Pages

Monday, February 11, 2013

လယ်ယာမြေအရေးနှင့်ပတ်သတ်ပြီး ဦးခင်ရွှေ ၏ဖွင့်ဟ ၀န်ခံချက်


အန်ကယ်သိမ်းတာ မဟုတ်ပါဘူး၊ အစိုးရကသိမ်းတာပါ။ အစိုးရလူကြီးမင်းထဲမှာ တော့ အန်ကယ် ခမည်းခမက်ကြီးက ပါတယ်လေ။ အန်ကယ် က လွှတ်တော် ကိုယ်စားလှယ် လေ။ သည်တော့ နိုင်ငံတော် တည်ဆောက်ရေးကို အန်ကယ်လဲ လုပ်ခွင့်ရှိပါတယ်။ အခါအခွင့် သင့်တုံး။ အခွင့်အရေးလေး ပေးတုံး အန်ကယ်က အနစ်နာခံ ပြီးတော့ နိုင်ငံတော် အတွက် လုပ်နေတာပါ။ လယ်သမားတွေ က တော့ အနည်းအကျဉ်း နစ်နာတာပေါ့။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော် ကြီ...း ကောင်းစား ဖို့ ဆိုရင် ၀ိုင်းဝန်းပြီး အနစ်နာခံရမယ်မဟုတ်လား။ အန်ကယ်တောင် အနစ်နာခံပြီး စက်မူဇုံတွေ တည်ဆောက်ပေးနေတာ ။ သူတို့က စိုက်ပျိုးမြေတွေအသိမ်းခံရုံပဲ ။လယ်မရှိရင် အိပ်နေလို့ရတယ်။ အန်ကယ်ကသာ နေ့မအား ညမနား နိုင်ပဲ နိုင်ငံတော် ကြီး အတွက် လုပ်ပေးနေရတာ။

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ သဘောထားချင်းမတိုက်ဆိုင်သဖြင့် အဖွဲ့(၂)ဖွဲ့ကွဲ

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ သဘောထားချင်းမတိုက်ဆိုင်သဖြင့် အဖွဲ့(၂)ဖွဲ့ကွဲ
Monday, February 11, 2013

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ခရီးရှည်
ချီတက်လာသောအဖွဲ့တွင် ဦးအောင်မြင့် ခေါင်းဆောင်သောအဖွဲ့နှင့် ကိုရန်နိုင်ထွန်းခေါင်းဆောင်သောအဖွဲ့(၂)ဖွဲ့ကွဲနေကြောင်းသိရှိရသည်။ 

“ မှန်ပါတယ်၊ သူတို့ချင်း လူကြီးနဲ့လူငယ်လမ်းတစ်လျှောက်မှာ အချို့ 
ကိစ္စလေးတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေရှိခဲ့ပါတယ်။ 
အထူးသဖြင့် ဒီလမ်းလျှောက်တဲ့ခရီးမှာဦးအောင်မြင့်ကငြိမ်းချမ်းရေး ကိစ္စအပြင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက် ရေးကိစ္စကိုပါရောနှော
ချင်တယ်၊ ဒါကို ကိုရန်နိုင်ထွန်း ဦးဆောင်တဲ့လူငယ်အဖွဲ့က လက်မခံနိုင်ဘူး၊ 
ကိုရန်နိုင်ထွန်းတို့ အဖွဲ့တွေက မြို့ဝင်တိုင်းဆန္ဒပြတာမဟုတ်တဲ့အကြောင်း
ဝန်ခံကတိထိုးလာရတဲ့အတွက် ငြိမ်းချမ်းရေးသီးသန့်ဘဲ ချီတက်ချင်တယ်၊ အလံကိုင်တာတွေ၊ ဆန္ဒပြတာတွေမလုပ်ချင်ဘူး၊ အဲဒီကိစ္စတွေကနေစပြီး
ပြဿနာဖြစ်တာပါ။ နောက်တစ်ခုက ခရီးတစ်လျှောက်လုံးရရှိလာတဲ့
အကူငွေခွဲဝေသုံးစွဲရေးနဲ့လည်း ပတ်သက်ပြီးအငြင်းပွားကြတယ်။ ဦးအောင်မြင့်က ကိုရန်နိုင်ထွန်းတို့အဖွဲ့ကို ရလာတဲ့ ရန်ပုံငွေကိုချုပ်ကိုင်
ထားတယ်လို့စွပ်စွဲနေတယ် ” ဟု လမ်းလျှောက်ချီတက်ရာတွင် ပါဝင်
သော လူငယ်တစ်ဦးမှပြောပါသည်။

ခရီးစဉ်အတွင်း ဦးအောင်မြင့်မှ မြို့အ၀င်များတွင် ဗကသအလံလွှင့်ထူခြင်း၊
နိုင်ငံရေးအကျဉ်းသားပုံစံသရုပ်ဖော်သည့် အနေဖြင့် သံခြေချင်းဝတ်၍ မြို့များသို့ဝင်ရောက်ရန်စီစဉ်ခဲ့သော်လည်း ကိုရန်နိုင်ထွန်း ဦးဆောင်သော
အဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ 

၎င်းကိစ္စများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည ပလိပ်မြို့တွင်
ညအိပ်ရပ် နားစဉ် မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝိရသူမှ မန္တလေးမြို့သို့ဝင်ရောက်သည့်အခါ ဆန္ဒပြသည့် သဘောမဟုတ်ဘဲ ငြိမ်းချမ်းရေးလမ်းလျှောက်သည့်အနေဖြင့်အလံများလွှင့်ထူခြင်း၊ ကြွေးကြော်သံများဟစ်အော်ခြင်း မပြုလုပ်ရန် လာရောက်ညှိနှိုင်းခဲ့သည်။ 

သို့သော် ယနေ့နံနက် မန္တလေးမြို့သို့ဝင်ရောက်ရာတွင် ဦးအောင်မြင့်
ခေါင်းဆောင်သောအဖွဲ့မှ ဗကသအလံများလွှင့်ထူဝင်ရောက်ခဲ့ပြီး ကိုရန်နိုင်ထွန်းဦးဆောင်သောလူငယ်အဖွဲ့မှ ဦးအောင်မြင့်တို့နှင့်အတူတကွ
မ၀င်ရောက်ဘဲ အချိန်တစ်နာရီခြားပြီးမှသာ ၀င်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က facebook စာမျက်နှာအချို့တွင် ကိုရန်နိုင်ထွန်း
ဦးစီးသောငြိမ်းချမ်းရေးလမ်းလျှောက် သည့်လူငယ်အဖွဲ့သည် ပံ့ပိုးကူညီ
သူများအား ရိုင်းစိုင်းစွာဆက်ဆံနေကြောင်း ၆.၂.၂၀၁၃ ရက်နေ့က မိတ္ထီလာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပေးပို့သောသ၀ဏ်လွှာအား
ပြန်ပေးပြီး ဦးဂမ္ဘီရပေးပို့သော ငြိမ်းချမ်းရေးအလံအားလည်း လက်မခံခဲ့ကြောင်းရေးသားထားသည်ကို တွေ့ရှိရသည်။

ဓါတ်ပုံ - စူပါ (DVB)
မင်းအောင်
ဓါတ်ပုံ - စူပါ (DVB)
မင်းအောင်
Monday, February 11, 2013

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ခရီးရှည် ချီတက်လာသောအဖွဲ့တွင် ဦး
အောင်မြင့်ခေါင်းဆောင်သောအဖွဲ့နှင့်ကိုရန်နိုင်ထွန်းခေါင်းဆောင်သောအဖွဲ့(၂)ဖွဲ့ကွဲနေကြောင်းသတင်း
ရရှိပါသည်။

သီးလေးသီးအဖွဲ့ ထားဝယ်တွင် ယနေ့ည ဖျော်ဖြေမည်


သီးလေးသီး ထားဝယ်တွင် ယနေ့ည ဖျော်ဖြေမည်
Monday, February 11, 2013

ထားဝယ်မြို့၊ရွှေဝယ်သီရိအားကစားရင်ပြင်တွင်(၆၆)နှစ်မြောက်
ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်းပလျက်ရှိသည့် “ရွှေရည်အောင်”ဈေးရောင်းပွဲတော် ညပိုင်းဖျော်ဖြေရေးအစီအစဉ်
အဖြစ် “သီးလေးသီး ဆေးရောင်စုံအငြိမ့်”အဖွဲ့မှ ယနေ့ 
(၁၁.၂.၂၀၁၃) ရက်နေ့နှင့် (၁၂.၂.၂၀၁၃) ရက်နေ့ညများ၌ ကပြဖျော်ဖြေရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Monday, February 11, 2013

ထားဝယ်မြို့၊ရွှေဝယ်သီရိအားကစားရင်ပြင်တွင်(၆၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်း
ပလျက်ရှိသည့် “ရွှေရည်အောင်”ဈေးရောင်းပွဲတော် ညပိုင်းဖျော်ဖြေရေးအစီအစဉ်အဖြစ် “သီးလေးသီး ဆေး
ရာင်စုံအငြိမ့်”အဖွဲ့မှ ယနေ့ (၁၁.၂.၂၀၁၃) ရက်နေ့နှင့် (၁၂.၂.၂၀၁၃) ရက်နေ့ညများ၌ ကပြဖျော်ဖြေရန်
 ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဦးမောင်မောင်နဲ့ပတ်သက်တဲ့ မမှန်သတင်းအပေါ် NCUB ရဲ့ တုံ့ပြန်ချက်


ဦးမောင်မောင်နဲ့ပတ်သက်တဲ့ မမှန်သတင်းအပေါ် NCUB ရဲ့ တုံ့ပြန်ချက်

Aye Chan Mon Re-post Date : 2013 Feb 11 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်နဲ့ ပတ်သက်ပြီး မမှန်သတင်း ထွက်နေတာနဲ့ ပတ်သက်ပြီး NCUB က ဒီကနေ့ တရားဝင် တုံ့ပြန်လိုက်ပါတယ်။

ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NCUB ရဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။



News from: ဧရာဝတီ

အေးချမ်းမွန်

ပီးခဲ့တဲ့ ရက်ပိုင်းအတွင်း NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်နဲ့ ပတ်သက်ပြီး မမှန်သတင်း ထွက်နေတာနဲ့ ပတ်သက်ပြီး NCUB က ဒီကနေ့ တရားဝင် တုံ့ပြန်လိုက်ပါတယ်။

(၁၅)သိန်းဖြင့် ငှားရမ်းထားသော ဂျီအက်စ်အမ်ဖုန်းများအား မြန်မာ့ဆက်သွယ်ရေးသို့ ပြန်လည်အပ်နှံရန် စီစဉ်နေ။ပြန်လည် လက်ခံခြင်းမရှိပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို တရားစွဲဆိုသွားမည်

အရေးကြီးကြားဖြတ်သတင်း = ရှယ်ပေးကြပါ။ ။
====================================
(၁၅)သိန်းဖြင့် ငှားရမ်းထားသော ဂျီအက်စ်အမ်ဖုန်းများအား မြန်မာ့ဆက်သွယ်ရေးသို့ ပြန်လည်အပ်နှံရန် စီစဉ်နေ။
ပြန်လည် လက်ခံခြင်းမရှိပါက တရားစွဲဆိုသွားမည်ဟု စီစဉ်သူများဆို ။ ။

(၁၅)သိန်းဖြင့် ငှားရမ်းထားသော ဂျီအက်စ်အမ်ဖုန်းများအား မြန်မာ့ဆက်သွယ်ရေးသို့ ပြန်လည်အပ်နှံရန် စီစဉ်နေ။ပြန်လည် လက်ခံခြင်းမရှိပါက တရားစွဲဆိုသွားမည်ဟု စီစဉ်သူမျာပြောကြားခဲ့သည်။

Miss Myanmar International 2013 ပဏာမရွေးချယ်ပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မနက် ၁၀နာရီကကျင်းပပြုလုပ်

Miss Myanmar International 2013 ပဏာမရွေးချယ်ပွဲနှင့်  စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက် (၁၀)နာရီ အချိန်က ရန်ကုန်မြို့ သံသုမာလမ်းရှိ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းတွင် ပြုလုပ်ကျင်းပစဉ်။ ၎င်းပွဲတွင် ပဏာမ ရွေးချယ်ထားသော အယောက် (၂၀)ဦး ထဲမှ (၅)ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။ ထို (၅)ဦး မှာ Miss Myanmar International (၁)ဦး၊ Fist Winner ဆု(၁)ဦးနှင့် Second Winner ဆု (၁)ဦး တို့ဖြစ်ပြီး မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း အတွက် ရွေးချယ်မည့်သူ(၁)ဦး၊ (MHA) Myanmar Hotel Association အတွက် ရွေးချယ်မည့်သူ (၁)ဦး၊ စုစုပေါင်း(၅)ဦး ရွေးချယ်သွားမည် ဖြစ်သည်။ Miss Myanmar International အဖြစ် ရွေးချယ်ခံရသူသည် ဆုငွေ သိန်း(၃၀)နှင့် ကမ္ဘာအဆင့် မယ်ပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိမည်ဖြစ်ပြီး၊ Fist Winner ဆုအတွက် သိန်း (၂၀)၊ Second Winner ဆုအတွက် (၁၀)သိန်းနှင့် နှစ်သိမ့်ဆု (၁၅)ဆု အတွက် (၂)သိန်းနှင့် GIFT VOUCHER တို့ကို ချီးမြှင့်ပေးအပ်သွားမည် ဖြစ်သည်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
Miss Myanmar International 2013 ပဏာမရွေးချယ်ပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ
လ (၁၁)ရက်နေ့ နံနက်(၁၀)နာရီ အချိန်ကရန်ကုန်မြို့ သံသုမာလမ်းရှိ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်
ရုံးခန်းတွင် ပြုလုပ်ကျင်းပပြုလုပ်ခဲ့သည်။

