Pages

Friday, February 1, 2013

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများLev yကြေးအား ပေးဆောင်ရမည်

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများLevyကြေးအား ပေးဆောင်ရမည်

မလေးရှားအစိုးရအဖွဲ့မှ ၁၉၉၂ခုနှစ် နိုင်ငံခြားသား အလုပ်သမား ပေါ်လစီအား ပြန်လည်ကျင့်သုံးရန် သဘောတူညီခဲ့ပြီးနောက် အဆိုပါပေါ်လစီအရ လက်ရှိကျင့်သုံးနေသော Levyကြေးအား အလုပ်ရှင်များက ပေးဆောင်ရသည့် အနေအထားမှ အလုပ်သမားများကိုယ်တိုင်ပေးဆောင်ရမည့် အနေအထားသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါဆုံးဖြတ်ချက်သည် မလေးရှားနိုင်ငံတွင်းမှ တရားဝင်အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားအလုပ်သမားများ ပါမစ်သက်တမ်းတိုးသည့်အချိန်မှ စတင်သက်ရောက်မည်ဖြစ်ပြီး အသစ်ရောက်ရှိလာသည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ပါမစ်ရရှိပြီးချိန်မှစ၍ စတင်သက်ရောက်မည်ဖြစ်သည်။ ပါမစ်သက်တမ်းတိုးရာတွင် ရိုးရိုး Work pass,employment pass နှင့် ယာယီအလုပ်လုပ်ခွင့်ပါမစ်များပါ အကြုံးဝင်မည်ဖြစ်သည်။ 

အဆိုပါပေါ်လစီအရ အလုပ်ရှင်များအနေဖြင့် နိုင်ငံခြားသား အလုပ်သမားများကို ခန့်ထားရာတွင် စရိတ်စကအနည်းငယ် သက်သာသွားမည်ဖြစ်သည်။ ယခုမလေးတစ်နိုင်ငံလုံးတွင် ကျင့်သုံးမည့် အနည်းဆုံးလစာသတ်မှတ်ခြင်းအရ နိုင်ငံသား အလုပ်သမားများနှင့် နိုင်ငံခြားသား အလုပ်သမားများ၏ အခြေခံလစာမှာ ပျှမ်းမျှ ၃၀% မှ ၅၀% တိုးမြှင့်သွားမည်ဖြစ်ပြီး အရေအတွက်အားဖြင့် ရင်းဂစ်၆၀၀-၇၀၀ မှ ရင်းဂစ် ၉၀၀ သို့ တိုးမြှင့်ခြင်း ခံရမည်ဖြစ်သည်။ ထို့အပြင် တိုးမြှင့်လိုက်သော အခြေခံလစာအပေါ်မူတည်၍ အချိန်ပိုလုပ်အားခပါ တိုးမြှင့်လာပြီး တစ်လ၀င်ငွေ စုစုပေါင်း ပျှမ်းမျှ ရင်းဂစ် ၁၂၀၀မှ ရင်းဂစ်၁၅၀၀အတွင်း ရရှိမည်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရှင်များအနေဖြင့် ခန့်အပ်ထားသော အလုပ်သမားများ၏ လစာကို ရင်းဂစ်၃၀၀မှ ရင်းဂစ်၅၀၀အတွင်း တိုးမြှင့်ပေးချေရမည်ဖြစ်သဖြင့် ယခင်အလုပ်သမားအတွက် ပေးဆောင်နေရသည့် Levy ကြေးအား အလုပ်သမားများက ပေးဆောင်ရမည်ဖြစ်သည်။

Levy ကြေးပေးဆောင်ရမည့် ပေါ်လစီသည် မလေးရှားနိုင်ငံအတွင်း ၁၉၉၂ခုနှစ်မှစတင်ကျင့်သုံးခဲ့ပြီး ၂၀၀၉ခုနှစ်အထိ အလုပ်သမားများကသာ ပေးဆောင်ခဲ့ရပြီး ၂၀၀၉ခုနှစ်မှစတင်၍ မလေးရှားအစိုးရမှ အလုပ်ရှင်များအား ကျခံစေရန် ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။ ၂၀၁၂ခုနှစ်အတွင်း ကျင့်သုံးခဲ့သည့် တရာမ၀င်အလုပ်သမား ပပျောက်ရေး 6P အစီအစဉ်အရ တရားဝင်အလုပ်သမားဦးရေ တိုးတက်လာခြင်းနှင့်အတူ အလုပ်ရှင်များဖက်မှ Levyကြေးပေးဆောင်ရသည့် ပမာဏမြင့်တက်လာခဲ့သည်။ ထို့ကြောင့် အစိုးရအနေဖြင့် အလုပ်သမားများအား လစာတိုးမြှင့်ပေးခြင်းဖြင့် Levy ကြေးအား ကိုယ်တိုင်ပေးဆောင်ရန် သတ်မှတ်လိုက်ခြင်းကြောင့် အလုပ်ရှင်များဖက်မှ စရိတ်စကအချို့ကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်းကုန်ထုတ်လုပ်မှုစရိတ် သက်သာခြင်းကြောင့် ကုန်ဈေးနှုန်း ကျဆင်းလာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ ထို့အပြင် နိုင်ငံအတွက်အခွန်ငွေ တိုးတက်လာနိုင်မည်ဖြစ်ပြီး နှစ်စဉ် ရင်းဂစ် ၂.၁ဘီလီယံရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

အလုပ်ရှင်များဖက်မှ အစိုးရ၏အထက်ပါအစီအစဉ်အား ကြိုဆိုလိုက်သော်လည်း Malaysian Trades Union Congress က အဆိုပါအစီအစဉ်၏ အားနည်းချက်များကို ဝေဖန်သွားကြောင်း သိရှိရသည်။ မလေးရှားအစိုးရ၏ အစီအစဉ်သည် အလုပ်ရှင်များဖက်မှ စရိတ်စကသက်သာစေရန် သက်သက်သာရည်ရွယ်ပြီး အလုပ်သမားများအတွက်ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်စေနိုင်ကြောင်း ထောက်ပြသွားသည်။ ထို့အပြင် အစိုးရအနေဖြင့် Levyကြေးအား ကိုယ်တိုင်ပေးဆောင်ရမည့် နိုင်ငံခြားသား အလုပ်သမားများ၏ တခြားလိုအပ်ချက်များ [EPF(Employee Provident Fund) နှင့် Socso(Social Security Organisation)] ကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း အကြံပြုသွားခဲ့သည်။
အလုပ်ရှင်အများစုက အစိုးရ၏အစီအစဉ်အား ကြိုဆိုလိုက်သော်လည်း မလေးရှားနိုင်ငံ၏ အကြီးမားဆုံး မီနီမတ်စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် KK Mart Group ကမူ အဆိုပါအစီအစဉ်သည် ၎င်းတို့အတွက် အကျိုးမရှိကြောင်းပြောဆိုသွားသည်။ 

၎င်းတို့အနေဖြင့် နိုင်ငံခြားသားအလုပ်သမားများအား နေစရာ၊ အကြိုအပို့စီစဉ်ပေးထားသည့်အပြင် စားစရိတ်ပါ ပေးထားသဖြင့် လစာတိုးမြှင့်ပေးရခြင်းအတွက် အဆိုပါစရိတ်စကများကို အလုပ်သမားများ အိတ်စိုက်ကျခံသင့်ကြောင်း ဝေဖန်သွားသည်။ လက်ရှိအချိန်တွင် KK Group ၌ အလုပ်လုပ်နေသော နိုင်ငံခြားသား အလုပ်သမားများ ၅၀၀ကျော်အား တစ်ရက် ၁၂နာရီအလုပ်ချိန်အတွက် အခြေခံလစာ ၉၀၀ရင်းဂစ် ပေးချေထားကြောင်း၊ အစိုးရ၏ အနည်းဆုံးလစာပေါ်လစီ သက်ရောက်ပြီးနောက်ပိုင်းတွင် အဆိုပါအလုပ်သမားများ၏ လစာမှာ ၁၄၀၆ရင်းဂစ်သို့ တိုးမြှင့်ပေးချေရမည်ဖြစ်သည့်အတွက် အလုပ်သမားများအတွက် ပံ့ပိုးထားသည့် နေစရာအဆောက်အအုံ၊ အကြိုအပို့စသည့် စရိတ်စကများပါ ဆက်လက်ကုန်ကျမည်ဆိုလျှင် ၎င်းတို့အတွက် ပို၍အခက်အခဲဖြစ်စေကြောင်း ပြောဆိုသွားသည်။ အလုပ်သမား၅၀၀ကျော်အတွက် တစ်လစာ လစာငွေပေးချေရမည့်ပမာဏမှာ ပေါ်လစီသက်ရောက်ပြီးနောက်ပိုင်းတွင် ရင်းဂစ်၂၅၀၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း ပြောပြသွားပါသည်။
တချို့သော အသေးစားစီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များကမူ ၎င်းတို့၏အလုပ်သမားများကို Levy ကြေး ကိုယ်တိုင်ပေးဆောင်စေလိုခြင်း မရှိကြောင်းသိရသည်။

ပေါ်လစီမသက်ရောက်မှီ နိုင်ငံခြားသား အလုပ်သမားအတွက် အလုပ်ရှင်မှ ပေးဆောင်ရသည့် တစ်နှစ်စာ Levyကြေးမှာ တစ်ဦးလျှင်  [Services Sector-Rm600-Rm1850, Plantation-Rm590, Manufacturing&Construction Sector-Rm1250] ဖြစ်ကြောင်း သိရှိရသည်။ ယခုကျင့်သုံးမည့် Minimum Wage ပေါ်လစီအရ အဆိုပါ Levy ကြေးအား အလုပ်သမားကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်ပြီး တိုးမြှင့်ခံရမည့် လစာငွေမှာ အနောက်ဖက် ပင်နီဆူလာကျွန်းဆွယ်တွင် အလုပ်သမားတစ်ဦးလျှင် လစာငွေ အနည်းဆုံး တစ်လလျှင် ရင်းဂစ်၉၀၀ ရရှိမည်ဖြစ်ကာ အရှေ့ဖက် Sabah နှင့် Sarawah တွင် ရင်းဂစ်၈၀၀ အနည်းဆုံးရရှိမည်ဖြစ်သည်။ အလုပ်သမားအာမခံကြေးမှာ နိုင်ငံခြားသား အလုပ်သမားတစ်ဦးအတွက် ရင်းဂစ်၇၂ မှ ရင်းဂစ်၂၀၀ထိ ပေးဆောင်ရမည်ဖြစ်ပြီး အလုပ်သမားများအတွက် နေစရာနှင့် အကြိုအပို့စရိတ်အား အလုပ်ရှင်မှ ကျခံရမည်ဖြစ်သည်။

အဆိုပါအစီအစဉ်သည် မလေးရှားနိုင်ငံအတွင်း အလုပ်ရှင်နှင့်တိုက်ရိုက်ဆက်သွယ် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် တိုးမြှင့်ခံရမည့်လစာငွေနှင့် Levyကြေးပေးဆောင်ရမည့် ပမာဏအပေါ်မူတည်၍ အကျိုးရှိနိုင်သော်လည်း အများစုမှာ အေးဂျင့်များမှတဆင့် အလုပ်ရှင်နှင့်ဆက်သွယ် အလုပ်လုပ်နေကြသည့်အတွက် အဆိုပါအစီအစဉ်သည် ၎င်းတို့အတွက် အကျိုးရှိနိုင်မဟုတ်ဟု စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသွားပါသည်။ ၎င်းအား အလုပ်ရှင်မှ အလုပ်ချိန်၁၂နာရီအတွက် တစ်လလစာ ရင်းဂစ်၁၂၀၀အား အေးဂျင့်၏ ဘဏ်စာရင်းအတွင်း လစဉ်ထည့်သွင်းပေးပြီး အေးဂျင့်မှ ၎င်းအား ရင်းဂစ်၉၀၀သာ ပေးချေကြောင်း ပြောပြသွားပါသည်။ ထို့ကြောင့် တိုးမြှင့်ခံရမည့် လစာငွေများမှာ အဆိုပါအလုပ်သမားများအတွက် အကျိုးမရှိနိုင်ပဲ အေးဂျင့်များအတွက်သာ အကျိုးရှိနိုင်ကြောင်း၊ ၎င်းတို့၏ Levy ကြေးကိုလည်း အေးဂျင့်ကသာ ပေးဆောင်ပြီး ပိုလျှံသည့်လစာငွေအား အေးဂျင့်ကသာ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ငြီးငြူပြောဆိုသွားပါသည်။ အဆိုပါသတင်းများအား အောက်ပါဝက်ဆိုက်များတွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
http://thestar.com.my/news/story.asp?file=/2013/1/31/nation/20130131173335&sec=nation
http://www.nst.com.my/nation/general/bosses-no-longer-have-to-pay-foreign-workers-levies-1.210630

မလေးရှားအခြေစိုက် ၀ံသာနုသတင်းထောက်ပေးပို့သော သတင်းအား တင်ဆက်ခြင်းဖြစ်ပါသည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိအလုပ်လုပ်ကိုင်နေသည့် နိုင်ငံများမှ အလုပ်သမားများနှင့်ပတ်သက်သော သတင်းအချက်အလက်များအား အများပြည်သူသို့ အသိပေးတင်ပြလိုပါလျှင် ၀ံသာနုသတင်းဌာန၏ အီးမေးလ်ဖြစ်သော wontharnu.com@gmail.com သို့ဖြစ်စေ၊ ယခုဖေ့ဘုတ်စာမျက်နှာသို့ မက်ဆေ့ပို့၍ဖြစ်စေ ပေးပို့နိုင်ပါသည်။

မလေးရှားအစိုးရအဖွဲ့မှ ၁၉၉၂ခုနှစ် နိုင်ငံခြားသား အလုပ်သမား ပေါ်လစီအား ပြန်လည်ကျင့်သုံးရန် သဘောတူညီခဲ့ပြီးနောက် အဆိုပါပေါ်လစီအရ လက်ရှိကျင့်သုံးနေသော Levyကြေးအား အလုပ်ရှင်များက ပေးဆောင်ရသည့် အနေအထားမှ အလုပ်သမားများကိုယ်တိုင်ပေးဆောင်ရမည့် အနေအထားသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

Wireless စနစ်ဖြင့် အားသွင်းနိုင်မည့် Gigastone wireless portable drive

Wireless စနစ်ဖြင့် အားသွင်းနိုင်မည့် Gigastone wireless portable drive
By Internet Journal

