Pages

Thursday, February 7, 2013

နော်ဝေအစိုးရမှ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပေးအပ်မည့် ပညာသင်ဆု

နော်ဝေအစိုးရမှ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပေးအပ်မည့် ပညာသင်ဆု

အတွဲ(၁၄) အမှတ်(၅)
Wednesday, 30 January 2013 19:33

ပညာသင်ဆုအတွက် လျှောက်လွှာကို http://www.ait.asia/ တွင် ရယူနိုင်သည်။

ထိုင်းနိုင်ငံရှိ Asian Institute of Technology တွင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ကျောင်းဖွင့်ချိန်တွင် မဟာဘွဲ့ပညာ ဆက်လက်သင်ယူနိုင်မည့် အခွင့်အရေးအဖြစ် နော်ဝေအစိုးရမှ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ ၄၀ ဦးကို ပညာသင်ဆု ထပ်မံပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံမှ အရည်အချင်းပြည့်မီသော ကျောင်းသားကျောင်းသူ များကို ထိုင်းနိုင်ငံရှိ Asian Institute of Technology တွင် မဟာဘွဲ့ပညာ တက်ရောက်သင်ယူနိုင်မည့် အစီအစဉ်ကို နော်ဝေအစိုးရမှ ၂၀၁၂ ခုနှစ်မှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၃ နှစ်တိုင်တိုင် ပညာသင်ဆု ရွေးချယ်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုရရှိသူ ကျောင်းသားကျောင်းသူများအနေဖြင့် Asian Institute of Technology, School of Environment, Resource and Development, School of Engineering and
Technology, School of Management တို့တွင် သင်ကြားပို့ချပေးလျက် ရှိသော ဘာသာရပ်များကို လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုအတွက် လျှောက်လွှာကို www.ait.asia တွင် ရယူနိုင်ပြီး ပညာသင်ဆု လျှောက်လွှာနှင့်အတူ ဘွဲ့လက်မှတ်၊ မိမိအကြောင်း အင်္ဂလိပ် ဘာသာဖြင့် စာလုံးရေ ၄၀၀ ခန့် ရေးသားဖော်ပြရမည်ဖြစ်သည်။

ထို့ပြင် ဆရာ သို့မဟုတ် လုပ်ငန်းခွင်မှ အကြီးအကဲ သို့မဟုတ် မိသားစုဝင် တစ်ဦးဦး အထူးသဖြင့် မိမိ၏ ပညာရေး အခြေအနေကို ကောင်းစွာ သိရှိသူနှစ်ဦး၏ ထောက်ခံစာကိုလည်း ပူးတွဲတင်ပြရမည်ဖြစ်သည်။

ပညာသင်ဆု လျှောက်လွှာနှင့် ပူးတွဲပါ အချက်အလက်များကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား၍ admissoins@ait.asia သို့ အီးမေးလ်ဖြင့်ပေးပို့ရမည်ဖြစ်ပြီး အင်တာနက်အသုံးပြု၍ အဆင်မပြေပါကလည်း ထိုင်းနိုင်ငံရှိ AIT admissions office နှင့် မြန်မာနိုင်ငံရှိ Myanmar Egress တို့သို့ ပေးပို့ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆု လျှောက်လွှာတင်သည့်အခါတွင် AIT ကို လျှောက်ထားရသည့် အကြောင်းအရင်းနှင့်အတူ လျှောက်ထားသူ၏ အနာဂတ်ရည်မှန်းချက်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကာလတို ကာလရှည်နှင့် အလယ်အလတ်ကြားကာလတို့တွင် သက်ဆိုင်ရာ အခန်းကဏ္ဍတို့၌ မည်သို့မည်ပုံ ပါဝင်ဆောင်ရွက်သွားမည် ဆိုသည်ကို မြန်မာဘာသာဖြင့် စာမျက်နှာသုံးမျက်နှာ စာစီစာကုံးရေးသား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု လျှောက်ထားသူ ရှိထားရမည့် အရည်အချင်း
ထိုင်းနိုင်ငံရှိ Asian Institute of Technology တွင် ပညာသင်ဆုဖြင့် တက်ရောက်ရန် လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်တစ်ခုမှ ဘွဲ့တစ်ခု ရရှိထားရမည်ဖြစ်သည်။

အင်္ဂလိပ်စာအရေးနှင့်အပြော ကျွမ်းကျင်ရမည်ဖြစ်ပြီး IELTS 4.5 ရရှိထားရမည်ဖြစ်ပြီး IELTS ရမှတ် မရှိပါက Asian Institute of Technology မှ စစ်ဆေးသည့် အင်္ဂလိပ်အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုအောင်မြင်ရမည်ဖြစ်သည်။

ကျောင်းအပ်ကာလဖြစ်သည့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လမတိုင်မီ အသက် ၄၀ နှစ်အောက် ဖြစ်ရမည်ဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး တစ်နှစ်ရှိရမည်ဖြစ်သည်။