မှားပါတယ် အဖေရယ် (ဟာသ)

မှားပါတယ် အဖေရယ်

လူပျိုပေါက်လေး သားငယ်ဟာ အဖေ ဖြစ်သူကို ဝမ်းသာအားရနဲ့ ယခုလို တိုင်ပင် စကား သွားဆိုပါတယ်။ 

"အဖေရေ။ သား ဘယ်ဘက်အိမ်နီးချင်းအိမ်က ရိုစီကို စိတ်ဝင်စားတယ်။ အဲဒါ သား ဖွင့်ပြောလိုက်တော့မယ်နော်"

အဖေဖြစ်သူက-- 

"နေအုံးသား။ မင်းကို အဖေ ဖွင့်ပြောဝန်ခံစရာရှိတယ်။ အမေ့ကို လုံးဝ(လုံးဝ) ပြန်မပြောဖို့ကတိပေး" လို့ဆိုတဲ့အခါ သားက "ဟုတ်" လို့ ဖြေပါတယ်။ ဒီတော့ အဖေဖြစ်သူက ဖြေပါတယ်။ 

"ရိုစီက မင်းနဲ့ မောင်နှမတော်တယ်" 

သားငယ်ခမျာ စိတ်ပျက်ပြီး လက်လျော့လိုက်လိုက်ပါတယ်။ နောက်တစ်လ အကြာတော့ ဒီလိုပဲ နောက်တစ်ယောက်တွေ့တဲ့အခါ အဖေဖြစ်သူ ကို ပြန်တိုင်ပင် ပြန်ပါတယ်။ 

"အဖေရေ ညာဘက် အိမ်နီးချင်းမိသားစုက ကေတီကို ဖွင့်ပြောလိုက်တော့မယ်ဗျာ"

အဖေဖြစ်သူကတော့ ဒီလိုပဲ ပြန်ဖြေပါတယ်။ "အဲဒါလည်း မင်းအစ်မပဲ သား"

သားခမျာ တော်တော်လေး ဝမ်းနည်းသွားပါပြီ။ ဒီလိုနဲ့ ၄ လတာ ကာလအတွင်း ရပ်ကွက်ထဲက နောက်ထပ် ကောင်မလေး လေးဦးကို စိတ်ဝင်စား ကြောင့် အဖေ့ကို ထပ်တိုင်ပင်ပြန်ပါတယ်။ ဝမ်းနည်းစွာပဲ ယင်း ကောင်မလေး လေးဦးစလုံးဟာလည်း သားနဲ့ဆွေမျိုးတော်ကြောင်း အဖေက ဖြေတော့ မနေနိုင်တော့ပါ့ဘူး။ 

ကလေးလိုပဲ ဝမ်းနည်းငိုကြွေးစွာနဲ့ အမေ့ကို ယခုလို သွားတိုင်ပြောပါတော့ တယ်။ 

"အမေရေ သား ကောင်မလေး ၆ ယောက်ကို ချစ်ကြိုက်ဖို့ ဖွင့်ပြောမယ် ပြောတာ အားလုံးက အဖေ့သမီးချည်း ဖြစ်နေတယ်"

အမေဖြစ်သူ အေးဆေးစွာပဲ အောက်ပါအတိုင်း ပြန်ဖြေလိုက်တော့တယ်။ 

"ဝမ်းမနည်းနဲ့သား။ အားလုံးကို မင်းဖွင့်ပြောပိုင်ခွင့်ရှိတယ်။ သူကလည်း မင်းအဖေ အစစ်မဟုတ်ပါဘူး"

--
Ref: everjoke
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_11.html

--

လူပျိုပေါက်လေး သားငယ်ဟာ အဖေ ဖြစ်သူကို ဝမ်းသာအားရနဲ့ ယခုလို တိုင်ပင် စကား သွားဆိုပါတယ်။
"အဖေရေ။ သား ဘယ်ဘက်အိမ်နီးချင်းအိမ်က ရိုစီကို စိတ်ဝင်စားတယ်။ အဲဒါ သား ဖွင့်ပြောလိုက်တော့မယ်နော်"

အဖေဖြစ်သူက--

မန်းမနော်ရမ္မံဥယျာဉ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အား ယနေ့ည ပိုင်းမှစ၍ ညစဉ် မီးထွန်းမည်

မန်းမနော်ရမ္မံဥယျာဉ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အား ယနေ့ည ပိုင်းမှစ၍ ညစဉ် မီးထွန်းမည်

မန္တလေး- ဖေဖော်ဝါရီ ၁၁
မန်းမနော်ရမ္မံဥယျာဉ် ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ယနေ့ည ပိုင်းမှ စတင်ကာ ၈၀ ၀ပ်
 LED မီးဆိုင်း နှစ်ခု၊ ၄၀၀ ၀ပ်အားရှိ Metal Heat Lamp လေးလုံးတို့ဖြင့် ညစဉ် ထွန်းညှိသွားမည်ဖြစ်ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး
 မြို့တော်ဝန် ဦးအောင်မောင်းသည် ယနေ့နံနက် ၈ နာရီ ခွဲတွင် ၆၂ လမ်း မနော်ရမ္မံဥယျာဉ် ရှိ 
ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်မြင်းစီးကြေးသွန်းရုပ်တုဝန်းကျင် သန့်ရှင်းသာယာလှပရေး 
ဆောင်ရွက်နေမှုများအားသွားရောက်ကြည့်ရှုစစ်ဆေးသည်။
 ဗိုလ်ချုပ်ကြေးရုပ်ဝန်းကျင် အစဉ် စိမ်းလန်းစိုပြည်သာယာလှပ သန့်ရှင်းနေစေရေး အလေးအနက်ထားဆောင်ရွက်ကြရန်မှာကြားပြီး
 Untique Color ဆေး ပြန်လည် မှုတ်ရန် ၊ မူလ ကြေးရုပ်တု၏ အရောင် မပျက်ယွင်းစေဘဲ ရှေးမူမပျက်
် ကြေးသွန်းရုပ်များ၏ အရောင်အတိုင်း ထိန်းသိမ်းထားရှိနိုင်ရေးယနေ့ည မှ စတင်ကာ မီးထွန်းညှိသွားရန် အတွက် 
မှာကြားသည်။ 
ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် မြင်းစီးကြေးသွန်းရုပ်အား Hato သုတ်ဆေးဖြင့် untique color ဖန်တီးကာ
 ကြွေပြားများအား သန့်ရှင်းတောင်ပြောင်စေရန်ပြုလုပ်ပြီး အောက်ခံ အင်္ဂတေခုံအား ရေဆေးများ ပြန်လည် သုတ်နေပြီ ဖြစ်ကြောင်းသိရသည်။
ဓါတ်ပုံ-Mandalay City Development Committee
ဓါတ်ပုံ-Mandalay City Development Committee
မန္တလေး- ဖေဖော်ဝါရီ ၁၁
မန်းမနော်ရမ္မံဥယျာဉ် ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ယနေ့ည ပိုင်းမှ စတင်ကာ ၈၀ ၀ပ်
LED မီးဆိုင်း နှစ်ခု၊ ၄၀၀ ၀ပ်အားရှိ Metal Heat Lamp လေးလုံးတို့ဖြင့် ညစဉ် ထွန်းညှိသွားမည်ဖြစ်ကြောင်းသိရသည်။

ဟိန္ဒူ ဘာသာရေးပွဲတော်ကျင်းပရာဂင်္ဂါမြစ်အတွင်း ရေဆင်းချိုးသည့် ဟိန္ဒူဘာသာရေး ပွဲတော်ကျင်းပရာတွင် လူပိမှုတစ်ခုကြောင့် အနည်းဆုံး လူ ၃၆ ဦးသေဆုံး

ဂင်္ဂါမြစ်အတွင်း ရေဆင်းချိုးသည့် ဟိန္ဒူဘာသာရေး
ပွဲတော်ကျင်းပရာတွင် လူပိမှုတစ်ခုကြောင့် အနည်းဆုံး
လူ ၃၆ ဦးသေဆုံးခဲ့

အလာဟာဘတ်၊ ဖေဖေါ်ဝါရီ ၁၁ ။

တစ်နှစ်လျှင် ဘုရားဖူးခရီးသည် သန်း ၃၀ ခန့် လာရောက်
ပြီး ကမ္ဘာ့လူဦးရေအများဆုံးပါဝင်သည့် ဂင်္ဂါမြစ်အတွင်း
ရေဆင်းချိုးသည့် ဟိန္ဒူ ဘာသာရေးပွဲတော်ကျင်းပရာ အိန္ဒိယနိုင်ငံမြောက်ပိုင်း အလာဟာဘတ်မြို့ရှိ ရထား
ဘူတာရုံတွင် မတော်တဆလူပိမှု တစ်ခုကြောင့် အနည်းဆုံး
လူ ၃၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ ၂၇ ဦးမှာ အမျိုးသမီးများဖြစ်ပြီး
အများစုမှာ အသက်အရွယ်ကြီးရင့်သူများနှင့် ငယ်
ရွယ်သည့် ကလေးများ ဖြစ်ကြသည်။ လူနင်းခံရပြီး
သေဆုံးရသည့် အငယ်ဆုံးကလေးမှာ အသက် ၈ နှစ်
အရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

ဘုရားဖူးခရီးသည် သန်း၁၀၀ ခန့်အထိ လာရောက်ရန် ခန့်မှန်းထားသည့်ယင်း ဘာသာရေးပွဲတော်ကို နှစ်လတာ
ကျင်းပလေ့ရှိပြီး လာမည့်လတွင် ပြီးဆုံးမည်ဖြစ်သည်။

ပွဲတော်ကို ၁၂ နှစ်လျှင်တစ်ကြိမ် ယာယီမြို့တစ်မြို့၌
ကျင်းပလေ့ရှိပြီး အလာဟာဘတ်မြို့မှာ ဂင်္ဂါနှင့် ယမုံနာ
မြစ်များ ဆုံတွေ့ရာနေရာလည်း ဖြစ်သည်။

ဘူတာရုံတွင် လူပိမှုဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍
ထင်မြင်ချက် အမျိုးမျိုးထွက်နေပြီး မီးရထားဌာနတာဝန်
ရှိသူတစ်ဦးကမူ ရဲတပ်ဖွဲ့ သည် လူအုပ်များပြားခြင်းကို
ထိန်းချုပ်ရန် နံပတ်တုန်များသုံး၍ ရိုက်နှက်ခဲ့ရာမှ လူ
အများကြား ထိန်းမရဖြစ်ကာ လူပိမှုဖြစ်ပွားကြောင်း
ဆိုသည်။ အစိုးရတာဝန်ရှိသူတစ်ဦးကမူ ဘူတာမှတံတား
ပြိုကျရာမှ လူအများအထိတ်တလန့် ဖြစ်ကာလူပိမှုဖြစ်ပွား
ကြောင်း ဆိုသည်။

တနင်္ဂနွေနေ့ ကမူ မြို့ ရှိပွဲတော်သို့ လာရောက်သူဦးရေမှာ အအများဆုံးဖြစ်ခဲ့ပြီး သန်း ၃၀ ခန့်အထိ လာရောက်ခဲ့ကြောင်း
ဆိုသည်။

အိန္ဒိယတွင် ဘာသာရေးပွဲတော်များ၌ မတော်တဆလူပိမှုများ
ဖြစ်ပွားရခြင်းမှာ ထုံးစံဖြစ်နေပြီး ၂၀၀၈ က ဟိမဝန္တာတောင်ရှိ
အနီး နိုင်နာဒေဗီ ဘုရားကျောင်းအနီး ချောက်တစ်ခုတွင် လူအုပ်ချင်းတွန်းထိုးရာမှ လူပိမှုဖြစ်ပွားပြီး ၁၄၅ ဦးသေဆုံး
ခဲ့ရသည်။

Ref: Reuters
Aye Chan Mon Re-post Date : 2013 Feb 11 
News from: The Myanma Age

အေးချမ်းမွန်

အလာဟာဘတ်၊ ဖေဖေါ်ဝါရီ ၁၁ ။

တစ်နှစ်လျှင် ဘုရားဖူးခရီးသည် သန်း ၃၀ ခန့် လာရောက် ပြီး ကမ္ဘာ့လူဦးရေအများဆုံးပါဝင်သည့် ဂင်္ဂါမြစ်အတွင်း ရေဆင်းချိုးသည့် ဟိန္ဒူ ဘာသာရေးပွဲတော်ကျင်းပရာ အိန္ဒိယနိုင်ငံမြောက်ပိုင်း အလာဟာဘတ်မြို့ရှိ ရထား ဘူတာရုံတွင် မတော်တဆလူပိမှု တစ်ခုကြောင့် အနည်းဆုံး လူ ၃၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နာမည်ကြီးဂျာနယ်လစ်များ “နိုင်ငံတော်မှ အားပေး ကူညီသော ဟတ်ကာများ”၏ တိုက်ခိုက်မှု ခံရဖွယ်ရှိကြောင်း Google မှ သတိပေးစာများရရှိနေ