မိုဘိုင်းဖုန်းတွေ၊ Tablets PC၊ Notebook နဲ့ တခြား wireless စနစ် ပါဝင်တဲ့ ပစ္စည်းတွေကို wireless စနစ်နဲ့ အားပြန်သွင်းပေးနိုင်တဲ့ Gigastone အမှတ်တံဆိပ် Smart Box ကို ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ 2500 mA ရှိတဲ့ Li-ion ဘက်ထရီ ထည့်သွင်းထားပြီး Hi-speed WiFi စနစ် အသုံးပြုထားတဲ့အတွက် မိုဘိုင်းဖုန်းတွေကို တစ်နာရီအတွင်း 1000 mA အထိ အားပြန်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ WiFi standard 802.11 b/g/n အထိ ထောက်ပံ့ပေးပါတယ်။ USB, SDHC ကတ်ပေါက် ပါဝင်ပြီး 32GB အထိ ထည့်သွင်းကာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်းနဲ့ အချက်အလက်တွေကို သိုလှောင်ထားနိုင်မှာ ဖြစ်သလို တခြားသူများနှင့်လည်း မျှဝေသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ မျှဝေသုံးစွဲခြင်းကို တစ်ပြိုင်နက် ခြောက်ဦးထိ အသုံးပြုနိုင်မှာဖြစ်ပြီး ဗီဒီယို play-back စနစ် အထောက်အပံ့ ပါဝင်ပါတယ်။ Wireless အကွာအဝေးကို ၁၀ မီတာကွာခန့်ကနေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန် ၇၅ ဂရမ်သာ ရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ သွားလေရာ သယ်ဆောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android OS နှင့် Apple iOS နှစ်မျိုးစလုံးကို ထောက်ပံ့ပေးထားပြီး Mac OSX, Windows 7/Vista, Linux စတဲ့ System အားလုံးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ ဖုန်း ၃၈၀၅၃၆ နှင့် ၀၉-၈၆၂၂၇၄၄ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူအသုံးပြုနိုင်ပါတယ်။

သူရ
http://news.yatanarpon.com.mm/news/news-75146

Credit to  :yatanarpon.com.mm
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

မိုဘိုင်းဖုန်းတွေ၊ Tablets PC၊ Notebook နဲ့ တခြား wireless စနစ် ပါဝင်တဲ့ ပစ္စည်းတွေကို wireless စနစ်နဲ့ အားပြန်သွင်းပေးနိုင်တဲ့ Gigastone အမှတ်တံဆိပ် Smart Box ကို ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်ပြီ ဖြစ်
ပါတယ်။ 2500 mA ရှိတဲ့ Li-ion ဘက်ထရီ ထည့်သွင်းထားပြီး Hi-speed WiFi စနစ် အသုံးပြုထားတဲ့အတွက် မိုဘိုင်းဖုန်းတွေကို တစ်နာရီအတွင်း 1000 mA အထိ အားပြန်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဆေးကုမ္ပဏီများမှ ဖိနှိပ်မှုများရှိလာသဖြင့် ဆေးဆိုင်များစုပေါင်းအသင်းဖွဲ့

ယခုနှစ်ပိုင်းတွင် ဆေးကုမ္ပဏီများမှ ဆေးဝါးရောင်းချဖြန့်ဖြူးသူဆေးဆု
ိင်များအား ဖိနှိပ်ဖိအားပေးမှုများ ကြုံတွေ့လာရသဖြင့် ဝိုင်းဝန်းဖြေရှင်းရန်အတွက် အထက်မြန်မာပြည်မန္တလေးမြို့တွင် အကြီးဆုံးလက်လီလက်ကားဖြန့်ဖြူးရောင်းချနေသည့် ချမ်းအေးသာဇံဆေးဆိုင်များမှ ဇန်နဝါရီလ ၂၃ရက်နေ့၊ဈေးချိုဂရန်းဟိုတယ်အပေါ်ထပ်တွင် အစည်းအဝေးလုပ်ကာ ချမ်းအေးသာဇံဆေးဝါးဆေးဝါးရောင်းချသူ၊ဆေးဆိုင်မိသားစုလူမှုရေးအသင်းဖွဲ့လိုက်ကြောင်း ယင်းဆေးဆိုင်ရှင်များထံမှ သိရသည်။

ရေကန်အောက်မှ အမျိုးသမီး အမည်ရှိ ဂန္ထ၀င်ဓာတ်ပုံများ ရုရှားရေကူးမယ် ရိုက်ကူး

ရေကန်အောက်မှ အမျိုးသမီး အမည်ရှိ ဂန္ထ၀င်ဓာတ်ပုံများ ရုရှားရေကူးမယ် ရိုက်ကူး

ရုရှားနိုင်ငံမြောက်ပိုင်း အလွန်အေးခဲလှသည့် ဆိုက်ဘေးရီးယားဒေသ အူရယ်လ်တောင်တန်းမှ အော်ရာ လိုဏ်ဂူအတွင်းရှိ ရေကန်တွင် ရေအောက်မှအမျိုးသမီး အမည်ရှိ ဂန္ထ၀င်ဓာတ်ပုံများကို ရုရှားရေကူးမယ် နာတာလီယာ အက်ဗ်ဆင်ကိုက နှစ်ရက်ကြာ ရိုက်ကူးခဲ့သည်။ ကမ္ဘာ့အနက်ဆုံး စာရင်းဝင် အော်ရာလိုဏ်ဂူ၏ ဂူအတွင်း အပူချိန်သည် အနုတ်၂၃ ဒီဂရီစင်တီဂရိတ် ရှိသောကြောင့် ရေခဲတမျှအေးစက်ကာ  ရေအောက်တွင် ကိုက်၅၀၀န်းကျင်ထိ ကြည်လင်စွာ မြင်နိုင်လောက်အောင် ရေမှာ ကြည်လင်လျက်ရှိသည်။ ဒိုင်ဗင်ချန်ပီယံဟောင်း နာတာလီယာ အက်ဗ်ဆင်ကိုသည် ရေအောက် ၅၅ပေအနက် ၀န်းကျင်တွင် ဓာတ်ပုံအရိုက်ခံခဲ့ပြီး ထိုသို့ရိုက်ကူးစဉ် သုံးမိနစ်တစ်ကြိမ် အသက်ရှူရန်အတွက် ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်ခဲ့သည်။ 

Credit to  : SMG
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

ရုရှားနိုင်ငံမြောက်ပိုင်းအလွန်အေးခဲလှသည့်ဆိုက်ဘေးရီးယားဒေသအူရယ်လ်တောင်တန်းမှ အော်ရာ လိုဏ်
ဂူအတွင်းရှိ ရေကန်တွင် ရေအောက်မှအမျိုးသမီး အမည်ရှိ ဂန္ထ၀င်ဓာတ်ပုံများကို ရုရှားရေကူးမယ် နာတာလီ
ယာ အက်ဗ်ဆင်ကိုက နှစ်ရက်ကြာ ရိုက်ကူးခဲ့သည်။

အနောက်နိုင်ငံမှ မော်ဒယ်များ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး သရုပ်ပြမှုများ ရှိလာ

အနောက်နိုင်ငံမှ မော်ဒယ်များ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး 
သရုပ်ပြမှုများ ရှိလာ
Friday, 01 February 2013 


အနောက်နိုင်ငံမှ မော်ဒယ်များ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး သရုပ်ပြနေစဉ်။
ရွှေမြန်မာတို့ အလွန် ဂုဏ်ယူဖွယ်ရာကောင်းပါတယ်။ မြန့်မာ့ရိုးရာဝတ်စုံကို ချစ်တယ် မြတ်နိုးတယ်ဆိုရင် Like လုပ်ပါ။

ShweRooms.com

Friday, 01 February 2013

အနောက်နိုင်ငံမှ မော်ဒယ်များ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး သရုပ်ပြသခဲ့ကြောင်းသိရပါတယ်။ ရွှေမြန်မာ
တို့ အလွန် ဂုဏ်ယူဖွယ်ရာကောင်းပါတယ်။ မြန့်မာ့ရိုးရာဝတ်စုံတွေကိုလည်းချစ်မြတ်နိုးကြပါလို့တိုက်တွန်း
လိုက်ပါတယ်နော်။

မြောက်ကိုရီးယားက နျူဗုံးစမ်းသပ်မည့် တူးမြောင်းနေရာကို ဂြိုလ်တုမှ မထောက်လှမ်းနိုင်အောင် အကာအရံများ ဖုံးကွယ်ထား

မြောက်ကိုရီးယားက နျူဗုံးစမ်းသပ်မည့် တူးမြောင်းနေရာကို
ဂြိုလ်တုမှ မထောက်လှမ်းနိုင်အောင် အကာအရံများ ဖုံးကွယ်ထား

ဆိုးလ်၊ ဖေဖေါ်ဝါရီ ၁။

မြောက်ကိုရီးယားအစိုးရသည် ၎င်း၏နျူကလီယားဗုံး စမ်းသပ်
ဖေါက်ခွဲမည့် နေရာတူးမြောင်းသို့ အဝင်တွင် အခြားနိုင်ငံများက ဂြိုလ်တုမှ ထောက်လှမ်း၍ ဓါတ်ပုံရိုက်ခြင်း မပြုနိုင်အောင် အကာအရံများဖုံးကွယ်ထားလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား
သတင်းအေဂျင်စီ ယုံဟပ်က ဖေါ်ပြလိုက်သည်။

တူးမြောင်းဝင်ပေါက်သုံးခုနှင့် အခြားထောက်ပံ့ရေး အဆေက်
အဦးများပါ ပါဝင်နေသော ယင်းပန်ဂျီးရီ ဆိုက်နေရာကို အမေရိကန်၊ တောင်ကို ရီးယားနှင့် ဂျပန်ထောက်လှမ်းရေး
များသည် ပြီးခဲ့သောအပတ်က မြောက်ကိုရီးယားဘက်မှ
နျူစမ်းသပ်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်
စောင့်ကြည့်နေခဲ့ကြသည်။

ယုံဟပ်သတင်းအေဂျင်စီ၏ ဖေါ်ပြချက်တွင် တောင်ကိုရီးယား
ထိပ်တန်း သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ “ဆန်းစစ်ချက်က
ပြသနေတာက တော့ အဲဒီက တူးမြောင်းဝင်ပေါက်မှာ အမိုးလိုမျိုး အာအရံပိုက်ကွန်တစ်ခု ဖုံးအုပ်ထားတာကို တွေ့ ရပါတယ်။ ဒါဟာ
နျူစမ်းသပ်မှုတွေပြင်ဆင် လုပ်ဆောင်ရေးအတွက် အပြင်က မမြင်အောင် ပြင်ဆင်ထားရှိတယ်လို့  ထင်ရပါတယ်”ဟု
ပြောကြားသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သော ဒီဇင်ဘာတွင် ၎င်း၏ဒုံးပျံ စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးနောက် ကုလလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုများ ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ၎င်းတို့က အရေးယူမှုများကို တုန့်ပြန်သည့်အနေနှင့် တတိယအကြိမ်မြောက်
နျူစမ်းသပ်မှုကို ပြုလုပ်သွားမည်ဟု ကြေငြာခဲ့သည်။

Ref: AFP

Credit to : The Myanma Age

ဆိုးလ်၊ ဖေဖေါ်ဝါရီ ၁။

မြောက်ကိုရီးယားအစိုးရသည် ၎င်း၏နျူကလီယားဗုံး စမ်းသပ်ဖေါက်ခွဲမည့် နေရာတူးမြောင်းသို့ အဝင်တွင် အခြားနိုင်ငံများက ဂြိုလ်တုမှ ထောက်လှမ်း၍ ဓါတ်ပုံရိုက်ခြင်း မပြုနိုင်အောင် အကာအရံများဖုံးကွယ်ထားလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားသတင်းအေဂျင်စီ ယုံဟပ်က ဖေါ်ပြလိုက်သည်။

ဆားလျှော့စားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တိုက်တွန်း

အရွယ်ရောက်သူတွေအနေနဲ့ အစာစားတဲ့အခါမှာ ဆားကိုလျော့စားပြီး၊ သူတို့ရဲ့ အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ် အနည်းငယ် ထည့်စားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ညွန်ကြားချက်အသစ် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။ ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အရွယ်ရောက်လာသူတွေအနေနဲ့ တနေ့ကို ဆိုဒီယမ် ၂ ဂရမ် ဒါမှမဟုတ် ဆား ၅ ဂရမ်လျော့စားသင့်တယ်လို့ WHO က ပြောပါတယ်။

ခရိုနီတွေလူမှုရေးလုပ်လာကြပြန်ပြီဟု ဦးကျော်သူပြော

ခရိုနီတွေလူမှုရေးလုပ်လာကြပြန်ပြီဟု ဦးကျော်သူပြော
Friday, 01 February 2013 

ဌာနအသီးသီးရှိ အာဏာရှိသူများနှင့်ပူးပေါင်းကာ ကိုယ်ကျိုး အတွက်
ရှာကာ အများအကျိုးကို ပစ်ပယ်ထားတက်သော ခရိုနီများ  သည် ကိုယ်ကျိုးအတွက်မျှော်မှန်း  ၍ လူမှုရေးလောကနယ်ပယ်သို့ ၀င်ရောက်လာကြောင်း ဦးကျော်သူ  ကပြောကြားသည်။

““ခရိုနီအုပ်စုထဲက လူတွေက ဒီကြားထဲမှာ နိုင်ငံရေးလောက ထဲကိုလည်းဝင်နေတယ်။ လူမှုရေး   လောကထဲကိုလည်းဝင်နေတယ်။   ဘာလို့ဝင်တာလည်းလို့မေးရင် သူတို့အနေချောင်ဖို့ သူတို့ဒီထဲကို   ၀င်ပြီလေ၊လူမှုရေးလုပ်တယ်ဆိုရင် ပြည်သူလူထုက အားကိုးတယ်။
ပြည်သူလူထုက အားကိုးတယ်ဆို ရင် အင်အားရှိတယ်လို့ထင်နေတယ်။ လူမှုရေးလုပ်တယ်ဆိုတာ   ကိုယ့်ရဲ့စိတ်ဓာတ်က လူမှုရေး အတွက်
ဘယ်လောက်ရှိလည်း လူမှုရေးအတွက်ကိုယ့်ရဲ့စိတ်ဓာတ် ကဘယ်လောက်
အာမခံချက်ရှိ လည်းဆိုတဲ့ ဒီစိတ်ဓာတ်နဲ့လုပ်ရမှာငွေနဲ့ပေါက်ပြီး လူမှုရေးလောကထဲကို ၀င်လို့မရဘူး။ဒါတွေက မှား နေပြီ
နိုင်ငံရေးဆိုလည်း နိုင်ငံရေး   ငွေနဲ့ပေါက်ပြီးဝင်တယ်။သူတို့အဲလို
လုပ်နေတဲ့အပေါ် မှာတော့ ဘာမှမပြောချင်ဘူး။ သူ့သမိုင်းကို
သူရေးမယ်။ သေတဲ့ အခါကျတော့ သိမှာပဲ၊တစ်ချို့က ဗုဒ္ဓဘာသာ
ဖြစ်ပြီးတော့ ဒီဘ၀မှာငါကောင်းကောင်းနေမယ်။ကောင်းကောင်း
စားသောက်ဖို့လည်းအရေး ကြီးတယ်။ သေသွားပြီဆိုရင် နောက်ဘဝ
နောက်တစ်ကောင် ဖြစ်မယ်။အဲဒီအတွေးအခေါ်တွေ   ဒါတွေကြောင့် တစ်ကမ္ဘာလုံးဒုက္ခ ရောက်နေတာ။လှူတယ်ဆိုလည်း      ပျက်ရမယ်။မလိုအပ်တာကို ကဗျည်းရေးထိုးချင်တယ်။မလိုအပ်  တဲ့နေရာကိုလည်း ကိုယ်အကျိုး စီးပွားအတွက် သိန်းတစ်ထောင်  လှူတယ်ဆိုရင် နောက်က သိန်း  ၄၊၅၊၆ထောင်လောက်ရမယ့် မျှော်  ကိုးချက်နဲ့လှူတယ်ဒါတွေက မှားနေပြီ။တကယ်မြန်မာနိုင်ငံမှာလို အပ်နေတဲ့နေရာတွေအများကြီး အဲဒီနေရာတွေကို လုပ်ပေးရမှာ””  ဟုပြောကြားခဲ့သည်။

