Pages
Thursday, February 14, 2013
မွန်ပြည်နယ်ကို အုပ်ချုပ်နေတာ သတ္တုတွင်းဝန်ကြီးဌာနက ရတဲ့ ပိုက်ဆံနဲ့ အုပ်ချုပ်နေတာလို့ပြောတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ကြံ့ ဖွတ် အုန်းမြင့်
တိုင်းပြည်နဲ့  လူမျိုးက ပိုင်ဆိုင်တဲ့ သယံဇာတတွေနဲ့  လည်ပတ်နေတဲ့ ၀န်ထမ်းဌာနတစ်ခုဖြစ်တဲ့ သတ္တုတွင်းဝန်ကြီးဌာနက ပြန်ပြီးတောင် ပြည်သူလူထုအပေါ် ကျေးဇူးတင်ရှိရမှာပါ။ တိုင်းပြည်နဲ့  ပြည်သူလူထုက အဆိုပါ သတ္တုတွင်းဝန်ကြီးဌာနကို ကျေးဇူးရှင်ကြီးအဖြစ် သတ်မှတ်ပြီး ကျေးဇူးတင်နေရမှာ မဟုတ်ပါဖူး။
‎"ခင်ဗျားတို့ မွန်ပြည်နယ်ကို အုပ်ချုပ်နေတာ သတ္တုတွင်းဝန်ကြီးဌာနက ရတဲ့ ပိုက်ဆံနဲ့ အုပ်ချုပ်နေတာဗျ" လို့  ပြောတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ကြံ့ ဖွတ် အုန်းမြင့် ကို မေးချင်တာက - အဲ့ဒီသတ္တုတွင်းဝန်ကြီးဌာနကို ဘယ်သူက ပိုင်တာလည်း၊ သတ္တုတွင်းဝန်ကြီးဌာနက သယံဇာတတွေ ဘယ်သူက ပိုင်ဆိုင်တာပါလည်း။ တိုင်းပြည်ကို အုပ်ချူပ်တယ်ဆိုတာ ပြည်သူလူထုရဲ့  ဘဏ္ဍာငွေတွေ အသုံးပြုပြီး အုပ်ချူပ်တာပါ။
UNFC နှင့် အစိုးရ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ၌ ဂျပန် ပါဝင်လို
UNFC နှင့် အစိုးရ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ၌ ဂျပန် ပါဝင်လို
ရွှေဟသာင်္သတင်းဌာန၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့
 ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တို့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ၌ ကြားခံ အသိ သက်သေအဖြစ် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေရှင်း အဖွဲ့အား အသိအမှတ်ပြုကြောင်း UNFC မှ ယမာန်နေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု  သတင်းပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါသည်။
“ ကျနော်တို့နဲ့ အစိုးရအဖွဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ့ဆုံတဲ့အခါမှာ ဂျပန် နိပွန်ဖောင်ဒေရှင်းက ကြားခံ သက်သေ အဖြစ် ဆောင်ရွက်ပေးလိုကြောင်း ရန်ကုန်မြို့ကနေ မနေ့က ဖုန်းဖြင့် ပြောကြားလာတာကို ကျနော်တို့ဘက်က လက်ခံလိုက်တာပါ။” ဟုဆို ပါသည်။
ဂျပန် နိပွန် ဖောင်ဒေရှင်း အဖွဲ့သည် UNFC အဖွဲ့နှင့် အစိုးရတို့၏  နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွင် ကြားဝင်ခွင့်ပေးရန် အစိုး ရအားတင်ပြပြီး ခွင့်ပြုချက် ရရှိပြီးဖြစ်သည်ဟု ဥက္ကဌဖြစ်သူ Yōhei Sasakawa  ကပြောကြားခဲ့ကြောင်း ဆိုပါသည်။
 ဤသို့ကြောင့် ပါဝင်ခွင့် ရှိမရှိအတွက် UNFC ၏ သဘောထားကို သိရှိလိုသောကြောင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ ၄င်းတို့၏ တောင်းဆိုချက်ကို UNFC အဖွဲ့၏ အရေးပေါ် အစည်းအဝေးချိန်နှင့် တိုက်ဆိုင်နေသဖြင့် လက်ခံ ကြောင်းဆုံးဖြတ်ပြီး ထိုနေ့၌ပင် အကြောင်းပြန်ကြား ခဲ့ပါသည်။
နိပွန် ဖောင်ဒေးရှင်းသည် တိုင်းရင်းသားများနှင့် အစိုးရအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်နည်ူဖြင့် အဖြေရှာကြရန် အားပေးအားမြှောက် ပြုသွားမည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ကတည်းက ထုတ်ဖေါ်ပြောကြား ခဲ့ဘူးပါသည်။
ဤသို့ကြောင့် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa သည်၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးများကို တွေ့ဆုံခဲ့ပါသည်။ ဤကဲ့သို့ အစိုးရ၏ သဘောထားကို ရယူပြီး သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။  
နိပွန် ဖောင်ဒေးရှင်းသည် ၁၉၆၂ ခုနှစ်၌ စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ နိုဗယ်ဆုရှင် Ayako Sono က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါသည်။ မြန်မာနိုင်ငံကိုမူ ၁၉၆၇ ခုနှစ်မှစ၍ ကျန်မားရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍများ၌ အကူအညီပေးခဲ့ပါသည်။
 ဖေဖော်ဝါရီလ (၁၄) ရက်နေ့
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တို့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ၌ ကြားခံ အသိ သက်သေအဖြစ် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေရှင်း အဖွဲ့အား အသိအမှတ်ပြုကြောင်း UNFC မှ ယမာန်နေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု သတင်းပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါသည်။
အစိုးရ အဖွဲ့နှင့် တွေ့ဆုံမည့် ရက်ကို UNFC က ချမှတ်နိုင်ပြီး
အစိုးရ အဖွဲ့နှင့် တွေ့ဆုံမည့် ရက်ကို UNFC က ချမှတ်နိုင်ပြီး
 ဖေဖော်ဝါရီလ (၁၄) ရက်နေ့ by ရွှေဟသာင်္သတင်းဌာန ( အဲာပိုန် )
 ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့သည် အစိုးရ အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် အတွက် အရေးပေါ် အစည်းအဝေးတရပ်ကို ကျင်းပခဲ့ရာ ယမာန်နေ့တွင် ပြီးဆုံးသွားကြောင်း UNFC ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
“အစိုးရ အဖွဲ့ဘက်က ကမ်းလှမ်းချက်ကို အကြောင်းပြန်နိုင်ဖို့ ကျနော်တို့ဘက်က အရေးပေါ် အစည်းအဝေး ခေါ်ခဲ့တယ်။ အ စိုးရဘက်ကတော့ ဒီလ ၂၀ ရက်နေ့မှာတွေ့ကြဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအပေါ် ဆွေးနွေးကြတာပါ။ တတိယနိုင်ငံ တခုမှာ တွေ့ကြမယ်ဆိုတော့ အဖွဲ့ဝင်အားလုံးက သဘောတူလိုက်ကြပါတယ်။” ဟုဆိုပါသည်။
အဆိုပါ အစည်းအဝေးသို့ UNFC မှအဖွဲ့ဝင်ပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့ ညအထိ ထိုင်းနိုင်ငံ နယ်စပ်တနေရာ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကိုမူ ထိုင်းနိုင်ငံ အတွင်း၌သာ တွေ့ဆုံသွားမည်ဟု ဆုံဖြတ်ခဲ့ပါသည်။ ယင်းအဆိုကို အစိုးရအဖွဲ့မှ သဘောတူခဲ့ပြီး ဖြစ်ပါသည်။
UNFC အဖွဲ့သည် အစိုးရ၏ငြိမ်းချမ်းရေးအဖွဲ့နှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ပထမအကြိမ် တွေ့ ဆုံခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားရန် သဘောတူခဲ့ပါသည်။
ဤသို့ကြောင့် အစိုးရသည် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ဇန္နာဝါရီလအတွင်း၌ ပြုလုပ်ကြရန် UNFC အားကမ်းလှမ်း လာ ခဲ့ ပါသည်။ သို့ သော် UNFC အနေဖြင့် အစိုးရတပ်ဖွဲ့က KIO လိုင်ဇာ ဗဟိုဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်သေးကြောင်း ပြီးခဲ့သည် ဇန္နာဝါရီလ (၁၁) ရက်နေ့ကသဘောထား ထုတ်ပြန်ခဲ့ ပါသည်။