မြန်မာ နာမည်ကြီးဂျာနယ်လစ်များ “နိုင်ငံတော်မှ အားပေး
ကူညီသော ဟတ်ကာများ”၏ တိုက်ခိုက်မှု ခံရဖွယ်ရှိကြောင်း
Google မှ သတိပေးစာများရခဲ့

နယူးယောက်၊ ဖေဖေါ်ဝါရီ ၁၁။

မြန်မာပြည်တွင်းရှိ နာမည်ကြီး ဂျာနယ်လစ်များသည်
“နိုင်ငံတော်မှ အားပေးကူညီသောဟတ်ကာများ” "state-
sponsored attackers" ၏ တိုက်ခိုက်မှုကို ခံကောင်း
ခံရဖွယ်ရှိကြောင်း Google ဝက်ဆိုက်မှ သတိပေးစာများ
ရခဲ့ကြောင်း နယူးယောက်တိုင်းမသတင်းစာက ဖေါ်ပြ
လိုက်သည်။

အဆိုပါ သတိပေးစာရခဲ့ သည့် ဂျာနယ်လစ်များမှာ
ပြည်တွင်းရှိ Eleven Media အုပ်စုမှ ဂျာနယ်လစ်များ၊
မြန်မာ့တိုင်းရင်းသားရေးရာ ကျွမ်း ကျင် သူထိုင်းအခြေစိုက်
ဆွီဒင်ဂျာနယ်လစ် ဘာတေးလ်လင့်တနာတို့ ပါဝင်ကြောင်း
သိရသည်။

တိုကျိုရှိ Google ၏ ပြောခွင့်ရပုဂ္ဂိုလ် တတ်ခ်ျ မီဒိုးစ်က အဆိုပါတိုက်ခိုက်မှုများ မည်သည့်အရပ်မှလာသည်
သို့မဟုတ် သတိပေးချက်များမှာ မည်သို့ ဖြစ်သည်ကို
၎င်းအနေဖြင့် အသေးစိတ်မပြောနိုင်ကြောင်း ဖြေကြားသည်။
၎င်းက “ကျွန်တော် သေချာအတည်ပြုနိုင်တာကတော့ နိုင်ငံ
တော်မှ အားပေးကူညီသော ဟတ်ကာများ” "state-
sponsored attackers" ရဲ့  တိုက်ခိုက်မှုကို ကျွန်တော်တို့ 
သံသသယရှိကြောင်း ဒီလို သတိပေးစာမျိုးတွေတော့ ပေးပို့
ထားပါတယ်”ဟု ပြောကြားသည်။

၎င်းက Google သည် နိုင်ငံတော်မှ အားပေးကူညီသော တိုက်ခိုက်မှုဆိုသည်ကို မည်သို့ သတ်မှတ်ကြောင်း မပြော
နိုင်သကဲ့သို့၊ ယင်း တိုက် ခိုက်သူများအတွက် အကျိုးရှိစေမည့် သတင်းအချက်အလက်များ ထုတ်ပေးခြင်းမျိုးမဖြစ်အောင် အသေးစိတ်များကို ထုတ်ဖေါ်မည် မဟုတ် ကြောင်းလည်း
ပြောကြားသည်။

မြန်မာတွင် သတင်းနှင့်ပတ်သက်၍ ပုံနှိပ်ဖေါ်ပြမှုများမှာ
စစ်တပ်အုပ်ချုပ်မှု ဆယ်စုနှစ်ငါးစု ကာလအတွင်း ဆင်ဆာ တင်းကျပ်စွာ ပြုလုပ်ထား ခြင်း ခံခဲ့ရပြီး၊ ၂၀၁၁ တွင် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သားတစ်ပိုင်းအစိုးရ အာဏာရလာပြီးနောက် သတင်းနှင့်ပတ်သက်၍ တားမြစ်မှု အချို့ ကိုဖြေလျှော့ပေးခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းက ဖေါ်ပြခဲ့သည်။

Ref: NYTimes
Aye Chan Mon Re-post Date : 2013 Feb 11 
News from: The Myanma Age

အေးချမ်းမွန်

နယူးယောက်၊ ဖေဖေါ်ဝါရီ ၁၁။
 နာမည်ကြီး ဂျာနယ်လစ်များသည် “နိုင်ငံတော်မှ အားပေးကူညီသောဟတ်ကာများ” "state- sponsored 
attackers" ၏ တိုက်ခိုက်မှုကို ခံကောင်း ခံရဖွယ်ရှိကြောင်း Google ဝက်ဆိုက်မှ သတိပေးစာများ ရခဲ့ကြောင်း 
နယူးယောက်တိုင်းမသတင်းစာက ဖေါ်ပြ လိုက်သည်။

အွန်လိုင်းမှာရေပန်းစားနေတဲ့ iOS 6.1 ကို အသုံးမပြုသေးရန် ကြေညာချက် ထုတ်ပြန်

iOS 6.1 ကို အသုံးမပြုသေးရန် ကြေညာချက် ထုတ်ပြန်

Apple က တရားဝင် မထုတ်ပြန်ရသေးပေမယ့် Source တော်တော်များများ ကတော့ iOS 6.1 ကို အသုံးမပြုဖို့ တားမြစ်နေပြီ ဖြစ်ပါတယ်။

iOS 6.1 ဟာ ဘက်ထရီ အကုန်မြန်စေခြင်း၊ အပူချိန် လွန်ကဲစေခြင်း ဆိုတဲ့ အချက် နှစ်ချက်ကြောင့်မို့ ဖြစ်ပါတယ်။ iPhone အားလုံးနဲ့ သက်ဆိုင်ပါတယ်။ အထူးသဖြင့် iPhone 4s နဲ့ မတည့်ပါဘူး။ ဒါကြောင့် iPhone 4s အသုံပြုသူများအနေနဲ့ iOS 6.1 ကို upgrade မလုပ်ကြသေးဖို့ အထူး သတိပေးချက် ထုတ်ပြန်ကြပါတယ်။

iOS 6.1 ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြန့်ချိခဲ့ပြီး Upgrade လုပ်သူ အများအပြား ရှိခဲ့ပါတယ်။ ယခု User Complaint များပြားလာပြီး ဘက်ထရီနဲ့ အပူလွန်ကဲ ပြဿနာကို Apple က ဖြေရှင်းပေးရတော့ မှာ ဖြစ်ပါတယ်။

မကြာမီရက်ပိုင်းအတွင်းပဲ Apple မှ သတိပေးချက် ထုတ်ပြန်လို့ ပြန် လည် ပြုပြင်ပေးထားသော OS တစ်ခု အမြန်ဖြန့်ချိပေး ရန် မျှော်လင့်လျက် ရှိကြကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/02/ios-61.html
Aye Chan Mon Re-post Date : 2013 Feb 11 
News from: TechSpace Journal

အေးချမ်းမွန်

Apple က တရားဝင် မထုတ်ပြန်ရသေးပေမယ့် Source တော်တော်များများ ကတော့ iOS 6.1 ကို အသုံးမပြုဖို့ တားမြစ်နေပြီ ဖြစ်ပါတယ်။

ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မည်သူနှင့်မဆို လက်တွဲ၍လုပ်ဆောင်မည်ဟု ကယားဝန်ကြီးချုပ်ဆို

ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မည်သူနှင့်မဆို လက်တွဲ၍လုပ်ဆောင်မည်ဟု ကယားဝန်ကြီးချုပ်ဆို

Aye Chan Mon Re-post Date : 2013 Feb 11 Home, သတင်း 

ကယားပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆိုလျှင် မည်သူ  နှင့် မဆိုလက်တွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး ၎င်းနှင့်လက်တွဲ ဆောင်ရွက်လိုခြင်းမရှိပါက ထိုသူ သည်ကယားပြည်နယ်ကို အမှန် တကယ်ချစ်မြတ်နိုးသူတစ်ဦးမဟုတ် ၍ သာလျှင်ဖြစ်ကြောင်း ကယား ပြည်နယ်ဝန်ကြီးချုပ်ဦးခင်မောင်  ဦးကပြောသည်။
ယခုနှစ်ဇန်န၀ါရီ ၂၃ ရက် ညက ၀န်ကြီးချုပ်၏နေအိမ်တွင် နယ်မြေခံသတင်းထောက်များနှင့်  တွေ့ဆုံစဉ်ယင်းကအထက်ဖော် ပြပါအတိုင်းပြောကြားခြင်းဖြစ်  သည်။
ယင်းအနေဖြင့် ယခုဝန်ကြီး ချုပ်တာဝန်ကို လက်ခံတာဝန်ယူ  ထမ်းဆောင်သည်မှာ စနစ်သစ် ပြောင်းခါစစပ်ကူးမတ်ကူးကာလ တွင် ကယားပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အခြေခံကောင်း  များ ထားရှိခဲ့လို၍ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်တာဝန်ကိုအကြောင်းပြု  ၍ ကိုယ်ကျိုးမရှာကြောင်း၊ ယနေ့  အချိန်အထိကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဆို၍ ကွမ်းယာဆိုင်တောင်   မရှိသလိုနောက်နောင်တွင်လည်း  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်မည် မဟုတ်ကြောင်း၊ ၀န်ကြီးချုပ်တာ ၀န်ထမ်းဆောင်ချိန်တွင် ကယား ပြည်နယ်အတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု   ၀န်ကြီးချုပ်သက်တမ်းကာလကုန် ဆုံးပါက အဘိုးအဘွားများထား ရစ်ခဲ့သည့်အမွေဆိုင်ခြံဝင်းထဲမှာ ပင် လောကုတ္တရာအလုပ်ကိုလုပ်  ရင်းတစ်သက်လုံးနေထိုင်သွားမည် ဖြစ်ကြောင်း ယင်းကဲ့သို့ကယား ပြည်နယ်အပေါ်စေတနာထားသည့်  မိမိနှင့် လက်မတွဲလိုပါက ကယား  ပြည်နယ်ကို အမှန်တကယ်မချစ် ၍ သာလျှင်ဖြစ်ကြောင်း ယင်းက  ထပ်မံရှင်းလင်းပြောကြားသည်။
“အဘက ဒီမိုကရေစီမြတ်နိုး တဲ့သူပါ။ မြင်တဲ့အတိုင်းဘ၀မြင့်  တာတွေ ဘာတွေမရှိပါဘူး။ ရိုးရိုး သွား၊ ရိုးရိုးလာပြီးလုပ်စရာရှိတာ လုပ်နေတာပါပဲ”ဟု ၀န်ကြီးချုပ်  နေအိမ်လုံခြုံရေးတာဝန်ကျရဲတပ်  သားတစ်ဦးကပြောသည်။
ဝန်ကြီးချုပ်ဦးခင်မောင်ဦးကို  အခါများစွာပင် လွိုင်ကော်မြို့၏ ဈေးများတွင် တစ်ဦးတည်းဈေးဝယ်  လာသည်ကို တွေ့ရလေ့ရှိပြီး အချို့ဈေးသည်များက ၀န်ကြီးချုပ် မှန်းပင်မသိရှိကြကြောင်း လွိုင်ကော် မြို့သီရိမင်္ဂလာဈေးရှိဈေးသည် အချို့ထံမှ သိရသည်။

 
ကြီးမြင့်နိုင် (လွိုင်ကော်)

News from: The Hot News 

အေးချမ်းမွန်

2013 Feb 11

ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် မည်သူ နှင့် မဆိုလက်တွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး ၎င်းနှင့်လက်တွဲဆာင်ရွက်လိုခြင်းမရှိပါကထိုသူသည်ကယားပြည်နယ်ကိုအမှန် တကယ်ချစ်မြတ်နိုးသူတစ်
ဦးမဟုတ် ၍ သာလျှင်ဖြစ်ကြောင်း ကယား ပြည်နယ်ဝန်ကြီးချုပ်ဦးခင်မောင် ဦးကပြောသည်။

ရန်ကုန်မြို့မှထွက်ခွာသွားသော ကချင်ပြည်နယ် လိုင်ဇာထိငြိမ်းချမ်းရေးလမ်းလျှောက်သူများ မန်းရောက်ရှိ (သတင်း။ဓာတ်ပုံ)

ရန်ကုန်-လိုင်ဇာငြိမ်းချမ်းရေးချီတက် အဖွဲ့ အား မန္တလေးကချင်စာပေယဉ်ကျေးမှု အဖွဲ့နှင့် ကချင်ငြိမ်းချမ်းရေး ကွန်ယက် မှ မန္တလေးတွင် ကြိုဆို

