသို့ တက်ရောက်လာသူ
များကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်
Monday, 18 February 2013

အာဏာရပါတီ တစ်ခုတည်းက ဆယ်စုနှစ်များစွာ အုပ်စိုးလာခဲ့သော စင်ကာပူနိုင်ငံတွင် ပြည်သူများ၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှာ ပုံမှန်ဆိုလျင် ဖြစ်ပေါ်လေ့ မရှိပေ။ သို့သော် စင်ကာပူတွင် လူဦးရေ
တိုးတက်မှုနှုန်း ကျဆင်းနေမှုကို ဖြည့်ဆည်းရန်အတွက် လာမည့်ဆယ်စုနှစ် အနည်းငယ်အတွင်း ပြည်ပမှ ရွှေ့ပြောင်းလာသူများကို တိုးမြှင့်လက်ခံမည့် အစိုးရ၏ အစီအစဉ်အား ပြည်သူထောင်ပေါင်းများစွာက ဖေဖော်ဝါရီ ၁၆ ရက်တွင် ရှားရှားပါးပါး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

မန္တလေးတွင် အခါလွန်မိုးများ ရွာသွန်း

Monday, 18 February 2013
မြန်မာနိုင်ငံ ၏ ပူပြင်းခြောက်သွေ့သောဒေသများတွင် ပါဝင်သော မန္တလေးမြို့ တွင် ယနေ့ နံနက် ၉ နာရီခန့်မှ နေ့လယ် ၁၁နာရီခွဲခန့်အထိ ပထမဆုံးအကြိမ် အခါလွန်မိုးများ ရွာသွန်း ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice Weeklyသို့ ပြောကြားသည်။

၈၈ ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ် ကုလလူ့အခွင့်အရေးညီလာခံ တက်ရောက်မည်

၈၈ ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ် ကုလလူ့အခွင့်အရေးညီလာခံ တက်ရောက်မည်

ဒီဗွီဘီ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက် (တနင်္လာနေ့)

ပွင့်လင်းလူ့အဖွဲ့အစည်းအမည်နဲ့ စည်းရုံးလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဌေးကြွယ်ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီလကုန် ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။

ဒီခရီးစဉ်အတွက် ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်ကနေ စတင်ထွက်ခွာမှာဖြစ်ပြီး မနက်ဖြန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဒေသတွင်းမဟာဗျူဟာ ဆွေးနွေးပွဲ တခုကို တက်ရောက်မှာပါ။

ထိုင်းနိုင်ငံကနေတဆင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံ တက်ရောက်ဖို့ ဆွစ်ဇာလန်နိုင်ငံကို ဆက်လက် သွားရောက်မှာ ဖြစ်တယ်လို့ ဦးဌေးကြွယ်က ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးအခြေအနေတွေကို တခြားနိုင်ငံတွေမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီးလေ့လာလို့ ရနိုင်ပါတယ်။ ပြီတော့ လူ့အခွင့်အရေးချိုးဖောက်မှုများတဲ့ နိုင်ငံတွေမှာ ယူအန်ကနေပြီး စောင့်ကြည့်ကူညီနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။”

ဦးဌေးကြွယ်ဟာ လာမယ့် မတ်လထဲမှာ ဆွစ်ဇာလန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ဆက်လက်သွားရောက်ဖို့ရှိပြီး အမေရိကန်ရောက် မြန်မာအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
(သတင်း - DVB TV News)


အေးချမ်းမွန်(အဲဆာန်မန်) မှ  88 Generation Students တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ဒီဗွီဘီ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက် (တနင်္လာနေ့)

ပွင့်လင်းလူ့အဖွဲ့အစည်းအမည်နဲ့ စည်းရုံးလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဌေးကြွယ်ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီလကုန် ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံ ခြိမ်းခြောက်စာပေးပို့ခံရ

ကချင်အရေးနှင့်ပတ်သက်၍ လွှတ်တော်အတွင်း ပြင်းပြင်းထန်ထန်
ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှ
ဆွေထံသို့ ခြိမ်းခြောက်စာတစ်စောင် ရောက်ရှိလာခဲ့သဖြင့် ပြည်ထောင်စု လွှတ်တော်နာယကထံသို့ တင်ပြထားကြောင်း သိရသည်။

မြန်မာပြည်ရဲ့ နာမည်ကြီးထိပ်တန်းကုမ္ပဏီ ကြီးများပါဝင်မည့် အလုပ်အကိုင်ရှာဖွေပွဲ Job Fair Yangon 2013 ( MICT Park ) တွင်ကျင်းပမည်

မြန်မာပြည်ရဲ့ နာမည်ကြီးထိပ်တန်းကုမ္ပဏီ
     ကြီးများပါဝင်မည့်ပွဲကြီးဖြစ် လို့

*   ၀ါသနာပါတဲ့လုပ်ငန်းကိုရွေးချယ်နိင်ရန်

*   အရည်ချင်းနဲ့ကိုက်ညီတဲ့လုပ်ငန်းကိုရှာဖွေနိင်ရန်

*   ဘ၀တိုးတက်စေမယ့် အလုပ်အကိုင် နဲ့ အခွင့်အလမ်းကောင်းများကို
     လက်မလွှတ်စေဖို့

*   ပြပွဲကိုလာရောက်ကြပါရန်ဖိတ်ခေါ်အပ်ပါသည် ။ *


            Job Fair Yangon 2013 ( MICT Park )

*    https://www.facebook.com/JobFairMyanmar2013 

*     Like ပြုလုပ်ခြင်း  Share ပြုလုပ်ခြင်း ဖြင့်  Job Fair Yangon 2013 ပွဲကြီးကိုပါဝင်
        ဆင်နွဲနိင်ရန်ဖိတ်ခေါ်အပ်ပါသည် ။

မြန်မာပြည်ရဲ့ နာမည်ကြီးထိပ်တန်းကုမ္ပဏီ ကြီးများပါဝင်မည့် အလုပ်အကိုင်ရှာဖွေပွဲ  Job Fair Yangon 2013 ( MICT Park ) တွင်ကျင်းပမည်ဖြစ်ပါသည်။ Job Fair Yangon 2013 ( MICT Park ) ( 23-24,February-2013)
အလုပ်အကိုင်ရှာဖွေပွဲ တွက် CV ဖောင်ပုံစံများကို download ရယူနိင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။

၁၈ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို မလိုလားသော ဒေသခံ တစ်ရာကျော် ဆန္ဒပြ

လူဦးရေနှစ်ထောင်ကျော် နေထိုင်သော ကျေးရွာအုပ်စုကို ၁၈ နှစ်ကြာ အုပ်ချုပ်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်မည်ကို မလိုလားသော ဒေသခံ လယ်သမား ၁၂၀ ကျော်ခန့်က ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ မအူပင်မြို့တွင် တရားဝင်ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

ယနေ့ဖေဖော်ဝါရီ ၁၈ ရက်နေ့က သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင်ရဲ့မွေးနေ့ဖြစ်ပါတယ်

ယနေ့ဖေဖော်ဝါရီ ၁၈ ရက်နေ့က သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင်ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှ စပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကိုသယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း
 ပေါ်ပြူလာဂျာနယ်မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ယနေ့ဖေဖော်ဝါရီ၁၈ ရက်နေ့ကသရုပ်ဆောင်အကယ်ဒမီ မြတ်ကေသီအောင်ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့
မှ စပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီးအနုပညာဖြင့်လူမှုကောင်းကျိုးများကိုသယ်ပိုးဆောင်
ရွက်နိုင်ပါစေကြောင်း Rangonngewsdaily မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

တစ်ယောက်စီး အင်ဂျင်တစ်လုံးတပ် ပဉ္စမ မြောက် မျိုးဆက် F 35 Lighting ၏ တပ်ဆင်မှု ရာနှုန်း ပြည့် ပြီးမြောက်ရန် အနည်းငယ်သာ လို တော့သည်