ဤကဲ့သို့ ဆွေးနွေးပွဲအချိန် ကြံ့ကြာလာရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် KIO နှင့် အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီးနောက်ပိုင်း UNFC နှင့် အစိုးရတို့၏ နိုင်ငံရေးဆွေးနွေးပွဲကိစ္စ ပြန်လည်အသက်ဝင် လာခဲ့ပါသည်။ 
“ အဲဒီရွှေလီဆွေးနွေးပွဲဟာ UNFC နဲ့ အစိုးရတို့ရဲ့ တစ်နေတဲ့ နိုင်ငံရေး ဆက်ဆွေးနွေးပွဲကိစ္စ လမ်းစပြန်ပွင့်လာတာဖြစ်ပါ တယ်။ အခု စစ်ပွဲတွေ ရပ်ဆိုင်းနေပြီး ဆိုတော့ တွေ့ဆုံရေးကို စနိုင်ခဲ့ပြီးလို့ ဆိုနိုင်ပါတယ်။” ဟု ပြန်ကြားရေးမှုးက ပြောပါ သည်။
ဤသို့ကြောင့် အစိုးရနှင့်ဆွေးနွေးရန်ရှိသော ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ (၂၀)ရက်နေ့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။
ဖေဖော်ဝါရီလ (၁၄) ရက်
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့သည် အစိုးရ အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် အတွက် အရေးပေါ် အစည်းအဝေးတရပ်ကို ကျင်းပခဲ့ရာ ယမာန်နေ့တွင် ပြီးဆုံးသွားကြောင်း UNFC ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
ဟိုတယ်အချို့ တည်းခိုခန်း လိုင်စင်များဖြင့် လုပ်ကိုင်နေ
Thursday, February 14, 2013
ယခုနှစ်အတွင်း ဖွင့်လှစ်လုပ်ကိုင်လာသော ဟိုတယ်အချို့တွင် ဟိုတယ်လိုင်စင်ဖြင့် မဟုတ်ဘဲ တည်းခိုခန်း လိုင်စင်များဖြင့် ဖွင့်လှစ် လုပ်ကိုင်လာကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။ “ဟိုတယ် တည်ဆောက်ပြီးတာနဲ့ ချက်ချင်းဖွင့်ပြီး ဧည့်သည် လက်ခံချင်ကြတာကြောင့် တည်းခိုခန်း လိုင်စင်နဲ့ အမြန်လျှောက်ပြီး အမြန်ဖွင့်လာတာတွေ ရှိတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ဟိုတယ်တခုတွင် မန်နေဂျာလုပ်ကိုင်နေသည့် ဦးမိုးသက် က ပြောသည်။
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲခံရမှုတွင် ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲဟု ပရော်ဖက်ဆာJustice Trust (USA) မှ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ Roger Normand ကမေးခွန်းထုတ်
ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲဟု ပရော်ဖက်ဆာ
Roger Normand မေး
Thursday, February 14, 2013
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သတ်၍
‘ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲ’ ဟု Justice Trust (USA) မှ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ Roger Normand က
ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌
ကျင်းပပြုလုပ်သော လက်ပံတောင်းတောင်အရေး စာနယ်ဇင်းရှင်းလင်းပွဲ၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ဒီအရေးကြီးတဲ့မေးခွန်းကို ဒေသဆိုင်ရာ ပြည်သူတွေကလည်း
မေးနေပါတယ်၊ အားလုံးကလည်း သိချင်နေတယ်။ ဒါတွေနဲ့
ပတ်သတ်ပြီး အစိုးရထိပ်ပိုင်းအရာရှိတွေမှာ အဓိက တာဝန်ရှိ
တယ်လို့ ထင်တယ်။ ဒီဒေသမှာ ရှိနေတဲ့ ရဲအရာရှိတွေ လက်ထဲမှာ ဒီလက်နက်တွေ သုံးဖို့ဆိုတာ သူတို့ကိုယ်၌က ပစ်မိန့်တွေ
ပေးဖို့ဆိုတာ မဖြစ်လောက်ဘူး။ ရဲဝန်ထမ်းတွေ ရာချီပြီး သပိတ်
စခန်းတွေ ဖြိုခွင်းတဲ့ပုံစံဟာ ကြိုတင်စီစဉ်ထားပုံရတယ်” ဟု ၄င်းက ပြောကြားသည်။
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုမှာ ဆယ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ ထုတ်ပြန်ချက်
တစ်စုံတစ်ရာ မရှိသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို
ခန့်အပ်ခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ရဲဌာန၏
စီမံခန့်ခွဲမှု မပါဝင်သည့်အတွက် ရဲဌာနနှင့် ပတ်သတ်၍ စုံစမ်း
စစ်ဆေးမှု မရှိကြောင်း၊ ယင်းတွင် အသုံးပြုခဲ့သော လက်နက်များမှာ
လေ့ကျင့်ထားသည့် စစ်ဘက်ဆိုင်ရာဌာနများတွင်သာ အသုံးပြုရသည့် လက်နက်များဖြစ်ကြောင်း Roger Normand က ပြောကြားသည်။
“ဒီအကြမ်းဖက်ဖြိုခွဲမှုဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကို သွားနေတဲ့နိုင်ငံမှာ သိပ်အရုပ်ဆိုးလွန်းတယ်။ အစိုးရသစ်
လက်ထက်မှာ ဖြစ်လာတဲ့ ဒီလိုကိစ္စတွေကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ ဒါဟာ မြန်မာနိုင်ငံအတွက်
အရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်” ယင်းက ဆက်လက်ပြောကြားသည်။
ယင်းက ဆက်လက်၍ လက်ပံတောင်းဆန္ဒပြမှုသည် ဒေသခံ
ပြည်သူများအနေဖြင့် ၄င်းတို့၏ အခွင့်အရေးအရ ငြိမ်းချမ်းစွာ
ဆန္ဒပြခြင်းသာ ဖြစ်ပြီး အခြားဒီမိုကရေစီနိုင်ငံများတွင် ဖြစ်နေကျ
ပုံစံမျိုးသာဖြစ်သည့်အတွက် ယခုကဲ့သို့ ဖြေရှင်းလိုက်သည့်ပုံစံမှာ
မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်သလို
ဖြစ်နေကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့်မေးခွန်းကို
မီဒီယာသမားများ အနေဖြင့် မေးမြန်းရန်တာဝန်ရှိကြောင်း
ပြောကြားသွားခဲ့သည်။
ရည်မွန်
The Myanma Age
Thursday, February 14, 2013
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သတ်၍ ‘ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲ’ ဟု Justice Trust (USA)မှ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ Roger Normand က ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့တ်ာဝင်နှင်းဆီ၌ကျင်းပပြုလုပ်သောလက်ပံတောင်းတောင်အရေးစာနယ်ဇင်းရှင်းလင်းပွဲ၌ မေးမြန်း
ခဲ့ခြင်းဖြစ်သည်။
အသတ်ခံရ ကျားဖြူပါတီဥက္ကဌ၏တူ အလောင်းအားပြန်ဖော်စစ်ဆေး
အသတ်ခံရ ကျားဖြူပါတီဥက္ကဌ၏တူ အလောင်းအားပြန်ဖော်စစ်ဆေး
Thursday, February 14, 2013
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သော
လူသတ်မှုအား အမှုမှန်ပေါ်ထွက် လာရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည်
အလောင်း ဖော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အလောင်းဖော်ကြည့်ရာတွင် ၄င်းတို့ထင်ထားသည်ထက် ဒဏ်ရာများ ပိုပြင်းထန်နေသည်ကိုတွေ့ရ ကြောင်း၊ မသေမချင်း ဓါးနှင့်ခုတ်သတ်မှု
အဖြစ် ပြစ်မှုထင်ရှားကြောင်း၊ အမှုမှန်ပေါ်ပေါက် ရေးအတွက် တရားမျှတစွာ ဖြေရှင်းပေး ဖို့လိုကြောင်း၊ အလောင်းဖော်ပြီး ပြန်လည်
စစ်ဆေးပေးသော ဒေသခံဆရာဝန်/မ များမှာ ဒေါက်တာ နန်းထွေးခမ်း၊ ဒေါက်တာစိုင်းနိုင်ဌေး ဆေးသူနာပြုဆရာမ ၂ ဦးနှင့်
ဆေးရုံအကူ ဦးစိုင်းကျော်နိုင် နှင့် ရဲအရာရှိ အချို့ အပါအ၀င် ကျားဖြူဘက်က စိုင်းမွေး၊ ကျားခေါင်း ဘက်က ဦးစိုင်းလိန်မြတ် တို့ပါဝင်ကြောင်း ၄င်းကဆိုသည်။
ထို့အပြင် ယနေ့ ရက်လည်ဆွမ်းကျွေးသည့် နေ့အထိ တရားခံဘက်မှ လူမှုရေးအရ၊ တရားဥပဒေအရ လာရောက်ကူညီခြင်း တောင်းပန်စကား
ပြောကြားခြင်း မရှိကြောင်းဆိုသည်။