တက္ကသိုလ် တက်ရောက်စဉ်အတွင်း သင်ကြားပို့ချသမျှကို ကျောင်းခေါ်ချိန် မှန်ကန်ခြင်း၊ တက်ကြွစွာ လေ့လာသင်ယူနိုင်ခြင်း ရှိရမည်ဖြစ်ပြီး စာမေးပွဲများတွင်လည်း အောင်မြင်စွာ ဖြေဆိုနိုင်ရမည်ဖြစ်သည်။
ကျောင်းပြီးပါကလည်း မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် လူသားအရင်းအမြစ် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြန်လည် မျှဝေပေးနိုင်သူ ဖြစ်ရမည်ဖြစ်သည်။

ပညာသင်ဆု လျှောက်လွှာပေးပို့ရမည့် လိပ်စာ
Myanmar Egress
အမှတ် ၃၅၊ မင်းမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း-၆၅၆၈၄၀၊ ၆၅၆၈၄၁၊ ၆၆၅၄၈၂

Credit to :general Knowleadge
https://www.facebook.com/excellencemedia

အေးချမ်းမွန်

ထိုင်းနိုင်ငံရှိ Asian Institute of Technology တွင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ကျောင်းဖွင့်ချိန်တွင် မဟာဘွဲ့ပညာ ဆက်လက်သင်ယူနိုင်မည့် အခွင့်အရေးအဖြစ် နော်ဝေအစိုးရမှ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ ၄၀ ဦးကို ပညာသင်ဆု ထပ်မံပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အာကာသရောက် ကမ္ဘာ့ပထမဆုံး အမျိုးသမီး

Wednesday, February 06, 2013

ရုရှားနိုင်ငံသူ Valentina Tereshkova ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က Vostok အာသာသယာဉ်နဲ့ ကမ္ဘာ့အပြင်သို့ သွားရောက် တာဝန် ထမ်းဆောင်နိုင်ခဲ့ပါတယ်။

၆၆ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံ ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်


၆၆ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံ ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁ နာရီက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဘီယာ ပုလင်းခွံ ၅ဝဝ,ဝဝဝ ကျော်နှင့် ပြုလုပ်ထားသော ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ

ဘီယာ ပုလင်းခွံ ၅ဝဝ,ဝဝဝ ကျော်နှင့် ပြုလုပ်ထားသော ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ

အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် လက်စ်ဗေးဂတ်စ် မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စကော့တ်မက်ခ်ကိုးမ် ဆိုသူ ဗိသုကာ ပညာရှင် တစ်ဦးသည် စွန့်ပစ်ဘီယာ ပုလင်းခွံများဖြင့် တည်ဆောက်ထားသည့် Morrow Royal Pavilion အမည်ရှိ ကမ္ဘာ့ အကြီးဆုံး အဆောက်အအုံ တစ်ခုကို ဆောက်လုပ်ခဲ့သည်။ 

အဆိုပါ အဆောက်အအုံကို ဧရိယာ အကျယ်အဝန်း ၃ဝဝဝဝ စတုရန်းပေ ရှိသော မြေပြင်ပေါ်တွင် တည် ဆောက် ခဲ့ခြင်းဖြစ်သည်။ စကော့တ်သည် အဆိုပါ အဆောက်အအုံ ကို ဆောက်လုပ်ရာတွင် ပထမ အဆင့် အနေဖြင့် ပေါင်၂၉ဝဝဝဝ အလေးချိန် ရှိသည့် စွန့်ပစ် ဘီယာပုလင်း ၅ဝဝ,ဝဝဝ ကျော်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ကြိတ်ခြေ ခဲ့ပြီး အဆိုပါ အစလေးများကို ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာသော မီးခိုး ပြာမှုန့်များနှင့် ပေါင်းစပ်၍ ကွန်ကရစ် အစားထိုး ပစ္စည်းအဖြစ် အသုံးပြုနိုင်ေ သာ Green Stone အမည်ရှိ Composite ပစ္စည်း တစ်မျိုးကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ် ရရှိသော Green Stone ကို ပုံစံခွက် အတွင်းသို့ ထည့်၍ ပုံသွင်းခဲ့ပြီး အဆောက် အအုံ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းအဖြစ်သို့ ပြောင်းလဲလာသည့် တိုင်အောင် မာကျောလာသည်ထိ အခြောက် ခံခဲ့သည်။ 

အမေရိကန် ဒေါ်လာ ၁ ဒသမ ၄သန်း တန်ဖိုးရှိ သည့် ဟန်ဒါဆင် အရပ်ရှိ ၁၁၈၈ 1188 Center Point Drive အဆောက် အအုံ၏ မီးလင်းဖိုများ၊ တိုင်များနှင့် လက်ရန်းတိုင်များ အစရှိသည့် အဆောက်အအုံ အစိတ်အပိုင်း အားလုံးနီးပါးကို ဘီယာပုလင်း ဖန်စများနှင့် ပေါင်းစပ်ထားသော ပစ္စည်း များဖြင့် ပြုလုပ်ထားသည်။ ထို့ပြင် အဆောက်အအုံ၏ လက်ရာ အများစုကို လက် ဖြင့် သာ တီထွင် ဖန်တီးခဲ့ပြီး အောင်မြင်စွာ ပြီးစီးနိုင်ရန် စကော့တ်နှင့် ၎င်း၏ မိသားစုသည် တစ်နှစ်ကျော်ကြာ အချိန် ယူခဲ့ရသည်။ 