နာရေးကူညီမှုအသင်းအား  နေ့စဉ်၊လစဉ်၊နှစ်စဉ်လာလှူသည် 
ငွေကြေးများကိုလည်း ကျန်းမာ ရေး၊ပညာရေး၊သဘာဝဘေးနှင့် တခြားသောလိုအပ်သည့်နေရာ များသို့ ချင့်ချိန်၍လှူဒါန်းနေကြောင်း
သိရှိရသည်။

ဖြိုးအောင်
ွှ့The Hot News


Friday, 01 February 2013

ဌာနအသီးသီးရှိ အာဏာရှိသူများနှင့်ပူးပေါင်းကာ ကိုယ်ကျိုး အတွက် ရှာကာ အများအကျိုးကို ပစ်ပယ်ထား
တက်သော ခရိုနီများ သည် ကိုယ်ကျိုးအတွက်မျှော်မှန်း ၍ လူမှုရေးလောကနယ်ပယ်သို့ ၀င်ရောက်လာ
ကြောင်း ဦးကျော်သူ ကပြောကြားသည်။

ရိုဟင်ဂျာအရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

၀၁ ရက် ၂၀၁၃ ခုနှစ် 
 
ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာနေကြသည့် ရိုဟင်ဂျာများအရေးနှင့် ပတ်သက်၍ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင်း (Surapong Tovichakchaikul) ဖေဖော်ဝါရီလအတွင်း လာရောက်ဦးမည် ဖြစ်သည်။
ဇန်နဝါရီလအတွင်းက ဝန်ကြီး၏ လက်ထောက် ဂျူလာပေါင်း (Jullapong Nonsrichai) လာရောက်ကာ မြန်မာ အစိုးရပိုင်းနှင့် ဆွေးနွေးခဲ့သော်လည်း တိုးတက်မှု တစုံတရာ မရခဲ့၍ ယခုကဲ့သို့ ဝန်ကြီး၏ နောက်ဆက်တွဲခရီးစဉ်ဖြစ်ပေါ်လာရကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသားထားသည်။

ဖမ်းဆီးအရေးယူရုံဖြင့် ရန်ကုန်မြို့ ယာဉ်ကြောပြဿနာကို မဆောင်ရွက်နိုင်

 
၀၁ ဖေဖော်ဝါရီ ၂၀၁၃
` မော်တော်ယာဉ်တွေကို ဖမ်းဆီးအရေးယူနေရုံနဲ့ ရန်ကုန်ယာဉ်ကြောကျပ်တဲ့ ပြဿနာကို လုံလောက်တဲ့ အတိုင်းအတာထိ မဆောင်ရွက်နိုင်ဘူးလို့ ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေး အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

လိုင်ဇာမြို့အ၀င်ဝ ဆိုင်းဘုတ်ထိ အစိုးရတပ်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ်အနီး လိုင်ဇာမြို့အ၀င်ဝ မုခ်ဦးနေရာထိ အစိုးရတပ်တွေက သိမ်းယူတပ်စွဲထားလိုက်ပြီလို့ ကေအိုင်အေဘက်က အတည်ပြု ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့ကတည်းက လဂျားယန်ဒေသကို အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်စဉ်မှာ လိုင်ဇာမြို့အ၀င် ဆိုင်းဘုတ်အထိ အစိုးရတပ်တွေက သိမ်းယူခဲ့တာလို့ ကေအိုင်အေ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ABSDF တပ်ဖွဲ့ဝင်ဟောင်း ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချို ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကွယ်လွန်

ကွယ်လွန်သွားသော နိုင်ငံရေးအကျဉ်းသားဟောင်း၊ ABSDF တပ်ဖွဲ့ဝင်ဟောင်း ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချိုအား မှတ်တမ်းတင် ဂုဏ်ပြုခြင်း။

ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချို - အသက် (၄၉)နှစ်သည် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါသည်။

ကိုမင်းဟန် (ခ) ဗမင်းသစ် (ခ) ဖိုးချို ၏ ကိုယ်ရေးအကျဉ်း။ 

ကိုမင်းဟန်အား အဖ ယမုံနာ ဦးဘိုးဟန်၊ အမိ ဒေါ်မြင့်မြင့်တို့မှ ၄.၉.၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့၌
ဖွားမြင်ခဲ့သည်။ အ.မ.က (၁၈) တာမွေ၊ အ.ထ.က (၃) တာမွေတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဒေါ်ခင်မာအေးနှင့် အိမ်ထောင်ကျပြီး သားမျိုးဟန်၊ ဖြိုးဟန်တို့ ဖွားမြင်ခဲ့သည်။ ဂီတပဒေသာမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် (ရ၅) ကျပ်တန် ငွေစက္ကူ အရေးအခင်းမှစ၍ လူထုလုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ 

မတ်လ (၁၃) ရက်နေ့  စက်မှုတက္ကသိုလ်ကျောင်းသားများ၏ “ဘုန်းမော်အရေးအခင်း”၊ ၈၈၈၈ လူထုလုပ်ရှားမှုများဖြစ်ပေါ်လာရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၈၈၈၈ အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာဒီမိုကရေစီတပ်ဦး (ဗဒတ) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖွဲ့စည်းပြီး လူထုဆန္နပြပွဲများတွင် ဦးဆောင်လုပ်ရှားခဲ့သည်။ ကျောင်းသားလူငယ်သွေးစည်းညီညွတ်ရေးကော်မတီတွင် ဦးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ 

၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ဒေသ၊ မာနယ်ပလောသို့ ရောက်ရှိပြီး ABSDF မှ လုပ်ဖေါ်ကိုင်ဘက်များ၊ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်ခရိုင်ပြောက်ကြားတာဝန်ခံအဖြစ် တာဝန်ပေးအပ်ြခင်း ခံရသည်။ ၁၉၉၀ ခုနှစ် နှောင်းပိုင်းတွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရန် အစီအစဉ်ဖြစ်သည့် “ပင့်ကူနီ”  စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။ ၁၆.၁.၁၉၉၁ တွင် နေအိမ်၌ အဖမ်းဆီးခံရသည်။ ၇.၃.၁၉၉၁ တွင် နိုင်ငံတော်ပုန်ကန်မှု ၁၂၂/၁ အပါအ၀င် ပုဒ်မများဖြင့် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

၁၉၉၄တွင် တောင်ငူထောင်သို့ ပြောင်းရွေ့ခံခဲ့ရပြီး ထောင်ငူထောင်တွင် ထောင်တွင်းနောက်မှု (၇) နှစ်တိုးခဲ့ပြီး သရက်ထောင်သို့ ပြောင်းရွေ့ခြင်းခံခဲ့ရသည်။ သရက်ထောင်မှ ၁၂.၁၀.၂၀၁၁ နေ့တွင် လွတ်မြောက်ခဲ့သည်။ 

အကျဉ်းထောင်အတွင်း (၂၁) နှစ်ခန့် နေထိုင်ခဲ့ရသည်။ လွတ်မြောက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွင် လုပ်ငန်းကော်မတီဝင်တစ်ဦးအဖြစ် နိုင်ငံရေးတာဝန်များကို ယခု ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် အမှတ် ၁၃၈၂၊ ရာဇသင်္ကြန်လမ်း၊ (၇၀)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် မိသားစုနှင့်အတူ နေထိုင်ခဲ့ပါသည်။

ကွယ်လွန်သူ ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချိုအား လာမည့် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။ အမှတ် (၁၃၈၂) ရာဇသင်္ကြန်လမ်း ၇၀ ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်းရပ်ကွက် နေအိမ်မှ ကားများ နေ့လည် ၂ နာရီတွင် ထွက်ခွာပါမည့်အကြောင်း ရပ်ဝေးရပ်နီးနေမိတ်ဆွေများအား အကြောင်းကြားအပ်ပါသည်။

နိုင်ငံနှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် လွှတ်၍ ဆောင်ရွက်ကြိုးပမ်းခဲ့သော ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချိုအား လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ)ကိုဖိုးချို -အသက် (၄၉)နှစ်သည်ယနေ့နံနက်၉ နာရီ ၁၀ မိနစ်တွင် သင်္ဃန်း
ကျွန်းစံပြဆေးရုံကြီးတွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါသည်။ ကိုမင်းဟန် (ခ) ဗမင်းသစ် (ခ) ဖိုးချို ၏ ကိုယ်ရေးအကျဉ်း။ ကိုမင်းဟန်အား အဖ ယမုံနာ ဦးဘိုးဟန်၊ အမိ
 ဒေါ်မြင့်မြင့်တို့မှ ၄.၉.၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့၌ဖွားမြင်ခဲ့သည်။ အ.မ.က (၁၈) တာမွေ၊ အ.ထ.က (၃) တာမွေတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဒေါ်ခင်မာအေးနှင့် အိမ်ထောင်ကျပြီး သားမျိုး
ဟန်၊ ဖြိုးဟန်တို့ ဖွားမြင်ခဲ့သည်။

ဧရာဝတီနိုင်ငံတကာ စာပေပွဲတော် ကိုယနေ့စတင်ကျင်းပ

ယနေ့စတင်ကျင်းပသော ဧရာဝတီနိုင်ငံတကာ စာပေပွဲတော်သို့ မြန်မာကျောင်းသားကျောင်းသူများနှင့် လူငယ်များ လာရောက်လေ့လာမှုနည်းကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသော မြန်မာစာရေးဆရာများက ပြောသည်။

၎င်းပွဲတော်အား ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယနေ့တွင် လာရောက်လေ့လာသူဦးရေ တစ်ထောင်ပင်မပြည့်ပေ။

သတင်းထုတ်ပြန်မှုအားနည်းခြင်း၊ ပွဲတော်သို့ သွားလာရန်ခက်ခဲခြင်း၊ ပွဲစီစဉ်သူများနှင့် ပါဝင်ဆောင်ရွက်သူများအတွက် ပထမဆုံးအတွေ့အကြုံဖြစ်ခြင်းကြောင့် လိုအပ်မှုများရှိနေခြင်း၊ စာပေပွဲတော်ကျင်းပမှုဓလေ့နှင့် ယဉ်ကျေးမှုတို့မှာ မြန်မာလူမျိုးတို့တွင် အလေ့အထအားနည်းခြင်းတို့ကြောင့် လာရောက်လေ့လာမှုနည်းခြင်းဖြစ်သည်ဟု ပွဲတော်ကျင်းပသူများက သုံးသပ်သည်။

ပွဲတော်ပထမဆုံးနေ့တွင် ဒေါက်တာသန့်မြင့်ဦး၊ ဦးသော်ကောင်း၊ မောင်ခင်မင်(ဓနုဖြူ)၊ ဂုဏ်ထူးဦးသိန်းနိုင်၊ သစ္စာနီ၊ ဆရာဖေမြင့်၊ ဇာဂနာ၊ မင်းခိုက်စိုးစန်အစရှိသည့် မြန်မာစာရေးဆရာများအပြင် နိုင်ငံတကာမှ စာရေးဆရာမ လှန်ချန်း၊ ၀ီလီယံဒရမ်းဖဲလ်၊ ဆူဒသျှအပါအ၀င် အခြားထင်ရှားသော စာရေးဆရာများက စာပေပညာ၊ ယဉ်ကျေးမှုတို့နှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
ဓာတ်ပုံ- ကျော်ဇင်သန်း
ယနေ့စတင်ကျင်းပသော ဧရာဝတီနိုင်ငံတကာ စာပေပွဲတော်သို့ မြန်မာကျောင်းသားကျောင်းသူများနှင့် 
လူငယ်များ လာရောက်လေ့လာမှုနည်းကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသော မြန်မာစာရေးဆရာ
များက ပြောသည်။

ရွာ ၁၈ ရွာသို့ အရစ်ကျ ရောင်းချပေးခဲ့သော ဂျီအက်စ်အမ် ဖုန်းများ ၁၆ ရွာတွင် လိုင်းမမိဖြစ်နေ

ရွာ ၁၈ ရွာသို့ အရစ်ကျ ရောင်းချပေးခဲ့သော
ဂျီအက်စ်အမ် ဖုန်းများ ၁၆ ရွာတွင် လိုင်းမမိဖြစ်နေ

ကျိန္တလီ၊ ဖေဖေါ်ဝါရီ ၁။

ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျိန္တလီမြို့နယ်ခွဲမှ အရစ်ကျစနစ်ဖြင့်
aရာင်းချပေးခဲ့သော ဂျီအက်စ်အမ်ဆင်းကဒ်၃၀၀ခန့်မှာ လိုင်း မမိဖြစ်နေကြောင်း ဖုန်းဝယ်ယူထားသူ ရတနာမြိုင်ရွာမှ ကိုကျော်ကျော်က ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးမှ ကျိန္တလီမြို့နယ်ခွဲရှိ ရတနာမြိုင်ခေါ် ကုလားပြင်ကျေးရွာအုပ်စုပိုင် ရွာပေါင်း ၁၈ရွာကို လွန်ခဲ့သော ၂၀၁၂ခုနှစ် နိုဝင်ဘာ လနှင့် ဒီဇင်ဘာလအတွင်း အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ရောင်းချပေး
ခဲ့သည့် ရွာပေါင်း ၁၈ ရွာတွင် ရတနာမြိုင်နှင့် ကိုင်းခုံ နှစ်ရွာသာ
လိုင်းမိပြီး ကျန်သည့် ရွာ ၁၆ ရွာတွင် လိုင်းမမိဖြစ်နေကြောင်း
သိရသည်။

