Pages

Monday, February 4, 2013

နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်း တစ်ချို့ကို ဖျက်သိမ်းဖို့ ညွှန်ကြားထား

နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်း တစ်ချို့ကို ဖျက်သိမ်းဖို့ ညွှန်ကြားထား

နေပြည်တော် ဒက္ခိဏသီရိ၊ ဇဗ္မူသီရိ နဲ့ ဥတ္တရသီရိမြို့နယ် အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၃၀ ကျော် ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက နှုတ်မိန့်နဲ့ ညွှန်ကြားထားပြီး ငါးရက်အတွင်း မဖျက်သိမ်းတဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို သစ်တောဥပဒေ၊ လယ်ယာမြေ ဥပဒေတွေနဲ့ တရားစွဲသွားမယ်လို့ သိရပါတယ်။

တရားဝင်ဘုန်းကြီးကျောင်း ၅ ကျောင်းနဲ့ တရားမဝင်ဘုန်းကြီးကျောင်း ၂၆ ကျောင်းတို့ကို ဖျက်ပေးဖို့ အဲဒီကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က သစ်တောဌာန၊ လယ်/ဆည်ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးနဲ့ သံဃာ့နာယက အဖွဲ့တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြောဆိုတာဖြစ်တယ်လို့ ဆရာတော်တွေက မိန့်ပါတယ်။

အခု သက်ဆိုင်ရာ အာဏာပိုင်တွေက ဖယ်ရှားဖျက်သိမ်းခိုင်းနေတဲ့ ဇဗ္မူသီရိ၊ ဒက္ဒိဏသီရိနဲ့ ဥတ္တရသီရိမြို့နယ် အတွင်းက ဘုန်းတော်ကြီးကျောင်းတွေရဲ့ အနီးအနားမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တုန်းကလည်း  သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောနယ်မြေကျူးကျော်ဆိုပြီး ဘုန်းကြီးကျောင်းတစ်ချို့ကို  မီးရှို့ခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ဘုန်းတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ သိရပါတယ်။

နေပြည်တော် ဒက္ခိဏသီရိ၊ ဇဗ္မူသီရိ နဲ့ ဥတ္တရသီရိမြို့နယ် အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၃၀ ကျော် ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းပေးဖို့သက်ဆိုင်ရာအာဏာပိုင်တွေက နှုတ်မိန့်နဲ့ ညွှန်
ကြားထားပြီး ငါးရက်အတွင်း မဖျက်သိမ်းတဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို သစ်တောဥပဒေ၊ လယ်ယာမြေ ဥပဒေတွေနဲ့ တရားစွဲသွားမယ်လို့ သိရပါတယ်။

ကျပ်သိန်း ၉၀,၀၀၀ ခန့် လိမ်လည်ခဲ့ဟုဆိုကာ တရားစွဲခံရသူ ကျပ်သိန်း ၁,၀၀၀ ဖြင့် အာမခံရသွားတဲ့ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ကအမှု

“ကျပ်သိန်း ၉၀,၀၀၀ ခန့် လိမ်လည်ခဲ့ဟုဆိုကာ တရားစွဲခံရသူ ကျပ်သိန်း ၁,၀၀၀ ဖြင့် အာမခံရ”

စာရွက်စာတမ်း ပါမစ်အတုဖြင့် ငွေကျပ် သိန်းပေါင်း ၉၀,၀၀၀ ခန့်ကို လိမ်လည်ရယူခဲ့သည်ဆိုကာ
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၀/၄၆၈ အရ ဖမ်းဆီးတရားစွဲဆိုထားခြင်းခံရသော လမ်းမတော်မြို့နယ်၊
လမ်းမတော်လမ်း အမှတ် (၇၃) နေ ဒေါ်အေးအေးခိုင်၏ အာမခံလျှောက်ထားမှုကို ရန်ကုန်
အနောက်ပိုင်းခရိုင် တရားရုံးခရိုင်တရားသူကြီး ဦးစိုးလွင်၏ ရုံးက ကြားနာစစ်ဆေးပြီး ကျပ်သိန်း
၁,၀၀၀ တန် အာမခံသူနှစ်ဦးဖြင့် ခံဝန်ချုပ်က အချုပ်လွတ်ထုချေခွင့်ပြုရန် ဇန်န၀ါရီ ၁၁ ရက်နေ့က
အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ လ ၂၅ ရက်နေ့တွင် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်
ကွက်၊ ရွှေတောင်ကြားလမ်း၊ အမှတ် (၅၇-ဘီ) နေ ဒေါ်ကေခိုင်ထွန်း (၃၆ နှစ်) နေအိမ်၌ ရှိနေစဉ် 
ခင်မင်ရင်းနှီးသူ လမ်းမတော်မြို့နယ်နေ ဒေါ်အေးအေးခိုင် ရောက်ရှိလာပြီး မြ၀တီထရေးဒင်းလီမိ
တက်မှ ထုတ်လုပ်သော Red Ruby စီးကရက် သေတ္တာအလုံး ၄၀,၀၀၀ ကို ထုတ်ယူ ရောင်းချခွင့်
ရရှိပါက အကျိုးအမြတ် ၃၅ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ကြောင်း၊ စီးကရက်သေတ္တာလေးသောင်း
အတွက် ငွေကျပ်သိန်းပေါင်း ၉၀,၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ဒေါ်ကေခိုင်ထွန်း
က ဒေါ်အေးအေးခိုင် ထံမှ ယခင်ရရန်ရှိသော ငွေကျပ် သိန်းပေါင်း ၅၀,၀၀၀ ကို ခုနှိမ်၍ ငွေကျပ် 
သိန်းပေါင်း ၃၈,၆၀၀ ကို ထုတ်ပေးခဲ့ရာ ဒေါ်အေးအေးခိုင်က အမြတ်ငွေများကို ဖေဖော်ဝါရီ ၂၇ ရက်
နောက်ဆုံးထားပေးရန် ကတိပြုခဲ့သည်ဟုဆိုသည်။

ထိုသို့ ကတိပြုခဲ့ပြီးနောက် ဒေါ်အေးအေးခိုင်က ဒေါ်ကေခိုင်ထွန်းအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့
တွင် ငွေကျပ် သိန်းပေါင်း ၄,၂၀၀ တန်ဖိုးရှိ စက်သုံးဆီ ပါမစ်တစ်စောင်၊ ငွေကျပ် သိန်းပေါင်း ၄,၃၀၀
တန်ဖိုးရှိ Red Ruby စီးကရက် ပါမစ်နှစ်စောင်ကို ပေးအပ်ခဲ့သောကြောင့် ဒေါ်ကေခိုင်ထွန်းက စုံစမ်း
ရာ ၎င်းပါမစ်စာရွက်များမှာ အတုများဖြစ်ကြောင်း သိရသဖြင့် စာရွက်စာတမ်း အတုဖြင့် ငွေကျပ်
သိန်းပေါင်း ၉,၀၀၀ ခန့် ကို လိမ်လည်ရယူသွားသူ ဒေါ်အေးအေးခိုင်အား အရေးယူပေးရန် တိုင်ကြား
သဖြင့် ဗဟန်းရဲစခန်းက အမှုဖွင့် အရေးယူခဲ့သည်။

ဗဟန်းမြို့နယ်တရားရုံးသို့ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၄၂၀/၄၆၈ အရ တရားစွဲဆိုတင်ပို့၍
ဒေါ်အေးအေးခိုင် က အာမခံလျှောက်ထားရာ ၃၁-၁၁-၂၀၁၂ နေ့တွင် ပလပ်ခဲ့သည်။

ထိုသို့ ပလပ်ခဲ့ခြင်းကို မကျေနပ်၍ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးသို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး
ဥပဒေပုဒ်မ ၄၉၈ အရ ကျန်းမာရေးအကြောင်းပြချက်ဖြင့် အာမခံ ဆက်လက်လျှောက်ထားခဲ့ခြင်း
ဖြစ်သည်။

အနောက်ပိုင်းခရိုင်တရားရုံး၏ အမိန့်တွင် အချင်းဖြစ်အမှု၌ တိုင်ချက်ဖွင့်ပြီး နောက်နေ့မှာပင် တရားခံ
ကို ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းအမှုတွင် ပါဝင်သော တရားခံပြေး မင်းလွင်ကြည် နှင့်တော်စပ်ရုံဖြင့် ယခုတရားခံ
လည်း ထွက်ပြေးမည်ဟု တစ်ထစ်ချဆိုနိုင်မည် မဟုတ်ချေ။

လျှောက်ထားသူ ဒေါ်အေးအေးခိုင်အနေဖြင့် အခြားရုံး၌ အမှုများရှိမည်ဖြစ်သော်လည်း တရားရုံးက
အပြစ် မပေးသေးလျှင် အပြစ်ရှိသူဟု မယူဆနိုင်သဖြင့် အသက်မွေးမှုမကောင်းသူဟု ဆိုနိုင်မည်
မဟုတ်ချေဟု ပါရှိသည်။

အကျဉ်းဦးစီးဌာန ဆေးမှူးချုပ် ဒေါက်တာထွန်းလွင်၏ ဆေးစာ၌ "နာတာရှည်ရောဂါဖြစ်၍ အသက်
အန္တရာယ် ထိခိုက်နိုင်ပါသည်။ ပြင်ပတွင် အထူးကုဆရာဝန်များနှင့် စနစ်တကျ ဆက်လက်ကုသရန်
လိုအပ်ပါသည်" ဟူ၍ မှတ်ချက်ပြုထားသည်။

ဒေါက်တာ နန်းမြနုကလည်း "နှလုံးအထူးကုသမားတော်၊ အသည်းအထူးကုသမားတော်၊ ဦးနှောက်
နှင့် အာရုံကြော အထူးကုသမားတော်များနှင့် ဆက်လက်ကုသရန် လိုအပ်ပါသည်"ဟူ၍ မှတ်ချက်
ပြုထားသည်။

ပြင်ပတွင်ရှိသည့် အထူးကုများနှင့် ကုသရန် လိုအပ်သည်ဟု သဘောရသည်။

မူလရုံးက တရားလို၏ နစ်နာဆုံးရှုံးငွေများပြားသည်ဟု အဆိုရှိသော်လည်း ထိုအကြောင်းကြောင့်
လျှောက်ထားသူ ဘယ်လိုအခြေအနေရှိရှိ မဖြစ်မနေ ချုပ်ထားမည်ဆိုလျှင် သင့်တော်မည် မဟုတ်
ချေ။ ခိုင်လုံသောခံဝန်တင်နိုင်ရန် အထူးလိုအပ်သည်ဆိုခြင်းကိုမူ သဘောတူသည်။

သို့သော်လည်း စွပ်စွဲသည့် ငွေပမာဏအတိုင်း အတိအကျ ခံဝန် တောင်းခြင်းမှာလည်း ကြိုတင်၍ 
အပြစ်ရှိကြောင်း ဆိုလိုရာ ရောက်နိုင်သဖြင့် ရှောင်ရှားရန်ဖြစ်ပေသည်။

ထို့ကြောင့် မူလရုံးက လျှောက်ထားသူ ဒေါ်အေးအေးခိုင်အပေါ် အချုပ်လွတ် ထုချေခွင့် မပြုသည့်
အမိန့်ကို ပယ်ဖျက်လိုက်သည်။

လျှောက်ထားသူသည် ကျပ် သိန်း ၁,၀၀၀ တန် အာမခံသူနှစ်ဦးဖြင့် ခံဝန်ချုပ်က အချုပ်လွတ်ထုချေ
ခွင့်ပြုလိုက်သည်ဟု ခရိုင်တရားရုံး၏အမိန့် တွင် ဖော်ပြထားသည်။

The Irrawaddy (Burmese Version)

စာရွက်စာတမ်း ပါမစ်အတုဖြင့် ငွေကျပ် သိန်းပေါင်း ၉၀,၀၀၀ ခန့်ကို လိမ်လည်ရယူခဲ့သည်ဆိုကာ
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၀/၄၆၈ အရ ဖမ်းဆီးတရားစွဲဆိုထားခြင်းခံရသော လမ်းမတော်မြို့နယ်၊
လမ်းမတော်လမ်း အမှတ် (၇၃) နေ ဒေါ်အေးအေးခိုင်၏ အာမခံလျှောက်ထားမှုကို ရန်ကုန်
အနောက်ပိုင်းခရိုင် တရားရုံးခရိုင်တရားသူကြီး ဦးစိုးလွင်၏ ရုံးက ကြားနာစစ်ဆေးပြီး ကျပ်သိန်း
၁,၀၀၀ တန် အာမခံသူနှစ်ဦးဖြင့် ခံဝန်ချုပ်က အချုပ်လွတ်ထုချေခွင့်ပြုရန် ဇန်န၀ါရီ ၁၁ ရက်နေ့က
အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ယနေ့ ပြည်သူကြား ရေပန်းစားနေတဲ့ တနပ်စား မြင့်လှိုင်၊ ဖယောင်းတိုင် ကိုကိုလှိုင်၊ ကျေးဇူးရှင်ကိုကျေးဇူးဆပ်မယ့် ဦးအောင်မင်း တိုနဲ့ သူ့အတွေး သူ့အမြင်

“သူ့အတွေး သူ့အမြင်”

အဲဒါနဲ့ သူလည်း လူထုကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ 
“ဖယောင်းတိုင် ကိုကိုလှိုင်” ဆိုတာ ရှိသေးတယ်။ သမ္မတရဲ့ အကြံပေးက သမ္မတကို အကြံမပေးဘဲ လူတွေကို အကြံပေးတယ်။
ကမ္ဘာ့သမိုင်းမှာ အင်မတန် နာမည်ကြီးတဲ့ စကားတခွန်း ရှိပါတယ်။ “ပေါင်မုန့် မရှိရင် ကိတ်မုန့် စားနေကြပါလား” ဆိုသော စကားပါ။ ပြောတဲ့သူက လူဝီ ၁၆ ရဲ့ မိဖုရား မေရီအင် တွိုင်းနက်ပါ။ ဒီ ငယ်ငယ်ရွယ်ရွယ် ဘုရင်နဲ့ မိဖုရားက ဗာဆေး နန်းတော်မှာ ၀ိုင်တွေ ချောင်းစီးအောင် ညစာစားပွဲကြီးတွေ ကျင်းပ ပျော်ပါးနေကြတော့ နိုင်ငံက လူတွေ ဆင်းရဲငတ်မွတ် နေကြတာ မသိကြဘူး။
ပါရီက ပေါင်မုန့်တောင် စားစရာမရှိလို့ ငတ်နေတဲ့ လူတွေက နန်းတော်ရှေ့သွားပြီး ပေါင်မုန့် ပေးပါ လို့ အော်တော့ – မေရီက “ဒီလူတွေ ဘာဖြစ်နေတာလဲ၊ ပေါင်မုန့် မရှိရင်လည်း … ကိတ်မုန့် စားနေကြပါလား” လို့ ဆိုသတဲ့။ မစာနာတတ်ပုံများ။ နောက်ဆုံး တော်လှန်ရေး သမားတွေက ဒီလိုစကားတွေ မပြောနိုင်အောင် လျှာဖြတ်ပစ်ရင် ရရဲ့သားနဲ့ (သူ့ခေါင်းထဲက အတွေး အခေါ်တွေပါ မလိုချင်ဘူး ထင်ပါရဲ့) ခေါင်းဖြတ် ပစ်လိုက်ကြတယ်။

၂၁ ရာစု အ၀င် မြန်မာ ဒီမိုကရေစီ နိုင်ငံတော်မှာလည်း ဒီလို မေရီအင်တွိုင်းနက် လက်သစ်တွေရဲ့ လေသံမျိုးတွေ ကြားရ တော့ လူတွေ အံ့အားသင့်ကုန်တယ်။ တိုင်းပြည်ကို တိုးတက်အောင် ပြုပြင်ချင်တဲ့ သမ္မတကြီး၊ ပြည်သူတွေကို “မိဘ ပြည်သူများ” လို့လေးစားရိုသေတဲ့ သမ္မတကြီး၊ သူ့ အစိုးရကို ကောင်းစေချင်လွန်းလို့ “သန့်ရှင်းသော အစိုးရ” လို့ မကြာခဏ အမည်တပ် တတ်တဲ့ သမ္မတကြီး။ အဲဒီလို သမ္မတကြီးရဲ့ ခေတ်မှာ ဒီလို စကားသံတွေ ကြားရတာကတော့ နားလည်ရ ခက်အောင် ဖြစ်ရပါတယ်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၈၊ ဓနုဖြူမြို့နယ် လယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင်က “လယ်သမားတွေ သူတို့ တင်နေတဲ့ (အစိုးရကို ပေးစရာရှိတဲ့) အကြွေးတွေကို ကျေအောင် ထမင်း တနပ်လျှော့ စားကြ” ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူက အကြံကောင်း ဆက်ပေးတယ်။ “နေ့တိုင်း ဥပုသ်စောင့်ကြပေါ့၊ ဒါဆို ညစာလည်း စားဖို့ မလိုဘူး။ အကြွေးလည်းကျေ၊ ကုသိုလ်လည်းရပေါ့ (အမယ် … ဖြဲခြောက် လိုက်သေးတယ်) အကြွေး မကျေရင် သံသရာမှာ သံသရာကြွေးပါပြီး ကျွန်ဖြစ်နေဦးမယ်” တဲ့။