ထိုအဆောက်အအုံကို တည်ဆောက် နိုင်ရန် အတွက် အမေရိကန် ဒေါ်လာ ၅ဝဝဝဝ တန်ဖိုး ရှိသည့် ဘီယာပုလင်း များအား အမှုန့် ကြိတ်သည့် စက်ကို ဝယ်၍ ဖန်ပုလင်းများကို အလွန် သေးငယ်သော အမှုန့်ဖြစ်အောင် ပြုလုပ် ခဲ့ရသည်။ ထို့ကဲ့သို့ ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ် ရေးကို ရည်ရွယ်သည့် အဆောက် အအုံ ပုံစံများကို အင်္ဂလန် နိုင်ငံရှိ Swarkestone Hall Pavilion ကုမ္ပဏီက တီထွင် ဆောက်လုပ်ခဲ့သည်။ 

တစ်မူ ထူးခြားသော အဆောက်အအုံ တည်ဆောက်ခြင်းသည် ဘီယာ ပုလင်းခွံ ထားရှိမည့် ဘောလုံးကွင်း ရှစ်ကွင်း (ကုဗကိုက်၎ဝဝဝဝဝ) ပမာဏနှင့် ညီမျှသော နေရာ အခက်အခဲကို ကူညီ ဖြေရှင်းပေးရာ ရောက်ကြောင်း ၎င်း ဒေသတွင် နေထိုင်သူများက ပြောကြားထားသည်။ ။

မြဝတီ

အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် လက်စ်ဗေးဂတ်စ် မြို့တွင်စွန့်ပစ်ပစ္စည်းများဖြင့်စွန့်ဦး တီထွင်
သူစကော့တ်မက်ခ်ကိုးမ်ဆိုသူဗိသုကာပညာရှင် တစ်ဦးသည် စွန့်ပစ်ဘီယာ ပုလင်းခွံများဖြင့် တည်ဆောက်
ထားသည့်Morrow Royal Pavilionအမည်ရှိကမ္ဘာ့အကြီးဆုံးအဆောက်အအုံတစ်ခုကို ဆောက်လုပ်ခဲ့သည်။