တစ်ယောက်စီး အင်ဂျင်တစ်လုံးတပ် ပဉ္စမ မြောက် မျိုးဆက် F 35 Lighting 
၏ တပ်ဆင်မှု ရာနှုန်း ပြည့် ပြီးမြောက်ရန် အနည်းငယ်သာ လို တော့သည် ဟု Lockheed Martin ၏ သတင်း ထုတ် ပြန်မှု ကို ကိုကား ပြီး တိုင်း(မ) မဂ္ဂဇင်း တွင် ဖော်ပြထားသည်။ 

Vertical Landing ဟု ခေါ်သည့် ဒေါင် လိုက် ဆင်းသက် နိုင်သည့် ထိုလေ
ယာဉ် သည် အမေရိကန် စစ်တပ် ၏ ပျံသန်း မှု တွင် အဆင့် မြင့် ဆုံး ဖြစ်ပြီး
ရန်သူ ရေဒါ မှ ရှောင်ကွင်းသည့် စနစ် ၊ ထောက်လှမ်း ပျံ သန်းမှု နှင့် ဗုံးကြဲ
တိုက် ခိုက်ခြင်း ကို ပါ ပြု လုပ်သည်။

အမေရိကန် လွှတ်တော် ၏ ဘဏ္ဍာ ငွေ ခွဲ ဝေမှု ကြောင့် ထုတ် လုပ်မှု နှောင့်
နှေး ခဲ့ ရသည့် F 35 သည် တစ်စီး လျှင် ဒေါ် လာ သန်း ၁၃၀ တန်ကြေး ရှိသည်။ 

့ပဉ္စမ မြောက် မျိုးဆက် တည်ဆောက် မှု အတွက် အမေရိကန် ဒေါ်လာ 
၄၃၇၅ ကုန်ကျ ရာ အမေရိကန် ၊ အီတလီ ၊ နယ်သာ လန် ၊ ကနေဒါ၊
နော်ဝေ ၊ဒိန်းမတ် နိုင်ငံ များ က လည်း ငွေကြေး ထည့် ၀င်ခဲ့ ပြီး လေယာဉ်
ဝယ်ယူ ရန် အတွက် လည်း စာ ချုပ် ချုပ် ဆိုထား သည်။ 

၂၀၃၅ ခုနှစ် F 35 ကို ထုတ် မည် ဖြစ်ရာ နှစ် ၂၀ ကျော် အတွင်း ပြည်တွင်း
နှင့် နိုင်ငံ တကာ အမှ စာများ အရ အစီး ၃၅၀၀ ထုတ် လုပ် သွားမည်
ဖြစ်သည်။ 

F 35 ကို အထူးလေ့ကျင့် ထားသည့် Navy Seal အဖွဲ့  ၀င်များ က မောင်းနှင်
မည် ဖြစ်သည်။ 

https://f35.com/default.aspx
https://www.facebook.com/thef35
တစ်ယောက်စီး အင်ဂျင်တစ်လုံးတပ် ပဉ္စမ မြောက် မျိုးဆက် F 35 Lighting ၏ တပ်ဆင်မှု ရာနှုန်း ပြည့် ပြီးမြောက်ရန် အနည်းငယ်သာ လို တော့သည် ဟု Lockheed Martin ၏ သတင်း ထုတ် ပြန်မှု ကို ကိုကား ပြီး တိုင်း(မ) မဂ္ဂဇင်း တွင် ဖော်ပြထားသည်။

ပြည်တာဝါကို ကြယ်ငါးပွင့်အဆင့် နိုဗိုတယ်ဟိုတယ် (ရန်ကုန်)အဖြစ် ဖွင့်လှစ်မည်

ပြည်တာဝါကို ကြယ်ငါးပွင့်အဆင့် နိုဗိုတယ်ဟိုတယ် (ရန်ကုန်)အဖြစ် ဖွင့်လှစ်မည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနီးရှိ ပြည်တာဝါကို အခန်းပေါင်း ၃၀၀ ကျော် ပါဝင်မည့် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်တစ်လုံးအဖြစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမတိုင်မီအပြီးတည်ဆောက်သွားရန် စီစဉ်နေသည်ဟု မက်စ်မြန်မာကုမ္ပဏီ အုပ်စုမှ အမှုဆောင်ဒါရိုက်တာ ဦးတင်မောင်ကပြောသည်။

အဆိုပါဟိုတယ်အား ကမ္ဘာကျော် ပြင်သစ်ဟိုတယ်လုပ်ငန်း အစုအဖွဲ့က Novotel Hotel (Yangon) ဟု အမည်ပေးထားပြီး
ဟိုတယ်၏ Operation Management များအတွက် ပြင်သစ်နိုင်ငံအခြေစိုက် ACCOR Hospitality မှ တာဝန်ယူသွားမည်ဟု သတင်းရရှိသည်။
    
အဆောက်အအုံ ဒီဇိုင်းကို စင်ကာပူနိုင်ငံရှိ IIDA (Inter-national Design) မှ တာဝန်ယူရေးဆွဲပြီး မက်စ်မြန်မာမှ ပြည်
တွင်း၊ ပြည်ပ အင်ဂျင်နီယာများ ကိုယ်တိုင်တည်ဆောက်လျက် ရှိသည်။ ဟိုတယ်အတွင်းပိုင်း အပြင်အဆင်အား ဗီယက်နမ်နိုင်ငံအခြေစိုက် AA Coporation မှ တာဝန်ယူ၍ တည်ဆောက်ပေးလျက်ရှိကြောင်း မက်စ်မြန်မာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

၁၄ ထပ်ရှိသော တာဝါ (A) အဆောက်အအုံတွင် အခန်းပေါင်း ၁၅၉ ခန်းနှင့် ၁၆ ထပ်ရှိတာဝါ (B) တွင် အခန်းပေါင်း ၂၀၇ ခန်း စုစုပေါင်း ဟိုတယ်အိပ်ခန်း ၃၆၆ ခန်း အပါအ၀င် Presidential Suite တစ်ခန်း၊ Penthouse တစ်ခန်း၊ General Ball Room တစ်ခု၊ Meeting Room တစ်ခု၊ Conference Room များ၊ ကော်ဖီဘား၊ ၀ိုင်ဘားနှင့် ပြင်သစ်စားသောက်ဆိုင်တစ်ခု၊ ရေကူးကန်၊ Fitness and Spa ၊ Tennis Court တို့ ပါဝင်မည်ဖြစ်သည်။

မက်စ်မြန်မာကုမ္ပဏီသည် လက်ရှိတွင် ချောင်းသာ၊ နေပြည်တော်နှင့် အင်းလေးဒေသတို့၌ ဟိုတယ်များ  ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။

Ref : 7 Day News Journal
http://www.house.com.mm/
http://www.facebook.com/house.com.mm

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနီးရှိ ပြည်တာဝါကို အခန်းပေါင်း ၃၀၀ ကျော် ပါဝင်မည့် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်တစ်လုံးအဖြစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမတိုင်မီအပြီးတည်ဆောက်သွားရန် စီစဉ်နေသည်ဟု မက်စ်မြန်မာကုမ္ပဏီ အုပ်စုမှ အမှုဆောင်ဒါရိုက်တာ ဦးတင်မောင်ကပြောသည်။

လက်နှက်ဖက်မရှိသည့် ကမ္ဘာ့ပထမဆုံး လိုင်စင်ရလေယာဉ်မှူး ဂျက်ဆီကာ ကော့စ်

လက်နှက်ဖက်မရှိသည့် ကမ္ဘာ့ပထမဆုံး လိုင်စင်ရလေယာဉ်မှူး ဂျက်ဆီကာ ကော့စ်
Monday, 18 February 2013

ကံအကြောင်း မလှသဖြင့် ဒုက္ခိတ တစ်ဦးအဖြစ် မွေးဖွားလာရသော်လည်း ဂျက်ဆီကာ ကော့စ်အနေဖြင့် ဘဝကို စိတ်ပျက် အလျှော့ပေးခဲ့ခြင်း မရှိချေ။ ဂျက်ဆီကာသည် ရှားပါးသည့် မွေးရာပါ ချွတ်ချော်မှု တစ်ခုကြောင့် လက်မောင်းများ မပါဘဲ မွေးဖွားလာခဲ့သူ ဖြစ်သည်။ သို့သော်လည်း သူမ၏ ဘဝတွင် အားငယ် နိမ့်ကျမှု လုံးဝ မရှိဘဲ အကောင်းဆုံး ကြိုးစားဖြတ်သန်း
နေခဲ့သည်။