အဲဒါနဲ့ သူလည်း လူထုကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ “ဖယောင်းတိုင် ကိုကိုလှိုင်” ဆိုတာ ရှိသေးတယ်။ သမ္မတရဲ့ အကြံပေးက သမ္မတကို အကြံမပေးဘဲ လူတွေကို အကြံပေးတယ်။ “လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” တဲ့။ မဆလ ခေတ်ကလည်း လူတွေ စားဝတ်နေရေး အကျပ်အတည်း တွေ့တော့ လွှတ်တော် အမတ်တဦးက အကြံပေးတယ်။ သူကတော့ “မနက်စာ မစားကြနဲ့” တဲ့။ သူတို့ဆို လွှတ်တော်တက် နေရင် မနက်စာ ထမင်း မစားဘူးတဲ့။ ဘာစားသလဲ မေးတော့ … ပလာတာနဲ့ ကြက်သားဟင်းပဲ စားတယ် တဲ့။ ငစိန်ဆန်နဲ့ ငပိရည်တောင် မစားနိုင်တဲ့ သူတွေကို မညှာမတာ ပြောပုံသာ ကြည့်တော့။ ဒီတုန်းက မဆလ ခေတ် လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော်တက်တဲ့ စရိတ်ကောင်းကောင်း ရကြတယ်။

ဒီနေ့ခေတ် လွှတ်တော် အမတ်တွေလည်း တရက် ငွေ ၁ သောင်းကျပ် ရကြတယ်။ တရက်ငွေ ၁ သောင်းနဲ့ မလောက်ဘူး ပြောလို့ ၁ သောင်းခွဲ တိုးပေးထားရပါတယ်။ ဒါတောင် လွှတ်တော် အမတ် တယောက်က “တိုင်းပြည်ကို ချစ်လွန်းလို့ အလုပ်လုပ်နေတာ၊ လွှတ်တော် ရှိရင် သူ့အတွက် စရိတ်က တနေ့ကို လေးသိန်းခွဲလောက် ကုန်တယ်” တဲ့။ (ကုန်မှာပေါ့ … မိသားစုပါ ခေါ်လာပြီး ဟိုတယ်မှာ တည်းကြ၊ စားသောက် နေကြတာကိုး) လွှတ်တော် အမတ်ကြီးတွေ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ဖြစ်နေမှတော့ … သတိဉာဏ်ပညာကို “ချွန်း” လုပ်ပြီး ထိန်းထိန်းသိမ်းသိမ်း ဆင်ဆင်ခြင်ခြင် စကားပြောဆိုသင့် ကြတယ်လို့ ထင်တယ် ခင်ဗျ။ အခုတော့ အရပ်ရပ် နေပြည်တော် ကြားလို့ မတော်တဲ့ စကားတွေ သူတို့မို့ ပြောတတ်တယ် လို့ ချီးမွမ်းရမလားပဲ။ သို့သော် “စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုသလို၊ ဖုံးရအခက် ဖိရအခက် ဖြစ်ကြ ရရင်လည်း မကောင်းဘူး ခင်ဗျ။ စေတနာနဲ့ ပြောရတာပါ။ ကျနော်က ဘာပါတီ အဖွဲ့အစည်း ကျောထောက်နောက်ခံမှ မရှိတဲ့ တကောင်ကြွက်ပါ။

စီမံကိန်းများနှင့် ဘဏ္ဍာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌက မကြာခင်က ပြောကြားရာမှာ မြန်မာပြည်မှာ လူ ၁၀၀ မှာ ၂၆ ဦးက ဆင်းရဲတဲ့ လူတွေတဲ့။ အလုပ်လက်မဲ့က လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ရှိတယ် တဲ့။ အများစုက ဆင်းရဲသားတွေရဲ့ အရေးကို အလေးအနက် ထားကြစေချင်ပါတယ်။

ဟောဗျ။ မကြာခင်ကပဲ ဒုဝန်ကြီး တဦး (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန) က ပြောလိုက်ပြန်တယ်။ ထားဝယ် စီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် ပြည်သူ့စစ်ဖွဲ့ရမယ် တဲ့။ ရန်သူတွေ ပေါ်နေပြီ တဲ့။ သူပြောတဲ့ ရန်သူဆိုတာက ဒေသခံတွေ ထိခိုက်နစ်နာမှု မရှိအောင် ကြားက ကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဘက် ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ တဲ့။ ကောင်းရော။ သမ္မတကြီးက တိုင်းပြည်ထူထောင်ရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အရေးပါပုံကို ကောင်းကောင်း သဘောပေါက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ချစ်ကြည် ရင်းနှီးမှုရဖို့ ဆောင်ရွက်နေတုန်း … ဒီလို စကား ပြောလိုက်တာဟာ လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်မယ်ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။ ထစ်ကနဲရှိ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ် ဆိုတဲ့ စိတ်ဓာတ်တွေ ကို စစ်အုပ်ချုပ်ရေးလွန် ခေတ်ထဲ ရောက်တဲ့အထိ သယ်ဆောင်လာဖို့ မကောင်းပါဘူး။ ဦးနေ၀င်းရဲ့ “တပ်ကတော့ မိုးပေါ် ထောင်မပစ်ဘူး။ တည့်တည့် ပစ်မှာ။ နောက် ဆူချင် ပူချင်တဲ့သူတွေ မသက်သာဘူး မှတ် ” ဆိုတဲ့ ၈၈ အကြို လမ်းညွှန်ချက်ကိုပဲ နားထဲ စွဲနေကြသလား မသိဘူး။

ရက်ပိုင်းအတွင်းမှာပဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ကချင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေးရာမှာ စစ်သွေး စစ်မာန် အပြည့်နဲ့ “ရွှေလက်နဲ့ ခေါ်တုန်း လာပါ။ ကျည်ဆံ (Bullet) လွှတ်လိုက်တာ မလိုချင်ပါနဲ့” လို့ ခြိမ်းခြောက် သလိုလို ပြောတဲ့အတွက် ငြိမ်းချမ်းရေး လိုလားသူတွေ အကြားမှာ ပွက်လောရိုက်သွားပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်မှာ ကတည်းက သူက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ၀န်ကြီး ဦးအောင်မင်းကို “ကချင်ကို ဘယ်အတိုင်းအတာအထိ သည်းခံနေမှာလဲ” လို့ မေးခဲ့ပါတယ်။ တဆက်တည်း “ရန်ကုန်ကို တက်သိမ်းမှ ကချင်ကို ပြတ်ပြတ်သားသား လုပ်မှာလား” လို့ မေးခဲ့တယ်။

သူက ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကို အကြံပေးခဲ့တာကတော့ “ကချင်ပြည်နယ်ကို နေဗီဆေးလ်တွေ လွှတ်သင့်တယ်” တဲ့။ “အိုဘားမားဟာ အိုစမာဘင်လာဒင်နဲ့ မညှိနှိုင်းဘူး၊ နေဗီဆေးလ်တွေ လွှတ်ပြီး သတ်ပစ်လိုက်တာပဲ။ ဒါနဲ့ အိုဘားမား လည်း နိုဗဲလ်ယ်ဆု ရခဲ့တာပဲ” တဲ့။ အာရှမှာ အလေးထားရမယ့် စစ်ပွဲဆိုပြီး၊ သီရိလင်္ကာမှာ အလေးထားရမယ့် စစ်ပွဲဆိုပြီး သီရိလင်္ကာမှာ တမီလ် ကျားသူပုန်တွေကို အမြစ်ပြတ် ချေမှုန်းလိုက်တာကိုလည်း ထုတ်ပြသွားပါတယ်။ ငြိမ်းချမ်းရေး ရဖို့ အမြောက်နဲ့ ပစ်ရတယ်တဲ့။

ကြောက်ခမန်း လိလိ၊ အသည်းယားဖွယ် စကားတွေပါပဲ။ ဒါတွေ စိတ်ထဲမှာ ရှိတယ် ထားဦး၊ ထုတ်ဖော်ပြောတဲ့ အထိ ရောက်ရတာကတော့ ကြီးမားတဲ့ အမှားအယွင်းလို့ ထင်ပါတယ်။ ကြမ်းကျွံရင် နုတ်လို့ ရပေမယ့် စကားကျွံရင် အနုတ်ရ ခက်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း အခက်အခဲ တွေ့စေ နိုင်ပါတယ်။ တဦးက ပြောသေးတယ်။ “ဂျက်တိုက်လေယာဉ်တွေ ၀ယ်ထားတာ ဗုံးကြဲဖို့ပေါ့” တဲ့။ ပြောတဲ့ ပုဂ္ဂိုလ်တွေက တိုင်းပြည်က အာရုံစိုက်ခံနေရတဲ့၊ နေရာရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လက်ဘက်ရည်ဆိုင်မှာ ပြောဆိုသလို လွတ်လွတ်လပ်လပ် ပြောတယ် ဆိုပြီး လက်လွတ်စံပယ် သဘောမထား သင့်ပါဘူး။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီကတော့ ဘာလင်က ခပ်စုတ်စုတ် ဘီယာ ဆိုင်တွေထဲမှာ “ဟစ်တလာ” ဆိုတဲ့ ငနဲဟာ ဒီလို စကားတွေ ပြောပြီး လက်ခုပ်သံတွေ စုဆောင်းခဲ့ဖူးပါတယ်။ သူ … နောက်ဆုံး ဘာတွေ ဖြစ်ခဲ့သလဲ။ ကျနော်တို့ အားလုံး အသိပဲ။

ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေး ခရီးလမ်းမှာ နိုင်ငံတော် သမ္မတကြီး ခမျာ … ဒီမိုး  … ဒီလေ … ဒီလူတွေနဲ့ … ဘယ်လို ခရီးသွားမလဲဆိုတာ အင်မတန် စိတ်ဝင်စားစရာ ဖြစ်နေပါတော့တယ် ခင်ဗျား။     ။
The Irrawaddy (Burmese Version)

အဲဒါနဲ့ သူလည်း လူထုကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ “ဖယောင်းတိုင် ကိုကို
လှိုင်”ဆိုတာရှိသေးတယ်။သမ္မတရဲ့ အကြံပေးကသမ္မတကိုအကြံမပေးဘဲလူတွေကို အကြံပေးတယ်။ကမ္ဘာ့
သမိုင်းမှာ အင်မတန် နာမည်ကြီးတဲ့ စကားတခွန်း ရှိပါတယ်။ “ပေါင်မုန့် မရှိရင် ကိတ်မုန့် စားနေကြပါလား” 
ဆိုသော စကားပါ။ ပြောတဲ့သူက လူဝီ ၁၆ ရဲ့ မိဖုရား မေရီအင် တွိုင်းနက်ပါ။ ဒီ ငယ်ငယ်ရွယ်ရွယ် ဘုရင်နဲ့ မိဖုရားက ဗာဆေး နန်းတော်မှာ ၀ိုင်တွေ ချောင်းစီးအောင် ညစာစားပွဲကြီးတွေ ကျင်းပ ပျော်ပါးနေကြတော့
နိုင်ငံက လူတွေ ဆင်းရဲငတ်မွတ် နေကြတာ မသိကြဘူး။

ကမာရွတ်မြို့နယ် လှိုင်မြစ်ကမ်းမှာ ရပ်နားထားတဲ့ စစ်တပ်ပိုင် မြ၀တီ ထရေးဒင်း ကုမ္ပဏီရဲ့ ဆီတင်သင်္ဘောပေါ်မီးလောင် (သတင်းနှင့် ဓာတ်ပုံ)

ဆီတင်သင်္ဘော မီးလောင် သေဆုံးမှုရှိ 

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှိုင်မြစ်ကမ်းမှာ ရပ်နားထားတဲ့ စစ်တပ်ပိုင် မြ၀တီ ထရေးဒင်း ကုမ္ပဏီရဲ့ ဆီတင်သင်္ဘောပေါ်မှာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက မီးလောင်ပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ ၄ ဦးသေဆုံးမှုရှိတယ်လို့  စုံစမ်းသိရပါတယ်။ 

အဲဒီ ဆီတင်သဘောင်္ပေါက်ကွဲမှုဟာ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ဖြစ်ပွားတာဖြစ်ပြီး  ဒီကနေ့ ညနေ ၅ နာရီမှာ စတင်ပေါက်ကွဲ လောင်ကျွမ်းခဲ့တာပါ။

ပေါက်ကွဲသံဟာ ကျယ်လောင်လွန်းတာကြောင့် အနီးအနားက ရန်ကုန်မြို့ဒေသခံတွေအကြား အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ ဆီတင်သဘောင်္ပေါ်မှာ တန်ချိန်ဘယ်လောက် တင်ဆောင်ထားသလဲနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ RFA က ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှိုင်မြစ်ကမ်းမှာ ရပ်နားထားတဲ့ စစ်တပ်ပိုင် မြ၀တီ ထရေးဒင်း ကုမ္ပဏီရဲ့ ဆီတင်သင်္ဘောပေါ်မှာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက မီးလောင်ပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ ၄ ဦးသေဆုံးမှုရှိတယ်လို့ စုံစမ်းသိရပါတယ်။

ကြွေးကျန်များ ပြည်သူ့အခွန်အတုတ်နှင့် မဆပ်ဟု ဝန်ကြီးများ ပြောဆို

ကြွေးကျန်များ ပြည်သူ့အခွန်အတုတ်နှင့် မဆပ်ဟု ဝန်ကြီးများ ပြောဆို
မေစစ်ပိုင်

ပေးရန် ကျန်ရှိနေသော နိုင်ငံခြား ကြွေးမြီများကို ပြည်သူများထံမှ ကောက်ခံရသည့် အခွန်ငွေများဖြင့် ဆပ်မည်မဟုတ်ဟု  တနင်္ဂနွေနေ့တွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့က ပြောဆိုလိုက်သည်။


နေပြည်တော် စက်မှုဝန်ကြီးဌာန ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက  နိုင်ငံတိုင်းတွင်  အကြွေးရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အကြွေးရှိခြင်းသည် "ပြောပလောက်စရာ မဟုတ်" ဟု ဆိုပြီး ဆက်သွယ်ရေးလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၊ သဘာဝဓါတ်ငွေ့တူးဖော်ရေး လုပ်ငန်းများ စသည့် ကဏ္ဏများမှ ရရှိသည့် ငွေကြေးများဖြင့်ပင် ပေးဆပ်နိုင်သည့် အခြေအနေရှိနေသည်ဟု ဆိုသည်။


ယင်းတွေ့ဆုံပွဲတွင် ဇန်နဝါရီလကုန်ပိုင်း  ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် မြီရှင်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကလည်း ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ပါရီကလပ်ဟုခေါ်သော မြီရှင်နိုင်ငံများအပေါ် မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉.၆၄၈ ဘီလီယံ ရှိသည့်အနက် ၅.၉၉၂ ဘီလီယံနီးပါးကို လျှော်ပေးခဲ့ပြီး ကျန်ဆပ်ရန်ရှိသည်မှာ ၃.၆၅၆ ဘီလီယံ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ဆပ်ရန်ကြွေးမြီမှာ အများဆုံးဖြစ်ပြီး ၃.၃ ဘီလီယံ ဖြစ်ကြောင်း ဆိုသည်။

“တရုတ် ကိုပေးရမှာက ၈၈ နောက်ပိုင်း ချေးငွေဖြစ်တာကြောင့် လောလောဆယ်တော့ ဆပ်ဖို့ အချိန်မကျသေးဘူး၊ လိုသေးတယ်” ဟု ဦးဝင်းရှိန်က ပြောသည်။

ဦးဝင်းရှိန်က ၁၉၈၈ခုနှစ် မတိုင်မီနှင့် ၈၈ နောက်ပိုင်းတွင် မြန်မာနိုင်ငံက ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ဟုဆိုကာ ကြွေးများယူထားခဲ့ခြင်းဖြစ်ပြီး အဆိုပါနှစ်များအတွင်းက မဆပ်နိုင်ခဲ့သည့်အတွက် အတိုးပေါ်အတိုးဆင့်ကာ ကြွေးမြီပမာဏ များလာခဲ့ကြောင်း၊ ယခုအခါ ၁၉၈၈ မတိုင်မီတင်ထားသော ကြွေးမြီများကို ပြန်ဆပ်နိုင်ခဲ့သောကြောင့် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ပါရီကလပ် မြီရှင်နိုင်ငံများက ပြန်ဆပ်ခဲ့သော ကြွေးမြီပမာဏကို ကြွေးသစ်အဖြစ် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်းလည်း ဆိုသည်။ 

ဦးဝင်းရှိန်၏ အဆို "တခါတည်း ပြန်ထည့်ပေးလိုက်"သော အဆိုပါ ချေးငွေသစ်များကို "ပြည်သူ့အကျိုးပြု လုပ်ငန်းများ"တွင် ထည့်ဝင် သုံးစွဲရန် ရှိကြောင်း သိရသော်လည်း အသေးစိတ် မည်သို့ သုံးစွဲမည်ကို မရှင်းလင်းနိုင်သေးပေ။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြောကြားသော သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတွင်မူ "ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ ဆေးရုံတွေ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်" ဟု လမ်းညွှန်ပြောဆိုထားသည်ကို တွေ့ရသည်။

ကြွေးမြီများအား မည်သို့ပြန်ဆပ်မည်ကို တွက်ချက်ဆဲ ဖြစ်ပြီး နိုင်ငံ့ရှေ့ရေး အလားအလာကောင်းနေသောကြောင့် ကျန်ရှိ ကြွေးဟောင်းနှင့် ကြွေးသစ်များကို ဆပ်နိုင်သည့် အင်အားရှိသည်ဟုလည်း ဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ကြွေးဆပ်ရန် ငွေကို မည်သည့်နည်းဖြင့် ရှာမည်နည်းဟု မေးမြန်းရာ “အစိုးရဌာနတွေမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေက ရတဲ့ ငွေတွေနဲ့ ဆပ်မှာပါ၊ လူထုကို အခွန်တိုးပြီး ကောက်တာမျိုး လုံးဝ မလုပ်ပါဘူး” ဟု ဦးဝင်းရှိန်က ဖြေဆိုသည်။

ထို့ပြင် ပြည်ပချေးငွေများကို ဆပ်ရန် ပမာဏအလိုက်ကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမည်ဖြစ်ပြီး လွှတ်တော်က ခွင့်ပြုသည့် အနေအထားကို လိုက်၍ နှစ်အလိုက် ဆပ်သွားမည်ဟုလည်း ဆိုသည်။

