Pages

Sunday, February 17, 2013

တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း

သို့
 
နိုင်ငံတော်သမ္မတ
ပြည်သူ့လွှတ်တော်ဥက္ကဌ
တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဌ
မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ
 
" တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း "
 
 
အခင်းဖြစ်ပွားသည့်နေရာ။ ၉ မိုင် Golf Club | ရန်ကုန် ၊ ၁၆ ရက် ဖေဖေါ်ဝါရီလ ၂၀၁၃ ခုနှစ် ။
 
 
ယနေ့ ညဦးပိုင်းခန့်က ၉ မိုင် Golf ကွင်းတွင် အဆိုတော် Playboy (ဦး) သန်းနိုင် နှင့် မိတ်ဆွေဟောင်းတစ်ချို့ တေးသီဆိုဖျော်ဖြေမှု အစီအစဉ်တစ်ခု ကျင်းပခဲ့ပါသည်။
 
ထိုအချိန်မှာပင် ဧည့်သည် တစ်ဦးသီဆိုနေစဉ်အတွင်း အဆိုပါ Golf Club ၏ Captain ဆိုသော ရဲချုပ်ဟောင်း စိုးဝင်း ဆိုသူက Stage အောက်နားတွင် ထိုင်နေသော ပွဲစီစဉ်သူ ဦးတင်အောင်မိုး အား ယ္ခုဆိုနေသူပြီးလျင် သူတက်ဆိုမည်ဟု အမိန့်ပေး ညွှန်ကြားခဲ့ပါသည်။
 
သို့သော် သီချင်းပြီးဆုံးချိန်တွင် ထိုကြားဖြတ် စေခိုင်းမှုအား မသိသေးသော ဦးသန်းနိုင်အား သီချင်းသီဆိုပေးပါရန် ၄င်း ၏ မိတ်ဆွေများ အပါအဝင် အခြား ဧည့်သည်များကပါ အားတက်သရော ဝိုင်ဝန်းတောင်းဆိုလာကြသဖြင့် ဦးသန်းနိုင်မှ တက်ရောက်သီဆိုစဉ်မှာပင် ရဲချုပ်ဟောင်းစိုးဝင်း က ၄င်း၏သီချင်းဆိုရန် အလှည့်အား စောင့်နေသည်ကို ဦးသန်းနိုင် မှ ကြားဖြတ်ပါသည်ဟုဆိုကာ ..
 
" ဒီပွဲကို စီစဉ်တာ ငါကွ ဒီကောင်က ဘာမို့လို့ ငါ့နာမည်ကြေငြာထားရဲ့သားနဲ့ တက်ဆိုရအောင် ဘာစောက်ဆင့်ရှိလို့လဲ " ဟုဆဲဆိုလျက် ဦးသန်းနိုင် သီချင်းဆိုနေချိန်အတွင်း စင်ပေါ်ထိတက်ကာ " ဒီသီချင်းဆိုနေတာကို ခုရပ် " ဟု တစ်ချက်လွှတ် အမိန့်ပေးလေတော့သည်။
 
သို့သော် ဦးသန်းနိုင် မှ အနုပညာအရ ဖျော်ဖြေစဉ်တွင် ပရိသာတ်အားလေးစားမှုအရ မရပ်တန့်ပေးခဲ့သည့်အတွက် ဦးသန်းနိုင် စင်ပေါ်မှဆင်းလာသည့်အခါတွင် Captain စိုးဝင်းမှ ရိုင်းစိုင်းစွာ စတင် ဆဲရေးတိုင်းထွာ စော်ကားလေတော့သည်။
 
ထို့ကြောင့် ဦးသန်းနိုင် မှလဲ ရှက်စိတ် မခံချင်စိတ်တို့ဖြင် စင်ပေါ်သို့ပြန်တက်၍ 
 
" ၄င်းသည် ထိုပွဲဖြစ်မြောက်ရေးကို စေတနာဖြင့် ကူညီခြင်းသာဖြစ်ပြီး တန်ဖိုးများသောစက်များကိုလဲ ဈေးပေါပေါဖြင့် စီဆင်ကူညီပေးခဲ့သည့်အကြောင်း "
 
" ယ္ခုလို တေးသီဆိုနေစဉ် စင်ပေါ်မှဆင်းခိုင်းခြင်းကဲ့သို့ အာဏာရှင်ဆန်ဆန် စေခိုင်းခြင်းမှာ အောက်တန်းကျသော အပြုအမူဖြစ်ကြောင်း "
 
" ထိုကဲ့သို့ နောက်နောင် အနုပညာသမား များအား မစော်ကားရန်နှင့် ဒီမိုကရေစီ တည်ဆောက်နေဆဲ အချိန်သမယတွင် အာဏာရှင်ဆန်၍ မရတော့ကြောင်း " 
 
" အဆိုပါ Captain စိုးဝင်း ဆိုသည့်ကောင်ကိုလဲေ#ာက်ဂရုမစိုက်သဖြင့်  --ီး ဘဲ " ဟုဆဲပြီး 
 
" သတ္တိရှိရင်စင်ပေါ်တက်လာပါ တစ်ယောက်ချင်းချမည် " ဟု ပြောဆိုလိုက်သဖြင့် Captain စိုးဝင်း ၏ လက်ပါးစေများက ဦးသန်းနိုင်အား စင်အောက်သို့ အတင်းဆွဲချလေတော့သည်။
 
စင်အောက်ရောက်သွားသည့်အခါ ..
 
" အဲဒီကောင်ကို ဖမ်းကွာ လက်ထိပ်ခပ်လိုက် " ဟု အနီးရှိရဲများကိုအမိန့်ပေးပြီး ရဲများမှ ဦးသန်းနိုင်အား ဖမ်းဆီးပါတော့သည်။
 
သို့သော် ဦးသန်းနိုင်အား ချစ်ခင်လေးစားသော ရဲများမှ ဘာမျှ မလုပ်ခဲ့သဖြင့် ရဲများကိုပါ Captain စိုးဝင်း ၏ အဖွဲ့မှလူက ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းခဲ့ပါသည်။
 
ထို့အပြင် ဦးသန်းနိုင် အား စင်ပေါ်မှ နှင်ချမှုကြောင့် တေးဆိုသူအမျိုးသမီးငယ်များမှ စိုးရိမ် အားနာ သနား စိတ်တို့ဖြင့် တိတ်တစ်ဆိတ် ဝိုင်းဝန်းကြည့်ရှုနေသည်ကို ၄င်း Captain စိုးဝင်း တို့မှ
 
" စောက်ကောင်မတွေ စောက်ပဲမများ နဲ့ အေးဆေးနေ " ဟု ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းသွားသဖြင့် အမျိုးသမီး တေးသံရှင်များအားလုံး ရှက်ဒေါသဖြစ်ပြီး မခံမရပ်နိုင်ဖြစ်ခဲ့ကြရကြောင်း မျက်မြင်သက်သေ လူဦးရေ အများအပြားက ထွက်ဆိုခဲ့ပါသည်။
 
ယ္ခုလို သက်ကြီးဝါကြီး အနုပညာရှင်တစ်ဦး အား လူပုံအလည်တွင် စော်ကားမော်ကားပြု၍ အာဏာသုံးပြီးမတရား ဖမ်းဆီးခြင်း 
တူမအရွယ် သမီးအရွယ် ဂီတပညာရှင် အမျိုးသမီးငယ်များအား ငွေပေးထားသည့် ပြည့်တန်ဆာကဲ့သို့ ရိုင်းပျစွာ နှိမ့်ချစော်ကားဆက်ဆံခြင်း တို့အား ပြုလုပ်ခဲ့သည့် Captain စိုးဝင်း ဆိုသူ၏ လုပ်ရပ်တို့သည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကြိုးပန်းတည်ဆောက်နေသည့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး နှင့် လားလားမှ မညီညွတ်သည့်အပြင်
 
လက်နက်ကိုင်အဖွဲ့အစည်း၏ အာဏာကိုအလွဲသုံးစားပြုခြင်း
အမျိုးကောင်းသမီးတို့အား နှုတ်ဖြင့် အသရေဖျက်ခြင်း 
အလိုမတူဘဲ ကာယိနြေ္ဒပျက်စေခြင်း 
ပြစ်မှုထင်ရှားခြင်းမရှိဘဲ လက်နက်မဲ့ အရပ်သားအား လက်နက်ကိုင်အာဏာသုံး၍ ကိုယ်ထိလက်ရောက် စော်ကားခြင်း စသည်တို့အပါအဝင် အခြား ပုဒ်မ များစွာ နှင့် ငြိစွန်းနေကြောင်း ထင်ရှားပါသဖြင့် တရားခံ ဖြစ်သူ ၉ မိုင် Golf Club Captain ရဲချုပ်/ဗိုလ်မှူးဟောင်း (ဦး) စိုးဝင်းဆိုသူအား တည်ဆဲတရားဥပဒေအရ ထိရောက်စွာအရေးယူပေးပါရန် အများပြည်သူမှတဆင့် နိုင်ငံတော်အစိုးရ တရားဥပဒေ စိုးမိုးရေး ကော်မရှင် သို့ တိုက်ရိုက် အိပ်ဖွင့်အသိပေးလိုက်ပါသည်။
 
မျက်မြင်သက်သေများ ၏ ပြန်လည် ထွက်ဆိုချက်အရ တရားဥပဒေဘောင်အတွင်းမှပြည်သူများ ၏ ကိုယ်စား
 
 
မျိုးချစ်မြန်မာ
 
(တရားဥပဒေစိုးမိုးရေးသည် မြန်မာအမျိုးသားအားလုံး၏တာဝန်ဖြစ်သည်)
by Myo Chit Myanmar

သို့

နိုင်ငံတော်သမ္မတ
ပြည်သူ့လွှတ်တော်ဥက္ကဌ
တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဌ
မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ

" တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း "


အခင်းဖြစ်ပွားသည့်နေရာ။ ၉ မိုင် Golf Club | ရန်ကုန် ၊ ၁၆ ရက် ဖေဖေါ်ဝါရီလ ၂၀၁၃ ခုနှစ် ။

အိုစမာဘင်လာဒင်အားနှိမ်နှင်းခဲ့ သော Navy SEAL Team 6 အကြောင်း သိကောင်းစရာ

Sunday, February 17, 2013

ပုံမှာ ပြထားတာကတော့ ရုပ်ရှင်ထဲက Navy SEAL ပါ။ တကယ့် အပြင်မှာ အိုစမာဘင်လာဒင်ကို တိုက်ခိုက်နှိမ်နှင်းသွားတဲ့ Navy SEAL နဲ့ Team 6 တို့ရဲ့  အချက်အလက်အချို့ က အောက်ပါအတိုင်း ဖြစ်ပါတယ်။ - Navy SEALs ကို အမေရိကန်သမ္မတ John F. Kennedy မှ ၁၉၆၂ ခုနှစ်မှ စတင် ဖန်တီးခဲ့ပါတယ်။ အမေရိကန်မှ အတော်ဆုံး ကွန်မန်ဒိုစစ်သားများ မွေးထုတ်ပေးပြီး စစ်ပွဲတွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။

သာကေတမြို့နယ်တွင် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းအား ၀ိုင်းဝန်းဖျက်ဆီးခြင်း နောက်ဆက်တွဲ (၂)

သာကေတမြို့နယ်၊ မာန်ပြေ ၁၈x၁၉ လမ်းကြားရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၃၀၀-ခန့်ရှိ လူအုပ်စုကြီးမှ ဒီနေ့ မနက်ပိုင်းမှစတင်၍ ၀ိုင်းဝန်းဖျက်ဆီးကြပြီး နေ့လည်ပိုင်းတွင် လာရောက်တားဆီးသော မွတ်စလင်မ်တချို့အား ၀ိုင်းဝန်းရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ်အား စုံစမ်းရာ သာကေတမြို့နယ် မာန်ပြေ ၁၈x၁၉ လမ်းကြားတွင်ရှိသော အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းသည်ယခင်ကတည်းက တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် ခေါင်မိုးပျက်စီးလာ၍ စည်ပင်သာယာသို့ ပြင်ဆင်ခွင့်တောင်းခံခဲ့ရာ ပြင်ဆင်ခွင့်ရခဲ့၍ ခေါင်မိုးအားပြင်ဆင်ခဲ့သည်။

သာကေတ နောက်ဆက်တွဲ သတင်း

ပတ်ဝန်းကျင်တွင် ရဲကား ၄ စီးခန့်ရှိသော်လည်း တစ်စုံတစ်ရာ တားဆီးခြင်းမရှိကြောင်း ယခုအချိန်တွင် အကြမ်းဖက်သမားများက ၀တ်ပြုဆောင် အထက်ပိုင်း ရှိပြန်လည်ပြုပြင်ထားသောအပိုင်းများအား ဖျက်ဆီးလျက် ရှိနေကြောင်း ရပ်ကွက် NLD မှ ဦးကျော်ထွေး အပါအ၀င် NLD အဖွဲ့ဝင် အချို့ နှင် နိုင်ကျဉ်း ကျောင်းသားများ မှ အခြေအနေကို လာရောက်ထိမ်းသိမ်းရန် ကြိုးပမ်းခဲ့ကြောင်း

