Pages

Friday, February 15, 2013

သမိုင်းဝင်မန်းစက်တော်ခြေတော်ရာ ဖွင့်ပွဲကိုယနေ့မနက် ၈နာရီက မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်တွင်ကျင်းပပြုလုပ်

မန်းစက်တော်ရာဖွင့်ပွဲ
ACM Re-post 15 Feb 2013

သမိုင်းဝင်မန်းစက်တော်ခြေတော်ရာဖွင့်ပွဲကို
ဖေဖ၀ါရီလ(၁၅)ရက်နေ့နံနက်ပိုင်း (၈)နာရီတွင်မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ် မန်းချောင်းနဘေးတွင်
ဒေဝါဝင်း၊ရာဇာဇာဝင်း၊ပန်းစေတီ၊ခြေတော်ရာပုံတူတို့ဖြင့် လှည့်လည်ပြီး
မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊မကွေးတိုင်းသံဃာ့နာယကဥက္ကဌမကွေးအောင်မြေရတနာကျောင်းဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဏိစ္စ၊နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအံ့ဇော်တင်တို့မှဖဲဘကိုါ်ဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး
ဆရာတ်ာသံဃာတ်ာများထံမှပရိတ်တရားနာယူပြီး
နံနက်(၉)နာရီတွင်အောက်ခြေတော်ရာကိုဖွင့်လှစ်ပေးခဲ့သည်။
ထိုနေ့ကိုအနယ်နယ်အရပ်ရပ်မှဘုရားဖူးများ များစွာလာနိုင်စေရေးအတွက်စီစဉ်ဆောင်ရွက်ထားရှိခဲကသော်လည်း
ယခင်နှစ်မျာူထက်လာရောက်သူနည်းပါးခဲ့သည်ဟုသိရသည်။


အေးချမ်းမွန်မှ   The Street View တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

သမိုင်းဝင်မန်းစက်တော်ခြေတော်ရာဖွင့်ပွဲကိုဖေဖ၀ါရီလ(၁၅)ရက်နေ့နံနက်ပိုင်း (၈)နာရီတွင်မကွေးတိုင်း
ဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ် မန်းချောင်းနဘေးတွင်ဒေဝါဝင်း၊ရာဇာဇာဝင်း၊ပန်းစေတီ၊ခြေတော်ရာပုံ
တူတို့ဖြင့် လှည့်လည်ပြီးမင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊မကွေးတိုင်းသံဃာ့နာယကဥက္ကဌ

နိုင်ငံကျော် ပြည်သူချစ် တေးသံရှင်မာမာအေး၏ဂီတဖျော်ဖြေ ပွဲကြီးကို ယနေ့ည၁၀နာရီခွဲတွင် အွန်လိုင်းမှ ထုတ်လွင့်တင်ဆက်မည်

Forever Blossom Co.,Ltd မှ ကြီးမှူးကျင်းပတဲ့ နိုင်ငံကျော် ပြည်သူချစ် တေးသံရှင် မာမာအေး၏ ဂီတဖျော်ဖြေပွဲကြီးကို ကြည့်ရှုလိုသူ မိဘပြည်သူများအနေဖြင့်  ဂီတဖျော်ဖြေပွဲကြီးကို ည ၁၀ နာရီခွဲတွင် http://www.mrtv4.tv/ လင့်တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Forever Blossom Co.,Ltd မှ ကြီးမှူးကျင်းပတဲ့နိုင်ငံကျော် ပြည်သူချစ် တေးသံရှင်မာမာအေး၏ဂီတဖျော်ဖြေ
ပွဲကြီးကို ကြည့်ရှုလိုသူမိဘပြည်သူများအနေဖြင့်ဂီတဖျော်ဖြေပွဲကြီးကိုည၁၀နာရီခွဲတွင်http://www.mrtv4.tv/ 
 လင့်တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်


သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင်ဥက္ကာခဲ့များမီးလောင်
ပါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှဥက္ကာခဲများ မီးလောင်ပေါက်ကွဲ
ကာ ကျဆင်းလာမှုကြောင့်

ယနေ့ နေ့လည် ၂ နာရီ ၃၀ မီနစ် ဝန်းကျင်ခန့်က လမ်းဘေးဈေးသည်အချို့နှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခဖြစ်ပွား


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။

ယနေ့ နေ့လည် ၂ နာရီ ၃၀ မီနစ် ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့တော် ခန်းမရှေ့၌ လမ်းဘေးဈေးသည်အချို့နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းအချို့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။

"(၅)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကျင်းပမည်"

"(၅)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကျင်းပမည်"
 ပြင်သစ်သံရုံး နှင့်ပြင်သစ်ယဉ်ကျေးမှုဌာန တို့မှပူးပေါင်းစီစဉ်ကျင်းပသည့် (၅)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော် ကိုဖေဖော်ဝါရီလ (၁၆) ရက်နေ့ ညနေ ၅ နာရီတွင်ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းဓာတ်ပုံပွဲတော်အားပြင်သစ်ယဉ်ကျေးမှုဌာနအနေဖြင့်မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိဓာတ်ပုံပညာရှင်များအားနိုင်ငံတကာအဆင့်အတန်းမှီဓာတ်ပုံပညာရပ်များပို့ချရန်ရည်ရွယ်ပြီးလွတ်လပ်ခြင်း၊သာတူညီမျှရှိခြင်း၊ညီရင်းအကိုကဲ.သို.ခင်တွယ်ခြင်းခေါင်းစဉ်များဖြင့် ပြုလုပ်မည်ဟုပြင်သစ်ယဉ်ကျေးမှု ဌာန၊တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
အဆိုပါ အခန်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဖြစ်ပြီး
ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီလ  ၂၂ ရက်နေ့အထိ  ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။သူရထွန်း

ပြင်သစ်သံရုံး နှင့်ပြင်သစ်ယဉ်ကျေးမှုဌာန တို့မှပူးပေါင်းစီစဉ်ကျင်းပသည့် (၅)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲ
တာ် ကိုဖေဖော်ဝါရီလ (၁၆) ရက်နေ့ ညနေ ၅ နာရီတွင်ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန ၌ ပြုလုပ်သွား
မည်ဖြစ်ကြောင်းသိရသည်။

ယနေ့ ညနေ ၃နာရီကျော်ခန့်က ညောင်ပင်လေးဈေးအပေါ်ထပ် (၈)လွှာမှာ Aircon တပ်နေရင်းနဲ့အမျိုးသားတစ်ဦး ပြုတ်ကျပြီး ပွဲချင်းပြီးသေဆုံး

ယနေ့ ညနေ ၃နာရီကျော် ညောင်ပင်လေးဈေးအပေါ်ထပ် (၈)လွှာမှာ Aircon
တပ်နေရင်းနဲ့ ပြုတ်ကျပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရတယ်။
ကွယ်လွန်သူမှာ အသက်၃၀၀န်းကျင်ခန့်ရှိပြီး ၂ရပ်ကွက် မရမ်းကုန်းမှာနေထိုင်သူဖြစ်တယ်။ ယာဘက်လက်ကောက်ဝတ်ကျိုး၊၀ဲလက်မောင်းကျိုးပြီးဟာဘက်နားသွေးယိုမှုတွေရှိခဲ့တယ်လို့သိရတယ်။

ယနေ့ ညနေ ၃နာရီကျော် ညောင်ပင်လေးဈေးအပေါ်ထပ် (၈)လွှာမှာ Aircon တပ်နေရင်းနဲ့ ပြုတ်ကျပြီးပွဲချင်းပီးသေဆုံးသွားတယ်လို့သိရတယ်။ ကွယ်လွန်သူမှာ

ထိုင်းပရီးမီးယားလိတ်ရဲ့ ထိပ်သီး ကလပ်ရန်ကုန်မြို့မှာပြုလုပ်တဲ့ ခြေစမ်းပွဲတွေမှာ မြန်မာအသင်းတွေ ဆက်တိုက်ရှုံး

တယ်ရိုဆက်ဆနာကို မြန်မာအသင်းတွေ ဆက်တိုက်ရှုံး
Friday, February 15, 2013

ထိုင်းပရီးမီးယားလိတ်ရဲ့ ထိပ်သီး ကလပ် တယ်ရိုဆက်ဆနာ အသင်းနဲ့ မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်တွေ ရန်ကုန်မြို့မှာ ခြေစမ်းပွဲတွေကစားခဲ့ရာ မြန်မာကလပ်အသင်းတွေ ဆက်တိုက်ရှုံးနိမ့်နေတာတွေ့ရပါတယ်။

တယ်ရိုဆက်ဆနာအသင်းဟာ ဒီလ ၁၂ ရက်နေ့က ရတနာပုံအသင်းနဲ့ ကစားခဲ့ရာမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ယမန်နေ့ ညနေက ကစားခဲ့သည့် ဧရာဝတီ အသင်းနဲ့ပွဲစဉ်မှာလည်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်သုံးသင်းနဲ့ ကစားဖို့ သဘော
တူညီချက်ရထားတဲ့ တယ်ရိုဆက်ဆနာ အသင်းဟာ မနက်ဖြန် 
၁၆ ရက်နေ့မှာ မြန်မာနေရှင်နယ်လိတ်ရဲ့ လက်ရှိချန်ပီယံ ရက်ကုန်ယူနိုက်တက် အသင်းနဲ့ ထပ်မံခြေစမ်းဦးမှာဖြစ်ပြီး ပွဲစဉ်ရလာဒ်ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

လက်ရှိတယ်ရိုဆက်ဆနာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဧရာဝတီနဲ့ ရတနာပုံအသင်းတွေမှာတော့ နှစ်သင်းလုံးရဲ့ အားထားရတဲ့ ကစားသမားတွေအချို့ဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ပို့ဆောင်ထားရတဲ့ အချိန်ဖြစ်နေတဲ့အတွက်လည်း အားနည်းချက်
တွေရှိနေပါတယ်။

ရန်ကုန်မြို့က သုဝဏ္ဏ အားကစားကွင်းကြီးမှာ တယ်ရို ဆက်ဆနာနဲ့ မနက်ဖြန် မနက်ဖြန် ညနေ ၄ နာရီမှာ ယှဉ်ပြိုင် ကစားမယ့် ရန်ကုန်
ယူနိုက်တက်အသင်းမှာလည်း အားထားရတဲ့ ကစားသမား ၇ ဦး ဟာ လက်ရွေးစင်အသင်းကို ပို့ဆောင်ထားရတဲ့ အတွက် လူစုံမှာမဟုတ်ပါဘူး။

ဒါပေမယ့် ထိုင်းကလပ်အသင်းကို အကောင်းဆုံး ဧည့်ခံ ကစားသွားနိုင်
မယ်လို့ ယုံကြည်ကြောင်း ရန်ကုန်ယူနိုက်တက် အသင်း အုပ်ချုပ်သူ ဦးအောင်မြင့်မြတ် က အသင်း ဝဘ်ဆိုက်   မှာပြောဆိုထားတာကို တွေ့ရ ပါတယ်။

“အခု တယ်ရို ဆာဆနာ နဲ့ပွဲမှာ လက်ရွေးစင် တွေမပါလည်း ကျန်တဲ့ ကစားသမား တွေက အကောင်းဆုံး ကစား နိုင်မယ် လို့ ယုံကြည် ပါတယ်” လို့ ဦးအောင်မြင့်မြတ် က ပြောထားပါတယ်။

ကျော်ခ 
ဧရာဝတီ

Friday, February 15, 2013

ထိုင်းပရီးမီးယားလိတ်ရဲ့ ထိပ်သီး ကလပ် တယ်ရိုဆက်ဆနာ အသင်းနဲ့ မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်တွေ ရန်ကုန်မြို့မှာ ခြေစမ်းပွဲတွေကစားခဲ့ရာ မြန်မာကလပ်အသင်းတွေ ဆက်တိုက်ရှုံးနိမ့်နေတာတွေ့ရပါတယ်။

ခိုးကူးခွေဖမ်းတာထက် လူတွေလက်ထဲမှာ ပိုက်ဆံများများရှိဖို့ ပိုအရေးကြီးတယ်လို့ပြောပြတဲ့ ဂျီလတ်

Friday, February 15, 2013

ကော်ပီသီချင်းဆိုရတာနဲ့ owntune ခွေဆိုရတာ ခံစားမှုချင်းကွာပါတယ်။ကော်ပီကတော့ နဂိုကတည်းက တစ်ကမ္ဘာလုံးစံနှုန်းနဲ့ ထုတ်ထားတဲ့အခွေတစ်ခွေဖြစ်တယ်။

