Pages

Saturday, February 2, 2013

မော်ဒယ် နန်းသီရိမောင် ရဲ့ ရေကူးဝတ်စုံဖက်ရှင် (ဓါတ်ပုံ)


မော်ဒယ် နန်းသီရိမောင် ရဲ့ ရေကူးဝတ်စုံဖက်ရှင် (ဓါတ်ပုံ)

မော်ဒယ် သရုပ်ဆောင် ရွှေစင်


မော်ဒယ် သရုပ်ဆောင် ရွှေစင်ရဲ့အလှ

မဲဆောက်မြို့ အိုမီဂါစက်ရုံ မြန်မာ အလုပ်သမားတွေဆန္ဒပြ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆောင်ခွဲ အရပ်မှာရှိတဲ့ အိုမီဂါ အထည်ချုပ်စက်ရုံ က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ဝဝ ကျော်ဟာ လုပ်အားခရရှိရေးအတွက် အလုပ်မဆင်းပဲ မနေ့ ညနေပိုင်းကနေ ဒီကနေ့ထိ ဆန္ဒပြနေကြတယ်လို့ RFA ကစုံစမ်းသိရပါတယ်။ အခု အလုပ်သမားတွေ ဆန္ဒပြနေတဲ့ အိုမီဂါ အထည်ချုပ်စက်ရုံဟာ ကျွမ်းကျင်အဆင့် အလုပ်သမားတစ်ဦးကို တစ်နေ့လုပ်အားခ ဘတ်ငွေ ၁၅ဝ လောက်သာပေးပြီး၊ သာမန်အလုပ်သမား အများစုကတော့ တစ်နေ့ကို ဘတ်ငွေ ၁၂ဝ သာရရှိနေခဲ့တာဖြစ်ပါတယ်။

“ပုဂံခေတ်ရုပ်ပွားတော် အမေရိကန်မှ ပြန်ရောက်”

“ပုဂံခေတ်ရုပ်ပွားတော် အမေရိကန်မှ ပြန်ရောက်”

အမေရိကန် Northeastern Illinois University မှ ပုဂံခေတ်လက်ရာဖြစ် သော ဓမ္မစက္ကမုဒြာ ဗုဒ္ဓ
ရုပ်ပွားတော်အား မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ရာ ရန်ကုန်အမျိုးသားပြတိုက်၌ ထိန်းသိမ်းထား
ကြောင်း သိရသည်။
... 
ဓမ္မစက္ကမုဒြာပုံ ရုပ်ပွားတော်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၂၂ လက်မ၊ ဆင်းတု တော် အနံ ၁၅ လက်မ၊
ဆင်းတုတော် ထု ၆ ဒသမ ၅ လက်မ ဖြစ်သည်။

သဲကျောက် ဖြင့်ပြုလုပ်ထားပြီး ဆင်းတုတော်၏ ခြေတော်များ မပါရှိပေ။ အဆိုပါရုပ်ပွားတော်ကို
အမျိုးသား ပြတိုက်ရှိ ခေတ်အဆက်ဆက်ထိန်းသိမ်းထားသော ဗုဒ္ဓဆင်းတုတော်များပြခန်းတွင်
ပြသထားလျက်ရှိသည်။

"နိုဝင်ဘာ ၂၅ ရက်နေ့က ရန်ကုန် လေဆိပ်ကို ရောက်တယ်။ အဲဒီနေ့ပဲ သက်ဆိုင်ရာအရာရှိသုံးဦး
က စစ်ဆေးပြီး အမျိုးသားပြတိုက်ကို ပင့်ဆောင်ခဲ့တယ်။ တစ်ဖက်ကအကြောင်းတွေကိုတော့ သိပ်
မသိပါဘူး။ လက်ရှိမှာတော့ ပြတိုက်မှာပဲ ထိန်းသိမ်းထားပါတယ်"ဟု အမျိုးသားပြတိုက် ညွှန်ကြား
ရေးမှူး ဦးသောင်းဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါရုပ်ပွားတော်အား ၁၉၈၈ ခုနှစ် တွင် ပုဂံ၊ ကျောက်ဂူ ဥမင်မှ အမေရိကန် နိုင်ငံသို့ ယူဆောင်
သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"အမျိုးသားပြတိုက်ဟာ တိုင်းပြည်ရဲ့ မျက်နှာစာ၊ တိုင်းပြည်ရဲ့အချက်အချာဆိုလည်း မမှားဘူး။
တိုင်းပြည်အတွင်း က တိုင်းရင်းသားလူမျိုးတွေ၊ ယဉ်ကျေးမှု အမွေအနှစ်၊ ဘာသာရေးစတာတွေ
ဟာ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့အတွက် ပြတိုက်က၀န်ထမ်းတွေ ထိန်းသိမ်းပေမယ့်လည်း
ပြည်သူတစ်ရပ်လုံးက မြတ်နိုးတဲ့စိတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်"ဟု
ဦးသောင်းဝင်းက ပြောသည်။

အမျိုးသားပြတိုက်အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းတန်ဖိုးလက်ရာများကို အများပြည်
သူများ မြတ်နိုးတန်ဖိုးထားနိုင်ရန်အတွက် စုဆောင်းထိန်းသိမ်းထားပြီး ပြတိုက်တွင် ပြခန်းပေါင်း ၁၆ 
ခန်းဖြင့် ခင်းကျင်း ပြသထားသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှကြီးမှူး၍ ပြတိုက်တွင် ဘွဲ့လွန်ပြတိုက်ဒီပလိုမာ
တစ်နှစ် သင်တန်းကိုလည်း ပို့ချပေးလျက်ရှိရာ ၁၁ ကြိမ်ရှိပြီ ဖြစ်သည်။

Credit to : New MyanmarFoundation
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

အမေရိကန် Northeastern Illinois University မှ ပုဂံခေတ်လက်ရာဖြစ် သော ဓမ္မစက္ကမုဒြာ ဗုဒ္ဓရုပ်ပွားတော်
အား မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ရာရန်ကုန်အမျိုးသားပြတိုက်၌ ထိန်းသိမ်းထားကြောင်းသိရသည်။...
ဓမ္မစက္ကမုဒြာပုံ ရုပ်ပွားတော်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၂၂ လက်မ၊ ဆင်းတု တော် အနံ ၁၅ လက်မ၊ဆင်း
တုတော် ထု ၆ ဒသမ ၅ လက်မ ဖြစ်သည်။

ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရှိဖို့အတွက် လမ်းလျှောက်သူများ နေပြည်တော်ရောက်ရှိ

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထိ လမ်းလျှောက်တဲ့ အဖွဲ့ဟာ ဒီကနေ့ဆိုရင် နေပြည်တော်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ ခရီးစဉ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က နှောင့်ယှက်တာတွေရှိခဲ့ပေမယ့် စစ်ပွဲဖြစ်နေတဲ့ လိုင်ဇာအထိ ရောက်အောင်သွားပြီး ငြိမ်းချမ်းရေးအလံ စိုက်ထူမယ်လို့ လမ်းလျှောက်ရာမှာပါဝင်တဲ့ ဦးမောင်စန်းက RFA ကို အခုလိုပြောပါတယ် ။

ဟင်္သာတမြို့ ပဒေသာဈေးကြီးအနီးတွင် ဈေးသည် နှင့် ဈေးဝယ်သူ အချင်းများရာမှ ဓားခုတ်မှုဖြစ်ပွား

ဟင်္သာတ၊ ဖေဖော်ဝါရီ ၂ ။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပဒေသာဈေးကြီး၏ နောက်ဘက် ငါးမျက်နှာဘုရားမုပ်ဦးရှေ့ဆိုင်တန်းတွင် ယနေ့မနက်ပိုင်းက ဈေးဝယ်သူ နှင့်ဈေးရောင်းသူတို့ အလေးချိန်မပြည့်မှုဖြင့် စကားများရာမှ ဈေးရောင်းသူ မအေးပပ မှ ကြက်သားခုတ်သော ဓားဖြင့်ခုတ်ရာ ဈေးဝယ်သူအားမထိပဲ ဈေးရောင်းသူအချင်းချင်း ခုတ်မိသောကြောင့် ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ဒဏ်ရာရသူ (၂)ဦးအား ပို့ဆောင်ထားရကြောင်း သတင်းရရှိပါသည်။

ခွဲစိတ်ကုသမှုကအ၀လွန်ခြင်းအပေါ် ထိရောက်မှုရှိသလား

ခွဲစိတ်ကုသမှုကအ၀လွန်ခြင်းအပေါ် ထိရောက်မှုရှိသလား

အ၀လွန်သူရာပေါင်းများစွာသည်ခွဲ စိတ်မှုပြုအပြီး ဆယ်စုနှစ်များအကြာအထိ ပျမ်းမျှ၂၆ကီလိုဂရမ်ခန့်ထိ လျော့ကျမှုကို ထိန်းသိမ်းထားနိုင်ကြောင်းက သြစတေးလျနိုင်ငံမှ ပြုလုပ်သောသုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။
သြစတေးလျနိုင်ငံ၊ မယ်ဘုန်းမြို့မှ Monash University မှ ပါမောက္ခ Dr. Paul Brien နှင့်အဖွဲ့သည်အစာ အိမ်ခွဲစိတ်မှုတစ်ရပ်ဖြစ်သော Gastric banding ကိုခံယူထားသူ ၃၂၂၇ဦးကို ၁၉၉၄ခုနှစ်မှ စတင်လေ့လာခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ခုနှစ်အထိ လေ့လာမှုပြုလုပ်ခဲ့သည်။ ယခုသုတေသနတွင် ပါဝင်သောအ၀လွန်သူများသည် အသက်၄၇နှစ် ပျမ်းမျှရှိသူတစ် ဦးဖြစ်ပြီး၇၈%မှာအမျိုးသမီးများဖြစ်သည်။
ပါဝင်သူ၃၂၂၇ဦးအနက်၇၁၄ဦးသည် လွန်ခဲ့သော၁၀နှစ်ခန့်က ခွဲစိတ်ကုသမှုခံယူခဲ့ကြပြီး ခွဲစိတ်ပြီးချိန်မှ စတင်၍ ကျဆင်းခဲ့သောပျမ်းမျှ ကိုယ်အလေးချိန်၂၆ကီလိုဂရမ်ကျဆင်းမှုကို ၁၀နှစ်ကြာသည်အထိ ထိန်းသိမ်းထားနိုင်သည်ဟု တွေ့ရှိခဲ့ကြသည်။
ခွဲစိတ်မှုခံယူပြီးနောက်ခွဲစိတ်မှုကြောင့်သော်လည်းကောင်း၊ အ၀လွန်မှုကြောင့်လည်းကောင်းသေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်းကို ယခုသုတေသနတွင်ဖော်ပြထားသည်။
အစာအိမ်ခွဲစိတ်မှုတစ်ရပ်ဖြစ်သော Gastric banding သည်ခွဲစိတ်မှု၏သဘောသဘာဝဖြစ်သော အန္တရာယ်များကိုကြုံတွေ့ရနိုင်သည့် အားနည်းချက်ရှိသော်ငြား အချိန်ပေးပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအစာကိုမျှတအောင်စားခြင်းများထက်စာလျှင် အနောက်နိုင်ငံများတွင်ပို၍ ရွေးချယ်နေကြသည်ဟု ယခုသုတေသနစာတမ်းတွင် တင်ပြထားသည်။