“မနေ့က အလောင်းတူး အခမ်းအနားက ပြည်ထောင်စုနေ့ အခမ်းအနားထက်တောင် လူစည် နေတယ်ဗျ။ နိုင်ငံရေး ပါတီကအချို့ ရယ် ဒေသခံပြည်သူအယောက် ၅၀ လောက်ပေါ့။ အားလုံးရဲ့မျှော်လင့်ချက် ကအမှုမှန်ပေါ်ဖို့ပဲ။ တရားခံရော တရားလိုရော ဘယ်သူဘယ်ဝါရဲ့ အမျိုးတော်စပ်နေပါစေ အစိုးရဘက်ကနေ တရားမျှတစွာ တရားစီရင်ပေးဖို့ပဲအားလုံးက လိုလားကြတယ်၊ တရားမျှတစွာ မဆောင်ရွက်ပေးရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်ရပါတယ်” ဟု အလောင်းဖော်ရာတွင် လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် နမ့်ခမ်းဒေသခံ စိုင်းခမ်း ကပြောသည်။
အလောင်းကိုလည်း သင်္ချိုင်းကုန်းရှိ ၄င်း၏ကျင်းတွင်ပင် လူအများရှေ့မှောက် ခွဲစိတ်စစ်ဆေးပြခဲ့ကြောင်း၊ သေဆုံးသူ၏ ခန္ဓာ ကိုယ်ပေါ်တွင် ထင်ရှားတွေ့နေသောဒဏ်ရာများမှာ လက်နှစ်ဖက်ဓါးဒဏ်ရာကြောင့် လက်ဆစ် တွဲလောင်းဖြစ် နေခြင်း၊ ဦးခေါင်းတွင် ၄ လက်မခွဲလောက်
ပေါက်ပြဲနေပြီး ဦးနှောက်အထိ ဒဏ်ရာရရှိနေခြင်း၊ မျက်နှာပေါက်ပြဲ၊ ပုခုံးတွင်လည်း ပေါက်ပြဲ နေခြင်းနှင့် ကျောပြင်တွင် ၂ လက်မခန့် ရှိသောဓါးထိုးရာရှိပြီး အဆုတ်အထိ ဓါးစိုက်ဝင်ထားသော ဒဏ်ရာတွေ့ရကြောင်း စိုင်းခမ်း ကသျှမ်းသံတော်ဆင့်သို့ ပြောသည်။
တရားမျှတစွာ မဆောင်ရွက်ပေးနိုင်ပါက မူစယ်နှင့်နမ့်ခမ်းမြို့ရှိ လူငယ်များပူးပေါင်း ဆန္ဒထုတ်ဖော်မည်ဟု သတင်း များ ထွက်ပေါ်နေသည်။ ယခုအချိန်အထိ တရားခံဖြစ်သော တရုတ်လူမျိုး ပြည်သူ့လွှတ်တော် အမတ် ဦးကျော်မြင့် (ပန်းဆေးပြည့်သူစစ်ခေါင်း ဆောင်)၏တူ ငွေနဂါး
သောက်ရေသန့်ပိုင်ရှင် ဦးထွန်းမြင့်(ကွယ်လွန်)၊ ဒေါ်စိန်မေ တို့၏သား ရဲအောင်ထွေး(ခ)လိဖန် တစ်ဦးတည်းသာ ဖမ်းဆီးရမိထားကြောင်း အပေါင်းအပါ ၃ ဦးမှာလွတ်မြောက်နေ သေးကြောင်း သိရသည်။
သျှမ်းသံတော်ဆင့်
Thursday, February 14, 2013
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သော
လူသတ်မှုအား အမှုမှန်ပေါ်ထွက် လာရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည် အလောင်း ဖော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ ဖေဖော်ဝါရီ၁၄၊ ချစ်သူများနေ့ မြင်ကွင်းတစ်ချို့
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် အပြောင်းအလဲ ဖြစ်ဟု သတင်းထွက်ပေါ်
မန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကမ်းရိုးတန်းစောင့် ရဲတပ်ဖွဲ့၊ လေဆိပ် လုံခြုံရေး စသည်ဖြင့် တိုးချဲ့ ဖွဲစည်း ခဲ့ပြီးနောက် ရဲချုပ် အဖြစ် တာဝန် ထမ်းဆောင် နေသော ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ၏ နေရာတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးသိန်းကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်၍ ရဲဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ် ခဲ့ကြောင်း The Voice Weekly ၏ သတင်း ရင်းမြစ်များ ထံမှ သိရသည်။
ကော့ကရိတ်မြို့နယ်၊ သိဝါးရွာမှ အရပ်သားတစ်ဦး မြေမြုပ်မိုင်း နင်းမိပြီး ညာဘက်ခြေထောက်ပြတ်ဒဏ်ရာရ
ကော့ကရိတ်မြို့နယ်၊ သိဝါးရွာမှ အရပ်သားတစ်ဦး မြေမြုပ်မိုင်း နင်းမိ
ဖေဖော်ဝါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိဝါးကျေးရွာမှ ရွာသားတစ်ဦးသည် ယခုလဆန်းပိုင်းက ထင်း ရှာထွက်ရင်း မြေမြုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ဖြတ်သွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။
ဖေဖော်ဝါရီ ၁ရက်နေ့က အသက် ၃၂နှစ်အရွယ် စောဖါးဒါးသော့ဆိုသူသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မ တော်-DKBA (၉၀၇)တပ်ရင်းမှ မသွားရန် ကန့်သတ်ထားသည့် နယ်မြေတွင် သွားရောက်ထင်းရှာထွက်ခဲ့သော ကြောင့် ထိုသို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“သူ(စောဖါးဒါးသော့)က ထင်းရှာဖို့ သွားရင်း မိုင်းနင်းမိတာပေါ့နော်။ သူ့ကို ရွာသားတွေက သွားပြန်ထမ်းလာ တာ။ အဲဒီနေ့ တရက်တည်းပဲ ကော့ကရိတ်ဆေးရုံကို ပို့တယ်။ မိုးချုပ်မှ ရောက်တယ်။ နောက်ပြီး အခုလို ရွာသားတစ်ဦး မိုင်းထိတာဖြစ်ပွားတော့ ကျန်ရွာသားတွေ တော်တော်ထိတ်လန့်နေကြတယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ သိဝါးရွာသားတစ်ဦး မိုင်းနင်းမိမှု ဖြစ်ပွားခဲ့ပြီးနောက် ကျန်ရွာသားများမှာ ထိုတောထဲသို့ မသွား လာရဲဘဲဖြစ်ကာ လုပ်ငန်းကိုင်ငန်းများ ထိခိုက်လျှက်ရှိသည်ဟု သူက ထပ်မံပြောဆိုသည်။
သိဝါးရွာရှိ ရွာသူရွာသားများသည် အဆောက်အဦးအတွက် သိဝါးတောမှ ထွက်ရှိသော သစ်၊ ၀ါး၊ အင်ဖက် စသည်တို့ကို အမှီပြုကြရသလို အသက်မွေးဝမ်းကျောင်းအတွက် ထိုတောထဲတွင် တောင်ယာ၊ ဥယျာဉ်ခြံနှင့် ရော်ဘာ(ကော်)ခြံလုပ်ငန်းများ လုပ်ကိုင်လုပ်နေကြခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မိုင်းနင်းမိသည့် စောဖါးဒါးသော့သည် ဇနီးနှင့် သမီး ၃ဦးရှိသည့် အိမ်ထောင်သည်အမျိုးသားတစ်ဦးဖြစ်ပြီး လက် ရှိ ကော့ကရိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိဝါးကျေးရွာတ၀ိုက်တွင် DKBA အပါအ၀င် မြန်မာအစိုးရစစ် တပ်၊ နယ်ခြားစောင့်တပ်နှင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ သွားလာလှုပ်ရှားလျှက်ရှိသည်။
အေးချမ်းမွန်မှ   KIC (Karen Information Center) တွင်ပါရှိသော သတင်းကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ဖေဖော်ဝါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိဝါးကျေးရွာမှ ရွာသားတစ်ဦးသည် ယခုလဆန်းပိုင်းက ထင်း ရှာထွက်ရင်း မြေမြုပ်မိုင်းနင်းမိ၍ ညာဘက်ခြေကေ် ဖြတ်သွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။
စီးပွားကူးသန်းက ငှားရမ်းထားတဲ့ တက္ကစီအငှားယာဉ်တွေကို အပိုင်လွှဲပြီ
စီးပွားကူးသန်းက ငှားရမ်းထားတဲ့ တက္ကစီအငှားယာဉ်တွေကို အပိုင်လွှဲပြီ။
Thursday, February 14, 2013
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကနေ ၁၉၉၅ - ၁၉၉၆ ခုနှစ်တုန်းက ဌားရမ်းထားတဲ့ တက္ကစီ အငှားယာဉ် အစီး ၂၀၀ ကျော်ကို သည်နေ့ကစပြီး မတ်လ ၃၁ ရက်နေ့ထိ အငှားပိုင်ရှင်တွေထံ ငွေကျပ် သိန်း၃၀ နဲ့အပြီး
အပိုင်လွှဲပေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး လက်အောက်ရှိ အငှားယာဉ်လုပ်ငန်းတာဝန်ခံ အရာရှိ ဦးတင်အေးက
ပြောပါတယ်။
အခုလိုလွဲပေးလိုက်ရတာက ၁၉၉၅ - ၁၉၉၆ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို ဖျက်သိမ်းဖို့အတွက်ဖြစ်တယ်။ 
အရင်ငှားရမ်းထားတဲ့ ကားအငှားပိုင်ရှင်တွေအနေနဲ့ ပေးထားတဲ့
စပေါ်ငွေကျပ် ရှစ်သိန်းကို နှုတ်လိုက်ရင် နောက်ထပ် ၂၂ သိန်းသာ
