Pages

Saturday, February 9, 2013

ဦးသောင်းတင် ဆက်သွယ်ရေး ဒုဝန်ကြီး အဖြစ်မှ နှုတ်ထွက်တော့မည် ဟု သတင်းများ ထွက်ပေါ်နေ

သမတကြီး ဦးသိန်းစိန်က လေချုပ်မြတ်ဟိန်းကို ဆက်သွယ်ရေးဝန်ကြီး ရာထူးပေးဖို့လွှတ်တော်ကိုကမ်းလှမ်း
လိုက်ပါတယ် ဆက်သွယ်ရေး ဆိုတာ တိုင်းပြည်တစ်ခုတိုးတက်ကောင်းစားရေးအတွက် အခရာကျတဲ့နေရာ
ကနေပါနေပါတယ် အဲဒီဆက်သွယ်ရေးဝန်ကြီးလိုနေရာမျိုးက အမျှော်အမြင်ရှိတဲ့ ပညာရှင် တစ်ဦးဦးကို အ
ကူအညီတောင်း ခန့်အပ်ရမယ့်နေရာပါ . .

အာဖရိကမှာ တွေ့ရှိရတဲ့ဂေါလစ် ကျားငါး

ဂေါလစ် ကျားငါး
Saturday, February 09, 2013 

အာဖရိကမှာ တွေ့ရှိတဲ့ ငါးမျိုးတစ်မျိုး ဖြစ်ပါတယ်။ Goliath Tigerfish လို့ အမည်ပေးထားပြီး အသားစား ငါးမျိုး ဖြစ်ပါတယ်။

Goliath အမည်က အစ္စရေးပုံပြင်ထဲက စစ်သူရဲကောင်းရဲ့ နာမည် ဖြစ်ပါ တယ်။ သူ့လိုပဲ ကြောက်စရာကောင်းလောက်အောင် အစွမ်း ထက်လို့ ဖြစ် ပါတယ်။ ငါးလို ရေထဲမှာ နေထိုင်ပြီး ကျားတစ်ကောင်လို အမဲ လိုက် ပါတယ်။ ဒါကြောင့် သူ့ကို Goliath Tigerfish (ဂေါလစ် ကျားငါး)လို့ အမည် ပေး လိုက်ခြင်း ဖြစ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ ငါးသရဲလို့ လည်း ခေါ်ပါသေး တယ်။

အာဖရိကမှာ အတွေ့များပြီး လူသားလည်း စားတဲ့ ငါးဖြစ်ပါ တယ်။ ရေချို မှာ တွေ့ရတဲ့ ငါးဖြစ်ပြီး အရှည် ၄.၉ ပေ၊ အလေးချိန် ပေါင် ၁၁၀ လေးတဲ့ ငါးဖြစ်ပါတယ်။ သူ့ကို တံငှာသည်တို့အတွက် တံငှာလိုက်လို့ အကောင်းဆုံးငါး (Gamefish) လို့လည်း သတ်မှတ်ထားပါတယ်။
-----
Ref:wiki
ရိုးရာလေး ဗဟုသုတ

http://www.yoyarlay.com/entertainment/123-discovery/34122-golsift-tiger-fish

--
YoYarLay

Saturday, February 09, 2013

အာဖရိကမှာ တွေ့ရှိတဲ့ ငါးမျိုးတစ်မျိုး ဖြစ်ပါတယ်။ Goliath Tigerfish လို့ အမည်ပေးထားပြီး အသားစား ငါးမျိုး ဖြစ်ပါတယ်။ Goliath အမည်က အစ္စရေးပုံပြင်ထဲက စစ်သူရဲကောင်းရဲ့ နာမည် ဖြစ်ပါ တယ်။ သူ့လိုပဲ ကြောက်စရာကောင်းလောက်အောင် အစွမ်း ထက်လို့ ဖြစ် ပါတယ်။ ငါးလို ရေထဲမှာ နေထိုင်ပြီး ကျားတစ်ကောင်လို အမဲ လိုက် ပါတယ်။

ဝန်ထမ်းကြို ဒိုင်နာယာဉ် တိမ်းမှောက် ယာဉ်မောင်း တိမ်းရှောင်

ဝန်ထမ်းကြို ဒိုင်နာယာဉ် တိမ်းမှောက် ယာဉ်မောင်း တိမ်းရှောင်

ရန်ကုန် ဖေဖော်ဝါရီ ၈

ရွှေပြည်သာ မြို့နယ် အမှတ်(၇) ရပ်ကွက် ဘုရင့်နောင် လမ်းနှင့် အဝေရာ လမ်းထောင့်တွင် ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်က ယာဉ်အမှတ် ၆က/.... ဒိုင်နာယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

၎င်းယာဉ်သည် ကမ္ဘာ (၁) အထည်ချုပ် စက်ရုံမှ ဝန်ထမ်းများအား ကြိုရန် အင်းစိန်မြို့နယ် ဒညင်းကုန်း ဘက်မှ ရွှေပြည်သာ မြို့နယ် အမှတ်(၉) ရပ်ကွက်သို့ အခြားယာဉ် တစ်စီးနှင့် အတူ ယှဉ်မောင်း လာစဉ် အမှတ်(၇) ရပ်ကွက် ဘုရင့်နောင် လမ်းနှင့် အဝေရာ လမ်းထောင့်တွင် ရုတ်တရက် လမ်းဘေးသို့ ထိုးကျ၍ ဝဲဘက်သို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသမီး ၂၉ ဦးနှင့် အမျိုးသား တစ်ဦးတို့ ဒဏ်ရာရရှိပြီး အင်းစိန် ဆေးရုံနှင့် ရွှေပြည်သာ ဆေးရုံတို့သို့ အသီးသီး တင်ပို့၍ ဆေးဝါး ကုသမှုများ ခံယူလျက် ရှိကာ အသေအပျောက် မရှိကြောင်း သိရသည်။

တိမ်းမှောက် ယာဉ်သည် ရွှေပြည်သာ မြို့နယ်မှ အောင်မင်္ဂလာ အဝေးပြေးသို့ မောင်းနှင်နေသော ခရီးသည် တင်ယာဉ် ဖြစ်ပြီး လိုင်းဆွဲပြီး ချိန်တွင် ဝန်ထမ်းကြို/ ပို့ယာဉ်အဖြစ် ပြေးဆွဲခြင်း ဖြစ် သည်။ အခင်းဖြစ်ပွား ပြီးနောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့မှာ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရသည်။

http://bit.ly/12bZ61B


အေးချမ်းမွန်မှ  မြ၀တီ တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

ရန်ကုန် ဖေဖော်ဝါရီ ၈

ရွှေပြည်သာ မြို့နယ် အမှတ်(၇) ရပ်ကွက် ဘုရင့်နောင် လမ်းနှင့် အဝေရာ လမ်းထောင့်တွင် ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်က ယာဉ်အမှတ် ၆က/.... ဒိုင်နာယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အမေရိကန်ဒေါ်လာ ၄.၈သန်းတန်တဲ့စိန်စီထားတဲ့ မာစီဒီးကား

ဒေါ်လာ ၄.၈သန်းတန်တဲ့စိန်စီထားတဲ့ မာစီဒီးကား

Diamond-Studded Mercedes BenzThis diamond-studded, mink-furnished Mercedes SL600, worth $4.8 million, was unveiled at a Dubai auto show to celebrate the 50th anniversary  in 2007.
The car is the property of Saudi Prince (Amir) al Waleed bin Talal bin Abdul-Aziz, one of the top 10 richest people in the world according to Forbes.

Diamond-Studded Mercedes BenzThis diamond-studded, mink-furnished Mercedes SL600, worth $4.8 million, was unveiled at a Dubai auto show to celebrate the 50th anniversary in 2007.

တစ်နာရီ မိုင်သုံးရာနှုန်းနဲ့ ပစ်ခတ်နိုင်တဲ့ ကမ္ဘာ့အသေးငယ်ဆုံးသေနတ်

ကမ္ဘာ့အသေးငယ်ဆုံးသေနတ်
--------------------------------
ကမ္ဘာ့အသေးငယ်ဆုံးသေနတ်ဟာ ၂ လက်မသာရှည်ပေမဲ့ တစ်နာရီ မိုင်သုံးရာနှုန်းနဲ့ ပစ်ခတ်နိုင်တဲ့ကျည်ဆံကြောင့် သေစေနိုင်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်... ဒီပစ္စတိုလေးကို အိတ်ကပ်ထဲထည့်သွားနိုင်ပြီး လက်ထဲဆုပ်ပြီးလည်း သယ်ဆောင်သွားနိုင်ပါတယ်... ဆွစ်ဇာလန်ထုတ် ဒီပစ္စတိုအသေးစားလေးဟာ အိတ်ဆောင်နာရီအရွယ်လောက်ပဲရှိပေမဲ့ အနည်းဆုံး တစ်နာရီ ၂၇၀ မိုင်နှုန်းအားနဲ့ ပစ်ခတ်နိုင်တာကြောင့် အနီးကပ်ပစ်ခံရရင်သေစေနိုင်ပါတယ်... ကမ္ဘာ့အသေးဆုံးဆုံလည်ပါတဲ့သေနတ်ဖြစ်ပြီး အထူးအဆန်းပစ္စည်းစုဆောင်းသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ကာ အရှည် ၂.၁၆ လက်မ (၅.၅ စင်တီမီတာ) ရှိပါတယ်... ၄.၅၃ ကျည်ဆန်ကို ထည့်သွင်းပစ်ခတ်နိုင်ပြီး အကွာအဝေး ၃၆၇ ပေ (၁၁၂ မီတာ) အထိ ပစ်ခတ်နိုင်ပါတယ်...
--------------------------------
Myanmar News Update


အေးချမ်းမွန်မှ  Myawady News တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

ကမ္ဘာ့အသေးငယ်ဆုံးသေနတ်ဟာ ၂ လက်မသာရှည်ပေမဲ့ တစ်နာရီ မိုင်သုံးရာနှုန်းနဲ့ ပစ်ခတ်နိုင်တဲ့ကျည်ဆံကြောင့် သေစေနိုင်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်... ဒီပစ္စတိုလေးကို အိတ်ကပ်ထဲထည့်သွားနိုင်ပြီး လက်ထဲဆုပ်ပြီးလည်း သယ်ဆောင်သွားနိုင်ပါတယ်

နေ့စဉ်ကိုလာ ၆ လီတာမှ ၈ လီတာ သောက်သုံးသူ အသက်၂၅ နှစ်တွင် သွားများ တစ်ချောင်းမျှ မရှိ တော့

နေ့စဉ်ကိုလာ ၆ လီတာမှ ၈ လီတာ သောက်သုံးသူ အသက်၂၅ နှစ်တွင် သွားများ တစ်ချောင်းမျှ မရှိ တော့

သြစတြေးလျ နိုင်ငံမှ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးသည် တစ်နေ့လျှင် ကိုလာ အချိုရည် ခြောက်လီတာမှ ရှစ်လီတာအထိ သောက်သုံးမှုကြောင့် ၎င်း၏သွားများမှာ တစ်ချောင်းမျှ မရှိေ တာ့ကြောင်း သိရသည်။ ဝီလီယံ ကင်နီဝဲလ် အမည်ရှိ အဆိုပါ အမျိုးသားငယ်သည် အသက် ၂ဝ အရွယ် ကတည်းက