မန္တလေး-ဖေဖော်ဝါရီ၁၁

လိုင်ဇာအထိ ငြိမ်းချမ်းရေးလမ်းလျှောက်သူများသည် ဖေဖော်ဝါရီ ၁၁ရက်နေ့ နေ့လယ်ပိုင်းမှာ မန်းမြို့သိ
ရောက်ရှိလာသည်။လူအင်အား ၆၀ကျော် သံဃာတော် ၁၇ပါး အမျိုးသမီးသုံးယောက်ပါဝင်ပြီးမုံရွာ၊ ကျောက်
ဆည်၊ ပခုက္ကူ၊ မြင်းခြံ၊ ပုလိပ်၊ မြစ်ကြီးနား စသည့်မြို့များမှ အသီးသီးလာရောက်ကြိုဆိုပါဝင်ခဲ့ကြပြီး

မြန်မာ့ တပ်မတော်နှင့် Myanmar Express Website ပတ်သက်ခြင်းမရှိဟု တပ်မတော်မှ အရာရှိကြီးတစ်ဦးမှ ပြောကြား

မြန်မာ့ တပ်မတော်နှင့် Myanmar Express Website ပတ်သက်ခြင်းမရှိဟု 
တပ်မတော်မှ အရာရှိကြီးတစ်ဦးမှ ပြောကြား
Monday, February 11, 2013

မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကတွင် ထင်ရှားသော အတိုက်အခံ
နိုင်ငံရေးသမားများနှင့် မီဒီယာ လုပ်ငန်းရှင်များ၏ အတွင်းရေး
ပုဂ္ဂိုလ်ရေးများကိုမကြာခန ဖွင့်ချရေးသားလျက်ရှိသော Myanmar Express Website နှင့် မြန်မာ့တပ်မတော်မည်သည့်ပတ်သက်မှုမျှမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားသွားသည်။

“ ကျွန်တော်တို့တပ်မတော်နဲ့ Myanmar Express Website ဘယ်လိုမှ ပတ်သက်မှုမရှိပါဘူး Myanmar Express ကို ဘယ်သူတွေစီမံနေလဲဆိုတာ မသိပါဘူး။ ကျွန်တော်တို့တပ်မတော်မှာ တရားဝင်တင်ထားတဲ့ မြ၀တီ 
Web Portal ပဲ ရှိပါတယ်ဟု” ပြောဆိုသွားသည်။ 

၎င်းမှ ယနေ့ခေတ်တွင် လူတိုင်းအင်တာနက်တွင် လွတ်လပ်စွာ
ကိုယ်ပိုင် Website ၊ Blog နှင့် Facebook စာမျက်နှာများ ထူထောင်ရန် လွတ်လပ်စွာရေးသား ဖော်ပြလျက်ရှိကြောင်း၊  Internet ကို 
အသုံးပြုသူများသည် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်မတူသည်များကို လွတ်လပ်စွာရေးသားလျက်ရှိကြောင်း
မြန်မာ့တပ်မတော်နှင့် ပတ်သက်၍လည်း မဟုတ်မမှန်သော သတင်းများကို တင်နေသည့် Website နှင့် Blog အများအပြားရှိကြောင်း ၎င်းကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် စွပ်စွဲပုတ်ခတ် ရေးသားချက်များနှင့်ပတ်သက်၍ 
အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ(၂၀၀၄)ပုဒ်မ(၃၄-က)အရ 
အရေးယူနိုင် သော်လည်း နည်းပညာအရ တရားခံကို ဖော်ထုတ်ရန်
မဖြစ်နိုင်သေးကြောင်း ပြောကြားသွားသည်။ 

ယခုအခါ ပုဂ္ဂလိကမီဒီယာ များ၏ Website များအား Cyber Attack ဖြင့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်လာခဲ့ပြီး ကနဦးအစတွင် ၎င်းတိုက်ခိုက်မှုများအတွက် Myanmar Express တွင် တာဝန်
ရှိကြောင်း Eleven Media Group မှ စွပ်စွဲကာ သတင်းမီဒီယာ
ကောင်စီများထံ တိုင်စာများပေးပို့ခဲ့သော်လည်း ၎င်းတိုက်ခိုက်မှုများနှင့်
ပတ်သက်၍ မြန်မာနိုင်ငံ နာမည်အကြီးဆုံး Hacker အုပ်စုတစ်ဖွဲ့ဖြစ်သော BHG အဖွဲ့မှ ၎င်းတို့ တိုက်ခိုက်ကြောင်း ၀န်ခံထားပြီး The Voice အား တိုက်ခိုက်သည့် Hacker များကိုလည်း ဓာတ်ပုံနှင့်တကွ ဖော်ထုတ်
ထားကြောင်း တွေ့ရှိရသည်။  ၎င်းဖော်ပြထားသည့် ဓာတ်ပုံပိုင်ရှင်
မှလည်း The Voice Facebook သို့ Hacker လုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း ၀န်ခံထားသည်ကို တွေ့ရှိရပါသည်။ 

Myanmar Express Website အနေဖြင့် ယခင်က လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာဝေဖန်ရေးသား
မှုများ ရှိခဲ့သော်လည်း ယခုနှစ်မှစ၍ ဒေါ်အောင်ဆန်းစုကြည်အား 
အပုတ်ချရေးသားထားသည့် အကြောင်းအရာများ မတွေ့ရတော့ကြောင်း သိရှိရသည်။

Min Yannaung

Monday, February 11, 2013

မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကတွင် ထင်ရှားသော အတိုက်အခံ နိုင်ငံရေးသမားများနှင့်မီဒီယာလုပ်ငန်းရှင်
များ၏ အတွင်းရေး ပုဂ္ဂိုလ်ရေးများကိုမကြာခန ဖွင့်ချရေးသားလျက်ရှိသော Myanmar Express Website နှင့် မြန်မာ့တပ်မတော်မည်သည့်ပတ်သက်မှုမျှမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားသွားသည်။

Mr. Bean ပြိုင်ကား ယာဉ်တိုက်မှုကြောင့် ပြင်ဆင်စရိတ် ဒေါ်လာတစ်သန်းကျော်ကုန်ကျ

“Mr. Bean ပြိုင်ကား ယာဉ်တိုက်မှုကြောင့် ပြင်ဆင်စရိတ် ဒေါ်လာတစ်သန်းကျော်ကုန်”

ရိုဝမ် အက်ကင်ဆန် အနေဖြင့် ၎င်းကိုယ်ပိုင် စူပါပြိုင်ကား ယာဉ်တိုက်မှု ဖြစ်ခဲ့သဖြင့် ပြုပြင်ရသော ကုန်ကျစရိတ်သည် ဒေါ်လာ (၁.၄)သန်းမျှ ရှိခဲ့ကြောင်း သိရှိရသည်။ ဗြိတိသျှ ဟာသ ဇာတ်ဆောင် မင်းသား ရိုဝမ်သည် (၂၀၁၁)ခုနှစ်က ၎င်းပိုင် McLaren F1 အမျိုးအစား ဇိမ်ခံ ပြိုင်ကား ယာဉ်တိုက်မှု ဖြစ်ခဲ့သဖြင့် ဆေးရုံ တက်ခဲ့ရသည်။

Mr. Beanနှင့် Johnny English ဇာတ်ဆောင် ရိုဝမ်သည် ထိုစဉ်က လမ်းဘေးရှိ သစ်ပင်နှင့် ဆိုင်းဘုတ်တစ်ခုကို ကားဖြင့် ဝင်တိုက်ခဲ့ခြင်း ဖြစ်သလို ကားလည်း မီးလောင်ခဲ့သည်။ ရိုဝမ်သည် ကမ်းဘရစ်ဂ်ျရှိုင်းယားတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအတွင်း ပခုံးဒဏ်ရာ ရခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/20964
ACM Re-post Date : 2013 Feb 11 
News from: Planet Myanmar Network

အေးချမ်းမွန်

ရိုဝမ် အက်ကင်ဆန် အနေဖြင့် ၎င်းကိုယ်ပိုင် စူပါပြိုင်ကား ယာဉ်တိုက်မှု ဖြစ်ခဲ့သဖြင့် ပြုပြင်ရသော ကုန်ကျ
စရိတ်သည် ဒေါ်လာ (၁.၄)သန်းမျှ ရှိခဲ့ကြောင်း သိရှိရသည်။ ဗြိတိသျှ ဟာသ ဇာတ်ဆောင် မင်းသား ရိုဝမ်
သည် (၂၀၁၁)ခုနှစ်က ၎င်းပိုင် McLaren F1 အမျိုးအစား ဇိမ်ခံ ပြိုင်ကား ယာဉ်တိုက်မှု ဖြစ်ခဲ့သဖြင့် ဆေးရုံ တက်ခဲ့ရသည်။

မောင်တောတွင် အယောင်ဆောင် နစကများ တိုက်ခိုက်မှုကြောင့် ၁ ဦးသေ

 ၂၀၁၂ ခုနှစ် သြဂုတ်လက ပဋိပက္ခ ကာလ အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် လုံခြုံရေး တင်းကျပ်ထားစဉ် (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
February 11, 2013 ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ဘက် ၂၂ မိုင်အကွာရှိ မြို့သစ်ရွာ (ခ) ယောင်ဘူရွာတွင် ယမန်နေ့ည သန်းခေါင်ယံ အချိန်၌ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက) အယောင်ဆောင်ထားသည့် လက်နက်ကိုင် အဖွဲ့တဖွဲ့က နေအိမ်တအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အနုပညာအောင်မြင်မှုနောက်ကွယ်က ပေးဆပ်ရတဲ့ တန်ဖိုးအကြောင်း ဝတ်မှုံရွှေရည်ပြော


အနုပညာလောကမှာ အချိန်တို အတွင်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကိုရရှိထားပြီး ကြော်ငြာဘေဘုတ်တွေမှာလည်း အိုက်တင် အမျိုးမျိုးနဲ့ လှုပ်ရှားတတ်ပြီး ပရိ သတ်တွေရင်ထဲမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ အနုပညာရှင်ကတော့ ဝတ်မှုံရွှေရည်ပဲဖြစ်ပါတယ်။ အောင်မြင် မှုပန်းတိုင်တွေ တစ်နှစ်ထက်တစ်နှစ် ပိုလို့တိုးလာပါပြီ။

တပ်ရင်းတပ်ဖွဲ့များ မြေသိမ်းပါကတပ်အတွက်လုံလောက်ရုံသာသိမ်းရန် ကာ/ချုပ်ကညွှန်ကြားထား

တပ်ရင်းတပ်ဖွဲ့များ မြေသိမ်းပါကတပ်အတွက်လုံလောက်ရုံသာသိမ်းရန် ကာ/ချုပ်ကညွှန်ကြားထား