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်
Sunday, February 17, 2013 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းလျှောက်
ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကန့်ကွက်စာကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ရန်ကုန်မြို့တော်ဝန်မှ ယာဉ်ရောင်းဝယ်ရေးစခန်းကို မပြောင်းရွှေ့ပါကြောင်း ယာဉ်ရောင်းဝယ်ရေးစခန်းကို မူလလုပ်ငန်းများ ရှိတဲ့နေရာတွင် အဆင့်မြှင့်တင်ပြီး ဆောင်ရွက်သွားဖြစ်ကြောင်း၊ စီမံကိန်းလုပ်သည့် အချိန်တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းထဲရှိ ကားနှင့်ဈေးဆိုင်များကို ဘေးတွင်ရွှေ့ထားရမည်ဖြစ်ပြီး စီမံကိန်းပြီးသွားပါက နေရာများကို တန်ရာတန်ကြေးနှင့် ပြန်ပေးမည်ဟု ကတိပေးစကား ပြောထားကြောင်း ၄င်းက ဆက်လက်ပြောပါသည်။

“၁၆ ရက်နေ့မှာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာ ဈေးဟောင်းကို ပြောင်းရွှေ့ဖို့ ကြေညာစာ ထုတ်ပြန်လာပါတယ်။ ကျွန်တော်တို့က မြို့တော်ဝန်ရဲ့ ကတိစကား၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှုး ကတိစကားနဲ့ အခုထုတ်ပြန်လာတဲ့ ကြေညာချက်က ကွဲပြားနေပါတယ်။ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာဈေးဟောင်းကို မပြောင်းရွှေ့လိုတဲ့ ဆန္ဒတွေ ရှိပါတယ်။ ကျွန်တော်တို့ တရားဝင်
ဆန္ဒပြဖို့အတွက် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ကိုလည်း တင်ပြထားပါတယ်။ ၂၀ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမှာပါ” ဟု မပြောင်းရွှေ့ရေး
ကော်မတီ အတွင်းရေးမှူး ဦးလှဝင်းက ပြောပါသည်။

သီရီမင်္ဂလာဈေးသည် ပုဂ္ဂလိကပိုင် နေရာတစ်ခုဖြစ်ပြီး ကားဝင်ကြေးကျပ် ၁၀၀၀ ကောက်သည့်အတွက် နေ့စဉ်ဝင်ကြေးကျပ် ၂၀၀ ကောက်ခံသော ဟံသာဝတီ ကားရောင်းဝယ်ရေးဝန်းနှင့် ၀င်ကြေးကွာခြားလျက် ရှိပြီး ဆယ်နှစ်ဘီးကားနေရာ စီစဉ်ပေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

“တင်ဒါမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ခွဲဝေယူရန်ဆိုသည်မှာ စည်ပင်သာယာရေး ကော်မတီနဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား ခွဲဝေယူမှုနှုန်းထား ဖော်ပြပေးရန် တင်ဒါမှာ ပါရှိပါတယ်။
မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းက ပြည်သူလူထုရဲ့ အကျိုးစီးပွား ပါမလာတဲ့ ဒီတင်ဒါ ရောင်းချခြင်းကို ကန့်ကွက်ပါတယ်” ဟု ဆက်လက် ပြောကြားပါသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ပင်မစခန်း၊ စခန်း ၁၊ တိုးချဲ့စခန်းဝန်း စသည်ဖြင့် ၀န်းသုံးဝန်းရှိကြောင်း၊ ကားပိုင်ရှင် ၃၀၀၀ ခန့်၊ အကျိုးဆောင် ၃၅၀၀ ခန့်၊ ရေဆေး လုပ်သား ၂၀၀ နှင့် ဈေးဆိုင်ပေါင်း ၂၂၂ ဆိုင်ရှိပြီး လူဦးရေ သုံးသောင်းကျော်တို့ မှီခိုနေရကြောင်း သိရသည်။

Eleven Media Group

Sunday, February 17, 2013

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းလျှောက်
ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ


ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ
Sunday, February 17, 2013 

ရန်ကုန်မြို့ရှိ လူစည်ကား  ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး  တွင် လောင်းကစားဝိုင်းများ
ရှိနေသည်မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေမှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း 
သိရသည်။

ယင်းလောင်းကစားဝိုင်းများ သည် တောင်ဒဂုံ၊တောင်ဥက္ကလာ နှင့်
သင်္ဃန်းကျွန်းမြို့နယ်သုံးခုဆုံရာ နေရာများတွင် အများဆုံးဖြစ်ပေါ်
နေကြောင်း အဆိုပါမြို့နယ်နေသူများနှင့်ကြုံတွေ့ခဲ့ရသူအချို့၏
ပြောကြားချက်များအရသိရသည်။  

“ ကျွန်တော့်အစ်မ ရန်ကုန်ခွင့်ပြန်လာပြီး နယ်ပြန်ဖို့အဝေးပြေးဂိတ်   ကိုသွားဖို့ ဒဂုံတောင်တံတားဖြူ  မှတ်တိုင်မှာဖေဖော်ဝါရီ ၆ရက်  က ကားစောင့်နေတာကို မှတ်တိုင်နားမှာရှိတဲ့လောင်းကစားဝိုင်းက    တစ်ယောက်က အဲဒီငွေ၅သောင်း က ဒီအစ်မထိုးတာ၊ ဒီအစ်မကို
လျော်ရမှာလို့ပြောတယ်။ တစ်ယောက်က ဟာ ဒီအစ်မမှာ ငွေ  ၅သောင်းဘယ်ပါမလဲမဖြစ်နိုင်ဘူး ပြောတယ်။ ဒါနဲ့အစ်မက မခံချင် စိတ်နဲ့ပိုက်ဆံပါတယ်ဆိုပြီး ပိုက်ဆံ  အိတ်ဖွင့်ပေးတယ်။တစ်ယောက်က  အလျော်ရတဲ့ပိုက်ဆံကိုယူလိုက်ပြီး ထပ်ထိုးမယ်ဆိုပြီး အစ်မ
ပိုက်ဆံအိတ်ကိုယူသွားတယ်။ အဲမှာ  အစ်မက ဒီလိုအကြောင်းတွေ
သိထားတော့ ဘာလို့ထိုးရမှာလဲ ခုန  ၅သောင်းကလဲ ငါထိုးတာမဟုတ် ဘူး။ငါလောင်းကစားလည်းမလုပ်ဘူး။ ပိုက်ဆံအိတ်ပြန်ပေးဆိုပြီး ပြန်ယူ လာခဲ့လို့ ငွေမဆုံးတာ။မဟုတ်ရင် အလိမ်ခံရမှာ” ဟု နည်းပညာ
တက္ကသိုလ်တစ်ခုမှ ဌာနမှူးတစ်ဦး၏ မောင်ဖြစ်သူကပြောကြားသည်။

“ ကျွန်တော်တို့ တောင်ဥက္ကလာ၊သံသုမာလမ်း၊ CNG ဆိုင် နားမှာ
လည်းအဲလိုလောင်းကစားဝိုင်း  အုပ်စုတွေရှိတယ်။ လမ်းသွားလမ်း  လာတွေကို နည်းအမျိုးမျိုးနဲ့လုပ် ပြီး ပိုက်ဆံယူနေကြတယ်။ ခဏ ခဏတွေ့နေရတယ်။တစ်ခါကဆို ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့
မိန်းမကို ငွေလိမ်ယူလိုက်တယ်။အဲဒီအစ်မ က ပြဿနာရှာတော့
ပြန်ပေးတယ် ပြီးခဲ့တဲ့တစ်ခေါက်ကဆို ကျွန်တော့် အသိမိန်းကလေး
ကျောင်းသွား ဖို့ ကညနရုံးကားမှတ်တိုင်မှာ ရပ် နေတာကို ထိုးကြထိုးကြဆိုပြီး သူ ဆီက ပိုက်ဆံ ၄သောင်းလောက် ကို အတင်းနှိုက်ပြီးထွက်ပြေးသွားကြတယ် ” ဟု တောင်ဥက္ကလာ 
CNG ဆိုင်အနီးနေထိုင်သူ အမျိုး သားတစ်ဦးကပြောသည်။

ယင်းသို့လောင်ကစားအယောင်ပြကာ လူအများထံမှနည်းအမျိုးမျိုး
ဖြင့် ငွေလိမ်ယူနေသူ အုပ်စုမှာ စံပြဈေး၊မီးရထားခုံးကျော် သံလမ်း
အနီးတွင်လည်း ရှိတတ်ပြီး  ယင်းမြို့နယ် ၃ခုဆုံရာနေရာများ တွင်
အုပ်စုဖွဲ့လှည့်လည်ကျက်စားနေကာ ၎င်းတို့၏ဒလန်များကို အသုံးပြုပြီး ခရီးသွားပြည်သူများကို နည်းအမျိုးမျိုးအသုံးပြု၍  ငွေကြေးများ
ရယူလျက်ရှိသဖြင့် သက်ဆိုင်ရာက ထိရောက်စွာ ဖယ်ရှား ရှင်းလင်း
ပေးရန် ဒေသခံများက လိုလားလျက်ရှိကြကြောင်း သိရသည်။

တူးတူး
The Hot News

Sunday, February 17, 2013

ရန်ကုန်မြို့ရှိ လူစည်ကား ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး တွင် လောင်း
ကစားဝိုင်းများရှိနေသည်မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေ
မှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း သိရသည်။

ဘာသာရေးစာသင်ကျောင်း အမည်ခံ ဗလီဆောက်မှု ဟုဆို ကာ The Voice Weekly သတင်းအမှားတင်ကာ ဘာသာရေးအဓိကရုန်း ဖြစ်စေရန် သွေးထိုးလှုံ့ဆော်

The Voice Weekly မှ ၎င်းတို့၏ Facebook စာမျက်နှာတွင် သတင်းအမှားတင်ကာ ဘာသာရေးအဓိကရုန်းဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးခဲ့သည်။ ထိုသတင်းအမှားကို Facebook စာမျက်နှာမှ ပြန်လည်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

The Voice Weekly မှ ၎င်းတို့၏ Facebook စာမျက်နှာတွင် သတင်းအမှားတင်ကာ ဘာသာရေးအဓိကရုန်း
ဖစ်စေရန် သွေးထိုးလှုံ့ဆော်ပေးခဲ့သည်။ ထိုသတင်းအမှားကို Facebook စာမျက်နှာမှ ပြန်လည်ဖျက်သိမ်း
လိုက်ပြီဖြစ်သည်။ 

ပဋိပက္ခတွေ ဖြစ်ပွားအောင် ကြီးထွားအောင် ဖန်တီးနေကြမှုကြောင့် ပြည်သူလူထုအချင်းချင်း ပြဿနာတွေ မဖြစ်စေရန် အထူးသတိပြုကြပါ

ပဋိပက္ခတွေ ဖြစ်ပွားအောင် ကြီးထွားအောင် ဖန်တီးနေကြမှုကြောင့် ပြည်သူလူထုအချင်းချင်း ပြဿနာတွေ မဖြစ်စေရန် အထူးသတိပြုကြပါ။ 

လက်ရှိ သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းအမှန်။

သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းအမှန်မှာ  - ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် မာန်ပြေ ၁၈လမ်းနှင့် ၁၉ လမ်းကြား၊ အမှတ် (၁၁၂၈)
အမှတ်(၃) အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အမိုးပြုပြင်ခြင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း သာသနာရေး ဦးစီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် အမိုးပြုပြင်နေစဉ် ရပ်ကွက်အတွင်းမှ လူတစ်ချို့ ရောက်ရှိလာပြီး ကျောင်းဆိုင်းဘုတ်နှင့် ခြံစည်းရိုးတို့ကို ရိုက်ချိုး ဖျက်ဆီးခဲ့ပါသည်။ ထို့နောက် သတင်းထောက် တစ်ဦးနှင့် အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းနှင့် ဦးဇော်မင်းလတ်တို့အား လူ (၅) ဦးခန့်က ၀ိုင်းဝန်းထိုးကြိတ်၍ လက်ကိုင်ဖုန်းကို အကြမ်းဖက် လုယူခဲ့ကြသောကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါသည်။