အဝေးပြေးကားများနှင့် လက်ဖက်ရည်ဆိုင်များတွင် ဗီဒီယိုဇာတ်ကား ပြသခွင့်ရှိ

အဝေးပြေးကားများနှင့် လက်ဖက်ရည်ဆိုင်များတွင် ဗီဒီယိုဇာတ်ကား ပြသခွင့်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ-၇

မြန်မာဗီဒီယို ဇာတ်ကားများကို အဝေးပြေးယာဉ်များနှင့် လက် ဖက်ရည်ဆိုင်တို့တွင် ပြသခွင့် မပြု ရန် မြန်မာနိုင်ငံဗီဒီယိုအခြေခံ အဖွဲ့(ဗဟို)၏ ထုတ်ပြန်ချက်မှာ တည်ဆဲရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒနှင့် ကွဲလွဲမှုများ ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောသည်။

၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုလုပ်ငန်းဆိုင်ရာ နည်းဥပဒေ (၂၅)(က)(ခ)အရ ဗီဒီယိုဆင်ဆာအဖွဲ့မှ ထုတ်ဝေသော ဆင်ဆာလက်မှတ် ပါရှိလျှင် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပြသနိုင်သည်။ ယင်းဆင်ဆာလက်မှတ် မပါရှိပါက ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)အရ ပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီး အရေးယူခံရနိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။ မော်တော်ယာဉ်လိုင်းများ၊ လက်ဖက်ရည်ဆိုင်များတွင် ပြသသည့်ဇာတ်ကားများမှာ ပုဒ်မ ၂၅ (က)(ခ)နှင့်ညီညွတ်ရန်သာလိုကြောင်း ဦးပိုက်ထွေးက 
ပြောသည်။

“အဝေးပြေးကားတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ပြည်သူလူထုကို ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်အတွက် ငွေကြေးကောက်ခံမှု မပါတဲ့၊ စီးပွားရေးအလို့ငှာ ပြသခြင်းမဟုတ်ဘူးဆိုရင် ပြသနိုင်ပါတယ်။ ဒါပေမဲ့ ပြသတဲ့ ခွေတွေဟာ ဗီဒီယိုဆင်ဆာအဖွဲ့က ထုတ်ပေးထားတဲ့ ဆင်ဆာလက်မှတ်ကပ်ထားတဲ့ အခွေတော့ဖြစ်ဖို့ လိုပါတယ်” ဟု ဒုတိယ၀န်ကြီးဦးပိုက်ထွေးက ပြောသည်။

မြန်မာနိုင်ငံ ဗီဒီယိုအခြေခံအဖွဲ့၏ ယခုထုတ်ပြန်ချက်မှာ မြို့နေလူတန်းစားများအပေါ် သက်ရောက်မှုမရှိသော်လည်း မြို့စွန် ရပ်ကွက်များနှင့် နယ်မြို့များ၊ ကျေးရွာများမှ မြန်မာဗီဒီယို ဇာတ်ကားကြည့်ရှုသည့် အခြေခံ လူတန်းစားများ၊  လက်လုပ်လက်စားများအတွက်မူ ကြီးမားသော အခက်အခဲများ သက်ရောက်နေကြောင်း သိရသည်။  “ဗီဒီယိုရုံ ယဉ်ကျေးမှုနေရာမှာ လက်ဖက်ရည်ဆိုင်မှာ ဗီဒီယိုကြည့်တဲ့ ယဉ်ကျေးမှုက အစားဝင်လာတာ။ အိမ်မှာ တီဗီဝယ်ဖို့ မပြောနဲ့။  နယ်ကလူတွေမှာ တစ်ရက်တစ်ထောင်လောက်ဝင်အောင် အနိုင်နိုင် လုပ်နေရတာ။ ဒါကိုလိုက် ပိတ်ပင်တာ မတရားဘူး” ဟု မင်းဘူးမြို့မှ ဦးသန်းစင်က ပြောသည်။

“ရွာထဲက  ဆိတ်ကျောင်းတဲ့ကလေးတွေ၊ ရွာကလူတွေ ဒါပဲကြည့်စရာရှိတာ။ မကြည့်ရဘူးလို့ အခုလို ခြိမ်းခြောက်ရင် ဘာသွားကြည့်ရမလဲ” ဟု ငဖဲမြို့မှ တောင်သူတစ်ဦးက ပြောသည်။

“လက်ဖက်ရည်ဆိုင်မှာကြည့်တာက လက်ဖက်ရည်ဖိုးနဲ့ ဗီဒီယိုရုံဖိုးနှစ်ခါ မကုန်ချင်လို့။ မိဘတွေက ကျပန်းအလုပ်လုပ်ပြီး အိမ်ပြန်လာ။ ကလေးတွေခေါ်ပြီး လက်ဖက်ရည်ဆိုင်မှာ ဟာသကားလေးကြည့်ပြီး စိတ်အပန်းဖြေကြရတာ” ဟု လှိုင်သာယာမြို့နယ်မှ ဦးကျော်သောင်းက ပြောသည်။

ဗီဒီယို အခြေခံအဖွဲ့(ဗဟို) ၏ ထုတ်ပြန်ချက်အပေါ် ထုတ်လုပ်သူများ၏  မူပိုင်ခွင့်ကို ကာကွယ်နိုင်ရန် အစည်းအရုံးက မူအားဖြင့် သဘောတူကြောင်း၊ အဝေးပြေးယာဉ်လိုင်းများ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ပြသလိုပါက ထုတ်လုပ်သူများထံ လာရောက်ညှိနှိုင်းသင့်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။ “ဥပဒေနဲ့ ကွဲလွဲနေတယ်လို့ဆိုရင် လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေကိုလည်း ပြုပြင်ပေးပါလို့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။ 

“အကြောင်းတစ်ခု ရှိလာပြီဆိုရင် ဒီလိုပိတ်လိုက်မယ်၊ တားလိုက်မယ်ဆိုတဲ့ နည်းလမ်းထက် ဒီလိုမဖြစ်အောင် ဘယ်လိုကြိုတင် စီမံလုပ်ကြမယ်ဆိုတဲ့ အချက်ကအရေးကြီးပါတယ်” ဟု မြန်မာ ဗီဒီယိုဇာတ်ကားများ ပြသမှုကို ကန့်သတ်တားမြစ်ခြင်းနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဦးပိုက်ထွေးကပြောသည်။

ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)

ရန်ကုန်၊ ဖေဖော်ဝါရီ-၇

မြန်မာဗီဒီယို ဇာတ်ကားများကို အဝေးပြေးယာဉ်များနှင့် လက် ဖက်ရည်ဆိုင်တို့တွင် ပြသခွင့် မပြု ရန် မြန်
မာနိုင်ငံဗီဒီယိုအခြေခံ အဖွဲ့(ဗဟို)၏ ထုတ်ပြန်ချက်မှာ တည်ဆဲရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒနှင့် ကွဲလွဲ
မှုများ ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောသည်။

“BB အက္ခရာနှင့် တက္ကစီ အစီးရေ ၁၈၀၀ ထုတ်ပေးပြီး ဟုဆို”

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ရာသက်ပန် အဌားယာဉ်အဖြစ်သာ ပြေးဆွဲခွင့်ရမည့် အင်္ဂလိပ်အက္ခရာ ယာဉ် BB ကားများအား နံပါတ်ထုတ်ပေးမှုမှာ ယနေ့အထိ အစီးရေ ၁၈၀၀ ကျော် ရှိသွားပြီ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ) ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေတူးဖော်ထုတ်လုပ်ငန်းအား သတ်မှတ်စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသောကြောင့် ခွင့်ပြုမိန့်ရုပ်သိမ်း”

ရန်ကုန် ဖေဖော်ဝါရီ ၁၅
ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ)သည်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ထား သည့်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ၇-၂-၂၀၁၃ ရက်နေ့မှ စတင်၍ ရေနံလက်ယက် တွင်းတိမ်များ ရှာဖွေ တူးဖော်ထုတ်လုပ်ခွင့်ပြုမိန့်အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခေါက်ပြီးသိမ်းမည့် တစ်ယောက်စီး ဆိုင်ကယ်

ခေါက်ပြီးသိမ်းမည့် တစ်ယောက်စီး ဆိုင်ကယ် 

တကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစားလာတာ လေးနှစ် မက တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။ 

ဘက်ထရီနဲ့မောင်းမယ့် မော်တာကို သုံးထားပါတယ်။ တစ်နာရီ ၂၈ မိုင် ပျှမ်းမျှတော့ ပြေးပါတယ်။ အားတစ်ခါသွင်းထားပြီးရင် မိုင် ၃၀ ဝန်းကျင်လောက်ထိ မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးရင် နောက်တစ်ခါ အားသွင်းရမှာ ဖြစ်ပါတယ်။ 

ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီးပြကြီးတွေမှာ အလွယ်တကူ သွားလာလို့ ရအောင် ထုတ်ထားပေးတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီး တစ်စီးလိုပါပဲ။ MOVEO စကူတာလို့ အမည်ပေးထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂သောင်းခွဲမှ ၃သောင်းခွဲ ကြား အတွင်း ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: techblog
Aung Kham (TSJ team)
--
http://blog.techspace.com.mm/2013/02/blog-post_15.html
ACM Re-post 15 Feb 2013
အေးချမ်းမွန်မှ TechSpace Journal  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

တကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစားလာတာ လေးနှစ် မက တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။

ယမန်နေ့ညပိုင်းက အလုံသင်္ဘောကျင်းဝန်ထမ်းများ ဆန္ဒထုတ်ဖော်မှု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက လာရောက် ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိ

အလုံသင်္ဘောကျင်း ၀န်ထမ်းအိမ်ရာ (ဧရာဝတီရပ်ကွက်) ကို သာကေတမြို့နယ် သစ်ဆိပ်ကွေ့သို့ ရွှေ့ပြောင်းခိုင်းခြင်းနှင့် စပ်လျဉ်း၍၀န်ထမ်းမိသားစုများ၏ကန့်ကွက်မှုကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက လာရောက်
ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိသွားပြီဟု သတင်းရရှိသည်။

ဝန်ထမ်းမိသားစုများက ကျောင်းစာမေးပွဲများ ပြီးစီးမှသာ ရွှေ့ပြောင်းရန်
ရေ၊ မီး၊ အဆောက်အဦးများ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်စသော အချက် ငါးချက်ကို တောင်းဆိုခဲ့ပြီး တာဝန်ရှိသူများကို လိုက်လျော
ပေးခဲ့ကြောင်း သိရသည်။

"ကျေနပ်ပါတယ်။ ကျောင်းသားရှိသူတွေက စာမေးပွဲပြီးမှပြောင်းရမယ်။ ပြီးတော့ ပြောင်းရွှေ့ကြေး တစ်သိန်းခွဲ၊ ဆန်တစ်အိတ်၊ ဆီ နှစ်ပုံး စာတာတွေ
ထောက်ပံ့ပေးမယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်လို့ ကတိပေးသွားပါတယ်" ဟု အဆိုပါအိမ်ရာမှ ဒေါ်တင်တင်အေးက ပြောသည်။

"ပြေလည်သွားပါပြီ။ သူတို့တောင်းဆိုတာ ငါးချက် ရှိတယ်။ အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်။ ဒါ့အပြင် နေရာသစ်မှာ အခိုက်အတန့်

အဆင်မပြေမှုတွေ ရှိနိုင်တာကြောင့် လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်
ပေးသွားမှာပါ" ဟု ဦးဆောင်ညွှန်ကြားရေးမှူးက ဆိုသည်။

အဆိုပါ ၀န်ထမ်းအိမ်ရာတွင် အခန်းပေါင်း ၁၃၂ ခန်းရှိပြီး သင်္ဘောကျင်း
ဝန်ထမ်းအိမ်ရာ မိသားစုများ နေထိုင်ကြကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal

အလုံသင်္ဘောကျင်းဝန်ထမ်းအိမ်ရာ(ဧရာဝတီရပ်ကွက်)ကိုသာကေတမြို့နယ် သစ်ဆိပ်ကွေ့သို့  ရွှေ့ပြောင်း
ခိုင်းခြင်းနှင့် စပ်လျဉ်း၍၀န်ထမ်းမိသားစုများ၏ကန့်ကွက်မှုကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက လာရောက် ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိသွားပြီဟု သတင်းရရှိသည်။

