Pages

Wednesday, January 23, 2013

အပါးဆုံး ရေစိုခံ Sony Xperia Z Tablet လာပြီ


2013 CES ပွဲမှာ လူတွေရဲ့ စိတ်ကို အဓိက ဖမ်းစားနိုင်ခဲ့တဲ့ SonyMobile ရဲ့ ပြန်လည်မွေးဖွားခြင်း တစ်ခုြ
ဖစ်တဲ့ Xperia Z နဲ့ ZL ဖုံးတွေကို ချပြခဲ့ပြီးတဲ့နောက်မှာ...
ဆုတံဆိပ်ပေါင်းများစွာ ရယူခဲ့တဲ့ အကောင်းစား Xperia Z နဲ့ ZL ဖုံးတွေဟာ ပြိုင်ဘက်တွေကို ကောင်းကောင်း ချိန်းခြောက်နိုင်ခဲ့တဲ့ နောက်မှာ... အခု Sony Mobile ကနေပြီး Tablet လောကကို ချိန်းခြောက်နိုင်ဖို့ Xperia Z ဖုံးတွေရဲ့ အရည်အသွေးနဲ့ ဒီဇိုင်းကို ရယူထားတဲ့ Xperia Z Table ကို မနေ့က ဂျပန်မှာ တရားဝင်ကြေငြာခဲ့ပြီ ဖြစ်ပါတယ်။

ကြေးနီတောင် စီမံကိန်းအကြောင်း ရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပ

ကြေးနီတောင် စီမံကိန်းအကြောင်း ရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပ

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအကြောင်း အများပြည်သူတွေ ကို အသိပေးရှင်းလင်းတဲ့ ဟောပြော ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ သမိုင်းမြို့မကျောင်းတိုက်မှာ လက်ပန်းတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဇန်န၀ါရီလ ၂၃ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။ 

ကြေးနီတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ပန်းတောင်းတောင် သိပ္ပံအမြင်ခေါင်းစဉ်နဲ့ ရူပဗေဒပညာရှင် ဒေါက်တာခင်မောင်ညိ က အခမ်းအနားမှာ အခုလို ဟောပြောခဲ့ပါတယ်။

“မြန်မာပြည်နဲ့ ပတ်သက်ပြီး ပြောလိုက်ရင် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ်၊ သတ္တုတွင်း တူးနိုင်တဲ့ မြေကြီးဟာ မြန်မာနိုင်ငံမှာ ၅၄ ရာခိုင်နှုန်း ရှိပါတယ်၊ အဲဒီ့ မြေကြီးကို တူးလိုက်မယ်ဆိုရင် အပေါက်တွေဖြစ်ပြီး ၄၆ ရာခိုင်နှုန်းပဲ နေထိုင်ဖို့ ကျန်ပါတော့တယ်၊ မုံရွာကနေပြီးတော့ တဖက်ကို လှမ်းကြည့်လိုက်ရင် အရင်ခေတ်ကတော့ မို့မို့မောက်မောက် တောင်နှစ်လုံးကို မြင်ရပါတယ်၊ ကြေးစင်တောင်ကြီးက တဖြေးဖြေးနဲ့ ကုန်သွားပြီးတော့ ချိုင့်ကပါးတွေဖြစ်ကုန်ပြီ”

လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်မှာရှိတဲ့ ဆည်တဲရွာမှ ဒေသခံတစ်ဦးကတော့ မိမိတို့ လယ်သမားများအနေနဲ့ လယ်ယာပဲ ပြန်လုပ်ချင်တာကြောင့် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်။

“ကျမတို့ သိလို့ တတ်လို့ မဟုတ်ပါဘူး၊ ကျမတို့ ဘာမှလည်း မသိပါဘူး၊ ဘာမှလည်း နားမလည်ပါဘူး၊  တကယ့်တကယ်က ကိုယ့်ခံစားချက်ထဲမှာ ဒီတောင်ကြီး မရှိရင် ကျမတို့ ဘဝတွေ ဆုံးရှုံးသွားမယ်၊ ကျမတို့ လယ်ယာမြေမရှိရင် ကျမတို့ ဘဝဟာ ဘယ်လိုရှေ့ဆက်ပြီး ရှင်သန်နိုင်မလဲဆိုတာ၊ ကျမတို့ ဒီ့ပြင် လုပ်ငန်းလည်း မလုပ်စားတတ်ပါဘူး၊ ဒီတောင်သူပဲ လုပ်စားတတ်ပါတယ်၊ အခု ဖြစ်ချင်တာကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီးကို လုံးဝ ဖျက်သိမ်းပေးပါလို့ အနူးအညွှတ်မေတ္တာ ရပ်ခံပါတယ်”

ဒါ့အပြင် သမ္မတဦးသိန်းစိန်ဆီကို ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့၊ လယ်မြေတွေ အဓမ္မမသိမ်းယူဖို့၊ သာသနာပိုင်မြေတွေ ပြန်ပေးဖို့နဲ့ တရားရုံးအသီးသီးမှာ တရားစွဲဆိုခံထားရတဲ့ အမှုအခင်းတွေ ကျေအေးပေးဖို့ စတဲ့အချက်တွေ အပါအဝင် အချက် ၉ ချက်ကို လူဦးရေ ၂ ထောင်ကျော်က လက်မှတ်ထိုးပြီး ပေးပို့ခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကို ကြေးနီစီမံကိန်းတာဝန်ယူ အကောင်အထည်ဖေါ်နေတဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီက တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအကြောင်း အများပြည်သူတွေ ကို အသိပေးရှင်းလင်းတဲ့ ဟောပြော ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ သမိုင်းမြို့မကျောင်းတိုက်မှာ လက်ပန်းတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဇန်န၀ါရီလ ၂၃ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဆက်သွယ်ရေးဆိုင်ရာ အကျင့်ပျက်ချစားမှု နေပြည်တော်မှာ စစ်ဆေးနေ

ဆက်သွယ်ရေးဆိုင်ရာ အကျင့်ပျက်ချစားမှု နေပြည်တော်မှာ စစ်ဆေးနေ 

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စားမှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မှုခင်းစုံစမ်းရေးအဖွဲ့ CID ၊အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ BSI စတဲ့ အဖွဲ့တွေပါဝင်ပြီး၊နေပြည်တော် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအတွင်း ရုံးထိုင်ကာ အကျင့်ပျက်လာဘ်စားမှုကို စုံစမ်းစစ်ဆေးနေတာလို့ သိရှိရပါတယ်။

ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းကိုတော့ နေပြည်တော် သူ့ရဲ့အိမ်မှာအကျယ်ချုပ် ချထားပြီး၊ စစ်ဆေးမေးမြန်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောပါတယ်။

ခေါ်ယူစစ်ဆေးခံရသူတွေထဲမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက အထွေထွေ မန်နေဂျာ ဦးသိန်းဦး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှုး ဦးက္ကိဒ္ဓိလှ တို့အပြင် ရန်ကုန်အခြေစိုက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာချုပ် ဦးဌေးဝင်းစတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိ ၅၀ ကျော်ပါဝင်ပြီး သူတို့ကို နေပြည်တော်က ရဲတပ်ရင်းတွေထဲမှာ ထားရှိပြီး ပူးပေါင်းအဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နတယ်လို့ သိရပါတယ်။

တရုတ်ဆက်သွယ်ရေး ကုမ္မဏီတွေဖြစ်ကြတဲ့  ZTE နဲ့ Huawei ကုမ္မဏီတို့နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကြား အကျိုးတူလုပ်ကိုင်နေတဲ့ မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရေးကိစ္စတွေမှာ ဆက်စပ်လုပ်ကိုင်နေတဲ့Elite ၊ Asia Mega Link ၊ တာမိုးညဲ စတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ကိုပါ ဒီကနေ့ စတင်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာမှာအကျင့်ပျက်လာဘ်စားမှုတွေရှိတဲ့အတွက် မကြာ
ခင်က ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူစစ်
ဆးနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

Myanmar Sexy Girl 2013 (Part 10)

Photo

Myanmar Sexy Girl 2013 (Part 10)

Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာသက်သာနိုင်

Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာသက်သာနိုင်

ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှု ကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။
ယခင်သုတေသနများတွင် Facebook အသုံးပြုခြင်းကို စိတ်ပူပန်ခြင်း၊ ကြွေးမြီထူပြောခြင်းနှင့် ကိုယ် အလေးချိန်တိုးခြင်း စသည်အထိ ဖြစ် စေနိုင်ကြောင်း လေ့လာထားခဲ့ကြသည်။ Facebook သည် စိတ်ကျ ရောဂါဖြစ်စေသည့် အကြောင်းရင်း ဟုတ်မဟုတ်ကိုလည်း ငြင်းခုန်ကြ ဆဲဖြစ်သည်။ သို့သော် Facebook အသုံးပြုသူတိုင်းလိုလိုက Facebook သည်စွဲလန်းစေသည်ဆိုသည့် အချက် ကို လက်ခံထားကြသည်။
ယခုသုတေသနတွင် Facebook ပေါ်သို့ စာတင်ခြင်းသည် အထီးကျန် ခံစားရခြင်းကို သက်သာစေခြင်းရှိမရှိ အဓိကလေ့လာခဲ့ကြသည်။ ဂျာမဏီ နိုင်ငံ ဘာလင်တက္ကသိုလ်နှင့် အရီဇိုး နားတက္ကသိုလ်မှ သုတေသီများက ကောလိပ်ကျောင်းသားများ၏ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုအတိုင်း အတာပမာဏကို စူးစမ်းခဲ့ကြသည်။ သုတေသီများ အတုဖန်တီးထားသော Facebook အသုံးပြုသူ User ကိုလည်း ကောလိပ်ကျောင်းသားများ က မိတ်ဆွေအဖြစ် စာရင်းထည့်သွင်း ခဲ့ကြသည်။
ကောလိပ်ကျောင်းသားအချို့ အား Facebook တွင် ပုံမှန်ထက်စာ သားများပိုတင်စေပြီး ကျန်ကျောင်း သားများ၏ Facebook အသုံးပြုမှုကို ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ စောင့် ကြည့်ခဲ့သည်။
တစ်ပတ်အကြာတွင် ပထမ ကျောင်းသားအုပ်စုသည် ညွှန်ကြား ထားသည့်အတိုင်း Facebook တွင် စာသားများပုံမှန်ထက်ပိုရေးသားခဲ့ကြ သည်။ နေ့စဉ်တစ်နေ့တာအဆုံးသတ် ချိန်၌ ကျောင်းသားတစ်ဦးချင်းစီ၏ စိတ်ဓါတ်ကျဆင်းမှု၊ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုတို့ကို မေးခွန်းများ မေး၍ လေ့လာခဲ့ကြသည်။
Facebook တွင်စာသားများ ပိုမိုရေးသားခဲ့သူများသည် Facebook စာမျက်နှာတွင် စာရေးသားလေ့မရှိ သူများထက် အထီးကျန်ဆန်မှုပိုမို နည်းပါးသည်ကို တွေ့ရသည်။ သို့သော်ကျောင်းသားများ၏ စိတ် ဓါတ်ကျဆင်းမှု (သို့) ပျော်ရွှင်မှုစ သည့်ခံစားချက်များသည် ကျောင်း သင်ခန်းစာများကျက်မှတ်ချိန်ကို များ စွာသက်ရောက်မှုမရှိပေ။ ရေးသား ထားသည့် status update ကို မည်သူမျှ နှစ်သက်ကြောင်း “Like” ခလုတ်နှိပ်ခြင်းမရှိသော်လည်း အထီး ကျန်ဆန်မှုလျော့ကျစေသည်ကို ကြည့် ခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားမှု နှင့် အထီးကျန်ဝေဒနာသက်သာမှုတို့ ဆက်စပ်မှုမရှိသည်ကိုတွေ့ရသည်။
လူမှုရေးထိတွေ့ဆက်ဆံမှု များအကြောင်း စဉ်းစားတွေးတောရုံ ဖြင့် အထီးကျန်ဝေဒနာ လျော့ပါးစေ သည့် သက်ရောက်မှုကို သုတေသီ များက “အဆာပြေလူမှုရေးအာနိသင် (Social snacking)” ဟု အမည်ပေး ထားသည်။
““သရေစာမုန့်တစ်ခု စားလိုက် ခြင်းအားဖြင့် နောက်တစ်ကြိမ် အနပ် ကြီးမစားမီ ခဏတာဗိုက်ဆာသက် သာသွားသလိုပါပဲ။ လူမှုရေးသရေစာ ကလည်း လက်တွေ့ဘ၀လူမှုရေး ထိတွေ့ဆက်ဆံမှုကင်းမဲ့နေတဲ့အချိန် ကို အတိုင်းအတာတစ်ခုအထိ ခံနိုင် ရည်ရှိစေပါတယ်”” ဟု သုတေသနစာ တမ်းတွင် ဖော်ပြထားသည်။
လေ့လာမှုကို လူမှုရေး စိတ်ကျန်း မာပညာနှင့် ကိုယ်ရည်ကိုယ်သွေး သိပ္ပံပညာဂျာနယ် (Journal Social Psychological and Personality Science) တွင် ဖော်ပြထားသည်။
=========================================
ဇော်ကို
Source: MDI
Reference &Credit to Health Updates Journal
Post by minzarnitgi Admin Team[NOM]

ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သ
ည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှု ကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။

ကြေကွဲစိတ်(ကိုလတ်) ဗဟုသုတရစရာ ဆောင်းပါလေးတပုဒ်ပါ

ကြေကွဲစိတ်

ကိုလတ်

ညှော်နံ့များ၊ မီးခိုးများ၊ ရောင်စုံလူများနှင့် ရှုပ်ထွေးစည်ကားနေသော ၁၉ လမ်း၏ ဆည်းဆာချိန်ထဲသို့ ကျနော် တို့လူသိုက် တိုးဝင်လာခဲ့၏။ ထိုင်နေကျ ၀င်းစားသောက်ဆိုင်၏ ဆိုင်ရှေ့ လမ်းမဘေး၌ ခင်းထားသော စားပွဲ ၀ိုင်းတခုတွင် ကျနော်တို့ ၀ိုင်းထိုင်လိုက်ကြ၏။ ကျနော်တို့ဆိုသည်က ကျနော်၊ မိတ်ဆွေကဗျာဆရာနှင့် မြစ်ဝ ကျွန်းပေါ်မှလာသည့် စာပေမိတ်ဆွေသုံးဦးတို့ဖြစ်သည်။ စာပေသမားများ ဆုံစည်းရာဖြစ်သော လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှ ရွေ့လျားလာကြခြင်းဖြစ်သည်။

ကျနော်တို့ကို မြင်သည်နှင့် ၀ယ်စားနေကျ မြေပဲပြုတ်သည်က ပြေးလာပြီး ‘အကို နှစ်ရာဖိုး ထည့်လိုက်မယ် နော်’ ဟုဆိုကာ ဆိုင်ထဲမှ ထည့်စရာ လှမ်းတောင်းနေတော့သည်။ ပန်းကန်ပြား ရောက်လာသည့်အခါ မြေပဲ ပြုတ် နှစ်ခွက်ထည့်၊ ဆီဆမ်း၊ ဆားနှင့်ကြက်သွန်ဖြူတို့ ဖြူးပေးပြီး ကျနော့်ထံမှ ပိုက်ဆံနှစ်ရာ တောင်းကာ ထွက်သွားသည်။ သူထွက်သွားမှ စားပွဲထိုးကို လှမ်းခေါ်ပြီး ဆောင်းညချမ်းထဲ ကျနော်တို့ ရင်ဘတ်တွေကို နွေး ထွေးစေဖို့ မန္တလေးရမ်တလုံး မှာလိုက်သည်။ စားပွဲထိုးက ကျနော်တို့ မှာကြားသည့် အမြည်းစာရင်းကို မှတ် သားပြီး ဆိုင်ထဲသို့ဝင်သွားသည်။ ကြိုတင်ရှိနှင့်နေသည့် မြေပဲပြုတ်ကို မြည်းရင်းပင် ကျနော်တို့ စကားလက် ဆုံကျနေဖြစ်တော့သည်။