ကိုလာ သောက်သုံးရသည်ကို စွဲလမ်း နှစ်သက်နေသူ ဖြစ်သည်။ ဟိုတယ် ဧည့်ကြို အလုပ်သမား တစ်ဦး ဖြစ်သူ ကင်နီဝဲလ်သည် ၎င်း၏ အချိုရည် သောက်သုံးမှုနှင့် ပတ်သက်၍ သွားဆရာဝန်များ၏ အကြိမ်ကြိမ် သတိပေးမှု များကိုလည်း မသိကျိုးကျွံ ပြုနေခဲ့သည်။ ကင်နီဝဲလ် သည် လက်ရှိ အသက် ၂၅ နှစ်သို့ ရောက် ချိန်တွင် ၎င်း၏သွားများ တစ်ချောင်းမျှ မရှိတော့ဘဲ အံကပ် တစ်ခုကို ထည့်ထား ရသလို သကြားဓာတ် များ သော အချိုရည်အား စွဲလမ်းမှု ၏ နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် သွေးတွင်း သကြားဓာတ် လွန်ကဲ မှုလည်း ဖြစ်ပေါ်လျက်ရှိသည်။ မိမိသည် နေ့စဉ်နှင့် အမျှ အချိုရည် (အများစုကိုလာ) ခြောက်လီတာနှင့် ရှစ်လီတာ အကြား သောက်သုံးခဲ့ကြောင်း၊ မိမိတွင်ရှိသည့် သွားများကိုလည်း ဖယ်ရှား ပစ်လိုက်ရပြီ ဖြစ်ကြောင်း ကင်နီဝဲလ်က ကြော်ငြာ သတင်း စာ တစ်စောင်ကို ပြောကြားထားသည်။ ကင်နီဝဲလ်သည် ဆာလစ်ဘယ်ရီမြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ဟိုတယ် ဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် ကုတ်နှင့် အချိုရည် ဘူးများကိုလည်း အလွယ်တကူ ရရှိသောက်သုံး နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားထားသည်။ လူငယ်များ အနေဖြင့် အမြှုပ်များသော အချိုရည်များကို အလွန်အကျွံ သောက်သုံးမှုအား မည်သည့် အတွက်ေ ကြာင့် ရှောင်ရှား သင့်သည်ကို ပြသရန် အတွက် ကင်နီဝဲလ်၏ ကိုလာ စွဲလမ်းနေ မှုအား ယခုအခါ လေ့လာ စမ်းစစ်ရမည့် ကိစ္စရပ် တစ်ခုအဖြစ် သြစတြေးလျ ကျန်းမာရေး ဆိုင်ရာ သုတေသီများက ယူဆ ထားကြောင်း သိရသည်။ အချိုရည် အမျိုးမျိုးအား လွန်ကဲစွာ သောက်သုံးခြင်းသည် သွားများကို ဆွေးမြည့် စေခြင်း အပါအဝင် အခြားသော ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ေ ပ်ါစေသည် ဟုလည်း သြစ တြေးလျ လူထု ကျန်းမာရေး ဆိုင်ရာ သုတေသန ဌာန၏ တွဲဖက် အဆင့်မြင့် သုတေသီ ဒေါက်တာ ဂျက်ဆင်အမ်းဖီးလ်က သတိပေး ပြောကြား ထား သည်။ ဒေါက်တာ အမ်းဖီးလ်သည် သြစတြေးလျ နိုင်ငံမှ ကလေးငယ် ၁၆၈ဝဝ အား စမ်းသပ် သုတေသန ပြုလုပ်ထားပြီး ဖြစ်ရာ အသက် ငါးနှစ်နှင့် ၁၆ နှစ် ကြားရှိ နေ့စဉ် အချိုရည် တစ်ခွက်ထက် မနည်း သောက် သုံးသူများတွင် ဖော်ပြပါ ဆိုးကျိုးများကို တွေ့ရှိ ခဲ့ရသည်။ ကိုလာ အချိုရည် ၃၃၅ မီလီ လီတာတွင် ပျမ်းမျှအားဖြင့် သကြားဓာတ်သည် အံ့သြဖွယ်ရာ ၃၉ ဂရမ်ခန့် ပါဝင် နေသောေ ကြာင့် ကင်နီဝဲလ်၏ သွားများ ဆွေးမြည့်သွားသည်ကို သတိပြု ဆင်ခြင်ရန် လိုအပ်ကြောင်း သိမှတ် ဖွယ်ရာအဖြစ် တင်ပြလိုက်ရ ပါသည်။ ။


http://bit.ly/Z1AAnM


အေးချမ်းမွန်မှ  မြ၀တီ တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

သြစတြေးလျ နိုင်ငံမှ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးသည် တစ်နေ့လျှင် ကိုလာ အချိုရည် ခြောက်လီတာမှ ရှစ်လီတာအထိ သောက်သုံးမှုကြောင့် ၎င်း၏သွားများမှာ တစ်ချောင်းမျှ မရှိေ တာ့ကြောင်း သိရသည်။ ဝီလီယံ ကင်နီဝဲလ် အမည်ရှိ အဆိုပါ အမျိုးသားငယ်သည် အသက် ၂ဝ အရွယ် ကတည်းက ကိုလာ သောက်သုံးရသည်ကို စွဲလမ်း နှစ်သက်နေသူ ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရဲ့ (၂၂)ကြိမ်မြောက် ဆိုးလ်ဂီတ ဆုပေးပွဲတွင် ဂမ်းနမ်စတိုင် တေးသီချင်း ပိုင်ရှင် Psy က အထူးဆုကို ရရှိ


ဆိုးလ်မြို့ ဂီတဆုပေး ပွဲကြီးတွင် Psy အထူးဆု ရရှိ

ဆိုးလ် ဖေဖော်ဝါရီ ၇

တောင်ကိုရီးယား နိုင်ငံ၏ အခမ်းအနားဆုံး ဂီတ ဆုပေးပွဲကြီး ဖြစ်သော (၂၂)ကြိမ်မြောက် ဆိုးလ်ဂီတ ဆုပေးပွဲအား ဆိုးလ်မြို့တွင် ဇန်နဝါရီ ၃၁ ရက်က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နိုင်ငံ၏ အအောင်မြင်ဆုံး ဂီတပညာရှင် များစွာ တက်ရောက် ခဲ့ကြကြောင်း သိရသည်။ ဆိုးလ်ဂီတ ဆုပေးပွဲကို

အိုလံပစ် ပန်းခြံ အတွင်းရှိ Sk Handball ခန်းမ၌ ကျင်းပခဲ့သည်။ ယင်း ဆုပေးပွဲ၌ တောင် ကိုရီးယား နိုင်ငံ၏ ဂုဏ် ဆောင် ဂမ်းနမ်စတိုင် တေးသီချင်း ပိုင်ရှင် Psy က အထူးဆုကို ရရှိခဲ့ပြီး G-Dragon အဖွဲ့က One Of A Kind တေးအယ်လ်ဘမ်ဖြင့် အကောင်းဆုံး တေးအယ်လ်ဘမ် ဆုကို ရရှိခဲ့သည်။


http://bit.ly/W7gSCO


အေးချမ်းမွန်မှ  မြ၀တီ တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

တောင်ကိုရီးယား နိုင်ငံ၏ အခမ်းအနားဆုံး ဂီတ ဆုပေးပွဲကြီး ဖြစ်သော (၂၂)ကြိမ်မြောက် ဆိုးလ်ဂီတ ဆုပေးပွဲအား ဆိုးလ်မြို့တွင် ဇန်နဝါရီ ၃၁ ရက်က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နိုင်ငံ၏ အအောင်မြင်ဆုံး ဂီတပညာရှင် များစွာ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းစင်စေမည့် အစားအသောက် (၉)မျိုး

သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုး

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

(၁) တောင်ကြာကလေးရွက်

တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

(၂) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။

(၃) အစိမ်းရင့် ဟင်းသီးဟင်းရွက်များ

သင်စားတဲ့ အစာထဲ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ထည့်စားပါ။ စားသင့်တဲ့နည်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး သံလွင်ဆီဆမ်းကာ စားပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက အစာခြေလမ်းကြောင်းထဲမှာ ကလိုရိုဖီးလ် ပမာဏကို တိုးစေပြီး မီးခိုးနဲ့ ပိုးသတ်ဆေးတွေလို ပတ်ဝန်းကျင် အဆိပ်တွေကို ခန္ဓာကိုယ်ထဲမှ ထွက်ရှိစေပါတယ်။

(၄) လတ်ဆတ်သော သစ်သီး

သင်ဗိုက်ဆာနေရင် စားသင့်တာကတော့ သစ်သီးပါပဲ။ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေတာကြောင့် သစ်သီးတွေကို စားပေးရင် ခန္ဓာကိုယ်ထဲမှ အဆိပ်တွေ ပြေစေပါတယ်။

(၅) ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်မှာ အသည်းထဲက အဆိပ်တွေကို သန့်စင်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

(၆) မုန်လာဥ (Beet)

သည်းခြေအိတ် ပြဿနာရှိနေတဲ့ သူတွေကို မုန်လာဥ (Beet) များများစားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မုန်လာဥထဲမှာပါတဲ့ အမျှင်ဓာတ်ဟာ အင်တီအောက်ဆီးဒင့်အင်ဇိုင်း ထုတ်လုပ်မှုကို တိုးစေတာကြောင့် အသည်းနဲ့ သည်းခြေအိတ်ထဲမှ ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ အရာတွေကို ထွက်သွားစေပါတယ်။


(၇) ချင်းနှင့် ကြက်သွန်ဖြူ

ချင်းနဲ့ ကြက်သွန်ဖြူတွေက အသည်းကျန်းမာရေးအတွက် ကောင်းတဲ့အစာတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။

(၈) အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံစာကို ရွေးစားပါက အာဟာရဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တို့ အပြည့်အဝ ပါဝင်တဲ့အပြင် မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် ဗိုက်ပြည့်စေပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်စေနိုင်တဲ့အပြင် လေပွတာနဲ့ ဝမ်းချုပ်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၉) လက်ဖက်စိမ်း လက်ဖက်ရည်

အခုအချိန်မှာ အရည်တွေ အများကြီးကို မသောက်ချင်ဘူးဆိုရင်တောင် လက်ဖက်စိမ်း (Green Tea) တစ်ခွက်လောက်တော့ သောက်သင့်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ ဖလေဗိုးနွိုက်ကတ်တီချင် ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေရဲ့ ထွက်နှုန်းကို တိုးစေပါတယ်။


ကြယ်စင်

အေးချမ်းမွန်မှ Myawady News တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

အမေရိကန်တွင် နှင်းများထူထပ်စွာကျပြီး မုန်တိုင်းတိုက်ခတ်နေပြီ

အမေရိကန်တွင် နှင်းများထူထပ်စွာကျပြီး မုန်တိုင်းတိုက်ခတ်
Saturday, February 09, 2013

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် နှင်းများထူထပ်စွာ ကျရောက်ပြီး
လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်၊ ရုံးခန်းပေါင်း ၆၅၀,၀၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ရသည်။

မက်ဆာချူးဆက် အရှေ့တောင်းပိုင်းဒေသများ၊ ရို့ဟ်ဒီကျွန်းနှင့် နယူးဟမ့်ပ်ရှိုင်းယားတို့တွင် နှင်းထုမှာ ၂ ပေကျော်အထိ ကျဆင်းခဲ့သည်။

နှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် လေကြောင်းခရီးစဉ် ၅,၃၀၀ ကျော်ကို ယနေ့ ဖျက်သိမ်းခဲ့ရသည်။

နယူးယောက်မြို့ရှိ အဓိက လေဆိပ် ၃ ခုနှင့် ဘော်စတွန်မြို့ရှိ လိုဂန်လေဆိပ်တို့ကို ပိတ်ထားရကြောင်း AP သတင်းက ပြောကြားသည်။

Planet Myanmar Network

 Saturday, February 09, 2013

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် နှင်းများထူထပ်စွာ ကျရောက်ပြီး
လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်၊ ရုံးခန်းပေါင်း ၆၅၀,၀၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ရသည်။

အဆိပ် ဖြစ်စေသည့် ဆေးတောင့်များ ထုတ်လုပ်သူ ခုနစ်ဦးအား တရုတ် ထောင်ဒဏ် ချမှတ်

အဆိပ် ဖြစ်စေသည့် ဆေးတောင့်များ ထုတ်လုပ်သူ ခုနစ်ဦးအား တရုတ် ထောင်ဒဏ် ချမှတ်
Saturday, February 09, 2013

အဆိပ် ဖြစ်စေသော ဆေးတောင့်များ ထုတ်လုပ်သူ ခုနစ်ဦးကို တရုတ် နိုင်ငံ အရှေ့ပိုင်း ကျီကျန်း ပြည်နယ်ရှိ တရားရုံးမှ ထောင်ဒဏ် ချမှတ် ခဲ့သည်ဟု သိရသည်။

အန္တရာယ် ဖြစ်စေသော စားသောက်ကုန် များနှင့် အဆိပ် ဖြစ်စေသော
ဆေးတောင့်များ ထုတ်လုပ် ရောင်းချ သူ ဝမ်ချင်နှင့် အပေါင်းအပါ
ခြောက်ဦးကို ရှင်းချန်းခရိုင် ပြည်သူ့ တရားရုံးက ဖေဖော်ဝါရီ ၆ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရားရုံးမှ ဝမ်ကို ထောင်ဒဏ် ၁၁ နှစ်၊ လိုင်ဆန်ရှုကျွမ်၊ ပန်ရှောင်ချုံနှင့် ကျန်းချန်ဟော့ တို့အား ထောင်ဒဏ် ၅ နှစ် ၂ လမှ ၇ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပြီး ကျန်းချင်ကု၊ ဝမ်မေဖေးနှင့် ဝမ်ထျန်းမင် တို့အား ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။