မြန်မာနိုင်ငံသားများဘဏ်မှာ ငွေသွင်းပြီး ချလံယူရပါမယ်။ ချလံယူပြီးရင် ကားအငှားယာဉ်လုပ်ငန်းမှာ လျှောက်လွှာတင်ရပါမယ်။ ပြီးတာနဲ့
ငွေသွင်းထားတဲ့ ချလံနဲ့အတူ ကားအေ၇ာင်းအ၀ယ်စာချုပ်ကို နေ့ချင်းအပြီး ချုပ်ဆိုပြီး ကားအငှားပိုင်ရှင်တွေထံလွှဲပေးမှာဖြစ်ပါတယ်။
ကားအပိုင်ရထားတဲ့သူတွေက ကညနမှာ အမည်ပြောင်းလိုင်စင်
လျှောက်နိုင်ပါတယ်။ အမည်ပြောင်းလိုင်စင်လျှောက်တဲ့အခါ 
အခက်အခဲရှိရင် ကားအငှားယာဉ်လုပ်ငန်းကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ကြောင်းသိရပါတယ်။
မတ်လ ၃၁ ရက်နေ့ထိ ငွေလာမသွင်းတဲ့ ကားအငှားပိုင်ရှင်တွေက ကားကိုပြန်လည်အပ်နှံရပါမှာဖြစ်ပါတယ်။
The Modern News Journal
Thursday, February 14, 2013
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကနေ ၁၉၉၅ - ၁၉၉၆ ခုနှစ်တုန်းက ဌားရမ်းထားတဲ့ တက္ကစီ အငှားယာဉ် အစီး ၂၀၀ ကျော်ကို သည်နေ့ကစပြီး မတ်လ ၃၁ ရက်နေ့ထိ အငှားပိုင်ရှင်တွေထံ ငွေကျပ် သိန်း၃၀ နဲ့အပြီး အပိုင်လွှဲပေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး လက်အောက်ရှိ အငှားယာဉ်လုပ်ငန်းတာဝန်ခံ အရာရှိ ဦးတင်အေးက
ပြောပါတယ်။
ဘရာဇီး မှ Android သုံးအိုင်ဖုန်းက Apple အိုင်ဖုန်းကို တရားရုံးတွင် အနိုင်ရ
ဘရာဇီး မှ Android သုံးအိုင်ဖုန်းက Apple အိုင်ဖုန်းကို တရားရုံးတွင် အနိုင်ရ 
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလလောက်ကစလို့ ဘရာဖီးမှာ Android OS အသုံးပြုတဲ့ စမတ်ဖုန်း - iPhone ကို IGB Eletronica SA အမည်ရ ဘရာဇီး အခြေဆိုက် ကုမ္မဏီတစ်ခုက ဈေးသက်သက်သာသာနဲ့ ထုတ်လုပ် ရောင်းချ ပါတယ်။ Gradiente Andorid ဖုန်း ဖြစ်ပါတယ်။ 
ဒါကြောင့် တရားစွဲဆိုချက်ကို Apple က စတင် ပြုလုပ်ခဲ့ပြီး ဘရာဇီး တရားရုံးမှာ ထိပ်တိုက်ရင်ဆိုင်ပါတယ်။ ဝမ်းနည်းစရာပါပဲ။ ထင်သလို ဖြစ် မလာပဲ Apple ရဲ့  ကုန်ပစ္စည်း iPhone အမည်ကို ဘရာဇီးမှာ အသုံးပြုခွင့် မရှိဘူးဆိုတဲ့ တရားဆုံးဖြတ်ချက် အဖြေကိုသာ ရရှိခဲ့ပါတယ်။ 
အမှန်တော့ IGB ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ မတိုင်မီအထိ iPhone အမည်နဲ့ ဖုန်းမထုတ်လုပ်ဖူးပါဘူး။ Apple ကတော့ ၂၀၀၇ ခုနှစ်ကတည်းက ဘရာဇီးမှာ တရားဝင်ရုံးခွဲနဲ့ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဘရာဇီးတရားရုံးအပေါ် ကျေနပ်မှု မရှိနိုင်ပဲ iPhone အမည်ကို Apple တို့ ဘရာဇီးတွင် တရားဝင်အသုံးပြုလို့ ရရန် ထပ်မံ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: appadvice
Aung Kham (TSJ team)
အေးချမ်းမွန်မှ  TechSpace Journal တွင်ပါရှိသော သတင်းကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလလောက်ကစလို့ ဘရာဖီးမှာ Android OS အသုံးပြုတဲ့ စမတ်ဖုန်း - iPhone ကို IGB Eletronica SA အမည်ရ ဘရာဇီး အခြေဆိုက် ကုမ္မဏီတစ်ခုက ဈေးသက်သက်သာသာနဲ့ ထုတ်လုပ် ရောင်းချ ပါတယ်။ Gradiente Andorid ဖုန်း ဖြစ်ပါတယ်။
NASA ဓာတ်ပုံများအရ အရှေ့အလယ်ပိုင်းတွင် ရေချို ရှားပါးလာကြောင်း တွေ့ရှိရ
NASA ဓာတ်ပုံများအရ အရှေ့အလယ်ပိုင်းတွင် ရေချို ရှားပါးလာကြောင်း တွေ့ရှိရ
Thursday, February 14, 2013
အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)၏ ဂြိုဟ်တု 
မှတ်တမ်း ဓာတ်ပုံများအရ အရှေ့အလယ်ပိုင်း ဒေသတွင် ရေချိုရင်းမြစ်များ တစ်စထက်တစ်စ ရှားပါး ခမ်းခြောက်လာသည်ကို ဖော်ထုတ် တွေ့ရှိခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရေချိုရင်းမြစ်များ အလွန်လျင်မြန်စွာ
ပျောက်ကွယ် လာနေသည်ဟို ဂြိုဟ်တု ဓာတ်ပုံများ၏ နှိုင်းယှဉ်မှုအရ လက်တွေ့ ဖော်ထုတ်နိုင်ခဲ့ကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ထောက်ပြခဲ့သည်။
(၇)နှစ်မျှ ကာလအတွင်း တူရကီ၊ ဆီးရီးယား၊ အီရတ်နှင့် အီရန်တို့တွင် တိုက်ဂရစ်နှင့် ယူဖရေးတီးစ် မြစ်များမှ အစိတ်အပိုင်းအချို့ အပါအဝင်
ရေရင်းမြစ် (၁၄၄)ကုဗ ကီလိုမီတာမျှ လျော့နည်းသွားကြောင်း သိရသည်။
Planet Myanmar Network
Thursday, February 14, 2013
အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)၏ ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံများအရ အရှေ့အလယ်
ပိုင်း ဒေသတွင် ရေချိုရင်းမြစ်များ တစ်စထက်တစ်စ ရှားပါး ခမ်းခြောက်လာသည်ကို ဖော်ထုတ် တွေ့ရှိခဲ့
သည်။
ယနေ့ မွန်းလွဲ ၁နာရီ ၃၀ ခန့်က လမ်း ၃၀ (အောက်လမ်း)ရှိ ကျားကမ္ဘာ စာအုပ်ဆိုင် ထပ်ခိုး ပြိုကျ၍ အမျိုးသမီး တစ်ဦး ခြေထောက်တွင် ဒဏ်ရာ ရ (သတင်း ဓာတ်ပုံ)
ယနေ့ မွန်းလွဲ ၁နာရီ ၃၀ ခန့်က လမ်း ၃၀ (အောက်လမ်း)ရှိ ကျားကမ္ဘာ စာအုပ်ဆိုင် ထပ်ခိုး ပြိုကျ၍ အမျိုးသမီး တစ်ဦး ခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့သည်။ 
The Voice Weekly
ယနေ့ မွန်းလွဲ ၁နာရီ ၃၀ ခန့်က လမ်း ၃၀ (အောက်လမ်း)ရှိ ကျားကမ္ဘာ စာအုပ်ဆိုင် ထပ်ခိုး ပြိုကျ၍ အမျိုးသမီး တစ်ဦး ခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့သည်။ 
ဦးပိုင်ကုမ္ပဏီရဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားများ တရားစွဲ
ဦးပိုင်ကုမ္ပဏီရဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားများ တရားစွဲ
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာသား လယ်သမား ၄၇ ဦးက ဦးပိုင်ကုမ္ပဏီ ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ကို မုံရွာခရိုင်တရားရုံးမှာ မနေ့က တရားစွဲအမှုဖွင့်ခဲ့ပါတယ်။
အဲဒီလယ်ယာမြေတွေကို ဦးပိုင်ကုမ္ပဏီက သူတို့ကုမ္ပဏီပိုင်  မြေယာတွေအဖြစ် ပြုလုပ်ထားတာကြောင့် မိမိတို့ လက်ဝယ်ရှိတဲ့ မြေယာမှတ်ပုံတင်နံပါတ်တွေနဲ့ အထောက်အထားပြပြီး တရားစွဲတာဖြစ်တယ်လို့ မုံရွာခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကံကုန်းကျေးရွာသား ဦးမတ်စေ့က RFA ကို ပြောပါတယ်။
“သူတို့က အရင်တရားစွဲထားတာ၊ ကျနော်တို့က အခုတစ်ခါ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ၄၊ ၅၊ ၆ လလောက်ရှိပြီဗျ၊ ကျနော်တို့လည်း တရားစွဲခံထားရတာ၊ ပိုင်နက်ကျူးလွန်မှုဆိုပြီးတော့ ဒီလယ်ယာတွေကို ဦးပိုင်က လျော်ကြေးပေးတယ်ဆိုပြီးတော့ မြေယာစွန့်လွှတ်ကြောင်း လက်မှတ်တွေထိုးပြီးတော့ သူတို့က ရောင်းနေကြလို့ ကျနော်တို့က ကျနော်တို့လက်ထဲမှာ  ဒီမြေယာမှတ်ပုံတင် စာအုပ်တွေရှိတယ်၊ တစ်ကြိမ်တစ်ခါမှလည်း မြေယာစွန့်လွှတ်ကြောင်း လက်မှတ်လည်း မထိုးဘူး၊ အဲဒါတွေနဲ့ တရားစွဲဆိုထားတာပါ၊ သူတို့က ဒီလယ်ယာတွေကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ ကျနော်တို့ တောင်သူတွေကို အခုလက်ရှိ လွတ်လပ်နေရာတဲ့ မြေယာတွေကို သူတို့က လုပ်စားပိုင်ခွင့်မပေးဘူးလေ၊ အခုလက်ရှိ မိုးကြိုးဆာလဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ရဲ့ နာမည်နဲ့သွားပြီးတော့ ကျနော်တို့ တရားစွဲတာပါ”