The Voice Weekly သတင်းဂျာနယ်ရဲ့ Facebook စာမျက်နှာမှာ ရေးထားသလို ဗလီဆောက်လုပ်နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ The Voice က သက်သက်ဖွတာပါ။ ဒါ ကလေးတွေကို အခြေခံ သင်ကြားပေးနေတဲ့ ဘာသာရေး စာသင်ကျောင်းပါ။ နောက်ပြီး အမိုးပြုပြင်တယ်ဆိုတာကလည်း ခွင့်ပြုမိန့်အရ လုပ်တာပါ။ ဥပဒေပြင်ပလုပ်တာ တစ်ခုမှ မရှိပါဘူးဟု သာကေတမြို့နယ်နေ သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အာဏာပိုင်များမှလည်း ခွင့်ပြုမိန့်ပေးထားသော အမိန့်ကို ပယ်ဖျက်၍ ကျောင်းအမိုးကို ပြန်လည်ဖျက်ပေးရန် ညွှန်ကြား၍ လာပါသည်။

သတင်း - Xip Xap။

လက်ရှိ သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းအမှန်။
သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းအမှန်မှာ - ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် မာန်ပြေ ၁၈လမ်းနှင့် ၁၉ လမ်းကြား၊ အမှတ် (၁၁၂၈)
အမှတ်(၃) အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အမိုးပြုပြင်ခြင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း သာသနာရေး ဦးစီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် အမိုးပြုပြင်နေစဉ် ရပ်ကွက်အတွင်းမှ လူတစ်ချို့ ရောက်ရှိလာပြီး ကျောင်းဆိုင်းဘုတ်နှင့် ခြံစည်းရိုးတို့ကို ရိုက်ချိုး ဖျက်ဆီးခဲ့ပါသည်။

ကိုရီးယားကုမ္ပဏီပိုင် M.V YUJIN ACEပင်လယ်ကူး သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား မောင်အောင်ကိုကိုဇင်သည် လွန်ခဲ့သော မေ ၂၉ ရက်မှ စတင် ပျောက်ဆုံးနေ

ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှု နှင့် JUMP SHIP လုပ်မှု ဟုတ်မဟုတ် ဆုံးဖြတ်ပေးပါ။ ဖြစ်ပြီးသားလုပ်ရပ်ကို ချီးချောက်ရေနူးပြောတာလဲ မဟုတ်။ ကာယကံရှင်ခံရသော ဖြစ်ရပ်ကို မကျေနပ်သောကြောင့် ထပ်မံတင်ပြရခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်ကို မြန်မာ့company များသာမက ရေကြောင်းအကျိုးဆောင်အဖွဲ့များကပါ လျစ်လျူရှုထားကြသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ share ပေးခြင်းဖြင့် အမှန်တရားများပေါ်ပေါက်အောင်ဆောင်ရွက်ပေးစေလိုပါသည်။ 

Myanmar Independent News ပြောကြားချက်

မြန်မာသင်္ဘောသား ၁၅ ဦး လိုက်ပါတာဝန်ထမ်းဆောင်နေသည့်  ကိုရီးယားကုမ္ပဏီပိုင် M.V YUJIN ACE အမည်ရှိ ပင်လယ်ကူး သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား မောင်အောင်ကိုကိုဇင်သည် လွန်ခဲ့သော မေ ၂၉ ရက်မှ စတင် ပျောက်ဆုံးနေကြောင်း ယင်း၏ မိဘများက ပြောသည်။
ဖြစ်ပွားပုံမှာ M.V YUJIN ACE သင်္ဘောသည် ကိုရီးယားနိုင်ငံ၊ မာဆန်း(MASAN) ဆိပ်ကမ်းမှ လွန်ခဲ့သော မေ ၂၈ ရက်၊ နံနက် ၁ဝးဝဝ နာရီတွင် U.A.E နိုင်ငံသို့ စတင်ထွက်ခွာခဲ့ရာ ယင်းနေ့ ၂၈.၅.၂ဝ၁၂ တွင် ယခုပျောက်ဆုံးနေသူ    မောင်အောင်ကိုကိုဇင်သည် သူ၏ တာဝန်ချိန်ဖြစ်သော ၈းဝဝ နာရီမှ ၁၂းဝဝ နာရီအထိ ပထမတစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယတာဝန်ချိန်ဖြစ်သည့် ၂ဝးဝဝ နာရီမှ ၂၄းဝဝ နာရီအထိ တစ်ကြိမ် တာဝန်ထမ်းဆောင် ခဲ့ကြောင်းသိရသည်။ နောက်တစ်နေ့ တာဝန်ချိန်ဖြစ်သည့် မေ ၂၉ရက်၊ နံနက် ၈းဝဝ တွင် တာဝန်ထမ်းဆောင်ရန်အတွက်    အောင်ကိုကိုဇင် ရောက်မလာသဖြင့် ယင်းနေထိုင်ရာအခန်းသို့ သွားရောက်ကြည့်ရှုရာ အခန်းတွင်းနှင့် ယင်း၏ အိပ်ရာပေါ်တွင် သွေးကွက်များကို တွေ့ရပြီး အောင်ကိုကိုဇင် ပျောက်ဆုံးနေကြောင်း တွေ့ရသည်။
ယင်းဖြစ်စဉ်ကြောင့် M.V YUJIN ACE သင်္ဘောသည် နံနက် ၈း၂ဝ နာရီတွင် ကိုရီးယားနိုင်ငံ JEJU-KOREA သို့ ပြန်လည်မောင်းနှင်ခဲ့ပြီး ယင်းနေ့ ၁၆း၃ဝ နာရီတွင် Korea Coast Guard မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ အခန်းအတွင်းမှ ဓားတစ်လက် တွေ့ရှိကြောင်း၊ ယခု ဖြစ်ပွားမှုသည် လူသတ် အလောင်းဖျောက်ဖျက်မှု တစ်ခုဖြစ်ကြောင်း မှတ်ချက်ချသည်ဟု သိရသည်။

ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မောင်ကိုကိုဇင်အား ကိုရီးယား သင်္ဘောပေါ်သို့ တာဝန်ယူ ပို့ဆောင်ပေးခဲ့သော  ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆/၈၊ အခန်းအမှတ် အေ ၃ ၊ ဗိုလ်တစ်ထောင် ၄ လမ်းတွင် တည်ရှိသည့် S.H SHIPPING Co.,Ltd သို့ သွားရောက် ဆက်သွယ်မေးမြန်းရာတွင် ကုမ္ပဏီမှ ပြန်လည် ဖြေကြားခြင်း မရှိဘဲ ပျောက်ဆုံးနေသူ၏ မိဘများနှင့် ပြောကြားပြီးဖြစ်၍ မတွေ့လိုကြောင်း ပြောကြားသည်။ တစ်ဆက်တည်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများအသင်း(MOSA) သို့ ဆက်သွယ်မေးမြန်းခဲ့ရာ လုံလောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ပြန်လည်    ဖြေကြားခဲ့သည်။

ပျောက်ဆုံးနေသူ မောင်ကိုကိုဇင်သည် SOOSUNG CORD LTD ပိုင် M.V YUJIN ACE သင်္ဘောတွင် လွန်ခဲ့သော ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်မှ စတင် ပြီး OILER ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။ ယခု ပျောက်ဆုံးမှုမှာ တစ်လနီးပါး ရှိခဲ့ပြီဖြစ်သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးကြောင်း မိဘများက   ပြောကြားခဲ့သည်။

Paing Aung Khant (IMT CD-34, CE-32) ပြောကြားချက်

အောင်ကိုကိုဇင် (ခ)ကျားကြီး အသက် ၂၃ နှစ် သေဆုံးခြင်း
IMT 34/32 မှ သူငယ်ချင်းများနှင့် fb မှကျားကြီး၏သူငယ်ချင်းများခင်ဗျာ
ကျားကြီးဟာ သဘေ`်ာလိုက်ရင်းနဲ့ ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် သူအခန်းကို စစ်ဆေးကြည့်တဲ့ အခါ အိပ်ယာပေါ်မှာ သွေးတွေတွေ့ ရပြီးတော့ အခန်းလေ၀င်ပေါက် (Port-hole) လည်းပွင့်နေတာကိုတွေ့ ရပါတယ်။ သူ့ ဘာသာ ရေထဲခုန်ချသွားသလား / အသက်ခံရပြီးတော့မှ ရေထဲ ပစ်ချခံရလားတော့ မသိသေးပါဘူး။ အခု ရက်သတ္တပါတ် အနည်းငယ် ကြာတဲ့အထိ လူကိုဖြစ်စေ သေသွားသည်ရှိသော် အလောင်းကိုဖြစ်စေ မတွေ့ ရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ကျားကြီးရှိနေပါစေလို့ လည်း ကျွှန်တော်တို့ အားလုံးက ဆုတောင်းနေပါတယ်။ ကျားကြီးဟာရေကြောင်းသိပ္ဂံမှာ စာတော်တဲ့ ကြိုးစားတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး ဘ၀ ရည်မှန်းချက်လည်းအတော်ကြီးမားပါတယ်။ သဘေ`်ာ အင်ဂျင်နီယာဘ၀ကို မြတ်နိုးပြီးတော့ အမြဲဂုဏ်ယူနေတတ်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ တစ်ခါက ကျောင်းမှာ သူ့ ရည်မှန်းချက်ကို ပြောပြဖူးတယ်။ "ငါက စာပြန်သင်ချင်တာကွ....စက်ချုပ်ဖြစ်အောင်လုပ်ပြီးမှ ကျောင်းမှာစာပြန်သင်မယ်" လို့ ဆိုခဲ့ဖူးပါတယ်။ ကျားကြီးရဲ့  cabin ကို ကြည့်ကြပါဦးဗျာ....။

ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှု နှင့် JUMP SHIP လုပ်မှု ဟုတ်မဟုတ် ဆုံးဖြတ်ပေးပါ။ ဖြစ်ပြီးသားလုပ်
ရပ်ကို ချီးချောက်ရေနူးပြောတာလဲ မဟုတ်။ ကာယကံရှင်ခံရသော ဖြစ်ရပ်ကို မကျေနပ်သောကြောင့် ထပ်မံတင်ပြရခြင်းဖြစ်သည်။အဆိုပါဖြစ်ရပ်ကိုမန်မာ့company များသာမက ရေကြောင်းအကျိုးဆောင်အဖွဲ့
များကပါလျစ်လျူရှုထားကြသည်။သက်ဆိုင်ရာအဖွဲ့အစည်းများမှshareပေးခြင်းဖြင့် အမှန်တရားများပေါ်
ပေါက်အောင်ဆောင်ရွက်ပေးစေလိုပါသည်။

Myanmar Independent News ပြောကြားချက်

ရှေ့နေများကွန်ယက်ရဲ့ လက်ပံတောင်း အစီရင်ခံစာကို အစိုးရပယ်ချ

ရှေ့နေများကွန်ယက်ရဲ့ လက်ပံတောင်း အစီရင်ခံစာကို အစိုးရပယ်ချ

လက်ပံတောင်း သပိတ်ကို ဖြိုခွဲရာမှာ ရဲတပ်ဖွဲ့ကနေ ဖေါ့စ်ဖေါ်ရပ်စ် လို့ခေါ်တဲ့ မီးစုန်းဓာတ်ပါတဲ့ ဗုံးတွေအ သုံးပြုခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်နဲ့ အမေရိကန်က ရှေ့နေ အဖွဲ့တခုတိုရဲ့ လွတ်လပ်တဲ့ အစီရင်ခံမှု အပေါ် မြန်မာ အစိုးရကနေ ပယ်ချလိုက်ပါတယ်။
မြန်မာ သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထဋ်က ဒီအစီရင်ခံစာအပေါ် ပယ်ချလိုက်တာ ဖြစ်ပြီး၊ အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေအပေါ်ကိုတော့ သူက ဘာမှာ မှတ်ချက်ပြု ပြောကြားခြင်းမရှိပါ။
မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ထုတ်ပြန်တဲ့ အခု အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်ကို ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့လည်း ဦးရဲထွဋ်က အေဖက်ပီ သတင်း ဌာနကို ပြောကြားသွားကြောင်း အေဖက်ပီ သတင်းမှာ ဖေါ်ပြထားပါတယ်။
သပိတ်ဖြိုခွဲရာမှာ ပေါက်ကွဲပြီး ကျန်ခဲ့တဲ့ ဗုံးထောင့် တလုံးကို ရှေ့နေများကွက်ယက်ကနေ နိုင်ငံခြား ဓာတ်ခွဲခန်းတခုမှာ စစ်ဆေးစေခဲ့ရာ၊  ဒီဗုံးဟာ စစ်တပ်မှာ သုံးတဲ့ မီးစုန်းဓာတ်ပါ ဗုံးတွေ ဖြစ်တယ်လို့ သိခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီတုန်းက သပိတ်ဖြိုခွဲမှုကြောင့် သံဃာတော်အများစု ပါဝင်တဲ့ သပိတ်ဆင်နွှဲနေသူ အတော်များများဟာ အင်မတန်မှ ပြင်းထန်လှတဲ့ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ကြတာ ဖြစ်ပြီး၊ ဒါဟာလည်း သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက် ဆန္ဒပြသူတွေအပေါ် အစိုးရရဲ့ အပြင်းထန်ဆုံးသော ချေမှုန်းမှု ဖြစ်ပါတယ်။