အမေရိကန်နိုင်ငံ၊ အရီဇိုးနားတွင် မွေးဖွားသော ဂျက်ဆီကာသည် ယခုအခါ အသက်(၃၀)အရွယ် ရှိနေပြီဖြစ်ကာ သာမန်လူကောင်း တစ်ဦးပင် လုပ်ဆောင်ရန် ခက်ခဲသော အခြေအနေများကို ပြည့်ပြည့်ဝဝ ဖန်တီး ရယူထားခဲ့သည်။

သူမသည် ယခုအခါ ကမ္ဘာပေါ်တွင် လက်မောင်းနှစ်ဖက်လုံး မရှိသည့် ပထမဆုံး လိုင်စင်ရ လေယာဉ်မှူး ဖြစ်လာခဲ့သည်။

Read more www.planet.com.mm

အေးချမ်းမွန်(အဲဆာန်မန်) မှ  Planet Myanmar Networkတွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

Monday, 18 February 2013

ကံအကြောင်း မလှသဖြင့် ဒုက္ခိတ တစ်ဦးအဖြစ် မွေးဖွားလာရသော်လည်း ဂျက်ဆီကာ ကော့စ်အနေဖြင့် ဘဝကို စိတ်ပျက် အလျှော့ပေးခဲ့ခြင်း မရှိချေ။ ဂျက်ဆီကာသည် ရှားပါးသည့် မွေးရာပါ ချွတ်ချော်မှု တစ်ခုကြောင့် လက်မောင်းများ မပါဘဲ မွေးဖွားလာခဲ့သူ ဖြစ်သည်။ သို့သော်လည်း သူမ၏ ဘဝတွင် အားငယ် နိမ့်ကျမှု လုံးဝ မရှိဘဲ အကောင်းဆုံး ကြိုးစားဖြတ်သန်းနေခဲ့သည်။

လျှပ်စစ်ရေနွေးအိုးတည်ရာက ရေခမ်းခြောက်၍ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
၁၇-၂-၂၀၁၃ရက်နေ့ ၁၁၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာနေ ဦးသန်းအောင်(၆၂)နှစ်၏ နေအိမ်တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ ရေခမ်းခြောက်၍ မီးလောင်မှုဖြစ်ပွားပြီး ပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် သွပ်မိုးထရံကာ၊မြေစိုက်နေအိမ်(၁၉)လုံး လောင်ကျွမ်းခဲ့ကာ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၁၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

ဆယ်တန်းအောင်ပြီးသူများ SAT ရမှတ်မလိုပဲ အမေရိကန်ကျောင်း တက်ရောက်နိုင်

ဆယ်တန်းအောင်ပြီးသူများ SAT ရမှတ်မလိုပဲ အမေရိကန်ကျောင်း တက်ရောက်နိုင်

 18 Feb, 2013

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ SAT ရမှတ်တင်ပြရန်မလိုပဲ အမေရိကန်ရှိ University Pathway Program သို့ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းက သိရသည်။

မြန်မာနိုင်ငံမှအခြခံပညာအထက်တန်း(ဆယ်တန်း)အောင်မြင်ပြီးသူများ IELTS 5.5  ရရှိယုံဖြင့် University Pathway Program သို့ SAT/GMAT ရမှတ်များ တင်ပြရန် မလိုပဲ လျှောက်ထား နိုင်ခြင်းဖြစ်သည်။

 မြန်မာကျောင်းသားများအနေဖြင့် အမေရိကန်ကျောင်းများသို့ လျှောက်ထားရာ၌ SAT အား မဖြစ်မနေလုပ်ဆောင် ရမည်ဟုထားရှိသည့် ယူဆချက်မှာ မှားယွင်းကြောင်း၊ SAT မပါပဲ အမေရိကန်ကျောင်း ကျောင်းလျှောက် ထားနိုင်ကြောင်း Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း က ဆိုသည်။

 ၁၀တန်းအောင်မြင်ထားသူများ University Pathway Program သို့ တစ်နှစ်တက်ရောက်ရန်အတွက် ကန်ဒေါ်လာ ၂၁၉၇၀ ကုန်ကျမည်ဖြစ်သည်။ အင်္ဂလိပ်စာဖြည့်စွက်သင်ကြား မည်ဆိုပါက ဒေါ်လာ(၁၀၀၀)ထပ်မံ ကုန်ကျမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

 တက္ကသိုလ်တခုခုမှဘွဲ့ရရှိထားသူများအနေဖြင့်Pre Master လျှောက်ထားနိုင်ပြီး   (၄)လ သင်ကြားရမည်ဖြစ်ကာ   ကျောင်းလခ ကန်ဒေါ်လာ ၁၀,၉၈၅ ကုန်ကျမည် ဖြစ်သည်။

 University Pathway Program မှာ နိုင်ငံတကာကျောင်းသားများအတွက် ရည်ရွယ်ထားသည့် program တစ်ခုဖြစ်ပြီး UMass Dartmouth ၏ ကျောင်းဝင်ထဲတွင် ဖွင့်လှစ်ထားသည့် Navitas တွင် ပညာသင်ကြားရမည်ဖြစ်သည်။

အဆိုပါကျောင်းမှာ UMass Dartmouth တက္ကသိုလ်မှ  ပထမနှစ်နှင့်ညီမျှသော ဘာသာရပ်များ ဖြစ်သည့် စီးပွားရေး၊ အင်ဂျင်နီယာ၊ ကွန်ပြူတာဆိုင်းရင့်၊ လစ်ဘရယ်အက် Liberal Arts ဘာသာရပ် များအား သင်ကြားနိုင်ကြောင်း သိရသည်။

University Pathway Program (UPP)၌  သင်ယူပြီးနောက် ဒုတိယနှစ်သို့ တိုက်ရိုက်တက်ရောက် ကာ မိမိစိတ်ကြိုက်ဘာသာရပ်များအား ရွေးချယ်ခွင့်ရှိကြောင်းကိုလည်း သိရသည်။

တက္ကသိုလ်တခုခုမှ အသိအမှတ်ပြုဘွဲ့ရရှိထားသူများအနေဖြင့် Pre Master အား လျှောက် ထားနိုင်ပြီး  Pre-Master Program သင်ယူပြီးနောက် MBAနှင့်တွဲဖက်ကာ စာရင်းအင်း၊ မားကတ် ကင်း၊ စီမံခန့်ခွဲမှုနင့် ဦီးဆောင်မှုပညာရပ်များ အပါအ၀င်အခြားဘာသာရပ်များကိုလည်း လေ့လာနိုင်ပြီး Pre-Master Program သင်ယူပြီး နောက် Master of Science ရွေးချယ်ကာ Civil & Environmental Engineering ၊ Computer Engineering၊ Computer and Information ScienceElectrical Engineering၊ Mechanical Engineering ၊ Physics ဘာသာရပ်များ ဆက်လက်သင်ယူနိုင်သည်။

 UMass Dartmouth မှာ အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်း၊ မက်ဆက် ချူးဆက်ပြည်နယ်  တောင်ပိုင်း၊  အတ္တလန်တစ် သမုဒ္ဒယာကမ်းခြေအနီးအနားတွင်တည်ရြှိ့ပီး ကျောင်းပရ၀ဏ်မှာ ဧက(၇၀၀) ကျော် ကျယ်ဝန်းသည်။

 UMass Dartmouth သည် UMass System နှင့်  ၁၉၉၁  ခုနှစ်တွင် ပူးပေါင်းခဲ့သည်။ UMass System ကြီးတွင် မက်ဆက်ချူးဆက်ပြည်နယ် ရှိနာမည်ကျော် အမေရိကန်တက္ကသိုလ်များ ဖြစ်သည့် UMass Boston ၊ UMass Lowell နှင့် UMass Dartmouth ဟူ၍ ကျောင်းသုံး ကျောင်း ဖြင့်ဖွဲ့စည်းထားသည်။
 