မော်ဒယ် ဆရာမကြီး တင်မိုးလွင် ပြောနေသော ဝတ်စားဆင်ယင်မှု

တင်မိုးလွင် -- လမ်းပေါ်မှာ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ ကြီးကြပ်တဲ့သူတွေ မရှိသရွေ့တော့ ကန့်သတ်လို့မရပါဘူး
-----------------------------------------------------------------------
ဆင်ဆာတွေလွတ်လပ်လာတဲ့ အပေါ်မှာ ၀တ်စားဆင်ယင်လာတဲ့ မြန်မာမိန်ကလေးတစ်ယောက်အနေ နဲ့ အန္တရာယ်ကိုဖိတ်ခေါ်နေတယ်လို့ မမိုး မြင်မိတယ်။ မြန်မာပြည်မှာ အဲ ဒီလောက်ကြီး မဖြစ်သင့်ဘူးလို့ထင် တယ်။ အမေရိကားလိုနေရာမျိုး မှာတောင် လုပ်ငန်းခွင်နဲ့ပတ်သက် လာတာတို့၊ မသင့်တော်တဲ့နေရာမျိုး မှာဆို အတိုတွေဝတ်လာရင် ချက် ချင်း ပြန်လွှတ်တာမျိုးရှိတယ်။ အဲဒီ တော့ သူပိုင်ဆိုင်ရာ နယ်မြေအသီး သီးကိုဝင်မယ်။ ဌာနအသီးသီးကို သွားမယ်ဆို သူ့ကန့်သတ်ချက်နဲ့သူ ရှိပါတယ်။ ဘုရားကိုသွားရင်ဘာ ၀တ်ရမယ်၊ ဌာနကိုသွားရင်ဘာဝတ် ရမယ်၊ တက္ကသိုလ်ကျောင်းကိုသွား ရင် ဘာဝတ်ရမယ်ဆိုပြီးကန့်သတ် ချက်ရှိပါတယ်။ အဲဒီကန့်သတ်တဲ့ နေရာမဟုတ်ဘဲ လမ်းမပေါ်သွားနေ တဲ့နေရာမျိုးကတော့ လမ်းပေါ်မှာ ရှိတဲ့ ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ရဲ၊ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ ကြီးကြပ် တဲ့သူတွေမရှိသရွေ့တော့ ကန့်သတ် လို့မရပါဘူး။ ၀တ်နေမှာပါပဲ။ ကိုယ့် အသိစိတ်နဲ့ ကိုယ်ဝတ်ဖို့ပါပဲ။ ကိုယ့် အသိစိတ်နဲ့ ကိုယ်ဝတ်ဖို့ကတော့ မီ ဒီယာတွေကလည်း အဓိကပါပဲ။ မီ ဒီယာ Channel တွေက ပြနေတဲ့ ပုံတွေ၊ မဂ္ဂဇင်း၊ သတင်းဂျာနယ်တွေ က အဓိကပါပဲ။ အဲဒီစာမျက်နှာတွေ ကို လှန်လိုက်လို့တွေ့ရတဲ့ ပုံစံတွေ မျိုး အပြင်ကလိုက်ဝတ်ကြတာလေ။ စာပေ၊ စာနယ်ဇင်းကလည်း တာဝန် တွေ အသိစိတ်တွေနဲ့ ကိုယ့်ရဲ့စာ ပေသတင်းအချက်အလက်နဲ့ ယဉ် ကျေးမှုကိုပြန်လည်ပြီး လမ်းမှန်ထိန်း သိမ်းပေးနိုင်ရင်ပိုကောင်းပါတယ်။ မ မိုးဆို အရင်ကဂျာနယ်တစ်စောင်ကို ပုံမှန်အားပေးတယ်။ ၀ယ်ဖတ်တယ်။ နောက်ပိုင်းတော့ မဖြစ်မနေဖတ်ရ တဲ့အဆင့်မျိုးမထားတော့ပါဘူး။ အဲ ဒီဂျာနယ်မှာဆို မတင်သင့်တဲ့ပုံတွေ ကို တင်တဲ့အတွက် လူတွေတော် တော်လေးရှုတ်ချတယ်။စောင့်ကြည့် အကဲဖြတ်တဲ့ ပညာရှင်အသိုင်း အ၀ိုင်းတွေပေါ့။ မမိုးက Education နဲ့ Entertainment ကိုတွဲပြီးလုပ်နေ တဲ့အတွက် Entertainment စစ်စစ် ကိုမသွားဘဲ ပညာပေးနဲ့သွားတဲ့ အတွက် မမိုးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ပညာရှင်တွေ မိတ်ဆွေအပေါင်း အသင်းတွေက လူငယ်တွေကို သင် ကြားပေးတဲ့ သူတစ်ယောက် အနေ နဲ့ ဘာတွေကို ထည့်သင့်တယ်၊ ဘာ ကိုတားသင့် တယ်ဆိုတာကို အကြံ ညဏ်ပေးတဲ့ အတွက် အလျဉ်း သင့်လို့ပြောဖြစ်တာပါ။

တင်မိုးလွင် လမ်းပေါ်မှာ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ ကြီးကြပ်တဲ့သူတွေ မရှိသရွေ့တော့ ကန့်သတ်လို့မရပါဘူး
ဆင်ဆာတွေလွတ်လပ်လာတဲ့ အပေါ်မှာ ၀တ်စားဆင်ယင်လာတဲ့ မြန်မာမိန်ကလေးတစ်ယောက်အနေ နဲ့ အန္တရာယ်ကိုဖိတ်ခေါ်နေတယ်လို့ မမိုး မြင်မိတယ်။ မြန်မာပြည်မှာ အဲ ဒီလောက်ကြီး မဖြစ်သင့်ဘူးလို့ထင် တယ်။ အမေရိကားလိုနေရာမျိုး မှာတောင် လုပ်ငန်းခွင်နဲ့ပတ်သက် လာတာတို့၊ မသင့်တော်တဲ့နေရာမျိုး မှာဆို အတိုတွေဝတ်လာရင် ချက် ချင်း ပြန်လွှတ်တာမျိုးရှိတယ်။ 

ဝန်ထမ်း


တာဝန်များစွာ….
အခက်အခဲများစွာ….
စိုးရိမ်မှုများစွာ….
ယှဉ်ပြိုင်မှု များစွာ…
ဘဝက တစ်ခုတည်းဖြစ်သော် လည်းထိုတစ်ခုတည်းသော ဘဝထဲ ၌ လက်ခံသိမ်းယူထားရသည့် အရာတွေက အများသား။ ဘဝဟူ သည် တိုတောင်းသည်..။ ရှည် လျားသည် စသည်ဖြင့် …။လိုက် မမီနိုင်သော အဓိပ္ပာယ်တို့ဖြင့် အသီးသီး အနက်ဖွင့်ဆိုကြ၏။’ဝ’လုံးကို ချရေးပြီး ရှင်သန်လာ သည့် အချိန်မှစ၍ အက္ခရာ တစ်ဝက် လော က်ကို မည်သို့မည်ပုံ ရေး ခဲ့မိပြီလဲ ရေရေရာရာ မပြောပြနိုင် တော့၊ သို့သော် ‘အ’အက္ခရာအထိ မရောက်မချင်း ဘဝကို ဆက်သွား ရမည်မှာမလွဲ။ တကယ်တော့ ခဲ ဖျက်ဖြင့် ဖျက်မရသောဘဝများစွာ ထဲ၊ သူတို့သည်ဘွာခတ်၍ နောက် လှည့်မရသော အစိုးရဝန်ထမ်း (သို့ မဟုတ်) နိုင်ငံ၏ဝန်ထမ်း သို့တည်း မဟုတ် တိုင်းပြည်၏ အရေးပါသော ယန္တာရားများဖြစ်ကြသည်။ 