“ဖုန်းက ရွာမှာဆိုရင် အထိုင်ဖုန်းနဲ့ထားမှ လိုင်းမိတယ်။ ဟန်းဆက် ဆိုရင်လည်း လိုင်းဆွဲအား အရမ်းကောင်းမှလိုင်းကမိတယ်။ အခု
ဖုန်းလိုင်း က မမိတော့ ဖုန်းတွေ ၀ယ်ထားပြီး ဘာမှသုံးမရ
ဖြစ်နေတယ်၊ ကျွန်တော်တို့ ဒီဖုန်းလိုင်းမမိတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး
၂၀၁၂ခုနှစ် ဒီဇင်ဘာ လောက်ကတည်းက ဆက်သွယ်ရေးက တာဝန်ရှိသူတွေကို ပြောထားတာတွေ ရှိတယ်၊ ဒါပေမယ့် ခုချိန်ထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြား ခြင်း မရှိသေးဘူး”ဟု ကိုကျော်ကျော်က ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးမှ ပထမဆုံးအကြိမ် အရစ်ကျဖုန်း
လေးသန်းခန့်ကို မြန်မာတစ်ပြည်လုံးတွင် စီမံကိန်းအနေဖြင့်
ရောင်းချပေးခဲ့ရာ ရခိုင် ပြည်နယ်၊ သံတွဲခရိုင်တွင် ဂွ၊ ကျိန္တလီ၊
သံတွဲ စသည့် မြို့များတွင် ရောင်းချပေးခဲ့ပြီး လိုင်းမမိဖြစ်နေသည့်
ရွာများမှာ ကျိန္တလီမြို့မှ အလွန်ကွာ ဝေးသော နေရာတွင်ရှိနေကြောင်း သိရသည်။

အဆိုပါဖုန်းများသည် ကျိန္တလီမြို့နယ်ခွဲမှ ၃မိုင် ခန့် အထိသာ ဖုန်းလိုင်းမိမည် ဖြစ်ကြောင်းနှင့် အလွန်ဝေးလံသောနေရာများ
အတွက် ကြားခံ စက် တစ်လုံး ထားရှိမှသာ ဖုန်းလိုင်း မိနိုင်မည်
ဖြစ်ကြောင်း သိရသည်။

“ကျိန္တလီကနေ သုံးမိုင်လောက်အထိပဲ ဖုန်းလိုင်းက မိနိုင်မယ်၊
ဒါတွေက ရုံးချုပ်က စီမံကိန်းနဲ့ လုပ်တဲ့ကိစ္စတွေမို့လို့ စက်အသစ်
ကိစ္စကတော့ ဘာမှ မပြောနိုင်သေးဘူး။ နောက်ပိုင်းစီမံချက်တွေမှာ ပါလာခဲ့ရင်တော့ လိုင်းရနိုင်တာပေါ့၊ ခုလောလောဆယ်တော့ ဖုန်းလိုင်းမမိတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဘာအစီအစဉ်မှ မရှိသေးဘူး” ဟု သံတွဲမြို့ရှိ မြန်မာ့ဆက်သွယ်ရေးမှ ဦးလှမြင့်က ပြောကြားသည်။

ရည်မွန်

Credit to  : The Myanma Age
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

ကျိန္တလီ၊ ဖေဖေါ်ဝါရီ ၁။

ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျိန္တလီမြို့နယ်ခွဲမှ အရစ်ကျစနစ်ဖြင့်ရောင်းချပေးခဲ့သော ဂျီအက်စ်အမ်ဆင်းကဒ်
၃၀၀ခန့်မှာ လိုင်း မမိဖြစ်နေကြောင်းဖုန်းဝယ်ယူထားသူရတနာမြိုင်ရွာမှကိုကျော်ကျော်က ပြောကြားသည်။

KIA နဲ့ ABSDF အဖွဲ့အစည်းတွေကို မီဒီယာတွေနဲ့ ရန်တိုက်ပေးနေပြီ " မီဒီယာများသတိရှိကြပါ"

Media War များ သတိထားကြပါ
မိုးဇေညိမ်း

မနေ့ကနဲ့ ဒီနေ့မှာ ဖေ့စ်ဘုတ်ပေါ်မှာ အကြောင်းအရာတူ၊ ပုံစံကွဲသတင်းတချို့ Share လာကြတာကို သတိထားမိပါတယ်။ အဲတာတွေကတော့ KIA က စခန်းတွေကို လက်လွှတ်ရတာဟာ ABSDF ထဲမှာ သတင်းပေးတွေရှိတယ်လို့ KIA က အရာရှိ တစ်ယောက်က စွပ်စွဲတယ်ဆိုတဲ့ သတင်း၊ သတင်းဌာနတွေဟာ KIA မှာ သတင်းယူသလိုလိုနဲ့ အစိုးရကို စစ်စခန်းတွေရဲ့ မြေပုံတွေ၊ တပ်တည်နေရာတွေကို ပြန်ရောင်းစားတယ်ဆိုတဲ့ သတင်း၊ သတင်းဌာနနဲ့ ABSDF ကလူတွေက ရိုက်ကူး တင်ပြတဲ့ သတင်းတွေထဲမှာပါတဲ့ ပုံတွေက  စစ်ဆင်ရေးအတွက် အထောက်အကူအများကြီးပြုခဲ့တယ်ဆိုတဲ့ သတင်းတွေပါပဲ။ အစကတော့ ဒီကိစ္စကို ကျွန်တော် ရှည်ရှည်ရေးမလို့ပါပဲ။ ဒါပေမဲ့ အချိန်မရတာကြောင့် ခပ်တိုတိုပဲ ရေးပါတော့တယ်။

(၁) အဲဒီသတင်းတွေကို ရေးတဲ့သူတွေနဲ့ပတ်သတ်ပြီး ယုံကြည်နိုင်လောက်တဲ့ Credit မတွေ့ရပါဘူး။ တစ်ပုဒ်မှာဆိုရင် သားကောင်းစစ်သည် ဆိုတာက ရေးပါတယ်။ နာမည်ကို ကြည့်တာနဲ့ ဘယ်လိုလူဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ တစ်ပုဒ်ကိုတော့ သံလွင်ဘလော့ကနေ ဖေ့စ်ဘုတ် Page တွေက ကူးတာကိုတွေ့ရပါတယ်။ သံလွင်ဘလော့ကို ဘယ်သူလုပ်ပါသလဲ။ ကျွန်တော်တော့ မသိပါဘူး။ သို့ပေမဲ့ သံလွင်ဘလော့ကို လုပ်တဲ့သူတွေဟာ စစ်တပ်နဲ့ နှီးနွယ်ပတ်သတ်နေတဲ့ သူတွေဖြစ်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ တင်ထားတဲ့ပို့စ်တွေ၊ အသုံးအနှုန်းတွေအရ ခန့်မှန်းတာပါ။ သံလွင်ဘလော့နဲ့ချိတ်ပြီး သူဆီက ကိုယ်ကူးသလို၊ ကိုယ့်ဆီက သူကူးသလိုလို Credit တွေပေးပြီး မျက်စိလည်အောင်လုပ်နေတဲ့ Facebook Page တချို့ကိုလည်းတွေ့ရပါတယ်။

(၂) KIA က အရာရှိက ABSDF ထဲမှာ သူလျှိုတွေရှိကြောင်း စွပ်စွဲတယ်ဆိုပြီး ရေးတာကို တွေ့ရပါတယ်။ သူလျှိုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေအတွက် ဘယ်လောက်ကြောက်စရာ ကောင်းတယ်ဆိုတာ သာမာန်လူတွေတောင် သိကြပါတယ်။ ရန်သူ့သူလျှိုဆိုတာသေချာတဲ့ အထောက်အထားရှိရင် သေဒဏ်တောင်ပေးလို့ရပါတယ်။ အဲလို စွပ်စွဲချက်မျိုးကို KIA က အရာရှိက ခေါက်ဆွဲလေးစားပြီး ပြောပြတယ်ဆိုတာက နည်းနည်းတော့ ၀တ္တုဆန်နေသလိုပါပဲ။ KIA နဲ့ ABSDF အကြားမှာ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတယ်လို့ပဲ ကျွန်တော်ကယူဆမိပါတယ်။

(၃) နောက်သတိထားမိတဲ့ သတင်းတစ်ပုဒ်ကတော့ “လိုင်ဇာရောက် ပြည်တွင်းပြည်ပ Media များ၏ တင်ပြချက်များသည် တိုက်ပွဲများအတွက် အထောက်အကူများစွာ ရရှိခဲ့ကြောင်း မြန်မာ့တပ်မတော်အရာရှိတစ်ဦးမှ ပြောဆို” တဲ့။ KIA နဲ့ စစ်ပွဲတွေဖြစ်နေတဲ့ကာလတွေမှာ တပ်မတော်ဘက်က တာဝန်ရှိသူတွေနဲ့ အင်တာဗျူးတာ၊ သတင်းပေးတာ တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ ခုမှ ချက်ချင်းလက်ငင်းကြီး ကချင်ပြည်နယ်၊ ရှေ့တန်း
စစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေသောအရာရှိနဲ့ အဆက်အသွယ်ရပြီး သတင်းဖြစ်လာတယ်ဆိုတော့ စဉ်းစားစရာပါပဲ။ နောက်ထပ်ပြောစရာတစ်ခုက မီဒီယာတွေက ပုံတွေက အထောက်အကူပြုခဲ့တယ် (သို့မဟုတ်) မီဒီယာတွေက တစ်ဖက်လှည့်နဲ့ စစ်တပ်ကို ပံ့ပိုးပေးခဲ့တယ်ဆိုရင်တောင် ထုတ်ပြောပိုင်ခွင့်မရှိပါဘူး။ သတင်းပေးတစ်ယောက်ရဲ့ လုံခြုံရေးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ စစ်ဖက်တာဝန် ထမ်းဆောင်နေသူတိုင်း သိကြ၊ နားလည်ကြပါတယ်။ ကျွန်တော့်ယူဆချက်ကတော့ KIA နဲ့ မီဒီယာတွေအကြားမှာ သွေးထိုးလှုံ့ဆော်နေပါပြီ။

(၄) ဒုတိယကမ္ဘာစစ်တုန်းတုန်းက မောင့်ဂိုမာရီရဲ့ စစ်ဆင်ရေးစီမံချက်အရ မဟာမိတ်တပ်ဖွဲ့၊တင့်ကားတပ်တွေရဲ့ တည်နေရာပြ မြေပုံအတုတစ်ခုကို သံချပ်ကားတစ်စီးပေါ်က အရာရှိတစ်ယောက်ရဲ့ အလောင်းမှာ တမင်ချန်ရစ်ထားခဲ့ပါတယ်။ အဲဒီ့ မြေပုံကို ယုံစားမိလို့ စစ်နည်းဗျူဟာမှာ အင်မတန်တော်တဲ့ ဗိုလ်ချုပ်ကြီးရွန်းမဲ စစ်ရှုံးခဲ့ရပါတယ်။ မဟာမိတ်တွေရဲ့ D-Day ကမ်းတက်တိုက်ပွဲမတိုင်ခင်မှာလည်း မြေပုံအတုနဲ့ ရေတပ်ဗိုလ်မှူးအတု အလောင်းတစ်ခုကို အသုံးချပြီး ဂျာမာန်တပ်တွေကို လှည့်စားခဲ့ပါတယ်။ အဲဒီ့ လှည့်စားမှုကို ဂျာမန်တွေက အဟုတ်ထင်မိလို့ နော်မန်ဒီကမ်းခြေကို မဟာမိတ်တပ်တွေ တက်သိမ်းနိုင်ပြီး ဥရောပတစ်တိုက်လုံး အောင်မြေချဲ့နိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးသဘောတရားတွေမှာ လှည့်စားမှုတွေ အများကြီးပါဝင်ပါတယ်။ အဲဒီ့ လှည့်စားမှုတွေကို အဟုတ်ထင်ပြီး တွေ့သမျှသတင်းတွေကို အကုန် Share နေမယ်ဆိုရင်တော့ စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတဲ့သူတွေရဲ့ လက်ကိုင်တုတ်ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မယ်။ ဖေ့စ်ဘုတ်ပေါ်မှာ သူငယ်ချင်းများ သတိကြီးစွာ၊ ဆင်ခြင်ညဏ်ရှိရှိနဲ့ သတင်းတွေကို သုံးသပ်ပါလို့ အကြံပြုပါရစေ။

မနေ့ကနဲ့ ဒီနေ့မှာ ဖေ့စ်ဘုတ်ပေါ်မှာ အကြောင်းအရာတူ၊ ပုံစံကွဲသတင်းတချို့ Shareလာကြတာကိုသတိထား
မိပါတယ်။ အဲတာတွေကတော့ KIA က စခန်းတွေကို လက်လွှတ်ရတာဟာ ABSDF ထဲမှာသတင်းပေးတွေရှိ
တယ်လို့ KIA က အရာရှိ တစ်ယောက်က စွပ်စွဲတယ်ဆိုတဲ့ သတင်း၊ သတင်းဌာနတွေဟာ KIA မှာ သတင်း
ယူသလိုလိုနဲ့ အစိုးရကိုစစ်စခန်းတွေရဲ့ မြေပုံတွေ၊တပ်တည်နေရာတွေကို ပြန်ရောင်းစားတယ်ဆိုတဲ့ သတင်း
၊ သတင်းဌာနနဲ့ ABSDF ကလူတွေက ရိုက်ကူး တင်ပြတဲ့ သတင်းတွေထဲမှာပါတဲ့ ပုံတွေက စစ်ဆင်ရေးအ
တွက်အထောက်အကူအများကြီးပြုခဲ့တယ်ဆိုတဲ့သတင်းတွေပါပဲ။အစကတော့ ဒီကိစ္စကို ကျွန်တော် ရှည်ရှည်
ရေးမလို့ပါပဲ။ ဒါပေမဲ့ အချိန်မရတာကြောင့် ခပ်တိုတိုပဲ ရေးပါတော့တယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ရာထူးမှမပြောင်း ရွှေ့ရန် ဒေသခံများ ဆန္ဒပြတောင်းဆိုနေ

ပန်းတနော်-ဖေဖော်ဝါရီ၁

 ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ  ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ရာထူးမှမပြောင်းရွှေ့ရန် ဒေသခံတောင်သူနှင့် ရေလုပ်သားအင်အား ၁၀၀၀ခန့်က က ယနေ့နံနက်၁၀ နာရီခန့်တွင် ပန်းတနော်မြို့အ၀င် ဘော်လုံးကွင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများ၏အဆိုအရဦးဆန်းဆင့်သည်လယ်မြေအသိမ်းခံရမှုများတွင်လျှော်ကြေးရရှိအောင်ကူညီတောင်းဆိုပေးခြင်းရေလုပ်သားများ၏အခက်အခဲများအားကူညီဆောင်ရွက်ပေးခြင်းနှင့်ပြီးခဲ့သည့်နှစ်အတွင်းကကျရောက်ခဲ့သောရေဘေးတွင်ကယ်ဆယ်ရေးလုပ်ငန်းများတွင်ထိထိရောက်ရောက်အကူအညီအများရရှိအောင်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့သည်ဟုဆိုသည်။
“အရင်ကဆိုကိုယ့်အိမ်အောက်ကငါးကိုယ်ဖမ်းစားရင်တောင်ထောင်ကျတယ်။ဦးဆန်းဆင့်တက်လာပြီးနောက်ပိုင်းမှာအကူအညီပေးလို့ အခုဒီဒုက္ခတွေကသက်သာရာရတယ်”ဟုဆန္ဒပြပွဲတွင်ပါဝင်သူတစ်ဦးကပြောသည်။
ဦးဆန်းဆင့်သည်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အားစွပ်စွဲပြစ်တင်ရန်အတွက်ပြီးခဲ့သည့်နှစ်အတွင်းကကြိုးပမ်းခဲ့ဖူးသည်။ ထိုစဉ်ကတို်င်းဒေသကြီးအစိုးရအဖွဲ့ သည်လွှတ်တော်ကိုယ်စားလှယ်များမှတင်သွင်းမည့်မေးခွန်းများ၊အဆိုများနှင့်ပတ်သတ်ပြီးခြိမ်းခြောက်မှုများတားဆီးပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့သဖြင့်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သည်လက်ရှိလွှတ်တော်များတွင်ပွင့်လင်းမှုအရှိဆုံးလွတ်တော်အဖြစ်လေ့လာသူများကသဘောထားများပေးခဲ့ကြသည်။