မုံရွာခရိုင်တရားရုံးမှာ သီးစားသက်သာခွင့် ဥပဒေပုဒ်မ (၄၂) အရ လက်လုပ်စိုက်ပျိုးမြေတွေကို စိုက်ပျိုးပိုင်ခွင့်ရရှိကြောင်း ဖွင့်ဟကြေညာပေးဖို့ တရားစွဲဆိုတာဖြစ်ပါတယ်လို့ တောင်သူတွေကို အကူညီပေးတဲ့ ခရမ်းရောင် သာတူညီမျှ ဥပဒေအကျိုးဆောင်လုပ်ငန်းက ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက ဆိုပါတယ်။
ကံကုန်းကျေးရွာ တောင်သူတွေရဲ့ အမှုဖွင့်တာကို မုံရွာခရိုင် တရားသူကြီးက လက်ခံထားခဲ့ပြီး ၂၈ ရက်နေ့မှာ အမှုကိုကြားနာမယ်လို့ သိရပါတယ်။
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာသား လယ်သမား ၄၇ ဦးက ဦးပိုင်ကုမ္ပဏီ ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ကို မုံရွာခရိုင်တရားရုံးမှာ မနေ့က တရားစွဲအမှုဖွင့်ခဲ့ပါတယ်။
လူပျောက်ကြော်ငြာ
ကျေဇူးပြုပြီးရှယ်ပေးကြပါ
ပုံပါ မိန်းကလေး အမည် ချိုချိုခိုင် အသက် ၁၅ နှစ်ခန့်မှာ ရွှေဂုံတိုင်အုတ်လမ်းမှတ်တိုင်မှ စံရိပ်ငြိမ်မှတ်တိုင်သို့ ၄၈အထူးကားဖြင့်သွားစဉ် ပျောက်ဆုးံသွားပါသဖြင့် တွေ့ရှိက ဦးအေးသောင်း ph 09421091606, 0973005863, သီသီ 0973060013 သို့ အကြောင်းကြားပေးပါ။
Judaline Mary ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
ပုံပါ မိန်းကလေး အမည် ချိုချိုခိုင် အသက် ၁၅ နှစ်ခန့်မှာ ရွှေဂုံတိုင်အုတ်လမ်းမှတ်တိုင်မှ စံရိပ်ငြိမ်မှတ်တိုင်
သို့ ၄၈အထူးကားဖြင့်သွားစဉ် ပျောက်ဆုးံသွားပါသဖြင့် တွေ့ရှိက ဦးအေးသောင်း ph 09421091606, 0973005863, သီသီ 0973060013 သို့ အကြောင်းကြားပေးပါ။
လယ်ယာမြေဆုံးရှုံးမှု ကာကွယ်ရေးကော်မတီ ဖွဲ့စည်း
လယ်ယာမြေဆုံးရှုံးမှု ကာကွယ်ရေးကော်မတီ ဖွဲ့စည်း
Thursday, February 14, 2013
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်က အလွမ်းဆွတ်၊ ဖလန်း၊ ကရက်ကြီးနဲ့ ဘေးပေါက်စတဲ့ ကျေးရွာ ၄ ရွာနဲ့ သန်လျင်မြို့၊
ရွှေပြည်သာယာ ရပ်ကွက်မှာရှိတဲ့ လယ်သမား ၃ ထောင်ကျော် စုပေါင်းပြီး လယ်ယာမြေများဆုံးရှုံးမှု အခွင့်အရေး ကာကွယ်ရေးကော်မတီကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
အစိုးရက ဒေသခံတောင်သူလယ်သမားတွေကို သူတို့ပိုင် လယ်ယာမြေတွေ
ကနေ ဒီကနေ့ ဖယ်ရှားပေးဖို့ အကြောင်းကြားထားတဲ့အတွက် မိမိတို့
အရေးကိုတောင်းဆိုဖို့ အခုလို ကော်မတီဖွဲ့စည်းလိုက်တာလို့ ဒေသခံ လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
"မနက်ဖြန်ကို လယ်ယာမြေတွေပေါ်မှာရှိတဲ့ လယ်သမားတွေကို အစိုးရကဝင်ဖမ်းမယ်လို့ ကြေညာချက်ထုတ်ထားတဲ့အပေါ်မှာ အစိုးရကိုမဖမ်းဖို့ တောင်းဆိုဖို့အဖွဲ့ကို ဒီနေ့ပဲ အရေးကြီးဖွဲ့စည်းလိုက်တာပါ၊ အစိုးရက မဆောင်ရွက်မပေးမချင်း၊ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကိုရဖို့အတွက် ဒီအဖွဲ့က တောင်းဆိုသွားမှာပါ"
အဲဒီ အလွမ်းဆွတ်ရွာမှာ လယ်မြေဧက ၂၀၀ ကျော်ကို ခလရ ၉၀ က 
၁၉၉၅ ခုနှစ်မှာ သိမ်းခဲ့ပြီး လယ်သမားတွေကို တစ်ဧကစပါး ၁၀ တင်းနှုန်းနဲ့ သီးစားပြန်ချထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တပ်အဆင့်ဆင့်ပြောင်းပြီး အခုလက်ရှိ အမှတ် ၁ ဗျူဟာ စစ်ရေယာဉ်စုတပ်က မြေတွေကိုရယူ
ထားတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း စစ်တပ်ကသိမ်းထားတဲ့ လယ်ယာမြေတွေမှာ တောင်သူတွေက ဝင်ရောက်ပြီး ထွန်တုံးတိုက်ပွဲ ကျင်းပခဲ့ပါသေးတယ်။
RFA Burmese
Thursday, February 14, 2013
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်က အလွမ်းဆွတ်၊ ဖလန်း၊ ကရက်ကြီးနဲ့ ဘေးပေါက်စတဲ့ ကျေးရွာ ၄ ရွာနဲ့ သန်လျင်မြို့၊
ရွှေပြည်သာယာ ရပ်ကွက်မှာရှိတဲ့ လယ်သမား ၃ ထောင်ကျော် စုပေါင်းပြီး လယ်ယာမြေများဆုံးရှုံးမှု အခွင့်အရေး ကာကွယ်ရေးကော်မတီကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ရဲ့ ဆုံးမသြ၀ါဒ
မင်းတို့ လူထုအနေနဲ့ရော သံဃာထုအနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို နဲပါတယ်။ 
အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။
ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊
စဉ်းစားကြည့် . . . မင်းတို့  ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်ကွ၊ အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ်ဆိုကတည်းက မင်းတို့ရဲ့ အသိညာဏ်က အဲဒီ သုနခ (ခွေး)လောက်ပဲ ရှိတာ။ အဲဒါ မှတ်ထား။
နောက်ကို ရန်ဖြစ်အောင် တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး။ ဆူပူအောင် လုပ်တိုင်း မဆူပူရဘူး၊ ကိုယ်က ဗဟုသုတရှိထားမှ ဒါ တမင်သက်သက် ဆူပူအောင် လုပ်နေတယ်၊ အဲဒီလို သိတာပေါ့၊ အဲဒီလို သိအောင် ခုနက ပြောသလိုပဲ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်၊ 
မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
မင်းတို့ လူထုအနေနဲ့ရော သံဃာထုအနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို နဲပါတယ်။
အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။ ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊
ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၉ ကျပ် သတ်မှတ်ကြောင်း သိရသည်။ ထို့အပြင် Cross Exchange Rate အရ
ဂီတသင်္ကေတများဖြင့် စန္ဒရားကို ပီပြင်စွာ တီးနိုင်သော ၂ နှစ်သမီး
ဂီတသင်္ကေတများဖြင့် စန္ဒရားကို ပီပြင်စွာ တီးနိုင်သော ၂ နှစ်သမီး
Thursday, February 14, 2013
အသက်အရွယ်နှင့်မလိုက် စန္ဒရားကို ပြောင်မြောက်စွာတီးနိုင်သော ပါရမီရှင်လေး လာဗီးနီးယား ရာမီရာ့ဇ်သည် သူမ၏ ပထမဦးဆုံးအကြိမ် စန္ဒရားဖြင့် ဖျော်ဖြေတင်ဆက်ပွဲကို  ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပပြုလုပ်
ခဲ့ကြောင်း သိရသည်။
ကျောင်းပိတ်ရာသီ ခွဲခွာခြင်း အထိန်းအမှတ် ကျောင်းကပွဲတွင်  အသက် ၂ နှစ်သာရှိသေးသည့် လာဗီးနီးယားသည် ပရိသတ် ၂၀၀ ၏ ရှေ့မှောက်၌ “Mary Had A Little Lamb” တေးသွားကို ပြောင်မြောက်စွာ တီးပြနိုင်ခဲ့သည်။
လာဗီးနီးယားသည် ထိုနေ့ကျောင်းကပွဲတွင် ဖျော်ဖြေတင်ဆက်မည့်
ကျောင်းသား ၂၁ ဦးထဲတွင် ပါဝင်ခဲ့ပြီး အများစုသည် အသက် ၁၀ နှစ်
ဝန်းကျင် ကလေးများဖြစ်ကြသည်။
လာဗီးနီးယားသည် စန္ဒရားကို တီးခတ်နိုင်သော်လည်း သူမ၏ မိဘများသည် ဂီတအကြောင်း တစ်ဦးမျှ နားမလည်သူများ ဖြစ်ကြသည်။ သူမကို မိဘများက ခရစ်မတ်နေ့တွင် ကစားစရာ စန္ဒရားတစ်လုံး လက်ဆောင်