၂ဝ၁ဝ ပြည့်နှစ်နှင့် ၂ဝ၁၂ ခုနှစ် ဧပြီလ အတွင်းတွင် ဝမ်နှင့် အပေါင်းအပါ တို့သည် ၎င်းတို့၏ ကုမ္ပဏီ သုံးခုနှင့် အခြား ကုမ္ပဏီ ခြောက်ခုမှ ခရိုမီယမ် အလွန်အကျွံ ပါဝင်သော ပစ္စည်းများဖြင့် ပြုလုပ် ထားသော ဆေးတောင့်
များကို ထုတ်လုပ် ရောင်းချ ခဲ့သည်ဟု သိရသည်။

http://bit.ly/WVIX16
မြ၀တီ

Saturday, February 09, 2013

အဆိပ် ဖြစ်စေသော ဆေးတောင့်များ ထုတ်လုပ်သူ ခုနစ်ဦးကို တရုတ် နိုင်ငံ အရှေ့ပိုင်း ကျီကျန်း ပြည်နယ်ရှိ တရားရုံးမှ ထောင်ဒဏ် ချမှတ် ခဲ့သည်ဟု သိရသည်။

ဘားရက်အိုဘားမား မိသားစု၏ ကျန်းမာရေး အလေ့အထများ



အမေရိကန် သမ္မတ ဘားရက်အိုဘားမားရဲ့ ခန္ဓာကိုယ်က ကြံ့ခိုင် သန်စွမ်းပြီး ကျန်းမာနေပါတယ်။ အလားတူ သူ့ဇနီး မီရှဲလ် အိုဘားမား ကလည်း ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါ တယ်။ သူတို့ ဒီလို သန်စွမ်း ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ရတာက လေ့ကျင့်ခန်း အမြဲလုပ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်ကို အမြဲစားလေ့ရှိ တာကြောင့်ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောရေး ဆိုခွင့်ရှိသူက ဆိုပါတယ်။

မျက်စိဆေးခန်းသို့ အလှူငွေလာရောက်လှူဒါန်းသူအား ရိုက်နှက်မှုဖြစ်ပွား

မျက်စိဆေးခန်းသို့ အလှူငွေလာရောက်လှူဒါန်းသူအား ရိုက်နှက်မှုဖြစ်ပွား
------------
http://bit.ly/YCxZwn
------------
မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၉)ရပ်ကွက်၊ ပစ္ဆိမာရုံစာသင်တိုက် (၁) မျက်စိဆေးခန်းသို့ ၄.၂.၂၀၁၃ ညနေ (၅)နာရီ ၃၀ မိနစ် အချိန်တွင် ငွေလှူဒါန်းရန် မိခင်ဖြစ်သူ ဒေါ်တင်တင်လှ နှင့်အဖော်ပါ တစ်ဦး၊ သားဖြစ်သူ ကိုစိုးမင်းသူ အသက်(၃၂)နှစ် တို့ သွားရောက်ခဲ့ပါသည်။ သားဖြစ်သူမှာ ဘုန်းကြီးကျောင်းအတွင်းသို့ ရှေ့မှ စက်ဘီးစီးကာဝင်ရောက်သဖြင့် ဘုန်းကြီးကျောင်းနေ လူ ၂ ဦးမှ “စက်ဘီးစီး၍ ၀င်ရမလားဟု” ပြောကာ တုတ်ဖြင့် ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခဲ့ရာ ဦးခေါင်းတွင် စုစုပေါင်းအချက် (၃၀) ခန့်ချုပ်ရပြီး လက် ၂ ဖက်စလုံး ကျိုးခဲ့ပါသည်။ဒဏ်ရာများကို ကျောင်းဝန်းအတွင်းနေ ဆေးခန်းရှိ ဆေးမှူးအား အကြောင်းအရာ မပြောဘဲ ချုပ်ခိုင်းခဲ့ပါသည်။ထို့နောက် ဘုန်းကြီးကျောင်းနေ လူများက ဘုန်းကြီးကားဖြင့်  အပြင်ဆေးခန်းတွင် လိုက်လံပြသရာ လက်မခံသဖြင့် ဆေးရုံသို့ ရောက်ရှိခဲ့ပါသည်။နောက်နေ့ နံနက် ဆေးရုံရှိ ဆရာဝန်နှင့် ဓာတ်မှန်ရိုက်ကြည့်ရာ ဘယ်လက်နှင့် ညာလက် နှစ်ဖက်စလုံး ကျိုးနေသည်ဟု သိရှိရပြီး လက်ရှိလူနာမှာ ခါးကုန်းနေပြီး ညှပ်ရိုးဖူးရောင်ကာ သေလုမျောပါးဖြစ်နေကြောင်းသိရှိရပါသည်။အလားတူ သေလုမျောပါးဖြစ်ရပ်မျိုး ယခင်ကလည်း အကြိမ်ပေါင်းများစွာ ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း ပတ်ဝန်းကျင်နေထိုင်သူများက ပြောပြခဲ့ပါသည်။အလားတူ ဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပွားစေရန် မင်းမဲ့စရိုက်ဆန်ဆန် ဆိုးသွမ်းနေသော ဘုန်းကြီးကျောင်းအတွင်းနေ လူတစ်စုအား တရားဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

အသေးစိတ် အချက်အလက်ကို ဖုန်း  09-422477017၊ 09-8598170 ၊ 09-8598192  သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ကျေးဇူးတင်ပါသည်။

ဆက်သွယ်မေးမြန်းချက် >>>

http://www.youtube.com/watch?v=QxM-JtUUQyM

မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၉)ရပ်ကွက်၊ ပစ္ဆိမာရုံစာသင်တိုက် (၁) မျက်စိဆေးခန်းသို့ ၄.၂.၂၀၁၃ ညနေ (၅)နာရီ ၃၀ မိနစ် အချိန်တွင် ငွေလှူဒါန်းရန် မိခင်ဖြစ်သူ ဒေါ်တင်တင်လှ နှင့်အဖော်ပါ တစ်ဦး၊ သားဖြစ်သူ ကိုစိုးမင်းသူ အသက်(၃၂)နှစ် တို့ သွားရောက်ခဲ့ပါသည်။ သားဖြစ်သူမှာ ဘုန်းကြီးကျောင်းအတွင်းသို့ ရှေ့မှ စက်ဘီးစီးကာဝင်ရောက်သဖြင့် ဘုန်းကြီးကျောင်းနေ လူ ၂ ဦးမှ “စက်ဘီးစီး၍ ၀င်ရမလားဟု” ပြောကာ တုတ်ဖြင့် ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခဲ့ရာ ဦးခေါင်းတွင် စုစုပေါင်းအချက် (၃၀) ခန့်ချုပ်ရပြီး လက် ၂ ဖက်စလုံး ကျိုးခဲ့ပါသည်။

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ် တွင် တရုတ် အမျိုးသားများ က အရွယ်ကောင်း အမျိုးသမီး တစ်ယောက် ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြား သည်။ တရုတ်
နိုင်ငံ၏ လူဦးရေ ထိန်းချုပ်မှု မူဝါဒ အရ တရုတ် အမျိုးသား များသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပ
လောင် တိုင်းရင်းသူ များကို မြန်မာငွေ ၂၆သိန်းခန့် ဖြင့် ဝယ်ယူ လျက်ရှိရာ ပလောင် တိုင်းရင်းသူ များမှာ
တရုတ် အမျိုးသား များ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန် တရုတ်နှစ်သစ်ကူး သ၀ဏ်လွှာပေးပို့

သမ္မတ ဦးသိန်းစိန် တရုတ်နှစ်သစ်ကူး သ၀ဏ်လွှာပေးပို့
Saturday, February 09, 2013

တနင်္ဂနွေနေ့တွင် ကျရောက်သည့် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် တရုတ်ပြည်သူများ အားလုံး ၀မ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက် သ၀ဏ်လွှာကို မြန်မာသမ္မတ ဦးသိန်းစိန်က ကြာသပတေးနေ့က
ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းက ရေးသား ဖော်ပြထားသည်။

ယင်းသ၀ဏ်လွှာတွင် တရုတ်- မြန်မာ ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော် ဟန်မင်းဆက် ကတည်းက မိတ်ဆွေဖြစ်ခဲ့ပြီး ယဉ်ကျေးမှု ကူးလူးဆက်ဆံခဲ့သည့် သမိုင်းရှိခဲ့သည်ဟု ဦးသိန်းစိန်က ရေးသားထားကြောင်း ဆိုသည်။

ထို့အပြင် အေဒီ ၈၀၂ က အထူးသံကိုယ်စားလှယ်အဖွဲ့တဖွဲ့အဖြစ်
ရှေးခေတ်မြန်မာ့အနုသုခုမယဉ်ကျေးမှု အဖွဲ့ တရုတ်နိုင်ငံ တန်မင်းဆက်၏ မြို့တော် ချန်အန်းသို့ ရောက်ရှိခဲ့ပြီး ကပြ ဖျော်ဖြေမှုများ အကြောင်း တရုတ်ကဗျာ ဆရာ ပိုင်ယုယီက ကဗျာတပုဒ်ရေးခဲ့သည်ဟု ဦးသိန်းစိန်က ဖော်ထုတ်ရေးသည်။

မြန်မာသမ္မတက ဘုံသုံး ဘာသာစကား၊ တူညီသော သွင်ပြင်လက္ခဏာ ယဉ်ကျေးမှုတို့ရှိသော နှစ်ဘက်နယ်စပ်တကြောမှ တိုင်းရင်းသား လူမျိုးစုံတို့သည် နှစ်နိုင်ငံ ရင်းနှီးမှု၊ ကုန်သွယ်ရေးနှင့် ဝပြောမှုတို့ကို ခိုင်မာစေခဲ့သည်ဟုလည်း ဖော်ပြသည်။

နှစ်နိုင်ငံ အစိုးရများအနေဖြင့် ဖွံ့ဖြိုးရေးမူဝါဒအပေါ် လက်ကိုင်ပြုပြီး ရင်းနှီးခဲ့ကြကြောင်း၊ အခြားနိုင်ငံများတွင် မရှိသော အပေးအယူ ဖလှယ်မှုများဖြင့် အပြန်အလှန်ဖလှယ်မှု သမိုင်းရှိခဲ့ကြောင်းလည်း ဆိုထားရာ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားသော အတိတ်ကာလတွင် တရုတ်အစိုးရ၏ အကူအညီကို ရည်ညွှန်းလိုပုံ ပေါ်သည်။

နောင် အနာဂတ်တွင်လည်း မိမိတို့ နှစ်နိုင်ငံ အနေဖြင့် တည်ရှိပြီးသား ရင်းနှီးကျွမ်းဝင်သည့် ဆက်ဆံရေး ဆက်လက် တည်ရှိနေမည်ဖြစ်သည့်
အပြင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများရှိနေမည်ဖြစ်ကြောင်း၊
ပြည်သူ အချင်းချင်းလည်း လေးစားမှု အခြေခံသည့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများလည်း ဆက်စပ်လုပ်ဆောင် နေမည်သာ ဖြစ်ကြောင်း၊ ရှည်လျား သည့် သမိုင်းစဉ် တလျှောက် သဘောမတူမှုများ ရှိသော်လည်း နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်မှု ကြောင့် အစိုးရရောပိုင်း ရော၊ နှစ်နိုင်ငံ
ပြည်သူများပါ ဆက်ဆံရေး မပြတ်ခဲ့ကြောင်း၊ ဆက်လက်၍လည်း
မြန်မာပြည်သူများနှင့် တရုတ်ပြည်သူများအတွက် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ခင်ရင်းနှီးမှု အဓွန့်ရှည်စေဖို့ ဆုတောင်းပါကြောင်းဖြင့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

မြွေနှစ်အဖြစ် ကျရောက်သော ယခုနှစ် နှစ်သစ်ကူးကို ရန်ကုန်နှင့် မန္တလေးရှိ မြန်မာတရုတ် အသိုင်းအဝိုင်းကလည်း စည်ကားစွာ ကျင်းပကြသည်။

The Irrawaddy (Burmese Version)

Saturday, February 09, 2013

တနင်္ဂနွေနေ့တွင် ကျရောက်သည့် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် တရုတ်ပြည်သူများ အားလုံး ၀မ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက် သ၀ဏ်လွှာကို မြန်မာသမ္မတ ဦးသိန်းစိန်က ကြာသပတေးနေ့က
ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းက ရေးသား ဖော်ပြထားသည်။

ပဲခူးတွင် ရေလွှဲတူးမြောင်းဖောက်လုပ်ရာမှ ဗုံးသီးဟောင်းများတွေ့

နေပြည်တော်၊ ဖေဖော်ဝါရီ ၉ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ နှစ်ဆောင်ပြိုင်ကျေးရွာတွင် ဖေဖော်ဝါရီ၇ရက်က ကားလမ်းအားဖြတ်၍ ရေလွှဲတူးမြောင်းဖောက်လုပ်ရန် ဆည်မြောင်းဦးစီးဌာန၀န်ထမ်းများမှ
ဘက်ဟိုးယာဉ်ဖြင့် မြေတူးဖော်စဉ် ၆၀ မမ ဗုံးသီးဟောင်း(၃)လုံးတွေ့ရကြောင်းသိရသည်။