ဓာတ်ပုံ-ထွန်းခိုင်
ဓာတ်ပုံ-ထွန်းခိုင်
ပန်းတနော်-ဖေဖော်ဝါရီ၁

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ရာထူးမှမပြောင်း
ရွှ့ရန် ဒေသခံတောင်သူနှင့် ရေလုပ်သားအင်အား ၁၀၀၀ခန့်က က ယနေ့နံနက်၁၀ နာရီခန့်တွင် ပန်းတနော်မြို့အ၀င် ဘော်လုံးကွင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မန်းရေနံမြေမှ တားမြစ်ထားသောကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှ တောင်သူလယ်သမားများ လယ်ယာမြေပိုင်ဆိုင်ခွင့် မှတ်ပုံတင်ရန် အခက်အခဲနှင့်ကြုံ

Friday, 01 February 2013 
 
မြန်မာတစ်နိုင်လုံး အတိုင်းအတာဖြင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၃ခုနှစ် မတ်လအထိ အချိန်သတ်မှတ်၍ လယ်ယာမြေပိုင်ဆိုင်ခွင့် မှတ်ပုံတင်များ ပြုလုပ်ပေးလျက်ရှိသော်လည်း မန်းရေနံမြေမှ တားမြစ်ထားသောကြောင့် မင်းဘူးမြို့နယ်အတွင်း အောက်ကျောင်း၊ ကံသစ်၊ ကျောက်စံ၊ မန်းကျိုး၊ခြင်ထောင်၊ ကျွဲကျ၊ မယ်ဘေ့ကုန်း၊ အလံပယ်၊ ကြာကန်၊ ရွာသာ စသည့် ကျေးရွာများရှိ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများ ပိုင်ဆိုင်ခွင့် မှတ်ပုံတင်ရန် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံ တောင်သူလယ်သမားများထံမှ သိရှိရသည်။

Space Shuttle Columbia အာကာသယာဉ် မှူးများရဲ့  ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်ပြီ

၁၀နှစ်ပြည့် အာကာသယဉ်မှူးများ

၁၀ နှစ်ပြည့်ဆိုလို့ အခြားမဟုတ်ပါဘူး။ ပုံမှာ မြင်တွေ့ရတဲ့ အာကာသယာဉ် မှူးများရဲ့  ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် ဖြစ် ပါတယ်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့က ဖြစ်ခဲ့ပါတယ်။

Space Shuttle Columbia အမည်ရ အာကသယဉ်ပျံနဲ့ ကမ္ဘာ့အပြင် ခရီးနှင်ပြီး ၁၆ ရက်အကြာမှာ ပေါက်ကွဲမှုကြောင့် အားလုံး ပွဲချင်းပြီး ကွယ်လွန်ခဲ့ကြပါတယ်။ အာကာသ ယဉ်ပျံ အက်ဆီးဒန့် သမိုင်းမှာ အဆိုးရွားအဆုံး အက်ဆီးဒန့် တစ်ခုဖြစ်ပြီး ယနေ့တိုင် ကြေကွဲဖွယ်ဖြစ်ရပ် တစ်ခုအဖြစ် ကျန်ရှိနေပါသေးတယ်။ ကွယ်လွန်သူ စုစုပေါင်း ၇ ဦး စလုံး ဖြစ်ပါတယ်။

ယင်းအက်ဆီးဒန့် ဖြစ်ပွားပြီးနောက် အာကာသယဉ်ပျံနှင့် သွားလာမှု လုံခြုံရေး ပိုမို အဆင့်မြင့်သွားပြီး နာဆာကို သင်ခန်းစားကြီး တစ်ခု ရစေခဲ့ပါတယ်။ ကမ္ဘာ့လူသားများအတွက် အသက်ပေးသွားတဲ့ သူရဲကောင်း အဖြစ် နာဆာမှ ယနေ့တိုင် အသိအမှတ်ပြုဂုဏ်တင်ထားပါတယ်။

သူတို့ရဲ့  မိသားစုဝင်များစွာ ကြေကွဲကျန်ရစ်ပြီး သားသမီးအရေအတွက် စုစုပေါင်း ၁၂ ဦး ရှိပါတယ်။ အငယ်ဆုံးကလေးဟာ အသက် ၁၅ နှစ်ရှိပြီ ဖြစ်ပြီး အကြီးဆုံးကတော့ ၃၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ ကလေး များအတွက် ကျောင်းစရိတ်ကို နာဆာမှ ထောက်ပံ့နေရကြောင်း သိရပါ တယ်။
--
Ref: Nasanews
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/blog-post_31.html

Credit to  :TechSpace Journal
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

၁၀ နှစ်ပြည့်ဆိုလို့ အခြားမဟုတ်ပါဘူး။ ပုံမှာ မြင်တွေ့ရတဲ့ အာကာသယာဉ် မှူးများရဲ့  ကွယ်လွန်ခြင်း ၁၀
 နှစ်ပြည့် ဖြစ် ပါတယ်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့က ဖြစ်ခဲ့ပါတယ်။

Huawei C8813 နဲ့ G510-0010 Root နည်းလေးပါ



ဒီတခါ Huawei c8813 နဲ့ G510-0010 Root လုပ်နည်းလေးပြပေးပါမယ်။U8825D တို့လိုမျိုးပဲ Bootloader Unlock အရင်လုပ်ရပါမယ်။.Bootloader unlock လုပ်ဖို့သူ့Official Site မှာ Unlock code 16လုံးအရင်တောင်း
ရပါမယ်။Unlock Code တောင်းဖို့ အောက်မှာပေးထားတဲ့လင့်တွေကသွားပါ……

" လေယာဉ်မှုး၏ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် Air Bagan လေယာဉ်ပျက်ကျရကြောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ထုတ်ပြန် "

Air Bagan လေယာဉ်ပျက်ကျရခြင်းသည် ကပ္ပတိန်၏ဆုံးဖြတ်ချက် နှောင့်နှေးမှုကြောင့်ဖြစ်သည်ဟု ယူဆရကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဥက္ကဌ ဦးဝင်းဆွေထွန်းမှ ပြောသည်။
Air Bagan လေယာဉ်ပျက်ကျသောအချိန်သည် ဆင်းသက်ရမည့် နေရာတစ်ခုလုံး မြူများနှင့် ဖုံးလွှမ်းနေသည်မဟုတ်ဘဲ လေယာဉ်ဖြင့်ဝင်တိုက်မိရာ ဓါတ်အားလိုင်းရှိသည့် သစ်တောအုပ်နေရာ၌သာ
မြူများပိတ်ဆို့နေခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်တွင် ကပ္ပတိန်သည် လေယာဉ်ကို ရန်ကုန်- မန္တလေးအထိသာ ကိုယ်တိုင်မောင်းနှင်ပြီး မန္တလေးမှဟဲဟိုးအထိ FO အား ပျံသန်းခွင့်ပေးအပ်ခဲ့သည် ဟု ၎င်းကပြောသည်။

“အာကာသအတွင်း ဥက္ကာခဲများမှ သတ္တုတူးဖော်ရေး ဆောင်ရွက်မည်”


“အာကာသအတွင်း ဥက္ကာခဲများမှ သတ္တုတူးဖော်ရေး ဆောင်ရွက်မည်”

အာကာသထဲ မျောပါနေသည့် ဥက္ကာခဲများပေါ်မှ သတ္တုများကို တူးဖော်ရယူသည့် လုပ်ငန်းကို လာမည့် (၂)နှစ်အတွင်း လက်တွေ့ အကောင်အထည် ဖော်လာနိုင်မည်ဟု သိပ္ပံ ပညာရှင်များက ယုံကြည်လျှက် ရှိသည်။

အာကာသအတွင်း မျောပါနေသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ဥက္ကာခဲများတွင် ပါရှိနေသည့် အဖိုးတန် ဓာတ်သတ္တုများကို တူးဖော် ထုတ်ယူမှုသည် အာကာသအတွင်း သယံဇာတ ရှာဖွေမှု အားပြိုင်ပွဲ တစ်ခုကို စတင်လာစေဖွယ် ရှိနေသည်။ သတ္တုတူးဖော်ရေး လုပ်ငန်းအတွက် အဓိက ရည်စူးသည့် အာကာသယာဉ် တစ်စင်းကို (၂၀၁၅)ခုနှစ်တွင် ကမ္ဘာမြေပေါ်မှ လွှတ်တင်နိုင်ရန် ပညာရှင်များက မျှော်လင့်နေသည်။

Read more http://www.planet.com.mm/news/read.cfm/id/20881

Credit to  :Planet Myanmar Network
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

အာကာသထဲ မျောပါနေသည့် ဥက္ကာခဲများပေါ်မှ သတ္တုများကို တူးဖော်ရယူသည့် လုပ်ငန်းကို လာမည့် (၂)နှစ်အတွင်း လက်တွေ့ အကောင်အထည် ဖော်လာနိုင်မည်ဟု သိပ္ပံ ပညာရှင်များက ယုံကြည်လျှက် ရှိသည်။

နံနက်တွင်ဆီးသွားချင်၍ အိပ်ရာနိုးလာခြင်း


နံနက်တွင်ဆီးသွားချင်၍ အိပ်ရာနိုးလာခြင်း

လူအများစုဟာ နံနက်စောစောမှာ ဆီးသွားချင်လို့ အိပ်ရာနိုးတာက တခြား အကြောင်းရင်းတွေထက် ပိုများပါတယ်။ အကြောင်းရင်းကတော့ အညစ် အကြေး စွန့်ထုတ်တဲ့ အူမကြီးရဲ့ ကျုံ့နိုင်၊ ကျဉ်း နိုင်စွမ်းကို ထိန်းချုပ်ထားတဲ့ အူထဲက နျူရွန်တွေ ဟာ ခန္ဓာကိုယ် ဇီဝနရီဖြစ်စဉ်ရဲ့ လွှမ်းမိုးမှု ရှိပါတယ်။ ဒီဇီဝနရီဟာ ည ဘက်မှာ သင့်ကို အိပ်ငိုက်ပြီး အိပ်မော ကျအောင် လုပ်ပေးသလို သင့်ကို နံနက် ခင်းမှာ နိုးထလာအောင်လည်း လုပ် ဆောင်ပေးပါတယ်။ ဒါကြောင့် လူအ များစုဟာ ပုံမှန်အချိန်ဆိုရင် ညဥ့်လယ်မှာ ဝမ်းသွားလိုစိတ် မဖြစ်ပေါ်ကြတာပါ။ ပြီး တော့ ကျောက်ကပ်က ထုတ်လုပ်တဲ့ ဆီး အဆက်မပြတ်ကို သိုလှောင်ရာ ဆီးအိတ် ကလည်း ညအိပ်စဉ် တဖြည်းဖြည်းချင်း ပမာဏတစ်ခုအထိ ပြည့်လာပါတယ်။ ပုံ မှန်အားဖြင့် လူတွေဟာ ဆီးမသွားဘဲ ၆-၈ နာရီခန့်အထိ အိပ်မောကျနေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေအဖို့ ညဘက် အိပ် မောကျပြီး နံနက်ခင်းမှာ ဆီးသွားချင် စိတ်ကြောင့် အိပ်ရာက နိုးရတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိပ်ရာမဝင်ခင် ရေနဲ့ အရည် တွေ များများသောက်ထားတာ၊ တချို့ ဆေးတွေ သောက်တာနဲ့ ကျန်းမာရေးအ ခြေအနေ တချို့ကြောင့် ညဘက်မှာပါ ဆီးသွားချင်လို့ အိပ်ရာက နိုးထရတတ် ပါတယ်။

ကြယ်စင်

Credit to  :  GOOD HEALTH
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

လူအများစုဟာ နံနက်စောစောမှာ ဆီးသွားချင်လို့ အိပ်ရာနိုးတာက တခြား အကြောင်းရင်းတွေထက် ပိုများပါတယ်။ အကြောင်းရင်းကတော့ အညစ် အကြေး စွန့်ထုတ်တဲ့ အူမကြီးရဲ့ ကျုံ့နိုင်၊ ကျဉ်း နိုင်စွမ်းကို ထိန်းချုပ်ထားတဲ့ အူထဲက နျူရွန်တွေ ဟာ ခန္ဓာကိုယ် ဇီဝနရီဖြစ်စဉ်ရဲ့ လွှမ်းမိုးမှု ရှိပါတယ်။ ဒီဇီဝနရီဟာ ည ဘက်မှာ သင့်ကို အိပ်ငိုက်ပြီး အိပ်မော ကျအောင် လုပ်ပေးသလို သင့်ကို နံနက် ခင်းမှာ နိုးထလာအောင်လည်း လုပ် ဆောင်ပေးပါတယ်။

ဆွဲဆောင်မှု အပြည့် ရှိစေမည့် အိုင်းရှဲဒိုး ခြယ်သနည်း


ဆွဲဆောင်မှု အပြည့် ရှိစေမည့် အိုင်းရှဲဒိုး ခြယ်သနည်း


 ခေတ်နဲ့အညီ ဆွဲဆောင်မှု ရှိစေဖို့ အတွက် အိုင်းရှဲဒိုး ခြယ်သတဲ့ အခါမှာ ကိုယ်နဲ့ လိုက်ဖက် အောင် ခြယ်သတတ်ဖို့ လိုပါတယ်။ ဒါကြောင့် Good Health စာဖတ်ပရိသတ်အတွက် ညပိုင်း Dinner တွေမှာ လှပမှုရှိစေမယ့် အိုင်းရှဲဒိုး ခြယ်သနည်း အဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။
 