‘အကိုကြီးတို့ အမကြီးတို့ရယ်၊ အကိုကြီးတို့ အမကြီးတို့ ပေးမှကျွေးမှ စားရမယ့်သူပါ၊ စားရမဲ့ သောက်ရမဲ့ ဖြစ် နေတာလည်း ကြာပါပြီ၊ လူမမယ် ခလေးလေးနဲ့မို့ သနားကြပါရှင်’

စူးရှကျယ်လောင်စွာ ထွက်ပေါ်လာသော အသံကြောင့် ကျနော်တို့အားလုံး အသံလာရာဘက်သို့ လှည့်ကြည့် လိုက်ကြသည်။ ရင်ခွင်ထဲ လသားအရွယ် ကလေးလေးကို ပိုက်ထားသည့် ညစ်ပတ်ပေရေနေသော အမျိုးသ မီးငယ်တဦး ကျနော်တို့ဝိုင်းနားတွင် လာအော်နေခြင်းဖြစ်သည်။ နယ်မှမိတ်ဆွေက ပိုက်ဆံအကြွေ အနည်း ငယ်ထည့်လိုက်သည်။ ထိုအမျိုသမီး ထွက်သွားပြီးနောက် တယောက်ပြီးတယောက် လာရောက်လက် ဖြန့်နေ ကြရာ ၁၉ လမ်း ညချမ်းသည် တောင်းရမ်းစားသောက်သူ ကျားမအရွယ်မျိုးစုံ ပုံစံမျိုးစုံဖြင့် စိတ်ညစ်ညူးဖွယ် ကောင်းနေတော့သည်။

သူတောင်းစားတွေကိုကြည့်ရင်း လပွတ္တာမှ စာပေမိတ်ဆွေက ‘ကျနော်ကတော့ သူတောင်းစားတွေကို ဘယ် တော့မှ မပေးဘူး၊ တယောက်ထဲကို သနားပြီး ပိုက်ဆံထည့်လိုက်လို့လည်း ပြီးမယ့် ကိစ္စမဟုတ်ဘူး။ ပိုများလာ အောင် အားပေးသလို ဖြစ်နေမယ်၊ ဒါမျိုးက အစိုးရကရှင်းမှ ပြေလည်မယ့် ပြဿနာဗျ၊ အစိုးရ စောက်သုံး မကျလို့ ဒီလိုသူတောင်းစားတွေ များနေတာ’ဟု သူ့အယူ အဆကို ပြောလေသည်။

နောက်တဦးက ‘ကိုယ်အင်္ဂါချို့တဲ့ပြီး ခြေပြတ်လက်ပြတ်နဲ့ အလုပ်တကယ်လုပ်မစားနိုင်တဲ့ သူတွေကိုတော့ ပေး သင့်ပါတယ်ဗျာ၊ သူတို့ထဲက အများစုက ဒီစစ်အစိုးရရဲ့ သားကောင်ဖြစ်ရရှာတဲ့ စစ်သားထွက်တွေ များတယ်ဗျ၊ တိုက်တုန်းက တိုက်ခိုင်းပြီး ခြေပြတ်လက်ပြတ်ဖြစ်တော့ ဘာမှတာဝန်ယူချင်တဲ့ ကောင်တွေမဟုတ်ဘူး။ တော် တော် ယုတ်မာတဲ့ အစိုးရဗျ ’ ဟု မကျေမချမ်း ၀င်ပြောကာ ပေါက်ကွဲနေပြန်သည်။

ပိုက်ဆံထည့်လိုက်သည့် စာပေမိတ်ဆွေကတော့ ‘ဘာရယ်မဟုတ်ပါဘူးဗျာ၊ မြန်မာလူမျိုးတွေရဲ့စိတ်က သနား တတ်တော့ ကိုယ့်မှာ အကြွေရှိတဲ့အခါ ထည့်လိုက်တာပါပဲ’ဟု ဖြေပြောပြောသည်။ ကျနော်နှင့် မိတ်ဆွေက ဗျာဆရာက သူတို့သုံးဦး ပြောဆိုနေသည်ကို အသာနားထောင်နေကြသည်။ မန္တလေးရမ်ပုလင်းလည်း တပိုင်း လောက် ကျိုးသွားပြီး စကားဝိုင်းလည်း ပိုသွက်လာခဲ့သည်။ စာအကြောင်း ပေအကြောင်း၊ နိုင်ငံရေးအပြောင်း အလဲအကြောင်း၊ လူမှုဒုက္ခ ဘ၀အထွေထွေအကြောင်း၊ ဟိုရောက်သည်ရောက် ပြောဆိုနေကြရင်း စစ်အစိုးရ ကို တီးတိုး ကျိန်ဆဲနေကြတော့သည်။ ထိုအခိုက် နှစ်တန်းသုံးတန်းအရွယ် ကျောင်းစိမ်းဝတ်စုံဝတ် ကလေးမ လေးတဦး အကြော်ဗန်းကလေးကိုင်ကာ ကျနော်တို့ဝိုင်းသို့ ရောက်လာ၏။ မိတ်ဆွေကဗျာဆရာက ကလေးမ လေးအား ကြည့်ပြီး …

‘ သမီးက ဘယ်နှစ်တန်းလဲ’ ဟု မေးလိုက်သည်။ ကလေးမလေးက …
‘ နှစ်တန်း ’ ဟု ပြန်ဖြေသည်။
‘ သမီးက ဘယ်ကနေ လာရောင်းတာလဲ၊ ’
‘ ဒလကနေ လာရောင်းတာ ’
‘ ဒလကို ညဘက်ပြန်တော့ ဘယ်လိုပြန်လဲ ’
‘ ငှက်စီးပြီး ပြန်တယ် ’
‘ သမီးကြီးလာရင် ဘာဖြစ်ချင်လဲ ’ ဟု မိတ်ဆွေကဗျာဆရာက မေးလိုက်သည့်အခါမှာတော့ ကလေးမလေး ပြန်ဖြေသည့် အဖြေကို နားထောင်ပြီး ကျနော်တို့အားလုံး မျက်လုံးပြူးရတော့သည်။
ကလေးမလေးက ‘ သမီးကြီးလာရင် ဆရာဝန်ရယ်၊ ဘုရားရယ်၊ နိုင်ငံခြားသားရယ် ဖြစ်ချင်တယ် ’ တဲ့၊
‘ သမီးက ဘာလို့မြန်မာမဖြစ်ချင်တာလဲ ’ ဟု မိတ်ဆွေကဗျာဆရာက ထပ်မေးလိုက်သည့်အခါ ကလေးမလေး က …
‘ ဟင့်အင်း မြန်မာမဖြစ်ချင်ဘူး၊ နိုင်ငံခြားသားပဲ ဖြစ်ချင်တယ်။ မြန်မာက ပိုက်ဆံမရှိဘူး၊ နိုင်ငံခြားသားက ပိုက် ဆံတွေ အများကြီးရှိတယ် ’ ဟု ခပ်သွက်သွက် ပြန်ဖြေလေသည်။

ကျနော်တို့အားလုံး တယောက်မျက်နှာ တယောက်ကြည့်ပြီး အတန်ကြာ ငြိမ်သက်ကျိုးကျသွားတော့သည်။ မိတ်ဆွေကဗျာဆရာက ကလေးမလေးကို မုန့်ဖိုးပေးလိုက်ပြီး ‘ဟေ … ဒါမှ … ဒို့မြန်မာကွ’ ဟုဆိုကာ အရက် ခွက်ကို ဆောင့်ချလိုက်ရာ ကျနော်တို့အားလုံး လန့်ဖြန့်သွားတော့၏။ ၁၉ လမ်းအပျိုမကတော့ သူမနှင့် ဘာမှမ ဆိုင်သလိုပင် လာသမျှ ဧည့်သည်တွေကို အစွမ်းကုန်မြူဆွယ်ကာ ဧည့်ခံကြိုဆိုရင်း အလုပ်ရှုပ်နေလေသည်။

--- --- --- --- ---

သိမ်ကြီးဈေး နိုက်ကလပ်အတွင်း ခန်းမထဲတွင် ရောင်စုံဆလိုက်မီး မှိန်မှိန်များ ဟိုတစ ဒီတစ ထိုးကျနေသည်။ ခန်းမအလယ် ကွက်လပ်ကြီး၏ ဘေးပတ်ပတ်လည်တွင် ဆိုဖာဆက်တီခုံဝိုင်းများ တပတ်လည်ချထား၏။ ကျ နော်တို့ ဆရာဝန်သူငယ်ချင်းတသိုက် လူစုံတုန်း ၀င်ကြေးနှစ်ထောင်စီပေးပြီး နိုက်ကလပ်ထဲ ၀င်လာကြခြင်း ဖြစ်သည်။ ခန်းမထဲတွင် ရက်ပ်သီချင်းတီးလုံးများ နန်းစတော့ပ်ဖွင့်ထားပြီး အဲယားကွန်းလေကြောင့် အေးစိမ့် နေသည်။ ဧည့်ကြိုအမျိုးသား (၀ိတ်တာ)က ဆက်တီဆိုဖာဝိုင်းတ၀ိုင်းတွင် ကျနော်တို့ကို နေရာချပေးသည်။ ၀င်ကြေးဖြတ်ပိုင်း တွေကိုပေးလိုက်ရာ တဦးစီိအတွက် ဘီယာနှစ်ဗူးစီ လာချပေးသည်။ အာလူးကြော်နှင့် မြေပဲ ပွဲများလည်း မြည်းစရာအဖြစ် ချပေးထားသည်။ ပတ်ပတ်လည် လူသွားလမ်းတလျှောက်နှင့် အရက်ဘား ကောင်တာအနီးတွင် အင်္ကျီင်္ီကြိုးသိုင်း စကတ်အတိုများနှင့် ရမ္မက်သွေးကြွဖွယ် အရောင်စုံအသွေးစုံ အမျိုးသမီး ငယ်များ လမ်းသလားနေကြ သည်။

မိန်းကလေးတချို့ ကျနော်တို့ထိုင်နေသည့်ဝိုင်းနား ဖြတ်လျှောက်ပြီး ‘ ကိုကိုနေ့တိုင်းလာနော်’ ဟု မကြားတ ကြား သီချင်းဆိုသွားကြသည်။ တချို့ကတော့ ကျနော်တို့ဝိုင်းနားလာပြီး ‘ အကိုတို့ ဒီည ဧည့်သည်မခေါ်ကြ ဘူးလား’ ဗြောင်ပင် မေးလေသည်။ သူငယ်ချင်းတဦးက ‘ ငါတို့ ဧည့်သည်ခေါ်ဖို့ လာတာမဟုတ်ဖူး၊ ဒီထဲမ ရောက်ဘူးလို့ လာတာ’ဟု ပြောလိုက်မှ လာမေးသည့် ကောင်မလေးများ ပြန်ထွက်သွားသည်။ တခြားဝိုင်း များမှ အမျိုသားတွေကြားမှာတော့ ကောင်မလေးများ ဟိုတစုဒီတစု စကားပြောလိုက် ရယ်မောလိုက်နှင့် အ မှောင်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေသည်။ ကျနော်တို့အုပ်စုကတော့ တောသားမြို့ရောက် ဆိုသ လို နိုက်ကလပ်ထဲ စူးစမ်းသည့် အကြည့်များနှင့် စိတ်ဝင်တစား ရှိနေကြတော့သည်။

ထိုအခိုက် နိုင်ငံခြားသား ဧည့်သည်တစု ခန်းမထဲသို့ ၀င်လာကြသည်။ ၀ိတ်တာများက တကယ့်ဗွီအိုင်ပီ လူကြီး များသဖွယ် ခရီးဦးကြိုပြုလာကြသည်။ ထိုနိုင်ငံခြားသားအုပ်စုကို ကြည့်ပြီး ခန်းမထဲရှိ အမျိုးသမီးများ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ၀ိတ်တာများက နိုင်ငံခြားသား အုပ်စုကို သီးသန့်ခန်းထဲသို့ ခေါ်သွားသည်။ နိုင်ငံခြားသားအုပ်စု အခန်းထဲသို့ ရောက်သွားသည်နှင့် အခန်းဝတံခါးရှေ့တွင် အမျိုးသမီးများအားလုံး အီသီယိုးပီးယားတွင် အစာတန်းစီသလို စုရုံးစုရုံးနှင့် တိုးကြိတ်နေကြတော့သည်။ ကျနော်တို့အားလုံး ထိုသီး သန့်ခန်းဘက်သို့ အာရုံစိုက်ဖြစ်ကြသည်။ ခဏအကြာတွင် အခန်းအပြင်မှ ၀ိတ်တာတဦးက တုတ်တချောင်း ကိုင်ပြီး အမျိုးသမီးများကို ကြိမ်းမောင်းနေသည့်အသံ ထွက်ပေါ်လာသည်။

‘ အားလုံးတန်းစီ၊ တယောက်ချင်း အလှည့်ကျဝင်’ ဟု အော်နေလေသည်။

ကျနော်တို့က အနားမှဝိတ်တာကိုခေါ်ပြီး ‘ အဲ့ဒါဘာတွေဖြစ်နေကြတာလဲ’ဟုမေးရာ ၀ိတ်တာက …
‘ အထဲက နိုင်ငံခြားသားတွေကို တယောက်ချင်းဝင်ပြီး လှည့်ပြဖို့ တန်းစီနေကြတာလေ၊ ဟိုလူတွေကကြိုက်ရင် ဒေါ်လာနဲ့ခေါ်မှာဆိုတော့ ကြိတ်ကြိတ်တိုးနေကြတာ’ ဟု ရှင်းပြလေသည်။

တန်းစီိတိုးကြိတ်နေသည့် လူတန်းကြီးက တစ်ရာလောက်နီးနီးရှိပြီး ခေါ်မည့်ဦးရေက လေးငါးယောက်ပဲဟု ၀ိတ်တာက ဆက်ရှင်းပြသည်။ ကြည့်နေရင်း တယောက်ဝင်သွားလိုက် တယောက်ပြန်ထွက်လာလိုက်နှင့် စိတ် မသက်သာစရာ မြင်ကွင်းကို တွေ့နေရ၏။ ထိုအမျိုးသမီးတွေ တိုးကြိတ်နေကြသည့် မြင်ကွင်းကိုကြည့်ပြီး သူငယ်ချင်းတဦးက ‘ ကျနော်တို့အုပ်စုကိုကျတော့ ၀င်လာကတည်းက အဲဒီကောင်မလေးတွေ ဘာလို့လာပြီး မ၀ိုင်းကြတာလဲ’ဟု ၀ိတ်တာကို နောက်သလိုလိုနှင့် လှမ်းပြောလိုက်သည်။ ၀ိတ်တာက ‘ အကိုကလည်း သူတို့ က နိုင်ငံခြားသားခေါ်မှ ပိုက်ဆံပိုရတာဆိုတော့ အဲဒီနားပဲ တိုးကြိတ်နေကြတာပေါ့၊ အကိုတို့က ၀င်လာက တည်းက ပုဆိုးတွေနဲ့ဆိုတော့ မြန်မာမှန်း သူတို့သိကြတယ်လေ၊ မြန်မာတွေက ပိုက်ဆံသိပ်မသုံးနိုင်ကြတော့ မြန်မာဧည့်သည်တွေနားဆို သူတို့က သိပ်ကပ်ချင်ကြတာ မဟုတ်ဘူး။ မြန်မာဆိုရင် ဧည့်သည်က တကူးတ ကလှမ်းခေါ်မှ သူတို့က လာထိုင်တာ၊ မြန်မာဧည့်သည်တွေဆို သူတို့က ချေးထုပ်တွေလို့ ခေါ်ကြတာအကိုရဲ့။ အလကား ဘိုင်ကောင်တွေ ဆိုတဲ့သဘောပေါ့ ’ဟု ရှင်းပြရာ ကျနော်တို့အားလုံး ငိုရမလို ရယ်ရမလို ဖြစ်ကုန် ကြ၏။ စကားဝိုင်းလည်း အတန်ကြာ တိတ်ဆိတ်အေးစက်သွားတော့၏။