လက်ပံတောင်း သပိတ်ကို ဖြိုခွဲရာမှာ ရဲတပ်ဖွဲ့ကနေ ဖေါ့စ်ဖေါ်ရပ်စ် လို့ခေါ်တဲ့ မီးစုန်းဓာတ်ပါတဲ့ ဗုံးတွေအ သုံးပြုခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်နဲ့ အမေရိကန်က ရှေ့နေ အဖွဲ့တခုတိုရဲ့ လွတ်လပ်တဲ့ အစီရင်ခံမှု အပေါ် မြန်မာ အစိုးရကနေ ပယ်ချလိုက်ပါတယ်။

ရရင်လုပ်ပေးပါတယ်... (ဟာသ)

မြန်မာ့လေကြောင်းလိုင်း လက်မှတ်အရောင်းဌာန သို့ မြန်မာစကားတတ်သော နိုင်ငံခြားသားတစ်ဦးရောက်လာ၏။

သူ၏ ပတ်စပို့ ထဲသို့ ငွေကျပ် တစ်သောင်း ထည့်ကာ စာရေးမဆီသို့ပေးလိုက်၏။

" ညီမလေး၊နေပြည်တော်....ကိုသွားဖို့လက်မှတ်တစ်ဆောင်လောက် ရောင်းပါ "

Windows Version များအဆင့်ဆင့်ပြောင်းလဲလာပုံ သမိုင်းကြောင်း

Windows Version များ၏ သမိုင်းကြောင်း
----------------------------------------------------------------
နှိုင်းရင့်နွေမှ ရှာဖွေတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
WINDOWS 1.0 ------>16 Bit Os (1985)

WINDOWS 2.0 ------>16 Bit Os

WINDOWS 3.0 ------>16 Bit Os (1990)

WINDOWS 3.1 ------>16 Bit Os (1992)

WINDOWS NT 3.1 ------>32 Bit Os (1993)

WINDOWS 95 ------>Used WIN32 API

WINDOWS 98

WINDOWS ME

WINDOWS NT 4

WINDOWS 2000 (or also Known as WINDOWS NT 5)

WINDOWS XP (or also Known as WINDOWS NT 5.1)

WINDOWS XP PROFESSIONAL ----->Supports 64 Bit

WINDOWS SERVER 2003

WINDOWS VISTA (WINDOWS NT 6.0)

WINDOWS 7 (WINDOWS NT 6.1)

------->WINDOWS 7 ULTIMATE
------->WINDOWS 7 HOME PREMIUM
------->WINDOWS 7 HOME BASIC
------->WINDOWS 7 PROFESSIONAL
------->WINDOWS 7 STARTER
------->WINDOWS 7 ENTERPRISE

WINDOWS SERVER 2012

WINDOWS 8 (WINDOWS NT 6.2)

------->WINDOWS 8
------->WINDOWS 8 Pro
------->WINDOWS 8 ENTERPRISE
------->WINDOWS 8 RT (FOR TABLETS)

မှတ်ချက်
-----------
XP-EXTENDED PROCEDURE
NT-NEW TECHNOLOGY
RT-RUN TIME

---------------------------------------------------------------------
Source: Computer Science Engineers

အေးချမ်းမွန်(အဲဆာန်မန်) မှ နှိုင်းရင့်နွေ  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

Windows Version များအဆင့်ဆင့်ပြောင်းလဲလာပုံ သမိုင်းကြောင်းလေးဖော်ပြပေးလိုက်ပါတယ်။
WINDOWS 1.0 ------>16 Bit Os (1985)

WINDOWS 2.0 ------>16 Bit Os

မကွေးတွင် မြေနံရံထိန်းမြေကြီးပြိုကျ၍ အလုပ်သမား ၃ ဦးသေ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရုံးကုန်းကျေးရွာ ၏ အရှေ့မြောက် (၂)မိုင်ခန့်အကွာတောင်တွင်းကြီး-မလွန် မီးရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင် တွင် ဖေဖော်ဝါရီ၁၅ရက်ညနေ၅နာရီကမြေပြိုကျမှုဖြစ်ပွားခဲ့ရာလူ၃ဦးသေဆုံးခဲ့ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့ မှသိရသည်။

မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းတွင် စပစ်ဖိုင်းယားလေယာဉ်များ မြှပ်နှံထားခဲ့ခြင်း မရှိ

မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းတွင် 
စပစ်ဖိုင်းယားလေယာဉ်များ မြှပ်နှံထားခဲ့ခြင်း မရှိ

ရန်ကုန်- ဖေဖေါ်ဝါရီ ၁၇
              ဒုတိယကမ္ဘာစစ်ပွဲကာလ ၁၉၄၅ နှင့် ၁၉၄၆ ခုနှစ်များအတွင်း ဗြိတိသျှစပစ်ဖိုင်းယားလေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည့် 
မည်သည့်သေတာကိုမျှ မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းသို့ ပိုဆောင်စေခြင်း၊ မြုပ်နှံခဲ့ခြင်း မရှိခဲ့ကြောင်း လေယာဉ်ရှာဖွေရေး ကုန်ကျစရိတ်ထောက်ပံ့သော
 ဂိမ်းကုမဏီ Wargaming Ltdက ထုတ်ပြန်ထားသည်။
             ၁၉၄၅ နှင့် ၁၉၄၆ ခုနှစ်များအတွင်း     မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းသို့  သင်္ဘော သုံးစင်းဖြင့် တင်ပို့ ခဲ့သော စပစ်ဖိုင်းယား လေယာဉ်အစီး ၃၇စီးသာ
 ရောက်ရှိခဲ့ပြီး လေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည်ဆိုသော မည်သည့်သေတ္တာကိုမျှ မပို့ ဆောင်ခဲ့ကြောင်း  အထောက်အထားများကို ကိုးကားကာ
 ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
           " ဘယ်သေတာမှာမှ စပစ်ဖိုင်းယားလေယာဉ်( အစိတ်အပိုင်းတွေ) မပါဘူး၊ပြီးတော့ လေယာဉ်တော်တော်များများကိုလည်း ၁၉၄၆ နွေဦးကာလမှာ (ဗြိတိန်ကို)
 ပြန်ပို့ ခဲ့တယ်လို့ ယူဆရပါတယ်" ဟု  ထုတ်ပြန်ချက်တွင် ပါရှိသည်။
          ထို့ အတူ ရှေးဟောင်းသုတေသန ပညာရှင်များ ၊ သမိုင်းပညာရှင်များ နှင့် သိပံပညာရှင်များပါဝင်သော လေယာဉ် ရှာဖွေတူးဖေါ်ရေးအဖွဲ့ ကလည်း 
မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းနေရာတွင်  တစ်လကျော်မျ ရှာဖွေတူးဖေါ်ခဲ့ပြီးနောက် မည်သည့်လေယာဉ် အစိတ်အပိုင်းမျ မတွေ့ရှိခဲ့ ကြောင်း ထုတ်ဖေါ်ဝန်ခံခဲ့သည်။     KYL           ဓာတ်ပုံ-     ဗြိတိသျှစပစ်ဖိုင်းယားလေယာဉ် များရှာဖွေသည့်အဖွဲ့

ရန်ကုန်- ဖေဖေါ်ဝါရီ ၁၇
ဒုတိယကမ္ဘာစစ်ပွဲကာလ ၁၉၄၅ နှင့် ၁၉၄၆ ခုနှစ်များအတွင်း ဗြိတိသျှစပစ်ဖိုင်းယားလေယာဉ် အစိတ်အပိုင်း
များထည့်သွင်းထားသည့်မည်သည့်သေတာကိုမျှမင်္ဂလာဒုံတော်ဝင်လေတပ်စခန်းသို့ပိုဆောင်စေခြင်း၊ မြုပ်နှံ
ခဲ့ခြင်း မရှိခဲ့ကြောင်း လေယာဉ်ရှာဖွေရေး ကုန်ကျစရိတ်ထောက်ပံ့သောဂိမ်းကုမဏီ Wargaming Ltdကထုတ်
ပန်ထားသည်။

မြန်မာပြည်က ” အချိန် ” အခေါ်အဝေါ်လေးများ

ဒါလေးကတော့ တော်တော် ကောင်းပါတယ်….သိလဲ သိသင့်ပါ တယ်…..အမှန်တကယ် ကျွန်တော်လဲ မသိခဲ့ပါဘူးး……. ဒီစာလေးကို ဖတ်မိလို့ သိခဲ့ရတာပါ..စာရေးတဲ့ သူကို ကျေးဇူးတင်ပါတယ်……

ကိုမင်းကို နိုင်ရဲ့ ကဗျာလေးတစ်ပုဒ်

ခဲတံချွန်ပြီးပြီ..
ကျောင်းသင်္ကန်းပုံဆွဲချင်ဆွဲ
ဝတ်လစ်စလစ်ပုံဆွဲချင်ဆွဲသဘောပဲလေ...
ဒီမြေမှာဓါးလှံတွေကြဲချင်ကြဲ...
ချိုးငှက်တွေဝဲလိုဝဲ...သဘောပဲလေ.
စိတ်ချကလေးရေ...
စစ်တိုက်ခန်းတွေမကြိုက်လို့...ထိုးကြိတ်ခန်းတွေမကြည့်လို့
သူရဲဘောကြောင်တယ် မစွပ်စွဲဖူး
ဒါပေမဲ့ကလေးရေ..ကိုယ်ဆွဲရာကိုယ်ကားချပ်
ကိုယ့်လက်မှတ်တော့ထိုးရမယ်

မင်းကိုနိုင်

အေးချမ်းမွန်မှHelen Ayekyaw  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ခဲတံချွန်ပြီးပြီ..

ကျောင်းသင်္ကန်းပုံဆွဲချင်ဆွဲ

ဝတ်လစ်စလစ်ပုံဆွဲချင်ဆွဲသဘောပဲလေ...

ဒီမြေမှာဓါးလှံတွေကြဲချင်ကြဲ...

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင် စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရ

စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ်၊ အောက်ရေဖြူကျေးရွာက ဒေသခံအချို့နဲ့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ သောကြာနေ့ က တွေဆုံပြီး ဖွဲလောင်စာသုံး ရေခဲစက်က စွန့်ပစ်ပစ္စည်းတွေကြောင့် လူထုသောက်သုံး တဲ့ ရေတွင်းတွေ ပျက်စီးရသလို ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ခံစားနေရတာတွေကို တင်ပြခဲ့ ပါတယ်။

ဝန်ကြီးချုပ် ဦးမြတ်ကိုက အဲဒီရေခဲစက်ကို ချက်ချင်းရပ်ဖို့ သက်ဆိုင်ရာတွေကို ညွှန်ကြားသွားခဲ့ပြီးနောက် မနေ့ကတော့ စက်ရုံပိတ်သွားပါပြီလို့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က ကိုထွန်းကျော်မောင်က RFA ကို ပြောပါတယ်။

အဲဒီ့ဖွဲလောင်စာသုံး ဦးမင်းအောင် ခေါ် ဦးအောင်ကြီး ရေခဲစက်ဟာ ၂၀၀၄ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲတဲ့စက်ဖြစ်ပြီး ရေတွင်း(၂၀)ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်ရေဖြူကျေးရွာမှာ အိမ်ခြေ(၁၅၀၀)ရှိပြီး အဲဒီထဲက အိမ်ခြေ(၂၀၀)လောက်ဟာ စက်ရုံကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို ခံစားနေရတဲ့အတွက် မြို့နယ်ခရိုင်အဆင့်ကို နှစ်ကြိမ်တိုင်ကြားခဲ့ပေမယ့် အရင်က အရေးယူခဲ့တာမရှိဖူးလို့ ဆိုပါတယ်။

အေးချမ်းမွန်မှ  RFA Burmese တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်
စက်ရုံများမှစွန့်ပစ်ပစ္စည်းများ
RND 23

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ်၊ အောက်ရေဖြူကျေးရွာက ဒေသခံအချို့နဲ့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ သောကြာနေ့ က တွေဆုံပြီး ဖွဲလောင်စာသုံး ရေခဲစက်က စွန့်ပစ်ပစ္စည်းတွေကြောင့် လူထုသောက်သုံး တဲ့ ရေတွင်းတွေ ပျက်စီးရသလို ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ခံစားနေရတာတွေကို တင်ပြခဲ့ ပါတယ်။