ပေးခဲ့ပြီးနောက် ပြောင်မြောက်စွာ တီးခတ်ပြနိုင်ခဲ့သည့်အတွက် အံ့အားသင့်ခဲ့ကြရသည်။ ထို့ကြောင့် မိဘများသည် စန္ဒရားတီးသင်ပေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ သူမ၏ မိခင်ဖြစ်သူက “ဘယ်လိုဖြစ်ပြီး ဒီလောက် တီးတတ်သွားမှန်းလဲ မသိပါဘူး။ ကျွန်မတို့ထက်တော့ တော်တာအမှန်ပဲ” ဟုပြောကြားခဲ့သည်။
ဂီတဆရာဖြစ်သူကလည်း “သူ့မှာ ပါရမီထူးပါလာတာတော့ သေချာတယ်။ သမီးက ဘာကိုမဆို စူးစိုက်အားရုံထား လွန်းတယ်။ သီချင်းသံတွေကို ဖွင့်ပြလိုက်ရင် လိုက်တီးနိုင်တာတော့ အံ့သြမိတယ်” ဟုပြောကြားသည်။ ဆရာ လီဟော့ကီးက သူမကို သင်ပေးရန် အရွယ်ငယ်လွန်းသေးသဖြင့် ဝန်လေးမိကြောင်း၊ သို့သော် ဂန္ထဝင်သီချင်းတစ်ပိုဒ်ဖြင့် စမ်းသပ်
ကြည့်လိုက်ပြီးမှ သူမအစွမ်းကို လက်ခံကာ သင်ပေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ 
ဇင်မင်း 
မောက္ခ
Thursday, February 14, 2013
အသက်အရွယ်နှင့်မလိုက် စန္ဒရားကို ပြောင်မြောက်စွာတီးနိုင်သော ပါရမီရှင်လေး လာဗီးနီးယား ရာမီရာ့ဇ်သည် သူမ၏ ပထမဦးဆုံးအကြိမ် စန္ဒရားဖြင့် ဖျော်ဖြေတင်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံးမိကျောင်းဘွဲ့ သြစတြေးလျနိုင်ငံမှရရှိ
ကမ္ဘာ့အကြီးဆုံးမိကျောင်းဘွဲ့ သြစတြေးလျနိုင်ငံမှရရှိ
Thursday, February 14, 2013
ကမ္ဘာ့အကြီးဆုံး မိကျောင်းဘွဲ့ရထားသည့် မိကျောင်းကြီး သေဆုံးသွားသဖြင့် ယခုအခါ သြစတြေးလျနိုင်ငံမှ မိကျောင်းကြီးအား ကမ္ဘာ့အကြီးဆုံး မိကျောင်းအဖြစ် သတ်မှတ်ခံလိုက်ရကြောင်း သိရသည်။ 
ယမန်နှစ်က ကမ္ဘာ့စံချိန်မှတ်တမ်းများကို ဖော်ထုတ်ပေးနေသည့် 
Guinness Book မှတ်တမ်းဝင် အကြီးဆုံး မိကျောင်းကြီး “လိုလောင်း” သည် သေဆုံးသွားကြောင်း ဖိလစ်ပိုင်နိုင်ငံမှ သတင်းထုတ်ပြန်
ကြေညာခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးဘွဲ့ရ မိကျောင်းကြီးသည် အလေးချိန် တစ်တန်ကျော်ရှိပြီး၊ အရှည်မှာ ၆ ဒသမ ၁၇ မီတာရှိ သည်။ လိုလောင်း
သေဆုံးသွားသဖြင့် အရှည် ၅ ဒသမ ၅ မီတာရှိသည့် ကက်ဆီးယပ်စ် မိကျောင်းကြီးမှာ ကမ္ဘာ့ အကြီးဆုံး စာရင်းဝင်ရန်ဖြစ်လာခဲ့သည်။
ကက်ဆီးယပ်စ်ကို သြစတြေးလျနိုင်ငံ မြောက်ပိုင်းတွင် ဖမ်းဆီး
ရမိခဲ့ခြင်းဖြစ်ပြီး၊ ရေငံ မိကျောင်းမျိုးဖြစ်သည်။ ကွင်းစလန်ရှိ မိကျောင်းဥယျာဉ်တွင် ၂၆ နှစ်ကြာ နေထိုင်ခဲ့သည့် မိကျောင်းကြီး
လည်းဖြစ်သည်။
ကက်ဆီးယပ်စ်ကို ကမ္ဘာ့အကြီးဆုံးမိကျောင်းဘွဲ့ ပေးလိုက်ခြင်းနှင့်
ပတ်သက်ပြီး မိကျောင်းပြခန်းမှလုပ်သား ဘေလီ ကရစ်က “ခုဆိုရင် ကက်ဆီးယပ်စ်က ဘုရင်ကြီးဖြစ်သွားပြီ၊ သူ့ပြိုင်ဖက်သေပြီး သူဘုရင်ဖြစ်သွား တယ်ဆိုတာ တစ်ဖက်ကကြည့်ရင် စိတ်မကောင်းစရာဖြစ်သလို၊ တစ်ဖက်ကကြည့်ရင် ဝမ်းသာစရာသတင်းပဲ” ဟုပြောကြားခဲ့သည်။ 
ဇင်မင်း
မောက္ခ
Thursday, February 14, 2013
ကမ္ဘာ့အကြီးဆုံး မိကျောင်းဘွဲ့ရထားသည့် မိကျောင်းကြီး သေဆုံးသွားသဖြင့် ယခုအခါ သြစတြေးလျနိုင်ငံမှ မိကျောင်းကြီးအား ကမ္ဘာ့အကြီးဆုံး မိကျောင်းအဖြစ် သတ်မှတ်ခံလိုက်ရကြောင်း သိရသည်။
ယမန်နှစ်က ကမ္ဘာ့စံချိန်မှတ်တမ်းများကို ဖော်ထုတ်ပေးနေသည့်
Guinness Book မှတ်တမ်းဝင် အကြီးဆုံး မိကျောင်းကြီး “လိုလောင်း” သည် သေဆုံးသွားကြောင်း ဖိလစ်ပိုင်နိုင်ငံမှ သတင်းထုတ်ပြန် ကြေညာခဲ့သည်။
လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး
လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး
(၁)  အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)
(၂)  ကုလမစ္ဆရိယ
ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။ (ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်တာမျိုး) 
(၃)  လာဘမစ္ဆရိယ
စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ့်ထက်သာနေတာကိုလည်း လက်မခံနိုင်ဘဲ မကျေနပ်တာ၊ အလိုမရှိတာ၊ မလိုလားတာမျိုး)
(၄)  ၀ဏမစ္ဆရိယ
သူတစ်ပါး၏ လှပသော အဆင်းဂုဏ် မြင့်မြတ်သော အကျင့်ဂုဏ်ကို မိမိလည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးမွမ်းသည်ကိုလည်း အလိုမရှိခြင်း။ (သူများရဲ့ ကောင်းဂုဏ်ကို မချီးမွမ်းနိုင်တာ၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက်ပြောတာမျိုး)
(၅)  ဓမ္မ စ္ဆရိယ
 စာပေပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိ သိသလို သူတစ်ပါးအား မသိစေလိုခြင်း တို့ဖြစ်ကြလေသည်။ (ကိုယ်သိသလို သူများကို မသိစေချင်တာ၊ မတတ်စေချင်တာမျိုး)
ဒီ (၅)မျိုးကို လက်ခံထားရင် ကိုယ်တိုးတက်မယ့်ဂုဏ် မတိုးတက်ပါဘူး… ကိုယ်ရမယ့်ဟာတွေ ကိုယ်ဖြစ်လာမယ့် အရာတွေဟာ လမ်းပိတ်လိုက်သလို ဖြစ်သွားပါတယ်.. ကိုယ်ပြောစကား ကိုယ့်နှုတ်ထွက်စကားက သြဇာအာဏာ မရှိဘူးတဲ့…. သူများနားမထောင်ဘူးပေါ့… ဖြစ်ရာဘဝကိုလိုက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတယ်တဲ့… သူတစ်ပါးရဲ့ အကူအညီကိုလဲ မရတတ်ဘူးတဲ့…. အကုသိုလ်ကြီးလွန်းရင် အရမ်းသနားတတ်တဲ့သူ၊ အရမ်းပေးကမ်းတတ်တဲ့သူ၊ အရမ်းစာနာတတ်တဲ့သူနဲ့ တွေ့ရင်တောင် အဲ့ဒီလူအပေါ် သနားချင်စိတ်တွေ.. ပေးကမ်းချင်စိတ်တွေ.. စာနာချင်စိတ်တွေ…ကူညီချင်စိတ်တွေ ပျောက်သွားပါတယ်။
သူတစ်ပါးကြီးပွားပျော်ရွှင်တာကို၊ သူတစ်ပါးတို့ ချစ်ခင်ကြင်နာတာကို အန္တရယ်ပြုသည်အထိ ဝန်တိုခြင်း မစ္ဆရိယရှိသူအတွက် လက်ငင်းဆိုးကျိုး၊ သံသရာဆိုးကျိုးများကို သိလိုပါသည်ဟု မေးလျောက်ရာ ဗုဒ္ဓက မစ္ဆရိယသမားအတွက် လက်ငင်းဆိုးကျိုးကား သူတောင့်တသော အရာမှန်သမျှ ဘယ်တော့မှမရ။ ကူညီစောင့်မမည့်သူလည်း မရှိ။ 
သံသရာဆိုးကျိုးကား ငရဲ၊ တိရစ္ဆာန်စသော အပါယ်လေးဘုံသို့ ကျရောက်ရပြီး ထိုဘုံများမှလွတ်၍ လူ့ဘဝသို့ ရောက်ခဲ့လျှင် အဆင်းရဲဆုံးဘဝသို့ ရောက်ရသည်။ အမြဲလိုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတတ်သည်။ ဝမ်းစာကို နဖူးကချွေး ခြေမကျသည်အထိ ပင်ပန်းဆင်းရဲစွာ ရှာဖွေရသည်ဟု ဖြေကြားခဲ့ပေသည်။
ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ) 
(ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” စာအုပ်မှဖြစ်ပါသည်။ အင်မတန်ကောင်းသော စာအုပ်ဖြစ်၍ ကိုယ်တိုင်မဖြစ်မနေ ဝယ်ဖတ်ကြည့်စေချင်ပါသည်) နှလုံးသားအာဟာရ
(၁) အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းအား တာဝန်မှအနားပေးပြီ
ဒုဝန်ကြီးရဲချုပ် ကျော်ကျော်ထွန်းအား တာဝန်မှ အနားပေး