February 11, 2013  Home, သတင်း

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် နေပြည်တော် လွှတ်တော်ဝန်းရှိခန်းမဆောင်တစ် ခုတွင် ပြည်ထောင်စုလွှတ်တော်  လယ်ယာမြေနှင့် အခြားမြေများ   များသိမ်းဆည်းစုံစမ်းစစ်ရေးကော်  မရှင်ဥက္ကဋ္ဌဦးတင်ထွက်နှင့် တပ်မ တော်စစ်ထောင်ချုပ်ရုံးမှတွဲဖက်  စစ်ထောက်ချုပ်ဗိုလ်ချုပ်မင်းနိုင်နှင့်  တာဝန်ရှိတပ်မတော်အရာရှိကြီး များသည် တပ်မတပ်ရင်းတပ်ဖွဲ့  များမှ လယ်ယာမြေနှင့် အခြား   မြေများသိမ်းဆည်းခံရခြင်းကိစ္စရပ် များအပေါ် နှစ်ဖက်စလုံးမှပွင့်ပွင့် လင်းလင်းဆွေးနွေးကြကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ကော်မရှင်ဖက်မှလည်း စုံစမ်းတွေ့ရှိချက်များကို တပ်မတော်  အရာရှိများသို့တိုက်ရိုက်ပြောဆိုခဲ့ သလိုစာရေးသားပြီးလည်း ပေးပို့ ခဲ့မှုများရှိကြောင်း ပြောကြားခဲ့ကြ  ကြောင်း သိရသည်။
တွဲဖက်စစ်ထောက်ချုပ်က တပ်မတော်အစိုးရလက်ထက် တပ်ပိုင်မြေများအဖြစ်သိမ်းဆည်း  ခဲ့မှုအပေါ်တိုင်ကြားခဲ့သည့်အမှု ပေါင်း (၄၁၃) မှုရှိကြောင်း ယင်း တို့အနက်မှ (၄၁) ခုအား ဖြေရှင်း ပေးခဲ့ပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အတွင်း သိမ်းဆည်းခဲ့သည့်လယ် မြေ၊ ယာမြေ၊ လယ်ယာကျူးကျော်   မြေနှင့် လမ်းမြေစုစုပေါင်း (၁၉၀၀၀.၅၁၉) ဧကရှိခဲ့ပြီး (၁၉၅၁.၉) ဧကအတွက် လျှော် ကြေးငွေစုစုပေါင်း (၉၉၉.၂၅) သန်း  ပေးလျှော်ခဲ့ပြိး တပ်မတော်မှ အသုံးပြုသည့်မြေများအနက် သန်လျက်မြို့နယ်တွင် (၁၀၄.၅) ဧကနှင့် ဘားအံမြို့နယ်တွင် (၃.၃၅၇) ဧကတို့ကိုလည်း ပိုင်ရှင်  များသို့ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း  သိရသည်။
ဆက်လက်ပြီး တပ်ရင်းတပ်ဖွဲ့ များအနေဖြင့်လိုအပ်သလောက် သာအနည်းဆုံးသိမ်းယူပြီး လယ် ယာဥယျာဉ်ခြံမြေများ နစ်နာဆုံး   ရှုံးမှု မရှိစေရေးအတွက် မလွှဲမရှောင် သာသိမ်းဆည်းခဲ့ပါက တပ်အတွက်   လုံလောက်ရုံကိုသာသိမ်းဆည်းရန် ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန် မှာကြားထားကြောင်း၊ ထို့ပြင် သိမ်းဆည်းပြီးမြေများများမှပိုလျှံ လာပါက တပ်ကိုယ်ပိုင်အင်အား ဖြင့် စိုက်ပျိုးနိုင်ပါလျှင် စိုက်ပျိုးရေး နှင့် မွေးမြူရေးပြုလုပ်ရန် မပြုလုပ်  နိုင်ပါက ဒေသခံများကိုတပ်ပိုင်မြေ အဖြစ်နားလည်အောင်ရှင်းလင်း ပြောကြားပြီး မည်သည့်အခကြေး  ငွေများရယူခြင်းမပြုဘဲ လုပ်ကိုင် ဆောင်ရွက်စေရမည်ဟုညွှန်ကြား ထားကြောင်း သို့သော်အကြောင်း အမျိုးမျိုးကြောင့် မလိုက်နာသည့် တပ်မှူးများကိုလည်း ထိရောက်  စွာအရေးယူပြီးဖြစ်ကြောင်း ပြော ကြားခဲ့ကြောင်း သိရသည်။
တပ်မတော်က မြေယာများ   သိမ်းဆည်းရာတွင်မြေပုံ၌ မြေလွတ်   မြေလပ်ဟုပြထားသော်လည်း အမှန်တကယ်လုပ်ကိုင်နေသူများ ရှိသည်ကို မသိရှိသည့်အတွက် သိမ်းယူရန်အမိန့်ပေးခဲ့မှုများရှိ ကြောင်းကိုလည်း စုံစမ်းစစ်ဆေး ရေးကော်မရှင်ဥက္ကဋ္ဌဦးတင်ထွက် ကပြောကြားခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံးက ညွှန်ကြားချက်များနှင့် အမိန့်များ ကို တပ်မတော်သားများအားလုံး မသိရှိသေးသည့်အပြင်မှားယွင်းသိမ်း  ဆည်းမှုရှိနေကြသူများအတွက် မီဒီယာများနှင့် ချိတ်ဆက်ပြီးလုပ် ဆောင်ရေးကို စစ်ထောက်ချုပ်မှ တဆင့် ကာကွယ်ရေးဦးစီးချုပ်ရုံး သို့တင်ပြသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မင်းနိုင်က ရှင်းလင်းတင် ပြခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌဦးတင်ထွတ် မှလည်း ယခုလကုန်ပိုင်းတွင် မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန  မှ အဆင့်မြင့်အရာရှိများနှင့် နေပြည်တော်တွင်သီးခြားတွေ့ဆုံ သွားရန်ရှိကြောင်း သိရှိရပါသည်။

 မင်းနေနိုင်
ACM Re-post Date : 2013 Feb 11 
News from: The Hot News 

အေးချမ်းမွန်

February 11, 2013 

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် နေပြည်တော် လွှတ်တော်ဝန်းရှိခန်းမဆောင်တစ် ခုတွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ များသိမ်းဆည်းစုံစမ်းစစ်ရေးကော် မရှင်ဥက္ကဋ္ဌဦးတင်ထွက်နှင့် တပ်မ တော်စစ်ထောင်ချုပ်ရုံးမှတွဲဖက် စစ်ထောက်ချုပ်ဗိုလ်ချုပ်မင်းနိုင်နှင့် တာဝန်ရှိတပ်မတော်အရာရှိကြီး များသည် တပ်မတပ်ရင်းတပ်ဖွဲ့ များမှ လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရခြင်းကိစ္စရပ် များအပေါ် နှစ်ဖက်စလုံးမှပွင့်ပွင့် လင်းလင်းဆွေးနွေးကြကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ကမ္ဘာ့ပထမဆုံး နှလုံးသားမဲ့လူသား

--------------------------------------
ကမ္ဘာ့ပထမဆုံး နှလုံးသားမဲ့လူသား
--------------------------------------
ရေးသားသူ-နှိုင်းရင့်နွေ

အသက် ၅၅ နှစ်အရွယ်ရှိ Craig Lewis ဟာ ပုံမှန်မဟုတ်တဲ့ protein တွေ အဆမတန်ပွားများလာမှုကြောင့် သေလုနီးပါးနှလုံးရောဂါကိုခံစားနေရပါတယ်... နှလုံးခုန်နှုန်းထိန်းပေးတဲ့ကိရိယာ (pacemaker) ကို အသုံးပြုတာတောင် သူ့အသက်ကိုကယ်ဖို့မတတ်နိုင်တဲ့အခြေအနေဖြစ်နေပါတယ်... ဒါပေမဲ့ တက္ကဆက်စ် နှလုံးတက္ကသိုလ်က ဆရာဝန်နှစ်ယောက်ကတော့ တစ်မူထူးခြားတဲ့ ဖြေရှင်းနည်းတစ်ရပ်ကိုတင်သွင်းလာပါတယ်.... အဲ့ဒီနည်းကတော့ သွေးခုန်နှုန်းမရှိဘဲ သူ့ရဲ့သွေးတွေလည်ပတ်အောင် ပြုလုပ်ပေးနိုင်မယ့် သွေးဆက်တိုက်စီးဆင်းစေတဲ့ ကိရိယာတစ်ခုကို ထည့်သွင်းအသုံးပြုဖို့ပါပဲ...
ဒေါက်တာ Billy Cohn နဲ့ ဒေါက်တာ Bud Frazier တို့ဟာ Mr Lewis ရဲ့ နှလုံးကိုဖယ်ထုတ်ပြီးတဲ့အခါမှာ သူတို့ရဲ့ကိရိယာကို ထည့်သွင်းတပ်ဆင်ခဲ့ပါတယ်... အဲ့ဒီနေ့မှာပဲ လူနာဟာ ထူထူထောင်ထောင်ဖြစ်လာပြီး ဆရာဝန်တွေနဲ့ စကားပြောနိုင်လာပါတယ်... ဆရာဝန်နှစ်ယောက်ဟာ ဒီကိရိယာကို စတင်အသုံးမပြုခင် ဖွံ့ဖြိုးတိုးတက်လာဖို့ အချိန်အတန်ကြာယူခဲ့ရပြီး နွားငယ်တွေအပေါ် အကြိမ် ၅၀ နီးပါး စမ်းသပ်ခဲ့ပါတယ်...
ဆရာဝန်တွေက Mr Lewis ရဲ့ ရင်ဘတ်နားကို နားကြပ်နဲ့ကပ်ပြီးနားထောင်တဲ့အခါမှာ နှလုံးခုန်သံ နဲ့ သွေးခုန်နှုန်းနှစ်မျိုးစလုံးကို မကြားရပါဘူး... (စက်တဝီဝီလည်သံမျိုးသာ ကြားရပါတယ်) .. ဒါက ဘာကိုသက်သေပြနေလဲဆိုရင် လူသားတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ဟာ သွေးခုန်နှုန်းတစ်ခုမှမရှိဘဲ ရှင်သန်နိုင်စွမ်းရှိတယ်ဆိုတာပါပဲ......
---------------------------
Source: Amazing Facts
ACM Re-post Date : 2013 Feb 11 
News from: Myawady News

အေးချမ်းမွန်

အသက် ၅၅ နှစ်အရွယ်ရှိ Craig Lewis ဟာ ပုံမှန်မဟုတ်တဲ့ protein တွေ အဆမတန်ပွားများလာမှုကြောင့် သေလုနီးပါးနှလုံးရောဂါကိုခံစားနေရပါတယ်... နှလုံးခုန်နှုန်းထိန်းပေးတဲ့ကိရိယာ (pacemaker) ကို အသုံးပြုတာတောင် သူ့အသက်ကိုကယ်ဖို့မတတ်နိုင်တဲ့အခြေအနေဖြစ်နေပါတယ်... ဒါပေမဲ့ တက္ကဆက်စ် နှလုံးတက္ကသိုလ်က ဆရာဝန်နှစ်ယောက်ကတော့ တစ်မူထူးခြားတဲ့ ဖြေရှင်းနည်းတစ်ရပ်ကိုတင်သွင်းလာပါတယ်....

စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးကျော်ဝင်း ၏သားနှင့်တူ ဆိုသူတို့ က ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့ အား လျှပ်စစ်မီးသွယ်တန်း ခွင့်အတွက် အာဏာပြ၍ အနိုင်ကျင့်လျှက်ရှိနေသည်ဟု ဒေသခံများကပြောဆို


စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးကျော်ဝင်း ၏သားကိုစိုးစံနှင့်ဝန်ကြီး၏တူဖြစ်သူ ကိုဝင်းသူအောင်
ဆိုသူတို့သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ယင်းမာပင်မြို့နယ် စေသူကျေးရွာ တွင် လျှပ်စစ်မီးများ
သွယ်တန်းရာ တွင် ၄င်းတို့ထံမှသာ မီးကြိုးများ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများကို ၀ယ်ယူပြီး သွယ်တန်းမှ
သာ ရွာကို လျှပ်စစ်ဓာတ်အားလွှတ်ပေးမည်ဖြစ်ကြောင်း

ဒူးနာခြင်းအကြောင်း သိကောင်းစရာ

ဒူးနာခြင်းအကြောင်း 

ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက်ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့အချက်တွေထဲမှာ ထိခိုက်ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ်ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့အရိုးကင်ဆာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။ ဒူးခေါင်းအတွင်းတွယ်ဆက်ထားတဲ့အရ်ွတွေ ( Cruciate ligaments ) နဲ့ဒူးခေါင်းအတွင်းအပြင်ဖက်မှာရှိတဲ့အရွတ်တွေ ( Collateral ligaments ) တွေက ဒူးခေါင်းကို ငြိမ်အောင်ထိမ်းပေးပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြီးပြန်လည်ပြုပြင်တဲ့နေရာမှာ ချုပ်ခြင်း ၊ အစားထိုးခြင်းတို့ပါဝင်ပါတယ် ။ အချို့လူနာတွေက တော့ဒူးဆစ်တစ်ခုလုံးလဲလိုက်ရတာမျိုးလည်းရှိပါတယ် ။ ဓါတ်မှန်ပုံမှန်ရိုက်စစ်ဆေးခြင်းက တခြားပြဿနာတွေရှိမရှိကို ဖယ်ထုတ် Exclude လုပ်ပေးနိုင်ပါတယ် ။ ဒူးပြဿနာတွေကို Arthroscopy ၊ MRI စတာတွေနဲ့စစ်ဆေးနိုင်သလို ဒူးဆစ်ထဲမှာရှိတဲ့ အရည်ကို အပ်နဲ့စုပ်ခြင်း ( Needle aspiration ) လုပ်ပြီးလည်းစစ်ဆေးနိုင်ပါတယ် ။ တကယ်တော့ ဒူးဆစ်ရာ လေးဖက်နာလို ရောဂါမျိုးနဲ့လည်း ပတ်သတ်လေ့ရှိတဲ့ Joint ဖြစ်ပါတယ် ။ လေးဖက်နာရောဂါတွေဟာ တကယ်တော့ Immune disease တွေဖြစ်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့တစ်ရှုးတွေ ၊ အဆစ်တွေအပါအ၀င် အရိုးတွေယောင်ရမ်းခြင်းကိုဖြစ်စေတယ် အဆစ်တွေကွေးမမရအောင် နာကျင်အောင် ဖြစ်စေတဲ့ရောဂါပဲဖြစ်တယ် ။  

ဒူးနာခြင်းကိုအဖြစ်များစေတဲ့အချက်တွေကဘာတွေလဲ

တကယ်တော့ဒူးနာခြင်းကို အဖြစ်များစေတဲ့အချက်တွေထဲမှာ အသက်အရွယ်ကြီးရင့်လာခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်းတွေပဲဖြစ်ပါတယ် ။ 

ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်းတွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေကဘာတွေလဲ 

ထိခိုက်ဒါဏ်ရာရပြီဆိုရင် မည်သည့် အရွတ်ကို မဆို  သွားပြီး သက်ရောက်စေမှုရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်စေတဲ့အရိုးတွေကိုသာ ထိခိုက်နိုင်ပါတယ် ။ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ဒူးဆစ်ရဲ့ပုံသဏ္ဍာန်နဲ့ အလေးအပင်တွေမတဲ့အခါ အကွေးအဆန့်ကို ဒူးကပဲလုပ်ရတာဖြစ်တဲ့အချက်တွေကပဲ ဒူးကို ဒါဏ်ရာရစေတဲ့အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ် ။ 