စက်လှေတိုက်မိရာမှ ပျောက်ဆုံးသွားသော ရဲစခန်းမှူး အလောင်းအား ရှာဖွေတွေ့ရှိ

တရားခံ ဖမ်းဆီးရာမှ ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါ လာသော လှေနှင့် အခြား လှေတစ်စင်း တိုက်မိပြီး (၃) ဦး ဒဏ်ရာ ရကာ ဒုရဲအုပ် စခန်းမှူး တစ်ဦး ပျောက်ဆုံးနေသည့် လှေတိုက်မှု ဖြစ်စဉ် တစ်ခု မြိတ်ခရိုင် တနင်္သာရီ မြို့နယ် သမီးလှ အရှေ့ကျေးရွာ ရှိ မြစ်ထဲတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ည (၇)...နာရီ (၃၀)ခန့် အချိန်တွင် ဖြစ်ပွားခဲ့ရာ ပျောက်ဆုံးနေသည့် တကူ ရဲစခန်းမှူး ဒုရဲအုပ် သောင်းငွေ၏ အလောင်းအား ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက် (၇) နာရီကျော်ခန့်တွင် ဘန်လောကျေးရွာ အုပ်စု ဘန်လင်ကျေးရွာ အရှေ့ ရေလယ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး တနင်္သာရီမြို့ ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကွေးကွေးကောက်ကောက် Laptop Pandora

ကွေးကွေးကောက်ကောက် Laptop Pandora

Pandora Flexible Laptop PC concept လို့ ခေါ်ပါတယ်။ ဒီဇိုင်နာ ကတော့ Jeabyun Yeon ဖြစ်ပါတယ်။ 

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကွေးကောက်လို့ရအောင် အသုံးပြုမယ့် Matel က ဖိုက်ဘာ+ LED ဖြစ်ရပါမယ်။ ဖိုက်ဘာအပျော့ ပိုလီမာ ဆီလီကွန် တည်ဆောက်မှုနဲ့ ကြည်လင်ပျက်သားတဲ့ အမြင့်ကိုပေးမယ့် LED မျက်နှာပြင်ပေါင်းစပ်မှုဆိုတာ ပြီးခဲ့တဲ့ ၂၀၁၃ CES မှာ ကတည်းက ဝင်ရောက် ပြသခဲ့ကြပြီး ဖြစ်ပါတယ်။ အဲ့တုန်းက စမတ်ဖုန်း အနေနဲ့ ဖြစ်လာဖို့ ပြသခြင်း ဖြစ်ပါတယ်။ 

ယခုတော့ လပ်တော့ ဆိုတော့ ဘယ်တော့ ဖြစ်လာမလဲဆိုတာ အာမခံလို့ မရသေးပါဘူး။ အနည်းဆုံး ၁ နှစ်ခွဲလောက်ကတော့ အချိန်ယူပြီး ဖန်တီးရမယ့် Laptop လို့ ဆိုပါတယ်။ သယ်သွားလို့လည်းလွယ်မယ်၊ အကြမ်းလည်းခံမယ်။ ကွေးကောက်ပြီးတော့လည်း သုံးလို့ရမယ်။ ပေါ့မယ်။ ပါးမယ် ဆိုတော့ လူမကြိုက်မှာ စိတ်မပူရပါဘူး။ 

လက်ရှိမှာတော့ Concept သာ ရှိသေးပေမယ့် Pandora ဟာ မကြာမီ နှစ်များ အတွင်း ဖြစ်လာမယ့် laptop PC ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: techgblog
Aung Kham (TSJ team)

--

Pandora Flexible Laptop PC concept လို့ ခေါ်ပါတယ်။ ဒီဇိုင်နာ ကတော့ Jeabyun Yeon ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကွေးကောက်လို့ရအောင် အသုံးပြုမယ့် Matel က ဖိုက်ဘာ+ LED ဖြစ်ရပါမယ်။ ဖိုက်ဘာအပျော့ ပိုလီမာ ဆီလီကွန် တည်ဆောက်မှုနဲ့ ကြည်လင်ပျက်သားတဲ့ အမြင့်ကိုပေးမယ့် LED မျက်နှာပြင်ပေါင်းစပ်မှုဆိုတာ ပြီးခဲ့တဲ့ ၂၀၁၃ CES မှာ ကတည်းက ဝင်ရောက် ပြသခဲ့ကြပြီး ဖြစ်ပါတယ်။

ရုရှားနိုင်ငံကလည်း မြန်မာ့ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် ပြင်ဆင်

ရုရှားနိုင်ငံကလည်း မြန်မာ့ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် ပြင်ဆင်
Friday, February 15, 2013

ရုရှားနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vimpelcom Ltd က မြန်မာဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေကို သုံးသပ်မှုများ
ပြုလုပ်နေသည်ဟု ရုရှားနိုင်ငံ သတင်းဌာန Russia Briefing မှ
ဖော်ပြခဲ့သည်။

၎င်းတို့က မြန်မာ့ဆက်သွယ်ရေးမှ အများပိုင် ကုမ္ပဏီအဖြစ်
ပြောင်းလဲချိန်တွင် ရှယ်ယာအချို့ကို ဝယ်ယူကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် စီစဉ်နေခြင်း
ဖြစ်သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံတော် ဘတ်ဂျက်မှီခို အသုံးပြုခြင်း မရှိတော့သည့် ကော်ပိုရေးရှင်း အဖွဲ့အစည်းအဖြစ် ၂ဝ၁၃ ခုနှစ်မှ
ပြောင်းလဲဆောင်ရွက်ပြီး ဆက်သွယ်ရေး ကော်ပိုရေးရှင်း၏ ကိုယ်ပိုင်ရန်ပုံငွေများ၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေနှင့် အထောက်အပံ့များ၊ နည်းပညာများ ရယူလျက် လုပ်ငန်းဆောင်ရွက်မည်ဟု လွှတ်တော်သို့ တင်သွင်းထားသည့် ဆက်သွယ်ရေး ကဏ္ဍ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ရည်မှန်းချက်များတွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ခန့်ရှိနေပြီး မိုဘိုင်း တယ်လီဖုန်း သုံးစွဲနိုင်သူ ဦးရေမှာ ၅ သန်းခန့်သာ ရှိနေသေးကြောင်း MPT မှ ရရှိသော အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံအတွင်း မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆမှာ အလွန်နည်းပါး နေသေးပြီး ဈေးကွက်အနေအထား အလွန်ကောင်းမွန်မှုကြောင့် ပြည်ပဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ
မြင့်တက်လာနေကြောင်း သိရသည်။

Vimpelcom ကုမ္ပဏီသည် အာရှပစိဖိတ် ဒေသအတွင်း ကမ္ဘောဒီးယား၊ လာအို အပါအဝင် အခြား နိုင်ငံအချို့တွင် ဝန်ဆောင်မှုများ ပေးလျှက်ရှိပြီး ယခု မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပြီးစီးပါက ဆက်သွယ်ရေး ကဏ္ဍအတွက်
ပြည်ပရင်းနှီး မြှုပ်နှံမှုများကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
ACM Re-post 15 Feb 2013
အေးချမ်းမွန်မှ  Yatanarpon Call Center တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

Friday, February 15, 2013

ရုရှားနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vimpelcom Ltd က မြန်မာဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေကို သုံးသပ်မှုများ ပြုလုပ်နေသည်ဟု ရုရှားနိုင်ငံ သတင်းဌာန Russia Briefing မှ ဖော်ပြခဲ့သည်။

BoBo Entertainment မှ ကြီးမှူး၍ ''လူထုပဲ့တင်သံ'' မြန်မာသံစဉ် သံချပ်ပြိုင်ပွဲ ကျင်းပမည်

BoBo Entertainment မှ ကြီးမှူး၍ ''လူထုပဲ့တင်သံ'' မြန်မာသံစဉ် သံချပ်ပြိုင်ပွဲ ကျင်းပမည်
Friday, February 15, 2013

BoBo Entertainment မှ ကြီးမှူး၍ ''လူထုပဲ့တင်သံ'' မြန်မာသံစဉ် သံချပ်ပြိုင်ပွဲကို ၂ဝ၁၃ ခုနှစ်မတ်လ (၉) ရက်နေ့မှ (၁၂) ရက်နေ့အထိ
၎ ရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

''အရင်အချိန်က သံချပ်ပြိုင်ပွဲတွေ ရှိခဲ့ပါတယ်။ ယခုသံချပ်တွေကို ပြန်လည် ခေတ်စားလာစေချင်လို့၊ အရင်က လုပ်ခွင့်မရခဲ့ဘူး အခုမှ လုပ်ခွင့်ရတော့ မြန်မာရိုးရာ ယဉ်ကျေးမှုကို ပြန်လည်ခံစား နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်တာပါ'' ဟု BoBo Entertainment မှ ကိုဘိုဆန်းမှ ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မည်သည့် အသက်အရွယ်မဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး တစ်သင်းလျှင် အနည်းဆုံး (၁၂) ယောက် ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ညနေ (၅) နာရီမှ (၉) နာရီအထိ ကျင်းပမည်
ဖြစ်ပြီး (၁) နာရီစာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - kaungkinphyulay.blogspot.com
Eleven Media Group

Friday, February 15, 2013

BoBo Entertainment မှ ကြီးမှူး၍ ''လူထုပဲ့တင်သံ'' မြန်မာသံစဉ် သံချပ်ပြိုင်ပွဲကို ၂ဝ၁၃ ခုနှစ်မတ်လ (၉) ရက်နေ့မှ (၁၂) ရက်နေ့အထိ၎ ရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် ကရင်မိန်းကလေးရှိရာသို့ အလုပ်သမားဝန်ကြီးဌာနမှ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ သွားရောက်

ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် ကရင်မိန်းကလေးရှိရာသို့
အလုပ်သမားဝန်ကြီးဌာနမှ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ သွားရောက်
===================================
နေပြည်တော် ဖေဖော်ဝါရီ ၁၅

ထိုင်းအလုပ်ရှင် လင်မယား၏ ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးငယ်ကို စောင့်ရှောက်ထားသည့် ကယ်ဆယ်ရေးဂေဟာသို့
မြန်မာအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ ယနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မှ ထွက်ခွါသွားပြီ ဖြစ်သည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ယူဖြေရှင်းဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာနက ညွန်ကြားရေးမှူး ဦးနိုင်ထွန်းနှင့်အဖွဲ့အား စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ဦးနိုင်ထွန်းသည် ဗီယန်ကျင်းသံရုံး၊ ဘန်ကောက်သံရုံးတို့တွင် ကာလရှည်ကြာ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ ထိုင်းဘာသာစကားကို အထူးကျွမ်းကျင်စွာ တတ်မြောက်ထားသူလည်း ဖြစ်ကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အရေးကိစ္စများကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။ ၄င်းအပြင် လက်ရှိကာလတွင် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(၁၁)ဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

ဦးနိုင်ထွန်းဦးဆောင်သော ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် ကာယကံရှင်နှင့် သက်ဆိုင်သူများအား တွေ့ဆုံကာ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်ကို အသေးစိတ်မေးမြန်း စုံစမ်းမည် ဖြစ်သည်။

၎င်းတို့သည် ကရင်မိန်းကလေးငယ်အား အလုပ်သမားဝန်ကြီးဌာန၏ ကနဦး ထောက်ပံ့ကြေး ဘတ်နှစ်သောင်း ပေးအပ်မည် ဖြစ်ပြီး
ဖြစ်စဉ်ဖြစ်ရပ်အား အသေးစိတ်စုံစမ်းမေးမြန်းပြီးနောက် သက်ဆိုင်ရာဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှု ရရှိရေး၊ ထိုက်တန်သည့် နစ်နာကြေး ရရှိရေး၊ ဥပဒေကို ချိုးဖောက်ကျူးလွန်သူများအား ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်ရေး စသည်တို့ကို ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သတင်းရရှိသည်။

မြဝတီ
ACM Re-post 15 Feb 2013
အေးချမ်းမွန်မှ   Myanmar News Update  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

နေပြည်တော် ဖေဖော်ဝါရီ ၁၅

ထိုင်းအလုပ်ရှင် လင်မယား၏ ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးငယ်ကို စောင့်ရှောက်ထားသည့် ကယ်ဆယ်ရေးဂေဟာသို့ မြန်မာအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ ယနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မှ ထွက်ခွါသွားပြီ ဖြစ်သည်။