 အသေးစိတ်သိရှိလိုသူများအနေဖြင့် CROWN Education၊ အမှတ်(၂၇၀) ၊ ပထမထပ်၊ အခန်း(1 C) ၊ မြေနီကုန်း၊ ပြည်လမ်း၊ ဖုန်း ၀၉-၇၃၂ ၇၂၃ ၇၇ ၊ ၀၉- ၅၀ ၈၅ ၁၈၅ သို့ဆက်သွယ်မေးမြန်းနိုင်သည်။

18 Feb, 2013

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ SAT ရမှတ်တင်ပြရန်မလိုပဲ အမေရိကန်ရှိ University Pathway Program သို့ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းက သိရသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ချာခန်းဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်

ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ချာခန်းဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်
ဖေဖော်ဝါရီလ ၁၈ရက်။ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းနယ်မြေအတွင်း ပါဝင်နေသသည့် ချာခန်း ကျေးရွာ၏ ဒေသခံနေအိမ်များကို အီတာလျံထိုင်းဖွံ့ဖြိုးတိုးတက်မှု(ITD)ကုမ္ပဏီမှ မြေထိုးစက်ကြီးများဖြင့် ထိုးလိုက်သောကြောင့် ဒေသခံများအိုးမဲ့အိမ်မဲ့ဖြစ်နေကြကြောင်း သိရသည်။

ချာခန်းကျေးရွာနှင့် နီးစပ်သူဒေသခံတစ်ဦးက “အရင်လကုန်ပိုင်းလောက် ကနေစပြီး ITD ကုမ္ပဏီကနေ ချာခန်း ရွာက အိမ်တွေကို မြေထိုးကားနဲ့ လာထိုးတာ။ အခုဆိုရင် ၁၅အိမ်လောက်ပဲ ကျန်တော့တယ်။ အထိုးခံလိုက်ရ တဲ့ အိမ်ပိုင်ရှင် တွေကတော့ အခုနေစရာမရှိလို့ နီးစပ်ရာနေရာတွေမှာပဲ ခိုကပ်နေနေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အိမ်၊ ခြံမြေများကို မြေထိုးကားကြီးများဖြင့် ထိုးလိုက်သော်လည်း ချာခန်းဒေသခံများအတွက် ကုမ္ပဏီ ဘက်မှ ယခုအချိန်ထိ တစုံတရာ လာရောက်ကူညီပေးခြင်းနှင့် လျော်ကြေးပေးခြင်း မရှိသေးသည့်အပြင် ကူညီဖြေရှင်း ပေးမည့် အဖွဲ့အစည်းများလည်း မရှိသေးကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသအတွင်းရှိ ရေနက်ဆိပ်ကမ်း နယ်မြေအတွင်း ပါဝင်သည့် ဗျင်းနီကျေးရွာ တွင်လည်း ITD ကုမ္ပဏီမှ မြေထိုးစက်ကြီးများဖြင့် တစ်ရွာလုံး ထိုးကော်ပြီးစီး သွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၃ရက်နေ့က ချာခန်းကျေးရွာတွင် (ITD)ကုမ္ပဏီမှ ဆောက်လုပ်ရေးအဖွဲ့က ဒေသခံများ ပိုင်သည့် လယ်မြေနှင့် ခြံများကို လျော်ကြေးမပေးဘဲ အသုံးပြုနေသောကြောင့် ထိုက်တန် သည့် လျော်ကြေးပေး ရန်အတွက် ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ တောင်းဆို ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြကြောင်း ထားဝယ် လူထုအသံ၏ သတင်းဝက်ဘ်ဆိုဒ်ပေါ်၌ ဖော်ပြထားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် (ITD) ကုမ္ပဏီက ထုတ်လုပ်မည့်မဂ္ဂါဝပ် ၃,၀၀၀ရှိ ကျောက်မီးသွေး လျှပ်စစ်စွမ်း အင်စီမံကိန်းတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင်ထုတ်လုပ်သည့် PTT ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၄သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းလည်း အင်တာနက် စာမျက်နှာ များတွင် ဖော်ပြချက်များအရ သိရသည်။


အေးချမ်းမွန်(အဲဆာန်မန်) မှKIC (Karen Information Center)   တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ဖေဖော်ဝါရီလ ၁၈ရက်။ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းနယ်မြေအတွင်း ပါဝင်နေသသည့် ချာခန်း ကျေးရွာ၏ ဒေသခံနေအိမ်များကို အီတာလျံထိုင်းဖွံ့ဖြိုးတိုးတက်မှု(ITD)ကုမ္ပဏီမှ မြေထိုးစက်ကြီးများဖြင့် ထိုးလိုက်သောကြောင့် ဒေသခံများအိုးမဲ့အိမ်မဲ့ဖြစ်နေကြကြောင်း သိရသည်။

ခိုနားရာ (ကဗျာ)

သတိရခြင်းတွေ
ပိတ်လှောင်မရတဲ့ အခါ
လွမ်းရတဲ့ နေ့ တရက်ခြင်းကို
ဖြတ်ကျော်ရတာ အရမ်းကိုခက်ခဲ့ နေတယ် ချစ်သူ........

ပင်ယံထက်က ပန်းပွင့်လေး နွမ်းသွားပေမယ့်
ကြွေကျစရာ လမ်းဟောင်းလေးတစ်ခုတော့ရှိတယ်
သစ်ရွတ်ခြောက်လေး လေလွှင့်နေပေမယ့်
နောက်ဆုံးခိုနာရာ မြေနီလမ်းလေး ရှိသေးတယ်...........

ငါ့နှလုံးသား အခါခါကြွေ
နွမ်းကြေနေပေမယ့်
ခဏတာလေး ခိုးနားစရာ
ရင်ခွင် တစ်စုံတစ်ရာ မရှိခဲ့ ဘူး...............

အနေဝေးတဲ့ ချစ်ခြင်းတွေ
အပြစ်ကင်းကင်းနဲ့  ချစ်ကြပါစေ
မဝေးတဲ့ ချစ်ခြင်းတွေနဲ့ လည်း
ခိုနားရာ ရင်ခွင်တစ်စုံတစ်ရာ ရှိကြပါစေ........

ငါ့အတွက်တော့.......
အဖော်မဲ့ အလွမ်းနဲ့ 
ခိုနားရာ မရှိတဲ့ ရင်ခွင်က
အရမ်းပဲ အထီးကျန်လွန်းတယ်
မြင်လှည့်ပါ အဝေးရောက်ချစ်သူရယ်................။

ဖေလေး


အေးချမ်းမွန်(အဲဆာန်မန်) မှ  Myanmar News Update တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

သတိရခြင်းတွေ
ပိတ်လှောင်မရတဲ့ အခါ
လွမ်းရတဲ့ နေ့ တရက်ခြင်းကို
ဖြတ်ကျော်ရတာ အရမ်းကိုခက်ခဲ့ နေတယ် ချစ်သူ........

ပင်ယံထက်က ပန်းပွင့်လေး နွမ်းသွားပေမယ့်
ကြွေကျစရာ လမ်းဟောင်းလေးတစ်ခုတော့ရှိတယ်
သစ်ရွတ်ခြောက်လေး လေလွှင့်နေပေမယ့်
နောက်ဆုံးခိုနာရာ မြေနီလမ်းလေး ရှိသေးတယ်...........