သန့်စင်
Ref: ANI
Health Updates Journal
Vol-2,No-5

Credit to : Health Updates Journal
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

အ၀လွန်သူရာပေါင်းများစွာသည်ခွဲ စိတ်မှုပြုအပြီး ဆယ်စုနှစ်များအကြာအထိ ပျမ်းမျှ၂၆ကီလိုဂရမ်ခန့်ထိ
လျာ့ကျမှုကို ထိန်းသိမ်းထားနိုင်ကြောင်းက သြစတေးလျနိုင်ငံမှ ပြုလုပ်သောသုတေသနတစ်ရပ်တွင် ဖော်
ပြထားသည်။သြစတေးလျနိုင်ငံ၊ မယ်ဘုန်းမြို့မှ Monash University မှ ပါမောက္ခ Dr. Paul Brien နှင့်အဖွဲ့
သည်အစာ အိမ်ခွဲစိတ်မှုတစ်ရပ်ဖြစ်သော Gastric banding ကိုခံယူထားသူ ၃၂၂၇ဦးကို ၁၉၉၄ခုနှစ်မှ စတင်
လေ့လာခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ခုနှစ်အထိ လေ့လာမှုပြုလုပ်ခဲ့သည်။

“ဆင်ပစ်မုဆိုးအား ဖမ်းဆီးရမိ”

“ဆင်ပစ်မုဆိုးအား ဖမ်းဆီးရမိ”

ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီ လီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်း
အကွက် အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်း နှင့် သစ်မာစိုက်ခင်း
စီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာမျိုးစုံစိုက်ခင်းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။

ကျွန်တော်စိုက်ခင်းလုပ်ငန်းများကို ထမ်းဆောင်နေစဉ်ကြီးကြပ်ရေးမှူးတစ်ဦး မှ သတင်းတစ်ခုထူးခြားကြောင်း “တောဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သား ရေ၊ နှာမောင်း၊ အသားမှအစ အရောင်း အ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါ သည်။

အဆိုပါသတင်းကြားရပြီး ဖြစ်ရပ် မှန်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင့် စုံစမ်းထောက်လှမ်းလျက်ရှိပါသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက် နေ့ ညနေ့ပိုင်းကြီးကြပ်ရေးမှူး ဦးမောင် လွင်နှင့် ဦးတင်ဌေးတို့ စိုက်ခင်းမီးတား လမ်းများ ဖောက်လုပ်ခြင်းမှာ အပြန် “အဘ ဒီနေ့ထူးခြားဖြစ်စဉ်တစ်ခုတင်ပြလို ကြောင်း ဘိုင်းဒါကြိုးဝိုင်း
အကွက်အမှတ် (၁၀၉) ကျွန်းစိုက်ခင်း ၂၀၁၁-၂၀၁၂ စိုက်ခင်းနှင့် မီတာ
၄၀၀ ခန့်အကွာလျှို ထဲမှ တူမီးသေနတ်သံ (၂) ချက်ကြားရ ကြောင်း တင်ပြလာသည်။

ပဲခူးအနောက် ဆင်ပစ် မုဆိုးအန္တရာယ် ကို ကြောက်ရွံ့ပြီး ပဲခူးအရှေ့သို့ ဆင်များ ပြောင်းရွေ့နေထိုင်ကြသည်။ ၁၀.၁. ၂၀၁၃ နေ့ စခန်းရုံးနှင့် မီတာ ၄၀၀ ခန့် အကွာ ၁၂ ခန့်အမြင့်ရှိ ဟိုင်းဆင်ကြီး တစ်ကောင်ရောက်နေ
ကြောင်း သိရသဖြင့် သွားရောက်ဓာတ်ပုံရိုက်ခြင်း၊ ညနေစောင်း မပြန်မီ “မင်း ဒို့စခန်းလဲလာလို့ရကြောင်း” အမှတ်မထင်ပြောခဲ့သည်။

ယင်းနေ့ည ၇း၃၀ နာရီခန့် စခန်းရုံးကာရံထားသည့် ၀ါးခြံစည်းရိုးအား
ဖြုတ်ပြီးထမင်းချက်ခန်း အနီးသို့ရောက်လာသဖြင့် ပန်းသီးတစ်ခြမ်း
ကျွေးပြီး ပြန်သွားရန်ပြောလိုက်ရာ တောတွင်းဝင်သွားခဲ့သည်။

ကြီးကြပ်ရေးမှူး နှစ်ဦးတင်ပြသည့် ထူးခြားဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ၂၈.၁.၂၀၁၃ ညနေ ၅း၃၀ နာရီခန့် ကျောက်တံခါးမြို့နယ် သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးညွန့်ဝင်း ထံဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်။

ဦးညွန့်ဝင်းမှ “ကျွန်တော်ယခု ပဲခူးတိုင်းရုံး အစည်းအဝေးခန်းမတွင် ရှိနေပါကြောင်း တောအုပ်ဦးမင်းသန့်ဇင်ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ကျွန်တော်မှာကြားကြောင်း ပြောရန်” ပြန်ကြားလာသည်။ ဦးစီးအရာရှိ ဦးညွန့်ဝင်း၏ညွှန်ကြားချက်ဖြင့် ညပိုင်း တွင်အဖွဲ့ (၃) ဖွဲ့ခွဲပြီး လုပ်ငန်းစတင်ကြပါသည်။

၂၀၁၃ ဇန်န၀ါရီလ (၂၉) ရက် နံနက် (၇း၀၀) နာရီခန့် တောအုပ်
မင်းသန့်ဇင်၊ တောခေါင်းတင်ထွန်းမင်း၊ ကျန်ချောင်း ရဲကင်းမှ ရဲတပ်ကြပ် ထွေးဝင်း၊ ရဲဒုတပ် ကြပ်ဇော်မျိုးလှိုင်၊ ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးမောင်လွင်တို့ပါဝင်သောအဖွဲ့သည် တူမီးသေနတ်သံကြားသည့် ၂၀၁၁-၂၀၁၂ စိုက်ခင်းနေရာအကြား လျှိုအတွင်းသို့သွား ရောက်ရှာဖွေကြစဉ် ဆင်သားရေများ မီးကင်ရန်
ကြတ်စင်ဆောက်ရန် မျောသစ် လုံးများခုတ်ယူနေသူ တစ်ဦးအားတွေ့ရှိ ၍ ရဲဒုတပ်ကြပ်ဇော်မျိုးလှိုင်မှ စတင်ဝင် ရောက်ဖမ်းဆီးပြီး စစ်ဆေးရာအုတ်ဖို့မြို့ နယ်၊ ၀ိုင်းအုပ်စု၊ ချောင်းစောက်ရွာမှ မင်းမင်း (ခ) အောင်ထွန်းမင်းဖြစ်ကြောင်း
သူကိုယ်တိုင်ဆင်အားတူမီးသေနတ်ဖြင့် (၂) ကြိမ်ပစ်၍ သတ်ခဲ့ကြောင်း သူနှင့် အတူ ထွန်းထွန်းဦး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့နှင့် နတ္တလင်းမြို့၊ ပဲခူးအနောက် ကွင်းစမ်းကျေးရွာ စိုးလွင်တို့ ဆင်သေအနီး ကြတ်စင်
ဆောက်လုပ်နေကြောင်း တူမီး သေနတ်အား ကျောပိုးအိတ်ပေါ်တင်ထား ခဲ့ကြောင်းထွက်ဆိုပြောကြားသည်။

မြို့ချောင်းရဲစခန်းသို့ အကူအညီ တောင်းခံခဲ့သည်။ မြို့နယ်သစ်တောဦးစီး အရာရှိ ဦးညွန့်ဝင်း၊ မြို့ချောင်းရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်းအောင်၊ သိန်းဗိုလ်၊ ကျန်ချောင်းရဲကင်းမှ ရဲအရာခံ ကြာညွန့် နှင့် ချင်းတွင်းမြစ်ကြောင်းစီမံကိန်း
ကုမ္ပဏီ မှ အထွေထွေမန်နေဂျာဦးအောင်ဖိုး၊လ/ထမန်နေဂျာဒေါ်ရတနာ
သိန်းနှင့်ဂျို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါ ၀င်သော ဖမ်းဆီးရေး
အဖွဲ့သည်ဆင်သေ ရှိရာ လျှိုအတွင်းပိုင်းအထိဝင်ရောက်စစ် ဆေးရှာဖွေရာ သားရေများခွာထားသည့် (၁၅) နှစ်သားအရွယ် အမြင့် ၇ ပေခွဲခန့် ရှိ ဆင်သေအားတွေ့ရှိသည်။

ယင်းအနီး တွင် ကျောပိုးအိတ်ကို တွေ့သော်လည်း တူမီးသေနတ်အား
မတွေ့ရှိတော့ကြောင်း အပေါင်းပါ (၂) ဦးလည်း ထွက်ပြေးသွား ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးမိုင်တိုင် ၇၅ မိုင် ၁ ဖာလုံလမ်း အနောက်ဘက်တောစပ်တွင် ၀ှက်ထား သည့်လော်ဂျာ အနက်ရောင်
မော်တော် ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ သည်။