စက်ချို့ယွင်းကာ မျောပါနေသည့် Carnival Triumph သင်္ဘောကြီး ကမ်းကပ်နိုင်ပြီဖြစ်

စက်ချို့ယွင်းကာ မျောပါနေသည့် Carnival Triumph သင်္ဘောကြီး ကမ်းကပ်နိုင်ပြီဖြစ်
Friday, February 15, 2013

စက်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် (၅)ရက်ကြာမျှ ပင်လယ်ထဲ
မျောပါနေသည့် ခရီးသည်တင် Carnival Triumph ခရုဇ် သင်္ဘောကြီးကို ယခုအခါ အောင်မြင်စွာ ကမ်းကပ်စေနိုင်ခဲ့ပြီ ဖြစ်သည်။ မက္ကစီကို ပင်လယ်ကွေ့ထဲတွင် မျောနေသည့် သင်္ဘောကြီးသည် ကြာသပတေးနေ့က အောင်မြင်စွာ ကမ်းကပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

Carnival Triumph သင်္ဘော ကုမ္ပဏီက ပိုင်ဆိုင်ပြီး ခရီးသည် (၄၀၀၀)ကျော် တင်ဆောင်လာသော သင်္ဘောကြီးသည် Valentine's Day ညနေပိုင်းတွင် အလာဘားမား ဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်ခဲ့သည်။ 

ဆိပ်ကမ်းသို့ အောင်အောင်မြင်မြင် ရောက်ရှိပြီးနောက် သင်္ဘောကြီး၏ ဟွန်းသံကို ကျယ်လောင်စွာ အကြိမ်အတော်များများ တီးခဲ့ကြောင်းလည်း မျက်မြင်များက ဆိုသည်။

Planet Myanmar Network

Friday, February 15, 2013

စက်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် (၅)ရက်ကြာမျှ ပင်လယ်ထဲ မျောပါနေသည့် ခရီးသည်တင် Carnival 
Triumph ခရုဇ် သင်္ဘောကြီးကို ယခုအခါ အောင်မြင်စွာ ကမ်းကပ်စေနိုင်ခဲ့ပြီ ဖြစ်သည်။

၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်

၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်
Friday, February 15, 2013

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ဖွင့်ပွဲရက်တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ လာရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ ပွဲတော်မှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဘုရားဖူးများ ပိုမိုစည်ကားလေ့ရှိပြီး တပေါင်းလပြည့်နေ့တွင် စေတုတ္တရာ၊ ငဖဲ၊ ပဒါန်းမြို့နယ်များအတွင်း
ကျေးရွာများမှ ပေါင်းမိုးလှည်းများဖြင့် ဘုရားဖူးလာရောက်သူများလည်း
ရှေးအစဉ်အလာမပျက် လာရောက်လေ့ရှိကြောင်း သိရသည်။

''ပွဲတော်က မြန်မာနိုင်ငံမှာ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တော့ တဲကျောင်း၊ ဆိုင်ခန်းနှင့် အခြားလုပ်ငန်း လုပ်ကိုင်မှုတွေအတွက်
လေလံချထားပေးမှုနဲ့ ပတ်သက်လို့ နှစ်စဉ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခုနှစ်က ၀ါထပ်တဲ့ နှစ်ဖြစ်ခဲ့တဲ့အတွက် ပွဲတော်ရက်က ပုံမှန်နှစ်တွေထက် နည်းလို့   ဈေးသည်အချို့က အရှုံးပေါ်မှာ စိုးရိမ်နေကြပါတယ်။ ပွဲတော်ရဲ့ အထင်ကရနေရာ အားလုံးနီးပါးကို ကန်ထရိုက် ချပေးထားတာဆိုတော့ ဘုရားဖူးတွေအတွက်လည်း ကုန်ကျစရိတ် ပိုစေတာတွေ ရှိပါတယ်''ဟု 
ရွှေစက်တော်ပွဲတော်တွင်   နှစ်စဉ်လာရောက်လေ့ရှိသော ဈေးသည်တစ်ဦးကပြောကြားခဲ့သည်။

ရွှေစက်တော် ပွဲတော်ဝန်းအတွင်း အထက်စက်တော်ရာသို့ တက်ရောက်ရာ ကားလမ်းမှ အောက်စက်တော်ရာ အနီးသို့ ချိတ်ဆက်မည့်မန်းချောင်းတံတား 
တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစီမံကိန်းနှင့် ပတ်သက်၍လည်း
ဒေသခံများမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

''အမှန်တကယ် ဒေသဖွံ့ဖြိုးဖို့ဆိုရင် ပဒါန်း၊ ငဖဲ လမ်းဘက်က မန်းချောင်းကို ကူးတဲ့နေရာမှာ တံတားကို ဆောက်သင့်ပါတယ်။ အခုတံတား
ဆောက်မယ့်နေရာက ပွဲတော်ဝန်း အလယ်တည့်တည့် ဖြစ်နေတဲ့အတွက် ပွဲတော်ဝန်းအလှကိုလည်း ပျက်စေပါတယ်။ မိုးတွင်းမှာ အောက်စက်တော်ရာ
ဘက် ကူးနိုင်အောင်ဆိုပေမယ့် ဒေသခံတွေအတွက် အမှန်တစ်ကယ် အသုံးဝင်တာက လှေတင်တံတားနေရာမှာ တည်ဆောက်မှ အသုံးဝင်မှာပါ''ဟု စကုမြို့မှ ဦးနေမျိုးကျော်က ပြောကြားခဲ့သည်။
 
ယခုနှစ်တွင် ပဒါန်း-ရွှေစက်တော်လမ်းဆုံအနီး GSM တာဝါတိုင် တည်ဆောက်ပြီးခဲ့သောကြောင့် ရွှေစက်တော်ပွဲတော်ဝန်းအတွင်း GSM တယ်လီဖုန်းများ ပြောဆိုနိုင်ပြီဖြစ်ကြောင်း အဆိုပါလမ်းဆုံမှ ပုသိမ်-မုံရွာကားလမ်းသို့ ဆက်သွယ်သည့် သုံးမိုင်လမ်းကို ပြုပြင်ပြီးစီးခဲ့သော်လည်း ထိုလမ်းအတွက် လမ်းအသုံးပြုခ ကောက်ခံမှုမှာ များလွန်းသည်ဟု ဝေဖန်မှု
များရှိခဲ့ကြောင်း ပွဲတော်အ၀င် လှေတင်တံတား ဖြတ်သန်းခကို ယခုနှစ်တွင် ရွှေစက်တော်ပွဲတော် ဂေါပကအဖွဲ့မှ တိုက်ရိုက်
ကောက်ခံမည်ဖြစ်သော်လည်း ပွဲတော်ဝန်းအတွင်းသို့ ဆိုင်ကယ်
ဝင်ရောက်ခမှာ ယခင်နှစ်က တစ်စီးလျင် ကျပ် ၁၅၀၀ အထိ
ကောက်ခံခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့ကြောင်း သိရပါသည်။

ဓာတ်ပုံ - မန်းရွှေစက်တော် (minbuthar.wordpress.com)
Eleven Media Group
ဓာတ်ပုံ - မန်းရွှေစက်တော် (မင်းဘူးသား)
Friday, February 15, 2013

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့
အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကလေးမြို့သို့ ရောက်ရှိ

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ် ခန့်တွင် လေကြောင်း ခရီးစဉ်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ ရောက်ရှိလာကြောင်း ကလေးမြို့ရှိ The Voice Weelky သတင်းထောက်က သတင်းပေးပို့သည်။ သမ္မတကြီး နှင့်အဖွဲ့သည်-----------------------

ဆူးလေဘုရားအနီး ယာဉ်တိုက်မှုဖြစ် ပွား

ရန်ကုန်မြို့တော် ဆူးလေဘုရား အနီး၊ မဟာဗန္ဒုလ လမ်းနှင့် ၃၁လမ်း ထောင့်တွင် ယနေ့ နံနက် ၁၁နာရီခန့်က ၁၂၄ အနောက်ပိုင်း ခရိုင် ယာဉ်နှင့် အဓိပတိ အပြာယာဉ်တို့ တိုက်မိ။ — ဆူးလေဘုရားအနီး ယာဉ်တိုက်မှုဖြစ် 

အေးချမ်းမွန်မှ  The Voice Weekly  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

ရန်ကုန်မြို့တော် ဆူးလေဘုရား အနီး၊ မဟာဗန္ဒုလ လမ်းနှင့် ၃၁လမ်း ထောင့်တွင် ယနေ့ နံနက် ၁၁နာရီ
ခန့်က ၁၂၄ အနောက်ပိုင်း ခရိုင် ယာဉ်နှင့် အဓိပတိ အပြာယာဉ်တို့ တိုက်မိခဲ့ကြောင်းသတင်းရရှိပါသည်။

လူငယ်အကြိုက်ဒီဇိုင်းအလန်း ၂၀၁၃ မော်ဒယ် Lamborghini ပြိုင်ကား

လူငယ်အကြိုက်ဒီဇိုင်းအလန်း ၂၀၁၃ မော်ဒယ် Lamborghini ပြိုင်ကား

၂၀၁၃ မော်ဒယ်(လ်) Lamborghini Aventador LP 700-4 အမျိုးစားဖြစ် ပါတယ်။

မြင်းကောင်ရေ ၇၀၀ အားရှိပြီးဆလင်ဒါ ၁၂လုံးထိုး ၆.၅ လီတာ V အင်ဂျင်အမျိုးစားကို အသုံးပြုထား ပါတယ်။ Semi-Autoနဲ့Manual နှစ်မျိုး ထုတ်လုပ်ထားပြီး ဂီယာအဆင့် ၇ ချက်ပါဝင်ပါတယ်။ တစ်နာရီကို
၂၁၇ မိုင် နှုန်းမောင်းနှင်နိုင်တဲ့အတွက် မြန်နှုန်းမြင့် ပြိုင်ကား အမျိုးစား ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် နှစ်ယောက်စီးကား ဖြစ်ပြီး အမိုးပွင့် Convertible နဲ့ ရိုးရိုးလည်း ရောထုတ်ပါတယ်။ 

ဘီးလေးဘီးလုံးကို လည်ပတ်စေတဲ့ All Wheel Drive System - လေးဘီးမောင်းစနစ်ကို အသုံးပြုထားပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄သိန်းအထက် (ဒေါ်လာ ၄၄၅၃၀၀x ဖြစ်ပါတယ်။

Refး autoblog

အေးချမ်းမွန်မှ  ColayOnline:Automobile  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

၂၀၁၃ မော်ဒယ်(လ်) Lamborghini Aventador LP 700-4 အမျိုးစားဖြစ် ပါတယ်။

မြင်းကောင်ရေ ၇၀၀ အားရှိပြီးဆလင်ဒါ ၁၂လုံးထိုး ၆.၅ လီတာ V အင်ဂျင်အမျိုးစားကို အသုံးပြုထား ပါတယ်။ Semi-Autoနဲ့Manual နှစ်မျိုး ထုတ်လုပ်ထားပြီး ဂီယာအဆင့် ၇ ချက်ပါဝင်ပါတယ်။ တစ်နာရီကို
၂၁၇ မိုင် နှုန်းမောင်းနှင်နိုင်တဲ့အတွက် မြန်နှုန်းမြင့် ပြိုင်ကား အမျိုးစား ဖြစ်ပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ခန့်အပ် တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊၈/၂၀၁၃)

၁၃၇၄ ခုနှစ် ၊ တပို့တွဲလဆန်း ၄ ရက်

(၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၄ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ခန့်အပ် တာဝန်ပေးခြင်း

ရန်ကုန်သားတွေ အကြင်နာတရား ခေါင်းပါးလာပြီ သေနတ်ဒဏ်ရာဖြင့် ၃၅လမ်းတွင် လဲကျနေသူအား ကူညီသူမရှိ

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၃.၂.၂ဝ၁၃ (ဗိုလ်ချုပ်မွေးနေ့) နံနက် (၉းဝဝ) နာရီအချိန်ခန့် တွင် အလုပ်အမှုဆောင်ရုံးခန်းသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် စစ်တွေဆေးရုံကြီးမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာတစ်ဦးအား လူနာတင် ယာဉ်ဖြင့် သယ်ဆောင်ပေးပါရန် အကူအညီတောင်းခံခြင်းဖြစ်သည်။

နင်စိတ်တိုင်းကျ (ကဗျာ)

နင် ကြိုးဆွဲရာ ကရအောင် ..
ငါက နင့်ရဲ့ ရုပ်သေးရုပ်လား ??