အရွတ်ဒါဏ်ရာများ 

မတော်တဆထိခိုက်မှုတွေက ဒူးရဲ့အတွင်းအစိတ်အပိုင်းဖြစ်တဲ့ Medial Collateral Ligament , ဒူးအတွင်းပိုင်းက Cruciate ligaments ကို သွားပြီး ဒါဏ်ရာရစေနိုင်ပါတယ် ။ အဲဒီနေရာတွေမှာဖြစ်တဲ့ ဒါဏ်ရာတွေက ချက်ချင်းဆိုသလို နာကျင်မှုကိုဖြစ်စေပြီး နေရာအတိအကျကို သိရှိဖို့တော့ခက်ခဲလေ့ရှိတယ် ။ အထူးသဖြင့် Collateral ligament injury ဟာ ဒူးရဲ့အတွင်းပိုင်း သို့မဟုတ် အပြင်အစိတ်အပိုင်းကို ထိခိုက်စေလေ့ရှိပြီး တခါတရံ အဲဒီအရွတ်ရှိနေတဲ့နေရာအပေါ်ဖက်ကို နာကျင်စေတာမျိုးလည်းရှိပါတယ် ။  Cruciate Ligament ဒါဏ်ရာရတာကတော့ဒူးအတွင်းပိုင်းက နာတာဖြစ်ပါတယ် ။  အတွင်းပိုင်းက စူးပြီးနာလေ့ရှိပါတယ် ။ ဒူးခေါင်းမှာ ဖြစ်တဲ့အရွတ်ဒါဏ်ရာရခြင်းတွေက နားနေတဲ့အချိန်နဲ့ အလေးအပင်တစ်ခုခုမတဲ့အခါ လမ်းလျှောက်တဲ့အခါ နာနေလေ့ရှိပါတယ် ။  ဒါဏ်ရာတစ်ခုရဲ့ ပြင်းထန်မှုဆိုတာ အနိမ့်ဆုံးနာကျင်မှု ( ဥပမာ ဒူးရွတ်ပြဲသွားခြင်း အရွတ်အမျှင်များ စုတ်ပြဲခြင်း ) စတာတွေက ပြင်းထန်စွာနာကျင်ခြင်း ( အရွတ်တစ်ခုလုံးစုတ်ပြတ်သွားခြင်း ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ သာမန်အရွတ်ယောင်တာမျိုးလောက်ကိုတော့ ရေခဲအုံခြင်း ပတ်တီးစီးခြင်း ၊ အနားယူခြင်းနဲ့ ခြေထောက်ကို အပေါ်မြှောက်ထားခြင်းစတာတွေနဲ့သက်သာအောင်ပြုလုပ်နိုင်ပါတယ် ။ အထူးသဖြင့် ဒူးဒါဏ်ရာရနေတဲ့အချိန်တွေမှာ အလေးအပင်မတာကိုတော့ရှောင်ရမှာဖြစ်ပါတယ် ။ လမ်းလျှော်ကတဲ့အခါလည်းချော်မလဲအောင်သတိထားရပါမယ် ။ 

တချို့လူတွေကတော့ ဒူးနာခြင်းကို သက်သာစေဖို့အတွက် ပတ်တီးကိုတင်းကြပ်စွာ စီးခြင်း နဲ့ ဒူးခေါင်းကို ငြိမ်နေအောင်ပြုလုပ်လေ့ရှိတယ် ။ တချို့သောပြင်းထန်တဲ့ဒါဏ်ရာရမှုတွေမှာတော့ Arthroscopic သို့မဟုတ် ဒူးခေါင်းကိုဖွင့်ပြီးခွဲစိတ်ပြုပြင်ခြင်းလုပ်ဖို့လိုပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြုပြင်တဲ့နေရာမှာ ပြဲသွားတဲ့အရွတ်တွေကို ပြန်ချုပ်ခြင်း ၊ အစားထိုးခြင်း တွေ ပါဝင်ပြီး အဲဒီလို ခွဲစိတ်လုပ်ဆောင်မှုမျိုးတွေကိုလည်း ဒူးခေါင်းကိုဖွင့်ပြီးဖြစ်စေ arthroscopic surgery နဲ့ဖြစ်စေ ပြုလုပ်နိုင်တယ် ။ ဘယ်လို ခွဲတ်စိတ်မှုမျိုးပြုလုပ်သင့်သလဲ ဆိုတာကတော့ ဒါဏ်ရာအမျိုးအစားအပေါ်မူတည်ပြီး လူနာ ဘယ်လောက်ထိ ပြန်ကောင်းလာနိုင်မလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ အချို့သော အရမ်းပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေကတော့ ဒူးခေါင်းတစ်ခုလုံးဖွင့်ပြီး ခွဲစိတ်မှသာရနိုင်မှာပါ ။ ယခု လတ်တလော အသုံးပြုနေတဲ့နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာတွေနဲ့ cruciate ligaments အတွက်ကို ပြန်လည်ပြုပြင်ခြင်း Reconstruction procedure က သိသိသာသာ တိုးတက်အောင်မြင်နေပြီဖြစ်ပါတယ် ။ တခြား ဒါဏ်ရာရမှုတွေထဲမှာတော့ Meniscus tears , အရွတ်ယောင်ခြင်း ( Tendinitis ) အရိုးကျိုးခြင်း ( Fructure ) စတာတွေလည်းပါဝင်ပါတယ်။ 

ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ 

ဒူးဆစ် ၊ တစ်ရှုးတွေနဲ့ ဒူးကိုဖြစ်ပေါ်စေတဲ့အရိုးတွေ နဲ့ဆက်နွယ်နေတဲ့ရောဂါ တွေကနေတဆင့်လည်း ဒူးနာခြင်းကို ခံစားရနိုင်ပါတယ် ။ ဒူးခေါင်းတ၀ှိုက်မှာရှိတဲ့အာရုံကြောတွေ ကနေတဆင့် နာကျင်ခြင်းကိုကြုံတွေ့ရတာဖြစ်ပါတယ် ။ တကယ်တော့ဒူးနာခြင်းကို အများဆုံးကြုံတွေ့စေတဲ့ရောဂါကတော့ Rheumatic ရောဂါတွေဖြစ်ပြီး အဲဒီလေးဖက်နာဆိုတာ Immune ရောဂါတစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးက အဆစ်အမြစ်တွေကို အဆစ်ယောင်ခြင်းတွေဖြစ်စေတာဖြစ်ပါတယ် ။ Joint တစ်ခုရောင်ယမ်းခြင်းကို Arthritis လို့ခေါ်ပြီး ဒူးဆစ်ရောင်ယမ်းခြင်းကို noninflammatory နဲ့ inflammatory လို့ခွဲထားနိုင်ပါတယ်။ Non inflammatory ဆိုတာကတော့ Osteoarthritis လိုမျိုး အရိုးနဲ့အဆစ်ရောင်ခြင်းပုံစံမျိုးဖြစ်ပြီး Inflammatory  ဆိုတာကတော့ လေးဖက်နာသို့မဟုတ် Gout လိုမျိုးရောဂါမျိုးကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုမျိုးကိုခေါ်ပါတယ် ။ အဆစ်ရောင်တာကိုကုသတဲ့အခါ ဘယ်လိုပုံစံရောင်သလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ လူအများစုက အဆစ်ရောင်ခြင်းကြုံတဲ့အခါ နာတာရယ် မသက်မသာဖြစ်တာရယ်လောက်ပဲ ဖြစ်ပြီးတချို့ကတော့ဒူးဆစ်တစ်ခုလုံးလဲပစ်ရတဲ့အခြေအနေအထိလည်းကြုံရပါတယ် ။ တကယ်တော့ ဒူးဆစ်ရောင်တာကနေစပြီး ဒူးခေါင်းနောက်မှာရှိတဲ့အရေအိတ်ထဲက အရေတွေ ထဲမှာ inflammatory materials တွေ စုလာခြင်းကိုဖြစ်စေတယ် ။ အဲဒီအရေအိတ်ကို Baker cyst လို့ခေါ်ပြီး ဒူးအနောက်ပိုင်းနာကျင်ခြင်းကိုဖြစ်စေတဲ့အဓိကအချက်လည်းဖြစ်ပါတယ် ။ 

အရိုးနဲ့အဆစ်တွေကို ရောဂါပိုးဝင်တာကတော့ရှားပါတယ် ။ ဒါပေမယ့်ဝင်ပြီဆိုရင်လည်း အရမ်းပြင်းထန်လေ့ရှိပြီး အဖျားတက်ခြင်း ၊ အလွန်အမင်းပူခြင်း ၊ ဖြစ်တဲ့ အဆစ်ပူနွေးခြင်းစတာတွေကြုံရတတ်ပါတယ် ။ တစ်ကိုယ်လုံးချမ်းတုန်လေ့ရှိပြီး အထူးသဖြင့်ဒူးခေါင်းတ၀ှိုက်မှာဖြစ်တဲ့ပြည်တည်နာတွေကြောင့်ဖြစ်တတ်ပါတယ် ။ ဘယ်လိုရောဂါပိုးအမျိုးအစားလဲဆိုတာကတော့ အပ်လေးနဲ့ အဲဒီဒူးဆစ်ထဲကအရည်ကိုစုပ်ယူခြင်း Joint aspiration လုပ်ပြီး မိုက်ကရိုစကုပ်နဲ့စစ်နိုင်ပါတယ် ။ ဒါ့အပြင် Microbial culture နည်းပညာတွေနဲ့လည်းစမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း နဲ့ တခါတရံ အဆစ်ခွဲစိတ်ခြင်းများပြုလုပ်ခြင်းတို့ဖြစ်ပါတယ် ။ အဆစ်နဲ့ပတ်သတ်တဲ့ Tumor တွေကတော့ရှားပါတယ် ဥပမာ Synovial sarcomas , giant cell tumors တို့ဖြစ်ပါတယ် ။ ကုသမှုတွေကတော့ခွဲစိတ်ခြင်း ဒူးဆစ်ကိုဖြတ်ပစ်ခြင်းစတာတွေလည်းရှိတတ်ပါတယ် ။ ဘယ်လိုကျူမာအမျိုးအစားလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသမှုနဲ့ခွဲစိတ်မှုတို့ကိုလုပ်ဆောင်လေ့ရှိပါတယ် ။ ဒူးကိုဖုံးထားတဲ့ ဂုံညင်းဒိုးလို့ခေါ်တဲ့ Patella အောက်က အရိုးနုပျော့ပြောင်းခြင်းကို  Chondromalacia လို့ခေါ်ပါတယ် ။ ဒါကလည်း ငယ်ရွ့ယ်တဲ့အမျိုးသမီးတွေမှာ ဒူးနာခြင်းကိုအဖြစ်များစေတဲ့ အကြောင်းတစ်ခုဖြစ်ပြီး အကြာကြီး ထိုင်ပြီး ရုတ်တရက်ပြန်ထမရတာ လှေကားတို့တောင်ကုန်းတို့တက်တဲ့အခါဒူးနာတာတွေဟာ ဒီလိုပြဿနာမျိုးကြောင့်ဖြစ်ပါတယ် ။ Bursitis လိုမျိုးကိုတော့ ရေခဲကပ်ပေးခြင်း ၊ ပတ်တီးစီးခြင်းနဲ့ အကိုက်အခဲပျောက်ဆေးတွေ ဥပမာ ibuprofen , aspirin လိုဆေးတွေပေးပြီးလည်း ကုကြပါတယ် ။ ဒါ့အပြင် ဖြစ်တဲ့နေရာကို corticosteroid တွေပေးပြီး လည်းကုသတာတွေ ၊ လေ့ကျင့်ခန်းလုပ်ရတာတွေလည်းပါရှိပါတယ် ။ 

ဒူးနာခြင်းကို ကာကွယ်ဖို့ကတော့ ဒါဏ်ရာမရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့အခါအလေးအပင်မတဲ့အခါ သတိထားဖို့ဖြစ်ပါတယ် ။ ဒါ့အပြင် အမြင့်တွေတက်တဲ့အခါ လှေကားတွေတက်တဲ့အခါ အလောတကြီးမဖြစ်ကြဖို့နဲ့ မိမိဒူးခေါင်းဟာ တစ်ကိုယ်လုံး ကို သယ်ထားရတဲ့ အကွေးအညွတ်လုပ်တဲ့အဆစ်တစ်ခုဖြစ်တာကြောင့်သတိကြီးစွာ ထားသင့်ပါကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ပါတယ် ။ 

သက်တန့်ချို
REFERENCES:
Koopman, William, et al., eds. Clinical Primer of Rheumatology. Philadelphia: Lippincott Williams & Wilkins, 2003.
Ruddy, Shaun, et al., eds. Kelley's Textbook of Rheumatology, 6th ed. Philadelphia: Saunders, 2001.
Shiel Jr., William C. "Total Knee Replacement." MedicineNet.com. Apr. 28, 2008. <http://www.medicinenet.com/total_knee_replacement/article.htm>.
Additional resources from WebMD Boots UK on Knee Pain

ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက်ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့အချက်တွေထဲမှာ ထိခိုက်ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ်ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့အရိုးကင်ဆာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။