ဆင်ပစ်သူ မင်းမင်း (ခ) အောင်ထွန်း မင်းအား မြို့နယ်သစ်တော
ဦးစီးဌာနမှ ဦးစီးအရာရှိဦးညွန့်ဝင်းမှ ဆက်လက်စစ် ဆေးမေးမြန်းရာ ဆင်သားရေကိုကြတ် တိုက်ပြီး တစ်ပိဿာတစ်သောင်းခွဲကျော် ဖြင့်
ရောင်းရကြောင်း၊ ဆင်နှာမောင်းကို အစိမ်းရေခဲစိမ်ပြီး တရုတ်နယ်စပ်သို့ ပို့ကြောင်းတစ်ပိဿရှစ်သောင်းကျပ်ရောင်း ရကြောင်း၊ အစွယ် တစ်ပိဿကျပ်ငါးသိန်း ဖြင့် ရောင်းရကြောင်း ၂၀၁၂ ခုနှစ်၊ ဧပြီ လ အတွင်းကလည်းယခုကဲ့သို့ဆင်အား ပစ်သတ်ပြီးရောင်းခဲ့ဘူးကြောင်း သူကဲ့သို့ ဆင်ပစ်အဖွဲ့ (၆) ဖွဲ့ခန့်ရှိကြောင်း ရဲနွယ် ချောင်းဘက် တွင်ရှိကြောင်း ပြောကြား သည်။

ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အရေး ယူဆောင်ရွက်လျက်ရှိပြီး အမှုကို ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲစခန်း မှ (ပ) ၉/ ၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ များ ပုဒ်မ ၃၇ (က) အရ အမှုဖွင့်အရေး ယူလျက်ရှိသည်။

မောင်ဘုန်း (ဥပဒေ)
The Hot News

ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီ လီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်း
အကွက် အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်း နှင့် သစ်မာစိုက်ခင်း
စီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာမျိုးစုံစိုက်ခင်းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။ ကျွန်တော်စိုက်ခင်းလုပ်ငန်းများကို ထမ်းဆောင်နေစဉ်ကြီးကြပ်ရေးမှူးတစ်ဦး မှ သတင်းတစ်ခုထူးခြားကြောင်း “တောဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သား ရေ၊ နှာမောင်း၊ အသားမှအစ အရောင်း အ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါ သည်။

Shwe Dagon Pagoda

Shwe Dagon Pagoda

According to legend, the Shwedagon Pagoda has existed for more than 2,600 years, making it the oldest historical pagoda in Burma and the world. 
According to tradition, two merchant brothers, Taphussa and Bhallika, from the land of Ramanya, met the Lord Gautama Buddha during his lifetime and received eight of the Buddha's hairs in BC 588. 

The brothers traveled back to their homeland in Burma and, with the help of the local ruler, King Okkalapa of Burma, found Singuttara Hill, where relics of other Buddhas preceding Gautama Buddha had been enshrined. When the king opened the golden casket in which the brothers had carried the hairs, incredible things happened:

“There was a tumult among men and spirits ... rays emitted by the Hairs penetrated up to the heavens above and down to hell ... the blind beheld objects ... the deaf heard sounds ... the dumb spoke distinctly ... the earth quaked ... the winds of the ocean blew ... Mount Meru shook ... lightning flashed ... gems rained down until they were knee deep ... all trees of the Himalayas, though not in season, bore blossoms and fruit.”

According to some historians and archaeologists, however, the pagoda was built by the Mon people between the 6th and 10th centuries CE.
The stupa fell into disrepair until the 14th century, when the Mon king Binnya U of Bago had the stupa rebuilt to a height of 18 m (59 ft). A century later, Queen Shinsawbu (1453–72), Dhammazedi's mother-in-law, raised its height to 40 m (131 ft). She terraced the hill on which it stands, paved the top terrace with flagstones, and assigned land and hereditary slaves for its maintenance. She yielded up the throne to Dhammazedi in 1472, retiring to Dagon; during her last illness she had her bed placed so that she could rest her dying eyes upon the gilded dome of the sacred fane. 

The Mon face of the Shwe Dagon inscription catalogues a list of repairs beginning in 1436 and finishing during Dhammazedi's reign. It mentions Queen Shinsawbu under a Pali name of sixty-six letters. By the beginning of the 16th century the pagoda had become the most famous place of pilgrimage in Burma.

A series of earthquakes during the next centuries caused damage. 

The worst damage came from a 1768 earthquake that brought down the top of the stupa, but afterward King Hsinbyushin (lit. Lord of the White Elephant) of Konbaung Dynasty raised it to its current height of 99 m (325 ft). A new crown umbrella called hti (ထီး) was donated by King Mindon Min in 1871 after the annexation of Lower Burma by the British.

An earthquake of moderate intensity in October 1970 put the shaft of the hti visibly out of alignment. A scaffold was erected and extensive repairs to the hti were made.
The pagoda is listed on the Yangon City Heritage List.

From 22 February 2012 to 7 March 2012, devotees celebrated the annual Shwedagon Pagoda Festival (ရွှေတိဂုံဘုရားပွဲ) for the first time since 1988, when it was banned by the governing State Law and Order Restoration Council.

Celebrations began at the Rahu corner of the pagoda's yinbyin platform, at the Maha Pahtan and Aung Myay central platforms , at 9 am. on 22 February.
The Shwedagon Pagoda Festival, which is the largest pagoda festival in the country, begins during the new moon of the month of Tabaung in the traditional Burmese calendar and continues until the full moon.

ref# wiki

According to legend, the Shwedagon Pagoda has existed for more than 2,600 years, making it the oldest historical pagoda in Burma and the world.
According to tradition, two merchant brothers, Taphussa and Bhallika, from the land of Ramanya, met the Lord Gautama Buddha during his lifetime and received eight of the Buddha's hairs in BC 588.

ဒါဖတ်ပြီးမှ ဓာတ်ဆီဆိုင်ဖွင့်ကြပါ

ဒါဖတ်ပြီးမှ ဓာတ်ဆီဆိုင်ဖွင့်ကြပါ

February 2, 2013Home, သတင်း

ပုဂ္ဂလိကစက်သုံးဆီရောင်းချ ခွင့်နှင့်၊ သိုလှောင်ခွင့်လိုင်စင် လျှောက်ထားလိုသူ များအနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ၊ စည်းကမ်းချက်များသတ် မှတ်ထုတ်ပြန်ထားရှိပြီးဖြစ်သည်။
လျှောက်ထားလိုသူများသည် လျှောက်ထားမြေနေရာမှာ လူစု လူဝေး တည်ရှိသည့်မြေနေရာနှင့် နီးကပ်မှုမရှိကြောင်း (ဥပမာ-ဈေး၊ ကျောင်း၊ ရုပ်ရှင်ရုံ၊ အားကစား ကွင်း၊ ဘိုးဘွားရိပ်သာနှင့် နီးကပ်မှု မရှိကြောင်း) ဘေးအန္တရာယ်ကျ ရောက်နိုင်မှုမရှိကြောင်း၊ လူနေ အိမ်ခြေနှင့် ကိုက်(၁၀၀၀) ကွာ ဝေးမှုရှိကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ထောက် ခံချက် ပူးတွဲပါရှိရမည်ဖြစ်သည်။ လမ်းနယ်နိမိတ်နှင့် ကင်းလွတ်မှု ရှိ/မရှိ သိုလှောင်ကန်နှင့် ပန့်တိုင် တည်နေရာပြပုံ (Layout Plan)၊ စက်သုံးဆီရယူမည့် ကုမ္ပဏီအဖွဲ့ အစည်း၏ ထောက်ခံချက်၊ တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကျရောက်နိုင် မှုရှိ/မရှိ၊ စီစစ်တင်ပြချက်၊ လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားလိုင်းနှင့် ကင်းလွတ်မှု ရှိ/မရှိ စီစစ်တင်ပြချက်၊ မြို့မြေ၊ ရွာမြေဖြစ်ပါက လုပ်ငန်းသုံးဂရန် ရရှိပြီးဖြစ်ကြောင်း၊ ဂရန်မိတ္တူ ပူးတွဲတင်ပြရန်၊ လယ်မြေဖြစ်ပါ က လုပ်ငန်းသုံးရန်အတွက် (လန -၃၉) ခွင့်ပြုမိန့်ရပြီး/မပြီး၊ (ရရှိပြီးပါက မိတ္တူ ပူးတွဲတင်ပြ ရန်)၊ ကုမ္ပဏီအနေဖြင့် လျှောက် ထားလာပါက ကုမ္ပဏီမှတ်ပုံတင် မိတ္တူပူးတွဲတင်ပြရန်နှင့် လျှောက် ထားသူ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြား မိတ္တူပူးတွဲတင်ပြရန် စသည့် စည်းကမ်းချက်များ၊ သတ်မှတ်ထုတ်ပြန်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
သို့သော် ပွင့်လင်းလာသော ဈေး ကွက်စီးပွားရေးစနစ်ကို အလုအယက် နေရာချဲ့ထွင်မှုများ တွင် တစ်ခုအပါအ၀င် ဖြစ်သည့် ဓာတ်ဆီဆိုင်များသည် အထက် ပါ စည်းကမ်းချက်များနှင့် အပြည့် အ၀ကိုက်ညီမှုမရှိသေးကြောင်း၊ လေ့လာတွေ့ရှိနေရသဖြင့်အများ ပြည်သူ မီးဘေးအန္တရာယ် ဆိုးကြီး၊ မကျရောက်စေရန်နှင့် စိုးရိမ်ထိတ်လန့်ဖွယ်အကြောင်း တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး ကို ရှေးရှု၍ သမ္မာသမက်ကျစွာ မိမိတို့လုပ်ငန်းကို ရပ်တည်လုပ် ဆောင်သင့်လှသည်။

 မင်းရဲဇော်

Credit to : The Hot News
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

February 2, 2013
ပုဂ္ဂလိကစက်သုံးဆီရောင်းချ ခွင့်နှင့်၊ သိုလှောင်ခွင့်လိုင်စင် လျှောက်ထားလိုသူများအနေဖြင့်မန္တလေးတိုင်း
ဒသကြီး အစိုးရ အဖွဲ့မှ၊ စည်းကမ်းချက်များသတ်မှတ်ထုတ်ပြန်ထားရှိပြီးဖြစ်သည်။လျှောက်ထားလိုသူများ
သည် လျှောက်ထားမြေနေရာမှာ လူစု လူဝေး တည်ရှိသည့်မြေနေရာနှင့် နီးကပ်မှုမရှိကြောင်း