ပါကစ္စတန်ဗုံးကွဲမှု ၆၀ ကျော် သေဆုံး

ပါကစ္စတန်ဗုံးကွဲမှု ၆၀ ကျော် သေဆုံး 
Sunday, February 17, 2013

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှာ ရှီအာ (Shi'ite) မူစလင်တွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်လို့ လူ ၆၃ ဦး သေဆုံးပြီး လူ ၂၀၀ နီးပါး ဒဏ်ရာရသွားကြတယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ကွာတာ (Quetta) မြို့က ရှီအာတွေ အနေများတဲ့ နေရာမှာ အဝေးထိန်း
ခလုပ်နဲ့ စနေနေ့က ဗုံးခွဲခဲ့တာဖြစ်တယ်လို့ အဆင့်မြင့် ရဲအရာရှိ တဦးက
ပြောသွားတာပါ။

သေဆုံးသူအများစုဟာ ရှီအာ မူစလင်တွေ ဖြစ်ကြပြီးတော့ သေဆုံးသူ
တွေထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေလည်း ပါဝင်တယ်လို့ အဲဒီ
ရဲအရာရှိကပဲ ဆိုပါတယ်။ အစိုးရ တားမြစ်ထားတဲ့ ရှီအာအဖွဲ့တခုဖြစ်တဲ့ လက်ရှ်ကာအီဂျဟန်ဗီ (Lashkar-e-Jhangvi) က ဒီဖောက်ခွဲမှုကို လုပ်ဆောင်တာဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ကွာတာမြို့က ရှီအာမူစလင်တွေ အနေများတဲ့နေရာကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၀ ရက်နေ့တုန်းကလည်း ဗုံးတွေ ဆက်တိုက်ခွဲ တိုက်ခိုက်ခဲ့လို့ လူ ၉၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်ရပ် နောက်ပိုင်းမှာ မနေ့က တိုက်ခိုက်မှုက အဆိုးရွားဆုံး ဖြစ်ပါတယ်။ လက်ရှ်ကာအီဂျဟန်ဗီ အဖွဲ့က အစောပိုင်း တိုက်ခိုက်မှုတွေကိုလည်း သူတို့လုပ်ခဲ့တာလို့ ပြောပါတယ်။

ဓာတ်ပုံ - ဗုံးခွဲတိုက်ခိုက်မှုတွင်း သေဆုံးသူများရဲ့ မိသားစုဝင်များ ပူဆွေးငိုကြွေးနေစဉ်။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။

ဗွီအိုအေ
ဓာတ်ပုံ - ဗုံးခွဲတိုက်ခိုက်မှုတွင်း သေဆုံးသူများရဲ့ မိသားစုဝင်များ ပူဆွေးငိုကြွေးနေစဉ်။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။
Sunday, February 17, 2013။RND 23

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှာ ရှီအာ (Shi'ite) မူစလင်တွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်လို့ လူ ၆၃ ဦး သေဆုံးပြီး လူ ၂၀၀ နီးပါး ဒဏ်ရာရသွားကြတယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ကွာတာ (Quetta) မြို့က ရှီအာတွေ အနေများတဲ့ နေရာမှာ အဝေးထိန်း
ခလုပ်နဲ့ စနေနေ့က ဗုံးခွဲခဲ့တာဖြစ်တယ်လို့ အဆင့်မြင့် ရဲအရာရှိ တဦးက
ပြောသွားတာပါ။

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ခွင့်ကတ် ဖေဖော်ဝါရီ ၂၁ တွင် ထုတ်ယူနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆၊ RND 21
မတ်လတွင် ကျင်းပမည့် ၂၀၁၂-၁၃ ပညာသင် နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသော ကျောင်းသား ကျောင်းသူများ အတွက် မိမိတို့ ဓာတ်ပုံ ကပ်ထားသည့် ခုံအမှတ် စဉ် ပါဝင်သော စာမေးပွဲ ဖြေဆိုခွင့် ကတ်များကို ဖေဖော်ဝါရီလ တတိယ ပတ်မှ စတင် ထုတ်ယူ နိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဌာန ထုတ်ပြန်ချက် များအရ သိရသည်။

အာဖဂန် နစ္စတန် နိုင်ငံက အမေရိကန် တပ်များ အားလုံးရုပ်သိမ်းတဲ့အခါ ဒေါ်လာ ၂၈ ဘီလျှံ ကျော် စစ်လက်နက် တွေ ဘယ်လို ပြန်သယ်မလဲ

ဒေါ်လာ ၂၈ ဘီလျှံ ကျော် စစ်လက်နက် တွေ ဘယ်လို ပြန်သယ်မလဲ 



စစ်ဖြစ်လျှင် လက်နက် ၊  ခဲယမ်း မီးကျောက် စသည့် သိသာ ထင်ရှား သည့်
ကုန် ကျ စရိတ် များ သာ မဟုတ် အခြား ကုန် ကျ စရိတ် များ စွာ
ရှိသေးသည်။ Logistics ဟု ခေါ်သည့် ထောက်ပံ ပို့ ဆောင်ရေး မှာ စစ်၏
အသက် ဖြစ်သလို အကုန် အကျ အများ ဆုံး လည်း ဖြစ်သည်။
၂၀၁၄ တွင် အာဖဂန် နစ္စတန် နိုင်ငံ တွင် အခြေစိုက် ထား သည့် အမေရိကန်
တပ်များ အားလုံး ရုပ်သိမ်း မည် ဖြစ်ရာ သုံးသောင် ငါးထောင်ခန့် ရှိ သော
တပ်သား မျာ အမိမြေ သို့  ပြန်လည် ရောက်ရှိ ရေး အတွက် အမေရိကန် အစိုး
ရ အနေ  ဖြင့် အခက် အခဲ သိပ် မရှိ လှ သော် လည်း ၊ တင့် ကာား ၊
အမြောက် လက် နက် ၊ စသည် တို့   ကို ပြန် လည် သယ်ယူ ရေး မှာ အမေရိကန်
အစိုးရ အနေ နှင့် ခေါင်းခဲ စရာ သာမက စိမ် ခေါ် မှု တစ်ခု
လည်း ဖြစ်လာသည်။
ထိုလက်နက် များ ကို အာဖဂန် နစ္စတန် တွင် ထား ခဲ့ လို့  လဲ မရ ၊ သယ်ယူရေး
တွင် လည်း အခက် အခဲ ရှိ ပုံ ကို အမှတ် ၁ ထောက်ပို့ တပ်
မှ ဗိုလ်မှုးကြီး ရေမွန် ဗီ မေဆင် က ” စစ်လက် နက် တွေ ပြန်သယ် ဖို့  အတာ်
ခက်ခဲ့ ပါတယ်။ ကျွန် တော် တို့  မှာ ကူဝိတ် လဲ ရှိတာ မဟုတ် ဘူး ၊
လမ်းတွေ က ကြမ်းတော့ ၊ ဆောင့်ဒဏ် ခံ နိုင်တဲ့ Shock Absorber
တွေ တောင် အလုပ်မ လုပ် ကြ ဘူး ၊ နောက် သယ်ယူ ပို့  ဆောင် မှု မှာ လုံ
ခြုံ မှု တွေ ” အများ ကြီး လိုအပ် တယ် လို့  New York Times ကို ပြောပါတယ်။
အာဖဂန် နစ္စတန် မှာ အမေရိကန် တပ် တွေ ၁၁ နှစ် ကျော်ကြာ  တပ်စွဲ ထား
စဉ် အတွင်း စစ် လက်နက် ၊ ယန္တယား မျိုးစုံ ခြောက် သိန်း ကျော် ရောက်ရှိ
နေ ပြီး ထို ပစ္စည်း များ ၏ တန် ကြေး မှာ ဒေါ်လာ ၂၈ ဘီလျှံ ကျော်ခန့် ရှိ
သည်။
ထို ပစ္စည်း ကို သယ်ယူ ပို့  ဆောင်ရေး အတွက် ကုန် ကျ ငွေ မှာ ဒေါ်လာ
ဘီလျှံ ခန့်  ရှိ အုံး မည်  ဖြစ်သည်။ အီရတ် တွင် စစ်လက် နက် ပစ္စည်း များ
ကို ပြန်လည် သယ် ထုတ် စဉ် က  အမေရိကန် ကို လိုလား သည့် ကူဝိတ်
လို နိုင်ငံ ရှိ နေ ၍ မထောင်း သာ လှ သော် လည်း ပါကစ္စတန် နှင့် အီရန်
တို့  က ပင်လယ် ထွက် ပေါက် ကို ယူထား ၍ ကုန် တွင်း ပိတ် နိုင်ငံ ဖြစ်
နေသည့် အာဖဂန်နစ္စတန်  ၏ လက်နက် များ သယ်ယူ ပို့ ဆောင်ရေး မှာ
အခက် အခဲ ရှိ လှသည်။
လေယာဉ် ဖြင့် သယ်လျှင် လည်း ခရီး အထောက်ထောက် နား ပြီး သယ်
ရမည်။ Norther Distribution Network  လို  ထိပ်တန်း စစ်လက် နက်
ပို့  ဆောင်ရေး ကုမ္ပဏီ ဖြင့် အာဖဂန် မြောက်ပိုင်း မှာ သယ်လျှင် လည်း
ဗဟို အာရှ နိုင်ငံ တွေ ၏ လမ်း ပန်း ဆက် သွယ် ရေး ဖြင့် ခရီး မတွင်
ရေကြောင်း မှ သယ် လျှင် လည်း ခရီး တစ်လျှောက် ပင်လယ်ရေကြောင်း
လုံခြုံ ရေး အရေး ကြီးသည် ဟု ကူဝိတ် တွင် အခြေစိုက်သည့် ဗိုလ်ချုပ်
စတိန်း က ပြော သည်။
အမေရိကန် စစ်တပ် အနေဖြင့် အနာဂတ် တွင် သုံးစွဲ နိုင်သည့် စစ် လက်
နက် ပစ္စည်း များ နှင့် အရေး ပါသည့် မဟာ ဗျု ဟာ မြောက် လက် နက်
ယန္တယား များ ကို ပြန်လည် သယ် ထုတ် သွား မည်  ဖြစ်သည်။
အမေရိကန် စစ်အရာ ရှိ များ ကမူ အာဖဂန် နစ္စတန် တွင် သုံး ခဲ့ သည့်
နည်း ပညာ မြင့် စစ်လက်နက် များ ကို အာဖဂန် နစ္စတန် နှင့် မဟာမိတ်
ရောင်းချရန် နှင့် ပေးခဲ့ ရန် စိတ်ကူး ရှိပုံ သိပ် မရချေ။
အာဖဂန် နစ္စတန် တွင် အမေရိကန် ၏ စစ်ဆင် ရေး များ ကို ၂၀၁၄ ခုနှစ်
ဒီဇင်ဘာ တွင် အဆုံး သတ် မည် ဖြစ်သည်။

NEW BY: FNG

စစ်ဖြစ်လျှင် လက်နက် ၊ ခဲယမ်း မီးကျောက် စသည့် သိသာ ထင်ရှား သည့် ကုန် ကျ စရိတ် များ သာ မဟုတ် အခြား ကုန် ကျ စရိတ် များ စွာရှိသေးသည်။ Logistics ဟု ခေါ်သည့် ထောက်ပံ ပို့ ဆောင်ရေး မှာ စစ်၏
အသက် ဖြစ်သလို အကုန် အကျ အများ ဆုံး လည်း ဖြစ်သည်။

တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ

တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ

စနေနေ့၊ ဖေဖေါ်ဝါရီလ 16 ရက် 2013 ခုနှစ်	ACM

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဗင်ကား သုံးစီးထက် မနည်း ဓါးပြတိုက်ခံရကြောင်း ဒေသခံများပြောချက်အရ သိရသည်။

“အရင်အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းကလေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်ကွေ့မှာ ဓါးပြတိုက်ခံရ တာ။ ကျနော် မြင်တာဘဲ ကားကသုံးစီး၊ တောင်ကြီး မိုင်းရှူး ဗင်ကားတွေကြီးဘဲဓါးပြတိုက် ခံရတာ။ ကျနော်တယောက် တည်း ပစ္စည်းကော ငွေကော တန်ဘိုး သိန်း ၂၀ လောက်ပါသွားတယ်” ဟု ဓါးပြတိုက်ခံရသူ အားဖှန်ကပြောသည်။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နံနက်က တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ထွက်ခွါသော ခရီးသည်တင် ဗင်ကား အမျိုး အစား ၃ စီးက မိုင်းရှူးမြို့မရောက်မှီ မိုင်းနောင်မြို့နယ်ခွဲအတွင်း ဟဲဆိုင်ရွာနှင့် ဟန်နားရွာအကြား အက်စ် ကွေ့၌ ဓါးပြတိုက်ခံခဲ့ရကြောင်း၊ ခရီးသည်များထံ မှရွှေငွေများအားလုံးအပြင် ကားပေါ်ပါ အဘိုးတန်ပစ္စည်းများ အားလုံးကိုပါ ယူဆောင်သွားကြောင်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းရာကျော် ပါသွားကြောင်း ကားဆရာများ အသိုင်းအဝိုင်းက ပြောသည်။