-မျက်နှာကို မိတ်ကပ်အဆင့်ဆင့် လိမ်းပြီးတဲ့အခါမှာ ပထမဆုံးအနေနဲ့ အပေါ်မျက်ခွံ တစ်ပြင်လုံးကို ခဲရောင် အိုင်းရှဲဒိုးလေး ခြယ်သလိုက်ပါ။
-အဲဒီလို ခြယ်သပြီးတဲ့အခါ အပေါ်မျက်ခွံ သုံးပုံနှစ်ပုံခန့်ကို သနပ်ခါးရောင် အိုင်းရှဲဒိုးလေး ထပ်မံခြယ်သလိုက်ပါ။
-အဲဒီအပေါ်ကမှ အပေါ်မျက်ခွံ သုံးပုံတစ်ပုံနဲ့ အပြင်ထောင့်နားကို အစိမ်းရောင် အိုင်းရှဲဒိုးလေး ခြယ်ရမှာ ဖြစ်ပါတယ်။ -အောက်မျက်ခမ်းကိုလည်း အပေါ်မှာ ခြယ်သထားတဲ့ အိုင်းရှဲဒိုးနဲ့ လိုက်ဖက်အောင် အစိမ်းရောင် အိုင်းရှဲဒိုးကို ခြယ်သလိုက်ပါ။
-ပြီးရင် အပေါ်မျက်ခွံနဲ့ အောက်မျက်ခမ်းရဲ့ အပြင်တစ်ဝက်ကို အိုင်းလိုင်နာ အနက်ရောင်နဲ့ ခြယ်လိုက်ပါ။
-အိုင်းလိုင်နာ ဆွဲပြီးတဲ့အခါမှာ အပေါ်မျက်ခွံကို မျက်တောင်တု တပ်ပြီး Mascara လေးနဲ့ တစ်ဆင့်ချင်း ကော့ရမှာ ဖြစ်ပါတယ်။
-အဲဒီလိုပဲ အောက်မျက်တောင်တွေကိုလည်း Mascara လေးနဲ့ လှပအောင် ကော့ရမှာ ဖြစ်ပါတယ်။ ဒီလို ခြယ်သပြီးတဲ့ အခါမှာတော့ ညပွဲ Dinner တွေနဲ့ လိုက်ဖက်မှုရှိစေမယ့် မျက်ဝန်းလေး တစ်စုံကို ရရှိမှာပဲ ဖြစ်ပါတယ်။

မင်းအိုက်စွန်းန်

Credit to  :  GOOD HEALTH
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

ခေတ်နဲ့အညီ ဆွဲဆောင်မှု ရှိစေဖို့ အတွက် အိုင်းရှဲဒိုး ခြယ်သတဲ့ အခါမှာ ကိုယ်နဲ့ လိုက်ဖက် အောင် ခြယ်သတတ်ဖို့ လိုပါတယ်။ ဒါကြောင့် Good Health စာဖတ်ပရိသတ်အတွက် ညပိုင်း Dinner တွေမှာ လှပမှုရှိစေမယ့် အိုင်းရှဲဒိုး ခြယ်သနည်း အဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။ -မျက်နှာကို မိတ်ကပ်အဆင့်ဆင့် လိမ်းပြီးတဲ့အခါမှာ ပထမဆုံးအနေနဲ့ အပေါ်မျက်ခွံ တစ်ပြင်လုံးကို ခဲရောင် အိုင်းရှဲဒိုးလေး ခြယ်သလိုက်ပါ။

ယနေ့(၁.၂.၁၃) နံနက်ပိုင်း(၉)နာရီဝန်းကျင်က သန်လျင်တံတားပေါ်တွင် ကားများပျက်နေသဖြင့် ကားအစီး ၂၀၀ ကျော်ယဉ်ကြောပိတ်ဆို့မှုဖြစ်ပွား

ယနေ့(၁.၂.၁၃) နံနက်ပိုင်း(၉)နာရီဝန်းကျင်တွင် ရန်ကုန်မြို့၊
သန်လျင်တံတားပေါ်မှာ ကားများပျက်ပိတ်နေ

အစီးပေါင်း ၂၀၀ ကျော်ပိတ်မိလျှက်ရှိ

____________________________________
Reference and Credit to -ကိုဇော်လွင်ဝင်း
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

ယနေ့(၁.၂.၁၃) နံနက်ပိုင်း(၉)နာရီဝန်းကျင်က သန်လျင်တံတားပေါ်တွင် ကားများပျက်နေသဖြင့် ကားအစီး ၂၀၀ ကျော်ယဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်။ လမ်းကကျဉ်းမြောင်းပြီး ပျက်နေတဲ့
ကားတွေများနေလို့ခရီးသွားပြည်သူများအတွက် စိတ်အနှောက်ယှက်ဖြစ်နေရပါတယ်။

"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း"

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း
Fri, 02/01/2013 - 09:04
 

(၁ - ၂ - ၂၀၁၃)
မိဘပြည်သူများခင်ဗျား-
နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့်သင့်တိုင်း ဆက်သွယ်ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့အတိုင်း ယခုလို ဆက်သွယ်ပြောကြားခြင်း ဖြစ်ပါတယ်။
 
ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ်အတွင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ် နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကတစ်ဆင့် အောက်ခြေအဆင့် ပြည်သူလူထုအားလုံးအထိ သက်ရောက်မှုရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
 
၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာ ချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ငွေကြေးဈေးကွက်များနှင့် စီးပွားရေး အသိုက်အဝန်းထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ် တစ်ခုကို စတင်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ လက်ရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကဲ့သို့ နိုင်ငံတကာဘဏ်များ၊ အဖွဲ့များမှ ငွေကြေးအကူအညီရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ သန်းထောင်ပေါင်းများစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများ ဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့ ဟာလည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီလို အကူအညီတွေ မရနိုင်သလို ရှေ့ကိုတိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ (၁ဝ)စုနှစ်များစွာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာချေးငွေ အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
 
ယခုအခါမှာတော့ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် အပါအဝင် နိုင်ငံတကာ ချေးငွေအကူအညီ အတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော်ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်းကိုလည်း ပြည်သူလူထုကြီးကို ပြောကြားလိုပါတယ်။ ယခုလို အရေးကြီးတဲ့ အချိန်အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံအပါအဝင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများရဲ့ အကူအညီများကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ယခုအခါမှာ ကျွန်တော်တို့နိုင်ငံ အနေနဲ့ နိုင်ငံတကာ အကူအညီ ချေးငွေများကို ပြန်လည်ရရှိနိုင်ပြီး ဖြစ်ပါတယ်။ ဒီလိုရရှိနိုင်မယ့် သန်းပေါင်း များစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများအလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ယခုလိုဆောင်ရွက်ခဲ့မှုများဟာ ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြားခဲ့သည့် အဆင်းရဲဆုံး LDC နိုင်ငံများစာရင်းမှ ရုန်းထွက် နိုင်အောင် ဆောင်ရွက်မည်ဆိုတဲ့ ကိစ္စရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်းအဖြစ် ရရှိနေပြီဖြစ်တဲ့ တိုးတက်မှုဖြစ်ပါတယ်။
 
ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့ အကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
 
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဦးမော့လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံဉာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှု ဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေး နေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက် အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ၁၉-၁-၂ဝ၁၃ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့နဲ့အတူ ပြည်တွင်းပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များပါဝင်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ကျင်းပနိုင်ခဲ့ပြီးစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ထိရောက်ဖို့အတွက် နေပြည်တော် သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ ပါတယ်။
 
ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေလည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့  ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ်ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံစေမယ့် ကိုယ်ပိုင် အိမ်တစ်လုံးကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေရှိ ပါတယ်။ ဒီလိုအိမ်ပိုင်ယာပိုင်မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ်များမှာလည်း တန်ဖိုးနည်းအိမ်ရာများကို ဆက်လက် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အဓိကလုပ်သားအင်အား အများစုဖြစ်တဲ့ တောင်သူလယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ နှုန်းအထိ တိုးမြှင့် ထုတ်ပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧကကိုလည်း ကျပ် ၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်း အထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန် တကယ် လိုအပ်မည့် စိုက်ပျိုးစရိတ်အတွက် ပြည့်မီနိုင်ခြင်းမရှိတာကို သတိပြုမိပါတယ်။ တည်ဆဲ ဥပဒေများအရ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များကို ခွင့်ပြုထားပြီဖြစ်တဲ့အလျှောက် မိမိတို့ရဲ့ လယ်ယာမြေများကို အာမခံထား၍ လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်းအနှီးများ ချေးယူ စုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။
 
လယ်ယာလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာကတော့လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့် ငွေကြေး စီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့် အလမ်းတွေကို အမိအရဆုပ်ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန်ဖြစ်ပါတယ်။ မိမိတို့ရဲ့ အဓိက ကုန်ထုတ်အရင်းအနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက် လာရန်လည်း မိမိတို့ရဲ့ လယ်မြေများကိုပြုပြင်ကြစေလိုပါတယ်။ ရေတိုစီမံခန့်ခွဲမှုများဖြင့် မိမိတို့ရဲ့ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက် ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက်တည်းမှာပင် လယ်ယာကဏ္ဍကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ တိုးတက်စေမယ့် ခေတ်မီလယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
 
ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော်၊ တက်မတော်၊ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေနဲ့ ပြည်သူ လူထုအားလုံးက ကဏ္ဍအသီးသီးကနေ အားလုံး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ဆိုတာ ငြင်းလို့မရပါဘူး။ ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲ တွေ ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ အသိ အမြင်ကြွယ်ဝတဲ့ ပြည်သူ လူထုတစ်ရပ်လုံးက ပြည်သူတို့ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေ ပေါ်ပေါက်လာဖို့လည်း အလွန်အရေးကြီးပါတယ်။
 
ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိခဲ့တဲ့ အရပ်ဘက် လူအဖွဲ့အစည်းတွေ ပြန်လည်အားကောင်းလာဖို့ အတွက် ကြိုးပမ်းဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့က  နိုင်ငံသား တစ်ဦးချင်းစီမှာလည်း တာဝန်ရှိ ပါတယ်။ ကျွန်တော့်အနေနဲ့အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ်လာစေဖို့အတွက် ၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။ ၂၇-၁-၂ဝ၁၃ ရက်နေ့ကလည်း သက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးများနဲ့လည်း စားပွဲဝိုင်း ဆွေးနွေးမှုများကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေကနေ အစပြုပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေပါဝင်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
 
တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများ အောင်မြင်စေဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှု တို့ကိုလည်း အလေးထားဆောင်ရွက်ရမယ့် အချိန်ကာလလည်းဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်ပွားရာဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင် လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်းသို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ကြိုးပမ်းတည်ဆောက်လျက်ရှိတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ်ရှလွယ် အဆင့်ကို ရောက်ရှိနေ ပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင်ကြိုးပမ်း လုပ်ဆောင်နေသူများနဲ့ ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ တညီတညွတ်တည်း သဘောထားကြီးကြီးနဲ့ ရုန်းကန်လုပ်ကိုင်မှသာ ဒီအကျပ်အတည်းကို ကျော်လွှားအောင် မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ အလေးအနက် ပြောကြားလိုပါတယ်။
 
နိဂုံးချုပ် အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းခြောက်ဆယ်ကျော် ကာလအတွင်းမှာ မရဖူးသေးတဲ့ အခွင့်အလမ်း တွေကိုလည်း ရရှိနေပါတယ်။ ပြည်သူတစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်းကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။ မကြာခင်မှာ ကျရောက်တော့မယ့် (၆၆)နှစ်မြောက်  မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုးသားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်းနှိုးဆွပြီး ပြည်သူ တစ်ဦးချင်းစီအနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ် အပ်တယ်။
 
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြ ပါစေ။
 
Source: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး ဝဘ်ဆိုဒ်

မိဘပြည်သူများခင်ဗျား-

နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့်သင့်တိုင်း ဆက်သွယ်ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့အတိုင်း ယခုလို ဆက်သွယ်ပြောကြားခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ်အတွင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ် နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကတစ်ဆင့် အောက်ခြေအဆင့် ပြည်သူလူထုအားလုံးအထိ သက်ရောက်မှုရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

စာမေးပွဲရက်မှာ မီးလာပါစေ


အဖြူနှင့်အစိမ်း တင့်တယ်လှသော ၀တ်စုံလေးများဖြင့် စာအုပ်ကလေးများဖွင့်ကာ လမ်းသွားရင်းစာကျက်၊ စာဖတ်နေသော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူလေးများကို နေ
့စဉ်နှင့်အမျှ တွေ့နေရပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးအတွက် အသင့်ပြင်ဆင်နေကြသည်။
ပြန်လှန်လေ့ကျင့်ခန်းများ သုံး၊ လေးခေါက် ပြန်ဖြေပြီးသော ဂုဏ်ထူးမှန်း ကျောင်းသားများရှိသလို စာမေးပွဲကြီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ရုံသာ ကြိုးစားနေကြသော ကျောင်းသားများလည်းရှိသည်။ ညဘက်ဂိုက်၊ စာသင်ဝိုင်း အစရှိသည်တို့ဖြင့် အနီးကပ် ကျက်မှတ်နေသော ကျောင်းသားများကလည်း တစ်ပုံတစ်ပင်။

ကလေးငယ်များကို ပြင်းထန်စွာ အော်ငေါက်ခြင်း (သို့) ဒဏ်ပေးခြင်းကြောင့် ကင်ဆာ၊ နှလုံးနှင့် ရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေ မြင့်မား

မိမိကလေးကို ဒဏ်ပေးတာ ဒါမှမဟုတ် ပြင်းပြင်း ထန်ထန် ဆူပူ ကြိမ်းမောင်း တာကြောင့် ကလေးငယ် ကြီးပြင်းလာရင် ကင်ဆာရောဂါ အပါအဝင် ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိခဲ့ပါတယ်။
အသင့်အတင့် ကြိမ်းမောင်းပြီး ဒဏ်ပေးရင်တောင် ကလေးငယ်တွေမှာ ရေရှည် ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေကို ဒဏ်ပေးတာနဲ့ ဆူပူ ကြိမ်းမောင်းတာကြောင့် ကလေးငယ်တွေမှာ ဖိစီးမှုတွေ များလာပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဌာနအကြီးအကဲများကိုပြောင်းလဲတာဝန်ပေး အပ် တဲ့ နိုင်ငံတော်ပြန်တမ်းကို ယနေ့ထုတ်ပြန်ကြေငြာ

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဌာနအကြီးအကဲများကိုပြောင်းလဲတာဝန်ပေး အပ် တဲ့ နိုင်ငံတော်ပြန်တမ်းကို ယနေ့ ထုတ်သတင်းစာများမှာ ဖော်ပြခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာမှာ ပထမအဆင့်အနေနဲ့ စာပေစိစစ်ရေးစနစ်ကို ဖျက်သိမ်း ခြင်းနှင့် နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှုသတင်းစာများအဖြစ်ကူးပြောင်းခြင်းကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။