“နောက်တခါ ကြွေးနွံထဲမကျအောင်လုပ်ရမှာပေါ့၊ သိလည်း သိပြီးပြီဆိုတော့ ချေးငွေယူမယ်ဆိုရင် သက်သာတဲ့ နည်းလမ်းနဲ့ ရနိုင်မလားတွေးပြီး ပြန်ရနိုင်မယ့် လုပ်ငန်းတွေမှာပဲ သုံးစွဲသွားဖို့ စဉ်းစားတယ်”ဟု ဦးဝင်းရှိန်က ပြောကြားသွားသည်။

ပေးရန် ကျန်ရှိနေသော နိုင်ငံခြား ကြွေးမြီများကို ပြည်သူများထံမှ ကောက်ခံရသည့် အခွန်ငွေများဖြင့် ဆပ်မည်မဟုတ်ဟု တနင်္ဂနွေနေ့တွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့က ပြောဆိုလိုက်သည်။

ရခိုင်လူမျိုးများ ဒေါသထွက်နေသည့် “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” ဆောင်းပါး ကို ပညာရေး ဒုဝန်ကြီးတစ်ဦး ရေးသည် ဟု Hot News တာဝန်ရှိသူတစ်ဦးက ပြောကြား

ရခိုင်လူမျိုးများ ဒေါသထွက်နေသည့် “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” ဆောင်းပါး ကို ပညာရေး ဒုဝန်ကြီးတစ်ဦး ရေးသည် ဟု Hot News တာဝန်ရှိသူတစ်ဦးက ပြောသည် ဟု ဆို

By Thaung Kywre

စစ်တွေ ၊ ၀၄ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

“ရခိုင်မိန်းကလေး အများအပြားမှာ ခေါ်တောမယားများ ဖြစ်ကုန်ကြပါသည်” ဟူ၍ ရေးသားထားသည့် ဇွန်န၀ါရီလ (၂၄) ရက်နေ့ ထုတ် Hot News ဂျာနယ်ပါ “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” ဆောင်းပါးရှင် ပစ်တိုင်းထောင် မှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးတစ်ဦးဖြစ်သည် ဟု Hot News ဂျာနယ်တိုက်မှ တာဝန်ရှိသူတစ်ဦးက စုံစမ်းမေးမြန်းသူ ရခိုင်လူမျိုးတစ်ဦးအား ပြောကြားလိုက်သည် ဟု သိရသည်။ 

ဗိုလ်ကြီးအဆင့်ဖြင့် ရခိုင်ပြည်နယ်တွင် လည်းကောင်း၊ ၁၉၈၉-ခုနှစ်တွင် အရှေ့မြောက်ဒေသတွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း၊ ၁၉၈၉-ခုနှစ်တွင် န၀တရုံးတွင် လည်းကောင်း တာဝန်ထမ်းဆောင်ဖူးသူ ဟု ဆိုသူ ဆောင်းပါးရှင် ပစ်တိုင်းထောင် ၏ ဆောင်းပါးတွင် အဓိကရည်ရွယ်ရင်းမှာ မြန်မာအမျိုးသား အမျိုးသမီးငယ်များ အနေဖြင့် မိမိတို့လူမျိုးကို ထိန်းသိမ်းစောင့်ရှောက်ကြပါရန် တိုက်တွန်းသည့်သဘော ဖြစ်ပုံရသော်ငြားလည်း၊ ဆောင်းပါးတစ်နေရာတွင် ဆောင်းပါးရှင်နှင့် ယှဉ်ဖက်တိုက်ခိုက်ခဲ့ရသူ ရခိုင်ပြည်နယ်အတွင်းရှိ ကွန်မြူနစ်များက ရခိုင်သူများကို ခေါ်တောကုလားများ ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့သောကြောင့် “ရခိုင်မိန်းကလေး အများအပြားမှာ ခေါ်တောမယားများ ဖြစ်ကုန်ကြပါသည်” ဟု ၄င်း က ရေးသားထားသည်။

ပညာရေးဝန်ကြီးဌာနကို ဦးဆောင်နေသော ပြည်ထောင်စု ဒုဝန်ကြီး သုံးဦးအနက် ဒေါက်တာမျိုးမြင့် နှင့် ဒေါက်တော ဘရွှေ တို့မှာ ပညာရေး အသိုင်းအ၀ိုင်းမှ လာသူများ ဖြစ်ကြပြီး ဒုဝန်ကြီး ဦးအေးကြူမှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည် ဟု သိရသည်။ 

ထိုဂျာနယ် ဆောင်းပါး ပျံ့နှံ့ ရောက်ရှိသွားရာ စစ်တွေ ၊ ကျောက်တော် ၊ ရသေ့တောင်အစရှိသော ရခိုင်ပြည်တွင်း မြို့နယ်အသီးသီး မှ စာဖတ် ပရိတ်သတ်များကလည်း အဆိုပါ ဖော်ပြချက် နှင့် ပတ်သက်၍ ဆောင်းပါးရှင် နှင့်တကွ Hot News ဂျာနယ်ကို ဒေါသထွက်မိကြကြောင်း Coral Arakan အား ပြောကြား ကြသည်။ 

ဆောင်းပါးပါ ဖော်ပြချက် များနှင့် ပတ်သက်ပြီး ရန်ကုန် ရခိုင် အမျိုးသမီး အသင်း၏ စာနယ်ဇင်း ရှင်းလင်းပွဲ ကို ဖေဖော်ဝါရီ ၂ရက်နေ့က ပြုလုပ်ခဲ့ပြီး၊ အဆိုပါ ဆောင်းပါးသည် ရခိုင် အမျိုးသမီးထု ၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေသည် ဟု ရခိုင် အမျိုးသမီး အသင်း ဥက္ကဋ္ဌ ဒေါ် စောခင်တင့် က ကန့်ကွက်ပြောကြားခဲ့သည်။

ဆောင်းပါးတွင် ဖော်ပြသကဲ့သို့ ရခိုင်အမျိုးသမီး အများအပြား ခေါ်တော ကုလားများ ၏ မယားများ ဖြစ်ခဲ့ကြသည် ဆိုသည့်အချက်မှာ ရခိုင်ပြည်နယ်၏ ပကတိအခြေအနေ နှင့် လုံးဝ ဆန့်ကျင်ကြောင်း ၄င်း က ပြောကြားခဲ့သည်။ 

“ရခိုင် အမျိုးသမီး အများအပြား မယားဖြစ်ဖို့ မပြောနဲ့ လက်တစ်ဖက် ကို လက်ချိုးရေ ရင်တောင် မပြည့် ပါဘူး။ ဆောင်းပါးမှာ ပါသလို လက်ထပ်တယ် ဆိုတာ လုံးဝ မရှိပါဘူး။ သူတို့နဲ့ လက်ထပ်ဖို့ ဘယ်မိသားစုက မှလည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဒေါ်စောခင်တင့်က ပြောကြားကြောင်း ပြည်မအခြေစိုက် မီဒီယာတစ်ခုက ဖော်ပြ သည်။  

တပ်မတော်အရာရှိသင်တန်း OTS-65 ကျောင်းဆင်း အငြိမ်းစားဗိုလ်မှူး တစ်ဦးဖြစ်သူ ဟု သိရသော ဒုဝန်ကြီး ဦးအေးကြူ မှာ ဆောင်းပါးရှင် ပစ်တိုင်းထောင် ဟုတ်မဟုတ်ကို Coral Arakan က ကာယကံရှင်အား ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

ဆောင်းပါးကြောင့် ဖြစ်ပေါ်ရသော ထိခိုက် နစ်နာမှု များနှင့် ပတ်သက်၍ Hot News ဂျာနယ်တွင် တရားဝင် တောင်းပန်မှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ဂျာနယ်မှ အယ်ဒီတာ တစ်ဦး ဖြစ်သူ ဦးကျော်စိန်က ပြောသည် ဟု လည်း ကြားသိရသည်။

ထိုဆောင်းပါး၏ ဓါတ်ပုံတွင် ဖော်ပြထားသော ရခိုင်တိုင်းရင်းသားရိုးရာဝတ်စုံ ဆင်မြန်းထားသည့် အမျိုးသမီးငယ်နှစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းအောင်ကလည်း၊ ထိုကဲ့သို့ အထင်အမြင်လွဲမှားမှုကို ဖြစ်စေသော ဓါတ်ပုံဖော်ပြမှုအတွက် Hot News ဂျာနယ်တိုက် အနေဖြင့် တောင်းပန်ပေးရမည် ဟု တောင်းဆိုထားသည်။
 
Hot News အပတ်စဉ်ထုတ်ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက် သော  ဒေါ်ဟေမာ (ခေါ်) မမ မှာ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးဖြစ်သည်။

( Coral Arakan News အတွက် သောင်းကြွယ် က ရေးသားသည်။)

===============

ဓါတ်ပုံများ

ဝဲဘက်အစွန် - ပြဿနာ ဆောင်းပါး၏ ဖြတ်ပိုင်းပုံ။
အလယ် - ဆောင်းပါးရှင် ပစ်တိုင်းထောင် အဖြစ် သံသယဖြစ်ခြင်းခံရသူ ပညာရေး ဒုဝန်ကြီး ဦးအေးကြူ
ယာစွန် - Hot News ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဟေမာ (ခေါ်) မမ

စ်တွေ ၊ ၀၄ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News 

“ရခိုင်မိန်းကလေး အများအပြားမှာ ခေါ်တောမယားများ ဖြစ်ကုန်ကြပါသည်” ဟူ၍ ရေးသားထားသည့် ဇန်

န၀ါရီလ (၂၄) ရက်နေ့ ထုတ် Hot News ဂျာနယ်ပါ “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” ဆောင်းပါးရှင် ပစ်တိုင်း
ထောင် မှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးတစ်ဦးဖြစ်သည် ဟု Hot News ဂျာနယ်တိုက်မှ တာဝန်ရှိသူတစ်ဦးက စုံစမ်းမေးမြန်းသူ ရခိုင်လူမျိုးတစ်ဦးအား ပြောကြားလိုက်သည် ဟု သိရသည်။

ပင်လယ်ပြင်တွင်ငါးဖမ်းနေသောအပြစ်မဲ့ရိုဟင်ဂျာများကိုဖမ်းဆီး

ပင်လယ်ပြင်တွင်ငါးဖမ်းနေသောအပြစ်မဲ့ရိုဟင်ဂျာများကိုဖမ်းဆီး
Monday, February 04, 2013

စစ်တွေ ။ ။ စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ တွင်နေထိုင်သော ဦးဟူဆောင်းအာမတ် (ဘ) ဦးဘိုရှီးရ် အာမတ်ပိုင် ဆိုင်သောငါးဖမ်း စက်လှေသည် ဖေဖော်ဝါရီလ (၂) ရက်နေ့ညနေ ၄ နာရီခန့်အချိန်တွင် စစ်တွေမြို့နှင့် မနီးမဝေးတွင် တည်ရှိသော Oyster မီးပြတိုက်ကျွန်းအနီးပိုက်ချငါးဖမ်းနေစဉ် ရခိုင် စက် လှေတစ်စီး ကပ်လာခဲ့သည်။ ထိုသို့ ကပ်လာသဖြင့် ရန်ပြုမည်ကို စိုးရိမ်၍ ထွက်သွားရန်ပြင်နေစဉ် ရခိုင် စက်လှေပေါ် မှသေနတ်ပစ် သံကြားရသဖြင့် စက်လှေအား ရပ်တန့်ခဲ့သည်။ ထို့နောက် ရခိုင် စက်လှေကပ် လာပြီး စက်လှေပေါ်တွင်လိုက်ပါလာသော ရခိုင်များနှင့်အမြောက်တပ်မှစစ်သား (၁၀) ဦးခန့်တို့သည် ဦးဟူဆောင်းအာမတ်၏ စက်လှေပေါ်သို့ တက်လာခဲ့ပြီး ရခိုင်စက်လှေ အားပြန်သွား ရန် အမိန့်ပေးခဲ့သည်။ 

ဦးဟူဆောင်းအာမတ်၏ စက်လှေနှင့် မနီးမဝေးတွင် ပိုက်ချ ငါးဖမ်းနေသော အခြားမွတ်စလင် ပိုင်စက်လှေ တစ် စီးသို့ စစ်သားများက သိမ်းပိုက်လိုက်သော ဦးဟူဆောင်းအာမတ်၏ စက်လှေဖြင့် သွားရောက်၍ ထို စက်လှေပေါ်ရှိ ငါးများနှင့် စက်လှေ မှတ်ပုံတင်စာအုပ်ကို သိမ်းယူကာချထားသော ပိုက်ကိုဆွဲတင်ရန် အမိန့် ပေးခဲ့သည်။ စက်လှေသမားများက ပိုက်ဆွဲတင်ရန် အဆင်ပြေမည် မဟုတ်သေးကြောင်းပြောသော အခါ စစ်သားများကနောက်တစ်နေ့နံနက်အချိန်တွင် အဆိုပါပိုက်ကိုတင်ပြီး သူတို့၏ Oyster စခန်းကိုလိုက် လာခဲ့ကြရန်မှာကြားပြီး ဦးဟူဆောင်းအာမတ်၏ စက်လှေနှင့် စက်လှေပေါ်ရှိလူများအားလုံးကို Oyster စခန်း သို့ခေါ်ဆောင်သွားကြောင်းသိရပါသည်။ 

စခန်းသို့ခေါ်ဆောင်သွားသော စက်လှေနှင့် စက်လှေပေါ်တွင် ရှိနေခဲ့သော သူများနှင့် ပတ်သက်၍ ယခုအ ချိန် ထိ သတင်း တစ်စုံတစ်ရာ စုံစမ်း၍ မရရှိသေးပါ။ ၎င်းတို့၏ မိသားစုများနှင့်ဆွေမျိုးသားချင်း များက အ လွန် တရာစိုးရိမ်၍ ပူပင်သော ကရောက်နေကြ ရသည်။ 

ဦးဟူဆောင်းအာမတ်၏ စက်လှေကို လွန်ခဲ့သောဇန်န၀ါရီလ (၁၅) ရက်နေ့တွင်လည်း အာဏာပိုင်များမှ ခြိမ်းခြောက်၍ စက်လှေပေါ်ရှိပစ္စည်းများအားလုံးကိုလုယက်ခဲ့ပြီးယခုအခါဒုတိယအကြိမ်ဖမ်းဆီးခေါ် ဆောင် သွားခြင်းဖြစ်သည်။


Monday, February 04, 2013

စစ်တွေ ။ ။ စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ တွင်နေထိုင်သော ဦးဟူဆောင်းအာမတ် (ဘ) ဦးဘိုရှီးရ် အာမတ်ပိုင် ဆိုင်သောငါးဖမ်း စက်လှေသည် ဖေဖော်ဝါရီလ (၂) ရက်နေ့ညနေ ၄ နာရီခန့်အချိန်တွင် စစ်တွေမြို့နှင့် မနီးမဝေးတွင် တည်ရှိသော Oyster မီးပြတိုက်ကျွန်းအနီးပိုက်ချငါးဖမ်းနေစဉ် ရခိုင် စက် လှေတစ်စီး ကပ်လာခဲ့သည်။

လှိုင်မြစ်အတွင်း ဆီတင်စက်လှေ မီလောင်းကျွမ်းမှုကြောင့် လူ ၄ ဦးသေဆုံး



ဖေဖော်ဝါရီလ(၄)ရက် ညနေ(၅း၀၀)နာရီခန့်တွင် လှိုင်မြို့နယ် ၄ ရက်ကွက်အတွင်းရှိ ရွှေဇင်ယော်ဟိန်း ငါး
တင်ငါးချဆိပ်ကမ်းအနီး မြ၀တီစက်သုံးဆီဖြန့်ဖြူးရေးလုပ်ငန်းမှ လှိုင်မြစ်အတွင်းဆီတင်စက်လှေနှစ်စင်း မီး
လာင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်သူတွေ ရမည်းသင်းမြို့ကို ရောက်ရှိ

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ လိုင်ဇာမြို့အထိ ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်နေတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေ ဟာ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ဒီကနေ့မှာတော့ ရမည်းသင်းမြို့ကို ရောက်ရှိကြပြီး လမ်းခရီးမှာ ပူးပေါင်းလမ်းလျှောက်တဲ့လူဦးရေ ထပ်တိုးလာတယ် လို့ သိရပါတယ်။

မြန်မာအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ့နှင့်ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဆွေးနွေးရေးအဖွဲ့တို့ဆွေးနွေး မူ့ အပြီး ထုတ်ပြန်ေ သာကြေငြာချက်အပြည့်အစုံ

ပူးတွဲကြေညာချက်

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဌ၊ ပြည်ထောင်စု
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး
အဖွဲ့(KIO) ဆွေးနွေးရေးအဖွဲ့တို့သည် ၂၀၁၃ ခုနှစ်၊ ဖေဖဖေါ်ဝါရီလ ၄ ရက်နေ့ (၀၉၀၀)
အချိန်တွင် တရုတ်ပြည်သ့သူ မ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင် တေ့ဆွုံ
ဆွေးနွေးခဲ့ပြီး (၁၆၁၅) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