‘ကဲကဲ ချေးထုပ်တွေလို အပြောမခံရခင် လစ်မှနဲ့တူတယ်’ဟု သူငယ်ချင်းတဦးက ဆော်သြလိုက်မှ ကျနော်တို့ အားလုံး နိုက်ကလပ်ခန်းမထဲမှ လေးပင်စွာ ပြန်ထွက်လာခဲ့ကြသည်။ ဓာတ်လှေကားနှင့် အောက်ထပ်သို့ ဆင်း နေစဉ် တခါက ၁၉ လမ်းတွင်ဆုံခဲ့ရသည့် မြန်မာမဖြစ်ချင်သည့် ကျောင်းစိမ်းဝတ် ကလေးမလေးကို ကျနော် ဖြတ်ခနဲ သတိရလိုက်မိလေသည်။

ကိုလတ်

ညှော်နံ့များ၊ မီးခိုးများ၊ ရောင်စုံလူများနှင့် ရှုပ်ထွေးစည်ကားနေသော ၁၉ လမ်း၏ ဆည်းဆာချိန်ထဲသို့ ကျနော် တို့လူသိုက် တိုးဝင်လာခဲ့၏။ ထိုင်နေကျ ၀င်းစားသောက်ဆိုင်၏ ဆိုင်ရှေ့ လမ်းမဘေး၌ ခင်းထားသော စားပွဲ ၀ိုင်းတခုတွင် ကျနော်တို့ ၀ိုင်းထိုင်လိုက်ကြ၏။ ကျနော်တို့ဆိုသည်က ကျနော်၊ မိတ်ဆွေကဗျာဆရာနှင့် မြစ်ဝ ကျွန်းပေါ်မှလာသည့် စာပေမိတ်ဆွေသုံးဦးတို့ဖြစ်သည်။ စာပေသမားများ ဆုံစည်းရာဖြစ်သော လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှ ရွေ့လျားလာကြခြင်းဖြစ်သည်။

အကိုက်အခဲပျောက်ဆေးများကို အလွန်အမင်း သုံးစွဲခြင်းဖြင့် ခေါင်းကိုက်စေနိုင်

အကိုက်အခဲပျောက်ဆေးများကို အလွန်အမင်း သုံးစွဲခြင်းဖြင့် ခေါင်းကိုက်စေနိုင်     29 September 2012  |     By Good Health 
အကိုက်အခဲပျောက်ဆေးများကို အလွန်အမင်း သုံးစွဲခြင်းဖြင့် ခေါင်းကိုက်စေနိုင်ယူကေရှိ လူတစ်သန်း နီးပါးမှာ အကိုက်အခဲ ပျောက်ဆေးကို အလွန်အမင်း သုံးစွဲ တာကြောင့် ခေါင်းကိုက်ခဲ့ကြကြောင်း  ကျန်းမာရေး စောင့်ကြည့်သူတွေ ရဲ့ လေ့လာမှုအရ သိရပါတယ်။ ဆေးဝါး အသုံးပြု လွန်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာဟာ အက်စ်ပရင်၊ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်လို NSAIDs တွေကို တစ်လမှာ ၁၅ ရက်ကျော်ကြာတဲ့အထိ သုံးတာ၊ ဒါမှမဟုတ် opioids၊ ergots နဲ့ triptans၊ ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေကို ပေါင်းစပ်ပြီး တစ်လမှာ အနည်းဆုံး ၁၀ ရက်ခန့် သောက်တာ တို့ကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ခေါင်းကိုက် တာကြောင့် အကိုက်အခဲပျောက်ဆေးတွေကို ပိုသောက်လေ၊ ခေါင်းကိုက်ဝေဒနာက ပိုဆိုးလာလေဖြစ်ပြီး စက်ဝိုင်း တစ်ခုလို ဖြစ်နေတာပါလို့ လေ့လာသူ ပါမောက္ခ မာတင်ကဆိုပါတယ်။

ခေါင်းကိုက်ဝေဒနာ ရှိသူ လူ ၅၀ မှာ တစ်ဦးနှုန်းဟာ အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံ သုံးစွဲတာကြောင့် ခေါင်းပိုကိုက်ရတယ်လို့ ခန့်မှန်း ထားပါ တယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို အလွန်အမင်း သုံးစွဲနေတဲ့ လူနာတွေကို အကိုက်အခဲပျောက်ဆေးမှီဝဲမှု ချက်ချင်းရပ်ဖို့ ပြောကြားသင့်ကြောင်း ဆရာဝန်တွေကို NICE လမ်းညွှန်ချက်အသစ်က အကြံပြုထားပြီး ခေါင်းကိုက်တဲ့ ဝေဒနာကို ကုသဖို့ရာအတွက် အပ်စိုက်ကုထုံးလို နည်းမျိုးကို သုံးသင့်ကြောင်း ရှင်းပြထားပါတယ်။

“အကိုက်အခဲပျောက်ဆေးတွေကို ရပ်လိုက်တဲ့အခါ ခေါင်းကိုက်တာက ချက်ချင်း ပိုဆိုးလာနိုင်ပြီး ဖျားတာ၊ အိပ်မပျော်တာတို့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အကိုက်အခဲပျောက်ဆေးက သင့်ကိုယ်တွင်းစနစ်ထဲ မရှိတော့တဲ့ ၇-၁၀ ရက်အတွင်းမှာတော့ သင်ပိုပြီး နေထိုင်ကောင်းလာပါလိမ့်မယ်” လို့ အကြံပေးထားပါတယ်။

အကိုက်အခဲပျောက်ဆေးများကို အလွန်အမင်း သုံးစွဲခြင်းဖြင့် ခေါင်းကိုက်စေနိုင်ယူကေရှိ လူတစ်သန်း နီးပါးမှာ အကိုက်အခဲ ပျောက်ဆေးကို အလွန်အမင်း သုံးစွဲ တာကြောင့် ခေါင်းကိုက်ခဲ့ကြကြောင်း ကျန်းမာရေး စောင့်ကြည့်သူတွေ ရဲ့ လေ့လာမှုအရ သိရပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုမည်.........

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုမည်...........

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ အဆိုပါဇုန်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များက ယာဉ်ရပ်နားခ ကောက်ခံနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ ကောက်ခံရာတွင် တစ်နာရီ ကျပ် ၂၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း၊ သို့သော် လာမည့် ဧပြီ ၁ ရက်မှစ၍ ယင်းသို့ ကောက်ခံခြင်းကို ခွင့်မပြုတော့ဘဲ လုပ်ငန်းရှင်များထံမှ လုပ်ကိုင်ခွင့် လိုင်စင်များ ပြန်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။

''၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်စတဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်း လမ်းတွေမှာ ယာဉ်ရပ်နား ကောက်ခံခြင်း အစီအစဉ်ကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး အခမဲ့ ရပ်နားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကားရပ်တဲ့သူတွေ သက်သာအောင်လို့ အခုလို ကောက်ခံခြင်း ရပ်ဆိုင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အခု ယာဉ်ရပ်နားခ ကောက်ခံတဲ့လုပ်ငန်း လုပ်ကိုင်နေသူတွေထံမှ လိုင်စင်ပြန်သိမ်းသွားမှာ ဖြစ်ပါတယ်။ အခမဲ့ ယာဉ်ရပ်နားခွင့်ပြုတာနဲ့အတူ ယာဉ်ရပ်နားတဲ့သူတွေ စည်းကမ်းရှိဖို့လည်း လိုပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က တစ်ကြိမ် ရပ်နားခ ကျပ် ၁၀၀သာ ပေးဆောင်ခဲ့ရသော်လည်း ၂၀၀၉ ခု နှစ် နောက်ပိုင်း တစ်နာရီ ကျပ် ၂၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ တစ်နာရီကျော်ပါက ထပ်မံပေးဆောင်ရကြောင်း သိရသည်။

ယင်းသို့သော အခြေအနေများကြောင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာက  ရန်ကုန်မြို့တွင်း အခမဲ့ယာဉ် ရပ်နားနိုင်သည့် နေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် (ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်(သိမ်ဖြူလမ်းမီးပွိုင့်နှင့် ဗိုလ်တထောင် ဘုရားလမ်း မီးပွိုင့်ကြား)၊ ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထားလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ သိမ်ဖြူလမ်းမပေါ်(ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင်လမ်းမပေါ် (ဗားကရာလမ်းနှင့် ဟံသာဝတီလမ်းကြား)တို့ကို  ဆောင်ရွက်ပေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံလျက်ရှိသော ဇုန်နေရာ ၂၀ ကျော်ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း လက်ရှိယာဉ်ရပ်နားခများကောက်ခံနေသည့်  ယာဉ်ရပ်နားဇုန်အချို့

(၁)ဗိုလ်ချုပ်အောင်ဆန်းလမ်း(လမ်းမတော်နှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၂) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့)
(၃) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၄) အနော်ရထာလမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၅) အနော်ရထာလမ်း(သိမ်ဖြူလမ်းနှင့် ရွှေဘုံသာလမ်းကြား)
(၆) အနော်ရထာလမ်း(လေဟာပြင်နှင့် ယာဉ်ရပ်နားကွင်း)
(၇) အနော်ရထာလမ်း(ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြား)
(၈) မဟာဗန္ဓုလလမ်း(မြို့တော်ခန်းမရှေ့)
(၉) မဟာဗန္ဓုလလမ်း(ဧမာနွေလဘုရားကျောင်းရှေ့)
(၁၀) ကုန်သည်လမ်း(ဗိုလ်အောင်ကျော်လမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၁၁) ကုန်သည်လမ်း(ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)
(၁၂) ကုန်သည်လမ်း(ဆူးလေဘုရာလမ်းနှင့် ကုန်ဈေးတန်းလမ်းကြား)

EMG

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

၂၀၁၃ မော်ဒယ် Nissan GT-R



Nissan GT-R ရဲ့မူရင်း ဒီဇိုင်းကတော့ Skyline ဖြစ်ပါတယ်။ Skyline ကိုအခြေခံပြီးတော့ သူ့ထက်အဆင့်မြင့်တဲ့ ကားထုတ်လုပ်ဖို့ ရည်ရွာယ်တဲ့ ဂျပန်ကုမ္မဏီ Nissan ဟာ ၂၀၀၇ ခုနှစ်မှာ GT-R အမည်နဲ့ Brand တစ်ခု မိတ်ဆက်ခဲ့ပါ တယ်။

ပျော့ပြောင်းလွန်းလှပြီး ချိုး၍ပင် မကျိုးနိုင်သည့် iPadကထုတ်တဲ့ Paper Tab

ချိုး၍ပင် မကျိုးနိုင်သည့် ပျော့ပြောင်းသော iPad


အလွယ်တကူ ကွေးကောက် နိုင်အောင် ပျော့ပြောင်းသော သတ္တုများကို အသုံးပြုပြီး ထုတ်လုပ် ထားသည့် iPad ကို Apple က စတင် သရုပ်ပြ လိုက်ပါပြီ။ စက္ကူ တစ်ရွက် ကဲ့သို့ပင် ပါးလွှာ လှသည့် အဆိုပါ iPad ကို အလွယ် တကူ ကွေးညွှတ်၍ ရရန် ပလတ်စတစ်လောဂျစ် နည်းပညာကို အသုံးပြု ထားသည်ဟု Queen တက္ကသိုလ်မှ ပညာရှင် များက ရှင်းပြသည်။

အဆိုပါ iPad ကို လတ်စ်ဗီးဂတ်စ်တွင် ကျင်းပသည့် Consumer Electronics Show ပွဲမှာ ပြသ သွားနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ Queen တက္ကလိုလ်ရှိ Human Media ဓာတ်ခွဲ ခန်းမှ စမ်းသပ် လိုက်သည့် စက္ကူတမျှ ပါးလွှာလှသော အဆိုပါ iPad ကို Paper Tab ဟု အမည် ပေးထားသည်။ ပလတ်စတစ် လောဂျစ် နည်းပညာသာ ခေတ်စား လာလျှင် အလွန်ပါး လွှာလှသည့် Ultra-Notebook များ နေရာမှာ ပင် အစားထိုး ဝင်လာ
နိုင်သည်ဟု နည်းပညာ ပါရဂူ ဗာတီဂယ်က သုံးသပ် ထားသည်။

အေးချမ်းမွန်မှ   Yatanarpon တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အလွယ်တကူ ကွေးကောက် နိုင်အောင် ပျော့ပြောင်းသော သတ္တုများကို အသုံးပြုပြီး ထုတ်လုပ် ထားသည့် iPad ကို Apple က စတင် သရုပ်ပြ လိုက်ပါပြီ။ စက္ကူ တစ်ရွက် ကဲ့သို့ပင် ပါးလွှာ လှသည့် အဆိုပါ iPad ကို အလွယ် တကူ ကွေးညွှတ်၍ ရရန် ပလတ်စတစ်လောဂျစ် နည်းပညာကို အသုံးပြု ထားသည်ဟု Queen တက္ကသိုလ်မှ ပညာရှင် များက ရှင်းပြသည်။

မန္တလေး – မြစ်ကြီးနား ရထားခရီးစဉ်များအား ဇန်န၀ါရီလ ၂၅ ရက်နေ့မှ စတင်ပြီး အချိန်ပြောင်းလဲ ပြေးဆွဲမည်.............

မန္တလေး – မြစ်ကြီးနား ရထားခရီးစဉ်များအား ဇန်န၀ါရီလ ၂၅ ရက်နေ့မှ စတင်ပြီး အချိန်ပြောင်းလဲ ပြေးဆွဲမည်.............