မိန်းမ မာယာအပါး( ၄၀ )

၁။ ကိုယ်ကိုဆန့်၏။ မိမိ ချစ်သောသူအား ချစ်ကြောင်းသိစေရန် နီးရာကဖြစ်စေ၊ ဝေးရာကဖြစ်စေ ကိုယ်အမူအရာဟန် တို့ကိုဆန့်၍ ပြတတ်ခြင်း။

၂။ ကိုယ်ကို ညွတ်၏။ ကိုယ်လုံးကိုယ်ပေါက်ကလေးကို မြင်စေတော့၊ စိတ်၌စွဲစေတော့ဟု ကိုယ်ကာယကို နွဲ့ ညွတ်၍ပြတတ်ခြင်း။

၃။ စမ္ပယ်၏။ မိမိကို ချစ်စွဲလေအောင် အ၀တ်အမျိုးမျိုးတို့ကို ၀တ်ဆင်၍ ပြခြင်းလည်းစမ္ပယ်၍ ပြခြင်း။

၎။ ရှက်သလိုပြု၏။ မချိုမချဉ်မျက်နှာထားလျက် ရှက်သလို ၊ကြောက်သလို ပြုခြင်း။

ပြေး……..ပြေး……. ပြေး


ဒီနေ့ နံနက်ပိုင်းက မြောင်း ကြီးလမ်း ကားမှတ်တိုင်မှာ ကား စောင့်နေစဉ်အတွင်း မြောင်းကြီး လမ်းသွယ်အတွင်းမှ ဝန်ထမ်းဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးတစ်ဦး သုတ်သီးသုတ်ပြာ ထွက်လာတာကို တွေ့ရပါတယ်။ အနီးကိုရောက် တော့မှ ကိုယ့်လမ်းထဲက ဖြစ် ကြောင်း သတိပြုမိပါတယ်။ ဘတ်စ် ကား စောင့်တာ ဆယ်မိနစ်ကျော် ကျော် လောက်ရှိတော့ ခရီးသည် အပြည့်အကျပ်တင်ထားတဲ့ ဘတ်စ် ကားတစ်စီးက ကျွန်တော်တို့ ခရီး သည်တွေ စောင့်နေတဲ့နေရာမှာ မရပ်ဘဲ ရှေ့နားတော်တော်လှမ်း လှမ်းမှာ သွားရပ်ပါတယ်။ ကလေး မနဲ့ ခရီးသည်တွေက ဘတ်စ်ကား ရပ်တဲ့နေရာကို ပြေးလိုက်ကြပါ တယ်။ ပြေးလိုက်တဲ့ ခရီးသည်တွေ မရောက်မီ ကားပေါ်မှ ခရီးသည် တစ်ဦး  ဆင်းသွားပြီး ချက်ချင်း မောင်းထွက်သွားတာကို တွေ့ရပါ တယ်။ 

ထောင်ဆွေး

နိုင်ငံရေးအကျဉ်းသားများ နေရသည့် ထောင်တွင်း မြင်ကွင်းနှင့် အကျဉ်းသားအတွက် စားစရာ (ဓာတ်ပုံ – ဧရာဝတီ)

“ထောင်ဆွေး” ဆိုတဲ့စကားလုံးဟာ တကယ်တော့ စာဖတ်သူအများစုနဲ့ ရင်းနှီးမှုရှိတဲ့ စကားလုံးတော့မဟုတ်လို့ အဓိပ္ပါယ်ကိုလည်း ရုတ်တရက်နားလည်ကြမယ် မထင်ပါဘူး။ ဒီစကားလုံးက တော်တော်များများအတွက် နားစိမ်းနေပါလိမ့်မယ်။ တကယ်တော့ “ထောင်ဆွေး” ဆိုတာ အကျဉ်းထောင်တွေထဲ နှစ်များစွာ ဘက်ပေါင်းစုံက ဖိအားတွေကြောင့် စိတ်ဒဏ်ရာ၊ ရုပ်ဒဏ်ရာတွေကြောင့် ငြိတွယ်လာရတဲ့ ရောဂါဆိုးလို့ ဆိုနိုင်ပါတယ်။

( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ ( အချိန်လေး ၃မိနစ်လောက်ပေးပြီးဖတ်ကြည့်ပါ)

"(၃/၄) မိနစ်လောက် အချိန်ပေးပြီးဖတ်လိုက်ပါ။"
=========================
( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ
posted by ပန်းကမ္ဘာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ်လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ် ။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ်ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူးအမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -
အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ် ။ ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲမြင်နေရတယ် ။ ကျွန်တော်တို့အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ်ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေ ချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာဆက်လုပ်နိုင်မယ် ။

ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ ပါဘူး စားနပ်ရိက္ခာခွဲတမ်းလည်း ကုန်သလောက်ဖြစ်နေပါပြီ ။ ကျွန်တော် တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင် ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက်ပါတယ် ။

ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာ ထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။

ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပါတစ်ခုရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီပေးဖို့ပါ ။ စားစရာဝေ တာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။

ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့် ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။

ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်ကထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကိုပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေပေးတယ် ။

သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာထုပ်ကိုယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွား ပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကိုထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့ တဲ့။

ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည်ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ် တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည်သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။

အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ
ဟာမင်းသန်း ( Ha Minh Thanh )
စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

၁။ တည်ငြိမ်မှု့
ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။

၂ ။ ဂုဏ်သိက္ခာ
ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။

၃။ စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည်။ အဆောက် အအုံများသည် ယိုင်းယိုင်သွားသော်လည်း ပြိုမကျ ။

၎။ ထောက်ထားညှာတာမှု့
လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

၅။ စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။

၆။ အနာခံမှု့
နူကလီးယားဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည်နောက်ချန်နေခဲ့သည် . ( ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း ။

၇။ ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် ( ငွေထုတ်စက် ) စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်သည်။

၈။ လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံးကြသည် ။

၉။ မီဒီယာ
သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်းသိမ်းသိမ်းရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။

၁၀။ အသိစိတ်
စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည် ။

(ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁။)

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ်လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ် ။ ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ်ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူးအမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။

osCommerce Online Shopping CMS အတွက် MyanPay အွန်လိုင်းငွေပေးချေမှု API အား အခမဲ့ ရရှိနိုင်

Online Ecommerce Website များ၊ Online Shopping Website များအား လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်စေရန်အတွက် ကမ္ဘာပေါ်တွင် လူသုံးများသော osCommerce Online Shopping CMS အတွက် MyanPay ExpressCheckout API အား ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် စတင်ထုတ်ဝေလိုက်ကြောင်း သိရသည်။

NDF ပါတီအမတ်တစ်ဦးကို ဒုတိယဝန်ကြီးအဖြစ် သမ္မတခန့်အပ်

NDF ပါတီအမတ်တစ်ဦးကို ဒုတိယဝန်ကြီးအဖြစ် သမ္မတခန့်အပ်

သမ္မတ ဦးသိန်းစိန် က ဒုတိယဝန်ကြီးတွေ အသစ်ခန့်အပ်ခဲ့ရာမှာ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီဝင်အမတ်တစ်ဦး ပါဝင်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး NDF ပါတီက ကြိုတင်မသိရှိခဲ့ဘူးလို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ က ပြောဆိုကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။

အင်္ဂါနေ့က ကြေညာခဲ့တဲ့ ဒုတိယဝန်ကြီးသစ် ငါးဦးစာရင်းမှာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဝင် လွှတ်တော်အမတ် ဒေါက်တာတင်ရွှေ ကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ထားပါတယ်။

အခုလို ဒေါက်တာတင်ရွှေ ကို ဒုဝန်ကြီး ခန့်အပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါတီနဲ့ ညှိနှိုင်းတာမရှိခဲ့ကြောင်း၊ ကြိုတင်ပြီးတော့လည်း မသိခဲ့ရကြောင်း၊  အခုလို မိမိတို့ပါတီဝင်အမတ်တစ်ဦး အစိုးရအဖွဲ့ဝင်ဖြစ်သွားတဲ့အတွက် အစိုးရအပေါ် မဝေဖန်ဘဲနေတော့မှာ မဟုတ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားနဲ့ ဆန့်ကျင်တာ မှန်သမျှ ပါတီအနေနဲ့ ဆက်လက်ဝေဖန် ထောက်ပြနေမှာဖြစ်ကြောင်း NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ က AFP ကို ပြောဆိုခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ် ဒေါက်တာတင်ရွှေ ဟာ လွှတ်တော်အမတ်အဖြစ်က နှုတ်ထွက်ပြီး အစိုးရအဖွဲ့ထဲ တာဝန်ထမ်းဆောင်တော့မှာဖြစ်တဲ့အတွက် နေပြည်တော်က လွှတ်တော်နှစ်ရပ်မှာ NDF ပါတီက လွှတ်တော် အမတ် ၅ ဦး ကျန်ရှိမှာဖြစ်ပါတယ်။ အသစ်ခန့်လိုက်တဲ့ ဒုတိယဝန်ကြီးတွေထဲမှာ အရပ်သားတွေ ပါဝင်နေတဲ့အတွက် တိုးတက်ပြောင်းလဲလာတဲ့ လက္ခဏာတစ်ရပ်အဖြစ် လေ့လာသူတချို့က သုံးသပ်ကြပါတယ်။

သမ္မတ ဦးသိန်းစိန် က ဒုတိယဝန်ကြီးတွေ အသစ်ခန့်အပ်ခဲ့ရာမှာ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီဝင်အမတ်တစ်ဦး ပါဝင်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး NDF ပါတီက ကြိုတင်မသိရှိခဲ့ဘူးလို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ က ပြောဆိုကြောင်း AFP သတင်း က ဖေါ်ပြပါတယ်