ယနေ့ နေပြည်တော်မှ လာသော ခိုင်လုံသော သတင်းအရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းအား တာဝန်မှအနားပေးလိုက်ကြောင်းသိရှိရသည်။အဆိုပါအနားပေးမှုမှာ ပြီးခဲ့သည့် နှစ်ပိုင်းတွင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်သပိတ်စခန်းအား အင်အားသုံးဖြေရှင်းမှုနှင့် ဆက်စပ်မှုရှိကြောင်းလည်း သိရှိရသည်။ ယခုအနားပေးမှုသတင်းမှာ လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏  အစီရင်ခံစာ ထွက်လာခါနီးအချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ အနားပေးလိုက်သော ရဲချုပ်ကျော်ကျော်ထွန်းနေရာတွင် လက်ရှိ ဧရာဝတီတိုင်း စစ်ဌာနာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိန်းအား ခန့်အပ်သွားမည်ဖြစ်ကြောင်း PDK မှ သတင်းရရှိထားသည်။
News by: People Development for Knowledge
(စာဖတ်သူပရိတ်သတ်များအတွက် သတင်းထူး၊ သတင်းဦးများကို ကြိုးစားပမ်းစား ဖော်ထုတ်ရေးသားနေပါသည်။ မိမိတို့ Page ၏ သတင်းများကို ခေါင်းပုံဖြတ် ဖော်ပြနေသော အချို့သော Page များ၏ သတင်း Copy ကူးမှုများကို ရှုံ့ချပါကြောင်းနှင့် ဖော်ပြချင်ပါက မူရင်း Page Link ကို တိုက်ရိုက် Share လုပ်ပေးကြပါရန်)
ယနေ့ နေပြည်တော်မှ လာသော ခိုင်လုံသော သတင်းအရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းအား တာဝန်မှအနားပေးလိုက်ကြောင်းသိရှိရသည်။အဆိုပါအနားပေးမှုမှာ ပြီးခဲ့သည့် နှစ်ပိုင်းတွင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်သပိတ်စခန်းအား အင်အားသုံးဖြေရှင်းမှုနှင့် ဆက်စပ်မှုရှိကြောင်းလည်း သိရှိရသည်။
လက်ပန်တောင်းတောင်ဒေသကပြည်သူတွေကိုစစ်ခရိုနီကြီးများမီးလောင်သွင်းခဲ့တာကိုအရေးယူမယ့်ဥပဒေမရှိသေးလို့ ပြည်သူများကတရားမျှတရေးအတွက်ဆက်လက်ဆန္ဒပြနေ
လက်ပန်တောင်းတောင်ဒေသကပြည်သူတွေကိုစစ်ခရိုနီကြီးများမီးလောင်သွင်းခဲ့တာကိုအရေးယူမယ့်ဥပဒေမရှိသေးတာလွတ်တော်အမတ်မင်း
များသိပါသလား
(၁၂-၂-၂၀၁၃)
လက်ပန်တောင်းတောင်ဒေသဆန္ဒဖော်ထုတ်ပွဲ
လက်ပန်တောင်းတောင်ဒေသကပြည်သူတွေကိုစစ်ခရိုနီကြီးများမီးလောင်သွင်းခဲ့တာကိုအရေးယူမယ့်ဥပဒေ
မရှိသေးတာလွတ်တော်အမတ်မင်း များသိပါသလား...................................
ခေတ်ဘယ်လောက်ပြောင်းပြောင်း မရိုးနိုင်သော Ferrari Testarossa
ခေတ်ဘယ်လောက်ပြောင်းပြောင်း မရိုးနိုင်သော Ferrari Testarossa
Thursday, February 14, 2013
၁၉၈၀ ကျော်မော်ဒယ် ပြိုင်ကားအနေနဲ့ ယနေ့အချိန်မှာ ပြန်ကြည့်လိုက်ရင် ဒီဇိုင်းအရက ဒိတ်အောက်နေတတ်ပါတယ်။ ယခု မြင်တွေ့ရတဲ့ Testarossa ကတော့ အဲ့ဒီလို မဟုတ်ပါဘူး။
ဒီဇိုင်းအရရော၊ အတွင်းနည်းပညာအရရော ယနေ့ပြိုင်ကားများနဲ့ ယှဉ်လိုက်ရင် တောက်ပြောင်နေဆဲ ဖြစ်ပါတယ်။ ဆလင်ဒါ ၁၂ လုံးပူးနဲ့ ၆၀၀၀ စီစီ အထက်ပါဝါကြီးကားဆိုတော့ တစ်နာရီ မိုင် ၂၀၀ ပတ်လည်ကို အမြန်မောင်းနိုင်ပါတယ်။ အီတလီ Ferrari ထုတ်တဲ့ အလှဆုံးကား စာရင်းလည်းဝင်ပါတယ်။
ဂီယာ ၅ ချက် ရိုးရိုးဖြစ်ပြီး တံခါး ၂ ပေါက် ၂ ယောက်စီးကား ဖြစ်ပါတယ်။ အတွင်းခန်း ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ Lamborghini ကားတွေလိုပဲ ဘေးအနားနှစ်ဖက်ဘာ ပုံစံဖော်ထားတာက အတော်လှပါတယ်။ ယင်းကနေ လေရပြီး အင်ဂျင်အတွက်ရော၊ ကားအတွင်းခန်း အတွက်ရော လေအေး အလုံအလောက်ပေးနိုင်ပါတယ်။ ၁၉၈၄ ကစလို့ ၁၈၈၆ ခုနှစ်ထိ အစီးရေ သောင်းဂဏန်းပဲ ထုတ်လုပ် ထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အဲ့ကတည်းက အမေရိကန်ဒေါ်လာ ၂၂၀၀၀၀ နဲ့ရောင်းချတာမို့ ယခုချိန်ရှာဝယ်ရင် ကန်ဒေါ်လာ သန်းနဲ့ ချီနိုင်မယ့် ကားများ ဖြစ်ပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/
ColayOnline:Automobile
Thursday, February 14, 2013
၁၉၈၀ ကျော်မော်ဒယ် ပြိုင်ကားအနေနဲ့ ယနေ့အချိန်မှာ ပြန်ကြည့်လိုက်ရင် ဒီဇိုင်းအရက ဒိတ်အောက်နေတတ်ပါတယ်။ ယခု မြင်တွေ့ရတဲ့ Testarossa ကတော့ အဲ့ဒီလို မဟုတ်ပါဘူး။
Mr. Tomas Ojea Quintana ဗဟို အကျဉ်းထောင် (အင်းစိန်) ကြည့်ရှု လေ့လာ
Mr. Tomas Ojea Quintana ဗဟို အကျဉ်းထောင် (အင်းစိန်) ကြည့်ရှု လေ့လာ
ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင် ခံစာ တင်သွင်းသူ Mr. Tomas Ojea Quintana သည် ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ဌာန ညှိနှိုင်းရေးမှူး Mr. Ashok Ni-gam နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန် မြို့နယ်ရှိ ဗဟို အကျဉ်းထောင် (အင်းစိန်)သို့ သွားရောက်ပြီး အကျဉ်း ဦးစီးဌာန ရန်ကုန် တိုင်း ဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိ သူများအား တွေ့ဆုံ၍ သိလိုသည် များကို မေးမြန်းသည်။
Mr. Tomas Ojea Quintana သည် မွန်းလွဲ ၁၂ နာရီ  ၁ဝ မိနစ်တွင် ပြည်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးသို့ သွားရောက်ပြီး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ အတွင်းရေးမှူး ဦးစစ်မြိုင်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးတင်ညို၊ ဦးလှမြင့်၊ ဒေါက်တာ ဒေါ်သန်းနွဲ့၊  ဦးလဖိုင်ဇော်ဂွန်းနှင့် ဦးခင်မောင်လေး တို့အား တွေ့ဆုံသည်။
ထို့နောက် Mr. Tomas Ojea Quintana သည် အကျဉ်းသား များနှင့် လွတ်လွတ်လပ်လပ် တွေ့ဆုံ မေးမြန်းပြီး ဗဟို အကျဉ်းထောင် (အင်းစိန်) အတွင်း လှည့်လည် ကြည့်ရှု လေ့လာ သည်။
http://bit.ly/15e9oCH
ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင် ခံစာ တင်သွင်းသူ Mr. Tomas Ojea Quintana သည် ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ဌာန ညှိနှိုင်းရေးမှူး Mr. Ashok Ni-gam နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန် မြို့နယ်ရှိ ဗဟို အကျဉ်းထောင် (အင်းစိန်)သို့ သွားရောက်ပြီး အကျဉ်း ဦးစီးဌာန ရန်ကုန် တိုင်း ဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိ သူများအား တွေ့ဆုံ၍ သိလိုသည် များကို မေးမြန်းသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအရ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ် ကျပ်သန်းပေါင်းလေးသိန်းကျော် တောင်းခံ
Thursday, February 14, 2013
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ အတည်ပြု
 ပြဋ္ဌာန်းပေးပါရန်အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်
တာကံဇော်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တင်သွင်းခဲ့သည်။
ငွေပြန်ရအောင်လုပ်နည်း (ဟာသ)
ငွေပြန်ရအောင်လုပ်နည်း
ဒေါ်စိန်သန်းတယောက် ပိုက်ဆံအိပ်ထဲ က ဘောပင်နှိက်ရင်း ၂၀၀ တန်တရွက်က အိမ်ကြမ်းပြင်သို့ကျ၏။
ကံဆိုးချင်တော့ ကြမ်းကြားမှတဆင့် အောက်သို့ဆက်ကျ၏။
...