မန္တလေး – မြစ်ကြီးနား ရထားခရီးစဉ်များအား ဇန်န၀ါရီလ ၂၅ ရက်နေ့မှ စတင်ပြီး အချိန်ပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမှ မြစ်ကြီးနားသို့ အဆန် ခရီးစဉ်များတွင် ၄၃ အဆန်ကို မနက် ၅ နာရီ ၅ မိနစ်၊ ၄၁ အဆန် ရထားကို မွန်းတည့် ၁၂ နာရီ၊ ၅၇ အဆန်ရထားကို ည ၈ နာရီ၊ ၃၃ အဆန်ကို ညနေ ၅ နာရီ ၅၅ မိနစ်၊ ၃၇ အဆန်ကို ညနေ ၄ နာရီ ၃၀၊ ၅၅ အဆန်ကို ညနေ ၇ နာရီ ၁၅ သို့ အသီးသီးပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကာ မြစ်ကြီးနားမှ မန္တလေးသို့ အစုန် ခရီးစဉ်များကို မနက်ပိုင်းသို့ ပြောင်းလဲ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“ကချင်ပြည်နယ်ကို နေ့ပိုင်းမှာပဲ ဖြတ်ဖို့ စီစဉ်လိုက်တယ် ထင်ပါတယ်။ လမ်းက ဘူတာတွေမှာတော့ ၂၅ ရက်နေ့ နောက်ပိုင်းမှာ ရထား ဘယ်အချိန်တွေ ဆိုက်မယ်ဆိုတာ ကြေညာထားတယ်” ဟု ကချင်ပြည်နယ် မိုးညှင်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

မန္တလေး – မြစ်ကြီးနား ရထား လမ်းပိုင်းတွင် မြစ်ကြီးနားမှ မန္တလေးသို့ အဆန်ရထား ၆ စီး၊ မြစ်ကြီးနားမှ မန္တလေးသို့ အစုန် ရထား ၅ စီးနှင့် မြစ်ကြီးနား – နဘား လော်ကယ်ရထားတို့ နေ့စဉ်ပြေးဆွဲနေကြောင်း သိရသည်။

မြစ်ကြီးနားမှ မန္တလေးအစုန် ရထားခရီးစဉ်များအနက် ၃၈ အစုန်နှင့် ၃၄ အိပ်စင်ရထားများကို အချိန်မပြောင်းလဲဘဲ ယခင် အချိန်များအတိုင်း ပုံမှန်ထွက်မည် ဖြစ်ကြောင်း သိရသည်။

“အတတ်နိုင်ဆုံး ပြေလည်အောင် ကြိုးစားနေပါတယ်။ ရထားလမ်း တလျှောက်က တံတားတိုင်း လိုလိုမှာ မြန်မာ့ တပ်မတော် က တာဝန်ယူထားပါတယ်။ မသွားမဖြစ်၊ မလာမဖြစ်တဲ့ သူတွေကတော့ သွားရ လာရမှာပဲ။ စိုးရိမ် ကြောင့်ကြမှုတော့ ရှိကြမှာပဲ။ ဒါပေမယ့် ကျနော်တို့ ဘက်က လုံခြုံမှုရှိအောင်တော့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမယ်” ဟု ကချင်ပြည်နယ် အစိုးရလမ်းတံတား ၀န်ကြီး ဦးကမန်းဒူနော်က ဧရာဝတီကို ပြောသည်။

ကချင်ပြည်နယ် တခုလုံးသည် မန္တလေး – မြစ်ကြီးနား ရထားလမ်းကိုသာ အားထား သွားလာနေရသည့် အတွက် ယခုနှစ် ပွင့်လင်းရာသီမှ စတင်ပြီး မန္တလေး – မြစ်ကြီးနား ကားလမ်းကို ပြင်ဆင် အဆင့်မြှင့်တင်နေကြောင်း ၎င်းက ဆက်ပြောသည်။

မန္တလေး – မြစ်ကြီးနား ရထားလမ်းသည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းကို အဓိက ဆက်သွယ်ပေးနေသည့် လမ်းကြောင်း တခုဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ့ တပ်မတော်တို့၏ ပဋိပက္ခများတွင် အကြိမ်ကြိမ် မိုင်းခွဲ ဖျက်စီးခံခဲ့ရသည်။ တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှ စတင်ပြီး လက်ရှိအချိန်ထိ မန္တလေး – မြစ်ကြီးနား ရထားလမ်းပိုင်းအား ကချင်လွတ်မြောက်ရေး တပ်မတော်မှ မိုင်းခွဲတိုက်ခိုက်မှု ၅၆ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် ၃/ ၂၀၁၃ တွင် ဖော်ပြထားသည်။

Irrawaddy News

မန္တလေး – မြစ်ကြီးနား ရထားခရီးစဉ်များအား ဇန်န၀ါရီလ ၂၅ ရက်နေ့မှ စတင်ပြီး အချိန်ပြောင်းလဲ ပြေး
ဆွဲမည် ဖြစ်ကြောင်း သတင်းရရှိသည်။ မန္တလေးမှ မြစ်ကြီးနားသို့ အဆန် ခရီးစဉ်များတွင် ၄၃ အဆန်ကို မနက် ၅ နာရီ ၅ မိနစ်၊

အစိုးရ၀န်ကြီးများ "၀ါးတားတား"လို့ လွှတ်တော်က ပြောပြီ

အစိုးရ၀န်ကြီးများ "၀ါးတားတား"လို့ လွှတ်တော်က ပြောပြီ

Wednesday, January 23, 2013 

လွှတ်တော်အစည်းအဝေးတွေမှာ အမတ်တွေမေးမြန်းတာကို  ဖြေဆိုရာ အစိုးရ၀န်ကြီးတွေက တိတိကျကျ၊ ရေရေရာရာ မဟုတ်ဘဲ
ဝါးတားတားတွေဖြေနေကြတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မနေ့က လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အစီရင်ခံစာကို ဦးဖေသန်းက ၀င်ရောက် ဆွေးနွေးရင်း အဲဒီလို ပြောသွားတာပါ။

"ကြယ်ပွင့်မပြ မေးခွန်းတွေကို ဖြေရာမှာ တချို့ဝန်ကြီးတွေက ပြီးစလွယ်ဖြေတာတွေ၊ ခပ်ပါးပါးနဲ့ ဝါးတားတားဖြေတာတွေကို တွေ့ရပါတယ်" လို့ ဦးဖေသန်းက ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

ဒါ့အပြင် အစိုးရ၀န်ထမ်းတွေ ဝေစား မျှစားလုပ်ကြတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

"ကျောင်းတစ်ဆောင် ဆိုပါတော့၊ ဘတ်ဂျက်တွက်ချက်ပြီး ချပေးတာက သစ်မာသား၊ ပျဉ်းကတိုးသား တာဝန်ခံလုပ်တဲ့သူက သစ်ပွသားနှင့် လုပ်ပြီးတော့ သင်္ဘောဆေးသုတ် ဓာတ်ပုံရိုက် လက်မှတ်ထိုးပြီး အပေါ်တင်ပြ၊ ဝေစားမျှစား စားကြသောက်ကြ။
 ဥပမာ မြေပုံ-မင်းပြား လမ်းပေါ်မှာရှိတဲ့ ပြိုင်ချောင်းတံတား ဆိုရင် အပေါ်က သံယက်မ သံပေါင်တန်းတွေနဲ့ ဘေလီတံတားတိုင်ကျတော့ နှစ်ထွာခွဲလောက်ရှိတဲ့ သစ်လုံးမျောတိုင် အပေါ်ပိုင်း ဓာတ်ပုံရိုက်ပြီး အပေါ်တင်ပြ။ အဲဒီလို ကိစ္စမျိုးလည်း နိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ကိစ္စဖြစ်ပါတယ်။
ဒါတွေကို ပြည်သူ့ကိုယ်စား လွှတ်တော် မှာမေးတယ်" လို့ ဦးဖေသန်းက ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း တင်ပြချက်ကို http://www.pyithuhluttaw.gov.mm/news/2044#.UP-utvJ5pAp မှာ အပြည့်အစုံ  ဖတ်နိုင်ပါတယ်။

လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဦးဖေသန်း (ဓာတ်ပုံ - pyithuhluttaw.gov.mm)

အေးချမ်းမွန်မှ   ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

လွှတ်တော်အစည်းအဝေးတွေမှာ အမတ်တွေမေးမြန်းတာကို ဖြေဆိုရာ အစိုးရ၀န်ကြီးတွေက တိတိကျကျ၊ ရေရေရာရာ မဟုတ်ဘဲ
ဝါးတားတားတွေဖြေနေကြတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မနေ့က လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA) နှင့် ပတ်သက်ပြီး အစိုးရထုတ်ပြန်ချက်မှာ တဖက်သတ် ဝါဒဖြန့်ခြင်းသာဖြစ်ဟု UNFC ဝေဖန်

အစိုးရထုတ်ပြန်ချက်မှာ တဖက်သတ် ဝါဒဖြန့်ခြင်းသာဖြစ်ဟု UNFC ဝေဖန်

ကွန်းချမ်း၊ တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၁၉ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA) နှင့် ပတ်သက်သည့် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် တဖက်သတ် ဝါဒဖြန့်ချိရေးလုပ်ရပ်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

“အစိုးရတပ်တွေက လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်တယ်။ အဲဒါတွေက တလုံးမှမပြောဘူး။ KIO/KIA တပ်တွေက တံတားချိုးတာ၊ လမ်းဖျက်တာ၊ လုယက်တာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာ အဲဒီကို လျှောက်ပြောတာကိုး။ ဒါတွေက လူထုတွေ မုန်းတီးအောင် မျက်စိလည်အောင် လုပ်တာပဲ။ အဲဒါက တဖက်ကို အပြစ်တင်ပြီးတော့ သူတို့တိုက်တာက မှန်တယ်ဆိုတာ ထောက်ပြချင်တာ။ ဒါတွေဟာ နာဇီဝါဒပဲ” ဟု UNFC ဒု-ဥက္ကဋ္ဌ၊ လူထုဆက်ဆံရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် စောဒေးဗစ်သာကပေါက မဇ္ဈိမကို ပြောသည်။

အစိုးရ၏ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည့် “မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက်ထိုးစစ်ဆင်ခြင်း တိုက်ခိုက်ခြင်းမပြုရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတားဖောက်ခွဲဖျက်ဆီးမှု ၁၂၂ ကြိမ်၊ မိမိတပ်စခန်းများအား လာရောက်နှောင့်ယှက်ပစ်ခတ်ခြင်း ၆၄ ကြိမ်၊ အရပ်သားများ မိုင်းနင်းမိခြင်း ၃၀ ကြိမ်၊ လုယက်ဖျက်ဆီးခြင်း ၆၀ ကြိမ်၊ လူသစ်စုဆောင်းခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း ၂၈ ကြိမ် ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း ၁၀၉၅ ကြိမ် ဖြစ်ပွားခဲ့ကာ အရာရှိစစ်သည်အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်” ဟူသည်ကို UNFC က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ပွဲများ ဖြစ်ပွားလာပါက ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ရခြင်းသည် စစ်ပွဲ၏ သဘောတရားသာဖြစ်သည်ဟု စောဒေးဗစ်သာကပေါက ဆိုသည်။

ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ကလည်း အဆိုပါ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးကို ရှေးရှုသည့်လုပ်ရပ် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

“ဒီထုတ်ပြန်ချက်ဟာ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုတဲ့၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်စပ်ပြီးတော့ လွှမ်းခြုံနိုင်တဲ့၊ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တဲ့ သဘောထားမျိုးလို့ ကျနော်တို့ လက်ခံလို့ မရဘူး။ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ report တွေ၊ ဖြစ်စဉ်လောက်ကိုပဲ ထုတ်ပြန်တဲ့ သဘောထားလို့ ကျနော်တို့ သုံးသပ်တယ်” ဟု NCUB တွဲဖက်အတွင်းရေးမှူး ဦးမြင့်သိန်းက ဆိုသည်။

သတင်းထုတ်ပြန်ချက်သည် ကချင်ဒေသတခုလုံးကို အပစ်အခတ်ရပ်စဲခြင်း မဟုတ်ဘဲ လဂျားယန်ဒေသတခုကိုသာ အပစ်ရပ်သဘောသက်ရောက်ကြောင်းလည်း UNFC နှင့် NCUB တို့က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကမူ လဂျားယန်ဒေသတွင်မကဘဲ ကချင်ဒေသတခုလုံး စစ်ဆင်ရေးများ လျှော့ချရန် လိုလားကာ အစိုးရကြေညာချက်မှ အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ထားပြီး အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကောမတီနှင့် ဆွေးနွေးပွဲများကိုမူ KIO နှင့် ဆွေးနွေးမည့်အစား UNFC နှင့်သာ ဆွေးနွေးသင့်ကြောင်း ကြေညာထားသည်။

လက်ရှိအစိုးရ၏ လုပ်ရပ်မှာ လွန်ခဲ့သည့် ၁၈ နှစ်ခန့်က ကရင်အမျိုးသားအစည်းအရုံး (KNU) အား အထီးကျန်အောင် လုပ်ဆောင်သကဲ့သို့ KIO/KIA အား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု UNFC က ထောက်ပြပြောဆိုသည်။

“အဲဒီတုန်း (၁၉၉၄ ခုနှစ်ဝန်းကျင်) က မြောက်ပိုင်း တောက်လျှောက်ပေါ့ဗျာ။ KIO တို့၊ ကရင်နီတို့ကလည်း လွယ်လွယ်နဲ့ လက်မှတ်ထိုးသွားတယ်။ နောက်ဆုံး (၁၉၉၅ ခုနှစ်)မှာ မွန် (NMSP) လည်း လက်မှတ်ထိုးလိုက်တယ်။ KNU တဖွဲ့ပဲ ကျန်ခဲ့တယ်လေ။ KNU ကို အထီးကျန်အောင် အစိုးရက လုပ်ခဲ့တယ်။ အခုလည်း ဒီဘက်မှာ လွယ်လွယ်နဲ့ လက်မှတ်ထိုးလိုက်ကြတာပဲ။ စီးပွားရေးတွေ ဘာညာ မက်လုံးပေးပြီး လက်မှတ်ထိုးကြတာပေါ့ဗျာ။ ကချင်ကျတော့ အထီးကျန်တဲ့သဘောဖြစ်နေတယ်။ ဒါ သူတို့ (အစိုးရ) ရဲ့ သေနင်္ဂဗျူဟာလို့ ကျနော်တို့ ယူဆတယ်” ဟု ဗဒိုစောဒေးဗစ်သာကပေါက သုံးသပ်သည်။

KIO/KIA အပေါ် အစိုးရတပ်၏ ထိုးစစ်ဆင်မှု မရပ်မချင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်သွားမည်မဟုတ်ကြောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် UNFC က သဘောထားထုတ်ပြန်ထားသည်။

စံခလပူရီ (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA) နှင့် ပတ်သက်သည့် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် တဖက်သတ် ဝါဒဖြန့်ချိရေးလုပ်ရပ်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

ဟက်ကာများကို ဖိတ်ခေါ်တဲ့ အမေရိကန်အစိုးရရဲ့ National Day of Civic Hacking ပရောဂျက်

ဟက်ကာများကို ဖိတ်ခေါ်တဲ့ အမေရိကန်အစိုးရရဲ့ ပရောဂျက်
-------------------------------------------------------------------
လာမယ့် ဂျွန်လ ၁ - ၂ ရက်နေ့မှာ အမေရိကန်ရဲ့ National Day of Civic Hacking အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး ကွန်ပြူတာ ပညာရှင်များ၊ ဟက်ကားများကို အစိုးရအဖွဲ့အစည်းတွေရဲ့ အချက်အလက်များကို ၀င်ရောက်ကြည့်ရှုခိုင်းမယ်လို့ အိမ်ဖြူတော်က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်က အစိုးရဌာနများရဲ့ဒေတာများကို အသုံးပြုပြီး ပိုကောင်းမယ့် ပြဿနာဖြေရှင်းဖို့ နည်းလမ်းများ၊ နည်းပညာအသစ်များကို အစိုးရနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်တဲ့ ပရောဂျက်တစ်ခု ဖြစ်ပါတယ်။ 

