Pages

Tuesday, February 5, 2013

ဗြိတိန်လွှတ်တော်တွင် လိင်တူချင်းလက်ထပ်ခွင့် ဥပဒေမူကြမ်း မဲခွဲဆုံးဖြတ်မည်

gay right protest

ဗြိတိန်နိုင်ငံ လွှတ်တော်တွင် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ ထိုဥပဒေကြမ်းအပေါ် လက်ရှိ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၏ကွန်ဆာဗေးတစ်ပါတီအတွင်းအငြင်းပွားမှုများ
လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်။

နျူစမ်းသပ်မှုထက် ပိုမိုသောဆောင်ရွက်မှု မြောက်ကိုရီးယား ပြုလုပ်မည်ဟုဆို

north korea

မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့ပြောကြားထားသည့် တတိယမြောက် နျူကလီးယားစမ်းသပ်မှုထက် ပိုမိုပြင်းထန်သော ဆောင်ရွက်မှုများကို ပြုလုပ်သွားမည် ကြုံးဝါးပြောဆိုလိုက်သည်။

မျက်နှာ ခွဲစိတ် ပြုပြင်မှုတွင် ကိုရီးယား အမျိုးသမီးများ ထိပ်ဆုံးက ရပ်တည်လျက်ရှိ

မျက်နှာ ခွဲစိတ် ပြုပြင်မှုတွင် ကိုရီးယား အမျိုးသမီးများ ထိပ်ဆုံးက ရပ်တည်လျက်ရှိ

ကိုရီးယား နိုင်ငံ အတွင်းရှိ အမျိုးသမီး အများစုသည် ယခုအခါ မျက်နှာ ခွဲစိတ် ပြုပြင်မှု များကို အများဆုံး ပြုလုပ်လျက် ရှိကြောင်း ဗြိတိသျှ မီဒီယာ တစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်။

ကိုရီးယား နိုင်ငံ အတွင်း ၂ဝ၁၁ ခုနှစ်က ပြည်သူ ၁ဝဝဝ ဦးလျှင် ၁၃ ဦးသည် မျက်နှာ ခွဲစိတ် ပြုပြင်မှု များကို ပြုလုပ် ခဲ့ကြောင်း ယင်းသို့ လုပ်ဆောင်မှုသည် ပြည်သူ ၇၇ ဦးလျှင် တစ်ဦးသည် မျက်နှာ ခွဲစိတ် ပြုပြင်မှု များကို လုပ်ဆောင်လျက် ရှိသည်ကို ညွှန်ပြလျက် ရှိသည်။

မြို့ပြများတွင် နေထိုင်သော အသက် ၁၉ နှစ်မှ ၄၉ နှစ် အရွယ်ရှိ အမျိုးသမီး ၅ ဦးတွင် တစ်ဦးသည် မျက်နှာ ခွဲစိတ် ပြုပြင်မှု များကို လုပ်ဆောင်လျက် ရှိသည်။

ကိုရီးယား အမျိုးသမီးများ အကြား ရေပန်းစား နေသော ခွဲစိတ်မှုသည် အပေါ် မျက်ခွံကို ဖျက်ခြင်းဖြင့် မျက်စိကို ကြီး၍ ကျယ်ပြန့်သော မျက်ဝန်းများ ရရှိအောင် ပြုလုပ်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်က ကိုရီးယား အမျိုးသမီး ၃ ဒသမ ၁ သန်းသည် မျက်နှာ ခွဲစိတ် ပြုပြင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်း အရေ အတွက်သည် ခွဲစိတ်မှု အရေအတွက် အများဆုံး ဖြစ်သည့် အတွက် အမေရိကန် ပြည်ထောင် စုက ကိုရီးယား နိုင်ငံကို မျက်နှာ ခွဲစိတ်မှု ထိပ်ဆုံးတွင် ရပ်တည်နေသော နိုင်ငံတစ်ခု အဖြစ် သတ်မှတ် ခဲ့ကြောင်း သိရသည်။

http://bit.ly/UrcbXe

Credit to : မြ၀တီ
https://www.facebook.com/excellencemedia

ကိုရီးယား နိုင်ငံ အတွင်းရှိ အမျိုးသမီး အများစုသည် ယခုအခါ မျက်နှာ ခွဲစိတ် ပြုပြင်မှု များကို အများဆုံး ပြုလုပ်လျက် ရှိကြောင်း ဗြိတိသျှ မီဒီယာ တစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်။

အိုင်ကျူ အဆင့်၁၃၆ ရရှိသော သုံးနှစ် အရွယ် ကလေးငယ်


အိုင်ကျူ အဆင့်၁၃၆ ရရှိသော သုံးနှစ် အရွယ် ကလေးငယ်

ထူးချွန် ထက်မြက်သည့် သားသမီးများ အတွက် ဂုဏ်မယူ လိုသည့် မိဘ ဟူ၍ ရှိမည် မထင်ပေ။

မိဘအများစုမှာ ၄င်းတို့၏ သားသမီးများ ဥာဏ်ရည် ထက်မြက်မှု အတွက် ဂုဏ်ယူ လိုကြသည်ချည်း ဖြစ်သည်။ ယင်းကဲ့သို့ ဥာဏ်ရည် ထက်မြက်သော သားသမီးများကို ပိုင်ဆိုင် ထားသော မိဘများအနက် သုံးနှစ်သားလေး ရှာဝင်ဆာရာဘီ၏ မိဘများ သားငယ်အတွက် ဂုဏ်ယူ နိုင်မှုမှာ အံ့မခန်း ဖြစ်သည်။

သုံးနှစ်သာ ရှိသေးသည့် ရှာဝင် လေးသည် ဂဏန်း အရေအတွက်ကို ၂ဝဝ အထိ ရွတ်ဆို နိုင်ပြီး ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများကိုလည်း ရွတ်ဆိုပြနိုင်ခဲ့သည်။ ၄င်း၏ အိုင်ကျူ ရမှတ် အဆင့်မှာ ၁၃၆ မှတ်ဟု သိရသည်။ အိုင်ကျူ ရမှတ် ၁၃၆ မှတ် ရှိခြင်းကြောင့် ကမ္ဘာ့ လူဦးရေ၏ တစ်ရာခိုင်နှုန်းခန့်သာ ရှိသော ဥာဏ်ရည် အဆင့်မြင့်သူများ စာရင်းတွင် တစ်ဦး အပါအဝင် အဖြစ် သတ်မှတ် ခံခဲ့ရသည်။

ရှာဝင်သည် ယော့ခ်ရှိုင်းယား ပြည်နယ် တောင်ပိုင်း ဘန်းစလေမြို့မှ ဖြစ်ပြီး ယခုအချိန်တွင် အိုင်ကျူ မြင့်မားသူများဖြင့်သာ ဖွဲ့စည်းထားသော Mensa အဖွဲ့အစည်း၏ အသက် အငယ် ဆုံး အဖွဲ့ဝင် တစ်ဦး ဖြစ်လာပြီ ဖြစ်သည်။ ရှာဝင်၏ reading ageကို တိုင်းတာရာတွင် အဆင့်ခြောက် ရှိသည်ကို တွေ့ရှိရသည်။ ၄င်းသည် ၁ဝလသား အရွယ်၌ စကား စတင်ပြောခဲ့ပြီး လပေါင်း ၂ဝ အကြာတွင် ဝါကျရှည်များကို ပြောဆို နိုင်ခဲ့သည်ဟု သိရသည်။

အသက် နှစ်နှစ် အရွယ်တွင် ရှာဝင်သည် စာကို ဖတ်ရှုနိုင်ပြီ ဖြစ်ပြီး ဂဏန်း အရေအတွက် ကိုလည်း ၂ဝဝ အထိ ရွတ်ဆို နိုင်ခဲ့သည်။ ထို့အပြင် နေအဖွဲ့ အစည်း အတွင်းရှိ ဂြိုဟ်များ၊ အလံများနှင့် နိုင်ငံများ၏ အမည်များ၊ ခန္ဓာကိုယ် ပြင်ပ အစိတ်အပိုင်းများနှင့် အတွင်း အင်္ဂါ အစိတ်အပိုင်း များကိုလည်း အလွတ် ရွတ်ဆို နိုင်ခဲ့သည်။

၎င်း၏ ဖခင်ဖြစ်သူမှာ ဒါဗွတ်ဒ် အသက် ၃၇ နှစ်ဖြစ်ပြီး မိခင် ဖြစ်သူမှာ အမန်ဒါ ဆာရာဘီ အသက် ၃၆ နှစ်ဖြစ်သည်။ မိခင်ဖြစ်သူ ဆာရာဘီမှာ ယခင်က ကျောင်းဆရာမ တစ်ဦးဖြစ် သည်ဟု သိရသည်။ သူမ၏ သားငယ် လေးသည် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံတိုင်းကို အလံများနှင့် တွဲ၍ ပြောပြနိုင်ပြီး ခန္ဓာကိုယ် အတွင်းရှိ အင်္ဂါ အစိတ်အပိုင်း တစ်ခုချင်းစီ၏ ဆောင်ရွက်ချက် များကိုလည်း ရှင်းပြနိုင်ကြောင်း မိခင်ဖြစ်သူ ဆာရာ ဘီက ပြောကြားသည်။