ကျောက်စိမ်းတွင်း တနိုင်တပိုင် လုပ်သူတွေကို လုပ်ကွက်ကနေ ပြောင်းခိုင်း

ကျောက်စိမ်းတွင်း တနိုင်တပိုင် လုပ်သူတွေကို လုပ်ကွက်ကနေ ပြောင်းခိုင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ ကျောက်စိမ်း လုပ်ကွက်တွေမှာ ကျောက်စိမ်းနဲ့ရွှေ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်နေကြသူတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်တွေက အတင်းပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီလို ပြောင်းရွှေ့ခိုင်းနေတာကြောင့် အခုရက်ပိုင်းအတွင်း တနိုင်တပိုင် အလုပ်လုပ်ကြသူ ဦးရေ ၆ သောင်းနီးပါး ပြောင်းရွှေ့သွားကြပြီးပြီလို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း ဒေသတစ်ခုလုံးမှာ ဒေသခံတွေ အပါအဝင် မြန်မာပြည်အနှံ့က ကျောက်နဲ့ ရွှေ တူးဖော်လုပ်ကိုင်နေကြသူ စုစုပေါင်း လူဦးရေ တစ်သိန်းဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြောင်းရွှေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ လက်ရှိလုံးခင်းတဝိုက်မှာ အထူးသဖြင့် ရွှေ့ပြောင်းခိုင်းတယ်၊ တဲတွေ တော်တော်များများကတော့ ပြောင်းသွားကြပါပြီ၊ တချို့နေရာတွေမှာကျတော့ တဲတွေဖျက်ပြီးမှ ပြောင်းခိုင်းတယ်"

ဒါ့အပြင် ကျောက်စိမ်းတွင်း လုပ်ကွက်တွေထဲမှာ လုံခြုံရေးအင်အားတွေ သိသိသာသာ တိုးမြှင့်ချထားတာတွေလည်း တွေ့နေရတယ်လို့ သိရပါတယ်။

ဖါးကန့် ကျောက်စိမ်းတွင်းတွေမှာ ကင်းလှည့်နေတဲ့ လှုပ်ရှားတပ်တွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်နေသူတွေ တူးဖော်ရရှိတဲ့ ကျောက်တွေအပါအဝင် ကျောက်တူးဖော်တဲ့ ပစ္စည်းကိရိယာတွေကိုပါ လုံခြုံရေးတာဝန်ကို အကြောင်းပြပြီး နေ့စဉ်ရက်ဆက်ဆိုသလို သိမ်းယူတာတွေလည်း ရှိနေတယ်လို့ ကျောက်တူးဖေါ်သူတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ ကျောက်စိမ်း လုပ်ကွက်တွေမှာ ကျောက်စိမ်းနဲ့ရွှေ တစ်နိုင်
တစ်ပိုင် တူးဖော်လုပ်ကိုင်နေကြသူတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်
တွက အတင်းပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံ ရှိ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံ ရှိ

Monday, 04 February 2013 13:02

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မြန်မာနိုင်ငံရှိ မိသားစုများသို့ ပြန်ပို့ငွေ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် ကျွမ်းကျင်လုပ်သားများသည် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်အတွင်း ပြန်လာကြလိမ့်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်၏ သုတေသန စာတမ်းတစ်စောင်ကို ကိုးကားပြီး The Nation သတင်းစာ၌ ဖော်ပြခဲ့သည်။

ချူလာလောင်ကွန်း တက္ကသိုလ်၏ အာရှလေ့လာရေး ဌာနမှ စာတမ်းအရ မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဝက်ခန့်သည် တစ်လလျှင် ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ကြား ရရှိကြကြောင်း သိရသည်။

၃၀ ရာခိုင်နှုန်းခန့်သည် တစ်လလျှင် ဘတ် ၁၀၀၀၀ ကျော်ရရှိကြောင်းနှင့် အခြား ၂၀ ရာခိုင်နှုန်းသည် တစ်လလျှင် ဘတ် ၅၀၀၀ အောက် ရရှိကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများသည် ထိုင်းနိုင်ငံ တတ်ခရိုင်၊ စမုစခွန်နှင့် ဘန်ကောက်တို့တွင် အများစု အလုပ်လုပ်ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သန်းခန့်သည် တရားဝင်ခွင့်ပြုချက်ဖြင့် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ၎င်းတို့၏ နှစ်စဉ်ပြန်ပို့ငွေသည် ဘတ်
၇ ဒသမ ၄ ဘီလျံ မှ ၃၇ ဘီလျံကြား (တစ်ဘတ်လျှင် ကျပ် ၃၀) ရှိကြောင်း သိရသည်။

အဆိုပါတွက်ချက်မှုတွင် တရားမ၀င် ရွှေ့ပြောင်းလုပ်သား နှစ်သန်းခန့်ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိဘဲ တရားမ၀င်ရွှေ့ပြောင်း လုပ်သားများ၏ ၀င်ငွေကိုပါ ထည့်သွင်းတွက်ချက်မည် ဆိုပါက မြန်မာနိုင်ငံသို့ ပြန်ပို့ငွေမှာ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံ ကျော်မည်ဖြစ်ကြောင်း အာရှလေ့လာရေး ဌာနမှ သုတေသီ premjai wangsiripaisarn က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် ကျွမ်းကျင်လုပ်သားများသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်အတွင်း ပြန်လာကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ခရီးသွား၊ ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှု ကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား အချို့သည် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်မှ ငါးနှစ်အတွင်း ပြန်ကြလိမ့်မည် ဖြစ်ကြောင်း ထိုင်းသုတေသန ဖွံ့ဖြိုးရေး အင်စတီကျု၏ အလုပ်သမားသုတေသန ညွှန်ကြားရေးမှူး yongyuth chalemwong က ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ ရှိနိုင်ပြီး ယင်းမှာ ထိုင်းစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းခန့် နည်းပါးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်ရန်အတွက် ကျွမ်းကျင်လုပ်သားများ အများအပြား လိုအပ်နေပြီး ယင်းသည် ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများအပေါ် နောက်ထပ် ၁၀ နှစ်ခန့် မှီခိုရမည်ဆိုသည့် ခန့်မှန်းချက်နှင့် တိုက်ဆိုင်နေသည်။


Credit to : Eleven Media Group
https://www.facebook.com/excellencemedia

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မြန်မာနိုင်ငံရှိ မိသားစုများသို့ ပြန်ပို့ငွေ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် ကျွမ်းကျင်လုပ်
သားများသည် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်အတွင်း ပြန်လာကြလိမ့်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ချူလာ
လာင်ကွန်း တက္ကသိုလ်၏ သုတေသန စာတမ်းတစ်စောင်ကို ကိုးကားပြီး The Nation သတင်းစာ၌ ဖော်ပြခဲ့
သည်။

"ပြည်ပကပညာရှင်တွေနဲ့ တီးဝိုင်းတစ်ခုထပ်ဖွဲ့လိုက်ပြန်တဲ့ ကျားပေါက်"


"ပြည်ပကပညာရှင်တွေနဲ့ တီးဝိုင်းတစ်ခုထပ်ဖွဲ့လိုက်ပြန်တဲ့ ကျားပေါက်"

Big Bag  အဖွဲ့မှ ကျားပေါက် က Big Bag တီးဝိုင်းအပြင် Blood Sugar Politik  ဆိုတဲ့ဝိုင်းကိုပါ ဝိုင်းခွဲတစ်ခုအဖြစ်ဖန်တီးခဲ့ပြီး အခု  Lucid ဆိုတဲ့တီးဝိုင်းနဲ့ပါထပ်မံတီးခတ်နေပြီလို့ဆိုပါတယ်။ အဲဒီတီးဝိုင်း ဖွဲ့ ရခြင်းအကြောင်းကိုကျားပေါက်က

” အီတလီက Vocal သမားရယ်၊  အင်္ဂလိပ်က ဒရမ်သမားရယ်၊ ကျွန်တော်ရယ်၊ Bass သမားရဲဇော်မျိုးရယ်ပေါင်းပြီးတော့ တစ်ဝိုင်းလုပ်နေ သေးတယ်။ အဲဒီနှစ်ယောက်စလုံးက Blood Sugar Politik နဲ့ဆက်စပ်ပြီး  သိကြတာ။  သူတို့နှစ်ယောက်ကလည်း Band လုပ်ချင်တယ်ဆိုတာနဲ့ ကျွန်တော်လည်း ဝင်တီးဖြစ်တာ”လို့ ဆိုပါတယ်။ အခုလို တီးဝိုင်းတွေအများကြီးနဲ့ တီးဖြစ်နေတာ ဘာကြောင့်လဲဆို တော့ “ဘာရယ်ကြောင့်မှမဟုတ်ဘူး။ Music ပဲ။ ကျွန်တော်လုပ်နေကျ မဟုတ်တဲ့ Music ကိုတွဲလုပ်ဖို့က Challenge ပေါ့ဗျာ။ အဲဒါကိုကြိုက်တယ်။  Blood Sugar  ဆိုလည်း အဲဒီလိုပဲစမ်းလုပ်ကြည့်တာပဲ။ ကိုယ်လုပ်ချင်တာကို ပေါင်းလုပ်ရမယ်ဆိုရင် ဘယ်သူနဲ့ ဖြစ်ဖြစ်လုပ်ဖြစ်တယ်။ ဂျေမီနဲ့လည်း ပေါင်းလုပ်ထားသေးတယ်။  အခု Lucid ဆိုလည်း သူတို့ကို အစကတည်းက ပြောထားတယ်။ ငါလည်းဝင်ရေးမယ်၊ အတီးသမားသက်သက်ဆိုရင်တော့ မလုပ်ချင်ဘူး။ ငါရေးတဲ့စာသားတွေကော မင်းတို့ဆိုမလားဆိုတော့ သူတို့က လည်း Welcome ပဲ။ ကျွန်တော် အတိုင်းအတာတစ်ခုထိ ဝင်ပတ်သက်လို့ရလို့လုပ်တာ။ ဇွန်၊ ဇူလိုင် လောက်မှာ အခွေထွက်ဖို့လုပ်နေတယ်” လို့ကျားပေါက်က ပြောပါတယ်။ ကျားပေါက်လုပ်နေတဲ့  တီးဝိုင်းတွေကလည်းများတာကြောင့်၊  ပုံစံချင်းလည်းမတူတာကြောင့် ဒီသုံးဝိုင်း အတွက် တစ်မျိုးနဲ့ တစ်မျိုးမတူအောင် ဘယ်လိုအချိန်ပေးဖြစ်လဲဆိုတော့

 ”ကျွန်တော့်အတွက် Music လုပ်နေရတာ မပင်ပန်းဘူး။ Music  မဟုတ်တာတွေ လုပ်နေရတာ ပိုပင်ပန်းတယ်။ ကျွန်တော့်အိမ်ကို  Musician တွေ ဝင်ထွက်သွားလာပြီး Musicလုပ်နေတာကို သဘောကျတယ်”လို့ ကျား ပေါက်ကပြောပါတယ်။ ကျားပေါက် အနေနဲ့ အားလုံးအတွက် ပန့်ခ်စီးရီးနဲ့စတင်ခဲ့ပြီး ဖြတ်သန်းခဲ့တဲ့တစ် လျှောက်မှာလည်း တစ်မျိုးနဲ့တစ်မျိုး မတူအောင်လုပ်ဆောင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အခု နောက်ပိုင်း ရှိုးပွဲတွေမှာလည်း တူရိယာ ပစ္စည်းအမျိုးမျိုးနဲ့ တီးခတ်ကာ ပရိသတ်ကို ဖျော်ဖြေနေတာတွေ့ရတာကြောင့်  အခုလို တစ်မျိုးပြီးတစ်မျိုးဆန်းသစ်အောင် ဆက်တိုက်ပြုလုပ်နေခြင်းကကော ဘယ်လိုကြောင့်လဲဆိုတော့” ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားတာပါ။ ကိုယ်တိုင်က အဲဒီလို အသစ် အသစ်တွေလျှောက်စမ်းနေမှလည်း ပျော်မယ်လေ။ အရင်ဆုံးတော့ လုပ် ကြည့်တာပဲ။ ပရိသတ်တွေအတွက် စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ဆက်လုပ်တယ်။ အားပေးတာ၊မပေးတာထက် သူတို့အတွက် တအားစိတ်အနှောင့်အယှက်  မဖြစ်နိုင်ဘူးဆိုရင်ဆက်လုပ်တယ်” လို့ ကျားပေါက်က ပြောပါတယ်။ကျားပေါက်တို့ Big Bag ရဲ့နောက်ဆုံးထွက် ရှိထားတဲ့ 1.11အခွေရဲ့ MTV
ကိုတော့၂ဝ၁၃ထဲမှာထွက်ဖြစ် အောင်လုပ်မယ်လို့လည်း သိရပါတယ်။

ရဲရဲ

Big Bag အဖွဲ့မှကျားပေါက်ကBig Bagတီးဝိုင်းအပြင် Blood Sugar Politik ဆိုတဲ့ဝိုင်းကိုပါ ဝိုင်းခွဲတစ်ခုအဖြစ်
ဖန်တီးခဲ့ပြီး အခု Lucid ဆိုတဲ့တီးဝိုင်းနဲ့ပါထပ်မံတီးခတ်နေပြီလို့ဆိုပါတယ်။ အဲဒီတီးဝိုင်း ဖွဲ့ ရခြင်းအကြောင်း
ကိုကျားပေါက်က

မကွေးတိုင်းဒေသကြီးက ပိတောက်ပင်ကျေးရွာအနီးကရေနံမှော်မှာ တနင်္ဂနွေနေ့နေ့လည် ၃ နာရီက မီးလောင်မှုဖြစ်ပွားပြီး ရေနံမှော် လုပ်သား တဦးသေဆုံး

မကွေးတိုင်းဒေသကြီးသရက်မြို့နယ်အတွင်းက ပိတောက်ပင်ကျေးရွာအနီးကရေနံမှော်မှာ တနင်္ဂနွေနေ့နေ့လည် ၃ နာရီက မီးလောင်ရာမှာ ရေနံမှော် လုပ်သား တဦးသေဆုံးပြီး ၆ ယောက် ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်၊ မီးလောင်သေဆုံးသူကတော့ အသက် ၂၂ အရွယ် မောင်အောင်မျိုးသူ ဖြစ်ပြီး၊

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် မိုးသည်းထန်မှုကြောင့် နေအိမ်များပျက်စီး

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် မိုးသည်းထန်မှုကြောင့် နေအိမ်များပျက်စီး

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ညက မိုးသည်းထန်ပြီး ကြီးမားတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် နေအိမ်တွေ အတော်များများ ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကနေ မိုးစရွာတာ အရွယ်အစားကြီးတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် အုတ်ကျွတ်မိုးတဲ့အိမ်တွေရော၊ သွပ်မိုးအိမ်တွေပါ ခေါင်မိုးတွေ ပေါက်ထွက်ပြီး အိမ်ခြေတော်တော်များများ ပျက်စီးသွားတယ်လို့ ကတ်တောဝ်ကျေးရွာက ရွာသားတဦးက ပြောပါတယ်။

“မနေ့ညက မိုးရွာတော့ တဒုတ်ဒုတ်အသံတွေပါ ကြားရတယ်။ အစကတော့ အိမ်ကိုခဲနဲ့ အပေါက်ခံရတယ် ထင်နေတာ၊ နောက်တော့ မိုးသီးတွေ ဖြစ်နေတယ်။ တအားကြီးတာပဲ၊ ဒီလောက်ကြီးနဲ့ မိုးသီးမျိုး တခါမှမတွေ့ဖူးဘူး၊ ပန်းသီးလောက်ကြီးတာလည်း ရှိတယ်။ အာလူးလောက်ကြီးတာလည်း ရှိတယ်။ မိုးသီးကျတာက ၁၅ မိနစ်လောက်ပဲ ကြာမယ် ထင်တယ်။ ဒါပေမယ့် ကျနော်တို့ရွာမှာ အိမ်ခြေ ၃၀ လောက် ခေါင်မိုး ပေါက်ကုန်တယ်။”

မိုးကြီးတာကြောင့် လူကို ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် အိမ်တွေပြန်ပြင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေ လာကြည့်တာ မရှိသေးပေမယ့် ကျိုင်းတုံမြို့ ရှမ်းလူငယ်အဖွဲ့တော့ ရွာမှာ ရောက်နေတယ်လို့ ရွာသားက ပြောပါတယ်။

ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းခမ်းကျောဝ်ကတော့ လောလောဆယ် ကွင်းဆင်း စစ်ဆေးနေတုန်းဘဲမို့ ပျက်စီးတဲ့အိမ်ခြေ အတိအကျမသိနိုင်သေးဘူးလို့ ခုလိုပြောပါတယ်။

“ဒီမှာကျတော့ အုပ်စုလိုက်က ၄ အုပ်စုလောက် ရှိတော့ ရွာပေါင်း ၅၀ ကျော် ၆၀ ပါဝင်သွားတယ်။ ကျေးရွာအုပ်စု ၄ စု နာမည်က ကတ်ထိုင်အုပ်စု၊ ၀ပ်ဆောင်းအုပ်စု၊ ကတ်တောင်ဝ်အုပ်စုနဲ့ ပင်းထောင်းအုပ်စု။ ကျနော်ရောက်နေတဲ့ ကတ်ထိုင်ရွာကတော့ အများစုတော့ အမိုးမကျန်တော့တာဖြစ်တယ်။ သွပ်တောင်ပေါက်သွားတယ်။ အိမ်ခြေ ၁၂၃ အိမ် ရှိတယ်။ အိမ်ခြေ ၃၀ ကျော်ကျော်လောက် ပျက်သွားတယ်။”

ကျိုင်းတုံမှာ ကြီးမားတဲ့မိုးသီးတွေ ကျတာ ဒါပထမဆုံးအကြိမ်ဘဲလို့ စိုင်းခမ်းကျောဝ်က ဆက်ပြောပါတယ်။

Photo courtesy: http://www.facebook.com/saisaiwoon.ffxero/posts/288122204647432

Myanmar Online News

ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၃ရက်နေ့ညက မိုးသည်းထန်ပြီး ကြီးမားတဲ့မိုးသီး
တွေပါ ကျလာတဲ့အတွက် နေအိမ်တွေ အတော်များများ ပျက်စီးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကနေ မိုးစရွာတာ အရွယ်အစားကြီးတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် အုတ်ကျွတ်မိုးတဲ့
အိမ်တွေရော၊ သွပ်မိုးအိမ်တွေပါ ခေါင်မိုးတွေ ပေါက်ထွက်ပြီး အိမ်ခြေတော်တော်များများ ပျက်စီးသွားတယ်
လို့ ကတ်တောဝ်ကျေးရွာက ရွာသားတဦးက ပြောပါတယ်။