မုံရွာခရိုင်တရားရုံးမှာ လယ်သမားတွေက ဦးပိုင်လီမိတက်ကို တရားစွဲဆိုခြင်း

မုံရွာခရိုင်တရားရုံးမှာ လယ်သမားတွေက ဦးပိုင်လီမိတက်ကို တရားစွဲဆိုခြင်း
မုံရွာခရိုင်တရားရုံးမှာ လယ်သမားတွေက ဦးပိုင်လီမိတက်ကို
စက်ရုံအတွက်မြေလိုအပ်တာထက် ပိုမိုဂရန်လျှောက်ထားရယူခြင်းကြောင့်
တရားစွဲဆိုခြင်း၊ တရားမကြီးမှုအမှတ်-၉/၂၀၁၃ဖြင့် အမှုလက်ခံပြီး ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ အမှုစတင်ကြားနာမည်ဖြစ်ပါတယ်။
၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ဦးရန်နိုင်အောင်(ခ)ဦးဖိုးဖြူ
... ကိုယ်တိုင်အပါအ၀င် တောင်သူလယ်သမား (၄၈)ဦးက ဦးပိုင်လီမိတက်ကို
တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ တရားစွဲဆိုခံရသူတွေကတော့
ဗိုလ်မှူးကြီးခင်အောင်(ငြိမ်း)၊
စက်ရုံမှူးနှင့်ဗိုလ်ကြီးဝင်းညွှန့်ဦး(ငြိမ်း)၊ လက်ထောက်စက်ရုံမှူး၊
မိုးကြိုးဆာလ်ဖျူရစ်စက်ရုံ(ဆားလင်းကြီး)၊ မြန်မာ့စီးပွားရေး
ဦးပိုင်လီမိတက်ဖြစ်ပါတယ်။ တရားမကြီးမှုနဲ့စွဲဆိုတာဖြစ်ပါတယ်။
တောင်းဆိုတဲ့အခွင့်အရေးကတော့ ၁၈၇၇ခုနှစ်၊
သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၄၂
အရ မြေယာကိုလက်ငုတ်
အတိုင်းစိုက်ပျိုးလုပ်ပိုင်ခွင့်အခွင့်အရေးရထိုက်ကြောင်း
မြွက်ဟကြေညာပေးစေလိုမှုကို စွဲဆိုလိုက်တာဖြစ်ပါတယ်။ တရားစွဲဆိုတဲ့
ရုံးကတော့မုံရွာခရိုင်တရားရုံးမှာဖြစ်ပါတယ်။
ခရိုင်တရားသူကြီးဦးတဲရစ်စမ္စိုင်းနီစွဲဖြစ်ပါတယ်။
တရားစွဲဆိုရတဲ့အကြောင်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊
ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးမှာ
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင်
မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ်စက်ရုံလုပ်သားများအတွက် အိမ်ယာဝင်းကို
(၅)ဧကဆောက် လုပ်ပါတယ်။ ၂၀၀၆-၂၀၀၇ခုနှစ် ဆောက်လုပ်အပြီးမှာ
အနီးအနားဝန်းကျင်မှာရှိတဲ့လယ်ယာမြေဧက(၁၄၀)ကျော်ကို ဦးပိုင်လီမိ
တက်ကဂရန်မြေလျှောက်ထားပြီး စက်ရုံမြေအဖြစ် ရယူထားပါတယ်။
အဲဒီလိုဂရန်လျှောက်ရာမှာ အမှန်တကယ်လိုအပ်တဲ့ လယ်ဧက(၅)ဧကထက်
ဧက(၁၄၀)ပိုမိုလျှောက်ထားရယူထားပါတယ်။ ၂၀၁၂ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ
စက်ရုံတာဝန်ရှိသူတွေက ကျူးကျော်မှုနဲ့ စိုက်ပျိုးနေတဲ့လယ်သမား(၃၀)ကျော်ကို
ဆားလင်းကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။ လယ်ယာ
စိုက်ပျိုးခွင့်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှတ်တမ်းစာအုပ်များဖြင့်
မှတ်ပုံတင်ထားပါလျှက် ကျူးကျော်မှုတွေနဲ့ တရားစွဲခံရလို့ ကံကုန်း
ကျေးရွာနေ လယ်သမားထုတစ်ရပ်လုံးက မကျေနပ်ကြပါဘူး။
ဒါကြောင့် တရားဝင်အခွင့်အရေးကိုတောင်းဆိုဖို့အတွက်
မြေယာကိုလက်ငုတ်အတိုင်း စိုက်ပျိုးလုပ်ပိုင်ခွင့်အခွင့်
အရေးရထိုက်ကြောင်း အသိအမှတ်ပြုပေးစေသည့်မြွက်ဟအမှုကို
တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ကံကုန်းကျေးရွာ၊ ညောင်ပင်ကြီးကွင်း၊
တောင်ပလူကွင်းနှင့်ကျောက်မျက်ကွင်းမှာရှိတဲ့လယ်သမားပေါင်း(၄၇)ဦးနှင့်
ကိုဖိုးဖြူတို့က တရားစွဲဆို လိုက်တာဖြစ်ပါတယ်။ ဒီအမှုကို Purple Equity
Law Firm (ခရမ်းရောင်သာတူညီမျှဥပဒေအကျိုးဆောင်လုပ်ငန်း) က တာဝန်
ယူဆောင်ရွက်တာဖြစ်ပါတယ်။

အသေးစိတ်သိလိုလျှင်
ကိုဖိုးဖြူ
ဥပဒေအတိုင်ပင်ခံ
ဥပဒေဘွဲ့(ဂုဏ်ထူး)၊ မဟာဥပဒေပညာ(ပ)နှစ်
Purple Equity Law Firm
ဥပဒေရုံး- အမှတ်-၁၈၅၊ (၃)လွှာ(ယာ)၊ (၃၈)လမ်း(လယ်)၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့။
ဖုန်း - ၀၉၇၃၀၀၀၄၄၁၊ ၀၉၄၃၀၄၀၇၆၉၊ ၀၁-၃၈၉၂၉၆

မုံရွာခရိုင်တရားရုံးမှာ လယ်သမားတွေက ဦးပိုင်လီမိတက်ကို စက်ရုံအတွက်မြေလိုအပ်တာထက် ပိုမိုဂရန်လျှောက်ထားရယူခြင်းကြောင့်တရားစွဲဆိုခြင်း၊ တရားမကြီးမှုအမှတ်-၉/၂၀၁၃ဖြင့် အမှုလက်ခံပြီး ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ အမှုစတင်ကြားနာမည်ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာကဏ္ဍများ လေ့လာမည့် ၄နိုင်ငံ မော်တော်ယာဉ်တန်း မြန်မာပြည်ထဲကိုရောက်ရှိပြီ

မြန်မာပြည်ထဲ ၀င်သွားတဲ့ ၄နိုင်ငံ မော်တော်ယာဉ်တန်း

ခရီးသွားလုပ်ငန်းနှင့်  ရင်းနှီးမြုပ်နှံမှုဆိုင်ရာကဏ္ဍများ သွားရောက်
လေ့လာရန်အတွက် ထိုင်း အပါအ၀င်  နိုင်ငံ ၄ ခု မှ ခရီးသွား ၅၄ ဦးကို သယ်ဆောင်လာသည့်  မော်တော်ယာဉ်တန်းသည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီလမ်းကြောမှ တဆင့် မြန်မာပြည်အတွင်းပိုင်းမြို့များရှိရာသို့ ယနေ့ ထွက်ခွာသွားသည်။

မော်တော်ယာဉ် ၂၂ စီး ပါဝင်သည့်  ၎င်းတို့၏ ခရီးစဉ်ကို  ASEAN Friendship Caravan Tour 2013 ဟု အမည်ပေးထားသည်။

ယခုလ ၂၇ ရက်နေ့ထိ ကြာမြင့်မည့် ခရီးစဉ်အတွက် ၎င်းတို့ ဖြတ်သန်း လည်ပတ်ကြမည့် နေရာများမှာ ဘန်ကောက်၊ မဲဆောက်၊ မြ၀တီ၊ ကျိုက်ထို၊ ပဲခူး၊ နေပြည်တော်၊ အင်းလေး၊ စစ်ကိုင်း၊ မုံရွာ၊ မိထ္ထီလာ၊ ပခုက္ကူ၊ ပုဂံ၊ ပြည်၊ ရန်ကုန်၊ မော်လမြိုင် စသည့် ဒေသများ ဖြစ်သည်။