ယနေ့ထိ အမေရိကန်ရဲ့ မြို့ကြီး ၂၇ မြို့က ပါဝင်ဖို့ စာရင်းပေးထားကြပြီး၊ အမေရိကန် အစိုးရဌာနတချို့ ဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာန၊ လူဦးရေစစ်တမ်းဌာန နဲ့ နာဆာအာကာသဌာန တို့ပါ ပူးပေါင်းပါဝင်ထားပြီး ကွန်ပြူတာဟက်ကာများကို စိန်ခေါ်စမ်းသပ်ခိုင်းမယ့် အစီအစဉ်များ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
(ရည်ညွန်း။ ။ http://www.whitehouse.gov/blog/2013/01/22/roll-your-sleeves-get-involved-and-get-civic-hacking)

လာမယ့် ဂျွန်လ ၁ - ၂ ရက်နေ့မှာ အမေရိကန်ရဲ့ National Day of Civic Hacking အခမ်းအနားကို ကျင်းပ
မှာဖြစ်ပြီး ကွန်ပြူတာ ပညာရှင်များ၊ ဟက်ကားများကို အစိုးရအဖွဲ့အစည်းတွေရဲ့ အချက်အလက်များကို ၀င်ရောက်ကြည့်ရှုခိုင်းမယ်လို့ အိမ်ဖြူတော်က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဂျပန်ကုမ္ပဏီ ရန်ကုန်တွင် ဘတ်စ်ကားလိုင်း ပြေးဆွဲမည့်အစီအစဉ် ပျက်ပြီင်္

ဂျပန်ကုမ္ပဏီ ရန်ကုန်တွင် ဘတ်စ်ကားလိုင်း ပြေးဆွဲမည့်အစီအစဉ် ပျက်
------------------------------------------------------------------------------

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အထိ တင်ပြထားပြီးဖြစ်တဲ့ ရန်ကုန်မြို့တွင်းမှာ အဆင့်မြင့် ဘတ်စ်ကားတွေ ပြေးဆွဲမယ့် အစီအအစဉ်ဟာ ဂျပန်စုပေါင်းကားကုမ္ပဏီ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ဒီဗွီဘီကို ပြောပါတယ်။

နဂိုမူလက ဒီကုမ္ပဏီစုဟာ ရန်ကုန်မြို့ကို ရောက်လာပြီး ပထမအဆင့်အနေနဲ့ ဘတ်စ်ကား အစီး ၃၀၀ လောက် အသုံးပြုပြီး ရန်ကုန်မြို့တွင်းမှာ အဆင့်မြင့် ဘတ်စ်ကားလိုင်း ပြေးဆွဲမယ်လို့ အဆိုပြုတင်ပြခဲ့ပြီး မြန်မာနိုင်ငံ အစိုးရဘက်ကလည်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း ဘတ်စ်ကား အစီး ၃၀၀ နည်းတယ်၊ ၃၀၀၀ လောက်နဲ့ ဆွဲပါလို့ ပြောခဲ့ပြီး မီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ ဂျပန်စုပေါင်းကားကုမ္ပဏီဟာ လုပ်ငန်းမစတင်မီ အသေးစိတ် လေ့လာတွက်ချက်မှုတွေ ပြုလုပ်ချိန် မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ လမ်းကြောအနေအထားများ၊ လမ်းစည်းကမ်းများ၊ အကျိုးအမြတ် ရရှိနိုင်ခြေ စတာတွေ သိရှိပြီးနောက် နောက်ဆုတ်သွားတာ ဖြစ်နိုင်ကြောင်း ဦးဝင်းနောင်က သုံးသပ်ပါတယ်။
(DVB news, Jan 24, 2013)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အထိ တင်ပြထားပြီးဖြစ်တဲ့ ရန်ကုန်မြို့တွင်းမှာ အဆင့်မြင့် ဘတ်
စ်ကားတွေ ပြေးဆွဲမယ့်အစီအအစဉ်ဟာဂျပန်စုပေါင်းကားကုမ္ပဏီဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အတွက်ပျက်ပြယ်
သွားပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ဒီဗွီဘီကို ပြောပါတယ်။

"နာရီ သုံးဆယ်ကျော်ကြာပိတ်ခဲ့သည့် ဝေါတံတား ပြန်ဖွင့်ပြီ"

ရန်ကုန်၊ ဇန်န၀ါရီ ၂၃

နာရီသုံးဆယ်ကျော်ကြာ လမ်းကြောင်းပိတ်ဆို့ခဲ့သည့် ဝေါတံတား ယမန်နေ့ည ဇန်န၀ါရီ ၂၂ ရက် ၁၂ နာရီခွဲခန့်၌ ပြန်လည် ပွင့်သွားပြီ ဖြစ်ကြောင်း ဝေါမြို့နယ် ရဲစခန်းမှသိရသည်။ “ခရီးသည်တင်ကားရော ကုန်တင်ကားပါ ဖြတ်သန်းနေပါပြီ”ဟု ဒုရဲအုပ်တစ်ဦးက ပြောသည်။

လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူ ငါးဦးအား ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်းမှ ရာသက်ပန် ယာဉ်အခမဲ့ စီးနင်းခွင့်ကတ် ပေးအပ်

လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူ ငါးဦးအား ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်းမှ ရာသက်ပန် ယာဉ်အခမဲ့ စီးနင်းခွင့်ကတ်
ပေးအပ် 
Tuesday, January 22, 2013

လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူများအနက် ငါးဦးအား ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်းမှ ရာသက်ပန် ယာဉ်အခမဲ့စီးနင်းခွင့်ကတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်အခမဲ့စီးနင်းကတ် (Diamond Card) ရရှိထားသူများ
သည် ရွှေမန္တလာယာဉ်လိုင်း၏ မည်သည့်ခရီးစဉ်တွင်မဆို ရာသက်ပန် အခမဲ့စီးနင်းခွင့် ရရှိမည့်အပြင် ယင်းခရီးစဉ်တစ်လျှောက် လိုအပ်သမျှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရွှေမန္တလာ ယာဉ်လိုင်းမှ ကိုမိုးထွန်းက ပြောသည်။

ယခု ရွေးချယ်ပေးအပ်ထား သူငါးဦးအပြင် ထပ်မံရွေးချယ် ပေးအပ်
ရန်လည်း အစီအစဉ်ရှိကြောင်း ၎င်း၏အဆိုအရ သိရသည်။

"ဒီအခမဲ့ကတ် ပေးဖြစ်တာက ဒီပုဂ္ဂိုလ်တွေကို အင်မတန် လေးစားလို့ပါ။ သူတို့ကတကယ်ပဲ တိုင်းကျိုး ပြည်ကျိုး၊ လောကအကျိုး၊ ပြည်သူ့အကျိုး သူတို့တတ်နိုင်တဲ့ဘက်က ၀ံ့ဝံ့စားစား ဆောင်ရွက်တဲ့အတွက်
ရွေးပြီးပေးတာပါ။ ဒီပုဂ္ဂိုလ်တွေ ခရီးသွားမယ်ဆိုရင် ဖုန်းသာဆက်လိုက်ပါ။ အကုန်လုံး ဆောင်ရွက်ပေးပါမယ်" ဟု ၎င်းက ဆိုသည်။

ထိုသို့  ရွှေမန္တလာယာဉ်လိုင်း၏ အခမဲ့ယာဉ်စီးနင်းခွင့်ကတ် ရရှိထားသူငါးဦးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဟံသာဝတီ ဦးဝင်းတင်၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူ
များဖြစ်သော ဦးအုံး (FREDA)၊ ဒေါက်တာဦးထွန်းလွင် (မိုးလေ၀သ)၊
ဒေါ်ဒေ၀ီသန့်စင်၊ ပန်းရဲ့လမ်း အဖွဲ့ဝင် ဦးရဲလွင် (မဇ္ဈိမလှိုင်း) တို့ ဖြစ်သည်။

Eleven Media Group
ဓာတ်ပုံ - Shwe Mandalar Facebook

လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူများအနက် ငါးဦးအား ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်းမှ ရာ
သက်ပန် ယာဉ်အခမဲ့စီးနင်းခွင့်ကတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Google ရဲ့ ၅ခုမြောက် အရှေ့တောင်အာရှရုံးခွဲ ဖိလိစ်ပိုင်နိုင်ငံ မှာ ဖွင့်လှစ်

ဂူဂဲလ် ရဲ့ ၅ ခုမြောက် အရှေ့တောင်အာရှရုံးခွဲ ဖိလိပိုင်မှာ ဖွင့်လှစ်
-----------------------------------------------------------------------

ဂူဂဲလ်ရဲ့ ရုံးခွဲတစ်ခုကို ဖိလိပိုင်နိုင်ငံ မြို့တော် မနီလာမှာ ဖွင့်လှစ်လိုက်ပြီး ဒါဟာ အရှေ့တောင်အာရှရဲ့ ငါးခုမြောက် ဂူဂဲလ်ရုံးခွဲလည်း ဖြစ်ကြောင်း သိရပါတယ်။ ဂူဂဲလ်ဟာ စင်ကာပူ၊ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှား နိုင်ငံများမှာလည်း ရုံးခွဲဖွင့်ထားပါတယ်။ ဖိလိပိုင်မှာ လူဦးရေ ၃၃ သန်းကျော်က အင်တာနက်သုံးစွဲနေကြပြီး  ၂၀၁၆ ခုနှစ်မှာ နှစ်ဆတိုးလာမယ်လို့ တွက်ချက်ထားပါတယ်။ 

ဖိလိပိုင်နိုင်ငံက ဂူဂဲလ်ရဲ့ Free Zone ဖြစ်ပြီး အဲဒီမှာ google search, gmail, google+ တို့ကို အင်တာနက်ချိတ်ဆက်နိုင်တဲ့ မည်သည့် စမတ်ဖုန်းနဲ့မဆို ဒေတာသုံးစွဲမှု (သို့) အခကြေးငွေ ပေးစရာမလိုဘဲ သုံးနိုင်ပါတယ်။ ဂူဂဲလ်က စင်ကာပူ၊ ထိုင်ဝမ် နဲ့ ဟောင်ကောင် တို့မှာလည်း ဒေတာစင်တာအသစ်ကို တည်ဆောက်နေပြီး ၂၀၁၃ ခုနှစ်ကုန်လောက်မှာ ပြီးစီးဖို့ စီစဉ်နေပါတယ်။ အဆိုပါ ဒေတာစင်တာသုံးခု ပြီးစီးခဲ့ပါက အာရှဒေသများအတွက် အင်တာနက်နှုန်းများ ၃၀% အထိ လျင်မြန်လာမယ်လို့ သိရပါတယ်။ ဂူဂဲလ်ရဲ့ Chrome browser ကလည်း ၂၀၁၂ ခုနှစ် မေလကစပြီး IE နဲ့ Firefox တို့ကို ကျော်လွန်ပြီး လူသုံးအများဆုံး browser ဖြစ်လာကြောင်း သိရပါတယ်။
(Ref; The Next Web, Jan 23, 2013)

ဂူဂဲလ်ရဲ့ ရုံးခွဲတစ်ခုကို ဖိလိပိုင်နိုင်ငံ မြို့တော် မနီလာမှာ ဖွင့်လှစ်လိုက်ပြီး ဒါဟာ အရှေ့တောင်အာရှရဲ့ ငါးခု
မြောက် ဂူဂဲလ်ရုံးခွဲလည်း ဖြစ်ကြောင်း သိရပါတယ်။ ဂူဂဲလ်ဟာ စင်ကာပူ၊ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှား
 နိုင်ငံများမှာလည်း ရုံးခွဲဖွင့်ထားပါတယ်။ ဖိလိပိုင်မှာ လူဦးရေ ၃၃ သန်းကျော်က အင်တာနက်သုံးစွဲနေကြပြီး ၂၀၁၆ ခုနှစ်မှာ နှစ်ဆတိုးလာမယ်လို့ တွက်ချက်ထားပါတယ်။

Samsung Galaxy S IV လာတော့မည်

Samsung Galaxy S IV လာတော့မည်
-------------------------------------------
Samsung Galaxy S IV ကို လာမယ့် မတ်လထဲမှာ ထုတ်ဖော်ပြသမယ်လို့ အများစုက ယုံကြည်နေကြောင်း ကောလာဟလသတင်း ထွက်လာပြန်ပါတယ်။ Asia Economic News ကတော့ မတ်လ ၂၂ ရက်နေ့မှာ Samsung က အမေရိကန် သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ Galaxy S IV ကို ထုတ်ဖော်လိမ့်မယ်လို့ ရက်အတိအကျ ဆိုထားပါတယ်။ Galaxy S IV မှာ စကရင် ၄.၉၉ လက်မ၊ ၁၀၈၀ HD display, 1.8GHz 8-core Exynos 5 Octa ပရောဆက်ဆာ၊ ၁၃ မက်ဂါပစ် ကင်မရာ၊ 4G LTE, 2GB RAM နဲ့ Android 4.2.1 Jelly Bean တို့ပါဝင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ Samsung Galaxy S IV ကို ဧပြီလလယ်လောက်မှာ ဖြန့်ချီမယ်လို့လည်း ပြောဆိုနေကြောင်း သိရပါတယ်။
(http://bgr.com/2013/01/22/samsung-galaxy-s-iv-release-date-rumor-2-301691/)

Samsung Galaxy S IV ကို လာမယ့် မတ်လထဲမှာ ထုတ်ဖော်ပြသမယ်လို့ အများစုက ယုံကြည်နေကြောင်း ကောလာဟလသတင်း ထွက်လာပြန်ပါတယ်။ Asia Economic News ကတော့ မတ်လ ၂၂ ရက်နေ့မှာ Samsung က အမေရိကန် သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ Galaxy S IV ကို ထုတ်ဖော်လိမ့်မယ်လို့ ရက်အတိအကျ ဆိုထားပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း ၁ ရပ်ကွက်တွင် ယနေနေ့လည် ၁နာ၇ီကမီးလောင်မှုဖြစ်ပွား

မရမ်းကုန်း ၁ ရပ်ကွက်၊ ၂ လမ်းတွင် ယနေ့ ၁ နာရီ ဝန်းကျင်ခန့်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ ကနဦး သတင်းရရှိသည်။ အဆိုပါ မီးလောင်မှုကို ငြှိမ်းသတ်နေဆဲ ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ရန်ကုန်-သံတွဲကား တောင်ကုတ်တွင် ချောက်ထဲကျမှု ခရီးသည် ၁၄ ဦးသေဆုံးပြီး ၃၃ ဦးဒဏ်ရာရ

ရန်ကုန်မှ သံတွဲမြို့သို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည်တင် ယာဉ်သည် ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ် အချိန်က ရခိုင်ရိုးမပေါ် ဖြတ်သန်း မောင်းနှင်စဉ် နေပူတောင်အဆင်း၌ ချောက်ထဲသို့ ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သံတွဲ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးထွန်းသန့်ကျော်က ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၃

ယနေ့မနက် ၁ နာရီခွဲခန့်က ရန်ကုန်မှ သံတွဲမောင်းနှင်လာသော ခရီးသည်ကားတစီ တောင်ကုတ်မြို့နယ်
အနီး တွင်ပေ ၁၂၀ ခန့်နက်သော ချောက်ထဲထိုးကျသွားခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ၃၃ ဦးဒဏ်ရာရရှိ
သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည်တွင် တရားဝင်သတင်းထုတ်ပြန်ထားသည်။

၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းနေရာ ပြောင်းပြီ


၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းနေရာ ပြောင်းမယ်

WEDNESDAY, JANUARY 23, 2013  အိမ့်သံစဉ်  

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းကို ဖေဖော်ဝါရီလမှ စတင်ပြီး ပြောင်းရွှေ့ ဖွင့်လှစ်ပါတော့မယ်လို့ သိရပါတယ်။  