Credit to : မြ၀တီ
https://www.facebook.com/excellencemedia

ထူးချွန် ထက်မြက်သည့် သားသမီးများ အတွက် ဂုဏ်မယူ လိုသည့် မိဘ ဟူ၍ ရှိမည် မထင်ပေ။
မိဘအများစုမှာ ၄င်းတို့၏ သားသမီးများ ဥာဏ်ရည် ထက်မြက်မှု အတွက် ဂုဏ်ယူ လိုကြသည်ချည်း ဖြစ်သည်။ ယင်းကဲ့သို့ ဥာဏ်ရည် ထက်မြက်သော သားသမီးများကို ပိုင်ဆိုင် ထားသော မိဘများအနက် သုံးနှစ်သားလေး ရှာဝင်ဆာရာဘီ၏ မိဘများ သားငယ်အတွက် ဂုဏ်ယူ နိုင်မှုမှာ အံ့မခန်း ဖြစ်သည်။

တရုတ် နိုင်ငံသည် ခေတ်မီ နည်းပညာ အသုံးပြု၍ ဆိုက်ဘာ တိုက်ခိုက်သူ အများဆုံး ရှိလာနိုင်ကြောင်း Google အကြီးအကဲ ပြောကြား

တရုတ် နိုင်ငံသည် ခေတ်မီ နည်းပညာ အသုံးပြု၍ ဆိုက်ဘာ တိုက်ခိုက်သူ အများဆုံး ရှိလာနိုင်ကြောင်း Google အကြီးအကဲ ပြောကြား

တရုတ် နိုင်ငံသည် ပြည်ပ ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ရာတွင် အဆင့်မြင့် နည်းပညာ အသုံးပြု၍ ဆိုက်ဘာ တိုက်ခိုက်မှု အများဆုံး ပြုလုပ် လာနိုင်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း Google ဝက်ဘ်ဆိုက်မှ အမှုဆောင် ဥက္ကဋ္ဌ အိုင်းရစ် ရှက်မစ်ထ်က ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံတွင် ပြည်ပ နိုင်ငံ ကုမ္ပဏီ များ၏ ကွန်ပျူတာ များမှ အချက်အလက် များကို ခိုးယူနိုင်သည့် ကျွမ်းကျင်သော ဟက်ကာများ မြောက်မြားစွာ ရှိလာ နိုင်ကြောင်း အိုင်းရစ်က ၎င်း၏ စာအုပ်သစ် "The Digital Age" တွင် ပြောကြားထားသည်။ ယင်းစာအုပ်ကို Google ဝက်ဘ်ဆိုက် အကြံပေးဂျာရက် ကိုဟန်နှင့် ပူးတွဲ ရေးသားခဲ့သည်။

တရုတ် နိုင်ငံသည် အခြား တိုင်းပြည်များနှင့် ယှဉ်၍ စီးပွားရေး လုပ်ဆောင်ရာတွင် စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်လေ့ ရှိကြောင်း၊ ဆိုက်ဘာ တိုက်ခိုက်မှုကို ကျူးလွန်ရန် တရုတ် နိုင်ငံသည် အမေရိကန် နိုင်ငံကဲ့သို့ အသင့် ရှိနေကြောင်း ၎င်းတို့က ရေးသားခဲ့သည်။

တရုတ် နိုင်ငံမှ နည်းပညာ ကုမ္ပဏီ များသည် ပိုမို ယှဉ်ပြိုင် လာနိုင်ပြီး ပိုမို အဆင့်မြင့် လာဖွယ် ရှိကြောင်း အဆိုပါ စာအုပ်တွင် ရေးသားဖော်ပြ ထားပြီး အခြား နိုင်ငံများ သည်လည်း နိုင်ငံရေးနှင့် စီးပွားရေး ကိစ္စ များတွင် ယှဉ်ပြိုင်ပါက အနိုင်ရရန် တရုတ်နိုင်ငံ ကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ် လာနိုင်ဖွယ် ရှိကြောင်း Wall Street ဂျာနယ်၏ ပြောကြားချက် အရ သိရသည်။

တရုတ် အစိုးရနှင့် Google ဝက်ဘ်ဆိုက်သည် ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ကတည်းက ဆက်ဆံရေး မပြေ လည်ခဲ့ပေ။ သို့ရာတွင် တရုတ် နိုင်ငံ၏ ဆိုက်ဘာ တိုက်ခိုက်မှုကို ဖော်ထုတ်နိုင်ရန် အချိန် မကြာတော့ဟု Google ဝက်ဘ်ဆိုက်၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံတွင် ပညာရေးနှင့် စီးပွားရေး အတွက် အင်တာနက်ကို အသုံးပြုသူ တဖြည်းဖြည်း တိုးပွား လာခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ၌ ကမ္ဘာတွင် အင်တာနက် သုံးစွဲသူ အများဆုံး နိုင်ငံ အဖြစ် တက်လှမ်း နိုင်ခဲ့သည်။ အင်တာနက် သုံးစွဲသူ အရေ အတွက်သည် တရုတ် နိုင်ငံတွင် ၅၁၃ သန်းရှိခဲ့သည်။ သို့သော် တရုတ် နိုင်ငံသည် နိုင်ငံရေး ဝက်ဘ်ဆိုက် များကို တားမြစ် ပိတ်ပင်ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/6150-2013-02-05-09-30-43#.URCnmvJafro

Credit to : မြ၀တီ
https://www.facebook.com/excellencemedia

တရုတ် နိုင်ငံသည် ပြည်ပ ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ရာတွင် အဆင့်မြင့် နည်းပညာ အသုံးပြု၍ ဆိုက်ဘာ တိုက်ခိုက်မှု အများဆုံး ပြုလုပ် လာနိုင်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း Google ဝက်ဘ်ဆိုက်မှ အမှုဆောင် ဥက္ကဋ္ဌ အိုင်းရစ် ရှက်မစ်ထ်က ပြောကြား ခဲ့သည်။

၆၆-နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ ရံပုံငွေပဒေသာကပွဲနှင့် ဈေးရောင်းပွဲတော်ကြီးအား ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

ချစ်ခင်လေးစားအပ်ပါသောSky Net မိတ်ဆွေများခင်ဗျား- (၇.၂.၂ဝ၁၃)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီတွင် ၆၆-နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ၊ ညနေ (၆းဝဝ)နာရီတွင် ရံပုံငွေပဒေသာကပွဲနှင့် ဈေးရောင်းပွဲတော်ကြီးအား ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ရရှိလာသောရန်ပုံငွေများအား မဖွံ့ဖြိုးသေးသောဒေသများသို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များတွင် ထိရောက်စွာ လှူဒါန်းသွားမည်ဖြစ်ပါကြောင်းနှင့် လှူဒါန်းလိုပါက

ရန်သူနယ်မြေ အတွင်း ကင်းထောက် နိုင်သည့် ၈ လက်မ အရွယ်ရှိ BLACK HORNET မောင်းသူမဲ့ ရဟတ်ယာဉ်

ရန်သူနယ်မြေ အတွင်း ကင်းထောက် နိုင်သည့် ၈ လက်မ အရွယ်ရှိ BLACK HORNET မောင်းသူမဲ့ ရဟတ်ယာဉ်

လက်ဖဝါး ပုံစံရှိပြီး သေးငယ်သည့် ရဟတ်ယာဉ်ကို အမှတ်တမဲ့ ကြည့်ပါက ကလေးငယ်များ ကစားသည့် ရဟတ်ယာဉ်ဟု ထင်ရနိုင်ဖွယ် ရှိသည်။
သို့သော် သေးငယ်ပြီး အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်နိုင်သည့် ယင်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် တာလီဘန် စစ်သွေးကြွများကို တိုက်ခိုက်ရန် အတွက် ဗြိတိန် စစ်တပ်က အထူးထုတ် ထားသည့် နောက်ဆုံးပေါ် လက်နက်တစ်ခု ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်အား Black Hornet ဟု အမည် ပေးထားပြီး ၈ လက်မ အရွယ် မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်။ အလေးချိန် ၁၅ ဂရမ် သာရှိ သည့် ၎င်းရဟတ်ယာဉ်၏ ထိပ်ဖျားတွင် ကင်မရာ သုံးခု တပ်ဆင် ထားသည်။

Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ်သည် မီးခိုးရောင် ဖျော့ဖျော့ရှိပြီး အနက်ရောင် ဒလက် နှစ်ခု ပါရှိကာ ပြန်လည်အားသွင်း နိုင်သည့် သေးငယ်သော ဘက်ထရီ ပါရှိသည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်အာွး GPS စနစ်ကို အသုံးပြု၍ ကွန်ပျူတာ ပရိုဂရမ်ဖြင့် အလို အလျောက် စစ်မြေပြင်သို့ စေလွှတ် ပျံသန်းစေခြင်း သို့မဟုတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ် ပျံသန်းခြင်း တို့ဖြင့် ရန်သူ၏ တည်နေရာ အခြေ အနေ တို့ကို ထောက်လှမ်း၍ စစ်အခြေစိုက် စခန်းသို့ ပြန်လာနိုင်သည်။