ခရီးသွားအဖွဲ့ခေါင်းဆောင် နိုင်စုံစပ်ဘိုလဖာဖိဖပ်က ” မြန်မာနိုင်ငံမှာက ခရီးသွားလုပ်ငန်းကို ရာနှုံးပြည့်ဖော်ဆောင်နေတယ်။ နိုင်ငံတကာကိုလည်း ဖိတ်ခေါ်နေတယ်။  မြန်မာနိုင်ငံမှာက သဘာဝ တောတောင်
ရေမြေတွေအပြင် ခရီးသွားတွေ စိတ်ဝင်စားမယ့် နေရာဒေသတွေ အများကြီးရှိတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ခရီးစဉ်တွင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ နော်ဝေ နိုင်ငံတို့မှ ခရီးသွားများ ပါရှိသည်။

ခရီးစဉ်တွင် လိုက်ပါလာသည့် ထိုင်းနိုင်ငံသားတဦးက “ ဒီအဖွဲ့မှာပါတဲ့
လူအချို့က မြန်မာနိုင်ငံအနေအထားကိုသိရှိ ရယ် ရင်းနှီးမှုလုပ်ငန်းတွေ
အတွက် လေ့လာဖို့အတွက် သွားရောက်ကြတာဖြစ်တယ်” ဟု ပြောသည်။

ဤအစီအစဉ်ကို မြန်မာခရီးသွားလုပ်ငန်းတခုဖြစ်သည့် Royal Colourful Land နှင့် ထိုင်းအစိုးရ ခရီးသွားအဖွဲ့ (Tourism  Authorities of Thailand) အဖွဲ့အစည်းတို့က ကမကထပြုခြင်းဖြစ်သည်။

ထိုင်းနယ်စပ်မှတဆင့် ဤသို့ မော်တော်ယာဉ်တန်းဖြင့် ၀င်ရောက် လည်ပတ်မှုကို မြန်မာအစိုးရက မကြာသေးမီကမှစတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုင်းနယ်စပ်မှ ၀င်ရောက်သော နိုင်ငံခြား ခရီးသည်များကို ကော့သောင်း၊ ဘုရားသုံးဆူ၊ မြ၀တီ၊ တာချီလိတ် အစရှိသော နယ်စပ်မြို့များနှင့် အနီးတ၀ိုက်ကိုသာ သွားရောက် လည်ပတ်ခွင့် ပြုထားသည်။
အတွင်းပိုင်းမြို့များသို့ သွားရောက်လိုသူတို့က လေကြောင်းခရီးဖြင့်
မြန်မာပြည်သို့ ၀င်ရောက်ပြီး လိုရာခရီး ဆက်ကြသည်။

အနာဂတ်တွင် ဤသို့သော နယ်စပ်ဖြတ်မော်တော်ယာဉ်တန်း ခရီးစဉ်များ ထပ်မံ ပေါ်ပေါက်လာဖွယ်ရှိသည်။

ဓာတ်ပုံ - ယနေ့နံနက်က မဲဆောက်-မြ၀တီလမ်းကြောမှ ထွက်ခွာသွားသည့်
ယာဉ်တန်း

ပြည်တော်မြင့်
ဧရာဝတီ
ဓာတ်ပုံ - ယနေ့နံနက်က မဲဆောက်-မြ၀တီလမ်းကြောမှ ထွက်ခွာသွားသည့်
ယာဉ်တန်း

ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာကဏ္ဍများ သွားရောက်
လေ့လာရန်အတွက် ထိုင်း အပါအ၀င် နိုင်ငံ ၄ ခု မှ ခရီးသွား ၅၄ ဦးကို သယ်ဆောင်လာသည့် မော်တော်ယာဉ်တန်းသည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီလမ်းကြောမှ တဆင့် မြန်မာပြည်အတွင်းပိုင်းမြို့မျာ
းရှိရာသို့ ယနေ့ ထွက်ခွာသွားသည်။

ဟားခါးဒေသ ဖွံ့ဖြိုးတိုးတက်ရေး သမ္မတ ကတိပေး

2013-02-17
ချင်းပြည်နယ်ကို ရောက်ရှိ စစ်ဆေးနေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် မီးပှံမှန်ရရှိရေး နဲ့ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် နိုင်ငံတော်အစိုးရက အမြန်ဆုံးအကောင်အထည် ဖော် ဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်

2013-02-17

ရန်ကုန်မြို့တော်အတွက် ဖွံဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ကမာရွတ်မြို့နယ်၊ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို လာမယ့် ဖေဖော်ရီလ(၂၀)ရက်နေ့မှာ အပြီးပြောင်းရွှေ့ဖို့အတွက် စည်ပင်သာယာရေးကော်မတီက အကြောင်းကြားလိုက်ပါတယ်။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီရဲ့ လူထုဟောပြောပွဲ

2013-02-17

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ကျူးကျော်အိမ်ရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံ(၁၅၀)ကျော်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းက "အကြောက်တရား"အမည် နဲ့ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

Vatican တနင်္ဂနွေဝတ်ပြုပွဲ လူအများအပြားလာရောက်

Vatican တနင်္ဂနွေဝတ်ပြုပွဲ လူအများအပြားလာရောက်

ဗာတီကန် (Vatican) မှာ တနင်္ဂနွေနေ့တိုင်း ပုပ်ရဟန်းမင်းကြီး ဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေဟာ St. Peter’s ရင်ပြင်မှာ ပြည့်နှက်နေခဲ့ပါတယ်။ ဖေဖော်ဝါရီ လ၂၈ ရက်နေ့ကျရင် တာဝန်ကနေ အနားယူတော့မယ်လို့ ပုပ်ရဟန်းမင်းကြီး ကြေညာခဲ့ပြီး ၆ ရက် အကြာမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြသူတွေဟာ အရင်နဲ့ မတူအောင်ကို များပြားခဲ့ပါတယ်။
 
ပြည့်နှက်နေတဲ့ ဝတ်ပြုသူတွေကို သူ့အတွက်ရော၊ သူ့နေရာကို ဆက်ခံမယ့် ပုပ်ရဟန်းမင်းကြီး အတွက်ကိုပါ ဆက်ပြီး ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Benedict က ပန်ကြားခဲ့ပါတယ်။
 
ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးရွယ်ပွဲကို အရင် စီစဉ်ထားတာထက်စောပြီး ကျင်းပဖို့ စဉ်းစားနေတယ်လို့ ဗာတီကန် က စနေနေ့က ပြောကြားခဲ့ပါတယ်။ လက်ရှိဗာတီကန်ရဲ့ သတ်မှတ်ချက်အရ Cardinal ဘုန်းတော်ကြီးတွေက ပုပ်ရဟန်းမင်းကြီးအသစ်ကို မတ်လ ၁၅ ရက်နေ့ မတိုင်ခင်ရွေးချယ်လို့ မရပါဘူး။ ဒါဟာ ပုပ်ရဟန်းမင်းကြီး Benedict တာဝန်က အနားယူပြီး ၁၅ ရက်ကြာမှ ဖြစ်ပါတယ်။ ဒါပေမဲ့ Cardinal ဘုန်းတော်ကြီးတွေအနေနဲ့ ပုပ်ရဟန်းမင်းကြီး ဘယ်နေ့ အနားယူမယ်ဆိုတဲ့ရက် အတိအကျကို သိထားပြီးဖြစ်လို့စီစဉ်ထားတာထက်စောပြီး Rome ကိုလာနိုင်အောင်
စီစဉ်လို့ရတယ်လို့ ဗာတီကန် ပြောခွင့်ရသူက ပြောပါတယ်။
 
Easter ပွဲတော်သီတင်းပတ်မစခင်မှာ ပုပ်ရဟန်းမင်းကြီးအသစ်ကို တာဝန်ပေးအပ်နိုင်ဖို့ လိုအပ်တယ်လို့ ရိုမန်ကက်သလစ် အသင်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဗွီအိုအေ


ဗာတီကန် (Vatican) မှာ တနင်္ဂနွေနေ့တိုင်း ပုပ်ရဟန်းမင်းကြီး ဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေဟာ St. Peter’s ရင်ပြင်မှာ ပြည့်နှက်နေခဲ့ပါတယ်။ ဖေဖော်ဝါရီ လ၂၈ ရက်နေ့ကျရင် တာဝန်ကနေ အနားယူတော့မယ်လို့ ပုပ်ရဟန်းမင်းကြီး ကြေညာခဲ့ပြီး ၆ ရက် အကြာမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြသူတွေဟာ အရင်နဲ့ မတူအောင်ကို များပြားခဲ့ပါတယ်။