ယခု ဝေဇယန္တာလမ်းက ရုံးခန်းကနေ ပြောင်းရွှေ့မှာဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ဆက်သွယ်ရန် လိပ်စာအသစ်မှာ ရန်ကုန်မြို၊ သင်္ဃန်းကျွန်းမြို့နယ် ၊အမှတ် (၁၀၃၉/၁၀၄၀) ၊ သုမင်္ဂလလမ်း ၊ ၁၆/၁ ရပ်ကွက် ဖြစ်ပါကြောင်း။ 

Posted in: News,သတင်း

အေးချမ်းမွန်မှ ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းကို ဖေဖော်ဝါရီလမှ စတင်ပြီး ပြောင်းရွှေ့ ဖွင့်လှစ်ပါတော့မယ်လို့ သိရပါတယ်။ ယခု ဝေဇယန္တာလမ်းက ရုံးခန်းကနေ ပြောင်းရွှေ့မှာဖြစ်ပါတယ်။ 

လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာအဝေးပြေးဝင်းထဲရှိ ခရီးသည်နှင့် ၀န်ဆောင်မှုလုသူများ

ခရီးသည်နှင့် ၀န်ဆောင်မှုလုသူများ

ရေးသားသူ- အောင်သစ်လွင်၊ အေးမြတ်သူ၊ ညီညီဇော်

ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးနှင့် ရန်ကုန်မြို့တော်ကို အဓိကချိတ်ဆက်ပေးနေသော လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာအဝေးပြေးဝင်းထဲသို့  ကိုဝေလွင် ၀င်လိုက်သည်။ ကားဝင်းထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အ၀တ်အစားညစ်ထေးထေး ၀တ်ဆင်ထားသော ဦးရေနှစ်ဆယ်ခန့်ရှိမည့်
ဧည့်ကြို(ခေါ်)လူခေါ်ပွဲစားများ၏ ဘယ်သွားမလို့လဲ၊ ဘယ်လဲဟူသည့် အမေးနှင့်အတူ ၎င်း၏ခရီးဆောင်အိတ်အား ၀ိုင်းဝန်းလုယက်ဆွဲသည့် အခြေအနေမျိုးနှင့် ကိုဝေလွင်တစ်ယောက် ကြုံတွေ့ရပါသည်။

ကိုဝေလွင်သည် ဟင်္သာတမြို့မှ ပုဂ္ဂလိကဆေးခန်းတစ်ခုသို့ မျက်စိခွဲစိတ်ရန် လာရောက်သူတစ်ဦးဖြစ်ပြီး ခရီးသွားအတွေ့အကြုံနည်းသောကြောင့် ယင်းကဲ့သို့ အဖြစ်အပျက်မျိုးကို ကြုံတွေ့ရသည့်အခါ စိုးရိမ်ထိတ်လန့်မိကြောင်း ပြောသည်။

“အတင်းဆွဲလုတော့ လူကိုအနုကြမ်းစီးသလားလို့တောင် ထင်ရတယ်”ဟု ၎င်းကဆိုသည်။

ခရီးသည်များ၏အထုပ်အပိုးများ လုယက်သယ်ယူခြင်း၊ ဆိုင်ရာကားဂိတ်သို့ အတင်းအဓမ္မခေါ်ဆောင်ခြင်း၊ ခရီးသည်တစ်ဦးအား လူခေါ်ပွဲစား နှစ်ယောက်၊ သုံးယောက်က ဟိုဘက်သည်ဘက် ၀ိုင်းဝန်းဆွဲကြခြင်း၊ ခရီးသည်ဟုခေါ်ခြင်းတို့က ပြည်တွင်းရှိ ရေဆိပ်၊ လေဆိပ်၊ ကားဂိတ်နှင့် ရထားဘူတာရုံတို့သို့ ၀င်ထွက်သွားလာဖူးသူတိုင်း ကြုံတွေ့နေရမည့်ကိစ္စဖြစ်သည်။

ကားဝင်းများတွင် ခရီးသည်များအား အပြိုင်အဆိုင် လူလုပွဲများ ဖြစ်ပေါ်နေခြင်းအား အဝေးပြေးဝင်းအတွင်း တာဝန်အရှိဆုံး ကွပ်ကဲရေးရုံးမှ နယ်မြေရဲ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြည့်အရေးယူသော်လည်း အဆိုပါလူခေါ်ပွဲစားဦးရေမှာ အလွန်များသောကြောင့် ထိထိရောက်ရောက် အရေးယူ၍မရကြောင်း ပူးပေါင်းအဖွဲ့တွင် ပါဝင်သူတစ်ဦးကပြောသည်။

ဧည့်ကြိုခေါ် လူခေါ်ပွဲစားများမှာ မြို့နယ်အသီးသီးရှိ အဝေးပြေးကားဂိတ်တိုင်းတွင်ရှိပြီး အများစုမှာ အလုပ်အကိုင် အတည်တကျမရှိဘဲ ကျပန်းလာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

အဝေးပြေးကားဂိတ်၊ မီးရထားဘူတာ စသည့် ခရီးသွားပြည်သူများနှင့် သက်ဆိုင်သည့်နေရာများကို ကိုယ့်အိမ်သဖွယ်နေကြရင်း ၀မ်းစာရှာနေကြသော အဆိုပါ အလုပ်သမားများမှာ နေ့စဉ်နေ့တိုင်း သွားလာလှုပ်ရှားနေသော ခရီးသွားများအတွက် ရှောင်လွဲမရနိုင်သော လူအစုအဖွဲ့ဖြစ်နေသည်။

“တန်ရာတန်ကြေးဆို ပေးပါတယ်။ အခုက လက်ထဲကအထုပ်ကို လာဆွဲပြီး လိုင်းကားပေါ် တင်ပေးပြီးကာမှ မတန်တဆတောင်းတာတော့ လွန်လွန်းပါတယ်”ဟု အောင်မင်္ဂလာအဝေးပြေးဝင်းဂိတ်သို့လာသော နေပြည်တော် တပ်ကုန်းမှ ခရီးသည် မန်းအေးကဆိုသည်။

ဒဂုံ-ဧရာအဝေးပြေးမှ လူခေါ်ပွဲစား ကိုကျော်ဦးသည် ဧည့်ကြိုအလုပ်ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ကားဝင်းအတွင်းရှိ ဈေးသည်များက ဈေးရောင်းရင်း ခရီးသည်များက ကားဂိတ်များဆီ ခေါ်ဆောင်သွားသောကြောင့် ၀င်ငွေနည်းပါးလာကြောင်း ၎င်းကဆိုသည်။

“ခရီးသည်တစ်ယောက် ပို့ပေးရင် ငါးရာရပါတယ်။ ဒါပေမဲ့ ဧည့်ကြိုတွေကို သတ်သတ်မှတ်မှတ် စိစစ်မပေးတဲ့အတွက် ကြုံရာလူက ၀င်လုပ်တော့ အဆင်မပြေပါဘူး”ဟု ၎င်းကပြောသည်။ လူခေါ်ပွဲစားခေါ် ဧည့်ကြိုများမှာ သက်ဆိုင်ရာဌာနမှ တရားဝင်လုပ်ခွင့် ပေးထားခြင်းမဟုတ်ဘဲ ကားဂိတ်များက ခရီးသည်ပိုရရှိရင် တစ်ဦးလျှင် ကျပ် ၅၀၀ နှုန်း သတ်မှတ်ပေးခြင်းဖြစ်သည်။ 

“အရင်လို ခရီးသည်ကို ဂိတ်ရှေ့ကနေ ခေါ်လို့မရတော့ဘူး။ အဝေးပြေးအပေါက်ဝအထိသွားပြီး အလုအယက်ခေါ်မှ ခရီးသည်ရတာပါ”ဟု ရန်ကုန်-ပုသိမ်ကားဂိတ်တစ်ခုမှ ကားဒရိုက်ဘာတစ်ဦးကပြောသည်။

အဝေးပြေးကားဂိတ်များတွင် ကိုကျော်ဦးတို့လို ဂိတ်မှခန့်အပ်ထားသော တရားဝင်လုပ်သားများ ရှိသကဲ့သို့ အနီးအနားရပ်ကွက်များမှ အလုပ်မရှိ၍ လူခေါ်ပွဲစား လာလုပ်ကြသော ကားလောကအခေါ် အာကြီးဆိုသူများလည်းရှိသည်။ ယင်းအာကြီးဆိုသူများမှာ ကားဂိတ်များမှ တရားဝင် အလုပ်သမားမဟုတ်၍ ခရီးသည်နှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက ထွက်ပြေးသွားလေ့ရှိကြောင်း သိရသည်။

“ခရီးသည်လုလို့ ပြဿနာတက်တာချင်းအတူတူ ကျွန်တော်က အချုပ်ထဲမှာ ခုနစ်ရက်နေခဲ့ရပြီး အဲဒီအာကြီးတွေ လွတ်မြောက်သွားတာ ကြုံခဲ့ဖူးတယ်” ဟု ကမ္ဘာမြေကားဂိတ်မှ ဂိတ်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုနိုင်လင်းကပြောသည်။

ကိုနိုင်လင်းတို့လို လူခေါ်ပွဲစားများမှာ ခရီးသည်နှင့် ပြဿနာဖြစ်ပွားပါက အဝေးပြေးဝင်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ တိတိကျကျ သတ်မှတ်မထားသော ဒဏ်ငွေသုံးသောင်းမှ ငါးသောင်းအထိ ဒဏ်ရိုက်ခံရပြီး ကွပ်ကဲရေးရုံးအနေဖြင့် အာကြီးခေါ် ကျပန်းလာရောက်လုပ်ကိုင်နေသူများအား စိစစ်အရေးယူပေးပါက ခရီးသည်နှင့်လူခေါ်ပွဲစားများအကြား ပြဿနာအနည်းငယ် လျော့ပါးသွားနိုင်ဖွယ်ရှိသည်။

မန္တလေးမြို့ရှိ ရန်ကုန်- မန္တလေး ခရီးသည်တင်ကားများ အများဆုံးဂိတ်ထိုးသော ကျွဲဆည်ကန်ကားကြီးကွင်းတွင်လည်း ဆိုင်ကယ်တက္ကစီမောင်းသူပေါင်း ရာချီရှိပြီး ၀င်လာသမျှ ခရီးသည်ကို အလုအယက်ဆွဲခေါ်ကြမြဲဖြစ်သည်။

ဆိုင်ကယ်တက္ကစီမောင်းနှင်သူ ကိုရဲရင့်နိုင်က“လုပ်တဲ့သူတွေက များလာတော့ ခရီးသည်မရမှာစိုးလို့ ကားတစ်စီးဝင်လာတာနဲ့ အတင်းပြေးလိုက် လုယက်ပြီး သူ့ထက်ငါ ဦးဆောင်ခေါ်ရတော့တာပဲ”ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း  အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို ရယူမည်ဖြစ်သည်။ ထို့ကြောင့် ခရီးသည်များကို အမြင့်ဆုံးအဆင့် ၀န်ဆောင်မှုပေးသော လေဆိပ်လိုနေရာမျိုးမှစ၍ ခရီးသည်များ စိတ်ဝင်တစား သွားရောက်လေ့ရှိသော နေရာဒေသများရှိ ဆိုင်ကယ်ကယ်ရီ ၀န်ဆောင်မှုများအထိ ပြင်ဆင်ထားရန် လိုအပ်သည်။ တစ်နေရာမှတစ်နေရာသို့ သွားရောက်နေကြခြင်းသည် မိမိတို့၏ စီးပွားရေးကိစ္စများအတွက် ပါဝင်သလို စိတ်ချမ်းသာမှုကိုရလို၍ အပျော်ခရီးထွက်သော ခရီးသွားများလည်း ရှိသောကြောင့် ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်ရန် အလွန်အရေးကြီးကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း အတွင်းရေးမှူး ဦးထွန်းမြတ်ကပြောသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ခရီးသွားလုပ်ငန်းသည် လွန်စွာအရေးပါပြီး တိုးတက်လာမည့် စီးပွားရေး နိုင်ငံရေး ဖြစ်စဉ်များနှင့်အညီ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကို အရေးတကြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားသည်။

“အိမ်သာမှဧည့်လာမှာပါ။ ၀န်ဆောင်မှုတွေ ညံ့ဖျင်းမှုတွေ ညံ့ဖျင်းရင်တော့ နိုင်ငံရဲ့ပုံရိပ်ကျဆင်းမှာပါ။ အခုကတည်းက ပြင်ဆင်မယ်ဆိုရင် အချိန်မီပါသေးတယ်”ဟု နှစ်လေးဆယ်ကြာ ခရီးသွားဝန်ဆောင်မှုသက်တမ်းရှိသော ရွှေလွန်းပျံ(Taxi Service)မှ ဥက္ကဋ္ဌဦးစိန်မြင့်ကဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးခရီးသည်တင် ယာဉ်ရပ်နားစခန်းဖြစ်သော အောင်မင်္ဂလာအဝေးပြေးဝင်းတွင်လည်း ခရီးသွားများနှင့် တက္ကစီယာဉ်များ၏ မပြည့်စုံသော ၀န်ဆောင်မှုများကို နေ့စဉ်ကြုံတွေ့နေရသည်။ 

လူခေါ်ပွဲစား၊ အထုပ်သယ်သမားများက လုကြ၊ ဆွဲကြသည့်အခါ အားနာတတ်သည့် အရိုးခံစွဲရှိသူ ခရီးသည်များလည်း ဆွဲသည့်နောက်ပါကြရသည်။ ခရီးဆောင်အိတ် လုဆွဲသည့်အခါ ပေးလိုက်ကြရသည်။ သူတို့သဘောနှင့်သူတို့ ဆွဲကြ၊ သယ်ကြပြီးသည့်အခါ သူတို့သဘောနှင့် သူတို့ပင် ငွေတောင်းကြပြန်သည်။ 

“အန်တီက ကားခေါင်းမှာထိုင်တာ။ ပစ္စည်းချတော့ ဘယ်အချိန် ၀င်ထမ်းသွားမှန်းမသိဘူး။ ကိုယ်ကလည်း ဘူတာရုံထုံးစံပဲဆိုပြီး မပြောတော့ပါဘူး”ဟု ကျောင်းပန်းတောင်းမြို့မှ အသက် ၅၀ အရွယ် ခရီးသည်ဒေါ်မြမြက ရန်ကုန်ဘူတာကြီးအတွေ့အကြုံကို ပြောပြသည်။

“အခုတော့ ငါးထောင်၊ တစ်သောင်း သူတောင်းသလောက် ပေးရတော့မယ်။ သူက သယ်သွားတာကိုး”ဟုပြောရင်း ဒေါ်မြမြက အထုပ်သယ်သွားသည့် အထမ်းသမားနောက် စိတ်ပျက်လက်ပျက်နှင့် လိုက်ပါသွားလေသည်။        ။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးနှင့် ရန်ကုန်မြို့တော်ကို အဓိကချိတ်ဆက်ပေးနေသော လှိုင်သာယာမြို့နယ်
ရှိ ဒဂုံ-ဧရာအဝေးပြေးဝင်းထဲသို့ ကိုဝေလွင် ၀င်လိုက်သည်။ ကားဝင်းထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အ
ဝတ်အစားညစ်ထေးထေးဝတ်ဆင်ထားသောဦးရေနှစ်ဆယ်ခန့်ရှိမည့်ဧည့်ကြို(ခေါ်)လူခေါ်ပွဲစား၏ဘယ်သွား
မလို့လဲ၊ ဘယ်လဲဟူသည့် အမေးနှင့်အတူ ၎င်း၏ခရီးဆောင်အိတ်အား ၀ိုင်းဝန်းလုယက်ဆွဲသည့် အခြေအနေ
မျိုးနှင့် ကိုဝေလွင်တစ်ယောက် ကြုံတွေ့ရပါသည်။