တပ်မတော်သားတွေ ထိုက်တန်တဲ့ ရပိုင်ခွင့်နဲ့ တာဝန်ယူမှုတွေ ရှိဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က တပ်မတော်သားတွေအနေ နဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုက်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်။

မိန်းကလေးများ ကိုယ့်ချစ်သူနှင့် တွေ့ဆုံစဉ် လျှိုဝှက်ကင်မရာဖြင့် အရိုက်မခံရရန် ကူညီမည့် Phone Application

လွန်ခဲ့တဲ့ ၂၀၁၂ September တုန်းကပေါ့ ချစ်သူလေးနဲ့ အတူတူ လည်ရင်း Youtube Video တစ်ခုကြည့်ခဲ့ကြ
တယ်Love Scence လေးပေါ့ ကောင်လေးနဲ့ ကောင်မလေး နမ်းနေကြတယ် နမ်းရင်း နမ်းရင်း ..............(ဆက်သာဖြည့်တွေးလိုက်ကြပါတော့)

မိန်းမအရမ်းချစ်သူ (ဟာသ)

မိန်းမအရမ်းချစ်သူ

ဝန်ထမ်း။  ဆရာ ဆရာ့မိန်းမ ကားအက်ဆီးဒင့်ဖြစ်ပြီးဆုံးသွားပြီ အလောင်းဟုတ်မဟုတ်လာစစ်ဆေးပေးပါ
ဆရာ
သူငှေး။ အေးဟုတ်လား၊ အခုငါအလုပ်ရှုပ်နေလို့ မအားသေးဘူး။ မင်းပဲဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်
လိုက်၊ ပြီးရင် Tag လိုက်ကွာ၊ 

"ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်"

"ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်"

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ဦးဆောင်သည့် စားပွဲဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ Myanmar Media Resource Centre (MMRC) စာကြည့်တိုက်တွင်ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် MJA နာယကနှင့် ဥက္ကဌတို့၏ အမှာစကားများကို တက်ရောက်လာသူများအားဖတ်ကြားခဲ့ပြီးနောက် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)ပါအချက်များတစ်ခုချင်းစီနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကာ မွန်းလွဲ ၂နာရီခန့်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့သည်။

ယင်း ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်သည့် စာတန်းတစ်စောင်ကို  မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှရေးသားတင်သွင်းမည်ဖြစ်ကြောင်းသိရသည်။

PP
(ဓာတ်ပုံ-စောလင်းအောင်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း)နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ဦးဆောင်သည့် စားပွဲဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ Myanmar Media Resource Centre (MMRC) စာကြည့်တိုက်တွင်ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် အမရပူရမြီု့နယ် လိတ်ဆံခွန်ကျေးရွာတွင် အများပြည်သူလျှပ်စစ်မီး အသုံးပြုနိုင်ရေး အာဏာပိုင်များ နှောက်ယှက်မှုများရှိနေ


ဖေဖော်ဝါရီလ။(၆)ရက်။၂၀၁၃ခုနှစ်
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် အမရပူရမြီု့နယ် လိတ်ဆံခွန်ကျေးရွာတွင် အများပြည်သူများ သက်
သာချောင်ချိစွာ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် မီးလင်းရေးအကျိုးဆောင်ကော်မတီမှ ဆောင်ရွက်လျှက်ရှိ
ပါသည် လိတ်ဆံခွန်ကျေးရွာတွင် ယခုလက်ရှိ ထရမ်စဖော်မာ ၂ လုံးတည်ဆောက်ပြီးစီးလျက်ရှိသော်လည်း လုပ်ငန်းရှင်များနှင်.ငွေကြေးချမ်းသာသူများသာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီး အိမ်သုံးမီတာတလုံးကို ၅၅၀၀၀၀ နုန်းဖြင့် မီးကော်မတီများထံမှဝယ်ယူရပါသည်။