ATR72-600 အမျိုးအစား လေယာဉ် သစ်အား ပြင်သစ် နိုင်ငံ ATR Company မှ AIR KBZ လေကြောင်း လိုင်းသို့ လွှဲပြောင်းယူခြင်း အခမ်းအနား ကျင်းပ

ATR72-600 အမျိုးအစား လေယာဉ် သစ်အား ပြင်သစ် နိုင်ငံ ATR Company မှ AIR KBZ လေကြောင်း လိုင်းသို့ လွှဲပြောင်းယူခြင်း အခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၉ ရက်၌ ပြင်သစ် နိုင်ငံ Toulouse မြို့ရှိ ATR Manufacturing အလုပ်ရုံတွင် AIR KBZ လေကြောင်း လိုင်းမှ ဝယ်ယူ ထားသော ATR72-600 အမျိုးအစား လေယာဉ်သစ် နှစ် စင်း အနက် ပထမ တစ်စင်းအား ပြင်သစ်နိုင်ငံ ATR Company မှ AIR KBZ လေကြောင်း လိုင်းသို့ လွှဲပြောင်း ယူသည့် အခမ်းအနားကို ကျင်းပခဲ့ရာ အခမ်း အနားသို့ ATR Company မှ EO Mr.Filippo Bagnato နှင့် တာဝန် ရှိသူများ၊ AIR KBZ လေကြောင်း လိုင်းမှ ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းနှင့် တာဝန် ရှိသူများ တက်ရောက် ခဲ့ကြောင်း ပြင်သစ် နိုင်ငံမှ ပေးပို့ ထားသော သတင်းများ အရ သိရှိရသည်။

ယခု လွှဲပြောင်း လက်ခံခဲ့သော ATR 72-600 လေယာဉ် သစ်မှာ ဝယ်ယူ ထားသော ATR 72-600 လေယာဉ် နှစ်စင်း အနက် ပထမ တစ်စင်းဖြစ်ပြီး ATR Company ၏ CEO က အရှေ့တောင် အာရှဒေသတွင် ပထမ ဦးဆုံး ဝယ်ယူခဲ့သည့် လေယာဉ် အမျိုးအစား ဖြစ်ကြောင်း ပြောကြားခဲ့သည်။

AIR KBZ လေကြောင်း လိုင်းမှ လက်ရှိတွင် ATR72-500 အမျိုးအစား လေယာဉ် လေးစင်းဖြင့် ရန်ကုန်၊ မန္တ လေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ကလေး၊ မြစ်ကြီးနား၊ သံတွဲနှင့် စစ်တွေမြို့ များသို့ ပျံသန်းပြေး ဆွဲပေးလျက် ရှိပြီး အသစ် ဝယ်ယူထားသော ATR72-600 အမျိုး အစား လေယာဉ်သစ် နှစ်စင်း ထပ်မံ ရောက်ရှိလာပါက စုစုပေါင်း လေ ယာဉ် ခြောက်စင်းဖြင့် လက်ရှိ ပျံသန်း ပြေးဆွဲလျက် ရှိသည့် မြို့ကြီးများ အပြင် နေပြည်တော်၊ ဗန်းမော်၊ ပူတာအို၊ ကျောက်ဖြူ၊ မုံရွာနှင့် ဟုမ္မလင်း မြို့များသို့ တိုးချဲ့ ပျံသန်း ပြေးဆွဲ ပေးသွား မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

http://bit.ly/11AvDmk


Credit to : မြ၀တီ
https://www.facebook.com/excellencemedia

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၉ ရက်၌ ပြင်သစ် နိုင်ငံ Toulouse မြို့ရှိ ATR Manufacturing အလုပ်ရုံတွင် AIR KBZ
လကြောင်း လိုင်းမှ ဝယ်ယူ ထားသော ATR72-600 အမျိုးအစား လေယာဉ်သစ် နှစ်စင်းအနက် ပထမ တစ်
စင်းအား ပြင်သစ်နိုင်ငံ ATR Company မှ AIR KBZ လေကြောင်း လိုင်းသို့ လွှဲပြောင်းယူသည့်အခမ်းအနား
ကိုကျင်းပခဲ့ရာ

နှစ်ဖက် ဖောက်မြင်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း ထိုင်ဝမ်တွင် တီထွင် အောင်မြင်

နှစ်ဖက် ဖောက်မြင်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း ထိုင်ဝမ်တွင် တီထွင် အောင်မြင်
Monday, 04 February 2013

ထိုင်ဝမ်မှ Polytron အမည်ရ နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုက ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ဟိုဘက်၊ဒီဘက် နှစ်ဖက်စလုံး ထိုးဖောက်မြင်နိုင် တဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ မှန်သားပြင် ဖြစ်ပြီး LED မျက်နှာပြင်ထဲက အတိုင်းပ ရုပ်ပုံတွေကို ကြည်ကြည်လင်လင် ပြတ်ပြတ် သားသား မြင်တွေ့ 
ရ မှာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံမြောက်ပိုင်း Taoyuan မြို့ မှာ ပြသခဲ့ပြီး ယင်းကဲ့သို့ အမျိုးအစား စမတ်ဖုန်း ထုတ်လုပ်မှုကို စတင်ကြိုးပမ်းနေပြီလို့ ဖြစ်ပါတယ်။ Prototype အနေနဲ့ ပြသသွားတဲ့ ယင်းမှန်သားပြင် စမတ်ဖုန်းတောင် UI စုံစုံလင်လင် ပါရှိ တာ မြင်တွေ့ခဲ့ရပြီး မဝေးတော့တဲ့ အနာဂတ်မှာ transparent smartphone များ ရေပန်းစားလာတော့မယ်လို့ ခန့်မှန်းထားကြ ကြောင်း သိရပါတယ်။
--
Ref: readypod
ရိုးရာလေး နည်းပညာ

http://www.yoyarlay.com/science-tech/134-inventions/34047-transparent-smartphone

--
YoYarLay

Monday, 04 February 2013

ထိုင်ဝမ်မှ Polytron အမည်ရ နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုက ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ဟိုဘက်၊ဒီဘက် နှစ်ဖက်စလုံး ထိုးဖောက်မြင်နိုင် တဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ မှန်သားပြင် ဖြစ်ပြီး LED မျက်နှာပြင်ထဲက အတိုင်းပ ရုပ်ပုံတွေကို ကြည်ကြည်လင်လင် ပြတ်ပြတ် သားသား မြင်တွေ့ ရ မှာ ဖြစ်ပါတယ်။

မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း ဆယ်စုနှစ်တစ်ခုကြာ လာရောက်ခြင်းမရှိခဲ့သည့် လင်းပိုင်များ အုပ်စုလိုက် ကျင်လည်ကျက်စားနေပြီး နိုင်ငံခြားသားခရီးသည် အများအပြား နေ့စဉ် လာရောက် လေ့လာလျက်ရှိ

မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း ဆယ်စုနှစ်တစ်ခုကြာ လာရောက်ခြင်းမရှိခဲ့သည့် လင်းပိုင်များ အုပ်စုလိုက် ကျင်လည်ကျက်စားနေပြီး နိုင်ငံခြားသားခရီးသည် အများအပြား နေ့စဉ် လာရောက် လေ့လာလျက်ရှိ by Eleven Media 

မင်းကွန်းနှင့် ကျောက်မြောင်းအကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းရှိ ရေပြင်တွင် ကျက်စားလေ့ရှိသော ဧရာဝတီလင်းပိုင်များသည် ဇန်န၀ါရီလပိုင်းတွင် မင်းကွန်းတစ်ဝိုက်ရေပြင်တွင် အုပ်စုလိုက် ပြောင်းရွှေ့ကျက်စား လာလျက်ရှိကြောင်း သိရှိရသည်။

မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း၌ လင်းပိုင်များ ယခုကဲ့သို့ အုပ်စုဖွဲ့ နေထိုင်ကျက်စားခဲ့ခြင်းကို ၂၀၀၃-၀၄ခုနှစ်ဝန်းကျင်က နောက်ဆုံးတွေ့မြင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအကြာတွင် ပြန်လည် ရောက်ရှိ ကျက်စားလာခြင်းဖြစ်သည်ဟု ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားခဲ့သည်။ ယင်းသို့ ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင်များ အုပ်စုဖွဲ့နေထိုင်ကျက်စားခြင်းကို မင်းကွန်းသွား နိုင်ငံခြားသားခရီးသည်များမှ စိတ်ဝင်တစား လာရောက်လေ့လာလျက်ရှိသည်ဟုလည်း ခရီးသွားလုပ်ငန်း အသိုင်းအ၀န်းမှ သိရသည်။

''မင်းကွန်းဝန်းကျင်မှာ ဧရာဝတီလင်းပိုင်ကောင်ရေ ၁၈ ကောင်လောက်ကို ဇန်န၀ါရီလပိုင်းမှာ ပြောင်းရွှေ့ကျက်စားလာတာ တွေ့ရတယ်။ အများအားဖြင့် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းလောက်မှာရှိတဲ့ မတ္တရာမြို့နယ်၊ ၀က်လက်မြို့နယ်ပိုင်းက မြစ်ကြောင်းအတွင်းမှာ တွေ့ရပေမယ့် ဒီနှစ်မှာ ထူးထူးခြားခြား စစ်ကိုင်း-မင်းကွန်းဘက်ကို ပြောင်းရွှေ့လာတာ တွေ့ရတယ်။ခုလို အုပ်စုလိုက်ရေပြင်မှာ ဆော့ကစားတာမျိုးကလည်း တွေ့ရခဲပါတယ်။ ပုံမှန်ဆိုရင် နှစ်ကောင်သုံးကောင် အုပ်လိုက်ပဲ တွေ့ရတာ။ ခုဆိုရင် ငါးကောင်၊ ခြောက်ကောင် အုပ်စုဖွဲ့တွေ့ရပြီး နိုင်ငံ ခြားခရီးသွားတွေ စိတ်ဝင်စားမှု မြင့်တက်နေပြီး လင်းပိုင်ကြည့် မော်တော်တွေနေ့တိုင်းရှိတယ်''ဟု ဦးဟန်ဝင်းက ပြောကြားခဲ့သည်။

''ဒီနှစ် ဧရာဝတီမြစ်ကြောင်းမှာ ပုံမှန်ရှိရိုးရှိစဉ် ရေအမြင့်ထက် သုံးပေလောက် လျော့ကျနေတယ်လို့ ပညာရှင်တွေ ပြောထားတာရှိသလို အခု ရေနည်းရာသီမှာ အရင်က လင်းပိုင်တွေ ကျက်စားတဲ့နေရာတွေမှာ ရေတိမ်တာ၊ ရေကြောင်းကြပ်တာတွေ ဖြစ်ပေါ်လာတဲ့အတွက် ရေပြင်ကျယ်ပြီး လင်းပိုင်တွေ ပျော်တတ်တဲ့ ရေအောက်သောင်(စည်း)တွေရှိတဲ့ မင်း ကွန်းဘက်ကို ပြောင်းရွှေ့လာတယ်လို့ ယူဆရတယ်။ နောက်တစ်ခုက အခုချိန်က ငါးပုန်းတဲ့ရာသီဖြစ်တဲ့အတွက် အစာနောက်ကိုလိုက်ရင်း ရောက်လာတာလည်း ဖြစ်နိုင်တယ်။အဓိကကတော့ အစာနဲ့ ရေကြောင့်လို့ကောက်ချက်ချရမှာပါ''ဟု ဦးဟန် ၀င်းက ဆက်လက် ပြောကြားခဲ့သည်။

မန္တလေးနှင့် မင်းကွန်းကြား ဧရာဝတီမြစ်ကြောင်းတွင် ရှော့ခ်တိုက် ငါးဖမ်းလှေများ လာရောက် လုပ်ကိုင်လေ့မရှိခြင်းကြောင့် လင်းပိုင်များအတွက် အန္တရာယ်ကင်းရှင်းမှုရှိစေသလို နိုင်ငံခြားခရီးသွားများ သွားရောက်လေ့ရှိရာ ရေကြောင်းပေါ်တွင် ဖြစ်သောကြောင့် ခရီးသည်အား ဆွဲဆောင်မှုတစ်ရပ် ဖြစ်စေကြောင်း သိရသည်။

မင်းကွန်းနှင့် ကျောက်မြောင်းအကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းရှိ ရေပြင်တွင် ကျက်စားလေ့ရှိသော ဧရာဝတီလင်းပိုင်များသည် ဇန်န၀ါရီလပိုင်းတွင် မင်းကွန်းတစ်ဝိုက်ရေပြင်တွင် အုပ်
စုလိုက် ပြောင်းရွှေ့ကျက်စား လာလျက်ရှိကြောင်း သိရှိရသည်။ မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်း
အတွင်း၌ လင်းပိုင်များ ယခုကဲ့သို့ အုပ်စုဖွဲ့ နေထိုင်ကျက်စားခဲ့ခြင်းကို ၂၀၀၃-၀၄ခုနှစ်ဝန်းကျင်က နောက်
ဆုံးတွေ့မြင်ခဲ့ပြီး

ငပုတောမှာ ၆ လအတွင်း ဆင် ၆ ကောင် အစွယ်ဖြတ် အသတ်ခံရ

Monday, February 04, 2013

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သစ်တောကြိုးဝိုင်းများ၌ ဆင်စွယ် မုဆိုများ၏ လက်ချက်ဖြင့် ပြီးခဲ့
သည့် ၆ လအတွင်း ဆင် ၆ ကောင် အစွယ်ဖြတ် အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ ငပုတောမြို့နယ် ဆင်မကြိုးဝိုင်းအတွင်း ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့က အစွယ်ဖြတ် အသတ်ခံ ထားရသည့် ဆင်တကောင် တွေ့ရှိခဲ့ရပြီး ယင်းမှာ ၆ လအတွင်း အသတ်ခံခဲ့ရသည့် ၆ ကောင်မြောက် ဆင်ဖြစ်ကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။

နေ့စားအလုပ်သမားနှစ်ဦး ဘိလပ်မြေဖျော်စက်အတွင်း ချိုးခွာနေစဉ် စက်မောင်းခဲ့သဖြင့် သေဆုံးမှုဖြစ်ပွား

Monday, 04 February 2013

ဘုရင့်နောင်အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်၌ နေ့စားအလုပ်သမား အမျိုးသား
နှစ်ဦး ဘိလပ်မြေ ဖျော်စက်အတွင်း ချိုးခွာနေစဉ် စက်မောင်းခဲ့သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲ တပ်မှူးရုံးမှ သိရသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ညနေ ၃ နာရီ ၄၅ မိနစ် အချိန်
တွင် ဘုရင့်နောင် အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း လှိုင်သာယာဘက်ခြမ်း လုပ်ငန်းခွင်၌
နေ့စားအလုပ်သမားများ ဖြစ်သူ--------------------------------------------------------------------------------

သင်သိဖို့ လိုအပ်မည့် အင်္ဂလိပ် စကားပြော ဥပဒေ ၅ ချက်

၁။ အင်္ဂလိပ် grammar ကို အများကြီး မလေ့လာပါနှင့်။
ဒီအချက်ဟာ အင်္ဂလိပ်စာ လေ့လာသူတွေအတွက် ထူးဆန်းနေပါတယ်။ ဒါပေမယ့် အင်္ဂလိပ် စကားပြောရာ
မှာအရေးအကြီးဆုံးအချက်ပါပဲ။သင်စာမေးပွဲ အောင်ဖို့ဆိုရင်တော့အင်္ဂလိပ် grammar ကိုတတ်ဖို့လိုပါလိမ့်
မယ်။သို့သော် လည်း အင်္ဂလိပ် စကားကို ကျွမ်းကျင်စွာ ပြောတတ်ချင်ရင်တော့ အင်္ဂလိပ်စာကို grammar 
မပါပဲ လေ့လာသင့်ပါတယ်။ အင်္ဂလိပ် grammar လေ့လာခြင်းဟာ သင့်ကို နှေးကွေးစေပြီး ရှုပ်ထွေးစေပါ
တယ်။

အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး ) ဆောင်းပါး

အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး )

အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်
ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့
မရထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့
ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။

အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ ပူးပေါင်းဖို့လိုတဲ့ ခရိုနီစီးပွါးရေးလုပ်ငန်းရှင်တွေဟာ အသွင်ကူးပြောင်းရေးအကြိုကာလ စပြီဆိုတာနဲ့ အာဏာရှိသူကိုရော၊ အာဏာရှိမယ်လို့ ယူဆရသူတွေကိုရော၊ တချိန်ချိန်မှာ အာဏာရှိလာနိုင်ချေရှိတဲ့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ပါ ပူးပေါင်းဖို့ လိုလာပါတယ်။ အာဏာရှိသူတွေနဲ့ မဟာမိတ်လုပ်ရတာက ခရိုနီအစဉ်အလာမို့ ပြသနာမရှိပေမဲ့ အာဏာမရှိသူ တနည်းအားဖြင့် အတိုက်အခံတွေနဲ့ မဟာမိတ်လုပ်ရချိန်မှာတော့ ခရိုနီရဲ့မူလအဓိပါယ်
သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ
ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။