မော်တော်ယာဉ် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ က.ည.န၏ ၀က်ဘ်ဆိုက်လွှင့်တင်

က.ည.န၏ ၀က်ဘ်ဆိုက်လွှင့်တင်

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၀က်ဘ်ဆိုက်ကို စတင်လွှင့်တင်ထားပြီး ဖေ့စ်ဘုတ်အကောင့်
မှတစ်ဆင့် မော်တော်ယာဉ် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရ
သည်။ အဆိုပါဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆောင်ရွက်ချက်များကို သိရှိနိုင်ရန် လွှင့်တင်ထားခြင်း
ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသောင်းလွင်ကပြောသည်။

ဘန်ကောက်မြို့တော်ဝန် ရွေးကောက်ပွဲမှာ မယ်ဆွယ်နေတဲ့ လက်ရှိမြို့တော်ဝန် မစ္စတာ ဆူခမ်ဘန်း

ဒီနေ့ အိမ်ကို လာဝေသွားတဲ့ ဘန်ကောက်မြို့တော်ဝန် ရွေးကောက်ပွဲ လက်ကမ်းမဲဆွယ်စာရွက်ပါ။ မဲဆွယ်သူကလက်ရှိမြို့တော်ဝန်ဖြစ် ပြီး နောက် ထပ် မြို့တော်ဝန်သက်တမ်း ဒုတိယ လေးနှစ် အတွက် မဲဆွယ်တာ ဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ လေးနှစ်က ကြယ်ပျောက်ပြီး လ အနီရောင် ထွက်တဲ့ အထိ လေထုညစ်ညမ်းနေတာကို သူ့သက်တမ်းအတွင်း ကြယ်ညီလာခံကို ညဘက် ပြန်မြင်ရတဲ့ အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လူမျိုး တရာ့တပါး မကအောင် ဥဒဟို သွားလာနေတဲ့ ဘန်ကောက်ရဲ့ လမ်းတွေပေါ်မှာ ဖုန်နဲ့ အမှိုက်ကို မမြင်ရအောင်လဲ စွမ်းဆောင်နိုင်ခဲ့သူပါ။ သူဟာ တခြားလူတော့ မဟုတ်ပါဘူး။ ၁၉၉၉ အောက်တိုဘာက ဘန်ကောက်မြို့ မြန်မာသံရုံးကို စွမ်းအားမြင့် ကျောင်းသား စစ်သည်များ အဖွဲ့က သိမ်းပြီး ဓားစာခံတွေကို နယ်စပ်ခေါ်သွားတုံးက ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ဖြစ်တဲ့ သူဟာ မြန်မာ သံရုံး အရာရှိတွေ ကိုယ်စား သူ့ကိုသာ ဓားစာခံ အဖြစ် ခေါ်ဖို့ တောင်းဆိုပြီး နယ်စပ်ကို လိုက်သွားပေးခဲ့သူလဲ ဖြစ်ပါတယ်။ သူ့နာမည် မစ္စတာ ဆူခမ်ဘန်း ပါရိဘတ်တျာပါ။

ဘန်ကောက်မြို့တော်ဝန် ရွေးကောက်ပွဲ လက်ကမ်းမဲဆွယ်စာရွက်ပါ။ မဲဆွယ်သူကလက်ရှိမြို့တော်ဝန်ဖြစ
် ပြီး နောက် ထပ် မြို့တော်ဝန်သက်တမ်း ဒုတိယ လေးနှစ် အတွက် မဲဆွယ်တာ ဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ လေးနှစ်က ကြယ်ပျောက်ပြီး လ အနီရောင် ထွက်တဲ့ အထိ လေထုညစ်ညမ်းနေတာကို သူ့သက်တမ်းအတွင်း ကြယ်ညီလာခံကို ညဘက် ပြန်မြင်ရတဲ့ အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး

တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး
ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး  
Saturday, 02 February 2013 

မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု
ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း
သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ဟီနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန်လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် လမ်းပိုင်းအများ အပြားပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လူလေးဦး သေဆုံးခဲ့သည်ဟု
နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ်
အသံလွှင့်ဌာနကမူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြမှု မရှိတော့ပေ။

ပြိုကျခဲ့သော ယီချန်တံတားအနီးမှ ဒေသခံများ၏ ပြောကြားချက်အရ တံတားပြိုကျရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံကြားခဲ့ရပြီး ကုန်တင်ကားမှာ တံတားမပြိုကျမီ သို့မဟုတ် ပြိုကျပြီးမှ ပေါက်ကွဲသည်ကိုလည်း မသိရသေးကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ဖော်ပြခဲ့သည်။

အမြန်လမ်း ပြိုကျမှုကြောင့် လမ်းမပေါ်မှ မော်တော်ယာဉ်များစွာ ပြုတ်ကျ
ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အရှိန်ဖြင့် ပေါက်ကွဲမှုကြောင့် ကားများစွာသည် လမ်းမပေါ်မှ လွင့်စင်ခဲ့သည်ဟု မျက်မြင်သက်သေများ
က ပြောကြားခဲ့သည်။ တံတားအောက်တွင် မိုးပေါ်ဘီးထောင်နေသော ထရပ်ကားများသုံးစီး အပါအ၀င် လိမ္မော်ရောင် ယူနီဖောင်း ၀တ်ထားသော ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေး လုပ်နေပုံများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။

မော်တော်ယာဉ် ခြောက်စီးကို အပျက်အစီးများကြားမှ ပြန်လည်ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်
လုပ်ဆောင်နေဆဲဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

တံတားပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းတံတားဘေးတွင် တံတားသစ်တစ်ခု စတင်ဆောက်လုပ်နေကြောင်း သိရသည်။ ယခုပြိုကျခဲ့သော တံတားမှာ အရှည် ၄၄၀၀ ကီလိုမီတာ (မိုင် ၂၇၀၀) ရှည်လျားပြီး တရုတ်အနောက်ဖက် ကာဇက်စတန်နယ်စပ်မှ အရှေ့ဖက် ပင်လယ်ဝါအထိ ရောက်ရှိနိုင်ကာ
မြေပြင်ပေါ်မှ အမြင့် မီတာ ၃၀ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်ဆင်နွှဲမည့် နှစ်သစ်ကူး
ပွဲတော်အတွက် လူသန်းပေါင်းများစွာသည် နေရပ်များသို့ ပြန်လာနေရာ
နိုင်ငံတွင်းရှိ လမ်းအများစုမှာ ပြည့်ကျပ်နေပြီး ကမ္ဘာ့အများဆုံး
နှစ်စဉ်ရွှေ့ပြောင်းသွားလာမှု ဖြစ်သည်။ ယင်းအချိန်ကာလမှာ ပွဲတော်အတွက် မီးရှူးမီးပန်းများကို ၀ယ်ယူမှုများပြားနေရာ ယင်းလုပ်ငန်းရှင်များအတွက် စီးပွားရေး အကောင်းဆုံးရာသီ ဖြစ်သည်။

တရုတ်တွင် မကြာသေးမီ နှစ်များအတွင်း တံတားပြိုကျမှု ဖြစ်စဉ်
အချို့ ဖြစ်ပွားခဲ့ပြီး လမ်းပေါ် မတော်တဆမှုများကြောင့် နှစ်စဉ် လူ ၇၀၀၀ ၀န်းကျင် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်
မီဒီယာက ဖော်ပြခဲ့သည်။

Ref: BBC;AFP
Eleven Media Group

02 February 2013

မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု
ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း
သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

Myanmar Sexy Model 2013 (Part 12)

More Sexy Girls >> www.myanmarcutegirl.com <<
Model: Ariel Thuta
Model: Ariel Thuta
Like · · · 6 minutes ago ·

တာမွေမြို့နယ်မေတ္တာညွန့် တွင် ယနေ့ နေ့လည်တစ်နာရီတွင် မီးလောင်မှုဖြစ်ပွား

ဖဖော်ဝါရီလ ၂ ရက်နေ့ နေ့လည်တစ်နာရီတွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်းရှိ တိုက်အမှတ် ၇၂၈ ၊ ၆ လွှာညာဘက်ခန်းတွင် ၅ မိနစ်ခန့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

မီးလောင်ခံရသည့် နေအိမ်ရှိ လေဖြတ်နေသူတစ်ဦးမှာ မီးခိုးငွေ့ များအန္တရာယ်ကြောင့် သင်္ဃန်းကျွန်းဆေးရုံသို့ တက်ရောက်ကုနေရကြောင်း သိရှိရသည်။ 

အဆိုပါ မီးလောင်မှုအား မီးသတ်ယာဉ်သုံးစီး အုပ်ချုပ်ယာဉ် သုံးစီးဖြင့် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လည်တစ်နာရီတွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်းရှိ တိုက်အမှတ် ၇၂၈ ၊ ၆ လွှာညာဘက်ခန်းတွင် ၅ မိနစ်ခန့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်ခံရသည့် နေအိမ်ရှိ လေဖြတ်နေသူတစ်ဦးမှာ မီးခိုးငွေ့ များအန္တရာယ်ကြောင့် သင်္ဃန်းကျွန်းဆေးရုံသို့ တက်ရောက်ကုနေရကြောင်း သိရှိရသည်။

လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဆို

" လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဆို"