၎င်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် ရန်သူ စခန်းအတွင်းနှင့် ရန်သူ သိမ်းပိုက်ထားသည့် နယ်မြေများ အတွင်း ရန်သူ မသိအောင် ဝင်ရောက်၍ အနီးကပ် ထောက်လှမ်းကာ ဓာတ်ပုံများ ပေးပို့ နိုင်သည်။ Black Hornet မောင်းသူမဲ့ရဟတ် ယာဉ်အား ကွန်ပျူတာဂိမ်း စက်ကဲ့သို့ ထိန်းချုပ် ကိရိယာဖြင့် လွယ်ကူစွာ ထိန်းချုပ် မောင်းနှင် နိုင်သည်။ အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်သည် အလေးချိန် သုည ဒသမ ၅ အောင်စရှိပြီး အမြန်နှုန်း တစ်နာရီ ၂၂ မိုင်နှုန်းဖြင့် မိနစ် ၃ဝ ကြာအောင် ပျံသန်းနိုင်သည်။

၎င်းရဟတ်ယာဉ်ကို ဗြိတိန်နှင့် နော်ဝေနိုင်ငံ တို့က ပူးတွဲ ထုတ်လုပ်ထားပြီး Proxdynamics Pd-100 Personal Reconnaissance System ဟုလည်း ခေါ်သည်။ Black Hornet ရဟတ်ယာဉ်နှင့် ထိန်းချုပ် ကိရိယာကို ကျောပိုးအိတ် အတွင်း သယ်ဆောင်နိုင်သည်။

တာလီဘန် နယ်မြေ အတွင်းသို့ Black Hornet မောင်းသူမဲ့ လေယာဉ် စေလွှတ်၍ စမ်းသပ် ထောက်လှမ်းမှု ပြုခဲ့ရာ အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ် ကင်းထောက် အဖွဲ့မှ တပ်မှူး ဗိုလ်မှူး အက်ဒမ် ဖိုဒန်က ပြောကြားခဲ့ကြောင်း သိရသည်။

မြဝတီ

Credit to : Royal Hero Media
https://www.facebook.com/excellencemedia

လက်ဖဝါး ပုံစံရှိပြီး သေးငယ်သည့် ရဟတ်ယာဉ်ကို အမှတ်တမဲ့ ကြည့်ပါက ကလေးငယ်များ ကစားသည့် ရဟတ်ယာဉ်ဟု ထင်ရနိုင်ဖွယ် ရှိသည်။
သို့သော် သေးငယ်ပြီး အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်နိုင်သည့် ယင်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် တာလီဘန် စစ်သွေးကြွများကို တိုက်ခိုက်ရန် အတွက် ဗြိတိန် စစ်တပ်က အထူးထုတ် ထားသည့် နောက်ဆုံးပေါ် လက်နက်တစ်ခု ဖြစ်သည်။

ရန်သူ့အမြင် အာရုံကို အံသြဖွယ်ရာ လှည့်စား နိုင်မည့် တစ္ဆေ ခြုံလွှာ

ရန်သူ့အမြင် အာရုံကို အံသြဖွယ်ရာ လှည့်စား နိုင်မည့် တစ္ဆေ ခြုံလွှာ
====================================

တစ္ဆေ ခြုံလွှာဟု အမည်ပေး ထားသော စစ်ဘက်သုံး နည်းပညာ တစ်ခုသည် ရန်သူ့အမြင် အာရုံကို အံ့ဩဖွယ်ရာ လှည့်စားနိုင်မည့် အခြေအနေ မျိုးသို့
ဦးတည် လာကြောင်း သိရှိရသည်။ လက်ရှိ စမ်းသပ်ဆဲ အခြေ အနေသာ ရှိသေးသော အဆိုပါ နည်းပညာ အောင်မြင် လာချိန်တွင် ဝေဟင်၌ ပျံသန်း နေသော တိုက်လေ ယာဉ်များကို ခရီးသည် တင် လေယာဉ် အဖြစ်သာ ထောက် လှမ်း နိုင်ပြီး စစ်သားတစ်ဦး ကိုလည်း သစ်ပင် တစ်ပင် အနေဖြင့်သာ တွေ့မြင် နိုင်မည် ဖြစ်သည်။

အဆိုပါ နည်းပညာသည် လက်ရှိ အသုံးပြု နေသည့် ပုံဖျောက် ပစ္စည်းများနှင့် ချဉ်းကပ်ပုံ အလွန် ကွာခြား ကြောင်း သုတေသီ များက ဆိုသည်။ တရုတ်နိုင်ငံမှ သုတေသန ပညာရှင် များသည် လွှမ်းခြုံ ထားသည့် ပစ္စည်း တစ်ခုကို အခြားအရာ တစ်ခုအသွင် အမြင် မှားစေမည့် တစ္ဆေခြုံလွှာ နည်းပညာကို မိတ်ဆက် ပြသခဲ့သည်။ နန်ဂျင်းရှိ တောင်ပိုင်း တက္ကသိုလ်မှ ပညာရှင်များက အဆိုပါ နည်းပညာသည် လူအများ မျှော်လင့် ထားသည့် ကိုယ်ပျောက် စနစ်မျိုး ကဲ့သို့ မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ မိမိတို့ ပုံဖျက်လိုသော အရာဝတ္ထုမှာ ပျောက်ကွယ် မသွားဘဲ အခြားသော အရာ တစ်ခု အသွင် ပုံပေါ် နေခြင်းသာ ဖြစ်မည်ဟု တရုတ် ပညာရှင်များက ရှင်းပြ ခဲ့သည်။

နည်းပညာ၏ အခြေခံ သဘောမှာ မူလရုပ်သွင်ကို ဖျောက်ထားလိုသည့် အရာဝတ္ထု၏ ဘေးနှစ်ဖက် နှစ်ချက် တွင် မိမိဖန်တီး လိုသော ရုပ်သွင်ကို ပြောင်းလဲ မြင်တွေ့စေရန် အယောင်ဆောင် ထားခြင်း ဖြစ်သည်။ ယခု သုတေသန လုပ်ငန်းကို ပညာရှင် တိုင်ဂျန်ကူက ဦးဆောင်ကာ သိပ္ပံပညာ ရှင်များက လေ့လာ ဆန်းစစ်ဆဲဟု သိရှိ ရသည်။ အဆိုပါ အဖွဲ့သည် ၎င်းတို့ ထုတ်ပြ ထား သည့် သီအိုရီ မှန်ကန်ကြောင်း သက်သေ ပြရန် အသေး စား Prototype ကိရိယာ ငယ်လေး တစ်ခုကို လက်တွေ့ ဖန်တီး ပြထားပြီး ဖြစ်သည်။

လက်ရှိ စစ်ဘက် နည်းပညာ များတွင် စမ်းသပ်နေသည့် ကိုယ်ပျောက် နည်းပညာမှာ အရာဝတ္ထု တစ်ခုအပေါ် ကျရောက် လာသော အလင်းကို ပထမ အဆင့် ဖယ်ရှားပြီး ဒုတိယ အဆင့် အနေဖြင့် ပုံဖျောက် ထားသည့် အရာ၏ ပတ်ဝန်းကျင် အရာနှင့် တစ်သားတည်း ကျအောင် ပုံပြန်ဖော်ခြင်း ဖြစ်သည်။

တရုတ် သိပ္ပံပညာ ရှင်များက ရိုးရှင်းစွာ တွေးခေါ်ပြီး ယင်းနည်းလမ်းမှ ပထမ အဆင့်ကို ဖယ်ရှားကာ ဒုတိယ အဆင့်တွင် ပတ်ဝန်း ကျင် အရာများနှင့် လိုက်လျော ညီထွေ ဖြစ်ပြီး ကိုယ်ပျောက် သွားအောင် မလုပ်ဆောင်ဘဲ မိမိဖန်တီး လိုသော အရာ တစ်ခု အဖြစ် မြင်နိုင်အောင် လမ်းကြောင်းပြောင်း တီထွင် ခဲ့ခြင်းဟု သိရှိရသည်။

Yatanarpon

Credit to : Royal Hero Media
https://www.facebook.com/excellencemedia

တစ္ဆေ ခြုံလွှာဟု အမည်ပေး ထားသော စစ်ဘက်သုံး နည်းပညာ တစ်ခုသည် ရန်သူ့အမြင် အာရုံကို အံ့ဩဖွယ်ရာ လှည့်စားနိုင်မည့် အခြေအနေ မျိုးသို့ဦးတည် လာကြောင်း သိရှိရသည်။

၂၀ ကီလို အလေးချိန်ရှိ စပါးအုံး မြွေကြီးနှင့် ၁၂ နှစ်ကြာ အတူ ကြီးပြင်း လာရသည့် ထူးခြားသော တရုတ် ကလေးငယ်

၂၀ ကီလို အလေးချိန်ရှိ စပါးအုံး မြွေကြီးနှင့် ၁၂ နှစ်ကြာ အတူ ကြီးပြင်း လာရသည့် ထူးခြားသော တရုတ် ကလေးငယ်

စပါးအုံးမြွေကြီး တစ်ကောင်ကို တွေ့မြင်ပါက လူတိုင်းက ကြောက်ရွံ့ကြမည် ဖြစ်သော်လည်း တရုတ် နိုင်ငံမှ အသက် ၁၃ နှစ် အရွယ်ရှိ ကလေးငယ်သည် ကြောက်ရွံ့ခြင်း မရှိသည့် အပြင် နေ့နေ့ညည ၎င်းနှင့် အဖော်လုပ်၍ နေထိုင် လာခဲ့သည်ဟု သိရသည်။