၂၀၀ ကျပ်တန်ကို ပြန်ကောက်ဖို့ဆိုရင် ကြမ်းတခုလုံးခွာရတော့မယ်။
ဒီလိုအသေးအမွှားလေးကြောင့် ကြမ်းတခုလုံး ခွာရတယ်ဆိုတာကလည်း လူကြားလို့တောင်မကောင်းပြန်ပါဖူး။
ဒါပေမဲ့ ဒီပိုက်ဆံကုန်မှာကို လဲနှမြောနေပြန်တယ်။၂၀၀ ကျပ်တန် ကိုပြန်လိုချင်တယ်။
ဒီတော့ တွေးစမ်းဆိုပီး ဦးနှောက်ကိုအလုပ်ပေးလိုက်တယ်။
၅မိနစ်လောက်ကြာတော့ အဖြေတွေ့သွားတယ်။
ဒေါ်သန်းစိန်ဟာရတဲ့ အကြံအတိုင်း နောက်ထပ် တစ်သောင်း တန် ငွေ စက္ကူတစ်ရွက်ကို ကြမ်းကြားကတဆင့် အောက်ကို ထပ်မံပစ်ချလိုက်တယ်လေ။
ဟဲဟဲ....အခုတစ်ခေါက်မှာတော့ ကြမ်းပြင်ကိုခွာဖို့ကို ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်တော့ဖူးလို့ တွေးမိပီး တယာက်ထဲပြုံးနေလေရဲ့။
ရီမောပျော်ရွှင်ပါစေ
ကိုလုံ
Aye Chan Mon Re-post Date : 2013 Feb 14
News from:Myanmar News Update
အေးချမ်းမွန်
ဒေါ်စိန်သန်းတယောက် ပိုက်ဆံအိပ်ထဲ က ဘောပင်နှိက်ရင်း ၂၀၀ တန်တရွက်က အိမ်ကြမ်းပြင်သို့ကျ၏။
ကံဆိုးချင်တော့ ကြမ်းကြားမှတဆင့် အောက်သို့ဆက်ကျ၏။
...
၂၀၀ ကျပ်တန်ကို ပြန်ကောက်ဖို့ဆိုရင် ကြမ်းတခုလုံးခွာရတော့မယ်။
ဒီလိုအသေးအမွှားလေးကြောင့် ကြမ်းတခုလုံး ခွာရတယ်ဆိုတာကလည်း လူကြားလို့တောင်မကောင်းပြန်ပါဖူး။
American Airlines နဲ့ US Airways ပူးပေါင်း
American Airlines နဲ့ US Airways ပူးပေါင်း
-----------------------------------------------
ဗုဒ္ဓဟူးနေ့မှာ အမေရိကန်လေကြောင်းလိုင်းနှစ်ခု American Airlines နဲ့ US Airways ပူးပေါင်းဖို့ သဘောတူလိုက်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး လေကြောင်းကုမ္ပဏီ ဖြစ်သွားပါတယ်။ ယင်း လေကြောင်းကုမ္ပဏီနှစ်ခု ပူးပေါင်းမှုကို ကြာသပတေးနေ့မှာ တရားဝင် ထုတ်ပြန်လိမ့်မယ်လို့ သိရပါတယ်။ ကုမ္ပဏီသစ်ရဲ့နာမည်ကို American Airlines ကိုပဲ သုံးမှာဖြစ်ပြီး US Airways ရဲ့ စီအီးအို Doug Parker က ဦးဆောင်မှာဖြစ်ပါတယ်။ American Airlines ရဲ့ စီအီးအို Tome Horton က Chairman အဖြစ် ၂၀၁၄ နှစ်လယ်အထိ တာဝန်ယူမယ်လို့ ဆိုပါတယ်။ ယခုလို ပူးပေါင်းလိုက်ခြင်းကြောင့် အမေရိကန်လေကြောင်းစီးပွားရေးမှာ ကုမ္ပဏီကြီး ၄ ခု ဖြစ်တဲ့ American, United, Delta နဲ့ Southwest တို့ကသာ ကြီးစိုးနေမှာဖြစ်ပါတယ်။
(Ref; Daily Mail, Feb 13, 2013, American Airlines and US Airways merge to become the world's BIGGEST airline)
ဗုဒ္ဓဟူးနေ့မှာ အမေရိကန်လေကြောင်းလိုင်းနှစ်ခု American Airlines နဲ့ US Airways ပူးပေါင်းဖို့ သဘောတူလိုက်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး လေကြောင်းကုမ္ပဏီ ဖြစ်သွားပါတယ်။ ယင်း လေကြောင်းကုမ္ပဏီနှစ်ခု ပူးပေါင်းမှုကို ကြာသပတေးနေ့မှာ တရားဝင် ထုတ်ပြန်လိမ့်မယ်လို့ သိရပါတယ်။
ယူကရိန်းတွင် လေယာဉ်အရေးပေါ်ဆင်းသက်ရမှု အနည်းဆုံး လူ ၃ ဦးသေဆုံး
ယူကရိန်းတွင် လေယာဉ်အရေးပေါ်ဆင်းသက်ရမှု အနည်းဆုံး လူ ၃ ဦးသေဆုံး
ယူကရိန်းနိုင်ငံ South Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဒိုးနပ်ခ်မြို့အနီးတွင် အရေးပေါ် ဆင်းသက်ခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား လူ ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ
ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိ
Wednesday, February 13, 2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ
ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း
တပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက "ရန်ကုန်တိုင်းထဲမှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေ လုပ်ငန်းလုပ်ဆောင်ရာမှာ မြန်ဆန်ဖို့ ဆိုင်ကယ်အစီးရေ ၂၀ ကို စီးနင်းခွင့် ပြုထားပါတယ်။ လက်ရှိမှာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားတဲ့ဌာန သုံးခုပဲ ရှိပါတယ်။ အဲဒီဌာနတွေမှာလည်း စီးနင်းခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေပဲ စီးနင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးနင်းခွင့် မပြုတဲ့ ဌာနဆိုင်ရာတွေက သတ်မှတ်စည်းမျဉ်း စည်းကမ်းနဲ့မညီရင် အရေးယူသွားပါမယ်" ဟု ပြောသည်။
ယခု ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စီးနင်းခွင့်ပြုထားသည့် မော်တော်ဆိုင်ကယ်မှာ အဖြူရောင်ဖြစ်ပြီး ဆိုင်ကယ်၏ အနောက်၌ တိုင်အမြင့်ဖြင့် အချက်ပြမီးနီ တပ်ဆင်ထားကြောင်း သိရသည်။
ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့တော်စည်ပင်ဌာနမှ
မော်တော်ဆိုင်ကယ် ၃၃ စီး၊ လျှပ်စစ်ဝန်ကြီးဌာနမှ ၆၅ စီးသာ စီးနင်းခွင့်ပြုထားသည်။
သို့သော် ၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခွင့်ပြုမိန့်မရှိဘဲ စီးနင်းနေသည့် မော်တော်ဆိုင်ကယ် အစီးရေ ၈၀၀ ကျော်ကို အရေးယူ
ခဲ့သော်လည်း အဆိုပါ မော်တော်ယာဉ်များတွင် ဌာနဆိုင်ရာများမှ မပါဝင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ထိုသို့ ဆိုင်ကယ်စီးနင်းခွင့်မရှိဘဲ မောင်းနှင်သွားလာနေသည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် အခြားသူများကို အရေးယူနိုင်ရန် မြို့နယ်အလိုက် ဖမ်းဆီးရေး ကော်မတီများ ဖွဲ့စည်းထားကြောင်း ရဲမှူးသာဌေးက ဆက်လက်ရှင်းပြသည်။
အဆိုပါ ဖမ်းဆီးရေး ကော်မတီတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး
များမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများလည်း ပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ - ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားခရီးစဉ်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ
Eleven Media Group
Wednesday, February 13, 2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ
ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ စုံစမ်းသိရှိရသည်။
ထိုင်းစစ်စခန်းကို ဝင်ရောက်စီးနင်းသည့် စစ်သွေးကြွများ သေဆုံး
ထိုင်းနိုင်ငံတွင် စစ်တပ်စခန်း တစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ကြိုးစားရင်း စစ်သွေးကြွ (၁၇)ဦးထက်မနည်း သတ်ဖြတ် သုတ်သင် ခံခဲ့ရကြောင်း သိရှိရသည်။ ထိုင်းစစ်ဘက်က နိုင်ငံ တောင်ပိုင်းရှိ ဘာသာရေး အစွန်းရောက် သူပုန်များ ထကြွသောင်းကျန်းနေရာ ဒေသတွင် စစ်တပ် အခြေစိုက် စခန်းတစ်ခုကို အင်နှင့်အားနှင့် ဝင်ရောက် စီးနင်းသော စစ်သွေးကြွများကို စစ်တပ်က ချေမှုန်းနိုင်ခဲ့ကြောင်း ကြေညာသွားသည်။