တွေ့ရခဲသည့် သက်တံစက်ဝန်း တစ်ခုလုံး၏ အလှဓာတ်ပုံကို ဘယ်လ်ဂျီယံဓာတ်ပုံ ဆရာရိုက်ကူး


တွေ့ရခဲသည့် သက်တံစက်ဝန်း တစ်ခုလုံး၏ အလှဓာတ်ပုံကို ဘယ်လ်ဂျီယံဓာတ်ပုံ ဆရာရိုက်ကူး

 အလွန်တွေ့ရခဲသည့် သက်တံစက်ဝန်းတစ်ခုလုံး၏အလှကို ဘယ်လ်ဂျီယံနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးက ဇမ်ဘီယာနိုင်ငံ ဗစ်တိုးရီးယား ရေတံခွန်အနီးတွင် တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ အသက် ၄၂နှစ်အရွယ်ရှိ နီကိုလီသည် ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်ပြီး အားလပ်ရက်တွင် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံသို့ အလည်အပတ်သွားရောက်စဉ် ထိုသက်တန့် အလှဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဗစ်တိုးရီးယား ရေတံခွန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေတံခွန် တစ်ခုဖြစ်ပြီး နေရောင်ကြောင့် ဖြစ်ပေါ်လာသော  သက်တံစက်ဝန်း၏ အလှကိုကြည့်ရှု့ခံစားနိုင်သည်။


အေးချမ်းမွန်မှ  SMG တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

အလွန်တွေ့ရခဲသည့် သက်တံစက်ဝန်းတစ်ခုလုံး၏အလှကို ဘယ်လ်ဂျီယံနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးက ဇမ်ဘီယာနိုင်ငံ ဗစ်တိုးရီးယား ရေတံခွန်အနီးတွင် တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

သင်္ချာဂဏန်းဖြင့် အလှဆင်သော Bugatti Veyron Grand Sport Bernar Car

သင်္ချာဂဏန်းဖြင့် အလှဆင်သော Bugatti Veyron Grand Sport Bernar

ပြင်သစ် Bugatti ကို ပြင်သစ် ဗိသုကာ ဆရာ Bernar Venet မှ ပြန်လည် အလှဆင် ထားမှု ဖြစ်ပါတယ်။

ဒီတော့ ကားကို Bugatti Veyron Grand Sport Bernar လို့ အမည်ပေး ပါတယ်။ အနီရောင်နဲ့ အနက်ရောင်ရောပြီး သင်္ချာ အီကွေးရှင်း၊ အက္ခရာ ဂဏန်းများနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။ အဝေးကနေ ကြည့်ရင်တော့ အပွင့်အခြပ်နဲ့ ဖန်တီးတယ်လို့ ထင်ရပေမယ့် အနီးက ကြည့်လိုက်ရင် သင်္ချာ ဂဏန်းများကို အသေးစိတ် မြင်ရမှာ ဖြစ်ပါတယ်။

Edition အနေနဲ့ တစ်စီးတည်း ဖန်တီးထားခြင်း ဖြစ်ပြီး မီယာမီ ကမ်းခြေ မှာ ပြသခဲ့ပါတယ်။

အင်ဂျင် - ၈၀၀၀ စီစီ

မြင်းကောင်ရေအား - ၁၁၈၄

မောင်းနှင်နိုင်အား - တစ်နာရီ ၂၆၇.၈၅၆ မိုင်

ကားဝိတ် - ၄၁၆၂ ပေါင်

ဂီယာ - ၇ ချက် (အော်တို၊ ရိုးရိုး)

ဈေးနှုန်း ကတော့ အမေရိကန်ဒေါ်လာ ၂.၇ သန်းအထက်မှာ ရှိပြီး Limited Edition ဖြစ်တဲ့အတွက် ထင်ထားတာထက် ပိုမို ဈေးနှုန်း မြင့်မားနိုင်ကြောင်း သိရ ပါတယ်။
--
Ref: Bugatti
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/02/bugatti-veyron-grand-sport-bernar.html


အေးချမ်းမွန်မှ  TechSpace Journal တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

ပင်သစ် Bugatti ကို ပြင်သစ် ဗိသုကာ ဆရာ Bernar Venet မှ ပြန်လည် အလှဆင် ထားမှု ဖြစ်ပါတယ်။
ဒီတော့ ကားကို Bugatti Veyron Grand Sport Bernar လို့ အမည်ပေး ပါတယ်။ အနီရောင်နဲ့ အနက်ရောင်ရောပြီး သင်္ချာ အီကွေးရှင်း၊ အက္ခရာ ဂဏန်းများနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။

ဆိုက်ဘာလုံခြုံရေး ( Cyber Security)

မကြာသေးခင်ရက်ပိုင်းအတွင်းက The Voice Weekly ၏ အွန်လိုင်း လူမှုရေး စာမျက်နှာ facebook account နှောက်ယှက်တိုက်ခိုက် Hack ခံခဲ့ရပါသည်။ ထိုမတိုင်မီကလည်း The Voice Weekly ၏ ဝက်ဘ်ဆိုဒ်နှင့် ပြည်တွင်းမှ နာမည်ကြီး မီဒီယာတစ်ခုဖြစ်သည့် Eleven Media ဝက်ဘ်ဆိုဒ်ကိုလည်း ဟက်ကာများက တိုက်ခိုက်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုဒ်ကိုပင် တိုက်ခိုက်လာသည်အထိ အတင့်ရဲလာသည်ကို တွေ့ရပါသည်။ 

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းအား ဆန္ဒဖော်ထုတ်သူ လာတောင်းပန်


ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းအား 
ဆန္ဒဖော်ထုတ်သူ လာတောင်းပန်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၉
	မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှု မပါဘဲ ကျိုက်ထိုမြို့ ပေါ် စီတန်းလှည့်လည်ပွဲနှင့် ပတ်သက်၍ ကျိုက်ထီး ရိုးတောင်တက် မော်တော်ယာဉ် အသင်းအား လာ ရောက် တောင်းပန်ခြင်းဖြစ်သည် ဟု ဆန္ဒဖော်ထုတ်ရေးအဖွဲ့ ခေါင်း ဆောင်ဦးဇော်ဝင်းက ပြောသည်။ 
	အခုလိုလာရောက်တောင်းပန် ရတာဟာ ဘယ်သူတစ်ဦးတစ် ယောက်ရဲ့ ခြိမ်းခြောက်မှု၊ ဖိအား ပေးမှု၊ ငွေကြေးပေးပြီး ရုပ်သိမ်း ခိုင်းစေမှု တစ်ခုမှမပါပဲ ကိုယ့်အသိ စိတ်နဲ့ ကိုယ် မှားယွင်းမှုကို လာ ရောက်တောင်းပန်တာပါ။ နောင်ကို ဘယ်တော့မှ အခုလို ဆန္ဒဖော် ထုတ်ပွဲတွေ မလုပ်တော့ပါဘူး'' ဟု ဦးဇော်ဝင်းက မွန်ပြည်နယ် မီဒီယာများ၏ မေးမြန်းချက်ကို ဖြေဆိုခဲ့သည်။
	ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့က ကျိုက်ထိုမြို့ပေါ်တွင် စီတန်းလှည့်လည်ဆန္ဒ ပြခြင်းမှာ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်း၏ လုပ်ရပ် များအပေါ် မကျေနပ်သဖြင့် ရသေ့တောင်ဂိတ်စခန်းမှ စိုးစံ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဆောင်ပြီး ဈေးသူ၊ ဈေးသားများ၊ အထမ်းသမားများ စုစုပေါင်း ၁၅၃ ဦး ပါဝင်သော အဖွဲ့သည် စီတန်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရ သည်။
 ဆန္ဒပြသူများက ကင်ပွန်း စခန်းမှ ရသေ့တောင်စခန်းအထိ သာ မော်တော်ယာဉ်များ ပြေးဆွဲ စေပြီး ရသေ့တောင်စခန်းတွင် ဂိတ် ဆုံးသတ်မှတ်ပေးရန်၊ ယာဉ်စီးခ လျှော့ချပေးရန်၊ မော်တော်ယာဉ် များကို နံနက် ၆ နာရီတွင် ဂိတ် ဖွင့်၍ ညနေ ၆ နာရီတွင် ဂိတ် ပိတ်ပေးရန်၊ သတ်မှတ်ချိန်အတွင်း တွင်သာ ပြေးဆွဲစေရန်၊ မော်တော် ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲပေးရန်၊ ဈေးသူဈေးသားများနှင့် အထမ်း သမားများ၏ နေ့စဉ်ဘဝဆန္ဒကို အာမခံချက် ပေးရေးစသည့် စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒ ဖော်ထုတ်ကြကြောင်း သိရသည်။
	အဆိုပါဆန္ဒဖော်ထုတ်ခဲ့ခြင်း နှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ရေး အဖွဲ့ခေါင်းဆောင် ဦးဇော်ဝင်းက ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ် အသင်း ရုံးခန်းရှိရာ ကင်ပွန်းစခန်း တွင်လာရောက် တောင်းပန်ရာ အသင်းဥက္ကဋ္ဌ ဦးဝိတင်နှင့် အလုပ်  အမှုဆောင်များက လက်ခံကျေအေး ခဲ့ကြောင်း သိရသည်။
	''တောင်တက် မော်တော် ယာဉ် အသင်းရဲ့ လုပ်ဆောင်ချက် တွေကို နားယောင်ပြီး လုပ်ဆောင် ခဲ့ပါတယ်။ တောင်တက်ကားလမ်း အခြေအနေ၊ တောင်ကြောပေါ်မှာ လုပ်ထားတဲ့ ဂိတ်များရဲ့ အကျယ် အဝန်း၊ အကန့်အသတ်၊ ကျွမ်းကျင် ယာဉ်မောင်းရှားပါးမှု၊ ဘုရားဖူးများ ဘေးအန္တရာယ် ကင်းရှင်းမှုတွေကို မျက်ကွယ်ပြုခဲ့မိပါတယ်။ ငွေရှင် ကြေးရှင် အချို့ရဲ့ မြေ¶ှာက်ပင့်ပေးမှု ကြောင့် ယာဉ်အစီးရေ တိုးမြ¶ှင့်ပေး  ဖို့ တောင်းဆိုမိပါတယ်။ တောင် တက်မော်တော်ယာဉ်အသင်းဟာ ရသေ့တောင်လမ်း တစ်လျှောက် မှာ ရှိတဲ့ ကျောင်းသူ၊ ကျောင်း သားတွေကို အခမဲ့တင်ဆောင်ပေး ခြင်း၊ ကျန်းမာရေးအရေးပေါ် ကိစ္စ များမှာလည်း နေ့၊ ညအချိန်မရွေး အကူအညီပေးလျက် ရှိပါတယ်။
 တောင်တက် မော်တော်ယာဉ် အသင်းနဲ့ ဈေးသူဈေးသားများ၊ အထမ်းသမားများဟာ ကျွန်းကိုင်း မီ ကိုင်းကျွန်းမီ ဆိုသလို အပြန် အလှန် အကူအညီပေးနေကြတာ ကို သိမြင်လာတဲ့အတွက် အခု လို လာရောက်တောင်းပန်ခြင်း ဖြစ်ပါ တယ်ဟု ဆန္ဒဖော်ထုတ်ရေး အဖွဲ့ ခေါင်းဆောင် ဦးဇော်ဝင်းက ပြော သည်။   
ထူးထူး (မော်လမြိုင်)

မော်လမြိုင်၊ ဖေဖော်ဝါရီ ၉

မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှု မပါဘဲ ကျိုက်ထိုမြို့ ပေါ် စီတန်းလှည့်လည်ပွဲနှင့် ပတ်သက်၍ ကျိုက်ထီး ရိုးတောင်တက် မော်တော်ယာဉ် အသင်းအား လာ ရောက် တောင်းပန်ခြင်းဖြစ်သည် ဟု ဆန္ဒဖော်ထုတ်ရေးအဖွဲ့ ခေါင်း ဆောင်ဦးဇော်ဝင်းက ပြောသည်။

အာကာသပေါ်မှာ သီဆိုအသံသွင်းထားတဲ့ ပထမဆုံး သီချင်းတစ်ပုဒ်

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ အာကာသယာဉ်မှုး Chris Hadfield နဲ့ ကနေဒါဂီတအဖွဲ့ Barenaked Ladies (BNL) ရဲ့ ပင်တိုင်အဆိုရှင် Ed Robertson တို့ ပူးပေါင်းစီစဉ်မှုနဲ့ I.S.S (Is Somebody Singing) သီချင်းကို မြေပြင်နဲ့အာကာသပေါ်မှ တပြိုင်နဲ့ သီဆိုအသံသွင်းခဲ့ကြောင်း သိရပါတယ်။