အဆိုပါ ထူးဆန်းသည့် ဖြစ်ရပ်မှာ တရုတ် နိုင်ငံ တုံကွမ်မြို့၌ ဖြစ်ပြီး မြွေကြီးနှင့် အတူ ရှိနေသော ကလေးငယ်၏ အမည်မှာ အာကျဲ ဖြစ်သည်။

အာကျဲ မမွေးဖွားခင် ကတည်းက အာကျဲ၏ ဖခင်သည် စပါးအုံးမြွေ ဥကို အိမ်သို့ သယ်ဆောင် လာခဲ့သည်။ ထိုစပါးအုံး မြွေကြီးသည် အာကျဲ မမွေးဖွားမီ ခြောက်နှစ်နီးပါး အချိန် ကတည်းက အာကျဲတို့ မိသားစုနှင့် အတူ နေထိုင် ခဲ့ခြင်း ဖြစ်သည်။ ၎င်းစပါးအုံး မြွေကြီး၏ အလေး ချိန်မှာ ၂ဝ ကီလိုဂရမ်ကျော် ရှိသည်။

အာကျဲ ကိုးလသား အရွယ် ရောက်သည့်အခါ အာကျဲ၏ မိဘ နှစ်ပါးသည် အလုပ်များသည့် အတွက် အာကျဲကို အိမ်တွင်ထား၍ အလုပ်ကို သွားရသည်။ ထိုအချိန်မှ စ၍ အာကျဲသည် ယင်းမြွေကြီးနှင့် အတူ ဆော့ကစား၍ ကြီးပြင်း လာခဲ့သည်။

ပူပြင်းသော နွေရာသီ အချိန်တွင် အဆိုပါ မြွေကြီးသည် အာကျဲ၏ လေအေးပေးစက်ဟု အာကျဲက မှတ်ယူ ထားသည်။ ဆောင်းရာသီ ကာလ ရောက်ပါက အာကျဲသည် သူ၏အဖော် မြွေကြီးသည် အအေးဒဏ် မခံနိုင် မည်ကို စိုးရိမ်သဖြင့် မြွေကြီးကို ပွေ့ဖက် ထားလေ့ ရှိသည်။

အာကျဲသည် ထိုမြွေကြီးနှင့် အတူ နေ့နေ့ညည အတူ ရှိသော်လည်း အာကျဲကို မည်သည့် အခါမှအန္တရာယ် မပြုခဲ့ကြောင်း၊ အာကျဲကလည်းမိဘများကိုဆော့ကစားရန် အရုပ်များ တစ်ကြိမ် တစ်ခါမျှ မပူဆာဘဲမြွေကြီး ကိုသာ အဖော်လုပ်၍ ကြီးပြင်း ခဲ့ကြောင်း အာကျဲ၏ ဖခင်ဖြစ်သူ ထံမှ ပြောကြားချက်ကို ကိုးကား၍ China Smack ဌာနကဖော်ပြခဲ့သည်။

http://bit.ly/XdyMmF

Credit to : မြ၀တီ
https://www.facebook.com/excellencemedia

စပါးအုံးမြွေကြီး တစ်ကောင်ကို တွေ့မြင်ပါက လူတိုင်းက ကြောက်ရွံ့ကြမည် ဖြစ်သော်လည်း တရုတ် နိုင်ငံမှ အသက် ၁၃ နှစ် အရွယ်ရှိ ကလေးငယ်သည် ကြောက်ရွံ့ခြင်း မရှိသည့် အပြင် နေ့နေ့ညည ၎င်းနှင့် အဖော်လုပ်၍ နေထိုင် လာခဲ့သည်ဟု သိရသည်။

ဉာဏ်ကောင်းပြီး ထက်မြက်စေမည့် ထိပ်တန်းနည်းများ ............

ဉာဏ်ကောင်းပြီး ထက်မြက်စေမည့် ထိပ်တန်းနည်းများ ............


ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၁၃

ဘဝတစ်လျှောက်လုံး မှတ်ဉာဏ်ကောင်းပြီး ထက်မြက်ချင်ပါသလား။ အောက်ပါ အပြုအမှုတွေဟာ အသက်ကြီးပြီး ဉာဏ်ကောင်းနေသူတွေကို အဘက်ဘက်ကနေ သိပ္ပံနည်းကျ လေ့လာထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၁။ အသစ်အဆန်းများကို လေ့လာပါ
... ဘဝတစ်လျှောက်လုံး ပညာရပ်အသစ်တွေကို လေ့လာနေတာဟာ ဘဝရဲ့ နောက်ပိုင်းအချိန်တွေအထိ ဦးနှောက်ကို ထက်မြက်နေစေပါတယ်။ ဦးနှောက်ကို စိန်ခေါ်ပြီး လေ့လာတာဟာ သင်ယူနိုင်စွမ်းကို လှုံ့ဆော်ခြင်း၊ ဦးနှောက်အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၂။ ပုံမှန်အားကစားလုပ်ပါ
အားကစားဟာ ကျန်းကျန်းမာမာ၊ ကျက်သရေရှိရှိ အိုမင်းနိုင်အောင် အထောက်အကူပြုပေးပါတယ်။ အားကစားကို ပုံမှန်ပြုလုပ်တာဟာ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ရုံသာမက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုပါ နှေးကွေးစေပါတယ်။
အားကစားဟာ စွမ်းအားပမာဏ၊ စိတ်ခံစားမှု၊ အိပ်ပျော်ခြင်းနဲ့ ဦးနှောက်ကျန်းမာရေးအဆင့်တွေကို တိုးမြင့်စေပါတယ်။ ပုံမှန်အားကစား ပြုလုပ်တာဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပူပင်သောကကို လျော့ကျစေကာ ဥာဏ်ရည်ထက်မြက်စေပါတယ်။

၃။ အပေါင်းအသင်းများနှင့် ပျော်ပျော်နေပါ
မိတ်ဆွေသူငယ်ချင်းတွေကြောင့် အတွေ့အကြုံဖလှယ်နိုင်ခြင်း၊ အသစ်အဆန်း လေ့လာနိုင်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ခြင်းနဲ့ ယုံကြည်မှု ရှိခြင်းဆိုတဲ့ အရာတွေကို ရရှိစေပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးနေပြီး ရယ်မောတာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ကောင်းမွန်စေပါတယ်။

၎။ ကျန်းမာရေးအသိရှိပါ
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ လွဲမှားနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ ပြသပါ။ ဆရာဝန်ကို ကိုယ့်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာဟာ ဆရာဝန်အနေနဲ့ တိကျသေချာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာပါ။

၅။ ငြိမ်ငြိမ်နေပါ
လူ့အဖွဲ့အစည်းထဲမှာနေရင်း စိတ်တွေ ရှုပ်ထွေးလာတဲ့အခါ အနားယူဖို့ အချိန်နည်းနည်းယူပြီး ငြိမ်ငြိမ်နေပါ။ ဦးနှောက်ဟာ သတင်းအချက်အလက်တွေကို နက်နက်နဲနဲ စီစဉ်နိုင်ဖို့ အချိန်လိုပါတယ်။ စိတ်ဖိစီးပြီး မောပန်းနေရတဲ့ ဘဝနေထိုင်မှုပုံစံဟာ ကိုယ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုအပေါ် ထိခိုက်စေနိုင် ပါတယ်။ ဒါကြောင့် စိတ်ဖိစီးပြီး ပင်ပန်းနေချိန်မှာ အသက်ပြင်းပြင်းရှူပြီး အနားယူပါ။

၆။ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးရှောင်ပါ
ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးတို့လို စိတ်ကို ပြောင်းလဲစေတဲ့အရာတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ၊ စေ့ဆော်မှုနဲ့ စူးစိုက်အားတွေကို လျော့ကျစေပါတယ်။ ဒီနေရာတွေဟာ မှတ်ဥာဏ်ကိုပါ ချို့တဲ့သွားစေပါတယ်။

၇။ ငွေရေးကြေးရေးဆိုင်ရာ ပန်းတိုင်ထားရှိပါ
ဘဏ္ဍာရေးဆိုင်ရာ စိတ်ချရမှုအတွက် အစီအစဉ်ချမှတ်ထားတာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းပါ။ ဝင်ငွေနဲ့ ထွက်ငွေကို ချိန်ဆသုံးစွဲရင်း တစ်လတာဝင်ငွေရဲ့ ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းကို စုဆောင်းထားတာဟာ ဘဝရဲ့ နောက်ပိုင်းကာလတွေအတွက် အဆင်ပြေစေပါတယ်။

Health

http://on.fb.me/UWRK0Q
laminmaung

Credit to : Laminmaung
https://www.facebook.com/excellencemedia

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၁၃

ဘဝတစ်လျှောက်လုံး မှတ်ဉာဏ်ကောင်းပြီး ထက်မြက်ချင်ပါသလား။ အောက်ပါ အပြုအမှုတွေဟာ အသက်ကြီးပြီး ဉာဏ်ကောင်းနေသူတွေကို အဘက်ဘက်ကနေ သိပ္ပံနည်းကျ လေ့လာထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားများရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး လာရောက်တွေ့ဆုံ