နယူးဇီလန်နိုင်ငံက ကမ္ဘာ့ နာမည်အရှည်ဆုံးတောင်

ကမ္ဘာ့ နာမည်အရှည်ဆုံးတောင်
Wednesday, January 23, 2013

ကမ္ဘာပေါ်မှာ နာမည်အရှည်ဆုံးပေးထားသော တောင်အဖြစ် နယူးဇီလန်နိုင်ငံ
မှ တောင်တစ်တောင် မှတ်တမ်းဝင်ခဲ့ပါတယ်။ ထိုတောင် ကို "Taumata­whakatangihanga­koauau­o­tamatea­turi­pukakapiki­maunga­horo­nuku­pokai­whenua­kitanatahu" လို့အမည်ပေးထားပါတယ်။

အင်္ဂလိပ်လို ပြန်လည် ဘာသာပြန်ထားတာကတော့ "The summit where Tamatea, the man with the big knees, the climber of mountains, the land-swallower who travelled about, played his nose flute to his loved one." ဖြစ်ပါတယ်။

ဆိုလိုရင်းက "တောင်ပေါင်းများစွာတက်ခဲ့သော၊ဒူးခေါင်းသန်မာသော၊ Tamatea လို့အမည်ရတဲ့တောသားလုလင်ဟာ သူချစ်တဲ့သူကို ပုလွေမှုတ် ဖြော်ဖြေခဲ့သော တောင်ထိပ်" ဖြစ်မယ်ထင်ပါတယ်။

အင်မတန်ကို ရှည်လျားလှတဲ့ နာမည်ကို အတိုချုံးပြီးတော့ ဒေသခံ နယူးဇီလန်သားတွေတောင် Taumata လို့ပဲ ခေါ်ဆိုလေ့ရှိတော့တယ်လို့ သိရပါတယ်။
---
Via: Prilpa
YoYarLay

ကမ္ဘာပေါ်မှာ နာမည်အရှည်ဆုံးပေးထားသော တောင်အဖြစ် နယူးဇီလန်နိုင်ငံ မှ တောင်တစ်တောင် မှတ်
တမ်းဝင်ခဲ့ပါတယ်။ ထိုတောင် ကို "Taumata­whakatangihanga­koauau­o­tamatea­turi­pukakapiki­maunga­horo­nuku­pokai­whenua­kitanatahu" လို့အမည်ပေးထားပါတယ်။

အဝလွန် ပြဿနာ ဖြေရှင်းဖို့ ကြိုးခုန် ကြပါစို့

အဝလွန် ပြဿနာ ဖြေရှင်းဖို့ ကြိုးခုန် ကြပါစို့

မလေးရှား နိုင်ငံသည် အရှေ့တောင် အာရှတွင် အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ၊ အဆိုပါ နိုင်ငံမှ ကျန်းမာရေး ဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံ ဖြစ်ရသည်မှာ ဂုဏ်ယူစရာ မဟုတ်ကြောင်း၊ အာရှတိုက် တစ်တိုက်လုံး တွင်လည်း မိမိတို့ နိုင်ငံသည် အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံများ စာရင်း၌ နံပါတ်ခြောက် နေရာတွင် ရပ်တည်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မလေးရှား နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် ၁၈နှစ် အထက် လူငယ် ၁၅ ဒသမ ၁ ရာခိုင်နှုန်းသည် အဝလွန်မှု ပြဿနာနှင့် ရင်ဆိုင် ရလျက် ရှိကြောင်း အမျိုးသား ကျန်းမာရေးနှင့် သေဆုံးသူများ စာရင်း မှတ်တမ်းကို ကိုးကား၍ ကျန်းမာရေး ဝန်ကြီး ဒါတွတ် ဆရီလီ အောင်ထုန်းလျန်းက ဆိုသည်။

အဝလွန်သူ ဦးရေသည် ၂ဝဝ၆ ခုနှစ် ကထက်၁၄ ရာခိုင်နှုန်း တိုးမြင့် လာခဲ့ကြောင်း၊ နိုင်ငံအတွင်း အရွယ်ရောက်ပြီး အဝလွန်သူ ၂ ဒသမ ၆ သန်းကျော် ရှိပြီး ၁၈ နှစ်အောက် အဝလွန်သူ ဦးရေမှာ၄၇၇ဝဝဝ ရှိကြောင်း သိရသည်။

ထို့ပြင် မလေးရှား နိုင်ငံ၌ ဆီးချို သွေးချို ဝေဒနာ ရှင်များ၊ ကင်ဆာရောဂါ ဝေဒနာရှင် များနှင့် နှလုံး၊အဆုတ်ရောဂါ ဝေဒနာရှင် များမှာလည်း တဖြည်းဖြည်းနှင့် တိုးပွား လာခဲ့ကြောင်း လီအောင်က ဆိုသည်။ တိုးတက် ပြောင်းလဲလာသော နည်းပညာ များကြောင့် ယခုကဲ့သို့ အဝလွန် သူများ တိုးမြင့် လာရခြင်း ဖြစ်ပြီး ကျန်းမာရေး ပြဿနာ များစွာ ဖြစ်ပေါ်စေနိုင်သည့် အဝလွန်ခြင်းကို ကာကွယ် နိုင်ရန် အတွက် လှုပ်ရှားမှု ပြုလုပ်ရန် အခွင့်အလမ်း နည်းပါး လာခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် Istana ဟိုတယ်တွင် ကျင်းပသော Healthy Lifestyle With Skipping အစီအစဉ်တွင် ဝန်ကြီးက ပြောကြား ခဲ့သည်။

၎င်းအစီအစဉ်မှာ ကိုယ်လက်လှုပ်ရှား အားကစား များကို တိုးမြင့် လုပ်ဆောင်ရန် အသိပညာ ပေးသော အစီအစဉ် ဖြစ်သည်။ တစ်မိနစ်စာ ကိုယ်လက် လှုပ်ရှားမှုကို ပြုပါက ၁၁ ကယ်လိုရီကို လျှော့ချ ပစ်နိုင်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့သည်။

ယင်းအစီအစဉ် အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ အမေရိကန် ဒေါ်လာ ၄ဝ၆ဝဝကို ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း၊ ကိုယ်ခန္ဓာ အလေးချိန် လျှော့ချ စေရန် ကြိုးခုန်ရန် လိုအပ်ကြောင်း၊ မိမိတို့ အားကစား ပြုလုပ်ရာတွင်

အသုံးဝင်မည့် ကြိုးအရေအတွက် ၁ဝဝဝဝဝ ရှိကြောင်း၊ ၎င်းကြိုးများကို တစ်နိုင်ငံ လုံးရှိ ကျောင်းပေါင်း ၂ဝဝ သို့ ဖြန့်ဝေ သွားမည်ဖြစ်ပြီး အဝလွန်မှုကို လျှော့ချ ရာတွင် အကျိုး ရှိမည်ဟု ယူဆရကြောင်း၊ ထို့ပြင် အားကစားကို ကလေးငယ်များ ပိုမို စိတ်ဝင်စား လာစေရန် ကြိုးခုန်ပြိုင်ပွဲ များလည်း ကျင်းပသွားရန် အစီအစဉ် ရှိကြောင်း Healthy Lifestyle With Skipping အစီအစဉ်မှ ဥက္ကဋ္ဌ မို့ဒ်အက်ဂ်ျမာခန်း အာမက် မေဒင်က ပြောကြား ခဲ့သည်ဟု သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မလေးရှား နိုင်ငံသည် အရှေ့တောင် အာရှတွင် အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ၊ အဆိုပါ နိုင်ငံမှ ကျန်းမာရေး ဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံ ဖြစ်ရသည်မှာ ဂုဏ်ယူစရာ မဟုတ်ကြောင်း၊ အာရှတိုက် တစ်တိုက်လုံး တွင်လည်း မိမိတို့ နိုင်ငံသည် အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံများ စာရင်း၌ နံပါတ်ခြောက် နေရာတွင် ရပ်တည်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ခွင့်ပြုမိန့်မရဘဲ ဆောက်ထားသည့် ရာနှင့်ချီ ကန်ထရိုက်တိုက်များကို စည်ပင်တရားစွဲ

ရန်ကုန်မြို့တွင် တရားဝင်ခွင့်ပြုမိန့်မရရှိဘဲ ဆောက်လုပ်ထားသော ရာနှင့်ချီရှိသည့် ကန်ထရိုက်တိုက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားစွဲဆိုလျက်ရှိပြီး အချို့သောတိုက်များကို ဖြိုဖျက်သည့်အထိ အရေးယူမှုများရှိကြောင်း ယင်းကော်မတီမှ သတင်းရရှိသည်။

တရားဝင် ဆောက်လုပ်ခွင့် ပါမစ်မရဘဲ တည်ဆောက်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်မှ ကန်ထရိုက်တိုက်အလုံး ၄၀၀ ကျော်နှင့် အခြားသော မြို့နယ်များဖြစ်သည့် လှိုင်၊ ကမာရွတ်နှင့် မရမ်းကုန်းမြို့နယ်တို့မှ အလုံးရေရာဂဏန်းကို တရားစွဲဆိုခြင်းများ ပြုလုပ်ထားပြီဖြစ်ကြောင်း ယင်းကော်မတီထံမှသိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တပုဒ်ပါ။ 

 ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေအထောက်အထား အစိမ်းနုရောင် လက်မှတ် (ဓာတ်ပုံ - Bangkok Post)

ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ 

မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။ 

ဒီလို မှတ်ပုံတင်ကြရာမှာ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့အတူ ၁၅ နှစ်အောက် သား သမီးတွေကို သက်သေခံ လက်မှတ် ထုတ်ပေးတာ၊ ထိုင်းအာဏာပိုင်တွေ က နေထိုင်ခွင့် ဗီဇာနဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးတာတွေကိုလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၀ ခုမှ ယခု ဇန်န၀ါရီလ ၁၅ ရက် နေ့ကနေ လာမည့် မေလ ၁၅ ရက်နေ့ အတွင်း 
အောက်ပါ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းတွေမှာ လုပ်ဆောင် ပေးသွားမှာပါ။ 

စမွတ် စခုံ၊ စမွတ် ပရာခန်၊ ချင်းမိုင်၊ ဆုရာထာနီ၊ ပထုန်ထာနီ၊ ကာချနဘူရီ၊ ရနောင်း၊ ခွန်ခဲန်၊ ဆောင်ခလ၊ နခုန်ရာစီမာ ဆိုတဲ့ စခန်းတွေမှာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ 

 မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး အခုလို မှီခို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စခန်းတွေမှာဘဲ ထုတ်ယူလုပ်ကိုင်လို့ရပြီးဆိုတာကို ဇန်န၀ါရီလ ၁၅ ရက်နေ့ ကထုတ်ပြန်ခဲ့တာပါ။ 

၂ နိုင်ငံ ဆွေးနွေးမှုတွေနဲ့ လုံခြုံမှုရှိစေရေး၊ စာရိတ်သက်သာစေရေးတို့အတွက် ထိုင်းနိုင်ငံတွင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာန ၁၀ နေရာမှာ တရားမ၀င်ရောက်နေတဲ့ မြန်မာတွေလည်း အခုလို ယာယီနိုင်ငံကူးလက်မှတ်များ လုပ်နိုင်ပြီ လို့ဆိုပါ တယ်။ 

လိုအပ်တဲ့အချက်အလက်တွေကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနတွေမှာ ၁ လအတွင်း စာရင်းပေးသွင်းရပါမယ်။ 

ပုံစံ ၃၈ ဆိုတာတော့ မထွက်ပါဘူးတဲ့။ မြန်မာ ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစာရိတ်ကတော့ ထိုင်း ဘတ်ငွေ ၅၅၀ ဖြစ်ပြီး ထိုင်းနို်င်ငံတွင်း နေထိုင် ခွင့် ၂ နှစ်တာဗီဇာအတွက် ၅၅၀ ဘတ်၊ သွေးစစ်ခ အနေနဲ့ ဘတ်ငွေ ၆၀၀ သို့မဟုတ် ဘတ် ၁၉၀၀ ကုန်ကျမည့် သွေး စစ်ဆေးမှု မှတ်တမ်း တခုခု ကို လုပ်ဆောင်ရပါမယ်။ 

ဒီအပြင် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) အတွက် ကုန်ကျငွေက တနှစ်စာဆိုရင် ဘတ် ၁၉၀၀ ဖြစ် ပြီး ၂ နှစ်စာ ဆိုရင် ဘတ်ငွေ ၃၉၀၀ ဖြစ်ပါကြောင်းနဲ့ အထွေထွေ အကျိုးဆောင်ခအနေနဲ့ မျှတတဲ့ စာရိတ်ကုန်ကျခံရမှာဖြစ်တယ် လို့ သိရပါတယ်။ ဒါဟာ ယခု လုပ်ဆောင်ပေးနေတဲ့ စနစ်သစ်ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် အရင်ကလိုဘဲ မြန်မာပြည်သားမှန်ကန်ကြောင်းစစ်ဆေးခံရမည် လည်းဖြစ်ပါ တယ်။ နေပြည်
တော်ကို ပို့ပြီး အချက်အလက် တင်ပြစစ်ဆေးခြင်းမဟုတ်တော့ဘဲ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံဗီဇာ ထုတ်ပေးရေး ဌာနတွေက အချိန် ၁ လအတွင်း အပြီး အမြန် စစ်ဆေး ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံဘက်ကတော့ အလုပ်သမား အသုံးပြုခွင့်လို့ခေါ်တဲ့ ( ကော်တ) ပုံစံကိုတော့ ထိုင်း အလုပ်ရှင် ကိုယ်တိုင်က သွားရောက်စာရင်းသွင်းရမှာဖြစ်ပါတယ်။ 

အကယ်၍ သူဌေး မရှိခဲ့ဘူးဆိုရင်တော့ သူဌေး အစားထိုး လက်ခံ လျှောက်ထားနိုင်ပြီး ဘတ် ၈၀၀ ကုန်ကျ စရိတ်ထက် မကျော်တဲ့ ထိုင်းအလုပ်ရှင် သူဌေးအကျိုးဆောင်ခကိုတော့ အလုပ်သမားတွေဘက်က ကုန်ကျခံရမှာဖြစ်ပါတယ်။ 

အလုပ် လုပ်ခွင့် ပါမစ် (Work Permit ) ကိုလည်း ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနမှာဘဲ အပြီးသတ် အတည်ပြုပေးမှာဖြစ်ပြီး လုပ်ငန်းရှင် ပြောင်းရွှေ့ခွင့်လည်း ရှိတယ်လို့ သိရပါတယ်။ 

အခု ယာယီ နိုင်ငံကူးလက်မှတ်နဲ့ မှီခို ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ထိုင်း-မြန်မာ ၂ နိုင်ငံ နောက်ဆုံး ထပ်မံ သဘောတူညီချက်တွေအရ ရက်ပေါင်း ၉၀ အတွင်း အပြီး လုပ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။  
===================================
Reference & Post by The irrawady (Burmese Version)
Post by minzarnitgi  Admin Team[NOM]
ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေအထောက်အထား အစိမ်းနုရောင် လက်မှတ် (ဓာတ်ပုံ - Bangkok Post)
ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ 
 မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။