ဖြူးမြို့နယ်၊
ဖေဖော်ဝါရီ ၂ ရက်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု လယ်ယာ ဘက်စုံသီးနှံ
ဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့ လာရောက်ကြည့်ရှု ခဲ့ပြီး ညောင်ပင်သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။
ယင်းတွေ့သို့တွေ့ဆုံရာတွင် တောင်သူများ၏ လယ်မြေ ဧက များကို ပြင်ဆင်စိုက်ပျိုးခြင်းကို အဓိကထား ပြောကြားပြီး လက်ရှိတွင် ဥပဒေအရ
ဘဏ်တွင် ပေါင်နှံကာ ရရှိသည့် ငွေကြေးဖြင့် လယ်ယာ လုပ်ကိုင်ခွင့် ကို ရင်းနှီးမြုပ်နှံရန်နှင့် မိသားစု၏ ဖူလုံရေးကို လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
စပါး စိုက် ပျိုးခြင်းနှင့် ပတ်သတ်၍ မိမိတို့တောင်သူများ ဆန္ဒ ရှိသည့် စပါးကို သာ အားဖြည့် စိုက်ပျိုးစေလိုပြီး ပုလဲသွယ်စပါးမျိုးကို စမ်းသပ်ပြီး ကြိုက်နှစ်သက်မှသာ
စိုက်ပျိုးကြရန် နှင့် လယ်ယာမြေတန်ဖိုးတက်စေရန် မိမိတို့တောင်သူများမှ အားထည့် လုပ်ဆောင်ရန် လိုပြီး တိုင်းပြည်၏ ၀င်ငွေအချိုးကို ပြည်သူ၏ ၀င်ငွေတိုးတက်မှု ဖြင့် အဆင့်ဆင့် လုပ်ကိုင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ၏ ပြောကြားချက်အရ မွန်ပြည်နယ်တွင် လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေများ များစွာရှိကြောင်း၊ယင်းလယ်ယာမြေ
များကို တောင်သူ လုပ်ကိုင်စားသောက်ရန် ပြန်ပေးသင့်သည်များကို ပြန်ပေးရန်နှင့် စိုက်ပျိုးမြေများကို ဆုံးရှုံးမှု မရှိစေရန် ဦးမြင့်လှိုင်အား သွားရောက်လုပ်ကိုင်ရန်
ပြောကြားခဲ့သည်။

သမ္မတ ၏ ခရီးစဉ်တွင် ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ဦးသိန်းညွန့်(နေပြည်တော်ကောင်စီနယ်မြေ ) ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ၊လယ်/ဆည် ၀န်ကြီးဌာနမှ ဦးမြင့်လှိုင်၊ဦးအုန်းမြင့် (မွေး/ရေ )နှင့်လွှတ်တော်မှ ကိုယ်စားလှယ်အချို့လိုက်ပါခဲ့သည်။
ယနေ့ခရီးစဉ်တွင် ရန်ကုန် နေပြည်တော် အဝေးပြေး(အမြန်)လမ်း
မှ ကျွန်းစိုက်ခင်းများကိုပါ သွားရောက်ကြည့် ရှုခဲ့ကြောင်းသိရသည်။
ဓါတ်ပုံ အောင်ထက် (NYK)

Credit to : Popular Myanmar News Journal
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
ဓါတ်ပုံ အောင်ထက် (NYK)
ဖြူးမြို့နယ်၊ ဖေဖော်ဝါရီ ၂ ရက်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု လယ်ယာ ဘက်စုံသီးနှံဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့ လာရောက်ကြည့်ရှု ခဲ့ပြီး
 ညောင်ပင်သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။ယင်းတွေ့သို့တွေ့ဆုံရာတွင် တောင်သူ
များ၏ လယ်မြေ ဧက များကို ပြင်ဆင်စိုက်ပျိုးခြင်းကို အဓိကထား ပြောကြားပြီးလက်ရှိတွင်ဥပဒေအရဘဏ်
တွင် ပေါင်နှံကာ ရရှိသည့် ငွေကြေးဖြင့် လယ်ယာ လုပ်ကိုင်ခွင့် ကို ရင်းနှီးမြုပ်နှံရန်နှင့် မိသားစု၏ ဖူလုံရေး
ကို လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ကုမ္ပဏီ တွေ့ဆုံ

မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ဇန်နဝါရီ ၂၉ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ထိုင်းနိုင်ငံ AmmitaCo မှ Mr.Aukklik ဦးဆောင်သော ထိုင်း လုပ်ငန်းရှင် များနှင့် မော်လမြိုင်-ရန်ကုန် ကျည်ဆန်ရထား လမ်းဖောက်လုပ်ရေး ကိစ္စနှင့် ပတ်သက်၍ လက်ခံတွေ့ဆုံခဲ့ရာ တွေ့ဆုံပွဲသို့ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် မြန်မာ့ မီးရထားမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဖေဖော်ဝါရီလ (၁)ရက်နေ့က ပန်းတနော်ဆန္ဒထုတ်ဖော်ပွဲအပြန်တွင့်  ဗိုလ်ကြီးဟောင်း နေမျိုးဇင်အဖမ်းခံခဲ့ရ


ဖေဖော်ဝါရီလ (၁)ရက်နေ့က ပန်းတနော်ဒေသခံတစ်ထောင်ကျော်၏ ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌရာထူးမှ မပြောင်းရွှေ့ရန်တောင်းဆို ခဲ့ကြသည့် ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ ဆန္ဒထုတ်ဖော်ပွဲအပြန်ခရီးတွင် ဖမ်းဆီးခံခဲ့ရသည်။

လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦ ပုံစံများကို ထုတ်ပြန်

လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦ ပုံစံများကို ထုတ်ပြန် 

Saturday, 02 February 2013 10:34

လမျက်နှာပြင်ရှိ မြေသားများကိုသာ အသုံးပြုပြီး လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦတစ်ခု၏ ပုံစံများကို ဗိသုကာလုပ်ငန်း Foster+ Partners က ထုတ်ပြန်ခဲ့သည်။

ယင်းအဆောက်အဦ ပုံစံကို ကမ္ဘာမြေမှ သယ်ယူသွားမည်ဖြစ်ပြီး သရီးဒီ ပရင့်တာများဖြင့် ထုတ်ထားသည့် အလွန်ကြီးမားသော အိမ်အရွယ်အစား အခွံတစ်ခုဖြင့် ဖုံးအုပ်လိုက်မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်ကုမ္ပဏီ Monolite ၏ ယင်းပရင့်တာဖြင့် regolith ဟု လူသိများသော လပေါ်ရှိမြေကို အသုံးပြုကာ ခြောက်မီတာ အရွယ်အစားရှိ ပုံစံများ ထုတ်မည်ဖြစ်ကြောင်း သိရသည်။

လပေါ်ရှိ တောင်ဝင်ရိုးစွန်းတွင် တည်ဆောက်ရန် အဆိုပြုထားပြီး ယင်းအဆောက်အဦ၌ လူလေးဦး နေနိုင်အောင် ပြုလုပ်ထားကာ ယင်းထက် ပိုနေနိုင်ရန် ထပ်မံတိုးချဲ့နိုင်သည်ဟုလည်း သိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ၀ါရှင်တန်ပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့က regolith ဆိုသော အရာဝတ္ထုကို တွေ့ရှိခဲ့ပြီး ယင်းထဲတွင် ဆီလီကွန်၊ အလူမီနီယံ၊ သံ၊ မဂ္ဂနီဆီယမ်အောက်ဆိုဒ်တို့ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။ ယင်းပစ္စည်းကို သရီးဒီပရင့်တာများ သုံးပြီး မာခဲသော အရာဝတ္ထုများ ဖန်တီးနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ အဆောက်အဦ တည်ဆောက်မည့် အစီအစဉ်ကို ဥရောပသမဂ္ဂ အာကာသအေဂျင်စီ အပါအ၀င် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းခဲ့ခြင်းကြောင့်သာ အကောင်အထည် ဖော်လာနိုင်ခြင်းဖြစ်သည်။ ယင်းအဆောက်အဦ ဆောက်မည့် အစီအစဉ်ကို စီစဉ်နေသော အမေရိကန် ကုမ္ပဏီ Deep Space Industries (DSI) သည် ၀င်ဘလေအားကစားကွင်း၊ နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ၊ ပေကျင်း လေဆိပ် စသည်တို့အပါအ၀င် အဆောက်အအုံအချို့ကို သရီးဒီပရင့်တာများဖြင့် ပုံစံထုတ်ပေးခဲ့ကြောင်း သိရသည်။    

Ref:BBC

Credit to : Eleven Media Group
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

02 February 2013

လမျက်နှာပြင်ရှိ မြေသားများကိုသာ အသုံးပြုပြီး လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦတစ်ခု၏ ပုံစံ
များကို ဗိသုကာလုပ်ငန်း Foster+ Partners က ထုတ်ပြန်ခဲ့သည်။ယင်းအဆောက်အဦ ပုံစံကို ကမ္ဘာမြေမှ သယ်ယူသွားမည်ဖြစ်ပြီး သရီးဒီ ပရင့်တာများဖြင့် ထုတ်ထားသည့် အလွန်ကြီးမားသော အိမ်အရွယ်အစား အခွံတစ်ခုဖြင့် ဖုံးအုပ်လိုက်မည်ဖြစ်ကြောင်း သိရသည်။

စွန့်ပစ် ဆေးလိပ်တိုများမှ တစ်ဆင့် လူသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ်


စွန့်ပစ် ဆေးလိပ်တိုများမှ တစ်ဆင့် လူသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ်

အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စီးပွားရေး စွမ်းဆောင်ရှင် တစ်ဦးသည် စွန့်ပစ်ထားသော ဆေးလိပ်တို များမှ တစ်ဆင့် ပလတ် စတစ် ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ပစ္စည်း တစ်မျိုးကို ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

တွန်ဆာကီ အမည်ရှိ အသက် ၃ဝ အရွယ် အမျိုးသား တစ်ဦးသည် ပရင်စတန် တက္ကသိုလ်မှ ထွက်၍ နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် Terra-Cycle တီထွင်မှု ကုမ္ပဏီကို ထူထောင်ခဲ့သည်။ ကနေဒါ၊ အမေရိကန်နှင့် စပိန် နိုင်ငံတို့တွင် ယခုလက်ရှိ လုပ်ငန်းလည် ပတ် နေသော Terra-Cycle ကုမ္ပဏီသည် စေတနာ့ ဝန်ထမ်းများထံမှ ဆေးလိပ်တိုများ စုဆောင်းပြီး လူသုံးကုန် ပစ္စည်းထုတ်လုပ် နိုင်သော ပလတ်စတစ်ကို ထုတ်လုပ် ခဲ့သည်။ွှ Terra-Cycle ကုမ္ပဏီသည် ကမ္ဘာ တစ်ဝန်းရှိ စွန့်ပစ်ထားသော ဆေးလိပ်တိုများကို စုဆောင်း ရယူခဲ့ပြီး ပထမအဆင့် အနေဖြင့် ဆေးရွက်ကြီး လက်ကျန်နှင့် စက္ကူတို့ အပါအဝင် ဆေးလိပ် တိုကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ချေဖျက်ခဲ့သည်။