၈၈မျိုးဆက်ကျောင်းသားများရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ
---------------------------------------------------------------------------------
နော်ဝေသံအမတ်ကြီး လာရောက်တွေ့ဆုံ
--------------------------------------------
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး ဖြစ်သူ ကတ်ဂျာ ချာ.နော်ဒ်ဂတ်ဒ် သည် ရန်ကုန်မြို့ရှိ နော်ဝေသံတမန်ရေးရာအခြေစိုက်ရုံးမှ သံတမန်ရေးရာအရာရှိ အာနီ ယန် ဖလိုလို နှင့်အတူ ယနေ့ ဖေဖေါ်ဝါရီလ၊(၅)ရက် နံနက်(၁၀း၃၀)နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ၊(၁၆/၁)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အမှတ်(၁၀၃၉/၁၀၄၀)ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးသို့ လာရောက်၍ ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော ကိုကိုကြီး၊ ပြုံးချိုတို့နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြသည်။ ၄င်းတို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ ပိုမိုအားကောင်းရန် ၈၈မျိုးဆက်ကျောင်းသားများ၏ ဆောင်ရွက်နေမှုများ၊ အနာဂတ်ရည်မှန်းချက်နှင့် ပူပေါင်းလုပ်ဆောင်နေမှုများ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ညှိနှိုင်းဆောင်ရွက်နိုင်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် ၈၈မျိုးဆက်ကျောင်းသားများ၏ နော်ဝေနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အခြေအနေများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး ဖြစ်သူ ကတ်ဂျာ ချာ.နော်ဒ်ဂတ်ဒ် သည် ရန်ကုန်မြို့ရှိ နော်ဝေသံတမန်ရေးရာအခြေစိုက်ရုံးမှ သံတမန်ရေးရာအရာရှိ အာနီ ယန် ဖလိုလို နှင့်အတူ

ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်မြို့ ရွှေပေါက္ကံမြို့နယ် စက်မှုဇုန်ရှိ မြန်မာပြည်သား ရေမြှုပ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

ရွှေပေါက္ကံမြို့နယ် စက်မှုဇုန်ရှိ မြန်မာပြည်သား ရေမြှုပ်စက်ရုံ၌
ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) မွန်းလွဲ ၂ နာရီခန့်တွင် မီးစတင် လောင်ကျွမ်းလျက်ရှိရာ ယခုအချိန်၌ မီးသတ်ကားနှစ်စီး ရောက်ရှိလာကာ ငြှိမ်းသတ်လျက်ရှိကြောင်း သိရှိရပါသည်။
အပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။

သြစတီးလျနိုင်ငံသား ပန်းပုဆရာ Sam Jinks မှ ထုလုပ်ခဲ့တဲ့ အစစ်နှင့် တူသော ပန်းပု ရုပ်တု


အစစ်နှင့် တူသော ပန်းပု ရုပ်တု

တကယ့် အစစ်အတိုင်းပါပဲ။ သြစတီးလျနိုင်ငံသား ပန်းပုဆရာ Sam Jinks မှ ထုလုပ်ထားခြင်း ဖြစ်ပြီး မယ်လ်ဘုန်းမြို့ က ပန်းပုပြပွဲ တော်တော်များများ မှာ ပါဝင်ပါတယ်။

၂၀၀၅ ခုနှစ်က စလို့ နှစ်စဉ် နှစ်စဉ် ဝင်ရောက်ပြသပြီး လူအစစ် နီးနီး အသက်ဝင်လွန်းလို့ Sam Jinks ကို သက်ရှိပန်းပု ထုလုပ်သူလို့တောင် တင်စား ခေါ်ဆိုကြပါတယ်။ အသက် ၄၀ ကျော်အရွယ်ရှိပြီး ဖြစ်ပြီး သူ့ရဲ့  ပန်းပု လက်ရာများကို သြစတေးလျနိုင်ငံတစ်ဝန်းက ပန်းပုလက်ရာ ဗိသုကာ ပြတိုက်နဲ့ ပြခန်းများမှာ ပြသထားပါတယ်။

အခြားသော အသက်ဝင်လှတဲ့ သူ့ရဲ့  ပန်းပုလက်ရာ များကို အောက်ပါ လခ့်များမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.samjinks.com/

http://kwgallery.com/artist/sam-jinks/9
--
Internataional news for myanmar

Credit to : Internataional news for myanmar
https://www.facebook.com/excellencemedia

တကယ့် အစစ်အတိုင်းပါပဲ။ သြစတီးလျနိုင်ငံသား ပန်းပုဆရာ Sam Jinks မှ ထုလုပ်ထားခြင်း ဖြစ်ပြီး မယ်လ်
ဘုန်းမြို့ က ပန်းပုပြပွဲ တော်တော်များများ မှာ ပါဝင်ပါတယ်။

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှု အသိပေးခြင်း

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်ကို ရုရှအိုင်ပီများသုံးပြီး DDoS တိုက်ခိုက်ခံနေရကြောင်း သမ္မတရုံး ညွှန်မှူး ဦးဇော်ဌေးက သူ့ရဲ့ ဖေ့ဘုတ်ကနေ တဆင့် ရေးသားထားပါတယ်။
အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်တဲ့ The Voice Weekly ရဲ့ ကြည့်ရှုသူတစ်သိန်းကျော်ရှိထားတဲ့ ဖေ့ဘုတ်စာမျက်နှာဟာလည်း မနေ့ကတည်းက Hack ခံထားရကြောင်း တွေ့ရှိရပါတယ်။

Hmuu Zaw
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှု အသိပေးခြင်း
===================================

(၁) ယနေ့ နံနက် (၉း၃၀) မှ (၁၀း၀၀) နာရီအတွင်း (US, Malaysia, Russia)အိုင်ပီလိပ်စာများမှတစ်ဆင့် DDoS Request များ ပေးပို့ခြင်းဖြင့် စတင် တိုက်ခိုက်ခဲ့သည်။

(၂) နံနက်(၁၁း၁၀) တွင်လည်း ထပ်မံ တိုက်ခိုက်လာခဲ့သည်။

(၃) နံနက်(၁၁း၅၃) နာရီတွင်လည်း IP-74.220.202.199 မှလည်း DDoS Request သိန်းနှင့်ချီ၍ တိုက်ခိုက်လာခဲ့သည်။

(၄) သို့ဖြစ်ပါ၍ လက်ရှိ တိုက်ခိုက်ခံနေရသည့် ကာလအတွင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်အား ကြည့်ရှုရာတွင် အဆင်မပြေမှုများ ကြုံတွေ့နိုင်ပါ၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(၅) ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လိုအပ်သည့် လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
------------------------------

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်ကို ရုရှအိုင်ပီများသုံးပြီး DDoS တိုက်ခိုက်ခံနေရကြောင်းသမ္မတရုံးညွှန်မှူး
ဦးဇော်ဌေးက သူ့ရဲ့ ဖေ့ဘုတ်ကနေ တဆင့် ရေးသားထားပါတယ်။အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်ဖြစ်တဲ့ The Voice Weekly ရဲ့ ကြည့်ရှုသူတစ်သိန်းကျော်ရှိထားတဲ့ ဖေ့ဘုတ်စာမျက်နှာဟာလည်း မနေ့ကတည်းက Hack ခံထားရကြောင်း တွေ့ရှိရပါတယ်။

သမ္မတရုံးဝက်ဘ်ဆိုက်နှင့် The Voice Weekly ဂျာနယ်ရဲ့ လူမှုကွန်ရက်ဖေ့ဘွတ်စ် အင်တာနက်စာမျက်နှာတွေကို Hacker တွေက၀င်ရောက်တိုက်ခိုက်

နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာနဲ့ ရန်ကုန်အခြေစိုက် The Voice Weeklyဂျာနယ်ရဲ့လူမှုကွန်ရက်
ဖ့ဘွတ်စ် အင်တာနက်စာမျက်နှာတွေ တိုက်ခိုက်ခံရတယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်
ပါတယ်

ဖေဖော်ဝါရီ ၅ ရက်ယနေ့နေ့လည် ၁ နာရီက ကွယ်လွန်သွားပြီဖြစ်သော တေးသံရှင် ရဲလေး၏ ဖခင်ဦးခင်မောင်ထွန်း အသက်(၆၀)နှစ် ကို ရေဝေးသုဿန်သို့ပို့ဆောင် သဂြိုလ်


တေးသံရှင် ရဲလေး၏ ဖခင်ဦးခင်မောင်ထွန်း အသက်(၆၀)နှစ်သည် ဖေဖော်ဝါရီလ ၃ ရက် နံနက် 3 နာရီ ၅၀ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့သောကြောင့် ဖေဖော်ဝါရီ ၅ ရက်နေ့လည် ၁ နာရီက ကျန်ရစ်သူမိသားစုမှ
ရဝေးသုဿန်သို့ပို့ဆောင် သဂြိုလ်ခဲ့ကြကြောင်း သိရပြီး ဖေဖော်ဝါရီ ၉ ရက်နံနက် ၇ နာရီတွင် ကျောက်
မြောင်း ဓမ္မဝိဟာရလမ်းရှိနေအိမ်တွင် ရက်လည်ဆွမ်းကျွေးတရားတော်နာ ပြုလုပ်မည်ဖြစ်ကြောင်း သိရ
သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF ) အဖွဲ့ စုံညီအစည်းအဝေးကျင်းပ