ကျန်းမာရေးနှင့်ပက်သက်လို့ သင်ဒါတွေသိပြီးပြီလား

၁။ အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင် ဆက်စပ်နေကြသည်။ ထို့ကြောင့် အသည်း
တွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း တစ်ခုခုဖြစ်နိုင်သည်။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်း ထိခိုက်နိုင်သည်။

၂။ အသည်းမှာ ဒဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ။ မည်သည့်နည်းနှင့်မှ မသိနိုင်ပါ။ ကင်ဆာ အတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည်။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည်။

ဆက်သွယ်ရေးကြောင့် ချွေးပြန်ရတယ် (ဟာသ)

အလိုက်မသိတဲ့ဂျပန်

အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိ အအေးဓါတ်ပေးနိုင်သော ရေခဲသေတ္တာ တမျိုးကို ဂျပန်တို့က တီထွင်လိုက်ကြသည်။

ဤ ရေခဲသေတ္တာ အထဲတွင် အကြာဆုံးနေနိုင်သူအား တိုရှီဘာ ကုပ္မဏီ ကို အလကားပေးမယ်ဟု ကြောငြာလိုက်၏။

ပထမဆုံးပြင်သစ်က မိမိအရင်ဝင်ထိုင်မည်ဟုပြော၏။

အမျိုးသမီးတဦးနဲ့ အရက် တစ်သေတ္တာ ပေးရန်လည်းတောင်းဆို၏။ဂျပန်တို့ ကလည်းခွင့်ပြု၍  ပြင်သစ်လဲဝင်ထိုင်လိုက်၏။

အနုတ် ၂၀၀ ဒီဂရီတွင် တစ်မိနစ်မျှအောင် ပင် မထိုင်နိုင်ပဲပြန်ထွက်လာ၏။

နောက် ရှရုားလူမျိုးမှ လည်း ဗော်လ်ကာ အရက် နှင့်သိုး.ကင်တခု ယူဆောင်ကာ ၀င်ထိုင်လိုက်၏။

အနုတ်ဒီဂရီ ၃၀၀ ခန့်တွင် ရှရုားလူမျိုးလည်း မခံနိုင်တော့ပဲ ချက်ချင်းဆိုသလို အော်ဟစ်ပီး ထွက်လာပြန်၏။

တိုအခါ မြန်မာ ကိုယ်စားလှယ်မှ မြန်မာ့ဆက်သွယ်ရေးမှရောင်းချပေးသောအင်တာနက်ဖုန်းတလုံးနှင့်လက်တော့ တစ်လုံးကိုကိုင်ကာ မိမိ ၀င်ထိုင်မည်ဟုပြော၏။
 
ဂျပန်တို့က လည်း အရက်ကောယူဦးမလားဟုမေး၏။

မြန်မာက.....နိုး။......ဟုပြောကာရေခဲသေတ္တာ ထဲဝင်ထိုင်လိုက်လေ၏။

အအေးဓါတ်ကို  အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိနှိမ့်ချလိုက်သည်။

၁-နာရီကြာသွား၏။မြန်မာကားထွက်မလာ။သို့နှင့် ဂျပန်အချင်း၂ ပြောကြ၏။

" ဒီမြန်မာတော့ ရေခဲပီး သေနေလောက်ပီ ထင်တယ်။တံခါးဖွင့်ပီး သူ့ကို ထုတ်ကြရအောင်ဟေ့..." ..လို့ဆိုပီးဂျပန်တယောက်မှတံခါးကို ဖွင့်လိုက်လေ၏။

ထိုအခါ ချွှေးတလုံး၂ ဖြင့် ရေခဲသေတ္တာ  အတွင်းမှ ထွက်လာသောမြန်မာက ဂျပန်၏ ခေါင်းကို တယ်လီဖုန်းဖြင့်ထုလိုက်၏။

နုတ်မှလည်း......

" အင်တာနက်လိုင်းမမိလို့ ချွှေးပြန်နေရတဲ့ကြားထဲ ဒီကောင်က တံခါးကို လာဖွင့်နေရသေးတယ်။အလိုက်ကန်းဆိုးလုံးဝ မသိတဲ့ အကောင်တဲ့..." 

..တိန်

ရီမောပျော်ရွှင်ပါစေ....

Lon  Ely ( 20-=10-12)

အလိုက်မသိတဲ့ဂျပန်

အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိ အအေးဓါတ်ပေးနိုင်သော ရေခဲသေတ္တာ တမျိုးကို ဂျပန်တို့က တီထွင်လိုက်ကြသည်။ဤ ရေခဲသေတ္တာ အထဲတွင် အကြာဆုံးနေနိုင်သူအား တိုရှီဘာ ကုပ္မဏီ ကို အလကားပေးမယ်ဟု ကြောငြာလိုက်၏။

လမ်းသန့်ရှင်းရေး လုပ်ကိုင်သူ တရုတ်သန်ြးွကယ်သူဌေး ပင်စင်ယူရန် ငြင်းဆန်

လမ်းသန့်ရှင်းရေး လုပ်ကိုင်သူ တရုတ်သန်ြးွကယ်သူဌေး ပင်စင်ယူရန် ငြင်းဆန်
Tuesday, January 22, 2013

တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်း ဟူဘီပြည်နယ် ၀ူဟန်မြို့၌ သန်ြးွကယ်သူဌေး ဖြစ်သော်လည်း လမ်းသန့်ရှင်းရေး အလုပ်လုပ်ကိုင်နေသည့် တရုတ်အမျိုးသမီး တစ်ဦးသည် အသက်အရွယ် ကြီးရင့်လာသော်လည်း တရုတ်မြူနီစီပယ်၏ အငြိမ်းစား ပင်စင်ကို ရယူလိုခြင်းမရှိဘဲ ၎င်း၏ လုပ်မြဲအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နိုင်ရန် တောင်းဆိုခဲ့ကြောင်း တရုတ်ပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အသက် ၅၃နှစ်အရွယ်ရှိ ယုယူဇန်းသည် လစာအကျိုးအမြတ်ထက် ဂုဏ်သိက္ခာကြောင့် အလုပ်လက်မဲ့ အခြေအနေကို ရောက်ရှိလိုခြင်း မရှိသောကြောင့် ယင်းသို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယုယူဇန်းသည် ၁၃နှစ်သမီး အရွယ်မှစ၍ လယ်ယာလုပ်ငန်း၊ အချက်အပြုတ်လုပ်ငန်း၊ ကုန်ကားဒရိုင်ဘာ၊ လမ်းသန့်ရှင်းရေး စသည့် အလုပ်များကို နှစ်ပေါင်း၄၀ကျော် လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သည့် ငါးနှစ်ခန့်က ၎င်း၏ ဘိုးဘွားပိုင်မြေကို အစိုးရက ဆင်းရဲသား အိမ်ရာ စီမံကိန်းအတွက် ၀ယ်ယူခဲ့သဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းခွဲခန့် ရရှိခဲ့ပြီး သန်ြးွကယ်သူဋ္ဌေးတစ်ဦး ဖြစ်လာခဲ့သည်။
သို့ရာတွင် ယုယူဇန်းသည် ငွေကြေးပိုင်ဆိုင်မှုထက် အလုပ်အကိုင်ကိုသာ ပိုမိုမက်မောတွယ်တာပြီး လမ်းသန့်ရှင်းရေး လုပ်ကိုင်သည့် ၁၄နှစ်တာ ကာလအတွင်း ၎င်း၏ ဖခင်ဖြစ်သူနှင့် ယောက္ခမတို့၏ နာရေးအတွက် ခွင့်သုံးရက်သာ ယူခဲ့သည်မှအပ အလုပ်ချိန် နောက်ကျခြင်း၊ ဖျားနာခြင်းစသည်တို့ မရှိခဲ့ကြောင်းခဲ့ကြောင်း သိရသည်။ စီးပွားရေး တိုးတက်လာသည်နှင့်အမျှ တရုတ်ပြည်ရှိ အလုပ်သမားများသည် အလုပ်လုပ်ချိန် လျော့နည်းလာပြီး အပျော်အပါးများ၌သာ ပိုမိုခုံမင်လာသဖြင့် ၎င်း၏သားဖြစ်သူနှင့် ယနေ့ခေတ် တရုတ်လူငယ်များ၏ အနာဂတ်အတွက် စိုးရိမ်ရကြောင်း ယင်းက မီဒီယာများကို ပြောကြားသွားခဲ့သည်။

SMG

တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်း ဟူဘီပြည်နယ် ၀ူဟန်မြို့၌ သန်ြးွကယ်သူဌေး ဖြစ်သော်လည်း လမ်းသန့်ရှင်း
ရေး အလုပ်လုပ်ကိုင်နေသည့်တရုတ်အမျိုးသမီးတစ်ဦးသည်အသက်အရွယ် ကြီးရင့်လာသော်လည်း တရုတ်
မြုနီစီပယ်၏ အငြိမ်းစားပင်စင်ကိုရယူလိုခြင်းမရှိဘဲ၎င်း၏လုပ်မြဲအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နိုင်ရန်
တောင်းဆိုခဲ့ကြောင်း တရုတ်ပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် မြို့နယ် ၄ မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ယနေ့စတင်

ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် မြို့နယ် ၄ မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ယနေ့စတင်
Tuesday, January 22, 2013

ယာဉ်စည်းကမ်းလိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေးအရေးယူရန် မရမ်းကုန်း၊ ဗဟန်း၊ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေရာ ၇ ခုတွင်
ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေးက ပြောသည်။

မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘုရင့်နောင်နှင့် ချော်တွင်းကုန်းလမ်းဆုံ၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကမာရွတ်မြို့နယ်ရှိ 
လှည်းတန်း၊ ဟံသာဝတီအ၀ိုင်းနှင့် စမ်းချောင်းမြို့နယ် မြေနီကုန်းတို့တွင်
နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးသာဌေးက ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု ကာကွယ်ရန်အတွက် ထိုကဲ့သို့ စစ်ဆေး
ဆောင်ရွက်ခြင်းကို ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး ပညာပေး
ကာလပြီးပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟု ရန်ကုန်မြို့တော်
အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး
ဦးလှအောင်က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်ရပ်နားရန် နေရာများ
ကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ရန်ကုန်မြို့အတွင်း အများပြည်သူသယ်ယူပို့ဆောင်ပေးနေသော လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ
ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဇန်န၀ါရီ ၇ ရက်က နိုင်ငံတော်
သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပြီးယခုလုပ်ဆောင်ချက်မှာ ထိုအဖွဲ့၏
ပထမဆုံးလုပ်ဆောင်ချက် ဖြစ်သည်။

7Day News Journal

ယာဉ်စည်းကမ်းလိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေးအရေးယူရန် မရမ်းကုန်း၊ ဗဟန်း၊ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေရာ ၇ ခုတွင်ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေးက ပြောသည်။

ဘားအံမြို့ပေါ်တွင် အစ္စလာမ် ဆန့်ကျင်ရေး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေ

ဘားအံမြို့ပေါ်တွင် အစ္စလာမ် ဆန့်ကျင်ရေး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေ
==========================================
ဇန်နဝါရီ ၂၀ ၂၀၁၃

ယနေ့နံနက် (၉း၁၅)ခန့်တွင်ဘားအံမြို့၊ မြို့မဈေးကြီး ပတ်ဝန်းကျင်ရှိဆိုင်များတွင် လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟူသောစာတန်း ပါတီရှပ်များ ၀တ်ဆင်ထားသည့် လူငယ်အမျိုးသား၊ အမျိုးသမီးတစ်ချို့နှင့် ကိုရင်အရွယ် သံဃာအချို့တို့သည် မွတ်စလင်မ် ဆိုင်များ တွင်ဝယ်ယူအားပေးကြသည့် ဗုဒ္ဓဘာသာဝင်များအား လိုက်လံစစ်ဆေး၍ ပစ္စည်းများပြန်ပေးခိုင်း သည့်ဖြစ်စဉ် တစ်ချို့ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်တစ်ခုမှာ-မွတ်စလင်မ် ဆိုင် တစ်ဆိုင်တွင်သွပ်ပြား ၀ယ်ယူသွားသည့် ကရင်လူမျိုးတစ်ဦးအား ၎င်းအဖွဲ့ဝင်များက တွေ့ရှိသွား၍ ထိုဆိုင်သို့  ပစ္စည်းပြန်အပ်ပြီး မွတ်စလင်မ် မဟုတ်သောဆိုင်တွင်သာ ၀ယ်ယူရန် လက်တွေ့ဆောင်ရွက်မှုကို ထိုပတ်ဝန်းကျင်ရှိ  ဘာသာဝင်အသီးသီးတို့က မြင်တွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။

ဤကဲ့သို့ဆောင်ရွက်ခြင်းမှာဘားအံမြို့အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟုသိရသည်။ ထို့ပြင်ကမ္ဘောဇဘဏ် အနီးတွင်လည်း ၎င်းလူငယ်အစောင့် သုံးဦးချထားပြီး ထိုအနီးအနားရှိ မွတ်စလင်မ် ဆိုင်များတွင် ဈေးဝယ်မည့်သူများအား စောင့်ကြပ်လျှက်ရှိနေကြောင်း သိရှိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရပါသည်။

ထို့ပြင် ဘားအံမြို့အနီးရှိ ကော့ကျိုက်နှင့်အခြားရွာများတွင် ‘ ဒီစာကိုဖတ်ဖြစ်အောင်ဖတ်ပါ” ဟူသောခေါင်းစဉ်ပေးထားသည့် ရေးသူဖော်ပြမထားသော အစ္စလာမ်ဆန့်ကျင်ရေး စာအုပ်များကို မကြာမီကဖြန့်ချိခဲ့သည်။ထိုစာအုပ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် အချက်အလက်များကို မှားယွင်းစွာဖော်ပြထားပြီး  တမန်တော်မုဟမ္မဒ် အပေါ် စော်ကားထားသည့် အောက်တန်းကျသော အရေးအသားများ ပါဝင်နေကြောင်း ဘားအံမြိုမှ အစ္စလာမ်ဘာသာဝင် တစ်ဥိးမှ M-Media သို့ပြောကြားပါသည်။  ယခင်က ကော့ကျိုက်ရွာမှာ ပတ်ဝန်းကျင်ကျေးရွာများနှင့် အရောင်းအ၀ယ် ကူးလူးဆက်ဆံမှုများ ပုံမှန်ရှိခဲ့သော်လည်း ကန့်သတ်မှုများနောက်ပိုင်းတွင် မိမိတို့ ရွာတွင်သာ ရောင်းဝယ် လုပ်ကိုင်ကြရကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။

မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။

M-Media
ဘားအံသား
---------------------------------------------------------------------------
လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ
လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ
ဘားအံမြို့၊ မြို့မဈေးကြီး ပတ်ဝန်းကျင်ရှိဆိုင်များတွင် လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟူသောစာတန်း ပါတီရှပ်များ ၀တ်ဆင်ထားသည့် လူငယ်အမျိုးသား၊ အမျိုးသမီးတစ်ချို့နှင့် ကိုရင်အရွယ် သံဃာအချို့တို့သည် မွတ်စလင်မ် ဆိုင်များ တွင်ဝယ်ယူအားပေးကြသည့် ဗုဒ္ဓဘာသာဝင်များအား လိုက်လံစစ်ဆေး၍ ပစ္စည်းများပြန်ပေးခိုင်း သည့်ဖြစ်စဉ် တစ်ချို့ဖြစ်ပေါ်ခဲ့သည်။