“တောင်ကြီးကနေ မိုင်းရှူးကိုလာရင် အဲဒီနေရာနားရောက်ရင် မိုးက ချုပ်နေပြီလေ။ ဓါးပြတွေကတော့ သျှမ်း စကားဘဲပြောတယ်။ အဲဒီနေရာမှာ ဓါးပြတိုက်တာကတော့ နာမည်ကြီးဘဲ။ ခဏခဏဖြစ်တယ်။ သူတို့ကိုင်တဲ့ သေနတ်တွေ တော့ တူမီးသေနတ်တွေဘဲ။ နှစ်ပြောင်းပါတဲ့ဟာ လဲကိုင် တယ်” - ဟု အားဖှန်က ဆက်လက် ပြောဆိုသည်။

အဆိုပါ အက်စ်ကွေ့သည် မိုင်းနောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂ နှင့် ၁၀ မိုင်ခန့် ကွာဝေးကြောင်း၊ အစိုးရစစ်တပ်အနေဖြင့် ဒေသအတွင်း ခရီးသွားများအတွက် လုံခြုံရေး ယူပေးလိုသည့် ဆန္ဒရှိလျှင် ပေးနိုင်သည့် အခြေအနေရှိကြောင်း၊ အဆိုပါဒေသတဝိုက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ထိန်းချုပ်နယ်မြေ၏ ကြားခံနယ်မြေဖြစ်သောကြောင့်လည်း ဓါးပြများဝင်ရောက် နေရာယူလှုပ်ရှားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ အက်စ်ကွေ့ဒေသသည် ၂၀၀၉ ခုနှစ် မေလ နှစ်ဦးပိုင်းကလည်း မကြာခဏ ဓါးပြတိုက်မှုဖြစ် ပွားကြောင်း၊ မိုင်းရှုး မြို့သို့ ခရီးထွက်မည့် ကစထ အမှတ် ၂ မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား လုံခြုံရေးယူပေးသည့် တပ်ခွဲမှူး တပ်ဖွဲ့နှင့် ဓါးပြအဖွဲ့တို့ ရင်ဆိုင်မိပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် အဆိုပါတပ်ခွဲမှူး ကျဆုံး ခဲ့ရကြောင်း သိရသည်။

အလားတူ ၂၀၁၁  မှ ယနေ့အထိ အဆိုပါဒေသအတွင်း ဓါးပြတိုက်မှု ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး ယနေ့တိုင် မည့်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လူထုအိုးအိမ် စည်းစိမ် လုံခြုံရေးတာဝန် မယူပေးနိုင်ကြောင်း၊ မည်သည့်အဖွဲ့မှ ဓါးပြရန် မကာကွယ်ပေးနိုင်ကြောင်း ခရီးသွားပြည်သူလူထုများက ပြောဆိုကြသည်။


တောင်ကြီး-မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
အေးချမ်းမွန်မှ  သျှမ်းသံတော်ဆင့်သတင်း တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်
တောင်ကြီး-မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
စနေနေ့၊ ဖေဖေါ်ဝါရီလ 16 ရက် ၂၀၁၃၊ RND 19
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဗင်ကား သုံးစီးထက် မနည်း ဓါးပြတိုက်ခံရကြောင်း ဒေသခံများပြောချက်အရ သိရသည်။ “အရင်အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းကလေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်ကွေ့မှာ ဓါးပြတိုက်ခံရ တာ။ ကျနော် မြင်တာဘဲ

ဆရာစံဇာဏီဘို၏ (၂၀၁၃)-ခုနှစ်အတွက် ရာသီခွင်အလိုက် ဟောစာတမ်းစာအုပ်များ

ဆရာစံဇာဏီဘို၏ (၂၀၁၃)-ခုနှစ်အတွက် ရာသီခွင်အလိုက် ဟောစာတမ်းစာအုပ်များကို Download ဆွဲပြီးဖတ်လို့ရပါပြီ။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ TK လေးအထည်ချုပ် စက်ရုံဝင်းအတွင်းမှာ ယမန်နေ့ညပိုင်းကမီးလောင်မှုဖြစ်ပွား

မဲဆောက် တီကေ လေးမှာ မီးလောင်မှု ဖြစ် ထိုင်း-မြန်မာ နယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့က မြန်မာအလုပ်
သမားအများစု အလုပ်လုပ်နေကြတဲ့ TK လေး ဆိုတဲ့ အထည်ချုပ် စက်ရုံဝင်းအတွင်းမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ လောက်က မီးလောင်မှု တခုဖြစ်ခဲ့ပါတယ်။ ထမင်းချက်ပြုတ်ရာမှ အခုလို မီးလောင်မှု ဖြစ်ခဲ့ရာ မဲဆောက်မြို့ မဲ့တောင် ရပ်ကွက်ရှိ နေအိမ် ၂ ထပ် တန်းလျား ၇ ခု ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဆယ်ကျော်သက်မိန်းကလေးငယ်များ မီဒီယာထက် အပေါင်းအသင်းလွှမ်းမိုးမှုကိုပိုခံရ

ဆယ်ကျော်သက်မိန်းကလေးငယ်များ မီဒီယာထက် အပေါင်းအသင်းလွှမ်းမိုးမှုကိုပိုခံရ

ဆယ်ကျော်သက်မိန်းကလေးများသည် ရုပ်သံသရုပ်ဆောင် ပိန်ပိန် ပါးပါး မော်ဒယ်များထက် ဘ၀တူသူ ငယ်ချင်း မိန်းကလေးများ၏ လွှမ်းမိုး မှုကို ပိုခံရကြောင်း လေ့လာမှုတစ်ခု အရသိရသည်။
ဆယ်ကျော်သက် မိန်းကလေးများ၏ မိမိခန္ဓာကိုယ်အချိုးအစားဘ၀ကို ကျေနပ်အားရမှုနှင့် အစာစားသုံးမှု မမှန်သည့်ပြဿနာများသည် မီဒီယာများ၏ သက်ရောက်မှုရှိကြောင်း နှစ်ပေါင်းများစွာ ဆွေးနွေး ငြင်းခုန်လာခဲ့ကြသည်။
အချို့ကျွမ်းကျင်သူများက မိန်းကလေးများတွင် ၎င်းတို့၏ခန္ဓာကိုယ် အချိုးအစားပေါ် မီဒီယာသက် ရောက်မှုကြောင့် အစာမစားသည့် ပြဿနာများဖြစ်ပေါ်စေသည်ဟု ယုံကြည်ကြသည်။
အမေရိကန်နိုင်ငံ Texas A and M International University မှ ခရစ္စတိုဖာဂျေဖာဂူဆန်နှင့်အဖွဲ့သည် မိန်းကလေးငယ်များ၏ မိမိခန္ဓာကိုယ်အချိုးအစားကို မကျေနပ်မှု၊ အစာမစားဘဲအငတ်ခံမှု၊ အထွေထွေ ကျေနပ်အားရမှုတို့ကို လွှမ်းမိုးမှုရှိသော မီဒီယာနှင့်ဘ၀တူ သူငယ်ချင်းများ၏ သက်ရောက်ပုံကို နှိုင်းယှဉ် လေ့လာခဲ့ကြသည်။
သုတေသနတွင် အသက် (၁၀)နှစ်မှ (၁၇)နှစ်အရွယ် စပိန်နွယ်ဖွား မိန်းကလေး(၂၃၇)ဦးကို ၎င်းတို့ အနှစ်သက်ဆုံး ရုပ်သံဇာတ်လမ်း တွဲသုံးခုကို ရွေးချယ်စေပြီး အမျိုးသမီး သရုပ်ဆောင်များ၏ ဆွဲဆောင်မှုရှိပုံကို အမှတ်ပေးအဆင့်သတ်မှတ်စေသည်။
မိန်းကလေးငယ်များ၏ ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်၊ ဘ၀တူအချင်းချင်းပြိုင်ဆိုင်ရာမှ မိမိ ကိုယ်ကို သိမ်ငယ်စိတ်ဖြစ်ပေါ်ခြင်း ရှိမရှိ၊ အင်တာနက်အခြေပြုလူမှု ကွန်ယက်သုံးစွဲသည့် အကြိမ်ရေတို့ ကိုပါ လေ့လာခဲ့ကြသည်။
ထို့နောက် မိန်းကလေးငယ်များ အား မိမိတို့ ကိုယ်ခန္ဓာအပေါ်ရှုမြင်ပုံ၊ အစာမစားသည့် ပြဿနာရှိမရှိ၊ မိမိ ကိုယ်ကို ကျေနပ်အားရမှုရှိမရှိ မေးခွန်းများ မေးမြန်းခဲ့သည်။
ခြောက်လအကြာ၌ အထက်ပါ အုပ်စုထဲမှ မိန်းကလေး(၁၀၁)ဦးကို လေ့လာမှုများ ထပ်မံပြုလုပ်ခဲ့သည်။
ရလဒ်များခြုံငုံကောက်ချက် ချသည့်အခါ မီဒီယာနှင့် လူမှုကွန် ယက်များသည် မိန်းကလေးငယ်များ အား မိမိကိုယ်ကို မကျေနပ်မှု မဖြစ်စေဘဲ ဘ၀တူအချင်းချင်းပြိုင်ဆိုင်မှု ကသာ မိမိကိုယ်ကို အားမရမှုဖြစ်ပေါ် စေသည်ကို တွေ့ရသည်။
“ဘ၀တူအချင်းချင်း ပြိုင်ဆိုင်မှုကသာ မိန်းကလေးတွေကို ခန္ဓာကိုယ်အချိုးအစားပြဿနာ၊ အစာ မစားတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်စေပါ တယ်”ဟု သုတေသီများကဆိုသည်။

သီဟ
Source: IANS
Health Updates Journal
Vol-2,No-7

အေးချမ်းမွန်မှ  Health Updates Journal တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ဆယ်ကျော်သက်မိန်းကလေးများသည် ရုပ်သံသရုပ်ဆောင် ပိန်ပိန် ပါးပါး မော်ဒယ်များထက် ဘ၀တူသူ ငယ်ချင်း မိန်းကလေးများ၏ လွှမ်းမိုး မှုကို ပိုခံရကြောင်း လေ့လာမှုတစ်ခု အရသိရသည်။
ဆယ်ကျော်သက် မိန်းကလေးများ၏ မိမိခန္ဓာကိုယ်အချိုးအစားဘ၀ကို ကျေနပ်အားရမှုနှင့် အစာစားသုံးမှု မမှန်သည့်ပြဿနာများသည် မီဒီယာများ၏ သက်ရောက်မှုရှိကြောင်း နှစ်ပေါင်းများစွာ ဆွေးနွေး ငြင်းခုန်လာခဲ့ကြသည်။

ပြင်သစ်သံရုံးနှင့် ပြင်သစ် ယဉ်ကျေးမှုဌာနတို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် (၅) ကြိမ်မြောက် ရန်ကုန်ညဓာတ်ပုံပွဲတော် ဖေဖော်ဝါရီလ (၁၆) ရက်မှ ဖေဖော်ဝါရီ ၂၂ရက်နေ့အထိပြုလုပ်သွားမည်

ပြင်သစ်သံရုံးနှင့် ပြင်သစ် ယဉ်ကျေးမှုဌာနတို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် (၅) ကြိမ်မြောက် ရန်ကုန်ညဓာတ်ပုံပွဲတော်ကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ညနေ ၆း၃၀ အချိန်က ပြည်လမ်းရှိ ပြင်သစ် ယဉ်ကျေးမှုဌာနတွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အခန်းအနားသို့ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည့်ရှု ခဲ့သည်။ ဓာတ်ပုံပွဲတော်အား ပြင်သစ် ယဉ်ကျေးမှုဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ဓာတ်ပုံပညာရှင်များအား နိုင်ငံတကာ အဆင့်အတန်းမှီ ဓာတ်ပုံပညာရပ်များ ပို့ချရန်ရည်ရွယ်ပြီးလွတ်လပ်ခြင်း၊ သာတူညီမျှရှိခြင်း၊ ညီရင်းအကိုကဲ့သို့ ခင်တွယ်ခြင်း ခေါင်းစဉ်များဖြင့် ပြုလုပ်မည်ဟု ပြင်သစ်ယဉ်ကျေးမှုဌာန၊ ဒါရိုက်တာမှပြောခဲ့သည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြင်သစ်သံရုံးနှင့် ပြင်သစ် ယဉ်ကျေးမှုဌာနတို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် (၅) ကြိမ်မြောက် ရန်ကုန်ညဓာတ်ပုံပွဲတော်ကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ညနေ ၆း၃၀ အချိန်က ပြည်လမ်းရှိ ပြင်သစ် ယဉ်ကျေးမှုဌာနတွင် ပြုလုပ်ခဲ့ကြသည်။

အချစ်ဇာတ်လမ်းလေးတစ်ပုဒ် . .