ထို့နောက် ဒုတိယအဆင့် အနေဖြင့် ပလတ်စတစ် ပြုလုပ်ရန် အရည်ကျိုပြီး စက်မှုလုပ်ငန်းသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံးပြု နိုင်သော ပစ္စည်းသစ် တစ်မျိုး အဖြစ်သို့ ပြောင်းလဲ ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။ Terra-Cycle စက်ရုံမှ ဖျော်ရည်ထုပ် ပိုးခွံများ၊ ပလတ်စတစ် ဘူးခွံများ၊ ဘောပင်များ၊ ကော်ဖီ ထုပ်ပိုးခွံများ၊ သကြားလုံး ထုပ်ပိုးပလတ် စတစ်များ၊ သွားပွတ်တံ များနှင့် ကွန်ပျူတာ ကီးဘုတ်များ ထုတ်လုပ်သည်။ စီးကရက်တို အလိပ် ၂ဝဝဝ ခန့်လျှင် ပလတ်စတစ် ဆေးလိပ်ပြာခွက် တစ်ခု ပြုလုပ်နိုင်ပြီး ဆေးလိပ်တို ၂ဝဝဝဝဝ ကျော်ဖြင့် ပန်းဥယျာဉ်သုံး ကုလားထိုင် တစ်လုံး ပြုလုပ်နိုင်သည်။ တစ်နှစ်လျှင် ဆေးလိပ်တို နှစ်ထရီ လီယံခန့် စွန့်ပစ်နေပြီး ကမ္ဘာတစ်ဝန်းရှိ အမှိုက်များ၏ ၃၇ ရာခိုင်နှုန်းသည် ဆေးလိပ်တိုများ ဖြစ်ခြင်းကြောင့် ဆေးလိပ်တို ကုန်ကြမ်းများ ပြတ်လပ်ရန် ပူပင်စရာ မလိုကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/5966-2013-02-02-09-08-01#.UQyVcPJafro

Credit to :မြ၀တီ
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စီးပွားရေး စွမ်းဆောင်ရှင် တစ်ဦးသည် စွန့်ပစ်ထားသော ဆေးလိပ်တို များမှ တစ်ဆင့် ပလတ် စတစ် ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ပစ္စည်း တစ်မျိုးကို ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

အိမ်ထောင်ရှင် အမျိုးသားများ၏ ခြေလှမ်းမှားမှုကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ သဲလွန်စ အများဆုံးရရှိ

အိမ်ထောင်ရှင် အမျိုးသားများ၏ ခြေလှမ်းမှားမှုကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ သဲလွန်စ အများဆုံးရရှိ

ယခင် ကာလများက အိမ်ထောင်ရှင် အမျိုးသမီး များသည် ၎င်းတို့၏ ခင်ပွန်းသည် ယောက်ျားများ၏ လိမ်လည် ဖောက်ပြန်မှုကို ရှာဖွေ ဖော်ထုတ်ရန် အတွက်

အမျိုးသား များ၏ အင်္ကျီ ကော်လံပေါ်မှ နှုတ်ခမ်းနီ၊ အခြား အမျိုးသမီး တစ်ဦးသုံးစွဲသော ရေမွှေးနံ့ သို့မဟုတ် နှစ်ယောက်အတူ စားသုံးခဲ့သည့် ညစာစားပွဲ ငွေရှင်း လက်ခံ ဖြတ်ပိုင်း များ၏ နောက်ဆက်တွဲ မသင်္ကာဖွယ် အချက်များကို အသုံးပြုခဲ့ ကြသည်။ သို့သော် ယနေ့ခေတ် နည်းပညာ ဖွံ့ဖြိုး တိုးတက်သော အချိန် ကာလတွင်မူ ခင်ပွန်းသည်၏ မိုဘိုင်းလ်ဖုန်းအား စစ်ဆေး ကြည့်ရှုခြင်း သည် ၎င်းတို့၏ အရှုပ် ဇာတ်လမ်းများ ကို ဖော်ထုတ်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ iPhone ၏ အလိုအလျောက် မက်ဆေ့ခ်ျ ပေးပို့ မှုအား ပြန်လည် ကြည့်ရှုရာတွင် ဖုန်းဝင် လာလျှင် ဝင်လာချင်း မှာပင် အမည်အား ဖုန်းဖန်သားပြင် ပေါ်တွင် ပေါ်လာခြင်းကြောင့် ၎င်း အချက်သည်လည်း လိမ်လည်မှု တစ်ရပ်ကို အလွယ်တ ကူ ဖော်ထုတ်နိုင်သည့် နည်းပညာများ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗြိတိန် နိုင်ငံမှ အိမ်ထောင် ရှိ လျက်နှင့်ပင် အခြား အမျိုးသမီး တစ်ဦးနှင့် လျှို့ ဝှက် ဆက်သွယ်နေသူ သို့မဟုတ် အမျိုးသမီး တစ်ဦးနှင့် အတူ တွေ့ရှိရသူ အရွယ် ရောက်ပြီးသော အိမ်ထောင်သည် အမျိုးသား ၂၄ဝဝ နီးပါး ခန့်သည် ၎င်း တို့၏ သစ္စာမဲ့ ဖောက်ပြန်မှုများအား မိုဘိုင်းလ်ဖုန်း စုံစမ်း ထောက်လှမ်းရေး ဝက်ဘ်ဆိုက်ပေါ်၌ အခြေအနေ အရပ်ရပ်ကို စုံစမ်း မေးမြန်းခြင်းဖြင့် ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ စုံစမ်း မေးမြန်းမှု၏ ထက်ဝက် နီးပါးခန့် (၄၁ ရာခိုင်နှုန်း)သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်း ပေါ်မှ ထူးခြား ထင်ရှားချက်များကို စစ်ဆေးရန် သာ ဖြေကြားထားသည်။ ထို့ပြင် Facebook ကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်မှ တစ်ဆင့် စုံစမ်း ထောက်လှမ်းခြင်းသည်လည်း လိမ်လည် ဖောက်ပြန်သူ တစ်ဦးအား ရှာဖွေ ဖော်ထုတ်ရန် အတွက် ထိရောက်သော ဒုတိယ နည်းလမ်းပင် ဖြစ်သည်။ လေ့လာမှုအရ ခြေလှမ်းမှား နေမှုကို မိုဘိုင်းလ်ဖုန်းဖြင့် ၄၁ ရာခိုင်နှုန်း၊ လူမှုရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှ ၂၃ ရာခိုင်နှုန်း၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာ၊ လက်တော့ပ်၊ Tablet ကွန်ပျူတာတို့မှ ၁၃ ရာခိုင်နှုန်း၊ ချိန်းဆို မှုအား ရှာဖွေ တွေ့ရှိမှု ၁၁ ရာခိုင်နှုန်း၊ မိတ်ဆွေ သူငယ်ချင်းများ ၏ ပြောကြား မှု ၅ ရာခိုင်နှုန်း၊ မိသားစု အဖွဲ့ဝင်များ၏ ပြောကြားမှု ၃ ရာခိုင်နှုန်း၊ ကိုယ်တိုင် ဝန်ခံ ပြောကြားမှု ၂ ရာခိုင်နှုန်းနှင့် အခြားနည်းလမ်းဖြင့် သိရမှု ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည်။ ။

Credit to : မြ၀တီ
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

ယခင်ကာလများကအိမ်ထောင်ရှင်အမျိုးသမီးများသည်၎င်းတို့၏ခင်ပွန်းသည် ယောက်ျားများ၏ လိမ်လည်
ဖာက်ပြန်မှုကို ရှာဖွေ ဖော်ထုတ်ရန် အတွက် အမျိုးသား များ၏ အင်္ကျီ ကော်လံပေါ်မှ နှုတ်ခမ်းနီ၊ အခြား အမျိုးသမီး တစ်ဦးသုံးစွဲသော ရေမွှေးနံ့ သို့မဟုတ် နှစ်ယောက်အတူ စားသုံးခဲ့သည့် ညစာစားပွဲ ငွေရှင်း
 လက်ခံ ဖြတ်ပိုင်း များ၏ နောက်ဆက်တွဲ မသင်္ကာဖွယ် အချက်များကို အသုံးပြုခဲ့ ကြသည်။ သို့သော် ယနေ
့ခေတ် နည်းပညာ ဖွံ့ဖြိုး တိုးတက်သော အချိန် ကာလတွင်မူ ခင်ပွန်းသည်၏ မိုဘိုင်းလ်ဖုန်းအား စစ်ဆေး ကြည့်ရှုခြင်း သည် ၎င်းတို့၏ အရှုပ် ဇာတ်လမ်းများကို ဖော်ထုတ်ခြင်းသည်အကောင်းဆုံး နည်းလမ်းပင် ဖြစ်
သည်။

ရန်ကုန်မြို့တော် ကြီးအား ပြုပြင်တည်ဆောက်ရန်နှစ် ၃၀ စီမံကိန်းရေးဆွဲတင်ပြနေသည့် အခန်းအနားမြင့်ကွင်း (သတင်းဓာတ်ပုံ)

ရန်ကုန်မြို့တော် ကြီးအား ပြုပြင်တည်ဆောက်ရန်နှစ် ၃၀ စီမံကိန်းရေးဆွဲတင်ပြနေသည့်အချိန်တွင် မြို့တော်စည်ပင်အရာထမ်းများအားထိုသို့တတ်ကြွစွာတွေ့ရစဉ် 

Credit to : May Thadar
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

ရန်ကုန်မြို့တော် ကြီးအား ပြုပြင်တည်ဆောက်ရန်နှစ် ၃၀ စီမံကိန်းရေးဆွဲတင်ပြနေသည့်အချိန်တွင် မြို့တော်
စည်ပင်အရာထမ်းများအားထိုသို့တတ်ကြွစွာတတ်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

"ထောင်တွင်းအလုပ် ဆန့်ကျင်ရေးတိုက်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပ"