နင် အလိုရှိမှ ခေါ်ရအောင် ..
ငါက နင့်အတွက် ဝိတ်တာလား ??

နင် အကူအညီလိုမှ တမ်းတရအောင် ..
ငါက "ကူညီပါရစေ"ကမို့လို့လား ??

နင့်ရှေ့ အနာဂတ်ပြေးလမ်းချောမွေ့စေဖို့အတွက်ဆူးခလုတ်တွေကို ကာကွယ်ဖယ်ရှားပေးရအောင် ..
ငါက Air Baganက ဝန်ထမ်းမို့လို့လား ??

နင့်အလိုကျ နင့်ကိုရိုကျိုးမော်ဖူးနေရအောင် ..
နင်က သိက္ခာတော်အပြည့်နဲ့ လူရိုသေ ရှင်ရိုသေဘုန်းကြီးတစ်ပါးမို့လို့လား ??

နင်အလိုရှိတိုင်းအသုံးချရအောင် ငါ့နှလုံးသားကို "ဒီမိုကရေစီနှလုံးသား"များမှတ်နေသလား ??

ဒီလောက်နဲ့ သဘောပေါက်ပြီဆိုရင် ..

"ဂျောင်း"
တော့ ချစ်သူ !!

တစ်သက်လုံးအတွက် နှုတ်ဆက်တယ် ။

"Baby ' Bye Bye"




{ မယ်ပိုး }
< Heart Canteen >

အေးချမ်းမွန်မှ  Heart Canteen  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

နင် ကြိုးဆွဲရာ ကရအောင် ..
ငါက နင့်ရဲ့ ရုပ်သေးရုပ်လား ??

နင် အလိုရှိမှ ခေါ်ရအောင် ..
ငါက နင့်အတွက် ဝိတ်တာလား ??

အဆမတန် ဈေးကြီးပေးဆပ်လိုက်ရတဲ့ မြန်မာအစိုးရရဲ့ ကချင်ပြည်နယ်ထိုးစစ်အောင်ပွဲ

အဆမတန် ဈေးကြီးပေးလိုက်ရတဲ့ အောင်ပွဲ တဲ့။
(Pyrrhic victory in Myanmar)

ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ ဆန်းစစ်ဝေဖန်သူ Anthony Davis ရဲ့ Asia Times မှာ ဇန်န၀ါရီလ ၃၀ ရက်နေ့ ဖေါ်ပြထားတဲ့ စာစု ကို ဒီနေ့ပဲ ကောင်းကောင်း ဖတ်ဖြစ်ပါတယ်။ စိတ်ဝင်စား စရာ တော်တော်ကောင်းလို့ အတိုချုံး ဝေငှလိုက်တာပါ။

(၁) လိုင်ဇာ ထိုးစစ်ဆင်တဲ့ တိုက်ပွဲကို ၉ လ ကြိုတင် ပြင်ဆင်မှုတွေနဲ့ စတိုက်ခဲ့တယ်။

(၂) မြန်မာ့ တပ်မတော် သမိုင်းမှာ ခေတ်အမီဆုံး နဲ့ အင်အား အများဆုံး ထုတ်သုံးတဲ့ တိုက်ပွဲ ဖြစ်တယ်။ (တပ်အင်အား = တပ်မ ၃၃၊ ၆၆၊ ၈၈၊ ၉၉၊ ၁၀၁ နဲ့ မြောက်ပိုင်းတိုင်း နယ်မြေခံ တပ်ရင်းများ၊ လက်နက်ကြီး ၁၀၅မမ၊ ၁၂၀ မမ၊ Mi-35 ရဟတ်ယဉ်၊ ဂျက် တိုက်လေယဉ်များ)

(၃) ထိုးစစ်ဆင်တဲ့ ဗျူဟာသည်၊ ၁၉၈၀ ကျော်တုန်းက ရုရှားက အာဖကန်မှာ တိုက်ခဲ့တုန်းက ဗျူဟာ နဲ့ ဆင်တူတယ်။ (လေယဉ်သုံးတဲ့ နည်း နဲ့ မြေပြင် တက်တဲ့ နည်းတွေမှာ တူတယ်။)

(၄) အပြင်းထန်ဆုံး တိုက်ပွဲကာလ ဒီဇင်ဘာ ၁၄ မှ ဇန်န၀ါရီလ ၂၄ အထိ။

(၅) ၂၀၁၁ ဇွန်လမှ နောက်ဆုံး အချိန်ထိ မြန်မာ စစ်တပ်ဖက်က ကျဆုံးသူ စာရင်း အနဲဆုံး ၅၀၀၀ လောက်ရှိ။ အမေရိကန် စစ်တပ်ရဲ့ အီရတ် နဲ့ အာဖကန်နစ္စတန် နှစ်နိုင်ငံ ကျဆုံး စာရင်းထက်များ။

(၆) မြန်မာ့ တပ်မတော် တပ်မှူးများရဲ့ စိတ်ဓါတ်ရေးရာ ကျဆင်းမှုများကို ဒီတိုက်ပွဲမှာ ရလဒ်အဖြစ် တွေ့ရ။ (အဂတိ လိုက်စားမှု၊ အမျိုးသမီး အပျော်ကျူးမှု၊ အရက်သေစာသောက်စားမှု၊ ကိုယ်ပိုင်စီးပွါးရေးမှာ စိတ်ဝင်စားမှု)။

(ရ) လိုင်ဇာ ပတ်ဝန်းကျင် တောင်ကုန်းများကို တပ်စွဲထားနိုင်တယ် ဆိုပေမယ့် တကယ်တန်း လိုင်ဇာ ကို ၀င်မယ် ဆိုရင်တော့ အခုလက်ရှိ ကျဆုံးမှု စာရင်းထက် ပိုတဲ့ ပေးဆပ်မှု မလွဲမတွေ ကြုံ တွေ့နိုင်ကြောင်း။

(ဂ) ဒီ စစ်ပွဲဟာ ကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တပ်လှန့်ထားသလို ဖြစ်။ အထူးသဖြင့် ၀ တပ်ဖွဲ့အတွက် ပိုပြီး ခိုင်မာတဲ့ ခံစစ်များအတွက် အကောင်းဆုံး ပြင်ဆင်မှု ပေးလိုက်ကြောင်း။

(၉) ကြည်း၊ လေ၊ လက်နက်ကြီး တပ်များကို စုပေါင်းပြီး စီမံခန့်ခွဲမှုမှာ ကျွမ်းကျင်မှု မရှိခြင်းကို တွေ့ရ။

http://www.atimes.com/atimes/Southeast_Asia/OA31Ae03.html
— 

Credit: Duwa Kachin

ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ ဆန်းစစ်ဝေဖန်သူ Anthony Davis ရဲ့ Asia Times မှာ ဇန်န၀ါရီလ ၃၀ ရက်နေ့ ဖေါ်ပြထားတဲ့ စာစု ကို ဒီနေ့ပဲ ကောင်းကောင်း ဖတ်ဖြစ်ပါတယ်။ စိတ်ဝင်စား စရာ တော်တော်ကောင်းလို့ အတိုချုံး ဝေငှလိုက်တာပါ။

(၁) လိုင်ဇာ ထိုးစစ်ဆင်တဲ့ တိုက်ပွဲကို ၉ လ ကြိုတင် ပြင်ဆင်မှုတွေနဲ့ စတိုက်ခဲ့တယ်။

(၂) မြန်မာ့ တပ်မတော် သမိုင်းမှာ ခေတ်အမီဆုံး နဲ့ အင်အား အများဆုံး ထုတ်သုံးတဲ့ တိုက်ပွဲ ဖြစ်တယ်။

လူကုန်ကှုသူတွေလက်ထဲက လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ AHTD ရဲ့အကှုညီနဲ့ လွတ်မြောက်လာခဲ့တဲ့ မ၀င်းရဲ့ပြောပြချက်

ကျမတို့ ကယ်ဆယ်ရေးစခန်းထဲမှာပါရှင့်”


ကျမနာမည် မ၀င်းပါ။ မြ၀တီမြို့ကပါ။ ကျမတို့မှာ ကလေး ၂ယောက်ရှိလာတော့ စီးပွားရေးကျပ်တည်း လာ တယ်။ ဒါကြောင့် ကျမတို့ဟာ ပွဲစား ကျော်စိုး နဲ့ ဆက်သွယ် ရပြီးတော့ တစ်ယောက် လုပ်တာကို လမ်းစရိတ် ဆပ်။ တစ်ယောက်လုပ်အားခကို မိသားစုေ တွ ပြန်ပို့ ဆိုပြီး ပွဲစားကျော်စိုး နဲ့ကတိစကားပြောပြီးပြီးခဲ့တဲ့တစ်နှစ် တစ်နှစ် ကျော်က မဟာချိုင်ကိုလာခဲ့ကြပါတယ်။

ကျမတို့ မဟာချိုင် နေ၀စ်အရပ်က ဆန်းဒစ် ဆိုတဲ့ ပုဇွန် အလုပ် ရုံ တစ်ရုံကိုရောက်တော့ မှ အဓမ္မခိုင်းစေခံ ရပြီ ဆိုတာသိလိုက် ရတော့တယ်။ လူကုန်ကူးခံရပြီဆိုတာ သိလိုက် ရတော့တဲ့အချိန်မှာ ကျမတို့ ထွက်ပြေးလို့ မလွတ်တော့ဘူး။
နေ့စဉ် နံနက်၃နာရီမှာ အိပ်ရာကထပြီးတော့၎နာရီမှာအလုပ် ၀င်ရပါတယ်။
နေ့လည်၁၂ နာရီ မှာ အလုပ်နား ထမင်းစားရတယ်။ ညနေ ၉နာရီလောက်အထိ အလုပ်လုပ်ရ တယ်။ ဒီလောက် အလုပ် လုပ်ရတာ လုပ်အားခ ၁၀ ဘတ်စီပဲရတယ်။

ပွဲစားတွေ ချက်ကျွေးတာတွေကိုပဲ ကျမတို့စားရတယ်။ ၀က်ရိုး၊ကြက်ရိုးတွေကို ဗူးသီး ခရမ်းသီးတွေနဲ့ ရောပြုတ်တာတွေကိုပဲ စားရ တယ်။ ထမင်းစားလို့ မကောင်းလို့ လဘက်သုတ်လေးဘာလေး စားချင်လို့လည်း မစားရဘူး။ ကြက်သွန်ကလေးဘာလေး စားချင်လို့လည်းမစားရဘူး။ အဆာပြေ သွားရည်စာ မန်ကျည်းစေ့ ကိုစားရ တယ်။
နေမကောင်းလို့လည်း ဆေးမကုရဘူး။ ရောဂါများရင်တောင် အစောင့်တွေ အများကြီး နဲ့ သွားရတယ်။ ကျမပင်ပန်းလွန်းလို့ အလုပ်မဆင်းပဲနေလို့ပွဲစား ကျော်စိုး ကသံတုတ်နဲ့ ရိုက်တာ ခံခဲ့ရတယ်။ မလုပ်နိုင်တဲ့သူ ဂျစ်ကန်ကန် ပြန်ပြောသူနဲ့ ထွက်ပြေးဖို့ကြံစည် တဲ့လူတွေ ကို မြေအောက်ခန်းမှာ ထမင်း မကျွေး ရေမတိုက်ပဲ တစ်ရက် နှစ်ရက်ထားပစ်လိုက်တယ်။ တကယ့်ငရဲခန်းပါပဲ။


ကျမတို့ လုပ်သမျှ ပိုက်ဆံတွေကို ပွဲစားတွေက သိမ်းတယ်။ အလုပ်လုပ်တာ ငွေအရ နည်းရင် ပွဲစားတွေက ခုံပေါ်ကထိုင်တယ်။ ကျမတို့က ပွဲစားတွေ ပါးရိုက်ဖို့မျက်နှာကိုလှည့်ပေး ရတယ်။ သားသမီးနဲ့ မိဘတွေဆီကို တပြားမှ မပို့နိုင်ပဲ အဲဒီပုဇွန် အလုပ်ရုံမှာ ကျမတို့ လင်မယား ၁၃ လ ကြာလုပ်ခဲ့ရပါတယ်။
ကျမတို့ဆီမှာ ၇လလောက် အလုပ်လုပ်နေခဲ့ ကိုမြင့်ဦး ဆိုသူကို ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်သားများအဖွဲ့ MAT အဖွဲ့က လာရွေးထုတ်သွားတယ်။ အယင် ကတည်းက ကိုမြင့်ဦး ကဖုန်းနဲ့ဆက် ပြီးတော့ သတင်းပေးထားတာ။ ကိုမြင့်ဦး မိသားစုတွေ
ပေးပို့တဲ့ငွေနဲ့ ဒီအဖွဲ့က လာရွေးတော့ ကျမတို့ အလုပ်ရုံ တွင်းက အခြေအနေတွေကို MAT အဖွဲ့က အကုန်သိသွားခဲ့တယ်။