ဝက်ဆိုဒ်လုံခြုံရေး အားနည်းချက်များကို ထောက်ပြသော တိုက်ခိုက်မှုများရှိလာ

ဝက်ဆိုဒ်လုံခြုံရေး အားနည်းချက်များကို ထောက်ပြသော တိုက်ခိုက်မှုများရှိလာ

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၃

မြန်မာနိုင်ငံ၊ ပြည်တွင်းဝက်ဆိုင်ဒ်များ တိုက်ခိုက်ခံရခြင်းသည် ၀က်ဆိုဒ်လုံခြုံရေးထက် ဒီဇိုင်းကို ပိုမိုဦးစားပေး လုပ်ဆောင်ခြင်းကြောင့် လုံခြုံရေးပိုင်း အားနည်းချက်များရှိပြီး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝက်ဆိုက်ဒ် တည်ထောင်လိုသူများအနေဖြင့် ၀က်ဆိုက်ဒ် တည်ဆောက်သူ၏ ဖန်တီးခြင်းကို သိရှိနားလည်ရမည်ဖြစ်ပြီး အခြား Hackerများ၏ တိုက်ခိုက်ခြင်းကို မခံရစေရန် ၀က်ဆိုဒ်၏ Version အသစ်ထွက်တိုင်း မြှင့်တင်ပေးရန်လိုအပ်ကြောင်း ၊ Scanning ဖတ်ခြင်းကိုလည်း အမြဲပြုလုပ်သင့်ကြောင်း ၀က်ဆိုက်ဒ်တည်ထောင်သူပညာရှင်တဦးက အကြံပြုပြောဆိုသည်။

“၀က်ဆိုဒ် တစ်ခုကိုတည်ထောင် မယ်ဆိုရင် ပြုလုပ်လိုက်တဲ့ ၀က်ဆိုဒ် က CMS(Joomla, Wordpress) အမျိုးအစားဆို ပါတော့ ဗားရှင်းကို အမြဲ အဆင့်မြင့် ပေးနေဖို့လိုအပ်ပါတယ်။ ဆိုဒ်ကိုလည်း အမြဲ Scanning လုပ်နေသင့်ပြီး အားနည်းချက်ဖြစ်နေတဲ့ Plug in မျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ ” ဟု ၀က်ဆိုက်ဒ် တည်ထောင်သူ တစ်ဦးက ပြောသည်။

ဝက်ဆိုက်ဒ်များ၏ လုံခြုံရေးအားနည်းချက်နှင့် ပတ်သက်ပြီး ၀က်ဆိုက်ဒ် အမျိုးအစားအလိုက် မည်သည့်အားနည်းချက်ရှိနေ သည်ကို ဂူဂဲလ်တွင် exploits-db ရိုက်ထည့်၍ ရှာခြင်းအားဖြင့် သိရှိနိုင်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၀က်ဆိုက်ဒ်တစ်ခုတည်ထောင်မည်ဆိုပါက ၀က်ဆိုက်ဒ် ဒီဇိုင်းကို ဦးစားမပေးဘဲ လုံခြုံရေးအနေဖြင့် Ethical Hacker Group နှင့် www.mmcert.org.mm
 
တို့တွင် ဆွေးနွေးကာ အကြံဥာဏ်တောင်းနိုင်ကြောင်း အစိုးရပိုင်းမှ ၀က်ဆိုက်ဒ်တည်ထောင်သူတစ်ဦးက ဆိုသည်။

“ မြန်မာနိုင်ငံမှာ လုံခြုံရေး ပိုင်း အတွက် အကြံပေးတဲ့ Ethical Hacker Group တွေ ၊ Security Office တွေလည်းရှိတယ် ၊ www.mmcert.org.mm
 
လည်းရှိတယ် အဲ့ဒီမှာ အကြံဥာဏ်တောင်းပြီး ၀က်ဆိုက်ဒ် မ hack ခံရအောင် ဆွေးနွေးနိုင်တယ်” ဟု အစိုးရပိုင်းမှ ၀က်ဆိုက်ဒ်တည်ထောင်သူ တစ်ဦးက ပြောသည်။

ဝက်ဆိုက်ဒ်များကို တိုက်ခိုက်သူတို့သည် ၀က်ဆိုက်ဒ်တည်ထောင်သူများကို နစ်နာလိုခြင်းမရှိဘဲ ၄င်းတို့ ၀က်ဆိုဒ်တွင် လုံခြုံရေး အားနည်းချက်ရှိသည်ကို သိရှိကြပြီး ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် အသိပေးခြင်းသဘောမျိုးသာ ရည်ရွယ်သည်ဟု Blink Hacker Group မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံမှာ ၀က်ဆိုဒ် လုံခြုံရေး ပေါက်သွားခဲ့ရင် အပြစ်တင်ဖို့ ကို အရင်လုပ်တယ်။ ဘယ်လို လုပ်သွားတာလဲ ၊ ဘယ်နေရာ က ၀င်သွားတာလဲ ဆိုပြီး မေးတဲ့လူ ရှားပါတယ် ။ ကျွန်တော် တို့ မြန်မာဆိုက်ဒ် တွေ တိုက်ခိုက်တယ်ဆိုတာက လုံခြုံရေးအားနည်း ချက်ကို ထောက်ပြချင်လို့ပါ “ဟု Blink Hacker Group မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ခုနှစ်ခန့်က ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်သည့် သတင်းမီဒီယာများ၊ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀က်ဆိုက်ဒ်ကို တိုက်ခိုက်ခြင်းခံရခြင်းကြောင့် ၀က်ဆိုက်ဒ်ပေါ် သတင်းအချက်အလက်များ တင်ခြင်းများကို ခေတ္တရပ်နားခဲ့ရသည်ဟု သိရှိရသည်။

“၀က်ဆိုက်ဒ် တိုက်ခိုက်ခံရတယ်လို့ပဲပြောရမလား Hack ခံရတယ်ဘဲ ပြောရမလား hack ခံရတော့ ကျွန်တော်တို့ လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ တင်မရတော့ဘူး ၊ ပြည်သူတွေလည်း သတင်းဝင်ပြီး ကြည့်မရတော့ဘူး အဲ့ဒါကြောင့် စိတ်ကသိကအောက်ဖြစ်ရတယ် “ ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

weekly eleven သတင်း ၀က်ဆိုက်ဒ်ကို hackerများမှ မကြာခဏ ၀င်ရောက် တိုက်ခိုက်ခံရကြောင်း နှင့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင်လည်း The voice ဂျာနယ်၏ ၀က်ဆိုက်ဒ် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများရ အသိရှိရသည်။

(မြစ်မခ)

မြန်မာနိုင်ငံ၊ ပြည်တွင်းဝက်ဆိုင်ဒ်များ တိုက်ခိုက်ခံရခြင်းသည် ၀က်ဆိုဒ်လုံခြုံရေးထက် ဒီဇိုင်းကို ပိုမိုဦးစားပေး လုပ်ဆောင်ခြင်းကြောင့် လုံခြုံရေးပိုင်း အားနည်းချက်များရှိပြီး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကြောင်မွေးမယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ မမေ့ပါနဲ့

ကြောင်မွေးမယ်ဆိုရင်
ကာကွယ်ဆေးထိုးဖို့ မမေ့ပါနဲ့
လူတွေမှာ ရောဂါပိုးကူးစက် ခံရခြင်းမှ ကင်းဝေးဖို့ ကာ ကွယ်ဆေးများ ထိုးနိုင်သလို၊ ကြောင်လေးတွေ အတွက်လည်း ကူးစက်တတ်တဲ့ တစ်ခါတစ်ရံမှာ အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ကင်းရှင်းအောင် ကာကွယ်ဆေး ထိုးပေးရပါမယ်။

အီတလီ Ferrari မှ ထုတ်တဲ့ Enzoတံခါးနှစ်ပေါက် ပြိုင်ကား

Enzo အသစ်

အီတလီ Ferrari မှ ထုတ်တဲ့ Enzo ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ကြား မှာ ရောင်းပြီး ထုတ်လုပ်မှု ရပ်တန့်ခဲ့ပါတယ်။

အခြားသော Model trand တွေကို ဦးစားပေးထုတ်လုပ်ပြီး Enzo ဆိုတာ အစီးရေ နည်းနည်းနဲ့ ရှားပါးကား တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အင်ဂျင် ပါဝါ ၆၀၀၀ စီစီ ဆလင်ဒါ ၁၂ လုံးပူး ကားဆိုတော့ မြင်းကောင်ရေ ထုတ်လုပ်မှု အားကောင်းတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။

တံခါးနှစ်ပေါက် ပြိုင်ကား ဖြစ်ပြီး Ferrari တွေကြားမှာ ဒီဇိုင်းက နည်းနည်း ကွဲထွက်နေပါတယ်။ ယခု ယင်း Brand ကို ပြန်လည် အဆင့်မြင့်တင်မှု ပြု လုပ်ပြီး ၂၀၁၄ မော်ဒယ်အတွက် အဆင်သင့် ဖြစ်နေပြီ လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ အတိုင်းသာ တကယ်ထွက်လာရင် Ferrari F150 ပြီး နောက်ထွက်မယ့် ကားက Enzo ဖြစ်နိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile


အေးချမ်းမွန်မှ  ColayOnline:Automobile တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

အီတလီ Ferrari မှ ထုတ်တဲ့ Enzo ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ကြား မှာ ရောင်းပြီး ထုတ်လုပ်မှု ရပ်တန့်ခဲ့ပါတယ်။အခြားသော Model trand တွေကို ဦးစားပေးထုတ်လုပ်ပြီး Enzo ဆိုတာ အစီးရေ နည်းနည်းနဲ့ ရှားပါးကား တစ်ခုလို ဖြစ်ခဲ့ပါတယ်။

ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ဒုနိုင်ငံခြားရေးဝန်ကြီး လာရောက်ဆွေးနွေး

Photo: ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ဒုနိုင်ငံခြားရေးဝန်ကြီး လာရောက်ဆွေးနွေး
Saturday, February 09, 2013 

 မြန်မာအစိုးရ ဒုတိယ-နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော် ဦးဆောင်ပြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်းရှိ ဘုရားသုံးဆူမြို့ကို မနေ့ကရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ် တိုင်းထွာရေး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်ပြန်ဖွင့်ရေး၊ သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်း ဖောက်လုပ်ရေးတို့အတွက် ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

ဒုဝန်ကြီးနဲ့အဖွဲ့ဟာ မနေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ ရပ်မိရပ်ဖတစ်ဦးက ၀န်ကြီးနဲ့အဖွဲ့ဟာ ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်ဖို့အတွက် ကနဦး လာရောက် လေ့လာတဲ့ သဘော ဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“နယ်စပ်စခန်းဖွင့်ဖို့အခြေအနေလာကြည့်တယ်၊ကုန်သွယ်ရေးဇုန်ဖွင့်ဖို့အခြေအနေလာကြည့်တယ်၊ နောက်သူတို့က ပြည်နယ်ဝန်ကြီးချုပ်ကိုတင်ပြမယ်၊နောက် ပြည်ထောင်စု လွှတ်တော်ထဲ အဆိုတင်သွင်းမယ် ပြောတယ်ခင်ဗျ၊ ကားလမ်း ရထားလမ်းဖောက်ဖို့ ရပ်မိရပ်ဖတွေက ပြန်မေးတဲ့အခါ အတိအကျ ဖြစ်အောင် လုပ်မယ် လို့တော့ပြောတယ်၊နယ်စပ်စည်းမျည်း သတ်မှတ်ရေးပေါ့၊အဲဒါတွေ သူတို့အထက်ကို တင်ပြမယ်၊အထက်ကို တင်ပြပြီးတော့ ကျနော်တို့ ဒီမှာ ကုန်သွယ်ရေး စခန်းတောင် ဖွင့်မယ်လို့ ကြားတယ်”

ဒီအစည်းအဝေးကို ကရင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊
 ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးမျိုးအောင်ထွေး၊ ပြည်နယ်ရဲမင်းကြီး ဦးစိန်လွင်နဲ့ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးများနဲ့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ ဝန်ထမ်း ၂၂ ဦး၊ ဘုရားသုံးဆူ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနဲ့ ရပ်မိရပ်ဖ ၅ ဦးစီ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာဘက်ခြမ်း ကရင်ပြည်နယ်က ဘုရားသုံးဆူမြို့နဲ့ ကပ်လျှက် ထိုင်းနိုင်ငံ စံခရဘူရီနယ်စပ် မြို့ဂိတ်ကို ၂၀၀၉ ခုနှစ်ကတည်းက မြန်မာစစ်ဗျူဟာမှူး အမိန့်နဲ့ ပိတ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ပြည်နယ်လဝက ညွှန်ကြားရေးမှူး ဦးထင်ဝင်း ဘုရားသုံးဆူမြို့ကို ရောက်ရှိခဲ့ပြီး ၂၀၁၄ခုနှစ်မှာ သန်းခေါင်
စာရင်း ကောက်ယူရေးအတွက် နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများနဲ့ လာရောက်တွေ့ဆုံပြီး ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းခဲ့သေးတယ်လို့ သိရပါတယ်။