"ထောင်တွင်းအလုပ် ဆန့်ကျင်ရေးတိုက်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပ"

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် သာယာဝတီ အကျဉ်းထောင်အတွင်းမှာ အကျဉ်းချခံခဲ့ရတဲ့ ကျောင်းသား လူငယ်တွေ ကျင်းပတဲ့ သာယာဝတီ အကျဉ်းထောင် Anti Labour ခေါ် အလုပ်ဆန့်ကျင်ရေး တိုက်ပွဲအထိမ်းအမှတ်အခမ်းအနားကိုရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ 

၁၉၈၉ခုနှစ်သာယာဝတီအကျဉ်းထောင်အတွင်းမှာအကျဉ်းချခံခဲ့ရတဲ့            ကျောင်းသား လူငယ်တွေ အလုပ်ဆန့်ကျင်ရေး တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ကျင်းပစဉ်၁၉၉၅ ခုနှစ်က သာယာဝတီ အကျဉ်းထောင်မှာ နေခဲ့ရဖူးတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုမာကီးက ဒီကနေ့ အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့တွေက သူတစ်ပါးကို ရန်ပြုခဲ့ကြသူတွေမဟုတ်ကြပါဘူး၊ စာရွက်ဝေတယ်၊ဒို့အရေးအော်တယ်အားလုံးငြိမ်းငြိမ်းချမ်းချမ်းလုပ်ခဲ့ကြတာ၊ ထောင်ထဲရောက်တယ် ထောင်ရဲ့စည်းကမ်းမှန်သမျှ ချိုးဖောက်ရမယ်လို့ ကျွန်တော်တို့ သဘောမထားပါဘူး၊ ထောင်ရဲ့အလုပ်ကိုလည်း ကျွန်တော်တို့ မကြောက်ပါဘူး၊ဦးချိုးတဲ့အနေနဲ့မင်းတို့ဟာ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး၊ မင်းတို့ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချမှတ်လိုက်တာ ဆိုပြီး မတရားတဲ့ အမိန့်အာဏာတွေနဲ့ စေခိုင်းခဲ့တာပါ၊ ကျွန်တော်တို့ကိုအဲ့လို လုပ်တဲ့သူတွေကို ပြစ်ဒဏ်ပေးဖို့ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး၊ အဲလိုတွေဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတင်စေချင်တဲ့ အတွက်လုပ်တာလို့ပြောပါတယ်။"

ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေကို သာယာဝတီ အကျဉ်းထောင်အတွင်းမှာ အခြားရာဇဝတ် အကျဉ်းသားတွေနဲ့ တန်းတူအလုပ်စေခိုင်းတာတွေရှိခဲ့တဲ့အပြင် ကျောင်းသားအကျဉ်းသားတွေကိုလူမဆန်တဲ့ညှင်းပန်းနှိပ်စက်မှုတွေကိုသမိုင်းမှတ်တမ်းတစ်ခုအနေနဲ့           ဖော်ပြပေးစေလိုတဲ့အတွက် အခုလို ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကိုသာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်       ထောင်တွင်းမှာ အလုပ်ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ၁၉၈၉ ခုနှစ် သာယာဝတီအကျဉ်းထောင်အတွင်းက Anti Labour ခေါ်အလုပ်ဆန့်ကျင်ရေးတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်း
တွေသံဃာတော်တွေအပြင်တိုက်ပွဲဝင်ရင်း သေဆုံးသွားကြတဲ့ ကျောင်းသား တွေရဲ့ မိသားစုဝင်တွေ အပါအဝင် လူဦးရေ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

‎လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် သာယာဝတီ အကျဉ်းထောင်အတွင်းမှာ အကျဉ်းချခံခဲ့ရတဲ့ ကျောင်းသား လူငယ်တွေ ကျင်းပတဲ့ သာယာဝတီ အကျဉ်းထောင် Anti Labour ခေါ် အလုပ်ဆန့်ကျင်ရေး တိုက်ပွဲအထိမ်းအမှတ်အခမ်းအနားကိုရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအပြင်ဖက် ဗုံးကွဲဖြစ်ပွား

တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအပြင်ဖက် ဗုံးကွဲ

01.02.2013
တူရကီနိုင်ငံ အန်ကာရာမြို့မှာရှိတဲ့ အမေရိကန်သံရုံးအပြင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အနဲဆုံး လူတဦး သေဆုံးသွားတယ်လို့ တူရကီ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
သေဆုံးသွားသူဟာ သံရုံး လုံခြုံရေးဝန်ထမ်းဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ အဲဒီ လုံခြုံရေးဝန်ထမ်းဟာ X – Ray စစ်ဆေးဂိတ်အနီးမှာ သေဆုံးသွားတာလို့ ဗွီအိုအေ တူရကီသတင်းဌာန သတင်းထောက်က ပြောပါတယ်။ အခင်းဖြစ်ပွားချိန်မှာ သံရုံးလုံခြုံရေးကင်မရာက အလုပ်မလုပ်ဘူးလို့ အဲဒီ သတင်းထောက်က ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးပြီးချင်း သံရုံးကို ပိတ်ထားလိုက်ပြီး ၀န်ထမ်းတွေအားလုံးကိုလဲ လုံခြုံတဲ့နေရာမှာ ရွေ့ထားလိုက်တယ်လို့ သံရုံးဝန်ထမ်းက ဗွီအိုအေကို ပြောပါတယ်။

မျက်မြင်သက်သေတွေအဆိုအရကတော့ ဒီပေါက်ကွဲမှုဟာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ အသေခံဗုံးခွဲသမားဟာ သံရုံးအ၀င်ဝမှာ ဖောက်ခွဲလိုက်တာလို့ တူရကီရဲအရာရှိတွေက အေပီသတင်းဌာနကို ပြောပါတယ်။ တူရကီအစိုးရရဲ့ စည်းမျဉ်း ဥပဒေတွေအရ အမည်မဖော်ပဲ အဲဒီအရာရှိက အေပီသတင်းဌာနကို ပြောလိုက်တာပါ။

အရေးပေါ် ကယ်ဆယ်ရေးကားတွေနဲ့ မီးသတ်သမားတွေ အခင်းဖြစ်ပွားရာကို အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။ အမေရိကန်သံရုံးရှိတဲ့ ဒီဒေသမှာ တခြားနိုင်ငံတွေက သံရုံး အတော်များများလည်း ရှိပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက အစ္စတန်ဘူလ်မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးအပြင်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေနတ်သမား ၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့ သေဆုံးခဲ့ပါတယ်။

VOA

01.02.2013
တူရကီနိုင်ငံ အန်ကာရာမြို့မှာရှိတဲ့ အမေရိကန်သံရုံးအပြင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အနဲဆုံး လူတဦး သေဆုံးသွားတယ်လို့ တူရကီ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
သေဆုံးသွားသူဟာ သံရုံး လုံခြုံရေးဝန်ထမ်းဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ အဲဒီ လုံခြုံရေးဝန်ထမ်းဟာ X – Ray စစ်ဆေးဂိတ်အနီးမှာ သေဆုံးသွားတာလို့ ဗွီအိုအေ တူရကီသတင်းဌာန သတင်းထောက်က ပြောပါတယ်။ အခင်းဖြစ်ပွားချိန်မှာ သံရုံးလုံခြုံရေးကင်မရာက အလုပ်မလုပ်ဘူးလို့ အဲဒီ သတင်းထောက်က ပြောပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အိုးအိမ်နှင့် စတားလိုက် ကုမ္ပဏီပိုင် မြေနေရာပေါ်တွင် အိမ်ထောင်စု တစ်ရာကျော်ခန့်မှ တဲထိုးနေထိုင်ရန် စီစဉ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား


လှိုင်သာယာမြို့နယ်ရှိ အိုးအိမ်နှင့် စတားလိုက် ကုမ္ပဏီပိုင် မြေနေရာပေါ်တွင် အိမ်ထောင်စု တစ်ရာကျော်ခန့်မှ တဲထိုးနေထိုင်ရန် စီစဉ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား 

Friday, 01 February 2013 21:45

ဖေဖော်ဝါရီလ ၁ ရက်နေ့က လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက် ပီမိုးနင်း လမ်းမဘေးရှိ အိုးအိမ်နှင့် စတားလိုက် ကုမ္ပဏီပိုင် ၁၈ ဧကခန့် ကျယ်ဝန်းသော မြေနေရာပေါ်တွင် အိမ်ထောင်စု ၁၀၀ ကျော် ခန့်မှ တဲထိုးနေထိုင်ရန် စီစဉ်သဖြင့် အိုးအိမ် ဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား ရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အိမ်ထောင်စု ၁၀၀ ကျော်ခန့်သည် ဇန်န၀ါရီ ၃၁ ရက် ညက ယင်းမြေနေရာပေါ်တွင် ၀င်ရောက်နေထိုင်ရန် မြေကွက်များ လာရောက် သက်မှတ်ခြင်း၊ ၀ါးတိုင်များ စိုက်ထူခြင်းများ ပြုလုပ်ခဲ့ ကြပြီးနောက် ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းတွင် သက်ဆိုင်ရာမှ လာရောက်ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ ရန်ကုန်ရောက်တာ နှစ်လလောက် ရှိသွားပါပြီ ဧရာဝတီတိုင်းမှာ အဆင်မပြေလို့ ဒီပြောင်းလာတာပါ။ အဆောင် ငှားနေပါတယ် အလုပ်ကလည်း ပန်းရံတို့ အုတ်သယ် ကျောက်စီတို့၊ လုပ်ရတာဆိုတော့ ကျပန်းဖြစ်တဲ့ အတွက် ပိုက်ဆံရတဲ့နေ့ ရှိသလို၊ မရတဲ့နေ့လည်း ရှိပါတယ်။ အဆောင်လခကလည်း တစ်လကို နှစ်သောင်း ပေးရတဲ့အတွက် နေစရာ၊ စားစရာ အခက်အခဲ ဖြစ်တာရယ်၊ တစ်ခြား အိမ်ထောင်စု ၁၀၀ ကျော်လောက်ကလည်း ရွှေ့ပြောင်း နေတာတွေလည်း တွေ့လို့ ပြောင်းလို့ရနိုင်တယ် ထင်လို့ လာပြောင်းကြည့်တာပါ။” ဟု နေစရာ အခက်အခဲရှိသည့် လှိုင်သာယာ မြို့နယ်တွင် နေထိုင်သူ တစ်ဦးမှ ပြောသည်။