လေးနှစ်အတွင်း မန်းဆေးတက္ကသိုလ် ကျောင်းသား ၅၀၀ ကျော် ကျောင်းထုတ်ခံရ

လေးနှစ်အတွင်း မန်းဆေးတက္ကသိုလ် ကျောင်းသား ၅၀၀ ကျော် ကျောင်းထုတ်ခံရ

မန္တလေး ဆေးတက္ကသိုလ်မှာ ပါမောက္ခချုပ် ဒေါက်တာ ဦးသန်းဝင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ လေးနှစ်တာကာလအတွင်း ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ၅၀၀ ကျော်ရှိကြောင်း ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေက ဒီကနေ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အဲဒီလို ကျောင်းထုတ်ခံရတာဟာ သူတို့အခွင့်အရေးတွေ ဆုံးရှုံးတာဖြစ်တဲ့အပြင် ကျောင်းပြန်လည်တက်ခွင့်ရရေးအတွက် အခုလို သတင်းစာရှင်းလင်းပွဲ ကျင်းပရတာဖြစ်ကြောင်း၊ ကျောင်းအုပ်ချုပ်ရေးရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် သူတို့နစ်နာရတာဖြစ်ကြောင်း  မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်မှာ ကျောင်းထုတ်ခံရတဲ့ ကိုကောင်းဆက် က ပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗကသ - ဗမာနိုင်ငံလုံးဆိုင်ရာက ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း ဆေးတက္ကသိုလ်ကျောင်းသားများ ထုတ်ပယ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တွေ ဖတ်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်လေးခုရှိရာ မန္တလေး ဆေးတက္ကသိုလ်မှာ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေ အများဆုံးဖြစ်ပြီး၊ အဲဒီလို ကျောင်းသားအများအပြား ကျောင်းထုတ် ခံရတာနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းအနေ နဲ့ ပြေလည်အောင်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မန္တလေး ဆေးတက္ကသိုလ်မှာ ပါမောက္ခချုပ် ဒေါက်တာ ဦးသန်းဝင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ လေးနှစ်တာကာလအတွင်း ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ၅၀၀ ကျော်ရှိကြောင်း ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေက ဒီကနေ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

Windows 8 အသုံးပြုချင်သူတွေအတွက် Installation ပြုလုပ်ပုံအဆင့်ဆင့်

Windows 8 Installation အဆငဆင MIT group member တွေတောင်းဆိုထားလို windows 8 Installation အဆငဆငကို အသေးဆုံးစိတ်ဖေါ် ပြလိုက်ပါတယ

၁။ Windows8 ရဲ့ Hardware Requirement တွေကတော 32 bit ဆိုရင် အနည်းဆုံး RAM 1GHz,Hard Disk Space 16GB 64 bit ဆိုရင် အနည်းဆုံး RAM 2GHz,Hard Disk Space 20GB ရှိရမှာဖြစ်ပါတယ
၂။ အရင်ဆုံး Windows8 DVD အခွေမထညခင ကိုယစက်ရဲ့ CMOS Setting ကိုအရင်ပြောင်းလဲပေးရမှာဖြစ်ပါတယယ Desktop မှာဆိုရင် Computer ကို power on လိုက်တဲ့အခါ အဆက်မပြက် Del ကိုနှိပ်ရမှာဖြစ်ပြီး Laptop တွေမှာတော့ F2 သို့မဟုက် F8 ကိုနှိပ်ရမှာဖြစ်ပါတယ်။ပြီးရင် CMOS ထဲရောက်သွားရင First boot Device ကို CD or DVD ရွေးပြီး F10 ကိုနှိပ်လိုက်ပါ သူ့ဘာသာ Restart ကျသွားပါလိမမယ်။
၃။ Windows 8 အခွေကိုမိမိရဲ့ DVD drive ထဲကိုထည့်ပါ key တစ်ခုခုကိုအဆက်မပြက နှိပ်ထားပါ ဒါဆိုရင် windows 8 Installation စတင်ပြီဖြစ်ပါတယ်။ w3 နာမည်နဲ့ ပုံမှာကြည့်ပါ Key ထညရမှာပါ အခွေထဲမှာလည်း ပါပေမဲ အဆင်မပြေမှာစိုးလို့ key ပါရေးပေးလိုက်ပါတယ XKY4K-2NRWR-8F6P2-448RF-CRYQH Windows8 Installation အဆငအဆငကိုပုံနဲ့တင်ပေးထားပါတယ ၄။ Windows 8 Installation အဆငဆင့်ပြီးဆုံးသွားပြီဖြစ်ပေမဲ့ မိမိ Windows ဟာ Activate မဖြစ်သေးပါဘူး ဒီတော မိမိအခွေထဲမှာ Activator ပါ ပါတယ် Activator ပုံကို w8 activator နာမည်နဲ့ ပုံတင်ပေးထားပါတယ Activator ကို နှိပ်ပြီးရင် Restart ချလိုက်ပါ ပြီးရင်တော Windows8 ရဲ့ Metro UI ကို Start Screen မြင်တွေ့နိုင်ပါပြီ။

မှတ်ချက။ ။ Laptop များသည် ၀ယ်စဉ်က Driver အခွေကို ကြိုရှာထားသငသည်။
ပုံတွေတင်ရတာအဆင်မပြေတဲ့အတွက် အနော် wall မှာတင်ပေးထားပါတယ်
m.facebook.com/media/set/?set=pcb.433614433373600&type=1&refid=17&_ft_=fbid.433614433373600
Zinhein
Myanmar IT group

Credit to : Myanmar IT group
https://www.facebook.com/excellencemedia

အေးချမ်းမွန်

၁။ Windows8 ရဲ့ Hardware Requirement တွေကတော 32 bit ဆိုရင် အနည်းဆုံး RAM 1GHz,Hard Disk Space 16GB 64 bit ဆိုရင် အနည်းဆုံး RAM 2GHz,Hard Disk Space 20GB ရှိရမှာဖြစ်ပါတယ်