“ကယ်ထုတ်ကြခြင်း”
=============
မေလ ၁၅ ရက်နေ့မှာ သမီးတို့ အလုပ်ရုံကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့AHTD နဲ့ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များ အဖွဲ့ MAT တို့ စီးနင်းဝင်ရောက် ကယ်တင်ခဲ့တာ ကျမတို့ အလုပ်ရုံ ထဲကအလုပ်သမား၁၄၆
ယောက် ဖြစ်တယ်။

အခြားအလုပ်သမားတွေ ရက်ပိုင်း လပိုင်းအတွင်း မြန်မာပြည်ကို ပြန်သွားကြတယ်။ တချို့ဆို ထိုင်းနိုင်ငံကို ပြန်လာလို့ အလုပ်တောင်လုပ်နေပြီလို့သိရတယ်။ ကျမက ပုဇွန် အလုပ်ရုံထဲက ဆိုးဝါးတဲ့ အခြေအနေကို တိတိကျကျ ပြောပြနိုင်တာကြောင့် အစိုးရ သက်သေအဖြစ် ပထုံဌာနီ ကယ်ဆယ်ရေး စခန်းထဲကိုပို့လိုက်တယ်။


“သကြားရည်လူးထားတဲ့တိုင်းပြည်မှာ စံမြန်းရခြင်း”
========================
နုတ်သီးကောင်း လျှာပါးတဲ့ ကျမ ခုတော့ သကြားရည်လူး တဲ့နေရာကိုရောက်နေ ရပြီ။ ဦးကျော်သောင်း ဆိုတဲ့ လူကြီးလည်း ကျမတို့ကို ပုဇွန်ရုံ ငရဲအိုးထဲက လာပြီးတော့ ခေါ် ထုတ်ပါရဲ့။ ကျမတို့ကို ကယ်ဆယ်ရေးစခန်းထဲ တခါမှ လာမတွေ့ဘူး။ ငါးပိစားတဲ့ ကျမတို့ ဗမာတွေရဲ့ပါးစပ်မှာ အဲဒီ ကယ်ဆယ်ရေးစခန်း ထဲက သကြားရည် နဲ့ ချက်ပြုတ် ကြော်လှော် တာတွေနဲ့ စားရ ရတာ အချိန်ကြာလာတော့ စိတ်တွေ ထိခိုက်လာရတယ်။ တစ်နေ့ပြန် ရနိုး နဲ့ မျှော်လင့်နေတာလည်း သုံးလကျော်ခဲ့ပြီဖြစ်တယ်။

လူကုန်ကူးခံရသူတွေကို စောင့်ရှောက်တဲ့ဂေဟာလို့ သာပြောတာ။ အမှန်က အကျယ်ထောင် တစ်မျိုးပဲ။ ကျမတို့က ဆင်းရဲလို့ ဒီတိုင်းပြည်လာအလုပ် လုပ် တာ အလုပ်လည်းမလုပ်ရ၊၀င်ငွေလည်း မရှိတော့ ကျမတို့စိတ်ဓါတ်ကျလာကြတယ်။ ကျမတို့ သက်သေ အဖြစ်နေကြတဲ့ လင်မယား ၄တွဲမှာ ၄ယောက်က ထိုင်းနိုင်ငံ အတွင်း နေထိုင် ခွင့်ထောရောစာရွက်ပါတယ်။ ပတ်စပို့လျှောက်ပါရစေလို့ ပြောတာကို စခန်းလူကြီးတွေက လက်မခံဘူး။ လုပ်မပေးဘူး။ မြန်မာပြည်က လူမှုဝန်ထမ်းအဖွဲ့တွေ လာတယ်။ အမြန်ဆုံးပြန်ခေါ်မယ်လို့ ပြောပြီး ပြန်သွားကြတာပဲ

။ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ အဲဒီနိုင်ငံတကာအင်ဂျီအိုကြီးတွေမှာ လုပ်နေတဲ့ ဘယ်လိုလူစားမျိုး လို့ ပြောရခက်တဲ့ မြန်မာအရာရှိဆိုသူတွေ (သကြားရည်လူထားတဲ့ မျက်နှာနဲ့လူတွေ)လည်း ဟိုမေးဒီမေး ပြီး ပြန်သွားကြတာပဲ။


ကျမစိတ်အထိခိုက်ဆုံးအရာတစ်ခုကို ပြောပါရစေ။ ကျမတို့ ကို နှိပ်ကွပ်တဲ့ ပွဲစား ကျော်စိုး ကို ကျမတို့ ရှေ့မှာပဲ ခြောက်လုံးပြူး တစ်လက်၊မြင်းဆေးတွေနဲ့ မိတယ်။ သူ့ကို သူဌေးက အာမခံနဲ့ ယူသွားတာ အချုပ်ခန်းထဲ တစ်နာရီတောင် မနေခဲ့ရဘူး။ ကျမတို့ လင်မယား ၂ယောက် ၁၃လ လုပ်တာ မဟာချိုင်တရားဝင် နေ့တွက် ခနဲ့တွက်တော့ ဘတ်တစ်သိန်းကျော်ရမယ်။ အဲဒါကို လင်မယား ၂ယောက်လုံးမှ ခြောက်သောင်းပဲပေးတယ်။

သူဌေးကိုယ်တိုင်လာပြီးတော့ ကယ်ဆယ်ရေး စခန်းမှူး နဲ့ ဖိအား လာပေးတယ်။ ကျမတို့ အမှုပိတ် လက်မှတ် ထိုးပေးလိုက်ရတယ်။ ကျမတို့ ဆီကို ရှေ့နေရှေ့ရပ်နဲ့ တိုင်ပင်ပြီး လာချင်တဲ့ ဦးကျော်သောင်း တို့ လာခွင့် တောင်းတာ ဒီနေ့ အထိ ဒီစခန်းက လာခွင့်မပြုဘူး။
နိဂုံးချုပ်လိုက်ရင် လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် ကျမတို့ တတပ်တအား ပါဝင်ကြသူတွေဟာ ............

(၁) အချိန်ကုန်တယ်။

(၂) အလုပ်မလုပ်ရတဲ့အတွက် ၀င်ငွေမရှိဘူး။ ဒါကြောင့် နောက်မှာကျန်နေခဲ့တဲ့ မိသားစုတွေ အခက်အခဲကြုံရတယ်။

(၃) ကျမတို့ကို အချိန်ဆွဲထားတယ်။ စိတ်ဓါတ်ကျလာပြီးတော့ အမှုပိတ်ခိုင်းတယ်။ (၄) ကျမတို့ ဘာနစ်နာကြေးမှ မရပဲ နယ်စပ်ကို ပြန်ရောက်။

. . . . ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး၊က …ဒါပါပဲ။
ကျော်သောင်း
၂၀၁၂ ခု စက်တင်ဘာ ၂၂

 ရွှေလုပ်သား
http://goldenworkers.blogspot.com/

ကျမတို့ ကယ်ဆယ်ရေးစခန်းထဲမှာပါရှင့်”
ကျမနာမည် မ၀င်းပါ။ မြ၀တီမြို့ကပါ။ ကျမတို့မှာ ကလေး ၂ယောက်ရှိလာတော့ စီးပွားရေးကျပ်တည်း လာ တယ်။ ဒါကြောင့် ကျမတို့ဟာ ပွဲစား ကျော်စိုး နဲ့ ဆက်သွယ် ရပြီးတော့ တစ်ယောက် လုပ်တာကို လမ်းစရိတ် ဆပ်။ တစ်ယောက်လုပ်အားခကို မိသားစုေ တွ ပြန်ပို့ ဆိုပြီး ပွဲစားကျော်စိုး နဲ့ကတိစကားပြောပြီးပြီးခဲ့တဲ့တစ်နှစ် တစ်နှစ် ကျော်က မဟာချိုင်ကိုလာခဲ့ကြပါတယ်။ ကျမတို့ မဟာချိုင် နေ၀စ်အရပ်က ဆန်းဒစ် ဆိုတဲ့ ပုဇွန် အလုပ် ရုံ တစ်ရုံကိုရောက်တော့ မှ အဓမ္မခိုင်းစေခံ ရပြီ ဆိုတာသိလိုက် ရတော့တယ်။ လူကုန်ကူးခံရပြီဆိုတာ သိလိုက် ရတော့တဲ့အချိန်မှာ ကျမတို့ ထွက်ပြေးလို့ မလွတ်တော့ဘူး။

***အကျိုးပေး***

***အကျိုးပေး***
***************************

အကျိုးပေးဆိုတဲ့ စကားလုံးထဲမှာပဲ သူ့အဓိပ္ပါယ်က ပါပြီးသားပါ။  အကောင်းမပေးဘူး၊ အကျိုးပဲ ပေးမယ်တဲ့။ ကိလေသ၀ဋ်နဲ့ ကမ္မ၀ဋ်နှစ်ပါးက အကျိုးပေးလိုက်တော့ ဒီဘ၀ ၀ိပါက၀ဋ်ခန္ဓာကြီးရလာတယ်။ ဇရာ ဗျာဓိ မရဏတွေနဲ့ ရောယှက်နှိပ်စက်နေတဲ့ ခန္ဓာကြီး၊ ဘယ်မလဲ ကောင်းတာ။ တစ်ကွက်မှမပါဘူး။

အကျိုးပဲ ပေးနေတဲ့ ခန္ဓာကြီး ရ ထားတာဖြစ်လေတော့ ဘာကြောင့် အကောင်းမပေးဘဲ အကျိုးတွေ ပေးနေရပါလိမ့်မလဲဆိုတာ စက်ဝိုင်းအခြေခံဉာဏ်နဲ့ စိစစ်ကြည့်ကြမယ်။ စက်ဝိုင်းမှာ အကွက် (၁)နဲ့ (၂)ဆက်ထားတဲ့ မြားလေးက အတိတ်ဘ၀က စုတေလို့ ဟောဒီဘ၀ ခန္ဓာငါးပါးဖြစ်လာတယ်ဆိုတာ စပ်ပြတာ။ သင်္ခါရနဲ့ ၀ိညာဏ်အစပ်ပဲ။

 ဒါဖြင့် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ဆက်သွားပြီ။ အတိတ်က အ၀ိဇ္ဇာသင်္ခါရတွေမှားလိုက်တာနဲ့ ပစ္စုပ္ပန်ခန္ဓာငါးပါးရတယ်။ ရတဲ့ခန္ဓာက အကောင်းလားဆိုတော့ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ- ဒုက္ခသစ္စာပဲပေါ့။

 အ၀ိဇ္ဇာခေါင်းဆောင်ပြီး လူဖြစ်ကြောင်း ကုသိုလ်တွေလုပ်၊ တဏှာနဲ့ဆုတောင်း၊ ဥပါဒါန်နဲ့ စွဲလန်း၊ ကာယကံ ၀စီကံတွေနဲ့ အားထုတ်ခဲ့တော့ သေပြီးနောက် ဟောဒီဘက်က ဒုက္ခသစ္စာ ခန္ဓာငါးပါးရလာတယ်။ အတိတ်ခေါင်းဆောင်ကြီးက အ၀ိဇ္ဇာဆိုတာ ရှင်းပြီ။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ ဒီသမုဒယသစ္စာကြောင့် ဇာတိကစ ဇရာမရဏဆုံးတဲ့ ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီးရတာ။

မသိတဲ့အ၀ိဇ္ဇာနဲ့ ကုသိုလ်တွေလုပ်ခဲ့လို့ လူ့ဘ၀ရခဲ့တာ။ မသိတာက အ၀ိဇ္ဇာ၊ လုပ်တာက သင်္ခါရ။ ကုသိုလ်လုပ်လဲ သင်္ခါရ၊ အကုသိုလ်လုပ်လဲ သင်္ခါရ။ ကုသိုလ်သင်္ခါရလုပ်မိရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ လူ့ခန္ဓာ နတ်ခန္ဓာရပါလိမ့်မယ်။