ယင်းမြေကွက်လက် အနီးရှိ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကလည်း “ဇန်န၀ါရီ ၃၁ ရက်နေ့ ညက အိမ်ပြောင်းဖို့ လာစီစဉ်တဲ့ သူတွေက တော်တော်များပါတယ်။ အိမ်ထောင်စု ၁၀၀ ကျော်လောက်က ပြောင်းဖို့ ၀ါးတွေစိုက်၊ မြေတွေတိုင်းနဲ့ မီးချောင်းတွေ ထွန်းပြီး ပွဲတော်ကြီးလိုတောင် ဖြစ်သွားပါတယ်။ နယ်က တတ်လာတဲ့သူတွေ များလွန်းလို့ ဒီနားက အိမ်တွေ တော်တော်များများက အခန်းကျဉ်းလေးတွေ ဖွဲ့ပြီး အဆောင်တွေ ငှားစားနေကြပါပြီ” ဟု ပြောကြားခဲ့သည်။


“ကျွန်တော်တို့က ပြောင်းခိုင်းဖို့ အထက်က ညွှန်ကြားရင်တော့ အမိန့်အတိုင်း ဆောင်ရွက်ဖို့ လုပ်ရမှာပဲလေ။ လုံခြုံရေး လာယူတာပါ။ ဒါကျွန်တော်တို့ရဲ့ တာဝန်ပဲလေ” ဟု ရွှေ့ပြောင်းစေခိုင်းရန် စီစဉ်နေသူ ဒုရဲအုပ်တစ်ဦးမှ ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ် အိုးအိမ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ဒီမြေနေရာက ကျွန်မတို့ အိုးအိမ် ဦးစီးဌာနနဲ့ စတားလိုက် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းနေရာပါ။ အိမ်ရာစီမံကိန်း တစ်ခုလုပ်မှာပါ။ ဒါလုပ်တာက အခုမှလုပ်တာ မဟုတ်ပါဘူး။ အရင်ကတည်းက စနေတာပါ။” ဟု ပြောကြားခဲ့သည်။

မျိုးမြင့်အောင်၊သက်မျိုးမင်း

နေစရာအခက်အခဲရှိသူများက ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေကြစဉ်

Credit to  :Eleven Media Group
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
နေစရာအခက်အခဲရှိသူများက ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေကြစဉ်
01 February 2013

ဖေဖော်ဝါရီလ ၁ ရက်နေ့က လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက် ပီမိုးနင်း လမ်းမဘေးရှိ အိုးအိမ်နှင့် စတားလိုက် ကုမ္ပဏီပိုင် ၁၈ ဧကခန့် ကျယ်ဝန်းသော မြေနေရာပေါ်တွင် အိမ်ထောင်စု ၁၀၀ ကျော် ခန့်မှ တဲထိုးနေထိုင်ရန် စီစဉ်သဖြင့် အိုးအိမ် ဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား ရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

"ဖိနှိပ်မှုတွေ များပြားတဲ့အတွက် တရုတ်နိုင်ငံသားပိုင် (Global Electric) ဂလိုဘယ် အီလက်ထရစ် စက်ရုံကလုပ်သားတွေ ရန်ကုန်မှာ ဆန္ဒပြ"

"ဖိနှိပ်မှုတွေ များပြားတဲ့အတွက် တရုတ်စက်ရုံလုပ်သားတွေ ရန်ကုန်မှာ ဆန္ဒပြ"

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် (၂) မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် (Global Electric) ဂလိုဘယ် အီလက်ထရစ် စက်ရုံက အလုပ်သမား ၈ဝ ကျော်ဟာ စက်ရုံဖက်က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အလုပ်သမားတွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေရပ်စဲဖို့ ဒီကနေ့ အလုပ်မဆင်းကြပဲ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

စက်ရုံရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ ဖိနှိပ်မှုတွေ များပြားလာတဲ့အတွက် အခုလို စက်ရုံရှေ့မှာထိုင်ပြီး ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်တဲ့ မမြမြဝေ က RFA ကို အခုလို ပြောပါတယ်။

“ဘာကြောင့် ဆန္ဒပြရတာလဲဆိုတော့ သူတို့တွေက သမီးတို့ဝင်တုန်းကတော့ Pressure တွေ သိပ်မပေးဘူးပေါ့နော်၊ အခုတော့ ခြေထောက်ချိတ်မထိုင်ရဘူး၊ စကားလည်းမပြောရဘူး၊ သူတို့တွေက သမီးတို့မလုပ်နိုင်တဲ့ဟာတွေကို အဆမတန်တောင်းပြီးတော့ သူတို့လိုချင်တာတွေမရရင် သမီးတို့တွေ လက်မှတ်ထိုးရတယ်၊ လက်မှတ်ထိုးတာ ၃ ကြိမ်ပြည့်ပြီဆိုရင် အလုပ်ကနေထွက်ရတယ်၊ အဲဒီစာချုပ်ကလည်း သမီးတို့ပထမ အလုပ်စဝင်ဝင်ခြင်းစာချုပ်မှာ အဲဒါတွေမပါဘူး၊ အခုအဲဒါတွေပါပြီးတော့ သူတို့တွေက အမျိုးမျိုးဖိနှိပ်ပြီး ဖိအားတွေပေးတဲ့အတွက် အဲဒါတွေကို လျော့ပေးဖို့ဆန္ဒပြတာပါ”

သူတို့ရဲ့တောင်းဆိုမှုတွေထဲမှာ လက်ရှိအုပ်ချုပ်နေတဲ့ မန်နေဂျာနေရာမှာ မြန်မာလူမျိုး အစားထိုး ခန့်အပ်ပေးဖို့်၊ တင်းကျပ်တဲ့ စည်းကမ်းတွေ ဖြေလျော့ပေးဖို့၊ ဖိနှိပ်ဆက်ဆံတာတွေ လျော့ချပေးဖို့ စတဲ့ အချက်တွေကို အဓိကတောင်းဆိုခဲ့ကြပါတယ်။

အဲဒီ Global Electric စက်ရုံဟာ တီဗွီ၊ ရေခဲသေတ္တာတွေမှာ ထည့်သွင်းအသုံး ပြုတဲ့ လျှပ်စစ်ကွိုင်ပစ္စည်းတွေနဲ့ အခြားအပိုပစ္စည်းတွေကို ထုတ်လုပ်တာဖြစ်ပြီး စက်ရုံမှာ အလုပ်သမားဦးရေ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Credit to  :RFA Burmese
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် (၂) မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် (Global Electric) ဂလိုဘယ် အီလက်ထရစ် စက်ရုံက အလုပ်သမား ၈ဝ ကျော်ဟာ စက်ရုံဖက်က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အလုပ်သမားတွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေရပ်စဲဖို့ ဒီကနေ့ အလုပ်မဆင်းကြပဲ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးစဉ်မှ ယနေ့ည ၁၀ နာရီ ၃၅ မိနစ်ကပြန်လည်ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးစဉ်မှ ပြန်လည်ရောက်ရှိလာ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံများသို့ ၈ ရက်ကြာခရီး သွားရောက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက် ည ၁၀ နာရီ ၃၅ မိနစ်တွင် တောင်ကိုရီးယားနိုင်ငံမှ Korean Air KE 471 လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်း သတင်းရရှိသည်။

eleven media group 

http://tunwai-states.blogspot.jp/2013/02/blog-post_8445.html

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံများသို့ ၈ ရက်ကြာခရီး သွားရောက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက် ည ၁၀ နာရီ ၃၅ မိနစ်တွင် တောင်ကိုရီးယားနိုင်ငံမှ Korean Air KE 471 လေကြောင်းဖြင့်

မက္ကစီကို ရေနံကုမ္ပဏီရုံးချုပ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ(၂၅)ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ

မက္ကစီကို ရေနံကုမ္ပဏီရုံးချုပ်တွင် ပေါက်ကွဲမှုဖြစ်ပွား

မက္ကစီကို နိုင်ငံတွင် အစိုးရပိုင် ရေနံကုမ္ပဏီ တစ်ခု၌ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၅)ဦး
မျှ အသေအပျောက် ရှိခဲ့ကြောင်း သိရှိရသည်။ ပြည်ထဲရေး ဝန်ကြီးဌာနက Pemex ကုမ္ပဏီ၏ မက္ကစီကိုစီးတီး
ရှိ ရုံးချုပ်၌ ဖြစ်ပွားသော ပေါက်ကွဲမှုအတွင်းအနည်းဆုံးလူ(၁၀၀)မျှလည်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း
 ဖော်ပြခဲ့သည်။

တောင်အာဖရိကတွင် ရထားတိုက်မိမှုကြောင့် လူပေါင်း (၁၅၀)ကျော် ဒဏ်ရာရ


တောင်အာဖရိက နိုင်ငံတွင် မီးရထားနှစ်စင်း တိုက်မိမှုကြောင့် လူပေါင်း (၁၅၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ခရီးသည်တင် ရထားနှစ်စင်းသည် ကျောင်းသူကျောင်းသား အများစုကို တင်ဆောင်လာရင်း ပရီတိုရီယာမြို့ အနီးတွင် တိုက်မိကြခြင်း ဖြစ်သည်။

ဂြိုဟ်တုသယ်ဆောင်သည့် ရုရှားဒုံးပျံ လွှတ်တင်ပြီးမကြာမီ ပျက်ကျ

zenith-3sl
(Zenit-3SL ဒုံးပျံအား ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ Odessy ပစ်လွှတ်စင်တွင် တပ်ဆင်ထားသည်ကို တွေ့ရစဉ်)
ရုရှားနိုင်ငံ၏Intelsat-27 ဂြိုဟ်တုအားသယ်ဆောင်သွားသောZenit-3SLဒုံးပျံသည်ပစ်လွှတ်လိုက်ပြီးမကြာမီ
ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျသွားကြောင်း သိရှိရသည်။ Intelsat-27 မှာ အမေရိကန်လုပ် ဂြိုဟ်တုဖြစ်ပြီး