ABSDF  စုံညီအစည်းအဝေးကျင်းပ

မဲဆောက် ။ ဖေဖော်ဝါရီ ၅ 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF )  အဖွဲ့၏ ၆ လတစ်ကြိမ် ပုံမှန်အစည်းအဝေးပွဲကို ယနေ့ နံနက် ၁၁ နာရီက  မဲဆောက်မြို့အရှေ့ပိုင်း နောင်ဘွားရွာတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေး၌ ABSDF  အဖွဲ့ဝင် ၉ ဦးမြန်မာနိုင်ငံလာရောက်ခဲ့သည့်ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးချက်များရှိခဲ့သော်လည်း အပြီးသတ်ဆုံးဖြတ်ချက် တစ်စုံတစ်ရာချမှတ်နိုင်ခြင်းမရှိသေးကြောင်း ၊ အစည်းအဝေးအား ဖေဖော်ဝါရီလ ၆ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး သိရသည်။

NLA  ( ဓာတ်ပုံ  Yamoun Nar )

မဲဆောက် ။ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်
းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF ) အဖွဲ့၏ ၆ လတစ်ကြိမ် ပုံမှန်အ
စည်းအဝေးပွဲကို ယနေ့ နံနက် ၁၁ နာရီက မဲဆောက်မြို့အရှေ့ပိုင်း နောင်ဘွားရွာတွင် ကျင်းပခဲ့ကြောင်းသိ
ရသည်။

"အီတလီနိုင်ငံမှာ အာရှကိုယ်စားပြုအနေ နဲ့ မော်ဒယ်ပြိုင်ပွဲဝင်ပြိုင်မယ့် Asia New Star ဆုရှင် ထွန်းကိုကို"

"အီတလီနိုင်ငံမှာ အာရှကိုယ်စားပြုအနေ နဲ့ မော်ဒယ်ပြိုင်ပွဲဝင်ပြိုင်မယ့်
Asia New Star ဆုရှင် ထွန်းကိုကို"

ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံ အတွက် ဆု၂ဆုနဲ့ Aisa New Star Model Award ပထမဆုနဲ့ KYEONG University Title Award  ဆု တို့ကိုတစ်ပွေ့တစ်ပိုက်နဲ့သယ်ဆောင်လာတဲ့ ထွန်းကိုကိုက ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ Aisa New Star Model Contest ပြိုင်ပွဲကို ဝင်ရောက်ဖြစ် တာက Mr.Face of Myanmar ဆုရလို့ ပြိုင်ပွဲဝင်ဖြစ်တာပါလို့ဆိုပါတယ်။

ထွန်းကိုကိုက၂ဝဝ၉ခု နှစ်ကတည်းကမော်ဒယ်လောကထဲကိုဝင်ရောက်လာခဲ့တာအခု ဆိုရင် ၃နှစ်ရှိ ပြီဖြစ်ပြီးအနုပညာ အသိုင်းအဝိုင်းမှာ အသိမိတ်ဆွေမရှိတဲ့အတွက် တစ်ယောက်တည်း ရုန်းကန် ထိုးဖောက်ပြီး 
ကြိုးစားရလို့ အခက် အခဲအများ ကြီးရှိခဲ့ကြောင်း ဆိုပါတယ်။
 
ထွန်းကိုကိုက နောက်လထဲ မှာ အီတလီနိုင်ငံ မီလန်မြို့မှာလည်း ပြိုင်ပွဲရှိရင် အာရှနိုင်ငံ ကိုယ်စားပြုအနေနဲ့ ထပ်မံသွား ရောက်ဝင်ပြိုင် ရဦးမှာဖြစ်ပါတယ်။
ထွန်းကိုကိုက ကိုရီး ယားနိုင်ငံက ပြန်လာပြီး တဲ့ နောက်ပိုင်းမှာ တစ်ရက်မှ မနားရ သေးဘဲ ရိုက်ရက်တွေ ဆက်နေကြောင်းပြော ပါတယ်။ အခုဆိုရင် မဂ္ဂဇင်း မျက်နှာဖုံး၊  Solo အင်္ကျီ (မဂ္ဂဇင်း)၊ ဗီစီဒီတွေ၊ ဓာတ်ပုံ တွေ ရိုက်ဖြစ်နေပါတယ်။ နောက်လထဲမှာတော့ နန်းခင်ဇေယျာနဲ့အတူ မန္တလေးက ပရိသတ်တွေနဲ့ မိတ်ဆက်ဖို့အတွက် Home Media က ပံ့ပိုးမှုနဲ့မန္တလေးကို သွား ဖြစ်ဖို့ရှိကြောင်း ပြောပါတယ်။           

ယွန်းလင်္ကာ


ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံ အတွက် ဆု၂ဆုနဲ့ Aisa New Star Model Award ပထမဆုနဲ့ KYEONG University Title Award ဆု တို့ကိုတစ်ပွေ့တစ်ပိုက်နဲ့သယ်ဆောင်လာတဲ့ ထွန်းကိုကိုက ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ Aisa New Star Model Contest ပြိုင်ပွဲကို ဝင်ရောက်ဖြစ် တာက Mr.Face of Myanmar ဆုရလို့ ပြိုင်ပွဲဝင်ဖြစ်တာပါလို့ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်း၌ မိုဘိုင်းကော်မတီ တစ်ခုကို တိုးချဲ့ဖွဲ့စည်းမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်း၌ မိုဘိုင်းကော်မတီတစ်ခုကို မကြာမီ ကာလအတွင်း ဖွဲ့စည်းသွားရန် အစီအစဉ် ရှိသည်ဟု သတင်းရရှိသည်။ အသင်းအတွင်း၌ Mobile, Hardware, Software & Training, Network & Security ဟူ၍ ကော်မတီလေးခု ဖွဲ့စည်းသွားမည် ဖြစ်သည့်အပြင် မတ်လ နည်းပညာ ပြပွဲ၌လည်း အဆိုပါဇုန် ၄ ခုကို သီးခြားခွဲ၍ ပြသသွားရန် စီစဉ်ထားရှိသည်ဟု သိရသည်။ လုပ်ငန်းရှင် အသင်းဝင်များ၌ မိုဘိုင်းနယ်ပယ်မှ စီးပွားရေးလုပ်ငန်းရှင်များ နည်းပါးနေသေးကြောင်း၊ အချို့သော မိုဘိုင်းစီးပွားရေး လုပ်ငန်းရှင်များသည် အသင်းဝင်ရန် စိတ်ပါဝင်စားခြင်း မရှိကြသည့်အတွက် နှိုးဆော်မှုများ ပြုလုပ်နေရကြောင်း သိရသည်။

အနုပညာတို့ ဝေစည်ရွှန်းစို တစ်ခါတုန်းကတက္ကသိုလ်



တစ်ချိန်က ရန်ကုန်တက္ကသိုလ်ကြီးသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးကြွေးကြော်သံဖြစ်ခဲ့သလို မြန်မာ့သမိုင်းဖြစ်စဉ်များထဲ၌  အထင်ကရပညာ့ဗိမာန်တစ်ခုလည်း ဖြစ်ခဲ့ပေသည်။ ကံကော်တော၊ အင်းလျားကန်၊ ဂျပ်ဆင်၊ သစ်ပုပ်ပင်အို၊ စိန်ပန်းပြာနှင့် တံတားဖြူ၊ အဓိပတိလမ်း စသည့် အမည်နာမသင်္ကေတတို့နှင့် ခေတ်အဆက်ဆက် အလှဆည်းဆာလှုပ်နှိုးရှင်သန်စေခဲ့သည့် နေရာလည်းဖြစ်ခဲ့ပေသည်။

သင့်ဖုန်းအား ခိုးယူသူ၏ ရုပ်ပုံကို ရိုက်ယူပေးမည့် Lookout လုံခြုံရေး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDKXhzLdPGpyy3oTH8Nm0j8WI7lY6TeRQCPwEbpiedT5mJxNC0FvzYFBfkbzqraUGgiGRf9v0zpF0wvD4y0pobl8VO1moIGWrKSwgBcTmCrQNZ5JUDM10-DjyYRqHYEOr6LnkqkrhdDZ8/s1600/android-app1.jpg



လုံခြုံရေး software ဖန်တီးသူများက ဖုန်းသူခိုးများကို ဖမ်းပေးနိုင်မည့် နည်းလမ်း တစ်ခုအား ၄င်းတို့၏ Lookout Android app တွင် ထည့်သွင်း ပေးလိုက်သည်။
၎င်းလုပ်ဆောင်ချက် အသစ်သည် သူစိမ်းတစ်ဦးက သင့်ဖုန်းအား unlock လုပ်ရန် ကြိုးစားမှု သုံးကြိမ် မအောင်မြင်လျှင် ဖုန်း၏ မျက်နှာပြင်ရိုက် ကင်မရာမှ အဆိုပါ သူစိမ်း၏ ပုံကို အလိုအလျှောက် ရိုက်ယူထားမည် ဖြစ်သည်။

အစိုးရဘဏ် အင်းစိန်ဘဏ်ခွဲမှာ သိန်း ၈၀ နှင့် ၈ သိန်း မှားရေတဲ့ ဘဏ်စာရေးတစ်ဦးရဲ့လုပ်ရပ်