အချစ်ဇာတ်လမ်းလေးတစ်ပုဒ် . .

ကောင်လေးက သူ့ကောင်မလေးကို စိန်ခေါ်တယ်...သူ့ကို တစ်ရက်လုံး မဆက်သွယ်ပဲနေနိုင်ရင် တသက်လုံးချစ်ပြမယ် ~ သူ့ကိုဖုန်းမခေါ် Message လဲမပို့ရဘူးဆိုပြီး ပြောတယ်... ကောင်မလေးကလည်း စိန်လိုက်.. ပေါ့. . ဆိုပြီးတစ်နေကုန် မဆက်သွယ်ပဲနေတယ်. . ဒါပေမဲ့ သူမ မသိလိုက်တာက ... သူ့ကောင်လေးဟာ ၂၄နာရီပဲ အသက်ရှင်ရတော့မယ့် သူဆိုတာကိုပဲ ~~~ နောက်တစ်ရက် သူ့ကောင်လေးက မဆက်သွယ် မဆက...်သွယ် နဲ့ . .စိတ်ပူဒေါသထွက်စွာနဲ့ပဲ ညနေပိုင်းမှာ ကောင်လေးအိမ်ကို ရောက်သွားတော့ . .သူ့အလောင်းဘေးနားမှာ စာလေးတစ်စောင် ရှိနေလေရဲ့ ... "သဲ .. ကိုယ့်ကိုမဆက်သွယ်ပဲ သဲ နေနိုင်တယ်ဟုတ်? တော်လိုက်တဲ့ ငါ့ချစ်သဲ. . အဲ့လိုပဲ နေ့တိုင်းနေနိုင်ပါစေကွာ ".. တဲ့

By: Nang YinNu

အေးချမ်းမွန်မှ  Myanmar News Update တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ကောင်လေးက သူ့ကောင်မလေးကို စိန်ခေါ်တယ်...သူ့ကို တစ်ရက်လုံး မဆက်သွယ်ပဲနေနိုင်ရင် တသက်လုံးချစ်ပြမယ် ~ သူ့ကိုဖုန်းမခေါ် Message လဲမပို့ရဘူးဆိုပြီး ပြောတယ်... ကောင်မလေးကလည်း စိန်လိုက်.. ပေါ့. . ဆိုပြီးတစ်နေကုန် မဆက်သွယ်ပဲနေတယ်. . ဒါပေမဲ့ သူမ မသိလိုက်တာက ...

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြင်ဆင်ရန် လွှတ်တော်သို့ ကုလသံတမန်တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တာနား၏ ရခိုင်အရေးပြောဆိုချက်

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြင်ဆင်ရန် လွှတ်တော်သို့ ကုလသံတမန်တိုက်တွန်း

သာလွန်ဇောင်းထက်
ဧရာဝတီ
16.2.2013

မြန်မာနိုင်ငံတွင် နေထိုင်သည့် နိုင်ငံသားတိုင်းလူ့အခွင့်အရေးတန်းတူညီမှုရှိရေး၊ ခွဲခြားမှုမရှိစေရေးအတွက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရန်လည်း လွှတ်တော်သို့တိုက်တွန်းပါကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တာနားက ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့သော ကင်တာနားက ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော လူမျိုးစုပဋိပက္ခများကြောင့် မလုံခြုံမှုများ၊ စိုးရိမ်မှုများ၊ လူ့အဖွဲ့အစည်းနှစ်ခုအကြား သံသယများဖြစ်ထွန်း နေဆဲကြောင်း၊ ပဋိပက္ခများကြောင့် လူဦးရေ ၁၂၀၀၀၀ နီးပါး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး ယင်းဒုက္ခသည်များအတွက် အစားအစား၊ အမိုးအကာ၊ သန့်ရှင်းသော ရေရရှိရေးအတွက် ဆောင်ရွက်ပေးရန် ယမန်နှစ်သြဂုတ်လလာရောက်သည့်ခရီးစဉ်အတွင်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြောင်း၊ လက်ရှိ မွတ်စလင် ဘာသာဝင်များနေထိုင်သော ဒုက္ခသည်စခန်းများတွင် လုံလေက်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိသည့်အတွက် စိုးရိမ်မိကြောင်း၊ ယခုအခြေအနေတွင် ပြည်တွင်းပြည်ပ ဆေးကုသရေးအဖွဲ့များသည် ရခိုင်ဒေသခံများနှင့် ဗုဒ္ဓဘာသာဝင်များ၏ ခြိမ်းခြောက်မှုများနှင့်အနိုင်ကျင့်မှုများကြောင့် မွတ်စလင်ဒုက္ခသည်စခန်းများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများမပေးနိုင်ကြောင်း၊ ထို့အတွက်ကြောင့် ဒေသခံအာဏာပိုင်များက ယင်းသို့သော ခြိမ်းခြောက်မှုများ ဖယ်ရှားပေးရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်စခန်းများတွင်နေထိုင်သောသူများအတွက် လွတ်လပ်စွာသွားလာ ခွင့်ပြု သင့်ကြောင်း၊ မြေပုံမြို့နယ် တောင်ပေါ်စခန်းသည် ထောင်တခုကဲ့သို့ဖြစ်နေပြီး ဒေသခံလူများကို ကုန်သွယ် ခွင့်၊ ငါးဖမ်းခွင့်အပါအ၀င် စီးပွားရေးလုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမားရေးစောင့်ရှောက်မှုရပိုင်ခွင့် များကို ခွင့်ပြုသင့်သည်ဟု ၎င်းက တိုက်တွန်းသည်။

လူမျိုးစုနှစ်စုအကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုရရှိစေရန် ဒေသခံအာဏာပိုင်များလုံလောက်သော လုပ်ဆောင်မှုများမရှိသေးဘဲ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများရှိနေသမျှ ကာလပတ်လုံး နှစ်ဦးနှစ်ဘက်အပြန်အလှန် ယုံကြည်လေးစားမှုများပျောက်ဆုံးနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိရန်အတွက်လည်း ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ရေးဥပဒေကို ပြင်ဆင် ရန်လည်း လွှတ်တော်ကို တိုက်တွန်းပြီး ရိုဟင်ဂျာများကိုလည်း အခြားနိုင်ငံသားများနည်းတူ တန်းတူညီမျှသော အခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ပြုသင့်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများနှင့်ဆက်စပ်ပြီး စစ်တွေထောင်တွင်အကျဉ်းကျခံနေရသော ဒေါက်တာထွန်းအောင်နှင့်လည်းတွေ့ဆုံခဲ့ပြီး ဒေါက်တာထွန်းအောင်သည် အမြန်ဆုံးချက်ချင်းလွှတ်ပေးရ မည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ကြောင်း၊ ပြန်လည်လွတ်မြောက်လာပါက ဒေါက်တာထွန်းအောင်သည် လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည် ဆက်သွယ်ပေးမည့် တံတားတခုသွယ်ဖြစ်လာနိုင်ကြောင်း ကင်တာနားက ဆိုသည်။

(ဓါတ်ပုံ - မြတ်သူရ)

မြန်မာနိုင်ငံတွင် နေထိုင်သည့် နိုင်ငံသားတိုင်းလူ့အခွင့်အရေးတန်းတူညီမှုရှိရေး၊ ခွဲခြားမှုမရှိစေရေးအတွက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရန်လည်း လွှတ်တော်သို့တိုက်တွန်းပါကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာ
ကင်တာနားက ပြောဆိုလိုက်သည်။

ဂျောဒန်နိုင်ငံရောက် မြန်မာအလုပ်သမားတွေ ဆန္ဒပြပြီ

ဂျောဒန်နိုင်ငံ အမ္မန်မြို့မှာ ရှိနေတဲ့ စီအန်ဂျေ အထည်ချုပ် စက်ရုံက မြန်မာအလုပ်သမား လုပ်ခလစားတိုးဖို့နဲ့ အလုပ်ခွင့်မှာ ယဉ်ကျေးမှုအရ တစ်ဦးနဲ့တစ်ဦးကောင်းမွန်စွာ ဆက်ဆံဖို့ကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ကတည်း
က တောင်းဆို ဆန္ဒပြ သပိတ်မှောက်နေကြပါတယ်။ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က စီအန်ဂျေစက်ရုံက
 မြန်မာအလုပ်သမားတွေ ကြွေးတဲ့ နေလည်စာကြောင့် ဗိုက်နာ ၀မ်းလျှော် ဖြစ်ခဲ့တဲ့အတွက် တာဝန်ရှိသူတွေ
ကို တင်ပြရမှာ တာဝန်ရှိသူတွေက ရိုင်းပြစွာဆက်ဆံတဲ့အတွက် ပြသနာစဖြစ်ရတာပါလို့ စီအန်ဂျေ စက်ရုံက
 မြန်မာ အလုပ်သမ တစ်ဦးက ပြောပါတယ်။

အရေပြားကင်ဆာဖြစ်ပွားမှုနှင့်ဆက် စပ်နေသော တက်တူးထိုးခြင်း

အရေပြားကင်ဆာဖြစ်ပွားမှုနှင့်ဆက်စပ်နေသော တက်တူးထိုးခြင်း

လူငယ်များအကြားတွင် ခေတ်စားနေသောတက်တူးထိုးခြင်းသည် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ တက်တူးထိုးရာတွင် အသုံးပြုသောဆေးရည် သည် အရေပြားကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများပါဝင်နေသည်ဟု သိရသည်။ အထူးသဖြင့်အပြာရောင် ခြယ်တက်တူးမင်သည် တက်တူးထိုးသူများနှင့် ထိုးနှံပေးသောသူများ အကြိုက် အရောင်တစ်မျိုးဖြစ်ပြီးကို ဘော့သတ္ထု နှင့်အလူမီနီယမ်များ ပါဝင်နေသည်။
နယူးဒေလီမြို့ BLK ဆေးရုံ၊ အရေပြားအထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာအ ပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှတစ်ဆင့် ကူးစက်သော ရောဂါများရရှိနိုင်ချေများကြောင်း၊ သွေးမှတစ်ဆင့်ကူးစက်တတ်သော HIV၊ အသည်းရောင်အသားဝါ B,Cနှင့် အရေပြားကင်ဆာရောဂါ အချို့ ကို ရရှိနိုင်ကြောင်း၊ အရေပြားကင်ဆာများတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ပါဝင်ကြောင်း၊ တက်တူးထိုးသူတိုင်း အဆိုပါရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူးမင်အမျိုးအစား၊ တက်တူးထိုးသောကိရိယာ၊ လုပ်ငန်းစဉ်များ၏ ပိုးသတ်ထားမှုရှိမရှိက အဓိကကျ ကြောင်းကိုရှင်းပြထားသည်။
“တက်တူးထိုးတဲ့မင်မှာ တစ်ခါတလေ အာဆင်းနစ်တွေ ထည့်သွင်းထားတတ်ပါတယ်။ ထိုးနှံသူကတော့ မသိတဲ့အတွက် အရေပြားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများနေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့နေရာတွေနားမှာ လည်းတက်တူးမထိုးသင့်ပါဘူး တကယ်လို့တက်တူးထိုးထားတဲ့နေရာ အနီးတ၀ိုက်မှာပုံမှန်မဟုတ်ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အနားသတ်ပုံစံတွေကို သေချာ စစ်ဆေးဖို့လိုပါတယ်။ တကယ်လို့သေချာမကြည့်ဘဲ ပေါ့ပေါ့ဆဆပဲထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြားအရေပြားကင်ဆာတွေကို အချိန်လွန်မှ သိတာမျိုးဖြစ်သွားနိုင်ပါတယ်”ဟု ကင်ဆာရောဂါအထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။
ထို့ပြင်တက်တူးဖျက်ခြင်းတွင်လည်း ဆိုးကျိုးများရှိနေကြောင်း၊ အရေပြားအရောင်ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation)များရလာနိုင်ကြောင်းသိရသည်။ ကျွမ်းကျင်သော တက်တူးထိုးပေးသူများထံသာ သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ်မင်ကိုသာ အသုံးပြုကြကြောင်း၊ ဈေးပေါပေါသုံးထားသောတက်တူးများတွင် အာဆင်းနစ်၊ ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြားကင်ဆာဖြစ်စေနိုင် သည့်ဓာတ်များပါဝင်နေကြောင်းကို ယခုလေ့လာမှုတွင် ဖော်ပြထားသည်။