နိုင်ဂျီရီးယားအသင်း အာဖရိကဖလား ဗိုလ်စွဲ

နိုင်ဂျီရီးယားအသင်း အာဖရိကဖလား ဗိုလ်စွဲ

တောင်အာဖရိက၊ ဖေဖော်ဝါရီ ၁၁။

တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ
သော အာဖရိကဖလားပြိုင်ပွဲတွင် နိုင်ဂျီရီးယားအသင်းသည်
ဘာကီနာဖာဆို အသင်း အား ၁-၀ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွား
ကြောင်း သိရှိရသည်။

နိုင်ဂျီရီးယားအသင်းသည် ၂၀၁၃ ခုနှစ် အာဖရိကဖလား
ရရှိခဲ့ခြင်းကြောင်း ၃ ကြိမ်မြောက် ဆုဖလားရရှိခြင်းဖြစ်ပြီး
၁၉၈၀ နှင့် ၁၉၉၄ ခုနှစ်တို့ ကလည်း ဆုဖလားရရှိခဲ့ဖူးသည်။

နိုင်ဂျီရီးယား တိုက်စစ်မှူး အီမန်နစ်သည် ဗိုလ်လုပွဲတွင်
ပေါင်ကြွတ်သားဒါဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိသော်လည်း ပွဲစဉ်တစ်လျှောက် ၄ ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ဂါနာကွင်းလယ်ကစားသမား မူဘာရက်နှင့် ပူးတွဲဂိုးသွင်း
ဘုရင်ဆု ရရှိခဲ့သည်။

ဘာကီနာဖာဆိုအသင်းသည် အာဖရိကဖလားပြိုင်ပွဲ
ဗိုလ်လုပွဲသို့ ပတမဆုံးအကြိမ် တက်ရောက်လာခဲ့ခြင်း
ဖြစ်ပြီး ကွင်းလယ်ကစားသမား ဂျိုနသန်ပီထရိုပါသည် အာဖရိကဖလားပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားဆု
ရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော့်အသင်းသားတွေ ဗိုလ်လုပွဲမှာ အရမ်းပင်ပန်းေ
နေကြပါပြီ။ ကျွန်တော် ဆင်ခြေပေးတာ မဟုတ်ပါဘူး။ နောက်
ဆုံး မိနစ်အထိ တိုက်ပွဲ ဝင် စိတ်ဓါတ်နဲ့ ကစားသွားခဲ့တာ ကျွန်
တော်မြင်ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်အသင်းနဲ့ ကစားသမား
တွေအတွက် ဂုဏ်ယူမိပါတယ်” ဟု ဘာကီနာဖာဆို အသင်းနည်း
ပြချုပ် ပေါလ်ပတ်က ပြောကြားသည်။

အာဖရိကဖလား တတိယနေရာလုပွဲတွင် မာလီအသင်းက
ဂါနာအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ကြောင်း သိရသည်။

ဟိန်းသူ
ACM Re-post Date : 2013 Feb 11 
News from: The Myanma Age

အေးချမ်းမွန်

တောင်အာဖရိက၊ ဖေဖော်ဝါရီ ၁၁။

တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အာဖရိကဖလားပြိုင်ပွဲတွင် နိုင်ဂျီရီးယားအ
သင်းသည်ဘာကီနာဖာဆို အသင်း အား ၁-၀ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရှိရသည်။

Sandi သင်တန်းကျောင်းနှင့် ၈၈မျိုးဆက်ကျောင်းသားများ ပူးပေါင်းဖွင့်လှစ်သည့် နိုင်ငံသားအ ခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာသင်တန်းဖွင့်ပွဲကိုယနေ မနက် ၈း၀၀ ကပြုလုပ်

ရန်ကုန်မြို့ရှိ Sandi သင်တန်းကျောင်းနှင့် ၈၈မျိုးဆက်ကျောင်းသားများ ပူးပေါင်းဖွင့်လှစ်သည့် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့ဖေဖော်ဝါရီလ(၁၁)ရက် နံနက်(၈း၀၀)နာရီက ရန်ကုန်မြို့ Sandi သင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ရာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုကိုကြီး တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ ရန်ကုန်မြို့နှင့် နယ်ဒေသအသီးသီးတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းတာဝန်ခံမှာ ကိုခိုင်ဝင်းဖြစ်ကာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆရာ(၃)ဦးတို့က သင်ကြားကြမည်ဟုသိရှိရသည်။ 
ACM Re-post Date : 2013 Feb 11 
News from: 88 Generation Students

အေးချမ်းမွန်

ရန်ကုန်မြို့ရှိ Sandi သင်တန်းကျောင်းနှင့် ၈၈မျိုးဆက်ကျောင်းသားများ ပူးပေါင်းဖွင့်လှစ်သည့် နိုင်ငံသားအ
ခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာသင်တန်းဖွင့်ပွဲကိုယနေ့ဖေဖော်
ဝါရီလ(၁၁)ရက် နံနက်(၈း၀၀)နာရီက ရန်ကုန်မြို့ Sandi သင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ရာ ၈၈မျိုးဆက်
ကျာင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုကိုကြီး တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

မော်တော်ကား တင်သွင်းရာမှာ လိုင်စင်ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ကားတင်သွင်းမှုနဲ့ အကောက်ခွန်ဝန်ထမ်း ၁၆ ဦးကို အရေးယူ

အကောက်ခွန်ဝန်ထမ်း ၁၆ ဦးကို အရေးယူ
Monday, February 11, 2013

ပြည်ပကနေ မော်တော်ကား တင်သွင်းရာမှာ လိုင်စင်ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ကားတင်သွင်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် အကောက်ခွန်ဝန်ထမ်း ၁၆ ဦးကို အရေးယူလိုက်ကြောင်း အကောက်ခွန်
ဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်ခဲ့တဲ့အတွက် ဒီဝန်ထမ်းတွေကို မယူမနေရ အငြိမ်းစားပေးတဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အရေးယူအပြစ်ပေးခံရသူတွေထဲမှာ လက်ထောက်ညွှန်ကြားရေးမှူး အဆင့် ၂ ဦး၊ ဦးစီးအရာရှိ ၂ ဦးနဲ့ အခြားအဆင့် ၁၂ ဦး ပါဝင်ပြီး အမှုမှာ ပါဝင်
ပတ်သက်နေတဲ့ ကုမ္ပဏီနဲ့ အကောက်ခွန် အေးဂျင့်တွေကိုလည်း ဆက်ပြီး အရေးယူသွားမယ်လို့ သိရပါတယ်။

DVB TV News
ပြည်ပကနေ မော်တော်ကား တင်သွင်းရာမှာ လိုင်စင်ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ကားတင်သွင်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် အကောက်ခွန်ဝန်ထမ်း ၁၆ ဦးကို အရေးယူလိုက်ကြောင်း အကောက်ခွန်
ဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆယ်ကျော်သက်အရွယ်က စာရေးဆရာမဖြစ်ချင်ခဲ့တဲ့ ပုလဲဝင်း


ပုလဲဝင်း-- ဆယ်ကျော်သက်အရွယ်က စာရေးဆရာမဖြစ်ချင်ခဲ့တာ (Dream in Teens)

လူတိုင်းလူတိုင်းမှာ ဆယ် ကျော်သက်ဘ၀က ဖြစ်ချင်ခဲ့တဲ့စိတ် ကူးတွေ၊ မျှော်လင့်ချက်တွေရှိခဲ့ ကြမယ်ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ် ကူးနဲ့ထပ်တူမကျတဲ့ လက်တွေ့ ဘ၀ကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့တာဘယ် လို.. ဆိုပြီး ပရိသတ်စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ဆယ်ကျော် သက်ဘ၀ကစိတ်ကူးတွေအကြောင်း ကို တင်ဆက်ပေးလိုက်ပါတယ်။
ခိုင်မာခဲ့တဲ့အိပ်မက်တစ်ခု
ပုလဲဖြစ်ချင်ခဲ့တဲ့အိပ်မက်တွေ က အများကြီးပဲ။ ဒါပေမဲ့ စာရေး ဆရာမဖြစ်ချင်တဲ့စိတ်ကတော့ တ ခြားအိပ်မက်တွေထက် ပိုခိုင်မာခဲ့ တယ်။
မိဘအရိပ်အောက်မှာနေလာ ခဲ့တယ်
ပုလဲက မေမေနဲ့ဖေဖေရဲ့ထိန်း ချုပ်မှုအောက်မှာအခုအချိန်ထိနေ လာခဲ့သူပါ။ အဖေနဲ့အမေကို ချစ် ကြောက်ရိုသေပြီး ရင်းရင်းနှီးနှီး ပွင့် ပွင့်လင်းလင်းနဲ့ တိုင်ပင်လို့ရတဲ့မိ သားစုမျိုးကိုသဘောကျပါတယ်။
သင်ခန်းစာရခဲ့မယ်ဆိုရင် စေတနာကို နားလည်လာမယ်
မိဘနဲ့သားသမီး တစ်ယောက် နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်မယ် ဆိုရင် နားလည်မှုတွေပိုရှိလာမယ်။ သားသမီးတွေကလည်း မိဘတွေကို ကိုယ်လုပ်ချင်တာတွေပြောပြမယ်။ မိဘကလည်း သားသမီးတွေကိုလုပ် သင့်လား၊ မလုပ်သင့်ဘူးလားဆိုတာ ဆွေးနွေးပေးမယ်၊ ဆုံးဖြတ်ပေးမယ်၊ မလုပ်နဲ့၊ ဒါက အန္တရာယ်များတယ် ဆိုတာထက် လုပ်လိုက်လို့ လက် တွေ့မြင်သွားပြီး သင်ခန်းစာရခဲ့မယ် ဆိုရင် သူတို့တွေ မိဘတွေရဲ့စေတ နာကို ပိုနားလည်သွားလိမ့်မယ်။
စိတ်ကူးထဲမှာ အိပ်မက်ကို အ ကောင်အထည်ဖော်တယ်
ဆယ်ကျော်သက်အရွယ်ဆိုတာ အတောင်ပေါက်တဲ့ငှက်တစ်ကောင် လိုပဲ။ ကိုယ်ဘယ်လောက်ထိပျံသန်း နိုင်မလဲဆိုပြီး ဆန်းစစ်ချင်ကြတဲ့အ ရွယ်ပါ။ ပုလဲလည်း စာရေးဆရာမ ဖြစ်ချင်သူတစ်ယောက်အနေနဲ့ စာ အုပ်တွေဖတ်ပြီး စိတ်ကူးထဲမှာပဲ ၀တ္ထုတစ်ပုဒ်ပြီးအောင်ချရေးတယ်။ တစ်ရက်နဲ့မပြီးရင် သုံးလေးရက် လောက်စိတ်ကူးယဉ်ပြီး စိတ်ကူးထဲ မှာရေးတယ်။
ပညာရေးနဲ့ ၀ါသနာကိုမျှတ အောင်လုပ်ကြပါ
ဖြစ်ချင်တယ်ဆိုတာလည်း အ တိုင်းအတာတစ်ခုရှိပါတယ်။ ဆယ် ကျော်သက်ဆိုတာက ပညာသင်ရ မယ့်အရွယ်ဖြစ်လို့ ပညာနဲ့ပတ် သက်တာကိုလည်း ထူးချွန်အောင် မြင်အောင်လုပ်ပါ။ အဲဒီအပေါ်မှာ မှ ကိုယ်ဖြစ်ချင်တဲ့ဝါသနာကိုတစ် ဖက်ကနေ မျှတအောင်လုပ်ပါ။ မိ ဘတွေဘက်ကလည်း ကျောင်းစာ ဘက်မှာပါကြိုးစားတဲ့ဒီကလေးတွေ ရဲ့ဆန္ဒကို တိုက်တိုက်တွန်းတွန်းနဲ့ ပါရမီဖြည့်စေချင်ပါတယ်။
ACM Re-post Date : 2013 Feb 11 
News from: 8 DAYS

အေးချမ်းမွန်

လူတိုင်းလူတိုင်းမှာ ဆယ် ကျော်သက်ဘ၀က ဖြစ်ချင်ခဲ့တဲ့စိတ် ကူးတွေ၊ မျှော်လင့်ချက်တွေရှိခဲ့ ကြမယ်ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ် ကူးနဲ့ထပ်တူမကျတဲ့ လက်တွေ့ ဘ၀ကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့တာဘယ် လို.. ဆိုပြီး ပရိသတ်စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ဆယ်ကျော် သက်ဘ၀ကစိတ်ကူးတွေအကြောင်း ကို တင်ဆက်ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း နောက်ကွယ်မှ မပါခဲ့ကြောင်း အစိုးရ ထုတ်ပြန်ပေးရန် MSF တောင်းဆို