ငွေလဲနှုန်း မပြိုင်ဆိုင်ဘဲ ဈေးကွက်ဖွင့်ထားဖို့ G-20 ဆုံးဖြတ်

ငွေလဲနှုန်း မပြိုင်ဆိုင်ဘဲ ဈေးကွက်ဖွင့်ထားဖို့ G-20 ဆုံးဖြတ်

ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ဖြစ်တဲ့ G-20 အဖွဲ့ရဲ့ ငွေလဲလှယ်နှုန်းတွေကို ယှဉ်ပြိုင်ဖို့အတွက် အဓိကရည်ရွယ် ဆောင်ရွက်တာမျိုး မလုပ်ဖို့ အဖွဲ့ရဲ့
ဘဏ္ဏာရေး ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်ကြ ပါတယ်။

ငွေကြေးဈေးကွက်ကို ဆက်ပြီး ဖွင့်ထားဖို့နဲ့ အပြိုင်အဆိုင် ငွေတန်ဖိုး
လျော့ချတာမျိုးတွေ မလုပ်ဖို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ G-20 အဖွဲ့ဝင် နိုင်ငံတွေရဲ့ အစည်းအဝေးက စနေနေ့ကထုတ်ပြန်တဲ့ ပူးတွဲ
ကျေညာချက်မှာ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်
ညွှန်ကြားရေးမှူး Christine Lagarde က ထပ်ပြီးဖော်ပြလိုက်တာဖြစ်ပါတယ်။
 
တချို့နိုင်ငံတွေဟာ စီးပွားရေး အကျိုးအမြတ်အတွက် ငွေကြေးတန်ဖိုး
လျော့ချဖို့ ကြိုးစားမယ်ဆိုရင် သူတို့ရဲ့နဂိုကတည်းက ကျဆင်းနေတဲ့ စီးပွားရေး နာလန်ထူဖို့အရေးမှာ လမ်းလွဲသွားနိုင်တယ် လို့ နိုင်ငံရေး
ခေါင်းဆောင်တချို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ပူပန်တွေ ရှိနေကြပါတယ်။

နိုင်ငံရဲ့ စီးပွားရေး တိုးတက်ပြီး တခြားနိုင်ငံတွေထက် အသာစီးရအောင် တွန်းအားပေးနိုင်ဖို့ အတွက် ငွေတန်ဖိုး လျော့ချခဲ့တဲ့ ဂျပန်နိုင်ငံ မှာလည်း နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 
 
မကြာသေးခင်က ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေကလည်း ထိပ်သီးစီးပွားရေး ကုမ္ပဏီကြီးတွေ အခွန်အနည်းဆုံး ပေးဆောင်ဖို့ ကြိုးပမ်းနေတာတွေကို တားမြစ်ပြီး ထိုက်သင့်တဲ့ အခွန်ထမ်းဆောင်မှု ရှိဖို့ တွန်းအားပေးတဲ့ လုပ်ငန်းစဉ်သစ်ကို စတင်ခဲ့ပါတယ်။ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်နိုင်ငံကြီးတွေမှာ အခွန်နည်း နိုင်သမျှနည်းအောင်ပေးဖို့ ကြိုးပမ်းမှုကို ဆန်းစစ်ခဲ့တဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့ OECD ရဲ့ လေ့လာမှုတွေပေါ် အခြေခံပြီး အဲဒီအစီအစဉ်သစ်ကို စတင် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဓာတ်ပုံ - နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde

ဗွီအိုအေ
ဓာတ်ပုံ - နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde

ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ဖြစ်တဲ့ G-20 အဖွဲ့ရဲ့ ငွေလဲလှယ်နှုန်းတွေကို ယှဉ်ပြိုင်ဖို့အတွက် အဓိကရည်ရွယ် ဆောင်ရွက်တာမျိုး မလုပ်ဖို့ အဖွဲ့ရဲ့ ဘဏ္ဏာရေး ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်ကြ ပါတယ်။

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?

နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီး ဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။

ဒါပေမဲ့ အပြိုင်အဆိုင် များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့ အတွက် အများစုက အလုပ် လောဘကြီး နေတတ် ကြပါတယ်။

မနက်မနက် အလုပ်ချိန် မှီအောင်၊ ကျောင်းချိန်မှီအောင် လုံးပန်း နေရတာနဲ့ မနက်စာ စားဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေပါတယ်။ ထမင်းစားပွဲမှာ ထိုင်ခုံနဲ့ အကျအန ထိုင်ပြီး အေးဆေး စားဖို့ နေနေသာသာ ကော်ဖီ တစ်ခွက် ကိုတောင် အပြင်ထွက် ခါနီးမှ အမြန်မျိုချ နေရတဲ့ အလုပ်များသူ တွေမှ အများကြီးပဲ။ တကယ်ဆို မနက်စာက ကျန်းမာရေး အတွက် အရေးကြီးဆုံး အစာပါ။

ဒီစကား အပ်ကြောင်း ထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက် အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့ အင်္ဂလိပ်စာလုံး Break fastရဲ့ အဓိပ္ပာယ် ကလည်း 
ဥပုသ် (fast)ကို ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မနက်တိုင်း မနက်စာ ပုံမှန် စားနေသူ တွေဟာ မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာ အရ တွေ့ရှိ ရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေ ပြည့်ဝ
နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး စာတွေ ပိုမှတ်မိလွယ် စေပါတယ်။

ဒါ့အပြင် ရောဂါဘယ တွေမှလည်း ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသူတွေ အနေနဲ့လည်း မနက်စာ စားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ
နိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများတာ တွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မနက်စာကို မစားဘဲ နေလိုက်ခြင်းဟာ
နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ စားလိုစိတ် ဖြစ်ပေါ် စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ 
Fast Food တွေ ကိုလည်း ပိုစား မိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက် စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို မနက်တိုင်း အချိန်ပေးပြီး စားပေး သင့်ပါတယ်။

http://bit.ly/VYoWsS

မြ၀တီ


နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီး ဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။ ဒါပေမဲ့ အပြိုင်အဆိုင် များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့ အတွက် အများစုက အလုပ် လောဘကြီး နေတတ် ကြပါတယ်။

တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံ ရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့

တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့

ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည်
ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့
ရောက်ရှိကာ ယခုလ ၁၇ရက်နေ့ ညပိုင်း ၁၀နာရီခွဲခန့်တွင် အေးရှားဝေါလ်
ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ်အားပေးစက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်းဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မှ အမှုဆောင်
ဒါရိုက်တာ ဦးစိုးမင်းအောင်၏ပြောကြားချက်အရ သိရသည်။ 

အဆိုပါ မီးစက်တစ်စုံတွင် ပစ္စည်းခုရေ စုစုပေါင်း ၅၈၉ခုရှိပြီး အလေးချိန်အနေဖြင့် တန်ချိန် ၅၀၀ကျော်အား ဗိုလ်အောင်ကျော်ဆိပ်ခံ
တံတား၌ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အထိ သယ်ချခဲ့ကြောင်း သိရကာ တန်ချိန်အများဆုံးဖြစ်သည့် ၇၀၊ ၁၂၀၊ ၂၁၈နှင့် ၂၂၀တန်တို့အား
ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်းတွင် ပစ္စည်း ၄ခုသယ်ချခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့နောက် အဆိုပါ လေးလံပစ္စည်း ၄ခုအား အေးရှားဝေါလ်ဆိပ်ကမ်းမှ ရွာမဓါတ်အားပေးစက်ရုံသို့ ဖေဖော်ဝါရီလ ၁၇ရက်မှစတင်၍ ၂၀ရက်နေ့
အထိ သယ်ယူပို့ဆောင်ကာ နှစ်စုံတပ်ဆင်ပြီးပါက ပြည်သူများအတွက် လျှပ်စစ်မီးအပြည့်အဝအသုံးပြုရန် တိုးမြှင့်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း MEC မှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ 