*****သိန်း ၈၀ နှင့် ၈ သိန်း အလွဲ*****

မနေ့က အစိုးရဘဏ် အင်းစိန်ဘဏ်ခွဲမှာ ငွေသွားအပ်ဖြစ်တယ်။
သိန်း ၈၀
ရောက်သွားတော့ ပထမ စားပွဲက လူက ငွေကို လက်ခံ စက်နဲ့ ရေ စာအုပ်ထဲကို သွင်း နောက်တော့ အဲ ဘဏ်စာအုပ်ဟာ တစ်စားပွဲကနေ တစ်စားပွဲကို ကူး တုံးတွေထု နဲ့ နောက်ဆုံး ကိုယ့်ဆီပြန်ရောက်လာတော့ ကြည့်လိုက်တဲ့ အခါ 
၈ သိန်းပဲ ရေးထားတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ အဲဒါနဲ့ ချက်ချင်း တာဝန်ခံကို သွားပြောတော့ တာဝန်ခံက.............
"ဟာ ....ဒီဘဏ်စာအုပ်က သေနေပြီပဲ။ အသစ်လဲရမှာပေါ့။" တဲ့

"အဲဒါဆို ကျွန်တော့ကို ခင်ဗျားတို့ အစက ဘာလို့ မပြောသလဲ
နောက် ကျွန်တော် အပ်တာ (((သိန်း ၈၀))) ပဲ
ဘာလို့ (((၈ သိန်း)))ထဲ ရေးသလဲ
ဒါကို ကျွန်တော်က မကြည့်မိဘဲ အပြင်ထွက်ပြီးမှသာ သိရင် သွားပြီပေါ့။" လို့ ပြောလိုက်တော့
"ခင်ဗျား စာအုပ်ကြီးက သေနေတာပဲဟာ" တဲ့။

**သေနေတဲ့ စာအုပ်မှန်း ဘဏ်ဝန်ထမ်းတွေက မသိပဲ နေမတဲ့လား
**သိရင် ဘာလို့ သေနေတာကို အသိမပေးဘဲ ငွေတွေ ရေးသွင်းသလဲ
**သိန်း ၈၀ ရေးတာ သုည တစ်လုံး ကျန်ခဲ့ပါတယ် ဆိုရင်တောင် အင်္ဂလိပ်လို Eighty Lakhs လို့ ဘာလို့ မရေးသလဲ
** သိန်း ၈၀ နဲ့ ၈ သိန်းကြားက ကွာဟချက် ၇၂ သိန်းက ဘယ်ရောက်သွားမှာလဲ

မန်နေဂျာနဲ့ ဝင်တွေ့ပြီး အကျိုးအကြောင်း ပြောမလို့ လုပ်ပေမယ့် မန်နေဂျာက ဧည့်သည်တွေနဲ့ စကားပြောနေတာက တကြောင်း ကိုယ်ကလည်း အချိန် လောနေတာက တကြောင်းကြောင့် မတွေ့ဖြစ်ခဲ့ဘူး။

နောက်ဆုံး ကိုယ့်ပိုက်ဆံထုပ် ကိုယ်ပိုက်ပြီး ပုဂ္ဂလိက ဘဏ်ကို ချီတက်ခဲ့ပါတော့တယ်။

(ယောက်ျားလုပ်သူ၏ ကိုယ်တွေ့ အတွေ့အကြုံအား နောက်လူများ မခံရစေရန် တင်ပြခြင်းသာ ဖြစ်ပါသည်။ သတိ ရှိကြပါကုန်.........။)

‎မနေ့က အစိုးရဘဏ် အင်းစိန်ဘဏ်ခွဲမှာ ငွေသွားအပ်ဖြစ်တယ်။ သိန်း ၈၀ ရောက်သွားတော့ ပထမ စားပွဲ
က လူက ငွေကို လက်ခံ စက်နဲ့ ရေ စာအုပ်ထဲကို သွင်း နောက်တော့ အဲ ဘဏ်စာအုပ်ဟာ တစ်စားပွဲကနေ တစ်စားပွဲကို ကူး တုံးတွေထု နဲ့ နောက်ဆုံး ကိုယ့်ဆီပြန်ရောက်လာတော့ ကြည့်လိုက်တဲ့ အခါ ၈ သိန်းပဲ ရေး
ထားတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ အဲဒါနဲ့ ချက်ချင်း တာဝန်ခံကို သွားပြောတော့ တာဝန်ခံက.............
"ဟာ ....ဒီဘဏ်စာအုပ်က သေနေပြီပဲ။ အသစ်လဲရမှာပေါ့။" တဲ့

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယား ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်မည်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားသည် ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ကာ ထို့နောက် အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 မစ္စတာ ဘီဂျေနမ်ဘီးယားနှင့်အတူ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု 
ဝန်ကြီး ဦးခင်ရီတို့လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ 

ဓာတ်ပုံ- အောင်သူရ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားသည် ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ကာ ထို့နောက် အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မိုဘိုင်းဟန်းဆက်များကို တရားဝင် တင်သွင်းခွင့်ပြုနေပြီ

မိုဘိုင်းဟန်းဆက်များကို တရားဝင် တင်သွင်းခွင့်ပြုနေပြီဟုဆို

ဆက်သွယ်ရေး ပစ္စည်းစာရင်း၌ ပါဝင်သည့် မိုဘိုင်းဟန်းဆက်များကို ယခင်က ပုဂ္ဂလိကအနေဖြင့် တရားဝင် တင်သွင်းခွင့် မရှိခဲ့သော်လည်း ယခုအခါ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၏ ထောက်ခံချက်ပါရှိပါက တရားဝင်တင်သွင်းခွင့် ပေးအပ်နေပြီဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးဟိုတယ်လုပ်ငန်းအုပ်စုက မြန်မာတွင် ဟိုတယ်ဖွင့်ရန်စီစဉ်

ကမ္ဘာ့ဒုတိယအကြီးဆုံးဟိုတယ်လုပ်ငန်းအုပ်စုက မြန်မာတွင် ဟိုတယ်ဖွင့်ရန်စီစဉ်

ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းအုပ်စုဖြစ်သည့် Best Western International Inc. သည် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ၎င်းတို့၏ ပထမဆုံး ဟိုတယ်ကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