‎ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF/AZG) က မွတ်စလင်များ ဘက်မှ ပါဝင်ပက်သက်မှု မရှိခဲ့ကြောင်း လူသိ ရှင်ကြား ထုတ်ပြန်ပေးရန် အစိုးရထံ တောင်းဆို လိုက်ကြောင်း သိရသည်။ ထိုဖြစ်စဉ်တွင် MSF အနေဖြင့် နောက်ကွယ်မှ ပါဝင်ပက်သက်ခဲ့သည် ဆို သည့် ကောလာဟလ များကြောင့် ၎င်းတို့ အဖွဲ့အစည်း ကို အစိုးရ စစ်တပ်မှ လာရောက် ရှာဖွေသော်လည်း ဘာမှမတွေ့ခဲ့သည်ကို အစိုးရ ဌာနဆိုင်ရာများက အသိအမှတ် ပြုပြီးဖြစ်ကြောင်း၊

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် ပါတီညီလာခံတွေ ကျင်းပရာမှာ ကြီးကြပ်မယ့် အဖွဲ့စာရင်းကို ထုတ်ပြန်

အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မကြာမီ ကျင်းပတော့မယ့်
တိုင်းနဲ့ ပြည်နယ်အဆင့် ပါတီညီလာခံတွေ ကျင်းပရာမှာ ကြီးကြပ်မယ့်
အဖွဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

တိုင်းနဲ့ ပြည်နယ် အဆင့်မှာ ဖွဲ့စည်းထားပြီးဖြစ်တဲ့ ညီလာခံကျင်းပရေး ကော်မရှင်က အခြား တိုင်းနဲ့
ပြည်နယ်တွေမှာ ကျင်းပမယ့် ညီလာခံတွေကို သွားရောက်ကြီးကြပ်ရမှာဖြစ်ပါတယ်။

ဥပမာအားဖြင့် ရန်ကုန်တိုင်း ညီလာခံကို ဧရာဝတီတိုင်း ညီလာခံ
ကျင်းပရေးကော်မရှင်က လာရောက်ကြီးကြပ်မှာဖြစ်ပြီး ကချင်ပြည်နယ် ညီလာခံကို မန္တလေးတိုင်း ညီလာခံကျင်းပရေး ကော်မရှင်က
သွားရောက်ကြီးကြပ်ကြမှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း ညီလာခံကျင်းပရေး ကော်မရှင်တွေဟာ အခြား တိုင်းနဲ့ပြည်နယ် (၃)
ခုစီ သွားရောက်ပြီး ညီလာခံတွေကို ကြီးကြပ်ဖို့ တာဝန်ပေးထားပါတယ်။
ACM Re-post Date : 2013 Feb 11 
News from: DVB TV News

အေးချမ်းမွန်


အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မကြာမီ ကျင်းပတော့မယ့် တိုင်းနဲ့ ပြည်နယ်အဆင့်
ပါတီညီလာခံတွေ ကျင်းပရာမှာ ကြီးကြပ်မယ့် အဖွဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ထာဝရငြိမ်းချမ်းရေးတည်ဆောက်မှုအား ကြိုဆို ထောက်ခံပွဲ ယနေ့မနက်ပိုင်းကကျင်းပ



နိုင်ငံတော် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ထာဝရငြိမ်းချမ်းရေးတည်ဆောက်မှုအား ကြိုဆို
ထာက်ခံပွဲတစ်ခုကို ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်
မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။

Shangri-La residence yangon ကို ၂၀၁၃ ခုနှစ် တတိယ သုံးလပတ်အတွင်း ဖွင့်လှစ်မည်

Shangri-La residence yangon ကို ၂၀၁၃ ခုနှစ် တတိယ သုံးလပတ်အတွင်း ဖွင့်လှစ်မည်


ဟောင်ကောင် အခြေစိုက် Shangri-La အုပ်စုမှ ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းတွင် တည်ဆောက်နေသည့် Shangri-La residence yangon ကို ၂၀၁၃ ခုနှစ် တတိယ သုံးလပတ်အတွင်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ Shangri-La residence yangon စီမံကိန်းသည် အဆောက်အဦနှစ်ခု အခန်းပေါင်း ၂၄၀ ပါဝင်ကြောင်း သိရှိရသည်။

''အချိန်ကာလ အနေနဲ့ကတော့ ဒီနှစ်တတိယ သုံးလပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နေပါတယ်'' ဟု Shangri-La residence yangon နှင့် ပတ်သက်၍ Shangri-La အုပ်စုမှပင် ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသော Traders Hotel မှ Communications Manager မဖြိုးမေ၀င်းက ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြောကြားသည်။

Shangri-La Residence တွင် Room services၊ Swimming pool၊ Fitness centre၊ Shopping arcade၊ Meeting and banquet facilities၊ Massage and spa services၊ Pastry and wine shop၊ Dining Facilities၊ Drugstore၊ Baby-sitting services စသည့် ၀န်ဆောင်မှုများ ပါဝင်မည်ဖြစ်ပြီး အခန်းများကို ကာလရှည် ငှားရမ်းပေးသွားမည်ဖြစ်သည်။

အဆိုပါ residence နှင့် တွဲလျက် အခန်းပေါင်း ၈၀၀ ပါဝင်သည့် အဆင့်မြင့်ဟိုတယ် နှစ်လုံး၊ ရုံးအဆောက်အဦများ၊ ဈေးများကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။

အာရှ စီးပွားရေး အကျပ်အတည်းကြောင့် ၁၉၉၈ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့သော Shangri-La စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် ပြန်လည်
စတင်ခဲ့သည်။ စီမံကိန်း ရပ်ဆိုင်းခဲ့သည့် နောက်ပိုင်းနှစ်များတွင် ထိုအဆောက်အအုံများ ဆောက်လုပ်ထားရာ အောက်ခံမြေသား အရည်အသွေး ပြည့်မီမှု မရှိခြင်းကြောင့် လည်းကောင်း၊ အဆောက်အအုံ
စောင်းနေခြင်းကြောင့် လည်းကောင်း စသည့် သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်းထွက်ပေါ်မှုမှာ ကောလာဟလသာဖြစ်ကြောင်း Shangri-La အုပ်စုက တရားဝင် ငြင်းဆိုခဲ့ပါသည်။

ဓာတ်ပုံ - Shangri-La Redidence Yangon စီမံကိန်းကို ဇန်န၀ါရီ
လကုန်ပိုင်းက တွေ့ရစဉ်
ACM Re-post Time: 2013 Feb 11 9:03
News from: Eleven Media Group

အေးချမ်းမွန်
ဓာတ်ပုံ - Shangri-La Redidence Yangon စီမံကိန်းကို ဇန်န၀ါရီ
လကုန်ပိုင်းက တွေ့ရစဉ်
ဟောင်ကောင် အခြေစိုက် Shangri-La အုပ်စုမှ ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းတွင် တည်ဆောက်နေသည့် Shangri-La residence yangon ကို ၂၀၁၃ ခုနှစ် တတိယ သုံးလပတ်အတွင်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ Shangri-La residence yangon စီမံကိန်းသည် အဆောက်အဦနှစ်ခု အခန်းပေါင်း ၂၄၀ ပါဝင်ကြောင်း သိရှိရသည်။

ဂျပန် ကြော်ညာကုမ္ပဏီကြီး Dentsu ရန်ကုန်မှာ ရုံးခန်းဖွင့်ပြီ

ဂျပန် ကြော်ညာကုမ္ပဏီကြီး Dentsu ရန်ကုန်မှာ ရုံးခန်းဖွင့်ပြီ

Monday, February 11, 2013 အိမ့်သံစဉ် ဧရာဝတီ

ဂျပန်နိုင်ငံက နာမည်ကြီး ကြော်ညာ ကုမ္ပဏီကြီးဖြစ်တဲ့ Dentsu ဟာ မြန်မာ့ စီးပွားရေး မြို့တော် ရန်ကုန် မှာ ဈေးကွက်သစ် ကို ထိုးဖောက်ကာ ရုံးခန်းဖွင့် လိုက်ပါပြီ။

ဂျပန်နိုင်ငံမှာ အကြီးဆုံးကြော်ညာကုမ္ပဏီလည်းဖြစ်တဲ့ Dentsu ကုမ္ပဏီက ပြောတာကတော့ ကြော်ညာ ကန်ထရိုက်လုပ်ငန်း အရင်းအမြစ်တခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလမှာ အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ နိုင်ငံများ အားကစားပွဲ ကို ရည်ရွယ်ပြီး လုပ်နေတာဖြစ် တယ်လို့ Japan Today သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ ကြော်ညာလုပ်ငန်းဟာ အားကောင်းလာနိုင်တယ်ဆိုတာ ကုမ္ပဏီ က မျှော်လင့်ပြီး အခုလို ဈေးကွက်သစ်ကို ထိုးဖောက်လာတာလည်းဖြစ်ပါတယ်။

ဂျပန် စီးပွားရေး လုပ်ငန်းရှင်တွေအနေနနဲ့ မြန်မာနိုင်ငံမှာ တက်တက်ကြွကြွ စီးပွားရေး ကျော်ထောက် နောက်ခံ အား ကောင်းကောင်းပေးမှုလုပ် လာတာကတော့ မကြာသေးခင်က ဂျပန်နိုင်ငံက မြန်မာအပေါ် တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ ၃.၇ ဘီလျံကို ပယ်ဖျက်ပေးပြီးနောက်ပိုင်း သိသိသာသာ တိုးများလာတာဖြစ်တယ်လို့ ဂျပန်တူဒေး ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက တကယ်ကို လိုအပ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အခြေခံ အဆောက်အဦနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ဖြစ်ပါတယ်။

ဒီအပြင် ဂျပန် အစိုးရ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်မှု ဆိုင်ရာ ၀န်ကြီးဌာန အဆိုအရ ဟက်တာပေါင်း ၂၄၀၀ လောက်ရှိတဲ့ သီလ၀ါ ဆိပ်ကမ်းဟာလည်း ၂၀၁၅ မှာ စတင်လည်ပတ်မယ်လို့ ဂျပန်တူဒေးက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ မဟာမိတ်တွေအဖြစ်အကြိုက် မတွေ့ခဲ့ပေမယ် ဂျပန်နိုင်ငံကတော့ စစ်အုပ်ချုပ်ရေး ကာလ တလျှောက်လုံး မြန်မာကို တရုတ်နဲ့ ပိုပြီး နီးစပ်သွားမှာ စိုးလို့ နီးနီးက
ပ်ကပ် ဆက်ဆံခဲ့ပြီး ကုန်သွယ်မှုတွေလည်း ရှိခဲ့ပါတယ်။
ACM Re-post Time: 2013 Feb 11 
News from: ဧရာဝတီ

အေးချမ်းမွန်

Monday, February 11, 2013
ဂျပန်နိုင်ငံက နာမည်ကြီး ကြော်ညာ ကုမ္ပဏီကြီးဖြစ်တဲ့ Dentsu ဟာ မြန်မာ့ စီးပွားရေး မြို့တော် ရန်ကုန် မှာ ဈေးကွက်သစ် ကို ထိုးဖောက်ကာ ရုံးခန်းဖွင့် လိုက်ပါပြီ။

စကတ်တိုဝတ်သောမြန်မာ မိန်းကလေးများ သတိထားဖို့လိုနေပြီ

စကတ်တိုဝတ်သောမိန်းကလေးများသတိထားရန်

(နှမချင်းမစာနာ ယုတ်မာကုန်ကြပြီ)

နာမည်ကြီး မြန်မာညစ်ညမ်းWebsite http://nyamintharx.net/ တွင်
Shopping centre(City Mart,Sein Gay Har,Ocean . . . ,အများပြည်သူသုံးနေရာများတွင်သွားလာနေကြသော ကောင်မလေးများ၏
အတွင်းခံဘောင်းဘီမပေါ် ပေါ်အောင် ဗီဒီယိုချောင်းရိုက်ပြီးတင်နေပါသည်။

မယုံကြည်သူများ အဆိုပါဗီဒီယိုဖိုင်များကို
အောက်ပါ
http://www.mediafire.com/?qxg0qiu65ois8yg

http://www.mediafire.com/?god46jfhdmh1hr9

http://www.mediafire.com/?g73u12gc9udu96i

http://www.mediafire.com/?nuiwan7m9jn5pnx

လင့်များတွင် သွားရောက်လေ့လာနိုင်ပါသည်။

သူငယ်ချင်းများသိစေရန် ဆင်ခြင်နိုင်စေရန် Share ပေးခြင်းဖြင့်
မြန်မာ့ယဉ်ကျေးမှု့ကိုထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် ။

Posted From Aung Thu Ra
ACM Re-post Time: 2013 Feb 11 9:19
News from: Thit Htoo Lwin blog

အေးချမ်းမွန်

(နှမချင်းမစာနာ ယုတ်မာကုန်ကြပြီ) နာမည်ကြီး မြန်မာညစ်ညမ်းWebsite http://nyamintharx.net/ တွင် Shopping centre(City Mart,Sein Gay Har,Ocean . . . ,အများပြည်သူသုံးနေရာများတွင်သွားလာနေကြေ
သာ ကောင်မလေးများ၏အတွင်းခံဘောင်းဘီမပေါ် ပေါ်အောင် ဗီဒီယိုချောင်းရိုက်ပြီးတင်နေပါသည်။ မယုံကြည်သူများ အဆိုပါဗီဒီယိုဖိုင်များကိုအောက်ပါလင့်များမှသွားကြည့်နိုင်ပါတယ်။