 အကုသိုလ်သင်္ခါရလုပ်မယ်ဆိုရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ အပါယ်လေးပါးခန္ဓာဖြစ်မယ်။ ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်ရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ လူနတ် ဒုက္ခသစ္စာ။ အကုသိုလ်လုပ်ရင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်ဒုက္ခသစ္စာ။ ဒုက္ခသစ္စာချင်းတော့ အတူတူပဲ၊ ဒါပေမယ့် သုဂတိဒုက္ခသစ္စာနဲ့ ဒုဂ္ဂတိဒုက္ခသစ္စာ ကွာသွားတယ်။

 ဒါဖြင့် အ၀ိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ- လူ နတ် ဗြဟ္မာဆိုတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ရတယ်။ အ၀ိဇ္ဇာပစ္စယာ အပုညာဘိသင်္ခါရာ- ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်လေးပါးခန္ဓာ။ လူ၊ နတ်၊ ဗြဟ္မာခန္ဓာလဲ ဒုက္ခသစ္စာ၊ အပါယ်ခန္ဓာလဲ ဒုက္ခသစ္စာ။ ဒါဖြင့် အ၀ိဇ္ဇာပစ္စယာ သင်္ခါရာက နှစ်မျိုးရတယ်။ အပါယ်သွားအောင်လုပ်တဲ့ အ၀ိဇ္ဇာပစ္စယာသင်္ခါရာနဲ့ လူနတ်ဗြဟ္မာဖြစ်အောင်လုပ်တဲ့ အ၀ိဇ္ဇာပစ္စယာသင်္ခါရာ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာဟာ သမုဒယသစ္စာ။ ခန္ဓာမှန်သမျှက ဒုက္ခသစ္စာ။

ဘုံဘ၀တောင့်တပြီး ကုသိုလ်တွေလုပ်လို့ရှိရင် တောင့်တတာက တဏှာ၊ အရှင်သခင်က အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာက အတောင်းခိုင်းလို့ တဏှာကတောင်းတာ။ မရရအောင် အတောင်းခိုင်းပြန်တော့ ဥပါဒါန်ကတောင်းရတယ်။ ကာယကံ ၀စီကံနဲ့ အထမြောက်အောင်လုပ်ဖို့ ခိုင်းတာကလဲ အ၀ိဇ္ဇာပဲ။

 အ၀ိဇ္ဇာလက်ချက်လွတ်တာ တစ်ခုမှမပါဘူး။ ဒီလို  အ၀ိဇ္ဇာခိုင်းတဲ့အတိုင်း တောင်းခဲ့ လုပ်ခဲ့လို့ ဒီဘ၀ ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီးရတာဟာ အတိတ်အကြောင်းတရာငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါးပေါ်တာပဲ။ သမုဒယသစ္စာလုပ်ခဲ့လို့ ဒုက္ခသစ္စာရတာပဲ။

အပေါ်တက်ကြည့်လိုက်တော့ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်တို့က ဘာဝဋ်လဲဆိုရင် ကိလေသ၀ဋ်။ သင်္ခါရရယ် ကမ္မဘ၀ရယ်က ကမ္မ၀ဋ်။ ဒါဖြင့် အတိတ်ဘ၀က ၀ဋ်နှစ်ပါးလုပ်ခဲ့တယ်၊ ဒါပေမယ့် နှစ်ပါးလုံးကောင်းတဲ့ဝဋ် တစ်ခုမှမပါဘူး။ အတိတ်အကြောင်း ငါးပါးကိုခွဲလိုက်တော့ ၀ဋ်နှစ်ပါးဖြစ်လာတယ်။

 ရှေ့ဘ၀က ၀ဋ်နှစ်ပါးကြိုးစားခဲ့ကြတော့ အကျိုးပေးလိုက်တာက ၀ိပါက၀ဋ်ဆိုတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ- ခန္ဓာငါးပါး။ ဒုက္ခသစ္စာ။ ဘယ်ကာလလဲဆိုရင် ပစ္စုပ္ပန်ကာလ၊ ဒါကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး၊ ပစ္စုပ္ပန်အကျိုးတစ်လွှာလို့ ရေးထားတာ။

 လိုရင်းက အတိတ်က ကိလေသ၀ဋ်နဲ့ ကမ္မ၀ဋ်ကြိုးစားခဲ့ကြတဲ့အတွက် ဒီဘ၀ အကျိုးပေး ၀ိပါက၀ဋ်ကြီးရနေတာ။ အကျိုးပေး ကုန်ပြီလားဆိုရင် အကြောင်း ကုန်မှ ကုန်မှာ။ အကြောင်းမကုန်သေးသရွေ့ ဟောဒီဒုက္ခသစ္စာအကျိုးပေးက မကုန်သေးဘူး၊ ခန္ဓာကြီးက မသေသေးဘူး။ ဇာတိဒုက္ခတော့ ကျော်လာခဲ့ပြီ။ ဇရာဒုက္ခက ရင်ဆိုင်နေရဆဲပဲ။ ဗျာဓိဒုက္ခ လာဦးမယ်။ မရဏ ဒုက္ခ- ကလဲ လာဖို့ ကျန်သေးတယ်။ ဒါကြောင့် အကျိုးပေး မကုန်သေးဘူး၊ မသေသေးဘူးတဲ့၊ ဒုက္ခတွေ မျိုးစုံအောင် အကျိုးပေးဦးမယ်၊ ပေးလို့ အားရမှ သေခွင့်ပေးမယ်ဆိုတဲ့သဘောပဲ။

(ဒေါက်တာအရှင်ပါရမီ)

တရားအသိများတိုးပွါးနိုင်ကြပါစေ။

‎အကျိုးပေးဆိုတဲ့ စကားလုံးထဲမှာပဲ သူ့အဓိပ္ပါယ်က ပါပြီးသားပါ။ အကောင်းမပေးဘူး၊ အကျိုးပဲ ပေးမယ်တဲ့။ ကိလေသ၀ဋ်နဲ့ ကမ္မ၀ဋ်နှစ်ပါးက အကျိုးပေးလိုက်တော့ ဒီဘ၀ ၀ိပါက၀ဋ်ခန္ဓာကြီးရလာတယ်။ ဇရာ ဗျာဓိ မရဏတွေနဲ့ ရောယှက်နှိပ်စက်နေတဲ့ ခန္ဓာကြီး၊ ဘယ်မလဲ ကောင်းတာ။ တစ်ကွက်မှမပါဘူး။

မြစ်ကြီးနား ဇီးလွန်ကျောင်း မူလတန်းအဆောင် မီးလောင်ကျွမ်းသွားခြင်းကြောင့် စာသင်ရန် အခက်ခဲဖြစ်နေ

မြစ်ကြီးနား ဇီးလွန်ကျောင်း မူလတန်းအဆောင် မီးလောင်ကျွမ်းသွားခြင်းကြောင့် စာသင်ရန် အခက်ခဲဖြစ်နေ 

Thursday, February 14, 2013 by KNG news

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ဇီးလွန်အထက်တန်းကျောင်းရှိ မူလတန်းအဆောင်ဟောင်းတွင် ယမန်နေ့ ဖေဖ၀ါရီ ၁၃ ရက် နံနက် ၁ နာရီခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၅၀၀ ကျော် စာသင်ရန်အခက်ခဲရင်ဆိုင်နေရသည်။

 ဖေဖော်ဝါရီလ ၂၁ နေ့မှစပြီး  နှစ်ဆုံး စာမေးပွဲများဖြေဆိုရတော့မည့် ကျောင်းသားများသည် ရုတ်တရက်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အခက်ခဲရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဇီးလွန်ကျောင်းမှ ဆရာမဒေါ်အမာကြည်ပြောသည်။

“တစ်ဆောင်လုံးလောင်သွားတယ်၊ ဝါယားကြိုးဘဲရှော့ဖြစ်တာပဲနေမှာပေါ့နော် မနေ့ည ၂ နာရီကျော်မှ အားလုံးသိကြတာလေ။ ပြီးတော့မီးတွေက တစ်အားကောင်းနေတာ တစ်ခန်းပြီး တစ်ခန်းလောင်တာ မဟုတ်ဘူး။ အပြိုင်လိုက်ကိုလောင်တာ တစ်ဆောင်လုံးကိုအပြိုင်လောင် တာ။ တစ်ခါထဲကို ကုန်သွားတာဘဲ။ ဆွယ်တော်ပင်တွေရှိလို့တခြားကိုမီးမကူးတာ။” ဟု ဆရာမဒေါ် အမာကြည် ကချင်သတင်း ဌာနသို့ပြောသည်။

၎င်းမီးလောင်မှုကို ၀ါယာကြိုးရှော့ဖြစ်၍ လောင်ကျွမ်းခြင်းဟု ခန့်မှန်းထားသော်လည်း အမှန်တကယ်တွင် မူလတန်းကျောင်းတွင် လျှပ်စစ်မီးသွယ်ထားခြင်းမရှိသောကြောင့် သိရသည်။

၎င်းမူလတန်းအဆောင်သည် ဝါးထရံနှင့် သွပ်မိုးထားသော မူလတန်းကျောင်းအဆောင် ဟောင်း ဖြစ်ပြီး ယခုချိန်တွင် မူလတန်းကျောင်းသားများသည် အဆောင်သစ်တွင် ဖျာများခင်းပြီး စာသင်နေရကြောင်း ဆရာမဒေါ်အမာကြည်ဆက်ပြောသည်။
 
“အခက်အခဲတွေက ကျောက်သင်ပုန်းမှအစ အဆင်သင့်မရှိဘူးလေနော်။ အကုန်လိုတာပေါ့ အစစအရာရာ ထိုင်ခုံတွေလဲ အများကြီးပါသွားတယ်လေနော်။ ကလေးတွေ ထိုင်တဲ့ထိုင်ခုံတွေ ပေါ့နော် ပြီးတော့ ၁၀ တန်းတွေလဲ အကြို သက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးဖြေနေတော့ ထိုင်ခုံအပိုတွေလည်း အဲဒီဘက်ရွှေ့ထားတာလေ အဲဒါလေးကလေး နည်းနည်းလေဘဲ ပြန်ရလိုက်တယ်။ အဲဒါတောင် အပြင်မှာရောက်နေ လို့ပေါ့နော” ဟုဆက်ဆိုသည်။

မူလတန်းကျောင်းဆောင်နှင့် အထက်တန်းကျောင်းဆောင်သည် ၁၅ ပေခန့်ရှိသော်လည်း အုတ်များဖြင့်ပြုလုပ်ထားခြင်းကြောင့်လောင်ကျွမ်းခြင်းမရှိကြောင်း ပြောသည်။

ဇီးလွန်အထကကျောင်းသည် လာမည့်နှစ်များမှ  အတန်းများကို ၁၁ တန်း ဖွင့်မည်ဖြစ်သောကြောင့် ကျောင်းသားများခြင်းကြောင့် ၎င်းကျောင်းဆောင်သစ်ကို ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားချိန် ၂ နာရီခန့်အကြာ အစိုးရမီးသတ်ကား ၂ စင်း ရောက်ရှိလာသော်လည်း အားလုံးလောင်ကျွမ်းပျက်စီးသွားချိန်ဖြစ်သည်ဟု သိရသည်။

ထိုကျောင်းတွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြားတိုက်ပွဲများဖြစ်ပွားလာပြီးနောက် ခိုလှုံလာသော စစ်ပြေးဒုက္ခသည် ကျောင်းသားများလည်း သင်ကြားနေကြောင်း သိရသည်။

အဆိုပါဇီးလွန်မူလတန်းအတွက် ကျောင်းဆောင်သစ်ကိုဆောက်လုပ်ပြီးသော်လည်း ကျောင်းသားကျောင်းသူများအတွက် စားရေးစာပွဲများ၊ ထိုင်ခုံများ အကူညီလိုအပ်နေကြာင်း သိရသည်။

ကချင်ပြည်နယ်ဖြစ်ကြီးနားမြို့တွင်း မီးလောင်မှုများသည် ဖေဖ၀ါရီလအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၄င်းမတိုင်မီ ၀ါယာကြိုးရှော့ဖြစ်၍ ဆေးရုံဝင်း ၀န်ထမ်းတန်း မီးလောင်မှုတွင် မိသားစု ၁၁ အိမ် မီးလောင်ကျွမ်းသွားခဲ့ပြီး လူ ၅၀ ခန့်မီးဘေးဒုက္ခရင်ဆိုင်ခဲ့ရသည်။