သန့်စင်
Ref: IANS
Health Updates Journal
Vol-2,No-7

အေးချမ်းမွန်မှ Health Updates Journal တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

လူငယ်များအကြားတွင် ခေတ်စားနေသောတက်တူးထိုးခြင်းသည် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ တက်တူးထိုးရာတွင် အသုံးပြုသောဆေးရည် သည် အရေပြားကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများပါဝင်နေသည်ဟု သိရသည်။ အထူးသဖြင့်အပြာရောင် ခြယ်တက်တူးမင်သည် တက်တူးထိုးသူများနှင့် ထိုးနှံပေးသောသူများ အကြိုက် အရောင်တစ်မျိုးဖြစ်ပြီးကို ဘော့သတ္ထု နှင့်အလူမီနီယမ်များ ပါဝင်နေသည်။

ပြင်သစ်နိုင်ငံ အကျော်အမော် ဘောလုံးသမား အွန်နရီ က အလ်ဂျဇီးရဟ် ရုပ်သံဖြင့် အင်တာဗျူးစဉ် သူအစ္စလာမ့် အေးရိပ်ခိုဝင်ခဲ့ပုံ ရင်ဖွင့် ပြောကြား

ပြင်သစ်နိုင်ငံမှာ အကျော်အမော် ဘောလုံးသမား  အွန်နရီ က အလ်ဂျဇီးရဟ် ရုပ်သံဖြင့် အင်တာဗျူးစဉ် သူအစ္စလာမ့် အေးရိပ်ခိုဝင်ခဲ့ပုံကို ဤသို့ ရင်ဖွင့် ပြောကြားခဲ့သည်။ “ပြောရမယ်ဆိုရင်တော့ဗျာ.. ကျွန်တော်ကစားဖေါ်တွေဖြစ်တဲ့ Abiden နဲ့ Ribery တို့ကနေ အစ္စလာမ် အပေါ် စိတ်ညွတ်ခဲ့တာဗျ..  သူတို့နဲ့ ကျွန်တော်စကားပြောရင်းနဲ့ အစ္စလာမ့်နဲ့ ပိုနီးကပ်လာခဲ့တာကို ခံစားမိခဲ့ ပါတယ်..  နောက်တော့ ဒီသာသနာကို နှလုံးသား ကနေ လက်ခံယုံကြည်မိခဲ့၇တယ် ..  အခုချိန်မှာတော့ အစ္စလာမ်က ကျွန်တော် မရှိမဖြစ် ဖြစ်နေပြီဗျာ ဟု ရင်ဖွင့်ပါသည်။

သူဆက်ပြီး “ တစ်ခြားဘာသာဝင်တွေ ကိုတစ်ခု မေတ္တာရပ်ခံလိုပါတယ်။ တကယ်လို့သူတို့ အစ္စလာမ်ကိုစိတ်ဝင်စားတယ် ဆိုရင် ဒီကမ္ဘာတစ်ခုလုံးကို လေ့လာ ကြည့်လိုက်ပါ ဘေးဘီကို လေ့လာလိုက်ပါ .. ဒါဆို အစ္စလာမ်ကို နားလည်လာမှာပါ ဟု အကြံပြုခဲ့ သည်။

အွန်နရီကဆက်ပြီး ပြောကြား ရာမှာ “ကျမ်းမြတ်ကုရ်အာန်ထဲမှာ အားလုံးရှိနေပါတယ် ဒီကျမ်းက ကမ္ဘာကြီးနဲ့ ဆက်သွယ် ပေးထား တယ်လေ ဘယ်ကိုပဲဖြစ်ဖြစ် လေ့လာကြည့်လိုက်မယ်ဆို၇င် အလ္လဟ်အရှင်မြတ်ကပဲ ဖန်ဆင်းထားတာကို သိမြင်လာပါမယ် ဟုဆိုပါသည်။ ၂၀၀၆ခုနှစ်တွင် အွန်နရီက ပြိုင်ဘက်အသင်းအား  ဂိုးသွင်းပြီး အလ္လဟ်အရှင်မြတ်ကို ကျေးဇုးတော်အား သိမြင်သည့်အနေဖြင့် စဂ်ျဒဟ်ဦးချ ပြခဲ့ကာ သူ အစ္စလာမ့်အေးရိပ်ခိုဝင်ခဲ့ကြောင်းပရိသတ်အား အသိပေးခဲ့ သည်။

ဥရောပတစ်ဝှမ်း တွင် မွတ်စလင် အမျိုးသမီများ ဟီဂျာဘ်ဝတ်ဆင်ခြင်းအား ကန်ကွက်ခဲ့ သည့်အပေါ်  အွန်နရီက ဆန့်ကျင်ခဲ့သေးသည်။  လွန်ခဲ့သော ဆောင်းရာသီ၌ အွန်နရီမှာ စပိန်ကလပ် ဘာဆီလိုနာကနေ အမေရိကန်ကလပ်  New York Red Bulls.” သို့ပြောင်းရွေ့ခဲ့စဉ်ကဖြစ်သည်။

www.abna.ir

ပြင်သစ်နိုင်ငံမှာ အကျော်အမော် ဘောလုံးသမား အွန်နရီ က အလ်ဂျဇီးရဟ် ရုပ်သံဖြင့် အင်တာဗျူးစဉ် သူအစ္စလာမ့် အေးရိပ်ခိုဝင်ခဲ့ပုံကို ဤသို့ ရင်ဖွင့် ပြောကြားခဲ့သည်။ “ပြောရမယ်ဆိုရင်တော့ဗျာ.. ကျွန်တော်ကစားဖေါ်တွေဖြစ်တဲ့ Abiden နဲ့ Ribery တို့ကနေ အစ္စလာမ် အပေါ် စိတ်ညွတ်ခဲ့တာဗျ.. သူတို့နဲ့ ကျွန်တော်စကားပြောရင်းနဲ့ အစ္စလာမ့်နဲ့ ပိုနီးကပ်လာခဲ့တာကို ခံစားမိခဲ့ ပါတယ်.. နောက်တော့ ဒီသာသနာကို နှလုံးသား ကနေ လက်ခံယုံကြည်မိခဲ့၇တယ် .. အခုချိန်မှာတော့ အစ္စလာမ်က ကျွန်တော် မရှိမဖြစ် ဖြစ်နေပြီဗျာ ဟု ရင်ဖွင့်ပါသည်။

မဒီနာမြို့ တမန်တော်မြတ်ရဲ့ဗလီနားတွင်ရှိသည့် ဂျန္နတွလ်ဗကီးအ် ( ဗကီးအ်ဥယျာဉ်တော် ) အမြင့်မြတ်ဆုံးသင်္ချိုင်းတော်

ဂျန္နတွလ်ဗကီးအ်
( ဗကီးအ်ဥယျာဉ်တော် )မဒီနာမြို့ တမန်တော်မြတ်ရဲ့ဗလီနားတွင်ရှိသည့်
အမြင့်မြတ်ဆုံးသင်္ချိုင်းတော် ..
ဤသင်္ချိုင်းတော်တွင်တမန်တော်ရဲ့ဆွဟာဘဟ်များ ရှဟီဒီများ နှင့်အနယ်အနယ်အရပ်ရပ်
မှလာရောက်ဟဂ်ျပြုရင်းကွယ်လွန်ခဲ့သောဟာဂျီများကိုမြှုပ်နှံထားရာ
လွန်ခဲ့သောနှစ်ပေါင်း 1420 ကျော်မှယနေ့ တိုင်တည်ရှိနေသာသူမွန်သူုမြတ်များလဲလျောင်း
အိပ်စက်ရာဥယျာဉ်တော် .........
share from : Faizbillaal Naywintun

ပုံတွင်မြင်တွေ့နေရသည်မှာဂျန္နတွလ်ဗကီးအ် ( ဗကီးအ်ဥယျာဉ်တော် )မဒီနာမြို့ တမန်တော်မြတ်ရဲ့ဗလီနား
တွင်ရှိသည့်အမြင့်မြတ်ဆုံးသင်္ချိုင်းတော်ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား



Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

အဆင့်မြင့် ဆိုက်ဘာတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာကြောင်း Facebook ထုတ်ပြန်

မကြာသေးခင် ရက်သတ္တပတ်များအတွင်း Facebook ၀န်ထမ်းများ၏ လက်တော့များကို ဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့ကြကြောင်း Facebook က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ကမ္ဘာ့နံပတ်တစ် လူမှုကွန်ရက် ၀က်ဘ်ဆိုက်ကုမ္ပဏီသည် အဆင့်မြင့်ဆိုက်ဘာ တိုက်ခိုက်မှုများ၏ ဓားစာခံ ဖြစ်လာခဲ့သည်။

DA14 ဂြိုဟ်ငယ် ကမ္ဘာနားဖြတ်သွား

 Chebarkul ရေကန်မှ ရေခဲပြင်ပေါ် ဥက္ကာပျံအပိုင်းအစ ကြွေကျခဲ့ပြီး စက်ဝိုင်းသဏ္ဍန် အပေါက် ဖြစ်သွားခဲ့ပုံ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃။)
2012 DA 14 လို့ခေါ်တဲ့ ဂြိုဟ်ငယ်တခုဟာ သောကြာနေ့တုန်းက ကမ္ဘာနားကနေ ဖြတ်ပြီး ပျံသန်းသွားခဲ့ပါတယ်။ အလျား ၄၅ မီတာရှည်တဲ့ အဲဒီ ဂြိုဟ်ငယ်ဟာ  ကမ္ဘာ မြေနား  ၁၆,၇၇၇ မိုင် အကွာ အထိကပ်ပြီး ပျံသန်းသွားတာဖြစ်ပြီး ဒါဟာ ကမ္ဘာမြေကလွှတ်တင်ထားတဲ့ တချို့ ဂြိုဟ်တုတွေထက်တောင်မှ ပိုပြီးတော့ နီးကပ်တယ်လို့ အမေရိကန် အာကာသ အေဂျင်စီ NASA က ပြောပါတယ်။

“တရှက်က နှစ်ရှက်”

မစပ်စုတို့ ရွှေနိုင်ငံကြီးမှာ တိုးတက်မှုတွေ ပြောင်းလဲမှုတွေ ထဲမှာ လူငယ် လူလတ် အမျိုးသမီး အမျိုးသားတွေရဲ့ ပွင့်လင်း မြင်သာတဲ့ ပုံရိပ်တွေကို ရည်ရွယ်ချက်ရှိရှိ ခိုးဝှက်ရိုက်ကူးလို့ facebook တွေ၊ ဘလော့ဂ်တွေထက် ဖော်ပြလာကြတာ တွေလည်း ပါမယ်ထင်ပါတယ်။

Facebook မှ သင့်ကိုပြောပြမည်မဟုတ်သော အချက် (၁၃) ချက်



၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသိရှိသလဲသိလိုလျှင်
- Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy of your Facebook data” အား Click လုပ်ပါ။

၂ ။ သင်သည် default setting အား “Public” လုပ်ထားသည်။ သို့သော် သင်၏ update အချက် အလက်များနှင့် ပုဂ္ဂလိကသတင်းအချက်အလက်များအား တကမ္ဘာလုံးသို့ မဖြန့်ဝေလိုပါက “Privacy Setting “ သို့သွားရောက်၍ ပြောင်းလဲမှုများပြုလုပ်ရမည်။

ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလူမှုဆက်ဆံရေးကွန်ယက် Facebook အဟက်ခံရ သို့သော် user များ၏အချက်အလက်ပါမသွားခဲ့


ဆန်ဖရန်စစ္စကို ဖေဖော်ဝါရီ ၁၆

ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလူမှုဆက်ဆံရေးကွန်ယက်ဖြစ်သည့် ဖေ့ဘွစ်အား ဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း user များ၏ သတင်းအချက်အလက်များရယူသွားနိုင်ခြင်းမရှိခဲ့ဟု ဖေ့ဘွစ်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

ရဲအရာရှိ တစ်ဦးကို ပုဆိန်ဖြင့် ခုတ်သတ်

ကော့သောင်း မြို့လယ်ကောင် ပိတောက်ရွှေဝါ ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းတွင် ရဲအရာရှိ တစ်ဦးကို အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ဒေါက်တာဆိတ်ဖွားအရေး စိုးရိမ်သည်ဟု ကုလကိုယ်စားလှယ်ပြော

"ဥပဒေအထက်တွင် လွှတ်တော်ရှိသလား" ဆောင်းပါးဖြင့် လွှတ်တော်ကို ဝေဖန်ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်ရန် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှုအပေါ် စိုးရိမ်မိသည်ဟု မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တနားက ပြောဆိုလိုက်သည်။