RFA


Saturday, February 09, 2013

မြန်မာအစိုးရ ဒုတိယ-နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော် ဦးဆောင်ပြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်းရှိ ဘုရားသုံးဆူမြို့ကို မနေ့ကရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ် တိုင်းထွာရေး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်ပြန်ဖွင့်ရေး၊ သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်း ဖောက်လုပ်ရေးတို့အတွက် ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

နွေရာသီ မီးမပြတ်ရေး ရေကြိုစုထား ဟု လျှပ်စစ်ဌာနပြောကြား

နွေရာသီ မီးမပြတ်ရေး ရေကြိုစုဟု လျှပ်စစ်ဌာနပြော
Friday, 08 February 2013

ရန်ကုန်အပါအ၀င် မြို့ကြီးများတွင် နွေရာသီကာလ မီးမပြတ်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရေကြိုတင် စုဆောင်းမှုများပြုလုပ်နေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အား ပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ်ဦးညိုဝင်းက ဧရာဝတီသို့ ပြောသည်။

ရေအားလျှပ်စစ် အဓိက အသုံးပြုနေရသည့် မြန်မာနိုင်ငံတွင် နှစ်စဉ်နွေရာသီကာလရောက်တိုင်း မြစ်ချောင်း အင်းအိုင်အများစုတွင် ရေခန်းပြီး ရေအားမှ ဓာတ်အားထုတ်လုပ်မှု လျော့ကျသဖြင့် အလှည့်ကျ စနစ်နှင့် လျှပ်စစ်မီးပေး၊ မီးဖြတ်တောက်ရမှုများ ပြုလုပ်ရလေ့ရှိကြောင်း၊ ယခုနှစ်တွင်မူ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပြည်သူများ နွေရာသီတွင် အချိန်ပြည့်နီးပါး လျှပ်စစ်မီးပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ သို့သော်လည်း မျှော်လင့်ချက်များပေးသကဲ့သို့ မဖြစ်စေလိုသည့်အတွက် မီးပေးနိုင်၊ မပေးနိုင်ကို အတိ အကျ မပြောလိုသော်လည်း လတ်တလောတွင်မူ ရေများ ကြိုတင်စုဆောင်းနေသော အစီအစဉ်များ လုပ်ဆောင်နေကြောင်း ဦးညိုဝင်းက ပြောသည်။

“နွေရာသီ ရေတွေခန်းမယ့်အချိန်မှာ လျှပ်စစ်မီး လုံလောက်အောင် ပေးနိုင်ဖို့ ကြိုးစားနေတယ်။ ဘယ်လို ကြိုးစားနေတယ် ဆိုတာတော့ အသေအချာကြီး မပြောချင်သေးဘူး။ အခုကတည်းက ရေကိုစုထားတယ်။ မကုန်သင့်တဲ့ နေရာတွေမှာ မကုန်အောင် အရင်ကလို ရေကို အလွန်အမင်းကြီး မသုံးတော့ဘူး”ဟု ဦးညိုဝင်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ပြည်သူများအတွက် အချိန်ပြည့်နီးပါး လျှပ်စစ်မီး ပေးနေလျက်ရှိသော်လည်း နိုင်ငံပိုင် စက်ရုံများ၊ တပ်မတော် စက်ရုံများ၊ စက်မှုလုပ်ငန်းများကိုမူ ညနေ ၅နာရီမှ ည ၁၁ နာရီအထိ မီးဖြတ်ထားလျက်ရှိကြောင်း၊ ညအချိန်သာ မီးဖြတ်တောက်ထားခြင်း ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ထိခိုက်မှု နည်းပါးစေမည်ဖြစ်ကြောင်း၊ ပြည်သူများကို မီးအပြည့်ပေးနေသော်လည်း ရံဖန်ရံခါ မီးပျက်မှုများ ကြုံတွေ့ရခြင်းမှာလည်း အကြောင်းတစုံတရာကြောင့်သာဖြစ်ပြီး လျှပ်စစ်ဝန်ကြီးဌာနက အလှည့်ကျ မီးဖြတ်တောက်သည့်အစီအစဉ်များ မပြုလုပ်သေးကြောင်း သိရှိရသည်။

“ရပ်ကွက်တွေမှာ မီးပျက်တယ်ဆိုတာကလည်း အကြောင်းတစုံတရာကြောင့် ဖြစ်ပါလိမ့်မယ်။ ကျနော်တို့က မီးကို ပုံမှန်ပေးထားတယ်”ဟု ဦးညိုဝင်းက ဆက်လက်ပြောသည်။

စက်မှုဇုန်များတွင် ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ မီးဖြတ်တောက်ထားသည့်အတွက် စက်မှုလုပ်ငန်းရှင်အများစု အဆင်မပြေဖြစ်ကြကြောင်း၊ အထူးသဖြင့် မီးစက်ဖြင့် စက်မှုလုပ်ငန်းများ လည်ပတ်ရန် ဒီဇယ် ၀ယ်ယူသုံးစွဲရသည့်အတွက် ကုန်ထုတ်လုပ်မှု စရိတ် ပိုမိုမြင့်မားလာသည်ဟု လုပ်ငန်းရှင်များထံမှ သိရှိရသည်။

“အချိန်နဲ့ မီးဖြတ်တဲ့အတွက် စက်မှုလုပ်ငန်းတွေအနေနဲ့ အခက်အခဲအများကြီးရှိတယ်။ သူတို့တွေက အဲဒီအချိန်ဟာ မီးသိပ်မသုံးဘူးလို့ပြောပေမယ့် ကျနော်တို့အတွက်တော့ ညဘက် လုံခြုံရေးအတွက် မီးအလင်းရောင်မရှိဘူး။ နောက်ပြီး ပုံမှန်ဝန်ထမ်းတွေအတွက် ညနေ ၅ နာရီဆို အလုပ်သိမ်းပေမယ့် ကျန်တဲ့ လုပ်သားတွေအတွက်ကျတော့ ညဘက်မှာ မီးစက်တွေ နှိုးရတဲ့အတွက် ကုန်ကျစရိတ်တွေ ပိုကုန်တာပေါ့”ဟု ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Triangle Links Engineering ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးကမူ “မီးမလာတော့ ဒီဇယ်ဝယ်ပြီး စက်လည်ရတော့ ကုန်ကျစရိတ် ပိုကုန်တယ်။ မီးပုံမှန်လာရင်တော့ အကုန်အကျ နည်းသွားမှာပေါ့။ အခုတော့ အကုန်အကျ များတယ်” ဟု ဧရာဝတီသို့ပြောသည်။

လက်ရှိကာလတွင် နွေရာသီ နီးကပ်လာပြီ ဖြစ်သော်လည်း မီးပုံမှန်ရရှိနေသေးသည့်အတွက် မီးစက်၊ အင်ဗာတာ၊ အိမ်သုံးဘတ္ထရီအိုးများမှာ အရောင်းအဝယ် အေးနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“မီးစက်ဝယ်လိုအားက သိပ်မကောင်းဘူး။ မီးကလည်း သိပ်မပျက်သေးဘူး ဆိုတော့ ၀ယ်အား သိပ်မရှိတာ။ လုပ်ငန်းလုပ်တဲ့သူတွေ နည်းနည်းဝယ်ကြတယ်”ဟု ရန်ကုန်မြို့မှ မီးစက်အရောင်းဆိုင်ပိုင်ရှင်တဦး ဖြစ်သူ ဦးဇော်အောင်က ပြောသည်။

ယမန်နှစ်က နွေရာသီ ဓာတ်အားပြတ်တောက်မှုကြောင့် ဖယောင်းတိုင် မီးထွန်းဆန္ဒပြပွဲများ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သည်။

မြန်မာတနိုင်ငံလုံး၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၁,၈၈၀ ခန့် လိုအပ် ပြီး ဖြန့်ဖြူးနိုင်သည့် မဂ္ဂါဝပ်မှာ ၁,၅၅၀ သာရှိကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ၇၀ ရာခိုင်နှုန်းသည် ရေအားမှ လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှ လည်းကောင်း၊ ၉ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှ လည်းကောင်း ရရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယမန်နှစ် ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်၌ အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့နှင့် စာနယ်ဇင်းသမားများ တွေ့ဆုံရာတွင် စက်မှုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ ပုံမှန် လျှပ်စစ်မီးပေးရရှိရေးအတွက် ၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ရွေ့ပြောင်းမီးစက်ကြီး ၄လုံးကို အမေရိကန်အခြေစိုက် General Electric (GE) ကုမ္ပဏီထံမှ ငှားရမ်းထားကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား အများစုမှ ရေအားမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ရခိုင်ကမ်းလွန်ဒေသနှင့် မုတ္တမပင် လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးရေးဘဏ်တို့ အဆိုအရ မြန်မာပြည်လူဦးရေ သန်း ၆၀ ရှိရာ ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရပြီး ပျမ်းမျှ တဦးလျှင် ၁၀၄ ကီလိုဝပ်သာ သုံးစွဲနိုင်သောကြောင့် ကွန်ဂိုနှင့် နီပေါနိုင်ငံတို့နည်းတူ မြန်မာနိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် လျှပ်စစ်သုံးစွဲနိုင်မှု အနိမ့်ကျဆုံး နိုင်ငံတနိုင်ငံဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး စီမံချက်များတွင် ကမ္ဘာ့ဘဏ်မှ ကူညီမည်ဖြစ်ကြောင်း ရန်ကုန် ချက်ထရီယံ ဟိုတယ်တွင် ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ တိုးတက်ရေးဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ အထူးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ၃ ရက်တာခရီးစဉ် ရောက်ရှိနေချိန်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အစိုးရ၀န်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုအဖွဲ့အစည်းများကို တွေ့ဆုံခဲ့ပြီး လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးစနစ်နှင့် ဘဏ်လုပ်ငန်း ပိုင်းဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်ကူညီရန် သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

ဧရာဝတီ

Friday, 08 February 2013

ရန်ကုန်အပါအ၀င် မြို့ကြီးများတွင် နွေရာသီကာလ မီးမပြတ်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရေကြိုတင် စုဆောင်းမှုများပြုလုပ်နေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အား ပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ်ဦးညိုဝင်းက ဧရာဝတီသို့ ပြောသည်။

ကာလီဖိုးနီးယား ပြည်နယ် တောင်ပိုင်း ရှိ မြို့  ၃ ခု တွင် လူ ၃ ဦးအား သတ် ဖြတ်ပြီး လူ ၃ ဦးအား ဒဏ်ရာ ရရှိစေခဲ့သည့် ရဲအရာရှိ ခရစ်တိုဖာ ဂျော်ဒန် ဒေါ်နာ ကို ရဲကွန်မန်ဒို နှင့် ဒေသခံ ရဲများ က တောနင်း ရှာဖွေ နေ ပြီ

"Dorner Unchained"

ထွက်ပြေး နေသော ရဲအရာရှိ ခရစ်တိုဖာ ဂျော်ဒန် ဒေါ်နာ သည် ဖူလ်တန် ရှိ တောင်ပိုင်း ကာလီဖိုးနီးယား ပြည်နယ် တက္ကသိုလ် မှာ ဘတ်(စ)ကတ် ကတ်ဘောနည်း ပြMonica Quan အသက် ၂၈ နှစ် နှင့် ၎င်း ၏ ချစ်သူ  Keith Lawrence  ကို ၎င်း တို့  နေ ထိုင်ရာ ကွန်ဒိုမီနီယံ တွင် သေနတ် ဖြင့် ပစ်သတ် ခဲ့ သည် ဟု သံသယ ရှိထားခြင်း ခံရသူ ဖြစ်သည်။ အမေရိကန် တွင် ဒေါ်နာ ရှာပုံတော် ကို ရုပ်သံ များ မှ တိုက်ရိုက် ထုတ် လွှင့် ပြရာ လူသန်း
ပေါင်းများ စွာ က မလွတ် တမ်း ကြည့် ရှု သည်။

ပုံ တွင် တွေ့ ရသည် မှာ ဒေါ်နာ စစ်တပ် တွင် တာဝန်ထမ်းဆောင်စဉ်က ဖြစ်သည်။
ပုံ တွင် တွေ့ ရသည် မှာ ဒေါ်နာ စစ်တပ် တွင် တာဝန်ထမ်းဆောင်စဉ်က ဖြစ်သည်။