မီးလောင်မှုအကြောင်းအရာ တိတိကျကျမသိရသော်လည်း ထိုကဲ့သို့ မီးဆက်တိုက်လောင်ကျွမ်းမှုကြောင့် မြစ်ကြီးနားဒေသခံများ စိုးရိမ်ကြောက်လန့်နေကြသည်။

Thursday, February 14, 2013 by KNG news

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ဇီးလွန်အထက်တန်းကျောင်းရှိ မူလတန်းအဆောင်ဟောင်းတွင် ယမန်နေ့ ဖေဖ၀ါရီ ၁၃ ရက် နံနက် ၁ နာရီခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၅၀၀ ကျော် စာသင်ရန်အခက်ခဲရင်ဆိုင်နေရသည်။

မြန်မာအလုပ်သမား ကရင်မိန်းကလေးကိုနှိပ်စက်ပြီးထွက်ပြေး လွပ်မြောက်နေတဲ့ ထိုင်းအလုပ်ရှင် လင်မယားကို တ္ဓေ့ရှိပါက သက်ဆိုင်ရာသို့အမြန်အကြောင်းကြားပေးပါရန် ( ช่วยแชร์ต่อด้วยคับ คนชั่วแห่งปี)

ช่วยแชร์ต่อด้วยคับ คนชั่วแห่งปี
Yea Chan - ดาวโหลด,แจกฟรี,แนวข้อสอบ,รับราชการ's photo.
ရေနွေးပူလောင်း နှိပ်စက်ခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေး ရဲ့ထိုင်းအလုပ်ရှင် လင်မယား ထွက်ပြေးသွားသဖြင့် တ္ဓေ့ရှိပါက သက်ဆိုင်ရာသို့အမြန်အကြောင်းကြားပေးပါရန် ထိုင်းနိုင်ငံရောက်မြန်မာများထံ အကူညီတောင်းခံလိုက်ပါသည်။

အငှား ယာဉ်မောင်းက ခရီးသည် ကို အဓမ္မ ကျူးလွန်ရန် ကြိုးပမ်း

ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာ ဂေါက်ကွင်း အနီး တွင် ဖေဖော်ဝါရီလ ၈ ရက်၊ ည ၁၀ နာရီ က အငှားယာဉ်ပေါ် လိုက်ပါ လာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီး ကို ယာဉ်မောင်း က အဓမ္မ ကျုးလွန်ရန် ကြိုးပမ်းမှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး ထံမှ စုံစမ်း သိရှိ ရသည်။

မိမိဖုန်းရဲ့ Hardware INFO တွေကြည့်နိုင်ဖို့ Hardware INFO For Android

Screenshot_2013-02-10-13-24-05
 မိမိဖုန်း၏ Hardware အချက်အလက်များကို ကြည့်ရှုနိုင်ဖို့software info application လေးပါ။

ကြည်ညိုဖွယ် ဗုဒ္ဓlivewallpaper For Android

Screenshot_2013-02-11-16-50-44
Add caption

ကြည်ညိုဖွယ် ဗုဒ္ဓlivewallpaper လေးပါ။ ဒေါင်းသွားကြပါအုံး

Facebook ကိုသာမန်ထက်မြန်အောင် စွမ်းဆောင်ပေးမယ့် Fast Pro for Facebook (Beta) v1.9.8.4 APK ( updated Feb 13)


ff


ဒီတခါမိတ်ဆက်ပေးမယ့်ဆော့ဝဲလ် လေးက တော့ Facebook သုံးရတာ သာမန်ထက်မြန်တဲ့  ဆော့ဝဲလ်
လေးပါ။အတော်လေးမြန်တာကိုတွေ့ရပါတယ် … updated version ဖြစ်တာကြောင့် အ features  တွေ တော်
တော်များများပါလာတာကိုတွေ့ ၇မှာဖြစ်ပါတယ်။

မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုများကို သတိနဲ့ ကြည့်ဖို့ အကဲခတ်များ သတိပေး

မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုများကို သတိနဲ့ ကြည့်ဖို့ အကဲခတ်များ သတိပေး
2013-02-14

အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ကြောထောက်နောက်ခံ မြန်မာ အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေ အားလုံးကို ရုပ်သိမ်းပေးလိုက်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအစီအစဉ်တွေဟာ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ Amnesty international နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဝါရှင်တန်ရုံးအကြီးအကဲ Frank Jannuzi က သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တဖြေးဖြေးချင်း ထိမ်းပြီးတော့ အပေးအယူလုပ် ဆောင်ရွက် သင့်တယ်လို့ အကြံပြုလိုပါကြောင်း မနေ့က ဝါရှင်တန်ဒီစီမြို့တော် ဟယ်ရီတိတ်ခ်ျ ဖေါင်ဒေးရှင် Heritage Foundation မှာပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ Mr Jannuzi က ပြောပါတယ်။

အခုအခါမှာ အမေရိကန်နိုင်ငံအနေနဲ့ ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တော်တော်များများ ဖြေလျော့ပေးလိုက်ပြီဖြစ်တာကြောင့် မြန်မာအစိုးရက ပြုပြင် ပြောင်းလဲမူတွေ ဆက်လုပ်သွားဖို့ ဘယ်လို အချက်တွေနဲ့များ အပေးအယူ လုပ်ကြမယ် ဆိုတာ မေးစရာ မေးခွန်းဖြစ်နေတယ်လို့ ပြောသွားပါတယ်။

အလားတူဘဲ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့က ညွှန်ကြားရေးမှူး Tom Malinowski ကလည်း အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မူတွေကို ဖြေလျော့ပေးတာဟာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆွဲဆောင်မူ ရှိပေမဲ့ တုံ့ပြန်ချက် ရလဒ်အဖြေကောင်းကောင်း တွေ့လာရမှ ဆုလဒ်အနေနဲ့ ပေးစရာရှိတာ ပေးသင့်ပါတယ် အချိန်ယူပြီး ဖြေးဖြေးချင်း ဆောင်ရွက်သင့်ပါတယ်လို့ ပြောသွားပါတယ်။

2013-02-14

အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ကြောထောက်နောက်ခံ မြန်မာ အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေ အားလုံးကိရုပ်သိမ်းပေးလိုက်ရင်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ်တွေဟာ နောက်ကြောင်း
ပြန်လှည့်သွားနိုင်တယ်လို့ Amnesty international နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဝါရှင်တန်ရုံးအကြီး
အကဲ Frank Jannuzi က သတိပေး ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေး လမ်းလျောက်သူများ စစ်ကိုင်းမြို့ ဆိုက်ရောက်ပြီ

2013-02-14

ကချင်ပြည်နယ်အထိ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူတွေအဖွဲ့ဟာ မန္တလေးမြို့မှာ ၂ ရက်ကြာ နား
နေပြီးနောက် ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကို ဆက်လက် ခရီးထွက်ခွာခဲ့ကြပါတယ်။ အဲဒီအ
ဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးမှာ အောင်မြေနင်းခဲ့ပြီး သံဃာတော်တွေနဲ့  နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့နဲ့အတူ ငြိမ်းချမ်းရေးချိုးဖြူငှက်တွေ လွတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိဘက်ဘုန်းကြီး တစ်ပါးမိမိကိုယ်ကို မီးရှို့သတ်သေ

တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ
XXXXXXXXXXXXXXXXXXx

တရုတ် အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခတ်မန်ဒူ စားသောက်ဆိုင်တွင် တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ ခဲ့ပါသည်။

ထိုသို့ မီးရှို့ သက်သေ၍ ဆန္ဒပြ ခြင်းသည် ၂ဝဝ၉ ခုနှစ်မှစ၍ ၁ဝဝ ဦးမြောက် ဖြစ်ပါသည်။ ထိုသို့ မီးရှို့ သတ်သေခြင်း နှင့်ပတ်သက်၍ အိန္ဒိယရှိ တိဘက်ပြည်ပြေး အစိုးရက တရုတ် အစိုးရအပေါ် ပြစ်တင် ဝေဖန်မှု ပြုလုပ်ခဲ့ပြီး ၎င်းကိစ္စရပ် အပေါ် နိုင်ငံတကာ အစိုးရ အသိုက်အဝန်းမှ အလေးထားရန် တောင်းဆိုမှု ပြုလုပ်ခဲ့ ပါသည်။ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် မရှိခြင်း၊ သို့မဟုတ် ဆန္ဒပြခွင့် မရှိခြင်းကြောင့် တိဘက်များသည် မိမိကိုယ်ကို မီးရှို့ သတ်သေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း တိဘက်ပြည်ပြေး အစိုးရ၏ ဝန်ကြီးချုပ် Lobsang Sangay က ပြောကြားခဲ့ ပါသည်။

http://bit.ly/12kBYTt

တရုတ် အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခတ်မန်ဒူ စား
သာက်ဆိုင်တွင် တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ ခဲ့ကြာင်းသတင်းရရှိသည်

ချစ်သူများနေ့ တွင် ချစ်သူဖြင့် စိတ်ဆိုးပြီးစကားများရာမှ မလေးရှားနိုင်ငံရှိ ( Times Square ) ၆ ထပ်မှ ခုန်ချပြီး အဆုံးစီရင်သွားသည့်တရုတ်အမျိုးသမီး

အသက်(၁၉)နှစ်အရွယ်၊မလေးရှာနိုင်ငံသူတရုတ်အမျိုးသမီးတဦး ချစ်သူများနေ့ တွင် ချစ်သူဖြင့် စိတ်ဆိုးပြီးစကားများရာမှ မလေးရှားနိုင်ငံ ကွာလာလပ်ပူမြို့ တိုင်းစကွဲး( Times Square ) ၆ ထပ်မှ ခုန်ချပြီး အဆုံးစီရင်သွားသည်။
--------------------------------------------------------------------------------
အဖြူရောင်မီဒီယာ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

အေးချမ်းမွန်မှ  ဗဟုသုတ ဟင်းပေါင်းအိုးကြီး တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။


အသက်(၁၉)နှစ်အရွယ်၊မလေးရှာနိုင်ငံသူတရုတ်အမျိုးသမီးတဦး ချစ်သူများနေ့ တွင် ချစ်သူဖြင့် စိတ်ဆိုး
ပြီးစကားများရာမှ မလေးရှားနိုင်ငံ ကွာလာလပ်ပူမြို့ တိုင်းစကွဲး( Times Square ) ၆ ထပ်မှ ခုန်ချပြီး အဆုံးစီ
ရင်သွားသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီးအတွက် ဒီကနေ့ ညနေပိုင်း ၄း၃၀နာရီမှာစတင်ထွက်ခွာ

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီးအတွက် ဒီကနေ့ ညနေပိုင်း ၄း၃၀နာရီမှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပါတယ်။

ဦးမင်းကိုနိုင် နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေနိုင်ငံ အော်စလိုမှာ နှစ်စဉ် ကျင်းပတဲ့ နိုင်ငံတကာ ကျောင်းသားငြိမ်းချမ်းရေး ဆုပေးပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။

နိုင်ငံတကာ ကျောင်းသားပွဲတော်က ပေးအပ်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို ၂၀၀၁ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ အဲဒီအချိန်က အကျဉ်းကျခံနေရတဲ့ ဦးမင်းကိုနိုင်တို့ ပူးတွဲရရှိခဲ့ဖူးပါတယ်။

ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေကနေ ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ သွားရောက်တဲ့ နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို မြန်မာအသိုင်းအ၀ိုင်းတွေနဲ့လည်း သီးသန့် တွေ့ဆုံမယ်လို့ ဦးပြုံးချိုက ဒီဗွီဘီကိုပြောသွားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဟာ အကျဉ်းထောင်က လွတ်မြောက်အပြီး ငြိမ်းချမ်းရေးအသွင်ကူပြောင်းရေး လေ့လာဖို့အတွက် ဖိလစ်ပိုင်နိုင်ငံကို အခုနှစ် ဇန်န၀ါရီလက သွားရောက်ခဲ့ပြီး အခု ခရီးစဉ်ဟာ ဒုတိယမြောက် ပြည်ပခရီးလည်း ဖြစ်ပါတယ်။

Photo: 88 Generation Students

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီးအတွက် ဒီကနေ့ ညနေပိုင်း ၄း၃၀နာရီမှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပါတယ်။ ဦးမင်းကိုနိုင် နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေနိုင်ငံ အော်စလိုမှာ နှစ်စဉ် ကျင်းပတဲ့ နိုင်ငံတကာ ကျောင်းသားငြိမ်းချမ်းရေး ဆုပေးပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။