အခုအချိန်မှာ ပထမအဆင့်လုပ်ငန်းများ အတော် အသင့် အကောင်အထည်ဖော်နေပြီဖြစ်တဲ့အတွက် ဒုတိယအဆင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်းနဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းများကို ဆက်လက် ဆာင်ရွက် သွားမှာဖြစ်ပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ သမ္မတကြီး၏ မူဝါဒအတိုင်း ၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်သူများ အနေနဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ အကျိုးကျေးဇူးများကို လက်တွေ့ခံစားနိုင်အောင် အရှီန်အဟုန်မြှင့်ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးက ဌာနအကြီးအကဲများရဲ့ Mind Set, Management, Skill , နဲ့ Speed များကို လုပ်ငန်းလိုအပ်ချက်များနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး အခုလို ပြောင်းလဲတာဝန်ပေးခြင်း ဖြစ်ပါ တယ်။

ဒီလိုလုပ်ဆောင်ခြင်းဟာ
ဥပမာအားဖြင့် ဘောလုံးအသင်းတစ်ခုမှာ ကစားကွက်ပြောင်းလဲကစားတဲ့အခါ ကစားသမားများကို သူ့ကျွမ်းကျင်မှုအပေါ် မူတည်ပြီး နည်းပြက ပြန်လည်နေရာချ ထားတဲ့ သဘောတရားအတိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် အခုလိုဆောင်ရွက်ခြင်းအားဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ပေါ်ပေါက်ရေးနဲ့ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေးကိုလည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

အေးချမ်းမွန်မှ  Ye Htut (ပြန်ကြားရေးဒုဝန်ကြီး)တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဌာနအကြီးအကဲများကိုပြောင်းလဲတာဝန်ပေး အပ် တဲ့ နိုင်ငံတော်ပြန်တမ်းကို ယနေ့ ထုတ်သတင်းစာများမှာ ဖော်ပြခဲ့ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ
လုပ်ဆောင်ရာမှာ ပထမအဆင့်အနေနဲ့ စာပေစိစစ်ရေးစနစ်ကို ဖျက်သိမ်း ခြင်းနှင့် နိုင်ငံပိုင်သတင်းစာများ
ကို အများပြည်သူဝန်ဆောင်မှုသတင်းစာများအဖြစ်ကူးပြောင်းခြင်းကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။

မင်းပြားမြို့နယ် တွင် ဖယောင်းတိုင် မီးထွန်းလျက် အိပ်ပျော်သွားရာမှ မီးလောင်မှု ဖြစ်ပွား

မင်းပြားမြို့နယ် ပန်းမြောင်း ကျေးရွာ စာသင်ကျောင်း ရပ်ကွက်၌ ဇန်နဝါရီ ၂၅ ရက် ည ၉ နာရီခွဲက ဖယောင်းတိုင် မီးထွန်းပြီး အိပ်ပျော် သွားရာမှ နေအိမ် မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ အဆိုပါ ရပ်ကွက်နေ ဦးမောင်ရွှေသာ ၅၇ နှစ် နေအိမ်တွင် သားဖြစ်သူ အောင်နိုင် ဌေး ၉ နှစ်မှာ ယင်းည ၉ နာရီ မိနစ် ၂ဝ က အိပ်ရာ ခေါင်းရင်း၌ ဖယောင်းတိုင် မီးထွန်းပြီး အိပ်ပျော် သွားရာမှ နေအိမ် မီးကူးစက် လောင်ကျွမ်း ခဲ့သည်။

မတ်မတ်နီးပါး ပျံတက်နိုင်ပြီး လျှင် မတ်မတ်နီးပါးလည်း ပျံဆင်းနိုင်သည့် အော်တိုဂျိုင်ရို

အော်တိုဂျိုင်ရို

www.waihinchitthu.com

အော်တိုဂျိုင်ရို ဆိုသည်မှာ လေယာဉ်တစ်မျိုး ဖြစ်သည်။ အော်တိုဂျိုင်ရိုသည် မတ်မတ်နီးပါး ပျံတက်နိုင်ပြီး လျှင် မတ်မတ်နီးပါးလည်း ပျံ၍ဆင်းနိုင်သည်။ ထို့ကြောင့် သာမန်လေယာဉ်ပျံများကဲ့သို့ တက်ရန်၊ ဆင်းရန် နေရာကျယ် ကျယ်မလိုပေ။ အော်တိုဂျိုင်ရိုသည် ဟယ်လီကော့ပတာနှင့် ဆင် ၏။ သို့သော် ဟယ်လီကော့ပတားနှင့် မတူချေ။ ဟယ်လီကော်ပတာ ကဲ့သို့လည်း လေထဲတွင် ရပ်တည်၍မနေနိုင်ချေ။


အော်တိုဂျိုင်ရိုကို အောင်မြင်စွာတည်ထွင်နိုင်သူမှာ ဟွန်ဒီလာစီယာဗာဆိုသူ စပိန်လူမျိုးတစ်ဦး ဖြစ်သည်။ ထိုယာဉ် ဖြင့် ၁၉၂၃ ခုနှစ်တွင်ပျံသန်းနိုင်ပြီးလျှင် နောက်ငါးနှစ်အကြာ တွင် စီယာဗာသည် အော်တိုဂျိုင်ရိုဖြင့် အင်္ဂလိပ်ရေလက်ကြား ကို ကျော်ဖြတ်ခဲ့လေသည်။ ၁၉၂၈ ခုနှစ်တွင် အမေရိကန်လူမျိုး တစ်ဦးဖြစ်သူ ဟဲရိုးပစ်ကန်းက အမေရိကန်ပြည်ထောင်စုအတွင်း ၌ ထိုလေယာဉ်ပျံမျိုးကို ပြုလုပ်ခဲ့လေသည်။ ထို့နောက် ဟဲရိုး သည် အော်တိုဂျိုင်ရိုစက်များကိုပြုလုပ်၍ ရောင်းချခဲ့လေသည်။ အော်တိုဂျိုင်ရိုကို အပေါ်သို့ပျံတက်နိုင်စေရန် ထိုယာဉ် ၏ အပေါ်ဘက်တွင် တပ်ဆင်ထားသော ရိုတာခေါ် ပန်ကာ ဒလက်များက ဖန်တီးပေးကြသည်။ ထိုဒလက်များမှာသုံးလေးခု ရှိ၍ အလွန်ရှည်ကြသည်။ ထိုဒလက်များကို မတ်တတ်ဝင်ရိုး တစ်ခုတွင် တပ်ဆင်ထား၍ စက်ဖြင့်လည်စေသည်။ ဟယ်လီ ကော့ပတားတွင် အလားတူ ဒလက်များကို အစဉ်လည်လျက် ရှိစေရသော်လည်း အော်တိုဂျိုင်ရိုတွင်မူ ပထမစ၍ ပျံတက်စဉ် နှင့် အပေါ်သို့ပို၍ တက်လိုသောအခါများတွင်သာ လည်စေလေ သည်။ အော်တိုဂျိုင်ရို၏ ရှေ့ဘက်တွင် သာမန်လေယာဉ်ပျံများ နည်းတူ ပရိုပဲလာရှိသည်။ ထိုပရိုပဲလာဖြင့် အော်တိုဂျိုင်ရိုကို ရှေ့သို့ ပျံစေနိုင်သည်။

အော်တိုဂျိုင်ရိုကိုစ၍ ပျံစေရာတွင် ရိုတာခေါ်ဒလက် များကို မော်တာဖြင့်လည်စေသည်။ အော်တိုဂျိုင်ရို လေထဲသို့ ရောက်သွားသောအခါတွင် မော်တာနှင့် ရိုတာကို အဆက်ဖြတ် လိုက်သည်။ သို့ရာတွင် အော်တိုဂျိုင်ရို ရှေ့သို့ပျံသွားသဖြင့် ဖြစ်ပေါ်လာသော လေစီးကြောင်းကြောင့် ဒလက်များသည် ဆက်၍ အလိုအလျောက် လည်မြဲလည်လျက်ရှိလေသည်။ ထိုသို့ ဒလက်များ လည်မြဲလည်လျက်ရှိခြင်းကြောင့် အော်တိုဂျိုင်ရို သည် မြေပြင်ပေါ်သို့ကျမလာပဲ လေထဲတွင်ဆက်၍ တည်ရှိလေ သည်။ တစ်နည်းဆိုသော် အော်တိုဂျိုင်ရိုရှိ ဒလက်များသည် သာမန်လေယာဉ်ပျံများရှိ အတောင်များကဲ့သို့ ဆောင်ရွက်လေသည်။

နောက်တီထွင်သော အော်တိုဂျိုင်ရိုများတွင် ရိုတာ တစ်ခုတည်းအစား နှစ်ခုမှ သုံးခုအထိ ရှိသော ရိုတာများကို တပ်ဆင်နိုင်ရန် ပုံစံများကို ပြုပြင်ပြောင်းလဲပေးခဲ့ကြလေသည်။ အော်တိုဂျိုင်ရိုကို စမ်းသပ်ခဲ့ရာမှ နောင်သော် ဟယ်လီ ကော့ပတားကို တီထွင်လာနိုင်ခဲ့ကြလေသည်။ ဟယ်လီကော့ပတားမှ တစ်ဖန် ဂျိုင်ရိုပလိန်းခေါ် လေယာဉ်တစ်မျိုးကို တီထွင်လာနိုင်ခဲ့ကြပြန်သည်။ ထိုလေယာဉ် မျိုးကို ၁၉၂၄ ခုနှစ်ခန့်က ဂျာမနီနိုင်ငံတွင် ပြုလုပ်နိုင်ခဲ့သည်။ ဂျိုင်ရိုပလိန်းရှိ ဒလက်များကို မော်တာဖြင့် အစဉ်လည်နေစေလေသည်။

ဝေဟင်ချစ်သူ

အော်တိုဂျိုင်ရို ဆိုသည်မှာ လေယာဉ်တစ်မျိုး ဖြစ်သည်။ အော်တိုဂျိုင်ရိုသည် မတ်မတ်နီးပါး ပျံတက်နိုင်ပြီး လျှင် မတ်မတ်နီးပါးလည်း ပျံ၍ဆင်းနိုင်သည်။ ထို့ကြောင့် သာမန်လေယာဉ်ပျံများကဲ့သို့ တက်ရန်၊ ဆင်းရန် နေရာကျယ် ကျယ်မလိုပေ။ အော်တိုဂျိုင်ရိုသည် ဟယ်လီကော့ပတာနှင့် ဆင် ၏။ သို့သော် ဟယ်လီကော့ပတားနှင့် မတူချေ။ ဟယ်လီကော်ပတာ ကဲ့သို့လည်း လေထဲတွင် ရပ်တည်၍မနေနိုင်ချေ။

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်နှင့်ဂီတပွဲတော် ဆုပေးပွဲ ကိုယမန်နေ့ညပိုင်းကကျင်းပပြုလုပ်


လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်နှင့်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဆုကိုးဆု ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

စစ်အစိုးရလက်ထက်မှာ ကိုယ့်လူမျိုးဘဝကို ဝှက်ထားခဲ့ရတဲ့ရှမ်းနီများ

လူမျိုးရှိပြီး အမည်ပျောက်နေသူများ

မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။  

ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။  

မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။  

စစ်အစိုးရအာဏာပိုင်များက ရှမ်းနီစာပေ၊ ဘာသာစကား တရားဝင် သင်ကြားခွင့် နှင့် ယဉ်ကျေးမှုပွဲတော်များ ကျင်းပခွင့်တို့ကို ပိတ်ပင်ထားသည်သာမက ရှမ်းနီ လူမျိုးစုများ၏ နိုင်ငံသားဖြစ်ခြင်းအပေါ် ကန့်သတ်မှုများ ရှိနေသည့်အတွက် လူငယ်များအကြား စာပေ၊ စကား၊ ယဉ်ကျေးမှုများ သိရှိနားလည်မှု ဆိတ်သုဉ်း ပျောက်ကွယ်မည့် အလားလာများ တွေ့ကြုံနေရသည်။


“ကိုယ့်ကိုကိုယ် ရှမ်းနီလူမျိုးဆိုတာ အရင်က မသိခဲ့ဘူး။ အခုနောက်ပိုင်း လူကြီးမိဘတွေ ပြောစကားအရ သိရတာ။ ရှမ်းနီစာလည်း သင်ကြားခွင့်အပိတ်ခံထားရတော့ စာရော၊ စကားပါ မတတ်ပါဘူး။ ကျနော်မိဘတွေလည်း မတတ်ပါဘူး။ အဘိုးအဘွားတွေလောက်ပဲ တတ်တာ” ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နန်းမား ဒေသခံ ရှမ်းနီလူငယ် စိုင်းထွန်းက နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ပြောသည်။  

အလားတူ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်ဒေသတလျှောက်တွင်နေထိုင်ကြသော ရှမ်းနီလူမျိုးများသည် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သော်လည်း စာပေအရေးအသားတွင် သိကျွမ်းသူများ ယခုအခါတွင် အလွန်ရှားပါးနေပြီဖြစ်ကြောင်း မိုင်းနားရွာက ကိုစိန်မောင်က ယခုလိုပြောသည်။  

“ကျနော်အပါအဝင် လူငယ်အတော်များများက စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ပါတယ်။ ရှမ်းစာပေကြတော့ လုံးဝ သင်ကြားခွင့်မရဘူးဆိုတော့ ရွာမှာရှိတဲ့သူတွေအားလုံးလိုပဲ မရေးတတ်၊ မဖတ်တတ်ကြဘူး။ ရေးတတ် ဖတ်တတ်တဲ့လူကြီးတွေ လည်း သေဆုံးကုန်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

ဘိုးဘွားအစဉ်အဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးစုများသည် ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၆ အရ ပြည်နယ်သတ်မှတ်ခြင်း မခံခဲ့ရသဖြင့် နောက်ပိုင်းတွင် ၎င်းတို့စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာနေသည်ဟု ၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုး အစီရင်ခံစာတခုက ဖော်ပြသည်။  

မြန်မာပြည်အထက်ပိုင်းတွင်နေထိုင်သော  ဒေသခံရှမ်းအမျိုးအနွယ်များမှာ တိုင်းလိုင်(ရှမ်းနီ) တိုင်းခန္တီး (ခန္တီးရှမ်း)၊ တိုင်းနေ (ရှမ်းတရုတ်)၊ တိုင်းလုံ (ရှမ်းကြီး) တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်း၊ တိုင်းဆာ(ခေါ်) မိုင်းသာရှမ်း တို့ဖြစ်သည်။  

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် ရှမ်းနီလူမျိုးနွယ်စုများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် လူမျိုးအမည်ဖော်ပြရာ၌ ‘ရှမ်း - ဗမာ’ ဟုသာ ထည့်သွင်းရေးသားစေခဲ့ပြီး၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ ‘ဗမာ’ ဟုသာ ယနေ့အထိ ထည့်သွင်း သုံးနှုန်းစေခဲ့သည်။  

ယခုလို အမည်ပြောင်း သတ်မှတ်ခံရခြင်းဖြင့် ရှမ်းနီလူမျိုးစုမှာ ပျောက်ကွယ်တော့မည့်အလားအလာရှိနေကြောင်း ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စိုင်းခမ်းတီ ပြောသည်။