ကာလီဖိုးနီးယား ပြည်နယ် တောင်ပိုင်း ရှိ မြို့  ၃ ခု တွင် လူ ၃ ဦးအား သတ်ဖြတ်ပြီး လူ ၃ ဦးအား ဒဏ်ရာ ရရှိ
စခဲ့သည့် လောစ်ဇင်ဂျလိစ် ရဲဌာန မှ အသက် ၃၃ နှစ် အရွယ် ရဲအရာရှိ ခရစ်တိုဖာ ဂျော်ဒန် ဒေါ်နာ ကို ရဲကွန်မန်ဒို နှင့် ဒေသခံ ရဲများ က တောနင်း ရှာဖွေ နေ ပြီ ဖြစ်သည်။ ဒေါ်နာကို ရှာဖွေ နေ စဉ် LA ရှိ မူလတန်းကျောင်း အချို့  ကိုပိတ်ထား သည်။

ကျောက်မျက်အသင်းဥက္ကဌတာဝန်အားဦး တေဇဆက်လက်တာဝန်ယူမည် ဟုဆို

ကျောက်မျက်အသင်းဥက္ကဌတာဝန်အားဦးတေဇဆက်လက်တာဝန်ယူမည်
ဟုဆို...။

ကျောက်မျက်အသင်း၏ဥက္ကဌတာဝန်မှကျန်းမာရေးအတွက်အနားယူခွင့်
တောင်းခံထားသောဦးတေဇအနေနှင့်အသင်း၏အလုပ်အမှုဆောင်များမှ
တောင်းဆိုမှုကြောင့်ဥက္ကဌတာဝန်အားဆက်လက်ထမ်းဆောင်မည်ဖြစ်
ကြောင်းသိရှိရသည်။

ဦးတေဇအနေနှင့်အသင်းဥက္ကဌအဖြစ်ဆက်တိုက်အရွေးခံခဲ့ရပြီး၎င်း၏
ဥက္ကဌသက်တမ်းအတွင်းကျောက်မျက်အသင်းနှင့်အသင်းသားများအတွက်
အောင်မြင်မှုများဆောင်ရွက်နိုင်ခဲ့ကြောင်းအသင်း၏သတင်းစာရှင်းလင်း
ပွဲတွင်တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့သည်။

မကြာသေးမှီရက်ပိုင်းအတွင်းကကျောက်မျက်အသင်းအနေနှင့်ကမ္ဘာ့
အဆင့်မှီကျောက်မျက်င်ဓါတ်ခွဲခန်းတစ်ခုထွင့်လှစ်မည်ဖြစ်ကြောင်းသိရှိ
ရပြီးအဆိုပါဓါတ်ခွဲခန်းမှမြန်မာ့ကျောက်မျက်ရတနာများအားအဆင့်
အတန်းထောက်ခံချက်များဖြင့်ကမ္ဘာ့ဈေးကွက်တွင်ရောင်းချနိုင်ရန်
ဆောင်ရွက်သွားမည်ဟုလည်းသိရှိရသည်။ဦးတေဇလက်ထက်ထူးခြား
သောဆောင်ရွက်ချက်များရှိပြီးအသင်းအားဆက်လက်ဦးဆောင်စေလို
ကြောင်းကျောက်မျက်အသင်းဝင်တစ်ဦးမှပြောကြားသည်။

ကျောက်မျက်အသင်း၏ဥက္ကဌတာဝန်မှကျန်းမာရေးအတွက်အနားယူခွင့်တောင်းခံထားသောဦးတေဇ
အနေနှင့်အသင်း၏အလုပ်အမှုဆောင်များမှတောင်းဆိုမှုကြောင့်ဥက္ကဌတာဝန်အားဆက်လက်ထမ်းဆောင်
မည်ဖြစ်ကြောင်းသိရှိရသည်။

လိုအပ်ချက်ကြောင့် တီထွင်ပညာရှင်ဖြစ်ခဲ့သူ

လိုအပ်ချက်ကြောင့် တီထွင်ပညာရှင်ဖြစ်ခဲ့သူ
Friday, February 8, 2013

Necessity is the Mother of Invention ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လိုအပ်ချက်ကြောင့် တကယ်ပဲ ကမ္ဘာကျော် တီထွင်ပညာရှင် ဖြစ်သွားသူ ကတော့ တရုတ်နိုင်ငံ နန်ကျင်းပြည်နယ်က အမျိုးသား တစ်ဦး
ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၉၀ နောင်းပိုင်းကစလို့ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကျောက်ကပ်တစ်ခုလုံး အလုပ် မလုပ်တော့တဲ့ အထိကို ဆိုးသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ရေတွေကို ဆုပ်ထုပ်ပါမယ်။ လိုအပ်တဲ့ ရေနဲ့ သွေးကို ပြန်လည် အစားသွင်းပေးရပါမယ်။ ဒီအတွက် Dialysis ဆိုတဲ့ စက်ကို အသုံးပြုရ မှာ ဖြစ်ပြီး တရုတ်ပြည်က သာမန်လူတစ်ယောက်တောင် ငှားမသုံးနိုင်ပါဘူး။

ဆေးရုံမှာ တစ်ခါအသုံးပြုဖို့အတွက် ငွေကြေးမြောက်များစွာ ကုန်ကျပါတယ်။ သူ့အနေနဲ့ ပိုက်ဆံမတတ်နိုင်ပါဘူး။ ၁၉၉၃ ခုနှစ်ကစလို့ ကိုယ်ပိုင် စက်နဲ့ လုပ်ပါတယ်။ အမေအို အကူအညီနဲ့ ကိုယ်ပိုင်စက်တစ်လုံးကြောင့် ၁၃ နှစ်လုံးလုံး အသက်ရှင်ရပါတယ်။ ယင်းစက်ကလည်း အခြား မဟုတ်ပါဘူး။ မီးဖိုချောင်သုံး အီလက်ထရောနစ် ပစ္စည်းသက်သက် သာ ဖြစ်ပြီး သွေးပိုက်၊ပုလင်းတို့နဲ့ ပေါင်းစပ်၊ ဝါယာကြိုး လေးနဲ့ သွယ်တန်း လိုက်တော့ ခေတ်မှီ Dialysis စက်တစ်လုံးနဲ့ မထူးမခြားနားပါပဲ။ အမေအို က သူနာပြုလုပ်ပေးလို့ ပျက်ဆီးနေတဲ့ ကျောက်ကပ်နဲ့ ၁၃ နှစ်တောင် နေထိုင် ခဲ့ပါတယ်။

ဒီအကြောင်းကို မီဒီယာတွေစိတ်ဝင်စားလာပြီး အာရုံထားလာတဲ့အတွက် အစိုးရအနေနဲ့မနေနိုင်တော့ပဲ ဆေးဝါးကုသစရိတ်တွေ ထောက်ပံ့လိုက်ပြီ ဖြစ်ပါတယ်။ ပြီးတော့ သူဖန်တီးတဲ့ ဈေးနှုန်းသက်သာ ကျောက်ကပ် မှ ရေ ထုတ်စက်၊ ရေသွင်း၊ သွေးသွင်းစက် - Dialysis ကို စံဥပမာ ထားလို့ ကမ္ဘာ့ဈေးအသက်သာဆုံး Dialysis စက်တစ်လုံးကို ဖန်တီးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: gmnetwork
Aung Kham (TSJ team)
TechSpace Journal

Necessity is the Mother of Invention ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လိုအပ်ချက်ကြောင့် တကယ်ပဲ ကမ္ဘာ
ကျော် တီထွင်ပညာရှင် ဖြစ်သွားသူ ကတော့ တရုတ်နိုင်ငံ နန်ကျင်းပြည်နယ်က အမျိုးသား တစ်ဦးဖြစ်ပါ
တယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

Y-Talk ကို အင်တာနက်လိုင်း မလိုဘဲ အသုံးပြုနည်း


Y-Talk ကို အင်တာနက်လိုင်း မလိုဘဲ အသုံးပြုလို့ရပါတယ်။ အသုံးပြုပုံလေးကတော့
၁။ (က) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် အသုံးပြုရန် ( Internet မလို ) ၀၁ – ၄၄ ၅၅၅၅၅ သို့ဆက်ပါ။ သင့် Ytalk Account Password ၏ နောက်တွင် “#” ကို ထည့်ပြီးနှိပ်ပါ။
( ဥပမာ 1234567890# )

စတီးချောင်း ၁၃ ချောင်းထောက် မော်ဒယ် Katrina Burgess

Photo: စတီးချောင်း ၁၃ ချောင်းထောက် မော်ဒယ်

အမေရိကန်နိုင်ငံက အသက် ၁၇ နှစ်အရွယ် Katrina Burgess အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

တစ်နာရီ မိုင် ၇၀ အထက် ပြေးတဲ့ ကားအက်ဆီးဒန့်မှာ ရစရာမကျန်အောင် တစ်ကိုယ်လုံးကျိုးပါတယ်။ ကျောရိုး၊ ခါးရိုး၊ တင်ပစုံရိုး၊ ဒူးဆစ်၊ခြေထောက် ရိုး၊ လက်မောင်းရိုး အစရှိသဖြစ် နေရာတော်တော် များများက အရိုးတွေ အကုန်ကြိုးသွားပါတယ်။ အက်ဆီးဒန့်ဖြစ်ပြီး အချိန်ပိုင်း အတွင်း ကယ်ဆယ်ရေးတို့ ရောက်ရှိလာပြီး နီးဆပ်ရာ ဆေးရုံကို ပို့ဆောင်ပါတယ်။

အားလုံးက သူ့ကို သေပြီလို့ပဲ ယူဆထားပါတယ်။ တစ်ကိုယ် လုံး ခွေခေါက် နေအောင် အခြေအနေ ဆိုးနေပြီမို့ အသက်ရှင် မယ်ဆ လို့တောင် ဘယ်သူမှ ထင်မထားပါဘူး။ အမေရိကန် ဆေးပညာရှင် တွေ တကယ်တော်ပါတယ်။ နေ့တွင်းချင်းပ ခွဲစိတ်မှု ပြုလုပ်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ကြိုးသွားတဲ့ အရိုးတွေအစား စတီး ချောင်းတွေ အစားထိုး ထည့်ပေးပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ကျိုးနေတဲ့ အရိုးတွေအစား စတီးချောင်း စုစုပေါင်း ၁၃ ချောင်း အစားဝင်စေခဲ့ ပြီး ခွဲစိတ်ကုသ မှု အောင်မြင်ခဲ့ပါတယ်။ ယင်း ၁၃ ချောင်းလုံးကို ထိန်းပေးမယ့် ပင်မ ဝက်အူရစ်ကို ကျောထဲမှာ ထည့်ထားပါတယ်။ တိုက်တေနီယမ် သတ္တု နဲ့ ပြုလုပ်ထားတဲ့ ယင်း Screw ဟာ လည်း သူမရဲ့  အသက်လို ဖြစ်နေ ပါတယ်။

ငါးလလုံး အကိုက်အခဲ ပျောက်ဆေး စားသုံးခဲ့ရပြီး ယခုတော့ သာမန် လူအတိုင်း အသက်ရှင်သန် နေထိုင်နိုင်နေပြီ ဖြစ်ပါတယ်။ သာမန် လူလိုတောင် မကတော့ပါဘူး။ မော်ဒယ်အေဂျင်စီမှာ ပြန်လည်အရွေးချယ် ခံရပြီး မော်ဒယ်၊ဖက်ရှင်လောကကိုလည်း ပြန်လည်ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရပါတယ။်
--
Ref: medic-facts
ရိုးရာလေး နိုင်ငံတကာ

http://www.yoyarlay.com/international-news/usa/34071-stell-rod-girl

Credit to :YoYarLay
https://www.facebook.com/excellencemedia

အေးချမ်းမွန်

အမေရိကန်နိုင်ငံက အသက် ၁၇ နှစ်အရွယ် Katrina Burgessအမည်ရအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ တစ်
နာရီ မိုင် ၇၀ အထက် ပြေးတဲ့ ကားအက်ဆီးဒန့်မှာ ရစရာမကျန်အောင် တစ်ကိုယ်လုံးကျိုးပါတယ်။ ကျောရိုး၊ ခါးရိုး၊ တင်ပစုံရိုး၊ ဒူးဆစ်၊ခြေထောက် ရိုး၊ လက်မောင်းရိုး အစရှိသဖြစ် နေရာတော်တော် များများက အရိုး
တွေ အကုန်ကြိုးသွားပါတယ်။