အချစ်ရေးကိစ္စ ဘာမှ မပြောတဲ့ ရဲတိုက်

အချစ်ရေးကိစ္စ ဘာမှ မပြောတဲ့ ရဲတိုက်

04 FEBRUARY 2013  | BY 8 DAYS

ရဲတိုက်ကို တချို့ကလည်း သရုပ်ဆောင် ကောင်းတယ်။ တချို့ ကလည်း မကြိုက်ဘူးဆိုတဲ့ အပေါ် မှာ ရဲတိုက်ကတော့ အမှန်တရား တစ်ခုအနေနဲ့ သတ်မှတ်ထားပါ သတဲ့။ အကယ်ဒမီပေးပွဲကို သူမ တက်ခဲ့တာကိုလည်း ပရိသတ်က သတိထားမိပြန်ပါတယ်။ တကယ် တော့ သူ နေမကောင်းလို့ပါတဲ့။ ခု ဆိုရင် သူက ထုတ်လုပ်ရေးအသစ် တစ်ခုနဲ့ စာချုပ် ချုပ်ပြီး ဇာတ်ကားများ ရိုက်ကူးလျက် ရှိပါတယ်။ MICT Park ထဲက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကွင်း တည်ထားတဲ့ ဧဒင်မြို့သူ များရိုက်ကွင်းမှာ ရဲတိုက်ကို မေးဖြစ် ခဲ့တာတွေက....
Q. ရဲတိုက် ခုရိုက်နေတဲ့ ဇာတ် ကားနာမည်က 
A. ဇာတ်ကားနာမည်က "ဧဒင် မြို့သူများ" ပါ။ အဲဒီထဲမှာ ကျွန်တော့် နာမည်က ရာဇူး ဆိုတဲ့ ကောင်လေး ဒါရိုက်တာက ကိုညိုမင်းလွင်ပါ။
Q. ရဲတိုက် “မမ မမ” တုန်းက လည်း အမျိုးသမီး ဇာတ်ဆောင်တွေ နဲ့ ရိုက်ခဲ့သေးတယ်နော်။ ဒီကားကရော ဘယ်လို ပုံစံမျိုးလဲ။ 
A. ကျွန်တော် “မမ မမ” ဆိုတဲ့ ဇာတ်ရုပ်ကို မမှတ်ထားဘူးဗျ။
Q. ဟိုတလောက ရဲတိုက်ကို သိပ်ဖမ်းရ ခက်တယ်လို့ ပြောကြတယ်။ 
A. အတောင်ပံ ပေါက်သွားလို့ ဖြစ်မှာပေါ့။
Q. ကား Accident ဖြစ်တာ ရော။ 
A. အဲဒါက ကျွန်တော့် ပေါ့ဆ မှုတစ်ခုကြောင့် Accident ဖြစ် သွားတယ်။ အဲဒီလို တစ်ခါတလေ ဖြစ်ပေးမှလည်း ဘ၀က သိတာကိုး။ အကောင်းဘက်ကနေပဲ တွေးပါတယ်။
Q. ရှုတင် မန်နေဂျာက ရဲတိုက် ခုတလော လိမ္မာနေတယ်လို့ ပြောတယ်။ အရင်က လူဆိုးလေးလား။ ဘယ်သူက ဆုံးမလိုက်လို့လဲ။ 
A. မဟုတ်ပါဘူး။ ကျွန်တော်က အမြဲ လိမ်မာပါတယ်။ ဘယ်သူမှလည်း မဆုံးမပါဘူး။
Q. အကယ်ဒမီ မမနဲ့ အချစ်ရေးဆိုတဲ့ သတင်းကရော နာမည် အတိအကျ ဘာကြောင့် မပြောတာလဲ။ 
A. ကျွန်တော် အဲဒီကိစ္စ ဘာမှ မပြောတော့ဘူးဗျ။
Q. ရဲတိုက်က စိတ်ဓာတ်ကျ လွယ်တဲ့သူလား။ 
A. မသိပါဘူးဗျာ။
Q. ခုထုတ်လုပ်ရေး အသစ်နဲ့ ဘာကြောင့် စာချုပ် ချုပ်ဖြစ်သွား တာလဲ။ 
A. တစ်ယောက် အဆင်ပြေအောင် တစ်ယောက်က လုပ်ပေးမယ် ဆိုတဲ့ စိတ်နဲ့ပဲ စာချုပ် ချုပ်ဖြစ်သွား တာပါ။ အဓိက စေတနာဘယ် လောက်ရှိလဲ ကြည့်ပြီး လက်ခံဖြစ် တယ်။ အဓိကပေးတဲ့ ဇာတ်ကား လေးတွေနဲ့ ပတ်သက်လို့ ကျွန်တော့် ပေါ်မှာ ဘယ်လို သဘောထားလဲ။ ဒါတွေက အရေးကြီးပါတယ်။
Q. ရဲတိုက် သရုပ်ဆောင်တာ နဲ့ပတ်သက်ပြီး မကြိုက်ဘူးဆိုတဲ့ အပေါ်မှာရော ရဲတိုက် ဘယ်လို သဘော ထားလဲ။ 
A. မကြိုက်တဲ့သူက သေချာ ပေါက်ရှိမှာပဲ။ ဒါက အမှန်တရားပဲလေ။
Q. ၂၀၁၂ မှာ ရဲတိုက် ဘယ် အထိ ခရီး ရောက်ခဲ့လဲ။
A. ကျွန်တော် အဲဒါမျိုး မသိပါ ဘူး။ ကျွန်တော့်ဘ၀မှာ Target ကို မရှိဘူး။
Q. ၂၀၁၃ မှာ ဘာတွေလုပ် မယ်ဆိုပြီး စဉ်းစားထားတာမျိုး ရှိလား။
A. တတ်နိုင်သမျှ အကောင်းဆုံး လုပ်သွားမယ်။
Q. ရဲတိုက်ရဲ့ ပရိသတ်ကို ပြောချင်တာက... 
A. ပရိသတ်ကြီးကို ကျွန်တော်က ချစ်ပါတယ်လို့။

မေသက်


Credit to : 8 DAYS
https://www.facebook.com/excellencemedia

ရဲတိုက်ကို တချို့ကလည်း သရုပ်ဆောင် ကောင်းတယ်။ တချို့ ကလည်း မကြိုက်ဘူးဆိုတဲ့ အပေါ် မှာ ရဲတိုက်ကတော့ အမှန်တရား တစ်ခုအနေနဲ့ သတ်မှတ်ထားပါ သတဲ့။ အကယ်ဒမီပေးပွဲကို သူမ တက်ခဲ့တာကိုလည်း ပရိသတ်က သတိထားမိပြန်ပါတယ်။ တကယ် တော့ သူ နေမကောင်းလို့ပါတဲ့။ ခု ဆိုရင် သူက ထုတ်လုပ်ရေးအသစ် တစ်ခုနဲ့ စာချုပ် ချုပ်ပြီး ဇာတ်ကားများ ရိုက်ကူးလျက် ရှိပါတယ်။ MICT Park ထဲက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကွင်း တည်ထားတဲ့ ဧဒင်မြို့သူ များရိုက်ကွင်းမှာ ရဲတိုက်ကို မေးဖြစ် ခဲ့တာတွေက....

Facebook အသုံးပြုသူများသတိပြုသင့်သည် အချက် ၁၀ချက်

ဖေ့စ်ဘွတ် ပေါ်တွင် မလုပ်ရ ၁၀ ချက်
=========================
Posted in facebook

ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။

၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority)

Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်း ဖြစ်ပါတယ်။ မိမိ လုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ် ကို ဖေ့စ်ဘွတ်နဲ့ တွဲမနေစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တွဲနေရင်လည်း Facebook မှာ မဖော်ပြမိစေဖို့ လိုအပ်ပါတယ်။ Facebook အကောင့်ကို လုံခြုံရေး လျော့နည်းစေသလို မိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။

၂။ profile နှစ်ခု ထားခြင်း

ပရိုဖိုင် နှစ်ခုနဲ့ အကောင့် နှစ်ခုထားတာမျိုး မလုပ်ရပါဘူး လို့ဆိုပါတယ်။ ဒါကို အနောက်နိုင်ငံက Facebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများ ရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebook ရဲ့ အခြား အစိတ်အပိုင်းများ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါခါ ဖုန်းနံပါတ် ထည့်မရလို့ အကောင့် ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် ယင်းထားတဲ့ အကောင့်ကု နောက်လူ တစ်ယောက်ပုံစံအနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက် အမြဲ အသင့်ရှိစေတဲ့ အကောင့်လိုပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။

ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ် အခြား တစ်မျိုးတင်တယ် ဆိုရင်တောင် Personal အရ အခြားလူ မြင်ရင်တောင် မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြုနိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Group ကို တစ်ဦးတည်း လုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။

၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊

နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Like ရင် iPhone အလကားပေးမယ်။ ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။

၎။ မက်လုံးပေးသော App များကို အသုံးပြုခြင်း

အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်။ ဒီမှာ User တစ်ယောက်က ယင်း app ကို click နှိပ်မိရင် အလိုအလျောက် သူ့သူငယ်ချင်းများထံ ဆက်လက် ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက် အကောင့်လုံခြုံရေး လျော့နည်းသွားပါတယ်။ အချို့ ကျတော့လည်း လူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့ တတ်ပြီး Like နှိပ်သူ Wall မှာ ဆက်တိုက် တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတုယ်။

၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင်

အချို့ က ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာလို အသုံးပြုတတ်ပါတယ်။ ဒါက မလုံခြုံတဲ့အပြင် လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။

၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း

မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ ကလည်း ဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ်။ ယင်း အချက်အလက်ကို ကြည့်ပြီးတော့ ဟက်ကာ များက အကောင့် ခိုးယူနိုင်ပါတယ်။

၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း

အသုံးပြုဖို့အတွက်ကိုပဲ Facebook က :) :D :P အစရှိသဖြင့် အရုပ်ကလေးများ (emoticons) တို့ကို ပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီး မကြာသေးမီကမှ Facebook အသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Comment တိုင်းမှာ ပေါပေါသီသီ အသုံးမပြုစေဖို့ အနောက်တိုင်းက User များက လက်ခံထားပါတယ်။ ယင်း လက္ခဏာများအား အလွန်အကျွံသုံးစွဲခြင်းဟာ တစ်ဖက်ရဲ့ တင်ပြချက်ကို မလေးစားရာ၊ အခြား ထင်မြင်စရာပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင်အသုံးပြုဖို့ဆိုပြီး အနောက်တိုင်းက user များက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင် Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။

၈။ ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း

ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အားလုံးကို Facebook ပေါ်မှာ တင်နေရင်တော့ အကောင့်တင်မကပဲ မိမိနဲ့ ပတ်ဝန်းကျင် လုံခြုံရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဓားပြတိုက်ဖို့အတွက် Facebook မှာ Status တင် လူစုတဲ့ ဖြစ်ရပ်ကြောင့်လည်း ထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။

၉။ သတိထားဖွယ် ကွန်းမင့်

ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa, haaaaaa, အစရှိသဖြင့် ဘယ်မှာမှ ရှာလို့မရတဲ့ စာတွေ၊ အက္ခရာ အကြီးနဲ့ ရေးတဲ့စာတွေ (WOW, AMAZING, WHO IS HE?) အစရှိသဖြင့်တို့ကို ရှောင်ကြဉ်ရေးသား ရပါတယ်။ Facebook ကအဲဒီလိုစာများနဲ့ ကွန်းမင့်ပေးရင် သူ့အလို အလျောက် လိုက်ဖြတ်ပါတယ်။ အဲဒီလို ပေးပါများရင်တော့ Facebook က သတိပေးစာ ရောက်လာတတ်ပြီး ကံမကောင်းရင် အကောင့် လော့ကျ သွားနိုင်ပါတယ်။

၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း

ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးမသုံး ဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။ အချို့ နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင် လုပ်ထးတာမျိုးတို့ ရှိပါတယ်။ ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလိုအလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။

အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
--
အောင်ခမ်း (TSJ team)

TechSpace Journal
Credit to : TechSpace Journal
https://www.facebook.com/excellencemedia

ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ေ
ကျာ်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။