တချို့ကတော့လဲ ခရိုနီရဲ့မူလပထမအဓိပ္ပါယ်ဟာ မိတ်ကောင်းဆွေကောင်း၊ 
ငယ်ပေါင်းရင်းချာ ဆိုတဲ့ အဓိပ္ပါယ်ရှိတာမို့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ မိတ်ဆွေဖြစ်ရေးကို ခရိုနီတွေအနေနဲ့ မဖြစ်မနေ  လုပ်လာရတယ်လို့ ယူဆ
ပါတယ်။ အတိုက်အခံဘ၀ကတဲက မိတ်ဆွေဖွဲ့ထားမှ အာဏာရလာချိန်မှာ 
ငယ်ပေါင်းရင်းချာ ဆက်ဆံရေးမျိုး ရနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။ အတိုက်အခံနဲ့ မဟာမိတ်လုပ်လာတာဟာ ခရိုနီဂုဏ်ပုဒ် ပျက်စီးစေဖို့ မဟုတ်ပဲ ခရိုနီရဲ့  အသွင်ကူးပြောင်းရေးအကြိုကာလ ရင်းနှီးမြုပ်နှံမူ
တခုသာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ခရိုနီနဲ့ အာဏာသံသရာ

အသွင်ကူးပြောင်းရေးရဲ့ တချိန်ချိန်မှာ အတိုက်အခံတွေလဲ အာဏာရ
လာနိုင်တယ် ဆိုတာကို ခရိုနီတွေက သဘောပေါက်ပါတယ်။ အာဏာရ
လာတဲ့ အတိုက်အခံနဲ့ ပေါင်းရသလို အတိုက်အခံပြန်ဖြစ်သွားတဲ့ အာဏာမဲ့
တွေနဲ့လဲ ပေါင်းပါတယ်။ အာဏာရှိသူရော အာဏာပြန်ရလာမဲ့ အတိုက်အခံ
တွေကိုရော မိတ်ဆွေကောင်းတွေလုပ် ပေါင်းသင်းရင်းပဲ ခရိုနီဂုဏ်ကို ဆက်လက်ထိမ်းသိမ်းသွားဖို့ ကြိုးစားကြလေ့ရှိပါတယ်။

ဒီနေရာမှာ မေးစရာရှိလာတာကတော့ ခရိုနီတိုင်း ခရိုနီဘ၀နဲ့ပဲ 
တစ်သက်လုံး ရပ်တည်သွားကြသလားဆိုတဲ့ မေးခွန်းပါ။

တချို့ခရိုနီလုပ်ငန်းရှင်တွေကတော့ ခရိုနီဂုဏ်ပုဒ်ကို လုံးဝဖျက်ဆီးလိုက်ပြီး အတိုက်အခံတွေနဲ့ပဲ တသက်လုံး ပေါင်းသွားတာတွေလဲ ရှိတတ်ပါတယ်။ ခရိုနီလုပ်ငန်းရှင်အဖြစ်ကနေ အသွင်ကူးပြောင်းရေး လူချမ်းသာဘ၀ကို
ပြောင်းလဲရပ်တည်ပါတယ်။ အာဏာရှိသူနဲ့ ခပ်ကင်းကင်းနေပြီး အတိုက် အခံမှန်သမျှကို ကူညီပံ့ပိုးပါတယ်။ ခေတ်ပျက်စဉ်က ချမ်းသာကြွယ်ဝလာမှု
တွေကို အသွင်ကူးပြောင်းရေးကာလ လိုအပ်ချက်တွေအတွက် ပြန်လည်
ပေးဆပ်ဖို့ ကြိုးစားပါတယ်။ အသွင်ကူးပြောင်းရေး လူချမ်းသာတွေထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ရုရှားက ခေတ်ပျက်သူဌေး မီခိုလ်း 
(မီခေးလ်) ခိုဒေါ်-ကောဗ့်စကီး ဖြစ်ပါတယ်။

ခိုဒေါ်ကောဗ့်စကီး ဘယ်သူလဲ

ခိုဒေါ်ကောဗ့်စကီးဟာ ၁၉၆၃ ခုနှစ်မှာ မော်စကိုမြို့တော်မှာ မွေးဖွါးကြီးပြင်း
ခဲ့သူပါ။ ဖခင်ဖြစ်သူက ဂျူး-လူမျိုး အင်ဂျီနီယာတဦးဖြစ်ပြီး ခိုဒေါ်ကော့ဗ်
စကီးကိုယ်တိုင်လဲ ဓါတုအင်ဂျီနီယာဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ တက္က သိုလ်ကျောင်းသားဘ၀မှာပဲ ကွန်မြူနစ်ပါတီရဲ့ လူငယ်ခေါင်းဆောင် ဖြစ်
လာပါတယ်။ ၁၉၈၆ ခုနှစ် ဓါတုအင်ဂျီနီယာနဲ့ ဘွဲ့ရပြီးချိန်မှာ အဲဒီအချိန်က သမ္မတ ဂေါ်ဘာချော့ရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သဘောကျပြီး စီးပွါးရေးနယ်ထဲကို ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ ထိပ်ပိုင်း
ခေါင်းဆောင်တွေ အကူအညီနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံဖို့ နိုင်ငံတော်ချေးငွေ အမြောက်အများရခဲ့သူပါ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲ
ချိန်မှာ ခိုဒေါ်ကော့ဗ်စကီးဟာ ချမ်းသာတဲ့ လုပ်ငန်းရှင်တဦး ဖြစ်နေပါပြီ။ ရုရှားနိုင်ငံရဲ့  ပထမဆုံး ပုဂ္ဂလိကဘဏ် ထူထောင်ခွင့်ရခဲ့သလို မီလျှံနာသူဌေးတယောက် ဖြစ်လာပါတယ်။

၁၉၉၂-ခုနှစ်မှာ သမ္မတယဲ့လ်ဆင်က ခိုဒေါ်ကော့ဗ်စကီးကို စွမ်းအင်နဲ့ 
လောင်စာဆီဆိုင်ရာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကော်မတီရဲ့ ဥက္ကဌတာဝန်
ပေးအပ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတယဲ့လ်ဆင်အစိုးရ ခွင့်ပြုချက်နဲ့ ခိုဒေါ် ကော့ဗ်စကီးဟာ Yukos-ယူကိုစ့်ဆိုတဲ့ ရေနံကုမ္ပဏီ ထူထောင်ခွင့်
ရခဲ့ပါတယ်။ ခိုဒေါ်ကော့ဗ်စကီးရဲ့ စီမံခန့်ခွဲမူနဲ့ ယူကိုစ့်ကုမ္ပဏီဟာ နိုင်ငံတကာမှာ နာမည်ရလာပါတယ်။ ၂၀၀၀ ခုနှစ်မှာ ရုရှားရေနံထုတ်လုပ်မူ
ရဲ့  ၂၀ ရာခိုင်နှုန်းကို ယူကိုစ့်-ကုမ္ပဏီကပဲ တာဝန်ယူရတဲ့အဆင့်ထိ
အောင်မြင်မူရရှိလာပါတယ်။ ကမ္ဘာ့ပုဂ္ဂလိကပိုင် ရေနံကုမဏီတွေရဲ့ ထိပ်ဆုံးစါရင်းမှာ ပါဝင်လာပါတယ်။ အဲဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးကို နိုင်ငံတကာစီးပွါးရေး အသိုင်းအ၀ိုင်းက အသိအမှတ်ပြုလာရသလို ရုရှားရဲ့  အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

ခေတ်ပျက်သူဌေးရဲ့ ဒီမိုကရေစီအိပ်မက်

ခိုဒေါ်ကောဗ့်စကီးနဲ့ တခြားရုရှားခေတ်ပျက်သူဌေးတွေ မတူတာတစ်ခု
ကတော့ လူငယ်တွေအပေါ်ထားရှိတဲ့ အနာဂတ်ရည်မှန်းချက် ဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမူတွေကို ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် တစုံတရာ ဖန်တီးပေးခဲ့ရမယ်၊ ရင်းနှီးမြုပ်နှံပေးခဲ့ရမယ်လို့ ခိုဒေါ်ကော့ဗ်
စကီးက ယုံကြည်ပါတယ်။ ရုရှားလူငယ်တို်င်းဟာ သူ့လိုမျိုး အခွင့်အရေး
ရခဲ့မယ်ဆိုရင် သူ့လိုပဲ ချမ်းသာ ကြွယ်ဝလာသူတွေ ဖြစ်လာမယ်လို့လဲ ယူဆသူပါ။ နိုင်ငံရေးအယူအဆနဲ့ ပတ်သက်ရင်လဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ လမ်းညွန်ဒီမိုကရေစီ ဆိုတဲ့ အယူအဆတွေကို ခိုဒေါ်ကော့ဗ်
စကီးက ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲဖြစ်တယ်လို့ ယုံကြည်သူပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေလဲ စစ်မှန်တဲ့ ဒီမိုကရေစီ
နိုင်ငံရေးစင်မြင့်ထက်မှာ ပါဝင်ခွင့် ရှိသင့်တယ်လို့ သူက ယူဆပါတယ်။ ရှုရှားရဲ့  အနာဂတ်နိုင်ငံရေးဟာ မျိုးဆက်သစ်တွေရဲ့ ပညာရေးအပေါ် 
လုံးဝ မှီတည်နေတယ်လို့လဲ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်သူပါ။ သူ ယုံကြည်တဲ့အတိုင်းပဲ ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် ဒီမိုကရေစီ မျိုးစေ့ချနိုင်ဖို့ဆိုပြီး the-Open-Russian-Foundation ဆိုတဲ့ ဖေါင်ဒေးရှင်း ထူထောင်ပြီး နိုင်ငံရေး-လူမူရေး-လူ့အခွင့်အရေးနဲ့-နည်းပညာသင်တန်း
တွေကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးပါတယ်။ သူ့သားကြီးဖြစ်တဲ့ ပါဗယ်-ခိုဒေါ် ကော့ဗ်စကီးကို အမေရိကန်နိုင်ငံကို သွားရောက်ပညာသင်စေခဲ့သလို တခြားအရည်အချင်းရှိတဲ့ လူငယ်တွေကိုလဲ နိုင်ငံရပ်ခြားမှာ သွားရောက်
သင်ယူနိုင်ဖို့ ပညာသင်စားရိတ် ထောက်ပံ့ပေးတာတွေ လုပ်ပါတယ်။

ငွေကြေးမတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေကို ခိုဒေါ်ကော့ဗ်စကီးက
နှောင်ကြိုးမဲ့ အကူအညီတွေ ပေးပါတယ်။ နိုင်ငံရေးပါတီတခုထဲကို ကူညီပေးတာမျိုးကိုတော့ သူက လုံးဝဆန့်ကျင်ပါတယ်။ နိုင်ငံရေးပါတီတွေ များများရှိလေ ရုရှားလူငယ်တွေကြားမှာ နိုင်ငံရေးအမြင် ပိုနိုးကြားလာ
လိမ့်မယ်လို့ ခိုဒေါ် ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရအစိုးရကို စောင့်ကြည့်ဖိအားပေးရမဲ့ အတိုက်အခံတွေ၊ အစိုးရ
မဟုတ်တဲ့ လူမူအခြေပြုအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့လဲ သူက ယူဆပါတယ်။ ယူဆတဲ့အတိုင်းလဲ လိုအပ်တဲ့ အကူအညီမှန်သမျှကို ခိုဒေါ်ကော့ဗ်စကီးက ထောက်ပံ့ပေးပါတယ်။ သူနဲ့ခေတ်ပြိုင် ခေတ်ပျက်
သူဌေးတွေကိုလဲ လူ့အခွင့်အရေးဖေါင်ဒေးရှင်းတွေ လူသားချင်းစာနာ
ကူညီရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရုရှားလူ့အဖွဲ့အစည်းကို တုန့်ပြန်ကျေးဇူး
ဆပ်ကြဖို့ စည်းရုံးခဲ့သူလဲဖြစ်ပါတယ်။

ခောတ်ပျက်သူဌေးတွေပဲ ကောင်းစားနေတယ်ဆိုပြီး အသွင်ကူးပြောင်းရေး
ကာလကို စိတ်ပျက်နေတဲ့ ရုရှားလူထုဟာ ခိုဒေါ်ကော့ဗ်စကီး ရပ်တည်
ချက်ကို အသိအမှတ်ပြု လေးစားခဲ့ကြပါတယ်။ သမ္မတယဲ့လ်ဆင်
လက်ထက်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့  စီမန်ကိန်းတွေ၊ ရည်ရွယ်ချက်တွေဟာ တစုံတရာ အနှောက်အယှက် မရှိခဲ့ပေမဲ့ သမ္မတ ဗလာဒီမာပူတင်
လက်ထက်မှာတော့ ပြသနာပေါင်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ခရိုနီလဲ ပါဝင်ခွင့်ရှိတယ်

၂၀၀၃-ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ ပူတင်ဟာ ခေတ်ပျက်သူဌေးတွေကို သမ္မတနန်းတော်ကို ခေါ်ယူပါတယ်။ ခရိုနီတွေဟာ ခရိုနီလိုပဲ ရပ်တည်ဖို့နဲ့ အတိုက်အခံတွေနဲ့ ကင်းကင်းနေဖို့၊ နိုင်ငံရေးနဲ့ ဝေးဝေးနေဖို့ ပူတင်က သတိပေးပါတယ်။ ဒီဆွေးနွေးပွဲကို ရုရှားရုပ်မြင်သံကြားက တိုက်ရိုက်
ထုတ်လွင့်ပြသဖို့ ပူတင်က စီစဉ်ခဲ့တာပါ။ ပူတင်ရဲ့ ရည်ရွယ်ချက်ကတော့
ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့ ခေတ်ပျက်သူဌေးတွေကို သူဘယ်လို အမိန့်ပေးညွန်ကြားတယ်၊ သြဇာဘယ်လိုညောင်းတယ် ဆိုတာကို ရုရှားပြည်သူတွေကို ပြသချင်တဲ့အတွက်ပါ။ အစည်းအဝေးတက်လာတဲ့ 
ခေတ်ပျက်သူဌေးအားလုံးက ပူတင် ပြောသမျှကို တစုံတရာ ပြန်မပြောရဲ
ခဲ့ကြပါဘူး။ ဒါပေမဲ့ ခိုဒေါ်ကော့ဗ်စကီးကတော့ ခရိုနီဟာ ခရိုနီပဲ ဖြစ်ရမယ်
ဆိုတဲ့ ပူတင်ရဲ့ အယူအဆကို လက်မခံပါဘူး။ ခရိုနီပဲဖြစ်ဖြစ် ဘယ်သူပဲ
ဖြစ်ဖြစ် ရုရှားနိုင်ငံရဲ့  ဒီမိုကရေစီထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံသားတိုင်း ပါဝင်ခွင့်ရှိသင့်တယ်လို့ ပူတင်ကို တုန့်ပြန်ပါတယ်။ ရုရှားရဲ့ အဓိကပြသနာဟာ ခရိုနီတွေဆိုတာထက် အစိုးရ၀န်ကြီးဌာနတွေရဲ့  အကျင့်ပျက်ခြားမူတွေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ တာဝန်အရှိဆုံး ပုဂ္ဂိုလ် သမ္မတ ပူတင်အနေနဲ့ အကျင့်ပျက်ခြစားမူတွေကို ဘက်မလိုက်ပဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုတယ်လို့လဲ ခိုဒေါ် ကော့ဗ်စကီးက
ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ရုပ်သံကနေ တိုက်ရိုက်ကြည့်ရူနေရတဲ့ ရုရှားပြည်သူတွေဟာ ပူတင်ကို အချက်အလက်အတိအကျနဲ့ ပြန်ပြောရဲတဲ့ ခိုဒေါ်ကော့ဗ်စကီးကို သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်ကို တုန့်ပြန်
ပြောဆိုခဲ့မူဟာ ခိုဒေါ်ကော့ဗ်စကီးအတွက်တော့ ကံကြမ္မာအလှည့်အပြောင်းတခု ဖြစ်လာစေပါတယ်။

နိုင်ငံခြားမသွားဘဲ ထောင်ထဲသွားဖို့ ရွေးချယ်ခဲ့သူ

ပူတင်နဲ့ အစည်းအဝေးပြီးချိန်ကစလို့ ရုရှားထောက်လှမ်းရေးတွေဟာ ခိုဒေါ်ကော့ဗ်စကီးနဲ့ ရင်းနှီးသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီး ဖေါင်ဒေးရှင်းအကူအညီနဲ့ ပညာသင်နေတဲ့ ခလေးမိဘတွေကို အကျပ်ကိုင်ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ တခြားခေတ်ပျက်သူဌေးတွေလို ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံကနေ ထွက်ပြေးသွားဖို့ နည်းမျိုးစုံနဲ့ ခိုဒေါ် ကော့ဗ်စကီးကို ဖိအားပေးပါတယ်။ ဒါပေမဲ့ ခိုဒေါ် ကောဗ့်စကီးဟာ တခြားလူတွေလို တိုင်းပြည်က ထွက်မသွားတဲ့အပြင် လူငယ်တွေ ပညာရေးအတွက်
နောက်ထပ် ဖေါင်ဒေးရှင်းအသစ်တွေ ထူထောင်ပါတယ်။ အတိုက်အခံပါတီတွေကိုလဲ အရင်အတိုင်း အကူအညီပေးပါတယ်။

၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ပူတင်ရဲ့  ထောက်လှမ်းရေး
အဖွဲ့က ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးပါတယ်။ အခွန်တိမ်းရှောင်မှု၊ အကျင့်ပျက်ခြစားမှု စတာတွေနဲ့ စွဲချက်တင်ပြီး ထောင် ၈ နှစ် ချမှတ်ခဲ့
ပါတယ်။ သူ့ ဖက်က လိုက်ပါပေးတဲ့ ရှေ့နေတွေ ထောက်ခံသူတွေ အားလုံးကိုပါ ပူတင် ထောက်လှမ်းရေးက နည်းမျိုးစုံနဲ့ စွဲချက်တင် ဖမ်းဆီး
တာ ရှေ့နေလိုင်စင်ပိတ်တာတွေ လုပ်ခဲ့တာပါ။ ထောင်မချခင်မှာ ပူတင်ဟာ ခိုဒေါ်ကော့ဗ်စကီးကို အပြစ်ရှိကြောင်း ၀န်ခံပြောမယ်ဆိုရင် ပြန်လွှတ်
ပေးမယ်၊ ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံခြားကို ထွက်ခွါနေထိုင်ခွင့် ပေးမယ်
ဆိုပြီး နည်းမျိုးစုံနဲ့ စည်းရုံနားချဖို့ ကျိုးစားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ လူချမ်းသာတဦးလိုနေရမဲ့ ဘ၀ထက် ရုရှားမှာပဲ အကျဉ်းသားဘ၀နဲ့ နေရ
တာက အနာဂါတ်ရုရှားမျိုးဆက်သစ်တွေအတွက် စံနမူနာကောင်းဖြစ်တယ်
ဆိုပြီး ခိုဒေါ်ကော့ဗ်စကီးဟာ အပြစ်ရှိကြောင်း ၀န်ခံဖို့ ငြင်းဆိုပြီး အကျဉ်းသားဘ၀ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ခိုဒေါ်ကော့ဗ်စကီး

ခိုဒေါ်ကော့ဗ်စကီးဟာ အကျဉ်းထောင်ထဲကနေ ရုရှားနိုင်ငံတော် အနာဂါတ်
နဲ့ပတ်သက်လို့ သူ့အယူအဆ-အတွေးအခေါ်တွေကို ဆောင်းပါးပုံစံ  ရေးပြီး
ထောင်ပြင်ကို ခိုးထုတ်ပါတယ်။ ထောင်ထဲကနေ ဆောင်းပါးတွေရေးနေတဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အမိန့်နဲ့ အလုပ်ကြမ်းရဲဘက်စခန်းကို ပို့ပါတယ်။ ရဲဘက်စခန်းမှာပဲ ရုရှားရေနံထုတ်လုပ်မူနဲ့ပတ်သက်လို့ သူ့သဘောထား
အမြင် စီးပွါးရေးစာတမ်းတစောင် ရေးသားပြုစုခဲ့သူပါ။ လွတ်လပ်ခြင်း
အရသာနဲ့ ပတ်သက်လို့ ထောင်ထဲက ရေးပို့တာတွေကို ခိုဒေါ်ကော့ဗ်စကီး
ထောက်ခံသူတွေက စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထွက်လာချိန်
မှာတော့ တခန်းထဲအတူနေ ရာဇ၀တ်အကျဉ်းသားတဦးက ခိုဒေါ်ကောဗ့်
စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပါတယ်။ ဒီလုပ်ကြံမူဟာ ပူတင်အစိုးရ
ရဲ့ လက်ချက်လို့ အများက ယူဆပါတယ်။ မတရားဖမ်းဆီး ထောင်ချထားတဲ့
အပြင် ထောင်ထဲမှာပါ လုပ်ကြံသတ်ဖြတ်ဖို့ ကျိုးစားလာချိန်မှာတော့ နိုင်ငံတကာသတင်းမီဒီယာတွေက ပူတင်ကို ဝေဖန်ရေးသားလာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးထားတာဟာ ပူတင်ရဲ့နိုင်ငံရေးလုပ်ကြံမူတစ်ခု
ဖြစ်တယ်လို့ ထောက်ပြလာပါတယ်။ အမေရိကန်မှာ ပညာသင်နေတဲ့
သားဖြစ်သူ ပါဗယ်ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အစိုးရက ပြည်တော်ပြန်
ဝင်ခွင့်ပေးဖို့ ငြင်းဆိုပါတယ်။ အဖေကိုလဲဖမ်း သားကိုလဲ ပြန်လာခွင့် မပေး
ချိန်မှာတော့ ရုရှားမှာရော နိုင်ငံတကာမှာပါ ခိုဒေါ်ကော့ဗ်စကီး ပြန်လွှတ်
ပေးရေးတောင်းဆိုပွဲတွေ ပေါ်ပေါက်လာပါတယ်။ တချိန်က ခေတ်ပျက်
သူဌေးလို့ လူသိများခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးဟာ ရုရှားနိုင်ငံရဲ့ အထင်ရှားဆုံး အကျဉ်းသားတယောက် ဖြစ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ အကျင့်ပျက်ခြစားမူနဲ့ ဖမ်းဆီးထောင် ချခံရတာမဟုတ်ပဲ သူ့ယုံကြည်ချက်
ကြောင့် ဖမ်းဆီးခံနေရတာလို့ နိုင်ငံတကာကပါ အသိအမှတ်ပြုလာပါတယ်။
ခောတ်ပျက်သူဌေးကနေ ယုံကြည်ချက်ကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာပါတယ်။

ပူတင် အကြောက်ရဆုံး လူသား

ခိုဒေါ်ကော့ဗ်စကီးကို ချမှတ်ထားတဲ့ ပြစ်ဒဏ်အရ ၂၀၁၁ ခုနှစ်ထဲမှာ
ပြန်လွတ်ပေးရမှာပါ။ ဒါပေမဲ့ ပြန်လွတ်ပေးရမဲ့ရက် မတိုင်ခင်လေးမှာပဲ
နောက်ထပ် စွဲချက်အသစ်တွေနဲ့ ထောင် ၅ နှစ် ထပ်ချပါတယ်။ ပြန်လွှတ်
မပေးပဲ နောက်အမှုတပ် ထောင်ချတဲ့အပေါ် နိုင်ငံတကာအစိုးရတွေကရော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေကပါ ပူတင်ကို ဝေဖန်ကန့်ကွက်ခဲ့
ပါတယ်။ နိုင်ငံတကာဖိအားတွေ များလာသလို ခိုဒေါ်ကော့ဗ်စကီးကို 
ပြန်လွတ်ပေးရေး တောင်းဆိုပွဲတွေ အရှိန်မြင့်လာချိန်မှာ ထောင်ဒဏ် ၂ နှစ် လျော့ပေါ့ပေးပါတယ်။ ဆိုလိုတာကတော့ နောက်အမှု မတပ်ဘူးဆိုရင် သူဟာ ၂၀၁၄ ခုနှစ်ထဲမှာ ထောင်က ပြန်လွတ်လာတော့မှာပါ။ ခိုဒေါ်ကော့ဗ်
စကီး ထောက်ခံသူတွေကတော့ ပူတင်ကို အယုံအကြည် မရှိကြပါဘူး။ လွတ်ရက်စေ့ခါနီးမှာ နောက်ထပ်အမူတွေနဲ့ ထောင်ထပ်ချနိုင်တယ်လို့ ယူဆနေပါတယ်။ ပူတင်အနေနဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပြန်လွတ်ပေးရတဲ့ သတ္တိမရှိဘူးလို့လဲသုံးသပ်ပါတယ်။ခိုဒေါ်ကော့ဗ်စကီးရဲ့ပုံရိပ်နဲ့အတွေးအခေါ်
တွေ ရုရှားလူငယ်ကြားမှာ ရေပန်းစားလာမူဟာ ပူတင်ကို အကြောက်တရား
တွေ ပိုဖိစီးလာတဲ့ အခြေအနေလို့လဲ တချို့က ယူဆပါတယ်။ အဲဒီလို
အခြေအနေမှာပဲ ထောင်ထဲကနေ ခိုဒေါ်ကော့ဗ်စကီ ရေးသားပေးပို့တဲ့
ဆောင်းပါးတွေ စုစည်းပြီး ပူတင်ရဲ့ အကျဉ်းသားဆိုတဲ့ စာအုပ်တအုပ် ထွက်ရှိလာပါတယ်။ လောလောဆယ် ရုရှားဘာသာနဲ့ ထုတ်ဝေထားပြီး ဘာသာစကား တော်တော်များများနဲ့ နိုင်ငံတကာကို ဖြန့်ချီဖို့ ပြင်ဆင်
နေပြီဖြစ်ပါတယ်။ ရုရှားမှာ ပူတင်ရဲ့ အကျဉ်းသားစာအုပ်ဟာ အရောင်းရ
အကောင်းဆုံး စာရင်းဝင်ခဲ့သလို စာအုပ်မိတ်ဆက်ပွဲကို 
ရုရှား စာပေလောကက အထင်ကရ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာပါ။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။
ဒေါ်စုနဲ့ ပါဗယ်တို့ တွေ့ဆုံခဲ့တဲ့သတင်းဟာ ဥရောပသတင်းမီဒီယာတွေမှာ အထူးရေပန်းစားခဲ့တဲ့ သတင်းတပုဒ်လဲဖြစ်ပါတယ်)။

ဆက်တိုက်ဆိုသလိုပဲ ခိုဒေါ်ကော့ဗ်စကီးဘ၀ကို ရိုက်ကူးထားတဲ့ မှတ်တမ်း
ရုပ်ရှင်လဲ ထွက်ပေါ်လာပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို ရုရှားမှာ ရုံတင်မပြဖို့ ပူတင်အစိုးရက ညွန်ကြားထားပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ နိုင်ငံတော်
ပိုင်တွေကို ခိုးယူထားတဲ့ ခေတ်ပျက်သူဌေး သူခိုးတယောက်အနေနဲ့ပဲ ပူတင်အစိုးရက ၀ါဒဖြန့်ချီနေဆဲပါ။

ခိုဒေါ်ကော့ဗ်စကီးတွေ များများလိုသလား

ခောတ်ပျက်သူဌေး ခရိုနီစီးပွါးရေးလုပ်ငန်းရှင်ဆိုတဲ့ဘ၀ကနေ ရုရှားနိုင်ငံရဲ့  နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာတဲ့ ခိုဒေါ်ကော့ဗ်
စကီးဖြစ်ရပ်ကို သုံးသပ်ကြည့်ရမယ်ဆိုရင် ...

အာဏာရှိသူနဲ့ လုံးဝမပေါင်းပဲ အတိုက်အခံတွေကိုပဲ ကူညီအားပေးသူတဦး။
ခောတ်ပျက်သူဌေးဘ၀က ချမ်းသာကြွယ်ဝလာမှုတွေကို မျိုးဆက်သစ် ခလေးလူငယ်တွေရဲ့ ပညာရေးအကူအညီတွေမှာ ပုံအောသုံးစွဲခဲ့သူ။ ရုရှားရဲ့ ကြောက်စရာအကောင်းဆုံးလူလို့ တင်စားတဲ့ ဗလာဒီမာပူတင်ကို ရဲရဲဝန့်ဝန့် ရင်ဆိုင်ခဲ့သူ။ နိုင်ငံရပ်ခြားကို ထွက်ပြီး စည်းဇိမ်ခံနေနိုင်တဲ့ဘ၀ကို စွန့်ပြီး ပူတင်ရဲ့ အကျဉ်းသားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့သူဆိုတာ တွေ့ရမှာပါ။ ခိုဒေါ်ကော့ဗ်စကီးဖြစ်ရပ်နဲ့ပဲ ရုရှားရဲ့  တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီး
နေတာ၊ ဒီမိုကရေစီတန်ဖိုး ကင်းမဲ့နေတာကို နိုင်ငံတကာကရော ရုရှားလူထုကပါ သဘောပေါက်လာတာပါ။

အသွင်ကူးပြောင်းရေးအကြိုကာလမှာ ရုရှားလူထုက ခေတ်ပျက်သူဌေး
တွေကို စက်ဆုပ်ရွံ့ရှာစရာ အကောင်းဆုံးလူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ သူတို့ လေးစားအားကျလာသူကတော့ တချိန်က ရွံရှာမုန်းတီးခဲ့သူတွေထဲမှာပါခဲ့တဲ့ ခေတ်ပျက်သူဌေးဟောင်း ခိုဒေါ်ကောဗ့်စကီး ဖြစ်လာပါတယ်။

ခိုဒေါ်ကော့ဗ်စကီးအနေနဲ့ ဖေါင်ဒေးရှင်းထောင်ပေးရုံ၊ ပညာတော်သင်ကြေး
ထောက်ပံ့ပေးရုံ၊ အတိုက်အခံတွေကို ကူညီပေးရုံသက်သက်နဲ့ အများရဲ့  ယုံကြည်လေးစားမူကို ရခဲ့တာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားနေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊ ပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပူတင်ရဲ့
အကျဉ်းသားဘ၀နဲ့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ခဲ့လို့ အများက လေးစားလာတာပါ။

ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအကြိုကာလမှာလဲ ခရိုနီပဲ
ခေါ်ခေါ်  ခေတ်ပျက်သူဌေးလို့ပဲ သုံးသုံး အသွင်ကူးပြောင်းရေး လူချမ်းသာလို့ပဲ အမည်တပ်တပ် ခိုဒေါ်ကော့ဗ်စကီးလို ပုဂ္ဂိုလ်မျိုးတွေ
ပေါ်မလာနိုင်ဘူးလို့ တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ထိတော့ မတွေ့ရသေးဘူးလို့ပဲ ပြောရမှာပါ။

မိုးအေး
(သစ္စာသတင်းဂျာနယ်မှ ...)

မှီငြမ်း

- Russia´s crony capitalism- the swing of the pendulum by Vladimir Gelman, 14 November 2011
- http://www.khodorkovsky.com
- http://www.kinolorber.com/khodorkovsky
- Khodorkovsky to be freed in 2014 after sentence cut (BBC- 20 December 2012)
- The Top of the World, Then Prison in Siberia by Stephen Holden , 29 November, 2011, The New York Times)
- Khodorkovsky, Seven magazine review by Jenny McCartney 06 March, 2012, the telegraph)
- Khodorkovsky Documentary (Filmed, directed and produced by Cyril Tuschi)
- The Oligarchs by David E. Hoffman
- http://www.khodorkovsky-movie.com

photo;အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဥက္ကဌနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပုံ



Posted by ဒေါက်တာလွဏ်းဆွေ

အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်
ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့
မရထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့
ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၃ရက်နေ့ နံနက် ၄နာရီခန့်က ရဲလေး၏ဖခင်ကွယ်လွန်

ရဲလေး၏ဖခင်ကွယ်လွန်

တေးသံရှင် ရဲလေး၏ဖခင် ဦးခင်မောင်ထွန်း အသက် ၆၀သည် ဖေဖော်ဝါရီလ ၃ရက်နေ့ နံနက် ၄နာရီခန့်က ဆုံးပါးသွားခဲ့ပြီး ဖေဖော်ဝါရီ ၅ရက် နံနက် ၁၁နာရီတွင် နေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင် သဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။

တေးသံရှင် ရဲလေး၏ဖခင် ဦးခင်မောင်ထွန်း အသက် ၆၀သည် ဖေဖော်ဝါရီလ ၃ရက်နေ့ နံနက် ၄နာရီခန့်က ဆုံးပါးသွားခဲ့ပြီး ဖေဖော်ဝါရီ ၅ရက် နံနက် ၁၁နာရီတွင် နေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင် သဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေက ရန်ကုန်မြို့  တွင် အမေရိကန် နိုင်ငံသားတစ်ဦး သေဆုံး

Monday, 04 February 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်မြို့  ကန်တော်ကြီးပဲလေ့စ် ဟိုတယ် တွင်တည်းခိုနေထိုင်နေသော အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်သူ Mr.Beuglas Paul သည် ဇနီးဖြစ်သူ Mrs.Prerce Kathleen နှင့် အတူ နံနက် ၀၅ ၀၀ နာရီ အချိန်တွင် ရန်ကုန်လေဆိပ်သို့ သွားရောက်စဉ် အမောဖောက် လာသဖြင့် အင်းယားလိတ် ဟိုတယ်ရှိ FOF ဆေးခန်းတွင် ဆေးကုသမှု
ခံယူနေစဉ် ၀၆ ၀၀ နာရီ အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

(၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။ (ဟာသ)

(၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

... အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

◄ ဖေဖော်ဝါရီလ ၄ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း ►

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၉ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ

အပြန်အလှန် ဂိုးများသွင်းယူပြီး သရေဖြင့်သာ ကျေနပ်ခဲ့ရသော မန်စီးတီး

အပြန်အလှန် ဂိုးများသွင်းယူပြီး သရေဖြင့်သာ ကျေနပ်ခဲ့ရသော မန်စီးတီး


လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည်အိမ်ကွင်း၌ လီဗာပူးလ်အသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အဖြစ်ရင်ဆိုင်ခဲ့ရာတစ်ဖက်နှင့်တစ်ဖက်ဂိုးများအပြန်အလှန်သွင်းယူပြီး သရေရလဒ်ထွက်ပေါ်ခဲ့ကာ အမှတ်ပေးဇယားအားဦးဆောင်နေသော မန်ယူအသင်း နှင့်ကိုးမှတ်အထိကွာဟခဲ့ပြီဖြစ်သည်။ မန်စီးတီးနည်းပြ မန်စီနီသည်ယခုပွဲစဉ်တွင် တိဗက်ဇ်အားအနားပေးခဲ့ကာ အဂူရို နှင့် ဒီဇီကို တိုက်စစ်အတွဲဖြင့်ပွဲထွက်လာခဲ့သည်။ ကွင်းလယ်ပိုင်းတွင် ဒေးဗစ်ဆေးလ်ဗား၊ မီလ်နာ၊ ဂျာဗီဂါစီ ယာ၊ ဘယ်ရီ တို့အားအသုံးပြုခဲ့ကာ ကလစ်ချီ၊ လက်စ်ကော့၊ နာစတာဆစ်၊ ဇာဘလက်တာ တို့ဖြင့် ရင်ဆိုင်ခဲ့သည်။ ဧည့်သည်လီဗာပူးလ်အသင်းတွင် ဆွာရက်ဇ် အား စတာရစ်ခ်ျ ဖြင့်တွဲဖက်ကစားစေခဲ့ကာ ဂျာရတ်၊ ဒေါင်းနင်း၊ ဟန်ဒါဆန်၊ လူးကပ်စ်၊ အဂ္ဂါ၊ ဂလင်းဂျွန်ဆင်၊ ကာရစ်ဂါ၊ အန်းနရစ် အစရှိသောကစားသမားများအား အသုံးပြုခဲ့ သည်။ နှစ်သင်းလုံးပွဲစသည်နှင့်အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်ခဲ့ရာပွဲချိန် ၂၃ မိနစ်တွင် မီလ်နာ ၏ပေးပို့မှုအားတိုက်စစ်မှူး ဒီဇီကို အကောင်းမွန်ဆုံးအဆုံးသတ်ကာ မန်စီးတီးအသင်းအတွက်ဦးဆောင်ဂိုးအား ရယူပေးနိုင်ခဲ့သည်။ မန်စီးတီးနောက်တန်းသည် ယခုပွဲစဉ်တွင်လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ် အားထိန်းချုပ်နိုင် ရန် ကြိုးစားခဲ့သဖြင့် စတာရစ်ခ်ျ အတွက်ပိုမိုလှုပ်ရှားခွင့်ရရှိခဲ့ကာပွဲချိန် ၂၉ မိနစ်တွင်ဧရိယာအပြင်ဘက်မှအပြင်း ကန်သွင်းခွင့်ရရှိခဲ့ပြီး ချေပဂိုးရယူနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းလုံးကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး အပြန်အလှန် ထိုးဖောက်ခဲ့သဖြင့်ပွဲမှာ ပိုမိုကြည့်ကောင်းလာခဲ့သည်။ ၇၃ မိနစ်အရောက်တွင် လီဗာပူးလ်အသင်းခေါင်းဆောင် ဂျာရတ် ဘောလုံးအားရင်ဘတ်နှင့် တစ်ချက်ထိန်းကာပြင်းထန်သောကန်သွင်းချက်ဖြင့် လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုးရယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် မန်စီးတီးအသင်းမှပြန်လည်ထိုးဖောက်ခဲ့ပြီးပွဲချိန် ၇၈ မိနစ်တွင်တန်ပြန်တိုက်စစ်မှတဆင့် အဂူရို မှမန်စီးတီးအသင်းအတွက် ချေပဂိုးရယူနိုင်ခဲ့သည်။ ထို့နောက်နှစ် သင်းလုံးအနိုင်ဂိုးရရှိရန်ကြိုးစားခဲ့သော်လည်း ဂိုးသမားများ၏ကာကွယ်ပုံကောင်းမွန်မှုကြောင့် တစ်ဖက်နှင့်တစ်ဖက် ဆက်လက်ဂိုးသွင်းယူနိုင်ခြင်းမရှိတော့ဘဲ ပွဲပြီးဆုံးချိန်တွင်တစ်ဖက်နှစ်ဂိုးစီသရေဖြင့်သာ ပွဲပြီးဆုံးသွားခဲ့သည်။


Ref: http://www.yatanarpon.com.mm/


Credit to : Yatanarpon Call Center
https://www.facebook.com/excellencemedia

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည်အိမ်ကွင်း၌ လီဗာပူးလ်အသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အဖြစ်ရင်ဆိုင်ခဲ့ရာတစ်ဖက်နှင့်တစ်ဖက်ဂိုးများအပြန်အလှန်သွင်းယူပြီး သရေရလဒ်ထွက်ပေါ်ခဲ့ကာ အမှတ်ပေးဇယားအားဦးဆောင်နေသော မန်ယူအသင်း နှင့်ကိုးမှတ်အထိကွာဟခဲ့ပြီဖြစ်သည်။

လှိုင်သာယာ မြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၅ လုံးနှင့် အဆောင် ၇ လုံး ပျက်စီး

လှိုင်သာယာ မြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက မီးလောင်မှု
 ဖြစ်ပွားရာ အိမ်ခြေ ၁၅ လုံးနှင့် အဆောင် ၇ လုံး ပျက်စီး 	
Monday, 04 February 2013

လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက် မြရိပ်ညို ၅ လမ်းနှင့် ၆ လမ်း
အကြားတွင် ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၅ လုံးနှင့် လှိုင်သာယာစက်မှုဇုန် အလုပ်သမား အများစု နေထိုင်
သည့် အဆောင် ၇ လုံး ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦး သတင်းများအရ သိရသည်။

“မီးဘယ်အချိန် လောင်မှန်းတောင် မသိပါဘူး။ မီးလောင်တဲ့ နေရာက အစ်ကိုတို့အိမ်နဲ့ အရမ်းနီးနေတော့ အထုပ်ဆွဲပြီးမီးလွတ်ရာကို ပြေးထွက်
လာခဲ့မိတာပါ” ဟု မီးလောင်မှု ဖြစ်စဉ်အနီးတွင် နေထိုင်သူ ကိုကျော်ဆန်းက
 ပြောပြခဲ့ပါသည်။

အဆိုပါ မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းမှုမှာ ဖော်ဖော်ဝါရီလ ၃ ရက် ည ၇ နာရီ ၁၅ မိနစ် အချိန်
ဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၈ နာရီ ၂၅ မိနစ် အချိန်တွင် ငြှိမ်းသက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်
အရ သိရသည်။

မီးဘေးကြောင့် အိမ်ထောင်စု ၂၂၀ မှ လူဦးရေ ၇၂၅ ဦး မီးဘေးဒုက္ခ ရောက်
ခဲ့ကြရကြောင်း မီးလောင်မှု ဖြစ်စဉ်တွင် စာရင်းဇယား ကောက်ယူနေသည့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်သို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄၉ စီး အထောက်အကူပြုယာဉ် ၃ စီးနှင့် အုပ်ချုပ်မှုယာဉ် ၅ စီးတို့လာရောက် 
မီးငြှိမ်းသတ်ခဲ့ ကြကြောင်း သိရသည်။

eleven media group

Monday, 04 February 2013

လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက် မြရိပ်ညို ၅ လမ်းနှင့် ၆ လမ်း
အကြားတွင် ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၅ လုံးနှင့် လှိုင်သာယာစက်မှုဇုန် အလုပ်သမား အများစု နေထိုင်
သည့် အဆောင် ၇ လုံး ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦး သတင်းများအရ သိရသည်။

ဝန်ကြီးသစ်ကယ်ရီ ကမ္ဘာခေါင်းဆောင်တွေကို ဖုံးနဲ့နှုတ်ဆက်

ဝန်ကြီးသစ်ကယ်ရီ ကမ္ဘာခေါင်းဆောင်တွေကို ဖုံးနဲ့နှုတ်ဆက်

4.2.2013

သောကြာနေ့ကမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာတဲ့ ဂျွန်ကယ်ရီ (John Kerry)ဟာစနေ၊တနင်္ဂနွေရုံးပိတ်ရက်အတွင်းတခြားနိုင်ငံ ခေါင်းဆောင်
တွေကို တယ်လီဖုန်းနဲ့ ပထမဆုံးအကြိမ် ဆက်သွယ် စကားပြောခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ယာဟူး (Benjamin Netanyahu) နဲ့ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘက်စ် (Mahmoud Abbas) တို့ကို မစ္စတာကယ်ရီဖုန်းနဲ့ဆက်သွယ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးရရှိအောင် ကူညီဆောင်ရွက်ပေးဖို့ သူ့အနေနဲ့ သန္နိဌာန်ချထားတယ် ဆိုတာကို ခေါင်းဆောင် ၂ ယောက်လုံးကို နိုင်ငံခြားရေး
ဝန်ကြီး ကယ်ရီက ပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒ (Fumio Kishida) နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်မ်ဆောင်ဟွမ်း
 (Kim Sung-hwan) တို့ဆီကိုလည်း ဝန်ကြီး ကယ်ရီ ဆက်သွယ် စကားပြောခဲ့
ပါတယ်။ အာရှ အရှေ့မြောက်ပိုင်းမှာ ဆက်ပြီး ရန်စတဲ့ အပြုအမူတွေကိုလုပ်နေ
မယ်ဆိုရင် အကျိုးဆက်တွေ ခံရမယ်ဆိုတာကို မြောက်ကိုရီးယားနိုင်ငံ သိဖို့လို
ကြောင်း နိုင်ငံခြားရေးဝန်ကြီး ၃ ယောက်လုံးက သဘောတူခဲ့ကြပါတယ်။ 

စနေနေ့တုန်းကလည်း ကနေဒါ၊မက္ကဆီကိုနဲ့တူရကီ နိုင်ငံခြားရေးဝန်ကြီးတွေဆီ
ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် က ဆက်သွယ် စကားပြောခဲ့တယ်လို့
 နိုင်ငံခြားရေးဌာန က ပြောပါတယ်။ အမေရိကန်မှာ သက်ရှိထင်ရှားရှိနေသေး
တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့လည်း ကိုယ်တိုင်တွေ့ဆုံ၊ ဒါမှမဟုတ်ဖုန်း
ပေါ်ကတဆင့် ဆက်သွယ်ပြီး အကြံဉာဏ်တွေကို ရယူခဲ့ပါတယ်။ မစ္စတာကယ်ရီဟာ သောကြာနေ့တုန်းကမှ နိုင်ငံခြားရေးဝန်ကြီးဟောင်းဟီလာရီကလင်တန် (Hillary Clinton)ဆီကနေရာထူးတာဝန်ကိုလွှဲပြောင်းယူခဲ့တာ
ဖြစ်ပါတယ်။
Mj

သောကြာနေ့ကမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာတဲ့ ဂျွန်ကယ်ရီ (John Kerry)ဟာစနေ၊
တနင်္ဂနွေရုံးပိတ်ရက်အတွင်းတခြားနိုင်ငံ ခေါင်းဆောင်တွေကို တယ်လီဖုန်းနဲ့ ပထမဆုံးအကြိမ် ဆက်သွယ် စကားပြောခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ယာဟူး (Benjamin Netanyahu) နဲ့ ပါလက်စ
တိုင်းခေါင်းဆောင် မာမွတ်အာဘက်စ် (Mahmoud Abbas) တို့ကို မစ္စတာကယ်ရီဖုန်းနဲ့ဆက်သွယ်ခဲ့တယ်လို့
 နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲ နေပြည်တော်တွင်ပြုလုပ် ၀န်ထမ်းလစာ တိုးမြှင့်ခြင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ ဆက်သွယ်ရေးအရာရှိများ အရေးယူမှုကိစ္စများနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိ

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲ
 နေပြည်တော်တွင်ပြုလုပ် ၀န်ထမ်းလစာ တိုးမြှင့်ခြင်း၊ ကေအိုင်အေနှင့်
 ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ ဆက်သွယ်ရေးအရာရှိများ အရေးယူမှုကိစ္စများနှင့် 
ပတ်သက်၍ မေးမြန်းမှုများအပေါ် အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိ
Monday, 04 February 2013

ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် မီဒီယာသမားများ တွေ့ဆုံ
ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ စက်မှု
ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီး ၀န်ထမ်းလစာ တိုးမြှင့်ခြင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ဆက်သွယ်ရေးအရာရှိများ အရေးယူမှုကိစ္စများနှင့် 
ပတ်သက်၍ မေးမြန်းမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိဘဲ လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း၊ အချို့ကို ဖြေကြားပေးနိုင်မည့် အချိန်တွင် ဆက်လက်
 ဖြေကြားပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ စွမ်းအင်ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲ၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ လက်ရှိကြွေးမြီများနှင့် ပတ်သက်ပြီး အဓိကထား ရှင်းလင်းပြောကြားခဲ့သည်။ အလားတူ အမျိုးသား လူမှုရေးနှင့် စီးပွားရေး အကြံပေး ကောင်စီမှ ဒေါက်တာဇော်ဦးကလည်း ကြွေးမြီကိစ္စများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် အစိုးရဘက်မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက အဓိကထား ပြောကြားခဲ့ပြီး ကျန်ဝန်ကြီးများနှင့် ဒုတိယ
ဝန်ကြီးများက မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပသည့်ပွဲသည် သတင်းစာ ရှင်းလင်းပွဲ မဟုတ်ဘဲ မီဒီယာများနှင့် အစိုးရ ၀န်ကြီးဌာနများ တွေ့ဆုံရန် စီစဉ်သည့် ပွဲဖြစ်ကြောင်း၊ မီဒီယာများနှင့် အစိုးရအဖွဲ့အကြား ပိုမိုရင်းနှီးမှု ရယူလို၍ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အစိုးရအဖွဲ့ပေါ်သို့ မီဒီယာများ အနေဖြင့် မြှောက်ပင့်စရာ မလိုသကဲ့သို့ ကဲ့ရဲ့ရှုတ်ချမှုများ မပြုလုပ်စေလိုကြောင်း၊ မီဒီယာများအနေဖြင့် 
အစိုးရအား ဝေဖန်မှုများ ပြုလုပ်နိုင်ပြီး ဝေဖန်မှုများကိုလည်း အစိုးရအဖွဲ့က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

မီဒီယာများအနေဖြင့် အစိုးရအဖွဲ့အား ဝေဖန်အကြံပြု တွဲခေါ်ရန်နှင့်
 ပြည်သူနှင့် အစိုးရအကြား မီဒီယာများမှ ပေါင်းကူးပေးရန်လည်း ဦးစိုးသိန်း
က ရှင်းလင်း ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဦးဝင်းရှိန်က ကြွေးမြီကိစ္စှနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် လက်ရှိအချိန်
အထိ ကျန်ရှိသည့် ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ရှိကြောင်း၊ ၁၉၈၈ ခုနှစ် မတိုင်မီ အကြွေးမြီ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅၉၉၂ ဒသမ ၁၂၇ သန်း ရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆၅၆ ဒသမ ၀၈၁ သန်းရှိကြောင်းနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ချေးယူသည့် ကြွေးမြီပမာဏမှာ အများဆုံးဖြစ်ပြီး အမေရိကန် ဒေါ်လာ ၃၃၁၉ ဒသမ ၀၀၃ သန်း ရှိကြောင်း
 ပြောကြားခဲ့သည်။ ထိုသို့ ရှင်းလင်းမှုများ ပြုလုပ်ပြီးနောက် မီဒီယာများ၏
 မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများက
 ပြန်လည် ဖြေကြားပေးခဲ့သည်။

အစိုးရ၀န်ထမ်း လစာများနှင့် ပတ်သက်၍ တိုးမြှင့်ပေးရန် အစီအစဉ်ရှိမရှိ Eleven Media Group ၏ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန်လည်ဖြေကြားရာတွင် လစာတိုးပေးနိုင်ရန် အမျိုးမျိုး စဉ်းစားဆောင်ရွက်နေပြီး လစာတိုးမည်၊ မတိုးမည်ကို လောလောဆယ် မပြောနိုင်သေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယင်းမေးခွန်းအပေါ်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖြည့်စွက်
 ဖြေကြားခဲ့ရာ အစိုးရ ၀န်ထမ်းများ၏ လစာသာမက ပြင်ပပုဂ္ဂလိက ၀န်ထမ်းလစာ တိုးနိုင်ရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံသူများနှင့်
 တွေ့ဆုံရာတွင် အနည်းဆုံးလစာတိုးမြှင့်ပေးရန် မကြာခဏ ပြောကြားနေ
ပါကြောင်းနှင့် အစိုးရ၀န်ထမ်း လစာနှင့် ပြင်ပပုဂ္ဂလိက ၀န်ထမ်းများ၏ လစာသင့်တင့်မျှတစွာ တိုးသွားနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မီဒီယာအချို့က ဆက်သွယ်ရေး အရာရှိများအား အရေးယူထားသည့်ကိစ္စအခြေအနေအား လည်းကောင်း၊ လက်ပံတောင်း
တောင် ကိစ္စနှင့် ပတ်သက်၍ ပြည်ပမီဒီယာ အချို့၏ ဖော်ပြချက်များနှင့် စပ်လျဉ်း၍ ရလဒ်အဖြေ မည်သို့ရှိသနည်းဆိုသည့် မေးခွန်းအား လည်းကောင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေအား လည်းကောင်း မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လတ်တလောတွင် ဖြေကြားနိုင်ခြင်း မရှိသေးပါကြောင်း လက်ပံတောင်း ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး
 ကော်မရှင်၏ အစီရင်ခံစာအတိုင်း လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း
 ပြန်လည် ဖြေကြားခဲ့ပါသည်။

ထို့အပြင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဖော်ထုတ်လျက်ရှိရာ မကြာမီ
 ဖော်ထုတ်ရန်ရှိသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခုအား မည်သည့်နေ
ရာတွင် ပြုလုပ်မည်ကို သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား
 ပြည်ထောင်စုဝန်ကြီးဦး စိုးသိန်း က မကြာမီ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း
တစ်ခုကို ဖော်ထုတ်ရန် စီစဉ်နေသော်လည်း နေရာကို ထုတ်ဖော်မပြောလို
ပါကြောင်းနှင့် ပြောကြားလိုက်ပါက ကျူးကျော် နေထိုင်သူများ ၀င်ရောက်
လာမည်ကို စိုးရိမ်၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။

eleven media group

Monday, 04 February 2013

ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် မီဒီယာသမားများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ 

မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီး ၀န်ထမ်းလစာ တိုးမြှင့်ခြင်း၊ ကေအိုင်
အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ဆက်သွယ်ရေးအရာရှိများ အရေးယူမှုကိစ္စများနှင့် ပတ်သက်၍ မေးမြန်းမှု
များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိဘဲ လတ်တလော ဖြေကြားနိုင်
ခြင်း မရှိသေးကြောင်း၊ အချို့ကို ဖြေကြားပေးနိုင်မည့် အချိန်တွင် ဆက်လက်ဖြေကြားပေးမည် ဖြစ်ကြောင်း
ရှင်းလင်းပြောကြားခဲ့သည်။