အဲယားပုဂံ လေယာဉ်ပျက်ကျမှုမှာ လွတ်မြောက်ခဲ့တဲ့ သြစတေးလျှစုံတွဲ လက်ထပ်တော့မည်

Photo: အဲယားပုဂံ လေယာဉ်ပျက်ကျမှုမှာ လွတ်မြောက်ခဲ့တဲ့ သြစတေးလျှစုံတွဲ လက်ထပ်တော့မည်
-----------------------------------------------------------------------------
မနှစ်ကခရစ္စမတ်နေ့ အဲယားပုဂံ လေယာဉ်ပျက်ကျမှုမှာ ကံကောင်းစွာ သေဘေးမှလွတ်မြောက်ခဲ့တဲ့ သြစတေးလျှနိုင်ငံသားနှစ်ဦး Anna Bartsch နဲ့ Stuart Benson ဟာ ဒီနှစ်ကုန်မှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။ အစတုန်းက ချစ်သူနှစ်ယောက်စလုံးက လက်ထပ်ဖို့ မစဉ်းစားထားခဲ့ပါဘူး။ ဒါပေမဲ့ လေယာဉ်ပျက်ကျတဲ့ အဖြစ်အပျက် ကြုံတွေ့ပြီးတဲ့နောက်ပိုင်း သူတို့ရဲ့ဘ၀နဲ့ပတ်သက်ပြီး ခံယူချက်တွေ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ကုန်မှာ ဆွေမျိုးသားချင်းမိတ်ဆွေတွေနဲ့ အကျဉ်းချုံး မင်္ဂလာလက်ထပ်ပွဲကျင်းပမှာ ဖြစ်ပြီး မြန်မာပြည်ရဲ့ အတွေ့အကြုံက သူတို့ကို နောက်ထပ်မသွားရဲအောင် ဖြစ်စေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ဟန်းနီးမွန်းအတွက် မြန်မာပြည်ကိုပြန်လာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

(Ref; adelaide now, Feb 05, 2013, http://tinyurl.com/b3uavly)

Credit to :Myanmar1
https://www.facebook.com/excellencemedia

မနှစ်ကခရစ္စမတ်နေ့ အဲယားပုဂံ လေယာဉ်ပျက်ကျမှုမှာ ကံကောင်းစွာ သေဘေးမှလွတ်မြောက်ခဲ့တဲ့ သြစတေးလျှနိုင်ငံသားနှစ်ဦး Anna Bartsch နဲ့ Stuart Benson ဟာ ဒီနှစ်ကုန်မှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။ အစတုန်းက ချစ်သူနှစ်ယောက်စလုံးက လက်ထပ်ဖို့ မစဉ်းစားထားခဲ့ပါဘူး။ ဒါပေမဲ့ လေယာဉ်ပျက်ကျတဲ့ အဖြစ်အပျက် ကြုံတွေ့ပြီးတဲ့နောက်ပိုင်း သူတို့ရဲ့ဘ၀နဲ့ပတ်သက်ပြီး ခံယူချက်တွေ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

စောစောစီးစီး အသက်မကြီးချင်သူများအတွက် ကြေးနီအင်္ကျီ

Photo: စောစောစီးစီး အသက်မကြီးချင်သူများအတွက် ကြေးနီအင်္ကျီ

အရွယ်ထိန်းပေးမယ့် အင်္ကျီ ဆိုပြီးတော့ Cass and Co. ကုမ္မဏီက ထုတ် လုပ် ထားခြင်း ဖြစ်ပါတယ်။

ယင်းအင်္ကျီမှာ ၆၆ ရာခိုင်နှုန်းက ကြေးနီ (Copper) နဲ့ ပြုလုပ် ထားခြင်း ဖြစ်ပြီး ဖိုက်ဘာ၊ ပိုလီမာ အပျော့အင်္ကျီဖြစ်တယ်လို့ ဆို ပါတယ်။ ကြေးနီအောက်ဆိုက် (Copper oxide) ဓာတ်ပါဝင်တဲ့ ယင်း အသား ကပ် ဂါဝန်ကို ဝတ်ထားလိုက်ရင် အရေအပြားမှ အောက်ဆီဂျင် ဆုပ်ယူ နိုင်မှုကို မြင့်တင်ပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စောစောစီးစီး အသားအရည်တွန့်တာတို့၊ အဆီကြောင့် ဝလာတာတို့ကို ထိန်းပေးနိုင်တယ် လို့ဆိုပါတယ်။

ဒါကြောင့် အရွယ်တင်စေမယ့် အဝတ်လို့ဆိုပါတယ်။ ဒီအတွက် ဘေးထွက် ဆိုးကျိုး မရှိဘူးလို့လည်း စစ်ဆေးချက် လက်မှတ် ရရှိထားတယ်လို့ ဆိုပါ တယ်။ ကာလတန်ဖိုးအားဖြင့် ၉၆ ဒေါ်လာ ဆိုတော့ တစ်ထည် ကို မြန်မာ ကျပ်ငွေ ၁ သိန်း ဝန်းကျင်လောက်တော့ ပေါက်ဈေး ရှိမှာ ဖြစ်ပါ တယ်။
--
Ref: techblog
Aung Kham (TSJ team)g.

TechSpace Journal

Credit to :TechSpace Journal
https://www.facebook.com/excellencemedia

အရွယ်ထိန်းပေးမယ့အင်္ကျီ ဆိုပြီးတော့Cass and Co.ကုမ္မဏီကထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ယင်းအင်္ကျီ
မှာ၆၆ရာခိုင်နှုန်းက ကြေးနီ (Copper) နဲ့ ပြုလုပ် ထားခြင်း ဖြစ်ပြီး ဖိုက်ဘာ၊ ပိုလီမာ အပျော့အင်္ကျီဖြစ်တယ်လို့ ဆို ပါတယ်။

SSA ဌာနချုပ်တွင် ရှမ်းပြည်အမျိုးသားနေ့ စည်ကားစွာ ကျင်းပ

SSA ဌာနချုပ်တွင် ရှမ်းပြည်အမျိုးသားနေ့ စည်ကားစွာ ကျင်းပ
Friday, 08 February 2013

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်
မှာ ဖေဖော်ဝါရီလ ၇ ကကျင်းပတဲ့(၆၆) နှစ်မြောက် “ရှမ်းပြည်အမျိုးသားနေ့”
အခမ်းအနားဟာ အရင်နှစ်တွေက လုပ်ခဲ့တဲ့ပွဲတွေထက်စာရင် အစည်ကား
ဆုံးဖြစ်တယ်လို့ ရှမ်းတပ်မှူးတွေနဲ့ တက်ရောက်လာတယ် ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒေသအရပ်ရပ်ကလာတဲ့ လူထု ဧည့်ပရိသတ်တွေလည်း ရာနဲ့ချီပြီး တက်ရောက်ခဲ့ကြသလို ဌာနချုပ်ကလည်း စစ်ရေးပြ အခမ်းအနားတွေကို အရင်နှစ်တွေကထက် အဆပေါင်းများစွာတိုးပြီး အင်အား ၅ ထောင်ကျော်
အထိ အသုံးပြုခဲ့တဲ့အတွက် ဌာနချုပ်ရဲ့ စစ်ရေးပြကွင်းကြီးတခုလုံး ကြက်ပျံ
မကျ စည်းကားနေပါတယ်။

ဒါ့အပြင် မြန်မာအစိုးရ ကိုယ်စားလှယ်တွေ၊ ညီညွတ်သော တိုင်းရင်းသား
လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ရခိုင်ပြည်
အမျိုးသား ညီညွှတ်ရေးပါတီ (NUPA) တို့က ကိုယ်စားလှယ်တွေလည်း အသီးသီး တက်ရောက်ကြပြီး ဂုဏ်ပြု သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ကြ
တာကို တွေ့ရပါတယ်။

ဒီနှစ်ပြုလုပ်တဲ့ အခမ်းအနားအတွက် SSA အနေနဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေကိုလည်း တရားဝင် သတင်းယူနိုင်ဖို့ ဖိတ်ခေါ်ခဲ့သလို ဌာနချုပ်ရဲ့ နယ်မြေအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်၊ သတင်းယူခွင့်တွေ၊ ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်း တင်ခွင့်တွေ ပေးခဲ့ပါတယ်။

အရင်နှစ်တွေက ဒါမျိုးတွေ ခွင့်ပြုခြင်းမရှိပေမယ့် ဒီနှစ်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်မှာ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးခဲ့တာလို့ SSA အရာရှိတွေက ပြောပါတယ်။

အရင်နှစ်တွေက လွယ်တိုင်းလျန်မှာ ကျင်းပတဲ့ “ရှမ်းပြည်အမျိုးသားနေ့” ကို လွတ်လွတ်လပ်လပ် တက်ရောက်ခွင့် မရှိတဲ့ မြန်မာနိုင်ငံအတွင်းက ဒေသ
ဆိုင်ရာ ကိုယ်စားလှယ်တွေလည်း ဒီနှစ် အခမ်းအနားမှာ ပေါ်ပေါ်တင်တင် တက်ရောက် ခွင့်ရခဲ့တယ်လို့ ကာယကံရှင်တွေကလည်း ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက ရွာသူ၊ ရွာသားတွေလည်း ရာနဲ့ချီပြီး တက်ရောက်ခဲ့ကြတဲ့အတွက် ဌာနချုပ်အနေနဲ့စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေတင်မကဘဲ မြေလွတ်နေရာတွေမှာ ယာယီတည်းခိုဖို့
နေရာတွေ တော်တော်များများ ဆောက်လုပ်ပေးထားတာ တွေ့ရပါတယ်။

“ရှမ်းပြည်အမျိုးသားနေ့” အထိမ်းအမှတ်နေ့ကို ပြည်တွင်း၊ ပြည်ပက ရှမ်းအဆိုတော်တွေလည်း လာရောက် ဖျော်ဖြေကြပါတယ်။

တချို့ဒေသခံတွေကတော့ ဒီပွဲကို တက်ရောက်လိုကြပေမယ့် လမ်းခရီးမှာ အစိုးရအာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေရှိမှာ စိုးရိမ်စိတ်တွေ ရှိနေသေးတဲ့အတွက် မလာကြတာလို့ သိရပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေက တက်ရောက်လာတဲ့ သူတွေကတော့ စစ်ဆေးမေးမြန်းမှုတွေ မရှိဘူးလို့ပြောပါတယ်။

အခမ်းအနားမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ရဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က “ရှမ်းပြည်အမျိုးသားနေ့” လို့ စတင်သတ်
မှတ်ခဲ့တဲ့ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ဟာ ရှမ်းအမျိုးသား အားလုံး တစုတစည်းတည်း သွေးစည်းညီညွှတ်မှုကို ပြသခဲ့တဲ့ နေ့၊ ရှမ်းစော်ဘွားကြီး
များနဲ့ ရှမ်းပြည်သူများ စုပေါင်းပြီး တညီတညွတ်တည်း ရှမ်းပြည်ကို အစည်းမပြေသော တိုင်းပြည်ကြီးအဖြစ် စတင်ထူထောင်ခဲ့သည့်နေ့ ဖြစ်တဲ့
အတွက် မမေ့အပ်တဲ့ နေ့တနေ့ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

“ရှမ်းပြည်အမျိုးသားနေ့” ကို အရင်နှစ်တွေက တရားဝင် လုပ်ခွင့်မပြုခဲ့ဘဲ ရှမ်းတိုင်းရင်းသားရိုးရာ ပဒေသကပွဲလို့သာ အမည်တပ် လုပ်ခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာတော့ တရာဝင် ကျင်းပခွင့်ရခဲ့ပြီဖြစ်လို့ ရန်ကုန်မြို့ အမျိုးသား
ကဇာတ်ရုံမှာ ပြုလုပ်ကျင်းပ ပြုလုပ်ခဲ့သလို ရှမ်းပြည်နယ်ထဲမှာရှိတဲ့ မြို့နယ်အများစုမှာလည်း ပြုလုပ်ခွင့်ရခဲ့ကြတယ်လို့ သိရပါတယ်။

ဧရာဝတီ

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်မှာ ဖေဖော်ဝါရီလ ၇ ကကျင်းပတဲ့
(၆၆) နှစ်မြောက် “ရှမ်းပြည်အမျိုးသားနေ့” အခမ်းအနားဟာ အရင်နှစ်တွေက လုပ်ခဲ့တဲ့ပွဲတွေထက်စာရင် အစည်ကားဆုံးဖြစ်တယ်လို့ရှမ်းတပ်မှူးတွေနဲ့တက်ရောက်လာတယ်ဒသဆိုင်ရာ ကိုယ်စားလှယ်တွေ
 ပြောပါတယ်။

လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ဘဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညို ပြောကြား


လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ပဲ မီးခိုးဗုံးဟု ပြန်လည်ပြော

ကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောကြားခဲ့သည်။