“အခုမှတ်ပုံတင်လုပ်တဲ့အခါ မင်းတို့က ရှမ်းစကားလည်းမတတ်ဘဲနဲ့ ဘာလို့ ရှမ်း -ဗမာဆိုပြီးထည့်ရမှာလဲ၊ ရှမ်းဗမာဆိုတာမရှိဘူး။ ရှမ်းဆိုရင်ရှမ်းပေါ့၊ ဗမာဆိုရင် ဗမာပေါ့ဆိုပြီး၊ အခုတော့ ရှမ်းနီစကားမတတ်တဲ့ရှမ်းတွေအားလုံး  ဗမာလို့ပဲထည့်ရတယ်” ဟု ပြောသည်။

သူက “ရှမ်းနီလူမျိုး တွေအနေနဲ့ ဗမာလို့ မထည့်ချင်ပေမဲ့ သူတို့ရဲ့ အာဏာကိုမဖီဆန်နိုင်တော့ ထည့်ရတာပေါ့။ လူငယ်တွေကလည်း ဗမာလိုပဲတတ်ကြတဲ့အတွက်  တဖြည်းဖြည်း ကွယ်ပျောက်တော့မယ့် အန္တာရယ်နဲ့ ကြုံတွေ့နေရပါတယ်” ဟု ဆိုသည်။  

မြန်မာပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားနှင့် စာပေများကို ယနေ့ထိတိုင် တရားဝင်သင်ကြားခွင့်မရရှိခြင်းသည် လူမျိုးနွယ်စုများ အမြတ်တနိုးထားသည့် စာပေ၊ ဓလေ့ထုံးတမ်းစဉ်လာများ ပျောက်ကွယ်မည့် လမ်းစပင်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက မှတ်ချက်ပေးသည်။  

အလားတူ ရှမ်းနီလူမျိုးစုများ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို အာဏာပိုင်များက လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်ကာ တရားဝင်ကျင်းပခွင့် ပိတ်ပင်ခြင်းခဲ့သည့်အတွက် လူငယ်များအကြား ရိုးရာပွဲတော်များအကြောင်း သိသူရှားပါးလာနေကြောင်း ရှမ်းနီလူငယ်များက ဆိုသည်။  

“ကျနော်တို့ဆီမှာ ရိုးရာပွဲတော်ဆိုလို့ ဘာပွဲမှ မကျင်းပဖြစ်တာ အတော်ကို ကြာနေပါပြီ။ နှစ်သစ်ကူးပွဲတော်တွေတောင်  မကျင်းပဖြစ်တာတောင်ကြာပါပြီ။ ရိုးရာပွဲလမ်းသဘင်ဆိုလို့ ဘာမှမရှိပါဘူး” ဟု စိုင်းခမ်းတီ ကဆိုသည်။

သူက “ဥပုဒ်နေ့တွေမှာ ၆ အိမ်၊ ၇ အိမ်စုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာ၊ လာတဲ့ပရိသတ်တွေကို ဧည့်ခံကျွေးမွေးတာမျိုးလောက်ပဲရှိတော့တာပါ” ဟု အင်းတော်ကြီးဒေသက အခြေအနေကို ပြောပြသည်။    

ရှမ်းနီတိုင်းရင်းသား အများစုသည် ယခင်က တနိုင်တပိုင် ရွှေကျင်သည့်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ခြင်း၊ လယ်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ထို့ကြောင့်  အထက်တန်းပညာရေးအဆင့် ကျော်လွန်ကာ၊ တက္ကသိုလ်ဘွဲ့ရ သူများ နည်းပါးနေသေးကြောင်း ကချင်ပြည်နယ်၊ မိုင်းနားရှမ်းရွာနေထိုင်သူ ကိုစိန်မောင်က ယခုလိုပြောသည်။  

“ကျနော်တို့ လူမျိုးတွေက ပညာလည်းမတတ်တော့ မိဘတွေလုပ်ကိုင်တဲ့ အရက်ချက်တာတို့၊ ဝက်မွေးတာတို့၊ အခင်းစိုက် ပျိုးတာတို့၊ လယ်ယာလုပ်ကိုင်တာတို့ပဲ လုပ်တတ်တယ်။ လက်လုပ်လက်စားတွေပဲများတယ်။ လေးတန်းအောင်ရင်ပြီးတာပဲ။ ဘာမှမလိုဘူး၊ အလုပ်လုပ်စားလို့ရရင်ပြီးတာပဲလို့ ထင်တယ်လေ” ဟု ပြောသည်။  

ရိုးရာစာပေ၊ ယဉ်ကျေးမှု၊ ပွဲတော်၊ ဘာသာစကားအပြင် ရိုးရာအ၀တ်အစားများမှာလည်း တဖြည်းဖြည်း ကွယ်ပျောက်လာသည့်အတွက် ဓလေ့ထုံးတမ်းအစဉ်လာများကို ထိမ်းသိမ်းလိုသည့် ရှမ်းနီခေါင်းဆောင်တချို့က အာဏာပိုင်များပိတ်ပင်သော်လည်း နွေရာသီအားလပ်ရက်တွင် လူငယ်များကို တတ်နိုင်သရွှေ့ လက်ဆင့်ကမ်း သင်ကြားပေးရန် စီစဉ်ထားသည်။  

“အာဏာပိုင်တွေက ရှမ်းနီစာဆိုတာ မရှိဘူးဆိုပြီး၊ ပိတ်ပင်ခံရတယ်။ ဒါပေမယ့် ရှမ်းနီစာပေသင်ကြားရေးတွေကို မြို့နယ်တချို့နဲ့ ကျေးရွာတွေကို ဆင်းပြီး၊ အသက် အရွယ်မရွေး သင်ကြားပေးနေပါတယ်” ဟု ရှမ်းနီစာသင်ကြားရေးတွင် ကူညီဆောင်ရွက်ပေးနေသူ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသနေထိုင်သူ နန်းရှန်ဟွမ်က ပြောသည်။  

လတ်တလောတွင် ရှမ်းနီစာပေသင်ကြားရေးကို ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ရွှေကူဒေသတို့တွင် လုပ်ဆောင်ပေးနေကြောင်း နန်းရှန်ဟွမ် က ဆိုသည်။  

၁၉၉၃ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံတွင် ရှမ်းနီအမျိုးသားလက္ခဏာဖော်ဆောင်ခွင့်ပေးရန် ရှမ်းနီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုင်းထိန်လင်းက အကြံပြုချက် စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။  

စစ်အစိုးရရေးဆွဲထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေတွင်မူ တိုင်းရင်းသားလူနည်းစုတချို့ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ၀’ တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းနှင့် ဒေသများအဖြစ် သတ်မှတ်ပေးထားသည်။http://burmese.bnionline.net
လူမျိုးရှိပြီး အမည်ပျောက်နေသူများ
မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။ ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။

မန္တလေးတိုင်းလျှပ်စစ်က မန္တလေးပါဖေါမင့်လုပ်မယ့် ကာတွန်းဆရာအချို့ကို လျှပ်စစ်မီးဖြတ်ရသည့်အကြောင်းရင်းရှင်းလင်းပြောကြား

ဒီကနေ့ မန္တလေးတိုင်းလျှပ်စစ်က မန္တလေးပါဖေါမင့်လုပ်မယ့်ကာတွန်းဆရာအချို့ကိုခေါ်ယူရှင်းလင်းခဲ့ပါ 
တယ်၊သူတို့ရှင်းလင်းပြောပြတာကတော့ ထုံစံအတိုင်းပါပဲ၊မန္တလေးဈေးချိုကို ယခုလအတွင်း မီးဖြတ်ချိန်
(၆၈)ကြိမ်ရှိခဲ့ပြီးတိုင်းအဆင့်အနေနဲ့မီးဖြတ်တာဟာ(၉)ကြိမ်သာ ရှိခဲ့ကြောင်း၊ကျန်သည့် ၅၉ကြိမ်မှာ အထက်
က ပင်မကဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းရှင်းလင်းခဲ့တယ်လို့ သိရပါတယ်၊

မန်းလေးမြို့ စာပေဟောပြောပွဲတွင် ကိုဂျင်မီ ရွတ်ဆိုသွားသည့်ကဗျာ " အိုဗာဆရာဖေ့ စတိုင်”(အချုပ်တန်းဆရာဖေ စတိုင်) " ကဗျာ

မန်းလေးမြို့ စာပေဟောပြောပွဲတွင် ကိုဂျင်မီ ရွတ်ဆိုသွားသည့်ကဗျာ 
”အိုဗာဆရာဖေ့ စတိုင်”(အချုပ်တန်းဆရာဖေ စတိုင်)
ဖြူမှောင်ပိတ်မှိုင်း၊ တွင်တွင်ရိုင်းသည်
ခေတ်နှိုင်းပုံပြ၊ ဆိုရပါလျှင်
ဟိုးရင်ခါက တံခိုးရှင်မြန်မာဗျ
(အခုတော့လည်းကမ္ဘာ့အလည်မှာ)
သူခိုးထင်စရာ……ပ
ဝေဟင်ခရီး၊ လေယာဉ်စီးလျှင်
လက်မထုတ်နဲ့ နာရီပြောင်မယ်
အဲဒါ…..အဲဒါမြန်မာ…တို့ဂုဏ်……ရောင်။
# မခံချင်ဘူး….မခံချင်ဘူး လုံးဝမခံချင်ဘူး
ငြင်းမယ်လို့ ဟန်ပြင်လိုက်တိုင်း
ကျုပ်တို့ပလ္လင် ကျုပ်တို့ကျငန်းက
မင်းကြီးနဲ့ မတ်ရာ
ခရိုနီ အပေါင်းအပါတို့
အင်္ကျင်္ီ အ၀တ်အစား၊ အသစ် အသစ်တွေနဲ့
တိုက်တာခြံကား၊ အသစ် အသစ်တွေနဲ့
သားရယ်မယား၊ အသစ် အသစ်တွေနဲ့
အတွေးအခေါ်ကလွဲ
အားလုံးအသစ်သစ်တွေနဲ့
ပြည်တော်ကြီးသာနေကြပေါ့
(တို့်ပြည်သူလူအများမှာဖြင့်
မူးရှုစရာအဿပြာရှားပါးလို့
သဘောက်သာသာ အစေခံအလားရယ်ပ
တိုင်းစွန့် ပြည် ………….ခွါ)
# မြန်မာမှာ ခွန်အားရှိသော်
မဟုတ်မမှန်ရင် ငုံ့မခံစိတ်ရှိတယ်
အင်္ဂလိပ်ကိုကျွန်မခံ
ဖက်ဆစ်ကိုတော်လှန်
အမျိုးထိမချိအောင်နာသူတွေ
ဘာတဲ့ အရိုးကွဲအောင်ရိုက်မှအသည်းစွဲအောင်ချစ်သတဲ့
လူမဆန်ပုံပန်းမကျပေမယ့်
ယုံတန်းစကား အဖြစ်လက်ခံသူတွေ
အမျိုးတူကျွန်ပြုလို့
ကျောချလည်းဓါးမြမထင်
ဘာတဲ့ ကောင်းကောင်းဆိုးဆိုးတို့အမျိုးတဲ့
ရိုးဟိုးဟိုးတဲ့ မောင်ဂျင်
တရားအမှန် သတ္တုချရင်ဖြင့်
လူမျိုးနဲ့မဆိုင်
ဘာသာနဲ့မဆိုင်
အာဏာနဲ့သာဆိုင်ချင်တာကြောင့်
ဘာဆိုဘာမှမစဉ်းစား
ဇာတ်တူသားလည်းစားကြတယ်

လူအမည်ခံတောရိုင်းဆန်လို့
အတ္တတွေသာကြီးကြီး လာကြ
ကိုယ့်အတွက် ကိုယ်သာ
အနေချောင်ဖို့ အားထုတ်လာကြ
ဒီလိုနဲ့ 
ပရဟိတ မြန်မာတွေ
တစ်စစီ ပြိုကွဲလို့
သံသယတိုက်ပွဲတွေ ဆင်နွှဲကြ
(တန်းတူရေး မရှိ
မျှတရေးလည်း မသိ
ကနေ့ အချိန်ထိလေ
ကိုယ့်အဆွေ ကိုယ့်အမျိုးသာပါ
ကိုယ့်သဝေ ကိုယ်ထိုးနေသူတို့
နားဝင်ချိုအောင် မောင်ဂျင်ဆိုမယ်
ကိုယ်ဆွေသာ ကိုယ်မျိုးလိုက်ကြပေရော့။)
        ထောင်မင်းသားမောင်ဂျင်

ဖြူမှောင်ပိတ်မှိုင်း၊ တွင်တွင်ရိုင်းသည်
ခေတ်နှိုင်းပုံပြ၊ ဆိုရပါလျှင်
ဟိုးရင်ခါက တံခိုးရှင်မြန်မာဗျ
(အခုတော့လည်းကမ္ဘာ့အလည်မှာ)
သူခိုးထင်စရာ……ပ
ဝေဟင်ခရီး၊ လေယာဉ်စီးလျှင်
လက်မထုတ်နဲ့ နာရီပြောင်မယ်
အဲဒါ…..အဲဒါမြန်မာ…တို့ဂုဏ်……ရောင်။

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး 

ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်းရထားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ က ရထားလမ်း ဖြစ် ပါတယ်။ 

Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁ ရှိပါတယ်။ ၁၉၀၁ ခုနှစ် မတ်လ ၁ ရက်နေ့က စတင်ပြေးဆွဲပြီး ၂၀၀၈ ခုနှစ်အထိ စီးနှင်း သူပေါင်း ၂၈ သန်း ရှိသွားပြီလို့ ဆိုပါတယ်။ နေ့စဉ် စီးနှင်းသူဦးရေ ၈၂၀၀၀ ကျော် ရှိပါတယ်။ မြေပြင်အပေါ် အထက် ၃၉ ပေခွဲနီးပါး  မြင့်ပြီး ခရီးစဉ် အစအဆုံးက မိနစ် ၃၀ ကြာမြင့်ပါတယ်။ 

ဘာလင်မြို့ မှာ တပ်ဆင်ဖို့ စိတ်ကူးခဲ့ပေမယ့် Wuppertal မြို့ မှာတင် တပ်ဆင် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့တိုင် ပြေးဆွဲလျက် ရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခြင်း အဆင့်မြင့်တင်ခြင်း များ ပြုလုပ်ပါတယ်။ 

အပျော်ခရီးအနေနဲ့ စီးချင်သူရော၊ လုပ်ငန်းသုံးအတွက်ရော ပြေးဆွဲနေတဲ့ Wuppertal မြို့ က တွဲလောင်းရထားဟာ ဂျာမနီနိုင်ငံ၊ Wuppertal မြို့ မှာ အထင်ကရ တစ်ခုအနေနဲ့ တည်ရှိလျက် ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_1344.html

--

ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်းရထားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ က ရထားလမ်း ဖြစ် ပါတယ်။ Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။