TMA
The Myanma Age



ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည် ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့
 ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ရောက်ရှိကာ ယခုလ ၁၇ရက်နေ့ ညပိုင်း ၁၀နာရီခွဲခန့်တွင် အေးရှားဝေါလ်
ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ်အားပေးစက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်းဖွံ့ဖြိုးရေးကုမ္ပဏီ
လီမိတက်မှ အမှုဆောင်ဒါရိုက်တာ ဦးစိုးမင်းအောင်၏ပြောကြားချက်အရ သိရသည်။

ပင်လယ်တွင်းမျောပါနေသော မြန်မာနိုင်ငံသား ၃၈ ဦးအား သီရိလင်္ကာရေတပ် ကယ်တင်

ပင်လယ်တွင်းမျောပါနေသော မြန်မာနိုင်ငံသား 
၃၈ ဦးအား သီရိလင်္ကာရေတပ် ကယ်တင်

ကိုလမ်ဘို၊ ဖေဖေါ်ဝါရီ ၁၇ ။

သီရိလင်္ကာရေတပ်သည် နိုင်ငံ၏ အရှေ့ဘက်ကမ်းခြေ ပင်လယ်တွင်း၌ မျောပါနေသော မြန်မာနိုင်ငံသား ၃၈ ဦး
အားယမန်နေ့က ကယ်တင် ခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ်မှာ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း
မြန်မာနိုင်ငံသားအချို့အား သီရိလင်္ကာရေတပ်က 
ကယ်တင်အပြီးတွင် ဒုတိယအကြိမ် ထပ်မံကယ်တင်
ရခြင်း ဖြစ်သည်။

ရေတပ်အာဏာပိုင်များသည် လှေငယ်တစ်စင်းနှင့် အတူ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှ မိုင် ၂၅၀ (ကီလို
မီတာ ၄၅၀) အကွာတွင် မျောပါနေ သော လူ၃၈ ဦးကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

ကယ်တင်ခဲ့သူများမှ လေးဦးမှာ ရေဓါတ်ခန်းခြောက်သည့်
ဝေဒနာခံစားနေရ၍ အရေးပေါ်ကုသမှုပေးထားပြီး ကျန်သူ
များကို တောင်ပိုင်း ဆိပ် ကမ်းမြို့ ဂါလေသို့ ပို့ဆောင်ထား
ကြောင်း သိရသည်။

သီရိလင်္ကာရေတပ်သည် ပထမအကြိမ်အနေဖြင့် ပြီးခဲ့သော နှစ်ပတ်ကာလ၊ဖေဖေါ်ဝါရီ ၃ ရက်နေ့က
နစ်မြုပ်စပြုနေသော သင်္ဘောတစ်စင်း ပေါ်မှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၃၈ ကိုကယ်တင်ခဲ့ဖူးပြီး ထိုစဉ်က ခရီးသည်တစ်ဦးမှာမူ ကယ်ဆယ်ရေးအဖွဲ့မရောက်ခင်
သေဆုံးခဲ့သည်။ 

ထိုစဉ်က ကယ်တင်ခဲ့သော မြန်မာနိုင်ငံသားများမှာ ရိုဟင်ဂျာဟု ခေါ်သည့်လူမျိုးများ ဟုတ်၊မဟုတ်ကိုမူ 
ရှင်းလင်းစွာ မသိရကြောင်း သီရိ လင်္ကာ အာဏာပိုင် များက ပြောကြားခဲ့သည်။

Ref: Theenews.com

ကိုလမ်ဘို၊ ဖေဖေါ်ဝါရီ ၁၇ ။

သီရိလင်္ကာရေတပ်သည် နိုင်ငံ၏ အရှေ့ဘက်ကမ်းခြေ ပင်လယ်တွင်း၌ မျောပါနေသော မြန်မာနိုင်ငံသား ၃၈ ဦးအားယမန်နေ့က ကယ်တင် ခဲ့ကြောင်း သိရသည်။

တရားမ၀င်နေသူတွေ တရားဝင်ဖြစ်ရေး အိုဘားမားစဉ်းစား

တရားမ၀င်နေသူတွေ တရားဝင်ဖြစ်ရေး အိုဘားမားစဉ်းစား

အမေရိကန်ပြည်ထောင်စုမှာ တရားမ၀င် ရောက်ရှိနေထိုင်နေကြသူတွေကို ၈ နှစ် အတွင်း တရားဝင်အမြဲတမ်း နေထိုင်သူတွေအဖြစ် ခွင့်ပြုပေးမယ့် လူဝင်မှုကြီးကြပ်ရေး အစီအစဉ်တခုကို သမ္မတအိမ်ဖြူတော်က ရေးဆွဲ
 နေတယ်လို့ ထင်ရှားတဲ့ သတင်းစာကြီးတစောင်က ရေးသားဖော်ပြ လိုက်ပါတယ်။

အသစ်ရေးဆွဲနေတဲ့ အစီအစဉ်အသစ်ကို အတည်ပြုချက်ရမယ်ဆိုရင် အမေရိကန်နိုင်ငံမှာ တရားမ၀င်ရောက်ရှိနေထိုင် နေကြသူ ၁၁ သန်း အနေနဲ့ တရားဝင်နေထိုင်ခွင့် ဗီဇာလျှောက်ထားခွင့်ပြုမှာ ဖြစ်ကြောင်း စနေနေ့
 နှောင်းပိုင်းမှာ ထုတ်ဝေတဲ့ USA Today သတင်းစာမှာ ရေးသားထား
ပါတယ်။

အတည်ပြုချက်ရခဲ့မယ်ဆိုရင် အဲဒီသူတွေရဲ့ ပြည်ပမှာနေထိုင်နေကြတဲ့ ဇနီး ခင်ပွန်းသည်တွေ မိသားစုဝင် ကလေးတွေကိုပါ တရားဝင်ထည့်သွင်း
 လျှောက်ထားနိုင်ခွင့် ပြုပေး လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အိမ်ဖြူတော်ကရေးဆွဲနေတဲ့ အစီအစဉ်သစ်အရ တရားမ၀င် နေထိုင်နေ
သူတွေ အနေနဲ့ ရာဇ၀တ်မှုနောက်ကြောင်းရာဇ၀င် စစ်ဆေးခံရမှာဖြစ်သလို ဇီဝသက်သေခံ အထောက်အထားနဲ့ ဗီဇာလျှောက်ထားခ ပေးသွင်းရမှာ
 ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လေးနှစ်ဆက်တိုက် နေထိုင်ခွင့်ပြုမှာဖြစ်ပြီး
 နိုင်ငံရဲ့ပြင်ပကို အချိန်တို ခရီးသွားလာခွင့် ပြုမှာ ဖြစ်သလို လေးနှစ်ပြည့်
သွားတဲ့အခါ ဗီဇာသက်တမ်း တိုးခွင့် လျှောက်ထားနိုင်ခွင့် ပြုမှာ ဖြစ်ပါတယ်။ ၈ နှစ်အတွင်း အင်္ဂလိပ်စာသင်ကြားမယ်၊ အမေရိကန်အစိုးရနဲ့ နိုင်ငံရဲ့
သမိုင်းကို လေ့လာမယ်၊ အခွန်ထမ်းဆောင်မယ် ဆိုရင် နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားပိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ USA Today သတင်းစာမှာ ရေးသားထားပါတယ်။

VOA


အမေရိကန်ပြည်ထောင်စုမှာ တရားမ၀င် ရောက်ရှိနေထိုင်နေကြသူတွေကို ၈ နှစ် အတွင်း တရားဝင်အမြဲတမ်း နေထိုင်သူတွေအဖြစ် ခွင့်ပြုပေးမယ့် လူဝင်မှုကြီးကြပ်ရေး အစီအစဉ်တခုကို သမ္မတအိမ်ဖြူတော်က ရေးဆွဲ
နေတယ်လို့ ထင်ရှားတဲ့ သတင်းစာကြီးတစောင်က ရေးသားဖော်ပြ လိုက်ပါတယ်။